စစ်ကိုင်းမြို့နယ် သတင်းမှန် @sggnews Channel on Telegram

စစ်ကိုင်းမြို့နယ် သတင်းမှန်

@sggnews


စစ်ကိုင်းမြို့နယ် သတင်းမှန် (Burmese)

စစ်ကိုင်းမြို့နယ် သတင်းမှန်သူရဲ့နာမည်ကို sgnews အဖြူက သတင်းမှန်စောင့်နိုင်ပါသည်။ ဤသတင်းသည် ရုပ်သံစာအဖွဲ့၊ အခြေခံမြှင့်မြတ်သောနည်းလမ်း၊ အခမဲတန်းသိန်းမြဏ္ဍောင်ပြီး ဖတ်ပါသည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်သည် ဒီဇာတ်လမ်းမတင်ရအောင်လုပ်ခဲ့သည့်အခါမှာတွေ့ရပါသည်။ သတင်းလိုက်သည်လည်းအသုံးပြုသူအတွက်တွေ့နိုင်ရန်အဖြစ်အရေးတွက်ရပါသည်။

စစ်ကိုင်းမြို့နယ် သတင်းမှန်

08 Jan, 15:58


ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့အပေါင်းအပါပျူတစ်သိုက် တိုက်ခိုက်ခံရပြီးသေဆုံး

ဇန်နဝါရီ ၈ ၊ SGG

ဇန်နဝါရီလ ၇ ရက် ညပိုင်းက စစ်ကိုင်း-မင်းကွန်းလမ်းပေါ် လက်ပံကျေးရွာအထွက်မှာ အိမ်စီးကား‌တွေနဲ့ သွားလာကြတဲ့ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး စစ်ကိုင်းမြို့ရဲ ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့ အပေါင်းအပါ ပျူစောထီးတစ်သိုက် တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။

စစ်ကောင်စီနောက်လိုက် ပျူစောထီးတွေဖြစ်တဲ့ ရွှေကျား(ခ)ကျော်မျိုးထွန်း (၃၃)နှစ်၊ စိုးမင်းနိုင် (၂၅)နှစ်၊ လင်းလင်းဦး (ခ)ဖိုးပြား (၃၂)နှစ်၊ ညီညီအောင် (၃၅)နှစ်၊ ရေချမ်း (၃၆)နှစ်နဲ့ ထက်မြတ် (၃၁)နှစ်တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပျူစောထီး ၂ ဦးသာ အသက်ရှင်လျှက် တပ်ကူနဲ့ပူးပေါင်းနိုင်ခဲ့ပြီး ၆ ဦး သေဆုံးလျှက်တွေ့ရတယ်၊ လက်နက်ခဲယမ်းများဆုံးရှုံးမှုရှိတယ်လို့ စကစထောက်ခံတဲ့ချန်နယ်တွေမှာ သတင်းဖော်ပြထားပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
https://t.me/sagaingscouts

စစ်ကိုင်းမြို့နယ် သတင်းမှန်

05 Jan, 14:50


မြင်းဆည်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ ၊ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ ၂၀ ပျက်စီး၊ ကျွဲ နွား ၁၀ ကောင်သေဆုံး

ဇန်နဝါရီ ၅ ၊ SGG

စစ်ကောင်စီက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိနေရာ မြင်းဆည်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ‌၃ ရက် ည ၁၀ ကျော်မှ ည ၁၁ နာရီ အချိန်ခန့်ထိ စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာကို စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲလေတပ်မှ Mig 29 ဂျက်ဖိုက်တာဖြင့် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တံတားဦးလေတပ်မှ Y-12 Military Transport Aircraft စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ်ပျံဝဲပြီး ဗုံးသီးပေါင်း ၄၀ ခန့်ကြဲချတိုက်ခိုက်ဖျက်ဆီးသွားပါတယ်။

မြင်းဆည်ရွာ ဗုံးကြဲခံရပြီး ပြည်သူ ၃ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ ၂၀ ပျက်စီးကာ ကျွဲ၊နွား ၁၀ ကောင်လည်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက စစ်ကိုင်းမြို့နယ် မြစ်ရိုးခုနှစ်ရွာတန်းကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိပါတယ်။

စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီ ၃၇မိနစ် အချိန် စစ်ကိုင်းမြို့နယ် လက်ပံတောရွာ ရွှေတောင်ဦးဘုန်းကြီးကျောင်းအား တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ တစီး၊ Mi 35 ရဟတ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက် ညနေ ၅ နာရီ ၂၅ မိနစ်အချိန် လက်ပတောရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁နာရီ ၄၂ မိနစ် အချိန် စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာအား လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
https://t.me/sagaingscouts

စစ်ကိုင်းမြို့နယ် သတင်းမှန်

05 Jan, 14:48


ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဓမြတိုက်၊ မှုးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ လွှမ်းမိုးနိုင်အား လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှရှင်းလင်း

ဇန်နဝါရီ ၅ ၊ SGG

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နံနက် ၁၀ နာရီ အချိန်ခန့်တွင် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီ ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဓမြတိုက်၊ မှုးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ လွှမ်းမိုးနိုင်အား ရှင်းလင်းလိုက်‌ပါတယ်။

နှစ်သစ်ကို လှလှပပလေးနဲ့ ဖွင့်ပေးလိုက်ပါတယ်လို့ လင်းယုန်ညီနောင်က ပြောပါတယ်။ "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားတဲ့ စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရဲတပ်ကြပ်(ဟောင်း) ပြည်သူများကို ဖမ်းဆီးနှိပ်စက်၊ ငွေညစ်၊ သတ်ဖြတ်နေသူ၊ ပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီး၊ မူးယစ်ဆးဝါးများ သုံးစွဲ ရောင်းဝယ် ဖောက်ကားနေသူ၊ လောင်းကစားဝိုင်းနှင့် 2D/3D လိုင်းကြေးကောက်ခံကာ စစ်ကောင်စီအား ထောက်ပို့လုပ်နေသူ၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများအား လိုက်လံစုံစမ်းကာ စစ်ကောင်စီထံသို့သတင်းပေးခြင်း၊ ကိုယ်တိုင်ပါဝင် ဖမ်းဆီးသူ ပျူစောထီးခေါင်းဆောင် လွမ်းမိုးနိုင် အား ၎င်းနေအိမ်မှ ကားဖြင် ထွက်လာစဉ် လမ်းခုလတ်မှာ အသင့်စောင့်ဆိုင်းပြီး ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရပြီး နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားပါတယ်။

လွှမ်းမိုးနိုင်၏ ကားအတွင်းမှ ရဲဝန်ထမ်းစိစစ်ရေးကတ်၊ WY မူးယစ်ဆေးပြား ၂၆ ပြားရှာဖွေတွေ့ရှိသိမ်းဆည်းရမိပြီး လွှမ်းမိုးနိုင် ဝတ်ဆင်လာတဲ့ကျည်ကာကို မှတ်တမ်းအနေနဲ့ သိမ်းယူနိုင်ခဲ့ကြောင်း လင်းယုန်ညီ‌နောင်ပြောက်ကျားတပ်ဖွဲ့ထံကသိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
https://t.me/sagaingscouts

စစ်ကိုင်းမြို့နယ် သတင်းမှန်

26 Sep, 13:25


စစ်ကိုင်း၊ စက်တင်ဘာ ၂၆ ရက်
ကြေငြာချက်

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း တိုက်နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု
စစ်ကိုင်း - မုံရွာ ကားလမ်းပိုင်းနှင့်
ကျေးရွာအုပ်စုအတွင်း
ည ၉:၀၀ နာရီ နှင့် နံက် ၄:၀၀ နာရီကြား
ဖြတ်သန်းသွားလာခြင်များ ရှောင်ကျဥ်လိုက်နာဆောင်ရွက်ပေးကြရန်နှင့် အများပြည်သူ ဘေးကင်းလုံခြုံမှုအား ပူပေါင်းဆောင်ရွက်နိူင်ရန် ထုတ်ပြန်ကြေငြာအပ်ပါသည်။
ညောင်ပင်ဝန်းကျေးရွာအုပ်စုအတွင်း အရေးပေါ်အခြေနေအရဖြတ်သန်းရမည်ဆိုပါက သက်ဆိုင်ရာ သို့ အသိပေးအကြောင်းကြားခြင်းနှင့်အတူ
လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
မိမိသဘောဆန္ဒအလျှောက် ဖြတ်သန်းသွားလာခြင်းပြုလုပ်ခဲ့ပါက မိမိတို့ရဲ့တာဝန်သာဖြစ်ကြောင်း
အသိပေးထုတ်ပြန်အပ်ပါသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းမြို့နယ် သတင်းမှန်

11 Sep, 04:36


“လေကြောင်းကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်လှုပ်ရှားမှု” အဆင့်(၁) #DAY2

၂၀၂၂ ခုနှစ် ကနေ ယခု ၂၀၂၄ ခုနှစ်ထိတိုင် ဗုံးခိုကျင်းတွေတူးနိုင်ရေးအတွက် မြေပြင်ရဲဘော်များနဲ့ပြည်သူတွေစုပေါင်းပြီး အလှူခံကမ်ပိန်းတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတယ်လို့ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။

တကယ်တော့ဒါဟာ ၂၀၂၂လောက်မှာကတည်းက တစ်နိုင်ငံလုံးနီးပါး ဗုံးခိုကျင်းတွေ အလုံအလောက် အခိုင်အမာတည်ဆောက်ထားပြီးသား ဖြစ်ခဲ့ရမှာပါ။

ကျနော်တို့အနေနဲ့ လူသားလုံခြုံရေး အရပ်သားပြည်သူလုံခြုံရေးဟာ အမြဲတမ်းဦးစားပေး နံပတ်တစ်ဖြစ်ဖို့လိုပါတယ်။

ဒီလိုအရပ်သားပြည်သူတွေလုံခြုံဖို့အတွက် ဈေးအလွန်ကြီးပြီး ဝယ်ယူရန်ခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေဝယ်ယူဖို့ ကြိုးစားခဲ့ကြမယ့်အစား ကုန်ကျစရိတ်သက်သာစွာနဲ့ လုပ်ယူရမခက်ခဲတဲ့ ပုန်းခိုရှောင်ရှားစရာ “ဗုံးခိုကျင်းတွေ” နဲ့ လက်တွေ့ကျကျ ထိရောက်မှုရှိရှိ အကာအကွယ်တွေဖြစ်တဲ့ “ကြိုတင်သတိပေးစနစ် (Early Warning) အတွက်လိုအပ်တဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ” အလုံအလောက် ထားရှိဖို့ အွန်လိုင်းနဲ့မြေပြင်ကွန်ယက်တွေ ပေါင်းစပ်ဖန်တီးတည်ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာစီမံချက်အဖြစ် သက်ဆိုင်ရာတာဝန်ရှိခေါင်းဆောင်များအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသင့်ပါတယ်။

တကယ်တော့ တော်လှန်ရေး(၃)နှစ်ကျော်ကြာကာလအထိ ဗုံးခိုကျင်းတွေမလုပ်ရသေးတာ ဗုံးခိုကျင်းတွေအလုံအလောက်မရှိနေတာဟာ အရပ်သားပြည်သူလုံခြုံမှုအတွက်ထည့်သွင်းစဉ်းစားမှုအားနည်းခဲ့တယ်လို့ ဆိုရပါမယ်။

လေယာဉ်ပစ်လက်နက်တွေရရှိဖို့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များထံ အလှူငွေထည့်သွင်းပြီးပါဝင်လှူဒါန်းခဲ့ကြပေမယ့် ဒီနေ့လိုအချိန်အထိ ဗုံးခိုကျင်းတွေမလုံလောက်လို့ ဗုံးခိုကျင်းကမ်ပိန်းတွေပြည့်ဖို့ အချိန်ကြာမြင့်စွာ အလှူခံနေကြရတာဟာ ပြောရရင်အဓိပ္ပါယ်ကိုမရှိတော့ဘူးလို့ ထင်ပါတယ်။

ဒါဟာ ဗုံးခိုကျင်းကမ်ပိန်းအတွက်ဦးဆောင်နေကြတဲ့ မြေပြင်က ကိုယ်ထူကိုယ်ထရဲဘော်တွေနဲ့ ပြည်သူ့လုပ်အားပေးတွေကို အပြစ်တင်ပုတ်ခတ်တာမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်း အလုံအလောက်တူးဖို့နဲ့ ကြိုတင်သတိပေးစနစ် (Early Warning) တွေ စနစ်တကျတည်ဆောက်ဖို့ မလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအပေါ်ကိုသာ အပြစ်ပုံချခြင်းဖြစ်ပါတယ်။

ဗုံးခိုကျင်းတွေကို နေရာတစ်ခု/နယ်မြေတစ်ခုမှာ တစ်ခုနှစ်ခုထဲ ထားပေးဆောက်ပေးတာတောင် မလုံလောက်နိုင်ပါဘူး။ ဗုံးခိုကျင်းတွေမှာ စုပြုံကြပ်သိပ်ပြီး ခိုလှုံရတာကလည်း တကယ်တော့အန္တရာယ်များလှပါတယ်။

ဒါကြောင့် လူအရေအတွက် အရွယ်အစားပေါ်မူတည်ပြီး စနစ်တကျ အလုံအလောက် အခိုင်အမာ ဆောက်ထားကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

လေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ပူးပေါင်းလိုပါက အောက်ပါ Contact များထံ တိုက်ရိုက်ဆက်သွယ်ပါ။

(1) @EAR_Info
(2) @infonas

#EAR #ENEMYAIRROUTE #EARinfo
#NAS #NASairscout #InfoNAS

Photo - People's Spring

စစ်ကိုင်းမြို့နယ် သတင်းမှန်

11 Sep, 04:36


ဗုံးခိုကျင်းတွေ လုံလုံလောက်လောက် ရှိထားပြီလား❗️

ပြည်သူအချင်းချင်း လေကြောင်းရန်ဘယ်လိုကာကွယ်ကြမလဲ❗️

၂၀၂၂ ခုနှစ် ကနေ အခု ၂၀၂၄ ခုနှစ်ထိ ဗုံးခိုကျင်းအတွက် ကမ်ပိန်းတွေ လုပ်ဆောင်နေကြတာ တွေ့ရှိရဆဲဖြစ်ပါတယ်။

တကယ်တော့ဒါဟာ ၂၀၂၂လောက်မှာကတည်းက တစ်နိုင်ငံလုံးနီးပါး ဗုံးခိုကျင်းတွေ အလုံအလောက် အခိုင်အမာတည်ဆောက်ထားပြီးသားဖြစ်ရမှာပါ။

ကျနော်တို့အနေနဲ့ လူသားလုံခြုံရေး အရပ်သားပြည်သူလုံခြုံရေးဟာ အမြဲတမ်းဦးစားပေး နံပတ်တစ်ဖြစ်ဖို့လိုပါတယ်။

ဒီလိုအရပ်သားပြည်သူတွေလုံခြုံဖို့အတွက် ဈေးအလွန်ကြီးပြီး ဝယ်ယူရန်ခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေဝယ်ယူကြမယ့်အစား ကုန်ကျစရိတ်သက်သာစွာနဲ့ လက်တွေ့ကျကျ ထိရောက်မှုရှိရှိ အကာအကွယ်တွေဖြစ်တဲ့ ပုန်းခိုရှောင်ရှားစရာ “ဗုံးခိုကျင်းတွေ” နဲ့ ကြိုတင်သတိပေးစနစ် (Early Warning) အတွက်လိုအပ်တဲ့ “ဆက်သွယ်ရေးစက်ပစ္စည်းတွေ” အလုံအလောက် ထားရှိဖို့ အွန်လိုင်းနဲ့မြေပြင်ကွန်ယက်တွေ ဖန်တီးတည်ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာစီမံချက်အဖြစ် ပထမဦးစားပေးလုပ်ဆောင်ခဲ့သင့်ပါတယ်။

တကယ်တော့ တော်လှန်ရေး(၃)နှစ်ကျော်ကြာကာလအထိ ဗုံးခိုကျင်းတွေမလုပ်ရသေးတာ ဗုံးခိုကျင်းတွေအလုံအလောက်မရှိနေတာဟာ အရပ်သားပြည်သူလုံခြုံမှုအတွက်ထည့်သွင်းစဉ်းစားမှုအားနည်းခဲ့တယ်လို့ ဆိုရပါမယ်။ လေယာဉ်ပစ်လက်နက်တွေရရှိဖို့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များထံ အလှူငွေထည့်သွင်းပါဝင်လှူဒါန်းခဲ့ကြပေမယ့် ဒီနေ့လိုအချိန်အထိ ဒီလိုဗုံးခိုကျင်းတွေအတွက် ကမ်ပိန်းတွေပြည့်ဖို့အလှူခံနေရတာဟာ ပြောရရင်အဓိပ္ပါယ်ကိုမရှိတော့ဘူးလို့ မြင်ပါတယ်။

ဒါဟာ ဗုံးခိုကျင်းကမ်ပိန်းအတွက်ဦးဆောင်နေကြတဲ့ မြေပြင်က ကိုယ်ထူကိုယ်ထရဲဘော်တွေနဲ့ ပြည်သူ့လုပ်အားပေးတွေကိုအပြစ်တင်ပုတ်ခတ်တာမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်း အလုံအလောက်တူးဖို့ စီမံချက်အဖြစ် မလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအပေါ်ကိုသာ အပြစ်ပုံချခြင်းဖြစ်ပါတယ်။

ဗုံးခိုကျင်းတွေကို နေရာတစ်ခု/နယ်မြေတစ်ခုမှာ တစ်ခုနှစ်ခုထဲ ထားပေးဆောက်ပေးတာတောင် မလုံလောက်နိုင်ပါဘူး။ ဗုံးခိုကျင်းတွေမှာ စုပြုံကြပ်သိပ်ပြီး ခိုလှုံရတာကလည်း တကယ်တော့အန္တရာယ်များလှပါတယ်။ ဒါကြောင့် လူအရေအတွက် အရွယ်အစားပေါ်မူတည်ပြီး စနစ်တကျ အလုံအလောက် အခိုင်အမာ ဆောက်ထားကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

လိုရင်းပြန်ချုံ့ရရင်

(၁) နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်းတွေ စနစ်တကျ အလုံအလောက်တူးထားကြဖို့ ပြည်နယ်ဒေသအနှံ့အပြားမှာ အရေးပေါ် စီမံကိန်းတွေအဖြစ် လုပ်ဆောင်ထားသင့်ပါတယ်။

(၂) စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း စတဲ့ အရပ်ဘက်အဆောက်အအုံတွေမှာ အစည်းအဝေးအတွက်စုဝေးတာ စစ်ဘက်ဆိုင်ရာ တပ်စွဲလှုပ်ရှားမှုတွေကို အရပ်သားပြည်သူတွေစုဝေးတည်ရှိရာ ခိုလှုံရာ နေရာတွေနဲ့ အလွန်နီးကပ်စွာပူးတွဲမထားကြဖို့ အရပ်ဘက်စစ်ဘက် ပေါ်ပေါ်ထင်ထင် ရောနှောမနေကြဖို့ အလွန်အရေးကြီးပါတယ်။

(၃) လုံခြုံရေးစနစ်တွေဖြစ်တဲ့ သတင်းလုံခြုံရေး၊ နယ်မြေရပ်ရွာလုံခြုံရေး၊ ဆိုရှယ်မီဒီယာလုံခြုံရေးနဲ့ နည်းပညာလုံခြုံရေးတွေကို အမြဲမပြတ် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ကြသင့်ပါတယ်။ အရပ်သားပြည်သူကော စစ်ဘက်ရဲဘော်တွေပါ လုံခြုံရေးအသိ-သတိရှိဖို့ ကြပ်ကြပ်မတ်မတ် ဖော်ဆောင်ထားသင့်ပါတယ်။

(၄) ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ ကြိုတင်သတိပေးမှု (Early Warning) စနစ်ကို ဒေသအနှံ့အပြား ပြည်နယ်ဒေသအလိုက် ခရိုင်အလိုက် မြို့ရွာအလိုက် စတဲ့ ယူနစ်အကြီးအသေးအလိုက် လေကြောင်းကာကွယ်ရေးအတွက်စုဖွဲ့မှုတွေ သတ်သတ်မှတ်မှတ်ဖွဲ့စည်းထားပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်ချိတ်ဆက်မှုကွန်ယက်တည်ဆောက်ထားကြဖို့လိုပါတယ်။

အဆိုပါ ကွန်ယက်တွေအားလုံးမှာ လုံခြုံတိကျခိုင်မာသော အပြန်အလှန်သတင်းစီးဆင်းမှုဖြစ်စေဖို့လည်း စနစ်တကျ တည်ဆောက်ထားကြသင့်ပါတယ်။ (Online နဲ့ Offline ဆက်သွယ်ရေးနည်းစနစ်တွေပေါင်းစပ်ပြီး ကိုယ့်နည်းကိုယ့်ဟန်အလိုက် မြေပြင်ကွန်ယက်တွေအခိုင်အမာ တည်ဆောက်ထားဖို့လိုပါတယ်)

(၅) လေကြောင်းကာကွယ်ရေးအတွက် မြေပြင်ကအရပ်သားပြည်သူတွေရဲ့အသက်ဘေးအန္တရာယ်လုံခြုံမှုအတွက် ရာနှုန်းပြည့်အကာအကွယ်မပေးနိုင်တောင် အတိုင်းအတာတစ်ခုအထိ အကာအကွယ်အကူအညီဖြစ်စေတဲ့

EAR [ https://t.me/EnemyAirRoute ] နဲ့
NAS [ https://t.me/NASairscout ]

တို့လို ယုံကြည်စိတ်ချရပြီး သတင်းတိကျခိုင်မာတဲ့ ကြိုတင်သတိပေးလေကြောင်းစောင့်ကြည့်ရေးချန်နယ်တွေမှာ လေကြောင်းသတင်းတွေစောင့်ကြည့်တာ သက်ဆိုင်ရာအဖွဲ့တွေဆီပေးပို့တာ စသဖြင့် ပြည်သူမှပြည်သူကာကွယ်ဖို့ ပြည်သူနဲ့ပြည်သူအချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။

#EAR #ENEMYAIRROUTE #EARinfo
#NAS #NASairscout #InfoNAS

စစ်ကိုင်းမြို့နယ် သတင်းမှန်

03 Sep, 14:28


တပ်မ(၃၃)မှထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်

SGG ၊ စက်တင်ဘာ ၃ ရက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ‌၆နာရီခွဲအချိန်ခန့် Pure Fighters အဖွဲ့ ၊ မဟူရာအဖွဲ့နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နှင့် အုန်းတောကြားတွင် တပ်မ(၃၃)မှ ထွက်လာသောစစ်ကောင်စီ အိမ်စီးကား ၅ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြရာ နောက်ဆုံးမှ လိုက်ပါလာသည့် စူပါကာစတန်ကား နှစ်ကြိမ်တိုင် မိုင်းထိမှန်ခဲ့သည်။

မိုင်းထိမှန်ခဲ့သော စူပါကာစတန်ကားပျက်စီးမှုရှိခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့သည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

22 Aug, 08:17


သတိပြုရန်

SGG ၊ ဩဂုတ် ၂၂

တပ်ပျက်နေပြီဖြစ်သော စစ်ကောင်စီမှ ၎င်းတို့၏ ကျေးကျွန်းအဖြစ် အသေခံ စစ်မှုထမ်းရန် စစ်ကိုင်းမြို့‌တွင် ပေါ်တာဆွဲလျက်ရှိနေရာ သွားလာနေသည့်လမ်းပေါ်တွင်သာမက စက်သုံးဆီ၊ စားသုံးဆီ ဝယ်ယူရန်တန်းစီနေသည့် လူတန်းထဲမှပင် စစ်ဆေးမေးမြန်းမရှိ သေနတ်ထောက် ခြိမ်းခြောက်ပေါ်တာဆွဲဖမ်းဆီးခြင်း၊ နေအိမ်များထဲထိ ဝင်ရောက်လူဆွဲခြင်းများရှိနေသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးထားသူများထဲမှ အသက်ပြည့်မီသူများကို စစ်မှုထမ်းရန် တပ်ထဲသို့ခေါ်ယူပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ထုတ်ယူစေသည်။

စစ်ကိုင်းမြို့သူ/သားများအနေဖြင့် စစ်ကောင်စီမှ ကားဖြင့်လှည့်လည်၍ ပေါ်တာဆွဲနေသည်ကို သိရှိပြီးဖြစ်သော်လဲ သတိထားရှောင်တိမ်းသွားလာကြရန် အထူးသတိပေးအပ်ပါသည်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

12 Aug, 11:03


စစ်ကောင်စီစစ်ကားမိုင်းဆွဲတိုက်ခံရပြီး တပ်သားများ ဒဏ်ရာရသေဆုံးမှုရှိနိုင်

SGG၊ ဩဂုတ် ၁၂

ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀:၄၀ နာရီအချိန် စစ်ကိုင်းမြို့နယ် အုန်းတောနှင့်နတ်ခရိုင်ကြားတွင် ထီးဆောင်းမှ ထွက်လာသော သံပြားကာ စစ်ကားအား Pure Fighters နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ရှိနိုင်ပါတယ်။

ပထမတကြိမ်မိုင်းဆွဲစဉ် စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးချိန် ပြန်လည်ပစ်ခတ်မှုပြုလုပ်နိုင်ကြခြင်းမရှိဘူးလို့သိရပါတယ်။ မိုင်းဆွဲခံရပြီး စစ်ကားနောက်ပိုင်းပွင့်ထွက်ကာ စစ်ကောင်စီတပ်သားအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ စစ်ကားကို ဆက်လက်မောင်းသွားနိုင်ပေမဲ့ အုန်းတောကုန်းထိပ်တွင်ရပ်တန့်သွားပြီး သေဆုံးဒဏ်ရာရတွေကို ကားပြောင်းသယ်သွားပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

10 Aug, 03:46


တရားမျှတမှုမရှိသော အင်းလေလံချပေးခဲ့မှုအားကန့်ကွက်ကြောင်းနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်ပေးကြရန် ပအဖအား ဒေသခံများ ဆန္ဒပြ တောင်းဆို

SGG ၊ ဩဂုတ် - ၁၀

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု ရွှေလှေမူးကျိုးအင်း လေလံချထားမှု တရားမျှတမှုမရှိ၊ နည်းလမ်းမကျသဖြင့် ဒေသခံပြည်သူများက ပအဖကို ကန့်ကွက်ကြောင်းဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ရွှေလှေကျေးရွာအုပ်စု ပအဖအဖွဲ့မှ အင်းလေလံချထားမှုကို အများပြည်သူအား အသိပေးကြေညာခြင်းမရှိခဲ့ဘဲ ၎င်းတို့လေလံဆွဲဝယ်စေသူ တစ်ဦးတည်းကိုသာ အသိပေးခဲ့ကြောင်းသိရသည်။

၎င်းကိစ္စရပ်အား NUG အစိုးရ၊ CRPH လွှတ်တော်နှင့် အများပြည်သူသိစေရန် ရွှေလှေကျေးရွာအုပ်စု ရွာ(၄)ရွာမှ ပြည်သူများက ကန့်ကွက်ကြောင်း၊ တရားမျှတရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

20 Jul, 11:37


စစ်ကိုင်းမြို့နှင့်အုန်းတောကြားမှာ စစ်ကောင်စီ စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ

ဇူလိုင် ၂၀၊ SGG

ဇူလိုင်လ ၂၀ ရက် နံနက် ၁၀:၁၅ နာရီအချိန် စစ်ကိုင်းမြို့နှင့်အုန်းတောကြား မန္တလေး-မုံရွာ ကားလမ်းပေါ်မှာ ကြေးနီကားတန်းလုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီ စစ်ကားကို Pure Fighters နှင့် စစ်ကိုင်း သတင်းတပ်ဖွဲ့ တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကားလမ်းဘေးထိုးကျခဲ့ပြီး ကားပေါ်မှ တပ်သားများ အချိန်အတန်ကြာအောင် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်သွားပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

27 Jun, 00:43


အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

ဇွန် ၂၇ ၊ SGG

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နေ့လည် ၁:၃၀ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကောင်စီအမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို ၆လက်ဒရုန်း ၁စီး၊ ၄လက်ဒရုန်း ၂စီး၊ fixed wings ဒရုန်း ၇စီး ၊ done စုစုပေါင်း ၁၀ စီးတို့ဖြင့် ဗုံးသီး (1.5kg) ၄လုံး ၊ ဗုံးသီး (1kg) ၈လုံး၊ဗုံးသီး (700g) ၁၇လုံး၊ ဗုံးသီးစုစုပေါင်း ၂၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ People’s knight Defense Force Myinmu ထုတ်ပြန်ချက်အရသိရပါတယ်။

People's knight Defense Force Myinmu (PKDF-MMU)၊ Phoenix SGG၊ စစ်ကိုင်းခရိုင် ဒရုန်း တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း တပ်ခွဲ(၄)၊ စစ်ကိုင်းခရိုင် အမှတ်(၂)တပ်ရင်း တပ်ခွဲ(၂)၊ MMU PDF၊ တောတွင်းတွတ်ပီ၊ SDP.camp-camp2 ၊ စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။


Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

22 Jun, 01:16


အမေစု၏(၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စကစတပ်သားများကို တိုက်ခိုက် ၂ ဦးသေဆုံး

ဇွန် ၂၂ ၊ SGG

အမေစု(၇၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ်လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြပါတယ်။

ဇွန်လ ၁၉ ရက် နံနက် ၁၀:၃၀ နာရီအချိန် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနောက်ဘက် ကားလမ်းပေါ်မှာ အုပ်စုလိုက် စစ်ဆေးမှုပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အသင့်ပြင်ထားတဲ့ မိုင်းကွင်းပေါ်ရောက်ရှိလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး တစစီဖြစ် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်းများပြားခဲ့ပါတယ်။ အနီးနားမှာရပ်ထားတဲ့ စစ်ကောင်စီအဖွဲ့ အသုံးပြုတဲ့ အိမ်စီးကားအနက်ရောင်ကိုလည်း မိုင်းထိသွားတယ်လို့သိရပါတယ်။

လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

22 Jun, 01:14


စစ်ကိုင်းမြို့ ကမ္ဘောဇ ဘဏ်ခွဲ(၁)တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးဆုံး

ဇွန် ၂၂ ၊ SGG

ဇွန်လ ၁၉ ရက်နေ့ ညနေ ၄နာရီခွဲကျော်မှာ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ရှိ ကမ္ဘောဇဘဏ်ရှေ့ကို စစ်ကောင်စီရဲတပ်ဖွဲ့ ကားအသီးသီးနဲ့ ရောက်ရှိလာပြီး ဘဏ်ကို ပတ်ဝိုင်းခဲ့ကာ ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ကို အမျိုးသား ၄ ဦး ရောက်ရှိလာပြီး ငွေလုယက်ဖို့ကြိုးစားခဲ့ကြောင်း၊ အခွင့်မသာ၍ ထွက်ပြေးစဉ် စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ATM စက်ရှေ့ လမ်းဘေး မလှမ်းမကမ်းမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။ နောက်တစ်ဦးကိုတော့ ပစ်ခွင့်သာသော်လည်း ထိမှန်အောင် မပစ်နိုင်ခဲ့ကြဘဲ လွှတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ကျန်နှစ်ဦး ဘဏ်အရှေ့ဘက်ကနေ ပြေးသွားတယ်လို့သိရပြီး လွှတ်ပေးခဲ့ကြသလား မဖမ်းနိုင်တာလား ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ညနေ ၅ နာရီကျော်မှာ ပစ်ခတ်သံများငြိမ်သွားပါတယ်။ လွတ်မြောက်သွားသူများမှ ခပ်ဝေးဝေးရောက်ချိန် သေနတ်ပစ်ဖောက်ပြီး အချက်ပေးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ သိန်း ၃၀၀၀ ကျော်ကို လုယက်သွားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ သိန်းတစ်ရာပါသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူများထံမှသိရပါတယ်။

ညနေ ၆ နာရီကျော်အချိန်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ ပြန်သွားကြပြီးနောက် ညပိုင်းအချိန်မှာ ဘဏ်အနီးဝန်းကျင်ကို ရှာဖွေစစ်ဆေးမေးမြန်းမှုပြုလုပ်သွားပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

14 Jun, 09:53


စစ်ကိုင်းမြို့တွင် စကစ ကားများအား နှစ်ရက်ဆက် တိုက်ခိုက်

ဇွန် ၁၄ ၊ SGG

ဝမ်ပေါင်မှထွက်လာသော ကြေးနီသယ်ယာဉ်တန်းအား လိုက်ပါလုံခြုံရေးပေးသည့် စစ်ကောင်စီစစ်ကားများကို လင်းယုန်ညီနောင်မှ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။

ဇွန်လ ၁၃ ရက်တွင် ကြေးနီသယ်ယာဉ်တန်းမှ လိုက်ပါလုံခြုံရေးပေးသော အင်အားပြည့် စစ်ကောင်စီ စစ်ကား ၆ ဘီးကားအားလည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ကြေးနီသယ်ယာဉ်တန်း လုံခြုံရေးပေးသော စစ်ကားကိုလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

13 Jun, 12:54


" အသိပေးထုတ်ပြန်ချက် "

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်

" Sagaing Federal School " အခမဲ့ Online ကျောင်း
Facebook Page အား ကျောင်းသား/သူ များနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြပါရန်အသိပေးအပ်ပါသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် မထုတ်မခြင်း ဆက်သွယ်ခြင်းမပြုကြပါရန် အသိပေးကြေညာအပ်ပါသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

12 Jun, 02:57


ဇွန်လ ၁၂ ရက် နံနက် ၀၈:၅၀ နာရီ

စစ်ကိုင်းမြို့ ရွာထောင်ရပ် ဓါတ်ပေါင်းစုဘုရားအနီး၊ မင်းရာဇာလက်ဘက်ရည်ဆိုင်မျက်နှာချင်းဆိုင် အုတ်စက်အဝင်လမ်းတွင် ဆိုင်ကယ်အမျိုးသားနှစ်‌ယောက်ပိုးစီးသူများကို စကစအဖွဲ့ ဖမ်းဆီးမှုရှိနေသဖြင့် သတိပြုရှောင်တိမ်းသွားလာရန်အသိပေးအပ်ပါသည်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

26 May, 15:56


စစ်ကောင်စီဝန်ထမ်းတွေကို မြို့ပေါ်တက်ဖမ်းစဉ် ရဲဘော် ၂ဦး ကျဆုံး၊ အခွန်ရုံးဝန်ထမ်းမိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မေ ၂၆၊ SGG

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် စည်းခုံကြီးဘုရားတောင်ဘက် လဝက၊ စရဖ၊ အခွန်ရုံးရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝန်ထမ်းမိသားစုကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြပါတယ်။

မေလ ၂၁ ရက်နေ့ ညနေပိုင်း ရုံးဆင်းချိန်မှာ လဝကနှင့် အခွန်ရုံးက စစ်ကောင်စီဝန်ထမ်းတွေကို ထိန်းသိမ်းဖို့ တောတွင်းတွတ်ပီ(LPDF)အဖွဲ့ ကြိုးစားခဲ့ပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ဆုံတာကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တောတွင်းတွတ်ပီ(LPDF)အဖွဲ့မှ ရဲဘော် မိုးတိမ်၊ ရဲဘော်ဆင်ပေါက်တို့နှစ်ဦးကျဆုံးသွားခဲ့ပါတယ်။ ဓါးစာခံတွေဖြစ်တဲ့ ဒုအခွန်ဦးစီးမှူး ဒေါ်ခိုင်နွဲ့ဇော်နှင့် သမီးနဲ့သမက် ကိုလည်း စစ်ကောင်စီက ငဲ့ညှာထောက်ထားခြင်းမရှိ ပစ်သတ်လိုက်ကြပါတယ်။ ည ၆ နာရီခွဲကျော်မှာ အိုးဘိုနာရေးကူညီမှုအသင်းကားနဲ့ အလောင်းတွေလာကောက်သွားတယ်လို့သိရပါတယ်။

ပစ်ခတ်မှုမဖြစ်ပွားခင် ညနေ ၄ ‌နာရီလောက်ကတည်းက အဝိုင်းပတ်အနီးမှာ စစ်ကောင်စီတပ်သားတွေရှိနေခဲ့ပြီး ၄နာရီခွဲ့ခန့်က စစ်ကောင်စီအဖွဲ့ စည်းခုံကြီးဘုရားအရှေ့ဘက်လမ်းမှာ ဖြတ်သန်းသွားလာသူတွေကို တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်။

" ကလေးတ‌စ်ယောက်အပါအဝင်ဝန်ထမ်း ၆ ဦးကိုခေါ်သွားတယ်၊ အန်တီခိုင်တို့က မိသားစုလိုက်သေတာ၊ သမီးနဲ့သမက်က ကားနဲ့လာကြိုတာ ပြန်သွားပြီးမှ သော့မေ့ကျန်လို့ ရုံးကိုသော့ပြန်လာယူရာက စစ်တပ်က ပစ်လို့ သေသွားကြတာ" လို့ သိရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးမှုအတွင်းမှာ အခွန်နဲ့ လဝကဝန်ထမ်း ၆ ဦးကို ထိန်းသိမ်းထားနိုင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ တောတွင်းတွတ်ပီ(LPDF)ကပြောဆိုထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။

ရုပ်အလောင်းပြန်မရပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြပြီး အမိန်ပြန်တမ်းဖတ်ကြားခဲ့ကြတယ်လို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုလည်း မည်သည့်အဖွဲ့အစည်းကိုမျှ အပ်နှံခြင်းမရှိ‌သေးဘူးလို့သိရပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

25 May, 08:58


မုဒိမ်းမှုကျူးလွန်တဲ့ ပျူစောထီးကို စစ်ကိုင်းရဲ အရေးယူခြင်းမရှိ၍ နေပြည်တော်မှ လာရောက်ဖမ်းဆီး

မေ ၂၅၊ SGG

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့် ဇော်ကြီးတို့အား မုဒိမ်းမှုဖြင့် မေလ ၂၅ ရက်နေ့မှာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားပါတယ်။

မေလ ၂၂ ရက်နေ့က စစ်ကိုင်းတောင်ပေါ်ကို သမီးရည်းစား လာရောက်ချိန်းတွေ့သော စုံတွဲအား ပျူစောထီး ကျော်စိုးနှင့်ဇော်ကြီးတို့မှ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကောင်လေးအား ချုပ်နှောင်ထားကာ ကောင်မလေးအား မုဒိမ်းကျင့်ခဲ့ကြပါတယ်။

မိန်းကလေးဘက်မှ စစ်ကိုင်းရဲစခန်းအား တိုင်တန်းသော်လည်း အရေးယူမှုမရှိသဖြင့် နေပြည်တော်သို့တိုင်တန်းရာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားကြောင်းသိရှိရပြီး တခြားပျူစောထီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ ပတ်သတ်မှုရှိမရှိ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

မုဒိမ်းကျင့်ခံရသော မိန်းကလေးမှာ စကစဝန်ထမ်းအရာရှိ အသိုင်းဝိုင်းမှဖြစ်ကြောင်း အမည်မဖော်လိုသော ရဲဝန်ထမ်း ၁ ဦး ပြောကြားချက်အရသိရပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

02 May, 13:35


ကြေးနီသယ် ယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုရှိ

မေ ၂ ၊ SGG

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

မေလ ၁ ရက်နေ့ နံနက် ၁၀:၂၀နာရီအချိန် မြန်မာဝမ်ပေါင်ကနေ စစ်ကိုင်းဘက်သို့ ကြေးနီသယ်ဆောင်လာတဲ့ တွဲကား ၁၉ စီးကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ သံပြားကာ စစ်ကားကို မြင်းမူမြို့နယ် ပကဖ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu က ရှေ့ထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကားတိမ်းမှောက်သွားပြီး နေရာတွင် တပ်သား ၂ ဦးသေဆုံးခဲ့ကာ ဆေးရုံပေါ်ရောက်ချိန် ၁ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။

ကားလမ်းဘေးတလျှောက် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားများမှ ၁၀ မိနစ်ခန့်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း မိမိတို့ရဲဘော်တွေအထိအခိုက်မရှိဘူးလို့ People’s knight Defense Force Myinmu ကပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၇ ရက်နေ့ကလည်း မြင်းမူမြို့ပေါ်ကနေထွက်လာတဲ့ စကစ တပ်သား ၃၀ ခန့်က ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာလမ်းဘေး နေအိမ်အချို့ကို မီးရှို့၊ ပြည်သူများ သွားလာနေသည်ကို တားဆီးစစ်ဆေးနေချိန် ၈၀ မမဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People’s knight Defense Force Myinmu က ပြောပါတယ်။

ခရီးသွားမိဘပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် တော်လှန်ရေးအဖွဲ့များ မှထုတ်ပြန်ထားသည့်စည်းကမ်းများအတိုင်း သွားလာကြရန်ကိုလည်း (PKDF-MMU) ကမေတ္တာရပ်ခံထားပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

02 May, 04:03


သီရိမင်္ဂလာခုံးကျော်တံတားအဆင်းတွင် စကစ စစ်ဆေးမှုရှိနေ၍ သတိထားသွားလာရန်

မေ ၂ ၊ SGG

မေ ၂ ရက်၊ နံနက် ၀၉:၄၅ နာရီအချိန် စစ်ကိုင်းမြို့၊ သီရိမင်္ဂလာခုံးကျော်တံတားအဆင်းတွင် စကစအဖွဲ့အများအပြားဖြင့် ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးလျက်ရှိနေ၍ ပြည်သူများ သတိထားသွားလာရန် အသိပေးအပ်ပါသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

30 Apr, 03:04


အဝိုင်းပတ်တွင် စကစ စစ်ဆေးဖမ်းဆီးမှုရှိနေ၍ သတိထားသွားလာရန်

ဧပြီ ၃၀ ၊ SGG

ဧပြီ ၃၀ ရက်၊ နံနက် ၀၉:၁၅ နာရီအချိန် စစ်ကိုင်းမြို့၊ အိုးဘိုရပ် အသင်္ခယာစောယွန်း အဝိုင်းပတ်တွင် စကစအဖွဲ့သည် သွားလာနေသည့်ဆိုင်ကယ်များကိုတားစီးစစ်ဆေးမှုပြုနေရာ ဖုန်းများပါစစ်ဆေးဟုသိရပါ၍ ပြည်သူများ သတိထားသွားလာရန် အသိပေးအပ်ပါသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ် သတင်းမှန်

19 Apr, 07:07


အဝိုင်းပတ်၊ သမတက္ကသိုလ်လမ်းဘက်တွင် စကစ စစ်ဆေးဖမ်းဆီးမှုရှိနေ၍ သတိထားသွားလာရန်

ဧပြီ ၁၉ ၊ SGG

ဧပြီ ၁၉ ရက်၊ နေ့လည် ၀၁:၁၅ နာရီအချိန် စစ်ကိုင်းမြို့၊ အိုးဘိုရပ် အသင်္ခယာစောယွမ်းအဝိုင်းပတ်၊ သမတက္ကသိုလ်လမ်းဘက်တွင် စကစအုပ်စု စစ်ဆေးမှုရှိနေ၍ ပြည်သူများ သတိထားသွားလာရန် အသိပေးအပ်ပါသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး