SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် @ssntimes1 Channel on Telegram

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

@ssntimes1


ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ

SSN Times (Burmese)

SSN Times ဆောက်လုပ်ရမည့် ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်တွင် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံဖြစ်ပါသည်။ ဤစောက်လုပ်ခံအချက်များကို ဖက်ဒရယ်တစ်ခုအနည်းဆုံး လေ့လာနိုင်ရန် SSN Times စာရင်းကို ကြိုဆိုပါတယ်။ ဤစောက်လုပ်ခံအချက်များသည် ဖက်ဒရယ်များ၊ မြန်မာ နှင့် က္ဍ နှင့် ကူးဘုတ်များ၊ အခမ်းအနား အစားအဝယ်များ၊ အိမ်ထောင်နှင့် လုံခြုံများ ဖြစ်ပါသည်။ ဖက်ဒရယ်တွင် သို့မဟုတ် နည်းပညာ နှင့် လိုက်ဝ အန္တရာယ် များအား ၃ အရှုနှုန်း ပေးနိုင်သည်။ ဤစောက်လုပ်ခံအချက်များကို ပြုလုပ်ပြီး ဖက်ဒရယ်များကို အတတ်ပြုပြီး သတင်းတင်ဆက်ပေးကြပါမည်။

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Jan, 05:27


ညှော်နံ့ (Burnt smell)

ခန္ဓာကိုယ်မှာအနာရှိတဲ့သူတွေ ညှော်နံ့ရှူမိရင် အနာရင်းတတ်တယ်၊ လူမမာတွေ ညှော်နံ့မရှူသင့်ဘူး စတဲ့စကားတွေကို ကြားဖူးကြမှာပါ။

ဘာကြောင့် ဒီလိုပြောကြလေ့ရှိတာလဲ။ ဒါဟာအမှန်ပဲလား။ ညှော်နံ့ထဲမှာ ဘယ်လိုဓာတ်ငွေ့မျိုးတွေပါသလဲ။ အချိန်ကြာကြာရှူမိရင် ဘာတွေဖြစ်နိုင်သလဲ။ ဘယ်လိုလူတွေက ညှော်နံ့ရှောင်သင့်သလဲ။ ဆိုးကျိုးတွေမဖြစ်အောင် ဘာတွေလိုက်နာသင့်သလဲ စတဲ့ ညှော်နံ့နဲ့ပတ်သက်သမျှ စိတ်ဝင်စားဖွယ်အချက်တွေကို ဒေါက်တာလှထုံက အခုဗီဒီယိုလေးထဲမှာ မျှဝေပေးထားပါတယ်။ ဒီ video လေးကို အောက်မှာဖော်ပြထားတာမို့ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ။

ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းအတွက်လည်း တစ်ဖက်တစ်လမ်းမှ အလှူငွေထည့်ဝင်နိုင်တာမို့ လှူဒါန်းမှုလည်းမြောက်တဲ့အပြင် ဗဟုသုတလည်းရရှိအောင် အချိန်ရရင် ကြည့်ရှုပေးကြဖို့ တိုက်တွန်းပါရစေဗျာ 🥰🥰

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Jan, 05:27


တယ်လီကျန်းမာ - Telekyanmar YouTube Channel
https://www.youtube.com/channel/UC5K4CGLmUIgcCeMNg-srtZw

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Jan, 03:54


အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း

🟥ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအား လုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင် နိုင်ငံတော် ၏ ဒေသတချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်း ကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှု ထမ်းရန် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

"ဒီစစ်စည်းရုံးခြင်း ပြဋ္ဌာန်းချက်ကတော့ အရွယ်ရောက်ပြီးသူ ဆိုတာ အသက် ၁၈ နှစ်ကနေ အသက်ကြီးရင့်နေတဲ့ အဘိုး အဘွားတွေအထိ အကျုံးဝင်ပါတယ်။ သူတို့ လိုအပ်ရင် ဘယ်သူ့ကိုမဆို စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်တယ်လို့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေက ရှင်းပြသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ ၅၉ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းများကို အခြေခံ ပညာကျောင်းများမှ အစပြု၍ သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက် ပြဋ္ဌာန်းထားသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Jan, 15:27


Daily Highlight 2
January 24 (09:30 PM)

- ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားလေတပ်စခန်းကို KIA မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေတပ်ဝင်းအတွင်း ထိမှန်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိ၊ ထို့ပြင် ယနေ့မနက်အစောပိုင်းမှ စတင်ပြီး KIA နှင့် ပူးပေါင်းအဖွဲ့များက ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိရေး ထိုးစစ်အရှိန် ထပ်မံမြှင့်တင်လိုက်ပြီး တိုက်ပွဲများ အလွန်ပြင်းထန်နေ၊ စစ်တပ်က လေကြောင်း လက်နက်ကြီး ဒရုန်းများဖြင့် အပြင်းအထန်ခုခံနေ၊ ဗန်းမော်နယ် တစ်ခုလုံးတွင် စကခ ၂၁ တပ်မဌာနချုပ်နှင့် ခလရ ၄၇ တို့သာ ကျန်ရှိတော့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရ။ ထပ်မံရရှိသော သတင်းများအရ ယနေ့ နေ့လည်ပိုင်းတွင် ဗန်းမော်ရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ကို သိမ်းပိုက်ရရှိခဲ့ပြီး သံချပ်ကာကား ၄ စီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရ။

- ယမန်နေ့က ရေးနယ် ခေါဇာမြို့အခြေစိုက် ခလရ ၃၁ နှင့် မီးတိုင် ၁ တံတား စခဂိတ်တို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခ ၇ ကောင်သေ၊ ၃ ကောင်ထက်မနည်း ဒဏ်ရာရ၊ အဆိုပါတိုက်ပွဲအပြီးတွင် ထုံးစံအတိုင်း စခများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) မှ တာဝန်ရှိသူတစ်ဦးပြော။

- ယခုလအတွင်း ဖလမ်းမြို့ စာသင်ကျောင်းတစ်ကျောင်းတွင် CNDF မှ ထိန်းသိမ်းထားသော စစ်သုံ့ပန်းများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အရာရှိများအပါအဝင် ရဲ ၇ ဦးနှင့် ရဲမိသားစုဝင် အမျိုးသမီး ၁ ဦး သေဆုံး၊ သုံ့ပန်းဖြစ်နေသော မိမိ၏ တပ်ဖွဲ့ဝင်များကို စစ်တပ်က ပြန်လည်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်သွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရသော ဖလမ်းခရိုင် ရဲမှူး ဒုရဲမှူးကြီးမိုးနိုင်ပြောကြားထားသည့် ရုပ်သံဖိုင်ကို CNDF မှ ယနေ့ ထုတ်ပြန်။

- ယမန်နေ့ညနေပိုင်းက ပေါက်ခေါင်းနယ် ကျွဲဘောင်ဘင်ရွာမှ စစ်တပ်သတင်းပေး ပျူသင်တန်းဆင်း ပျူခွေးဝင်းကျော်ဆိုသူကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း တပ်ရင်း ၃၆၀၁ PPDF မှ သတင်းထုတ်ပြန်။

- ဇန်နဝါရီ ၂၁ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမတွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ်တစ်ဦး အလင်းဝင်လိုကြောင်း ဆက်သွယ်လာသဖြင့် တော်လှန်ရေးအဖွဲ့များက မြို့တွင်းထိ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စခန်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ လက်နက်များ သိမ်းဆည်းထားသဖြင့် လက်နက်မဲ့အလင်းဝင်ခြင်းဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ နေ့လည်ပိုင်းက မြို့သာမြို့အနီး စစ်ကြောင်းထွက်လာသော စခများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၄ ကောင် ဒဏ်ရာအပြင်းအထန်ရ၊ အထိနာသွားသောစခများက ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီး၊ ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဗန်းမော်တိုက်ပွဲတွင် အထိနာနေသော စစ်တပ်က KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ လူသူထိခိုက်မှု တစုံတရာမရှိကြောင်း ကနဦးသတင်းများရရှိ။

- ယနေ့ နေ့လည်ပိုင်းက ထားဝယ်နယ် ပကာရီရဲစခန်းအနီးတွင် လမ်းသွားလမ်းလာများထံမှ တောင်းရမ်းစားသောက်နေသော စခများကို တော်လှန်ရေးအဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခ ၁ ကောင် ထိမှန်သေဆုံးကြောင်း ရေဖြူPDF(YPPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့က မြိုင်နယ် စက်မှု ၂ သို့ ရောက်ရှိနေသော ရိက္ခာပို့စခများကို တော်လှန်ရေးအဖွဲ့များက ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခ ၅ ကောင် ဒဏ်ရာရ၊ ၄ ကောင်မှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း ဘာမထီပြောက်ကျားတပ်ဖွဲ့- မြိုင် မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ နေ့လည်ပိုင်းက ရေစကြိုမြို့မှ ထွက်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ခြုံခိုကြားဖြတ်တိုက်ခိုက်၊ စခ ၅ ကောင်သေ၊ အများအပြားဒဏ်ရာရကြောင်း မြေလတ်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရ။ ထို့ပြင် ဇန်နဝါရီ ၂၂ ရက်နေ့က ရေးနယ် ကျုံလောင်းရွာအနီး တပ်စွဲထားသောစခများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ ၃ ကောင်သေ၊ ၁၀ကောင်ထက်မနည်း ဒဏ်ရာရပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ညပိုင်းက မြိုင်နယ် လင်းကတောရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၃ ကောင်သေဆုံးကြောင်း Eagle Brigade တပ်ဖွဲ့မှ သတင်းထုတ်ပြန်။ အလားတူ ဇန်နဝါရီ ၁၉မှ ၂၃ အထိ မြို့သာမြို့ပေါ် ရဲစခန်းနှင့် စခကင်းပုန်း​နေရာတို့ကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စခ ရခများ အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Jan, 15:27


Daily Highlight 3
January 24 (09:30 PM)

- ဇန်နဝါရီ ၂၂ ရက်နေ့က ကလေးမြို့မှ GTC ကျောင်းဘက်သို့ ထွက်ခွာလာသော စခကားများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၁ ကောင်သေ၊ ဒရုန်း ၁စီးနှင့် Jammer ၂ ခု ပျက်စီး၊ ထို့ပြင် ယမန်နေ့ကလည်း အဆိုပါလမ်းအတိုင်း ထွက်ခွာလာသော စခကားကြီး ၂ စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့ မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့ပေါ်ရှိ စခများတပ်စွဲထားသော စခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ သတင်းထုတ်ပြန်။ ထို့ပြင် ယမန်နေ့ကလည်း ယင်းမာပင်မြို့ပေါ်ရှိ စခများတပ်စွဲထားသော စုပေါင်းရုံးကို တော်လှန်ရေးအဖွဲ့များက နှစ်ကြိမ်တိုင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စခ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း စစ်ကျွန်မခံ မြွေဆိုးတစ်သိုက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၁၉ ကြိမ်
- ပေါက်နယ် ၁ ကြိမ်
- လိုင်ဇာနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း။)
- တောင်ကုတ်နယ် ၂ ကြိမ် (Source: WES)(မှတ်ချက်။ စက်တပ်လေထီးဖြင့်တိုက်ခိုက်ခြင်း)
- မလှိုင်နယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့်တိုက်ခိုက်ခြင်း။)


(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကရင်၊ ကရင်နီနှင့် တနင်္သာရီ ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Jan, 15:27


Daily Highlight 1
January 24 (09:30 PM)

- ဇန္နဝါရီ ၂၁ ရက်နေ့က ငါန်းဇွန်နယ် ဆုံရွာပျူခွေးရွာမှ ထွက်ခွာလာသော စခများနှင့် ငါန်းမြာကြီးရွာမှ ထွက်ခွာလာသောစခများကို တော်လှန်ရေးအဖွဲ့များက သုံးကြိမ်တိုင် ဒရုန်းများဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ အရေအတွက်အတိအကျမသိရသေးကြောင်း 925 ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၂၂ရက်နေ့ည သန်းခေါင်ကျော်အချိန်က တောင်သာနယ် သာစည်ရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်တပ် ရေတပ်မှ တပ်သားတစ်ကောင်၏ ဖခင်ဖြစ်သူ ဦးစိန်ဝင်းဆိုသူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ၊ နေအိမ်မီးလောင်ပျက်စီး၊ အိမ်နီးချင်းဖြစ်သူ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးသေဆုံး၊ ထို့ပြင် ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းကလည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကိုပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြရန် တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ သတိပေးထုတ်ပြန်။

- ယမန်နေ့က လွိုင်ကော်နယ် လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ မှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး ရှေ့တန်းတစ်နေရာမှ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KNDF တပ်ဖွဲ့ထံ အလင်းဝင်၊ ထွက်ပြေးစဉ် မိုင်းထိမှန်ခဲ့ပြီး ဒဏ်ရာများရရှိလာသဖြင့် ကောင်းမွန်စွာ ဆေးကုသစောင့်ရှောက်ပေးထားကြောင်း KNDF မှ တာဝန်ရှိသူတစ်ဦးပြော။

- စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးထားပြီး ထွက်ပြေးတိမ်းရှောင်သူများ၊ ထွက်ပြေးရန် အားပေးကူညီသူများကို ထောင်ဒဏ်ချမှတ်နိုင်သော စစ်မှုထမ်းနည်းဥပဒေကို စကစ က ယမန်နေ့က ထုတ်ပြန်၊ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားအတွင်းရှိ လူငယ်များအားလုံး မဖြစ်မနေ စစ်မှုထမ်းရန် ပြဌာန်းထားကြောင်း သိရ

- ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက မင်းလှနယ် ဂန့်ဂေါ်ပင်ရွာမှ ပျူခွေးမိုးကြီး ဆိုသူကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ နေရာတွင်ပင် သေဆုံး၊ ၎င်းပျူခွေးမှာ ပြည်သူများကို PDF များ၊ ထောက်ပို့များဟု လိမ်လည်ပြီး စစ်တပ်ကို တိုင်ကြားခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများကို စောင့်ကြည့်ပြီး စစ်တပ်ထံသတင်းပေးပို့ခြင်းများ ကျူးလွန်နေသဖြင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က လူ့အခွင့်အရေးအဖွဲ့ Fotify Right မှ AA က ဖမ်းဆီးထားသော စစ်သုံ့ပန်းအချို့ကို သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်နှင့်အတူ ICC မှ စုံစမ်းစစ်ဆေးရန် တောင်းဆိုမှု ထွက်ပေါ်လာပြီးနောက် AA က အဆိုပါ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ယမန်နှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများ၏ မိသားစုဝင်များကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းကြောင့် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည့်အခါ လက်စားချေသည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးလွန်ခဲ့သူ တပ်မှူးငယ်အချို့အပါအဝင် ပါဝင်သူအားလုံးကို အရေးယူပြီးဖြစ်ကြောင်း၊ မိမိတို့ အာရက္ခတပ်တော်အနေဖြင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းကို လက်မခံကြောင်း၊ စစ်သည်တော်ကျင့်ဝတ်များ၊ လူအခွင့်အရေးကျင့်ဝတ်များကို သေချာစွာ လေ့ကျင့်သင်ကြားထားကြောင်း၊ စစ်မြေပြင်စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာစေကြောင်း၊ နောက်နောင် ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ ရှင်းလင်းပြောကြား

- ယမန်နေ့ နေ့လည်ပိုင်းက မြောက်ဒဂုံ ၄၇ ရပ်ကွက် အုပ်ကြီးရုံးကို တော်လှန်ရေးအဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့သော်လည်း နည်းပညာချို့ယွင်းပြီး မိုင်းမှာ မပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါရုံးကို ယခုရက်ပိုင်းအတွင်း ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန် The Light Of Union တပ်ဖွဲ့မှ သတိပေးထုတ်ပြန်။

- ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး စစ်တပ်က တနင်္သာရီ-မောတောင်လမ်းပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် သိန်းခွန်ရွာအနီးတွင် ယနေ့အထိ တိုက်ပွဲများပြင်းထန်နေ၊ တစ်လကျော်ကြာ တိုက်ပွဲများအတွင်း စခ ၅၀ ထက်မနည်း သေ၊ ၆၀ ကျော် ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရ၊ လက်နက်အချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထား၊ စစ်တပ်က မြိတ်-တနင်္သာရီလမ်းပိုင်းမှ ခရီးသွားကားများကို ချောဆွဲအသုံးပြုနေသဖြင့် အဆိုပါလမ်းပိုင်းအသုံးပြုမှုကို ကန့်သတ်ထားကြောင်း၊ ပြန်လည်အသုံးပြုနိုင်မည့်အခြေအနေကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးပြော။


#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Jan, 09:31


မုံရွာမြို့တော်ခန်းမ၌ တာဝန်ကျနေသော စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ပြည့်ဖြိုးအောင် အလင်းဝင်၊ ရန်ကုန် ဆေးရုံတွင် လူနာစောင့်ရန်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိမ်လည်ခေါ်ပြီး စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တပ်စွဲထားသော စစ်တပ်စခန်းတွင် တာာဝန်ကျနေသော စစ်မှုထမ်းအပတ်စဉ် ၅ သင် တန်းဆင်း တပ်သား ပြည့်ဖြိုးအောင် အလင်းဝင်ရောက်လာကြောင်း မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ နတ်ဆိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက် နေ့ မုံရွာမြို့ ၊ မြို့တော်ခန်းမ၌ လုံခြုံရေးအစောင့်တာဝန်ကျနေသော စစ်မှုထမ်း အ ပတ်စဥ် ၅ သင်တန်း ဆင်း တပ်သား အသက် ၃၃ နှစ်အရွယ် ပြည့်ဖြိုးအောင်သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံသို့ ဆက်သွယ်လာသဖြင့် PDF ရဲဘော်များ က မုံရွာမြို့အတွင်းအထိ ဝင်ရောက်ကာ ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခန်းမရောက်တဲ့အချိန်မှာ လက်နက်တွေ သိမ်းထားလို့ ယူလို့မရခဲ့တဲ့အတွက် ပါမလာဘူး။ လက်ရှိ တော့ တပ်ရင်းမှာပဲ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်၊ သူက ပြန်လို့မရတော့ လောလော ဆယ် ဒီဘက်လုံခြုံတဲ့နေရာမှာ ပဲနေမယ်လို့ ပြောတယ်။ သူက ရန်ကုန်က ၊ သူတို့ရဲ့ရပ်ကွက်အုပ် ချုပ်ရေးမှူး ကနေပြီးတော့ ဆေးရုံလာနာစောင့်ဖို့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဟို ရောက်တော့ ရဲ ၂ ယောက်က လာခေါ်ပြီးတော့ စစ်မှုထမ်းသင်တန်းကို တန်းပို့လိုက်တာ ဂျိုးဖြူ အမှတ် ၁ တန်းမြင့် သင် တန်းကို ၃ လတက်ခဲ့တယ်၊ အဲဒီကနေမှ တပ်မ ၃၃ ကို တစ်ပတ်လောက် နေခဲ့ရတယ်၊ အဲဒီက နေမှ မုံရွာရောက် လာတာ” ဟု မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ နတ်ဆိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပကဖ ထံလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ အလင်းဝင်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ စစ်မှုထမ်းစစ်သား၊ ရဲများအနေဖြင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း မုံရွာ နတ်ဆိုး Page မှ ဆက်သွယ်လာပါက မည်သည့်နေရာမဆို သွားရောက်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 15:12


Daily Highlight 3
January 23 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၄ ကြိမ်
- ဖလမ်းနယ် ၁ ကြိမ်
- နွားထိုးကြီးနယ် ၁ ကြိမ်
- ဗန်းမော်နယ်တွင် ဒရုန်းတိုက်ခိုက်မှု များစွာရှိကြောင်း သိရပါသည်။ (Source: CJ)
-ကလေးနယ်တောင်ပိုင်းတွင် ဒရုန်းတိုက်ခိုက်မှုများရှိပါသည်။ (Source: CJ)


(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကရင်၊ ကရင်နီနှင့် တနင်္သာရီ ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 15:12


Daily Highlight 1
January 23 (09:30 PM)

- ဇန်နဝါရီ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက MNDAA နှင့် စကစတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း စကစ က ရှမ်းတောင်နှင့် ရှမ်းမြောက်ဒေသများတွင် စစ်အင်အားချဲ့ထွင်မှုများ စဉ်ဆက်မပြတ် ဆက်လက်ပြုလုပ်နေ၊ ရှမ်းမြောက်ဒေသ မိုင်းရယ်နှင့် တန့်ယန်းဒေသများမှ တပ်ဆုတ်ခြင်းများ မရှိသည့်အပြင် ထုတ်နှုတ်အင်အားများ၊ စစ်မှုထမ်းတပ်သားသစ်များကို ထပ်မံပို့ဆောင်နေကြောင်း၊ ရှမ်းတောင်ဘက်တွင်လည်း မိုးဗြဲဒေသသို့ စစ်အင်အား လက်နက်ခဲယမ်းများ ဆက်လက်ပို့ဆောင်နေရာ ဇန်နဝါရီ ၂၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် အင်အား ၃၀၀ ထက်မနည်း ပို့ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ရှမ်းမြောက်ဒေသရှိ စကစတပ်များကို စစ်ရေးအရအသင့်ပြင်ထားမှုများကို ရုတ်သိမ်းခြင်းမရှိသေးကြောင်း၊ လေကြောင်းတိုက်ခိုက်ရန် အချိန်ဇယားရေးဆွဲထားမှုများတွင်လည်း ရှမ်းမြောက်ဒေသ ဆက်လက်ပါဝင်နေဆဲဖြစ်ကြောင်း နေပြည်တော် တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရ။

- ယမန်နေ့ မနက်ပိုင်းက မုံရွာနယ် တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ ရိက္ခာပို့ရန်ထွက်ခွာလာသော စခများနှင့် ပျူခွေးများပါဝင်သော စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဖောက်ခွဲတိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၂ ကောင်သေ၊ ၅ ကောင် ဒဏ်ရာရ၊ ဒဏ်ရာရသူများအနက်မှ ၂ ကောင်မှာ ခြေထောက်ပြတ်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ရိက္ခာထုပ်များကိုပင် ကောက်ယူခြင်းမရှိဘဲ ကစဉ့်ကလျား ထွက်ပြေးသွားကြကြောင်း Immortal Guerrilla Force- Monywa မှ တာဝန်ရှိသူတစ်ဦးပြော။

- မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းကျော်တွင် အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မြင့်မြတ်သော မွန်မြတ်သောကိစ္စဖြစ်၍ ဂုဏ်ယူကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မအလမှ အရှက်ကင်းမဲ့စွာပြော၊ လက်တွေ့ မြေပြင်တွင်မူ ၎င်းတို့ ထိန်းချုပ်စိုးမိုးထားရာ နေရာအနှံ့အပြား စစ်မှုထမ်းဥပဒေဖြင့်လည်းကောင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြင့်လည်းကောင်း စစ်မှုထမ်းရန်အတွက် တပ်သားသစ်များ အဓမ္မစုဆောင်းနေကြရပြီး ၎င်းတို့ ထိပ်တန်းစစ်ဗိုလ်ချုပ်များ၏ အသိုင်းအဝိုင်းများမှာမူ စစ်တပ်အတွင်း ဝင်ရောက်ကြခြင်းမရှိဘဲ တိုင်းပြည်ကို ဂုတ်သွေးစုပ်ရန်သာ ကြိုးပမ်းနေကြသဖြင့် မအလ၏ ပြောဆိုမှုမှာ လွန်စွာမှပင် အရှက်သိက္ခာကင်းမဲ့ပြီး လူရယ်ဖွယ်ဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ။

- ဇန်နဝါရီ ၇ ရက်နေ့က ငဖဲနယ် ငဖဲနယ် ဂုတ်ကြီးရွာမှ ခွန်ဇူရွာဘက်သို့ ထွက်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စခ ၄ ကောင်သေ၊ ၃ ကောင်ထက်မနည်း ဒဏ်ရာရ၊ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ငဖဲနယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် ပဒါန်းဘက်မှ ထွက်ခွာလာသော စစ်ကား ၄ စီးကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ ကားတစ်စီးပျက်စီးပြီး စခ ၅ ကောင်သေ၊ ၈ ကောင်ထက်မနည်း ဒဏ်ရာရ၊ ထို့ပြင် ရခိုင်-မကွေး နယ်စပ်တလျှောက်တွင်လည်းကောင်း အမ်းစစ်မြေပြင်တိုက်ပွဲများမှ ထွက်ပြေးလာသောစခများနှင့်လည်းကောင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါတိုက်ပွဲများတွင် ခမရ ၁၁၃ မှ ဗိုလ်ကြီး၂ကောင်အပါအဝင် စခ ၁၂ ကောင်ကို အရှင်ဖမ်းဆီရမိခဲ့ပြီး စခ ၁၀ ကောင်ထက်မနည်း သေဆုံးကြောင်း၊ ကွန်မန်ဒိုစိန်ပြောင်းတစ်လက်၊ သေနတ် ၈ လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PRA-Magway တပ်ဖွဲ့မှ သတင်းထုတ်ပြန်။

- ယမန်နေ့မနက်ပိုင်းက ကော့ကရိတ်နယ် ကျိုက်ဒုံမြို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၁ဦးသေဆုံးပြီး နေအိမ်အချို့ ထိမှန်ပျက်စီး၊ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းကလည်း ကြာအင်းဆိပ်ကြီးနယ် ယော့ကဒေါရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်း ထိမှန်ပျက်စီး၊ ထို့ပြင် ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဘားအံနယ် ကျုံစိန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ၏ ရာဘာပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်အနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။

- ယမန်နေ့ မွန်းလွဲပိုင်းက မုံရွာမှ စစ်ကိုင်းဘက်သို့မောင်းနှင်လာသော အက်စစ်တင်ကားများနှင့် လုံခြုံရေးလိုက်ပါလာသော စခကားများပါဝင်သော ယာဉ်တန်းကို မြင်းမူမြို့နှင့် ထီးဆောင်းရွာအကြားတွင် တော်လှန်ရေးအဖွဲ့များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ ၂ ကောင်သေ၊ အက်စစ်တင်ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါကားပေါ်မှ စခများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း DK-PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။ အလားတူ အဆိုပါယာဉ်တန်းကိုပင် မုံရွာနယ်အတွင်း တော်လှန်ရေးအဖွဲ့များက သီးခြားဆီ ပစ်ခတ်တိုက်ခိုက်ခဲ့သေးပြီး စခ ၃ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ လုံခြုံရေးလိုက်ပါလာသော စခများက ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Brave Heart Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 15:12


Daily Highlight 2
January 23 (09:30 PM)

- ဇန်နဝါရီ ၂၁ ရက်နေ့က မင်းလှနယ် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန်ထွက်ခွာလာသော စခများကို တော်လှန်ရေးအဖွဲ့များက ကျွန်းကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်၊ စခ ၁ ကောင် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသော စခ ၂ ကောင်မှာလည်း သေဆုံးသွားသည်ဟု ယူဆရကြောင်း ၊ အထိနာသွားသော စခများက ကျွန်းကုန်းရွာမှ စျေးဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်စီးပြီး တောင်လိမ်ရွာမှ ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးပြော။

- ရွှေသောင်ယံမြို့အနီးအထိ တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ချောင်းသာမြို့မှ ဟိုတယ်များ တည်းခိုခန်းများ ဆိုင်ခန်းများ ပိတ်သိမ်းလျက်ရှိရာ စကစမှ ဆက်လက်ဖွင့်လှစ်ထားရန်လိုက်လံပြောကြားနေပြီး ပိတ်ထားပါက ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရ။

- ရှမ်း-ကယားအစပ် မိုးဗြဲနယ်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေ၊ လေကြောင်း လက်နက်ကြီးပစ်ကူများ အများအပြားအသုံးပြုပြီး တိုက်ခိုက်နေကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များကလည်း ခုခံတိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ထိခိုက်မှုများရှိကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ကယ်ဆယ်ထောက်ပံ့ရေးအတွက် ဆေးဝါးနှင့် လောင်စီဆီများ လိုအပ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးပြော။

- ယမန်နေ့ညနှင့် ယနေ့မနက်အစောပိုင်းတို့က တနင်္သာရီနယ် ပဝရွာနှင့် အရှေ့သာရဖုံရွာတို့ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြိတ်ခရိုင် တပ်ရင်း၂ မှ တာဝန်ရှိသူတစ်ဦးပြော၊ ထို့ပြင် သိန်ခွန်းရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က မြိတ်-တနင်္သာရီလမ်းမကြီးပေါ်ရှိ ခရီးသွားကားများကို တားဆီးပြီး အကာအကွယ်ယူထားကြောင်း၊ အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သဖြင့် လမ်းပိုင်းအသုံးပြုခြင်းကို တားမြစ်ထားကြောင်း တနင်္သာရီတိုင်းစစ်ဌာနမှ ထုတ်ပြန်ထား။

- ယမန်နေ့ညက ရေတာရှည်နယ် နှောပင်ရွာတွင် တပ်စွဲထားသော စခများကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်၊ ထို့နောက် ကျွန်းတောကုန်းဘက်မှ စစ်ကူထွက်လာသော စခများကိုလည်း ထပ်မံဖြတ်တောက်တိုက်ခိုက်၊ စခ ၆ ကောင်ထက်မနည်း ဒဏ်ရာရရှိကြောင်း၊ အဆိုပါတိုက်ပွဲများအပြီး စစ်တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် စစ်ရေးတင်းမာနေပြီး ဒေသခံများ သတိဖြင့်နေထိုင်ကြရန်၊ ယခုတိုက်ခိုက်မှုများတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အမျိုးသမီးရဲမေ ၆ ဦး ပါဝင်တိုက်ခိုက်ခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းမှ သတင်းထုတ်ပြန်။

- KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ဖာပွန်နယ် ကတိုင်တိစခန်းကို ယနေ့ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခများက BGF ၁၀၀၃ တပ်ရင်း၏ စခန်းများအတွင်း ဝင်ရောက်ပြီး ဆက်လက်ခုခံနေကြောင်း၊ BGF တပ်ရင်း ၁၀၀၃ မှာ တိုက်ပွဲများ စတင်ကတည်းက ရှောင်ထွက်သွားကြောင်း KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုပြော၊ မူလက တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသော်လည်း KNLA မှ အတည်ပြုပေးခြင်းမရှိကြောင်း၊ ယခုတိုက်ပွဲအတွင်း စခများ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအခြေအနေကို တင်ပြလာမှု မရှိသေးကြောင်း သိရ။

- ဇန်နဝါရီ ၁၈ ရက်နေ့က ကပစ ၂၁ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် လက်ထောက်စက်ရုံမှူး ဒုဗိုလ်မှူးကြီးတစ်ကောင်အပါအဝင် သေဆုံးသူ ၁၃ ကောင်အထိရှိလာကြောင်း BWM အဖွဲ့မှ ထပ်မံထုတ်ပြန်၊ ကနဦး ၇ ကောင်သေပြီး ၈ ကောင်ဒဏ်ရာရကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက် ဆက်လက်တိုးလာဖွယ်ရှိကြောင်း BWM မှ တာဝန်ရှိသူတစ်ဦးပြော။

- ဆိပ်ဖြူနယ် ဝါဇီစက်ရုံ နှင့် ဆိပ်ဖြူနယ် ပခုက္ကူနယ်များအတွင်းရှိ စခစခန်း ၅ ခုတို့ကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်၊ ဝါဖီစက်ရုံကို Short Range Missile ၁၇ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ၁၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ထိခိုက်ပျက်စီးမှုများလည်းရှိကြောင်း၊ အသေးစိတ်အခြေအနေကိုစုံစမ်းနေကြောင်း မကွေးတိုင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။


#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 14:25


မုံရွာ -မန္တလေး လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် အက်ဆစ်တင်ကားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေး လမ်းပိုင်းတွင် စစ်ကိုင်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းနှင့် အက်ဆစ်တင်ကားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော Acid tanker trucks ကားများ ၊ အကြမ်းဖက်စစ်တပ် Jammer ကား ၈ စီး နှင့် စစ်တပ် အရာရှိများ လိုက်ပါလာ သည်ဟု ယူဆရသော မှန်လုံ Express ကား ၃ စီးတို့ကို မုံရွာမြို့နယ်၊ မုံရွာ - မန္တလေးလမ်းပိုင်း တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း Acid tanker trucks ကားများ၊ မှန်လုံ Express ကားများထိခိုက် ပျက်စီးခဲ့ပြီး စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ယာဉ်တန်း ကို လုံခြုံရေး ယူပေးရန် လိုက်ပါလာသော Jammer ကားပေါ်မှ စစ်သားများ ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army-BHA ရဲဘော်များမှဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်များနှင့်အတူ လက်တွဲညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 14:23


ရာသီလာချိန် ဗိုက်အောင့်ခြင်း၊ ကိုက်ခဲခြင်း (Menstrual cramps)

အမျိုးသမီးတော်တော်များများက ရာသီလာချိန် ဗိုက်အောင့်တာ၊ ခါးအောက်ပိုင်း အထူးသဖြင့်ဆီးခုံံနားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဗိုက်အောင့်တာအပြင် ပျို့ချင်အန်ချင်တာပါ တွဲဖြစ်တတ်ပါတယ်။ ရာသီမလာခင်တစ်ရက်အလို (သို့) ရာသီစလာတဲ့နေ့မျိုးမှာ ဖြစ်တတ်ပြီး ၂ ရက် ၃ ရက်အကြာမှာသက်သာလာတတ်ပါတယ်။ တချို့သူတွေမှာတော့ နေ့စဥ်လှုပ်ရှားမှုများ ထိခိုက်သည်အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။
.

ဘာကြောင့် ဗိုက်အောင့်၊ ကိုက်ခဲရတာလဲ။

(၁) သဘာဝအတိုင်းနာကျင်ကိုက်ခဲခြင်း
ရာသီလာတယ်ဆိုတာ ကိုယ်ဝန်ဆောင်စရာမလိုတာကြောင့် သားအိမ်နံရံတွေ ကွာကျတဲ့ဖြစ်စဥ်ပါ။ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ပရိုစတာဂလမ်ဒင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကို ကျုံ့စေပါတယ်။ ပရိုစတာဂလမ်ဒင်ပမာဏများလေလေ၊ နာကျင်မှုပိုလေလေ ဖြစ်ရပါတယ်။ ရာသီစလာတာနဲ့ ပရိုစတာဂလမ်ဒင်ပမာဏ ကျလာပြီး ရက်ပိုင်းအတွင်း နာကျင်ကိုက်ခဲတာ သက်သာလာပါတယ်။

( ၂) အခြားအကြောင်းရင်းများကြောင့် နာကျင်ကိုက်ခဲခြင်း
သားအိမ်တစ်သျူးနေရာမှားခြင်း (Endometriosis)
သားအိမ်တွင်းအလုံးဖြစ်ခြင်း (Fibriods -benign tumor)
သားအိမ်တစ်သျူးများက သားအိမ်ကြွက်သားများအတွင်း တိုးဝင်ကြီးထွားခြင်း (Adenomyosis)
လိင်မှတစ်ဆင့်ကူးစက်ရောဂါများကြောင့် မျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း
သားအိမ်အဝကျဥ်းခြင်း
မျိုးရိုးလိုက်သောအခြေအနေများကြောင့် နာကျင်ခြင်း (ဥပမာ။ သားအိမ်ပုံစံ မမှန်ခြင်း)
.

လက္ခဏာများ

ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင် နာကျင်ခြင်း (တချို့မှာ ပြင်းထန်နိုင်ပါတယ်)
ဝမ်းဗိုက်တွင် ဖိအားခံစားရခြင်း
ကျောနှင့်ပေါင်တို့တွင်ပါ နာကျင်ခြင်း
ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ပါ ခံစားရနိုင်ပါတယ်။
.

ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။

အသက် ၂၀ အောက်ငယ်သူများ
အပျိုဖော်ဝင်ချိန်စောသူများ (အသက် ၁၂ နှစ်မတိုင်ခင်)
သွေးအဆင်းများသူ (သို့) ရာသီလာရက် ၇ ရက်နှင့်အထက်ပိုသူများ
ရာသီလာသည့်ရက် ပုံံမှန်မဟုတ်သူများ
ဆေးလိပ်သောက်သူများ
အမေ၊ အဒေါ် အစရှိသည့် မိခင်ဘက်မှဆွေမျိုးများတွင် အလားတူ တူညီသောအခြေအနေရှိသူများ
.

ဆိုးကျိုးရှိနိုင်သလား။

သဘာဝအတိုင်း ရာသီလာချိန်ကိုက်ခဲမှု ဖြစ်လေ့ရှိတာကတော့ ဆိုးကျိုးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်အမျိုးသမီးရောဂါတစ်ခုခုကြောင့် ကိုက်ခဲနေမယ်ဆိုရင်တော့ အချိန်မီမကုသရင် ကိုယ်ဝန်မဆောင်နိုင်တော့တာ၊ နေရာမှားပြီးသန္ဓေတည်တာတို့ ဖြစ်နိုင်ပါတယ်။
.

ရာသီလာချိန် ဗိုက်အောင့်တာနဲ့ နာကျင်ကိုက်ခဲတာတွေ သက်သာအောင် ဘာတွေလုပ်သင့်လဲ။

အကိုက်အခဲပျောက်ဆေးသောက်ခြင်း (NSAID, mefenamic acid တို့ သောက်နိုင်ပါတယ်)
တချို့သူတွေမှာ သန္ဓေတားဆေး သောက်ရတာလည်းရှိပါတယ် (ဆရာဝန်၏ညွှန်ကြားမှုနဲ့သာ သောက်သင့်ပါတယ်)
အနွေးဓာတ်ပေးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း
အနားယူခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း
ဆေးလိပ်၊ အရက်ရှောင်ခြင်း
ဝမ်းဗိုက်အောက်ပိုင်းနှင့် နောက်ကျောဘက်ကို ညင်ညင်သာသာနှိပ်နယ်ပေးခြင်း
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
အစားအစာဖြင့် ထောက်ပံ့ခြင်း (ဗီတာမင်-အီး၊ ဘီဝမ်း၊ ဘီဆစ်၊ အိုမီဂါသရီး၊ မက်ဂနီဆီယမ်၊ fatty acids တွေဟာလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်)
.

ကာကွယ်လို့ရောရလား။

သဘာဝအတိုင်း နာကျင်ကိုက်ခဲတာကတော့ ကာကွယ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် သင့်တင့်မျှတတဲ့အစားအစာစားခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက နာကျင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
.

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ။

နာကျင်ကိုက်ခဲတာနဲ့ ဗိုက်အောင့်တာက ပိုပိုဆိုးလာတာ၊ ရာသ်ီရက်မမှန်တာတို့ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါသည်။ အမျိုးသမီးတွေမှာ မီးယပ်ရောဂါတွေကလည်း အဖြစ်များတဲ့အတွက် တစ်နှစ်တစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း ကျန်းမာရေးစစ်ဆေးသင့်ပါတယ်...။

References: 📖
https:// my. clevelandclinic. org / health/diseases/4148-dysmenorrhea

တယ်လီကျန်းမာ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

23 Jan, 09:29


မြင်းမူမြို့နှင့် ထီးဆောင်းရွာအကြားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကား ၁ စီးတိမ်းမှောက်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် မြင်းမူမြို့နှင့် ထီးဆောင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီးကားတစ်စီး တိမ်း မှောက် ပျက်စီးခဲ့ကြောင်း Dog Killers People's Defense Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ခံမောင်ကာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက် လာသော အက်ဆစ် တင်ကားများနှင့် အကြမ်းဖက်စစ်သားများ လုံခြုံရေးလိုက်ပါလာသည့် ယာဉ် တန်းကို မြင်းမူမြို့နှင့် ထီးဆောင်းရွာအကြား အရောက် ပထမ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒုတိယ အကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ယာဉ်တန်းအနက် အက်ဆစ် တင်ကား မိုင်းထိခဲ့ပြီး ကားတိမ်းမှောက်သွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း၊ တိမ်းမှောက်သွားသည့်ကားမှာ ယနေ့အထိ ပြန်ဆွဲထူခြင်းမရှိသေးပဲ မိုင်းဆွဲသည့်နေရာမှာ တိမ်းမှောက်လျက်ရှိနေကြောင်း သိရသည်။

“ယာဉ်တန်းက ကားအစီးရေများတယ်၊ အားလုံးဘယ်နှစ်စီးရှိလဲ မသိဘူး။ မှောက်သွားတဲ့ ကားက တော့ ဒီနေ့အထိ မသယ်သေးဘူး။ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန် မြင့်လာပြီဖြစ်လို့ ဂရုစိုက်နေကြ ဖို့၊ စခတွေနဲ့ အဝေးဆုံးနေရာမှာ နေကြဖို့၊ အရေးမကြီးရင် ခရီးထွက်တာတွေမလုပ်ဖို့ တိုက်တွန်းချင် ပါတယ်” ဟု Dog Killers People's Defense Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ခံ မောင် ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defense Force Myinmu (DK-PDF MMU) မှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

22 Jan, 14:26


ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှ အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်ခွာလာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် ကျွန်းတောဘက်ကမှ တဆင့် ကင်းဗျားရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကင်းဗျားရွာ အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှလည်း ၁၂၂ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ကူပေးခဲ့ကြောင်းသိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာနေ ပြည်သူများကို ရွာထဲမှ ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာသွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကင်းဗျားရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေ စထွက်လာတာက ခလရ ၄၂ တပ်ရင်းကနေ အင်အား ၅၀ ကျော်ခန့်နဲ့ ၁၈ ရက်နေ့ ညပိုင်းမှာ စထွက်လာတာလို့ သိရတယ်။ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီကျော်ခန့်မှာ ကျွန်းတောဘက်ကနေတဆင့် ကင်းဗျားရွာကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်စီးတာပေါ့။ ကင်းဗျားရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ဝင်လာစဥ် ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်လောက်ဖြစ်ပွားခဲ့သေးတယ်။ နာရီဝက် အကြာမှာ ခလရ ၄၂ တပ်ရင်းကနေ ၁၂၂ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူလို့ ကင်းဗျားရွာခံပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ဆွဲထုတ်ပြီး ဘေးလွတ်ရာကိုဆုတ်ခွာခဲ့ရတယ်။ စစ်ခွေးတွေက ကင်းဗျားရွာထဲက အမက စာသင်ကျောင်းဝင်းအတွင်းက အဆောင်အဦး တစ်လုံး၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်" ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အဆိုပါ ကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ကင်းဗျားရွာအနီးရှိ မင်းကုန်းရွာတွင် ခလရ ၄၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသေးကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

22 Jan, 14:23


မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Tiger Brothers People's Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ ပြည်သူများကို နေ့စဉ် ဆက်ကြေးကောက် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် M9 ၊ ERO ၊ Droup Bomb လက်လုပ် အီနာကာ ဗုံးသီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့ အရေအတွက် သိရဖို့ မဟာမိတ်တွေ အနေနဲ့ ဆက်လက် စုံစမ်း ဆဲပါ" ဟု Tiger Brothers People's Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people's Defence Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၈ တပ်ရင်း ၊ တပ်ခွဲ ၂ မိုးကြိုး ကျည်သံ ပျောက်ကြားတပ်ဖွဲ့ နှင့် BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

22 Jan, 14:22


ရက်ရှည်စစ်ရှောင် စခန်း တခုအား ကြက်သားနှင့်ဝက်သားဟင်းဖြင့် အာဟာရဒါ ထမင်း ၂ နပ်လှူဒါန်း

22.1.2025

#၄၆၆နပ်မြောက်ထမင်းအလှူ
မွေးနေ့ရှင် အလှူရှင်များကိုယ်စား ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်ပြည်သူများအား နေ့စဥ် ထမင်းလှူဒါန်းလျှက်ရှိပါတယ်။

စစ်ရှောင်ပြည်သူများ အာဟာရဖြစ်ကြပါစေ။

#အညာပစ်တိုင်းထောင်လေးများအဖွဲ့
#ပြည်သူမှာပြည်သူပဲရှိတယ်
#အရေးတော်ပုံအောင်ရမည်

Photo- အညာပစ်တိုင်းထောင်လေးများ

SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

18 Jan, 16:11


🟡🟠 မိုင်းအန္တရာယ်ရှိကြောင်း အသိပေးအမှတ်အသားနဲ့ ပြသသည့် သဲလွန်စတွေက ဘာတွေလဲ

🟡🛑 အန္တရာယ်မကင်းတဲ့အပြုအမူတွေက ဘာတွေလဲ


🟠🛑 မိုင်းရဲ့ ဆိုးကျိုးသက်ရောက်မှုကဘာလဲ

ရုပ်/သံ credit.dna

SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

18 Jan, 15:30


ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာ ထမင်း ၁ နပ်အလှူ။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ
ယနေ့တွင် ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာအား ထမင်း ၁နပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
မွေးနေ့ရှင် အလှူရှင်များကိုယ်စား ရက်ရှည်စစ်ရှောင်ပြည်သူများအား နေ့စဥ် ထမင်းလှူဒါန်းလျှက်ရှိရာ ယခုအကြိမ်မှာ ၄၆၂နပ်မြောက် ထမင်းအလှူဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သိရှိရပါတယ်။


ဆားလင်းကြီးမြို့နယ်။
စစ်ရှောင်ပြည်သူများ အာဟာရဖြစ်ကြပါစေ။

photo-အညာပစ်တိုင်းထောင်လေးများ

SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 17:11


Daily Highlight 1
January 9 (09:30 PM)

- ရခိုင်စစ်မြေပြင်တွင် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော ဗိုလ်မှူးချုပ်သုံးကောင်၏ မိသားစုဝင်များကို ယခုအခါ စစ်တပ်က လစာနှင့် အခြားခံစားခွင့်များ မပေးတော့ကြောင်း၊ စစ်တပ်မှ ပေးထားသော နေရာများမှပါ ဖယ်ရှားပေးရတော့မည်ဖြစ်ကြောင်း၊ AA မှ ထုတ်ပြန်သော ရုပ်သံဖိုင်တွင် အခြားတပ်သားများကို လက်နက်ချအညံ့ခံရန် ပြောကြားခဲ့သည့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၏ မိသားစုမှာ အခြေအနေ ပိုမိုဆိုးဝါးကြောင်း တပ်တွင်းသတင်းရင်းမြစ်အချို့ထံမှ သိရ။

- ယမန်နေ့မွန်းလွဲပိုင်းက ရမ်းဗြဲနယ် ကျောက်နီမော်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄၀ခန့်သေဆုံး၊ ၂၀ ထက်မနည်း ဒဏ်ရာရ၊ နေအိမ် ၅၀၀နီးပါး မီးလောင်ပျက်စီး၊ AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောကြားခဲ့ပြီး စစ်တပ်က သရဲဘောကြောင်စွာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ပြော။

- ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA မှ ထိုးစစ်အရှိန်မြှင့်၊ စကခ ၂၁ ကို ထိုးစစ်ဦးတည်ထားပြီး စစ်တပ်ကလည်း နေရာစုံမှ ဆုတ်ခွာလာပြီး စုပေါင်းခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ၊ လေကြောင်းမှလည်း ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေ၊ မံစီနယ်တွင်မူ တစ်နယ်လုံးတွင် စလကင်းစင်သွားပြီဖြစ်ပြီး စခတပ်ရင်းများတွင် ကချင်အမျိုးသားအလံများ လွှင့်ထူထားကြောင်း သိရ။

- ဇန်နဝါရီ ၇ ရက်နေ့က ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန်ထွက်လာသော စခများက ခရီးသွားကားများကို တားဆီးပြီး ပြည်သူများကို မိုင်းရှာခိုင်း၊ ထို့နောက် ရှာဖွေတွေ့ရှိထားသော မိုင်းများကို ကားပေါ်တင်ပြီး ယူဆောင်သွား၊ အဆိုပါမိုင်းများအနက် အဝေးထိန်းမိုင်းတစ်လုံး ပါဝင်သွားပြီး စခများ ၎င်းတို့ဂိတ်သို့ပြန်ရောက်ပြီး မိုင်းများကို ကားပေါ်မှချနေစဉ် တော်လှန်ရေးအဖွဲ့များက အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စခ ၃ ကောင်သေပြီး ၇ ကောင်ထက်မနည်းဒဏ်ရာရ၊ ဂိတ်တွင် ထင်းပို့ရန်ရောက်ရှိနေသော ပြည်သူတစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့သဖြင့် အနူးအညွတ်တောင်းပန်ပါကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးပြော။

- အကြမ်းဖက်စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်နေသည်ဟု စာရင်းသွင်းပြီး အရေးယူမည်ဟု အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာလိုက်ကြောင်း သိရ။

- အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၂ အနီး ပျော်ဘွယ်-နတ်မောက်လမ်းပေါ်တွင် စကစလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွန်မှူးသန်းထွန်းကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ယခင်ရက်များက မီးသတ်ဦးစီးဌာနနှင့် စကစဘက်တော်သားများ ဖမ်းဆီးခံရသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ထပ်မံထွက်ပေါ်လာသော စကစဝန်ထမ်းဖမ်းဆီးခံရသည့် သတင်းဖြစ်။

- ဇန်နဝါရီ ၇ ရက်နေ့ညပိုင်းက တန့်ဆည်နယ် မူးဂွရွာအနီးရှိ စခဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခ ၁ကောင်သေ ၃ ကောင်ဒဏ်ရာရကြောင်း သိရ။ ထို့ပြင် အဆိုပါနေ့ ညနေပိုင်းကလည်း မင်းကွန်းဒေသမှပြန်လာသော စစ်ကိုင်းမှ နာမည်ကြီးပျူခွေး ရွှေကျားနှင့်အဖွဲ့ကို တော်လှန်ရေးအဖွဲ့များက လက်ပံရွာအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်၊ ပျူခွေးရွှေကျားနှင့်ဇနီးအပါအဝင် ၇ ကောင်သေ၊ တစ်ကောင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်တွင်ပါလာသော ကလေးငယ်နှစ်ယောက်အတွက် အခြား လက်နက်ကိုင်ဆောင်ထားခြင်းမရှိသူတစ်ဦးကို လွှတ်ပေးလိုက်ကြောင်း၊ သေနတ် ၆လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ကားတစ်စီးကို မီးရှို့ထားခဲ့ကြောင်း၊ ပျူခွေးအလောင်းများကို စစ်ကိုင်းမှ စခများက ညတွင်းချင်းလာရောက်ကောက်ယူသွားပြီး လက်ပံရွာမှ နေအိမ်၂လုံးနှင့် ပျူခွေးများစီးနင်းလာသော ကားတစ်စီးကို မီးရှို့သွားကြောင်း၊ လက်ပံရွာအုပ်ကြီးကိုလည်း တစ်ချိန်တည်းတွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ယမန်နေ့က စစ်ကိုင်းဘက်မှစခများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး သေဆုံးကြောင်း၊ အသုဘပြီးစီးပါက ရွာကိုမီးရှို့မည်ဟုကြိမ်းဝါးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို တော်လှန်ရေးအဖွဲ့များက လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စလင်းမြို့ပေါ်ရှိ စကစလက်အောက်ခံ ရုံးအားလုံးကို ယာယီပိတ်လိုက်ပြီး စာရွက်စာတမ်းများကို မကွေးသို့ အရေးပေါ်ပြောင်းရွှေ့၊ Non-CDM များမှာလည်း တိုက်ပွဲများဖြစ်ပွားလာပါက ထွက်ပြေးရန် ပြင်ဆင်နေကြကြောင်းသိရ၊ စလင်း ပကဖက ပြည်သူများအနေဖြင့် စစ်ရေးနှင့် လုံခြုံရေးအတွက် အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို သတိပြုလိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရ။

- ကျောက်ကြီးနယ်တွင် ခလရ ၂၈၈ မှ စမထတပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာသဖြင့် နွေးထွေးစွာကြိုဆိုပြီး ဆုငွေများ အသီးသီးချီးမြှင့်ထားကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 17:11


Daily Highlight 3
January 9 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၄ ကြိမ်
- ဖားကန့်နယ် ၁ ကြိမ်
- စဉ့်ကူးနယ် ၁ ကြိမ်
- သပိတ်ကျင်းနယ် ၂ ကြိမ်
- မတ္တရာ-ပုသိမ်ကြီးနယ်အစပ် ၂ ကြိမ်
- မြစ်ကြီးနားနယ် ၁ ကြိမ်
- သပိတ်ကျင်းနယ် ၂ ကြိမ် (Source: CJ)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)



#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 17:11


Daily Highlight 2
January 9 (09:30 PM)

- ယမန်နေ့ညနေပိုင်းက ရွှေဘိုနယ် ပလိုင်းပျူရွာမှ ထွက်ခွာလာသော အင်အား ၆၀ ခန့်ပါ စခ ပျူခွေးစစ်ကြောင်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်၊ စခ ပျူခွေး ၅ ကောင် သေဆုံးပြီး စစ်ကြောင်းမှာ တပ်ပျက်ကာ အလောင်းများဆွဲပြီး ရွာထဲသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရ။

- ဇန်နဝါရီ ၇ ရက်နေ့မှ စတင်ပြီး မြိုင်နယ်သို့ ရိက္ခာပို့ထွက်လာသော စစ်ကြောင်းက လမ်းတလျှောက်ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းလုယက်ခိုးယူ၊ နေအိမ် ၅ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်စီး၊ ဒေသတွင်း ကျေးရွာပေါင်း ၂၀ ခန့်မှ လူဦးရေ တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရ၊ ထို့ပြင် စစ်တပ်က စဘေရွာအနီး သဲနစ်ပြီး စက်ပျက်နေသော ၎င်းတို့၏ ရိက္ခာတင်ကားတစ်စီးကိုလည်း မီးရှို့ဖျက်စီးသွားကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ယနေ့ညနေပိုင်းတွင် မြိုင်မြို့အနီးသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရ။ အဆိုပါစစ်ကြောင်းကို ဇန်နဝါရီ ၆ ရက်နေ့က ပခုက္ကူနယ် ကိုင်းဆယ်ရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ ၄ ကောင်သေပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသိရှိရ။

- KNU လယ်ဒိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ခူသေစိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ တိုက်ပွဲများအတွင်း စခ ၈ ကောင်သေ၊ ဒဏ်ရာရသူများလည်းရှိပြီး အများအပြား ထွက်ပြေးသွားကြကြောင်း၊ လက်နက်ကြီးအချို့အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။

- ဇန်နဝါရီ ၅ ရက်နေ့က ကျိုက်ထိုနယ် သိမ်ဇရပ်မြို့ ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ရခ ၂ ကောင်သေပြီး ၄ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်ပိုင်းက ဆီဆိုင်နယ် ရွှေတဂူရွာအနီးရှိ စခစခန်းကို ကရင်နီတပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး PNO နှင့် ကလေးစစ်သားများ ၁၀ ကောင်ခန့် ဖမ်းဆီးရမိ၊ လက်နက် ၃၀ ခန့်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးထံမှ သိရ။

- ဗန်းမော်မြို့ရှိ လေဆိပ်ကို KIA ပူးပေါင်းတပ်များက ယနေ့ သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များ ပြော၊ လူမှုကွန်ယက်တွင်လည်း ကျောင်းသားတပ်မှ ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်နေပြီး စကစ လော်ဘီများဘက်မှလည်း လေဆိပ်ကျကြောင်း ရေးသားမှုများ ရှိနေ၊ ထို့ပြင် ဗန်းမော်ရှိ ခလရ ၄၇ ကိုလည်း KIA မှ သိမ်းပိုက်ရရှိကြောင်း အတည်မပြုရသေးသည့်သတင်းများ ထွက်ပေါ်နေကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 14:15


ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ဆောင်းရာသီအားကစားပွဲပြုလုပ်

ရန်ကုန်၊ဇန်နဝါရီ ၉

ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ဆောင်းရာသီအားကစားပွဲအဖြစ် ကျောင်းသားများ၏ အားကစားပွဲကို ရပ်မိရပ်ဖများ ကျေးရွာနေပြည်သူများနှင့် ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင်များ ပူးပေါင်းဝန်းရံခဲ့ကြကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 14:14


ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၆၀ ခန့် ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာ အထွက်တွင် ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ၅ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း စစ်ကြောင်း တပ်ပျက်၍ သေဆုံးသွားသော စစ်သား အလောင်းများကို ဆွဲယူကာ ရွာထဲသို့ ပြန်ဝင်ပြေးသွားကြောင်း သိရှိရသည်။

"ကျနော်တို့ တိုက်နယ် ၅ နယ်မြေအတွင်းကို ပလိုင်းပျူစောထီးရွာက စစ်ခွေးတွေက ထွက်လာတာ အင်အားက ၆၀ လောက်ပါမယ်။ တော်လှန်ရေး ရဲဘော်တွေက ပိတ်ဆို့ပြီး ကြားဖြတ် တိုက်ခိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၅ ကောင် လဲကျ သေဆုံးတယ်။ စစ်ခွေးအလောင်းတွေတော့ သူတို့ ပြန်ဆွဲယူသွားတယ်။ ခွေးစစ်ကြောင်းက တိုက်ပွဲအတွင်းမှာ တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေးသွားတယ်" ဟု လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ၊ ရန်ကြီးအောင် ပကဖ ၊ သခင်ကြီး ပကဖ နှင့် 9 PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 14:01


သက်လတ်နှောင်းပိုင်းနှင့် အသက်ကြီးသူများတွင် အဖြစ်များသော ပခုံးခဲကပ်ခြင်းရောဂါသည် စနစ်တကျ စိတ်ရှည်စွာဖြင့် သင့်တော်သော ညွှန်ကြားမှုခံယူကာ ကုသသင့်သောရောဂါဖြစ်ပါသည်။ ရောဂါအား စောစီးစွာပြသခြင်း၊ ရောဂါဖြစ်စေသော အကြောင်းများအား ထိရောက်စွာကုသခြင်း၊ လွဲမှားသော ကုထုံးများမှ ရှောင်ကြဉ်ခြင်းတို့သည် လူနာများသိအပ်ပြုအပ်သော ကိစ္စရပ်များဖြစ်ပါသည်။

❤️ NUG, MOH...တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ Messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

(၂၈၊ ၁၊ ၂၀၂၂) ရက်နေ့က တင်ခဲ့သောပိုစ့်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 14:01


"ပခုံးခဲ၊ ပခုံးကပ်ရောဂါ"
======

အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါတစ်ခု ဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့်သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။
.

🔹ရောဂါသဘာဝ

ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ အရွတ်ကလေးများစတင်ရောင်ရမ်းရာမှ ပခုံးဆစ်တစ်ခုလုံး၏ ပတ်ပတ်လည် အဆစ်အိတ်တစ်ခုလုံး နာတာရှည်ရောင်ရမ်းခြင်း (chronic inflammation) ဖြစ်ကာ အမျှင်ဆဲလ်များ အဆမတန်ပွားများ၍ နာကျင်ကိုက်ခဲခြင်းအား ဖြစ်ပေါ်စေပါသည်။
.

🔹ပခုံးခဲစေတတ်သော အခြေခံအကြောင်းရင်း

ပခုံးဆစ်အား သာမန်ထိခိုက်မှုနှင့် ပြင်းထန်ထိခိုက်မှုဖြစ်ထားသူများ (အရိုးကျိုးခြင်း စသည်)၊ ဆီးချိုရောဂါသည်များ၊ အာရုံကြောရောဂါသည်များ၊ အဆစ်ရောင်ရောဂါသည်၊ လေဖြတ်ဝေဒနာသည်များတွင် ပိုမိုတွေ့ရလေ့ရှိပါသည်။ မည်သည့်အကြောင်းရင်းမျှ မရှိသော်လည်း ပခုံးခဲကပ်ခြင်းကို တွေ့ရတတ်ပါသေးသည်။ သို့ဖြစ်ပါ၍ ပခုံးခဲလူနာတစ်ယောက်သည် ပခုံးခဲရောဂါ သီးသန့်ဖြစ်နေနိုင်သကဲ့သို့ အခြားသောရောဂါတစ်ခု၏ နောက်ဆက်တွဲလည်း (ဥပမာ- ဆီးချို ) ဖြစ်နေနိုင်ပါသည်။
.

🔹ရောဂါသဘာဝနှင့် လက္ခဏာပြပုံ

ပခုံးခဲရောဂါသည် ပြန်လည်ပျောက်ကင်းတတ်သော ကာလရှည်ရောဂါတစ်ခုဖြစ်ပါသည်။ သို့ပါသော်လည်း ၎င်းရောဂါဟု တပ်အပ်ပြောနိုင်ရန် ဆရာဝန်က မေးမြန်းစစ်ဆေး ဖော်ထုတ်ပေးရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှင့်ပုံစံတူရောဂါများ ရှိနေသည့်အပြင် အချို့သောရောဂါများသည် အသက်အန္တရာယ်အထိ စိုးရိမ်ရသောကြောင့် ဖြစ်ပါသည်။ လူနာအများစုသည် ပခုံးဆစ်တစ်ဝိုက် နာကျင်ခြင်းဖြင့် ရောဂါလက္ခဏာ အစပြုလေ့ရှိပါသည်။ ထိုအဆင့်တွင် လူနာအများစုသည် အမှတ်တမဲ့ဖြင့် ထိရောက်သောကုသမှုကို ခံယူလေ့မရှိကြပေ။

ထိရောက်သော ကုထုံးဆိုသည်မှာ ပခုံးခဲရောဂါအကြိုဖြစ်သည့် အရွတ်ရောင်ရမ်းခြင်း (Supra spinous tendonitis) အား Ultrasonography guidance local steroid injection ဟုခေါ်သော ကုထုံးမျိုးအား ဆိုလိုပါသည်။ အထက်ပါကုထုံးအား ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပြင်ပလူနာဌာနများတွင် နေ့ချင်းပြီး (Day care procedure) အဖြစ် ကုသပေးလေ့ရှိပါသည်။

လူနာသည် ထိုအဆင့်အား အမှတ်တမဲ့ထားခြင်း၊ ထိရောက်သော ကုထုံးမခံယူခြင်းတို့ကြောင့် ပခုံးခဲခြင်း (Adhesive capsulitis) အဖြစ် ရောက်ရှိသွားတတ်ပါသည်။ လူနာအများစုသည် အထက်ပါအဆင့်တွင် ခေါင်းမဖီးနိုင်ခြင်း၊ နောက်ကျောသို့ လက်မလှမ်းနိုင်ခြင်း စသည်တို့ကို ကြုံတွေ့ရကာ ဆရာဝန်ထံ ရောက်ရှိလာလေ့ရှိပါသည်။ နာကျင်ခြင်း၊ ပခုံးလှုပ်မရခြင်း တို့သည် ၎င်းရောဂါ၏ အဓိကလက္ခဏာများဖြစ်ပါသည်။
.

🔹ပခုံးခဲရောဂါ ကုသပုံ

ဆရာဝန်သည် ၎င်းရောဂါဖြစ်ကြောင်း သေချာစေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းမှစ၍ ဖြစ်စေသော အကြောင်းရင်းများအား သိရှိစေရန် ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့အား ပြုလုပ်ရလေ့ရှိပါသည်။ ရောဂါနာမည်တပ်ပြီးပါက အနာသက်သာစေရန်ဆေးဝါးပေးခြင်း၊ လေ့ကျင့်ခန်း (Physiotherapy) ပေးခြင်း၊ အပူအအေးကုထုံးများပေးခြင်းဖြင့် ကုသလေ့ရှိပါသည်။ အချို့သောလူနာများတွင် ပခုံးဆစ်အတွင်း အရောင်ကျဆေးထိုးခြင်း၊ ကာလတိုမေ့ဆေးပေး၍ ပခုံးအဆစ်အား ပြုပြင်ခြင်း၊ ပခုံးဆစ်အတွင်းပိုင်းအား မှန်ပြောင်း (Arthroscopy) သုံး၍ ပခုံးဆစ်အားရှင်းလင်းခြင်း (Adhesionolysis) အား ပြုလုပ်လေ့ရှိသော်လည်း လူနာတိုင်းအတွက် ပြုလုပ်ရန်မလို၊ ပြုလုပ်လေ့ မရှိပါ။ လူနာအား ရောဂါသဘာဝကို သဘောပေါက်စေရန်ရှင်းပြခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။
.

🔺သတိပြုရန် အချက်များ

ကင်ဆာရောဂါအချို့ (ဥပမာ အဆုတ်ကင်ဆာ Pancoast tumour) ၊ အရိုးကင်ဆာ၊ အရိုးအကျိတ် (GCT, Bone Cyst)၊ အရိုးတီဘီ၊ အရိုးထိပ်သွေးမလျှောက်ခြင်း (AVN) တို့တွင် ပခုံးနာကျင်ခြင်း၊ လှုပ်ရှားရခက်ခြင်းတို့အား လက္ခဏာတစ်ခုအနေဖြင့် တွေ့တတ်ပါသည်။ ထို့ကြောင့် ပခုံးခဲရောဂါလက္ခဏာနှင့် တူညီနေရုံဖြင့် ပေါ့ဆ၍မရပါ။ ကုသမှုပြင်းထန်ခြင်း (ဥပမာ ပခုံးအတွင်း Steroid ဆေးများ အကြိမ်ကြိမ်ထိုးသွင်းခြင်း) ကြောင့် အရိုးပွခြင်း (Regional osteoporosis) များ ဖြစ်ပေါ်တတ်သဖြင့် သတိပြုရန်လိုအပ်ပါသည်။
.

🔺အန္တရာယ်ရှိသော အပြုအမူများ

ပခုံးနာကျင်ကပ်ခဲနေသည်ကို အတင်းနှိပ်နယ်လှည့်ထုတ်ခြင်းများသည် အရိုးကျိုးခြင်း၊ ဒဏ်ဖြစ်စေခြင်း (Hematoma)၊ နာကျင်မှုကြောင့် သတိလစ်ခြင်း (Pain shock) စသည်တို့ ဖြစ်စေပါသည်။ အလွန်ပူလောင်သော ဆေးများ၊ အဆီများကြောင့် အရေပြားလောင်ကျွမ်းခြင်းဖြစ်စေတတ်သည်။ ထို့နည်းတူ ပခုံးအဆစ်တစ်ဝိုက်ရှိ လည်ပင်းနှင့် လက်မောင်းသွေးကြောများအား နှိပ်နယ်မိခြင်းကြောင့် မလိုအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်တတ်သဖြင့် ဂရုစိုက်သင့်ပါသည်။
.

🔹နိဂုံး

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 14:00


စစ်ကိုင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ရွှေကျားအဖွဲ့အားတိုက်ခိုက်ရာ ရုပ်အလောင်း ၇ လောင်းနှင့် သေနတ် ၆လက်သိမ်းရဟု Acidတပ်ဖွဲ့ ပြော

ရဲခေါင်/People's Spring

စစ်ကိုင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့အား တိုက်ခိုက်ရာ ရုပ်အလောင်း ၇ လောင်းနှင့် သေနတ် ၆လက် သိမ်းဆည်းရကြောင်း Acidတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုနဂါးက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းမြို့ပေါ်တွင် ဖမ်းဆီးပေါ်တာဆွဲ၊လုယက်၊ ပြည်သူများအားခြိမ်းခြောက် ငွေညစ်တောင်းခံနေသော စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ပျူစောထီးခေါင်းဆောင် ရွှေကျား(ခ)ကျော်မျိုးထွန်းနှင့် အပေါင်းအပါများအား ဇန်နဝါရီ ၇ရက် ညနေ ၆နာရီတွင် မဟာမိတ် တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့် အပေါင်းပါများသည် စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အိမ်စီးကား ၂စီးဖြင့် ရိက္ခာများပို့ဆောင်ပေးပြီးအပြန် စစ်ကိုင်း-မင်းကွန်းလမ်းမကြီးပေါ် လက်ပံကျေးရွာအထွက် တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အသိပေး သည်။

"ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကားပေါ်မှာ ကလေးနှစ်ယောက်ပါလာတယ်။ကျွန်တော်တို့မသိခဲ့ဘူး။ပစ်ခတ်တာ ပြီးတဲ့အချိန်မှ ကားပေါ် ကလေးနှစ်ယောက်နဲ့ အတူ စကစအရှင်တစ်ယောက် ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ ဘာမှအပြစ်မရှိတဲ့ ကလေးတွေကို လူသားချင်းစာနာစိတ် ရှိတဲ့အတွက်ကြောင့် ကလေးတွကိုမထိခိုက်စေချင်ဘူး။ အနာဂတ် တွေလည်းပျောက်မှာ စိုးရိမ်သည့်အတွက် ကလေးတွေ ကိုစောင့်ရှောက်ဖို့ စကစတစ်ယောက်လွှတ်ပေးလိုက်ပါတယ်ဗျ"ဟု ကိုနဂါးက ပြောသည်။

ထို့အပြင် လက်ပံကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နန်းဝင်းသန့်ကိုပါ ရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်နေတဲ့ စခ၊ ပျူတွေကို ကျနော်တို့ အချိန်မရွှေး နေရာမရွှေး အမြစ်ပျက်ချေးမှုန်းသွားပါမယ်"ဟု ကိုနဂါးက ပြောသည်။

ပစ်ခတ်မှုအတွင်း ရွှေကျားအပါဝင်ရန်သူအလောင်း ၇လောင်း၊ G-3 ၆လက်နှင့် အတူစပ်ဆက်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုတွင် ACID - LDF ၊ ယူနီကွန်းပြောက် ကြားတပ်ဖွဲ့၊ ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုများ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Jan, 13:58


တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ရဲခေါင်/People's Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၇ ရက် ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်စွဲရာ မူးဂွကျေးရွာအနီးရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မိနစ်၃၀ခန့်ကြာ မြင့်ခဲ့သည်ဟု ဆိုသည်။

"မူးဂွရွာက ပျူစောထီးတွေ များတယ်။စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲလိုက်တဲ့ရွာ ပေါ့။နောက်ပြီး ကန့်ဘလူ ဘက်က ပျူခေါင်းဆောင် ဝါသဝ ညီ တစ်ယောက်က မူးဂွမှာရှိတယ်။သိရသလောက် စကစတပ်သား ၃၀လောက်တော့ အဲဒီရွာမှာ တပ်စွဲထားတယ်"ဟု တန့်ဆည်မြို့ခံ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

မူးဂွကျေးရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး(စိစစ်ဆဲ)ဒဏ်ရာရရှိသည်ဟု PLA က ဖော်ပြသည်။တိုက်ပွဲသတင်းနှင့် ပတ်သက်၍ လူထုနွေဦးက PLA ထံဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅)၊ တပ်ရင်း(၁၆)နှင့် ပ.က.ဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ်မတော် TNLA နှင့် အာရက္ခတပ်တော် AA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲမှုခဲ့ပြီး သိန္နီ၊မိုးမိတ်၊သပိတ်ကျင်း နှင့် လားရှိုး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

04 Jan, 15:45


ကဗျာ 📖

"ငါ့အလံတော်"

✍️-ယောနသံ

တစ်ယောက်အကြောင်း ပြောလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့
နာ‌ရေး သတင်းကို ကြားရ။

တစ်ယောက်အကြောင်း ရေးလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို ပြန်လည် ရှာ‌ဖွေရ။

မပြောဖြစ်လိုက်တဲ့ စကားတွေ
မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ
မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ
မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ

ဖွင့်ဟ ဝန်မခံမိခဲ့တဲ့ ချစ်ခြင်းတရားတွေ
တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့
ကဗျာတွေ။

မနက်ဖန်ဆိုတာ
မရောက်သေးပါဘူးကွာလို့ ပြောရင်း
မနက်ဖန်ကို
တကယ်ရောက်မသွားကြတဲ့ သူငယ်ချင်းတွေ။

ငါ့ကို အရှင် လတ်လတ်ကြီး
ငရဲမှာ ပစ်ချ ထားခဲ့ ပါပေါ့။

အသက်ကို ရှည်အောင် မွေးမြူဖို့ခက်တော့
ဆံပင်ကိုပဲ ရှည်အောင် မွေးမြူရတယ်။

သေရင် ကျန်ခဲ့တာ ဆံပင်တွေပဲ ရှိတယ်။

ငါ့ ဆံပင်ဟာ
ငါ့ အလံတော်ပဲ။

၁၄.၁၁.၂၀၂၄
(တမလွန်က သူငယ်ချင်းများသို့)

(The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့သော 'ယောနသံ' ၏ "ငါ့အလံတော် '' ကဗျာကို SSNTIMES မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

04 Jan, 15:12


ရွှေဘိုမြို့နယ်တွင် လယ်ယာရိတ်သိမ်းနေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ဘုတလင်တွင်လည်း စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လယ်ယာရိတ်သိမ်းနေသော ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံ ပျူစောထီးရွာနှင့် သီလုံးပျူစောထီးရွာမှ လယ်ယာရိတ်သိမ်းနေသည့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပန်းရံရွာမှ ပျူစောထီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဇီးဖြူကုန်းရွာမှ ပျူစောထီး ညဏ်ထွန်း လက်ချောင်းပြတ် ဒဏ်ရာရရှိကာ စုစုပေါင်း ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ပျူစောထီး အသေအပျောက်ကတော့ သတင်းစုံစမ်းဆဲပါ။ အထိအခိုက်ကတော့ မြေပြင် သတင်း အတိအကျပါ။ ပျူစောထီးတွေ အရပ်သား ပြည်သူတွေ အပေါ် ဒုက္ခ မပေးနိုင်ရေး ကာကွယ်ပေးရမည့် တာဝန်သိစိတ်နဲ့ တိုက်ခိုက် ဟန့်တားခဲ့တာပါ" ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို snake eyes (LPDF) ပျံလွှား ဦးဆောင်သော Drone တပ်ဖွဲ့ ၊ Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း ၊ တောင်သူလွတ်မြောက်ရေး အင်အားစု (FIF) ၊ ဒေါင်းစစ်သည်တပ်ဖွဲ့၊ဗိုလ်လင်းရောင် (ဒပယ) ၊ shwebo Federal Army ၊ firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့ ၊Yaung NI ၊ တလရ တပ်ပေါင်းစု ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆက်လက်ပြီး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည် ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပမှ အလှူရှင် မိဘပြည်သူများ ထောက်ပို့မှုများ ဆက်လက် လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ် - ၃၆ တပ်ရင်းထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်အမှတ် - ၃၆ တပ်ရင်း အပါအဝင် ယင်းမာပင်ခရိုင်ဗျူဟာ(၄၇) နှင့် ယင်းမာပင်မြို့နယ်လက်ရုံးတပ် ULF  စစ်​​ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

04 Jan, 15:12


ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ဇန်နဝါရီ ၄

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

04 Jan, 15:10


ရွှေရေကြည် သပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၄

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းက ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးတောင်ယာသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

04 Jan, 15:09


မုံရွာမြို့ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၄

မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲ‌‌ဦးဆောင်‌ကော်မတီ၊ LGBT Alliance Myanmar နှင့် အမျိုးသမီးမဟာမိတ်အင်အားစု (WAB) တို့ပူးပေါင်း၍ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ကို ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးကလည်း လူထုကို တော်လှန်နှစ်သစ်အတွက် တော်လှန်ခွန်အားများ အရှိန်မြှင့်တင်ရန် တိုက်တွန်း‌ဟောပြောခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

01 Jan, 15:10


Daily Highlight 1
January 1 (09:30 PM)

- အကြမ်းဖက်စစ်တပ်၏ အားကိုးအားထားရသော မကွေးတိုင်းအတွင်းမှ ကပစ စက်ရုံများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် စစ်အင်အားများ အရေးပေါ်တိုးမြှင့်၊ တပ်ပတ်ဝန်းကျင်တွင် မိုင်းများ တိုးမြှင့်ထောင်ခြင်း၊ လူအင်အား ရိက္ခာ လက်နက်များ တိုးမြှင့်ချထားခြင်း၊ ဘန်ကာများ တိုးမြှင့်တည်ဆောက်ခြင်းတို့ ပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရ။

- သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ခြင်း၊ အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ခဲ့ခြင်းတို့မှာ ၎င်းလက်ထက် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုများဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက တိုင်းပြည်ပြိုကွဲစေရန် လုပ်ဆောင်နေကြကြောင်း၊ ၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း အကြမ်းဖက်စစ်တပ်ခေါင်းဆောင် စစ်ရှုံးကောင် မအလက နှစ်သစ်ကူးမိန့်ခွန်းဟုဆိုကာ ဗရမ်းဗတာပြော။

- ယမန်နေ့ညက အင်းစိန် ရွာမ ရှိ စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံကို မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စခ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့မှ သတင်းထုတ်ပြန်။ အလားတူ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံထွေအုပ်ရုံးရှိ စခအစောင့်များကိုလည်း မူးရူးသောက်စားနေချိန် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စခ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း မြောက်ဥက္ကလာ ပကဖ မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ညက ငါန်းဇွန်နယ် သားကျင်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ နေအိမ်တစ်လုံးကို တိုက်ရိုက်ထိမှန်ခဲ့ပြီး မိသားစုဝင် ၅ ဦးလုံး သေဆုံး၊ ၂ဦးသာ ရုပ်အလောင်းရရှိခဲ့၊ အခြား မိသားစုဝင် ၂ဦးလည်း ဒဏ်ရာအပြင်းအထန်ရ၊ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးပြီး အိမ်မွေးနွား ၉ကောင်လည်း သေဆုံးကြောင်း ဒေသခံများထံမှ သိရ။ ထို့ပြင် ယမန်နေ့ညနေက လွိုင်ကော်နယ် ဆင်စခန်းစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့မှုမှ ဒဏ်ရာရရှိထားသူများအနက် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အခြားပြည်သူတစ်ဦးတို့ ထပ်မံသေဆုံး၊ ကျောင်းသူတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိထားရာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် ယမန်နေ့ညကလည်း ဒီမောဆိုနယ်ကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး လူသူထိခိုက်မှုမရှိကြောင်း KNDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရ။

- အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှစ်သစ်ကူးအထိန်းအမှတ် နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း၊ ကျန်အကျဉ်းသားများကိုလည်း ကျခံနေရသောပြစ်ဒဏ်၏ သုံးပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က အမိန့်ကြေညာချက်ထုတ်ပြန်

- ဒီဇင်ဘာ ၁၀ ရက်နေ့က စဉ့်ကိုင်နယ် စကစတွဲဖက်ဥက္ကဌ ဗိုလ်မှူးပြည့်ဖြိုးအောင်ဆိုသူက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ​အသက် ၁၈နှစ်မှ ၃၅နှစ်ကြား အလုပ်သမားများကို စာရင်းပြုစုပြီးပေးပို့ရန် အမိန့်ပေး၊ အဆိုပါအလုပ်သမားများထဲမှ ၅၀ ကို စစ်မှုထမ်းအဖြစ် ခေါ်ယူမည်ဟုပြောကြောင်း၊ စဉ့်ကိုင်နယ်အတွင်း တပ်သားသစ်စုဆောင်း၍မရသဖြင့် ပေါ်တာဆွဲနေရကြောင်းလည်း ထည့်သွင်းပြောကြောင်း၊ ယခုအခါ အလုပ်သမားများကလည်း အလုပ်မှ ထွက်မည်ဟု ပြောလာသဖြင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးထံမှ သိရ။

- ဒီဇင်ဘာ ၃၀ရက်နေ့ ညပိုင်းက တောင်တွင်းကြီးနယ်တစ်နေရာတွင် စခများ ပျူခွေးများကို တော်လှန်ရေးအဖွဲ့များက သတင်းအရ မိုင်းဆွဲတိုက်ခိုက်၊ စခ ပျူခွေး ၄ ကောင်သေပြီး အများအပြားဒဏ်ရာရ။ အလားတူ ယမန်နေ့မနက်ပိုင်းက မုံရွာ နမခမှ ထွက်လာမည့်စခကားတန်းကို လုံခြုံရေးယူပေးရန် ချောင်းဦးမြို့မှ ထွက်ခွာလာသော စခ ၃၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ ၃ ကောင်ထက်မနည်း သေ၊ ထို့နောက် နမခမှ ထွက်လာသော စခကားတန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်၊ စခ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးပြော။

- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများအကြား ၄နှစ်ခန့်ကြာအောင် ပိတ်မိနေခဲ့သော တရုတ်နိုင်ငံသား အလုပ်သမား ၁၂၉ ဦးကို နေရပ်ပြန်ပြီး မိသားစုနှင့် တွေ့ဆုံနိုင်ရေး NUG အစိုးရက စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် စကစကို အကျိုးစီးပွားအတွက် ထောက်ပံ့ကူညီပေးနေမှုများ ရပ်တန့်ရန် မေတ္တာရပ်ခံကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

01 Jan, 15:10


Daily Highlight 2
January 1 (09:30 PM)

- အကြမ်းဖက်စစ်တပ်နှင့် စစ်ခေါင်းဆောင် မအလကို ဖယ်ရှားပြီးပါက ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စများကို ယာယီသမ္မတ စတင်ချပြလာ၊ စစ်တပ်ကိုဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းသွားမည်ဖြစ်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန် ပါဝင်သင့်သူအားလုံးနှင့် ဆွေးနွေးသွားမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးနောက် တရားမျှတသော ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အစိုးသစ်တစ်ရပ် ပေါ်ထွက်လာမည်၊ နိုင်ငံတကာအနေဖြင့်လည်း စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်ကြောင်း၊ စစ်တပ်က နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်နေမှုများ ရပ်တန့်ရန်နှင့် အဆိုပါအခြေအနေတွင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မိမိတို့ NUG အနေဖြင့် ပါဝင်ရန် အဆင်သင့်ရှိနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြား။

- တိုက်ပွဲများပြင်းထန်နေသော ဗန်းမော်မြို့ကို စစ်တပ်က ယမန်နေ့က လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်၊ မဟာသိမ်တော်ကြီးဘုရားဝင်းတစ်ခုတည်းကို ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘုရားနှင့် ဘုရားပရဝဏ်တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားကြောင်း၊ နေအိမ်အများအပြားလည်း ပျက်စီးကြောင်း၊ စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် မဆင်မခြင်တိုက်ခိုက်မှုကြောင့် မြို့မှာ ပျက်စီးသွားရပြီဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရ။

- နိုဝင်ဘာ နှင့် ဒီဇင်ဘာလအတွင်း သရက်ခရိုင် တိုက်ပွဲများတွင် စစ်တပ်က ခါမီကာဇေး အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ၊ ယမန်နေ့က တော်လှန်ရေးအဖွဲ့များ နယ်မြေရှင်းလင်းစဉ် မပေါက်ကွဲသေးသည့် အသေခံဒရုန်းတစ်စီး သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များသာမက ပြည်သူများကိုပါ တိုက်ခိုက်လာနိုင်သဖြင့် သတိပြုကြရန် သရက်ခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးပြော။

- ဒေါနတောင်ပေါ်တွင် ပိတ်မိနေသော နာမည်ကျော် အောင်ဇေယျစစ်ကြောင်းကို ယမန်နေ့က KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် စခအချို့သေပြီး အများအပြားဒဏ်ရာရ၊ အဆိုပါစစ်ကြောင်းမှ စခများမှာ ငတ်ပြတ်နေပြီး ကြာရှည်မခံနိုင်တော့ဘဲ ထွက်ပြေးခြင်း၊ တော်လှန်ရေးအဖွဲ့များထံ လက်နက်ချအညံ့ခံခြင်းများ အများအပြား ပြုလုပ်နေကြကြောင်း သိရ။ ထို့ပြင် KNU ဝင်းရေးမြို့နယ်အတွင်းရှိ အနန်းကွင်းဗျူဟာစခန်းကိုလည်း တော်လှန်ရေးတပ်များက ဝန်းရံပိတ်ဆို့ထားပြီး နေ့စဉ်တိုက်ခိုက်နေသဖြင့် စခများ နေ့စဉ်နှင့်အမျှ သေဆုံးနေ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာလည်း ပြတ်လပ်နေ၊ စစ်ကူပို့လွှတ်သော စစ်ကြောင်းကိုလည်း တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်သဖြင့် ထိခိုက်သေဆုံးမှု များပြားပြီး ဆုတ်ခွာထွက်ပြေးသွားရကြောင်း၊ လေကြောင်းမှ ခဲယမ်း ရိက္ခာပို့ပေးသော်လည်း တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါစခန်းမှ စခများ ထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများ ရှိကြောင်း၊ အဆိုပါစခန်းမှ စခများက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ ထိခိုက်မှုများ ရှိကြောင်း KNU ဒူးပလာယာခရိုင် ပြန်ကြားရေးမှ သတင်းထုတ်ပြန်။

- ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ်အတွင်း ညောင်လေးပင်ခရိုင် လယ်ဒိုနှင့် မူးမြို့နယ်များတွင် စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့မှုများကြောင့် ပြည်သူတစ်ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ် ၆ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။ ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ဘီးလင်းနယ်ရှိကျေးရွာများကို စစ်တပ်က လေကြောင်းမှ ၃ ကြိမ်တိုင် အကြောင်းမဲ့ဗုံးကြဲပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှု မရှိသော်လည်း ဒေသခံများ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ။

- ယနေ့မနက်အစောပိုင်းက ဆားလင်းကြီးမြို့ ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုအခြေအနေ မသိရသေး။ အလားတူ မြိုင်နယ်ရှိ ကပစ ၂ ကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရ။

- ယမန်နေ့ညအစောပိုင်းက မြင်းခြံနယ် မြောက်ကျွန်းရွာတွင် မူးရူးသောက်စားနေသော စခ ပျူခွေးများကို တော်လှန်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စခ တစ်ကောင် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း အမေ့သွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- NUG အစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၁၊ ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကွင်းဆင်းတွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရ

- ယမန်နေ့ညနေပိုင်းက ကျိုက်ထိုနယ် အင်္ဂဘိုရွာအနီး မော်လမြိုင်-ရန်ကုန်လမ်းပေါ်ရှိ စခစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၂ကောင်သေပြီး တစ်ကောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

01 Jan, 15:10


Daily Highlight 3
January 1 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ငါန်းဇွန်နယ် ၁ ကြိမ် (Source: CJ)
- မံစီနယ် ၁ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- ဝက်လက်နယ် ၂ ကြိမ်
- ဒီမောဆိုနယ် ၁ ကြိမ် (Source: CJ)
- နွားထိုးကြီးနယ် ၂ ကြိမ် (မှတ်ချက်။ Paramotor ဖြင့် တိုက်ခိုက်ခြင်း)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)




#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

01 Jan, 14:43


ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၁

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းနှင့်အတူ တောင်ယာသပိတ်ဆင်နွှဲရင်း စစ်အာဏာရှင် တော်လှန်ရေးဆန္ဒပြခြင်းကို ဇန်နဝါရီလ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

01 Jan, 14:42


ရေဦးမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်ကို စောင်များ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁

ရေဦးမြို့နယ်တွင် ရေဦးမြို့နယ်အခြေစိုက် PDC သတင်းပြန်ကြားရေးဌာနခွဲတစ်ခုဖြစ်သည့်
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး NGO က မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်ကို အလှူရှင်ကိုယ်စား ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ခြုံစောင်များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

21 Nov, 10:26


ဒီပဲယင်းမြို့ပေါ်မှ ၄ လနီးပါးကြာ စစ်ရှောင် လာသည့် ပြည်သူ ၁၀၀ ကျော် ဆေးဝါး လုံလောက်မှုမရှိ၍ ၃ ဦးသေဆုံးပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှ ၄ လနီးပါးကြာ စစ်ရှောင် လာသည့် ပြည်သူ ၁၀၀ ကျော် ဆေးဝါး လုံလောက်မှုမရှိ၍ ၃ ဦးသေဆုံးပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီပဲယင်းမြို့ပေါ် တိုက်ပွဲများကြောင့် ရေဦးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ ၁၇၀ ခန့်သည် ၄ လ နီးပါးကြာသည်အထိ ဆက်လက် တိမ်းရှောင်နေရပြီး အသက် ၈၀ ကျော် အဘိုးအဖွားများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများသည် လက်ရှိချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု မရခြင်းနှင့် ဆေးဝါး လုံလောက်မှု မရှိခြင်းကြောင့် ရောဂါအခံရှိသော စစ်ရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည် လနှင့်ချီစစ်ဘေးတိမ်းရှောင်နေရသောကြောင့် ဆေးဝါး အပြင် စားနပ်ရိက္ခာနှင့် ခြုံစောင်များလည်း အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

" ဒီပဲယင်းမြို့ပေါ်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ရေဦးနယ်ထဲမှာ သြဂုတ်လထဲက တိမ်းရှောင်နေရတုန်းပဲ သူတို့က အသိမိတ်ဆွေ၊ အမျိုးတွေလည်းမရှိတော့ အခုချိန်ထိ ရေဦးနယ်ထဲမှာ တိမ်းရှောင်နေကြရတာ အသက် ၈၀ ကျော် အဘိုးအဖွားတွေလည်း ပါသလို ကလေးသူငယ်တွေပါတယ်။ သက်ကြီးရွယ်အို ကလေးသူငယ် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ ခြုံစောင်တွေက အစ အရေးပေါ် လိုအပ်နေကြပါတယ်။ အခုလို ရေဦးနယ်အတွင်း တိမ်းရှောင်နေရင်း ကျန်းမာရေးဖောက်ပြီး သေဆုံးသူ အသက်၅၀ ကျော်နဲ့ အသက်၆၀ကျော် အမျိုးသား ၃ ဦးရှိထားပါတယ်" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

21 Nov, 08:13


မုံရွာမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၄ ဦးကို PDFဟုစွပ်စွဲပြီး စစ်ကောင်စီဖမ်းဆီး

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အမျိုးသမီးတစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦးအား PDFဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာ ရွှေမြင်တင်တောင်ပေါ်ရှိ  ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီး အဆိုပါကျောင်း၌ ခိုလှုံနေသော စစ်ဘေးရှာင်ပြည်သူ မချောစု၊ ကိုဝင်းဇော်၊ ပန်းရံလုပ်သားတစ်ဦးနှင့် တောင်ယာလုပ်သားတစ်ဦး စုစုပေါင်း စစ်ရှောင်ပြည်သူ ၄ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

"သူတို့က ကြေးမုံရွာအဝင်မှာနေတာဆိုတော့ ခဏခဏ ရွာမှာ စစ်ကြောင်း ထိုးခံနေရတော့
ဘေးလွတ်ရာ ရွှေမြင်တင်တောင်ပေါ်ကိုသွားနေကြတာ။ အဲ့ဒါကို လက်နက်ကိုင်ဆိုပြီး အမည်တပ် ဖမ်းသွားတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပြည်သူ ၄ ဦးအား PDFဟုစွပ်စွဲပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားကြသည်။

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ရွာခန့်မှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

21 Nov, 08:07


ချောင်းဦးမြို့အဝင်နှင့် မြင်းမူမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်နှင့်မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ လာရောက် သည့်အကြမ်းဖက် စစ်ကား ၄ စီးကို ချောင်းဦးမြို့အဝင်နေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်သား ၂ ဦး ပေါင် ဒဏ်ရာရရှိပြီး စစ်ကားတစ်စီးထိမှန်ခဲ့ကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းမှာ ချောင်း ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

“မနားတမ်းပြန်လည် ပစ်ခတ်မှုတော့ရှိပါတယ်။ ပြီးတော့ ဆဲသေးတယ်။ အလ္လကပ္ပမိုင်းဆွဲမှုက ၃ ဦး သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ချောင်းဦးမြို့အဝင်မိုင်းဆွဲတာက စခ ၂ ဦး ပေါင် ထိမှန်ဒဏ်ရာရတယ်၊ ကားတစ်စီးလည်း ထိတယ်၊ ထွေအုပ်ရုံးထဲဝင်ပြီး ဒဏ်ရာရသူတွေကို ဆေးကု သနေတယ်လို့ သတင်းရပါတယ်” ဟု BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ ဘက် ဒို့မြန်မာဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား ၁၂ ဦးက မုံရွာမှ ထွက်လာသော စစ်ကားများကို လုံခြုံရေးယူရန် အလ္လကပ္ပကျေးရွာ အနောက်ဘက်သို့ ထွက်လာစဉ် မိုင်းကွင်းပေါ်အရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူများပြား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ချောင်းဦးမြို့ခြေစိုက် BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ဝင်များ၊ ဇာမဏီ တပ်ဖွဲ့နှင့် ဒေါင်ဘုရင် တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

21 Nov, 02:31


ပြည်သူ့ကျိန်စာ
---------------------

ဒီတော်လှန်ရေး
မအောင်သေးသရွေ့
အိုးမဲ့အိမ်မဲ့
ဖြစ်နေကျဆဲ

သန္ဓေယုတ်တဲ့
ဒီငရှုပ်ကြောင့်
မိသားစုတွေ
ဝေးကွာနေဆဲ

ဆိုးရွားလွန်းတဲ့ဒီသမိုင်း
ငါ့တို့ခေတ္တ်မှာ
အဆုံးသတ်စေသား

ပြည်သူ့ရဲဘော်
အင်အားတောင့်ဖို့
မရှိလဲလှုရှိလဲလှုမယ်

စစ်ခွေးနဲ့ပြူ
မိစ္စာလိုလူမှို့
မြန်မြန်သေဖို့
ကျိန်စာတိုက်မည်
တို့ပြည်သူတို့

သွားရင်းလဲသေ
မိုင်းမှန်သေလို့
ကျည်ထိရင်းသေ
မြွေကိုက်သေစေ

ပြည်သူ့ကျိန်စာ
ခွေးမသာများအား
တိုက်ရိုတ်ထိရောက်
ပါစေသား


ဇင်ယော်*ခ*ဥ*


ဆောင်းပါရှင် ဇင်ယော် ၏ ကဗျာ ဆောင်းပါးအား SSN Times မှ ဂုဏ်ယူစွာ တင်ဆက်ပေးလိုက်ပါသည်။

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

21 Nov, 01:48


သို့

အညတရ သတင်း ဖြင့် အသက်ကယ် နေသည့်လူစွမ်းကောင်းများ

ရပ်ရွာ လုံခြုံရေး များအတွက် သတင်းမျှဝေပေးပြီး ရှောင်တိမ်းနိုင်ရန် အစီအမံများ ချထားဆောင်ရွက် မှု့များကြောင့် ပြည်သူများ ဘေးကင်းနေကြသည်မှာ မျက်မြင်ကိုယ်တွေ့ပါပဲရှင်။ ကျေးဇူးတင်ပါတယ် ရှင့်။

မတူတာ ဘေးဖယ်ထား၊ တူညီသည့် ဘုံရည်မှန်းချက် အပျောက်မခံဘဲ ပြည်သူများ အသက်ကို စွမ်းစွမ်း တမံကာကွယ်ပေးနေသော သတင်းဖြင့် အသက်ကယ်ပေးနေကြသူများအား ဤနေရာမှ ဂုဏ်ယူမိပါကြောင်းနှင့် ကျေးဇူး အရမ်းတင်မိပါကြောင်း ထပ်လောင်း ပြောကြားပါရစေရှင့်။


ငါတို့မှာငါတို့ပဲရှိတယ်။
သွေးမကွဲစေနဲ့။
စုစည်းမှု့ကိုပုံဖော်ကြပါစို့။

SSN Team


#SSN
Nov 21, 08:00 AM
📫သတင်းပို့ရန် @SagaingSNetworkBot

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

20 Nov, 16:36


ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ၃ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့ တာဝန်ခံအသီးသီးနှင့် ပကဖရုံး လက်ရုံးတပ်ဖွဲ့များစုပေါင်း၍ ပကဖ ၃ နှစ်ပြည့်အခန်းအနားပွဲကို ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်းအခန်းအနား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ ၊နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော တော်လှန်ရေးရဲဘော်များအား ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေးအစိုးရ လက်အောက်တွင် စစ်အာဏာရှင်တော်လှန်ရေး ပြီးဆုံးသည်အထိ တော်လှန်ရေးရဲဘော်အားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်းသိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

20 Nov, 16:33


တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၈ မြို့ရှိလာ

-ဒီပ/People's Spring

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့ (နိုဝင်ဘာ ၂၀) ညနေပိုင်းမှာ အပြီး
သတ်သိမ်းပိုက်လိုက်ပါတယ် ။

ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၈ မြို့အထိ့ရှိလာပြီဖြစ်ပါတယ် ။စစ်တပ်လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ရဲ့ ကချင်အထူးဒေသ(၁)နယ်မြေအတွင်း KIA သိမ်းရန် နောက်
ဆုံးကျန်နေတဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းမှာ KIAနဲ့ မဟာမိတ် တပ်တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တာပါ။

KIA နဲ့ ပူးပေါင်း တပ်တွေဟာ ကချင် အထူးဒေသ(၁)နယ်မြေကို ၂၀၂၄ခုနှစ် နှစ်လယ်ပိုင်းစတင်ထိုးစစ်ဆင်ခဲ့တာမှာ ဇွန်လ အတွင်း ဆဒုံးဒေသ၊ စက်တင်ဘာလကုန်မှာ ချီဖွေမြို့ ၊ အောက်
တိုဘာလဆန်းပိုင်းမှာ ဆော့လော်မြို့ ၊ အောက်တို
ဘာလလယ်မှာပန်ဝါမြို့၊ နိုဝင်ဘာ ၂ ရက်မှာဖီမော်မြို့ တွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တရုတ်ဖိအားပေးနေတဲ့ကြားက KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ကန်ပိုက်တီမြို့ကိုသိမ်းပိုက်ခဲ့တာဖြစ်သလို၊ စစ်ကောင်စီက တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၁၅ ရက်) မှာကချင်ပြည်နယ်၊မိုးမောက်မြို့နယ် ၊ကုန်းလောရွာက KBC ဘုရားကျောင်းကိုဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင်စစ်ရှောင်ပြည်သူ ၉ ဦးသေဆုံး၊ ၃၀ဦးခန့် ဒဏ်ရာရတဲ့ဖြစ်ရပ်အပြီး ၅ ရက်အကြာမှာသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ဟာ ကချင်ပြည်နယ်မှာ အနည်းဆုံး မြို့ ၁၄ မြို့ကိုသိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဘိန်းမြို့ နဲ့ ကွတ်ခိုင်မြို့နယ်ထဲက နန့်ဖက်ကာဒေသကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။

တချိန်တည်းမှာ အာရက္ခတပ်တော်က မောင်တော ၊အမ်း ၊တောင်ကုတ် ၊ဂွမြို့က စစ်တပ်လက်ကျန်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေသလို ၊ PDFတွေက အင်းတော်မြို့ ၊ ချင်းညီနောင်တပ်တွေက မင်းတပ်မြို့ နဲ့ ဖလမ်းမြို့က စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

20 Nov, 15:34


#Thadinsubue
Thadin Subue Admin Team

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

20 Nov, 15:34


Daily Highlight 3
November 20 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- မတ္တရာနယ် ၁ ကြိမ် (Source: WES)
- မင်းတပ်နယ် ၁ ကြိမ်
- အရာတော်နယ် ၁ ကြိမ်
- ငါန်းဇွန်နယ် ၁ ကြိမ်
- မုံရွာ-မြင်းမူ-အရာတော်အစပ် ၁ ကြိမ် (Source: WES)
- မြဝတီနယ် ၂ ကြိမ် (Source: WES)
- ဆီဆိုင်နယ် ၁ ကြိမ် (Source: PLNA)
- ဝက်လက်နယ် ၁ ကြိမ်
- ထီးလင်းနယ် ၁ ကြိမ်
- စစ်ကိုင်းနယ် ၁ ကြိမ်
- မြင်းမူနယ် ၁ ကြိမ်
- ဂန့်ဂေါနယ် ၁ ကြိမ်
- တောင်သာနယ် ၁ ကြိမ် (Source: WES)
- ကြာအင်းဆိပ်ကြီးနယ် ၁ ကြိမ် (Source: WES)
- ကျွန်းလှနယ် ၂ ကြိမ်

(ရခိုင် နှင့် ချင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 17:48


ချောင်းဦး

ချောင်းဦးနယ် တောင်ခြမ်း ဖြတ်၍ ဖလမ်းမြို့နယ် တနေရာတွင်ဝဲပျံခဲ့သော  Y12 စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ်  ၁စီး အရှေ့တောင်သို့ ပျံသန်း။

#WaiHin
Nov 14, 12:17 AM
📫သတင်းပို့ရန် @WaiHinScout_Bot

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 15:19


ကနီ  ⚠️

ကနီနယ် အရှေ့တောင်ခြမ်းဖြတ်၍ Y12 စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ်  အနောက် မြောက်သို့  ပျံသန်း။

#WaiHin
Nov 13, 9:45 PM
📫သတင်းပို့ရန် @WaiHinScout_Bot

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 14:01


ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါးပြော

◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်

ဒီးဒီ/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့ကို မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာ မြို့အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

"အတိုင်အတာတစ်ခုအထိတော့ ကျနော်တို့မြို့ကို ထိန်းချုပ်ထားပြီးပါပြီ”ဟု ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု ဗိုလ်နဂါးက ရှင်းပြသည်။

တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ လေယာဉ်ကတော့ ထင်တယ် ဒိနေ့တစ်ရက်တည်းကို ၁၀ခေါက်အထက်မှာရှိလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒုတိယမြောက်နေ့တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ အတိအကျတော့ မသိသေးဘူး။ အားလုံးကို ပြန်မစစ်နိုင်သေးလို့။ ရှေ့လုပ်ငန်းစဉ်ပဲ အာရုံစိုက်နေရလို့”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုက်ပွဲအတွင်း ရဲဘော်အချို့လည်း ထိခိုက်မှုအနည်းငယ်ရှိသည် ဆိုသည်။

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်နှင့် မြကုန်း၊ ချောင်းကန်၊ သာယာကုန်းအစရှိသည့် ကျေးရွာများအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ၇ရွာခန့်မှ ဒေသခပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

"လက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားတာက ၄ နာရီ ၁၀မိနစ်လောက်စကြားကတည်းက ပြေးရတာ။"ဟု ဒေသခံတစ်ဦးက တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့က အခြေအနေကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပုလဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 13:00


Sagaing Scout Network (Live Stream) 🎞️📽️

2024, November 13

စတင်မည့်အချိန် (ယနေ့ညနေ ၈:၃၀)

SSN Live Stream လွှင့်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဝင်ရောက်နားဆင်ကြပါရန် ကြေညာအပ်ပါတယ်ခင်ဗျာ

"စစ်ဖြစ်လာရင် ဘာတွေပြင်ဆင်ထားမလဲ "
 
ခေါင်းစဉ်ဖြင့် ဆွေး နွေးကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက် ဆွေးနွေး နိုင်သည့်အပြင် ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်လည်း ရှိမည်ဖြစ်ပါသဖြင့် ကဗျာရွတ်ဖတ်ချင်သူများလည်း ကြိုတင်ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မိဘပြည်သူများအနေဖြင့် SSN Live Stream တွင်ဝင်ရောက်ပါဝင်ဆွေးနွေးပေးကြပါရန် အထူးဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ



#SSN
Nov 13,6:00 PM

📫သတင်းပို့ရန် @SagaingSNetworkbot

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 12:55


မြင်းမူမြို့ရှိ စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ယာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အကြမ်းဖက် စစ်တပ်တပ်စွဲထားသော ဝန်ထမ်းအိမ်ယာဝင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်မှ စတင်ပြီး မြင်းမူမြို့ အရှေ့ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက်စစ်သား ၂၀ ခန့် တပ်စွဲထားသော ဝန်ထမ်းအိမ်ယာဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အဆင့်ရှိသူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

“ဝန်ထမ်း အိမ်ယာဝင်းကို ရောက်တော့ နံနက် ၄ နာရီခွဲဝန်းကျင်ရှိပြီ ပစ်ခတ်ချိန်ကတော့ နံနက် ၅ နာရီလောက်မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာ သူတို့က ဝန်ထမ်း အိမ်ယာ အဆောက်အဦဆိုတော့ ၄ ထပ်ဆောင် အပေါ်ဆုံးထပ်မှာနေတာ ကျနော်တို့က မြေပြင်ကနေ တိုက်ရတာ သူတို့က အပေါ်စီးကနေ ပစ်တာ မြင်းမူမြို့ထဲမှာ ရှိတဲ့ အထက ၁ ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ နေရာကလည်း သိပ်မဝေးဘူး။ ဗိုလ်အဆင့်ရှိသူ ၂ ဦးသေတယ်။ ပစ်ခတ်နေစဉ်အတွင်းမှာပဲ သူတို့ဘက် ငိုသံတွေလည်းကြားရတယ်။ ဝင်စီးဖို့ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျည်လဲမရှိလို့ ပြန်ဆုတ်လာခဲ့ရတာ” ဟု Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း မြင်းမူမြို့ပေါ်ရှိ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး သံပြားကာ ကားများဖြင့်လည်း စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အခုလိုဝင်တိုက်နိုင်ဖို့က ကျနော်တို့ ရတဲ့အလှူငွေလေးနဲ့ ကျည်ဖြည့်တယ်။ ရတဲ့ကျည်လေးနဲ့ သွား တိုက်လိုက် ကျည်ပြန်စုလိုက်နဲ့လုပ်နေရတာ ဒီကောင်တွေက ကျနော်တို့ကို စိန်ခေါ်တယ်။ မင်းတို့ PDF တွေ ငကြောက်တွေ မင်းတို့ PDF တွေ ငါတို့ဘာမှ မလုပ်ပါဘူးဆိုပြီး စိန်ခေါ်တယ်။ ဟိုရပ်ကွက် ဝင်ဆွဲလိုက်၊ ဒီရပ်ကွက်ဝင်ဆွဲလိုက် ကလေးတွေကို ရိုက်နှက်လိုက်နဲ့ လုပ်ပြနေတာ ကျနော်တို့က လက်ပိုက်ကြည့်နေတာမဟုတ်ဘူး။ သူတို့ကို လုပ်ချင်တဲ့စိတ်ကရှိတယ်။ လက်နက်ကလည်း လုံလုံ လောက်လောက်မရှိတာရယ် ကျည်ဆံကလည်း လုံလုံလောက်လောက်မရှိတာရယ်ကြောင့် ငြိမ်နေ လိုက်ရတာရှိတယ်။ ကျည်ဆံလုံလုံလောက်လောက်သာရှိရင်တော့ ပွဲများများကပြီး မြန်မြန်ပြီးနိုင်တာပေါ့ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ ကျည်ဆံဖိုးလေး ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU) ၊ Moe Nyo Revolution Force (M.N.R.F.) ၊ ဇေယျာရွှေမြေ ၊ အနောက်ခြမ်း ပ.က.ဖ စသည့် ညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 12:48


ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံး၊ မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံးပြီး မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရဲစခန်း အရှေ့မြောက်ဘက်ရှိ မြို့နယ် လျှပ်စစ် ဝန်ထမ်းအိမ်ယာကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိကာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် ရဲစခန်း အနောက်ဘက်ရှိ သုံးထပ်ဝန်ထမ်းအိမ်ယာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကျဲချသော ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် မြို့နယ်ထွေအုပ် NON CDM စာရေး ကိုဇင်မောင်၏ အမျိုးသမီးဖြစ်သူ မမျိုးဦးနှင့် သားဖြစ်သူ သေဆုံးခဲ့ပြီး ကိုဇင်မောင်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် မြို့ပေါ်ရှိ နေအိမ်များတွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကိုလည်း ကျားသစ်နက် တပ်မတော်စစ်ဦးစီး ကိုကိုနိုင် ဦးစီးကာ ၃ ရက်ဆက်တိုက် ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ပိတ်မိနေသူများ မရှိတော့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ အနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

"မြို့တွင်း အခြေအနေကိုတော့ ပြောလို့မရသေးပါဘူး။ ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်လာတာပါ။ ပိတ်မိနေတဲ့ သူတွေတော့ မရှိတော့ပါဘူး။ ပျက်စီးမှုတွေတော့ များမယ်။ သေချာတော့ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေ ထိခိုက်သေဆုံးမှုအခြေအနေတော့ ထပ်မသိရသေးဘူး" ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကယ်ထုတ်လာသည့် ပြည်သူ ၁၀၀၀ ကျော်သည် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ်တွက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 10:32


မြောင်မြို့နယ် မြစ်သာကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့

Nov 13 , 2024

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာကျေးရွာအား ယနေ့ နေ့လည် 2:10ခန့်မှစပြီး လေကြောင်းဖြင့် တိုက်ခိုက်သွားခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ကလည်း ချောင်းဦးနယ်အစပ် မြောင်မြို့နယ်တွင်းက မကျီးဘုတ်ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူများထိခိုက်ဒဏ်ရာရရှိကြပြီးသေဆုံးမှုများရှိခဲ့သည်။ ထို့အပြင် မွေးမြူထားသော တိရိစ္ဆာန်များလည်း သေဆုံးခဲ့ကြရသည်။

ယနေ့ နေ့လည် မြစ်သာကျေးရွာအား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဆူးလေကုန်းရွာဘက်တွင်လည်း ဗုံးတလုံးကျပြီး အိမ်တလုံးပြာကျသွား ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုတွင် အထိခိုက်များသည်ဟု သိရပြီးအရေအတွက်အတိကျကိုတော့ မသိရှိရသေးပါ။

#SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 09:52


ရွှေဘိုမြို့ရှိ ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်

"အဲတိုက်ခိုက်မှုက စစ်ခွေး ၅ ကောင် သေတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား (LPDF) ဒရုန်းတပ်ဖွဲ့ ၊ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့ ၊ PZ SkyMax ဒရုန်းတပ်ဖွဲ့ နှင့် National Pefrend Defence Force (LPDF) ညီနောင်မဟာမိတ် ဒရုန်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

13 Nov, 09:43


ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေ၍ စစ်တပ်က လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကျဲနေကာ တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်ပေါင်းစုံ ဆက်တိုက်လာနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်တပ်က အထိနာနေသဖြင့် ယနေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်လေယာဉ်များဖြင့် အပြင်း အထန် ဗုံးကျဲနေပြီး တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ပုလဲမြို့ကို Y-12 ၊ Y-8 ၊ Mi-35 ၊ YAK-130 JF ၊ K-8W JF ၊ MiG-29 JF နှင့် F-7M JF တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ရမ်းသမ်း ဗုံးကျဲနေ၍ မြို့တွင်းရှိ ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် ကင်းထောက်လေယာဉ်များနှင့် ဒရုန်းများပါ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။

"အခုလက်ရှိ တံတားဦး၊ မကွေး နဲ့ မိတ္ထီလာ ကတက်လာတဲ့ ဖိုက်တာတွေနဲ့ မြို့ကိုကျဲနေတယ်။ ပုလဲမြို့ပေါ် ဖိုက်တာပျံသန်းမှု အစီးရေ များနေတယ်။ Y-12 ၊ Y-8 နဲ့ Mi-35 တွေလည်း ပုလဲနယ်ထဲ ရောက်နေပြီလို့ ကြားသိရတယ်။ အခုမနက် အစောပိုင်းကတည်းက စကျဲတာ။ အခုချိန်ထိ မရပ်သေးဘူး။ Y-12 ထောက်ပို့ ၊ Y-8 ထောက်ပို့ ၊ Mi-35p တိုက်ခိုက်ယာဥ်တွေလည်း မြို့ပေါ် ပျံဝဲနေတယ်" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး တော်လှန်ရေးတပ်များက ပုလဲမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ အလွန် ပြင်းထန်နေခြင်းကြောင့် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ပစ်ကူပေး ခုခံတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်၏ ဗုံးကျဲ Y12 လေယာဉ်တစ်စီး။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 15:04


ကနီမြို့နယ်တွင် ညမထွက်ရအမိန့် ပအဖထုတ်ပြန်

ဇေအောင်/People's Spring

ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု သတ်ဖြတ်ခံခဲ့ရသည့် ကနီမြို့နယ်တွင် လုံခြုံရေးအားနည်းသည်ဆိုကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကြေညာသည်။

ကနီမြို့နယ်အတွင်း ညမထွက်ရအမိန့်အား အမျိုးသားညီညွတ်ရေးအစိုးရ၊
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၉ရက်) အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် တပ်ရင်း၊တပ်ဖွဲ့များ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူများအနေဖြင့် ည၁၀ နာရီမှ နံနက်၅နာရီအတွင်း မိမိနေထိုင်ရာ နေအိမ်မှ အပြင်လုံးဝမထွက်ရန်၊
ကနီမြို့နယ်အတွင်း ခရီးသွားလာသော ပြည်သူများ၊မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များအနေဖြင့် သက်ဆိုင်ရာဂိတ်များကို ည ၁၀ နာရီမှ နံနက်၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန်၊ တော်လှန်ရေးရဲဘော်များ အရေးကြီးခရီးသွားလာခြင်းမှ လွှဲ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စများ အရေးပေါ်သွားလာမည်ဆိုပါက သက်ဆိုင်ရာ ပအဖ၊ပကဖ၊ပလဖများထံ အသိပေးအကြောင်းကြားသွားရန် ကနီမြို့နယ် ပအဖက ထုတ်ပြန်သည်။

ကနီမြို့နယ်အတွင်းရှိ ကျေးရွာ၊ကျေးရွာအုပ်စုများအနေဖြင့် တော်လှန်ရေး အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျေးရွာအလိုက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု လျော့နည်းလာသည်ကိုတွေ့ရှိရပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ထားရှိရန် အရေးကြီးလိုအပ်လာသည်ဟု ကနီပကဖက ဆိုသည်။

ကနီမြို့နယ်သည် ကျေးရွာများအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည်ဆိုသော်လည်း စစ်ကောင်စီ၏ သူသျှိုများ၊ ပျူစောထီးများ ယိုစိမ့်ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေးတွင် ဦးဆောင်ဦးရွက်ပြုဆောင်ရွက်နေသော ခေါင်းဆောင်များအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး၏ လုံခြုံရေးရှေးရှု၍ ကျေးရွာတိုင်း လုံခြုံရေး၊ ကာကွယ် ရေးလုပ်ငန်းများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ထားရှိရန် အထူးလိုအပ်နေကြောင်း ကနီပအဖက အသိပေးသည်။

ထို့ကြောင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက တော်လှန်ရေးကို အနှောက်ယှက်ပြုသူများအဖြစ် သတ်မှတ်ပြီး အရေးပေါ် စစ်ရေး၊စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ကနီပအဖအဖွဲ့က သတိပေးသည်။

ထို့အပြင် နိုဝင်ဘာ ၄ ရက် ညက တပုန်းကျေးရွာတွင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုသတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လုံခြုံရေးအားနည်းနေသည်ကို တွေ့ရှိရကြောင်း ကနီပအဖက ထောက်ပြသည်။

"ပညာရေးတာဝန်ခံ ကိုဝင်းဌေးလုပ်ကြံခံရမှုကို နမူနာယူပြီး အများပြည်သူလုံခြုံရေးအတွက် စိစစ်နိုင်ဖို့ပါ။"ဟု ကနီပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အကောင်းဆုံးဖြစ်အောင် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Kani People Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးဖြစ်စဥ်တွင် ၎င်းနှင့်အတူ ဇနီးဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ကိုပါသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာအပါအဝင် မိသားစုလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပါအဝင် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခဲ့ပြီး အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုထားသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 14:12


မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်း၌ စစ်ကောင်စီတပ်သားများ ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးဟုဆို

ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်သားများဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း မြောင်နယ်အခြေစိုက် Civilians Defense Security Organization Myaung အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

နိုဝင်ဘာပထမပတ်အတွင်းကစတင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါရသူများအား ရေစကြိုမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

"ဝမ်းပျက်ဝမ်းလျှော ကြောင့် ဗိုလ်မှူးတစ်ဦးသေတယ်။ ကျန်တဲ့ ရောဂါဖြစ်တာတွေတော့ များတယ်ပြောတယ်။ ဖြစ်တဲ့သူတွေကို ဟိုဘက်(ရေစကြိုဘက်)ပို့ပြီးတော့ ကောင်းတဲ့သူတွေနဲ့ လူပြန်ချိန်းလိုက်တယ်။"ဟု ကိုနွေဦးက ပြောသည်။

ကျော က်ရစ်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းတွင်းမှ အပြင်ထွက်လေ့မရှိဘဲ ဘန်ကာနှင့် ကတုပ်ကျင်းများအတွင်း၌သာ နေထိုင်ကြောင်း၊ထို့အပြင် မြစ်ရေဝင်ခြင်းနှင့် မိုးအဆက််မပြတ် ရွာသွန်းမှုတို့ကြောင့် ရေဝပ်ခဲ့၍ ရေမသန့်ရာမှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

ထို့အပြင် မြောင်မြို့နယ်အတွင်း ကျေးရွာ ၃ရွာရှိ အခြေခံပညာကျောင်းများတွင်လည်း ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ တုပ်ကွေးမိဖျားနာခြင်းများ ဖြစ်ပွားနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

"ဆရာ၊ ဆရာမတွေပါ ဖြစ်နေကြတယ်။ မနက်ဖြန်ကို နောက်တစ်ကျောင်းသွားရမယ်။ ချက်ချင်းလုပ်မပေးရင် ကျောင်းက ပိတ်ရမယ့်အနေအထားမျိုး ရောက်လာတဲ့အတွက်ကြောင့် မနက်ဖြန်ကို ကျန်းမာရေးအဖွဲ့နဲ့ ချက်ချင်းသွားပေးရမယ်။"ဟု ကိုနွေဦး(မြောင်)က ပြောသည်။

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် - YFCက ပြောကြားပြီး အရေအတွက်ကိုမူ ဖြေကြားခြင်းမရှိသေးပေ။

အဆိုပါ ကလေးငယ်များအား ကုသပေးရန် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 13:40


ရွှေဘိုနယ်မှာ ၁၀ ရက်ကြာစစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့

ရွှေဘို၊ နိုဝင်ဘာ ၉၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၎င်းတို့စစ်ကြောင်းဝင်ရောက်တဲ့ ၁၀ ရက်တာအတွင်း စစ်ရေးအရဖိအားပေးတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ အင်အား ၁၅၀ ကျော်နဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အဆိုပါနေ့မနက်ပိုင်းက အိုးဘိုကျေးရွာထိပ်မှာ ၁ ကြိမ်၊ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ချီပါရွာထိပ်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၎င်းစစ်ကြောင်း ချီပါရွာမှာတပ်စွဲနေစဉ် ဒရုန်းဗုံးတွေနဲ့ နေ့ရောညပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ထိတွေ့တိုက်ပွဲက အိုးဘိုနဲ့ချီပါ ၂ ခါပဲထိတွေ့ဖြစ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာက နေ့ရောညရော ၂၄ နာရီပဲ။ ချီပါထဲမှာ သူတို့ရှိနေချိန်က ၂၄ နာရီပဲ ချတာ။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ရွှေဘိုနယ်မှာ၁၀ရက်ကြာစစ်ကြောင်းထိုးသွားတဲ့စစ်ကောင်စီတပ်ကို_ကာကွယ်ရေးတပ်တွေက_စစ်ရေးအရဖိအားပေးတိုက်ခိုက်နိုင်ခဲ့

မြေလတ်အသံ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 13:38


ကျွန်းလှမှာ စစ်အုပ်စုက ဒေသခံနေအိမ်တွေမီးရှို့ပြီး အမျိုးသမီး ၃ ဦးကိုဖမ်းသွား

ကျွန်းလှ၊ နိုဝင်ဘာ ၉၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာအုပ်စု၊ ဘအင်းသရက်တောရွာက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ပြီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ကျွန်းလှမြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၈ ရက် မနေ့မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအင်အား ၁၅၀ ခန့်ဟာ ကျေးရွာထဲကို ဝင်ရောက်လာချိန် နယ်မြေခံ PDF အဖွဲ့ဝင်အချို့နဲ့ တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက် နေအိမ်တွေကို မီးရှို့သွားတာလို့ ဆိုပါတယ်။

" နယ်မြေခံအဖွဲ့တွေရှိလို့တော့ မဟုတ်ဘူး။ ရွာကို မီးရှို့ချင်လို့ကိုလာတာ။ အဲဒီရွာတွေကို ငြိုးနေတာကြာပြီ။ PDF တွေကိုထောက်ပံ့တယ် ဘာဖြစ်တာညာဖြစ်တယ်ဆိုပြီး ငြိုးနေတာ။ အဲလိုတော့ကြားထားတယ်။"လို့ ကျွန်းလှမြို့နယ်ပကဖတာဝန်ခံ ကိုချမ်းက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကျွန်းလှမှာ_စစ်အုပ်စုကဒေသခံနေအိမ်တွေမီးရှို့ပြီး_အမျိုးသမီး၃ဦးကိုဖမ်းသွား

မြေလတ်အသံ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 13:29


မုံရွာမြို့ထဲမှ ထွက်လာသည့် စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၂ မိနစ်ခန့်တွင် မုံရွာမြို့ထဲမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ၄၇ စီး နှင့် Jammer ကား ၅ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တွဲကားယာဉ်တန်း၏ ၅ စီးမြောက်နှင့် ၆ စီးမြောက် ကားကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစား အကြား၌ ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တွဲကား ၂ စီးလုံး မိုင်းစ ထိမှန် ရပ်တန့်သွားပြီး အနီးတွင် ကင်းဝပ်နေသော စစ်တပ် ကင်းပုန်းများနှင့် ကားပေါ်မှ စစ်သားများကို လက်နက်ငယ်များဖြင့် လမ်းဘေးတစ်လျှောက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

"စစ်ခွေး သေဆုံးမှု အတိအကျတော့ စုံစမ်းလို့ မရသေးဘူး။ မိုင်းဆွဲတဲ့ ရဲဘော်တွေကလည်း တောက်လျောက်လိုက်ပစ်ခံရတော့ လှည့်မကြည့်နိုင်တော့ဘူး ဖြစ်သွားတယ် လမ်းပိုင်းကလည်း ကင်းပုန်းတွေ ချည်းချထားတာ လမ်းကြောတစ်ကြောလုံး တင်းကြပ်ထားတဲ့ အခြေအနေပဲ" ဟု မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းများသော People's Defence Force - South Monywa ၊ People's Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram ၊ Venom Revolution Force ၊ Myinmu Local Defence Force ၊ Shining Star Local Defense Force နှင့် မြန်မာအစ္စလာမ်အထူကွန်မာန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 06:14


ကျွန်းလှမြို့နယ်တွင် စစ်တပ်က ကျေးရွာမီးရှို့ပြီး ပြည်သူ ၂ဦး သတ်ဖြတ်သွား

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ် တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၂ဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲခန့်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၁၂၀ ခန့်ကဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာရှိ အမျိုးသားနှစ်ဦးအား သတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးအား ဖမ်း ဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“ဖမ်းခံရတာ ၅ ယောက်ထဲ မိန်းကလေးတွေရောပါတယ်။ ယောကျာ်းလေး ၂ယောက်က အသတ်ခံလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၆ရက် ည ၇ နာရီတွင် ကန့်ဘလူမြို့အခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်မှ ကျွန်းလှမြို့သို့ ကားနှစ်စီးဖြင့် ရောက်ရှိလာ‌သော အင်အား ၇၀ ခန့်ပါစစ်ကြောင်းဖြစ်သည်။

နိုဝင်ဘာ ၈ရက်တွင် ကျွန်းလှမြို့နှင့် ပေကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်းပြီး ဘအင်းသရက်တောရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီးနောက် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သ ည် ကန့်ဘလူမြို့နယ်၌ နိုဝင်ဘာလဆန်းပိုင်းအတွင်း နေအိမ် ၈၀၀ နီးပါး မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၉၂ ဦးအား ဖမ်းဆီးသွားခဲ့ပြီး အဆိုပါ ပြည်သူများမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

ဘအင်းသရက်တောရွာသည် ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၃ လုံး ပြာကျခဲ့သေးသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 06:10


ရောဂါပြင်းထန်ချိန်တွင် လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

ဧရာဝတီတိုင်းမ်
(မန္တလေး)၊ နိုဝင်ဘာ ၉ ရက်

စစ်ကောင်စီက ဖမ်းဆီးထားပြီး ရောဂါပြင်းထန်ချိန်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် NLD အစိုးရလက်ထက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်မှာ ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့၊ ည ၁၀  နာရီ အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးဝင်းခိုင်၏ နာရေးကို ယနေ့ နိုဝင်ဘာ ၉ ရက်နေ့၊ နံနက် ၁၁ နာရီ တွင် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

"လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားတယ်။ နာရေးကို ဒီနေ့ မနက် ၁၁ နာရီမှာ မန္တလေး ဆေးရုံကြီးရေခဲတိုက်ကနေ  ကြာနီကန်သုဿာန်ကို ပို့ဆောင်င်္သဂြိုလ်မယ်" ဟု နာရေးကိစ္စသိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်မှာ အိုးဘိုအကျဉ်းထောင်၌ အကျဉ်းကျနေစဉ် ကျန်းမာ ရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရောဂါပြင်းထန်ချိန် အထူးကြပ်မတ်ကုသဆောင်(ICU) တွင် ဆေးကုသမှုခံယူ နေစဉ် အောက်တိုဘာ ၂၈ ရက်နေ့၌ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဦးဝင်းခိုင်မှာ နှလုံးရောဂါခံစား နေရသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ-၅၅၊ ၆၃ တို့ဖြင့် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။

ဝန်ကြီး ဦးဝင်းခိုင်ကဲ့သို့ပင် စစ်ကောင်စီသည် ကင်ဆာရောဂါခံစားနေရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း ကျန်းမာရေးဆိုးရွားချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်မှာ အောက်တိုဘာ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။

အလားတူ ထင်ရှားသည့် မှတ်တမ်းရုပ်ရှင်
ဒါရိုက်တာ ဦးဖေမောင်စိမ်းမှာလည်း ရောဂါပြင်းထန်ချိန် ဩဂုတ် ၁၆ ရက်နေ့တွင် လွတ်မြောက်လာပြီးနောက် ဆေးရုံတက် ရောက်နေစဉ် ဩဂုတ် ၁၉ ရက်နေ့တွင်ကွယ်လွန်ခဲ့ရသည်။

စစ်ကောင်စီမှ နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသခွင့် လုံလောက်စွာပေးအပ်ခြင်း မရှိသည့်အတွက် သေဆုံးခဲ့ရသည့် အကျဉ်းသားအရေအတွက်မှာ ပြီးခဲ့သည့် အောက်တိုဘာလကုန်အထိ ဆယ်လတာအတွင်း ၁၈ ဦးရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ‌ေရးအကျဉ်းသားများကွန်ရက်ထံက သိရသည်။

ဓာတ်ပုံ - အင်တာနက်

#ဦးဝင်းခိုင် #NLDအစိုးရ #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး #ကွယ်လွန် #မန္တလေး #Ayeyarwaddy_Times
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

09 Nov, 04:21


ကျွန်းလှ၊ ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး ၃ ဦးကို ဖမ်းဆီး၊ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းတပ်မှ ကျွန်းလှမြို့သို့ ကား ၂ စီးဖြင့် ရောက်ရှိလာ‌သည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွန်းလှမြို့မှ ပျူစောထီးများ၊ ပေကုန်းရွာမှ ပျူစောထီးများနှင့် ပူးပေါင်း၍ စုစုပေါင်း အင်အား ၁၂၀ ခန့်ဖြင့် ကံပေါက်တောကျောင်းမှတဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် ဘအင်းသရက်တောရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"နံနက် ၉ နာရီလောက်မှာ စစ်ကြောင်းက တိတ်တဆိတ် ရွာထဲကို ဝင်လာတာ ဘယ်သူမှ မသိလိုက်ဘူး။ အသံကြားမှ ပြေးကြလွှားကြရတာဆိုတော့ ဘာပစ္စည်းမှ မသယ်နိုင်ဘူး။ ကိုယ်လွတ်ပြေးရတာ ဖမ်းခံရတဲ့ ၅ ယောက်ထဲမှာ မိန်းကလေးတွေရောပါတယ်။ အမည်တွေတော့မသိဘူး။ ဖမ်းခံရတဲ့ ၅ ဦးထဲကမှ ကောင်လေး ၂ ယောက်ကို ရိုက်သတ်ထားခဲ့တာ ရွာက မနှစ်ကလည်း မီးရှို့ခံထားရတာ တရွာလုံးနီးနီးပဲ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန်ရှို့ခံရပြီထင်ပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဝင်ရောက်စီးနင်းသော ဘအင်းသရက်တောရွာသည် တောင်ယာဆိပ်ကျေးအုပ်စုတွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မြင်သာဦးရွာမှ နေအိမ် ၂၁ လုံး၊ဘအင်းသရက်တောရွာမှ နေအိမ် ၃၃ လုံး၊ အောင်ရန်ကင်းရွာမှ နေအိမ် ၅၁ လုံးနှင့် တောင်ယာဆိပ်ရွာမှ နေအိမ် ၂၂ လုံး စုစုပေါင်း နေအိမ် ၁၂၇ လုံး ဆုံးရှုံးထားသော အုပ်စုရွာဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဘအင်းသရက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ ၃ ဦးကို ဖမ်း ဆီး၍ ညနေ ၅ နာရီခန့်တွင် ပေကုန်းရွာမှတဆင့် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

03 Nov, 17:35


ဟုမ္မလင်းမှ စစ်‌ကောင်စီနှင့် ရှမ်းနီ ပူးပေါင်းစခန်း နှစ်ခုကို KIA၊PDF တိုက်ခိုက်သိမ်းပိုက်

အိမ်သွင်၊ဟန်နွေ/People's Spring

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းနှစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

စစ်‌ကောင်စီတပ် နှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်း နှင့် ယင်းနေရာအနီးရှိ ပန်ချယ်စခန်းကို နိုဝင်လာလ၂ရက်နှင့် နိုဝင်လာလ ၃ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဟုစစ်ရေးသတင်းရင်းမြစ်ကပြော
သည်။

"ဖားကန့် ဆယ်ဇင်းရွာရဲ့ တဘက်ကမ်းကစခန်းတွေကို သိမ်းတာ။ ဟုမ္မလင်းထဲပါတယ်။ စစ်တပ်နဲ့ ရှမ်းနီတွေကတော့ ဟုမ္မလင်းမြို့ပေါ်ဘက်ရော ဆယ်ဇင်းဘက်ရော ဆုတ်သွားတယ်" ဟု ၎င်းက ပြောသည်။

ဖားကန့် ဆယ်ဇင်းဒေသနှင့်ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းဘက်အခြမ်းရှိ SNA အင်အား ၄၀၀ ခန့် ဖြန့်ခွဲ နေရာယူထားသည့် ရှစ်မျက်နှာ ဘုရားကုန်းကို နိုဝင်ဘာ ၂ရက် ညနေ ၅နာရီ အချိန်တွင်လည်းကောင်း၊ ပန်ချယ် တပ်စခန်းအား နိုဝင်ဘာ ၃ရက် နံနက် ၇နာရီတွင်လည်းကောင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ ဟုတ်တယ် ။ သိမ်းရပြီ။ နှစ်ပတ်လောက်ထိုးစစ်ဆင်ရတာ ဟုတ်တယ်။ စစ်ကိုင်းဘက်ခြမ်းမှာပါတယ် အဲဒီစခန်းတွေက “ ဟု ပြောပြသည်။

တိုက်ပွဲသတင်းကို အမှတ်(၁)စစ်ဒေသက တရား
ဝင်မထုတ်ပြန်သေးပေ။ ထို့ကြောင့် တိုက်ပွဲအခြေအနေအသေးစိပ်ကို မသိရသေးပေ။

KIA၊PDF ပူးပေါင်းတပ်သည် အောင်တိုဘာလကုန်ပိုင်းကလည်း ဟုမ္မလင်း တဘက်ကမ်း ဆယ်ဇင်းရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀
ရက်မှ ၂၄ရက်အတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီးစစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်
မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းယူထားသည်။ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

03 Nov, 13:48


ကလေးမြို့နယ်၊ ထိုမာကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ထိုမာကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း ကျေးရွာ မြောက်ဘက်ရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ချိန်ထိ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စစ်ကြောင်းထိုးပြီး ကျေးရွာသား ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီ တပ်သားများက ထိုမာကျေးရွာကို ဒရုန်းဖြင့် ဆက်တိုက် လာရောက် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

ထိုမာရွာ အနောက်ဘက် မိုင်ဝက်ခန့် အကွာရှိ ကလေးနည်းပညာတက္ကသိုလ်ကျောင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အာဏာသိမ်းပြီးချိန်ကစ၍ အခိုင်အမာ တပ်စွဲထားကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ထိုမာကျေးရွာအနောက်ဘက်ရှိ နည်းပညာတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁ ရက် နှင့် ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက ကလေးမြို့လေယာဥ်ကွင်းကို ထောက်ပို့လေယာဥ်များဖြင့် လူအင်အားနှင့် လက်နက် အင်အားများ ဖြည့်တင်းနေကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

03 Nov, 13:42


လက်ပံတောင်းတောင်ဒေသတွင် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စက္ကူလေယာဥ်ပုံစံပြုလုပ်ပြီး လူထုလှုပ်ရှားမှုသပိတ်ပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ ၃

လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို အဆုံးသတ်ရန် ရည်ရွယ်သည့်အနေနှင့် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စက္ကူဖြူလေယာဥ်ပုံစံငယ်ပြုလုပ်ပြီး ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

03 Nov, 13:30


တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ

အင်းတော်၊ နိုဝင်ဘာ ၃၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်အစောပိုင်းကစလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြန်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၆ ရက်မှာစတင်ခဲ့တဲ့ ပထမအကြိမ် အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာ နောက်ဆုံးပတ်မှာတော့ ၂ ဖက်ပစ်ခတ်မှုတွေ ရပ်စဲခဲ့ပြီး အခုလမှာပစ်ခတ်မှုတချို့ ပြန်လည် စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက စစ်တပ်ကုန်း၊ ဘုရားကုန်း၊ မြို့မဘုန်းကြီးကျောင်း စတဲ့ ၃ နေရာမှာသာ ကျန်ရှိတော့တာလို့ ဆိုပါတယ်။

“ဒီနေ့မနက်လည်း တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတယ်၊ အထိခိုက်တွေကတော့ရှိတယ်၊ ကိုယ့်ဘက်ကလည်းထိတယ်၊ **ဘက်ကလည်း ကျမှာပေါ့၊ ၂ ဖက် အထိခိုက်တွေကတော့ ရှိတယ်။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/တကျော့ပြန်အင်းတော်_မြို့သိမ်းတိုက်ပွဲအတွင်းကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ

မြေလတ်အသံ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 14:00


ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း North Western People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း လှည့်လည်၍ လူသတ်၊ အကြမ်းဖက်နေသော စစ်တပ် စစ်ကြောင်းကို North Western People Defence Force - N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ တပ်ရင်းရုံး စစ်ကြောင်း နှင့် ဘသူကြွယ်စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်း ၁၄ လုံးဖြင့် ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ အထိခိုက်မှုရှိပြီး သေဆုံးမှုအရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘုတလင်မြို့အတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ပြန်လည် ပို့ဆောင်ခဲ့ပြီး နမခတပ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးရှိ ရေဦးဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့‌ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ကျေးရွာ အနီး ရေဦး ဆီဆိုင်၌ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို Drone ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်ရာ စခန်းအတွင်းသို့ တိတိကျ ကျဲချနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

"ဗုံးသီးက ၄ လုံးချခဲ့တာ။ စခန်းတည့်တည့်ကို ချနိုင်ခဲ့တယ်။ ထိခိုက်သေဆုံး ပျက်စီးမှုကတော့ စုံစမ်း လို့မရသေးဘူး။ ထိခိုက်မှုရှိလို့ ပြန်ပစ်တာ အချက်ရေတော်တော်များများ ပြန်ပစ်တယ်။ တပ်စွဲထား တဲ့အင်အားက ၅၀ ကျော်လောက်ရှိမယ်"ဟု Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ S.R.F. နှင့် Black Eagle Defence Force (M.M.U) စသည့် ညီနောင် မဟာမိတ် များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - North Western People Defence Force တပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 14:00


ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ် မြောက်ခြမ်းကို အင်အား ၁၅၀ ကျော်ဖြင့် ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း လက်ပံရွာ၊ နတ်ရွာ နှင့် မြင်သာရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံဝင်ရောက်လာ၍ စီပါရွာ ၊ ငပတ်ရင်းရွာ၊ ပတ်ရှုရွာ၊ ကြို့ကုန်းရွာ၊ နတ်ရွာ၊ ရွာသာရွာ၊ မြင်သာရွာ၊ စိတ်သာကန်ရွာ၊ ပဲပြစ်တော အနောက်ရွာ၊ ပဲပြစ်တောအရှေ့ရွာ၊ တလှိုင်းရွာနှင့် အုတ်ဖိုရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းက ပဲပြစ်တောရွာမှာပဲရှိသေးတယ်။ မနေ့ကတော့ လေယာဉ် ၂ စီးနဲ့ ၂ ကြိမ်ကျဲသွားတယ်။ တိုက်ပွဲက မရှိပါဘူး။ တိုက်ပွဲက ဘာမှကို လုံးဝမဖြစ်တာ သူတို့ အခုကျဲသွားတဲ့နေရာတွေက စစ်ကြောင်း သွားနိုင်ခြေရှိတဲ့ နေရာတွေ စစ်ကြောင်းမထိုးခင် ရှင်လင်းတဲ့ အနေနဲ့ ကျဲသွားတာလား ဘာလို့လဲတော့ မသိဘူး။ အခုစစ်ရှောင်နေရတဲ့ ရွာတွေက ၁၀ ရွာ ကျော်လောက်ရှိတယ်။ စစ်ရှောင်ကတော့ ၁ သောင်းကျော်လောက်ရှိတယ်။ အခုစစ်ခွေး စစ်ကြောင်းထွက်လာတာက ဘုတလင်မြို့နယ် မြောက်ခြမ်းဘက်ဆိုတော့ စီပါရွာနဲ့ မဝေးဘူး။ စစ်ရှောင် အရေအတွက်က တစ်နေ့တခြားများလာတော့ စားရေးသောက်ရေးက အခက်အခဲဖြစ်တာပေါ့။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ စီပါဆိုရင် ရွာလုံးကျွတ် နီးပါး မီးရှို့ခံရပြီးတော့ အဝတ်အထည်တွေနဲ့ စောင်တွေ လိုအပ်နေပါတယ်" ဟု စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် ပြစ်တောရွာအရှေ့ရွာ၌ တပ်စွဲထားပြီး ကျေးရွာထိပ်တွင် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေပြီး မည်သည့် ရွာကို ဆက်လက် ဝင်ရောက် စီးနင်းမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပထမ အကြိမ် စစ်ကြောင်းထိုးစဉ်က ဘုတလင်မြို့ပေါ်မှ ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦး၊ မြောက်ကျီရွာမှ ပြည်သူ ၇ ဦး၊ စီပါရွာနှင့် ဆယ်ဝရွာမှ ပြည်သူ ၈ ဦး စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 10:06


ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦးသည် သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်လာကြောင်း SNAKE EYES - PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ သီးလုံးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖိအားပေးမှုကြောင့် ပျူစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သူ တစ်ဦးက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၁၆၀ တောင့် တို့ကို  ယူဆောင်လာပြီး အလင်းဝင်‌ရောက် ခဲ့ကြောင်း သိရသည်။

"အလင်းဝင်လာတဲ့သူကို လုံခြုံရေးအရ လုံခြုံတဲ့နေရာမှာ ထားပေးပြီး ဒီဘက်မှာ လုပ်ကိုင်စားဖို့လည်း ကြိုးစားပေးနေပါတယ်။ ဆုငွေကတော့ ချီးမြှင့်မှာပါ။ လက်ရှိမှာတော့ ရန်ပုံငွေ အခက်ခဲကြောင့် ချက်ချင်း မလုပ်ပေးနိုင်သေးပေမယ့် ဒီတစ်ပတ်အတွင်း ပေးနိုင်ဖို့ ကြိုးစားနေပါတယ်"ဟု SNAKE EYES - PDFမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 08:46


ဆက်လက် ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံ သတိပေးပြောဆိုသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 08:44


ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်၊ ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော သတ်ဖြတ်မှုကို ကုလလုံခြုံရေးကောင်စီတွင် တင်ပြပြီး ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်းသတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော သတ်ဖြတ်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြလိုက်ပြီး ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေးလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများအနက် တချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ကြောင်း၊ တချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရ ကြောင်း၊ ချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လည်း ပြန့်ကျဲနေကြောင်း၊ ဤဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်း ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မေ့လျော့၍ မရ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၄ နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေကြောင်း၊ မိမိတို့၏ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရ၊
နိုင်ငံ တကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင် နေရသည်နှင့်အမျှ အရပ်သာပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တိုးမြှင့် လုပ်ဆောင် လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကျဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသောကြောင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေကြောင်း
စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူး အရေးပါကြောင်း၊ ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း၊ လုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့် ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီခွဲဥက္ကဋ္ဌ နှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့နှင့် အပြန် အလှန် ဆွေးနွေးမှုအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း စစ်တပ်က ဆက်တိုက် လုပ်ဆောင်နေသော ကျူးလွန်မှုများနှင့်ပတ်သက်၍ ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 08:02


အရင်က ဗိုလ်ချုပ်ကြီးတွေ ဝန်းရံပြီး ခရီးသွားရလေ့ရှိတဲ့ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို လာရောက်တဲ့ခရီးစဉ်မှာ နောက်လိုက် ဗိုလ်ချုပ် ၂ ဦးလောက်သာ နေပြည်တော်ကနေပါလာပြီး နယ်မြေခံနမခတိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နဲ့မှ သူရဲ့နောက်ရံက ဗိုလ်ချုပ် ၃ ဦးကိုသာ တွေ့ရပါတယ်။

စစ်ကောင်စီတပ် ဒုတိယတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ အဲဒီ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခရီးစဉ်မှာ သူ့ရဲ့လက်အောက် စစ်ကိုင်းတိုင်းစစ်ကောင်စီအစိုးရအဖွဲ့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ခရီးစဉ်တလျှောက်လှုပ်ရှားမှုတွေအတွင်း သူ့မှာ လက်ငါးချောင်းမပြည့်တဲ့ စစ်ဗိုလ်ချုပ်အရေအတွက်နဲ့ ခြောက်ကပ်ကပ်ဖြစ်နေတာပါ။

အရင်က ဒုတပ်ချုပ်ခရီးစဉ်တွေမှာ---

ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်ခေါင်းဆောင်နှစ်ယောက်ကြားက_ကြီးမားလာတဲ့အက်ကွဲကြောင်း

မြေလတ်အသံ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

28 Oct, 04:42


မုံရွာက စီးပွါးရေးလုပ်ငန်းရှင်တွေဆီ ခြိမ်းခြောက်စာတွေပစ်ပြီး ပိုက်ဆံမပေးရင် ပြန်ပေးဆွဲတဲ့အထိဖြစ်နေ

အောက်တိုဘာ ၂၈၊ The Nation Voice
သတင်း - 015

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် နေအိမ်တွေဆီကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ ခြိမ်းခြောက်စာတွေပစ် ငွေညှစ်ကာ သူတို့တောင်းတဲ့ ငွေမပေးရင် ပြန်ပေးဆွဲတဲ့အထိလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက The Nation Voice ကို ပြောပါတယ်။

ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ရွှေဆိုင်ကြီးပိုင်ရှင် နေအိမ်တွေနဲ့ အထက်ပိုင်း ရွှေမျောပိုင် လူချမ်းသာ နေအိမ်တွေကို အဓိကထား ပစ်မှတ်ထားပြီး အဲဒီနေအိမ်တွေထဲကို "PDFတွေကို ထောက်ပို့လုပ်နေတဲ့အကြောင်း ငါတို့အားလုံး သိတယ် စစ်သားတွေဆီကို သတင်းမပေါက်ကြားစေချင်ရင် သိန်းထောင်ချီပေးရမယ်"ဆိုတဲ့ စာတွေပါတဲ့ စာစောင်တွေ ပစ်ပြီး ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်းမှာ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ထဲက ရွှေမျောပိုင်နေအိမ်တစ်အိမ်နဲ့ သာစည်လမ်းပေါ်က အမည်မဖော်လိုတဲ့ ရွှေဆိုင်ကြီးပိုင်တဲ့ နေအိမ်တစ်အိမ်ကို အခုလို ခြိမ်းခြောက်စာတွေ ပို့ခံနေရတယ်လို့ သိရပါတယ်။

"အခု အဲဒီနှစ်အိမ်စလုံး ဘယ်သူမှမရှိတော့ဘူး။ အကုန်ပြောင်းသွားကြပြီ။ အောင်မင်္ဂလာထဲက အိမ်ကတော့ စာပစ်ခံရတဲ့နေ့ချင်းပဲ ပြောင်းရွေ့သွားကြတာ။ သာစည်လမ်းပေါ်က အိမ်ကတော့ နှစ်ခါပစ်ခံရပြီးမှ ပြောင်းသွားကြတာ။ ခေတ်မကောင်းတာကို အခွင့်အရေးယူပြီး လုပ်စားနေတာ"လို့ ခြိမ်းခြောက်စာတွေ ပစ်ခံရတဲ့ အိမ်နဲ့ နီးစပ်သူတစ်ဦးက The Nation Voice ကို ပြောပါတယ်။

အထက်ပါစာသားတွေပါတဲ့ ခြိမ်းခြောက်စာတွေကို ပစ်ပြီး ငွေမပေးပါက အဲဒီအိမ်မှာရှိတဲ့ မိသားစုဝင်တစ်ဦးဦးကို လက်နက်နဲ့ လာရောက်ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲ ဖမ်းဆီးကာ ငွေညှစ်တောင်းခံတယ်လို့ သိရပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြား အခုလို လုပ်စားနေသူတွေ ငွေညှစ်တောင်းရမ်းနေတဲ့ ပမာဏဟာ သိန်းတစ်ထောင်ကနေ သိန်းငါးထောင် ကြားရှိတယ်လို့ ခြိမ်းခြောက်စာပစ်ပြီး ငွေပေးခဲ့ရတဲ့ မိသားစုဝင်တွေဆီကနေ စုံစမ်းသိရပါတယ်။

"ကျွန်မတို့က ငွေမပေးဘဲ ဒီတိုင်းနေလိုက်တာ။ နောက်ရက်ကျ တူလေးကို သေနတ်တွေနဲ့ ချိန်ပြီး လာခေါ်သွားတယ်။ နှာခေါင်စည်းတွေလည်းစည်းထားတယ်။ သူ့ကို တောတွေထဲရော တောင်တွေထဲရော ခေါ်သွားတယ်တဲ့။ သင်္ဘောတွေရော စီးရတယ်ပြောတယ်။ ဘယ်တွေရောက်နေလည်းတောင် သူမသိရဘူးတဲ့ ။ ပိုက်ဆံပေးမှ ပြန်လွှတ်လာတော့ သူက ပြောပြရှာတာ"လို့ ပြန်ပေးဆွဲခံလိုက်ရတဲ့ မိသားစုဝင်တစ်ဦးက The Nation Voice ကို ပြောပါတယ်။

ခြိမ်းခြောက်စာပို့ပြီး ပြန်ပေးဆွဲတဲ့သူတွေဟာ ပစ္စတိုသေနတ်တွေ အပါအဝင် M3လိုမျိုး သေနတ်အရှည်တွေလည်း ကိုင်ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

လုယက်မှု ဓားပြတိုက်မှုတွေအပြင် ခြိမ်းခြောက်စာပစ်ပြီး ပြန်ပေးဆွဲငွေညှစ်မှုတွေပါ ရှိလာတာကြောင့် စီးပွားရေးလုပ်ငန်းရှင် အများစုဟာ မုံရွာမြို့ကနေ တခြားမြို့နယ်တွေဆီကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

The Nation Voice
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

27 Oct, 14:46


ပုလဲမြို့နယ်၊ ကန့်ဒေါင့် အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ၍ ဂုဏ်ပြုဆုငွေ ၈၁ သိန်း ချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့် အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ၈၁ သိန်း ချီးမြှင့်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကန့်ဒေါင့်အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် G-3 ၁ သေနတ် ၁ လက်၊ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံး တို့နှင့် အတူ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"စကစရဲ့ အခြေစိုက်စခန်းထဲက ရဲတပ်ကြပ်တစ်ဦးက သေနတ်တစ်လက်ရယ်၊ ကျည်အချို့ရယ် လက်ပစ်ဗုံးရယ် ယူပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာ ဟုတ်ပါတယ်။ CDM တွေအတွက်က အပြင်မှာ လွတ်လပ်လုံခြုံစွာ နေထိုင်ဖို့ရာတွေ စားဝတ်နေရေး ဒါတွေကိုလည်း စီမံပေးတယ်။ ဒေသတွင်းမှာ အေးအေးချမ်းချမ်းနေမယ်ဆိုလည်း သက်ဆိုင်ရာ အရပ်သားလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှာဖွေပေးပါတယ်။ တော်လှန်ရေးထဲ ပါချင်ရင်လည်း စိစစ်ပြီးတော့ တော်လှန်ရေးကဏ္ဍအသီးသီးမှာလည်း တာဝန်တွေ ပေးတာလည်း ရှိပါတယ်ဗျ။ မိသားစုဝင်တွေဆီ ပြန်ချင်ရင်လည်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီးတော့ မိသားစုထံ အရောက်ပို့တာတွေလည်း ရှိပါတယ်ဗျ။ CDM တွေကို ကူညီဆောင်ရွက်ပေးတဲ့ ကဏ္ဍတွေက အမျိုးမျိုး ရှိပါတယ်ဗျ"ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အလင်းဝင်ရောက်လာသော ရဲတပ်ကြပ်ကို ပအဖနှင့် ပကဖတို့၏ ဂုဏ်ပြုဆုငွေ ၈၀ သိန်းကျပ်နှင့် မြို့နယ် လူသားစာနာအဖွဲ့က ငွေကျပ် ၁ သိန်း ချီးမြှင့်ခဲ့ပြီး အဝတ်အစားများလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်း အလင်းဝင်လိုသူ မည်သူ့ကို မဆို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ၊ ပြည်သူနှင့်အတူ အချိန်မီပူးပေါင်းစေလိုကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

"ဒါ ပုလဲမြို့နယ်မှ မဟုတ်ပါဘူး ။ တစ်နိုင်ငံလုံးမှာ မူဝါဒချမှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အခြေအနေတွေ ရှိပါတယ်။ အတွင်းထဲက လက်နက်ကိုင်တွေကို ပန်ကြားချင်တာက ပြည်သူနဲ့ အတူတူ အချိန်မီ ပူးပေါင်းစေချင်ပါတယ်။ တော်လှန်ရေးဘက်ကို စကစဘက်က သတင်းအမှောင်ချပေမယ့် ကိုယ့်အဆက်အသွယ်နဲ့ကိုယ် တော်လှန်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ ၊ ဘာကြောင့် တော်လှန်ရေးဖြစ်နေရတာလဲ၊ ပြည်သူတွေ ဘာလို့ ငါတို့ကို ဘာလို့ တိုက်နေရတာလဲ ဒါလေးတွေကို စမ်းစစ်ဖို့ လက်နက်ကိုင် အုပ်စုတွေရော တခြား အုပ်စုတွေရော တိုက်တွန်းချင်ပါတယ်" ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 13:41


ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းများမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G3 ‌သေနတ် ၁ လက် ယူဆောင်လာ၍ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆုငွေ ချီးမြှင့်တယ်။ အရေအတွက်တော့ ကျွန်တော်တို့ မပြောတော့ဘူး။ ဆုငွေတော့ထိုက်သင့်သလောက်တော့ ကျွန်တော်တို့ ချီးမြှင့်တယ်။ သူနဲ့ ထိုက်တဲ့ဟာပေါ့။ G3 သေနတ် ၁ လက်ပါခဲ့တယ်။ လောလောဆယ်တော့ သူ့ကို အနားပေးထားတုန်းပဲ ရှိသေးတယ်။ သူ့စိတ်ကြိုက် စဉ်းစား ရွေးချယ်ခွင့် ပေးထားသေးတယ်။ လောလောဆယ်တော့ သူ မဆုံးဖြတ်သေးဘူးပေါ့။ သူက ရဲတပ်သားဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေတော့ တိုက်ပွဲ အတွေအကြုံဘာညာတော့ များများစားစားရှိမှာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ရှေ့တန်းပို့တဲ့အခါလောက်ပဲရှိတယ်"ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ၏ နေထိုင်ရေးနှင့် လိုအပ်သည်များကို ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 13:40


ဇီးကုန်းမြို့ မူးဆုံဂိတ်မှ စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူရှိ ဂွေးပင်တောရွာမှ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း KBU တောလေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ရေမျှောမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို KBU-တောလေးနှင့် ပူးပေါင်းညီနောင် အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force MDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၁ စီးဖြင့် ဗုံးသီး ၂၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

"ခွေးသေစာရင်းတော့ အတိအကျမသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိတယ်" ဟု Myaung Drone Force MDF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို M.D.F ဒရုန်းကျားခင်စိန်အဖွဲ့နှင့်အတူ- PEACOCK Drone Team-Myaung Sparrow Drone Strike စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ့ ၃ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၅ MRF LPDF ရဲဘော်ညီနောင် LPDF Hawk Guerrila force ၊ ရေနဂါးLPDF Monya မုံရွာခရိုင်ပကဖ စစ်ကိုင်းခရိုင် ထောက်ပို့တပ်ရင်းတို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 13:40


စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲ့အစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို့၍ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေး အင်အား စုများ၊ နိုင်ငံရေးအင်အားစု အပြင်ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်း ပေးပို့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ယနေ့ အောက် တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ တိုင်း ရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ် အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေးခေါ် ယူ ကျင်းပခဲ့ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ရေး ကော်မရှင်ကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းခဲ့ကာ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော်မရှင်တွင်ပါဝင်သော အစုအဖွဲ့အသီးသီး၏ အဖွဲ့ဝင်(၅၇)ဦးက စုပေါင်းညီညွှတ်စွာ ကြိုးစားအား ထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို ကြားကာလဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ ယနေ့အောက် တို့ဘာလ ၂၅ ရက်နေ့တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံ နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင် ကော်မရှင်အဖွဲ့ဝင် ၅၇ ဦး ၏ ကြိုးစားအားထုတ်မှုများ အပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က စစ်ကိုင်းပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း ပြောဆိုသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မှီပြည်ထောင် စု အဆင့်အဖွဲ့အစည်းများ၊ ဒေသအတွင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအားပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များရယူ၍ လိုအပ်သလို အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်သည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 13:35


ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာတွင် စစ်တပ်က မသန်စွမ်း ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်နှင့် အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်သည် မသန်စွမ်းအမျိုးသား ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ့နေအိမ်နှင့်အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် စိုင်ပြင်လေးကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတ်ဖြတ်ခံရသူသည် ခြေထောက်တစ်ဖက် မသန်စွမ်းသူ ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထွက်ခွာသွားပြီဟုထင်၍ အိမ်သို့ ပြန်ဝင်ချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်စီးမှုကြောင့် စိုင်ပြင်လေးကျေးရွာတွင် နေအိမ် ၃၁ လုံး၊နွားတဲ ၈ လုံးနှင့် စပါးကျီ ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 07:28


အာဏာသိမ်းစစ်တပ်က ပြည်သူပိုင် စားသောက်ဆိုင်တွေကို တပ်စွဲလိုက်တာကြောင့် ဆိုင်တွေပိတ်သိမ်းထားရ

အောက်တိုဘာ ၂၅၊ The Nation Voice
သတင်း - 015

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းထမင်းဆိုင်တွေအကျော်က အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကို အာဏာသိမ်းစစ်တပ်က တပ်စွဲနေထိုင်လိုက်တာကြောင့် အနီးနားက ဆိုင်ခန်းအားလုံး ပိတ်ထားရတယ်လို့ ခရီးသွားသူတွေဆီကနေ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်း ခရီးသွားရင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်တွေဟာ နာမည်ကြီးပြီး လူကြိုက်များကြတဲ့အတွက် ကုန်ကားတွေအပါအဝင် ခရီးသည်တင်ကားတွေပါ ရပ်နားပြီး ထမင်းစားနားကြတယ်လို့ သိရပါတယ်။

အဲဒီနာမည်ကြီးတဲ့ ညောင်ပင်ဝန်းထမင်းဆိုင်တန်းတွေရဲ့အကျော် ကိုက်လေးရာလောက်မှာ အသစ်ဖွင့်လှစ်ထားတဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်နဲ့ အသုပ်ဆိုင်တွေရဲ့ အဆောက်အဦးတွေကို အာဏာသိမ်း စစ်တပ်က တပ်စွဲနေထိုင်လိုက်တာကြောင့် လက်ရှိမှာတော့ ဆိုင်ခန်းတွေအားလုံးပိတ်ထားရတယ်လို့ ခရီးသွားသူတွေက The Nation Voice ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ပြည်သူပိုင်ဆိုင်ခန်းနေရာတွေကို တပ်စွဲနေထိုင်ပြီး စစ်ဂိတ်စခန်းတွေပါ ဖွင့်ထားတာကြောင့် အနီးနားဝန်းကျင်က ဖွင့်လှစ်စ ဆိုင်ခန်းအသစ်တွေနဲ့ ထမင်းဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း နှစ်ဆယ်ဝန်းကျင် ပိတ်သိမ်းထားရတဲ့အတွက် ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဆုံးရှုံးမှု များစွာကို ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

"အသုပ်ဆိုင်တစ်ဆိုင်နဲ့ ထမင်းဆိုင်တစ်ဆိုင်ကို တပ်စွဲလိုက်တာ။ တပ်စွဲလိုက်တဲ့ ဆိုင်နှစ်ဆိုင်ရဲ့ အနီးက ဆိုင်တွေအားလုံး ပိတ်ထားရတာ။ သူတို့က ဖွင့်ခိုင်းလို့ ဖွင့်သေးတယ်။ သူတို့နဲ့ နီးနေတော့ ဘယ်သူမှ မဝင်ရဲကြဘူး ကားမရပ်ရဲကြဘူးလေ။ တစ်ပတ်လောက်လဲနေတော့ ဆိုင်ဖွင့်ထားလည်း ဝန်ထမ်းခကုန်တယ် အရင်းရှုံးတယ်ဆိုပြီး ပိတ်လိုက်ရတာ။ ချက်ထားသမျှ ဟင်းတွေ ရောင်းမှမရောင်းရတာ။ အခု ဘာလုပ်လို့ လုပ်စားရများမသိဘူး" လို့ ဆိုင်ပိတ်ထားရတဲ့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက The Nation Voice ကိုပြောပါတယ်။

၂၀၂၃ ခုနှစ် မတ်လပိုင်းဝန်းကျင်ကနေစပြီး ရောင်းအားတက်လာတဲ့ ညောင်ပင်ဝန်း အကျော်က ထမင်းဆိုင်တွေဟာ အခုလို ဆိုင်ပိတ်သိမ်းထားရတာကြောင့် အရင်ကလို စီးပွားရေး အဆင်မပြေတော့ဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်တပ် တပ်စွဲနေထိုင်လိုက်တဲ့ ဆိုင်ခန်းနေရာ နှစ်နေရာရဲ့ ပတ်ပတ်လည်ကို မြေမြှပ်မိုင်းတွေ ထောင်ထားတယ်လို့ ခရီးသွားသူ အမျိုးသမီးတစ်ဦးက The Nation Voiceကို ပြောပေမယ့် The Nation Voice အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

၂၀၂၄ခုနှစ် သြဂုတ်လပိုင်းကနေစပြီး အာဏာသိမ်းစစ်တပ် တပ်စွဲနေထိုင်လိုက်တဲ့ ညောင်ပင်ဝန်းအကျော်က ထမင်းဆိုင်တွေအနီးမှာ အရင်က ဒေသတွင်း တော်လှန်ရေး အဖွဲ့တွေစုပေါင်းပြီး ကျည်ဖိုးယမ်းဖိုး ကောက်ခံခဲ့တဲ့ နေရာဖြစ်တယ်လို့ ခရီးသွားသူတွေက ဆိုပါတယ်။

ဓာတ်ပုံ- The Nation Voice
The Nation Voice
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 06:15


နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုနေမည်ဆိုပါက ထိုမျှဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်စွဲထားသော ယန္တရားတရပ်မှာ ဆက်လက် သက်ဆိုးရှည်ရုံသာမက ပိုမိုအတင့်ရဲလာမည်သာဖြစ်ကြောင်း ဖော်ပြထားသည်။

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

25 Oct, 06:15


စစ်ကောင်စီ၏ ရက်စက်စွာ သတ်ဖြတ်မှုဘေးမှ ပြည်သူများကာကွယ်နိုင်ရေး ပိုမိုအားထုတ်ကြိုးပမ်းရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း

▪️ဘုတလင်ဖြစ်ရပ်အပါအဝင် စစ်ကောင်စီ၏ ဆိုးရွားသည့်စစ်ရာဇဝတ်မှုကျူးလွန်မှုများပြုစုပြီး နိုင်ငံတကာထံ အသိပေးရန် ညွှန်ကြား

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်နေခြင်းအား ကာကွယ်နိုင်ရေး ပိုမိုအားထုတ်ကြန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၄ရက်တွင်ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘုတလင်အပါအဝင် နိုင်ငံအနှံ့က ကျေးရွာတော်တော် များများကို လက်လွတ်စပယ် ဝင်ရောက်မီးရှို့တာ၊ ပြည်သူတွေကို ရက်ရက်စက်စက် အပိုင်းပိုင်း ဖြတ်တောက်ပြီး အကြောက်တရားတွေဝင်အောင် အမျိုးမျိုး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဒီရက်တွေမှာ ပိုမိုကြားလာရပါကြောင်း။ ဒီအတွက် တာဝန်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက လူတွေ တစ်ဦး တစ်ယောက်မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ရာမှာ လွတ်မြောက်မှု မရှိစေဖို့အတွက် ကြိုးပမ်းကြရမှာဖြစ်သလို ယခုလတ်တလော အခြေအနေမှာလည်း နယ်မြေ လုံခြုံရေးအတွက် ကျွန်တော်တို့ ပိုမိုကြိုးပမ်းအားထုတ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါကြောင်း”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာရှိ ပြည်သူ ၆ဦးကို အောက်တိုဘာ ၁၇ရက်တွင် သတ်ဖြတ်ခဲ့ပြီး ခန္ဓာ ကိုယ်များကို အပိုင်းပိုင်းဖြတ်လျက် နေအိမ် ခြံစည်းရိုးတွင် ချိတ်ဆွဲပြသခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၁ရက်မှ ၂၀ရက်အတွင်း အရပ်သား ပြည်သူ ၂၄ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။

ဘုတလင်ဒေသ၌ အသက်ပေးခဲ့ရသည့် ပြည်သူများ၏ မိသားစုဝင်များကို လိုအပ်သည့် ထောက်ပံ့မှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

" အခုလို ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေကိုလည်း မှတ်တမ်းမှတ်ရာ၊ ထွက်ဆိုချက်များ နဲ့တကွ သေချာစွာပြုစုပြီး နိုင်ငံတကာကသိအောင် ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့လည်း လိုမှာဖြစ်ပါကြောင်း။ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မှုတွေမှာ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ရောထွေးမှုမရှိရအောင် အထူးသတိပြု ဆောင်ရွက်စေလိုပါကြောင်း"ဟု ပြည်ထောင်စုဝန်ကြီးချုပ် က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားသည့် စာရင်းများအရ စစ်တပ် အာဏာသိမ်းပြီး သုံးနှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ကျူးလွန်ခဲံပြီး ပြည်သူ ၃၃၄၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခု အောက်တိုဘာ ၁ရက်နေ့အထိ စာရင်းများကို အသိပေးထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ထဲတွင် အသက် ၆၀နှစ်အထက် ၁၅၅ဦးနှင့် အသက် ၁၈နှစ်အောက် ၂၇၆ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။

" စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ပွဲတွေမှာ ဆုံးရှုံးမှုတွေ ကြုံလာတဲ့အခါတိုင်း၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့စစ်ရှုံးမှုကိုပြန်တုန့်ပြန်လေ့ရှိပါတယ်။ လက်စားချေမှုလို့လည်း ပြောလို့ရတယ်။ သူတို့ လက်စားချေတဲ့ နည်းလမ်းက လူထုကိုအသုံးချပြီး လူတံတိုင်းပဲဖြစ်ဖြစ်၊အကြောက်တရားပဲဖြစ်ဖြစ် နည်းဗျူဟာကို အမြဲသုံးလေ့ရှိတယ်။ ဒါ့ကြောင့်မို့ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတနိုင်ငံလုံး သူတို့လုပ်လာတာ သူတို့ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာတစ်ခုလည်းဖြစ်တယ်။ ဘုတလင်မှမဟုတ်ဘူး နိုင်ငံတဝှမ်းမှာ ဒီလိုမျိုးပဲကျင့်သုံးလေ့ရှိပါတယ်။ ဒါဟာ ကြီးမားတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်ပေါ့နော်။ ဒါကို နိုင်ငံတကာကိုပေးပို့နိုင်ဖို့လည်း ဝန်ကြီးဌာနက အချက်အလက်တွေ သေချာကောက်ယူသိမ်း ဆည်းတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ပြောကြားထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသောကျူးလွန် မှုများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၂၂ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Oct, 17:28


ဆားတောင်မြို့တွင် စစ်သားနှင့်ပျူခေါင်းဆောင်သမီးမင်္ဂလာဆောင် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဇေအောင်/People's Spring

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် စစ်သားနှင့်ပျူစောထီးခေါင်းဆောင်သမီး မင်္ဂလာပွဲကျင်းပနေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၂ ရက် နံနက်က စစ်ကိုင်းမြို့နယ်၊ ရွှေဘို - မန္တလေးလမ်းပေါ်ရှိ ဆားတောင်မြို့တွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ညောင်ငုတ်တိုပျူစောထီးကျေးရွာမှ ပျူခေါင်းဆောင်၏သမီးတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပနေစဥ် ဗုံးသီး ၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်းတပ်ဖွဲ့တာဝန်ခံ ကိုဖတ်တီးက ပြောသည်။

"အထိုင်စခန်းက ရဲစခန်းထဲမှာ။ အာဝါဟလုပ်တာက စခန်းမြောက်ဘက် မျက်စောင်းထိုးက စာသင်ကျောင်းထဲမှာ အခမ်းအနားလုပ်တာ။ သတို့သား ခါးပေါက်တယ်။ လေးယောက် သေတယ်။"ဟု ၎င်းတာဝန်ခံက ဆိုသည်။

ထို့အပြင် မင်္ဂလာပွဲရှိ စစ်အုပ်စုနှင့်ပျူစောထီး ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကြောင်လက်သည်းတပ်ဖွဲ့က အသိပေးသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုအား ကြောင်လက်သည်းတပ်ဖွဲ့နှင့်အတူ ဥပဒေ မီးတောက်တပ်ဖွဲ့၊ ဇာမဏီတပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဆားတောင်မြို့ ရဲစခန်းကို ကာကွယ်ရေးအဖွဲများက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၍ စခန်းမသိမ်းနိုင်ခဲ့ပေ။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Oct, 13:54


တမူးမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

လူအေး/People's Spring

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နေရာကို စစ်ကောင်စီတပ်၊ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်
ကြောင်းဝင်ရောက်လာ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲပွားခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

တမူမြို့ နမ့်မွန်းတားရွာအနီးတွင်အောက်တိုလာလ၂၃ရက်နံနက်က တိုက်ပွဲဖြစ်ပွားခြင်းဖြစ်
ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

"တိုက်ပွဲဖြစ်တဲ့သတင်းကြားတယ်။ စုံစမ်းကြည့်တော့ ကိုယ့်ကလေး ၃ ယောက်ကျတယ်။ စစ်ကောင်စီဘက်ကလည်း ၃ယောက်သေတယ်။ က
သည်းတစ်ယောက်အရှင်မိထားတယ်" ဟု ပြော
သည်။

ကျဆုံးသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးမှာ တမူးခရိုင်တပ်ရင်း(၄)မှဖြစ်သည်။ တိုက်ပွဲတွင် တမူးခရိုင်တပ်ရင်း(၄)က ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်းအတည်ပြု သတင်းထုတ်ပြန်ထားသည်။

"ဒီနေ့ တိုက်ပွဲတွင် မိမိတို့တပ်ရင်းမှ ကြယ်သုံးပွင့် ကြွေလွင့်။ ပန်ထွာဘုရင်မရဲ့ ပရိသတ်များ မည်သည့်ဝမ်းနည်းကြောင်းမျှ လာမပြသပါရန် တင်းတင်းကျပ်ကျပ် တားမြစ်သည်"ဟု တမူးခရိုင်တပ်ရင်း(၄)က ဖော်ပြထားသည်။

တမူးမြို့နယ်တွင် ပြီးခဲ့သည့်မေလက တိုက်ပွဲအ
ပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးအခြေ
အနည်းငယ်ငြိမ်သက်‌နေခဲ့သည်။တမူးမြို့နယ် မှ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နှစ်ကုန်ပိုင်းတွင်သိမ်းပိုကိထိန်းချုပ်ခဲ့ပြီး စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းများကိုလည်းတော်လှန်ရေးတပ်များက အကြိမ်ကြိမ်အောင်မြင်စွာခုခံတိုက်
ခိုက်ချေမှုန်းနိုင်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ပန်းသာကျေးရွာ နှင့် တမူးမြို့ပေါ်တွင် တပ်စွဲထားသည်။အောက်တိုဘာ ၂၃ ရက်တိုက်ပွဲသည် ပန်းသာရွာမှ စစ်ကောင်စီပူး
ပေါင်းအင်အား၁၀၀ ကျော်က စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။

နှစ်နာရီခန့်ကြာသည့်တိုက်ပွဲအတွင်း အရှင်ဖမ်းမိထားသူမှာ ကသည်းသူပုန်တပ်ဖွဲ့မှ ဖြစ်ကြောင်းစုံစမ်းသိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်သောကသည်းလက်နက်ကိုင်အဖွဲ့အချို့သည်စစ်ကောင်စီလက်အောက်ခံအဖြစ်လှုပ်ရှားနေကြသည်။

မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ UNLF (United National Liberation Front)၊ PREPAK
(People’s Revolutionary Party of Kangleipak )၊ PLA(People’s Liberation Army)၊ KCP (Kangleipak Communist Party)အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။
အချို့အဖွဲ့များသည် အန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးလက်အောက်၌ တာဝန်ထမ်းဆောင်နေသည်။အချို့အဖွဲ့များမှ စစ်ကောင်စီနှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသောတော်လှန်ရေးအင်အားစုများကို မကြာခဏတိုက်ခိုက်သည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် ကူကီးတော်လှန်ရေးအဖွဲ့များလည်းရှိပြီး နွေဦးတော်လှန်ရေးအဖွဲ့များ
နှင့် ပူးပေါင်း၍ တိုက်ပွဲအချို့တွင်စစ်တပ်အားတိုက်ခိုက်ပေးခဲ့သည်။

အောက်တိုဘာလ၂၄ရက်တွင်မူ တမူးမြို့နယ်အ
တွင်း စစ်ရေးအခြေအနေငြိမ်သက်နေသည်။

People's Spring
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Oct, 12:51


ဘုတလင်တခွင် လူသတ်မီးရှို့ လုပ်ခဲ့တဲ့ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာတပ်စွဲပြီး မီးရှို့ထားခဲ့

ဘုတလင်၊ အောက်တိုဘာ ၂၄၊ ၂၀၂၄။

ဘုတလင်မြို့နယ်တခွင်ကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းက စီပါရွာဖြစ်စဥ်အပြီး စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာ တပ်စွဲထားပြီး အဲ့ဒီရွာက အိမ်ကြီးအိမ်ကောင်း ၂၆လုံးကို မီးရှို့ကာ ဘုတလင်မြို့ပေါ်ကို ပြန်ရောက်သွားပြီလို့ သိရပါတယ်။

စစ်သားနဲ့ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်ကစတင်ကာ မုံရွာနမခကနေ ဘုတလင်မြို့ပေါ်အပါအဝင် မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ လူဖမ်းသတ်ဖြတ်တာတွေကို လုပ်လာခဲ့တာပါ။

နောက်ဆုံး အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စီပါရွာကိုဝင်ရောက်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသားတွေကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ပြီးတဲ့နောက် နောက်တနေ့မှာ စိုင်ပြင်လေးရွာကို ထွက်သွားခဲ့ကြပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ဘုတလင်တခွင်_လူသတ်မီးရှို့လုပ်ခဲ့တဲ့စစ်ကြောင်းက_စိုင်ပြင်လေးရွာမှာ၅ရက်ကြာတပ်စွဲပြီး_မီးရှို့ထားခဲ့

မြေလတ်အသံ
SSNTIMES

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

24 Oct, 12:48


ဘုတလင်၊ စိုင်ပြင်လေးကျေးရွာသို့ ရောက်ရှိခဲ့သော စစ်တပ်စစ် ကြောင်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းသို့ ရောက်ရှိခဲ့သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Monywa Inventor အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ဘုတလင်၊ စိုင် ပြင်လေးကျေးရွာအတွင်းတွင် လူသတ်၊ မီးရှို့ရန် ရောက်ရှိနေသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄၀ မမ ၁၀ လုံး၊ ၆၀ မမ ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထိခိုက်မှုကတော့ များတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ ကျနော် တို့ အဖွဲ့က ဆားလင်းကြီးအခြေစိုက်အဖွဲ့ပါ၊ ပြည်သူတွေကို သတ်တာမကျေနပ်လို့ ဘုတလင်နယ်ထဲ အထိ သွားပစ်ခဲ့တာ၊ ပစ်ပြီးတော့ ကျနော်တို့လည်း ပြန်ဆုတ်လာခဲ့တာ။ အပြန်အလှန်တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး။ စခတွေဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တာတော့ရှိတယ်။ နောက်ပြီး မုံရွာနမခဘက်က နေလည်း ဟောင်ဝှစ်ဇာနဲ့ ပြန်ပစ်တယ်။” ဟု Monywa Inventor အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့နှင့် BLDF အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES