The Voice Of Spring | နွေဦးအသံ | @vostelegram Channel on Telegram

The Voice Of Spring | နွေဦးအသံ |

@vostelegram


Investigative, Innovative, Independent Digital Media

The Voice Of Spring | နွေဦးအသံ | (Burmese)

နွေဦးအသံသည် လူမျိုးဆီး၊ အလုပ်အကိုင်၊ အသုတ်ချင်ရာ ဒီဇင်ဘာလုံးတွင် နှင့် အတူ ဂျီဒီအအိုဓလဏ်ကဗ ပြုတ်တောင်သည်။ ဤခေတ်သည်ဘာလုံး၊ တတော်အုပ်ချုပ်၊ ပြုပြင်ထက် စီမံ အဆင့်နှင့် နှင့်ကိုသဖက်သဝခ နှင့် ဖွံ၍ တဲ့သော ဒီဇင်ဘာလုံးတွင် ဂျီဒီအအိုဓလဏ ရှိသည်။ ဒီကေတ်သည် ပုံနှိတ်ခေးပါသနား။

The Voice Of Spring | နွေဦးအသံ |

20 Feb, 09:42


◼️ဟားခါးမြို့မှာ စစ်ကောင်စီ တပ်သားတဦး သေနတ် တလက်နဲ့ အလင်းဝင်၊ သိန်း ၄၀ ကျပ်ဆုချီးမြှင့်

၂၀ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၆၆ မှ တပ်သား တဦးက Senthang Revolution Force ထံသို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ လက်နက်ခဲယမ်‌တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာကြောင့် ဆုငွေ သိန်း ၄၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၂၆၆ မှ တပ်သား တဦးဟာ MA1 တလက်၊ ကျည်ဘောက် ၂ ခုနဲ့အတူ အလင်းဝင်ခဲ့တာကြောင့် ဆုငွေသိန်း ၄၀ ကျပ်ချီးမြှင့်ခဲ့ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ စကစတပ်ဖွဲ့ဝင်အားလုံးကိုလည်း အမြဲကြိုဆိုလျက်ရှိတယ်လို့ SRF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

19 Feb, 11:49


| စကစ ၉ ဦးသေဆုံးပြီး ကားနဲ့ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့တဲ့ စစ်တပ် ဖောကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှုမှတ်တမ်း |

◼️ပဲခူးဒေသ၊ ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခဲယမ်း၊ ရိက္ခာပို့တဲ့ ဖောကား ၂ စီးကို PPDF ၃၆၀၁ တပ်ရင်းစစ်ကြောင်းက ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်မှာ ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ကားတွေ၊ ခဲယမ်းနဲ့ ရိက္ခာတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ရုပ်သံ | PPDF ၃၆၀၁ တပ်ရင်း

၁၉ ဖေဖော်ဝါရီ | နွေဦးအသံ |

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

19 Feb, 11:14


◼️ပုသိမ်-မုံရွာ လမ်းပိုင်းမှာ တွဲကားတွေနဲ့ ပုံဖျက်လာတဲ့ စကစတပ်ဖွဲ့ကို တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး

🔹မင်းလှမြို့နယ်မှာ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့စစ်ကား ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံး

၁၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

မကွေးဒေသ၊ အထက်မင်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ခဲ့တယ်လို့ PIA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းတပ်စခန်းနဲ့ တမိုင်ခွဲခန့်အကွာ၊ ပုသိမ်-မုံရွာလမ်း တနေရာမှာ တွဲကားတွေနဲ့ ပုံဖျက်ချီတက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေကို ‌ဖေဖော်ဝါရီ ၁၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး ရှမ်းတပ်ကြီးရဲစခန်းမှ ချဉ်းကပ်ချီတက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO/PIA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သရက်မြို့၊ ကပစ ၁၂ မှ စစ်ကူပေးဖို့ လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ စစ်ကားဟာ မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအနီးမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လိုက်ပါလာတဲ့ စကစတပ်ဖွဲ့ဝင် ၈ ဦးထဲမှ ၂ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပုသိမ်-မုံရွာလမ်းမှာ ခရီးသွားလာနေတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်‌နေမှုတွေ၊ စစ်တပ်အခြေချရာနေရာတွေနဲ့ နီးကပ်စွာနေထိုင်ခြင်းတွေ၊ စကစတပ်ဖွဲ့ဝင်တွေနဲ့အတူ သွားလာနေထိုင်ခြင်းတွေနဲ့ စကစတပ်ဖွဲ့ဝင်‌တွေကို ပုံဖျက်သယ်ဆောင်ပေးမှုတွေ မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

မိဘပြည်သူများအနေနဲ့ မင်းလှမြို့နယ်အတွင်း ခရီးသွားလာလှုပ်ရှားမှုတွေကို မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာလှုပ်ရှားကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးအစီအမံတွေကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံကြောင်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

19 Feb, 10:17


◼️ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ ခဲယမ်း၊ရိက္ခာပို့ ဖောကား ၂ စီးကို တိုက်ခိုက်ရာ စကစ ၉ ဦးသေဆုံးပြီး ကားတွေမီးလောင်ပျက်စီး

၁၉ ဖေဖော်ဝါရီ | နွေဦးအသံ |

ပဲခူးဒေသ၊ ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခဲယမ်း၊ ရိက္ခာပို့တဲ့ ဖောကား ၂ စီးကို PPDF ၃၆၀၁ တပ်ရင်းစစ်ကြောင်းက ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်မှာ ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ် စစ်တပ်ဂိတ်တွေကို စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဆောင်ပေးနေတဲ့ စစ်ကား ၂ စီးကို ပြည်-ပေါင်းတလည်ကြား တောင်ဇင်းဝကွေ့အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးနေရာတင်သေဆုံးပြီး စစ်ကားတွေ မီးလောင်ပျက်စီးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ မီးလောင်သွားတာကြောင့် လက်ပစ်ဗုံး ၁ လုံးနဲ့ ခဲယမ်းအချို့သာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးအရှိန်မြှင့်တင်နေပြီ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စားနပ်ရိက္ခာပစ္စည်းတွေ၊ ကုန်ပစ္စည်းတွေ တင်ဆောင်လိုက်ပို့ခြင်း၊ ဆိုင်ကယ်၊ ကားတို့ကိုငှားရမ်းခြင်းတွေ မပြုလုပ်ကြဖို့နဲ့ ပြုလုပ်လို့ တစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းသွားမှာ မဟုတ်ကြောင်း အသိပေးအပ်တယ်လို့ PPDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

19 Feb, 05:19


◼️ရွှေဘိုမြို့နယ် ပကဖ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့ငွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာတွေ ပေးအပ်

၁၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း ပကဖ တို့က ထောက်ပံ့ငွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာတွေကို ပေးအပ်ခဲ့တယ်လို့ ပကဖအသံက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ခုခံ​တော်လှန်စစ် ​အောင်ပွဲရရှိ​ရေးအတွက် ပကဖ ရဲ​ဘော်​တွေဟာ ​တော်လှန်​ရေး အင်အားစု အသီးသီးနဲ့အတူ ​နိုင်ငံရဲ့ ​ဒေသအားလုံးမှာ အသက်နဲ့ ခန္ဓာ ​ပေးဆပ်စွန့်လွှတ်​ တိုက်ပွဲဝင်လျက်ရှိကြောင်း ပကဖ အသံက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

19 Feb, 04:43


◼️PDF အမှတ် ၂ စစ်ဒေသခွဲရဲ့ အပတ်စဉ် ၁/၂၀၂၅ အခြေခံစစ်သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်

၁၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ၊ စစ်သင်တန်းကျောင်း ၂ ရဲ့ အခြေခံစစ်ပညာနဲ့ စစ်လက်နက်ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၁/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့တဲ့ သင်တန်းဆင်းပွဲ သဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် စစ်ဥပဒေချုပ်ရုံး လက်ထောက်စစ်ဥပဒေချုပ် ရဲဘော်မောင်မောင်က ကိုယ်စားဖတ်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၁ စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော် စောရှား၊ တောင်းပိုင်းတိုင်းစစ်ဒေသ စစ်ရေးချုပ် ဆရာမ ယင်းမာ၊ သထုံခရိုင် PDF ဆေးတာဝန်ခံ ဒေါက်တာ ဒေဝ၊ ဧည့်သည်တော် ဒေါ်ဖြူဖြူသင်းနဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့က သင်တန်းဆင်းအမှာစကားတွေ အသီးသီး ပြောကြားခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

18 Feb, 14:35


| သတင်းတို |

◼️ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

၁၈ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

17 Feb, 17:03


◼️တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မဲလ်ဘုန်းမြို့ ဖြတ် ရုပ်ရှင်ပြပွဲမှ AUD 16000 ကျော်ရရှိ

၁၇ ဖေဖော်ဝါရီ | နွေဦးအသံ |

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နဲ့ Perth မြို့တွေမှာ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ ဖြတ် ဇာတ်ကားကို တော်လှန်ရေးရံပုံငွေ အဖြစ် ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၆ ရက်တွေမှာ ပြသခဲ့ပြီး မဲလ်ဘုန်းပွဲမှ AUD 16000 ကျော်(မြန်မာငွေ သိန်း ၂၀၀ ကျော်) ရရှိခဲ့တယ်လို့ သိရပါတယ်။

မဲလ်ဘုန်းမြို့မှာ ဖြတ် ရုပ်ရှင်ပြပွဲကို တော်လှန်အနုပညာရှင် မင်း​မော်ကွန်းက Together Production နဲ့အတူ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မင်း​မော်ကွန်း လက်မှတ်ပါရှိတဲ့ ဖြတ် တံဆိပ် ပစ္စည်းတွေ လေလံတင်ရောင်းချမှု၊ အစားအသောက်တွေနဲ့ အခြားတော်လှန်ရေးပစ္စည်းတွေ ရောင်းချမှုတို့အတွက် ရံပုံငွေ AUD$ 16,362 ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရရှိခဲ့တဲ့ ရံပုံငွေတွေကို ဖြတ်အဖွဲ့သားတွေမှတဆင့် ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမှာဖြစ်ပြီး မြေပြင်အဖွဲ့တွေကို လွှဲပြောင်းပြီးပါက ထပ်မံကြေညာသွားမှာ ဖြစ်ကြောင်းနဲ့ Perth မြို့မှာလဲ တော်လှန်‌ရေးရံပုံငွေ ဖြတ် ရုပ်ရှင်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

17 Feb, 12:04


◼️ရန်ကုန်-မန္တလေးလမ်း‌ဟောင်းရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ် တဦးအပါ စကစ ၂ ဦးသေဆုံး

၁၇ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၉ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် တဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြူးမြို့နဲ့ ဇေယျဝတီမြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စကစရဲ့ ဆားဂွန်းဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ‌အောင်သူရ အပါအဝင် စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတဲ့အပြင် ဖြူး ပကဖ ရဲ့ ဒရုန်းနဲ့ ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စကစရဲတပ်သား တဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖနဲ့ ဧရာဝတီတပ်ရင်း ၆၀၀၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြူးမြို့နယ် ပကဖ မှ ဒုစိတ်မှူး ရဲဘော် နေမင်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

17 Feb, 11:17


◼️အဓမ္မစစ်သားစုဆောင်းခံရတဲ့ တပ်သား ၃ ဦး KNLA ထံ သေနတ် ၃ လက်နဲ့ အလင်းဝင်၊ ၁၀ သိန်းကျပ်စီ ချီးမြှင့်

၁၇ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သား ၃ ဦးက KNLA တပ်ရင်း ၉ ထံသို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သေနတ် ၃ လက်နဲ့ အတူ အလင်းဝင်‌ရောက်ခဲ့တာကြောင့် တဦးကို ၁၀ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပြည်သူ့စစ်မှုထမ်းအဖြစ်သို့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ် ခမရ ၅၈၄ မှ တပ်သား မြတ်မင်းသူ (၂၁) နှစ်၊ တပ်သား ဝင်းမင်းကို (၂၄)နှစ်၊ တပ်သား မိုးသောက်ယံ (၂၀)နှစ်တို့က MA3 ၂ လက်၊ MA1 ၁ လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည် ၇၇၆ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး တို့ကို ယူဆောင်အလင်းဝင်ခဲ့တာကြောင့် ဆုငွေ ၁၀ သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ တပ်သားတွေအနေတဲ့ နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံသို့ ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းကြောင်း KNU က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

10 Feb, 02:16


ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

https://youtube.com/@thevoiceofspringtv?si=Ar9gGZnMyzXpBwix

The Voice Of Spring | နွေဦးအသံ |

09 Feb, 16:58


◼️လောင်းလုံးမြို့နယ် ပကဖ က စစ်မှုထမ်းတပ်သားတွေကို ကယ်ထုတ်၊ ပကဖ အဖြစ် တာဝန်ထမ်းဆောင်မယ့်သူတွေကို စိစစ်လက်ခံခဲ့ဟုဆို

၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေကို မြို့နယ် ပကဖ က သွားရောက်ကယ်ထုတ်ခဲ့ပြီး ပကဖ အဖြစ် တာဝန်ထမ်းဆောင်မယ့်သူတွေကိုလည်း စိစစ်လက်ခံကြိုဆိုခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပကဖ က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ သင်တန်းဆင်း ခလရ ၂၅ မှ စစ်မှုထမ်းတွေကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ အလင်း၀င်ရောက်ခွင့်ပြုခဲ့ကြောင်းနဲ့ လောင်းလုံး(ပကဖ)ရဲဘော်အဖြစ် တော်လှန်ရေးမှာ ဆက်လက်တာ၀န်ထမ်းဆောင်မယ့်သူနဲ့ နိုင်ငံခြားသို့ထွက်ခွာမယ့်သူတွေကို စိစစ်လက်ခံကြိုဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်နဲ့ အလင်း၀င်ရောက်လာသူတွေကို ထိုက်တန်စွာ ဆုချီးမြှင့် လက်ခံသွားမှာ ဖြစ်ကြောင်း၊ အချိန်မရွေး ဆက်သွယ်အလင်းဝင်ဖို့ ကြိုဆိုလျက်ရှိကြောင်းနဲ့ တိုက်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရပါက ငဲ့ညှာနိုင်မှာမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် အလင်း၀င်ရောက်လိုသူတွေသာ လက်ခံကြိုဆိုမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Feb, 12:47


◼️မုံရွာမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် အနီးကပ်တိုက်ခိုက်ရာ စကစ ၈ ဦးသေဆုံး

၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက်၊ မနက်ပိုင်းမှာ နေရာခွဲပြီး ၃ ကြိမ် အနီးကပ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စွမ်းရည်ထက် စကစဂိတ်နဲ့ တောပုပျူရွာမှ ထွက်လာတဲ့ စကစစစ်ကြောင်းကို ကြေးမုံရွာအနီးမှာ ရောက်ရှိနေစဥ် နေရာခွဲပြီး ၃ ကြိမ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၈ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးတဲ့အပြင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မုံရွာခရိုင် တပ်ရင်း ၁၁ - People's Defence Force - South Monywa ၊ မုံရွာခရိုင် တပ်ရင်း ၂၂၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၄၊ မုံရွာမြို့နယ်၊ တိုက်နယ် ၄ ရပ်ကျေး ပကဖ၊ Brave Heart Army ၊ Golden Target Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြတဲ့ မိဘပြည်သူများအနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့တွေ့ပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံတွေ့ပါက ရောက်တဲ့နေရာမှာ ရပ်တန့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ကြောင်း PDF South Monywa က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Feb, 11:45


◼️စစ်တပ်ရဲ့ အဓမ္မစစ်သားစု‌ဆောင်းခံခဲ့ရတဲ့ တပ်သား တဦးကို နေပြည်တော် ပကဖ ကယ်ထုတ်

၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစု‌ဆောင်းခံခဲ့ရတဲ့ ခမရ ၅၁၀ မှ တပ်သား တဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ နေပြည်တော်- ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါ်ထုတ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ ခမရ ၅၁၀ မှ တပ်သား ရန်နိုင်ကျော်ကို နေပြည်တော် ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေါ်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယူဆောင်လာတဲ့ MA1 ၁ လက်၊ ကျည် ၉၀ တောင့်နဲ့ ကျည်ဘောက် ၃ ဘောက်တို့ကို တိုင်း/ခရိုင် ဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံယူခဲ့ပြီး အချက်အလက်တွေကို စစ်ဆေးမေးမြန်းပြီး မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက်အမှုထမ်းနေတဲ့ တပ်ဖွဲ့ဝင်အနေနဲ့ အာဏာရှင်တစုရဲ့ အကျိုးအတွက် ဆောင်ရွက်နေတာကို အမြန်ဆုံးစွန့်လွှတ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ အလေးအနက် တိုက်တွန်းကြောင်း နေပြည်တော် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Feb, 10:37


◼️ချောင်းဦးမြို့နယ်မှာ စကစတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ၃ ဦးသေဆုံး

၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက်၊ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နတ်ရေကန် စကစအထိုင်စခန်းမှ ပြည်သူကားတွေနဲ့ လိုက်ပါလာပြီး နတ်ရေကန်နဲ့ ရေပိုးစား (ဒေသအခေါ်) ကြား လမ်းခွဲဇရပ်အရောက် ကားပေါ်မှ ဆင်းပြီး ၅ မိနစ်ခန့်အကြာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးနေရာတင် လဲကျသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Snipe Rangers Force (Local - PDF) ၊ PGC (မြင်းမူ) နဲ့ ရပ်ကျေး ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေကို စကစဘက်က လိုက်လံတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Snipe Rangers Force က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Feb, 05:29


◼️တောင်ငူ-သံတောင်လမ်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စကစ ၆ ဦးသေဆုံးပြီး ယာဉ် တစီးတိမ်းမှောက်ပျက်စီး

၉ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှ တောင်ငူမြို့သို့ ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNLA တပ်မဟာ ၂၊ တပ်ရင်း ၅၊ တပ်ခွဲ ၃ ရဲဘော်တွေက ဖေဖော်ဝါရီ ၈ ရက်၊ ညနေ ၃ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ယာဉ် တစီး တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သံတောင်ကြီး ဘုရင့်နောင်အခြေချတပ်စခန်းမှ တောင်ငူသို့ ဆင်းလာတဲ့ စစ်ကောင်စီ ယာဥ်တန်း ၁၀ စီးကို တောပြာကြီးလမ်းခွအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိတဲ့အပြင် စစ်ကားတစီးတိမ်း​​မှောက်ပျက်စီးခဲ့တယ်လို့ သောသီခို တပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 15:55


◼️ခင်ဦးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေကို ပအဖ၊ ပကဖ တွေ ဖမ်းဆီးဖျက်ဆီး

၇ ဖေဖော်ဝါရီ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန်ဖြစ်တဲ့ မြန်မာ ဘီယာတွေ တင်ဆောင်လာတဲ့ ကားကို စစ်ဆေးသိမ်းဆည်းခဲ့ပြီး သိန်း ၁၀၀ ကျပ်နီးပါး တန်ဖိုးရှိတဲ့ ဘီယာဖာတွေကို အများပြည်သူရှေ့မှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေ ပိုင်ဆိုင်တဲ့ စကစထုတ် Myanmar Beer တွေ သယ်ဆောင်လာတဲ့ ကားကို ထိန်းသိမ်းစစ်ဆေးပြီး စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀ ကျပ် နီးပါးတန်ဖိုးရှိတဲ့ Myanmar Beer ပုလင်းဖာ ၇၁ ဖာနဲ့ ဗူးတို ဂျပ်ဖာ ၂၄ ဖာ တို့ကို သိမ်းဆည်းရရှိပြီး အများပြည်သူတွေရဲ့ ရှေ့မှာ မှတ်တမ်းနဲ့တကွ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေမှ အမြတ်အစွန်း ငွေကြေးတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်စေနိုင်တဲ့အတွက် စကစထုတ်ကုန် ပစ္စည်းတွေကို ပြည်သူအပေါင်းက သပိတ်မှောက်ကြဖို့ မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းကြောင်း ခင်ဦးမြို့နယ် ပအဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 15:54


