The Irrawaddy - Burmese @theirrawaddy Channel on Telegram

The Irrawaddy - Burmese

@theirrawaddy


The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com

The Irrawaddy - Burmese (Burmese)

သင့်တင်တဲ့ Irrawaddy - မွန်မာစာတန်းထိုးသည် The Irrawaddy ကို မွန်မာနှစ်သစ် Telegram Channel တွင့် ကျွန်တော်တိုင်ရပိုင်းပေါင်းတင်သည်။ သင့်အတွက်လည်း The Irrawaddy ဇာတ်ကားလုပ်ဆောင်ရန်လိုအပ်ပါသည်။ The Irrawaddy ကားတစ်ခုကို ရံရံသွားပြီး အကြည့်ပြုပါ။ သင့်အကူအညီအားပေးတဲ့ The Irrawaddy ကိုလည်း ဖတ်ရှု လုပ်ဆောင်ချက် အပေါ် လိုအပ်ပါသည်။ The Irrawaddy ဖန်သာရန်အတွက် burma.irrawaddy.com တွင့် ရိုက်ခြံပါ။

The Irrawaddy - Burmese

11 Jan, 07:47


ဝေဖန်မှုတွေကို ကြိုဆိုလိုက်တဲ့ ဦးမြအေး

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အွန်လိုင်းပေါ် လူပြောများနေတဲ့ ငွေဆောင်သဘောတူညီချက်အပေါ် ဝေဖန်မှုတွေကို ကြိုဆိုလိုက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေးနဲ့ အမေးအဖြေ ဆွေးနွေးခန်းကို နားဆင်နိုင်ကြပါတယ်။

ဒီလင့်တွေမှာ အစအဆုံး နားဆင်ပါ။
Apple Podcasts : https://apple.co/427KpFi
Buzzsprout : https://bit.ly/3C3dWFz
Spotify : https://spoti.fi/3WhpWKC

#ဧရာဝတီ #စနေသတင်းစကားဝိုင်း #ငွေဆောင်သဘောတူညီချက် #ဦးမြအေး #၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်

The Irrawaddy - Burmese

11 Jan, 06:35


အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွက် ဘဏ်အကောင့်ရောင်းသူကို ထိုင်းရဲ ဖမ်းမိ

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅

ထိုင်းတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အသုံးပြုနိုင်ရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို အသုံးချပြီး ငွေစာရင်းအကောင့်များ ဖွင့်ခိုင်းသူတဦးအား ဗဟိုစုံစမ်းစစ်ဆေးရေးဌာနနှင့် အဝေးပြေးလမ်းရဲတပ်ဖွဲ့တို့မှ မကြာသေးမီက ဖမ်းဆီးရမိခဲ့သည်။

ရာဇဝတ်မှုလုပ်ငန်းများအတွက် ဘဏ်စာရင်းများ၊ အီလက်ထရွန်းနစ်ကတ်များနှင့် အီလက်ထရွန်းနစ် ငွေစာရင်းများကို ရောင်းဝယ်ဖောက်ကားပေးခဲ့သူ Chitisan အား Nakhon Pathom ပြည်နယ်၊ Kamphaeng Saen ခရိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သံသယရှိသူအား နွန်ထဘူရီပြည်နယ်၊ Pak Kret ခရိုင်ရှိ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနခွဲ(၂) သို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုကဲ့သို့ ဖမ်းဆီးနိုင်မှုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လိမ်လည်လှည့်ဖြားခြင်းခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၄ ဦး၏ တိုင်ကြားချက်များကြောင့်ဖြစ်ကြောင်း သိရသည်။

စုံစမ်းဖော်ထုတ်ချက်များအရ Chitisan သည် နိုင်ငံခြားသားအလုပ်သမားများအား လစဉ်လုပ်ခလစာများ လက်ခံရယူရန် အတွက်ဟု အကြောင်းပြလျက် ဆင်းမ်ကတ်များ ထုတ်ပေးပြီး ဘဏ်စာရင်းများ ဖွင့်လှစ်စေခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် ယင်းဘဏ်အကောင့်များနှင့် ဆင်းမ်ကတ်များကို အွန်လိုင်းဈေးဝယ်လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားနှင့် တယ်လီဖုန်းလိမ်လည်သူများထံ ပြန်လည်ရောင်းချခဲ့သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါငွေစာရင်းများတွင် ဘတ်ငွေ နှစ်ဘီလီယံကျော် လည်ပတ်နေကြောင်း တွေ့ရှိရပြီး မြန်မာအလုပ်သမားအချို့မှာ အွန်လိုင်းလိမ်လည်မှုအတွက် တရားစွဲဆိုမှုများကိုပါ ရင်ဆိုင်နေရကြောင်း၊ ကျန်ရှိနေ အလုပ်သမားများမှာလည်း ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များကို ပိတ်သိမ်းနိုင်ရေး မြန်မာသံရုံး၏ အကူအညီ တောင်းခံထားကြောင်း သိရသည်။

အဝေးပြေးလမ်းမရဲတပ်ဖွဲ့သည် Chitisan ၏ လှုပ်ရှားမှုများကို လပေါင်းများစွာ စောင့်ကြည့်ထောက်လှမ်းခဲ့ပြီးနောက် Nakhon Pathom ပြည်နယ်အတွင်း ပုန်းအောင်းနေသည့်နေရာ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - The Nation

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 05:25


တိုက်ပွဲများဖြစ်နေချိန် မန္တလေးနှင့် မိထ္တီလာတပ်နယ်သို့ စစ်ခေါင်းဆောင်သွား

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅

မသုံးလုံး နယ်မြေဟု ဆိုကြသည့် မန္တလေး၊ မိထ္တီလာ၊ မြင်းခြံ ဒေသများတွင် တိုက်ပွဲများဖြစ်နေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးနှင့် မိထ္တီလာတပ်နယ်သို့ ယမန်နေ့က သွားရောက်ခဲ့သည်။

စစ်ခေါင်းဆောင်သည် မိထ္တီလာသို့ ခပ်စိပ်စိပ်သွားရောက်နေရာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မိတ္ထီလာမြို့ကို ၄ ကြိမ်အထိ သွားရောက်ခဲ့ပြီး ဖြစ်သည်။

ယခု ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်တွင်းစည်းရုံးရေးခရီးစဉ်ဟု ယူဆရပြီး နယ်မြေခံတပ်ဌာနချုပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဥ် နိုင်ငံရေးပြောင်းလဲမှုနှင့် စစ်တပ်၏ နိုင်ငံရေးထမ်းဆောင်မှု အစချီကာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် အာဏာသိမ်းရကြောင်းများကို ဖန်တရာထေ ပြောဆိုခဲ့ပြန်သည်။

ထို့ပြင် ခေတ်အဆက်ဆက် စစ်တပ်၏ နိုင်ငံအပေါ် တာဝန်ထမ်းဆောင်ခဲ့မှုများ၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးသယ်ပိုးခဲ့သည့် သမိုင်းသက်သေများ ရှိပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံအတွင်း ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာ ဆုံးရှုံးခဲ့ကြရသကဲ့သို့ လမ်းတံတား၊ စက်ရုံအလုပ်ရုံနှင့် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရ သည့်အတွက် အကြမ်းဖက်မှုဖြစ်စဉ်များကို ဝိုင်းဝန်းကာကွယ်သွားရမည်ဟု စစ်ခေါင်းဆောင်က မှာကြားခဲ့သည်။

လက်ရှိတွင် မန္တလေးတိုင်းအတွင်း မြင်းခြံခရိုင်၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေသလို မကြာသေးမီရက်ပိုင်းကလည်း မန္တလေး PDF ၏ အပတ်စဥ်(၁၅) သင်တန်းဆင်းပွဲ ပြုလုပ်ထားသည်။

ဓာတ်ပုံ - CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 05:06


တရုတ်မင်းသား လွတ်မြောက်မှုအပြီး ပျောက်ဆုံး ၁၇၄ ဦးအတွက် မိသားစုများ အကူအညီတောင်း

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် ဇန်နဝါရီ ၃ ရက်က ပျောက်ဆုံးသွားခဲ့သည့် တရုတ်မင်းသား Xingxing ပြန်လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော တရုတ်နိုင်ငံသား ၁၇၄ ဦး၏ မိသားစုများမှ အကူအညီ တောင်းခံသည့်စာများ လူမှုကွန်ရက်စာမျက်နှာထက် ပေါ်ထွက်လာခဲ့သည်။

အဆိုပါ မိသားစုဝင်များမှ ပျောက်ဆုံးနေသူများ၏ အသက်အရွယ်၊ နေရပ်၊ ပျောက်ဆုံးချိန်နှင့် လမ်းကြောင်း အချက်အလက်များကို ဖော်ပြထားပြီး ၎င်းတို့မှာ အသက် ၁၇ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားအများစု ဖြစ်ကြကြောင်းနှင့် ပျောက်ဆုံးချိန်မှာ လပိုင်းမှစ၍ ၃ နှစ်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

WeChat အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါ ပျောက်ဆုံးနေသူများမှာ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ပျောက်ဆုံးခြင်းနှင့် တရုတ်နိုင်ငံ ယူနန်မြို့မှ မြန်မာနယ်စပ်သို့ ဖြတ်ပြီးနောက် ပျောက်ဆုံးခြင်းများ အများဆုံးဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၂၄ နိုဝင်ဘာလအတွင်းက တရုတ်နှင့် မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်မှုစင်တာများကို ဖျက်သိမ်းကာ လူပေါင်း ၅ သောင်း ၃ ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း Xinhua News Agency က ဖော်ပြခဲ့သည်။

ပုံစာ - ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံတွင် ပျောက်ဆုံးသွားပြီး ဇန်နဝါရီလ ၇ ရက်၌ မြန်မာတွင် ပြန်ရှာတွေ့သည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း / Weibo

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 05:01


သင်ပုန်းချေမှုတို့၊ အလုံးစုံ ခွင့်လွှတ်နိုင်မှုတို့ဆိုတာ လူသာမန်တွေ ပြုနိုင်တဲ့အမှုတွေ မဟုတ်ကြပါဘူး။ ဉာဏ်ပညာနဲ့ မေတ္တာတရား ကြီးမားတဲ့သူတွေသာ လုပ်နိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။ လောကမှာ ဉာဏ်ပညာနဲ့ မေတ္တာတရား ကြီးမားပြီး ငြိမ်းချမ်းရေးရှေ့ထားတဲ့သူတွေဟာ လူနည်းစုသာဖြစ်လေတော့ ဒီလူနည်းစုကို ထိန်းချုပ်ထားလိုက်တာနဲ့ နှလုံးရည်နဲ့ ဖြေရှင်းတဲ့နည်းလမ်းကို သုံးဖို့ အခွင့်အလမ်းနည်းလာပြီး လက်နက်စွဲကိုင်တော်လှန်တဲ့ နည်းလမ်းတခုသာ ရွေးချယ်စရာ ဖြစ်လာတတ်ပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/4h9oTEt
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 04:02


ပြင်သစ်နိုင်ငံသားဖြစ်သည့် ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးသမား လင်မ် ကင်မ်ယာကို သြဇာကြီးသည့် ခေါင်းဆောင်ဟောင်း ဟွန်ဆန်က သတ်ဖြတ်ရန် စေခိုင်းသည်ဟု အဝေးရောက် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီစွပ်စွဲသည်။

Website တွင် ဖတ်ရန် https://bit.ly/4fZ5AMV
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 04:00


နိုင်ငံနှစ်ဆယ်ကျော်မှ လူပေါင်း ၆ ထောင်ကျော် မြန်မာတွင် ဖမ်းဆီးချုပ်နှောင်ခံထားရ

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅

လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်မှ အင်္ဂါနေ့က ထုတ်ပြန်သော အစီရင်ခံစာအရ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၆,၀၀၀ ကျော်သည် မြန်မာနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း ဖော်ထုတ်တင်ပြထားသည်ဟု The Nation သတင်းက ဆိုသည်။

အစီရင်ခံစာတွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့သည် လူကုန်ကူးမှု၏ အဓိကလမ်းကြောင်းအဖြစ် ဖော်ထုတ်ထားပြီး ယခင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) အဖြစ် လူသိများခဲ့သော ကရင်နယ်ခြား စောင့်တပ် (BGF) အပါအဝင် ဒေသခံလက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးမှုဖြင့် နိုင်ငံဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်းများက ယင်းဒေသအား အခြေပြု လှုပ်ရှားလျက်ရှိကြောင်း တင်ပြထားသည်။

သောကြာနေ့တွင် အရပ်ဘက်အဖွဲ့အစည်းကွန်ရက်က ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် ကိုးနိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသူများအား အရေးပေါ်ကယ်တင်ပေးရန် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) ထံ အွန်လိုင်းမှ တဆင့် အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့သည်။

"အလုပ်အကိုင်ကောင်းများ ရရှိမည်" ဟူသော လိမ်လည်ဖြားယောင်းမှုဖြင့် ထိုင်းကို ခေါ်ဆောင်ခံရပြီးနောက် မြန်မာသို့ လူကုန်ကူးခံရသူ အများအပြားရှိကြောင်း၊ တရုတ်နိုင်ငံသား ၃,၉၀၀ ဦး အပါအဝင် လူကုန်ကူးခံသူများသည် ၎င်းတို့၏ မိသားစုများထံ ဆက်သွယ်ရာ၌ အသတ်ခံရမည်ဟု ခြိမ်းခြောက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံရကြောင်း အစီရင်ခံစာက ဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက "တရုတ်လူကြီးတွေက လူသားတွေရဲ့ အသက်ကို လုံးဝ ဂရုမစိုက်ပါဘူး။ ကရင်တပ်ဖွဲ့က တရုတ်တွေဆီက ငွေရပြီး ကျနော်တို့ အမိန့်မနာခံရင် ထောင်ချပါတယ်။ ကျနော်တို့ကို တနေ့ ၁၇/၁၈ နာရီ အလုပ်လုပ်ခိုင်းပြီး အခြေအနေတွေက လုံးဝ လူမဆန်ပါဘူး။ စားစရာက မစားနိုင်လောက်အောင် ဆိုးဝါးပြီး လူအများစုက ရေသောက်ရုံနဲ့ပဲ အသက်ဆက်နေရပါတယ်။ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို မပြည့်မီရင် အကျဉ်းသားတွေကို တရက် ၂၄ နာရီ အလုပ်လုပ်ခိုင်းပါတယ်" ဟု ပြောဆိုထားသည်။

တရုတ်သရုပ်ဆောင် Xingxing အပေါ် ထင်ရှားသော လူကုန်ကူးမှုနှင့် ကယ်တင်မှုဖြစ်ရပ်ကြောင့် ကမ္ဘာ့သတင်းစာမျက်နှာ များပေါ် ရောက်ရှိခဲ့မှု၊ နိုင်ငံတကာမှ ဆန့်ကျင်ကန့်ကွက်မှုများနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများ ရှိသော်လည်း အရေးယူ ဆောင်ရွက်မှုများမှာ တိုးတက်မှု နှေးကွေးနေဆဲဖြစ်သည်။

၂၀၂၄ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု၏ အစီရင်ခံစာအရ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာရှိ ရာဇဝတ်အဖွဲ့များသည် အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင်လုပ်ငန်းများမှတဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံခန့် ရရှိနေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်များအပေါ် မတည်မငြိမ်ဖြစ်စေလျက်ရှိကြောင်း ခန့်မှန်းတင်ပြထားသည်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယင်းအကျပ်အတည်းအား အရေးပေါ်ကိုင်တွယ်ဖြေရှင်းရန် တွန်းအား ပေးနေပြီး လူကုန်ကူးမှုကွန်ရက်များကို ဖြိုခွင်းရန်၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံ တကာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးရေးယန္တရားများ ပိုမိုအားကောင်းလာရန် လိုအပ်ကြောင်း NHRC ကော်မရှင်နာ ပရီဒါ ကွန်ပန်းက ပြောကြားထားသည်။

ပုံစာ - လူကုန်ကူးခံရပြီးနောက် နှိပ်စက်ခံရမှုများ/ The Nation

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 02:13


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် မြန်မာပြည်တွင်းစစ်သည် ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ ပေါက်ဖွားသည့် အဓိကနေရာ ဖြစ်လာစေသည်။ ၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်တွင်း ဖြိုခွဲမှုမှ ထွက်ပြေးလာသည့် တရုတ် ဝရမ်းပြေးများ အများအားဖြင့် ဦးဆောင်သည့် ထိုအုပ်စုများသည် စစ်ကောင်စီထိန်းချုပ်မှု အားနည်းသည့် ဒေသများတွင် ခိုလှုံနေသည်။

Website တွင် ဖတ်ရန် https://bit.ly/3E2SmS0
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 01:47


လက်တွေ့ မြန်မာ ပြည်တွင်း ပြည်နယ်များတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်များ၏ ထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေး ရှိနေပြီဖြစ်ရာ NUG အနေဖြင့် တိုင်းများကို အာရုံစိုက်ရပေမည်။ လက်ရှိ PDF တို့ အများစု စိုးမိုးထိန်းချုပ်နိုင်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် NUG ၏ ကျစ်လစ်ခိုင်မာသည့် အုပ်ချုပ်ရေးကို ဖော်ဆောင်ရန် လိုအပ်နေသည်။ အလားတူ PDF တပ်များ လှုပ်ရှားမှုရှိသည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့အပြင် လှုပ်ရှားရန် ရည်ရွယ်နေသည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ အတွက်လည်း ပြင်ဆင်ရန် လိုအပ်၏။

Website တွင် ဖတ်ရန် https://bit.ly/4fVAnKO
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

11 Jan, 01:45


၂၀၂၀ ပြည့်နှစ် မေလက ဧရာဝတီမှာ ကရင်ပြည်နယ်တွင်း တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ မြန်မာ လက်နက်ကိုင်တွေ အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/3DZagoM
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Jan, 04:50


အဲဒီကိစ္စက ဟိုးအထက်ကနေပဲလာပြီး လုပ်သွားတော့ ဒီကအဖွဲ့ တွေ ဘာမှမသိလိုက်ရဘူး။ သူက (Xingxing) ဟိုဘက်ခြမ်းက တရုတ်တွေက ဖျော်ဖြေဖို့ငှားလို့ လိုက်သွားတာ။ သွားတာ လည်း အောက်လမ်းကနေပဲ ပြန်လာတော့ ရွှေကုက္ကိုလ်ဘက် အောက်လမ်းကနေပဲ

Website တွင် ဖတ်ရန် https://bit.ly/4074JUO
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Jan, 04:38


ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲမှု ၄၀ ကျော် သေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရ

ဧရာဝတီ၊ ဇန်နဝါရီ ၉၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်ကို ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီခန့်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၄၀ ကျော် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဗုံးကြဲမှုကြောင့် ကျောက်နီမော်တိုက်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်နှင့် ကျောက်နီမော်ဈေးအနီးဝန်းကျင်ရှိ နေအိမ် ၅၀၀ ခန့်မီးလောင်ခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများလည်းပါဝင်ကြောင်း ဒေသခံံံံံများထံက သိရသည်။

ဒေသခံတဦးက “ကျောက်နီမော်က လူနေထူထပ်တယ်။ အိမ်လေးတွေက ကပ်နေတာ၊ တကယ်လို့ အိမ်တအိမ်မီးလောင်တယ်ဆိုရင် အကုန်လုံး တဆက်ထဲလောင်သွားနိုင်တဲ့နေရာမျိုးပေါ့။ အဲဒီဘက်မှာ တောင်ကုတ်တို့ဘာတို့ဘက်ကလည်း လာပြီးစစ်ရှောင်နေကြတာတွေရှိတယ်။ ကျနော်တို့ မနေ့ကသိရတာတော့ ၄၀ ကျော် သေဆုံးပြီး၂၀ ကျော် ဒဏ်ရာရတယ်လို့ သိရတယ်ပေါ့။ ဒီနေ့ ထပ်သိရတာက ဒဏ်ရာရတဲ့သူအရေအတွက်က သေဆုံးသူအရေအတွက်ထက် ပိုများတယ်ဆိုတဲ့အတွက် ဆေးဝါးအလုံ အလောက်လည်းမရှိတော့ သေဆုံးသူလည်း မနေ့ကထက် တိုးလာနိုင်တယ်လို့ သိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရမ်းဗြဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုများမရှိဘဲ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- APM
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Jan, 04:33


ရန်ကုန်မြို့လယ်ရှိ ရွှေချစ်သူရွှေဆိုင် ဓားပြတိုက်ခံရ

ဧရာဝတီ၊ ဇန်နဝါရီ ၉၊ ၂၀၂၅

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃ဝ အလယ်ဘလောက် အမှတ်(၁၁၀) ပထမထပ်တွင် ဖွင့်ထားသည့် ရွှေချစ်သူ စိန်ရွှေရတနာဆိုင်ကို ဇန်နဝါရီ ၈ ရက်၌ အမျိုးသား ၃ ဦးက ဓားပြတိုက်ခဲ့မှုအတွင်း စိန်ရွှေရတနာမျိုးစုံနှင့် ကျပ်သိန်း ၅၀၀ ပါသွားကြောင်း သိရသည်။

ရွှေချစ်သူ စိန်ရွှေရတနာဆိုင်သည် ရွှေအတုံးအခဲများ အဓိက ရောင်းချသည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရွှေဆိုင်တခုဖြစ်ပြီး အနီးဝန်းကျင်၌ ပန်းဘဲတန်းမြို့နယ်ရဲစခန်းရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက “မနေ့မနက်ပိုင်း ၉ နာရီကျော်လောက်ကဖြစ်တာ။ ရွှေချောင်းတွေ ရောင်းချင်တယ်ဆိုလို့ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ ကောင်တာထဲထည့်ထားတဲ့ အထည်မျိုးစုံနဲ့ ပိုက်ဆံတွေ ပါသွားတယ်လို့ သိရတယ်။ ရွှေထည်တွေ ပါသွားတာက သိန်းပေါင်း ၁ သောင်းကျော်လောက် ရှိနိုင်တယ်လို့တော့ ပြောနေကြတာပဲ” ဟု ပြောသည်။

ဖြစ်စဉ်မှာ နံနက် ၉ နာရီဝန်းကျင် ဆိုင်ဖွင့်ချိန်တွင် ပိုင်ရှင် အပါအဝင် မန်နေဂျာနှင့် ဝန်ထမ်းတို့အတူ ရှိနေစဉ် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတဦး တံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းချင်ကြောင်း ပြောသဖြင့် တံခါးဖွင့်ပေးခဲ့ရာ ၎င်းနောက်မှ အမျိုးသား ၂ ဦး လိုက်ပါဝင်ရောက်ကာ သေနတ်အတို၊ ဓားမြှောင်တို့ ပြသ၍ ငွေနှင့်ပစ္စည်းများ ယူဆောင်ပြီး ပိုင်ရှင်အပါ ၃ ဦးကို အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ထားပြီးနောက် ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ပန်းဘဲတန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီး အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ရွှေချစ်သူရွှေဆိုင်မှ ပြစ်မှုကျူးလွန်သူများအား တွေ့ရှိပါက ဆက်သွယ်ပေးရန် စီစီတီဗီမှတ်တမ်းကိုတင်၍ အကူအညီတောင်းခံထားသည်။

ပုံစာ - ၂၀၂၄ အာဇာနည်နေ့ ရန်ကုန်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / Jack IRW

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Jan, 03:34


၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်က ကျင်းပတဲ့ M3 ရဲ့ ညခင်း ဆည်းဆာ ဂီတပွဲမှာတော့ ဂန္ထဝင် အဆိုတော်ကြီး က နှစ်ယောက်တည်း နေချင်တယ်၊ စဉ်းစားကာ နေရဦးမယ်၊ အင်းလျားမှာ ဆုံစို့ကွယ်၊ ချစ်အရိပ် စတဲ့ တေးသံတွေ နဲ့လည်း ပရိသတ် ရင်ဘတ်ကို လှုပ်ခတ်စေခဲ့ပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/48w1klg
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

09 Jan, 03:29


ဒေါ်ကြူကြူလှ ကိုင်သည့် လက်ကိုင်အိတ်များအနက် ဈေးအကြီးဆုံး လက်ကိုင်အိတ်မှာ Hermes တံဆိပ် အနက်ရောင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၇,၅၀၀ တန်ကြေးရှိသည်။ မြန်မာငွေနှင့်တွက်ပါက သိန်း ၃,၁၀၀ ကျော် တန်ကြေးရှိသည်။ အချို့သော လက်ကိုင်အိတ်များမှာ သူကိုယ်တိုင် ဝယ်ယူခြင်း ဖြစ်နိုင်ပြီး အချို့မှာ ခရိုနီသူဌေးများက လက်ဆောင်ပေးခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/4gMl5ci
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 14:01


ဗန်းမော်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ရှိရာ လေယာဉ်ကွင်း ပတ်ဝန်းကျင် ၂ မိုင်၊ ၃ မိုင်နှင့် တာမိုင်းလုံရပ်ကွက်၊ ခလရ ၄၇ နှင့် တက္ကသိုလ်အနီးဝန်းကျင်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကြဲကာ လက်နက်ကြီး ပစ်ခတ်၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်နေကြောင်း

Website တွင် ဖတ်ရန် https://bit.ly/3Ptad7u
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 12:14


နေပြည်တော်မှာ သူရဲ့ အုပ်ရှိတယ်။ သူ့ရဲ့ အုပ်ကနေ ပြီးတော့မှ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမဆို သွားရောက် ဗုံးကြဲလို့ရ တယ်။ အသွားအပြန်ရတယ်။ အဲဒါကတော့ ဒီလေယာဉ်ရဲ့ အားသာချက်ပေါ့။ သူကတော့ Multi Role Fighter ပေါ့။ All weather Fighter ပဲပြောပြော Multi Role Fighter ပဲ ပြောပြော မှန်ပါတယ်။ ဘယ်အချိန်မဆို ဗုံးကြဲလို့ ရတယ်

Website တွင် ဖတ်ရန် https://bit.ly/4gITQ2l
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 11:47


အဆောက်အအုံသစ်များ၌ ဆိုလာစနစ်တပ်ဆင်ရန် စစ်ကောင်စီ ပြော

ဧရာဝတီ၊ ဇန်နဝါရီ ၈၊ ၂၀၂၅

မြန်မာနိုင်ငံတွင် အဆောက်အအုံသစ်များတည်ဆောက်လျှင် ဆိုလာစနစ် တပ်ဆင်အသုံးပြုရန် စစ်ကောင်စီ ထပ်မံဖွဲ့စည်းလိုက်သည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေး၌ ယင်းကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

အဆောက်အအုံအသစ်ဆောက်ပါက ဆိုလာစနစ်တပ်ဆင်ကာ ပိုလျှံသည့် လျှပ်စစ်များကို National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည့်အပြင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် ရေအားနှင့် သဘာဝ ဓာတ်ငွေ့တို့အပေါ် အဓိက မှီခိုနေရသောကြောင့် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု တွင်ကျယ်ရန်လိုကြောင်းလည်း ၎င်းက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်းများဆောင်ရွက်ရန်၊ ဧရာဝတီမြစ်ရေကိုထိန်းပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် အနိမ့်တမံများ တည်ဆောက်ရန် မှာကြားထားသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရမည်ဟုလည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုသည်။

လက်ရှိတွင် စစ်ခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံသည် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချခွင့်ရရှိထားသလို စစ်ခေါင်းဆောင်က ဆိုလာတင်သွင်းသူများ အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဓာတ်ပုံ- MOI
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 10:51


နေပြည်တော်ရောက်လာတဲ့ ရုရှားထုတ် SU-30 ဘက်စုံသုံး တိုက်လေယာဥ်တွေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၈၊ ၂၀၂၅

ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး SU-30 SMEs ဂျက်ဖိုက်တာ အသစ်နှစ်စင်းကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင်မှာ လက်ခံရရှိထားပြီလို့ ရုရှားနိုင်ငံသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ၂၀၁၈ ခုနှစ်ကတည်းက SU-30 SMEs လေယာဥ် ၆ စင်းကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ မှာယူခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာလမှာ ပထမ နှစ်စီး၊ ၂၀၂၃ ဒီဇင်ဘာမှာ နှစ်စီးနဲ့ ၂၀၂၄ ဒီဇင်ဘာမှာ နောက်ဆုံးကျန်တဲ့ ၂ စီးကို လက်ခံရရှိထားပါတယ်။

ဒီလေယာဥ်အမျိုးအစားဟာ လက်ရှိ မြန်မာစစ်တပ် ပိုင်ဆိုင်မှုတွေထဲက မျိုးဆက်အမြင့်ဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်လေယာဥ်တွေ ဖြစ်ပြီး ပေါင် ၅၀၀ ဗုံးကို ၂၈ လုံးအထိ တပြိုင်နက် တင်ဆောင်နိုင်ပါတယ်။
https://youtu.be/hWvDF2rezaw

#မြန်မာ #ဧရာဝတီ #တိုက်လေယာဉ် #ရုရှားနိုင်ငံ #စတုတ္တမျိုးဆက်လွန် #ပေါင်၅၀၀ဗုံး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 10:31


မြန်မာ့အမျိုးသမီးသမဂ္ဂ နှစ် ၃၀ ပြည့်ပြီ

ဧရာဝတီ၊ ဇန်နဝါရီ ၈၊ ၂၀၂၅

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် ဂျဲန်ဒါတန်းတူရေး၊ လူမှုတရားမျှတရေးများအတွက် အဓိကတင်ဆက်နေသည့် Honest Information (HI) သတင်းမီဒီယာ တည်ထောင်ခဲ့မှု ၁၀ နှစ်ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သည်။

BWU ကို ၁၉၈၈ လူထုအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် တောခိုလာကြသည့် တိုင်းရင်းသူ အမျိုးသမီးရဲဘော်များက ဦးဆောင်၍ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူညီမျှရေးတို့အတွက် ရည်ရွယ်ပြီး ၁၉၉၅ ဇန်နဝါရီ ၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

BWU တည်ထောင်ခဲ့သူ ရဲဘော် မိဆူးပွင့်က "နှစ် ၃၀ မှာ ကျမတို့ ဘာလုပ်ခဲ့သလဲမေးရင်တော့ ဒီနေ့လူငယ်တွေ အမြင်တွေ ပြောင်းလာတယ်။ ဒီလိုအမြင်တွေ ပြောင်းလာဖို့အတွက် ကျမတို့က အနှစ် ၃၀ လောက်ပေါ့နော်။ ကျမတို့ပေးဆပ်တယ်။ ပေးဆပ်ပြီးတော့မှ ဒီနေ့ မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းနဲ့ အရှေ့ရောက်အောင် တွန်းတင်လာတယ်ဆိုတဲ့ နေရာမျိုးမှာ ဒါကတော့ ကျမတို့ ဂုဏ်ယူကျေနပ်ရတဲ့အရာတခု ဖြစ်တယ်လို့ပဲ ပြောချင်တယ်" ဟု ဆိုသည်။

နှစ် ၃၀ ပြည့်မှသည် လူသားဆန်သော ရပ်ဝန်းတခုနှင့် ဂျဲန်ဒါတန်းတူညီမျှမှုရှိသည့် လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ရာတွင် ပန်းတိုင်သို့ မရောက်မချင်း ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း BWU က ဆိုထားသည်။

ပုံစာ - BWU နှစ် ၃၀ ပြည့် အခမ်းအနား ပုံရိပ်များ / ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 03:20


ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ စစ်ခေါင်ဆောင်က တော်လှန်ရေးအင်အားစုတွေ လက်နက်ကိုင်တိုက်ပွဲ စွန့်လွှတ်ဖို့ ပြောပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/4h3mdIh
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 02:42


ထိုဥပဒေ၏ ကျယ်ပြန့်သော ပြဋ္ဌာန်းချက်များတွင် VPN အသုံးပြုခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်များကို ကြည့်ရှုသူများ သို့မဟုတ် ထိုသတင်းအချက်အလက်များကို မျှဝေသူများအား ဒဏ်ခတ်ကာ အသုံးပြုသူ အချက်အလက်များကို ကြည့်ရှုရန်၊ အွန်လိုင်း ဝေဖန်သူများကို ဖမ်ဆီးရန်နှင့် အွန်လိုင်း စောင့်ကြည့်ထောက်လှမ်းရန် စစ်ကောင်စီကို အကန့်အသတ် မရှိသော အာဏာပေးသည်။

Website တွင် ဖတ်ရန် https://bit.ly/407mCCL
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Jan, 01:42


တော်လှန်ရေး အောင်မြင်မှုတွေ ပိုပြီးရရှိလာမှာ ကျနော်မြင်နေတယ် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၈၊ ၂၀၂၅

မြန်မာနိုင်ငံအလယ်ပိုင်းမှာ တော်လှန်ရေးအခြေအနေ အရင်ထက်ပိုပြီး မြင်လာရ လိမ့်မယ်လို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်တခုတည်းမှာသာ စစ်ဆင်ရေးလုပ်နေတာမဟုတ်ဘဲ မြန်မာပြည် အလယ်ပိုင်း အပါအဝင် နိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းတွေမှာပါ မဟာမိတ်တပ်တွေရှိနေပြီး တပ်တည်ဆောက် ရေး နဲ့ စစ်ဆင်ရေးတွေကို ကူညီပေးနေတာရှိတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က ဩဂုတ်လထဲမှာ မေးမြန်းထားတဲ့ အင်တာဗျူးကို ကောက်နှုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

https://youtu.be/hSkC0cgHWfQ

The Irrawaddy - Burmese

07 Jan, 14:30


Feminist အယူဝါဒကို နားလည်လက်ခံလာအောင် ကျမတို့လုပ်မယ် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

