အေအန်န်အမ်မ်တီ @anmtarnoldmyotint Channel on Telegram

အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ
အကူအညီပေးသောလက်များဟာ
ဘုရားစာရွတ်ဆိုသောပါးစပ်များထက်
ပို၍မြင့်မြတ်တယ်။
17,004 Subscribers
5,774 Photos
441 Videos
Last Updated 22.02.2025 18:47

အကူအညီပေးသောလက်များ၏ အရေးပါမှု

လူသားများသည် အခြားသူများအတွက် အကူအညီပေးရာတွင် အရေးပါသော အခန်းကဏ္ဍကို ပိုင်ဆိုင်ကြပြီး၊ ယခုခေတ်တွင်လည်း အကူအညီပေးသောလက်များသည် လူမှုဖယ်တီးခြင်း၊ ကုန်ကျစရိတ်လျှော့ချခြင်းနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးတို့တွင် အထောက်အကူဖြစ်စေသည်။ လူမှုဖွဲ့အစည်းတွင် စိတ်ရှည်၍ အပြုသဘောကျက်စားနိုင်သော လက်များသည် အခက်အခဲများကို ဖြေရှင်းရန် အသုံးပြုကြသည်။ သို့သော်၊ ဘုရားစာရွတ်ဆိုသော ပါးစပ်များနှင့် နှိုင်းယှဉ်လျှင်၊ ယင်းတို့၏ အရေးပါမှုမှာ ပိုမိုမြင့်မားကာ လူသားတို့အတွက် ရင်ခုန်စရာရာ ဟူ၍ အသိမခြားနားကြသည်။ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းအနေနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းတို့ပေါင်းစပ်၍ လူသားတို့သည် တစ်ဦးတစ်ယောက်ကို ကူညီဖို့ အချစ်လေးစားမှုတစ်ခုကဲ့သို့ ဖွဲ့စည်းကြသည်။

အကူအညီပေးသောလက်များသည် အထောက်အကူပြုပုံမှာ ဘာလဲ?

အကူအညီပေးသောလက်များသည် အခြားသူများကို သင်တန်းပေးခြင်း၊ စိတ်ကျေနပ်မှုကို မြှင့်တင်ရန် သာမန်လူထုအတွင်းမှာ အရေးပါပါမှုပြုလုပ်ရပါသည်။ ဤလက်များဟာ လူမှုဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းရန် ဖြစ်ပြီး၊ လုလင်နေထိုင်မှုကို ပေးစွမ်းသည်။

လူသားများသည် အခြားသူများကို ကူညီစေရန် သင့်လျော်သော အခန်းကဏ္ဍများတွင် စွမ်းဆောင်ရည်ရှိကြသည်။ ဤအကြောင်းအရာများအရ၊ အကူအညီပေးရခြင်း သည် လူမှုဖွဲ့အစည်းကို ချည်းခိုင်စေပြီး၊ စုစည်းမှုကို မြှင့်တင်သည့် အရာတစ်ခု ဖြစ်သည်။

လူမှုဖွဲ့အစည်းများတွင်သင့်လျော်သော အကူအညီပေးခြင်း၏ အကျိုးကျေးဇူးများကဘာများလဲ?

လူမှုဖွဲ့အစည်းများတွင် အကူအညီပေးခြင်းသည် အသိုင်းအဝိုင်းတစ်ခုလုံး၏ အားကောင်းမှုကို မြှင့်တင်သည်။ စည်းလုံးမှု၊ အခြားသူများကို လေးစားခြင်းနှင့် အနာဂတ်ပုံဖေါ်ဖို့ အထောက်အကူဖြစ်စေသည်။

အကူအညီပေးခြင်းသည် အခြားသူများကို ကူညီစေပြီး စိတ်ကျေနပ်မှုကို မြှင့်တင်မှုတွင် အဓိပ္ပါယ်ရှိသည်။ လူတွေကြားမှာ စကားပြောစေခြင်းနှင့် အပြန်အလှန်ယုံကြည်မှုဆောက်လုပ်ဖို့ ကူညီသည်။

တစ်ဦးတည်းသော အကူအညီပေးသောလက်များကို ပြသရန် ဘယ်လောက်အရေးကြီးသနည်း?

တစ်ဦးတည်းသော အကူအညီပေးသော လက်များသည် လူသားတို့အကြား အချစ်နှင့် အခြားသူများအတွက် စုံလင်ခြင်းကို လှုံ့ဆော်သည်। သင်တစ်ဦးလည်း အကူအညီပေးရန် နှစ်သက်ရင်၊ အခြားသူများကို ကူညီသည်ဟု ယူဆစေသည်။

ယင်းတို့သည် လူမှုဖွဲ့အစည်း၏ ကုန်ကျစရိတ်ကို လျှော့ချစေပြီး၊ ဒါ့အပြင် အခြားသူများကို သင့်လျော်သော သင့်စွမ်းရည်အရ ကူညီနေတာသာမက၊ သင့်အတွက်လည်း စိတ်ကျေနပ်မှုကို ပေးစွမ်းသည်။

အကူအညီပေးခြင်းသည် လူမှုရေးကို ဘယ်လို ထိန်းသိမ်းနိုင်သနည်း?

အကူအညီပေးခြင်းသည် လူမှုရေးကို ထိန်းသိမ်းခြင်းနှင့် သဘာဝအတွက် အထောက်အပံ့ကြောင်း ပြုလုပ်နိုင်သည်။ ဤအရာကြောင့်၊ လူတွေနဲ့ ပတ်သက်နေသူတွေနဲ့ ဆက်နွယ်မှုကို မြှင့်တင်ရန် လိုအပ်သည်။

ဘာသာရပ်မဟုတ်၍ လူသားများသည် တစ်ဦးတစ်ယောက်ကို ကူညီစေရန် တိုက်တွန်းရမည်။ အခြားသူများ၏ အကူအညီသည် လူမှုရေး၏ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။

အကူအညီပေးသောလက်များ၏ စွမ်းဆောင်ရည်ကို ကောင်းမွန်မှု နယ်ပယ်များတွင် ဘယ်လိုမြှင့်တင်နိုင်သနည်း?

လုပ်ငန်းများတွင် အကူအညီပေးရန် စီမံကိန်းများက အထောက်အကူဖြစ်သည်။ လူမှုဖွဲ့အစည်းများတွင် အပြန်အလှန်ဝေမျှခြင်းနှင့် အဆက်အသွယ်ဖြစ်စေသည်။

စိတ်ကူးယဉ်မှုဖြင့်စတင်ပါက၊ အန္တရာယ်ဆိုးရာများမှ ကာကွယ်သည်။ အခက်အခဲများရှိသည့်အခါ၊ လူတစ်ဦးစီသည် အကူအညီပေးခြင်းအားပေးပါသည်။

အေအန်န်အမ်မ်တီ Telegram Channel

အေအန်န်အမ်မ်တီ ဆိုတာကို အကြောင်းအရာကိုတွေ့ရတယ်။ ဒီ ခေတ်ကမျက်နှာကို အ၊အအမ်မ်တှင် ကွန်ပျူတိပ်မှာ အကြောင်းအရာကို အသေးစိတ်ပေးချင်တယ်။ ဒီဇိုင်းတွင် ဘုရားစာရွတ်ဆိုသော ပါးစပ်များထက်ကျ စမ်းချိန်ပါးစျေးတွင်သူအဖော်သွားတယ်။ ဒီမျိုးကွန်ပျူတိပ်မှာ လက်များမဟုတ်တဲ့ လက်များေတြကို လေ့လာဆွဲထားပါတယ်။ ထပ်မကြတာ အမှန်တကယ်ပြေးဖို့ မရလို့စမ်းချိန်ပါးစျေးတွင်သူအဖော်သွားနေကောင်းတယ်။

အေအန်န်အမ်မ်တီ Latest Posts

Post image

ကျွန်တော် ရက်တို့ကမ်ပိန်းတစ်ခု ထပ်မံပြုလုပ်ချင်ပါတယ်။ ဒီတခါကတော့ ရှေ့တန်းမှာ တို-က်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို တာရှည်ခံ အစားအသောက်ကောင်းကောင်းလေးတွေ ကြော်လှော်ပြီး ရှေ့တန်းအရောက် ပို့ဆောင်ပေးမယ့် ကမ်ပိန်းလေးဖြစ်ပါတယ်။ လက်ရှိ အာရှလမ်းမှာ တို-က်ပွဲဆင်နွှဲနေတဲ့ KNDO အထူးတပ်ရင်း ဂျိုကာစစ်ကြောင်းမှ ရှေ့တန်းရောက်ရဲဘော်တွေအတွက်ဖြစ်ပြီး စုပေါင်းအင်အားက ၄၀၀ ကျော် ၅၀၀ နီးပါးရှိပါတယ်။ တားဂတ်က ထိုရဲဘော်အယောက်စိတိုင်းဆီ ယခုအကြော်အလှော်တွေ ပို့ဆောင်သွားမှာဖြစ်ပြီး ပိုလျှံမှုတွေရှိခဲ့ပါက အခြားစစ်ကြောင်းတွေကိုလည်း ပို့ဆောင်သွားမှာပါ။ ရည်ရွယ်ချက်ကတော့ ရှေ့တန်းရောက် ရဲဘော်တိုင်းက အနေဆင်းရဲ အစားဆင်းရဲ ဖြစ်ကြရပါတယ်၊ သူတို့တတွေ အနေဆင်းရဲနေရင်တောင် အစားအသောက်မဆင်းရဲစေဖို့ ခွန်အားဖြစ်စေဖို့ ကျွန်တော်တို့ပြည်သူတွေ အမြဲရှိနေကြောင်း ဖော်ပြချင်တာမျိုးပါ။

ဟင်းအမယ်ကတော့ ၄ မျိုး သတ်မှတ်ထားပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသားတွေကို ကီလို ၂၀၀ ဆီ ကြော်လှော်သွားမှာဖြစ်ပြီး ပုဇွန်ခြောက်ကြော်ကိုတော့ ကီလို ၆၀ လောက် ကြော်လှော်မှာပါ။ ဝယ်ခြမ်းရမယ့်စရိတ်စက ကုန်ကျစရိတ်ကတော့ ကြက်သား ၁ ကီလို ဘတ် ၉၀၊ ဝက်သား ၁ ကီလို ဘတ် ၁၆၀၊ အမဲသားက ၁ ကီလို ဘတ် ၂၆၀ ကျသင့်မှာဖြစ်ပါတယ်။

ကြော်လှော်ပြီး ရှေ့တန်းအရောက် စီစဥ်ပို့ဆောင်သွားမယ့်သူကတော့ ယခုလ ၂၂ ရက်နေ့မှာကျရောက်မယ့် မွေးနေ့ရှင် အစ်မကေကေ ဖြစ်ပါတယ်။ ယခုကမ်ပိန်းက သူ့မွေးနေ့အတွက် ရည်ရွယ်လုပ်ဆောင်တာမျိုးဖြစ်ပေမယ့် ကမ်ပိန်းရရှိငွေကို တွက်ချက်ပြီး ရက်ခွာပို့ဆောင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ယခုကမ်ပိန်းမှာ ပါဝင်ပေးမယ့်တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျွန်တော့်ရဲ့မှတ်တမ်းလွှာလေး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ယခုပို့စ်ရဲ့ Comment ထဲမှာလည်း ပါဝင်သူတိုင်းရဲ့ လုံခြုံရေးမထိခိုက်​စေသော အမည်နှင့် ငွေအမောက်အတိအကျအား နေ့စွဲအမှတ်စဥ်များနဲ့တကွ ပူးတွဲဖော်ပြပေးသွားပါ့မယ်။

ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန် Facebook Post...👇
https://www.facebook.com/share/p/1Z2GNCpg8U/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8497

20 Feb, 13:17
1,452
Post image

ဒီကိစ္စကလည်း ရယ်တော့ရယ်ရတယ်၊ တော်လှ-န်ရေးစပြီး ၁ နှစ်အတွင်းမှာတင် ကိုယ့်ကို အမြင်မကြည်တဲ့သူတချို့က သိသိလျက်နဲ့ မဘသဘက်က ပြောင်းလာတဲ့သူဆိုပြီး တံဆိပ်ကပ်ကြတာ။ တကယ်က မဘသတွေဆိုတာကလည်း စစ်တပ်ဘက်က မှိုင်းတို-က်တာကို အကြီးအကျယ်ခံကြရတဲ့ လူတွေပါပဲ။ ကိုယ့်ဘက်က အမှန်တရားကို စိတ်အေးလက်အေး ချက်ကျလက်ကျလေး ပြောပြနိုင်ရင်တော့ အခုလိုရလဒ်လေးတွေ ပြန်ရနိုင်ပါတယ်။

မဘသအများစုက ဘာသာရေးနဲ့ရှေးရိုးစွဲတွေ ဖြစ်နေတာကြောင့် ဘုရားချွ-တ်ရင်တောင် ကျွတ်မှာမဟုတ်ဘူး။ ဘက်မတူတဲ့သူတွေထဲကနေမှ ဟိဏ်းဝေယံကတော့ ၂၀၁၇ ခုနှစ်ကတည်းက မှတ်မှတ်ရရ သူငယ်ချင်းဖြစ်လာတဲ့တစ်ယောက်ပါပဲ...❤️

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8496

20 Feb, 12:44
1,301
Post image

ကျွန်တော့်အကောင့်ထဲမှာ တော်လှ-န်ရေး လူတ-န်းစားအလွှာအစုံရှိပါတယ်။ သာမန်ပြည်သူကစလို့ ဆယ်လီများစွာအပြင်၊ အစိုးရပိုင်းအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ သပိတ်အဖွဲ့အစည်းတွေ၊ သတင်းထောက်တွေ၊ CDM တွေ၊ ထောက်ပို့ဖန်ဒရေဇာတွေ၊ PDF တွေ၊ UG တွေ၊ Local PDF တွေ များစွာရှိပါတယ်။ ဒီထဲမှာမှ NUG အစိုးရကို ကြိုက်သူတွေရော မကြိုက်သူတွေရောရှိလို့ ပို့စ်ပေါင်းစုံကို အမြဲဖတ်ရလေ့ရှိတယ်။ အဲဒီအထဲမှာမှ အမေဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြိုက်သူ မနှစ်သက်တဲ့သူ တချို့တလေတွေလည်း ရှိကြပါတယ်။

ပြီးခဲ့တဲ့အချိန်ကာလတွေအထိ သူတို့ရဲ့ ထင်ကြေးတွေ မှတ်ချက်တွေကို ကျွန်တော့်ဘက်က counter လုပ်လေ့မရှိခဲ့ပါဘူး၊ သာမန်ဝေဖန်ထောက်ပြမှုတွေ အပြောင်အပျက်တွေအထိ ကိစ္စမရှိပေမယ့် ယခု ICJ ဘက်က ကြေညာချက်တစ်ခုထုတ်ပြန်အပြီးမှာ အမေစုအပေါ် လှော-င်ပြော-င်မှုတွေ လုပ်ဆောင်လာကြတာကို တွေ့ရမြင်ပါတယ်။ ICJ ကိစ္စမှာ အမေစုကို ဝန်းရံပေးခဲ့တဲ့သူတွေထဲမှာမှ စစ်ခေါင်းဆောင်တွေကို ရောယောင်ဝန်းရံခဲ့ကြတဲ့သူ တစ်ယောက်မှမရှိပါဘူး။

ICJ ဘက်က စစ်ခေါင်းဆောင်တွေကို သီးသန့်တရားစွဲဆိုတာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ထိုအချိန်မှာ အမေစုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့အပြင် နိုင်ငံခြားရေးဝန်ကြီးဖြစ်တာမို့ နိုင်ငံတော်ရဲ့အရေးဖြစ်တာကြောင့် တရားရင်ဆိုင်ခဲ့တာပါ။ သူ့ရဲ့လျှောက်လဲချက်တွေမှာလည်း စစ်တပ်က ပြ-စ်မှုမကျူးလွန်ဘူးလို့ ထွက်ဆိုခဲ့တာမဟုတ်ပဲ "ဂျီနိုဆိုက် အထိ မရှိပါဘူး"လို့ ချေပခဲ့တာမျိုးပါ။ ဒါကလည်း သတင်းအချက်အလက်က စစ်တပ်ဘက်ကပေးတဲ့ အချက်အလက်တွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ထိုကာလကနေစလို့ အမေစုကို ဝန်းရံခဲ့တဲ့သူတွေထဲ ကျွန်တော်လည်းအပါအဝင်ဖြစ်ပြီး ထိုကိစ္စနဲ့စပ်လျင်း၍ ယခုအချိန်အထိ ကိုယ့်ကိုကိုယ် "ဝန်းရံခဲ့မိလို့ မှားပြီလား"ဆိုတဲ့အတွေး ကျွန်တော့်ခေါင်းထဲမှာ အခုအချိန်အထိမရှိသလို နောင်လည်းရှိမှာမဟုတ်ဘူး။

ပြီးတော့ နောက်တစ်ခုပြောပြချင်တာက ယခုအချိန်အထိ NUG အစိုးရကို တော်လှ-န်ရေးတပ်ဦးအစိုးရအဖြစ် သတ်မှတ်ထားတဲ့ မိမိရဲ့ခံယူချက်ကလည်း လုံးဝပြောင်းလဲသွားမှာမဟုတ်ပါဘူး။ NUG အစိုးရနှင့် ပသုံးလုံးတွေထဲမှာလည်း ရာထူးနေရာယူထားပြီး ဒီရာထူးနေရာနဲ့ သက်ဆိုင်တဲ့တာဝန်တွေကို မလုပ်ကိုင်တဲ့သူတွေလည်းရှိကြပါတယ်။ ဒီတစ်ခုကြောင့်နဲ့တော့ NUG အစိုးရတစ်ခုလုံးနှင့် ပသုံးလုံးအားလုံးကို ပေါပေါပဲပဲပု-တ်ခ-တ်ပြောဆိုနေတာတွေက ကလေးဆန်လွန်းပါတယ်။ သိမ်းကြုံးမပြောသင့်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါကလည်း တကယ်အလုပ်လုပ်ကိုင်နေကြသူတွေ ရှိနေလို့ပါ။ ပြောချင်ရင် ဘယ်အဖွဲ့အစည်းရဲ့ ဘယ်တာဝန်က ဘယ်သူပါဆိုပြီး By Name တပ်ပြောပေါ့လေ။ ဒါက သက်ဆိုင်သူကို တို-က်ရို-က်ထိရောက်စေသလို လူထုလည်း ပိုပြီးသိမြင်စေလို့ တော်လှ-န်ရေးအတွက် အရွေ့ကောင်းတစ်ခု ပိုဖြစ်စေပါတယ်။ ချက်ကျလက်ကျရှိဖို့တော့လိုမယ်။

ကျွန်တော်တို့တတွေက ဘုံရ-န်သူ တူကြတဲ့ တလှေတည်းစီး တခရီးတည်းလျှောက်နေကြတာဆိုပေမယ့် ကလေးဆန်တဲ့အကွက်တွေနဲ့ ဖျင်ပုတ်လိုက် ခေါင်းပုတ်လိုက် လုပ်နေရင်တော့ ဘုံရန်သူ တူနေရင်တောင် ကျွန်တော်ကတခြားလှေ ပြောင်းစီးမှာပါ။ လှေအပိုမရှိဘူးဆိုလည်း ကိုယ့်ဘာသာကိုယ် တည်ဆောက်ဖို့ ဝန်မလေးတတ်ပါဘူး။ "တက်ကျိုးရင် လက်နဲ့လှော်မယ်"ဆိုသလိုပေါ့။

ဆိုတော့ ကျွန်တော့်အကောင့်ထဲမှာ ဖရန့်ဖြစ်နေသူတွေအနေနဲ့ ဒီပို့စ်ထဲမှာ ပြောထားတဲ့အချက်တွေက ခင်ဗျားတို့နဲ့မကိုက်ညီဘူးဆိုရင် အခုကတည်းက Unfriend လုပ်သွားနိုင်ပါတယ်။ နောက်လည်းမလာနဲ့ လာလည်းမနောက်ပါနဲ့တော့။ လေးစားသမှုနဲ့ အဲဒါလေး ပြောပြချင်လို့ပါ။

Facebook Post...
https://www.facebook.com/share/p/15mfyhW9qL/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8495

20 Feb, 11:54
1,234
Post image

အဖွဲ့တိုင်းကတော့ ပြည်သူ့ကာကွယ်ရေးဆိုပြီး အမည်တပ်ကြတာပဲ၊ လူလေး ဆယ်ကိုးယောက်နဲ့ သေန-တ် နှစ်လက်စ သုံးလက်စ၊ အများဆုံးရှိ ဆယ်လက်ပေါ့၊ တကယ်ပဲ ပြည်သူကိုကာကွယ်ပေးမလိုပဲ၊ အခုက အဲ့ဒီပြည်သူ့ကာကွယ်ရေးတွေ တစ်ရွာတစ်ဖွဲ့တွေကြောင့် ပြည်သူက ဒုက္ခရောက်နေကြတာ။ တော်လှ-န်ရေးအစ အရှိန်အဟုန်ကောင်းကောင်းနဲ့ သွားနေကြတုန်းက ရွာတိုင်းမှာ အဖွဲ့လေးရှိတာကောင်းတယ်။ အခုချိန်မှာကျ စစ်ကို စစ်နဲ့တူအောင် တိုက်ရမယ့်အချိန်ကျတော့ အဲဒီ တစ်ရွာတစ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး အမည်ခံအဖွဲ့လေးတွေနဲ့ တိုက်မရဘူးဗျာ့။ MOD တပ်ရင်းတွေထဲ ဝင်ဆိုလဲ မဝင်မကြဘူး။ အခု တပ်စုဖွဲ့မှုတွေထဲ ဝင်ဆိုတော့လဲ မဝင်ချင်ပြန်ဘူး။

သူတို့က ကိုယ်ရပ်ကိုယ့်ရွာလေးကိုပဲ ကာကွယ်ချင်နေကြတာ၊ တကယ်တမ်း ကာကွယ်နိုင်တာလဲ မဟုတ်ဘူး။ စစ်ကြောင်းလာရင် သူတို့က ပြောသေးတာ ကျွန်တော့်အဖွဲ့က ဘယ်နှစ်ယောက်ထည့်ပေးလိုက်တယ်ပေါ့။ အဲဒီ ထည့်ပေးလိုက်တဲ့ကောင်တွေကြည့်တော့ ယူနီဖောင်းကိုတောင် ပုံစံကျအောင် မဝတ်တတ်ဘူး၊ ဘာနာခံမူမှလဲ မရှိဘူး။ သူတို့က သေန-တ် ဘယ်လောက်ပ-စ်ခဲ့တယ်ဆိုတာ သူတို့ ရွာအဖွဲ့ခေါင်းဆောင်ကို ပြန်ပြောပြနိုင်ရေးလောက်ပဲ စိတ်ဝင်စားတာ။ ဆံပင်က နီကြောင်ကျား၊ ပုံစံတွေကိုက "ငါတို့ရွာမှာ ငါတို့က ဆရာကြီးတွေပဲ"ဆိုတဲ့အထာတွေ။ စစ်တကယ်တို-က်ဖို့ စိတ်ကူးမရှိကြဘူး။ နည်းနည်းပင်ပန်းမှုကိုတောင် မခံချင်ဘူး။ ရပ်ထဲရွာထဲမှာ သေန-တ်လေးကို-င်၊ ယူနီဖောင်းကိုတောင်မှ အပေါ်ပဲဝတ်တာ။ သာရေး နာရေးတွေပတ်လိုက်၊ အဲဒီရွာက အဖွဲ့ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ရွာမှာတော့ ဘုန်းကြီးထက်တောင် တန်ခိုးကြီးသေးဗျာ့။ ရွာကပြည်သူကလဲ ကြော-က်မှကြော-က်။

ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းလာတော့..., ပြည်သူက စစ်ရှောင်တာ လှည်းလေးနဲ့ ပစ္စည်းတွေတင်ပြီးရှောင်တာ၊ သူကလဲ လောနေတာနေမှာပေါ့..., နောက်ကကျနေပြီ၊ ဘယ်သူမှလဲ မရှိတော့ဘူး။ ရွာထဲမှာ အဲဒီစစ်ရှောင်က သူ့နွားတွေကိုဆဲတယ် "ငါLoeမ နွားတွေ၊ အရေးရယ် အကြောင်းရယ်ဆို PDF လောက်ကို မမြန်ဘူးတဲ့။ နောက်တစ်ခုရှိသေးတယ်၊ အဖွဲ့က ရွာထဲကပြည်သူကို သေန-တ်နဲ့ ချိန်တော့ ပြည်သူကပြောတာ... "အမလေး ကြော-က်ပါတယ် ရွာက စုဝယ်ပေးထားတဲ့ သေနက်ကြီးနဲ့"တဲ့...😂😂

မဟာ အောင်

မူရင်းပို့စ်...
https://www.facebook.com/share/p/1BsPRvrkq2/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8493

20 Feb, 09:54
1,341