◼️ရေဦးမြို့နယ် ပကဖ ထံ စကစရဲတပ်သား တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

၇ ဖေဖော်ဝါရီ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ မြောက်ပိုင်း ပကဖ ထံသို့ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်သား တဦးက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ရဲတပ်သား အောင်သျှိုင်းကျော်က G3 တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၁၈၀ တောင့်၊ ကျည်ကာအကျီ တစုံ၊ လက်ပစ်ဗုံး တလုံးနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 12:52


◼️NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မကွေးတိုင်း ပကဖ တာဝန်ခံတို့က မြေပြင် ပကဖ ရဲဘော်တွေကို တွေ့ဆုံအားပေး

၇ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မကွေးတိုင်း ပကဖ တာဝန်ခံတို့က ပကဖ ရဲဘော်တွေနဲ့ မြေပြင်မှာ သွားရောက်တွေ့ဆုံအားပေးခဲ့တယ်လို့ ပကဖ အသံရဲ့ ဖေဖော်ဝါရီ ၇ ရက် ဖော်ပြချက်အရ သိရပါတယ်။

ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပကဖ တာဝန်ခံတို့ မ​ကွေးတိုင်းအတွင်း သွား​ရောက်ပြီး ပကဖ ရဲ​ဘော်​တွေနဲ့ ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUG အစိုးရ၊ တာဝန်ရှိသူ အသီးသီးဟာ ​မြေပြင်မှာ ပြည်သူနဲ့တသားတည်း ရှိ​နေပြီး လူထုစည်းရုံး​ရေး၊ ​တော်လှန်​ရေး တာဝန်များ ထမ်း​ဆောင်​နေသလို လိုအပ်တဲ့ ထိန်း​ကြောင်းလမ်းညွှန်မှု​တွေကိုလဲ ဥပ​ဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်​ဆောင်လျက်ရှိတယ်လို့ အသိပေးဖော်ပြထားတာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 11:04


◼️မုံရွာ-ရေဦးလမ်းပိုင်းမှာ နမခ မှ လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်

၇ ဖေဖော်ဝါရီ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ ထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ နမခ မှ ဘုတလင်မြို့ပေါ်တပ်စွဲထားတဲ့ စကစတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်လဲလှယ်ဖို့ စစ်ကားကြီး ၃ စီးနဲ့ အင်အား ၁၀၀ ခန့်နဲ့ လာတဲ့ စစ်ကြောင်းကို မုံရွာ-ရေဦးလမ်းပိုင်း ညောင်ပင်ကန်ကျေးရွာ အရောက်မှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

North-Western People Defence Force ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်းရဲ့ Ba Thu Kyawal Column က တိုက်ခိုက်ခဲ့တာဖြစ်ပြီး နမခ မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 05:17


◼️လွတ်လပ်ရေးအကျဥ်းသား

တတိုင်းပြည်လုံး အကျဥ်းကျနေတဲ့အချိန်မှာ
ငါတယောက်ထဲတော့ လွတ်လပ်ရေးမရချင်ပါဘူး။

ကိုယ့်ယုံကြည်ချက်ကို အစဆွဲထုတ်
အဲဒါကို ကြိုးတချောင်းလုပ်ပြီး
ကိုယ့်စိတ်ကို ကြိုးနဲ့တုပ်
ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ထားခဲ့တာ
ငါ့တသက်တာလုံးပါပဲ
ဟောဒီ မြန်မာပြည်ထဲမှာပါပဲကွာ
ငါသေဆုံးသွားရတဲ့ထိအောင်ပါပဲကွာ

ငါ့တိုင်းပြည်လွတ်လပ်ရေးရတဲ့အခါကျမှ
ငါ့ကို ဖြည်လွှတ်ပေးလိုက်ကြပါတော့ကွာ

©နိုင်မြန်မာ (၁၉၅၇ - ၂၀၂၅)

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Feb, 03:16


◼️တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာ ကွယ်လွန်

၇ ဖေဖော်ဝါရီ | နွေဦးအသံ |

အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ရေးစပ်ဖန်တီးခဲ့သူ တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၈ နာရီမှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာနိုင်မြန်မာ ရဲ့ "ကမ္ဘာမကြေဘူး" သီချင်းဟာ ရှစ်လေးလုံးအရေးတော်ပုံမှာလည်း လူထုရဲ့ တော်လှန်ရေးသီချင်းဖြစ်ခဲ့သလို နွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေက စစ်အာဏာသိမ်းမှုကို အံတုတဲ့သီချင်း အဖြစ် သီဆိုကြဆဲဖြစ်ပါတယ်။

အဆိုတော် ဗျူဟာ၊ ရာဇဝင်၊ နေမဝင်၊ ရှင်နိုင်းမြန်မာ၊ မင်းအေးမြန်မာ တို့ရဲ့ ဖခင် ဖြစ်ပြီး ဆရာနိုင်မြန်မာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ ခုနှစ်ရှိပြီ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

06 Feb, 10:42


◼️မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ AA က မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်

၆ ဖေဖော်ဝါရီ | နွေဦးအသံ |

ရခိုင်ပြည်နယ်၊ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ AA တပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းချခဲ့တဲ့ နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ စစ်ကျန် မိုင်းတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ခဲယမ်းတွေကို ရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်ပြီး ရှင်းလင်းရေးမလုပ်ရသေးတဲ့ နေရာတွေမှာလည်း မိုင်းသတိပေး ဆိုင်းဘုတ်‌ထောင်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

မြောက်ဦးမြို့ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့ ၃ မြို့သာ သိမ်းပိုက်ဖို့ ကျန်တော့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ | Golden Era Media

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Feb, 14:48


◼️စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး KNLA တပ်ရင်း ၉ ထံ လက်နက် ၃ လက်နဲ့ အလင်းဝင်၊ တဦးကို ၁၀ သိန်းကျပ်စီ ချီးမြှင့်

၅ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၈၄ တပ်မှ စကစတပ်ဖွဲ့ဝင် ၄ ဦးက KNLA တပ်ရင်း ၉ ထံသို့ ဖေ‌ဖော်ဝါရီ ၄ ရက်မှာ လက်နက် ၃ လက်နဲ့ အလင်းဝင်ခဲ့တာကြောင့် တဦးကို ဆုငွေ ၁၀ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅၈၄ မှ ဒုတပ်ကြပ် ညီညီလွင်၊ တပ်သား မြင့်ဝင်း၊ တပ်သား မျိုးမင်းသက်နဲ့ တပ်သား စောအေးဖရေ တို့က MA4 တွဲပစ် လောင်ချာ ၁ လက်၊ MA1 ၂ လက်၊ ကျည် ၇၅ တောင့်နဲ့ ကျည်ဘောက် ၃ ဘောက်တို့ကို ယူဆောင်အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ၄ ဦးဟာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံခဲ့ရပြီး ပြည်သူစစ်မှုထမ်းအဖြစ်သို့ ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသူများဖြစ်ကြောင်းနဲ့ အလင်းဝင်လာသူတွေကို လယ်ဒိုမြို့ တာဝန်ရှိသူတွေနဲ့ တပ်ရင်း ၉ တာဝန်ရှိသူတွေက ပူးပေါင်းပြီး တဦးကို ၁၀ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံသို့ ရရာနည်းလမ်းနဲ့ လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းကြောင်း KNU က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Feb, 13:22


◼️အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဖျားယောင်းမှု၊ အတုအယောင် အလုပ်ခေါ်မှုတွေကို သတိဝီရိယကြီးစွာ ထားကြဖို့ NUG အစိုးရ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် တိုက်တွန်း

၅ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

အကြမ်းဖက်စစ်တပ်အတွက် ဝင်ငွေရတဲ့ လမ်းတွေကို ကျားဖြန့် အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေက ထောက်ပံ့ပေးနေတဲ့အပြင် မြန်မာလူထုကိုရော ဒေသတွင်း နိုင်ငံတွေကိုပါ အကြီးအကျယ်ခြိမ်းခြောက်နေတယ်လို့ NUG အစိုးရ၊ သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

"ကျားဖြန့်အွန်းလိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်အာဏာရူးတွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စု အကျိုးအမြတ်အတွက် အပြစ်မဲ့ လူသိန်းပေါင်း မြောက်များစွာအပေါ်မှာ မျက်မှောက်ခေတ် ကျွန်ပြုမှု၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု၊ ငွေလိမ်လည်မှု စတဲ့ စပ်ဆုတ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်နေကြတာ ဖြစ်ပါတယ်၊

ဒီငွေလိမ်ဂိုဏ်းတွေဟာ အကြမ်းဖက်စစ်တပ်အတွက် ဝင်ငွေရတဲ့ လမ်းတွေကို ထောက်ပံ့ပေးနေတဲ့အပြင် မြန်မာလူထုကိုရော ဒေသတွင်း နိုင်ငံတွေကိုပါ အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောကြားလိုက်တာပါ။

"အကြမ်းဖက် စစ်တပ်ရဲ့ ပရမ်းပတာ စီးပွားရေး စီမံခန့်ခွဲမှု၊ အကျင့်ပျက် ချစားမှုတွေနဲ့ မိမိတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကျိုးပမ်းနေတဲ့ အတွက်ကြောင့် မြန်မာ့စီးပွားရေး အလွန်အမင်း ကျပ်တည်းမှု အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အင်မတန်ကြီးမားမှု အပါအဝင် လျှပ်စစ်မီးမရရှိမှု စတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ပြည်သူထုက ခါးသည်းစွာရင်ဆိုင်နေရပါတယ်" လို့ ဆက်လက်ပြောဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်တွင်း ကျားဖြန့်လုပ်ငန်းတွေ ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မစေခိုင်း အလုပ်လုပ်နေကြရတဲ့ လူပေါင်း အနည်းဆုံး ၁ သိန်း ၂ သောင်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး စားဝတ်နေရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသားတွေဟာလဲ အနည်းဆုံး သောင်းနဲ့ ချီပြီး အင်မတန်ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ အဓမ္မ စေခိုင်းခံနေရတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုများအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဖျားယောင်းမှု၊ အတုအယောင် အလုပ်ခေါ်မှုတွေကို သတိဝီရိယကြီးကြီးထား ရှောင်ရှားဖို့ NUG အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တိုက်တွန်းပြောကြားထားတာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Feb, 10:38


◼️ရေးမြို့နယ်မှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စကစ ၅ ဦးထက်မနည်းသေဆုံး

၅ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP -AD တပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၆ နာရီခန့်မှာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သံဖြူဇရပ်ရေးလမ်းမကြီးပေါ်ရှိ ကွမ်းဒူးနဲ့ နှင်းစုံကျေးရွာကြား တံတားအနီးမှာ တပ်စွဲထားတဲ့ စကစစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတနာရီခန့်ဖြစ်ပွားပြီးနောက် စကစတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်မှုရှိတယ်လို့ ‌ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အာရုတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၄၃ နဲ့ ခမရ ၅၈၇ တပ်တွေမှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ NMSP -AD က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Feb, 09:50


◼️အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲကို NUG အစိုးရ ယာယီသမ္မတနဲ့ ဝန်ကြီးတွေ တက်ရောက်

၅ ဖေဖော်ဝါရီ ||| နွေဦးအသံ |||

အမေရိကန်၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေးကြားနာပွဲကို ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခရစ်ယာန် ဘာသာဝင်လူနည်းစုတွေ အပါအဝင် ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်မှုအခြေအနေတွေ အကြောင်း အမေရိကန်အောက်လွှတ်တော်ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Young၊ ဒီမိုကရက်ပါတီ အထက် လွှတ်တော်အမတ် Chris Van Hollen တို့က အွန်လိုင်းမှတဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ ဆာဆာ တို့က တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က ခရစ်ယာန် ဘာသာဝင် လူနည်းစု အပေါ် ဖိနှိပ်တာတင် မဟုတ်ဘဲ ဘယ်သူ့ကိုမဆို ဖိနှိပ်၊ အကြမ်းဖက်ကြောင်း၊ အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ ဘယ်ဘာသာတရားကိုမှ မခွဲခြားဘဲ ဖိနှိပ်လျက်ရှိတဲ့ အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကြားနာပွဲမှာ တင်ပြခဲ့တယ်လို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Feb, 17:33


◼️တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက စစ်ဘေးရှောင်တွေကို ကူညီဖို့ အကယ်ဒမီရုပ် ကမ်ပိန်း ပြုလုပ်မယ်

၁ ဖေဖော်ဝါရီ | နွေဦးအသံ |

တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ် ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ပါဝင်သူတွေအတွက် ရွှေတကျပ်သား ရွှေကြယ်ပါဝင်တဲ့ အကယ်ဒမီရုပ်ကို ပထမဆုအနေနဲ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအတွက် ဒီအရုပ်ကလေးကို ရရှိခဲ့ပါတယ်၊ ဒီအကယ်ဒမီရုပ်ကလေးရရှိခဲ့တဲ့ အချိန်ကစပြီး သုသု ရှေ့ဆက်ကြိုးစားဖို့ အားတွေအများကြီး ရှိခဲ့တယ်၊ သုသုအတွက် ဒီအကယ်ဒမီရုပ်ကလေးက အရမ်းကို တန်ဖိုးရှိပါတယ်၊

အထူးသဖြင့် အရင်လိုမျိုး ရုပ်ရှင် ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခွင့်မရတော့တဲ့ အခုလိုကာလမှာ သုသုအတွက် ပိုလို့တောင် တန်ဖိုးရှိပါသေးတယ်၊ ဒါပေမယ့် ဒီအရုပ်ကလေးဟာ သုသုအတွက် ဘယ်လောက်ပဲတန်ဖိုးကြီးကြီး သုသုတို့ ပြည်သူတွေရဲ့အသက်တွေ သွေးတွေ ချွေးတွေနဲ့ တန်ဖိုးယှဉ်လို့ မရပါဘူး၊ အခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီက နေအိမ်တွေ ကျောင်းတွေ ဆေးရုံပါမကျန် ဗုံးကြဲပြီးတိုက်ခိုက်နေပါတယ်၊

ဒါကြောင့်မို့လို့ ပြည်သူတွေအများကြီးဟာ စစ်ဘေးရှောင်ဘဝကို ရောက်ရှိနေရပါတယ်၊ ပြည်သူကအားပေးလို့ အကယ်ဒမီ ပိုင်ဖြိုးသု ဆိုတဲ့ ဘဝကို ရရှိခွင့်ရခဲ့တဲ့ သုသုက အခုကိုယ့်ပြည်သူတွေ လိုအပ်နေချိန်မှာ ဒီအကယ်ဒမီရုပ်လေးကို အသုံးပြုပြီးတော့ ပြန်ကူညီပေးချင်ပါတယ်" လို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက ပြောပါတယ်။

ဒီကမ်ပိန်းမှာ နိုင်ငံအလိုက် Fundraiser မှတဆင့် စိတ်တိုင်းကျ ငွေကြေးပမာဏကို ထည့်ဝင်လှူဒါန်းနိုင်မှာ ဖြစ်ပြီး ပါဝင်မှု တကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်း တစောင်စီ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါဝင်လှူဒါန်းကြမယ့် ပြည်သူတွေအတွက် အမှတ်တရ ဆုလက်ဆောင်တွေအနေနဲ့ ပထမဆု-ရွှေတကျပ်သား ရွှေကြယ်ပါဝင်မယ့် အကယ်ဒမီရုပ်ထု၊ ဒုတိယဆု-တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု လက်မှတ်ပါ ရွှေဆွဲကြိုး တကုံး၊ တတိယဆု- ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရံတို့ကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ပရိသတ်ပြည်သူတွေအနေနဲ့ အကယ်ဒမီရုပ် ကမ်းပိန်းမှာ ပါဝင်ပြီး စစ်ဘေးရှောင် ပြည်သူတွေ မိသားစုတွေကို တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုနဲ့အတူ ဝိုင်းဝန်းကူညီကြဖို့ အသိပေး ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Feb, 13:07


◼️ဗိုလ်မှူး တဦးအပါ စကစ ၁၃၆ ဦး တလအတွင်း အလင်းဝင်၊ လက်နက် ၈၃ လက်ရရှိ

၁ ဖေဖော်ဝါရီ | နွေဦးအသံ |

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် PDF ၊ ပကဖ တွေထံ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ ဗိုလ်မှူး တဦး အပါအဝင် ၁၃၆ ဦး အလင်းဝင်ခဲ့ပြီး လက် ၈၃ လက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အရာရှိအဆင့် ဗိုလ်မှူး တဦးအပါအဝင် တပ်သားနဲ့ ရဲ ၁၃၆ ဦးက ဇန်နဝါရီလအတွင်း ပြည်သူရင်ခွင်ခိုလှုံခဲ့ပြီး လက်နက်ပါဝင်သူ ၈၃ ဦးရှိရာ သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ကြောင်းနဲ့ လက်နက်မျိုးစုံ ၈၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေ အနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းတွေကို ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Feb, 12:26


◼️၄ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၅၀၀၀ ကျော်သေဆုံးပြီး ကလေးသူငယ် ၄၀၀ ကျော်ပါဝင်

🔹ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ ထပ်မံမဖြစ်ပွားဖို့၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေရေး၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေရေး ဆက်လက်ဆောင်ရွက်ကြဖို့ နိုင်ငံတကာကို တိုက်တွန်း

၁ ဖေဖော်ဝါရီ | နွေဦးအသံ |

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူ ၅၁၄၀ ဦး ရှိပြီး အသက်မပြည့်တဲ့ ကလေးသူငယ် ၄၃၆ ဦးနဲ့ အမျိုးသမီး ၈၁၁ ဦး ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်တာကာလအတွင်း နည်းမျိုးစုံနဲ့ သတ်ဖြတ်မှု အကြမ်းဖက် ကျူးလွန်မှု‌တွေကြောင့် သေဆုံးကြရတဲ့ ပြည်သူ ၅၁၄၀ ဦးမှာ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝင် ၁၀၇ ဦး၊ အသက်မပြည့်တဲ့ ကလေးသူငယ် ၄၃၆ ဦးနဲ့ အမျိုးသမီး ၈၁၁ ဦး တို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်းတွေ၊ နေအိမ် အတွင်းရှိပစ္စည်းတွေကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းတွေကြောင့် ပြည်သူ ၈၃၉ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁၀၂၁ ခု ရှိနေကြောင်းနဲ့ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၅၆ ဦး၊ စုစုပေါင်း အဖွဲချုပ်အဖွဲ့ဝင် ၄၅၅ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၇၀ ခု ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်)​ ၃ ကြိမ်၊ တိုင်းနဲ့ ပြည်နယ်ရုံးတွေ​ ၁၅ ကြိမ်၊ ခရိုင်ရုံးတွေ​ ၆ ကြိမ်၊ မြို့နယ်ရုံးတွေ ၁၁၅ ကြိမ်၊ ရပ်ကျေးရုံးတွေ​​ ၂၈ ကြိမ် စုစုပေါင်း ဖျက်ဆီးမှု ၁၆၇ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၈၄၃၄ ဦး ရှိနေပြီး အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးနဲ့ အဖွဲ့ချုပ်ပါတီဝင် ၂၄၉၆ ဦးတို့ ပါဝင်ပြီး လက်ရှိဖမ်းဆီးခံထားတဲ့ အသက်မပြည့်သူ ကလေးသူငယ် ၂၆၀ ဦးနဲ့ ဖမ်းဆီးခံအမျိုးသမီး ၂၁၈၂ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါမှတ်တမ်းတွေဟာ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) အနေနဲ့ လက်လှမ်းမီသလောက်နဲ့ တိကျတဲ့မှတ်တမ်းတွေကို ပြုစုထားခြင်းဖြစ်ပြီး ပကတိမြေပြင်မှာ အခုထက်ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဆိုးရွားပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မျက်ကွယ်ပြုထားခြင်းမပြုလုပ်ဘဲ မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားပြီး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ ထပ်မံမဖြစ်ပွားဖို့၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေရေး၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေရေး ဆက်လက်ဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Feb, 04:26


◼️သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်

🔹ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ခြင်းကို ဆက်လက် အားပေးထောက်ခံသွားဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်း

၁ ဖေဖော်ဝါရီ | နွေဦးအသံ |

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရထံမှ နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီက လုယူဖို့ ကြိုးစားခဲ့တာ ၄ နှစ်အပြည့်မှာ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုအချိန်ဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်တဲ့ အချိန်ဖြစ်ပြီး ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေကို အသက်ဆုံးရှုံးစေပြီး ကျောင်းတွေ၊ ဈေးတွေ၊ ဝတ်ပြုရာနေရာတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပျက်စီးစေခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာသလို တရက်ကို လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိကြောင်း ဖော်ညွှန်းနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့နဲ့ နိုင်ငံတဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့ တောင်းဆိုလိုက်တဲ့အပြင် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို အပြည့်အဝ လိုက်နာကျင့်သုံးဖို့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ အနာဂတ်ဖြစ်ပေါ်လာရေးကို ဆက်လက် အားပေးထောက်ခံသွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်မှုကို ဆက်လက် အားပေးထောက်ခံသွားဖို့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုကြောင်း အဆိုပါ နိုင်ငံတွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ | စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြခဲ့စဉ်

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Jan, 06:18


◼️စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော်မှုခင်း၊ ရာဇဝတ်မှုတွေ ပိုဖြစ်လာပြီး ပြည်တွင်းရေးကိစ္စချည်းမဟုတ်တော့ဟု နိုင်ငံခြား‌‌‌‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

၃၀ ဇန်နဝါရီ | နွေဦးအသံ |

တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက အဖြေမဟုတ်ကြောင်း သဘောပေါက်သင့်သလောက်ပေါက်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အရင်ကထက် လမ်းကြောင်းတွေဖွင့်ပြီး ဆက်သွယ်ဆောင်ရွက်လာတယ်လို့ သိရပါတယ်။

"အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာကို ဒီထက်ပိုပြီးတော့ သဘောပေါက်ဖို့ လိုတယ်၊ သူတို့ သဘောပေါက်သင့် သလောက်တော့ ပေါက်ပါတယ်၊ တဘက်မှာလည်း နေပြည်တော်ကို လက်လွှတ်လို့မရတဲ့ အနေအထားမျိုး ဆက်ဆံရေးကို တည်ထားရမယ့် သဘောမျိုးရှိနေတော့၊

ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့နဲ့ အရင်ကထက်ပိုပြီးတော့ လမ်းကြောင်းတွေဖွင့်ပြီး ဆက်သွယ်ဆောင်ရွက်လာတာမျိုးတွေတော့ ရှိလာပါတယ်၊ တဘက်မှာလည်း‌ နေပြည်တော်ကို လက်မလွှတ်သေးတဲ့ အနေအထားမျိုး ရှိပါတယ်" လို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် ဒုက္ခသည်တွေကို လက်ခံထားရသလို မတည်ငြိမ်မှုတွေကို ခံစားရတဲ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိသိသာသာဖြစ်လာတဲ့ ကျားဖြန့်လို နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ ရာဇဝတ်မှုတွေက နယ်စပ်နဲ့ စစ်အာဏာသိမ်းမှုရဲ့အောက်မှာ ပိုမိုကြီးထွားလာကြပြီး အဲဒါဟာ ပြည်တွင်‌ရေးကိစ္စသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတဲ့ အနေအထားမျိုးတွေဖြစ်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Jan, 03:20


◼️စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမြန်ရုန်းထွက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ SSLRU နဲ့ SSRY ဖိတ်ခေါ်

၃၀ ဇန်နဝါရီ ||| နွေဦးအသံ |||

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၄၂၂ မှာ တာဝန်ကျနေတဲ့ မတရားစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား ၄ ဦးကို ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နဲ့ အမှတ် ၁၀၀၈ တပ်ရင်း SSRY တို့က ဇန်နဝါရီ ၂၉ ရက်၊ မနက် ၁ နာရီခန့်မှာ သွားရောက်ကယ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မတရားလူသစ်စုဆောင်းခြင်းခံခဲ့ရတဲ့ စကစရဲ့ ခမရ ၄၂၂ မှာ တာဝန်ကျနေတဲ့ ခမရ ၅၀၈ မှ စိတ်ဆန္ဒမပါဘဲ တာဝန်ထမ်းဆောင်နေရတဲ့အတွက် ဇန်နဝါရီ ၂၅ ရက်မှာ ပူးပေါင်းတပ်ဖွဲ့တွေထံ ချိတ်ဆက်ခဲ့တာကြောင့် SSLRU နဲ့ SSRY ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၆ ရက်မှာ Mission စတင်ပြီး ဇန်နဝါရီ ၂၉ ရက်မှာ အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတပ်သား ၄ ဦးကို နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လုံခြုံတဲ့နေရာမှာ ထားရှိထားသလို ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ မတရား တပ်သားသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိတာကြောင့် အကြမ်းဖက်စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ကြောင်း SSLRU က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

29 Jan, 11:28


◼️နာမည်ကျော် ဂုတ်ထိပ်တံတားသို့ TNLA တပ်မဟာမှူးနဲ့ ပကဖ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူးတို့ သွားရောက်ကြည့်ရှု

၂၉ ဇန်နဝါရီ | နွေဦးအသံ |

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သမိုင်းဝင် နာမည်ကျော် ဂုတ်ထိပ်တံတားသို့ တအာင်းတပ်မတော် TNLA တပ်မဟာမှူးနဲ့ ပကဖ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူးတို့က ဇန်နဝါရီ ၂၈ ရက်မှာ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA မှ ဒုတိယဗိုလ်မှူးကြီး တားခြိူဝ်မျိုးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူး ကိုကောင်းတို့က သိမ်းပိုက်ထားတဲ့ နယ်မြေကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ PDF ကျောက်မဲခရိုင် တပ်ရင်းက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

29 Jan, 08:55


◼️ဖရူဆိုမြို့ ခမရ ၅၃၁ မှ စစ်မှုထမ်းသက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် တဦး KNDF ထံ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးခိုလှုံ

၂၉ ဇန်နဝါရီ ||| နွေဦးအသံ |||

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၃၁ မှ စစ်မှုထမ်းသက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် တဦးက KNDF ထံသို့ ဇန်နဝါရီ ၂၇ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးခိုလှုံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅၃၁ တပ်မှ စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် တဦးဟာ မတရားတဲ့ လုပ်ရပ်တွေနဲ့ အာဏာရှင်စနစ်ဆိုးအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် MA3 ၁ လက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ထွက်ပြေးရောက်ရှိလာပြီး ဘက်ပြောင်းခိုလှုံလာခဲ့တဲ့အတွက် ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်သားတွေအဖြစ် ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်လူတစုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလို စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့ အထူးတိုက်တွန်းကြောင်း KNDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

29 Jan, 06:25


◼️ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PIA တပ်ဖွဲ့ ဗဟိုကော်မတီဝင်တို့ တွေ့ဆုံပြီး စစ်ရေးနဲ့ ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသဘောတူ

၂၉ ဇန်နဝါရီ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA ဗဟိုကော်မတီဝင်နဲ့ မြေပြင်မှာတွေ့ဆုံပြီး စစ်ရေးနဲ့ ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ PIA ရဲ့ ဇန်နဝါရီ ၂၉ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၂၃ ရက်၊ မြေပြင်မှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ PIO/ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA အနေနဲ့ တော်လှန်ရေး ကာလအတွင်း လုပ်ဆောင်ချက်တွေနဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ပူးပေါင်းကူညီဆောင်ရွက်ဖို့ ဆွေးနွေး သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အနာဂတ် ဖက်ဒရယ်တပ်မတော်တရပ် တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေကို လိုက်နာဖို့အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ | ပင်လည်ဘူးမြို့သိမ်းပြီး ကာကွယ်ရေးဝန်ကြီး စစ်ဆေးနေစဉ်နဲ့ PIA တပ်ဖွဲ့ဝင်များ

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

29 Jan, 04:08


◼️အဓမ္မ ဖမ်းဆီးစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက် ၃ လက်နဲ့ အလင်းဝင်

၂၉ ဇန်နဝါရီ ||| နွေဦးအသံ |||

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ ဖမ်းဆီး စုဆောင်းခံခဲ့ရတဲ့ တပ်သား ၄ ဦးက လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ထံသို့ ဇန်နဝါရီ ၂၉ ရက်မှာ လက်နက် ၃ လက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စကစတပ်ဖွဲ့ဝင် ၄ ဦးက လက်နက် ၃လက်၊ ခဲယမ်း၊ ကျည်ဘောက်၊ မိုင်းတွေနဲ့အတူ အလင်းဝင်ရောက်ပြီး ပြည်သူထံပူးပေါင်းခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

အဲဒီတပ်သားတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မကြာမီ ရှောင်တခင်အဖမ်းအဆီးခံခဲ့ရပြီးနောက် အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရတဲ့ တပ်သားတွေဖြစ်ကြောင်းနဲ့ စိတ်ဆန္ဒမရှိဘဲ ထမ်းဆောင်နေရတဲ့ တပ်သားအများအပြားလည်းရှိကြောင်း အလင်းဝင်ရောက်လာသူတွေထံမှ သိရတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိထားကြောင်းနဲ့ သူတို့ဆန္ဒအလျောက်လွတ်လပ်စွာ ရွေးချယ်ခွင့်တွေကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်သလို အလင်းဝင်လာကြမယ့် စစ်မှုထမ်းတပ်သားတွေ၊ အရာရှိ၊ စစ်သည်အောက်ခြေရဲဘော်တွေ၊ Non CDM ဝန်ထမ်းတွေကို နွေး‌ထွေးစွာ ကြိုဆိုလျက်ရှိတယ်လို့ Loikaw Local PDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

28 Jan, 11:19


◼️ကပစ ၂၂ မှ ကင်းလှည့်ဖို့ ထွက်လာတဲ့ စကစတွေကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားထိခိုက်

၂၈ ဇန်နဝါရီ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ် ထမ္မကောက်ပျူရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၆ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထမ္မကောက်ပျူစောထီးရွာရှိ စကစတပ်ဖွဲ့ဝင်တွေကို Fixed Wings Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကပစ ၂၂ မှ ကင်းလှည့်ဖို့ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Drone Force နဲ့ ဗိုလ်မထားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဒရုန်း တစီး ဆုံးရှုံးခဲ့ရကြောင်းနဲ့ ဒရုန်းတွေ ထပ်မံဝယ်ယူနိုင်ရေး မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း Black Eagle Drone Force က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

28 Jan, 09:20


◼️မိုင်းထောင်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေခိုးယူနေတဲ့ စကစတွေကို တိုက်ခိုက်ရာ စကစ ၄ ဦးသေဆုံး၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ

၂၈ ဇန်နဝါရီ | နွေဦးအသံ |

မ‌ကွေးဒေသ၊ မြိုင်မြို့နယ်မှာ မိုင်းထောင်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ထွေအုပ်ရုံးမှ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင် ၂ ဦးတို့ကို တော်လှန်‌ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လင်းကတော ရဲစခန်းမှ စကစတပ်ဖွဲ့ဝင်တွေဟာ လင်းကတောရွာအတွင်း မိုင်းထောင်ပြီး အများပြည်သူတွေရဲ့ အစားအသောက်တွေကို ခိုးယူ‌နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦး အနည်းဆုံး သေဆုံးပြီး အများအပြားထိခိုက်သွားတဲ့အပြင် BA 63 ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြိုတွင်း ထွေအုပ်ရုံးမှ မန္တလေးဂိတ်ဘက်သို့ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း သတင်းရရှိတာကြောင့် သွားရောက်ပစ်ခတ်ခဲ့ရာ စကစတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး တဦး အပြင်းအထန်ဒဏ်ရာရရှိတဲ့အပြင် MA1 တလက်နဲ့ ကျည် ၁၇ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပကဖ အမှတ် ၁ တပ်ရင်း၊ ဆားလင်းကြီး SSTF တပ်ဖွဲ့၊ မြိုင် ပကဖ - မြောက်ပိုင်းဇုန်၊ ကိုလင်းမြွေတပ်ဖွဲ့နဲ့ ကိုဆံရှည်တပ်ဖွဲတိုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

28 Jan, 02:52


◼️စလင်းမြို့နယ် စကစရဲ့ ခလရ ၂၅၃ မှ တပ်သား ၂ ဦး ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ထံ အလင်းဝင်

၂၈ ဇန်နဝါရီ | နွေဦးအသံ |

မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၅၃ တပ်မှ တပ်သား ၂ ဦးက ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ထံ ဇန်နဝါရီ ၂၆ ရက်မှာ ဘက်ပြောင်းခိုလှုံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခလရ ၂၅၃ တပ်မှ တပ်သား ကျော်ရဲလင်းနဲ့ တပ်သား နေလင်းတို့ဟာ ဇန်နဝါရီ ၂၄ ရက်မှာ တပ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး ဇန်နဝါရီ ၂၆ ရက်မှာ ဘက်ပြောင်းရောက်ရှိလာတယ်လို့ ဒေါင်းစစ်အောင် LPDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

28 Jan, 01:20


◼️ဧရာဝတီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနဲ့ ပွိုင့် ၃၆၉ စခန်း တို့ကို အပြီး သိမ်းယူခဲ့

၂၈ ဇန်နဝါရီ | နွေဦးအသံ |

ရခိုင်ရိုးမတောင်တန်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးထိတောင်စခန်း၊ ဧရာဝတီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနဲ့ ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းယူခဲ့ပြီး ပဲခူးတိုင်း နဲ့ ရခိုင်ပြည် အစပ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်က တိုက်ခိုက်ချေမှုန်းခဲ့တဲ့သတင်းတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တောင်ကုတ်မြို့နယ်အတွင်း၊ ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ် ၂ နာရီ၊ ၂၈ မိနစ်မှာလည်းကောင်း၊ ပွိုင့် ၃၆၉ စခန်းကို ဇန်နဝါရီ ၂၁ ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်မှာလည်းကေင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုကာ ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်းကို အာရက္ခတပ်တော်က ဇန်နဝါရီ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ စကစ စစ်ကြောင်းမှာ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး အာရက္ခတပ်တော်မှ လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်က ရခိုင်ရိုးမ၊ မကွေး၊ ပဲခူး နဲ့ ဧရာဝတီရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းယူလျက်ရှိသလို စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာလည်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ် ဖြစ်ပွားလျက်ရှိတယ်လို့ တရားဝင်သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

27 Jan, 14:25


◼️ဗန်းမော်မြို့ရှိ စကစရဲ့ အမြောက်၊ သံချပ်ကာတပ်ရင်း ၂ ရင်းနဲ့ လေဆိပ်ကို KIA ၊ PDF ပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ်

၂၇ ဇန်နဝါရီ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်နဲ့ သံချပ်ကာတပ်တို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၆ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် ဗန်းမော် လေဆိပ်ကိုပါ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၄ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ မြို့အခြေစိုက် စကစရဲ့ အမှတ် ၃၆၆ အမြောက်တပ်ရင်းနဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းတွေကို ဇန်နဝါရီ ၂၆ ရက်မှာ သိမ်းပိုက်ခဲ့တဲ့အပြင် ဗန်းမော်လေဆိပ်မှာ တပ်စွဲထားတဲ့ စကစတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်ရှင်းလင်းပြီး လေဆိပ်ကို ထိန်းချုပ်ထားပြီဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဗန်းမော်လေဆိပ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူထိန်းချုပ်ခဲ့ပြီးနောက် မြို့ကို အပြီးသတ်သိမ်းပိုက်ရေး လေဆိပ်နဲ့ တဆက်တည်းရှိတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နဲ့အတူ လက်ကျန်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

27 Jan, 12:40


◼️ကျောက်မဲမြို့ကို စကစ လေတပ် ထပ်မံဗုံးကြဲ၊ ဒေသခံပြည်သူ တဦးသေဆုံး၊ ၃ ဦးဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး

၂၇ ဇန်နဝါရီ ||| နွေဦးအသံ |||

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်‌ကောင်စီ လေတပ်က ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီ ၁၈ မိနစ်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ တဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့ အပြင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ ညစျေးတန်းနဲ့ ခရိုင်ရုံးပေါ်သို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ တဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရတဲ့ အပြင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျောက်မဲပြည်သူ့ဆေးရုံကိုလည်း ဇန်နဝါရီ ၂၅ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာမ ၂ ဦး၊ လူနာ တဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ CDM ဝန်ထမ်းတွေနဲ့ လူနာ အရပ်သားပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်တပ်ဟာ သမိုင်းဝင်စစ်ရှုံးနေတာကြောင့် စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေရှိ သူတို့ အသုံးပြုလို့ မရတော့တဲ့ ရုံး၊ ဌာနဆိုင်ရာအဆောက်အဦတွေကို ဗုံးကြဲဖျက်ဆီးနေတာဖြစ်ပြီး အများပြည်သူရှိရာ နေရာတွေကိုပါမချန် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

20 Jan, 17:48


◼️အမ်းကိုလာတဲ့ တပ်တွေ ဆုတ်ခွာထွက်ပြေးနေရပြီး တိုက်ပွဲတွေအတွင်း စကစအမြောက်အများသေဆုံး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

၂၀ ဇန်နဝါရီ | နွေဦးအသံ |

အမ်းသို့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေတာကြောင့် ဆုတ်ခွာထွက်ပြေးနေရတဲ့အပြင် တပတ်ကျော်တိုက်ပွဲတွေအတွင်း စကစတပ်ဖွဲ့ဝင် အမြောက်အများသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အနီးပတ်ဝန်းကျင် အမ်း-ပဒါန်း လမ်းမအနီးမှာ စကစရဲ့ တပ်မ ၈၈ ၊ ၉၉ လက်အောက်ခံတပ်ရင်းတွေ၊ မကွေး ကပစ မှ တပ်ဖွဲ့ဝင်တွေက အကြိမ်ကြိမ် ထိုးစစ်ဆင်သော်လည်း အကျအဆုံးများစွာနဲ့ အကြိမ်ကြိမ် ဆုတ်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှ စတင်ဖြစ်ပွားခဲ့တဲ့ တပတ်ကျော်ကြာ တိုက်ပွဲတွေအတွင်း စကစအလောင်း အမြောက်အများကို သိမ်းဆည်းရမိတဲ့အပြင် လက်နက်ခဲယမ်း၊ အသုံးအဆောင် အများအပြားကို သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း အချို့ကို ဖမ်းမိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့တွေကို သိမ်းပိုက်ပြီးနောက်မှာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ မကွေး၊ ဧရာဝတီ ဆက်စပ်နေရာ‌ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

20 Jan, 12:44


◼️စခန်းစွန့်ထွက်ပြေးလာတဲ့ တပ်မ ၉၉ မှ စကစတွေကို တိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

၂၀ ဇန်နဝါရီ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၉၉ မှ တပ်ဖွဲ့ဝင်တွေကို အရှိုချင်းကာကွယ်ရေးတပ် ACDF က ဇန်နဝါရီ ၁၉ ရက်၊ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အမ်း - ပဒါန်းလမ်းပိုင်းတနေရာမှာ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ တပ်မ ၉၉ မှ စကစတပ်ဖွဲ့ဝင် ၁၅ ဦးကို ညနေ ၄ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ ၅ နာရီ ၁၅ မိနစ်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး MA1 ၃ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် ACDF မှ တပ်စိတ် ၂ စိတ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ACDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

20 Jan, 12:23


◼️မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စကစအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံး

၂၀ ဇန်နဝါရီ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ကို BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ လမ်းကင်းယူပြီး ဆက်ကြေးကောက်ခံနေတဲ့ စကစတပ်ဖွဲ့ဝင်တွေကို မိုင်း ၂ လုံး တပွိုင့်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးနေရာတင် သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိတဲ့ စကစတပ်ဖွဲ့ဝင်တွေကို ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံထဲသို့ ခေါ်ဆောင်သွားကြောင်းနဲ့ အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

20 Jan, 10:08


◼️စစ်မှုထမ်းသင်တန်းဆင်း တပ်သား တဦး မုံရွာခရိုင် တပ်ရင်း ၂၅ ထံ လက်နက်နဲ့ အလင်းဝင်

၂၀ ဇန်နဝါရီ | နွေဦးအသံ |

စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား တဦးက မုံရွာခရိုင် တပ်ရင်း ၂၅ ထံသို့ ဇန်နဝါရီ ၇ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း ခမရ ၁၂ မှ တပ်သား ချစ်သူ ဟာ MA1 တလက်၊ ခဲယမ်းအချို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံတို့က သွားရောက်ခေါ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း ၂၅ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Jan, 13:03


◼️PDF တပ်ရင်းတွေထံ ဇန်နဝါရီ ပထမ ၂ ပတ်အတွင်း စကစ ၂၉ ဦးအလင်းဝင်၊ လက်နက် ၂၄ လက်ရရှိ

၁၃ ဇန်နဝါရီ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်းတွေသို့ ဆက်သွယ်ပြီး ဇန်နဝါရီ ပထမနှစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားနဲ့ ရဲ ၂၉ ဦး အလင်းဝင်ခဲ့ပြီး လက်နက် ၂၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူတွေထံမှ MA1 ၁၃ လက်၊ MA2 ၁ လက်၊ MA3 ၃ လက်၊ MA4 ၁ လက်၊ G3 ၂ လက်၊ MA ကျည်ဘောက် ၂၉ ဘောက်၊ စနိုက်ဘာ ၁ လက်၊ စက်လက် ၁ လက်၊ ၈၀မမ ၁ လက်၊ ၆၀မမ ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊

MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Jan, 11:33


◼️PLA တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းမှာ ဒေသခံ ပကဖ တွေပါ တက်ရောက်ပြီးစီးခဲ့

၁၃ ဇန်နဝါရီ ||| နွေဦးအသံ |||

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲတခုကို ဇန်နဝါရီလအတွင်း အမှတ် ၁ စစ်ဒေသ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ PLA က ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီသင်တန်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က အခြေခံစစ်ပညာနဲ့ နိုင်ငံရေးသင်တန်းတွေ ပို့ချခဲ့ပြီး PLA ရဲဘော်တွေ အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေပါ သင်တန်း တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

10 Jan, 10:15


◼️‌‌ဆီဆိုင်မြို့နယ် စကစနဲ့ PNO ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ရာ လက်နက် ၃၀ ကျော်သိမ်းဆည်းရရှိပြီး ကလေးစစ်သားတွေအပါ စစ်သုံ့ပန်းအချို့ဖမ်းမိ

၁၀ ဇန်နဝါရီ | နွေဦးအသံ |

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစုက ဇန်နဝါရီ ၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ရာ စကစတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေတစ်ဂူကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စကစတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိတဲ့ အပြင် စစ်သုံ့ပန်းအချို့ဖမ်းမိရာ ကလေးစစ်သားတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုဘက်မှာလည်း ထိခိုက်ကျဆုံးမှု အချို့ရှိခဲ့ကြောင်းနဲ့ ဆီဆိုင်မြို့နယ်ရှိ ဒေသခံတွေဟာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး စစ်ဘေးရှောင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

10 Jan, 05:12


| မန္တလေး PDF ရဲ့ အမှတ်စဉ် ၁၅ အခြေခံစစ်သင်တန်း မှတ်တမ်းပုံရိပ်များ |

◼️ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အမှတ်စဉ်(၁၅) အခြေခံစစ်ပညာသင်တန်း မှတ်တမ်းပုံရိပ်တွေကို မန္တလေး PDF က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၁၀ ဇန်နဝါရီ | နွေဦးအသံ |

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

10 Jan, 03:38


◼️‌‌မန္တလေး PDF ရဲ့ အမှတ်စဉ် ၁၅ အခြေခံစစ်ပညာသင်တန်း ပြီးစီး

၁၀ ဇန်နဝါရီ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အမှတ်စဉ်(၁၅) အခြေခံစစ်ပညာသင်တန်း မှတ်တမ်းပုံရိပ်တွေကို မန္တလေး PDF က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Jan, 11:29


◼️‌‌ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်း ပကဖ တာဝန်ခံ အဖွဲ့က ခရိုင် ပကဖ တာဝန်ရှိသူတွေ၊ ရဲဘော်တွေနဲ့ တွေ့ဆုံဆွေးနွေး

၈ ဇန်နဝါရီ ||| နွေဦးအသံ |||

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်း ပကဖ တာဝန်ခံ အဖွဲ့က ခရိုင် ပကဖ တာဝန်ရှိသူတွေ၊ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေ၊ တိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပုသိမ်၊ မြောင်းမြ၊ မအူပင်နဲ့ ဟင်္သတ ခရိုင် ပကဖ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေကို တွေ့ဆုံခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်း ပကဖရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ပကဖ လုပ်ငန်းလမ်းညွှန်နဲ့အညီ ဧရာဝတီတိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Jan, 10:21


◼️‌‌မံစီမြို့ကို KIA နဲ့ ပူး‌ပေါင်းတပ် အပြီးသတ်သိမ်းယူ

၈ ဇန်နဝါရီ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ မံစီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၈ ရက်၊ မနက် ၁၁ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်ပြီး မြို့ကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်နဲ့ မံစီမြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မံစီမြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁နဲ့ အမတ ၃၅၂ တပ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း KIA က အတည်ပြုထားတာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရရှိတဲ့အပြင် စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Jan, 09:32


◼️‌‌ပခုက္ကူမြို့နယ်မှာ ပျူစောထီး ယာဉ်နဲ့ စကစ စစ်ကြောင်းကို တိုက်ခိုက်မှု စကစ ၁၅ ဦးသေဆုံး

၈ ဇန်နဝါရီ | နွေဦးအသံ |

မကွေးဒေသ၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားတဲ့ ပျူစောထီးယာဉ် တစီး၊ မြိုင်သို့ ရိက္ခာပို့လာတဲ့ စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောင်သာပျူစောထီးရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့အစည်းအ‌ဝေးသွားတဲ့ အင်အား ၁၁ ဦးပါ ပျူစောထီးကားကို ပခုက္ကူ - မြစ်ခြေလမ်းခွဲအရှေ့ဘက် ကောင်းစက်ဝိုင်ဆီဆိုင်အနီး မနက် ၉ နာရီခန့်မှာ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အောင်သာပျူ ဒုခေါင်းဆောင် နိုင်ဝင်းနဲ့ တပ်မ ၁၀၁ မှ ပျူသင်တန်းဆရာအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စီးလာတဲ့ ကားမှာ တိမ်းမှောက်သွားတာကြောင့် တပ်မ ၁၀၁ မှ စကစအုပ်စုက ကရိန်းကားနဲ့ လာရောက်သယ်ဆောင်သွားကြောင်းနဲ့ စစ်ကူရောက်လာသောကြောင့် ပြန့်ကျဲနေသော လက်နက်၊ ခဲယမ်းတွေ သိမ်းယူနိုင်ခြင်းမရှိဘဲ အထိအခိုက်မရှိ ဘေးကင်းစွာ အမြန်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ယာဉ်တန်း စစ်ကြောင်းကိုလည်း နေ့လယ် ၂ နာရီခန့် မြိုင်-ပခုက္ကူ လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် စကစတပ်ဖွဲ့ဝင် ၇ ဦး မျက်မြင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မြိုင်မြို့သို့ ဆက်လက်ဦးတည်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့မှု အသေးစားတွေ ဖြစ်ပွားလျက်ရှိတာကြောင့် စကစတွေသွားရာ ဘေးပတ်ဝန်းကျင်ရှိ အများပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ပေးကြပါဖို့ နှိုးဆော်အပ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပကဖ အမှတ် (၁) တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင် အမှတ်(၂၊ ၆၊ ၇)တပ်ရင်းတွေ၊ PPDF ၊ PLC တပ်ဖွဲ့ ၊ 8+ တပ်ဖွဲ့ ၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Jan, 03:50


◼️‌‌ဆောမြို့မရဲစခန်းမှ စကစ ၆ ဦးက လက်နက် ၃ လက်၊ ခဲယမ်းတွေနဲ့ အလင်းဝင်

🔹လောင်းရှည်ဒေသမှာ နယ်မြေရှင်းလင်းရာ စကစ ၂ ဦးသေဆုံး၊ ၅ ဦးအရှင်မိပြီး လက်နက် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ

၈ ဇန်နဝါရီ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆောမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့မရဲစခန်းမှ စကစတပ်ဖွဲ့ဝင် ၆ ဦးက ဂန့်ဂေါခရိုင် တပ်ရင်း ၂၊ ၃၊ ၅ ထံသို့ ဇန်နဝါရီ ၂ ရက်နဲ့ ၆ ရက်တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ်ရဲစခန်းသို့ ထွက်လာတဲ့ စစ်ကြောင်းမှ စကစတပ်ဖွဲ့ဝင် ၅ ဦးက MA1 ၁ လက်၊ MA3 ၁ လက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်အိမ် ၉ ခုနဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅ ထံသို့ ဇန်နဝါရီ ၆ ရက်မှာ အလင်းဝင်ရောက်ခဲ့ပြီး ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးကလည်း ဇန်နဝါရီ ၂ ရက်မှာ ဂန့်ဂေါခရိုင် တပ်ရင်း ၂ ထံသို့ G3 ၁ လက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီးမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅ အဖွဲ့က ဇန်နဝါရီ ၄ ရက်မှာ နယ်မြေရှင်းလင်းရေးထွက်စဉ် စကစတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းမိပြီး MA1 ၂ လက်၊ MA ကျည် ၄၀၇ တောင့်၊ အီနာဂါ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ MA ကျည်အိမ် ၇ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ကျောပိုးအိတ် ၃ လုံး၊ စစ်ယူနီဖောင်း ၂ ထည်၊ ဖုန်း ၅ လုံး၊ ရေဘူး ၁ ဘူး၊ ဓား ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်းမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၆ အဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးသွားတဲ့ စကစတပ်ဖွဲ့ဝင် ၂ ဦးထံမှ MA 1 ၁ လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးကြတဲ့ စစ်ကြောင်းကိုလည်း ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြိုနယ် တိုက်ခိုက်ရေးအဖွဲ့တို့က ဒီဇင်ဘာ ၃၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာနဲ့ ဖမ်းမိပြီး MA2 ၂ လက်၊

MA3 ၁ လက်၊ G3 ၁ လက်၊ ကျည်အိမ် ၁၄ ခု၊ G3 ကျည် ၆၄ တောင့်၊ MA ကျည် ၂၅၀ တောင့်၊ အီနာဂါ ၅ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Equipment ၂ ခု၊ ကျောပိုးအိတ် ၃ ခု၊ ရေဘူး ၁ ဘူး၊ စစ်ယူနီဖောင်း ၂ စုံ၊ ရဲယူနီဖောင်း ၁ စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Jan, 12:09


◼️‌‌ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ က ERO တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်

၅ ဇန်နဝါရီ ||| နွေဦးအသံ |||

နယ်မြေလုံခြုံရေး ကိစ္စရပ်တွေကို ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို တော်လှန်ရေးလုပ်ငန်းစဉ်တွေကိုလည်း စဉ်ဆက်မပျက် ပူးပေါင်း လှုပ်ရှားဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ က ဇန်နဝါရီ ၄ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Jan, 11:10


◼️‌‌အမ်းမြို့မှ ထွက်ပြေးလွတ်မြောက်လာတဲ့ စကစ ၁၁ ဦးကို CDF - Asho က အရှင်ဖမ်းမိပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ

🔹ငဖဲမြို့နယ် ကပစ ၁၄ မှ ထွက်လာတဲ့ စစ်ကား ၂ စီးကို တိုက်ခိုက်မှု စကစ တဦးသေဆုံး

၅ ဇန်နဝါရီ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ် အမ်းမြို့မှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်-အရှို CDF - Asho တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်တွေမှာ ပိတ်ဆို့တားဆီးခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာ အနီးရှိ စခန်းတွေမှ ထွက်ပြေးလာတဲ့ စကစတပ်ဖွဲ့ဝင် ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းတွေထံမှ လက်နက်ငယ် ၉ လက်နဲ့ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငဖဲမြို့နယ် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်လာတဲ့ စကစအင်အား ၅၀ ခန့်ပါ စစ်ကား ၂ စီးကို ညောင်ကိုင်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက် စကစတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို CDF - Asho ၊ မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ CDF - Asho က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Jan, 10:22


◼️‌‌တပ်ကြပ်ကြီး တဦး အရှင်ဖမ်းမိပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

၅ ဇန်နဝါရီ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ မလှိုင်မြို့နယ် ကျေးရွာတွေရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲရာနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂ ရက်၊ မနက် ၁၀ နာရီခန့်မှာ တပြိုင်တည်း ဝင်‌ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိတဲ့ အပြင် တပ်ကြပ်ကြီး တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သုံးတောင်ကျေးရွာနဲ့ သရက်ကောင်းပင်ကျေးရွာတွေရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၆ ဦးမျက်မြင်သေဆုံး၊ အများအပြားဒဏ်ရာရပြီး တပ်ကြပ်ကြီး တဦး အရှင်ဖမ်းမိတဲ့အပြင် G3 ၃ လက်၊ ကျည် ၅၅၀ တောင့်နဲ့ ကျည်ဘောက် ၆ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၈၊ ၃၊ ၄၊ ၁၀၊ မိတ္ထီလာခရိုင် တပ်ရင်း ၂ (MHLG - PDF)၊ နွားထိုးကြီးမြို့နယ် ပကဖနဲ့ မလှိုင်မြို့နယ် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၈ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Jan, 02:53


◼️‌‌သာယာဝတီခရိုင် တပ်ရင်း ၃ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်း ပြီးစီး

၅ ဇန်နဝါရီ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် PDF ၊ သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းအချို့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

04 Jan, 05:06


◼️‌‌စစ်တပ်ရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ အနန်းကွင်းဗျူဟာစခန်း စစ်ကူစစ်ကြောင်းတို့ကို တိုက်ခိုက်မှု စကစ ၇၀ ကျော်သေဆုံး

၄ ဇန်နဝါရီ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်လမ်းပိုင်း အကြမ်ဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ အနန်းကွင်းဗျူဟာကို စစ်ကူလာတဲ့ စစ်ကြောင်းကို PDF ၊ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ တပတ်တာတိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၇၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃ ရက်အထိ ၇ ရက်တာ ကာလအတွင်း ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ ဦးသေဆုံးပြီး ၇၅ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါ ဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါး ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနဲ့ စစ်ကူလမ်းကြောင်းဖြတ်တောက်ထားတဲ့ အနန်းကွင်းဗျူဟာစခန်းသို့ ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့စစ်ကူ သံတွဲစစ်ကြောင်းကိုလည်း ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန် စစ်ကူပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အနန်းကွင်းဗျူဟာစခန်း စစ်ကူစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းတွေနဲ့ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့တဲ့အပြင် ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

04 Jan, 03:42


◼️‌‌ဝါရှင်တန်ဒီစီမှာ အနုပညာရှင်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

၄ ဇန်နဝါရီ ||| နွေဦးအသံ |||

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ ရှိ တရုတ်သံရုံး‌ရှေ့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးပြီး မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန်‌ရောက် မြန်မာအနုပညာရှင်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဒေသအချိန် ဇန်နဝါရီ ၃ ရက်၊ နေ့လယ်ပိုင်းမှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Dec, 13:19


◼️‌‌နိုင်ငံတဝှမ်းမှာ စကစ စခန်းဆုတ်ခွာမှု တနှစ်အတွင်း ၁၃၅ ခုထိရှိလာ

၃ ဒီဇင်ဘာ | နွေဦးအသံ |

မြန်မာနိုင်ငံတဝှမ်းမှာ တနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဆုတ်ခွာသွားရတဲ့ စခန်း ကြီး၊ ငယ်ပေါင်း ၁၃၅ ခုထိရှိပြီး စစ်ကောင်စီဟာ ထိုးစစ် မှ ခံစစ်အခြေအနေကို ရောက်သွားတဲ့အပြင် နယ်မြေလက်လွတ်ရမှု များပြားလာတာ ဖြစ်တယ်လို့ ပကဖ အသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံတဝှမ်းလုံးမှာ ဇန်နဝါရီလမှ နိုဝင်ဘာ ၁၀ ရက်အထိ စကစဘက်မှ ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း ၁၃၅ ခုထိ ရှိကြောင်းနဲ့ စကစဟာ ထိုးစစ် မှ ခံစစ်အခြေအနေ ကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ်ရမှု များပြားလာတာကို စခန်းဆုတ်ခွာမှုစာရင်းက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

PDF ၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးရဲ့ ညီညွတ်စွာ တိုက်ခိုက်နေတာတွေကြောင့် ကြီးမားတဲ့ စစ်ရေးအောင်ပွဲ ရရှိလာတာဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ စကစဘက်က အင်အားမလုံလောက်မှု၊ စစ်ရှုံးမှု များပြားလာလေ စခန်းစွန့်ခွာထွက်ပြေးရမှု ပိုများလေ ဖြစ်လာမှာဖြစ်သလို တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်မြေ ပိုမိုကြီးမားကျယ်ပြန့်လာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရရှိထားတဲ့ စာရင်းတွေအရ စကစ စခန်းဆုတ်ခွာမှုစာရင်းမှာ ကချင်ပြည်နယ် ၂၉၊ ကရင်ပြည်နယ် ၂၁၊ မကွေးတိုင်း ၁၆၊ ရခိုင်ပြည်နယ် ၁၃၊ စစ်ကိုင်းတိုင်း ၁၂၊ ရှမ်းပြည်နယ် ၁၁၊ မန္တလေးတိုင်း ၁၀၊ တနင်္သာရီတိုင်း ၇၊ ပဲခူးတိုင်း ၇၊ ကယားပြည်နယ် ၆၊ ချင်းပြည်နယ် ၂၊ နေပြည်တော် ၁ တို့ ဖြစ်ပြီး မြေပြင်မှာ စာရင်းထက် ပိုမိုများပြားနိုင်တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ | စကစ စခန်းစွန့်ခွာထွက်ပြေးမှုများ (ပုံဟောင်း)

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Dec, 11:36


◼️‌‌မြင်းခြံခရိုင် တပ်ရင်း ၉ ရဲ့ အမှတ်စဉ် ၁၅ အခြေခံစစ်သင်တန်းပြီးစီး

၃ ဒီဇင်ဘာ | နွေဦးအသံ |

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အမှတ်စဉ် ၁၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက်မှာ အောင်မြင်စွာကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲနဲ့ လေ့ကျင်မှု ဓာတ်ပုံမှတ်တမ်းအချို့ကို MBT က ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Dec, 11:26


◼️‌‌မုံရွာမြို့နယ်၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စကစတွေကို တိုက်ခိုက်ရာ စကစ ၁ ဦးသေဆုံး

၃ ဒီဇင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက်၊ မနက် ၁၁ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဖြူပင်ရွာရှိ အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ တောပုပျူစခန်းက ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ ရဲ တဦးသေဆုံးပြီး တဦးမှာ ပေါင်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို CHU PDF တပ်ခွဲ(၂) Immortal Guerrilla Force ၊ မုံရွာခရိုင်တပ်ရင်း ၂၅ - သံမဏိတပ်ခွဲ ၃ Force - MPDF နဲ့အတူ မုံရွာခရိုင် တပ်ရင်း ၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၈၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ CHU PDF တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Dec, 10:31


◼️‌‌ရေးမြို့နယ်မှာ စကစတွေ လိုက်ပါလာတဲ့ယာဉ်ကို ‌ရေးဘီလူးအဖွဲ့က တိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး

၃ ဒီဇင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ‌ရေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၃၄၃ တပ်မှ တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို ရေးဘီလူးတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်၊ မနက် ၉ နာရီ ၁၄ မိနစ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စုံနံ့သာကျေးရွာ၊ အမှတ် ၈ လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားတဲ့ စကစရဲ့ ခမရ ၃၄၃ တပ်မှ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Vigo ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုပြီးနောက် အမှတ် ၈ လမ်းမကြီးတလျှောက်ကို စစ်ကောင်စီရဲ့ ၅၈၆၊ ၃၄၃၊ ၅၈၇ တပ်တွေမှ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်လျက်ရှိတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ | ရေးဘီလူးတပ်ဖွဲ့ဝင်များ

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

23 Nov, 16:35


◼️ဝမ်းတွင်းမှာ အဓမ္မစစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူလိုနေတာကြောင့် စစ်ကောင်စီက တရက်ထဲ လူ ၁၀၀ နီးပါး ပေါ်တာဆွဲ

၂၃ နိုဝင်ဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ ဝမ်းတွင်းမြို့နယ်မှာ ဒေသခံလူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီက ‌အဓမ္မစစ်မှုထမ်း အပတ်စဉ် ၇ အတွက် စစ်မှုထမ်းဖို့ လူလိုနေတာကြောင့် နိုဝင်ဘာ ၁၉ ရက်မှာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တရက်ထဲတင် လူ ၁၀၀ နီးပါ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူလိုနေတာကြောင့် သဲတောမြို့မှာ နိုဝင်ဘာ ၁၉ ရက် စျေးနေ့တရက်ထဲတင် စစ်ကောင်စီက စျေးလာတဲ့ လူငယ်တွေအပါအဝင် အနီးပတ်ဝန်းကျင်ဒေသခံလူငယ် ၁၀၀ နီးပါး ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေကို ထွေအုပ်ရုံးထဲ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရှမ်းတဲ လေတပ်နဲ့ တပ်စခန်းတွေကို ဒရုန်းတိုက်ခိုက်ခံရပြီးနောက် မိတ္ထီလာမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်ပါးစေတွေက ရပ်ကွက်တွေ၊ ရွာတွေ၊ အိမ်တွေထဲအထိ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာသလို ဆိုင်ကယ် ၂ ယောက်စီးသူမှန်သမျှ ဖမ်းဆီးသွားပြီး စျေးနေ့ တရက်ထဲမှာတင် လူ ၁၀၀ နီးပါး ပေါ်တာဆွဲခံရတယ်လို့ Voice of Wundwin က ဖော်ပြထားတာပါ။

ပေါ်တာဆွဲခံရသူတွေကို မိတ္ထီလာမှာ သိန်း ၁၀၀ ကျပ်အထိ ပေးပြီး ပြန်ရွေးရသလို ဝမ်းတွင်းမှာ သိန်း ၄၀ မှ ၈၀ အထိ ပေးပြီး ပြန်ရွေးနေကြရကြောင်းနဲ့ ပြန်မရွေးနိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ မိတ္ထီလာ အမှတ် ၁၁၃ အမြောက်တပ်သို့ ပို့ဆောင်လိုက်တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ | အဓမ္မစစ်မှုထမ်း အပတ်စဉ် ၆ မှ သင်တန်းသားများ

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

23 Nov, 15:04


◼️ဆားလင်းကြီးမြို့ပေါ် စကစရဲစခန်း၊ ထွေအုပ်ရုံး အပါ နေရာ ၄ ခုကို ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ တပြိုင်တည်း တိုက်ခိုက်

၂၃ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် အထိုင်ချတပ်စွဲရာ နေရာ ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်မှာ တပြိုင်နက်တည်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့ပေါ်ရှိ စကစ ရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် တပ်စွဲထားတဲ့ မင်းကန်ကြီး၊ တာဝတိံသာနေရာတွေကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်တည်း ဝင်ရောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး စကစ ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တပ်စိတ် (၁) 5/Fighter group Monywa ၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့ Salingyi ၊ G3 အောင်ကြီး Salingyi ၊ Royal Broher Force ၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SPDF ၊ တောဘုရင်ဗိုလ်ယက္ခ၊ချင်းတွင်းကာကွယ်ရေး CDF ၊ Fighter For Fredy ၊ ဒေါင်းတမာန် GZ ၊ Eagle ၊ မျိုးဆက်သစ်၊

CRA မုံရွာ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး၊ ဒုန်းမင်း၊ တပ်ရင်း ၁၇ တပ်ခွဲ ၃ MYF ၊ တပ်ရင်း ၁၇ တပ်ခွဲ ၄ GNBF ၊ တပ်ရင်း ၄ တပ်ခွဲ ၂ 5/COMMANDO FORCE ၊ MONYWA UNDERGROUND FORCE MUGF ၊ တပ်ရင်း ၂၅ မုံရွာသံမဏိတပ်ခွဲ ဗိုက်ကလေး၊ ဒေါင်းဖိုက်တာ၊ တပ်ရင်း ၂၃ တပ်ခွဲ ၂ ကျားညီနောင်နဲ့ နောင်ကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

23 Nov, 14:18


◼️မထောတပ်စခန်း သိမ်းပိုက်မှုအပါ ၁ ပတ်တာ တိုက်ပွဲအတွင်း စကစ ၉ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီး အကြမ်းဖက်စစ်ကောင်စီရဲ့ မထောတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၂ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်းသေဆုံးပြီး ၈၁ မမ အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဒေသခွဲ ၂နယ်မြေ ဖာပွန်အထွက် မထောရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှာလည်း စစ်ကောင်စီတပ်ကို တော်လှန်‌ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲတွေအတွင်း စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ အထိုင်ချနေရာတွေသို့ နိုဝင်ဘာ ၁၉ ရက်မှာ သွားရောက်တိုက်ခိုက်မှု ၄ ကြိမ်၊ နိုဝင်ဘာ ၂၀ ရက်မှာ ၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁ ကြိမ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ဖာပွန်ခရိုင် မထောရွာတပ်စခန်းကိုသိမ်းပိုက်ခဲ့ခြင်း အပါအဝင် ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မထောတပ်စခန်းကို တပတ်ခန့်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် စကစတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ၈၁ မမ လက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ FFD ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပြီး တပတ်ခန့်ကြာ ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

တင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

23 Nov, 11:11


◼️နောင်ချိုမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲခဲ့တာကြောင့် ကလေး တဦးအပါ ၆ ဦး ဒဏ်ရာရပြီး နေအိမ် ၁၂ လုံးပျက်စီး

၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်‌ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၂၂ ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့၊ စျေးရပ်ကွက်မှာ စစ်ကောင်စီက ညသန်းခေါင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်းနဲ့ နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆင်းရွှေလီ သကြားစက်ရုံကိုလည်း စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက်၊ ည ၇ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့လိုအပ်ကြောင်းနဲ့ လူစုလူဝေးမပြုလုပ်ကြဘဲ လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားတာ ‌တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

21 Nov, 13:27


◼️ထားဝယ်မှာ စကစ တပ်သား တဦး လက်နက်နဲ့ အလင်းဝင်၊ သိန်း ၅၀ ကျပ်ချီးမြှင့်

၂၁ နိုဝင်ဘာ | နွေဦးအသံ |

တနင်္သာရီဒေသ၊ ထားဝယ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစုဆောင်းခံရတဲ့ တပ်သား တဦးက ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ထံ သေနတ် တလက်နဲ့ အလင်းဝင်ရောက်ခဲ့တာကြောင့် ဆုငွေသိန်း ၅၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအဖြစ် အဓမ္မ စုဆောင်းခြင်း ခံရတဲ့ ခလရ ၂၈၂ မှ တပ်သား စိုင်းလင်းကို ဟာ MA 3 တလက်၊ ကျည်ဘောက် တခု၊ ၅.၅၆ ကျည် ၂၃ တောင့် တို့ကို ယူဆောင်အလင်းဝင်လာတာကြောင့် ဆုငွေ သိန်း ၅၀ ကျပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားအဖြစ် သွတ်သွင်းခံရသူ‌တွေ အနေနဲ့ လက်နက်ချ အလင်းဝင် ခိုလှုံလိုပါက ကြိုဆိုလက်ခံသွားမှာ ဖြစ်တယ်လို့ TPLF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

21 Nov, 10:50


| ဒီပုဆိန်ရိုးကို တရုတ် ထုတ်လုပ်သည် |

◼️‌ကာတွန်း©KST ရဲ့ လက်ရာကို ရှုစားလိုပါက 👇

https://www.facebook.com/share/p/1ESbScSZrU/?

The Voice Of Spring | နွေဦးအသံ |

21 Nov, 10:38


◼️မတ္တရာမြို့နယ်မှာ စကစ စစ်ကြောင်းကို PDF ၊ ပကဖတွေက တိုက်ခိုက်ရာ စကစ ၁၂ ဦးသေဆုံး၊ သေနတ် ၉ လက် သိမ်းဆည်းရရှိ

၂၁ နိုဝင်ဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၇ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ငါးကြင်းမြီးနဲ့ RPG အပါအဝင် သေနတ် ၉ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောင်မြေသာစံမြိုနယ်ရှိ စအရ ၉၁၀ (အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)မှာ အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတဆင့် ဝင်ရောက်လာတဲ့ ဗိုလ်မှူး ကျော်ဇေယျ (ခမရ ၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄)မှ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို မတ္တရာမြိုနယ်၊ ဆောက်ခြုံပေါက်ရွာမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

MA 15 (ငါးကြင်းမြီး)နဲ့ MA 10 (RPG) အပါအဝင် လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း နမခမှ တက်လာတဲ့ Mi-35 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မိတ္ထီလာမှ တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင်၊ ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

21 Nov, 10:19


◼️မြင်းခြံမြို့အနီး ၇ ရက်တာတိုက်ပွဲအတွင်း စကစ ၃၀ ကျော်သေဆုံး၊ ၄၀ ကျော် ထိခိုက်

၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ မြင်းခြံမြို့အနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၇ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စကစဘက်မှ ဗိုလ် တဦးအပါအဝင် ၃၆ ဦးသေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger MBT ရဲ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့် အကွာသို့ နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စကစစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခုခံစစ် ၃ ရက်တာ ကြာမြင့်ခဲ့ပြီး ခဲယမ်းပြတ်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက်ရွာမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ စကစစစ်ကြောင်းနဲ့ နိုဝင်ဘာ ၁၅ ရက်၊ ည ၈ နာရီခွဲခန့်မှစပြီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၁၈ ရက်ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စကစဘက်မှ Mi35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ်၊ Jet Fighter နဲ့ ၂ ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး မြင်းခြံမြိုရှိ ခမရ ၁၅ မှလည်း ဟောင်ဝှစ်ဇာ ၅ လုံးနဲ့ ပစ်ကူ‌ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကြည်းကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ခဲယမ်းပျက်တောက်သွားတာကြောင့် ဒုတိယခံစစ်စည်းဖြစ်တဲ့ ခြေဆေးကျေးရွာမှ ဆုတ်ခွာပေးခဲ့ရကြောင်းနဲ့ ၇ ရက်တာ တိုက်ပွဲအတွင်း စကစဘက်မှ ဗိုလ် တဦး အပါအဝင် ၃၆ ဦးသေဆုံး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၊ Popa Guerilla Force (PGF)၊ Bright Star Group (BSG)၊ မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈)၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ်(၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊ နှလုံးလှလူမိုက်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

21 Nov, 09:15


◼️ငဖဲမြို့နယ်မှာ စကစ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စကစ ၉ ဦးသေဆုံး

၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA - Magway က နိုဝင်ဘာ ၂၀ ရက်၊ ညနေ ၄ နာရီခန့်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဂုတ်ကြီးကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့် အကွာမှာ စစ်‌ကောင်စီရဲ့ မစခ ၉၀၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ပေါ်တာဆွဲခံရတဲ့ သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ အင်အား ၄၀ ခန့် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာပြီးနောက် စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကြောင်း တိုက်ပွဲတွင်း မျက်မြင်တွေ့ရပြီး ၁၀ ဦးခန့် ဒဏ်ရာရကြောင်း မြေပြင်သတင်းပေးပို့မှုအရ သိရတယ်လို့ ဆိုပါတယ်။

အမ်း- ပဒါန်းလမ်းပိုင်း ထိန်းချုပ်ရေးဟာ ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှု ဖြစ်ကြောင်းနဲ့ ပိုမိုကျယ်ပြန်တဲ့ စစ်ဆင်ရေးတွေကိုလည်း ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ PRA - Magway က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

14 Nov, 15:36


ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

https://youtube.com/@thevoiceofspringtv?si=Ar9gGZnMyzXpBwix

The Voice Of Spring | နွေဦးအသံ |

14 Nov, 15:34


https://youtu.be/7xJ84qMSrFU?si=D_1S5p9Np0BOgbea

The Voice Of Spring | နွေဦးအသံ |

14 Nov, 15:32


https://youtu.be/rGGWzo6JFxE?si=XLE06Ff1F-tjU0Y_

The Voice Of Spring | နွေဦးအသံ |

14 Nov, 12:31


◼️‌‌နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ဦးဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦနဲ့ ကားတွေ ပျက်စီး

၁၄ နိုဝင်ဘာ ||| နွေဦးအသံ |||

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ လေကြောင်းမှ ပေါင် ၃၀၀ ဗုံး ထပ်မံကြဲချတိုက်ချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် အဆောက်အဦနဲ့ ကားတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့၊ တရားရုံးနဲ့ ရဲစခန်းအနောက်ဘက်တွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံး၊ လူနေအိမ် ၃ လုံးနဲ့ အိမ်စီးကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည်တွေစီကားနေတဲ့ လန်းဆန်းလက်ရည်ဆိုင်ကိုလည်း နိုဝင်ဘာ ၁၂ ရက်မှာ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၄ လုံး၊ စျေးဆိုင်ခန်း ၁၃ ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနဲ့ ခရီးသည်ယာဉ် အပါအဝင် စုစုပေါင်း ကား ၇ စီး မီးလောင် ပျက်စီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

14 Nov, 11:54


◼️‌‌စစ်တပ်ထောက်ခံတဲ့ သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ကို မိုင်းခွဲပြီး သတိပေး

၁၄ နိုဝင်ဘာ | နွေဦးအသံ |

ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ကို Dark Shadow တပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ပြင်းအားပျော့မိုင်း အသုံးပြုပြီး ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ရန်အောင်ဟာ ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံအားပေးတဲ့ သရုပ်ဆောင်ဖြစ်တဲ့အတွက် ပထမဆုံးအကြမ် သတိပေးတဲ့အနေနဲ့ နေအိမ်ကို ပြင်းအားပျော့မိုင်းအသုံးပြုပြီး သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်‌တွေကို သတိပေးလိုတယ်လို့ ‌ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်သား၊ ရဲ၊ ပျူ တွေ စုဝေးရာ နေရာတွေကို မသွားကြဖို့နဲ့ ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ရန်အောင်ဟာ အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်ရိုက်ကူးထုတ်လွှင့်တဲ့ စောင်နီလေးတထည် ရုပ်ရှင်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို စစ်တပ်ကို ပေါ်ပေါ်တင်တင်ထောက်ခံသူဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်မှာလည်း တရုတ်မှ ပြန်လာတဲ့ မင်းအောင်လှိုင်ကို ရန်အောင်၊ ဇင်ယော်မောင်မောင်၊ ခန့်စည်သူ၊ ယုန်လေး၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မေသန်းနု၊ ဂျင်းနီနဲ့ အခြား စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေက ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

14 Nov, 11:14


◼️‌‌ကချင်ပြည်နယ်မှာ တရုတ်ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို KIA က မြန်မာဘက်ခြမ်းမှ ပြန်ပိတ်

၁၄ နိုဝင်ဘာ | နွေဦးအသံ |

တရုတ်-မြန်မာနယ်စပ်တလျှောက် ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံဘက်မှ ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာ ၁၂ ရက်မှစပြီး မြန်မာဘက်ခြမ်းမှ ပြန်လည်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

KIO/KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်‌တွေအားလုံးကို တရုတ်ဘက်က အောက်တိုဘာ ၁၈ ရက်မှာ ပိတ်ပင်ခဲ့ပြီးနောက် မြေရှားသတ္တု၊ အခြားသတ္တုတင်ဆောင်တဲ့ ယာဉ်တွေကိုသာ တရုတ်ဘက်က ဆက်လက်ဝင်ခွင့်ပြုထားသော်လည်း ဒေသခံတွေ တင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်းနဲ့ လူတွေကို ဝင်ထွက်ခွင့်မပြုတာကြောင့် KIA ကလည်း နယ်စပ်ဂိတ်တွေ ပြန်ပိတ်လိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ကချင်အထူးဒေသ ၁ အတွင်းရှိ မြေရှားသတ္ထုထွက်ရှိရာ ပန်ဝါဒေသအပါအဝင် နယ်စပ်တလျှောက်ရှိ မြို့၊ ရွာတွေနဲ့ BGF တပ်စခန်းတွေကို KIA က သိမ်းပိုက်ခဲ့ပြီးနောက် KIO/KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်ပင်ခဲ့တာဖြစ်သလို စစ်ကောင်စီကို ထိုးစစ်ဆင်နေမှု ရပ်တန့်ဖို့ ဖိအားပေးခဲ့တဲ့အပေါ် လက်မခံခဲ့တာကြောင့်လဲ ပိတ်ပင်ခဲ့တာပါ။

ကချင်ပြည်နယ်အတွင်းရှိ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်နဲ့ မံဝိန်းကြီး စတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် ၁၁ ခုအနက် ကန်ပိုက်တီဂိတ် တခုမှလွဲပြီး ဂိတ်အားလုံးကို KIA က ထိန်းချုပ်ထားတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ | လိုင်ဇာရှိ နယ်စပ်ဂိတ်ကို KIA က မြန်မာဘက်မှ ပြန်လည်ပိတ်ထားစဉ်

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

14 Nov, 09:45


◼️‌‌မြို့ပြမစ်ရှင်တွေကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု အသိပေး

၁၄ နိုဝင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်၊ ည ၇ နာရီ ၁၄ မိနစ်မှာ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လှော်ကားနယ်မြေရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်းနဲ့ အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ‌ဖော်ပြထားပါတယ်။

Yangon UG People Army YUPA နဲ့ Operation Flame OF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့ပြမစ်ရှင်တွေကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စကစတွေရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့ YUPA က အသိပေးထုတ်ပြန်ထားတာ ‌တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

14 Nov, 08:57


◼️‌‌ဗျူဟာအမှတ် ၈၁ ယောဗျူဟာကို NUG အစိုးရက ဒုအကြိမ် လက်နက်ခဲယမ်းတွေ တပ်ဆင်

၁၄ နိုဝင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗျူဟာအမှတ် ၈၁ ယောဗျူဟာကို နိုဝင်ဘာ ၁၃ ရက် ယောနယ် တနေရာမှာ ဒုတိယအကြိမ်အဖြစ် လက်နက်ခဲယမ်း‌တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအကြိမ် လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးညီနောင် သိန်းသုံးထောင် ကမ်ပိန်းမှရရှိတဲ့ ရံပုံငွေနဲ့ဝယ်ယူထားနဲ့ ကျည်ကာဦးထုပ်တွေကိုလည်း ရှေ့တန်းရဲဘော်တွေထံသို့ ပထမအကြိမ်အနေနဲ့ ဖြန့်ဝေပေးပြီးဖြစ်တယ်လို့ ဗျူဟာအမှတ် ၈၁ - ယောဗျူဟာက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Nov, 15:12


| သတင်းတို |

◼️မကွေးဒေသ၊ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ ၅ ဧရာဒေါင်းတပ်ဖွဲ့ရဲ့ အမှတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက် လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၃ နိုဝင်ဘာ | နွေဦးအသံ |

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Nov, 13:20


◼️ကြို့ပင်ကောက်မြို့နယ် စကစ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၄ ဦးသေဆုံး

၁၃ နိုဝင်ဘာ | နွေဦးအသံ |

ပဲခူးဒေသ၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက်၊ မနက် ၇ နာရီခန့်မှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာ အထိုင်ချ စခန်းမှ၂ ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စကစစစ်ကြောင်းကို ဘော်ဘင်ဆည်တမံ ၁ တိုက်ပြာနဲ့ သစ်လုံးဆောင်ကြားမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ | ပုံဟောင်း

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Nov, 11:52


◼️‌‌ဖယ်ခုံမြို့နယ်၊ ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး တဦးအပါ ၆ ဦးသေဆုံး

၁၃ နိုဝင်ဘာ | နွေဦးအသံ |

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ဒေသခံပြည်သူ ၂၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ နှစ်အရွယ် ကလေးတဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့တယ်လို့ KNDF ရဲ့ နိုဝင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ ၂၀၀ ဦးကို ပင်လောင်း-ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကစစစ်ကြောင်းက မတရားဖမ်းဆီးထားပြီး ပင်လောင်းမြို့ အားကစားရုံးအတွင်း ထိန်းသိမ်းထားကြောင်းနဲ့ ဖမ်းဆီးခံရသူ ပြည်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး မည်မျှပါဝင်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံ ကြားရှိ၊ နန့်ဖာမူ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တွေကိုလည်း ဖောက်ထွင်းလုယက်ခြင်း၊ မီးရှို့ခြင်းတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် စကစရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလအတွင်း ၈ နှစ်အရွယ် ကလေးတဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ မက လုပ်ဆောင်ခဲ့သလို​ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ KNDF ဗဟိုက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

13 Nov, 11:30


◼️‌‌ဖြတ် ရုပ်ရှင်ကို US ဘော်စတွန်မြို့ အပါအဝင် ဩစတေးလျနိုင်ငံရှိ မြို့ကြီး ၃ မြို့နဲ့ မလေးရှားနိုင်ငံတို့မှာ ဆက်လက်ပြသသွားမယ်

၁၃ နိုဝင်ဘာ | နွေဦးအသံ |

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပထမဆုံး ပြသခဲ့ရာ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့တဲ့ "ဖြတ်" ရုပ်ရှင်ကို အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ အပါအဝင် ဩစတေးလျနိုင်ငံရှိ မြို့ကြီး ၃ မြို့နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တို့မှာ တော်လှန်ရေးရန်ပုံငွေ ရရှိရေးအတွက် ဆက်လက်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၃၀ ရက်မှာ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တို့မှာ လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဖေဖော်ဝါရီ ၉ ရက်မှာ ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပါ့သ်မြို့မှာလည်းကောင်း "ဖြတ်" ရုပ်ရှင်ကို အသီးသီး ဆက်လက်ပြသသွားကြမှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်တုန်းက နယူးယောက်မှာ ပြသခဲ့တဲ့ ဖြတ် ရုပ်ရှင်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း တက်ရောက်အားပေးခဲ့တာတွေ့ရတဲ့အပြင် ရုပ်ရှင်အပြီးမှာ တော်လှန်အနုပညာရှင် မင်းမော်ကွန်း၊ အောင်မြင့်မြတ် အပါအဝင် ဖြတ် အဖွဲ့သားတွေက အွန်လိုင်းမှတဆင့် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

Production က စီစဉ်တင်ဆက်ထားတဲ့ "ဖြတ်" ရုပ်ရှင်ကို တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ ဒါရိုက်တာ စောအေးထူးက ရိုက်ကူးတာ ဖြစ်ပြီး မင်းမော်ကွန်း၊ အောင်မြင့်မြတ်၊ နေဇော်နိုင်၊ ဂျပန်ကြီး၊ ပိုးလေး၊ တိုးကျော် တို့အပြင် အခြား CDM အနုပညာရှင်တွေ ပါဝင်ကြပြီး နယူးယောက်မြို့ပွဲမှာ ရုပ်ရှင်အမှတ်တရပစ္စည်း၊ လေလံတင်ခြင်း ပစ္စည်းတွေအပြင် မြန်မာအစားအစာတို့ကို ရောင်းချခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ဝန်းကျင် ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

#ဖြတ် #wideawake #မင်းမော်ကွန်း

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

12 Nov, 11:05


◼️‌‌နောင်ချိုနဲ့ မိုးကုတ်ကို စကစလေကြောင်းတိုက်ခိုက်မှု အပြစ်မဲ့ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး ‌

၁၂ နိုဝင်ဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွေကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ဒေသခံပြည်သူ ၉ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနောက်ပိုင်း မြို့ဦးလွင်အနီးကို ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးပြီး ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၁၀ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့ပေါ် စျေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကိုလည်း စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်၊ နေလယ်ပိုင်းမှာ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်အတွင်းရှိ ခရီးသည် ၁၁ ဦးထက်မနည်းသေဆုံးပြီး အများအပြားခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ခရီးသည်တင်ယာဉ်တွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ | TNLA ၊ SPM News

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

12 Nov, 10:16


◼️‌‌တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေသို့ လမ်းမှားလာတဲ့ စကစ တပ်သား တဦးကို လက်နက်နဲ့ အရှင်ဖမ်း

၁၂ နိုဝင်ဘာ | နွေဦးအသံ |

မကွေးဒေသ၊ ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေအတွင်း လမ်းမှားရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား တဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်မှာ သေနတ် တလက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဆင်မင်းကျေးရွာမှာ တပ်စွဲထားတဲ့ စကစစစ်ဆေးရေးဂိတ်မှ တပ်သား တဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထားတဲ့နယ်မြေကို လမ်းမှားဝင်ရောက်လာတာကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ကာဘိုင် ၁ လက် ၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Pakokku People Defense Force PPDF နဲ့အတူ Young Force UG တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂွေးချိုပျူရွာကို DROP-Bomb တွေနဲ့ နိုဝင်ဘာ ၁၀ ရက်မှာ တိုက်ခိုက်ခဲ့သလို ပန်းတိုင်းခြုံ စကစ စစ်ဆေးရေးဂိတ်ကိုလည်း ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မြို့ပေါ်မှ ပျူစောထီး အဖွဲ့ဝင်တွေကိုလည်း တိတ်တဆိတ်ဖမ်းဆီးပြီး အပြစ်ပေးအရေးယူမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Young Force UG က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

12 Nov, 09:34


◼️‌‌ဖာပွန်မှာ ကူးဆိပ်တံတားလုံခြုံရေး စကစ စခန်းကို သိမ်းပိုက်ရာ စကစ ၈ ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိ

၁၂ နိုဝင်ဘာ | နွေဦးအသံ |

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကူးဆိပ်တံတားလုံခြုံရေး အကြမ်းဖက်စစ်ကောင်စီ စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ ၅ နယ်မြေရှိ ကူးဆိပ်တံတားလုံခြုံရေး စကစစခန်းကို နိုဝင်ဘာ ၆ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးအလောင်းရခဲ့တဲ့အပြင် RPG 7 ၂ လက်၊ မောင်းပြန်ရိုင်ဖယ် ၃ လက်၊ ကျည်ဖူး ၂၇ လုံး၊ ၆၀ မမ ကျည်ဖူး ၂၂ လုံး၊ ဒရုန်းဂျန်မာ ၃ ခုနဲ့ မောင်းပြန်ရိုင်ဖယ် ကျည် ၂၀၀၀ ကျော်သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်‌ရေးရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Nov, 16:07


ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

https://youtube.com/@thevoiceofspringtv?si=Ar9gGZnMyzXpBwix

The Voice Of Spring | နွေဦးအသံ |

09 Nov, 16:06


https://youtu.be/QM_7AvK9iFE?si=5FyElnP6hLtdyYrR

The Voice Of Spring | နွေဦးအသံ |

09 Nov, 16:06


https://youtu.be/-8Om7TP1WSI?si=beJvtzvvO10_EZeF

The Voice Of Spring | နွေဦးအသံ |

09 Nov, 16:05


https://youtu.be/3Jpfqo67lEM?si=3VdTUVx1fgXHPcGy

The Voice Of Spring | နွေဦးအသံ |

09 Nov, 15:06


◼️‌ကလေးမြို့နယ်မှာ ထိခိုက်ဒဏ်ရာရ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ဆေးကုသစရိတ်ထောက်ပံ့

၉ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ကလေးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ခွန်အားဖြည့်ကမ်းလက်များ အဖွဲ့က ဆေးကုသရေးနဲ့ ပြန်လည်ထူထောင်ရေးစရိတ် ထောက်ပံ့‌ပေးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ဆေးကုသရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပ အလှုရှင်တွေရဲ့ လှူဒါန်းငွေ ၁၇ သိန်း ၁ သောင်းကျပ် ရရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရ ရဲ ဘော် ၈ ဦးအတွက် တဦးကို ၂ သိန်းကျပ် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Nov, 14:30


◼️‌မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှိ စကစတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မြို့နယ် ပကဖ နဲ့ UG တွေက နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီခန့်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ထိရောက်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လျှပ်စစ်ရုံးရှိ စကစတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိရောက်စွာပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်းနဲ့ မြောက်ဥက္ကလာ ပကဖ နဲ့အတူ Yangon UG People Army တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Nov, 13:54


◼️‌ရှမ်းမြောက်မှ အညာဒေသသို့ ဆက်လက်ချီတက်တိုက်ခိုက်တော့မည်ဟု PDF ၅၁၀ တပ် အသိပေး

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၅၁၀ တပ်ရင်းမှ ရဲဘော်တွေက ရှမ်းပြည်မြောက်ပိုင်းမှ အညာဒေသသို့ မထွက်ခွာမီ ဓာတ်ပုံမှတ်တမ်းအချို့ကို နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

"ရှမ်းမြောက်မှသည် မြေပြန့်အညာမြေဆီသို့ မထွက်ခွာမီ" ဆိုပြီး PDF ၅၁၀ တပ်ရင်းက ဓာတ်ပုံမှတ်တမ်းအချို့ကို ထုတ်ပြန်အသိ‌ပေးလိုက်တာ ဖြစ်ပြီး PDF ၅၁၀ တပ်ရင်းဟာ တပ်တည်ထောင်တာ ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်သလို သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအပါအဝင် ရှမ်းမန်းစစ်ဆင်ရေးတွေမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

09 Nov, 13:29


◼️‌ထိုင်းနိုင်ငံမှာ လစာမရတဲ့ မြန်မာလုပ်သား ၂ ဦးနဲ့ ခြေတုတပ်လိုတဲ့ လုပ်သား တဦးကို NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေး

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့နယ်ရှိ လစာမရရှိတဲ့ မြန်မာ အလုပ်သမား ၂ ဦးနဲ့ လယောင်မြို့ရှိ ခြေတဖက်ဖြတ်လိုက်ရလို့ ခြေတုတပ်လိုတဲ့ အလုပ်သမား တဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အဆင်ပြေအောင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ပထုန်ဌာနီမြို့နယ် ကျောက်ပြားစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂ ဦး လုပ်အားခ ၂ လစာ မရလို့ အကူအညီတောင်းခံလာတဲ့အတွက် ပထုန်ဌာနနီမြို့နယ် ဆာဝါရီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး ရုံးက စက်ရုံပိုင်ရှင်ကို ဆက်သွယ်ညှိနှိုင်းပေးခဲ့ရာ နိုဝင်ဘာ ၅ ရက်မှာ လုပ်အားခတွေ ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လယောင်မြို့ ဆောက်လုပ်ရေးမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တဦးက ညာခြေတဖက်ဖြတ်လိုက်ရတဲ့အတွက် ခြေတုတပ်လိုကြောင်း အကူအညီတောင်းခံလာတဲ့အပေါ် လယောင်မှတဆင့် ပထုံဌာနီပကန်ဆန်ခွန်ရုံးကို ပြန်လွှဲပေးပြီး ပထုံဌာနီပြန်လည်ထူထောင်ရေးရုံးမှာ ခြေတုလုပ်ဖို့အတွက် ဆေးရုံမှာ ဓါတ်မှန်ရိုက်ခြင်း၊ ဆေးစစ်ခြင်း၊ ခြေတုတပ်ဆင်ခြင်းလုပ်ငန်းတွေ ပြီးဆုံးတဲ့အထိ MHAC မဟာမိတ်အဖွဲ့နဲ့အတူ ပူး​ပေါင်းလိုက်ပါဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အ​ရေး ချိုးဖောက်ခံရမှုတွေကို တိုင်ကြားရေးယန္တရား - အလုပ်သမားဝန်ကြီးဌာန Facebook Page မှာလည်း လာရောက်တိုင်ကြားနိုင်ကြောင်း NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:12


◼️‌အမ်းမြို့သို့ စစ်ကူပို့ရာမှာ တိုက်ခိုက်ခံရတဲ့ စစ်ကားတွေကို ပြန်လာဆွဲစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်

၈ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းဘူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ ကရိန်းယာဉ် တစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ မင်းဘူးမြို့နယ် ပကဖ ရဲ့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အမ်းမြို့သို့ စစ်ကူပို့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ စစ်ကားတွေကို ပြန်ဆွဲဖို့ စကစတပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ ကရိန်းယာဉ် တစီးကို မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမပေါ် အောက်တိုဘာ ၃၁ ရက်မှာ သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းဘူးမြို့နယ်အတွင်း စစ်‌ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်တင်မှာ ဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စကစတပ်တွေ၊ ရဲစခန်းတွေ၊ တပ်စခန်းတွေအနီး နေထိုင်သွားလာခြင်း မပြုလုပ်ကြဖို့ မင်းဘူး(စကု)မြို့နယ် ပကဖ က အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ | ပုံအဟောင်း

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:08


| တနေ့ |

◼️ဒီသီချင်းဟာ ခေတ်အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့ရဲ့မိသားစုဝင်များအားလုံးကို ရည်စူးပါတယ်။

https://www.facebook.com/share/v/17uVNqbYxm/?mibextid=UalRPS

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:07


ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

https://youtube.com/@thevoiceofspringtv?si=Ar9gGZnMyzXpBwix

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:07


https://youtu.be/w0_V5vLCP6Q?si=pWcUF8DiiNZCdbTn

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:06


https://youtu.be/y76FAAFP4XQ?si=ybpFIOEdfhyqZr1z

The Voice Of Spring | နွေဦးအသံ |

08 Nov, 12:06


https://youtu.be/cjEY-_i_i0Y?si=HFKpw_TvtEylpftz

The Voice Of Spring | နွေဦးအသံ |

08 Nov, 10:53


◼️‌5.56 mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်ကို Myingyan Black Tiger MBT က အောင်မြင်စွာ ထုတ်လုပ်

၈ နိုဝင်ဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ မြင်းခြံမြို့နယ် အခြေစိုက် မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က 5.56 mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်ကို နိုဝင်ဘာ ၇ ရက်မှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

MBT ရဲဘော်တွေအတွက် ကာဘိုင် သေနတ် ကျည်ဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျည်ရှားပါးမှု ဖြစ်ပေါ်လျက်ရှိတာကြောင့် အဓိကရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး ပေါ့ပါးပြီး ပစ်မှတ်ကို မီတာ ၁၀၀ အတွင်း တိကျစွာပစ်ခတ်နိုင်တဲ့အပြင် ကျည်ရှားပါးမှုပြသနာကို ဖြေရှင်းနိုင်တဲ့အတွက် မကြာမီအချိန်အတွင်း ရှေ့တန်းစစ်မျက်နှာပြင်မှ တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ ကိုးလုံး (ရှော့ဂမ်း)အစား ၅.၅၆ ကျည်သုံး ကာဘိုင်တွေကို အစားထိုးအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြိုသိမ်းတိုက်ပွဲ ဆင်နွဲဖို့ အသင့်ဖြစ်နေတဲ့ MBT တပ်ဖွဲ့မှ ရဲဘော်တွေအတွက် "End Point" ကမ်ပိန်းရဲ့ ကျန်ရှိနေတဲ့ ၆၀% ကိုလည်း ဆက်လက်ကူညီ‌ထောက်ပံ့ပေးဖို့ မိဘပြည်သူတွေကို အထူးမေတ္တာရပ်ခံကြောင်း MBT တပ်ဖွဲ့က ဖိတ်ခေါ် အသိပေးထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Nov, 10:25


◼️‌မုံရွာမြို့နယ် စကစ အထိုင်စခန်းနဲ့ တပ်စွဲနေရာတွေကို ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်

၈ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်၊ တောပုပျူရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ ညောင်ဖြူပင်ရွာရှိ အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်၊ မနက်ပိုင်းမှာ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ စကစဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

တောပုပျူရွာရှိ ပျူခေါင်းဆောင်နေအိမ်နဲ့ စကစတပ်ဖွဲ့ဝင် တပ်စွဲရာနေရာတွေကို မနက် ၆ နာရီခန့်မှ ၉ နာရီထိ နေရာအနှံ့အပြားသို့ Drone တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပြင် ညောင်ဖြူပင်ရွာရှိ စကစ အထိုင်စခန်းကိုလည်း Drone တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိပြီး အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာခရိုင် တပ်ရင်း ၄ Chindwin Attack Force အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် တပ်ရင်း ၉ FRF 2 ၊ ChinDwin Fighter Group CFG ၊ မုံရွာခရိုင် တပ်ရင်း ၂၃ တပ်ခွဲ ၂ ၊ Tiger Brothers People's Defence Force ၊ မုံရွာခရိုင် တပ်ရင်း ၂၃ တပ်ခွဲ ၅ Midlane New Generation Defence Force နဲ့ ဆားလင်းကြီး ဒရုန်းအဖွဲ့တွေ အပါအဝင် ဒရုန်း မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ 5/ Commando Force က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

08 Nov, 09:31


◼️‌ရွှေဘိုခရိုင်၊ တပ်ရင်း ၈ က ရဲဘော်အချို့ကို ကျည်ကာဝတ်စုံ တပ်ဆင်

၈ နိုဝင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်၊ အမှတ် ၈ တပ်ရင်းက ရဲဘော်အချို့အတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီတွေကို Heartland Community Progress Association HCPA ရဲ့ ထောက်ပို့ကူညီမှုနဲ့ တပ်ဆင်ပေးနိုင်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းအချို့ကို ရွှေဘိုခရိုင်၊ တပ်ရင်း ၈ က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

07 Nov, 13:57


◼️‌အညာဒေသ စာသင်ကျောင်းတွေမှာ စကစရဲ့ လေကြောင်းရန်ကာကွယ်ရေး ဆက်သွယ်နိုင်ဖို့ icom ၄ လုံး လှူဒါန်း

၇ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတွေရှိ စာသင်‌ကျောင်းတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရေး အချိန်နဲ့တပြေးညီ ကြိုတင်သတိပေး ဆက်သွယ်နိုင်ဖို့အတွက် တန်ဖိုးငွေ ၁၂ သိန်းကျပ်ရှိ TYT အမှတ်တဆိပ် icom (စကားပြောစက်) ၄ လုံးကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

06 Nov, 09:56


◼️‌‌မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူတွေကို တိုက်ခိုက်ရာ ပျူ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

၆ နိုဝင်ဘာ | နွေဦးအသံ |

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်၊ မနက် ၉ နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစ ပျူ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တွင်းမရွာမှ ကင်းပတ်ထွက်လာတဲ့ ပျူတွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူ ၃ ဦးသေဆုံးပြီး M16 ၂ လက်၊ G3 တလက်၊ ၅.၅၆ ကျည် ၁၈၀ တောင့်၊ G3 ကျည် ၈၀ တောင့်၊ ဖုန်း ၂ လုံးနဲ့ Icon တလုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

8+ အညာမြေ တပ်ပေါင်းစု ဖြစ်တဲ့ M.V.P Revolution Force ၊ အလင်တန်းပြောက်ကျားတပ်ဖွဲ့- မြိုင်၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix People Defense Force ၊ Scorpion People Defense Force ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ M.V.P Revolution Force က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

06 Nov, 09:23


◼️‌‌အမ်း-ပဒါန်း လမ်းပိုင်း စကစ လုံခြုံရေးကင်းစခန်း ၂ ခုကို တိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်း လမ်းပိုင်း အကြမ်းဖက်စစ်‌ကောင်စီ လုံခြုံရေးကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၅ ရက်၊ မနက် ၁၁ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံးဘောရွာလမ်းဆုံနဲ့ မိုင်တိုင် ၁၁ တို့ရှိ အမ်း-ပဒါန်း လမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စကစ ကင်းစခန်း ၂ ခု ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၆ ဦး (မျက်မြင်) စုစုပေါင်း ၁၀ ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်ကူတွေရောက်ရှိလာပြီး နှစ်ဘက်ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လာခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းနဲ့အတူ မဟာမိတ် အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA - Magway တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးဟာ စစ်ရေးရည်မှန်းချက်ဖြစ် အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးဟာ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေလည်းဖြစ်တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

06 Nov, 08:57


◼️ဒေါ်နယ်ထရမ့်က အောင်ပွဲရ မိန့်ခွန်းပြော

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

အမေရိကန်၊ ဖလော်ရီဒါပြည်နယ်ရှိ ပါတီဌာနချုပ်မှာ စုဝေးရောက်ရှိနေကြတဲ့ ရီရီပတ်ပလစ်ကန် ထောက်ခံသူတွေကို အဆုံးအဖြတ်ပြည်နယ်တွေမှာ မဲအသာစီးရနေတဲ့ ဒေါ်နယ် ထရမ့်က အောင်ပွဲရ မိန့်ခွန်းကို ပြောနေပြီ ဖြစ်ပါတယ်။

သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ရွေးကောက်ပွဲမဲ (Electoral Votes) ၂၇၀ မှာ ဒေါ်နယ်ထရမ့်က ၂၆၇ မဲ ရရှိထားပြီး ဒီမိုကရက်တစ် သမ္မတလောင်း ကင်မလာဟဲရစ်ကတော့ ရွေးကောက်ပွဲမဲ (Electoral Votes) ၂၂၄ ဝန်းကျင် ရရှိထားကြောင်း လက်ရှိ မဲရလဒ်တွေအရ သိရပါတယ်။

လက်ရှိ မဲရလဒ်မှာ ဦးဆောင်လျက်ရှိတာကြောင့် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် သမ္မတ အရွေးချယ်ခံရနိုင်ဖို့ နီးကပ်လာပြီဖြစ်ပြီး သူ့ရဲ့ထောက်ခံသူတွေကို အနိုင်ရကြောင်းနဲ့ ကျေးဇူးတင်ကြောင်း မိန့်ခွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။

Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Nov, 17:18


◼️‌‌အင်းလေး PDF ရဲ့ အမှတ်စဉ် ၈ အခြေခံစစ်သင်တန်းပြီးစီး

၅ နိုဝင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၉ တပ်ရင်း IPDF ရဲ့ အမှတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

05 Nov, 13:29


◼️‌‌ခေါပုတ်စခန်းမှ ထွက်ပြေးလို့ အရှင်ဖမ်းမိသူ စကစဗိုလ်ကြီး ၃ ဦးအပါ ၁၇ ဦးကို ‌KNU က ဆေးဝါးကုသမှုပေးလျက်ရှိ

၅ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အကြမ်းဖက်စစ်ကောင်စီရဲ့ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိတဲ့ စကစ ဗိုလ်ကြီး ၃ ဦး အပါအဝင် ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးလျက်ရှိတယ်လို့ KNU-Mutraw News ရဲ့ နိုဝင်ဘာ ၄ ရက်၊ ညပိုင်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၉ ရက်မှာ ၃၁ ရက်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး စကစတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တဲ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ စကစတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာ စကစ တပ်ဖွဲ့ဝင် ၁၇ ဦးကို လက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၁၇ ဦးထဲမှာ ခမရ ၃၄၀ မှ တပ်ခွဲမှူး တဦး၊ ခမရ ၃၄၁ မှ တပ်ခွဲမှူး တဦး၊ ခလရ ၁၉ မှ တပ်ခွဲမှူး တဦးနဲ့ ခမရ ၃၄၀ မှ ဆေးတပ်မှူး တဦးပါဝင်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို POW (Prisoner of War) စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာဆေးကုသမှုတွေ ပေးထားတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Nov, 14:44


◼️Phyu Phyu In London ပွဲကို ပရိသတ်ထောင်နှင့်ချီပြီး ရုံပြည့်ရုံလျှံအားပေးခဲ့ကြ

၃ နိုဝင်ဘာ | နွေဦးအသံ |

လန်ဒန်မြို့ရှိ Gracepoint Conference Centre မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း ရဲ့ "Phyu Phyu in London" ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက်၊ ညနေ ၃ နာရီမှာ ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ်ထောင်နှင့်ချီ ရုံပြည့်ရုံလျှံအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုအပြီး သုံးနှစ်ကျော်ကြာကာလအတွင်း တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း ရဲ့ ပထမဆုံးအကြိမ် ပရိသတ်နဲ့ ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပြီး ဖျော်ပြေပွဲမှ ရရှိမယ့် ခန့်မှန်း ရန်ပုံငွေ စတာလင်ပေါင် ၈ဝ,ဝဝဝ (မြန်မာငွေ သိန်း ၄,၈၀၀ ခန့်) အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့် လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

"တကယ်တော့… London ဆိုတာ ရွေးချယ်စရာ ကမ္ဘာ့အဆင့်မီ entertainment တွေ အပြည့်ရှိတဲ့နေရာပါ၊ ဖြူဖြူတို့ထက်သာတဲ့ entertainment တွေကို အချိန်မရွေး ကြည့်နိုင်တဲ့နေရာပါ၊ ဖြူဖြူ့ပွဲကို လာကြည့်ဖို့ ဆုံးဖြတ်ကြတယ်ဆိုတာ ဖြူဖြူ့ကို မေတ္တာပြဖို့၊ အမိမြေကို ကူညီချင်ကြလို့ ဆိုတာ သိတာမို့… အဲ့ဒီမေတ္တာတွေကို ခံစားရပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ် UK က မြန်မာတို့ရေ . . . " လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ရေးသားထားပါတယ်။

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုအစီအစဉ်က ပြည်သူတွေအားလုံး အိမ်အတူတူပြန်နိုင်ဖို့ အတွက် ရန်ပုံငွေရှာဖွေတာဖြစ်တာကြောင့် နိုင်ငံတကာရှိ တမြို့ပြီး တမြို့သို့ လှည့်လည်သီဆိုဖျော်ဖြေသွားမှာဖြစ်သလို နောက်ဆုံးမြို့ကိုတော့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားမှာလို့ အတိအလင်း ကြေညာထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင့်
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Nov, 12:29


◼️NUG အစိုးရ၊ KNU ၊ KNPP ၊ CNF တို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

၃ နိုဝင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ ၃၀ မိနစ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Nov, 11:45


◼️တရုတ်နယ်စပ်၊ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ အထူးဒေသအတွင်းရှိ ဖီမော်မြို့ကို KIA ထပ်မံသိမ်းယူ

၃ နိုဝင်ဘာ | နွေဦးအသံ |

ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်၊ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ အတွင်းရှိ ဖီမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂ ရက်၊ ညနေပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ ဂန့်ကွင်းကျေးရွာရှိ BGF ၁၀၀၁ တပ်ရင်းကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ၂ ရက်အတွင်း နယ်ခြားမှတ်တိုင် ၇ ရှိ စစ်ကောင်စီရဲ့ ခလရ ၂၉၈ ရှေ့တန်းစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့အပြင် ဖီမော်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဖီမော်မြို့ သိမ်းပိုက်နိုင်ကြောင်းကိုလည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားတာပါ။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ဖီမော်မြို့‌တွေကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖီမော်မြို့စောင့်တပ် BGF ၁၀၀၁ တပ်ရင်း၊ ပန်ဝါဒေသရှိ BGF ၁၀၀၂ တပ်ရင်းနဲ့ ကန်ပိုက်တီမြို့အနီး စင်ကြိုင်ရွာရှိ BGF ၁၀၀၃ တပ်ရင်း တို့ကို အသီးသီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Nov, 10:32


◼️မြောက်ခင်ရန်းပျူရွာမှ ထွက်လာတဲ့ စကစစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်

၃ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁ ရက်မှာ ဒရုန်းတွေနဲ့ ဗုံးသီး ၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ခင်ရန်းပျူစောထီးရွာမှ ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းနဲ့ ၁၄ ကြိမ် ဗုံးသီး ၂၁ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂန့်‌ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ABSDF နဲ့ ဂန့်ဂေါမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဂန့်‌ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

03 Nov, 09:45


◼️ကျိုက်ထိုမြို့နယ်မှာ စကစစစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စကစ ၄ ဦး သေဆုံးပြီး ၈ ဦး ပြင်းထန်ထိခိုက်

၃ နိုဝင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှာ ၂ ကြိမ် ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ကြာ ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကို ဖောကားနဲ့ စောင့်ကြိုခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

KNLA ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ၊ ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၂၀ မမ နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်တလုံး၊ ဘုန်းကြီးကျောင်းဇရပ် တခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 14:13


◼️‌နယ်စပ်ဒေသ အရေးပါတဲ့ ခေါပုတ်စခန်း သိမ်းပိုက်မှု စကစ အများအပြားထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို PDF နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၉ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အင်အား ၂၀၀ ခန့်ရှိ ခေါပုတ်စခန်းကို အောက်တိုဘာ ၂၄ ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးခဲ့သလို လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စခန်းစွန့်ခွာထွက်ပြေးသူတွေလည်းရှိခဲ့ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ အချို့ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ခေါပုတ်စခန်းဟာ နယ်စပ်တလျောက် အဓိကကျတဲ့ စခန်းတခုဖြစ်တာကြောင့် စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး လက်ရှိအချိန်မှာ ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 13:22


◼️ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ စကစဂိတ်ကို အနီးကပ်ဝင်ပစ်ရာ စကစ ၃ ဦးသေဆုံး

၁ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ချောင်းဦးမြို့နယ် လမ်းသွားလမ်းလာတွေထံမှ ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက်စစ်‌ကောင်စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁ ရက်၊ မနက် ၇ နာရီ ၄၂ မိနစ်မှာ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ခရေဖြူ စကစ ဂိတ်မှထွက်လာပြီး ချောင်းဦးနဲ့ ငါးယှဉ် ကြားရှိ သံလွင်မြန်မာဆီဆိုင်ရှေ့မှာ ဆက်ကြေးတောင်းနေတဲ့ စကစတပ်ဖွဲ့ဝင်တွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် တဦး နေရာတင် သေဆုံး၊ ၃ ဦးအပြင်းအထန်ထိခိုက်ခဲ့ပြီး ၂ ဦးမှာ ဆေးရုံမှာ ထပ်မံသေဆုံးသွားတယ်လို့ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဘက်က မုံရွာမြို့ထဲမှ သံပြားကာကား ၂ စီးနဲ့ ရောက်ရှိလာပြီး ငါးယှဉ်ရွာထိပ်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၂ လုံး ထိခိုက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa ၊ Zayar Shwe Myay People's Defence Force ၊ နွေဦးလူငယ် People's Defence Force နဲ့ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 12:30


◼️တောင်တန်းဒေသ PDF တပ်ရင်း ၅၁၅ ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်‌ဒေသ လက်အောက်ခံ တောင်တန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၅၁၅ PDF တပ်ရင်းရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်ခဲ့ကြပြီး အမှတ်တရ တပ်ဖွဲ့မွေးနေ့ကိတ်ခွဲခြင်းနဲ့ ရဲဘော်တွေက "ရောင်နီ" သီချင်းကိုလည်း တီးခတ်သီဆို တင်ဆက်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 12:22


| တနေ့ | နိုင်ကျဉ်းအဖြစ်သရုပ်ဆောင်ထားတဲ့ ဒေါင်းကို တွေ့မြင်ရမယ့်👇

https://www.facebook.com/share/v/K4hGcseZjgoQxc1m/?

The Voice Of Spring | နွေဦးအသံ |

01 Nov, 11:41


◼️စစ်ကောင်စီတပ်တွေ စိတ်ဓါတ်အထူးကျဆင်းနေကြတာကြောင့် တိုက်တိုင်းရှုံးဖြစ်နေ

၁ နိုဝင်ဘာ | နွေဦးအသံ |

ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်တွေမှ ဗိုလ်မှူး ၂ ဦးအပါအဝင် အရာရှိ ၆ ဦး စစ်သည် ၅၄ ဦးက တပ်ဖွဲ့လိုက် လက်နက် ၁၈ လက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး စစ်ကောင်စီတပ်တွင်းမှာ မြေပြင် အရာရှိ၊ စစ်သည်တွေအားလုံး စိတ်ဓာတ်အထူးကျဆင်းလျက်ရှိတာကြောင့် တိုက်တိုင်းရှုံးအခြေအနေဖြစ်နေတာလို့ သိရပါတယ်။

"စိတ်ဓာတ် ကျဆင်းနေတာ တွေကတော့ အများကြီးပါပဲဗျ၊ မြေပြင်တပ်မှူးတွေက မြေပြင်ရဲ့ အခက်အခဲတွေ တင်ပြတာတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲနဲ့ မျက်ကွယ်ပြုတာတွေ မတရားခိုင်းစေတာတွေ ပြီးတော့ နောက်မှာကျန်ခဲ့တဲ့ မိသားစုတွေမှာလည်း လင်ယောက်ျားက ရှေ့တန်းမှာ နောက်မှာ မိသားစုတွေက အခက်အခဲနဲ့ ဒါတွေကို မျက်ကွယ်ပြုပြီးနေတာတွေ ရှိတယ်၊

နောက်တချက်က လက်ရှိကာလမှာ အားလုံးမြင်တဲ့ အတိုင်းပါပဲ ပြည်သူကို ရန်သူလို သဘောထားပြီးတော့ ကိုယ့်ပြည်သူအချင်းချင်း တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက် ကျနော်တို့ မြေပြင်က တပ်မှူးတွေ အရာရှိ စစ်သည်တွေ အနေနဲ့ စိတ်ဓာတ်ကျဆင်းလျက်ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်" လို့ ပြည်သူ့ရင်ခွင်ခိုလှုံသူ ဗိုလ်မှူး အောင်ကိုထွေးက ဆိုပါတယ်။

စစ်ကောင်စီတပ်တွင်းမှာ အထက်အောက်တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေ များပြားခြင်း၊ မတရားအမိန့်ပေးစေခိုင်းမှုတွေ များပြားခြင်း၊ လူတစုကောင်စားရေးအတွက် မြေပြင်မှာ ဘဝများစွာ ပေးဆပ်နေကြရတာကို စစ်သည်တွေက သိမြင်ခံစားလာကြရခြင်း၊ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို မရရှိခြင်းတွေကြောင့် တိုက်တိုင်းရှုံးနေရတယ်လို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ အရာရှိတွေက ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို သုံးသပ်ပြောဆိုထားကြတာပါ။

"စစ်ကောင်စီတပ်တွေ အနေနဲ့ တိုက်တိုင်းရှုံးနေရတဲ့ အကြောင်းအရင်း ကတော့ ပြည်သူလူထုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီးတော့မှ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို မရရှိတာရယ်၊ တပ်တွင်းဖိနှိပ်ချုပ်ချယ်မှုတွေများတာရယ်၊ မတရားအမိန့်ပေးစေခိုင်းမှုတွေကြောင့် ကျနော်တို့ အရာရှိ စစ်သည်တွေဟာ စိတ်ဓာတ်ကျဆင်းပြီးတော့မှ တိုက်တိုင်းရှုံးနေပါတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ် ခင်မျ" လို့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ဗိုလ်ကြီး ဇော်မင်းသူ ကလည်း သုံးသပ်ပြောဆိုပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် ၃၅ ဦးနဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် ၂၆ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ ဦးက လက်နက်မျိုးစုံ ၁၈ လက်၊ ဆက်စပ်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ယောကာကွယ်ရေးတပ် YDF တို့က ပူးပေါင်းစောင့်ရှောက်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 10:41


◼️ရေစကြိုမြို့နယ်မှာ စကစ တပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင် သိန်း ၄၀ စီချီးမြှင့်

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးက ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF ထံ သေနတ် ၂ လက်နဲ့အတူ အောက်တိုဘာ ၁၇ ရက်မှာ အလင်းဝင်ရောက်ခဲ့တာကြောင့် တဦးကို သိန်း ၄၀ ကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူစက်မှုဇုန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စကစရဲ့ ခလရ ၂၅၉ မှ တပ်သား ပြည့်ဖြိုးအောင်နဲ့ ပခုက္ကူမြို့နယ်၊ မြောက်လူးကန် အထိုင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ မှ တပ်သား ကောင်းမင်းခန့် တို့က MA1 သေနတ် ၂လက်၊ ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ ၁၂၀ တို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာကြောင့် တဦးကို သိန်း ၄၀ ကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

Southern YSO PDF ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သား အမြောက်အမြား ရှိနေပြီး အချို့ကို နေထိုင်လိုတဲ့ ဒေသကို ပို့ဆောင်ပေးခဲ့သလို အချို့မှာ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စကစတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး အာဏာရှင်မျိုးဆက်၊ အာဏာရှင်ခိုင်းဘက် အဖြစ်မခံကြဘဲ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့အတွက် အသိပေးလိုကြောင်း Southern YSO PDF က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

01 Nov, 06:40


ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

https://youtube.com/@thevoiceofspringtv?si=Ar9gGZnMyzXpBwix

The Voice Of Spring | နွေဦးအသံ |

01 Nov, 06:40


https://youtu.be/K1O_I3vp2c4?si=oC4SIQIreY8M72_e

The Voice Of Spring | နွေဦးအသံ |

01 Nov, 06:39


https://youtu.be/cjEY-_i_i0Y?si=F_YVHJqMXeZb83OU

The Voice Of Spring | နွေဦးအသံ |

30 Oct, 16:12


◼️ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး လက်တွဲတိုက်ခိုက်သွားမည်ဟု KNA ထုတ်ပြန်

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

ကယန်းဒေသတွေမှာ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင် တပ်ဖွဲ့အင်အားစုတွေကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး ကယန်းအမျိုးသားတပ်မတော်ကို အောက်တိုဘာ ၂၉ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်တွဲတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားကယန်း‌ဒေသတွေမှ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင် တပ်ဖွဲ့အင်အားစုတွေကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းဖွဲ့စည်းလိုက်ပြီး စကစကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ဘယ်တော်လှန်ရေးအင်အားစုနဲ့မဆို အတူလက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ Kayan National Army က တရားဝင် သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Oct, 15:13


◼️တရုတ်နိုင်ငံ အစည်းအဝေး လူသတ်အကြမ်းဖက်‌‌သမား မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပါက တရုတ်အနေနဲ့ ပြန်လည်သုံးသပ်ဖို့ NUG အစိုးရ သတိ‌‌ပေး

၃၀ အောက်တိုဘာ | နွေဦးအသံ |

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ အကြမ်းဖက်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားတယ်ဆိုတာ မှန်ခဲ့ပါက တရုတ်အနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ NUG အစိုးရ၊ သမ္မတရုံး ပြော‌ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိ‌‌ပေးပြောကြားလိုက်တယ်လို့ သိရပါတယ်။

"တရုတ်နိုင်ငံက အိမ်ရှင်အနေနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ်အကြမ်းဖက်သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်း ထင်မြင်မိတယ်" လို့ NUG အစိုးရ၊ သမ္မတရုံး ပြော‌ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Press Briefing မှာ ပြောကြားလိုက်တာပါ။

မြန်မာပြည်သူလူထုက တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ စီးပွားရေး တိုးတက်မှုကို လိုလားတာဖြစ်သော်လည်း မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တစုက ပျက်ပြားအောင်လုပ်နေတာ ဖြစ်တာကြောင့် အကြမ်းဖက် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ တရုတ်အစိုးရအပေါ် မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှုကို မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်မှာကို စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးနေတဲ့ သတင်းတွေကိုလည်း မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရတာကြောင့် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးတယ်ဆိုတဲ့ သတင်းတွေဟာ တရုတ်နိုင်ငံအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှုနဲ့ အမုန်းပွားစေနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိုးရိမ်ပူပန်မိကြောင်း NUG အစိုးရ၊ သမ္မတရုံး ပြော‌ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တရားဝင် အသိပေးပြောကြားလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Oct, 12:51


◼️စစ်ကောင်စီရဲ့ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး ၃၅ ဦးနဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီး ၂၆ ဦးတို့က တပ်ဖွဲ့လိုက် ပြည်သူ့ရင်ခွင်ခိုလှုံ

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ်တွေမှ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး ၃၅ ဦးပါ အဖွဲ့နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီး ၂၆ ဦးပါ အဖွဲ့တို့က NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးဆောင်တဲ့ အရာရှိ ၃ ဦး၊ စစ်သည် ၃၁ ဦး၊ ရဲမေ ၁ ဦး စုစုပေါင်း ၃၅ ဦးက ဇန်နဝါရီ ၈ ရက်မှာ လည်းကောင်း၊ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ အရာရှိ ၃ ဦး၊ စစ်သည် ၂၃ ဦး စုစုပေါင်း ၂၆ ဦးက ဇန်နဝါရီ ၁၀ ရက်မှာ လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာထံ တပ်ဖွဲ့တွေလိုက် အသီးသီး အလင်းဝင်ရောက် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကောင်စီရဲ့ အရာရှိ၊ စစ်သည် စုစုပေါင်း ၆၁ ဦးမှာ ဗိုလ်မှူး အောင်မျိုးသွင်၊ ဗိုလ်မှူး အောင်ကိုထွေး၊ ဗိုလ်ကြီး ဇော်မင်းသူ၊ ဗိုလ်ကြီး ထွန်းထွန်း၊ ဗိုလ်ကြီး ဟိန်းလတ်၊ ဗိုလ်ကြီး ကျော်မွှေးတို့ ပါဝင်ကြောင်းနဲ့ ပလက်ဝ CDF ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အလင်းဝင်ရောက် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Oct, 12:23


◼️မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရုပ်အလောင်းကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ပရဟိတ တသင်းလုံးနီးပါး စစ်ကောင်စီဖမ်းဆီး

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ စျာပနမှာ ရုပ်အလောင်းကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ "ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း” တသင်းလုံးနီးပါးကို အကြမ်းဖက်စစ်ကောင်စီက ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး အောက်တိုဘာ ၂၆ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

အောင်မြေသာစံမြို့နယ်ရှိ “ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း” ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က နေ့လယ် ၂ နာရီခွဲခန့်မှာ အိမ်စီးကားတွေနဲ့ ရောက်ရှိလာကြပြီး အသင်း ဥက္ကဌ ဦးခင်မောင်တင့် အပါအဝင် ၈ ဦးကို ဖမ်းဆီးသွားကြောင်းနဲ့ အသင်းစောင့်အနေနဲ့ ၄ ဦးခန့်သာ ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ပရဟိတအသင်းသားတွေရဲ့ ဖုန်းတွေနဲ့ ကျန်ရှိလွတ်မြောက်နေတဲ့ အသင်းသားတွေထံ အကြမ်းဖက်စစ်ကောင်စီက လိုက်လံဆက်သွယ်ပြီး သတင်းထောက်လှမ်း စုံစမ်းနေကြောင်းကိုလည်း Voice Of Mandalay က ဖော်ပြထားပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ စျာပနမှာ ရုပ်အလောင်းကို ပရဟိတမင်းခေါင်အဖွဲ့က သုဿာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့တာ ဖြစ်သလို မန္တလေး မြို့ခံ လူထု သောင်းနဲ့ချီကလည်း လိုက်ပါပို့ဆောင်ခဲ့တဲ့အပြင် လမ်းတလျှောက်မှာ ထိုင်ကန်တော့ပြီး ဂါရဝပြုကြတဲ့သူတွေပါ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Oct, 12:02


https://youtu.be/61zmDfyrGGA?si=tjiNgFWqUYwvFljk

The Voice Of Spring | နွေဦးအသံ |

30 Oct, 10:51


◼️စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၇ ရက်၊ နေ့လယ် ၃ နာရီခန့်မှစပြီး ဒရုန်းနဲ့ ဗုံးသီး ၇ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သရက်ချည်ကျေးရွာအနီး ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ဒရုန်းလက်ရုံးတပ်ဖွဲ့နဲ့ မင်းဘူးခရိုင် ပကဖ တို့က နေ့လယ် ၃ နာရီခန့်မှစပြီး ည ၁၀ နာရီခန့်အထိ ဒရုန်းနဲ့ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာလျက်ရှိပြီး စကစဘက်မှ စလင်းချောင်းမြောက်ဘက် ကျေးရွာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူလူထုတွေအနေနဲ့ စစ်ရေးအထူးဂရုပြုဖို့ လိုအပ်ကြောင်း မင်းဘူးခရိုင် တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

30 Oct, 10:41


◼️အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာတဲ့ စကစယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေး‌ဒေသ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ‌တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီ စစ်ကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးပါ ယာဉ်တန်းကို သတင်းအတိအကျရတာကြောင့် စပ်စီကျေးရွာအနီး ဝက်စာကျင်းလမ်းဆုံအရောက် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ခိုက်ခဲ့ပြီးနောက် စကစတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး အမြောက်အများဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ မင်းဘူးခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ACDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 13:38


◼️ကန့်ဘလူမြို့နယ်မှာ စကစ ရဲတပ်သားတဦး လက်နက်နဲ့ အလင်းဝင်

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ် ဇီးကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းမှ ရဲတပ်သား တဦးက ကန့်ဘလူခရိုင် တပ်ရင်း ၄ ထံသို့ အောက်တိုဘာ ၁၃ ရက်မှာ သေနတ် တလက်နဲ့ အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်း ရဲစခန်းမှ ရဲတပ်သား တဦးက G3 တလက်နဲ့ ခဲယမ်းအချို့ ယူဆောင်အလင်းဝင်ခဲ့တာကြောင့် ထိုက်သင့်သလောက် ဆုချီးမြှင့်ခဲ့ပြီး နေထိုင်ရေးနဲ့ လိုအပ်တာတွေကို ကူညီထောက်ပံ့ထားသလို အနားပေးထားပြီး သဘောဆန္ဒအတိုင်း ‌ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထားတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 11:59


◼️လားရှိုးမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲခဲ့တာကြောင့် အရပ်သား တဦးသေဆုံးပြီး စက်ရုံအဆောက်အဦအချို့နဲ့ ခန်းမတခု ပျက်စီး

၂၅ အောက်တိုဘာ | နွေဦးအသံ |

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ပြင်းအားမြင့်ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား တဦး သေဆုံးပြီး စက်ရုံအဆောက်အဦ အချို့နဲ့ ခန်းမ တခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့၊ မယ်ဟန်ရွာရှိ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံပတ်ဝန်းကျင်ကို စစ်‌ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်နဲ့ နေ့လယ် ၁ နာရီ ၁၃ မိနစ်မှ ၄၅ မိနစ်အတွင်း ပေါင်ချိန်များတဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့ရာ အရပ်သား တဦးသေဆုံးပြီး စက်ရုံအဆောက်အဦအချို့ ပျက်စီးခဲ့တဲ့အပြင် စက်ရုံအနီးရှိ မျိုးရိုးဘိုးဘွားခန်းမ တခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မယ်ဟန်ရွာရှိ ဆန်အရက်ချက်စက်ရုံကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့သော်လည်း စက်ရုံနဲ့ အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 11:25


◼️စစ်အာဏာရှင်စနစ် ဧကန်မုချကျရှုံးမှာဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီး ဆက်လက် အကောင်အထည်ဖော်မည်ဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြား

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်အာဏာရှင်စနစ် ဧကန်မုချကျရှုံးမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ချက် ချထားတဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

မြန်မာပြည်သူတရပ်လုံးပါဝင်တဲ့ တော်လှန်ရေးတိုက်ပွဲဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဟာ ဧကန်မုချကျရှုံးသွားမှာဖြစ်သလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း KIO တည်ထောင်ခြင်း ၆၄ နှစ်မြောက် မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နိုင်ဖို့ အချိန်အခါကောင်းဖြစ်ကြောင်းနဲ့ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရရှိထားတဲ့ အောင်မြင်မှုတွေကိုလည်း အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 06:39


◼️ပြင်ဦးလွင်အနီး တော်လှန်ရေးလှိုင်းတွေ ချဉ်းကပ်လာပြီဖြစ်သဖြင့် စကစ လက်ပါးစေတွေရဲ့ သတင်းပေးပို့ဖို့ SSTF တောင်းခံ

၂၅ အောက်တိုဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အပေါင်းအပါ စီးပွား‌‌ရေးသမားတွေ၊ လက်ပါးစေတွေရဲ့ အချက်အလက်တွေကို ပေးပို့ကြဖို့ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့ SSTF (ပြင်ဦးလွင်)က တောင်းခံလိုက်ပြီး သတင်းပေးသူကို ဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ရှိ စစ်‌ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ အပေါင်းအပါ စီးပွား‌ရေးသမားတွေ၊ စစ်တပ် ထောက်တိုင်တွေ၊ စစ်တပ်သတင်းပေးတွေ၊ စစ်လော်ဘီတွေ၊ ဒလန်နဲ့ ပျူစောထီးတွေကို ထိထိရောက်‌ရောက် အပြစ်ပေးအရေးယူဖို့ အချိန်ကျပြီဖြစ်တာကြောင့် အချက်အလက်တွေနဲ့ လှုပ်ရှားမှုတွေကို သိရှိထားပါက သတင်းပေးပို့ကြဖို့ တောင်းခံထားတာပါ။

ပြည်သူတွေအနေနဲ့ အလေးထားစောင့်ကြည့်ပြီး သိထားသမျှ ခိုင်လုံတဲ့သတင်းအချက်အလက်တွေကို Facebook Page နဲ့ Telegram Channel တို့မှာ လုံခြုံစိတ်ချစွာ ပေးပို့ထားနိုင်ကြောင်းနဲ့ ပေးပို့လာတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး ပြင်ဦးလွင်မြို့ လွတ်မြောက်တာနဲ့ ဂုဏ်ပြုဆုတွေလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးလှိုင်းတွေ ပြင်ဦးလွင်မြို့အနီးကို ချဉ်းကပ်လာပြီဖြစ်တာကြောင့် စစ်ဘေးတိမ်းရှောင်ကြမယ့် ဒေသခံပြည်သူတွေရဲ့ နေအိမ်စည်းစိမ်တွေကို ဖောက်ထွင်းခိုးယူကြမယ့်သူတွေကိုလည်း စောင့်ကြည့်တားဆီးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG အစိုးရ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်ခံ Pyin Oo Lwin SSTF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 03:32


◼️စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ‌ဒေါက်တာ နေစိုးမောင်ကို စစ်ကောင်စီ ဖမ်းဆီး

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ‌ဒေါက်တာ နေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ နိုင်ငံတည်ငြိမ်ရေး ပျက်ပြားအောင် လူမှုကွန်ယက်မှာ လှုံ့ဆော်တယ်ဟု ဆိုကာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်ကို မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်ထားကြောင်းနဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေကြောင့် ဖမ်းဆီးခြင်းဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်၊ နေရွှေသွေးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာ နေစိုးမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၂၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ‌ကွယ်လွန်ချိန်မှာ ဝမ်းနည်းကြောင်း ‌ဖော်ပြခဲ့သလို အကြမ်းဖက်စစ်ကောင်စီကို ဝေဖန်မှုအချို့ ရေးသားလေ့ရှိတာလည်း ဖြစ်ပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

25 Oct, 02:20


◼️TNLA ရဲ့ အမှတ်စဉ် ၂ တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေးအရာရှိ ပုလိပ်သင်တန်း)ဖွင့်လှစ်

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အမှတ်စဉ် ၂ တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း)ကို သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးနဲ့ အောက်တိုဘာ ၂၄ ရက် ထိန်းချုပ်နယ်မြေတနေရာမှာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာများ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သွားမယ့်အချက်များ၊ ရာဇသတ်ကြီး၊ တရားမျှတမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေနဲ့ အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်တွေကို ၂ လကျော် သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

22 Oct, 12:42


◼️လွိုင်ကော် Local PDF က ရဲဘော် အယောက် ၄၀ ကျော်ကို ကျည်ကာဝတ်စုံ တပ်ဆင်

၂၂ အောက်တိုဘာ ||| နွေဦးအသံ |||

Loikaw Local PDF က Cover ကမ်ပိန်း ကံစမ်းမဲအစီအစဉ်မှ ရရှိတဲ့ငွေနဲ့ ဝယ်ယူထားတဲ့ ကျည်ကာဦးထုပ်နဲ့ ကျည်ကာပြားတွေ ရောက်ရှိလာပြီဖြစ်တာကြောင့် ရဲဘော် အယောက် ၄၀ ကျော်ကို တပ်ဆင်သွားမှာ ဖြစ်ကြောင်းနဲ့ ကမ်ပိန်းအတွင်း ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိကြောင်း Loikaw Local PDF က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

22 Oct, 12:18


◼️ပင်လည်ဘူးမြို့သိမ်းအောင်ပွဲရရဲဘော်တွေကို ဒေသခံတွေက အောင်သပြေပန်းတွေနဲ့ တခဲနက်ကြိုဆို

၂၂ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ကျေးရွာတရွာမှာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ SR 8 ရဲဘော်တွေကို ဒေသခံပြည်သူလူထုတွေက အောင်သပြေပန်းတွေနဲ့ တခဲနက်ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

22 Oct, 12:01


◼️ရွှေဘိုမြို့နယ် ဆိုင်ကယ်နဲ့ထွက်လာတဲ့ စကစ ၂ ဦးကို ပစ်ခတ်ရာ ၂ ဦးလုံးသေဆုံး၊ သေနတ် တလက် သိမ်းဆည်းရရှိ

၂၂ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ် ‌ညောင်ကိုင်းပျူရွာမှ ဆိုင်ကယ် တစီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပကဖ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ စောင့်ကြိုပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် တလက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ညောင်ကိုင်းပျူရွာမှ တည်သီးတောပျူရွာသို့ ဆိုင်ကယ်တစီးနဲ့ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင် ပေသီးနဲ့ ပျူ မောင်ကြီးတို့ ၂ ဦးကို လမ်းခုလပ်တနေရာမှာ အသင့်စောင့်ကြိုပစ်ခတ်ခဲ့ရာ ၂ ဦးလုံး နေရာတင်သေဆုံးပြီး MA 1 တလက်၊ ကျည်ဘောက် ၃ ခုနဲ့ အီနာဂါ ၄ လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်နယ် ၂ ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြိုနယ် ပကဖ တိုက်ခိုက်ရေး PDO အဖွဲ့၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့)၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြီး ရန်သူ့နယ်မြေအတွင်းသို့ ကင်းပုန်းဝပ် အသင့်စောင့်ဆိုင်းပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

The Voice Of Spring | နွေဦးအသံ |

22 Oct, 11:18


◼️လိုင်ဇာရှိ KIA ဌာနချုပ်နဲ့ KNLA တပ်မဟာ ၇ ဌာနချုပ်တို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

၂၂ အောက်တိုဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက်၊ ည ၁၀ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ KNLA တပ်မဟာ ၇ ဗဟိုဌာနချုပ်ကို အောက်တိုဘာ ၂၂ ရက်မှာ ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီက အောက်တိုဘာ ၁၉ ရက်နဲ့ ၂၁ ရက်တွေမှာ လေကြောင်းမှ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံဘက်ခြမ်းက အချက်ပြမီးကျည်တွေ ပစ်ဖောက်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘားအံခရိုင်အတွင်းရှိ KNLA တပ်မဟာ ၇ ဗဟိုဌာနချုပ် သေ့ဘေ့ထာစခန်းကိုလည်း စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ မနက် ၁၀ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာပါ။

KIA နဲ့ ပူးပေါင်းတပ်တွေက BGF ၁၀၀၂ တပ်ကို အောက်တိုဘာ ၁၅ ရက်၊ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်၊ BGF ၁၀၀၃ တပ်ကို အောက်တိုဘာ ၂၁ ရက်တို့မှာ အသီးသီးသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို KNLA ပူးပေါင်းတပ်တွေက လေးကေ့ကော်အနီး စွယ်တော်ကုန်း စခန်းကို အောက်တိုဘာ ၁၇ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် KNLA တပ်မဟာ ၇ ဗဟိုဌာနချုပ်ကို တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ | စစ်ကောင်စီ လေယာဉ်(ပုံဟောင်း)၊ KNLA ဗဟိုဌာနချုပ်ကို တိုက်ခိုက်ခဲ့သည့် ဒရုန်း

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။