၁၉၈၈ လူထုအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက် တောခိုလာကြတဲ့ တိုင်းရင်းသူ အမျိုးသမီး ရဲဘော်တွေ ဦးဆောင်ပါဝင် ဖွဲ့စည်းထားတဲ့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့ဟာ ၂၀၂၅ ဇန်နဝါရီလ ၇ ရက်နေ့မှာ နှစ် ၃၀ ပြည့်ပြီ ဖြစ်ပါတယ်။

လူမျိုး၊ ဘာသာ အရောင်အသွေးစုံနဲ့ ဖွဲ့စည်းခဲ့တဲ့ BWU ဟာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ကျား၊ မ တန်းတူရေးအတွက် တိုက်ပွဲဝင်ရင်း ၂၀၂၁ ခုနှစ်မှာ တကြော့ပြန်အာဏာသိမ်းမှုကို ထပ်ကြုံခဲ့ရပါတယ်။

၂၀၂၁ စစ်တပ် အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထက်မှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အခြေအနေတွေ အပေါင်းလက္ခဏာဘက်ကို ဦးတည်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်မှာတော့ ကျဆင်းလာခဲ့ရပါတယ်။

BWU အနေနဲ့ နှစ် ၃၀ ခရီးအလွန်မှာ အာဏာရှင်စနစ်ကျဆုံးရေး အပါအဝင် Feminist အယူဝါဒကို နားလည် လက်ခံလာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

https://youtu.be/jUaNkH5T_Xw
#မြန်မာ #ဧရာဝတီ #မြန်မာ့အမျိုးသမီးသမဂ္ဂ #အမျိုးသမီး #ABSDF #BWU #Feminist
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 14:13


ခိုးထုတ်ခံရတဲ့ဖြစ်စဉ်တွေက တူပြီး အကုန်လုံးက ရတဲ့သူကရ မရတဲ့သူက မရနဲ့၊ အခုသူတို့က ပထမဦးဆုံး ဆိုရှယ်မီဒီယာမှာ အရမ်းပေါက်သွားတဲ့သူတွေကိုပဲ ပြန်လျော်ပြီး နှုတ်ပိတ်လိုက်သလို ဖြစ်သွားတာ။ အဲဒီ အစ်မတွေကိုပဲ ပိုက်ဆံလွှဲပေးတယ်။ လွှဲပေးပြီး ချက်ချင်း ပိုက်ဆံ ပြန်ရပါတယ်ဆိုတဲ့ ပို့စ်ကို တင်ခိုင်းတယ်”

Website တွင် ဖတ်ရန် https://bit.ly/40l0Ywf
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 12:04


အမြန်လမ်းမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဝန်ထမ်းတွေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ရှောင်တခင်ဖမ်းဆီးစစ်ဆေးမှုတွေဆောင်ရွက်နေတဲ့ အောင်ဆန်းမြေ (နတ်မောက်) အဖွဲ့က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ပျော်ဘွယ်လမ်းခွဲမှာရှောင်တခင် ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ ဒီဇင်ဘာလအတွင်းမှာပဲမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးတဦးနဲ့ဇနီးဖြစ်သူ၊ ထောက်ပို့တပ်မှတပ်ကြပ် တဦး၊ ပျူစောထီးတဦး၊ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)စစ်သားတဦးနဲ့ ဗိုလ်ကြီးတဦးရဲ့အမျိုးသမီးဖြစ်သူတဦးတို့ကို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာ စစ်ကောင်စီရဲ့ ဂိတ်တွေအထပ်ထပ်ရှိ နေတဲ့ကြားက တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်ကြားမှာရှိတဲ့ အမြန်လမ်းမိုင်တိုင် ၃၁၈ ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ် မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက ခရီးသွားယာဉ်တွေနဲ့ ခရီးသည်တွေကို စစ်ဆေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

https://youtu.be/nWMYuYP5WWs
#မြန်မာ #ဧရာဝတီ #အမြန်လမ်း #စစ်ကောင်စီဝန်ထမ်း #အောင်ဆန်းမြေနတ်မောက် #မိုင်တိုင်၂၆၂ #နွားထိုးကြီး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 11:37


၂၀၂၅ မှာ နေပြည်တော်ပါ မီးပျက်ပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြို့ပြတွေမှာ လျှပ်စစ်မီးရရှိချိန် တဖြည်းဖြည်းလျှော့နည်းလာရာ ကနေ အခု ၂၀၂၅ ခုနှစ်ဟာ အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကိုသာ လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်ပေမယ့် စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာ နေပြည်တော်မှာတော့ အခမ်းအနားပွဲတွေကို လျှပ်စစ်မီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အလှဆင်ကျင်းပနေတာပါ။

အရင်က ၂၄ နာရီ မီးထိန်ထိန်ညီးနေတဲ့ နေပြည်တော်မှာလည်း အခု ၂၀၂၅ ခုနှစ်ကစတင်ကာ အရပ်သားပြည်သူနေထိုင်တဲ့ရပ်ကွက်တွေမှာ အချိန်ဇယားနဲ့ မီးပေးတဲ့ စနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်ကစတင်ကာ မီးကို အချိန်ဇယားနဲ့ ပေးဝေခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈ နာရီသာ ရရှိတော့မှာဖြစ်ပြီး မီးဖြတ်တောက်မှု အဆိုးဝါးဆုံး ဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။

https://youtu.be/YN9PT5qWMoM
#မြန်မာ #ဧရာဝတီ #လျှပ်စစ်မီး #နေပြည်တော် #ရန်ကုန် #၂၀၂၅
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 10:42


တရုတ်မင်းသား ထိုင်းရဲ လက်ထဲရောက်ပြီ

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

တရုတ်မင်းသား XingXing ကို ထိုင်းရဲတပ်ဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည် လွှဲပြောင်းလက်ခံခဲ့ပြီးနောက် ညတွင်းချင်း ဘန်ကောက်မြို့သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း Thai PBS သတင်းဌာန၌ ဖော်ပြ သည်။

XingXing သည် ဇန်နဝါရီ ၃ ရက်က ထိုင်းနိုင်ငံတွင် ရိုက်ကူးမည့် ဇာတ် ကားအတွက် ရွေးချယ်ခံရပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ် ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့အနီး ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထို့နောက် ယနေ့တွင် ထိုင်း- မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းအတွင်း ၎င်းအား ပြန်လည်တွေ့ရှိခဲ့ကာ မြန်မာဘက်မှထိုင်းဘက်သို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းပျောက်ဆုံးခဲ့ရသည့်အခြေအနေ အသေးစိတ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- PBS

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 08:18


ဂစ်တာဟာ ကျနော်တို့ သေနတ်၊ သီချင်းဟာ ကျနော်တို့ ကျည်ဆံ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်ပယ်စုံ၊ အလွှာစုံက ပြည်သူတွေဟာ လက်နက်ဆွဲကိုင် တွန်းလှန်မှု အပါအဝင် ကျရာကဏ္ဍတွေကနေ နည်းအမျိုးမျိုးနဲ့ တော်လှန်နေကြပါတယ်။ တေးရေး၊ တေးဆို ထက်အောင်ရှိုင်း ကတော့ အာဏာရှင်စနစ်ကို ဂီတနဲ့ တော်လှန်မယ်လို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ထက်အောင်ရှိုင်းကို တော်လှန်ရေး ရန်ပုံငွေပွဲတွေမှာ တွေ့ရသလို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံ၊ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာလည်း အားတက်သရော ပါဝင်နေတာ တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့က တရုတ်သံရုံးရှေ့မှာ ဇန်နဝါရီလ ၃ ရက်နေ့က အနုပညာရှင်တွေ ဦးဆောင်ပြီး တရုတ်အစိုးရကို မြန်မာအရေး ဝင်ရောက် စွက်ဖက်မှုမပြုလုပ်ဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ထက်အောင်ရှိုင်းကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရပ်တည်ချက်၊ လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ က တွေ့ဆုံမေးမြန်းထားပါတယ်။
https://youtu.be/VDfdT1qLZJI

#မြန်မာ #ဧရာဝတီ #ထက်အောင်ရှိုင်း #အာဏာရှင် #ဂီတ #တရုတ်အစိုးရ #ဝါရှင်တန်ဒီစီ #ဆန္ဒပြ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 08:07


မန်းရွှေစက်တော်ဘုရားအနီး ခရီးသွားလာခြင်းမပြုရန် မင်းဘူး PDF သတိပေး

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

စစ်ရေးအခြေအနေများကြောင့် မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားအနီးသို့ ပြည်သူများသွားလာခြင်းမပြုရန် မင်ဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းက ယနေ့ရက်စွဲဖြင့် သတိပေး မေတ္တာရပ်ခံထားသည်။

စစ်တပ်အနေဖြင့် ဒီဇင်ဘာလဆန်းကစတင်၍ မန်းရွှေစက်တော်ဘုရားအနီးသို့ စစ်အင်အားတိုးချဲ့ကာ ခံစစ်ပြင်ဆင်ခြင်း၊ ပေါ်တာဆွဲခြင်းတို့ပြုလုပ်နေသည့်အပြင် ဘုရားအနီးပတ်ဝန်းကျင်ရှိ ပုဒေါင်း၊ ဥယျာဉ်၊ လောက်ပုလဲ၊ ကိုင်းမကြီး၊ တင်ပြင်ခွေ၊ အိုးပြင်မဲ၊ အိုင်းမ၊ လက်ပံတော၊ မဲချောင်၊ ကသက်နှင့် ဘုရားရွာတို့တွင် စစ်ကြောင်းထိုးပြီး ပြည်သူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ မိုင်းထောင်ခြင်းများပြုလုပ်နေကြောင်းလည်း ၎င်းတို့က ပြောထားသည်။

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် အဆိုပါရွာများမှ ပြည်သူတထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် မင်းဘူးမြို့နယ်အတွင်း အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော- အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းတို့အား အသုံးပြုသွားလာခြင်း၊ စစ်တပ်နှင့် ရဲများအနီး နေထိုင်သွားလာခြင်းများမပြုလုပ်ရန်လည်း ၎င်းတို့က မေတ္တာရပ်ခံထားသည်။

မန်းရွှေစက်တော်ဘုရားပွဲရာသီသည် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် တည်းခိုနိုင်သည့်ကျောင်းပေါင်း ၆၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဆောက်လုပ်ကာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။

မန်းရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ်၊ ပဒါန်းဒေသသည် ရခိုင်ရိုးမနှင့်ဆက်စပ်နေပြီး အာရက္ခတပ်တော် (AA) က အမ်းမြို့အား အလုံးစုံသိမ်းပြီးနောက် အမ်း-ပဒါန်းလမ်းပေါ် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဓာတ်ပုံ - CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 06:10


ထိုင်း-မြန်မာနယ်စပ်၌ ပျောက်ဆုံးသွားသည့် တရုတ်မင်းသား ပြန်တွေ့

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်မင်းသား Xingxing ကို ထိုင်းနိုင်ငံ၊ မဲဆောက်နယ်စပ် မြန်မာနိုင်ငံ ဘက်အခြမ်း၌ ပြန်လည်တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီး၊ မိသားစုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုဌာန ဒါရိုက်တာ ထိုင်းရဲချုပ် Thatchai Pitaneelabutr မှ ယနေ့ သွားရောက်ခေါ်ဆောင်နေကြောင်း ထိုင်းသတင်းဌာန Khaosod English က ဖော်ပြသည်။

ဇန်နဝါရီ ၃ ရက်တွင် Xingxing သည် ထိုင်းနိုင်ငံ၌ ရိုက်ကူးမည့် ဇာတ်ကားအတွက် ရွေးချယ်ခံရပြီးနောက် သောကြာနေ့တွင် ရှန်ဟိုင်းမှ ဘန်ကောက်သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း၊ ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးသည့် ကားဖြင့်လိုက်ပါစဉ် ရိုက်ကူးရေးဖွင့်ပွဲသို့ သွားမည့်လမ်းကြောင်းမှ သွေဖည်သွားကြောင်း GPS ခြေရာခံစနစ်က ပြသခဲ့ပြီးနောက် မြန်မာ-ထိုင်းနယ်စပ်အနီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ရုပ်ရှင်မင်းသား Xingxing (Wang Xing) နှင့် နာရီ ၆၀ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်နေကြောင်း ၎င်း၏ ချစ်သူ Jiajia က Sina Weibo တရုတ်လူမှုကွန်ရက်တွင် တနင်္ဂနွေည၌ ဖော်ပြခဲ့ပြီးနောက် ယင်းသတင်းသည် Weibo ၏ ထိပ်တန်းသတင်းတပုဒ် ဖြစ်လာခဲ့သည်။

Xingxing သည် Fox Spirit Matchmaker: Red-Moon Pact၊ The Tale of Rose နှင့် Under The Skin စသည့် တရုတ်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးမင်းသားတဦးဖြစ်ပြီး ၎င်း ပျောက်ဆုံးနေမှုသတင်းသည် တရုတ်ဖျော်ဖြေရေးလောက၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဓာတ်ပုံ - Khaosod English

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 05:50


မြန်မာစစ်တပ်၏ ရက်စက်စွာဖိနှိပ်မှုများ လက်မခံဟု အမေရိကန်နှင့်မဟာမိတ်များ ထုတ်ပြန်

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

မြန်မာစစ်တပ်၏ ပိတ်ပင်မှုများကြောင့် လူအခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးဝါးလာပြီး စစ်တပ်၏ ရက်စက်စွာ ဆက်လက်ဖိနှိပ်နေမှုများအား လက်မခံနိုင်ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် မဟာမိတ်နိုင်ငံများက ယမန်နေ့ရက်စွဲဖြင့် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည်။

နိုင်ငံတဝှမ်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးနေသည့် အရပ်သားများအပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနှင့် ပဋိပက္ခများကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ လူ ၁၅ သန်း ကျော် စားနပ်ရိက္ခာ မလုံလောက်မှု ရင်ဆိုင်နေရကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ကာလဝမ်းရောဂါ အပါအဝင် ရောဂါဖြစ်ပွားမှု မြင့်တက်လာနေချိန် ဆေးဝါးအကူအညီ ပေးပို့မှုများအား ဟန့်တားမှုရှိနေပြီး လိုအပ်နေသူအားလုံးထံသို့ လူသားချင်းစာနာမှုအကူအညီ အပြည့်အဝခွင့်ပြုပေးရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဥပဒေများ လေးစားလိုက်နာရန် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း ၎င်းတို့က တိုက်တွန်းထားသည်။

စစ်တပ်၏ ခွဲခြားမှုမရှိသော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးဒဏ်ရာရစေမှုများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် နေအိမ်များမီးရှို့ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းတို့အပြင် လက်နက် ကိုင်အဖွဲ့အမျိုးမျိုး၏ လူသားချင်းစာနာမှုဆိုင်ရာ ကန့်သတ်ချက်များ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အလွဲသုံးစားလုပ်မှုများ ပါဝင်သည့် ယုံကြည်ရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများပြင်းထန်လာပြီး ရိုဟင်ဂျာများ အပါအဝင် လူမှုအဖွဲ့အစည်းအားလုံး ခံစားနေရသည့် ဒုက္ခများကို အလေးအနက်ထားကြောင်းနှင့် ရိုဟင်ဂျာများ ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံမှုများနှင့် ရက်စက်ကြမ်းကြုတ် သည့် ဆက်ဆံမှုများအား ကိုင်တွယ်ဖြေရှင်းမှုသည် မြန်မာ့အကျပ်အတည်း နိုင်ငံရေးဖြေရှင်းချက်၏ တစိတ်တပိုင်း ဖြစ်ရမည်ဟုလည်း ၎င်းတို့က ဆိုထားသည်။

ပုံစာ - စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူများ / CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

07 Jan, 05:48


၁ နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ် ၇ ဒသမ ၇ ဘီလီယံထောက်ပံ့ခဲ့ဟု NUG ဆို

ဧရာဝတီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားသည့် ကျပ် ၇ ဒသမ ၇ ဘီလီယံအား အကူအညီလိုအပ်သူများထံ လက်ဝယ်အရောက် ထောက်ပံ့နိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။

ကဏ္ဍအလိုက် ထောက်ပံ့မှုအဖြစ် စစ်ဘေးရှောင်များအား ၅ ဘီလီယံကျော် ထောက်ပံ့ခဲ့ပြီး ပြည်သူများအတွက် စားနပ်ရိက္ခာ ကြိုတင်ပြင်ဆင်မှု ကျပ်သန်း ၃၀၊ CDM ဝန်ထမ်းများ အရေးပေါ် လူသားချင်းစာနာမှု အကူအညီ ကျပ် ၈၀ ဒသမ ၃ သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များအတွက် ကျပ် ၄၆ သန်း၊ တိုက်ပွဲအတွင်းကျဆုံးနှင့် ထိခိုက်ဒဏ်ရာရ ရဲဘော်များအတွက် ကျပ် ၄၄၅ သန်း၊ သဘာဝဘေးထိခိုက်ခံစားရသူများအတွက် ကျပ် ၁၂၉၅ သန်း၊ ထိခိုက်လွယ် ပြည်သူများနှင့် မိသားစုများအတွက် ကျပ် ၄ ဒသမ ၅ သန်းနှင့် အထွေထွေလူသားချင်း စာနာမှုအကူအညီ ကျပ် ၆၉၁ သန်းဖြစ်ကြောင်း NUG က ဖော်ပြထားသည်။

တော်လှန်ရေးလျင်မြန်စွာအောင်မြင်ရေးအတွက် ၄ နှစ်တာကာလအတွင်း ဘက်ပေါင်းစုံအကျပ်အတည်းများကြားမှ ကြံ့ကြံ့ခံပါဝင်နေကြသည့် ပြည်သူတဦးချင်းစီအား လေးစားဂုဏ်ယူကြောင်းနှင့် ရှေ့ဆက်ပြီး စစ်အာဏာ ရှင်စနစ် အပြီးတိုင် ချေမှုန်းရာတွင် ညီညွတ်စွာ လက်တွဲဆောင်ရွက်စေလိုကြောင်းလည်း NUG က ဆိုသည်။

ဓာတ်ပုံ- NUG
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 13:28


ထိုင်မျှော်နေရုံ ထိုင်ဆုတောင်းနေရုံနဲ့ မပြီးဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၄

စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၅ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ဆိုပေမယ့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီအနေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ အထွေထွေအကြပ်အတည်းတွေကြောင့် နိုင်ငံတကာက တောင်းဆိုနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး လွတ်လပ်ရေးနေ့မှာ လွတ်မြောက်လာမလားလို့ သတင်းစကားအနေနဲ့ ထွက်ပေါ်လာမှုတွေရှိနေပေမယ့် တကယ်တမ်းမှာတော့ လွတ်မြောက်လာခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလုပ်မယ်ဆိုရင် အရင်ဆုံး မတရားဖမ်းဆီး ထားတဲ့ နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်သူတွေက တောက်လျှောက် တောင်းဆိုနေခဲ့ကြတာပါ။

https://youtu.be/VJmLffPCi3o
#မြန်မာ #ဧရာဝတီ #အတိုင်ပင်ခံပုဂ္ဂိုလ် #သမ္မတ #နိုင်ငံရေးအကျဉ်းသား #လွတ်ငြိမ်း #လွတ်လပ်ရေးနေ့
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 13:24


အမ်းတိုက်ပွဲမှ ပြေးလာသော စစ်သားများကို CDF- အရှို ဖမ်းမိ

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင့်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ရွာအနီးရှိစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဇန်နဝါရီ ၃ ရက်၊ ၄ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်- အရှို (CDF– Asho) က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ စစ်သုံ့ပန်းများထံမှ လက်နက် ၉ လက်၊ ခဲယမ်းများ၊ စစ်အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ဖော်ပြထားသည်။ ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းအတိုင်း ထွက်ခွာလာသော အင်အား ၅၀ ခန့်ရှိ စစ်ကားနှစ်စီးကိုလည်းဇန်နဝါရီ ၃ ရက်က ငဖဲမြို့နယ် ညောင်ကိုင်းရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDF– Asho၊ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းနှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- CDF– Asho

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 12:27


မိသားစုတိုင်းရှင်သန်ဖို့အိမ်နဲ့မကွာပုန်းခိုစို့

မမြင်နိုင်တဲ့နေရာက ကျရောက်လာမယ့် အန္တရာယ်တွေကို ကျမတို့ ဘယ်လိုကာကွယ်ကြမလဲ။ မိသားစုတိုင်းအတွက် “အိမ်နဲ့မကွာ ပုန်းခိုရာ” ဗုံးခိုကျင်း တခု ရှိဖို့တော့လိုလိမ့်မယ်။

ကဲ..ဗုံးခိုကျင်းတခုတူးတော့မယ်ဆိုပါစို့
သင် ဒါတွေ သိထားပြီးပြီလား?

အသေးစိတ်အချက်အလတ်တွေကို အောက်ပါလင့်မှာ ကြည့်နိုင်ပါသည်။
https://t.me/Building_Underground_Shelter_Bot

The Irrawaddy - Burmese

05 Jan, 10:24


ဝက်လက်အရှေ့ခြမ်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးနေရကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁ နာရီ ၅၈ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်များကြား လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့တွင် အုန်းနှဲဘုတ်ရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ယင်းရွာအပါအဝင် အနီးပတ်ဝန်းကျင် ၁၀ ရွာခန့်မှ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဝက်လက်ဒေသခံ တဦးက “မနေ့တုန်းက ဝင်တာတော့ ဆားတောင်ကနေ ထန်းကြီးဘူတာ အဲဒီကနေ ဓားစာခံ နှစ်ယောက်ဖမ်းပြီးတော့ အုန်းနှဲဘုတ်ဘက်ကို ထိုးလာတာပဲ။ ဒီနေ့လည်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်သွားတယ်။ ထိခိုက်မှုကတော့ မသိရသေးဘူး။ အုန်းနှဲဘုတ်ရွာလည်း မီးရှို့ခံထားရတယ်” ဟု ဧရာဝတီကို ပြောသည်။

အုန်းနှဲဘုတ်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်တွင် ဒေသခံများမှာ ကြိုတင် မသိရှိခြင်းကြောင့် ၄၀ ထက်မနည်းပိတ်မိခဲ့ပြီး စစ်ကြောင်းထိုးနေဆဲဖြစ်၍ လတ်တလောအခြေအနေ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကိုင်း၊ ယင်းမာပင်မြို့နယ်မှ ထွက်လာသော အင်အား ၃၀ ခန့်ပါသော စစ်ကောင် စီတပ်ကလည်း ယနေ့ မနက်ပိုင်းတွင် ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာအတွင်းသို့ ဝင်ရောက်၍ မီးရှို့နေကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်ကလည်း စစ်ကောင်စီက စစ်ကိုင်းမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတချို့ရှိကြောင်း အထက်ပါဒေသခံက ဧရာဝတီသို့ ပြောသည်။

ဓာတ်ပုံ- CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 09:02


အီလွန်မတ်စ် (Elon Musk) ရဲ့ EV ကားကုမ္ပဏီ တက်စ်လာ (Tesla) က ၂၀၂၄ အတွင်း တရုတ်မှာ ကားအစီးရေ ၆ သိန်း ၅ သောင်း ၇ ထောင် (၆၅၇,၀၀၀) ကျော် ရောင်းချ နိုင်ခဲ့ပြီး ရောင်းအား စံချိန်တင် မြင့်တက်ခဲ့တယ်လို့…

Website တွင် ဖတ်ရန် https://bit.ly/3BWj12k
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 07:15


တိုက်ပွဲပြင်းထန်၍ တနင်္သာရီ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း ဖြတ်သန်းခွင့် ပိတ်

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ် တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ကြား တိုက်ပွဲများပြင်းထန်နေသော ကြောင့် တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတလျှောက် ရေဖြူကျေးရွာမှ သဲဖြူကျေးရွာအထိ လမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဇန်နဝါရီ ၄ ရက်နေ့ ရက်စွဲဖြင့် BLACK COBRA COLUMN က ထုတ်ပြန်ထားသည်။

ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး အဆိုပါ လမ်းပိုင်းတွင် မည်သည့် မော်တော်ယာဉ်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန်နှင့် သဲဖြူကျေး ရွာမှ မောတောင်နယ်စပ်အထိ ဒေသခံများမှအပ ပြင်ပခရီးသွားဧည့်သည်များအနေဖြင့်လည်း အသုံးပြုသွားလာခြင်းမပြုရန်၊ သွားလာလို့ရသည့်အချိန်အား ကြေညာချက် ထပ်မံ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး မောတောင်မြို့သည် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်၊ ပရာကျွတ်မြို့နယ် ဒန်းဆင်းခွေန်ကျေးရွာရှိ ဆင်းခွန်နယ်စဂိတ်နှင့် နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်နေသော နယ်စပ်ဂိတ်ရှိရာ မြို့လည်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ကျော်ဖြင့် တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာမှစ၍ စစ်ကြောင်းထိုးခဲ့ပြီး ဒီဇင် ဘာ၂၁ ရက်ကလည်း တနင်္သာရီ- မောတောင်လမ်းပိုင်းပေါ်ရှိ သိန်ခွန်းရွာ၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဓာတ်ပုံ- BLACK COBRA COLUMN/တနင်္သာရီတိုင်းစစ်ဌာန

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 06:25


ပဲခူး၊ သာယာဝတီခရိုင်တပ်ရင်း ၃ သင်တန်းဆင်းပွဲပြုလုပ်

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ်၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ယနေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ဓာတ်ပုံ- NUG

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

05 Jan, 06:16


အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်ပါသည့် ထိုင်းနိုင်ငံသား ၁၅၁ ဦး စစ်ကောင်စီ ပြန်လွှဲ

ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၅

မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများအတွင်း ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၁၅၁ ဦးကို ယမန်နေ့တွင် ချင်းရိုင်၊ မယ်ဆိုင်နယ်စပ်မှတဆင့် ထိုင်းအာဏာပိုင်များထံသို့ စစ်ကောင်စီက လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။

ပြန်လွှတ်ပေးသူများထဲတွင် ထိုင်းအမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၇၇ ဦးတို့ ပါဝင်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် ထိုင်းရဲတပ်ဖွဲ့ အကြီးတန်းအရာရှိများနှင့် စစ်ကောင်စီတို့ဆွေးနွေးခဲ့ကြောင်း Khaosod သတင်းက ဆိုထားသည်။

ယခု လွှဲပြောင်းသူများအား ရာဇဝတ်မှုလုပ်ငန်းများတွင် ဆန္ဒအလျောက် ပါဝင်သူ၊ အဓမ္မလူကုန်ကူးခံရသူ အစရှိသဖြင့် ခွဲခြားနိုင်ရန် အသေးစိတ်စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး ပါဝင်သူများ၏ အသေးစိတ် မှတ်တမ်းများကိုလည်း ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Gen.Thatchai က ပြောသည်။

၎င်းတို့အား ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကာ စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်ပြီး ယင်းနေ့တွင် ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၈၀ ဦးကို ပြန်လွှတ်ပေးကြောင်း သိရသည်။

သို့သော် ထိုင်းအစိုးရ တောင်းဆိုထားသည့် ထိုင်းငါးဖမ်းသင်္ဘောသား ၄ ဦးကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့် ညှိနှိုင်းနေကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-khaosod

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

04 Jan, 05:48


တိုင်းရင်းသားခေါင်းဆောင်များနှင့် အခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သူအပါ ၂၄၉ ဦးအား လူမှုထူးချွန်ဆု ပေး

ဧရာဝတီ၊ ဇန်နဝါရီ ၄၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီ ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွင် ပါဝင်ခဲ့သော တိုင်းရင်းသားနိုင်ငံ ရေးခေါင်းဆောင်များဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ မွန်တိုင်ရင်းသားခေါင်းဆောင်များဖြစ်သည့် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကအပါအဝင် အမျိုးသားညီလာခံ ကိုယ်စားလှယ် ၂၄၉ ဦးကို ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်) ပေးအပ်ခဲ့သည်။

လူမှုထူးချွန်တံဆိပ်သည် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းခြင်း၊ လူမှုရေး လုပ်ငန်းအရပ်ရပ်တွင် စံပြုလောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်သည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ခေါ်ယူခဲ့ကာ ၁၄ နှစ် အကြာ ၂၀ဝ၈ ခုနှစ်တွင် ညီလာခံကို ကျင်းပပြီးစီးခဲ့ပြီး ၂၀၀၈ ခုနှစ် မေ ၁၀၊ ၂၄ ရက်နေ့များတွင် အခြေခံဥပဒေ မူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

နိဒါန်း နှင့် အခန်း (၁၅) ခန်းပါဝင်ပြီး မြန်မာဘာသာဖြင့် စာမျက်နှာ (၁၉၄) မျက်နှာ ပါရှိသော အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ တတိယမြောက်အခြေခံဥပဒေဖြစ်ကာ ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် တရားဝင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အခြေခံဥပဒေနှင့် မလျော်ညီစွာ အရပ်သားအစိုးရထံမှ စစ်အာဏာသိမ်းခဲ့သော်လည်း စစ်ကောင်စီသည် ယနေ့အထိ အခြေခံဥပဒေအား ဆက်လက် ဆွဲကိုင်ထားဆဲဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

04 Jan, 05:45


အနုပညာရှင်တွေဦးဆောင်ပြီး တရုတ်အစိုးရကိုဆန္ဒပြ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၄၊ ၂၀၂၅

တရုတ်အစိုးရအနေဖြင့် မြန်မာ့အရေး ပါဝင်စွက်ဖက်နေမှုရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေကြသည့် မြန်မာအနုပညာရှင်များဦးဆောင်ပြီး ဇန်နဝါရီလ ၃ ရက်နေ့က ဝါရှင်တန်ဒီစီမြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲသို့ အဆိုတော်ရန်ရန်ချမ်း၊ အဆိုတော် ကျော်သီဟ၊ အဆိုတော် ထက်အောင်ရှိုင်း၊ အဆိုတော်လီရို၊ တေးရေးတေးဆို လင်းနစ်နှင့် တေးရေးတေးဆို ကိုလင်းထက်တို့ပါဝင်ခဲ့ကြသည်။ ဆန္ဒပြ ပွဲစတင်ပြီး မိနစ် ၃၀ ခန့်အကြာတွင် နှင်းမိုးများရွားသွန်းလာသော်လည်း ရပ်တန့်မသွားပဲ ဆက်လက်ဆန္ဒပြခဲ့ကြသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူအများစု၏ ဆန္ဒကို လစ်လျူရူ၍ အာဏာသိမ်း စစ်ကောင်စီဖက်မှ ရပ်တည်ပေးနေမှုများကို ရပ်တန့်ရန်ပေးရန်အတွက် သံပုံးတီး၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း တေးရေး၊ တေးဆို လင်းထက် က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပစ်ရပ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် အထောက်အပံ့ မပြုကြရန် ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
https://youtu.be/T_kWxlGG7Ho

#မြန်မာ #ဧရာဝတီ #အနုပညာရှင် #အမေရိကန် #တရုတ် #ဆန္ဒပြ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

04 Jan, 04:38


လွတ်လပ်ရေးနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

ဧရာဝတီ၊ ဇန်နဝါရီ ၄၊ ၂၀၂၅

၇၇ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့သလို ထောင်ဒဏ် တသက်ကျခံနေရသူ ၁၄၄ ဦးကိုလည်း ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးနောက် အင်းစိန်ထောင်ရှေ့၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်စောင့်ဆိုင်းနေကြသူ များကို တွေ့ရသည်။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှ သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်း၊ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုသူများထဲတွင် ပါဝင်သူများအား ဧရာဝတီက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ပုံစာ- ယနေ့ နံနက် အင်းစိန်ထောင်ရှေ့မြင်ကွင်း/ IRW
#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

04 Jan, 04:33


ပြည်သူတွေက ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိတာကြောင့် သန်းခေါင်စာရင်း ကောက်ခံသူတွေဟာ သူတို့ လုံခြုံရေးကို စိုးရိမ်ပြီး တအိမ်တက်ဆင်း မသွားနိုင်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည် မရှိလို့ တိကျတဲ့အဖြေ မပေးတာကြောင့် သန်းခေါင်စာရင်း အချက်အလက်တွေ မတိကျပါဘူး။

Website တွင် ဖတ်ရန် https://bit.ly/4a2LJv2
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

04 Jan, 03:40


တပ်မတော်နှင့်မျိုးချစ်များ၏ တရားသောစစ် အောင်မြင်ရေး ပြည်သူများ ဝိုင်းရံပေးရန် စစ်ခေါင်းဆောင် တိုက်တွန်း

ဧရာဝတီ၊ ဇန်နဝါရီ ၄၊ ၂၀၂၅

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရား ကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်မှုများသည် နိုင်ငံတော်ကို အားအင် ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်သောကြောင့် မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူတရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ” (We are Myanmar) ဟူသော စိတ်၊ တသွေးတသားတည်း စည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချ ဆောင်ရွက်ကြရပါမည်ဟုလည်း ၎င်း ကဆိုသည်။

နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်၊ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများ အပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောသွားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

02 Jan, 12:36


ရခိုင်ပြည်နယ်နှင့် ပြည်မကို ဆက်သွယ်သည့် တောင်ကုတ်တောင်ကြားလမ်းပေါ်တွင် ညောင်ကျိုးဂိတ်မှာ အရေးပါသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး၊ ထိုမှဆင်းလာပါက ရခိုင်ရိုးမအခြေ ပဲခူးတိုင်းပန်းတောင်းမြို့နယ် ညောင်ခြေထောက်၊ ဆင်တဲ၊ ကမြိုင်၊ ကျောက်ဖူး၊ ထုံးဘိုစသည့်ဒေသများတွင် ကပစ(၃)၊ ကပစ (၅၊ ကပစ(၆)၊ ကပစ(၉ )၊ ကပစ ၁၆) စစ် လက်နက် ပစ္စည်း စက်ရုံများရှိပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရ လက်ထက်ကတည်းက တည်ထားသည့် အကြီးစား စက်မှုလက်မှု စက်ရုံများလည်း ရှိသည်။ ထိုအပြင်ဥသျှစ်ပင်မြို့ လမ်းဆုံမှ ပုသိမ်- မုံရွာလမ်းအတိုင်း ကြို့ပင်၊ ပဒါန်း စသည့် ရွာများမှ မင်းဘူးမြို့နယ်သို့ သွားရောက်နိုင်သည်။

Website တွင် ဖတ်ရန် https://bit.ly/4jaXwvE
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

02 Jan, 11:52


ပိုပြီး စစ်မှန်တဲ့ ခါရာ ကိုမြင်ရလိမ့်မယ် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၊ ၂၀၂၅

တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူပြီး ပြည်သူလူထုအပေါ် ရာဇဝတ်မှုမျိုးစုံကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက်နေကြသူတွေဟာ လူထုအပေါ် တကယ်စေတနာရှိသူတွေမဟုတ်ဘူးလို့ ရုပ်ရှင်သရုပ်ဆောင် ခါရာ က ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

ခါရာ ဟာ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး လွတ်လပ်တဲ့ ဆန်းသစ်တီထွင်မှုတွေကို အားသန်တဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေမှာလည်း ထင်ထင်ရှားရှား ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီအကြောင်းတွေအပါအဝင် အာဏာရှင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေအပေါ် ခါရာ ရဲ့ သဘောထားမှတ်ချက်တွေကို ဧရာဝတီရဲ့ အယ်ဒီတာ ငြိမ်းငြိမ်း က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

https://youtu.be/L6ezt3AWeTs
#မြန်မာ #ဧရာဝတီ #ခါရာ #အာဏာရှင် #စစ်တပ် #ရုပ်ရှင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

02 Jan, 11:03


MNDAA ထိန်းချုပ်ဒေသ သိန္နီမြို့အား လေကြောင်း ဗုံးကြဲ

ဧရာဝတီ၊ ဇန်နဝါရီ ၂၊ ၂၀၂၅

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်ထာသော သိန္နီမြို့၌ ယခု ၂၀၂၅ ခုနှစ်အစ ဇန်နဝါရီလ ၁ရက် ည ၁၁ဝန်းကျင်၌ စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ကြောင်း သိရသည်။

ဗုံးကြဲခံခဲ့ရသောနေရာသည် ၄ကြိမ်နှင့်အထပ် အကြိမ်ကြိမ် ဗုံးကြဲခံရသော နေရာဖြစ်ကာ အနီးတဝိုက်ရှိ နေအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

" အဲဒီနေရာကို လာကြဲတာ ၅ခါလောက်ရှိပြီ၊ ညတုန်းကလည်း နိမ့်နိမ့်လေးပျံပြီးတော့ လာကြဲသွားတာ၊ လူထိတာတော့ မရှိဘူး။ အနီးအနားမှာရှိတဲ့ အိမ်တွေပဲ ပျက်သွားတာ'' ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

သိန္နီမြို့ ရုရှန် ဟိုတယ်၌ MNDAAတပ်သားများ နေထိုင်သောကြောင့် ဗုံးလာရောက်ကြဲခြင်းဖြစ်သော်လည်း ဗုံးမှာ ဟိုတယ်အပေါ် ကျရောက်ခြင်းမရှိဘဲ အနီးအနားရှိ အရပ်သားနေအိမ်များသာ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်ရပ်ကာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်နေချိန်တွင် စစ်ကောင်စီက ယင်းသို့ MNDAA ထိန်းချုပ်ဒေသအား ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“သတင်း-CJ”
ပုံစာ- စစ်တပ် ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသော မြင်ကွင်း/ CJ


#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

02 Jan, 10:26


စစ်ကောင်စီတပ်တွေ လက်နက်ချဖို့ NUG ယာယီသမ္မတတိုက်တွန်း (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၊ ၂၀၂၅

ဂုဏ်သိက္ခာကျဆင်းနေတဲ့ စစ်တပ်ကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် စစ်ကောင်စီတပ်သားတွေ လက်နက်ချ ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီမိန့်ခွန်းမှာ သမ္မတကြီးက အာဏာသိမ်းစစ်တပ်ကို မြန်မာ့တပ်မတော်လို့ သုံးနှုန်းခေါ် ဝေါ်ခဲ့ပြီး ရာဇဝတ်သား မင်းအောင်လှိုင် နဲ့ အကြမ်းဖက်အုပ်စုအတွက် အသက်မပေးဖို့ ပြောဆိုလိုက်တာပါ။

ဒီလိုမျိုးလက်နက်ချပြီးပြည်သူ့စစ်သားအဖြစ် ပြည်သူ့ဘက်ကိုပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အသက်နဲ့လုံခြုံရေးကိစ္စအဝဝကိုလည်း NUGအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် အာမခံတယ်လို့ လည်းဆက်ပြောထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးမှာအကြီးအကျယ် ရှုံးနိမ့်နေပြီး မြို့ပေါင်း ၉၀ ကျော်ကို လက်လွတ်ဆုံးရှုံးထားရပြီဖြစ်ပါတယ်။

https://youtu.be/syZt-jdXJ1I
#မြန်မာ #ဧရာဝတီ #NUG #ဒူဝါလရှီးလ #နှစ်သစ်ကူးမိန့်ခွန်း #လက်နက်ချ #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

02 Jan, 10:23


မိတ်ဆွေတို့ရေ... လေကြောင်းတိုက်ခိုက်မှုတွေကို သာမာန်မိသားစုတွေအနေနဲ့ ကာကွယ်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် အခုလိုအချိန်မှာ အိမ်တိုင်းမှာ ခိုလှုံစရာနေရာလေး တစ်ခုတော့ ကြိုတင်ပြင်ဆင်ထားဖို့ မရှိမဖြစ် လိုအပ်နေပါပြီ။ ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေကို ဒီဗီဒီယိုလေးကို မျှဝေထားခြင်းအားဖြင့် သူတို့ရဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။

Telegram Channel မှာလည်း ထပ်မံ့ မျှဝေပေးသွားမှာဖြစ်လို့ အခု Link ကနေ Join ထားကြဖို့ မမေ့နဲ့နော်။
https://t.me/Building_Underground_Shelter_Bot

မိသားစုတိုင်းရှင်သန်ဖို့
အိမ်နဲ့မကွာပုန်းခိုစို့
#Shelter #Myanmar #DVB #ဗုံးခိုကျင်း

The Irrawaddy - Burmese

02 Jan, 09:53


မင်္ဂလာပါ မိတ်ဆွေတိုရေ။
အခုလို အရေးကြီးတဲ့ အချိန်မှာ ကိုယ့်မိသားစုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို အရမ်းအရေးကြီးလာပြီနော်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို အရေးပေါ်ခိုလှုစရာ နေရာလေးတွေ ဘယ်လိုဆောက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
လူတိုင်း လွယ်လွယ်ကူကူ နားလည်အောင်လို ရုပ်ပုံတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ ဒီအတိုင်း တစ်ဆင့်ချင်းစီ လုပ်သွားရင် မိသားစုအတွက် စိတ်ချရတဲ့ ခိုလှုစရာနေရာ တစ်ခု ရရှိမှာပါ။
အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တိုရဲ့ Telegram Channel မှာ ဆက်တင်ပေးသွားမှာမို အောက်က Link လေးကနေ Join ထားပေးကြပါဦးနော်။
https://t.me/Building_Underground_Shelter_Bot
 
မိသားစုတိုင်းရှင်သန်ဖိုအိမ်နဲ့မကွာပုန်းခိုစို

The Irrawaddy - Burmese

31 Dec, 11:31


ကိုးကန့် မင်မိသားစုကို ရာဇဝတ်မှုများဖြင့် တရုတ် စွဲချက်တင်

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး တစိတ်တပိုင်းအဖြစ် အွန်လိုင်းလိမ်လည်မှုအပါအဝင် လူသတ်မှုတို့ဖြင့် ကိုးကန့်သူဌေးကြီး ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း မင်ရွှေချမ်း (ခ) မင်ရှောက်ချမ်း၏သားနှင့်သမီး၊ မြေးတို့အပါအဝင် လူပေါင်း ၄၀ ခန့်ကို တရုတ်အာဏာပိုင်များက တရားစွဲဆိုလိုက်ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်း၌ ဖော်ပြထား သည်။

အဆိုပါ မင်မိသားစုမှသားဖြစ်သူ မင်ကော်ဖျင်၊ သမီးဖြစ်သူ မင်ကျူးလျန့်၊ မြေးဖြစ်သူ မင်ကျိမ်းကျိမ်းတို့သည် လိမ်လည်မှု၊ လူသတ်မှု၊ ရည်ရွယ် ချက်ရှိရှိဖြင့် လူများကို ထိခိုက်စေမှု၊ တရားမဝင် ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်း တည်ထောင်ခြင်း၊ မူးယစ်မှောင်ခိုကုန်ကူးခြင်းတို့ဖြင့် တရုတ်အာဏာပိုင်များက ယမန်နေ့တွင် ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျို့မြို့နယ်တရားရုံး၌ တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ယင်းတရားစွဲဆိုမှုတွင် မင် မိသားစုအပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့ အားလုံးသည် သိန်းနှင့်ချီသောလူများကို နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ လှည့်ဖြားပြီး ရွှေတြိဂံ ဟု ခေါ်သော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ရန် အတင်းအကျပ်လုပ်ဆောင်ခဲ့ကြောင်း သတင်း၌ ဖော်ပြထား သည်။

မင် မိသားစုသည် ကိုးကန့်ဒေသ၏ အချမ်းသာဆုံးအကြီးအကဲ မိသားစုငါးစုထဲမှ တစုဖြစ်ပြီး မင် ရှောက်ချမ်း၏ သား မြီကော်ဖျင်၊ သမီးဖြစ်သူ မင်ကျွီလန်နှင့် မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီက လောက်ကိုင်မြို့တွင် ဖမ်းမိခဲ့ကာ တရုတ်ဘက်သို့ ရန်လုံကျိုင်းဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့သည်။ ဖမ်းဆီးခံရစဉ် မင်ရှောက်ချန်းမှာ ၎င်းကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်၍ အဆုံးစီရင်သွားခဲ့သည်။

ယခု ဖမ်းဆီးတရားစွဲဆိုခံရသူ မင်ကော်ဖျင်သည် ကိုးကန့်ဒေသပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ပြီး ဖမ်းဆီးမခံရမီက နေပြည်တော်တွင် ပြုလုပ်သော၂၀၂၃ ခုနှစ် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သလို စစ်ခေါင်းဆောင်နှင့်လည်း နီးစပ်သူ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ပြီး တရုတ်- မြန်မာနှစ်ဖက်စလုံးမှ နယ် စပ်ဖြတ်ကျော်ဂိုဏ်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေချိန်အတွင်း မြန်မာဘက်မှအွန်လိုင်းလိမ်လည်မှုတွင် သံသယရှိသူ ၃ သောင်းကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းထားပြီး အွန်လိုင်းလိမ်လည်မှုများမှ တရက်လျှင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည်ဟု သိရကြောင်း တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြထားသည်။

ဓာတ်ပုံ- CCTV, SCMP

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Dec, 11:29


စစ်ကောင်စီကို ဖြိုဖျက်ရန် စစ်မျက်နှာပေါင်းစုံမှတိုက်ထုတ်နေဟု NUG ယာယီသမ္မပြော

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းလမ်းအရ ဖြိုဖျက်သည့်နေရာတွင် စစ်မျက်နှာပေါင်းစုံမှ တော်လှန်တိုက်ထုတ်နေကြခြင်းဖြစ်ပြီး ယင်းသို့ တော်လှန်တိုက်ထုတ်ရာ၌ ချင်းညီနောင်အနေဖြင့်လည်းနိုင်ငံ၏ အနောက်မြောက်ဘက် ဧရိယာများအား စိုးမိုးထိန်းချုပ်၍ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ကျရောက်သည့် ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား၌ ပြောသည်။

ယခုလို နိုင်ငံတခုလုံး၏ အနောက်မြောက်ဘက်ဧရိယာများ စိုးမိုးထိန်းချုပ်ပြီး စစ်ကောင်စီကို ချေမှုန်းနိုင်ခြင်းသည် လက်နက်ကိုင်တော်လှန်ရေးတွင် ထိရောက်သည့် စစ်ရေးတာဝန်များကို အပြည့်အဝ ကွပ်ကဲနိုင်ခြင်းဆိုသည့် ပြယုဂ်ဖြစ် သည်ဟု ယုံကြည်ကြောင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ချင်းတို့၏ လက်နက်ကိုင်တော်လှန်ရေး အားလုံးစုစည်း ညီညွတ်မှုအပေါ် အခြေခံပြီး အောင်မြင်ထမြောက်လာခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း ယာယီသမ္မတက ဆိုသည်။

တဖက်တွင်လည်း ချင်းပြည်နယ်နှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်အပါအဝင် မြေလတ်ဒေသနှင့် ပြည်မဒေသများအထိ စစ်ရေးချိတ်ဆက်မှုအလှမ်းမီအောင် လုပ်ဆောင်နိုင်ခြင်းမှာ နွေဦးတော်လှန်ရေးအတွက် အဓိက အင်အားတခုဖြစ်ပြီး ချင်း ညီနောင်၏ မဟာမိတ်စစ်ရေးတပ်ပေါင်းစုသည် တနေ့ထက်တနေ့ စုစည်းကျစ်လစ်မှုအားကောင်းစေရန် မျှော်လင့်ကြောင်း လည်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးသည် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေး မဟာဗျူဟာနှင့်တော်လှန်ရေး အင်အားစုများကြား စုစည်းညီညွတ်မှု ခိုင်မာအားကောင်းမှုအပေါ်တွင် အများကြီးမူတည်နေပြီး NUG အနေဖြင့်လည်း ချင်းအမျိုးသားများ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်း အားဖြည့် ကူညီရန်အမြဲအသင့်ရှိနေကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

လက်ရှိ နွေဦးတော်လှန်ရေးလှုပ်ရှားမှုသည်အဆင့်တဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေသည့် ဖြစ်စဉ်ထဲသို့ ရောက်နေ ပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ-NUG

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Dec, 11:29


စစ်ကောင်စီ၏လက်နက်ဝယ်ယူရေး၌ ထိုင်းဘဏ်များမကူညီခဲ့ဟု ငြင်းဆို

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

စစ်ကောင်စီအား လက်နက်ဝယ်ယူနိုင်ရန် ထိုင်းဘဏ်များ ကူညီပေးနေကြောင်းပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ထုတ်ပြန်သည့် ကုလသမဂ္ဂ၏အဆိုပြုချက်နှင့်ပတ်သက်၍ သက်သေအထောက်အထားမတွေ့ရှိရကြောင်း ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့တို့က ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ အစီရင်ခံစာ၌ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီအတွက် လက်နက်နှင့်စစ်ရေးဆိုင်ရာပစ္စည်းများဝယ်ယူရာတွင် ထိုင်းနိုင်ငံရှိ ဘဏ်တချို့က ကြားခံချိတ်ဆက်ပေးသည့်နေရာတွင်ရှိနေကြောင်း၊ လက်နက်ဝယ်ယူရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိရာမှ ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၂၀ ကျော်အထိ ထိုင်းဘဏ်များမှတဆင့် လွှဲပြောင်းပေးချေခဲ့သောကြောင့် နှစ်ဆတိုးလာကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ်ပြန်သည့် သေမင်း တမန်ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ် ငန်းများ အစီရင်ခံစာ၌ ဖော်ပြထား သည်။

ယင်းနှင့်ပတ်သက်၍ ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ၏၂၀၂၄ ခုနှစ်အစီရင်ခံစာအပြီး အချို့သော လွှဲပြောင်းမှုများကို ပြန်လည်သုံးသပ်ရန် ဘဏ္ဍာရေးအဖွဲ့ အစည်းများကို ညွှန်ကြားခဲ့ကြောင်း၊ အစီရင်ခံစာအရဖော်ပြထားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းတချို့မှာ ငွေကြေး လွှဲပြောင်းမှုများပြုလုပ်ခဲ့သည်ကိုတွေ့ရှိခဲ့သော်လည်း ယင်းလွှဲပြောင်းမှုသည် လက်နက်ဝယ်ယူရေးနှင့် ဆက်စပ်သည့် အထောက်အထားမတွေ့ရကြောင်း ထိုင်းအာဏာပိုင်များပြောဆိုထားသည်ဟု ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြထားသည်။

ထိုင်းဘဏ်များသည် လုပ်ထုံးလုပ်နည်းများကို တင်းတင်းကျပ်ကျပ်လိုက်နာနေသော်လည်း ဘဏ္ဍာရေးကြီးကြပ်မှုအပိုင်း၌ လိုအပ်ချက်များရှိနေသေးကြောင်းလည်း ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- CINCDS
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Dec, 11:28


နှစ်ကူး မူးယစ်ဆေးဝါးနှင့်ပျော်ပါးကြမည့် ရန်ကုန်ပါတီပွဲများ

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားသစ်စုဆောင်းနေသောကြောင့် မြန်မာလူငယ်တွေကြား သတိနှင့်သွားလာနေရချိန်တွင် ရန်ကုန်မြို့၌ နယူးရီးယားပါတီပွဲများအား စည်စည်ကားကားကျင်းပရန် ပြင်ဆင်ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့၏ နယူးရီးယားပွဲတော်အား အဓိကကျင်းပသည့်နေရာ ၃ ခုရှိပြီး အထူးသဖြင့် စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်း၊ ၎င်းတို့နှင့် ပတ်သက်သောလုပ်ငန်းရှင်များအတွက် ရည်ရွယ်ကျင်းပသည့်ပွဲဟုလည်း ပြောဆိုကြသည်။

ရန်ကုန်မြို့၏၂၀၂၄ ခုနှစ် နယူးရီးယားပွဲများထဲတွင် ကျိုက္ကဆံကွင်းတွင် နယ်သာလန်အခြေစိုက် Yellow Claw DJ အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးနှင့် ပြည်တွင်းအနုပညာရှင်များက ဖျော်ဖြေမည်ဟု ကြေညာထားသည်။ အဆိုပါ Yellow Claw အဖွဲ့ဝင် DJ သမားနှစ်ဦးအတွက် ဌားရမ်းခမှာ ဒေါ်လာ ၇ သိန်းကျော်ပေးရနိုင်သည်ဟု အနုပညာပွဲများစီစဉ်ပေးသည့် ပွဲစီစဉ်သူတဦးက ပြောသည်။

အဆိုပါ ပွဲဝင်ကြေးမှာ ရိုးရိုးတန်းအတွက် ကျပ်ငွေ ၃ သောင်းရှိပြီး VIP တန်းအတွက် လက်မှတ်ခမှာ တဦးလျှင် ၅ သောင်းဖြစ်သည်။ VVIP အတွက် လက်မှတ်ခများကို မကြေညာထားသော်လည်း လူ ၅ ယောက် မှ ၆ ယောက်ထိ ထိုင်နိုင်သည့်တဝိုင်းလျှင် ကျပ်သိန်း ၁၀၀ မှ ၁၅၀ ကြား ပေးရသည်ဟု ဆိုသည်။

အဆိုပါဝိုင်းများတွင် မူးယစ်ဆေးဝါးများဖြစ်သော K၊ E နှင့် Happy Water များအား ရောင်းချပေးကြောင်းလည်း အမည်မဖော်လိုသူတဦးက ပြောဆိုသည်။

Happy Water က တထုပ်ကို ၇ သိန်းပေးရတယ် ၅ ယောက် သောက်လို့ရတယ်။ K က 1 gm ကို ၇ သောင်းခွဲ K က 1gm ကို တယောက်ပဲ သောက်လို့ရတယ်။ တညကို 5 gm လောက် သုံးရတယ်။ E ကတော့ တလုံးကို ၆ သောင်းပဲရှိတယ် ဟု နယူးရီးယားည ကျိုက္ကဆံကွင်းတွင် ရောင်းချသည့် မူးယစ်ဆေးဝါးဈေးနှုန်းများကို သိနေသူတဦးက ဆိုသည်။

ထို့ကြောင့်လည်း နိုင်ငံခြားသား DJ များအား ဌားရမ်းဖျော်ဖြေပေးနိုင်တာခြင်းဖြစ်ပြီး အဆိုပါပွဲများသို့ စစ်ဗိုလ်ချုပ် သားသမီးများနှင့် ၎င်းနှင့်ပတ် သက်သော အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင်များ၏ သားသမီးများ လာရောက်ကြသည်။

ရန်ကုန်မြို့တွင် ကျိုက္ကဆံ နယူးရီးယားပွဲကဲ့သို့ နောက်ထပ်နာမည်ကြီး နယူးရီးယားပွဲမှာ Eastern Yangon Event Park ပွဲဖြစ်ပြီး ထိုင်ဝမ်မှ DJ အနုပညာရှင်နှစ်ဦးနှင့် ပြည်တွင်းမှအနုပညာရှင်အချို့ ပေါင်းစပ်ဖျော်ဖြေမည်။ အဆိုပါပွဲအတွက် ဝင်ကြေးမှာ ရိုးရိုးတန်းအတွက် လက်မှတ်တစောင်လျှင် ကျပ် ၆၀၀၀ နှင့် VIP လက်မှတ်တစောင်လျှင် ၉၀၀၀ သတ် မှတ်ထားသည်။ အဆိုပါ နယူးရီးယားပါတီပွဲအား ဒုဗိုလ်ချုပ်ကြီးဟောင်းတဦး၏ သားမှ စီစဉ်သည်ဟုလည်း ဧရာဝတီ သတင်းရင်းမြစ်တဦးက ဆိုသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်အောက်ထပ်တွင် ဖွင့်လှစ်ထားသော Safe House ကလပ်တွင်လည်း နိုင်ငံခြားသား DJ အနုပညာရှင်များနှင့် ဖျော်ဖြေမည်ဖြစ်သည်။ ထို့ပြင် မြန်မာပလာဇာအပေါ်ထပ်တွင် ကျင်းပမည့် တွင်လည်း နိုင်ငံခြားသား DJ အနုပညာရှင်များ ဖျော်ဖြေမည်ဖြစ်သည်။

ဒီလိုဈေးကြီးတဲ့ပွဲတိုင်းမှာ မူးယစ်ဆေးဝါးရောင်းတယ်။ မူးယစ်ဆေးဝါးမသုံးဘဲနဲ့လဲ တညလုံး မကျနိုင်ဘူး ဟု လူငယ် တဦးက ဆိုသည်။

ထို့ပြင် နယူးရီးယားပါတီပြီးသည့်အခါ KTV များတွင် ဆက်လက် ပျော်ပါးလေ့ရှိကြပြီး နယူးရီးယားညအတွက် KTV တနာရီ အခန်းဌားခမှာ ကျပ် ၇ သိန်းမှ ၁၀ သိန်းထိရှိသည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ KTV ဆိုင်များတွင်လည်း မူးယစ်ဆေးဝါးများအား ဝယ်ယူသုံးစွဲနိုင်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိလုပ်ပိုင်ခွင့်ရရှိထားသူများ ငွေကြေးများစွာ ချမ်းသာလာကြသည်။ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေပြဋ္ဌာန်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သည်ပင် ပိုမိုချမ်းသာလာကြကြောင်း သိရသည်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များ ညမထွက်ရဲသည့်အခြေအနေတွင် စစ်တပ်နှင့် ပတ်သက်သော အသိုင်းအဝိုင်းမှာမူ နယူးရီးယားပါတီ၌ လွတ်လပ်စွာပျော်ပါးကြမည် ဖြစ်သည်။

ပုံစာ- ရန်ကုန်မြို့ရှိ နယူရီးရားပျော်ပွဲရွှင်ပွဲပါတီတခု/ YC FEST
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Dec, 11:27


၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံး

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း အကျဉ်းသား ၃၁ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်သည်။

PPNM က ကောက်ယူထားသည့်စာရင်းများအရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးမှာ ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရပြီး၊ ၂၂ ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးခဲ့ရကြောင်း သိရသည်။

PPNM မှ တာဝန်ခံ ကိုသိုက်ထွန်းဦးက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူမဟုတ်ဘဲနဲ့ အမှုရင်ဆိုင်နေရစဉ် မနိုဗယ်အေးနဲ့ ကိုလေးခွင်းတို့ နှစ်ဦးကတော့ ဝေါမြို့နယ်တရားရုံးကအပြန်မှာ စစ်တပ်ရဲ့ ပစ်ခတ်ခံရပြီးမှ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရသူအပါအဝင် ထောင်ပြင်ပစစ်ကြောရေးကို ခေါ်ထုတ် သတ်ဖြတ်ခံခဲ့ရသူတွေလည်း ပါတယ်။ ကျနော်တို့ ဒါကလက်ရှိ ပြုစုထားတဲ့စာရင်းကိုပဲ ထုတ်ပြန်ရတာဖြစ်တဲ့အတွက် ဒီထက်ပိုများတဲ့အရေအတွက် ရှိနိုင်တယ် ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် ဖမ်းဆီးခံထားရသူများအား အကျဉ်းထောင်ရောက်သည်နှင့်ထောင်ပုံစံဆိုသည့်စကားကိုအသုံးပြုပြီး ဖိနှိပ်ခြင်းများကို ပြုလုပ်ကြောင်း ယင်းအထဲမှ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းဦးစီးလက်ကိုင်တုတ် ရာဇဝတ်သားများက ရိုက်နှက်ခြင်းများပြုလုပ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအားဖြင့် အရှက်ရစေမည့် လိင်အင်္ဂါများစစ်ဆေးခြင်းများလည်း လုပ်ဆောင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ပြီးတော့ ပိုက်ဆံမပေးနိုင်တဲ့သူတွေကို အိမ်သာ အနံ့အသက်ဆိုးရွားတဲ့နေရာတွေမှာ ထားတာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေကိုပဲ အလုပ်ကြမ်းတွေ ခိုင်းစေတာမျိုး ဒါတွေလည်း ဒီနှစ်ထဲမှာ ဖြစ်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ ဆိုရင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေအပေါ်မှာ အမျိုးသားဝန်ထမ်းတွေကိုယ်တိုင်က ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခဲ့တာမျိုးတွေလည်း ဒီနှစ်ထဲမှာ ဖြစ်ခဲ့ပါတယ် ဟု ပြော သည်။

အကျဉ်းထောင် ၄၁ ခု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား PPNM က စာရင်းကောက်ယူထားရာတွင် ဥပဒေမဲ့ညှဥ်းပန်း နှိပ်စက်ခံရ၍ နိုင်/ကျဉ်း အနည်းဆုံး ၁၄၈ ဦး၊ ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၃၀၅၄ ဦးရှိကာ နိုင်/ကျဉ်း ၁၇၈၃ ဦးသည် မိသားစုနှင့်ဝေးကွာသည့်အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ တိုက်ပိတ်ခံရသည့် နိုင်/ကျဉ်း ၇၆ ဦး ရှိကာ ထောင်တွင်း၌ကလေးနှင့်အတူ ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး ၃၅ ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ- PPNM
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Dec, 11:26


အလုပ်သမားသတင်းများ အစဉ်တစိုက်ဖော်ပြပေးနေ၍ ဧရာဝတီသတင်းဌာနအား မှတ်တမ်းတင်ဂုဏ်ပြုကြောင်း CTUM ဆို

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄

ဧရာဝတီသတင်းဌာနအနေဖြင့် မြန်မာပြည်တွင်းရှိ အလုပ်သမားများ၏ သတင်းအချက်အလက်များကို အစဉ်အစိုက် ဖော်ထုတ်ရေးသားပေးနေသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ မှတ်တမ်းလွှာ၌ ဖော်ပြထား သည်။

CTUM အနေဖြင့် ၁၉၉၂ ခုနှစ်မှစ၍ ယနေ့ချိန်ထိ ပြည်တွင်းရှိ အလုပ် သမားများ၏ နစ်နာမှုများအပေါ် အကာအကွယ်ရရှိနိုင်စေရန်နှင့် ရသင့်ရထိုက်သော အခွင့်အရေးများအား ရရှိစေရေး ကြိုးပမ်းဖော်ဆောင်ပေးနေသည့် အဖွဲ့အစည်းတခုလည်း ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 14:29


လက်ရှိ UWSA နှင့် ထိုင်းစစ်တပ်ကြား စစ်ရေးတင်းမာမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြဿနာ ပိုမိုကြီးထွားမလာစေရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်မှုများရှိနေပြီး UWSA အနေဖြင့် လက်ရှိထက် ပိုမိုနယ်မြေကျော်လွန်တပ်ဖြန့်လာမှသာ ထိုင်းဘက်မှ အလွတ်သဘောသတ်မှတ်ထားသည့် မျဉ်းတဖက်သို့ ဖိအားပေးတွန်းထုတ်သွားမည်ဟု

Website တွင် ဖတ်ရန် https://bit.ly/3AWQhpO
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 14:13


ဝ တပ်စခန်းတွေ နောက်မဆုတ်ရင် စစ်ဖြစ်နိုင်သလား(ရုပ်/သံ)

ဧရာ၀တီ၊ နိုဝင်ဘာ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်မျဉ်းအနီးမှာရှိတဲ့ ဝ တပ်စခန်းတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ထိုင်းဘက်က ဖိအားပေးထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဝ ပြည်​သွေးစည်းညီညွတ်​ရေးတပ်မ​တော် (UWSA ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

ဝ တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ တွေ့ဆုံခဲ့သလို မြန်မာပြည်တွင်းမှာလည်း သွားရောက်တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဆွေးနွေးပွဲမှာတော့ ထိုင်း မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်နဲ့ ထိစပ်နေတဲ့ ၀ တပ်ဖွဲ့ အခြေချထားတဲ့ တပ်စခန်းတွေ စွန့်ခွာဖို့ အပြင် နယ်စပ် ဖြတ်ကျော် မူးယစ်ဆေးဝါး ကိစ္စ နဲ့ ဆေးဝါးသယ်ယူခွင့် ကိစ္စတွေပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၀တပ်ဖွဲ့ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းကစတင် တည်ထောင်ခဲ့ပြီး ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်မှာ အခြေစိုက်ပါတယ်။

https://youtu.be/6Tts5_McQ0I
#မြန်မာ #ဧရာဝတီ #UWSA #ထိုင်းစစ်တပ် #၁၇၁စစ်​ဒေသ #မိုင်းတုံ #မယ်​ဟောင်​ဆောင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 13:08


စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ TNLA ဘာကြောင့် ထုတ်ပြန်ခဲ့ရလဲ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး ၂ ကြော့လုံးမှာ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေ၊ တပ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရုတ်တရက် ထုတ်ပြန် ကြေညာပါတယ်။

ဒါဟာ တရုတ်က TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်တွေအပေါ် အပြင်းအထန် အကြပ်ကိုင် ဖိအားပေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်သလို အာဏာသိမ်းခေါင်းဆောင်ရဲ့ ၁၀၄ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ထုတ်ပြန်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်းမှာ TNLA ဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေကို တိုက်ခိုက်၊ သိမ်းပိုက်နိုင်တဲ့ အပြင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါ မြို့တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ပေးဖို့ စစ်ကောင်စီက တရုတ်ကို အပူကပ်ခဲ့သလို နယ်စပ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် စိုးရိမ်လာတဲ့ တရုတ်အစိုးရကလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကို အကြပ်ကိုင် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

https://youtu.be/432jLRpLgnU
#မြန်မာ #ဧရာဝတီ #TNLA #တွေ့ဆုံဆွေးနွေး #တရုတ် #စစ်ကောင်စီ #၁၀၂၇ #မြောက်ပိုင်းမဟာမိတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 12:59


MoU မဟုတ်ဘဲနဲ့ ဟိုဘက်ကို ကုမ္ပဏီတွေက ချိတ်တာပါ။ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ အလုပ်ခေါ်စာတင်ထားတာတော့ ကျနော်တို့ သိထားတယ်။ အများကြီးမရှိသေးပါဘူး။ အခုမှ အစပါ။ ရုရှားမှာက စက်ရုံတွေရှိတယ်။ တခြားဆောက်လုပ်ရေးအလုပ်တွေရှိမယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း ရှိတယ်

Website တွင် ဖတ်ရန် https://bit.ly/415IMax
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 11:03


စစ်တပ်ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ဘယ်သူတွေရလဲ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်အရာရှိ၊ ရဲနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၉၈ ယောက်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အဆင့်လိုက် ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။

ရွေးချယ်ဆုပေးခံရတဲ့ လူတွေဟာ စစ်ကောင်စီအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားသူတွေ၊ စခန်းမကျရေး မဆုတ်တမ်းခံစစ်နဲ့ ခုခံနေသူတွေနဲ့ လေသူရဲတွေ ပါဝင်ပါတယ်။

ပုံမှန်ဆိုရင် ဒီဆုတံဆိပ်တွေကို ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်းသွင်းပြီး သမ္မတက အတည်ပြုပြီးမှ ပေးအပ်တာ ဖြစ်ပေမဲ့ ရာထူးနှစ်ခုလုံးကို တယောက်ထဲ ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ဒီလိုဆုတွေကို စိတ်ကြိုက်ပေးနေနိုင်မှာ ဖြစ်တယ်လို့ CDM အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

https://youtu.be/pVjKB0_nGHg
#မြန်မာ #ဧရာဝတီ #ဂုဏ်ထူးဆောင်ဘွဲ့ #လေသူရဲ #ကာကွယ်ရေးဦးစီးချုပ် #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 09:33


နောက်ဆုံး ရေးခဲ့တဲ့အခန်းက ဂျင်မီအခန်းပဲ။ ဘာလို့လဲဆို စိတ်ခံစားရမှုအရ ကျမ မခံနိုင်ဆုံးဖြစ်တဲ့အတွက် နောက်ဆုံးမှာ ရေးခဲ့တာ။ အဲဒီကျမှ ရေးလို့ရမယ်၊ ရှောင်နေတာပေါ့လေ။ မရေးလို့မဖြစ်မှန်းသိပေမယ့် အဲဒီလိုပေါ့။ ကျမကိုယ်တိုင်က တကယ်ကို မျက်ရည်နဲ့မျက်ခွက်။ အဲဒီအချိန်မှာလည်း ကျမ life ရဲ့ crisis ပေါ့နော် တခုကလည်း ဖြစ်နေတဲ့အခါကျတော့၊ ကျမမှာ ဝမ်းနည်းစရာအကြောင်း လုံလုံလောက်လောက်ရှိနေတယ်။ မြန်မာပြည်ကို လွမ်းနေတဲ့စိတ်က သည်းသည်းထန်ထန် ဖြစ်နေတဲ့အခါကျတော့ ကျမရဲ့ စိတ်မျက်စိထဲမှာရှိနေတဲ့ ကျန်ခဲ့တဲ့မြန်မာ့ပုံရိပ်တွေနဲ့ ကျမရေးရမယ့်ဟာတွေမှာ တချို့ကိစ္စတွေကို ရသဘက်နွယ်တဲ့ ဒီအခင်းအကျင်းပိုင်းဆိုင်ရာ အဖွဲ့အနွဲ့တွေကိုပါ ကျမပြန်ပြီးတော့ လွမ်းတဲ့စိတ်၊ သောကစိတ် အဲဒီနှစ်ခုကိုရောပြီး ပြန်ရေးဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/4i29g2N
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 09:03


တရုတ်ဖိအားက အလွန်ပြင်းထန်ပါတယ် (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့အသင့် ရှိတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် တရုတ်က အပြင်း အထန် ဖိအားပေးမှုတွေပြုလုပ်နေချိန်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်ရဲ့ အကြပ်ကိုင် ဖိအားပေးမှုတွေ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်အတွင်း TNLA လှုပ်ရှားဒေသတွေမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကင်းစင်အောင် တိုက်ထုတ်ဖယ်ရှားနိုင်ခဲ့ပေမယ့် စစ်တပ်က ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေကြောင့် လူထုကို ငဲ့ညာထောက်ထားစဉ်းစားရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
https://youtu.be/zHuF-0TgG9A

#မြန်မာ #ဧရာဝတီ #TNLA #တရုတ် #တွေ့ဆုံဆွေးနွေး #PSLF #လွေးယေဦး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 09:02


ရေစကြို သဲတောရွာ ဗုံးကြဲခံရပြီး အိမ် ၃၄ လုံး ပျက်စီး၊ ထိခိုက်သေဆုံးသူများရှိ

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ သဲတောရွာကို စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက် နံနက် ၅ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ် ၃၄ လုံး ပျက်စီးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO ပြန်ကြားရေးတာဝန်ခံ ကိုမျိုးက ပြောသည်။

လေယာဥ်ဖြင့် ဗုံးကြဲခဲ့သလို မြေပြင်ကပါ အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် သဲတောကျေးရွာနေ အသက် ၇၈ နှစ်အရွယ် ဒေါ်သက်နွယ်နှင့် မနန်းဝေဖြိုး (၁၄ နှစ်) တို့ လက်နှင့်ပေါင်၌ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ် ကိုကျော်လင်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် သရက်ခြံထဲ၌ မြေမြှုပ်ထားသည်ကို တွေ့ခဲ့ကြောင်း ကိုမျိုးက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ၏ တပ်စခန်းတခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သဲတောကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု၊ ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သတင်းနှင့်ဓာတ်ပုံ - မိနှင်း

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 08:43


မူးယစ်ဆေးထုတ်လုပ်သူများသည် တရုတ်နှင့်ထိုင်းမှ ကုန်လမ်းဖြင့် မူးယစ်မှောင်ခိုရာတွင် ပိုမိုတင်းကျပ်သည့် စစ်ဆေးမှုများကို ရှောင်ရှားရန် သင်္ဘောဖြင့် မူးယစ်မှောင်ခိုခြင်းကို ပိုမိုအသုံးပြုလာကြသည်။

Website တွင် ဖတ်ရန် https://bit.ly/4fZEy8A
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 08:29


ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊နိုဝင်ဘာ ၂၆၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် ဈေးတမျိုးရှိနှင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၂၈၀ ကျပ် (ယခင်တပတ်ထက် ၁ ပိဿာလျှင် ၂၆၅ ကျပ် ဈေးတက်လာသည်)
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၄၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၉၅၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၁၅၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၂၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၂၅၅ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၀၀ ကျပ်ကျော်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၅၉ သိန်းကျော်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၄၅၄၇၄၃ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၆၈၅

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

The Irrawaddy - Burmese

26 Nov, 08:07


စစ်တပ်နှင့်ပူးပေါင်းခြင်းက တရုတ်အကျိုးစီးပွား မကာကွယ်နိုင်ဟု NUG ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးအား ကာကွယ်ပေးနိုင်မည် မဟုတ်သလို စစ်တပ်ထောက်ခံသူများ၏ လှုံ့ဆော်မှုများက တရုတ်အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများအား တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇောက ယနေ့ပြောသည်။
တရုတ်စီမံကိန်းများအား ကာကွယ်ရန် တရုတ်-မြန်မာပူးတွဲလက်နက်ကိုင်လုံခြုံရေးကုမ္ပဏီထူထောင်ရန် အဆိုပြု ကြိုးပမ်းနေစဉ် NUG ယနေ့ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောခြင်း အစီအစဉ်တွင် သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဇောက “ Joint Venture Security Company(ပူးတွဲလုံခြုံရေးကုမ္ပဏီ) ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့ အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးဆိုတာကို ထောက်ပြ ပြောကြားချင်ပါတယ်” ဟု ပြောသည်။

NUG ၏ တရုတ်နိုင်ငံဆိုင်ရာမူဝါဒနှင့် စစ်ဘက်ဆိုင်ရာစည်းမျဉ်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများအရ စစ်ရေးပစ်မှတ် မဟုတ်သည့် စီးပွားရေးဆိုင်ရာ အဆောက်အဦများအား တိုက်ခိုက်မည်မဟုတ်ဘဲ တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့မြေပြင်တွင်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ပေးနေသည်ကို သက်သေပြထားပြီးဖြစ်ကြောင်းလည်း ၎င်းကထောက်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထီးချိုင့်မြို့နယ်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော တကောင်းနီကယ်စက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စက်ရုံလုံခြုံရေးအား NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က လုံခြုံရေးယူပေးနေစဉ် တရုတ်နှင့် NUG ကြားဆွေးနွေးညှိနှိုင်းမှုရှိလာခဲ့ပြီး စက်ရုံလည်ပတ်ရေး လုပ်ဆောင်ပေးနေကြောင်း NUG ဘက်က ထုတ်ဖော်ပြောကြားသည်။

ထို့ကြောင့် NUG ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးဆောင်ရွက်မှုကသာလျှင် တရုတ်၏ ရင်းနှီးမြှုပ်နှံထားသည့် အကျိုးစီးပွားနှင့် လုပ်ငန်းလည်ပတ်မှုများ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဦးကျော်ဇောက ထောက်ပြသည်။
ထို့ပြင် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူဘက်က ရပ်တည်ကူညီဆောင်ရွက်ပေးမှသာ နိုင်ငံတည်ငြိမ်မှု အမြန်ရရှိမှာဖြစ်ပြီး ဒေသတွင်းလုံခြုံမှုနှင့် စီးပွားရေးတိုးတက်မှုအပေါ် အထောက်အကူပြုမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ပုံစာ-PDF များ သိမ်းပိုက်ထားသော တကောင်းနီကယ်စက်ရုံ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 06:28


မထောစခန်းမှ ထွက်ပြေးသည့်စစ်ကြောင်း ကြားဖြတ်တိုက်ခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသည့် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ရာ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း KNLA- တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ ရက်တွင် KNLA ပူးပေါင်းတပ်သည် ဖာပွန်မြို့တောင်ဘက်ရှိ မထောရွာအခြေစိုက် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၄/၄၀၇/၄၀၈ ပူးပေါင်းစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားများသည် မထောရွာတောင်ဘက်ရှိ ကစယ်သဲဖလယ် (တောင်သုံးလုံး) နှင့် ထွီသီးအူ (ခွေးသေ) စခန်းတို့ထံ ဆုတ်ခွာပြေးခဲ့ရာ KNLA ပူးပေါင်းတပ်များက လိုက်လံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ထံမှ RPG-7 တလက်နှင့် ကျည်ဖူး ၃၈ လုံး၊ ၈၁ မမ တလက်နှင့် ကျည် ၆ လုံး၊ ရိုင်ဖယ် ၁၉ လက် အပါအဝင် ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်နှင့် မိုင်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မဟာ-၅ က ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU-Mutraw News

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

26 Nov, 06:25


အာဏာသိမ်းပြီးနောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်တက်လာဟု ဗြိတိန်သံအမတ်ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံး အကြီးအကဲဖြစ်သူ Ken O’ Flaherty က နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့၌ ပြောကြားသည်။

Ken O’ Flaherty က “လိင်ပိုင်းဆိုင်ရာ နဲ့ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးစဥ် ကတည်းက အလျင်အမြန်မြင့်တက်လာပါတယ်။ အကြမ်းဖက်ရာမှာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေအပြင် ငယ်ရွယ်စဥ် အတင်းအကျပ် လက်ထပ်စေခြင်းများလည်း ပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအခြေအနေများသည် အကြမ်းဖက်မှုကျူးလွန်သူများကို အရေးယူနိုင်ရန် အဓိကကျနေသည်ကို ဖော်ညွှန်းကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပျောက်ရေး အားလုံးပါဝင်တောင်းဆိုရန် ဗြိတိန်သံရုံးက တိုက်တွန်းထားပြီး ဖြစ်စဉ်နှင့် အကြမ်းဖက်မှုအရေအတွက်ကိုမူ ဗြိတိန်သံရုံးက ဖော်ပြထားခြင်း မရှိပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ ယခုနှစ်သြဂုတ်လကုန်အထိ အမျိုးသမီး ၁,၁၃၂ ဦး သတ်ဖြတ်ခံထားရပြီး ၅,၆၄၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အစီရင်ခံစာအရ သိရသည်။

ပုံစာ-တအာင်းပြည် တပ်မဟာ ၃ နယ်မြေတွင် ယမန်နေ့က နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လှုပ်ရှားမှုဆောင်ရွက်စဉ်/ The Ta’ang Post

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 07:58


"မြန်မာက သူ့ပြည်သူကိုသူ ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုရဲ့ ငြိမ်းချမ်းသောတိုးတက်မှု မျက်နှာမူရေးနဲ့ လူသားလုံခြုံမှု မျက်နှာမူရေး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနားလည်မှုကို ချိုးဖောက်တယ်" ဟု အက်စ် ရာဂျာရတ်တနမ် နိုင်ငံတကာလေ့လာရေးကျောင်းမှ ဝါရင့် သုတေသီ အလန်ချုံက ပြောသည်။ ထိုအချက်သည် စစ်ကိုတားဆီးရန် နိုင်ငံတော်များအကြား စစ်ရေးယုံကြည်မှု တည်ဆောက်ရန်နှင့် လူသားချင်းစာနာမှု အကူအညီ၊ ပင်လယ်ဓားပြ ပူးတွဲတိုက်ဖျက်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆေးအထောက်အကူ အပါအဝင် လူသားလုံခြုံမှုအတွက် ပူးပေါင်းဆောင်ရွက်မှု အားပေးရေးတို့ကို ရည်ရွယ်သည့် ADMM နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/3ZhHmIT
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 06:43


စစ်တပ်ချင်း ပူးပေါင်းရေး အာဆီယံအစည်းအဝေးတွင် စစ်ကောင်စီ ဗိုလ်ချုပ်ကြီး သီးခြားလိုက် ဆွေးနွေး

ဧရာဝတီ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၄

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) တွင် စစ်ကောင်စီ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြောင်း စစ်ကာင်စီက သတင်းထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့တွင် နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ၂၅ ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်ပြီးနောက် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကမ္ဘောဒီးယားဘုရင့်တပ်မတော် ဒုကာကွယ်ရေး ဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော်၊ လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုအကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman တို့နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဒုစစ်ခေါင်းဆောင် ဒုကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်စား တက်ရောက်ခဲ့ခြင်းဖြစ်ကာ အစည်းအဝေးတွင် “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-People’s Army Newspaper, The Singapore army
#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 06:39


အတုမဟုတ်ပါဘူး အစစ်ပါဗျ။ ရေတောင် မရောပါဘူး။ ကျနော် လက်မှတ်ထိုးထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်တွေက အစစ်တွေပါ။Online Medical Teaching ကနေ သင်ကြားတတ်မြောက်ပြီး စာမေးပွဲတွေ ဖြေဆိုအောင်မြင်သွားကြတဲ့ ကလေးတွေကို ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပေးထားတာပါ

Website တွင် ဖတ်ရန် https://bit.ly/4eI5TuX
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 06:24


ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၄

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - လက်မတည့်သေးဘူး…ရှေ့နည်းနည်းတိုးပစ်…
https://bit.ly/3AWbMXE

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 06:09


မျက်ရည်နဲ့ ရင်းပြီး စာရေးခဲ့တဲ့ မသီတာနဲ့ စကားစမြည်

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နွေဦးတော်လှန်ရေး မှတ်တမ်းအဖြစ် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေထားတဲ့ နောက်ဆုံးစာအုပ် A~Maze အကြောင်း စာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ အမေးအဖြေကို နားဆင်နိုင်ပါတယ်။

ဒီလင့်တွေမှာ အစအဆုံး နားဆင်ပါ။
YouTube: https://www.youtube.com/watch?v=6aq4C1euC7A
Apple Podcasts : https://apple.co/4eOuX3A
Buzzsprout : https://bit.ly/3OkQ3M7
Spotify : https://spoti.fi/40UfAU1

#ဧရာဝတီ #စနေသတင်းစကားဝိုင်း #စာရေးဆရာမသီတာ #နိုင်ငံရေးစာပေ #နိုင်ငံရေးအကျဉ်းသား #နွေဦးတော်လှန်ရေး

The Irrawaddy - Burmese

23 Nov, 05:08


ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် မစ္စတာ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရန် တံခါးဖွင့်ထားသော်လည်း အဓိကကျသည့် နယ်မြေစွန့်လွှတ်မှု ပြုလုပ်မည်မဟုတ်ဘဲ ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) သို့ ဝင်ရောက်မည့် ရည်မှန်းချက်များကို စွန့်လွှတ်ရန် အတင်းအကျပ် တောင်းဆိုနေသည်

Website တွင် ဖတ်ရန် https://bit.ly/4fELtEF
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 04:16


ဖာပွန် မထောတပ်စခန်း သိမ်းပိုက်ပြီး လက်နက်များ သိမ်းဆည်းရမိ

ဧရာဝတီ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၄

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ မဟာဗျူဟာကျသည့် မထောအခြေစိုက် တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သတင်းထုတ်ပြန်သည်။

အဆိုပါတပ်စခန်းတွင် ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ သရက်ချောင်းအခြေစိုက် ခမရ ၄၀၄၊ ရေဖြူအခြေစိုက် ခမရ ၄၀၇၊ ကလိန်အောင်အခြေစိုက် ခမရ ၄၀၈ တပ်ရင်းများမှ စစ်သည်များ ပူးပေါင်းအထိုင်ချ တပ်စွဲထားခြင်းဟု သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်၏ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု စာရင်းအပြည့်အစုံကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု KNU က ဆိုထားသည်။

ဓာတ်ပုံ-KNU-Mutraw News

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 04:12


တပ်ပြုတ်ကြီးနဲ့ ပရုပ်လုံးစစ်တပ် (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၄

စစ်ရှုံးနေတဲ့ တပ်ပြုတ်ကြီး မင်းအောင်လှိုင် လက်ထက်မှာ စစ်တပ်ဟာ ပရုပ်လုံးလို လုံးပါးပါးနေပါပြီ။ အာဏာသိမ်း စစ်ခေါင်းဆောင်တယောက်ဟာ တခြားဟာတွေ မှားလို့ရပါတယ်။ စစ်ရှုံးလို့တော့ မရပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်တ‌ယောက် စစ်ရှုံးတယ်ဆိုတာ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပါပဲ။

ရမခ စစ်တိုင်း ကျရှုံးလက်လွှတ်ရပြီး သုံးလခန့်အကြာမှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တခုကို ထပ်မံ လက်လွှတ်ရမယ့် အခြေအနေသို့ ဆိုက်နေပြီဖြစ်ပါတယ်၊၊ ‘တပ်ချုပ်ကြီး’ ကနေ ‘တပ်ပြုတ်ကြီး’ ဖြစ်လာနေတဲ့ မင်းအောင်လှိုင်အနေနဲ့ စစ်တပ် ပရုပ်လုံးလို တဖြည်းဖြည်း လုံးပါး ပါးလာနေတာကို တားဆီးဖို့ ခက်ခဲပါလိမ့်မယ်။

တပ်ပြုတ်ကြီးနဲ့အတူ မြန်မာစစ်တပ် ဇာတ်သိမ်းမလား၊ တပ်ပြုတ်ကြီးကို ဖယ်ရှားပြီး မြန်မာစစ်တပ် ရုန်းထွက်မလား၊ ရုန်းထွက်နိုင်ပါ့လား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ ‘တပ်ပြုတ်ကြီးနဲ့ ပရုပ်လုံးစစ်တပ် ဇာတ်လမ်းတွဲ’ ကတော့ အခုမြန်မာပြည်မှာ စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွဲလို့ ခင်မမပြောရင် လွန်တယ်လို့ မထင်ကြစေလိုပါ။

https://youtu.be/5CWVEnNPjZQ
#မြန်မာ #ဧရာဝတီ #တပ်ပြုတ်ကြီး #မင်းအောင်လှိုင် #ပရုပ်လုံးစစ်တပ် #တပ်ချုပ်ကြီး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 04:07


မြန်မာဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်း နည်းသွားမည် သို့မဟုတ် လုံးဝပင် ရှိတော့မည် မဟုတ်ပေ။ ယာယီအကာအကွယ်ပေးရေးအဆင့် (TPS) အစီအစဉ်ကိုလည်း ဖြတ်တောက်ဖွယ်ရှိသည်။ ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်စားသည်ဟု စွပ်စွဲပြီး မဲဆွယ်ပွဲအတွင်း ထရမ့်က လှောင်ပြောင်ခဲ့သည့် ဟေတီမှ ရွှေ့ပြောင်းအခြေချများသည် TPS အစီအစဉ်ဖြင့် ရောက်နေကြပြီး ဒုသမ္မတအဖြစ် ရွေးကောက်ခံရသူ မစ္စတာ ဂျေဒီဗန့်စ်ကလည်း ထိုအစီအစဉ်ကို ဖြတ်တောက်ရန် ကတိပြုထားပြီးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် TPS အစီအစဉ်ဖြင့် နေထိုင်သည့် ရွှေ့ပြောင်းအခြေချသည့်မြန်မာ ၂,၀၀၀ ရှိသည်။

Website တွင် ဖတ်ရန် https://bit.ly/4g3d8yX
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 03:20


တရုတ်တို့သည် နယ်စပ်တလျှောက် သံဆူးကြိုးခတ်ထားသည်ဖြစ်ရာ အပြည့်အဝ ပိတ်ဆို့ထားနိုင်သည့်အပြင် ဝနယ်နှင့် ကိုးကန့်ကြားရှိ UWSA ဂိတ်များတွင် တရုတ်ရဲနှင့် ထောက်လှမ်းရေးများ ဝင်ရောက်နေရာယူပြီး မည်သည့်ကုန်စည်မှ ကိုးကန့်ဒေသတွင် ဝင်ရောက်နိုင်ခြင်း မရှိရန် ဖြတ်တောက်လျက်ရှိသည်။

Website တွင် ဖတ်ရန် https://bit.ly/3OnLvVg
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 01:34


နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ စာရေးဆရာကြီး နန္ဒာသိန်းဇံ ရဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/3ZhvhTU
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

23 Nov, 01:26


တရုတ်လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံဝင်နိုင်သလား (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၄

#မြန်မာ #ဧရာဝတီ #တရုတ်လုံခြုံရေးအဖွဲ့ #JointVentureSecurityCompany #မင်းအောင်လှိုင် #ကော်ဇောနီ #ကျည်ကာကား
https://youtu.be/RudrUVzZ7dQ
--------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

22 Nov, 13:46


တရုတ်က ကျင်စန်းကျော့ ဖွင့်ချင်တာ၊ မြန်မာဘက်နေ သူတို့လိုချင်တဲ့ သတ်မှတ် ကုန်စည်တွေ ဝင်ခွင့်ပြုမယ်၊ သူတို့ တရုတ်ဘက်ကနေတော့ ဘာပစ္စည်းမှ မထွက်ရဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ချင်တာမျိုး တွေ့လာရတယ်၊ အဲဒီလို မျိုးသာဆိုရင်တော့ ကျနော်တို့အတွက် နစ်နာမှုတွေ အများကြီး ရှိလာနိုင်တယ်

Website တွင် ဖတ်ရန် https://bit.ly/4i4GQ8z
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 12:55


လင်းပိုင်အိပ်မက်ပျက်ပြီ(ရုပ်/သံ)

ဧရာဝတီ၊ နိုင်ဝင်ဘာ ၂၁၊ ၂၀၂၄

မြန်မာနိုင်ငံရဲ့ မျိုးစိတ်တခုအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ ဧရာဝတီလင်းပိုင်ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ၂၀၁၄ ခုနှစ်မှာ အဆိုပြုလျာထား သတ်မှတ်ခံထားရပြီး နိုင်ငံတော်အဆင့်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ကိုင်နေရတာပါ။

၂၀၂၀ ခုနှစ် နောက်ဆုံးကောက်ယူထားတဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ၇၉ ကောင်သာ ကျန်ရှိတော့ပြီး မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင် တွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အကာအကွယ်ကင်းမဲ့နေရတယ်လို့ ဧရာဝတီလင်းပိုင် တွေရဲ့ အခြေအနေတွေကို သိရှိသူတွေက ပြောပြကြပါတယ်။

အာဏာမသိမ်းခင်ကတော့ လင်းပိုင်တွေကိုနိုင်ငံတော်အဆင့်ကာကွယ်ထိန်းသိမ်းခဲ့ပြီး ဒေသခံတံငါသည်တွေ ၊အရပ်ဖက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေလည်း ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းဖို့ နှိုးဆော်ခဲ့ကြသလို ရန်ပုံငွေ ထည့်ဝင်လှူဒါန်းမှုတွေလည်းရှိခဲ့လို့ အတော်လေး ခရီးရောက်ခဲ့ပါတယ်။

ဧရာဝတီလင်းပိုင်ကို ထိန်းသိမ်းစောင့်ရှောက်မှုနဲ့အတူ ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းပြီး ကမ္ဘာလှည့်ခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်ဖို့အထိ ရည်မှန်းကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာမျိုး မရှိတော့သလို ဧရာဝတီလင်းပိုင်ရှိရာ ဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရေအတွက် အတိအကျ ကောက်ယူနိုင်ခြင်းတောင် မရှိတော့ပါဘူး။

https://youtu.be/hUcsPukachE
#မြန်မာ #ဧရာဝတီ #မြန်မာမျိုးစိတ် #ဧရာဝတီလင်းပိုင် #မျိုးသုန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 12:07


လူမဆန်တဲ့ရာဇဝတ်မှုတွေ စစ်တပ် ဘာကြောင့်လုပ်တာလဲ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၄

စစ်ကောင်စီတပ်ရဲ့ တပ်သားတွေဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးမိသူတွေကို လူမဆန်စွာ သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မှုတွေ ရက်ရက်စက်စက်ကျူးလွန်နေကြတာပါ။

ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းမိတဲ့ ဒေသခံပြည်သူ ၂၉ ဦးကို လူမဆန်စွာ အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို မီးရှို့ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ ဖမ်းဆီးမိတဲ့ PDF ၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါကျေးရွာမှာ စစ်ကောင်စီတပ်ဟာ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေ အပါအဝင် ပြည်သူ ၆ ဦးကို ခုတ်ထစ်သတ်ဖြတ်ပြီးနောက် အိမ်ဝန်းနံရံတွေမှာ ချိတ်ဆွဲထားခဲ့ကြပါတယ်။

ဒီလို စစ်ရာဇဝတ်မှုတွေ၊ ရက်ရက်စက်စက် လူသတ်မှုတွေ ဘာကြောင့် ကျူးလွန်နိုင်ရသလဲ ဆိုတာကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ စစ်ဆရာဝန် ဗိုလ်ကြီး Captain Kid ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/9JuAWmsvl8c
#မြန်မာ #ဧရာဝတီ #စစ်ကောင်စီတပ် #စစ်ရာဇဝတ်မှု #မုန်တိုင်ပင် #မြောက်ခင်ရန်း #စီပါ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 11:55


ရေဦးနယ်အတွင်းက စစ်ရှောင်များ စောင်၊ အနွေးထည်တို့ လိုအပ်နေ

ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၄

တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်းသို့ စစ်ရှောင်လာကြသည့် ဒီပဲယင်းမြို့ခံစစ်ရှောင်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်လျက်ရှိကြောင်း ရေဦးအခြေပြု People's Defense Comrade ထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ဖြစ်ပွားခဲ့သော ဒီပဲယင်းမြို့တိုက်ပွဲကြောင့် ရေဦးမြို့နယ်တွင်းသို့ တိမ်းရှောင်လာသူ ၁၇၀ မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ တိမ်းရှောင်နေကြရဆဲဖြစ်ကာ စစ်ရှောင်များထဲတွင် အသက် ၈၀ ကျော် အဘွား ၃ ဦးအပါဝင် သက်ကြီးပိုင်း ၃၀ ဦး၊ ကလေး သူငယ် ၂၅ ဦး ပါဝင်ကြောင်း သိရသည်။

ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “ဆောင်းလည်း ဝင်လာပြီဆိုတော့ အညာဒေသဆောင်းက တအား အေးပြီဗျ။ ကျနော်တို့အနေနဲ့ မီးဘေးသင့်စစ်ရှောင် သက်ကြီးပိုင်းတွေနဲ့ ကလေး သူငယ်များအတွက် အနွေးထည်တွေနဲ့ ခြုံစောင်တွေ ဒီနေ့ သွားရောက် လှူဒါန်းကူညီပေးခဲ့ပါတယ်။ ကျနော်တို့ ရေဦးနယ်မှာ ဒီပဲယင်းစစ်ရှောင်တွေ တိမ်းရှောင်နေကြတယ်။ ရေဦးနယ်အတွင်း စစ်ကြောင်းမရှိသေးတော့ ရေဦးစစ်ရှောင်တော့ မရှိတော့ပါဘူး” ဟု ပြော သည်။

ထိုသို့ စစ်ရှောင်များအတွက် လှူဒါန်းမှုကို “ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ”၊ “ကြယ်ငါးကောက်သူများ” အဖွဲ့နှင့် “ဒီပဲယင်းမြို့နယ် ညီ နောင်များ” အဖွဲ့တို့ ပံ့ပိုးကူညီခဲ့ခြင်းဟု သိရသည်။

ရေဦးမြို့နယ်အတွင်းစစ်ရှောင်နေရသည့် ဒီပဲယင်းမြို့ခံများအနက် အသက် ၆၀ ကျော်အရွယ် သက်ကြီး ၃ ဦးမှာ တိမ်းရှောင်နေရင်း ကျန်းမာ ရေးဖောက်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ထူးခန့်ဇော်

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 08:58


နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း နှင့် ဗကသဟောင်း ကိုမင်းမင်းဇော်တို့ ကွယ်လွန်

ဧရာဝတီ ၊ နိုဝင်ဘာ ၂၁ ၊ ၂၀၂၄

မန္တလေးတိုင်း၊ အိုးဘိုထောင်တွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေး သည် ကျန်းမာရေးစောင့်ရှာက်မှု ကောင်းစွာမရရှိ၍ ယမန်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ရသလို တော်လှန်ရေး တာဝန်များထမ်းဆောင်နေသော ဗကသ ကျောင်းသားဟောင်း ကိုမင်းမင်းဇော်သည်လည်း ကျန်းမာရေးအတွက် ဆေးဝါးကုသရန်ခက်ခဲသည့်အခြေအနေကြောင့် ယနေ့နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့ရသည်ဟု သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသော အသက်၅၉ နှစ်အရွယ် ကိုစိန်လင်းသည် ထောင်တွင်း၌ ဆေးဝါးကုသမှု လုံလောက်စွာမရဘဲ ရောဂါ ပြင်းထန်လာချိန်မှ မန္တလေး ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ရာ အချိန်တရက်သာခံပြီး နိုဝင်ဘာ ၂၀ ရက် ညနေ ငါးနာရီကျော်တွင် ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများက ပြောသည်။

မန္တလေး နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေး( ခ)ကိုစိန်လင်းသည် ၂၀၂၀ ပြည့်နှစ် ပြည်သူ့ပါတီ ချမ်းအေးသာဇံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ကာ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများကြောင့် ၁၉၉၁နှင့် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ထောင်နှစ် ၂၀ ချမှတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား ဟောင်းတဦး ဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကွယ်လွန်သွားခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်(ဟောင်း) ရဲဘော်မင်းမင်းဇော် (ခ) မြူမိုးဆောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာတခု၌ တော်လှန်ရေးကိစ္စများဆောင်ရွက်နေရင်း ၎င်းခံစားနေရသော အသည်းအဆီဖုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောသည် ။

၎င်းက '' သူက ရှမ်းမြောက်ဒေသမှာ ရောက်နေတာကြာပြီပေါ့နော် ။ ကွယ်လွန်တော့လည်း သူရောက်နေတဲ့ ရှမ်းမြောက် ဒေသက ရွာတရွာမှာပဲ ကွယ်လွန်သွားတာပါ ။ ကျန်းမာရေးမရတော့ ဆရာဝန်တွေမရှိဘူးပေါ့နော် ။ ဆေးမှူးနဲ့ပဲကုရတဲ့ အခြေအနေမျိုးဖြစ်သွားတာ '' ဟု ပြောသည် ။

ကိုမင်းမင်းဇာ်သည် ၂၀၁၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီနှင့် ခရိုင်တို့ တရားဝင်ပေါ်ပေါက်လာရန်အတွက် ရုန်းကန်ကြိုးစားခဲ့ပြီး သမိုင်းပေးတာဝန်ကျေပွန်ခဲ့သူတဦးကြောင်း ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်။

ပုံစာ- နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေး (ဘယ်)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ)အဖွဲ့ဝင်ဟောင်း ရဲဘော်မင်းမင်းဇော် (ခ) မြူမိုးဆောင်း (ညာ)
#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 08:56


ရုရှားပညာရှင်တွေ ရောက်နေတာ ကြာပြီ။ ပင်းပက်စက်ရုံကို အခြေပြုပြီးတော့ ဝင်ဝင်ထွက်ထွက်လုပ် နေ တာတွေ့ရတယ်။ ဒါပေမယ့် စစ်ရေးနဲ့ နွယ်လာလိမ့်လို့ မထင်ခဲ့ဘူး။ အခုတော့ စစ်ရေးနဲ့ပါ နွယ်ပြီး ပါလာနေတာ တွေ့ရပြီ

Website တွင် ဖတ်ရန် https://bit.ly/3YVEboV
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 08:24


ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊နိုဝင်ဘာ ၂၁၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ယခုတပတ်တွင် ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် ဈေးတမျိုးရှိနေပြီး ယခုတပတ်တွင် ဧရာဝတီတိုင်း ဆန်ချောတအိတ်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ဆန်ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၀၁၅ ကျပ်၊ လက်လီရောင်းချခိုင်းသည့် ဈေးမှာ ၁ ပိဿာလျှင် ၇၆၀၀ ကျပ်
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၄၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၀၁၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၂၀၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၆၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၃၁၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၂ သိန်းဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၅၉ သိန်းကျော်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၃၅၉၂၆၀ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၆၃၈

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

The Irrawaddy - Burmese

21 Nov, 08:23


“တခြားနိုင်ငံတွေမှာ ပဋိပက္ခဖြစ်တိုင်း နိုင်ငံခြားသားတွေက ထိုင်းမှာ ငြိမ်းချမ်းမှု လာရှာကြတယ်" ဟု အိမ်ခြံမြေသတင်းအချက်အလက်ဌာန REIC ခေတ္တညွှန်ကြားရေးမှူးချုပ် မစ္စတာ ကမွန်ပေါ့ပ် ဗီယာပါလာက သတင်းထောက်များကို ယခုအပတ်တွင် ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/3OljEFa
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 07:35


ကာတွန်း

တပ်မတော်ကြီးလည်း ချီလာပါပြီ (ကာတွန်း-ဘီရုမာ/ဧရာဝတီ)

https://bit.ly/492Q6FO
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 06:03


"မြန်မာ၏လုပ်ရပ်များသည် (ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရာတွင်) မိမိတို့ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဂရုတစိုက် တည်ဆောက်ထားသည့် အာဆီယံ ဗဟိုပြုမှုကို ထိခိုက်စေနိုင်သည့်အန္တရာယ် ရှိသည်" ဟု ဝန်ကြီး ဒေါက်တာ ငန်အန်ဟန်းက ပြောကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website တွင် ဖတ်ရန် https://bit.ly/40W91jG
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 05:42


ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများ GBF ထံ AA ပြန်လွှဲ

ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၄

အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ် သား ၂၀ ဦးအား လိုအပ်သော ခေါ်ယူစစ်ဆေးမှုပြီးနောက် ထပ်မံ ကျူးကျော်ငါးဖမ်းခြင်းမပြုလုပ်ရန် ခံဝန်ကတိလက်မှတ် ထိုးစေကာ နိုဝင်ဘာ ၇ ရက်၌ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (GBF) ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့တွင်ထုတ် ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေအစီး ၆၀ ခန့်သည် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းနေ၍ အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၅ ရက်တွင် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ ၁၅ စီး (စက်တပ်၍ ၂ စီး၊ စက်မပါ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးရမိကြောင်း ဆို သည်။

ထိုသို့ အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ရေလုပ်သားများကို မိသားစုစားဝတ်နေရေး အကျပ် အတည်းအား ထောက်ထား၍ သက်ညှာပေးခဲ့ခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ တချို့ကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကို စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် ယမန်နေ့မှ ပြန်လည် လွှဲပြောင်းနိုင်ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ- AA

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

21 Nov, 05:38


မြန်မာတွင် လူဦးရေ ၁၃သန်းကျော် စားနပ်ရိက္ခာ လုံလောက်မှုမရဟု WFP ပြော

ဧရာဝတီ ၊ နိုဝင်ဘာ ၂၁ ၊ ၂၀၂၄

မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တဦးနှုန်းဖြင့် လူဦးရေ ၁၃ဒသမ၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ဒသမ၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာ တိမ်းရှောင်နေကြရသည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့တွင် ထုတ်ပြန်သည် ။

ထို့ကြောင့် WFP ၏ ကယ်ဆယ်ရေးအထောက်အပံ့များကို အရေးပေါ်အကူအညီလိုအပ်နေသူများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရန် အဓိက ဦးစားပေး ဆောင်ရွက်နေကြောင်း ပြောသည်။

WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများ ပေးအပ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနှံ့ အရေးပေါ်အကူအညီလိုအပ်နေသူများထံ WFP ၏ အထောက်အပံ့များပေးအပ်နိုင်ရန် ဘက်ပေါင်းစုံနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သလို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ် Mr. Michael Dunford က ပြောသည် ။

ဇွန်လမှစတင်ခဲ့သည့် ရေကြီးရေလွှမ်းမိုးမှု တုံ့ပြန်ရေးအနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေပေါင်း ၃၇၀,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရ အကူအညီများ ပေးအပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းခန့်ကို အထောက်အပံ့များ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု WFP က ထုတ်ပြန်ထားသည် ။

ဓာတ်ပုံ-WFP
#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

17 Nov, 09:58


ပုလဲတိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၄

စစ်ကောင်စီက လေကြောင်းပစ်ကူအမြောက်မြားပေးခဲ့သည့် ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး ပြီး ၁၀ ဦးဒဏ်ရာရခဲ့သလို မဟာမိတ် GZA မှ ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဗမာအမျိုး သားတော်လှန်ရေးတပ်မတော် (BNRA) က ယနေ့ ထုတ်ပြန်သည်။

BNRA ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြို Southern Yesagyo (SYSO) တို့ပါဝင်သည့် မဟာမိတ်တပ်များသည် နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခွဲအချိန်တွင် ပုလဲမြို့သိမ်းစစ် ဆင်ရေးကို စတင်ခဲ့ရာ ၄၈ နာရီအတွင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက် ဆုံးခံတပ် မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြား ပုလဲမြို့အား တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှသုံ့ပန်း ၂၅ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး MA1 ၅ လက်၊ MA2 ၂ လက်၊ MA3 ၄ လက်၊ MA4 ထောက်တွဲ ၁ လက်၊ G3 ၆ လက်၊ G4 2 လက်၊ ပစ္စတို MA5 ၁ လက်၊ M9 ဗုံးသီး ၆၀လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ တိုက် မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု၊ တိုက်မိုင်ဖြူး ၃ ခု၊ G3 ကျည်နှင့် ကပစ ၅. ၅၆ ကျည် အများအပြား၊ G3 ကျည်ဘောက်အပို ၄ ဘောက်၊ MA အပိုကျည်ဘောက် ၂၉ ဘောက်တို့ သိမ်းဆည်းရရှိခဲ့သည်။

ပုလဲမြို့ကို လေကြောင်းပစ်ကူအများအပြားကြားမှ အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်ထိန်းထားနိုင်ရန် မြေပြင်စစ်ကူ ဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်စစ်ကူချခြင်း၊ လေကြောင်းပစ်ကူပေးခြင်းများကြောင့် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်ဟု BNRA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- BNRA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

17 Nov, 09:50


စစ်တပ်ထိန်းချုပ်ရာ မူဆယ်သို့ ဓာတ်ဆီသယ်ဆောင်ခွင့် TNLA ပိတ်

ဧရာ၀တီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားနိုင်သည့် တရုတ်- မြန်မာနယ်စပ်ဂိတ်ရှိရာ မူဆယ်မြို့သို့ စက်သုံးဆီသယ်ဆောင်ခွင့်အား ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာ ဒုတိယအပတ်မှစ၍ ပိတ်လိုက်ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့မှတဆင့် မူဆယ်မြို့သို့ သယ်ဆောင်မည့် စက်သုံးဆီများအား နမ့်ခမ်း- မူဆယ်လမ်းမကြီးပေါ်ရှိ TNLA ၏ ကုန်စည်စစ်ဆေးရေးဂိတ်မှ ပိတ်လိုက်ခြင်းဖြစ် ကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတဦးက ဧရာ၀တီကို ပြောသည်။

၎င်းက “စစ်တပ်ရှိတဲ့ မူဆယ်မြို့ဘက်ကို ဓာတ်ဆီတွေ မရောက်အောင်လို့ TNLA က ပိတ်လိုက်တဲ့ သဘောပေါ့။ နမ့်ခမ်းမှာ ရှိတဲ့ ဓာတ်ဆီတွေကိုလည်း ထိန်းထားလိုက်တာ ဟုတ်တယ်။ မန္တလေးဘက်ကနေ ရှမ်းမြောက်ဘက်ကို စစ်တပ်ကဓာတ်ဆီတွေ ဖြတ်တောက်ထားသလိုမျိုး မူဆယ်ကိုလည်း ပြန်ဖြတ်လိုက်တဲ့ ပုံစံမျိုးပေါ့“ ဟု ပြောသည်။

မူဆယ်သို့ယာဉ်မျိုးစုံဖြင့် စက်သုံးဆီအပိုသယ်ဆောင်မှုများကိုလည်း TNLA မှ စစ်ဆေးသိမ်းဆည်းနေပြီး နမ့်ခမ်းမြို့သို့ ပြန်လည်ဝင်ရောက်လျှင် ယင်းဓာတ်ဆီများအား ပြန်ပေးကြောင်း ၎င်းက ဆိုသည်။

TNLA ၏ မူဆယ်အား ပိတ်ပင်ခြင်းမှာ နမ့်ခမ်းမြို့သို့ ဝင်ရောက်လာသည့် စက်သုံးဆီပမာဏကိုထိန်းသိမ်းထားခြင်းဖြစ်ကာ စက်သုံးဆီရှားပါးမှုနှင့် စျေးအဆမတန်မြင့်တက်မှုများ မပေါ်ပေါက်စေရန် လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတချို့ကဆိုကြပြီး လက်ရှိ နမ့်ခမ်းမြို့ပေါ်တွင် ဓာတ် ဆီ တလီတာ ၇,၈၀၀ ကျပ်ဖြင့် အကန့်သတ်မရှိ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာ၂၂ ရက်မှစ၍ တရုတ်ပြည် ကျယ်ဂေါင်မြို့မှ မူဆယ်မြို့သို့ လျှပ်စစ်ပစ္စည်းများအပါအဝင် စက်သုံးဆီများပါ ပိတ်ပင်ဖြတ်တောက်ခဲ့ခြင်းကြောင့် မူဆယ်မြို့နှင့်နမ့်ခမ်းမြို့များတွင် စက်သုံးဆီပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး နမ့်ခမ်းမြို့သို့ပင် TNLA ထိန်းချုပ်နယ်မြေများမှ စက်သုံးဆီများ ဝင်ရောက်လျက်ရှိသည်။

လတ်တလော မူဆယ်မြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အရောင်းဆိုင်အားလုံး ပိတ်သိမ်းထားရပြီး မှောင်ခို လမ်းကြောင်းဖြင့် ဝင်ရောက်မှုများရှိသော်လည်း ဓာတ်ဆီ ၁ လီတာ ၁၅,၀၀၀ ကျပ်ဝန်းကျင် ဖြစ်ပေါ် နေသည်။

နိုဝင်ဘာလ ၁၃ ရက်တွင်လည်း မူဆယ်မြို့ပေါ်ရှိ နှစ်နိုင်ငံတရားဝင် ကုန် သွယ်ရေး မန့်ဝိန်းဂိတ်ပေါက်မှ တရုတ်တွင် ထုတ်လုပ်သည့် စိုက်ပျိုးသီးနှံများအား မြန်မာဘက်သို့ တင်ပို့ခွင့်ပြုလိုက်သော်လည်း စက်သုံးဆီများ ပိတ်ပင်ထားဆဲဖြစ်သောကြောင့် မူဆယ်ရှိ စစ်ကောင်စီအာဏာပိုင်များက ထိုဂိတ်အား ယနေ့ထိ တန်ပြန်ပိတ်ဆို့ထားသည်။

၁၀၂၇ စစ်ဆင်ရေးဖြင့် TNLA နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ထိန်းချုပ်ထားသည့် မြို့ ရွာများသို့ စစ်ကောင်စီနှင့်တရုတ်ဘက်မှ စက်သုံးဆီအပါအဝင် အခြေခံလူသုံးကုန် အမျိုးမျိုးအား ပိတ်ဆို့ဖြတ်တောက်ထားသော်လည်း နည်းလမ်းပေါင်းစုံနှင့် ဝင်ရောက်မှုများရှိနေရာ ဓာတ်ဆီ ၁ လီတာမှာ ၇,၀၀၀ ကျပ် ဝန်းကျင်တွင် ရှိနေသည်။

သတင်း- မိုင်းခြိူဝ်းဇာရ် “CJ”
ဓာတ်ပုံ-ဧရာဝတီ၊ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

17 Nov, 09:47


Vitara ဆိုတဲ့ အမည်ဟာ ဈေးကွက်နဲ့ မစိမ်းတဲ့အမည် ဖြစ်တာကြောင့် eVitara လို့ အမည် ပေးလိုက်တာဟာ ဝယ်သူတွေကို ပိုမို ဆွဲဆောင်နိုင်မယ့် အချက် ဖြစ်ကြောင်းလည်း…

Website တွင် ဖတ်ရန် https://bit.ly/3CAMj6Q
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

17 Nov, 08:21


မိုင်းငေါ့မြို့ကို လေကြောင်းဖြင့်ဗုံးကြဲ၍ အရပ်သားများဒဏ်ရာရ

ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၄

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PFLS/ TNLA) ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ရှိ မိုင်လုံရပ်ကွက် ရဲစခန်းအနီးဝန်းကျင်အား ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် စစ်တပ်မှ ပေါင် ၃၀၀ ဗုံးဖြင့်ကြဲချခဲ့ရာ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦ ၃ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံ အမျိုးသားတဦးက "မိုင်လုံရဲစခန်းနားကပါ။ သုံးယောက်ကတော့ ဒဏ်ရာနည်းနည်းများတယ်။ တယောက်တော့ နည်းနည်းထိတာပေါ့။ အိမ်ကတော့ သုံးအိမ်လောက်တော့ ပျက်စီးတယ်" ဟု ပြောသည်။

မိုင်းငေါ့မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၉ စစ်ဆင်းရေးပထမလှိုင်း၂၀၂၃ နှစ်ကုန် ဒီဇင်ဘာ၂၉ ရက်တွင် စတင်တိုက် ခိုက်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကာ ယခုဗုံးကြဲမှုမှာ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- မာယာနွယ်/“CJ”

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

17 Nov, 07:02


စစ်ကောင်စီရဲ့ အသက်သွေးကြော ကပစ စက်ရုံများ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၄

အာဏာသိမ်း စစ်တပ်ဟာ စစ်ဆင်ရေးတွေနဲ့ ပြည်သူလူထုရဲ့ ကျေးရွာနေအိမ်တွေ တိုက်ခိုက်ရာမှာ နိုင်ငံတကာက ဝယ်ယူထားတဲ့ ခေတ်မီလက်နက်တွေကို အသုံးပြုတာရှိသလို ကိုယ်တိုင်ထုတ်လက်နက်တွေကို အားထားအသုံးပြုနေတာတွေလည်း ရှိပါတယ်။

လက်ရှိပြည်တွင်း တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီအသုံးပြုနေတဲ့ လက်နက်ကြီး၊ လက်နက်ငယ် အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေမှာ သုံးတဲ့ ဗုံးသီးတွေကိုလည်း ကပစ တွေကနေ အဓိက ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ကပစတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကပါ မေ့မထားသင့်ဘူးလို့ ကပစ စက်ရုံ CDM အရာရှိတွေက ထောက်ပြကြပါတယ်။

https://youtu.be/1gokWE2Vp8Q
#မြန်မာ #ဧရာဝတီ #ကပစ #စစ်ကောင်စီ #လက်နက်စက်ရုံ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 14:01


မိုးမောက် ကုန်းလောရွာ ဗုံးကြဲခံရပြီး ကလေးများအပါ ၈ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ KBC ဘုရားကျောင်းအနီး စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၇ ဦး နှင့် လူကြီး ၁ ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ ကုန်းလောရွာကို ယနေ့ ညနေပိုင်း၌ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတဦးက "ကလေးတွေ ဆော့နေတဲ့အချိန် ဘုရားကျောင်းတည့်တည့်ကိုကျတာ။ ထိခိုက်ဒဏ်ရာ ရတာတွေလည်းများတယ်။ ဒဏ်ရာရလူနာ အတိအကျတော့ မသိရသေဘူး" ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသူ ၈ ဦးအပြင် ဒဏ်ရာပြင်းထန်သူများလည်းရှိရာ သေဆုံးသူ ထပ်မံတိုးနိုင်ကြောင်း၊ အသေးစိတ်အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းဒေသခံက ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 13:50


ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရအဖွဲ့ဝင်သစ်တချို့ကို ခန့်နေပြီဖြစ်ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မြန်မာနဲ့ ပတ်သက်ပြီး ဘယ်လောက် သိရှိပြီး ဘာတွေလုပ်ဆောင်နိုင်ခြေ ရှိသလဲ ဆိုတဲ့ အပေါ် မြန်မာတွေဘက်ကလည်း စောင့်ကြည့်လေ့လာနေကြတာရှိပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဂျိမ်းရွှေ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

https://youtu.be/ixKxOQql0fA
#မြန်မာ #ဧရာဝတီ #အမေရိကန် #ဒေါ်နယ်ထရမ့် #တရုတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 13:11


ဗိုလ်နဂါးနဲ့ တပ်ဖွဲ့တွေ ပုလဲမြို့သိမ်းတိုက်ပွဲက ဘာကြောင့်ပြန်ဆုတ်ခဲ့ရလဲ (ရုပ်/သံ)

ဧရာ၀တီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄

ပုလဲမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ပြီး အင်အားဖြည့်တင်းလာတာကြောင့်တိုက်ပွဲလေးရက်မြောက်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ မိုင်(၄၀)လောက်သာ ဝေးတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့က စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး တပြိုင်နက်တိုက်ခိုက်ခဲ့ကြတာပါ။

ပုလဲ မြို့သိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့သလို ဒေသခံ အရပ်သားတွေ လည်း သေဆုံးတာ ရှိခဲ့ပါတယ်။

https://youtu.be/kn2cT3aUvmY
#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #ပုလဲ #ဗိုလ်နဂါး #BNRA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 11:45


တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံဘုရား မြင်ကွင်း

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့် (သာမညဖလ) အခါတော်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ပေါ်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်တိုင်အခါသမယ၌ အများပြည်သူတို့သည် ဘုရား၊ ပုထိုး၊ စေတီများနှင့် မိမိတို့၏ နေအိမ်များတွင် ဆီမီးထွန်းပြီး မြတ်ဗုဒ္ဓအား ပူဇော်ကြသလို ရပ်ကွက်၊ ကျေးရွာအတွင်း စတုဒိသာကျွေးခြင်း၊ နိဗ္ဗာန်စျေးလှူခြင်းတို့ဖြင့် အလှူဒါနများ ပြုလုပ်လေ့ရှိသည်။

ဓာတ်ပုံ - Jack/ IRW

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 11:41


တရုတ်အနေနဲ့ ဗမာပြည်ကို စစ်တပ်လွှတ်တယ်ဆိုလို့ရှိရင် ပြဿနာရှိတာကိုး၊ အဲဒီတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA ) ဟောင်းတွေကို လုံခြုံရေးကုမ္ပဏီ ဖွဲ့ပြီး လွှတ်တယ်ဆိုတာက လွှတ်လို့ရတာပေါ့။ တရုတ်ကုမ္ပဏီတွေပိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ အတွင်းလုံခြုံရေးသပ်သပ်လား၊ အပြင်စည်းလုံခြုံရေးအတွက်ပါ ယူမှာလား၊ ဘယ်အတိုင်းအတာအထိ လုပ်မှာလဲဆိုတာ စောင့်ကြည့်ရမှာပဲ

Website တွင် ဖတ်ရန် https://bit.ly/3AFPz00
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 11:31


ဂျက်ဖိုက်တာလာတယ်။ Mi35 နဲ့ တောက်လျှောက်ပစ်တယ်။ နောက်ဆုံး အဲဒီလို ဖိအားပေးနေတာ မရတော့ တဲ့အခြေအနေမျိုးမှာ ဘုတလင်မှာရှိနေတဲ့ စစ်ကြောင်းကို ရဟတ်ယာဉ်တွေနဲ့တင်ပြီးတော့ ပုလဲပတ်ပတ်လည်ကို ချတယ်။ ခန့်မှန်းအင်အား ၁၀၀ ကျော်လောက်ပေါ့။ သူတို့ မြို့ကို ပြန်ဝိုင်းလာကြတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေမှာ က ထိခိုက်မှုတွေရော၊ ကျည်လုံလောက်မှု မရှိတော့တာရော၊ အင်အားမမျှတော့တာရောကြောင့် ပြန်ဆုတ်ခဲ့ကြတာပါ

Website တွင် ဖတ်ရန် https://bit.ly/3Z5wxcN
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

15 Nov, 11:09


ရန်သူ အင်အားက ၂၈ ယောက်နဲ့ ၃၀ ကြားလောက်ရှိမယ်။ စလင်းမြို့နယ် ကာကင်းဖြစ်တဲ့ ဆုပ်လေဦးကို ကျနော်တို့ ဝင်တိုက်တာ။ ဆုတ်လေဦးနားမှာ ထိုင်နေတဲ့ ကင်းတွေ အကုန်လုံး ရလိုက်တယ်။အလောင်းတွေလည်း ရတယ်။ သေနတ် ၄ လက် ရတယ်

Website တွင် ဖတ်ရန် https://bit.ly/4fMO13g
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

14 Nov, 03:22


တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် တိုက်နိုင်မည်မဟုတ် (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၄

တရုတ်၏ ဖိအားနှင့် စွက်ဖက်မှုကြောင့် ရှမ်းမြောက်တွင် စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်ကောင်း ငြိမ်သက်သွားနိုင်၏။

သို့သော် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကနှင့် နှိုင်းစာလျှင် စစ်တပ်သည် မြို့ပေါင်း ၈၆ မြို့ခန့် ဆုံးရှုံးထားပြီး တပ်ရင်းဖွဲ့ဌာနချုပ် ၁၄၀ ခန့် စစ်အင်္ဂါစဉ်ထဲက ပျောက်ကွယ်သွားသည်။ အမ်းနှင့် တောင်ကုတ် ကျသွားပါက ထိုကိန်းဂဏန်းသည် ၁၅၀ ကျော်သွားမည်ဖြစ်၏။

ထို့ပြင် ကျန်တပ်ရင်း၊ တပ်ဖွဲ့အားလုံးနီးပါးမှာလည်း အထိနာနေ၏။ နှစ်လ၊ သုံးလသာ စစ်သင်တန်းပေးထားသည့် စစ်ရေးအတွေ့အကြုံမရှိ၊ တိုက်စိတ်ခိုက်စိတ် မရှိသည့် တပ်သားသစ်များဖြင့် အင်အားဖြည့်နေသည့် စစ်တပ်သည် စစ်အင်္ဂါစဉ်ထဲက ပျောက်ကွယ်သွားသည့် တပ်များကို ပြန်လည် အစားထိုး ဖွဲ့စည်းနိုင်မည် မဟုတ်သကဲ့သို့ အထိနာနေသော ကျန်နေသေးသည် တပ်မ၊ တပ်ရင်းများကို ပြန်လည် ဖြည့်တင်းရန်ပင် ခက်ခဲနေပေလိမ့်မည်။

စစ်တပ်သည် အရပ်ဘက်ပစ်မှတ်များအား လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ အရပ်သားကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် လူထုအား ခြိမ်းခြောက်မှုခြင်းသာ ပြုလုပ်နိုင်မည်။ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လက်တွေ့စစ်မြေပြင်တွင် စစ်ရေးအရ အသာစီးရဖွယ် မရှိသည့်အပြင် စစ်တပ်၏ ရှုံးပွဲများ ရပ်တန့်သွားဖွယ်ရာ မရှိပေ။ ထို့ပြင် ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ခြင်း ရှိမည်မဟုတ်ပေ။

လက်ရှိတွင် စစ်တပ်က ရှမ်းမြောက်နှင့် ကရင်နီတွင် ပြန်လှန်ထိုးစစ်ဆင်မည်ဟု လေသံပစ်နေသော်လည်း လက်တွေ့ ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ စစ်တပ်၏ ကရင်ထိုးစစ်မှာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရခိုင်နှင့် ကချင်တွင် ပြန်လှန်ထိုးစစ်ဆင်မည်ဆိုသည့်အသံပင် မကြားရပေ။

တော်လှန်ရေးတပ်ဖွဲ့များအဖို့ လေကြောင်းရန်အပါအဝင် အခက်အခဲအချို့ကို ပိုမို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သော်လည်း စစ်ရေးအောင်ပွဲများကို ဆက်လက်ရရှိနေမည်သာဖြစ်ပြီး စစ်ကောင်စီတပ် ပြိုကွဲမှုကို တားဆီး၍ရမည် မဟုတ်ပေ။
https://youtu.be/3HA3f--izQA

#မြန်မာ #ဧရာဝတီ #၁၀၂၇စစ်ဆင်ရေး #တရုတ် #TNLA #ရခိုင်
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 14:13


ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်သည် ဖက်ဒရယ်ပြည်ထောင်စု အစိုးရ၏ ဖြုန်းတီးမှုများကို လျှော့ချရန် တာဝန်ပေးထားသည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်စောင့်ကြည့်ဌာနကို ဦးဆောင်မည်ဟု ဒေါ်နယ်ထရမ့် အင်္ဂါနေ့တွင် ကြေညာသည်။

Website တွင် ဖတ်ရန် https://bit.ly/4fuN1RG
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 13:34


ပုလဲမြို့ပေါ်သို့ ဗိုလ်နဂါး၏ တော်လှန်ရေးတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ချရန် လည်း တိုက်တွန်းနေသဖြင့် ပိတ်မိနေသော ဝန်ထမ်းများအား ကယ်ထုတ်ကာ လေကြောင်းဖြင့် ရှင်းလင်း၍ စစ်ကူ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးရန် စစ်တပ်လော်ဘီတို့က တောင်းဆိုနေသည်။

Website တွင် ဖတ်ရန် https://bit.ly/3OrsmSF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 12:06


ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ဖိအားပေးခံနေရ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၃ ၊ ၂၀၂၄

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိအားပေးခြင်း ခံနေရပြီး အကျပ်အတည်းရင်ဆိုင်နေကြရတယ်လို့ အေဂျင်စီတာဝန်ရှိသူတွေကိုယ်တိုင်က ဧရာဝတီကို ပြောပြကြပါတယ်။

ဖိအားပေးခံရတဲ့ အထဲမှာ အေဂျင်စီတွေအနေနဲ့ ပြည်ပနိုင်ငံကို စေလွှတ်ထားတဲ့ လုပ်သား အလုပ်လုပ်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရရင် အလုပ်စာချုပ်သက်တမ်း ပြည့်သွားချိန်မှာ မြန်မာနိုင်ငံပြန်ပြီး စစ်မှုထမ်းဆောင်ရေး တာဝန်ယူပေးဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်သမားတဦးဟာ ပြည်ပနိုင်ငံမှာ ရရှိတဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်ထံ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ဖြစ်စေ တလကို တကြိမ် ဒါမှမဟုတ် ၃ လတကြိမ် လွှဲပြောင်းဖို့ ညွှန်ကြားထားပါတယ်။

ဒီအချက်တွေဟာ ၂၀၂၄ ခုနှစ် မေလက ပြန်လည်ပြင်ဆင်လိုက်တဲ့ အေဂျင်စီနဲ့ အလုပ်သမားအကြား သဘောတူစာချုပ်ထဲမှာ ပါဝင်ပြီးသားဖြစ်ပေမယ့် ဖိအားပေးတင်းကျပ်မှုတွေ ပိုလုပ်ခံလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
https://youtu.be/6TWs93Zvnwg

#မြန်မာ #ဧရာဝတီ #အလုပ်သမားအေဂျင်စီ #စစ်မှုထမ်းဥပဒေ #လုပ်ခလစာ၂၅ရာခိုင်နှုန်း #ပြည်ပအလုပ်အကိုင်
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 11:12


တအာင်းဒေသ၌ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ဖိတ်ခေါ်

ဧရာ၀တီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၄

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ် ၁၂ ခု၌ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် CDM ကျန်းမာရေးဝန်ထမ်းများ၊ Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များအား ဖိတ်ခေါ်ကြောင်း တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) နှင့် ကျန်းမာရေးမိသားစု- မန္တလေး (MFM) တို့က ယမန်နေ့တွင် ထုတ်ပြန်သည်။

လတ်တလောတွင် MFM၊ နွေဦးတော်လှန်ရေး၏ မိတ်ရင်းကျန်းမာရေး တတ်သိပညာရှင်များနှင့် ကျန်းမာရေး CDMers အကူအညီဖြင့် ကျန်းမာရေးယန္တရားလည်ပတ်နေပြီး တအာင်းပြည်အားလွှမ်းခြုံနိုင်ရန် ဝန်ထမ်းအင်အား လိုအပ်နေသေး၍ မြို့နယ်အလိုက်ရှိ ပြည်သူ့ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများအတွက် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၂၀ ရက်က ဖွဲ့စည်းလိုက်သော THC သည် TNLA အုပ်ချုပ်နေသည့် မြို့နယ်များရှိ လူထုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို အဓိက တာဝန်ယူထားပြီး ယခုနှစ်ကုန်တွင် တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်အား ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း TNLA သိမ်းပိုက်ထားသည့် နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ ၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ရှိ ပြည်သူ့ဆေးရုံ/ဆေးခန်းများတွင် ကျန်းမာရေးဆိုင်ရာ ပါမောက္ခ၊ ခွဲစိတ်ပါရဂူ၊ CDM များနှင့် TNLA ဆေးတပ်ဖွဲ့ဝင်များဖြင့် ကျန်းမာရေးယန္တရား လည်ပတ်လျက်ရှိသည်။

သို့သော် ၁၀၂၇ ဒုတိယအပိုင်းအတွင်း TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့တို့၌ ကျန်းမာရေးယန္တရား စတင်အကောင်ထည်ဖော်လျက်ရှိကြောင်း ဆိုထားသည်။

ထို့အတူ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည်လည်း MFM နှင့် CDM ကျန်းမာရေး ဝန်ထမ်းများ၏ အကူအညီဖြင့် လားရှိုးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ်များ၌ ကျန်းမာရေးယန္တရား စတင် ဖော်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- TNLA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 11:11


TNLA အထူးတိုက်ခိုက်ရေးစစ်သည် ၁၀၀၀ ကျော် သင်တန်းဆင်း

ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၄

ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ အမျိုးသားအထူးတိုက်ခိုက်ရေးစစ်သည်အင်အား တထောင်ကျော် ပါဝင်သည့် စစ်သင်တန်းဆင်းပွဲအား နိုဝင်ဘာ ၉ ရက်တွင် ထိန်းချုပ်နယ်မြေတနေရာ၌ ပြုလုပ်ခဲ့ကြောင်း TNLA က ယနေ့ကြေညာသည်။

အထူးတိုက်ခိုက်ရေးသင်တန်းအား အပိုင်း(က)နှင့် အပိုင်း(ခ)ဟူ၍ ဖွင့်လှစ်ခဲ့ပြီး စစ်ဆင်ရေးနှင့် ရှေ့တန်းတိုက်ခိုက်ရေး၌ ကျွမ်းကျင်မှုရှိစေရန် အချိန်သုံးလကျော်ကြာ သင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့ ၁၂ မြို့အား ဆက်လက် ကာကွယ် စောင့်ရှောက်သွားရန် တဦးချင်းတာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ပြောသည်။

ထို့ပြင် အမျိုးသမီးစစ်သင်တန်းအမှတ်စဉ်(၆၆)(ဂ) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက်၌ ကျင်းပခဲ့ပြီး သင်တန်းသူ ၂၀၀ ဝန်းကျင် ပါဝင်ခဲ့ကြောင်းနှင့် ၎င်းတို့အား အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးတို့တွင် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

TNLA သည် ယခုနှစ်မေလတွင် အခြေခံစစ်သင်တန်းအပတ်စဉ်(၆၅) သင်တန်းဆင်းခဲ့ပြီး သင်တန်းသား/သူ ဦးရေ ၁၀၀၀ ကျော်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့အား သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လျက်ရှိသည်။

လက်ရှိတွင် စစ်တပ်က TNLA သိမ်းပိုက်ထားသည့်မြို့များအပါအဝင် ရှမ်းမြောက်ဒေသရှိ ၎င်းတို့လက်လွှတ်ခဲ့ရသော မြို့ရွာများအား နေ့စဉ်နီးပါး လေကြောင်း ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးမှုများ ရှိနေသည်။

ဓာတ်ပုံ-TNLA

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 10:58


လေကြောင်းတိုက်ခိုက်ဖို့ တည်နေရာပေးသူအချို့ကို MNDAA ဖမ်းဆီးထား (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်နိုင်ဖို့ စစ်ကောင်စီထံ တည်နေရာ သတင်းပေးသူတွေကို ဖမ်းဆီးထားတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သတင်းရင်းမြစ်တွေက ပြောပါတယ်။

လားရှိုးမြို့ပေါ်က ဝရဇိန် ကားဝပ်ရှော့ပိုင်ရှင်ဟာ စစ်တပ်ကို သတင်းပေးနေတယ်လို့ MNDAA က သတင်းရရှိပြီးနောက် ဖမ်းဆီးစစ်ဆေးခဲ့ရာကနေ စပ်ဆက်ပါဝင်သူ ၂၄ ဦးကိုပါ ထပ်မံဖမ်းဆီးထားတာဖြစ်တယ်လို့သိရပါတယ်။

MNDAA ဘက်ကတော့ လူမှုကွန်ရက်မှာ ထွက်ပေါ်နေသလို ဖမ်းဆီးထားတဲ့ ၂၆ ယောက်ကို ကွက်မျက်တာတွေ လုပ်ဆောင်မှာ မဟုတ်သလို ပြစ်မှုထင်ရှားရင် ထောင်ဒဏ်နဲ့ အပြစ်မရှိရင် ပြန်လွှတ်ပေးမှာလို့ ဆိုပါတယ်။
https://youtu.be/2IQpAOvcWSw

#မြန်မာ #ဧရာဝတီ #လားရှိုး #ဝရဇိန် #MNDAA
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

13 Nov, 10:16


မင်းတပ်မြို့ပေါ် နေအိမ်များ စစ်တပ် မီးရှို့

ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၄

ချင်းညီနောင် (CB) အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ အရပ်သားနေအိမ်များကို စစ်တပ်မှ မီးရှို့နေသည့်အတွက် အိမ် ၂၀၀ ခန့် ပျက်စီးမှုရှိနေကြောင်း ဒေသခံတဦးက ပြောသည်။

စစ်တပ်အနေဖြင့် နိုဝင်ဘာ ၉ ရက်မှစတင်ကာ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊ ရဲစခန်းအနီးတဝိုက်၊ ဆောက်လုပ်ဝင်း အနောက်ဘက်ခြမ်းနှင့် မြို့ပေါ်နေရာအချို့တို့တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့အနေဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ရှိ စစ်တပ်စခန်းများအား နိုဝင်ဘာ ၉ ရက်မှစကာ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း ၎င်းတို့က ယနေ့ ထုတ်ပြန်ထားသည်။

စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုကာ မြို့ပေါ်သို့ ဗုံးများကြဲချခြင်း၊ ခဲယမ်းရိက္ခာချပေးခြင်းများ ပြုလုပ်နေသည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ မဟာမိတ်တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေခြင်းမပြုလုပ်ကြရန် ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ - Ĥkl Mindat

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

10 Nov, 03:53


ဟိုပန်တွင် ပြည်သူ့စစ်ဖွဲ့ရန် UWSA ညွှန်ကြား

ဧရာဝတီ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၄

“ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုပန်မြို့တွင် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ ပြည်သူ့စစ်များဖွဲ့စည်းရန် ညွှန်ကြားလိုက်ကြောင်း ဒေသခံများက ဆိုသည်။

"ရပ်ရွာလူကြီးတွေကို ခေါ်တွေ့တယ်၊ ရပ်ရွာလုံခြုံရေးအတွက်လို့ ပြောတာပဲ။ ၁၀ အိမ်မှာ အနည်းဆုံး ၃ ယောက်လောက် သွားရတယ်” ဟု ဒေသခံတဦးက ဆိုသည်။

ပြည်သူ့စစ်ဖွဲ့ရန် အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း စာရင်းကောက်ခံလျက်ရှိပြီး လူငယ်များကို အဓိကထားကောက်ခံနေကြောင်း၊ ရပ်ကွက်တခုနှင့်တခု ကောက်ခံရာတွင်လည်း ပုံစံမတူကြောင်း သိရသည်။

"တချို့ရွာတွေကို ၂ ယောက်လောက်ပဲ ကောက်တယ်။ တချို့ကျတော့လည်း ၁၅ ယောက်ကနေ ၂၅ ယောက်ထိ ကောက်တယ်” ဟု ဒေသခံ အမျိုသားတဦးက ဆိုသည်။

မိသားစုဝင်တဦးဦးသည် ဝ ပြည်နယ်၏ အစိုးရလက်အောက်၌ တာဝန်ထမ်းဆောင်သူဖြစ်ပါက ပြည်သူ့စစ်အဖြစ် ကောက်ယူမှုမှကင်းလွတ်ခွင့်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

ထို့အတူ တန့်ယန်း၊ မိုင်းယော်နှင့် မိုင်းကျက်တို့၌လည်း အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် "ဝ" တပ်၏ တပ်သားသစ် ကောက်ခံသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သတင်း- “ခေါက်တွေတိုက်”
ပုံစာ- UWSA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

10 Nov, 01:29


နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အကြောင်း ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/3UHfyLe
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 10:55


စစ်ခေါင်းဆောင်အား မထိတထိ သရော်လေ့ရှိသူ ငါးမင်းဆွေ အဖမ်းခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၉၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် Live လွှင့်၍ မထိတထိ သရော်လေ့ရှိသော စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ယနေ့ ကျိုက်ထိုရဲစခန်းမှ လာရောက်ဖမ်းဆီးသွားကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ငါးမင်းဆွေကို ယနေ့ မနက်ပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ်ရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ငါးမင်းဆွေက “ ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့ အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊ လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ကျနော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။ အသေးစိတ်တော့ ကျနော် ဘာမှမသိဘူး။ အခုကျနော့်ကို လာခေါ်ပြီ။ လိုက်သွားရတော့မယ်။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော်နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်တာပါ " ဟု Live လွှင့်၍ ပြောခဲ့သည်။

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား အကိုလှိုင်ဟု ခေါ်ဆိုကာ အမျိုးမျိုး ဝေဖန်ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်လည်း မကြာခဏတောင်းဆိုလေ့ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 10:47


မြန်မာ့တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေတယ် (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၉၊ ၂၀၂၄

တရုတ်သည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖွဲ့မှုကိုပါ ဖြိုခွဲရန် ကြိုးစားလာသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား အစိတ်စိတ်အမွှာမွှာ ကွဲပြားစေပြီး ဖြိုခွဲနှိမ်နင်းရန် ကြိုးပမ်း လုပ်ဆောင်နေသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ တရုတ်တို့သည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG/PDF တို့ကြားရှိ ညီညွတ်‌ရေး၊ သွေးစည်းရေးသာမက မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့ အချင်းချင်းကြားရှိ ညီညွတ်ရေး၊ သွေးစည်းရေးကိုပါ ဖြိုခွဲလျက်ရှိသည်ကို ရှင်းလင်းစွာတွေ့ရ၏။

တရုတ်တို့သည် လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးပြီးနောက် စစ်ကောင်စီအား အသက်ဆက်ပေးရန် မျက်ကလဲဆန်ပျာ ကြိုးပမ်းလာနေပြီး နွေဦးတော်လှန်ရေး အင်အားစုများကို ဖြိုခွဲရန်အတွက် ခြိမ်းခြောက်ခြင်း၊ ဗိုလ်ကျခြင်း၊ ဖိအားပေးခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားပေါင်းစုံ ပြည်သူများအား ဖြတ်ငါးဖြတ် ပြုလုပ်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နေရပေသည်။

https://youtu.be/IAd6I_eGdCc
#မြန်မာ #ဧရာဝတီ #တရုတ် #NUG #PDF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 10:02


စစ်ခေါင်းဆောင်တောင်းဆိုမှု ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်နိုင်လား (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၉၊ ၂၀၂၄

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာတို့ နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်နေတဲ့ မဟာမဲခေါင်အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကြိုတင်စီစဥ်မထားဘဲ သီးခြားတွေ့ဆုံဖြစ်ခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က မီဒီယာတွေကို ဖြေကြားထားသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေရဲ့ အချက်အလက်တွေ မျှဝေပေးဖို့ စစ်ခေါင်းဆောင်က တောင်းခံခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ထိုင်းဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂ ထောင်ကျော် ထိစပ်နေသလို စီးပွားရေးအရလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် ထိုင်းအစိုးရဘက်ကတော့ မြန်မာရဲ့ ဘယ်အစိုးရကိုမဆို ဆက်ဆံရတာဖြစ်တယ်လို့ ထိုင်း-မြန်မာအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအကြောင်းကို ရှင်းပြခဲ့သလို ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ တာဟာ စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ထောက်ခံရာရောက်တယ်လို့ ထိုင်းအတိုက်ခံပါတီတခုဖြစ်တဲ့ မျှတခြင်းပါတီ (Fair Party) ရဲ့ အောက်လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က လူမှုကွန်ရက်ကတဆင့် ဝေဖန်ထားပါတယ်။

https://youtu.be/76s8ke9-Z18
#မြန်မာ #ဧရာဝတီ #ထိုင်း #ရွှေ့ပြောင်းလုပ်သား #ပေထုန်တန်ရှင်နာဝပ် #Fair Party
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 09:00


ညောင်ရွှေ-ဖယ်ခုံနယ်စပ် ကာလရွာ လေယာဥ်ဗုံးကြဲ၍ ၂ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ -ဖယ်ခုံနယ်စပ်ရှိ ကာလကျေးရွာကို ယမန်နေ့ ည ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက် ၃၅နှစ်အရွယ် အမျိုးသားတဦးနှင့် အသက်၄၀အရွယ် အမျိုးသမီးတို့ဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံက သိရသည်။

"မိုးတွေရွာနေတော့ လေယာဥ်သံတောင် မကြားလိုက်ရဘူး။ပေါက်ကွဲသံပဲကြားလိုက်ရတယ်။၄လုံးချသွားတယ်"ဟု ဒေသခံတဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ်နီးပါး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေးများအပါအဝင် ၉ဦး သေဆုံးခဲ့ပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့သည်။

ပုံစာ- ညောင်ရွှေ -ဖယ်ခုံနယ်စပ်ရှိ ကာလကျေးရွာကို လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်/ CJ
သတင်း-“CJ”

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 08:56


ကျနော်တို့ BPLA က NUG နဲ့ စင်ပြိုင်အစိုးရထူထောင်မယ့် တပ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် NUG တည်ဆောက်ထားပြီးသား အုပ်ချုပ်ရေးယန္တရားတွေကို ကျနော်တို့က နှောင့်ယှက်ဖို့ လာတာလည်း မဟုတ်ဘူး။ သူတို့ကို တတ်နိုင်သမျှ စစ်ရေးအရ အကူအညီပေးဖို့ပဲ ဖြစ်တယ်။ ကျနော်တို့ စစ်ရေးအရ MOD နဲ့ တာဝန်ခွဲယူရမှာပဲ။

Website တွင် ဖတ်ရန် https://bit.ly/4fkwEXt
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

09 Nov, 08:40


ရွေးကောက်ပွဲ ထရမ့် အနိုင်ရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ အီလွန်မတ်စ် ရဲ့ တက်စ်လာ ရှယ်ယာတွေဟာ ၁၅ ရာခိုင်နှုန်း နီးပါး မြင့်တက်သွားပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး အနေနဲ့လည်း ဒေါ်လာ ၁၂၀ ဘီလီယံ ဝန်းကျင်အထိ ခုန်တက် သွားတယ်လို့…

Website တွင် ဖတ်ရန် https://bit.ly/48MxutF
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Nov, 13:11


ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၄

အမေရိကန်ရွေးကောက်ပွဲမှာ ရီပက်ဘရီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို အနိုင်ရရှိပြီး ၄၇ ယောက်မြောက် အမေရိကန် သမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် အနိုင်ရရှိသွားတဲ့နောက် မူဝါဒအပြောင်း အလဲတွေရှိမလား စိုးရိမ်နေကြတဲ့ နိုင်ငံ အတော်များများရှိသလို အဲဒီအထဲမှာ မြန်မာနိုင်ငံအရေးလှုပ်ရှားနေကြသူတွေလည်း ပါဝင်ကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဂျိမ်းရွှေ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/YXHYcmoIGw8
#မြန်မာ #ဧရာဝတီ #ဒေါ်နယ်ထရမ့် #အမေရိကန်ရွေးကောက်ပွဲ #ကင်မလာဟဲရစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Nov, 11:48


စစ်ကောင်စီခေါင်းဆောင် တရုတ်သို့သွားရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား တင်းမာမှုမြင့်မားနေချိန်နှင့် တိုက်ဆိုင်နေပြီး အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်နိုင်ပြီး သေနင်္ဂဗျူဟာ မရေရာမှုလည်း ရှိနေသည်။ အရှေ့တောင်အာရှ နိုင်ငံအများအပြားသည် ထိုကြီးထွားနေသည့် အာဏာအားပြိုင်မှုတွင် လမ်းကြောင်းရှာရန် ဖိအားပေး ခံနေရသည်။

Website တွင် ဖတ်ရန် https://bit.ly/4fhUKSW
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Nov, 11:10


ထရမ့်သမ္မတသက်တမ်းအတွင်း မြန်မာဒုက္ခသည်များ ပြန်လည်နေရာချထားရေး အဆုံးသတ်နိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၄

ရီပါဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်သည် နိုင်ငံ၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့၌ ရွေးကောက် တင်မြှောက်ခံရပြီးနောက် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်းနယ်စပ်စခန်းများတွင် လက်ရှိနေထိုင်နေသော မြန်မာ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို ဖျက်သိမ်းနိုင်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတဦးက ပြောကြားသည်။

ဒုက္ခသည် ၆ သောင်းခန့်အား တတိယနိုင်ငံသို့ ပြောင်းရွှေ့နေရာချထားပေးရန်နှင့် အမြဲတမ်းနေထိုင်ခွင့်ပေးနိုင်ရန်အတွက် ဒီမိုကရက်တစ်ပါတီအုပ်ချုပ်နေစဉ်က ထိုင်းနှင့် အမေရိကန်အစိုးရတို့ ဆွေးနွေးခဲ့ကြသည်။

အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားအရေးထောက်ခံသူများအဖွဲ့ (AHRLA) ၏ ဒါရိုက်တာ ဖီလစ်ရော်ဘတ်ဆင်က အင်္ဂါနေ့ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားသဖြင့် ရွေးကောက်ခံသမ္မတထရမ့်သည် လူ့အခွင့်အရေး ကိစ္စရပ်များကို ဦးစားပေးခြင်းမရှိသောကြောင့် အမေရိကန်နိုင်ငံသည် အဆိုပါအစီအစဉ်ကို လုံးဝဖျက်သိမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးနေ့က Krungthep Turakij သတင်းစာနှင့် အင်တာဗျူးတွင် ရော်ဘတ်ဆင်က ထရမ့်၏ ဦးဆောင်မှုအောက်၌ အမေရိကန်သည် နိုင်ငံခြားမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးကာကွယ်မှု မူဝါဒကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးပို့ကုန်စျေးကွက်ဖြစ်သောကြောင့် ဤသည်မှာ ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို ထိခိုက်စေမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အမေရိကန်နိုင်ငံသား မဟုတ်သူများအား ဖမ်းဆီးခြင်းနှင့် နိုင်ငံပြန်ပို့ခြင်းကဲ့သို့သော မဲဆွယ်စဉ်က ကတိပေးခဲ့သည့် မူဝါဒများကို ထရမ့် အကောင်အထည်ဖော်လျှင် နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှု သို့မဟုတ် အကျပ်အတည်းဖြစ်ပေါ်နိုင်ကြောင်း ရော်ဘတ်ဆင်က ခန့်မှန်းသည်။

၎င်းက "လက်တင်အမေရိကားနိုင်ငံများမှ နိုင်ငံခြားသားများ၊ အထူးသဖြင့် မျိုးဆက်ဟောင်း ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့နိုင်ခြေရှိပြီး အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး အလိုအလျောက် အမေရိကန်နိုင်ငံသားဖြစ်လာသော ၎င်းတို့၏ ကလေးများမူ နိုင်ငံတွင် ဆက်လက်နေထိုင်နိုင်မည်ဖြစ်သည်" ဟု ဆိုသည်။

ထိုကဲ့သို့ နိုင်ငံပြန်ပို့ခြင်းကြောင့် မိသားစုများ ကွဲကွာနိုင်ပြီး အစိုးရအာဏာပိုင်များနှင့် ပြည်သူတို့ကြား၊ ထို့ပြင် ထရမ့်၏မူဝါဒများကို လိုက်နာရန်ငြင်းဆန်နိုင်သည့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူးများရှိသော ပြည်နယ်များကြား ပဋိပက္ခများ ဖြစ်ပေါ်နိုင်ကြောင်း ရော်ဘတ်ဆင်က ထောက်ပြသည်။

သူ့ကို ဆန့်ကျင်သော အုပ်ချုပ်ရေးမှူးများကို အပြစ်ပေးရန် တရားရေးဌာနနှင့် တရားစီရင်ရေးစနစ်အား ကိရိယာအဖြစ်အသုံးပြု၍ ထရမ့်အနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထရမ့်သည် အမျိုးသမီးများ၏ ကိုယ်ဝန်ဖျက်ချခွင့်အား ကန့်သတ်သည့် မူဝါဒများကိုလည်း အကောင်အထည်ဖော်နိုင်ပြီး ၎င်းသည် အမျိုးသမီးအဖွဲ့အစည်းများ၏ ဆန္ဒပြမှု သို့မဟုတ် ဆန့်ကျင်မှုများကို ဖြစ်ပေါ်စေကာ အမေရိကန်နိုင်ငံတွင် မကြုံစဖူး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရော်ဘတ်ဆင်က ဆိုသည်။

ဓာတ်ပုံ - The Nation

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Nov, 09:23


ပတ်စပို့သက်တမ်းကုန်သူများ NUG ထောက်ခံချက်ဖြင့် ကိုးရီးယားအစိုးရ ဆက်နေထိုင်ခွင့်ပြု

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၄

တောင်ကိုးရီးယားနိုင်ငံတွင် ရောက်ရှိနေပြီး ပတ်စပို့ (နိုင်ငံကူးလက်မှတ်စာအုပ်) သက်တမ်းကုန်နေသူများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံး၏ ထောက်ခံချက်ဖြင့် ကိုးရီးယားလူဝင်မှုကြီးကြပ်ရေးမှ နေထိုင်ခွင့်ဗီဇာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအစီအစဉ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံပြန်၍မရသူများ၊ စစ်ကောင်စီ လက်အောက်ခံ သံရုံးသို့ အချက်အလက်များ မပေးလိုသည့် မြန်မာနိုင်ငံသားများ ပြုလုပ်မှုများပြားပြီး လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် ကိုးရီးယားလူဝင်မှုကြီးကြပ်ရေးက အသိအမှတ်ပြုဆောင်ရွက်ပေးနေခြင်းဟု ကိုးရီးယားရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

သက်တမ်းကုန်ဆုံးသည့် ပတ်စပို့စာအုပ်ပေါ်တွင် ကိုးရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက သက်တမ်း ၂ နှစ်ရှိ ပတ်စပို့သက်တမ်းတို တံဆိပ်တုံးရိုက်နှိပ်ကာ ရုံးတာဝန်ခံက လက်မှတ်ရေးထိုးပေးနေခြင်း ဖြစ်သည်။

ယင်းအစီအစဉ်အား ပြီးခဲ့သည့် ဇူလိုင်လကတည်းက ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ လူဦးရေ ၁၀၀ ကျော်ကို သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ NUG ကိုယ်စားလှယ်ရုံးက ၂ နှစ် သက်တမ်းတိုးပြီးနောက် ကာယကံရှင်အနေဖြင့် နှစ်ပတ်အတွင်း ကိုရီးယားလူဝင်မှုကြီးကြပ်ရေးတွင် နေထိုင်ခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကိုးရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းအပြီး နှစ်လခန့်ကတည်းက နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်နေသူများအား လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ဆက်လက်နေထိုင်ခွင့် ဗီဇာထုတ်ပေးမှုများ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ထိုမှတဆင့် ယခုအခါ ပတ်စပို့စာအုပ်သက်တမ်း ကုန်ဆုံးသူများကိုပါ NUG ကိုယ်စားလှယ်ရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်နေထိုင်ခွင့်ဗီဇာ ထပ်မံထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ - မြန်မာ့အရေးလှုပ်ရှားတောင်းဆိုမှုများ ပြုလုပ်နေသည့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ / စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

08 Nov, 09:15


ထရမ့်အစိုးရ ထိပ်တန်းရာထူး အလားလာရှိသော လူစာရင်း ထွက်လာ

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၄

Susie Wiles (အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ)

ထရမ့်၏ မဲဆွယ်စည်းရုံးရေး မန်နေဂျာ နှစ်ဦးအနက်မှ တဦးဖြစ်သည့် Wiles သည် အိမ်ဖြူတော် ဝန်ထမ်း အကြီးအကဲ ဖြစ်လာလိမ့်မည်ဟု ကြာသပတေးနေ့က ကြေညာခဲ့သည်။ Wiles သည် အောင်မြင်ပြီး ထိရောက်သော မဲဆွယ်စည်းရုံးမှု လုပ်ဆောင်နိုင်ခြင်းကြောင့် ချီးကျူးဂုဏ်ပြုခံရသူဖြစ်သည်။ ထရန့်၏ပထမသက်တမ်းအတွင်း အားနည်းခဲ့သည့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများကို Wiles က ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထောက်ခံသူများက မျှော်လင့်ကြသည်။

Scott Bessent (အလားအလာရှိသော ဘဏ္ဍာရေးအတွင်းဝန်)

ထရမ့်၏အဓိကစီးပွားရေးအကြံပေး Bessent သည်ဘဏ္ဍာရေး အတွင်းရေးမှူးအတွက် ထိပ်တန်း ကိုယ်စားလှယ်လောင်း အဖြစ် ကျယ်ပြန့်စွာ ထင်ကြေးပေးခံနေရသည်။ ယေးလ်တက္ကသိုလ်တွင် နှစ်အတန်ကြာ သင်ကြားခဲ့သည့်အပြင် နှစ်ပေါင်းများစွာ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံသူ Bessent သည် ရွေးကောက်ခံသမ္မတနှင့် နွေးထွေးသော ဆက်ဆံရေးရှိသည်။ သူသည် ရွေးကောက်ခံသမ္မတ၏ စီးပွားရေးအတွေးအခေါ်တချို့ကိုလည်း ချီးကျူးခဲ့သူဖြစ်သည်။

John Paulson (အလားအလာရှိသော ဘဏ္ဍာရေးအတွင်းဝန်)

ဘီလီယံနာ ရန်ပုံငွေ မန်နေဂျာနှင့် ထရမ့် အလှူရှင် ပေါလ်ဆင်သည် ဘဏ္ဍာရေး အတွင်းဝန်၏ နောက်ထပ် ထိပ်တန်း ပြိုင်ဘက် ဖြစ်သည်။ ငွေရေးကြေးရေး လုပ်ငန်းရှင်ဖြစ်ပြီး ဘဏ္ဍာရေး အတွင်းဝန်အလုပ်ကို စိတ်ဝင်စားသည်။ အခွန်ဖြတ်တောက်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို နှစ်ရှည်လများ ထောက်ခံသူဖြစ်သည်။ ဧပြီလတွင် ပေါလ်ဆင် ဦးစီးကျင်းပသော ထိပ်တန်းရန်ပုံငွေပွဲတခု၌ သူ၏ စွမ်းဆောင်ရည်ကြောင့် ထရမ့် မဲဆွယ်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ကျော် ရရှိခဲ့သည်။

Larry Kudlow (အလားအလာရှိသော ဘဏ္ဍာရေးအတွင်းဝန်)

ထရမ့်၏ပထမသက်တမ်းအတွက် အမျိုးသားစီးပွားရေးကောင်စီ၏ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော FOX Business Network မှ Larry Kudlow သည်ဘဏ္ဍာရေးအတွင်းရေးမှူးဖြစ်လာရန် အလားအလာရှိသည့်အပြင် သူစိတ်ဝင်စားပါက သီးခြားစီးပွားရေးကိုအာရုံစိုက်သည့်ရာထူးကို ရယူရန်အတွက်ပါ အခွင့်အလမ်းရှိနေသည်။

Robert Lighthizer (အလားအလာရှိသော ဘဏ္ဍာရေးအတွင်းရေးမှူး)

ယခင် သမ္မတသက်တမ်းတခုလုံးအတွက် ထရမ့်၏အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော သစ္စာခံတဦးဖြစ်သည့် Lighthizer ကို ပြန်လည်ခန့်အပ်ရန်မှာ သေချာသလောက်ပင်ဖြစ်သည်။ Bessent နှင့် Paulson တို့သည် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာရန် ပိုမိုကောင်းမွန်သော အနေအထားတွင် ရှိသော်လည်း Lighthizer၌ အခွင့်ထူးများ ရှိနေပြီး သူစိတ်ဝင်စားပါက ယခင်ရာထူးကို ပြန်လည် ရရှိနိုင်သည်။

Howard Lutnick (အလားအလာရှိသော ဘဏ္ဍာရေးအတွင်းဝန်)

ထရမ့်၏ အသွင်ကူးပြောင်းရေးကြိုးပမ်းမှု ပူးတွဲဥက္ကဋ္ဌနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Cantor Fitzgerald မှ သက်တမ်းကြာ အမှုဆောင်အရာရှိချုပ် Lutnick သည် ဘဏ္ဍာရေးအတွင်းရေးမှူးအတွက် ထင်ကြေးပေးခံနေရသည်။ ဒုတိယသက်တမ်းတွင် မည်သည့်မူဝါဒများ ပြဋ္ဌာန်းမည်ဆိုသော အသေးစိတ်မွမ်းမံထားသည့် ထင်မြင်ယူဆချက်များကို တခါတရံ သူပေးလေ့ရှိသည်။

Richard Grenell (အလားအလာရှိသော နိုင်ငံခြားရေးဝန်ကြီး)

Grenell သည် ထရမ့်၏အရင်းနှီးဆုံးနိုင်ငံခြားရေးမူဝါဒ အကြံပေးများထဲတွင် တဦးအပါအဝင်ဖြစ်သည်။ ရွေးကောက်ခံ သမ္မတ၏ ပထမလေးနှစ်သက်တမ်းအတွင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးနှင့် ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စက်တင်ဘာလ၌ ထရမ့်သည် ယူကရိန်းသမ္မတ Volodymyr Zelenskiy နှင့်တွေ့ဆုံသောအခါ Grenell သည် သီးသန့်အစည်းအဝေးတွင် ထိုင်ခဲ့သူဖြစ်သည်။

Robert O'Brien (အလားအလာရှိသော နိုင်ငံခြားရေးဝန်ကြီး)

ထရမ့်၏ စတုတ္ထမြောက်နှင့် နောက်ဆုံး အမျိုးသားလုံခြုံရေးအကြံပေး O'Brien သည် ပထမသက်တမ်းအတွင်း ထရမ့်နှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦးသည် အမျိုးသားလုံခြုံရေးကိစ္စရပ်များကို မကြာခဏ ပြောဆိုလေ့ရှိသည်။ သူသည် နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် အခြားထိပ်တန်း နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသား လုံခြုံရေး ရာထူးအတွက် အရွေးခံရဖွယ်ရှိသည်။

Bill Hagerty (အလားအလာရှိသော နိုင်ငံခြားရေးဝန်ကြီး)

ထရမ့်၏ ၂၀၁၆ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွင် လုပ်ဆောင်ခဲ့သည့် Tennessee မှ အမေရိကန် အထက်လွှတ်တော် အမတ် Hagerty သည် နိုင်ငံခြားရေးဝန်ကြီးအတွက် ထိပ်တန်းပြိုင်ဘက်တဦးအဖြစ် သတ်မှတ်ခံထားရသည်။ သူသည် ရီပါဘလစ်ကန်ပါတီအပါအဝင် ပါတီအားလုံးနှင့် ခိုင်မာသောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အထက်လွှတ်တော်တွင် လွယ်ကူစွာ အတည်ပြုနိုင်ဖွယ်ရှိသည်။

သမ္မတထရမ့်အစိုးရလက်ထက်တွင် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Hagerty သည် ယခုနှစ်အစောပိုင်းက ယူကရိန်းအတွက် အဓိက စစ်ရေးအကူအညီပေးရေးအစီအစဉ်ကို ကန့်ကွက်မဲပေးခဲ့သူ ဖြစ်သည်။

Marco Rubio (အလားအလာရှိသော နိုင်ငံခြားရေးဝန်ကြီး)

ဖလော်ရီဒါပြည်နယ်မှ အမေရိကန် အထက်လွှတ်တော်အမတ်ဖြစ်သည့်အပြင် ၂၀၁၆ ခုနှစ် ရီပါဘလစ်ကန် သမ္မတလောင်း ရူဘီယိုသည် ထရမ့်၏

The Irrawaddy - Burmese

08 Nov, 09:15


မူဝါဒများနှင့် နီးကပ်စွာ ကျင့်သုံးနေသူတဦး ဖြစ်သည်။သူသည် လက်တင်အမေရိကနှင့် ဆက်နွယ်နေ သည့် အထက်လွှတ်တော်တွင် နိုင်ငံခြားရေးရာကိစ္စများ၌ ကာလကြာရှည် ပါဝင်ပတ်သက်နေပြီး ပါတီတလျှောက် ခိုင်မာသော ဆက်ဆံရေးရှိသည်။

Mike Waltz (အလားအလာရှိသော ကာကွယ်ရေးဝန်ကြီး)

လက်ရှိ ဖလော်ရီဒါပြည်နယ်မှ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တဦးဖြစ်ပြီး လက်ရှိတွင် ဖလော်ရီဒါပြည်နယ် တပ်ဖွဲ့ဝင်ဟောင်း Green Beret သည် ထရမ့်နှင့် စကားပြောဆိုနေပြီး ကာကွယ်ရေးဝန်ကြီးအတွက် လေးနက်သော ပြိုင်ဘက်တဦးအဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရသည်။

Mike Pompeo (အလားအလာရှိသော ကာကွယ်ရေးဝန်ကြီး)

ထရမ့်၏ ပထမသက်တမ်းအတွင်း CIA ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pompeo သည် ကာကွယ်ရေးဝန်ကြီးအတွက် ထိပ်တန်းပြိုင်ဘက်တဦးအဖြစ် သတ်မှတ်ခံထားရသည်။

Keith Kellogg (အလားအလာရှိ အမျိုးသားလုံခြုံရေးရာထူး)

ထရမ့်လက်အောက်ရှိ အမျိုးသားလုံခြုံရေးကောင်စီတွင် ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး Kellogg သည် ထရမ့်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ရာထူးအတွက် ပြိုင်ဘက်တဦးဖြစ်ပြီး ယူကရိန်းအတွက် နေတိုးအဖွဲ့ဝင်အဖြစ်မှ ပယ်ချခြင်းအပါအဝင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အစီအစဉ်ကို Trump အား တင်ပြခဲ့ဖူးသည်။

Tom Homan (အလားအလာရှိသော အမိမြေလုံခြုံရေးအတွင်းဝန်)

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးဌာနတွင် တနှစ်ခွဲကြာ ယာယီညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Homan ကို ထရမ့်က သူ၏ မဲဆွယ်ပွဲများတွင် မကြာခဏ ချီးကျူးလေ့ရှိသည်။ ထရမ့် ပထမသက်တမ်းအတွင်း Homan သည် အုပ်ချုပ်ရေး၌ အငြင်းပွားဖွယ်ရာ ကလေးခွဲခြားမှုမူဝါဒကို ဦးဆောင် ထောက်ခံသူဖြစ်ပြီး နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူကလေးများကို မိဘများနှင့် သီးခြားစီ ထိန်းသိမ်းခဲ့သူလည်း ဖြစ်သည်။

Chad Wolf (အလားအလာရှိသော အမိမြေလုံခြုံရေးအတွင်းရေးမှူး)

Chad Wof သည် ထရမ့်၏ သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို သစ္စာရှိရှိ လုပ်ဆောင်ခဲ့ပြီး လူဖြူရဲအရာရှိ George Floyd အသတ်ခံရပြီးနောက် အဓိကရုဏ်းများအတွင်း ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ဖက်ဒရယ်အေးဂျင့်များကို Portland၊ Oregon သို့ စေလွှတ်ခဲ့သူဖြစ်သည်။

Mark Green (အလားအလာရှိ အမိမြေလုံခြုံရေး အတွင်းဝန်)

စစ်တပ် ခွဲစိတ်ဆရာဝန်ဟောင်းနှင့် အောက်လွှတ်တော်အမိမြေလုံခြုံရေးကော်မတီ လက်ရှိဥက္ကဋ္ဌဖြစ်သူ Green သည် DHS ၏ထိပ်တန်းအလုပ်အတွက် ပြိုင်ဘက်တဦးအဖြစ် ဝါရှင်တန်ရှိ ထရမ့်မဟာမိတ်အချို့မှ သတ်မှတ်ထားသည်။

John Ratcliffe (အလားအလာရှိ ရှေ့နေချုပ်)

အမျိုးသားဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်အမတ်ဟောင်းနှင့် အစိုးရရှေ့နေတဦးဖြစ်သည်။

ကိုးကား-Bangkok Post

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

The Irrawaddy - Burmese

31 Oct, 14:12


အသက် ၇၇ နှစ်ရှိပြီဖြစ်သော အမေရိကန်တက္ကသိုလ် ပါမောက္ခ လစ်ချ်မင်းသည် ၁၉၈၄ ခုနှစ် နောက်ပိုင်း သမ္မတရွေးကောက်ပွဲ အနိုင်ရသူတိုင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်သော သူ၏ သီးခြား ရွေးကောက်ပွဲလေ့လာသည့် စနစ်ကြောင့် ကျော်ကြားသူဖြစ်သည်။

Website တွင် ဖတ်ရန် https://bit.ly/4ebv8ps
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 10:20


တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ဆက်လက် သြဇာလွှမ်းမိုးရန် ကြိုးစားနေပြီး ထိုကိစ္စသည် အိန္ဒိယအစိုးရအတွက် မခံသာဖြစ်သည်မှာ သေချာသည်။ တရုတ်နှင့် အိန္ဒိယတို့၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားများရှိသော ရခိုင်ပြည်နယ်သည် နောက်ထပ် လုံးဝ လွတ်မြောက်မည့်ဒေသ ဖြစ်နိုင်သည့်အလားအလာ လွန်စွာမြင့်မားသည်။

Website တွင် ဖတ်ရန် https://bit.ly/4e9kVcQ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 09:53


ဖလမ်းတိုက်ပွဲကြောင့် ဒေသခံ ၉ ထောင်ကျော် တိမ်းရှောင်ရ

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၄

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တို့၏ တိုက်ပွဲများကြောင့် မြို့ပေါ်တွင်နေထိုင်သည့် ဒေသခံ ၉ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖလမ်းမြို့တွင် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုရှိလာသောကြောင့် ဒေသခံများသည် ဟားခါးမြို့၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေး ခိုလှုံနေကြရသလို နီးစပ်ရာကျေးရွာများ၌ တိမ်းရှောင်သူများလည်း ရှိသည်။

ဖလမ်းမြို့ဒေသခံတဦးက "တိုက်ပွဲက သုံးရက် ဆက်ဖြစ်တော့ ကြောက်လန့်ပြီး ပြေးကြတာ။ အဓိကတော့ လက်နက် ကြီးတွေထိမှာ ကြောက်လို့လည်း ပါတာပေါ့။ မြို့ထဲမှာ သိပ်မကျန်တော့ဘူး။ အကုန်လုံးနီးပါး ပြေးကြတာလို့ ပြောရမယ်၊ ၁ သောင်းကျော်ရှိရာမှာ ၉ ထောင်လောက် ပြေးကြပြီ။ တချို့လည်း မပြေးဘဲနေ‌တဲ့သူတွေလည်း ရှိနေသေးတယ်" ဟု ပြော သည်။

ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် အောက်တိုဘာ ၂၈ ရက်၌ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Van Cer Cin) သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အောက်တိုဘာ ၂၅ ရက်တွင် ဖလမ်းမြို့ပေါ်က အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၆ ရက်တွင်လည်း တောင်ယာစိုက်ပျိုးနေ‌သည့် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လက်ရှိ ဖလမ်းမြို့တွင် ဒေသခံ ၁ ထောင်ခန့်သာ ကျန်ရှိနေပြီး စည်ပင်နှင့် လျှပ်စစ်၀န်ထမ်းများ တိမ်းရှောင်နေကြသော ကြောင့် ရေနှင့်မီး ပြတ်တောက်မှုများဖြစ်ပေါ်နေ‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မြို့ထဲနေရာများ၌ ဖြန့်ကျက်နေယူထားပြီး စစ်ရေးအခြေအနေတင်းမာနေကြောင်း ဒေသခံ များက ပြောသည်။

ဖလမ်းမြို့နယ်၌ စစ်ရေးလှုပ်ရှားနေသော ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပါ၀င်သော ချင်းညီနောင်အဖွဲ့ သည် ၂၀၂၄ ခုနှစ်အတွင်း ၎င်းတို့အဖွဲ့ စစ်ရေးလှုပ်ရှားနေသည့် ဒေသများတွင် စစ်ကောင်စီကင်းစင်ရေး လုပ်ဆောင်မည် ဖြစ် ကြောင်း ပြောဆိုထားသည်။

ပုံစာ - မတူပီမြို့ရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ပြီးနောက် တွေ့ရသည့် ချင်းညီနောင် တပ်ဖွဲ့ဝင်များ / ချင်းညီနောင်

ပုံစာ- အောက်တိုဘာလ အစပိုင်းတွင် ဖလမ်းမြို့ပေါ်ရှိ လမ်းဘေးဈေးတခုကို တွေ့ရစဉ်/CJ

မေရီခိုင် ပေးပို့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 08:49


မြေပြင်သတင်းအရ ရွာထဲ ဝင်တာကို ဟ ပေးလိုက်ပြီးတော့မှ ရွာကို ပြန်ဝိုင်းထားတယ်လို့ ပြောတယ်။ အဲဒီတော့ ဘယ်သူက သာတယ် နာမယ်ဆို တာတော့ ပြောဖို့က စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။ ဂန့်ကော်ရွာလေးထဲကို စစ်တပ်က ဝင်လိုက်နိုင်တာနဲ့ စစ်တပ်က သာသွားပြီးလဲ မဟုတ်ဘူး၊ TNLA နဲ့ မန်း PDF က ဆုတ်ပေးပြီး ပြန်ဝိုင်းထားရုံ နဲ့ သူတို့ သာသွားပြီလဲ မဟုတ်သေးဘူး။ အဲဒီတော့ အခုက နှစ်ဖက်စလုံး စစ်ကစားနေကြတာမျိုးပဲ

Website တွင် ဖတ်ရန် https://bit.ly/3YrDcMT
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 08:38


NUG နှင့် CDM ကျန်းမာရေးဝန်ထမ်းများကို အမေရိကန် ဆုချီးမြှင့်

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၄

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ (American Public Health Association) သည် နွေဦးတော်လှန်ရေး ကျန်းမာရေး သူရဲကောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနအား The Edward Barsky Award ဆု ချီးမြှင့်ခဲ့ကြောင်း NUG က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါဆုကို မင်နီဆိုးတားပြည်နယ် Minneapolis မြို့၌ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၆ နာရီတွင် ပြုလုပ်ခဲ့သည့် 2024 Health Activist Dinner ၌ ပေးအပ်ချီးမြှင့်ခဲ့ရာ ကျန်းမာရေးသူရဲကောင်းများကိုယ်စား NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက လက်ခံရယူခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) တွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားကျန်းမာရေးလုပ်သားများနှင့် ပြည်သူ့အခြေပြု ကျန်းမာရေး အဖွဲ့အစည်းများသည် အကြမ်းဖက်စစ်ကောင်စီ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိနေသည့်တိုင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့်လက်တွဲ၍ ပြည်သူဦးဆောင်သော ကျန်းမာရေးစနစ်များ တည်ထောင်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ရဲဝံ့စွာ ပေးအပ်လျက်ရှိသဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် ခံနိုင်ရည်နှင့် ရဲစွမ်းသတ္တိကို မီးမောင်းထိုးပြနေသလို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသူများအတွက်လည်း မျှော်လင့်ချက်တခုဖြစ်ကြောင်း NUG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

The Edward Barsky Award ဆုသည် ကျန်းမာရေး၊ လူမှုတရားမျှတမှုနှင့် လူ့အခွင့်အရေးတို့တွင် ထူးခြားထက်မြက်စွာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုသော ထင်ရှားသည့် ဆုတခုဖြစ်ကြောင်း၊ ဆုရရှိသူများသည် အမေရိကန်ဆရာဝန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာ Edward Barsky ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသူများဖြစ်ပြီး အခက်အခဲများကြားမှပင် ဆေးဝါးကုသမှုများကို လိုအပ်နေသော လူ့အဖွဲ့အစည်းများထံ ရောက်ရှိစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ယင်းဆုသည် ကမ္ဘာတဝန်း ကျန်းမာရေးနှင့် တရားမျှတမှုကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား ဦးဆောင်သော အာဖရိကအမျိုးသားကွန်ဂရက် (The African National Congress)ကဲ့သို့ အဖွဲ့အစည်းများကို ဂုဏ်ပြုခဲ့သည့် ရှည်လျားထင်ရှားသော သမိုင်းကြောင်းရှိသလို Health Activist Dinner တွင် The Edward Barsky Award အပါအဝင် The Paul Cornely Award၊ The Paul Wellstone Award နှင့် The Paul Ambrose Outstanding Student Activist Award စသည့် ဆုအမျိုးအစား (၄) ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - NUG

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 08:37


ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊အောက်တိုဘာ ၃၁၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ယခုတပတ်တွင် ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် ဈေးတမျိုး ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆၃၂၀ ကျပ်၊ လက်လီဈေးမှာ ၁ ပိဿာ ၆၇၀၀ ကျပ် ကျော်တွင် ရှိနေ
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၀၈၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၂၉၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၁၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၂၆၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၇၁၄၉၆၈ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၇၈၀ (ကမ္ဘာ့ရွှေဈေးတက်နေ)

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

The Irrawaddy - Burmese

31 Oct, 07:49


Dehumanization ကို “လူတဦး သို့မဟုတ် လူအုပ်စုတစုကို ကောင်းမွန်တဲ့ လူ့အရည်အသွေးတွေ ယုတ်လျော့သွားအောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ်” (the process of depriving a person or group of positive human qualities) တဲ့။ နောက်တခုမှာတော့ လူအုပ်စုတချို့ကို “လူစင်စစ်” တွေအဖြစ် မမြင်ခြင်းတဲ့။ ဆိုရရင် လူကို လူလို မမြင်ခြင်း၊ လူတွေကို လူမပီအောင်၊ လူဖြစ်ရှုံးအောင် လုပ်ခြင်းဟာ dehumanization ပဲ။

Website တွင် ဖတ်ရန် https://bit.ly/4fppMI9
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 06:27


“Her Sal Yon (Ko King)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားအား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ လှိုင်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း

Website တွင် ဖတ်ရန် https://bit.ly/3YpGi3T
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 05:15


BGF တပ်ဖွဲ့ဝင်များ DKBA ဘက် မပြောင်းစေဖို့ စစ်ကောင်စီ အမိန့်ထုတ်

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၄

ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) မှ စစ်သားများအနေဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့သို့ ကူးပြောင်းခြင်းကို ခွင့်မပြုရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ တပ်မှူးများ အစည်းအဝေး၌ ရတခ စစ်တိုင်းမှူးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် DKBA အဖွဲ့ထံ ဝင်ရောက်သွားသော BGF တပ်ဖွဲ့များအား ပြန်လည်လွှဲပြောင်းပေးရန်နှင့် BGF သို့ ကူးပြောင်းလာသည့် DKBA တပ်ဖွဲ့ဝင်များကိုလည်း မူရင်းအဖွဲ့သို့ ပြန်ပို့ရန် တိုင်းမှူးက ညွှန်ကြားထားကြောင်း ဧရာဝတီကရရှိထားသည့် ရတခတိုင်းမှူးအစည်းအဝေး ဆုံးဖြတ်ချက်များ စာရွက်တွင် ဖော်ပြထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်ခြားစောင့်တပ်မှ အရေးယူခံရသည်ဖြစ်စေ ထုတ်ပယ်ခံရ၍ဖြစ်စေ မိမိသဘော ဆန္ဒအလျောက်ဖြစ်စေ BGF တပ်ကထွက်ကာ DKBA တပ်ဖွဲ့ထံ ဝင်ရောက်သူ များစွာ ရှိခဲ့သည်။

မြဝတီဒေသခံ စစ်ရေးလေ့လာသူတဦးက “အခု နောက်ပိုင်း BGF ကနေ DKBA ကို ပြောင်းတဲ့သူများလာတယ်လို့ ပြော ကြတယ်။ အချို့ကလည်း စည်းကမ်းမလိုက်နာလို့ ထုတ်ခံရတာလည်းရှိတယ်။အချို့ကတော့ BGF က လူတွေ မကြိုက်လို့ ပြောင်းတာလည်း ဖြစ်နိုင်တယ်" ဟု ဆိုသည်။

ထို့ပြင် BGF ၊ DKBA နှင့် KNU/KNLA (PC) အဖွဲ့တို့က လုံခြုံရေးကိစ္စ စစ်ရေးကိစ္စအားလုံးကို ဗိုလ်မှူးကြီး စောဒိဒိ၏ အမိန့်အတိုင်း မသွေမတိမ်းဆောင်ရွက်ရန် တိုင်းမှူးက ညွှန်ကြားထားသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်လာသော DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က စစ်တပ်နှင့် အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၂၀၁၅ အောက်တိုဘာ ၁၅ ရက်၌ NCA လက်မှတ်ရေးထိုးကာ လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သလို ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်သည့် BGF တပ်ဖွဲ့သည်လည်း စစ်ကောင်စီနှင့်လက်တွဲဆောင်ရွက်နေသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

ပုံစာ-၂၀၁၅ ခုနှစ်က အာရှလမ်းမကြီးအနီး DKBA နှင့် ဖြစ်ပွားစဉ်တွင်တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ / ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

31 Oct, 05:11


ကန့်ဘလူတွင် အရပ်သား ၃၇ ဦး ဖမ်းဆီးခံရ

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ် ကာဘိုးပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ခန့်သည် အောက်တိုဘာ ၃၀ ရက်၌ ကျီစု၊ ကျောက်တိုင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သလို အိုင်ပေါင်းချောင်ရွာမှ အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား ၃၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူဒေသခံတဦးက “အိုင်ပေါင်းချောင်ရွာက မရှောင်ကြလို့ စစ်ကြောင်းက ဖမ်းသွားတာလို့ သိရတယ်။ ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ ဖမ်းသွားကြတာ။ အခုတော့ ကာဘိုအထိုင်ကနေ ၆၀၀၆ တပ်ထဲကို ဖမ်းခေါ်သွားကြတယ်လို့ သိရတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ကားတွေနဲ့ သယ်ထုတ်သွားကြသေးတယ်။ ကာဘိုအထိုင်ကနေပြီးတော့ အခုလိုမျိုး မကြာမကြာ စစ်ကြောင်းထွက်ထိုးနေတာမျိုး လုပ်နေတာကြာပြီ” ဟု ပြောသည်။

ကျီစုရွာနှင့် ကျောက်တိုင်ရွာမှ နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးပေ။ အိမ်ခြေ ၉၀၀ နီးပါးရှိသည့် ကျီစုကျေးရွာမီးရှို့ခံရမှုမှာ ၃ ကြိမ်မြောက်ဖြစ်ပြီး စစ်တပ်၏ ၂ ကြိမ် မီးရှို့ ဖျက်ဆီးခဲ့ခြင်း‌ကြောင့် အိမ်ခြေ ၆၆၆ လုံးနှင့် ဗလီတခု မီးလောင်ပျက်စီးထားကြောင်း၊ ကျောက်တိုင်ကျေးရွာသည်လည်း ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ကာ ပထမအကြိမ်၌ နေအိမ် ၁၇၃ လုံးနှင့် ဆွမ်းစားဆောင်တဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “မီးရှို့ရုံမကဘူး။ ဒရုန်းနဲ့ ဗုံးသီးတွေပါချတော့ ကျမတို့တော့ ရွာထဲမနေရဲဘူး၊ အကုန်ရှောင်ကြတာ။ ကန့်ဘလူနယ်တင်မကဘူး နယ်မြေဆက်နေတော့ ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်းရွာရော ဗုံးချခံရတယ်။ အထိအခိုက်ရှိမရှိတော့ ဘာမှမကြားရသေးဘူး။ ကျမတို့တွေမှာ လူလွတ်ပြေးမရ၊ သားသမီးတွေ၊ မိဘတွေနဲ့ဆိုတော့ စစ်ကြောင်းထိုးလို့ ပြေးရရင် တအားခက်ခဲတယ်။ တော်လှန်ရေးလည်း ပြီးစေချင်လှပါပြီ” ဟု ဆိုသည်။

ပုံစာ - ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ / CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 12:58


X အနေနဲ့ သူတို့ရဲ့ယူဆချက်တွေ ပြည့်စုံ မှန်ကန်ကြောင်းပြဖို့ အတွက် Media Matters ရဲ့ အလှူရှင်တွေ အကြောင်း သိဖို့ လိုအပ်တာနဲ့ ပတ်သက်လို့ သံသယ ရှိကြောင်း၊ အဲဒီ အချက်အလက်တွေ ဖော်ထုတ်လိုက်တာဟာ Media Matters ကိုပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ အလှူရှင်တွေကိုပဲ ဖြစ်ဖြစ် တခြားသူတွေက ခြိမ်းခြောက် အနိုင်ကျင့်လို့ ရအောင် လုပ်ပေးသလို ဖြစ်သွား နိုင်တယ်လို့ တရားရုံးက ပြောကြားကြောင်းလည်း…

Website တွင် ဖတ်ရန် https://bit.ly/4hoPCxy
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 12:19


မြဝတီဘက် ကူရန်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ၂၆ ရက်၌ အာရှလမ်းမကြီးတနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက ယနေ့ ထုတ်ပြန်သည်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီးကျည် ခဲယမ်းများ၊ ကျည်ကာပြား ၈ ခုတို့ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်သေဆုံးစာရင်းကို အတည်ပြုနေဆဲဖြစ်ကာ PDF တပ်များဘက်မှ ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ အောင်ဇေယျစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ် ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ (ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာ အမြောက်တပ်စခန်းကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-တောင်ပိုင်းတိုင်းစစ်ဒေသ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 12:14


တနှစ်အတွင်း တပ်စခန်း ၁၅၀ ကျော်နှင့် ၁၂ မြို့ သိမ်းနိုင်ဟု TNLA ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၌ စတင်ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တနှစ်တာအတွင်း မြို့ပေါင်း ၁၂ မြို့နှင့် စစ်တပ် စခန်းပေါင်း ၁၅၀ ကျော်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီကို ပြော သည်။

၎င်းက “ကျမတို့ရဲ့ ၁၀၂၇ တနှစ်တာ အတောအတွင်းမှာ အဘက်ဘက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှု အများကြီး ရရှိတယ်။ မြို့တွေအများကြီး ထိန်းချုပ်နိုင်တယ်။ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတွေ၊ ခြေမြန် တပ်ရင်းတွေရော အပြတ်ရှင်းလင်းခဲ့နိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေ အားလုံး ပြန်ပေါင်းကြည့်မယ်ဆိုရင် ကျမတို့ မျှော်မှန်းနေတဲ့ စစ်ရေးရည်မှန်းချက် ပြီးမြောက်မယ်လို့တော့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

လက်ရှိ TNLA သိမ်းပိုက်ထားသည့် မြို့များမှာ နမ့်ဆန်၊ နမ့်ခမ်း၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲနှင့် မန်တုံ မြို့များဖြစ်ပြီး စစ်ကောင်စီ၏ ကျောက်မဲအခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စကခ ၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလုံး အပြီးသတ်ရှင်းနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသ၌ အဆိုပါစစ်ဆင်ရေးကာလအတွင်းပင် စစ်ကောင်စီသည် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကျူး လွန်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှု တို့ကြောင့် အရပ်သားပြည်သူ ၃၃၉ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ ၆၆၂ ဦးရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TNLA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 12:06


KIA ဖမ်းထားသည့် သတင်းထောက်၂ ဦး ပြန်လွတ်လာ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့သည့် ဖားကန့်အခြေစိုက် သတင်းထောက်နှစ်ဦးကို ယနေ့နံနက်ပိုင်း၌ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးက “ကျနော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ။ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု သူ၏ Facebook စာမျက်နှာကတဆင့် အသိပေးထားသည်။

၎င်းတို့ ဖမ်းဆီးခံရသည့် အခြေအနေ အသေးစိတ်ကို သိရှိရန် ဧရာဝတီက ကိုနောင်ရိုးအား ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Red News Agency မှ ဖားကန့်မြို့နယ် သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်သတင်းထောက် ကိုနောင်ရိုး တို့ကို ပြီးခဲ့သည့် စက် တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

၎င်းတို့ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဖမ်းဆီးထားသည့် သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သေးသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 12:00


၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်မှာ နမ့်ခမ်း နဲ့ လောက်ကိုင်မြို့ ဗုံးကြဲခံရ (ရုပ်/သံ)

ယဉ်မွန်၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့် အောက်တိုဘာ ၂၇ ရက်နေ့ မှာ နမ့်ခမ်းမြို့နဲ့ လောက်ကိုင်မြို့တွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့် အခမ်းအနား အတွက် နမ့်ခမ်းမြို့မှာ ပြင်ဆင်နေချိန် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ဖက်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီကျော် နဲ့ ၈ နာရီကျော်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ မန့်ဝိန်းကြီးနဲ့ စခန်းသစ်ကုန်းအနီးဝန်းကျင်ကို လေယာဉ်နဲ့ ဗုံး ၆ လုံးလာကြဲချခဲ့တယ်လို့ အတည်ပြုပြောခဲ့ပေမယ့် အခမ်းအနားနဲ့ပတ်သက်ပြီး အတည်ပြုချက် မပေးပါဘူး။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ လောက်ကိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ နဲ့ မိုးကုတ် အစရှိတဲ့မြို့ပေါင်း ၂၀ ကျော် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

https://youtu.be/PIiR8-0tW-Y
#မြန်မာ #ဧရာဝတီ #နမ့်ခမ်း #လောက်ကိုင် #၁၀၂၇ #တနှစ်ပြည့် #လေကြောင်းဗုံးကြဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 09:30


တိုက်လေယာဉ်က နမ့်ခမ်းကနေ တရုတ်ဘက်ကို ဦးတည်ပြီး ပြန်လှည့်တဲ့အချိန်မှာ တရုတ်ပိုင်နက်ထဲ မဝင် ရောက်နိုင်အောင် တရုတ်စစ်တပ်က ပြန်ပစ်တယ်။ တရုတ်ဘက်က တရစပ်ပစ်တော့ လေယာဉ်က ၅ မိနစ်ခြားဆို ပြန်လာတယ်၊ တရုတ်က ထပ်ပစ်တယ် အကြိမ်ကြိမ်ပဲ

Website တွင် ဖတ်ရန် https://bit.ly/4hxqvsK
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 07:27


၁၀၂၇ တနှစ်ပြည့်နေ့တွင် လောက်ကိုင်ကို စစ်တပ် ဗုံးကြဲ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

မြောက်ပိုင်းညီနောင်မဟာမိတ်တို့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ တနှစ်ပြည့်နေ့ဖြစ်သော ယနေ့၌ ရှမ်းပြည်မြောက်ပိုင်း မြို့များအား စစ်ကောင်စီ ဗုံး ကြဲမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်အစောပိုင်းတွင် လောက်ကိုင်မြို့ ဗုံးကြဲခံရ၍ ဟိုတယ်၊ နေအိမ်အဆောက်အုံများ ပျက်စီးပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မ တော် (MNDAA) က ထုတ်ပြန်သည်။

လေကြောင်းဖြင့် ဗုံး ၃ လုံးထက်မနည်းကြဲမှုကြောင့် လောက်ကိုင်မြို့ရှိ စွမ်းဖုန်းချိန် (Shuang feng cheng) ဧရိယာအတွင်း ကျရောက်ခဲ့ပြီး ဟိုတယ်အဆောက်အအုံများနှင့် နေအိမ်များ ထိခိုက်ပျက်စီးကာ အရပ် သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က ဆိုသည်။

လောက်ကိုင်မြို့အပြင် နမ့်ခမ်းမြို့ကိုလည်း ယနေ့နံနက်ပိုင်းက ဗုံးကြဲခဲ့သေးသည်။

အောက်တိုဘာ ၂၆ ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မယ်ဟန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွှေမြင်းနှစ်ကောင် စက်ရုံနှင့်အနီးတဝိုက်နေရာများ ကျရောက်ခဲ့သဖြင့် ဆိုင်ကယ်စီးလာသူတဦး ဗုံးစ ထိမှန်သေဆုံးခဲ့ရသလို စက်ရုံအဆောက်အအုံအပါ အဝင် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ- MNDAA

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 06:11


ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

ကာတွန်းဆရာကြီး ငွေကြည် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

27 Oct, 06:05


မြန်မာ့အရေး နိုင်ငံကြီးတချို့စီးပိုးကြိုးကိုင်ကာ လူထုဆန္ဒလျစ်လျူရှုနေဟု SNLD ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၄

မြန်မာ့ပြည်တွင်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်ကာ လူထုဆန္ဒအပေါ်လျစ်လျူရှုပြီး တဖက်သတ်ကြိုးစားနေ သည်ကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း တစိတ်တဝမ်းထဲ ပြည် ထောင်စုစိတ်ဓာတ်ဖြင့် ကျော်လွှားမည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ၃၆ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ငံရေး ရပ်တည်ချက်သဘောထားထုတ်ပြန်ရာ ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် တိုင်းပြည်ပြဿနာအား လူထုထိခိုက်မှုအနည်းဆုံး နည်းလမ်းဖြင့်ဖြေရှင်းမည်ဟု အသံကောင်းဟစ်ပြီး လူထု အုပ်ချုပ်ရေး အစစ်အမှန်ပေါ် ပေါက်ရေးကို ဆန့်ကျင်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာစေရေး ကြိုးပမ်းနေသည်ကို မျက်နှာဖုံးခွာချရန် လိုကြောင်းလည်း SNLD ဆိုထား သည်။


တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူလူတစုပြောင်းရုံဖြင့် ဒီမိုကရေစီကျင့်သုံးနိုင်မည် မဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ရန် မတတ်နိုင်သောကြောင့် လူထုအုပ်ချုပ်ရေးကို လူထုကိုယ်တိုင်ပါဝင် လုပ်ကိုင်နိုင်မည့် အခင်းအကျင်း မပေါ်ပေါက်သေးသမျှ နိုင်ငံရေးပြဿနာ မပြီးဆုံးသေးဟု ခံယူကြောင်း SNLD က ဖော်ပြထားသည်။


မြန်မာပြည်၌ မည်သည့် အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့်မရရန် ကြိုးစားနေကြောင်း၊ နိုင်ငံရေးမိတ်ဆွေများနှင့် လက်တွဲပြီး ပြည်သူလူထုဆန္ဒအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကာ အာဏာရှင်ကင်းစင်သည့်နိုင်ငံဖြစ်ရေး၊ အာဏာရှင် တိုက်ဖျက်ရေး အခက်အခဲပေါင်းများစွာနှင့် ပြာပုံထဲမှ ပြန် လည်နိုးထ ရုန်းကန်လာစေရေး ကျနော်တို့နှင့်အတူ ဆက်လက် လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း SNLD ပါတီဥက္က၏ ဦးစိုင်းညွန့်လွင်က နှစ်ပတ်လည် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။


ဓာတ်ပုံ-SNLD

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 14:07


သူရဲ့ လူမှုရေးအနေအထားအရ ဦးသန်းရွှေရဲ့ သားမက်လည်း ဖြစ်နေတဲ့အခါကျတော့ သူတို့သိပ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မထင်ပါဘူး။ သိပ်ပြီးတော့ အလွန်အကျွံပြောဆိုလာမှုတွေ၊ ထိခိုက်နစ်နာမှုတွေ ရှိလာတဲ့ အပေါ်မှာ ဟန့်တားတဲ့သဘောလောက်ပဲ

Website တွင် ဖတ်ရန် https://bit.ly/48nHzNA
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 13:53


အာဏာကိုထိရင် ဘယ်သူ့ဖြစ်ဖြစ် စစ်တပ်က ဖမ်းမှာပဲ (ရုပ်/သံ)

ယဉ်မွန်၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လုပ်ဆောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားတာပါ။

ဒေါက်တာနေစိုးမောင်ဟာ စစ်သားတွေအကြောင်းနဲ့ စစ်တပ်ရဲ့ အမှားတွေအကြောင်းကို လူမှုကွန်ရက်မှာ မကြာခဏရေးသား ဖြန့်ဝေလေ့ရှိပါတယ်။

အဲ့လိုရေးသားချက်တွေကြောင့် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေကလည်း ဖမ်းဆီးထိန်းသိမ်းပေးဖို့ မကြာခဏ ရေးသားဖော်ပြခံနေရသူတဦးလည်း ဖြစ်ပါတယ်။

https://youtu.be/PjGbH3M7YuY
#မြန်မာ #ဧရာဝတီ #ဒေါက်တာနေစိုးမောင် #စစ်ကောင်စီ #ဖမ်းဆီး #မန္တလေး #ပြည်ကြီးတံခွန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 12:48


စစ်ကောင်စီကို ထောက်ပံ့တာရပ်ဖို့ တရုတ်ကို ဆန္ဒပြ (ရုပ်/သံ)

မိုးသောက်၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ထောက်ပံ့နေတာတွေရပ်ဆိုင်းဖို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အမေရိကန်ရောက်မြန်မာတွေက ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာအောက်တိုဘာလ၂၄ ရက်နေ့က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်၊၊

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေကတွန်းလှန်တိုက်ခိုက်ချိန်မှာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို တိုက်လေယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးနဲ့နည်းပညာတွေ ထောက်ပံ့ပေးနေတာတွေကို ရပ်တန့်ပေးဖို့ အဓိကထား တောင်းဆိုခဲ့ကြတာပါ၊၊

စစ်ကောင်စီကို ငွေကြေးနဲ့နည်းပညာ အထောက်အပံ့ အကူအညီတွေ ပေးနေပေမယ့် တဖက်မှာတော့ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တရုတ်−မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒိီမိုကရေစီရေး လှုပ်ရှားတဲ့ အင်အားစုတွေ၊ အနောက်နိုင်ငံတွေနဲ့မဆက်ဆံဖို့ ဖိအားပေးတဲ့အပြင် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ နယ်စပ်ကုန် အဝင်အထွက်ကိုလည်း ကန့်သတ်ပိတ်ဆို့ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးမှုနေပါတယ်၊၊

တရုတ်နိုင်ငံကစစ်ကောင်စီကိုတိုက်ရိုက်အထောက်အပံ့တွေပေးတဲ့အပြင် ကုလသမဂ္ဂရဲ့စစ်ကောင်စီကိုအရေးယူမယ့်လုပ်ငန်းတွေမှာ တရုတ်ကပူးပေါင်းမှုမရှိတာကြောင့် လက်ရှိအချိန်ထိ စစ်ကောင်စီကပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတာလို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကဆိုကြပါတယ်၊၊

https://youtu.be/aDB_nbG8FkE
#မြန်မာ #ဧရာဝတီ #တရုတ် #အမေရိကန် #ဆန္ဒပြ #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 10:17


ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို KIA စစ်ဆေးနေဆဲဟု တုန့်ပြန် ရုပ်/သံ)

မိုးသောက် ၊ အောက်တိုဘာ ၂၄၊ ၂၀၂၄

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက်နှစ်ဦးကို စစ်ဆေးမေးမြန်းမှု တွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ KIA က ဧရာဝတီကို ပြောပါတယ်၊၊

Red Ne wsAgency ရဲ့ ဖားကန့်မြို့နယ် အခြေစိုက်သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ဟာ စက်တင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ (KIA) တပ်မဟာ၉တပ်ရင်း ၆ ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ၊၊

KIA အနေနဲ့ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေးကော်မတီ (CPJ) နဲ့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က အောက်တိုဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ တောင်းဆိုထားကြပါတယ်။

https://youtu.be/Z4utXshjg2k
#မြန်မာ #ဧရာဝတီ #KIA #သတင်းထောက် #ဖမ်းဆီး #ဖားကန့် #CPJ #IMJA
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 09:58


တရုတ်-မြန်မာ နယ်စပ်ဂိတ်များပိတ်၍ စက်သုံးဆီ တန်းစီဝယ်နေရ

ခေါက်တွေတိုက်၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

တရုတ်-မြန်မာနယ်စပ်ဂိတ်များ၌ ကုန်စည်သယ်ယူခွင့် မရသောကြောင့် တရုတ်နယ်စပ်မြို့များတွင် နေထိုင်ကြသော ဒေသခံများက စက်သုံးဆီများ အလုအယက်ဝယ်ယူနေကြောင်း သိရသည်။

"ကုန်သွယ်ရေးလမ်း ပိတ်ကုန်တယ်ကြားလို့ တမြို့လုံး မနက်စောစောကတည်းက ဆီဆိုင်တောင် မဖွင့်သေးဘူး၊ ဆီဆိုင်ရှေ့မှာ လူအများကြီး တန်းစီနေကြတယ်'' ဟု ဒေသခံများက ဆိုသည်။

ထို့ပြင် ယင်းသတင်းကြောင့် တရက်အတွင်း ဆီစျေးအပါအဝင် ကုန်စျေးနှုန်းများလည်း ထိုးတက်လာကြောင်း ဒေသခံများထံမှ သိရသည်။

"ဆီစျေးက တလီတာကို အစောပိုင်း ၇ယွမ်ကနေ ၈ ယွမ်၊ ခဏနေ ထပ် တက်လာတယ်၊ တချို့ဆီဆိုင်တွေက ၁၀ယွမ်အထိ တက်လာတယ်'' ဟု ဒေသခံတဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်ရန် တရုတ်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးနေပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာဒေသများအား ဖြတ် ၅ ဖြတ် ဖြစ်သည့် ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် လက်နက်ခဲယမ်းသယ်ဆောင်ခွင့်များ ပိတ်ပင်ထားကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး (ပထမလှိုင်း)တွင် ရှမ်းမြောက်ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်သော ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုံးကိုးနှင့် နမ့်ခမ်းဂိတ်များကို ညီနောင်မဟာမိတ်ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်( MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA) တို့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) သိမ်းပိုက်ထားကြောင်း သိရသည်။

ပုံစာ-အောက်တိုဘာ ၂၄ ရက်က စက်သုံးဆီ ဝယ်ယူနေသော ဟိုပန်ဒေသခံများ/ CJ
သတင်း-CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 09:22


စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် ဆက် လက်တွဲသွားမည်ဟု KIO ဥက္ကဋ္ဌ ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တော်လှန်နေကြသည့် အဖွဲ့အစည်းများနှင့် လက်တွဲသွားရန် ဆုံးဖြတ်ချက် ချမှတ်ထားသည့်အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ကျရောက်သည့် KIO တည်ထောင်ခြင်း (၆၄)နှစ်မြောက် မိန့်ခွန်းတွင် ကချင်ဘာသာဖြင့် ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တော်လှန်နိုင်ရန် အခွင့်အခါကောင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ စစ်ကောင်စီရဲ့ဩဇာခံပြီး စစ်ကောင်စီအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးမှုတွေလုပ်ဆောင်ခဲ့ရာ တချို့ပြည်သူ့စစ်တွေက ရုပ်သိမ်းသွားကြသလို တချို့အဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတာကို တွေ့နေရတယ်” ဟု ပြောသည်။

KIO ဗဟိုကော်မတီက "Ru Nu Dan Majan Masing” (ပင်မအမြစ်ဖြတ်စစ်ဆင်ရေး) ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ဖော်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

ပုံစာ-အောက်တိုဘာ ၂၅ ရက်၌ ကျရောက်သည့် KIO တည်ထောင်ခြင်း (၆၄)နှစ်မြောက်နေ့တွင် မိန့်ခွန်းပြောကြားနေသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ/ Laiza TV

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 09:04


မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ အာဏာရှင်ဟောင်းတို့အပေါ် အာဏာရှင်လက်သစ်တို့၏ အရေးယူမှု

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

စစ်ကောင်စီက အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းလိုက်ကြောင်း ယမန်နေ့၌ တရားဝင် သတင်းထုတ်ပြန်သည်။

ဒေါက်တာနေစိုးမောင်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်ဖြစ်ရုံမက မြန်မာဆိုရှယ်လစ်လမ်းစဉ်အစိုးရ လက်ထက် တပ်မတော်တွင် အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့ ကစထမှူး ဗိုလ်ချုပ်တင်စိန်၏ သားလည်း ဖြစ်သည်။

ယခုဖမ်းဆီးမှု မတိုင်ခင်ကတည်းကပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးသန်းရွှေနှင့် ဦးမောင်အေး အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းကြီးများကို စောင့်ကြည့်နေသည်ဆိုသော သတင်းများလည်း ထွက်ခဲ့သည်။

မြန်မာ့နိုင်ငံရေး၌ အရာကျသွားသည့် အာဏာရှင်နှင့် မိသားစုတို့ကို အာဏာရှင်လက်သစ်က အရေးယူသော သာဓကများ ရှိခဲ့သည်။

၂၀၀၂ ခုနှစ် မတ်လ၌ အာဏာရှင်ဟောင်း ဦးနေဝင်း၏ သားမက်၊ သားများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်းရန် ကြံစည်မှု၊ တပ်မတော်တွင်း သွေးခွဲ၍ ပဋိပက္ခဖြစ်စေရန် လှုပ်ရှားဆောင်ရွက်သည်ဆိုကာ အရေးယူခဲ့ရာ ဦးနေဝင်း၏ သားမက် ဦးအေးဇော်ဝင်းနှင့် သားဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့ကို သေဒဏ်ချမှတ်ခဲ့သည်။

ဦးနေဝင်းကိုပါ အကျယ်ချုပ်ချရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လုပ်သော်လည်း ထိပ်ပိုင်းစစ်ခေါင်းဆောင်အများစုက သဘောမတူသဖြင့် သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းအား နေအိမ်အကျယ်ချုပ်ချခဲ့ကြောင်း ကိုမြတ်ခိုင်၏ တွေ့ဆုံမေးမြန်းမှုတွင် ဖော်ပြထားသည်။

၂၀၀၂ ခုနှစ် ဒီဇင်ဘာလ အာဏာရှင်ဟောင်း ဦးနေဝင်း ကွယ်လွန်သည့်အခါ လူ ၂၅ ယောက်သာ လိုက်ပါပို့ဆောင်ခွင့်ရ ခဲ့သည်။

ထို့အတွက် ယခု သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖမ်းဆီးမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေတယောက် ဝဋ်လည်ခြင်းဟု လူမှုကွန်ရက်တွင် အများက ရေးသား ပြောဆိုနေကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 08:25


ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊အောက်တိုဘာ ၂၅၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ယခုတပတ်တွင် ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် အပြင်ဈေးတမျိုး ရှိပြီး အရောင်းအဝယ်မှာ အေးနေကြောင်း သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆၂၆၅ ကျပ်၊ လက်လီဈေးမှာ ၁ ပိဿာ ၆၇၀၀ ကျပ် ဝန်းကျင်တွင် ရှိနေ
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၁၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

(ဓာတ်ဆီ ၉၂ တလီတာ ၂၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၁၅ ကျပ်၊ ဒီဇယ် တလီတာ ၇၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်တလီတာ ၈၀ ကျပ် ဈေးကျလာကြောင်းတွေ့ရသည်။)

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၀၈၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၂၉၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၁၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၂၆၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၇၆၀ ကျပ်ဝန်းကျင်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၆ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၆၂ သိန်းကျော် တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၆၂၆၉၀၀ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၇၄၂

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

The Irrawaddy - Burmese

25 Oct, 08:25


ဖိအားများနေသည့် MNDAA တရုတ်ကိုယ်စားလှယ်ကို ကူမင်း၌ တွေ့

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

အဘက်ဘက်မှ ဖိအားမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဖုန်တာရွှင်သည် ယခုရက်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ သွားရောက်ပြီး တရုတ်ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများနှင့် မပတ်သက်ရန် တရုတ်၏ သတိပေးခြင်းကို ခံရပြီးနောက်ပိုင်း ထိုသို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံး သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း MNDAA အနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးရန် တရုတ်ဘက်မှ ဖိအားပေးမှုများ ရှိနိုင်ကြောင်း စောင့်ကြည့်လေ့လာနေသူများက သုံးသပ်သည်။

လက်ရှိတွင် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက နေ့စဥ်နီးပါး လေကြောင်းမှ ဗုံးကြဲနေသလို MNDAA ထိန်းချုပ်ထားသော မြို့များအတွက် တရုတ်ဘက်က ကုန်သွယ်ရေးအားလုံး ပိတ်ဆို့ထားပြီး “ဝ” ဒေသမှ ကိုးကန့်ဒေသသို့ ကုန်စည်တင်သွင်းခွင့်မှာလည်း ပိတ်ခံထားရသည်။

MNDAA ဘက်က ပဋိပက္ခများဖြေရှင်းရေး တရုတ်၏ ကြားဝင်စေ့စပ်မှုကို တောင်းဆိုပြီး ချက်ချင်းအပစ်ရပ်၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်မြေပြင် ထပ်ချဲ့တော့မည်မဟုတ်ကြောင်းလည်း စက်တင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပုံစာ - MNDAA စစ်ဦးစီးချုပ် ဖုန်တာရွှင် / ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 08:16


ကျနော့်ကို မေမေနဲ့ ဆက်သွယ်ခွင့် မပေးတာကြောင့်နဲ့ မြန်မာနိုင်ငံက အခြေအနေက ကျနော့်ဘဝမှာ အရင် ဘယ်တုန်းကမဆိုထက် အရမ်းကို ဆိုးရွားနေတာကြောင့် တယောက်ယောက်က ထုတ်ဖော်ပြောဆိုဖို့ လိုမယ်လို့ ကျနော်ထင်ပြီး ကျနော့်ရဲ့ ထူးခြားတဲ့အနေအထားကြောင့် ကျနော် ထုတ်ဖော်ပြောဆိုပြီး မြန်မာမှာ ဖြစ်နေတာတွေကို ကမ္ဘာကသိအောင်လုပ်ဖို့၊ အခြေအနေကို ပိုမိုသိအောင်လုပ်ဖို့ လိုတယ်လို့ ကျနော်ထင်တယ်။

Website တွင် ဖတ်ရန် https://bit.ly/4dY7tsl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

25 Oct, 08:05


ရန်ကုန်တွင် သေနတ်ပြခြိမ်းခြောက်သူများ ဖမ်းဆီးရမိ

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂သောင်းခွဲတန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅၀ အား သေနတ်ပြခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ အမျိုးသား ၃ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ ရက်တွင် ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀တို့ကို သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတဦးက ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် အိမ်သို့ ပြန်လည်သယ်ဆောင်ခဲ့သည်။

လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစီးဖြင့် အမျိုးသား ၄ ဦးရောက်ရှိလာပြီး သေနတ်တချက်ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်ကို တူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ ၃လုံးကို လုယူထွက်ပြေးသွားကြောင်း သိရသည်။

စုံစမ်းဖော်ထုတ်မှုများအရ အောက်တိုဘာ ၂၃ ရက်တွင် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ ၃ဦးထဲမှ ၂ဦးနှင့် ဖမ်းဆီးရန်ကျန်ရှိသူ ၁ ဦးတို့မှာ KNU တပ်မဟာ (၇) မှ သင်တန်းဆင်းများဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

၎င်းတို့သည် သင်တန်းမှ ဒသမ ၃၁ ဗို့ ၆လုံးပြူးနှင့် ကျည်များကို ငွေကျပ် ၂၁ သိန်းဖြင့် ဝယ်ယူ၍ မြရွှေယုံရွှေဆိုင်အား ၃၊၄ ကြိမ်ခန့်လေ့လာကာ လုယက်မှုကျူးလွန်ရန်ကြံစည်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဖော်ပြသည်။

ပုံစာ-စစ်ကောင်စီ ဖော်ပြထားသော ဖမ်းဆီးမှု မှတ်တမ်း/ MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 12:46


စစ်ကြောင်းထိုးနေ၍ ပြင်ဦးလွင် ဝက်ဝံစစ်ဆေးရေးဂိတ် ပိတ်ထား

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်အစပ် ကျေးရွာများသို့ အောက်တိုဘာ ၂၀ ရက်မှစတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ပြင်ဦးလွင်- နောင်ချိုလမ်းပေါ်ရှိ ဝက်ဝံရွာစစ်ဆေးရေးဂိတ် အဝင်အထွက်များပိတ်ထားသဖြင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ အိမ်စီးကားများမှာ ဟံမြင့်မိုရ်- ရွာငံ- ပင်းတယလမ်းမှ သွားလာနေရကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများက ပြောသည်။

ဝက်ဝံရွာစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၁၉ ရက်မှစတင်၍ စစ်တပ်က ပိတ်ဆို့ထားပြီး ကား၊ ဆိုင်ကယ်များအားလုံး ဖြတ်သန်းခွင့်မပြုတော့သဖြင့် နောင်ချိုဘက်တွင် ပိတ်မိနေသည့် ယာဉ်တန်းများလည်း ရှိနေကြောင်း သိရသည်။

“ပြင်ဦးလွင်အထိတော့ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ ရတယ်။ ပြင်ဦးလွင်အထွက်က ဝက်ဝံဂိတ်ကနေ ကားတွေကို ပေးမသွားတော့ဘဲ ပိတ်လိုက်တာပါ။ အဲဒီလို ပိတ်လိုက်လို့ ကျောက်ဆည် ဟံမြင့်မိုရ်ကနေတဆင့် ဟံမြင့်မိုရ်-ပင်းတယလမ်းကနေ ပတ်သွားနေကြရတယ်။ လမ်းကြောင်းက ရှည်သွားတော့ အချိန်ပိုကုန် ဆီပိုကုန်တာပေါ့။ ဒီရက်ပိုင်းထဲမှာတော့ မြို့ကြီး X Ray စစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေ တန်းစီစောင့်နေရတာတွေ ရှိလာတယ်” ဟု ကုန်တင်ယာဉ်မောင်းတဦးက ပြောသည်။

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ် ကြောင်းသည် ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိ ရောက်ရှိလာသဖြင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေး PDF တို့နှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဟု သိရသည်။

ထိုသို့ TNLA က ထိန်းချုပ်ထားသော နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်းနှင့် ပြင်ဦးလွင်မြို့နယ်များဘက်နေ၍ နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ပုံစာ- ကိုဗစ်ကာလအတွင်း ဝက်ဝံစစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်/MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 12:42


အလောင်းတွေက ခေါင်းတွေ ဖြတ်ထားတဲ့အပြင် ကိုင်လို့မရတော့တဲ့ အခြေအနေဆိုတော့ အားလုံးစုပုံပြီး မီးရှို့မှပဲ အဆင်ပြေမယ်။ သူတို့ စိတ္တဇဆန်ဆန်တွေကို လုပ်ထားကြတာ။ တော်တော်ဆိုးဆိုးရွားရွားပါပဲ။

Website တွင် ဖတ်ရန် https://bit.ly/3Yvge8G
#WhatsHappeningInMyanmar
--------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 12:34


ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲမှာ ပြည်သူတွေဟာ နည်းအမျိုးမျိုးနဲ့ ပါဝင်နေကြပါတယ်။ ဒီအထဲမှာ တပိုင်တနိုင်စျေးရောင်းပြီး ရန်ပုံငွေရှာပေးနေကြတဲ့ ပြည်သူတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာရှင်ရဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ အောက်မှာ ပုံစံ အမျိုးမျိုးနဲ့ တိတ်တစိတ် ထောက်ပံ့နေကြတဲ့ ပြည်သူတွေရှိသလို ပြည်ပနိုင်ငံ အသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း အမိမြေအတွက် ရတဲ့နည်းနဲ့ ရန်ပုံငွေရှာထောက်ပံ့နေကြပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာကို ရောက်နေကြတဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီ ပြုတ်ကျရေး လှုပ်ရှားမှုတွေနဲ့ ရန်ပုံငွေ စျေးရောင်းပွဲတွေ အပါအဝင် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ မြန်မာပြည်သူတွေနဲ့ တစိတ်တဝမ်းထဲရှိနေကြောင်း ပြသခဲ့ကြပါတယ်။

https://youtu.be/aHquwNMKBwA
#မြန်မာ #ဧရာဝတီ #ရန်ပုံငွေ #ဈေးရောင်းပွဲ #အမေရိကန်နိုင်ငံ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 10:25


ဘုတလင် စိုင်ပြင်လေးရွာမှ ဒေသခံ ၁၂ ဦး ဖမ်းဆီးခံရ

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များသည် အောက်တိုဘာ ၁၉ ရက်မှစတင်ကာ စိုင်ပြင်လေးကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ယနေ့အချိန်ထိ အထိုင်ချတပ်စွဲထားသလို ဒေသခံ ၁၂ ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

အင်အား ၁၀၀ ကျော်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များသည် စိုင်ပြင်လေးရွာကို စီးနင်းဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထွက်သွားပြီအထင်ဖြင့် ဝင်ရောက်မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သူများ ဖမ်းဆီးခံထားရခြင်းဟု သိရသည်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စိုင်ပြင်လေးထဲမှာ မရှိတော့ဘူးပုံစံနဲ့ တပ်ဖျောက်ထားတာကို မသိဘဲ မီးငြှိမ်းဖို့သွားတဲ့သူတွေ အဖမ်းခံလိုက်ရတာလို့ သိရတယ်။ စစ်ကြောင်းက ကျောက်အိုး၊ ဒါန်းတိုင်ဘက်ကို ထွက်သွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာတာမို့ မနေ့က ညနေပိုင်းမှာ မီးဝင်ငြှိမ်းကြတာ။ ဒီနေ့အထိ စိုင်ပြင်လေးမှာ တပ်စွဲထားတုန်းပဲ” ဟု ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဘုတလင်မြို့နယ်တွင်းသို့ အောက်တိုဘာ ၄ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အောက်တိုဘာ ၂၁ ရက်ထိ နှစ်ပတ်ကျော်အတွင်း ဒေသခံပြည်သူ ၂၄ ဦးကို သတ်ဖြတ်ကာ ၆၀ ကျော်အား ဓားစာခံအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်၍ လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုများရှိနေ၍ ဒေသခံများ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် စစ်ကြောင်းထွက်ခွာသွားသော ကျေးရွာများအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးမှသာ ပြန်လည်ဝင်ရောက်နေထိုင်ရန် ဘုတလင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အသိပေးထားသည်။

ပုံစာ - ဘုတလင်မြို့နယ် စီပါရွာရှိ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု / ရွာဇော်ကြီးတော်လှန်အသံ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 09:36


Editorial Talk: စစ်ရာဇဝတ်ခေါင်းဆောင်ကို တရုတ် ဘာကြောင့် ဖိတ်သလဲ

ဒီလင့်တွေမှာ အစအဆုံး နားဆင်ပါ။

YouTube: https://bit.ly/40bhqiO
Apple Podcasts: https://apple.co/3Uh8Tr8
Buzzsprout: https://bit.ly/48hOw2s
Spotify: https://spoti.fi/3BQQ73v

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "စစ်ရာဇဝတ်ခေါင်းဆောင်ကို တရုတ် ဘာကြောင့် ဖိတ်သလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #စစ်ခေါင်းဆောင် #အာဆီယံ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 09:16


ပုလောတွင် လူ ၁၀၀ ခန့်ပါသည့် စက်လှေမှောက်မှု ၇၀ ကျော် ပျောက်ဆုံးနေ

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်၌ ယမန် နေ့ညက လူဦးရေ ၁၀၀ ခန့် လိုက်ပါလာသော စက်လှေတိမ်းမှောက်ခဲ့ရာတွင် လက်ရှိအချိန်ထိ၂၀ ကျော်သာကယ်တင်နိုင်ခဲ့ပြီး၊ ၈ ဦး အလောင်းပြန်တွေ့ရသဖြင့် ၇၀ ကျော်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိမ်းမှောက်ခဲ့သည့် စက်လှေမှာ ကင်းမွန်ငါးဖမ်းမီးထွန်းလှေဖြစ်ပြီး ပုလော- မြိတ် ပြည်ထောင်စုလမ်းပေါ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုအနီးနားရှိ ကျေးရွာဒေသခံများက မြိတ်ဘက်သို့ စစ်ဘေးရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“ပင်လယ်ထဲက ကျွန်းရွာ ကျောက္ကာကနေ မြိတ်မြို့ကို သွားတဲ့ စက်လှေပါ၊ မနေ့ညပိုင်း ၉ နာရီလောက်က စက်လှေမှောက် တာ၊ လူ ၁၀၀ လောက်ထိ ပါတယ်လို့ သိရတယ်။ ဒီနေ့မနက်ပိုင်းမှာ လသားအရွယ် ကလေး အလောင်း တလောင်းနဲ့ အမျိုးသမီး ၇ လောင်း တွေ့လို့ သရဏဂုံတင်ပေးပြီးတော့ သင်္ဂြိုဟ်ပေးထားတယ်။ အများစုကတော့ ပျောက်ဆုံးနေဆဲလို့ သိရတယ်” ဟု ဒေသခံတဦးက ပြောသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်အတွင်းမှ ကျွန်းရွာကြီးတရွာဖြစ်ကာ အောက်တိုဘာ ၁၄ ရက်မှ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေသော မီးလောင်ချောင်းရွာအနီး၌ တည်ရှိသည်။

ယင်းစက်လှေတိမ်းမှောက်မှုကို လက်ရှိအချိန်ထိ လူမှုကူညီရေးအသင်းများ၊ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ် ဆယ်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပုံစာ- စက်လှေမှောက်သည့်နေရာသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြစဉ်/အရှင်ဣန္ဒက ကျောက္ကာကျွန်း

စက်လှေမှောက်မှုအတွင်း သေဆုံးခဲ့ရသူများ/အရှင်သုန္ဒရ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

21 Oct, 09:04


ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊အောက်တိုဘာ ၂၁၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ယခုတပတ်တွင် ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် အပြင်ဈေးတမျိုး ရှိပြီး အရောင်းအဝယ်မှာ အေးနေကြောင်း သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆၂၆၅ ကျပ်၊ လက်လီဈေးမှာ ၁ ပိဿာ ၆၇၀၀ ကျပ် ကျော်တွင် ရှိနေ
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၁၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၁၀၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၃၀၅ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၉၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၃၄၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၀၀ ကျပ်ကျော်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၃ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၅၄၁၅၁၀ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၇၀၇

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

The Irrawaddy - Burmese

21 Oct, 07:48


MNDAA သည် အောက်တိုဘာလ ၉ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသို့ ခရီးသွားခြင်း၊ မြန်မာနှင့်ပတ်သက်သည့် အချက်များကို ပြည်ပမီဒီယာများသို့ ပေးခြင်းတို့ကို တားမြစ်ပိတ်ပင်သည်။ ထိုလုပ်ရပ်သည် တရုတ်ဖိအားလက္ခဏာများကို ပြသနေသည်။

Website တွင် ဖတ်ရန် https://bit.ly/4fbBztl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 14:35


NDA-K အောက်တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း (BGF) သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များရှိပြီး နယ်ခြားစောင့်တပ်ရင်းများအား တရုတ်-မြန်မာနယ်စပ်တလျှောက် ကံပိုင်တည်၊ ပန်ဝါနှင့် ဖီမော်ဒေသတို့၌ အခြေစိုက်ထားသည်။

Website တွင် ဖတ်ရန် https://bit.ly/3UeKEd3
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 14:22


မနက် ၄ နာရီခွဲလောက်မှာ သိမ်းရတာ။ စခန်းပေါ်တက်တော့ ဗျူဟာမှူး မရှိတော့ဘူး။ မေတ္တာလင်းမြိုင်ဘက် ထွက်ပြေး သွားတယ်။ BGF က သူတို့ကို လာကြိုသွားတယ်

Website တွင် ဖတ်ရန် https://bit.ly/3Ueh7zY
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 13:01


စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်က ဘာတွေဖြစ်လာမလဲ (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ အစီအစဥ် ရှိနေတယ်လို့ ဧရာဝတီရဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ် ခရီးစဥ်ဟာ ရွေးကောက်ပွဲအတွက် သာမကပဲ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး အလှည့်အပြောင်းနဲ့ စီးပွားရေးအပေါ်များစွာ အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်သွားဖို့ရှိနေတဲ့ တရုတ်ခရီးစဥ်ဟာ မြန်မာ့နိုင်ငံရေးအပေါ် တရုတ်ရဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတာဖြစ်ပြီး တရုတ်ဟာ မြန်မာနိုင်ငံအတွင်းက သူ့ကိုယ်ကျိုးစီးပွားတွေအတွက် စစ်တပ်ကိုကျောထောက်နောက်ခံ အကူအညီတွေ ပေးနေတာလို့ ထောက်ပြနေကြပါတယ်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်ရဲ့ စိတ်တိုင်းကျ ခြယ်လှယ် လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှုမရှိသလို၊ ပိုမိုရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းတွေကိုသာ ဦးတည်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုတေသီတွေက သုံးသပ်နေကြပါတယ်။

https://youtu.be/9xGpsMPnkQs
#မြန်မာ #ဧရာဝတီ #တရုတ် #မင်းအောင်လှိုင် #ရွေးကောက်ပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 12:31


စစ်တပ်ရဲ့ အမြောက်ကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ဇော်မြတ်ခန့်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော် မြို့သစ်အနီးမှာရှိတဲ့ အမြောက်ကုန်း (စွယ်တော်ကုန်း) ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၃ နာရီမှာ သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အစောပိုင်း မတ်လ လောက်ထဲက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တဲ့ စွယ်တော်ကုန်းကို ၇ လအကြာ ဒီကနေ့ မနက်အစောပိုင်းမှာ အလစ်အငိုက်ဝင်ရောက် သိမ်းပိုက်လိုက်တာပါ။

အခု သိမ်းပိုက်လိုက်တဲ့ အမြောက်ကုန်းဟာ မြဝတီမြို့နယ်ထဲက ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ စခန်းကုန်းဖြစ်ပြီး လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ ထီးမယ်ဝါးခွီး၊ မယ်ထော်သလေး၊ ဖလူး၊ မင်းလက်ပံ နယ်မြေစစ်ဆင်ရေးကို တာဝန်ယူရတဲ့ ဗျူဟာကုန်းတခုဖြစ်ပါတယ်။

https://youtu.be/UyqvrQ3RFNg
#မြန်မာ #ဧရာဝတီ #လေးကေ့ကော် #စွယ်တော်ကုန်း #အမြောက်တပ် #KNLA #သိမ်းပိုက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 10:31


ယောဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်၍ ၁၀ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသ၌ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အောက်တိုဘာလ ၁၄ ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော်နှစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF)က ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့် ရောက်ရှိနေသော YPDF ထုတ်လုပ်ရေးဌာနမှ ဌာနမှူး အသက် ၃၃ နှစ် အရွယ်ရဲဘော် ကျော်ဟိန်း၊ အသက် ၄၅ နှစ်အရွယ် တပ်သား ရဲဘော်တာဇံအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းရှိခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ် မသိရသေးကြောင်း YPDF က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်ပြီး ယောဒေသ၌ ယခုလအတွင်း ၈ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ- မကွေးတိုင်း ဂန့်ဂေါခရိုင် ဘော်ပြင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့စဉ်/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 10:18


စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူသူတွေဟာ ရန်ကုန်မှာတောင် တအိမ်တက်ဆင်း သွားရောက်ခြင်း မရှိပါဘူး။ သူတို့ လုံခြုံရေးကို စိုးရိမ်လို့နဲ့ ပြည်သူတွေကလည်း သူတို့မေးခွန်းတွေကို မဖြေလိုကြလို့ သူတို့တွေက မေးခွန်းတွေကို အလျင်အမြန် မေးကြတယ်။ ဒါ့အပြင် ဖြေတဲ့လူတွေကလည်း စစ်ကောင်စီကို အယုံအကြည် မရှိလို့ မှန်ကန်တဲ့အဖြေ မပေးပါဘူး။ ဒါကြောင့် သန်းခေါင်စာရင်း အချက်အလက်တွေဟာ တိကျစရာ အကြောင်းမရှိပါဘူး။

Website တွင် ဖတ်ရန် https://bit.ly/4dOqkGo
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 10:04


အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေရှိဖို့လို (ရုပ်/သံ)

မိုးသောက်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအပေါ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာ ဒုတိယပတ်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေချက်ချင်းရပ်ပြီး လူသားချင်း စာနာမှု အကူအညီတွေပေးနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

အာဆီယံ အနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ လူသားချင်းစာနာမှုတွေ ပေးနိုင်ဖို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးကတည်းက ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဟာ ဂရုမစိုက်တဲ့ အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ပြည်သူတွေကို သတ်ဖြတ်ထားပြီး လူ့အခွင့်ရေးချိုးဖောက်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖိအားပေးပိတ်ဆို့ရမယ့် အစား အာဆီယံက အသိအမှတ်ပြု ဆက်ဆံတာတွေလည်း ရှိနေတဲ့ အတွက် ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။

https://youtu.be/HJKVPrqCBPU
#မြန်မာ #ဧရာဝတီ #အာဆီယံ #ဆွေးနွေးပွဲ #အာဏာသိမ်းစစ်တပ် #ငြိမ်းချမ်းရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 09:02


မန္တလေးတွင် ဒယ်လီလာပို့သူများက လုယက်ဓားပြတိုက်

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၂၈ လမ်းပေါ်ရှိ ဦးကိုလေး ကားပစ္စည်းဆိုင်သို့ ဒယ်လီလာပို့သူများက လုယက်ဓားပြတိုက်မှု ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားပြတိုက်ရာတွင် ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ကျပ်သုံးသိန်း ပါသွားပြီး အမျိုးသမီးတဦး လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း နီးစပ်သူတဦးက ပြောသည်။

၎င်းက “နေ့လယ် ၁၂ နာရီကျော်လောက်က ဦးကိုလေး ကားပစ္စည်းဆိုင်ဖြစ်တာ။ မုန့်ဟင်းခါးမှာလို့ ဒယ်လီလာပို့တာကို ယူတဲ့အချိန် အမျိုးသားကို ဓားထောက်ပြီး အိမ်မှာ မိသားစုရှိနေတော့ နားကပ်တို့၊ ဆွဲကြိုးတို့ ယူသွားတာ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဦးကိုလေး ကားပစ္စည်းဆိုင်သို့ Mask တပ်ထားသော အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး မုန့်ဟင်းခါးပို့ ခိုင်းသည်ဟုဆိုကာ ဆိုင်အတွင်းဝင်ရောက်ပြီးနောက် မုန့်ဟင်းခါးလှယ်ယူနေစဉ် အမျိုးသားတဦးမှ ဓားရှည်ကိုင်ဆောင်ပြီး ဦးကိုလေး၏ ဇနီး၊ သမီးတို့ထံမှ တကျပ်သား ဆွဲကြိုးတကုံး၊ တကျပ်သား လက်ကောက် ၃ ကွင်းနှင့် ငွေကျပ် ၃ သိန်းတို့ ယူဆောင်ထွက်ပြေးသွားခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြစ်စဉ်အား အမှတ် (၈) မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ပုံစာ - ၂၀၂၁ အာဏာသိမ်းပြီးခါစ မန္တလေးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 08:51


တပ်စခန်းနှင့် မြို့များ အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဆိုကရေးတီးပြိုင်ပွဲ အကြည့်မပျက်

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့၊ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့၊ ကချင်ပြည်နယ် ချီဖွေမြို့၊ ဆော့လော်မြို့နှင့် ပန်ဝါဒေသရှိ တပ်စခန်းများ အသိမ်းခံနေရသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ ပြုလုပ်နေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီလဟာပြင်ပြဇာတ်ရုံတွင် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပနေခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်နှင့် ဇနီးသည် ယမန်နေ့ညက ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနက ဇာတ်တော်ကြီး ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံသိမ်းပိုက်ပြီးနောက် ယခုအခါ စစ်ကောင်စီတပ်သည် အမြောက်တပ်ရင်းများ အခြေစိုက်ရာ ရှမ်းတောင်ဒေသနှင့် ဆက်စပ်နေသည့် တောင်းခမ်းရွာ မကျရေး အပြင်းအထန် ခုခံနေရပြီး ကျခဲ့ပါက ပြင်ဦးလွင်နှင့် မန္တလေးမြို့ထိ တော်လှန်ရေးတပ်များ၏ ထိုးစစ် အလျင်အမြန် ရောက်လာနိုင်၍ စစ်လော်ဘီများက အကြီးအကျယ် စိုးရိမ်နေချိန်လည်းဖြစ်သည်။


ပုံစာ- နေပြည်တော် စည်ပင်သာယာရေးကော်မတီလဟာပြင်ပြဇာတ်ရုံတွင် ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲ စစ်ခေါင်းဆောင် တက်ရောက်လာစဉ်/ CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 08:41


မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွား လာခြင်းအား တိုက်ဖျက်တားဆီးရမည်ဖြစ်ပြီး၊ လမ်းကြောင်းများ စောင့်ကြည့်ဖမ်းဆီးရမည့် အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံ များကိုလည်း လိုက်လံ စစ်ဆေးဖမ်းဆီးခြင်းနှင့် ဈေးကွက်များအတွင်းပါ ကွင်းဆင်းဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု ပြောဆိုလိုက်ပြီးနောက် မွန်နှင့် ကရင်ပြည်နယ်တို့တွင် ယခုရက်ပိုင်းကစ၍ စားသောက် ကုန်နှင့် လူသုံး ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းသည်ဟုဆိုကာ စစ်ဆေးဖမ်းဆီးနေ

Website တွင် ဖတ်ရန် https://bit.ly/4e6mcSl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 08:07


စစ်တပ်ပေးတာယူမှာ မဟုတ်ဘူး၊ ကျနော်တို့က တိုက်ယူမှာ (ရုပ်/သံ)

ဘုန်းအောင်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

လက်နက်ကိုင်နည်းလမ်းနဲ့ လိုလားချက်တွေ တောင်းဆိုတာကို လိုက်လျောမှာမဟုတ်ဘူးလို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခဲ့တဲ့ ၉ နှစ်မြောက်ပွဲမှာ ပြောဆိုသွားပါတယ်။

လက်နက်ကိုင်ပြီး လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေ ပြေလည်စေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်တွေဟာ စစ်အာဏာရှင် ဆက်လက်ကြီးစိုးရေးအတွက် ဖြစ်ပြီး စစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တဲ့ ၂၀၀၈ အခြေခံ ဉပဒေ အောက်ကို ထပ်မံ ဝင်ရောက်ခိုင်းနေတာဖြစ်တယ်လို့ပြောကြပါတယ်။

တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်ဟာ ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမှာ ဖြစ်သလို နိုင်ငံရေးကနေ စွန်ခွာရမယ့်အပြင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံဉပဒေရေးဆွဲရေးကိုသဘောတူရမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောထားပါတယ်။

https://youtu.be/oG10oonpieE
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #PDF #NCA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 07:42


ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် မီးလောင်ချောင်းရွာမှ ကြဲရွာသို့ စစ်ကြောင်း ထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ယခုအောက်တိုဘာလ ၁၄ ရက်မှ ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရကြောင်း သိရသည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးဌာနမှ ရဲဘော်အာနိုးက "သူတို့ဘက်က အထိအခိုက်များလာတော့ မနေ့ မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်မှာ တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းပစ်ကူသုံးတယ်။ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့တယ်။ အရပ်သားထိခိုက်မှု မရှိပေမယ့် ကြဲရွာမှာ နေအိမ်ပျက်စီးမှုရှိတယ်။ အခုဆို တိုက်ပွဲက ၄ ရက်မြောက်နေ့ဗျ။ ခဏတဖြုတ် အပစ်ရပ်တာလွဲလို့ ဆက်တိုက် ပစ်ခတ်မှု ရှိတယ်"ဟု ဧရာဝတီသို့ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှု အတိအကျကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စ၍ ဒေသခံ ၁၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုများကို အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စု လမ်းပိုင်းကို အသုံးပြု သွားလာနေကြသော ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုရန်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပုံစာ- ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းတပ်စိတ်မှ တပ်ဖွဲ့ဝင်များ/ ပုလော ပကဖ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

The Irrawaddy - Burmese

17 Oct, 07:35


သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရား မြင်ကွင်း

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄

မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ယနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

သီတင်းကျွတ် အခါသမယတွင် မြတ်စွာဘုရားသည် တရားဒေသနာတို့ကို ဝါတွင်းကာလ နတ်ဒေဝါ သိကြားတို့အား ဟောကြားလမ်းညွှန်ပြီး ကောင်းကင်ယံမှ ပြန်လည်ကြွမြန်းလာသော အမှတ်တရ နေ့ထူးနေ့မြတ်အဖြစ် မီးထွန်းညှိ ပူဇော်ကြသော အလေ့အထရှိသည်။

ပုံစာ- ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံဘုရားပေါ် ဘုရားဖူးများစည်ကားနေပုံ/ IRW

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR