BPLA @bplaburma Channel on Telegram

BPLA

@bplaburma


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်

BPLA - ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Burmese)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် စာကြေးချုပ်အားလုံးကို အလုပ်သမားများ၊ နိုင်ငံသားများ၊ အထူးသတင်းဖတ်ပါလိမ့်မယ်။ BPLA သည် ဗမာလူများအတွက် အနီးတည်ပေးခြင်းနှင့် နိုင်ငံနှင့် တရားချတ်ခြင်းတိုးတက်မှုများ၊ ဗိုလ်သမ္မသာစာများ၊ အထူးသတင်းများ၊ မိုးသတင်းများနှင့် ဖြစ်ရပ်မှုများကို ပြန်လည်တည်ထောင်နိုင်ငံတွင် ၄ယ်လုပ်ပါတက်ရောက်ရေး၊ ခေတ်သီးတိုင်ယူတာ၊ လက်နက်တပ်တော်လက်မရှင်ဘာသာနှင့် အလုပ်သမားများအတွက် ကိုယ်စားအင်အားဖြင့် မျှော်လင့်ချင်းများကြောင်း၊ အေးချင်းများကြောင်းနှင့် ဇာတ်လမ်းများပြန်လည်သုံးရသေးပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ခံစားသူများအတွက် ဒီနေ့အထူးအရင်း သတင်း၊ မျှော်လင့်၊ လက်နက်တပ်တော် လက်မရှင်ဘာသာနှင့် အလုပ်သမား များအတွက် အထူးသတင်း ၄ မျိုးကြောင်းနှင့် တင်သားအား ကြောင့်ပြီး အပေါ်ဝင်နိုင်ပါသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် စာကြေးချုပ်အလုပ်သမားများ၏ အလုပ်တင်မြန်မာစာတန်းများကို ကျေးဇူးပါအတိုင်ထုတ်ပြန်ယူနိုင်ပါသည်။

BPLA

07 Feb, 10:15


BPLA တပ်ဖွဲ့ဝင်များ ပြည်သူများအပေါ် ပြစ်မှုတစုံတရာကျုးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ခြင်းများ တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

- ကွပ်ကဲရေးရုံး
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

05 Feb, 12:18


📚 ဖေဖော်ဝါရီလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၂)၊ အမှတ်(၂)၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

02 Feb, 13:55


မဲပလီဗျူဟာစခန်းမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းတချို့ကို ဘေးလွတ်ရာသို့ ခေါ်ဆောင်လာစဉ်

BPLA

02 Feb, 12:45


တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

28 Jan, 11:46


စနစ်တကျစုဖွဲ့လေ့ကျင့်ပြီး စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်၊ အညာဒေသမှာ စစ်အုပ်စုကို အမြစ်ဖြတ်မယ်ဆိုရင် BPLA က တပ်သားသစ်တွေ စုဆောင်းခေါ်ယူနေတာရှိပါတယ်။

BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-စုဆောင်းရေးနှင့် စိစစ်ရေးဌာန
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

12 Jan, 05:30


(၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပေးပို့အပ်သော သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်

BPLA

07 Jan, 01:14


📚 ဇန်နဝါရီလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၂)၊ အမှတ်(၁)၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

05 Jan, 14:23


BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌စာတမ်းထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အားကစားပွဲကျင်းပခဲ့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မူဝါဒရပ်တည်ချက် ထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အားကစားပွဲကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ မဟာမိတ်များနှင့်အတူ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

BPLA မူဝါဒရပ်တည်ချက်စာတမ်းလင့်ခ်
https://t.me/bplaburma/319

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

12 Dec, 05:17


တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် KNU တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၅)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

12 Dec, 01:43


SAF နဲ့ BPLA တို့ဟာ အစောပိုင်းကတည်းက တွေ့ဆုံဆွေးနွေးမှုတွေရှိပြီး မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားနယ်မြေတွေ မတူတဲ့အတွက် မြေပြင်မှာ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ အစောပိုင်းမှာ မရှိခဲ့ပါဘူး။ 

မကြာခင်ကာလတွေမှာတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

https://burmese.dvb.no/post/681649

BPLA

11 Dec, 13:37


အညာအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါပြီ။ BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-စုဆောင်းရေးနှင့် စိစစ်ရေးဌာန
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

10 Dec, 11:38


အာဏာရှင်အစ ဖိုဝါဒကြီးစိုးမှုက - မောင်ဆောင်းခ

ဒီဇင်ဘာလထုတ် ဗမာသူပုန်စာစဉ်ကို အထက်ကပို့စ်မှာ Download ရယူဖတ်ရှုနိုင်ပါတယ်။

BPLA

07 Dec, 11:15


📚 ဒီဇင်ဘာလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အထူးထုတ်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

05 Dec, 16:39


https://youtu.be/USfnGP4pP2Y?si=TQ79kp-TMegb-Rgc

BPLA

03 Dec, 12:01


BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

-စုဆောင်းရေးနှင့် စိစစ်ရေးဌာန
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

13 Nov, 11:09


The Bamar People’s Liberation Army (BPLA) says it wants to create an ethnically Bamar army in central Myanmar after gaining fighting experience in Karen and northern Shan states. Its chief commander, Maung Saungkha, recently talked to The Irrawaddy about the group’s plans to relocate to central Myanmar.

https://www.irrawaddy.com/in-person/interview/bamar-armed-group-aims-to-break-junta-rule-in-central-myanmar.html

BPLA

12 Nov, 04:41


https://revue21.fr/article/le-poete-birman-et-son-armee-dans-la-jungle/

BPLA

09 Nov, 13:35


“ဘားပလက်တို့ အညာပြန်လာပြီ”

ဧရာဝတီသတင်းဌာနရဲ့ ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အညာကို ပြန်အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခနဲ့ အထူးသီးသန့်အင်တာဗျူးကို နားဆင်နိုင်ကြပါပြီ။

BPLA

06 Nov, 13:43


အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါပြီ။ BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-စုဆောင်းရေးနှင့် စိစစ်ရေးဌာန
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

05 Nov, 16:17


BPLA အပေါ် NUG ရဲ့သဘောထားကို သမ္မတရုံးပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ဦးကျော်ဇော်က TM Media နဲ့အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အင်တာဗျူးအပြည့်အစုံ -
https://youtu.be/2l6hlej2DbY?si=ATRWeHtBPH3PQveN

BPLA

04 Nov, 16:39


အညာကို အခြေချမယ့် BPLA ဘယ်လိုစိန်ခေါ်မှုတွေကြုံနိုင်မလဲ (Editorial Talk)

မဇ္ဈိမ။ ။၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်မှူး မောင်ဆောင်းခက မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်တော့မယ်လို့ သတင်းစကားပါးလိုက်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်စုဖွဲ့မှု အားကောင်းပြီး စစ်ရေးအတွေ့အကြုံလည်းရလာတဲ့ BPLAအနေနဲ့ အညာဒေသမှာ အခြေချမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

BPLA

04 Nov, 04:59


Consider the experiences of the Bamar People’s Liberation Army (BPLA), which formed in 2021 and is led by the prominent poet and free-speech activist Maung Saungkha. He fled the violent crackdown to KNLA Brigade 5 area, one of the staunchest Kayin revolutionary zones, and the fiefdom of the famous General Baw Kyaw Heh.
There the BPLA was given shelter and trained by troops of the AA who had established a base in the area as early as 2018 to further cooperate with the KNLA. A lot of BPLA training, which has expanded since the imposition of the conscription law in February, is now done by their own experienced soldiers.
In 2023, a unit of the BPLA was trained in the Kokang region by the MNDAA and affiliated with their Brigade 611. By October 2024, the BPLA was sending more northern-trained troops into the Dry Zone of Sagaing. This would have been unthinkable just three years ago, and it transpired not just through the efforts of one group, but of a network of armed groups who see the benefits of cooperation.
The BPLA case also reveals a new form of pragmatic military leadership that is adept at building cooperative, informal relationships. Baw Kyaw Heh is one of the key figures leading this new approach along with Ta’ang, Kokang, Rakhine and other leaders who maintain a lower profile than many political leaders. They have been adept at regulating multiple armed groups into more effective military formations, including in Mon State and in Tanintharyi, where military training, armed-group consolidation, and preparing for a new front in the conflict have been dynamic throughout 2024.

https://www.irrawaddy.com/opinion/commentary/myanmars-new-network-insurgency.html

BPLA

03 Nov, 13:52


KNU/KNLA တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရန်သူ့အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

03 Nov, 12:59


တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် KNU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရန်သူ့အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ပါသည်။

အဆိုပါတိုက်ပွဲတွင် မိမိတို့ BPLA ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိကြောင်း ကနဦးသတင်းရရှိပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

02 Nov, 07:59


The Bamar People’s Liberation Army (BPLA) is poised to move on to central Myanmar after fighting in Karen and northern Shan states alongside allied ethnic armies, its commander Maung Saungkha announced on the anniversary of Operation 1027.

“The BLPA will soon be based in Anyar [central Myanmar] and launch operations there,” the poet-turned-revolutionary said on social media on Oct. 27. “I believe and expect people in Anyar will welcome us.”

https://www.irrawaddy.com/news/war-against-the-junta/resistance-armies-poised-to-move-on-to-central-myanmar.html

BPLA

01 Nov, 06:09


အောင်စည်ယွန်းပြီး ရင်ထဲမီးထွန်းလို့
တံပိုးခရာတွေဆင် ပြည်တော်ဝင်နိုင်ဖို့

#အယ်ဒီတာ့အာဘော် #ဗမာသူပုန်

BPLA

01 Nov, 05:47


📚 နိုဝင်ဘာလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၁)၊ အမှတ်(၁၂)၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

29 Oct, 14:25


ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။

-ကိုဆောင်းခ
ကွပ်ကဲရေးမှူး
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

25 Oct, 11:49


https://www.spiegel.de/international/world/fighting-the-military-junta-how-a-poet-became-a-militia-leader-in-myanmar-a-9fcf9a44-57be-4373-bcdf-aadf7e19c763

BPLA

02 Oct, 23:58


ပြည်သူ့ဒုက္ခ ကိုယ့်ဒုက္ခ - အယ်ဒီတာ

အောင်တိုဘာလထုတ် ဗမာသူပုန်စာစဉ်၊ အတွဲ ၁၊ အမှတ် ၁၁ ကို အထက်ကပို့စ်မှာ Download ရယူဖတ်ရှုနိုင်ပါတယ်။

BPLA

01 Oct, 00:49


📚 အောက်တိုဘာလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၁)၊ အမှတ်(၁၁)၊ အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

01 Oct, 00:47


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကိုပါ ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်အပေါ် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ခေါင်းဆောင် ကိုဆောင်းခရဲ့ တုံ့ပြန်ချက်။

တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်သံစုစည်းချက်ကို ဒီလင့်ခ်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
https://www.bbc.com/burmese/articles/c1e80d66qjeo

BPLA

02 Sep, 08:23


တာဝန်ကျေသောမျိုးဆက်ဖြစ်ဖို့ - မောင်ဆောင်းခ

စက်တင်ဘာလထုတ် ဗမာသူပုန်စာစဉ်၊ အတွဲ ၁၊ အမှတ် ၁၀ ကို အထက်ကပို့စ်မှာ Download ရယူဖတ်ရှုနိုင်ပါတယ်။

BPLA

01 Sep, 05:00


📚 စက်တင်ဘာလထုတ် ဗမာသူပုန်စာစဉ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၁)၊ အမှတ်(၁၀)၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။

BPLA

31 Aug, 16:02


https://youtu.be/bzgwlAeRmoU?si=KL08mRyMK_3hGg3x

BPLA

30 Aug, 11:13


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တောတွင်း စစ်ရေးသင်တန်း
~~~
■ စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာမှာ ဖွဲ့စည်းလိုက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအတွက် အရေးကြီးတဲ့ အင်အားစုတစ်ခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ ကရင်ပြည်နယ် တောတွင်းတစ်နေရာက BPLA ရဲ့ စစ်သင်တန်းကျောင်းမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ရိုက်တာသတင်းဆောင်းပါးကို ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…

#bpla #စစ်သင်တန်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

BPLA

26 Aug, 17:07


https://youtu.be/LaixKAE5Vm0?si=6XfGfIxuKMdeZeqt

BPLA

23 Aug, 16:07


https://www.dw.com/en/myanmars-poet-warrior-shares-a-vision-for-democracy/a-70015575

BPLA

23 Aug, 16:03


https://www.reuters.com/investigates/special-report/myanmar-conflict-training/

BPLA

21 Aug, 05:47


အမိန့်ပြန်တမ်းအမှတ်(၁/၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်

စစ်ဦးစီးရုံး
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

BPLA

19 Aug, 13:48


https://youtu.be/fnPX_6Q2rMo?si=qYRGiK5fxNr2tmEP

BPLA

06 Aug, 11:50


BPLA အပတ်စဥ်(၇)သင်တန်းဆင်းပွဲပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ စစ်ဦးစီးရုံး၊ လေ့ကျင့်ရေးတပ်ဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ်(၇) သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅)ရက်နေ့တွင် အမှတ်(၁၀၇)စစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)