Zin Thaw Naing @zinthawnaing Channel on Telegram

Zin Thaw Naing

@zinthawnaing


တော်လှန်ရေး အကြောင်း ရောက်တတ်ရာရာ

Zin Thaw Naing (Burmese)

Zin Thaw Naing သည် တော်လှန်ရေး အကြောင်း ရောက်တတ်ရာရာ တစ်ခုဖြစ်သည်။ ဤ ခေတ်ကာလကို တစ်ခုချင်းစီစဉ်စနစ်အသိပေးသော ထင်ထားသော ဓာတ်ဇီလမ်းများဖြစ်ပါသည်။ Zin Thaw Naing ကိုယ်စားယုံ ပါတ်သက်လိုလင်ဂျင် ဦးအားထိန်းချေသာအချိန်များဖြင့် လုပ်ငန်းသတင်းတင်ရေးလိုသည်။ လိုအပ်ပါသည် စောင့်ရတာရနိုင်ပါသည် ဥပမာ အပြန်ကာလချု၏ ခွဲခြားမှု။ ပါ၀င်ရောက်ရတာခြေသင်မနေလိုပါသေးအလုံး။

Zin Thaw Naing

11 Jan, 02:33


မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက် ခဲ့ရာ စစ်ခွေး ၁၅ ကောင် သေဆုံးပြီး ၇ ကောင် ဖမ်းဆီးရရှိခဲ့ကာ လက်နက်နဲ့ ရိက္ခာ အမြောက်အမြား သိမ်းဆည်းရမိ ခဲ့ပါတယ်။

Zin Thaw Naing

10 Jan, 03:24


MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ မြင်ကွင်း

Photo - Mekong News

Zin Thaw Naing

09 Jan, 13:38


ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ပြီးနောက် KIA နှင့်အတူ ပူးပေါင်းပါဝင်သည့် ကျောင်းသား တပ်မတော်မှ စစ်သည်များ အောင်ပွဲခံနေကြစဉ်

Zin Thaw Naing

08 Jan, 12:41


ကချင်ပြည်နယ်၊ မံစီမြို့နယ်က စစ်ရှုံးကောင်စီရဲ့ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တို့ကို ယနေ့ နံနက်ပိုင်းမှာ KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။

Zin Thaw Naing

05 Jan, 12:17


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းသို့ စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်များ တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်း။

အဲဒီတိုက်ပွဲမှာ စစ်ခွေး ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် လက်နက်ချတယ်လို့ SOF က ဆိုပါတယ်။

Zin Thaw Naing

03 Jan, 16:37


လောင် အပိုင်း (၇၉)

Zin Thaw Naing

31 Dec, 08:42


မင်းအောင်လှိုင် လုပ်ပေါက် 😂

Zin Thaw Naing

30 Dec, 07:34


တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၄ မြို့ ရှိပါပြီ။

Infographic- People’s Spring

Zin Thaw Naing

30 Dec, 05:35


ဘောမအများစု ခုချိန်ထိ လက်မခံနိုင်သေးတဲ့ အချက်တချက်က မင်းအောင်လှိုင်ဟာ သူမရသင့်တဲ့ အာဏာကို လက်နက် အားကိုးပြီး လုထားလို့ အခုလိုတွေ ဖြစ်နေရတာ ဆိုတဲ့ အချက်ပဲ။ လွန်ခဲ့တဲ့ ၄ နှစ် လောက်က ဒင်းသာ အာဏာ မလုခဲ့ရင် သူတို့ မကြိုက်တဲ့သူ အုပ်ချုပ် နေတာက လွဲလို့ သူတို့ ဘဝတွေက အလုံးလည်း မလျော့၊ အရပ်လည်း မလျော့ဘူး။ အခု တဖြုတ်ဖြုတ် ကြွနေတဲ့ စခတွေလည်း အဲ့လောက် သေမှာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးပြီး လူတွေလည်း စီးပွါးရေးတွေ တိုးတက် သာယာနေမှာ။ ခုလို ကျီးလန့်စာစား ဖြစ်နေရမှာ မဟုတ်ဘူး။

သူတို့ကို လီဆည် ဝါဒဖြန့်ထားတဲ့ တိုင်းပြည်ကြီး ပြိုကွဲမယ်တို့၊ လူမျိုးခြား ဘာသာခြားတွေ လွှမ်းမိုးမယ်တို့ ဆိုတာတွေက အခုမှ တကယ် ဖြစ်နေတာ။ အခုဆို တိုင်းပြည် တဝက်မက ဗဟို အစိုးရ ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘူး။ ရခိုင်မှာ သူတို့ ဘယ်တုန်းကမှ လက်မခံပါဘူး ဆိုတဲ့ ရိုဟင်ဂျာတွေကို အခု သူတို့ပဲ လက်နက်တွေ ပေးပြီး အားကိုး တကြီး စစ်တိုက်ခိုင်း နေရတာ။ အကြမ်းဖက် အဖွဲ့ ဆိုတဲ့ အာဆာကို ကယ်ပါယူပါ ဆိုပြီး တောင်းပန် နေရတာ။ တရုတ်ကို ခေါင်းပေါ် တင်ထားပြီး အောက်ကျို့ ခယနေရတာ။ တန်ရဲ့လား စဉ်းစားကြည့်။ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်နေရင် ဒါတွေ ဖြစ်လာမယ် ထင်လား။

ကိုယ်တွေကတော့ အခုချိန်မှာ တိုင်းပြည်ကို တစ်သက်လုံး လက်နက်အားကိုး အနိုင်ကျင့်လာတဲ့ အဖွဲ့အစည်းကြီး တတိတိ ပြိုလဲနေတာကို အရသာခံပြီး ထိုင်ကြည့် နေခွင့်ရတာ အမြတ်ပဲ။ တရားမျှတမှု မရှိတဲ့ ၂၀၀၈ ခြေဥကြီး မြောင်းထဲ ရောက်သွားတာ အမြတ်ပဲ။ အရင်က တိုင်းရင်းသားတွေရဲ့ ဆင်းရဲဒုက္ခတွေ မစာနာခဲ့မိတဲ့ ကိုယ့်အပြစ်ကိုယ် မြင်လာတာ အမြတ်ပဲ။ ပြည်သူတရပ်လုံး စစ်တပ်ရဲ့ ယုတ်မာ ဆိုးရွားမှုတွေ မျက်ဝါးထင်ထင် မြင်လာပြီး အတူ လက်တွဲ တိုက်နိုင် နေတာ အမြတ်ပဲ။ ပြောရရင် မင်းအောင်လှိုင် အာဏာလုလိုက်တဲ့ ကိစ္စက ကိုယ်တွေ အတွက် အမြတ်များပြီး သူတို့အတွက်တော့ အရှုံးတွေ ချည်းပဲတောင် ဆိုရမလိုပဲ။

Zin Thaw Naing

29 Dec, 11:02


ခုနောက်ပိုင်း မက်ဆင်ဂျာမှာ ကျွန်မ သားလေး/ ကျွန်တော့် ညီလေး/ ကျွန်မ အမျိုးသားက ရခိုင် ဘယ်မြို့မှာ၊ ကချင် ဘယ်မြို့မှာ၊ ချင်းက ဘယ်မြို့မှာ တာဝန် ထမ်းဆောင် နေတာပါ။ အခု ဘာသတင်းမှ မကြားရတော့လို့ အဆက်အသွယ် ရှိရင် ကူညီပေးပါ ဆိုတာမျိုး၊ ဟိုတနေ့က အဖမ်းခံရ တဲ့ထဲမှာ သူနဲ့တူတဲ့ တစ်ယောက် တွေ့မိလို့ စုံစမ်းပေးလို့ ရနိုင်မလား ဆိုတာမျိုးတွေ အများကြီး လာပြောထား ကြတယ်။

အရင်ဆုံး တစ်ခု ပြောရရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးမှာ တောက်တို မယ်ရ လိုက်ကူ ပေးတဲ့ အဆင့်လို့ပဲ သတ်မှတ် ထားပါတယ်။ ဘာတာဝန်၊ ဘာရာထူးမှလည်း တရားဝင် ရယူထားတာ မရှိပါဘူး။ တော်လှန်ရေး အသိုင်းအဝိုင်းမှာ အသိအကျွမ်း မိတ်ဆွေ ပေါများတယ် ဆိုပေမယ့် ဒီအတိုင်း လမ်းချင်းတူလို့ လူချင်းသိရုံ လောက်ပါပဲ။ ရင်းနှီးတဲ့သူတောင် သိပ်အများကြီး မရှိပါဘူး။

ပြောချင်တာက ကျွန်တော် လိုင်းပေါ်မှာ ရေးနေတာ တွေက ဒီအတိုင်း သတင်းတွေကို လိုက်လေ့လာပြီး ကိုယ့်အာဘော်နဲ့ ကိုယ် ပြန်ရေးတာပါ။ ဘယ်ရှေ့တန်းက သတင်းပို့နေတာမှ မဟုတ်ပါဘူး။ စစ်ပွဲထဲ အထိ ပေါက်ပေါက် ရောက်ရောက် လုပ်နိုင်တာလည်း သိပ်မရှိပါဘူး။ တကယ် တိုက်နေတဲ့ သူတွေကလည်း ကျွန်တော့်လို လိုင်းပေါ်မှာ အားအားယားယား အာမချောင် နေနိုင်ပါဘူး။ တိုက်ပွဲထဲမှာ ဆိုရင် သူတို့ကို တိုက်ရိုက် ဆက်သွယ်ဖို့လည်း ခက်ပါတယ်။

ဒါကြောင့် အကောင်းဆုံး အကြံ တစ်ခု ပေးချင်တာက ဖြစ်လာမှ ဟိုလူကူပါ ဒီလူကူပါ လုပ်နေတာထက် အစောကြီး ကတည်းက ကိုယ့်လူကိုယ် CDM လုပ်၊ အလင်းဝင်ဖို့ ဖြောင့်ဖျပါ။ စခန်း အတိုက်ခံရမှ လက်နက် ချမယ် ဆိုရင် တိုက်ပွဲထဲမှာ ကိုယ့်အသက်ကို ဘယ်သူမှ အာမ မခံပေးနိုင်ပါဘူး။ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဘက်မှာ ရပ်တည်နေသမျှ ဒီလို ဖြစ်ရပ်မျိုးက တနေ့မဟုတ် သေချာပေါက် ကြုံရမှာမို့လို့ အချိန်ရှိတုန်း ရုန်းထွက် ကြပါလို့ပဲ ပြောချင်ပါတယ်။

Zin Thaw Naing

26 Dec, 18:28


စစ်ရှုံးကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ စစ်ခွေး အလောင်းများနဲ့ လက်နက် ခဲယမ်းများ

Zin Thaw Naing

26 Dec, 03:53


ဒီတယ်လီဂရမ် ချန်နယ်ကို လှိုင်ပကဖ ကနေ တည်ထောင်ထားတာ ဖြစ်ပြီး လှိုင်မြို့နယ် အတွင်းက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေနဲ့ တခြား တော်လှန်ရေး သတင်းတွေ ပုံမှန် တင်ပေး နေပါတယ်။

https://t.me/hlaingpeopleinfo

Zin Thaw Naing

23 Dec, 15:39


မာနယ်ပလော စစ်ရှုံးကောင်စီ ၉၁၃ (နို့ဒေး) စခန်းမှ အရှင် ဖမ်းဆီးခံရသည့် ခမရ ၃၃၈ တပ်ရင်းမှူး ဖြိုးသီဟ ကို KNDO ဗျူဟာမှူးမှ စစ်ဆေးနေစဉ်။

Zin Thaw Naing

23 Dec, 12:27


ရန်ကုန်-မန္တလေး အမြန်လမ်းကို ပြည်သူ့ ကာကွယ်ရေး တပ်များက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို တော်လှန်ရေးအခြေအနေတွေ အကြောင်း အသိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Natogyi People Defense Force က ထုတ်ပြန်ပါတယ်။

Zin Thaw Naing

22 Dec, 15:49


တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ ရှိပါပြီ။

Infographic - People’s Spring

Zin Thaw Naing

22 Dec, 08:29


ဗန်းမော်မြို့၊ အမှတ် ၃၅၂ အမြောက်တပ်ရင်းကို တော်လှန်ရေး တပ်များ သိမ်းပိုက်ခဲ့ပြီး လက်နက် ခဲယမ်း အမြောက်အမြား ရရှိခဲ့ပါတယ်။

Zin Thaw Naing

02 Dec, 14:12


မန္တလေး ဂေါဝန်ဆိပ်မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ယူနီကွန်း ပျောက်ကျား တပ်ဖွဲ့က ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်း

Zin Thaw Naing

01 Dec, 12:55


ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ တော်လှန်ရေး တပ်တွေ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ခွေး အလောင်းတွေကို စစ်ရှူံး ကောင်စီ တပ်တွေက ကောင်းကောင်း မွန်မွန် မြေမမြုပ်ပေးဘဲ ဥတစ်လုံးတောင်ပေါ်မှာ ပစ်စလက်ခတ် စွန့်ပစ်ခဲ့တာကြောင့် အပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေလို့ PDF တပ်ဖွဲ့တွေက ရှင်းလင်း နေရပါတယ်။

Zin Thaw Naing

30 Nov, 15:45


ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်ရှုံးကောင်စီ တပ်စခန်းကို ချင်းတော်လှန်ရေး တပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ရာ ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး အဆင့်ရှိစစ်ခွေး ၃ ကောင် သေဆုံးကာ စစ်ခွေး ၁၉ ကောင်ကို အရှင် ဖမ်းဆီးရမိ ခဲ့ပါတယ်။

Zin Thaw Naing

29 Nov, 07:06


ရခိုင်ပြည်၊ ဂွမြို့အနီးမှာ စစ်ရှုံးကောင်စီ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ခွေး ၅၀ ကျော်သေဆုံးပြီး ၄ ကောင် အရှင်ဖမ်းဆီး ရရှိခဲ့ ပါတယ်။

Zin Thaw Naing

27 Nov, 09:18


ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာတဲ့ စစ်ရှုံးကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄၀ ကျော်သေဆုံးပြီး ၆ ကောင်အရှင်ဖမ်းမိကာ လက်နက် ၂၂ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

Zin Thaw Naing

26 Nov, 05:29


ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထော စစ်ရှုံးကောင်စီ တပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်ခွေးတွေကို တော်လှန်
ရေး ပူးပေါင်းတပ်တွေ လိုက်လံ တိုက်ခိုက်ခဲ့ရာ ခွေး ၁၀ ကောင်ခန့် ထပ်မံ သေဆုံးပြီး လက်
နက်ခဲယမ်းတွေ ရရှိခဲ့ပါတယ်။

Zin Thaw Naing

21 Nov, 14:53


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စစ်ရှုံးကောင်စီတပ်ရဲ့ ခမရ ၇၀၁ တပ်ရင်းမှ ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်တဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေ ကြားဖြတ် တိုက်ခိုက်ရာ စစ်ခွေး ၁၂ ကောင် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်ပါတယ်။

Zin Thaw Naing

21 Nov, 10:32


ကန်ပိုက်တည်မြို့၊ မြန်မာ-တရုတ် နယ်စပ်ဂိတ်မှာ စိုက်ထူလိုက်တဲ့ ကချင် အလံတော်

Zin Thaw Naing

21 Nov, 10:18


တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၈၈ မြို့ ရှိပါပြီ။

Infographic- People’s Spring

Zin Thaw Naing

20 Nov, 16:16


သတင်းတွေ ဖတ်ရတာ အားရှိလှတယ်။ KIA က တရုတ် တားနေတဲ့ကြားက တရုတ် နယ်စပ်မြို့ ကန်ပိုက်တည်ကို အပြီးသတ် သိမ်းလိုက်တယ်။ ဒါဟာ ကချင် အထူးဒေသ ၁ လို့ သတ်မှတ်ထားတဲ့ စစ်ကောင်စီ ဘက်တော်သား ဇခုန်တိမ့်ယိမ်းရဲ့ စိုးမိုးနယ်မြေ အားလုံးကို ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သဘောပဲ။ တစ်ဘက်မှာလည်း တော်လှန်ရေး ဘက်တော်သားတွေ တရုတ်ရဲ့ ဖိအားကို စောင်ဂရု စိုက်စရာ မလိုဘူး ဆိုတဲ့ သတင်းစကား ပါးလိုက်တဲ့ သဘောပဲ။

KIA က ခြေသံလုံလုံနဲ့ တောက်လျှောက် သိမ်းလာတာ အခုဆိုရင် ကချင် အရှေ့ပိုင်း တခြမ်းလုံး ရပြီးသွားပြီ။ အနောက်ပိုင်းကိုလည်း စစ်ကိုင်းဘက်က တော်လှန်ရေး အင်အားစုတွေနဲ့ ပေါင်းပြီး တောက်လျှောက် ဖိအားပေးနေတယ်။ အခုဆို စစ်တပ်ဘက်က အားပေးနေတဲ့ ရှမ်းနီတွေကိုပါ ဆော်နေပြီ။ တကယ်ဆို ရှမ်းနီတွေက ၂၀၂၂ ခုနှစ်အထိ စစ်တပ်နဲ့ ချနေရင်းက လမ်းမှား ရောက်ပြီး တပ်နဲ့ သွားပေါင်းမိတာ။ ခုတော့ KIA က လိုက်သိပ်တာ ခံနေရပြီ။

လားရှိုးဘက်မှာလည်း MNDAA က တပ်အင်အားတွေ ထပ်ဖြည့်နေတယ်လို့ သတင်းကြားတယ်။ မှန်းထားတဲ့ အတိုင်းပဲ ကိုးကန့်တပ်က လားရှိုးကို ပြန်ပေးဖို့ အစီအစဉ် ရှိပုံမရဘူး။ ဖုန်တာရွှင် တရုတ်ဘက်မှာ ပိတ်မိနေပေမယ့် ကျန်တဲ့ ခေါင်းဆောင်တွေက တပ်ကို ကောင်းကောင်း စီမံ ကွပ်ကဲနေတယ်။ တပ်ကလည်း စစ်သင်တန်းဆင်းခါစ လူငယ်တွေကို လူသားဒိုင်း လုပ်ပြီး အသေခံ တက်လာမယ့် အခြေအနေ ရှိလို့ ပွဲက ကြမ်းဦးမယ့် သဘောပဲ။

တရုတ်ကတော့ ဘက်ရွေးမှားတဲ့ အခြေအနေပဲ။ ဆယ်စုနှစ် များစွာ သူနဲ့ ဆက်ဆံရေး ကောင်းခဲ့တဲ့ EROs တွေကို ကျောခိုင်းပြီး သစ္စာမရှိ၊ ကတိမတည်တဲ့ မင်းအောင်လှိုင်လို လူမျိုးဘက်မှာ ပုံလောင်းလိုက်တဲ့ လုပ်ရပ်အတွက် ဆုံးရှုံးနစ်နာမှု တွေတော့ မလွဲမသွေ တွေ့ရမှာ အသေအချာပဲ။ အခုဆိုရင်ပဲ မြောက်ပိုင်း အဖွဲ့တွေ အပေါ်မှာ သူ့ရဲ့ ဩဇာ မညောင်းတော့တာ လက်တွေ့ မြင်နေရပြီ။ နောက်ထပ် ဘာတွေ နစ်နာဆုံးရှုံး ရဦးမလဲ ဆိုတာ ကတော့ ပိတ်ကားပေါ်မှာသာ ဆက်ပြီး စောင့်ကြည့်ပေတော့။

Zin Thaw Naing

20 Nov, 05:57


ပုံနှင့်တကွ ဖော်ပြခြင်း

Zin Thaw Naing

19 Nov, 15:31


◾️ သမိုင်းပညာရှင် ဖြစ်ချင်ခဲ့တဲ့ စစ်ဦးစီးချုပ်

“တကယ်ဆို ကျွန်တော်က တိုက်ရ ခိုက်ရတာတွေ ဝါသနာ မပါဘူးဗျ။ ကျွန်တော့်ဘာသာ အေးအေးဆေးဆေး သမိုင်းစာအုပ်တွေ ဖတ်နေရရင်ပဲ ကျေနပ်နေတာ”

ဒီစကားကို ပြောခဲ့သူကတော့ မင်းအောင်လှိုင်ရဲ့ စစ်ရှုံးကောင်စီ တပ်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ MNDAA ရဲ့ စစ်ဦးစီးချုပ် ဖုန်တာရွှင် (Peng Daxun) ပဲ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က VOA နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး စစ်ဦးစီးချုပ် တစ်ယောက် ဖြစ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြောင်းနဲ့ ကံကြမ္မာက သူ့ကို အခုနေရာ တွန်းပို့ခဲ့တာ ဖြစ်ကြောင်းလည်း ဖုန်မျိုးနွယ်က ဆိုပါတယ်။

လက်ရှိ အချိန်မှာ အသက် ၅၉ နှစ်ခန့် ရှိပြီလို့ ခန့်မှန်းရတဲ့ ဖုန်တာရွှင်ဟာ နာမည်ကြီး ကိုးကန့် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဖုန်ကျားရှင်ရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။ သူဟာ ဖခင်ရဲ့ ကိုးကန့် စစ်ဦးစီးချုပ် နေရာကို ဆက်ခံဖို့ အလားအလာ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပေမယ့် ငယ်စဉ် ကတည်းက စစ်ပညာတွေ လေ့လာဖို့ထက် သမိုင်း စာအုပ်တွေ ဖတ်ရတာကိုပဲ ပိုပြီး စိတ်အား ထက်သန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက ကိုးကန့်တပ်တွေကို နယ်ခြားစောင့် BGF တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးတာကို ဖုန်ကြားရှင်က လက်မခံ ခဲ့တဲ့အတွက် မြန်မာစစ်တပ်နဲ့ စစ်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ အင်အားချင်း မမျှတာကြောင့် ကိုးကန့်တွေ စစ်ရှုံးပြီး ဖုန်မိသားစုဟာ တရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။

ဒီအခါမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဖုန်ကြားရှင်ဟာ သူ့ရဲ့ သားကြီး ဩရသ ဖုန်တာရွှင်ကို စစ်ဦးစီးချုပ် အရိုက်အရာ လွှဲအပ်ခဲ့ ပါတယ်။ ဖုန်တာရွှင်မှာ တပ်ပျက်မှာ ဗိုလ်လုပ်ရသလို ဖြစ်ခဲ့ပေမယ့် အရည်အချင်း ရှိတဲ့ ပညာတတ် တစ်ယောက် ဖြစ်တာကြောင့် တပ်ကို စနစ်တကျ ပြန်လည် တည်ဆောက် ခဲ့ပါတယ်။

“ကျွန်တော် ဒီနေရာကို အခြေအနေအရ တာဝန်ယူ ခဲ့ရတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ စစ်တပ်ရဲ့ မတရားသဖြင့် ဖိအားပေးမှုကို မခံနိုင်လို့ လုပ်ခဲ့တာ။ ကျွန်တော်က လက်နက်ကိုင် တော်လှန်ရေးတွေ၊ ကိုယ်ခံပညာတွေကို စိတ်မဝင်စားခဲ့ဘူး။ နိုင်ငံရေးကိုလည်း စိတ်မဝင်စားခဲ့ဘူး” လို့ ဖုန်တာရွှင်က အင်တာဗျူးထဲမှာ ထည့်ပြော ခဲ့ပါတယ်။

သူတည်ဆောက်ခဲ့တဲ့ စစ်တပ်ဟာ ၂၀၁၅ မှာ တစ်ကြိမ်၊ ၂၀၁၇ မှာ တစ်ကြိမ် လောက်ကိုင်ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ ခုခံခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ် တော်တော် အထိနာခဲ့ပြီး တရုတ်အစိုးရက နောက်ကွယ်က ပံ့ပိုးနေလို့ သူတို့ အခုလောက် တိုက်နိုင်တာ ဆိုပြီး စွပ်စွဲ ပြောဆို ခဲ့ပါတယ်။

၂၀၂၁ မှာ မင်းအောင်လှိုင်ရဲ့ အာဏာလုတဲ့ ဖြစ်စဉ်ကြီး ပေါ်ပေါက်ခဲ့တဲ့ အခါ မြန်မာပြည်သူ တွေရဲ့ တွန်းလှန် ဆန့်ကျင်မှုနဲ့အတူ MNDAA လည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ သူတို့ တပ်ဖွဲ့ဟာ AA၊ TNLA တို့နဲ့ မဟာမိတ် ဖွဲ့ပြီး ညီနောင် သုံးဖော် အဖြစ်နဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။

တကယ်တမ်း ကြီးကြီးမားမား အောင်မြင်မှုတွေ ကိုတော့ ၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ဆင်ရေး ပထမပိုင်းမှာ သူတို့ တပ်တွေဟာ မြို့ ၂၀ နီးပါးနဲ့ စစ်စခန်း ၄၀၀ ကျော်ကို သိမ်းပိုက် နိုင်ခဲ့ပြီး ၂၀၂၄ စစ်ဆင်ရေး ဒုတိယပိုင်း မှာတော့ လားရှိူးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီး ကိုပါ သိမ်းပိုက် လိုက်တာကြောင့် မြန်မာစစ်တပ် သမိုင်းမှာ ပထမဆုံး ကျရှုံးတဲ့ စစ်ဌာနချုပ် အဖြစ် မှတ်တမ်း ဝင်စေခဲ့ပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ သူတို့ ထောက်ခံသူတွေဟာ အခုလို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်နေတဲ့ အပေါ်မှာ သူတို့ အရည်အချင်း ညံ့ဖျင်းလွန်းမှုကို ဖုံးကွယ်ပြီး တရုတ်အစိုးရက နောက်ကွယ်က ပံ့ပိုး နေလို့ ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

တကယ်တမ်းမှာ MNDAA နဲ့ ညီနောင် အဖွဲ့တွေဟာ တရုတ်ရဲ့ ကြားဝင် နှောက်ယှက် နေမှုကြောင့် အခုလောက်သာ လုပ်နိုင်ခဲ့တာပါ။ တရုတ်က အတင်းအကြပ် ဖိအားပေးပြီး ချုပ်ခိုင်းခဲ့တဲ့ ဟိုင်ဂင် သဘောတူ စာချုပ်သာ မချုပ်ဖြစ်ခဲ့ရင် အဲဒီ ကတည်းက မန္တလေးကို သိမ်းနိုင်တယ်လို့ မြောက်ပိုင်း ညီနောင် သုံးဖော်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာလည်း လားရှိုးနဲ့ ရမခကို သိမ်းပိုက်ထားတဲ့ MNDAA တပ်တွေကို စစ်ရှုံး ကောင်စီတပ်တွေက ဘယ်လိုမှ ပြန်တိုက်ဖို့ အစွမ်းအစ မရှိတာကြောင့် မင်းအောင်လှိုင် ကိုယ်တိုင် တရုတ် အစိုးရ တာဝန်ရှိသူတွေကို ခြေသလုံးဖက်ပြီး တောင်းဆို ခဲ့တာ တွေ့ရပါတယ်။ သူအာဏာ မြဲဖို့ အတွက် မြန်မာပြည်ထဲက စီမံကိန်းတွေကို အလကား နီးနီး စျေးနဲ့ တရုတ် လက်ထဲ ထိုးထည့်ပြီး တောင်းဆိုခဲ့တာကို တရုတ်ကလည်း လက်ခံပုံ ရပါတယ်။

Zin Thaw Naing

19 Nov, 15:31


ဒါကြောင့် ကိုးကန့်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ကပိတ်ထားပြီး လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ် နဲ့ လူအင်အားဖြတ် ဆိုတဲ့ ဖြတ်ငါးဖြတ်ကို လနဲ့ချီ အောင်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ ဖုန်တာရွှင်ကို ကူမင်းမှာ ခေါ်တွေ့ပြီး လားရှိုး ပြန်ပေးလိုက်ဖို့ ဖိအားပေး တောင်းဆိုပါတယ်။

ဖုန်တာရွှင်ကတော့ သူတို့ရဲဘော်တွေရဲ့ အသက် သွေးချွေးတွေ စတေးပြီး ရရှိထားတဲ့ အောင်မြင်မှုကို လွယ်လွယ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် တရုတ် တာဝန်ရှိသူတွေက မြန်မာပြည် ပြန်ခွင့် မပြုဘဲ အကျယ်ချုပ် သဘောမျိုး ထားထားတယ်လို့ သတင်းထွက် နေပါတယ်။

တရုတ်အစိုးရရဲ့ နောက်ဆုံး သတင်းထုတ်ပြန်မှု မှာလည်း ဖုန်တာရွှင်ဟာ ကူမင်းမှာ ဆေးကုသမှု ခံယူနေတယ်လို့ အတည်ပြုခဲ့တာကို ကြည့်ရင် သူတို့ လိုချင်တဲ့ရလဒ် မရသေးလို့ ပြီး ဆက်လက် ဖိအားပေး နေပုံ ရပါတယ်။ ဒါပေမယ့် တိုက်ရည် ခိုက်ရည် အံ့မခန်း ထက်မြက်တဲ့ စစ်တပ်ကြီး တစ်တပ်ကို ဆယ်စုနှစ် တစ်ခုအတွင်း တည်ဆောက်ခဲ့တဲ့ စစ်ဦးချုပ် တစ်ယောက်ဟာ လက်ရှိ အကြပ် အတည်းကို အကောင်းဆုံး ပုံစံနဲ့ ဖြတ်ကျော် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Zin Thaw Naing

18 Nov, 10:50


MNDAA ခေါင်းဆောင် ဖုန်တာရွှင် တရုတ်ကို ရောက်နေတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက။ အခုဆို တစ်လနီးပါး ရှိပြီ။ လားရှိုးကို မင်းအောင်လှိုင်ရဲ့ စောင်ပေါတပ်က သူတို့ဘာသာ ဘယ်လိုမှ ပြန်သိမ်းနိုင်စွမ်း မရှိလို့ ဒီအတိုင်း ပြန်ပေးလိုက်ပါ ဆိုပြီး ခေါ်ညှိနေတာ။

ဒါပေမယ့် ဖုန်တာရွှင်က လက်မခံဘဲ ငြင်းဆန်ထားလို့ ပြန်မလွှတ်ဘဲ တောက်လျှောက် ဖိအားပေး နေတာ။ ခုချိန်ထိ ဘယ်နယ်မြေမှ ပြန်မပေးဖို့ ဖုန်တာရွှင်က သူ့တပ်မှူးတွေကို မှာထားခဲ့တယ်လို့ ကြားတယ်။ ခေါင်းဆောင် မရှိတဲ့ တပ်ကိုတောင် မင်းအောင်လှိုင် တပ်တွေ တစ်လလုံးလုံး တိုက်နေတာ အခုထိ အရာမယွင်းသေးဘူး။

ပြောရရင် တရုတ်ကလည်း ဗိုက်နာနေပြီ။ နယ်စပ်ဂိတ်တွေ ပိတ်တယ်ဆိုတာ နှစ်ဘက်သွား ဓားပဲ။ ကိုယ့်ဘက် ထိခိုက်သလို သူတို့ဘက်လည်း နစ်နာတာပဲ။ ကုန်းတွင်းပိတ် ပြည်နယ် ယူနန်က မြန်မာနဲ့ ကုန်သွယ်မှု မရှိဘဲ ရေရှည် သွားလို့ မရဘူး။ ပိုဆိုးတာက မြေရှားထွက်တဲ့ နယ်စပ် ဂိတ်တွေပါ ကိုယ့်ဘက်က ပိတ်ထားလို့ တရုတ် ခေါင်းကိုက်နေတယ်။


ခုချိန်က တော်လှန်ရေး အတွက် အရေးပါတဲ့ အချိန် ဖြစ်နေပြီ။ ကံကောင်းရင် နေ့ချင်းညချင်းလည်း အောင်သွားနိုင်သလို ကံဆိုးရင် အစကနေ ပြန်စရမယ့် အခြေအနေလည်း ဖြစ်သွားနိုင်တယ်။ တော်လှန်ရေးကို အာရုံစိုက်ကြပါ။ အရေးမပါတဲ့ ကိစ္စတွေနဲ့ လိုင်းပေါ်မှာ အာရုံနောက် မခံကြနဲ့။ မြေပြင်တပ်တွေရော ထောက်ပို့နေတဲ့ ပြည်သူတွေရော လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ကြရမယ့် အချိန် ဖြစ်နေပြီ။

Zin Thaw Naing

16 Nov, 16:30


နောင်ချိုမြို့ တောင်းခမ်းကျေးရွာမှာ ယနေ့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ရှုံးကောင်စီရဲ့ ခမရ ၂၁၃ တပ်ရင်းမှူး အဆင့်ရှိသူနဲ့ အရာရှိ စစ်ခွေးများ အပါအဝင် ခွေးအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ရခဲ့တယ်လို့ TNLA က ကြေညာပါတယ်။

Zin Thaw Naing

13 Nov, 11:28


KNU တပ်မဟာ‌ ၇ မာနယ်ပလော ဒေသမှာ ရှိတဲ့ ကဆောဝါးလေး စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် စစ်ရှုံးကောင််စီ တပ်ဖွဲ့ဝင်တွေ စခန်းစွန့််ပြီး အသက်လု ထွက်ပြေး သွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ်။

Zin Thaw Naing

12 Nov, 05:47


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ စစ်ရှုံးကောင်စီရဲ့ ကူးဆိပ်တံတား လုံခြုံရေး စခန်းကို တော်လှန်ရေးတပ်တွေ တိုက််ခိုက် သိမ်းပိုက်ရာမှာ စစ်ခွေး ၈ ကောင် သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ပါတယ်။

Zin Thaw Naing

12 Nov, 05:45


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ နောက်တန်းပြန် စစ်ရှုံးကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး တပ်တွေ​ ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ခွေး ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

Zin Thaw Naing

07 Nov, 11:07


မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာ ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်လာတဲ့ စစ်ခွေး နှစ်ကောင်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်အဆင့် ရှိတဲ့ စစ်ခွေး တစ်ကောင်နဲ့ တပ်သား တစ်ကောင် သေဆုံးပြီး လက်နက်တွေ ရရှိခဲ့ပါတယ်။

Zin Thaw Naing

04 Nov, 14:14


ကချင်ပြည်နယ်၊ ဖီမော်မြို့နယ်က ကန်ဖန့်ရွာကို ကချင် တော်လှန်ရေး တပ်များ သိမ်းပိုက်အပြီး ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေစဉ်။ အဲဒီ တိုက်ပွဲမှာ စစ်ရှူံးကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်ချ အလင်းဝင်ခဲ့ ပါတယ်။

Zin Thaw Naing

04 Nov, 04:13


တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားပြီးတဲ့ မြို့ပေါင်း ၈၆ မြို့ ရှိပါပြီ။

Infographic - People’s Spring

Zin Thaw Naing

03 Nov, 14:46


လောင် အပိုင်း (၇၈)

Zin Thaw Naing

03 Nov, 14:39


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းက ဆုတ်ခွါထွက်ပြေးသွားတဲ့ စစ်ရှုံးကောင်စီ တပ်တွေကို တော်လှန်ရေး တပ်တွေ လိုက်လံ ချေမှုန်းရာမှာ စစ်ခွေး ၁၄ ကောင် သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူ သုံးကောင် အပါအဝင် ၁၇ ကောင်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိခဲ့ပါတယ်။

ရုပ်သံ - BPLA

Zin Thaw Naing

03 Nov, 01:50


ကချင်ပြည်နယ်၊ ဖီမော်မြို့ကို တော်လှန်ရေး တပ်များ သိမ်းပိုက်ပြီးနောက် စစ်ရှုံးကောင်စီ အလံကို ဖြုတ်ချပြီး ကချင်အလံ လွှင့်တင်နေစဉ်

Zin Thaw Naing

01 Nov, 15:51


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လဂွေကျေးရွာက စစ်ရှုံးကောင်စီနဲ့ ပြည်သူ့စစ် စခန်းတွေကို ကချင် တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ မြင်ကွင်း

Zin Thaw Naing

31 Oct, 06:20


ပင်လည်ဘူးမှာ စစ်ရှုံးကောင်စီ ရဟတ်ယာဉ် လူတင်နေတုန်း ပစ်ခတ်ခံရတဲ့ ရုပ်သံဖိုင်

Zin Thaw Naing

30 Oct, 10:25


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက စစ်ရှုံးကောင်စီရဲ့ အခြေစိုက် စခန်းကြီး တစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား ရရှိခဲ့ပါတယ်။

Zin Thaw Naing

27 Oct, 11:36


ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူ တက်လာတဲ့ စစ်ရှုံးကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်ခွေးအများအပြား သေဆုံးပြီး လက်နက် ခဲယမ်းတွေ ရရှိခဲ့ပါတယ်။

Zin Thaw Naing

27 Oct, 03:46


ဒီနေ့ဟာ မင်းအောင်လှိုင်ရဲ့ လက်နက်ကိုင် အကြမ်းဖက် တပ်ဖွဲ့ကို စစ်ရှူံးကောင်စီတပ် ဆိုပြီး နာမည်တွင်လောက်အောင် ခွက်ခွက်လန် ရှုံးနိမ့်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီး တစ်နှစ်တိတိ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၁၀၂၇ ကို MNDAA, TNLA တို့နဲ့ AA တို့ ညီနောင် သုံးဖော် အဓိက ပါဝင်ပြီး စတင်ခဲ့တာ ဖြစ်ပေမယ့် တနိုင်ငံလုံးက တော်လှန်ရေး တပ်တွေ ဟန်ချက်ညီညီ လိုက်ပါ ဆင်နွှဲခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ ထင်မှတ်မထားတဲ့ အချိုးအကွေ့ အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့သလို ဒီစစ်ဆင်ရေးနဲ့ ဆကိစပ်ပြီး ရရှိခဲ့တဲ့ အောင်မြင်မှုတွေကလည်း အများကြီးပါပဲ။

အရေးပါတဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင် ၁၀၂၇ ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းအတွင်း တနိုင်ငံလုံးမှာ မြို့ပေါင်း ၈၅ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သလို နိုင်ငံ ဧရိယာရဲ့ သုံးပုံ နှစ်ပုံလောက် အထိကို တော်လှန်ရေး တပ်တွေ စိုးမိုးထားနိုင်ခြင်း၊ လူအင်အား၊ လက်နက် အင်အား အပြည့်နဲ့ တိုက်ရည် ခိုက်ရည် ကောင်းတဲ့ MDY PDF လို တော်လှန်ရေး တပ်ဖွဲ့ အများအပြား ပေါ်ပေါက်လာခြင်း၊ ရမခလို စစ်ဌာနချုပ်ကြီးတွေ ကိုပါ သိမ်းယူပြပြီး အကြမ်းဖက် စစ်တပ်ဆိုတာ လက်နက်ကိုင် ဓားပြအဖွဲ့ အဆင့်သာ ရှိကြောင်း နိုင်ငံတကာကို သိစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မပြီးဆုံးသေးတဲ့ ၁၀၂၇ ဒုတိယပိုင်း နဲ့အတူ တိုက်ပွဲတွေ တနိုင်ငံလုံးမှာ ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ စစ်ရှုံးကောင်စီဟာ သူတို့ရဲ့ ကြီးမားတဲ့ အရှုံးကြီးတွေကို အစပြုခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးကြီး တနှစ်ပြည့်တဲ့ နေ့မှာ သူတို့ရဲ့ တခုတည်းသော အသက်ရှုပေါက် လေကြောင်းနဲ့ ရှုံးမဲမဲပြီး အကြီးအကျယ် တိုက်ခိုက် ဖျက်ဆီးတာတွေ လုပ်လာနိုင်ပါတယ်။ အလားတူ သူတို့ စိုးမိုးထားနိုင်သေးတဲ့ နယ်မြေတွေ၊ လက်လှမ်းမီသေးတဲ့ ဒေသတွေမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူမဆန်တဲ့ ရက်စက်မှုတွေ လုပ်လာနိုင်တဲ့ အတွက် ပြည်သူများ သတိပြု နေထိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

Infographic - Myanmar Now

Zin Thaw Naing

26 Oct, 12:39


ရှေ့တန်းမှာ သေတာတောင် နာရေးဖိတ်စာမှာ ရာထူး တပ်မရေးရဲတဲ့ စစ်ခွေး ဗိုလ်မှူး လွင်ကိုကိုထွေး

Zin Thaw Naing

25 Oct, 07:41


တကယ်ပြောတာ။ သန်းရွှေသာ ဆယ်စုနှစ် နှစ်ခုလောက် တိုင်းပြည်ကို ဒုက္ခပေးသွားပြီး ဘဝ နေဝင်ချိန်ကို အေးအေးလူလူ ဖြတ်သန်းခွင့် ရသွားမယ် ဆိုရင် ကိုယ်တွေ တော်တော်ကို မခံချိ မခံသာ ဖြစ်ရမှာ။ တစ်သက်လုံး ယုံကြည်ထားတဲ့ ကံ ကံ၏ အကျိုးတွေ၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုတွေ မြောင်းထဲလွှင့်ပစ် လိုက်ရမှာ။

ခွေးပု အာဏလုတဲ့ ကိစ္စမှာ ကောင်းကွက် တကွက်က သန်းရွှေကြီး စိတ်ကြိုက် ဆွဲထားတဲ့ Exit Strategy ကြီး ဖရိုဖရဲ ဖြစ်သွားတာပဲ။ သူ့ရဲ့ ၂၀၀၈ ခြေဥ ကြီးလည်း အမှိုက်ပုံးထဲ ရောက်သွားသလို သူကိုယ်တိုင် လည်း အနာဂတ် မရေမရာ ဖြစ်လာတယ်။ ခွေးပုကလည်း ရဲထွဋ်တို့၊ မြင့်လှိုင်တို့လို သန်းရွှေ တပည့်ရင်းတွေ တယောက်ပြီး တစ်ယောက် အပျောက်ရှင်း နေသလို သူ့သမက်ဟောင်း၊ သူ့အချစ်ဆုံး မြေးရဲ့ အဖေ ကိုတောင် အထှာမထားတဲ့ အကွက် လုပ်ပြလိုက်တော့ နောက်တဆင့်က သူ့အလှည့်ပဲ ကျန်တော့တယ်။

တကယ်ဆို ခွေးပု လက်မဦးခင် နေရွှေသွေးအောင်တို့ ဘက်က ခြေမြန်လက်မြန် လုပ်နိုင်မှ သူ့အဘိုး သက်သာမှာ။ လုပ်ရင်လည်း ထိထိရောက်ရောက် သာလုပ်။ နေဝင်းမြေးတွေလို ဘိုးတော်တွေ ဓာတ်ဆရာ နတ်ဆရာတွေနဲ့ စောင်ပေါကွက် သွားလုပ်ရင်တော့ ဟိုက တဆုံးလိုက်ကြိတ်မှာ။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေကတော့ Dog eat Dog ဇာတ်ကားကို ထိုင်ပြီး အားပေးရတာ အရှုံးမရှိပါဘူး။

Zin Thaw Naing

24 Oct, 14:48


လူတစ်ယောက်ကို အရှင်လတ်လတ် ခြေတွေ လက်တွေ ခုတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင် တစ်ခုကို PDF တွေ ဒလံရှင်းတယ် ဆိုတဲ့ ပုံစာထိုးပြီး တယ်လီဂရမ် ချန်နယ်တွေမှာ အကောင့်ပုန်းတွေနဲ့ လိုက်တင်နေတာ တွေ့ရပါတယ်။

ဗီဒီယိုဖိုင်ကို နားကြပ်နဲ့ သေချာ နားထောင် ကြည့်တဲ့အခါ

“မင်းလား … အရပ်သားက … “

“မင်း ဗမာ မဟုတ်ဘူးလား” ဆိုတဲ့ စကားသံတွေကို ကြားရပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘုတလင်မှာ ဖြစ်ခဲ့တဲ့ ရွာသားတွေကို ခြေလက်တွေ ခုတ်ဖြတ်ပြီး သတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။

အဲဒီဖြစ်ရပ် မတိုင်ခင်က ရက်အနည်းငယ်က ဘုတလင်ဘက်မှာ စကစ စစ်ကြောင်း တကြောင်းလုံး ပြုတ်အောင် အတိုက်ခံလိုက်ရတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဖြစ်စဉ်တစ်ခုလုံး ခြုံငုံသုံးသပ်ကြည့်ရင် ရှူံးမဲမဲတဲ့ စကစတပ်ဟာ အရပ်သားတွေကို PDF လို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံ ရပါတယ်။ ဒါကို ဖုံးကွယ်ဖို့ အတွက် PDF တွေကို လွှဲချဖို့ ဝါဒလိုက်ဖြန့် နေပုံ ရပါတယ်။

(ကျွန်တော့် ချန်နယ်မှာ လာတင်သွားတဲ့ ဗီဒီယိုဖိုင် ကိုတော့ စိတ်နှလုံး မနှစ်မြို့ဖွယ် ကောင်းတဲ့အတွက် သက်သေအဖြစ်သာ save ထားပြီး ဖျက်ချလိုက် ပါပြီ)

Zin Thaw Naing

24 Oct, 11:52


စစ်ရှူံးကောင်စီ ဘက်တော်သား ဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ် ခေါင်းဆောင် တစ်ယောက်ဟာ တစ်ဦးတည်း လက်နက်အလက် ၃၀ ယူဆောင် ရပြီး KIA ထံ အလင်းဝင် လာတယ်လို့ သိရပါတယ်။

Zin Thaw Naing

23 Oct, 01:53


ကန်ပိုက်တီ မြို့စောင့်တပ် BGF ၁၀၀၃ ကို ကချင် တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း

Zin Thaw Naing

22 Oct, 10:53


ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) က ၄င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ ဒေသခံ ပြည်သူများနှင့် ယနေ့ တွေ့ဆုံနေစဉ်

Zin Thaw Naing

21 Oct, 15:03


ယူနီဖောင်းတောင် ပြန်မသိမ်းနိုင်ဘဲ ခွေးပြေးဝက်ပြေး ထွက်ပြေး သွားကြတဲ့ တပ်မ ၄၄

Zin Thaw Naing

21 Oct, 12:35


ကချင်ပြည်နယ်၊ ပန်ဝါ မြို့သိမ်းတိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများ

Zin Thaw Naing

21 Oct, 03:24


စစ်ရှုံးကောင်စီ အုပ်ချုပ်မှု အောက်က လွတ်မြောက် သွားတဲ့မြို့ပေါင်း ၈၅ မြို့ ရှိပါပြီ။

Infographic - People’s Spring

Zin Thaw Naing

20 Oct, 09:35


မြဝတီမြို့နယ်၊ မြဝတီ - ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာမှာ ရှိတဲ့ စစ်ရှူံးကောင်စီတပ်​ ကာကင်းစခန်းသုံးခုက စစ်ခွေးတွေဟာ တော်လှန်ရေး တပ်တွေကို ကြောက်ရွံ့ ထိတ်လန့်ပြီး စခန်းစွန့်ကာ အသက်လု ထွက်ပြေး သွားတယ်လို့ သိရပါတယ်။

Zin Thaw Naing

19 Oct, 09:01


တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့က ပြည်သူစစ် ခေါင်းဆောင် စခုန်တိန့်ယိန်းရဲ့ နေအိမ်။ စခုန်တိန့်ယိမ်းဟာ ရန်ကုန်မြို့က တေဇရဲ့ နေအိမ်နဲ့ခြံကို ဝယ်ယူခဲ့သူလို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။

Zin Thaw Naing

19 Oct, 03:40


ထိုင်းထီ ဝါသနာပါရင် ဒီမှာအားပေးလို့ ရပါတယ်။ ကြိုက်တဲ့ ထီဂဏန်းရှိရင် @Suleatphyu ကို မက်ဆေ့ပို့ပြီး ပြောလို့ ရပါတယ်။

https://t.me/susuvlog/4215

Zin Thaw Naing

18 Oct, 18:39


KIA နဲ့ PDF တပ်တွေ ယနေ့ည ပန်ဝါမြို့ထဲ ဝင်လာတဲ့ မြင်ကွင်း

Zin Thaw Naing

18 Oct, 03:16


စွယ်တော်ကုန်း တိုက်ပွဲတွင် တော်လှန်ရေး တပ်များ ပြင်းပြင်းထန်ထန် ချေမှုန်း တိုက်ခိုက်မှုကြောင့် ကြေမွနေသော စစ်ရှုံးကောင်စီ၏ အခိုင်အမာ ဘန်ကာကြီးများ

Zin Thaw Naing

17 Oct, 13:47


TNLA က အလုံးစုံ သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် လှည့်လည် စစ်ဆေး ကြည့်ရှုနေစဉ်

Zin Thaw Naing

17 Oct, 04:35


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးက စစ်ရှူံးကောင်စီတပ်ရဲ့ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို တော်လှန်ရေးတပ်တွေ ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။