Khit Thit Media @khitthitnews टेलीग्राम पर चैनल

Khit Thit Media  

Khit Thit Media
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
567,030 सदस्य
177,099 तस्वीरें
1,354 वीडियो
अंतिम अपडेट 23.03.2025 07:32

समान चैनल

Mizzima
75,976 सदस्य
BurmaNewsNetwork
15,067 सदस्य
ခိုဖြူ Khophyu
7,791 सदस्य

Khit Thit Media: A Comprehensive Overview

Khit Thit Media, established on January 1, 2018, represents a transformative era in Myanmar's news landscape. As a contemporary news outlet based in Yangon, it has quickly risen to prominence, offering diverse coverage on political, social, and economic issues pertinent to Myanmar. The founding of Khit Thit Media came at a crucial juncture when the country was experiencing significant political changes and a push towards greater democratization. Operating in a landscape marked by information scarcity and the need for reliable reporting, Khit Thit Media strives to fill the gap by providing timely and accurate news to its audience, contributing to the public discourse on matters affecting the country. The organization embraces modern journalistic practices and leverages digital platforms to reach a broader audience, ensuring that citizens are informed and engaged in the democratic process.

What are the main objectives of Khit Thit Media?

Khit Thit Media aims to deliver accurate and timely news coverage to the people of Myanmar. The primary objective is to provide a platform for transparent journalism, allowing citizens to be well-informed about national and local issues. By focusing on investigative journalism, Khit Thit Media seeks to promote accountability within government and private sectors, ensuring that the public has access to essential information.

Moreover, Khit Thit Media emphasizes the importance of freedom of expression and the role of media in a democratic society. By fostering an environment where diverse voices and perspectives can be published, they aim to facilitate constructive dialogues among the population, contributing to a more informed citizenry.

How does Khit Thit Media adapt to the challenges of journalism in Myanmar?

In a country where press freedom has historically faced challenges, Khit Thit Media has adapted through innovative approaches to journalistic practices. By utilizing digital platforms, they are able to bypass traditional barriers that restrict the flow of information. This digital-first strategy allows them to reach a broader audience and engage with younger demographics who are increasingly accessing news through mobile devices and social media.

Additionally, Khit Thit Media invests in the training and development of its journalists, focusing on ethical reporting and fact-checking. This commitment to professional standards ensures that their reporting is not only credible but also resonates with audiences looking for trustworthy news sources amidst a plethora of misinformation.

What types of content does Khit Thit Media cover?

Khit Thit Media covers a wide range of topics, including politics, economics, social issues, culture, and international relations. Their political coverage is particularly pertinent given Myanmar's evolving political landscape, providing in-depth analyses and updates on significant legislative and electoral changes. Economic reporting sheds light on investment trends, local businesses, and the overall economic climate in Myanmar.

In addition to hard news, Khit Thit Media incorporates cultural content that highlights Myanmar's rich heritage, traditions, and arts. By diversifying their content, they engage different audience segments and promote a well-rounded understanding of the country's socio-cultural dynamics.

How has Khit Thit Media influenced public opinion in Myanmar?

Khit Thit Media has played a significant role in shaping public opinion by providing a platform for critical discussions and diverse viewpoints. Through their investigative journalism and coverage of controversial topics, they challenge the status quo and encourage citizens to engage with pressing societal issues. This influence is particularly noticeable during electoral cycles when their reporting can sway public sentiment and inform voter decisions.

Furthermore, Khit Thit Media’s commitment to accountability and transparency has encouraged other media outlets to elevate their reporting standards, fostering a healthier media environment in Myanmar. By setting a precedent for responsible journalism, they have contributed to enhancing the public's trust in media as a valuable resource for information.

What future developments can we expect from Khit Thit Media?

As Khit Thit Media continues to grow, we can expect further expansion in their coverage areas and the incorporation of multimedia content, such as video reports and podcasts. This diversification will allow them to engage with audiences in various formats, catering to different consumption preferences. The focus on engaging storytelling will enhance their relatability and reach.

Moreover, as Myanmar's political landscape evolves, Khit Thit Media is likely to play an even more pivotal role in providing critical coverage of upcoming elections and civic movements. Their ongoing dedication to journalistic integrity and public engagement positions them as a key player in Myanmar’s media sector for years to come.

Khit Thit Media टेलीग्राम चैनल

ကိုယ့်လိုမီနီရဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန ကိုယ့်လိုမီနီရဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန လိုမီဖွင့်လိုမီနီရဲ့ စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ ယနေ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ ဤ ဌာန မှာ သတင်းတွေကို အသေးစိတ်ဖတ်ရေး၊ မျှဝေဝင်ရေး၊ လုပ်ဆောင်ရေး၊ အညီအမျှန်ကုန်များထားပါသည်။ ရန်ကုန်ရဲ့ ပြည်ထောင်စုမြန်စွာ သတင်းထုတ်ပြန်လိုပါက ကွန်ပြူနိမ့်ဆေးချပါက ဖတ်ရေးအသေးစိတ်များ သတင်းရမှန် ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောချပါနော်။

Khit Thit Media के नवीनतम पोस्ट

Post image

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်

ရန်ကုန်၊ မတ် ၂၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

BIMSTEC အစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့ လာရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

BIMSTEC အစည်းအဝေး၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် မင်းအောင်လှိုင်မှာ ထိုင်းနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းလည်းဖြစ်သည်။

ယင်းအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း တက်ရောက်ကြမည်ဖြစ်သည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။

23 Mar, 07:16
2,461
Post image

ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို

ရန်ကုန်၊ မတ် ၂၃

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာလမ်းနှင့် ၂၈ လမ်းကြားရှိ တိတ် ရှိန် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများပါသွားကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့မတ်လ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာ လမ်း နှင့် ၂၈ လမ်းကြား အမှတ် ၅၀၇/၅၀၉ အခန်း ၇ တွင်ဖွင့်လှစ်ထားသော တိတ်ရှိန်ရွှေဆိုင်ကို လူအချို့က ဝင်ရောက်ဓားပြတိုက်ရာ ရွှေထည်အချို့ပါသွားပြီး ယင်းအမှုနှင့်ပတ်သက်၍ ရဲနှင့်စစ်တပ်က စစ်ဆေးနေကြောင်း သိရသည်။

“ဓားပြတိုက်ခံရတာမှန်ပါတယ်။ ရွှေထည်အချို့ပါသွားတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ဆိုင်ပိုင်ရှင်ကတော့ အမှုအခင်းနဲ့ပတ်သက်ပြီး လိုက်လုပ်နေတယ်။” ဟု ရွှေဆိုင်နှင့် နီးစပ်သော ရန်ကုန်ရွှေကုန်သည်က အတည်ပြုပြောကြားသည်။

ရန်ကုန်တိုင်း၊ ပန်းဘဲတန်း၊ ၂၉ လမ်းတွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ရွှေဆိုင်ဓားပြတိုက်ခံရပြီးမှ ပြည်သူများက သိရှိခဲ့ကြခြင်းဖြစ်ပြီး နံနက်စောစောအချိန် ရုတ်တရက် ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

"လူ ၄ ဦး လာတိုက်သွားတာလို့ပြောတယ်။ တိုက်သွားတဲ့အချိန်မှာမသိဘူး။ ဓားပြတိုက်ခံရပြီးမှ သိတာ" ဟု ၂၉ လမ်းတွင် နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုသည်။

ရန်ကုန်မြို့ခံများ၏ အဆိုအရ ရန်ကုန်မြို့လယ်ခေါင်တွင် ယခုရက်ပိုင်း မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ အတွက် စစ်တပ်နှင့်ရဲများက လုံခြုံရေးများ တိုးမြှင့်ထားပြီးနေ့ည မရွေး လုံခြုံရေးတင်းကျပ်ထားချိန်တွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

23 Mar, 07:16
2,479
Post image

“ကျနော်တို့က KIA ဘက်မှာ စစ်ရေးဗျူဟာအပိုင်းတွေ သင်ခဲ့တယ်ဗျ။ ငါ့သရောက်တိုက်ပွဲမှာဆိုရင် စစ်ခွေးတွေကို ဦးဆောင်တဲ့ စစ်ကြောင်းမှူးက အတော်ညံ့တယ်၊ တိုက်ပွဲဖြစ်ပြီး ၁၀ မိနစ်အတွင်းကျသွားတယ်။သူကျသွားတာနဲ့ ပရမ်းပတာတွေနဲ့တပ်သားတွေက ပြေးတော့ ကျနော်တို့ သတ်ကွင်းထဲရောက်လာပြီး အကုန်သေကုန်တာ”

ပုဂံဘီလူးတပ်ဖွဲ့ခေါင်းဆောင်၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးနှင့်တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်း တစ်ခုလုံးချေမှုန်းခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၄ ဦး သေဆုံးခဲ့သည်။

ယင်းကဲ့သို့ စစ်ကြောင်းလိုက်ပြုတ်အောင်ချေမှုန်းလိုက်သည့် ညောင်ဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ မြို့နယ်တာဝန်ခံ ကိုဇီးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေမြန်းထားပါသည်။

https://www.youtube.com/watch?v=KCcViKbqLpw

23 Mar, 06:43
6,141
Post image

မြင်းမူနှင့် ရေစကြိုတို့တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅၉ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူ ၉ ဦးကို ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းမူမြို့နယ် ခြေရာတော်ရွာနှင့် ကြော့မင်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူများကို လူသားဒိုင်း အဖြစ်ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ခြေရာတော်မှ နေအိမ် ၆ လုံးနှင့် ကြော့မင်းရွာမှ နေအိမ် ၁ လုံးတို့ မီးလောင် ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခြေရာတော်ကျေးရွာမှ ပြည်သူ ၃ ဦးနှင့် ကြော့မင်းရွာမှ ပြည်သူ ၆ ဦးကို လူသားဒိုင်း အဖြစ်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာကို အင်အား ၁၅၀ လောက်နဲ့ စစ်ခွေးတွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်။ နောက်ပြီး ကြော့မင်းရွာက နေအိမ် ၁ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်။ ခြေရာတော်ကျေးရွာက ပြည်သူ ၃ ဦးနဲ့ ကြော့မင်းရွာက ပြည်သူ ၆ ဦးကိုလည်း ဓာစားခံ အဖြစ် ဖမ်းသွားတယ်။ လက်ရှိချိန်မှာ ပြည်သူတွေက ဘေးလွတ်ရာကို တကွဲတပြားရှောင်နေရတော့ ဖမ်းဆီးခံရတဲ့ ပြည်သူ အရေအတွက်ကိုတော့ သေချာ အတည်မပြုနိုင်သေးဘူး" ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဘိုးမင်းကြီး ကင်းလမ်းခွဲရှိ စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက်သွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေသည့် လူသတ်မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း ပြုလုပ်ပြီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ ငတ‌ရော်ရွာ၌ ရောက်ရှိနေသာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုးဖြူရွာနှင့် မိုးကွဲရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် မိုးကွဲရွာ အနောက်ဘက် ကျွန်းခုံပေါ်တွင် ထွက်ပြေး တိမ်းရှောင်နေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅၀ ကျော်ကို ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဖမ်းဆီးခံရသော ပြည်သူ ၅၀ ကျော်ကို မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူသားဒိုင်း ပြုလုပ်ပြီး ကံဦးရွာကို ဆက်လက် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

"စစ်ခွေး စစ်ကြောင်းက မနေ့က ကံဦးရွာကို မွန်းလွဲပိုင်းမှာ ဝင်ရောက်စီးနင်းတယ်။ သူတို့ ဖမ်းထားတဲ့ လူသားတွေကို ဒိုင်းအဖြစ်ဖမ်းခေါ်သွားတယ်။ မိုးကွဲရွာက ထော်လာဂျီတွေ၊ လှည်းတွေ ချောဆွဲပြီး ခေါ်သွားတယ်" ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်၊ ဇရပ်နီ၊ သာဂေါင်လေးနှင့် ပန်းညို(မြောင်နယ်) ကျေးရွာတို့မှ ပြည်သူပိုင် နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် ၊ မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း ၊ သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်၊ သာဂေါင် (ရွာမ) မှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင် ၊ အသက် ၉၁ နှစ်အရွယ် ဦးအုန်း ၊ အသက် ၇၀ အရွယ် ဒေါ်စန်းဝေ နှင့် အမည်မသိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေစကြိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။

23 Mar, 05:25
11,260