Khit Thit Media ခေတ်သစ်မီဒီယာ @khitthitmedianews Channel on Telegram

Khit Thit Media ခေတ်သစ်မီဒီယာ

@khitthitmedianews


Khit Thit Media ခေတ်သစ်မီဒီယာ
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
https://t.me/khitthitmedianews
https://t.me/khitthitmediagroup
https://t.me/earnppmoney2020_bot?start=r0

Khit Thit Media ခေတ်သစ်မီဒီယာ (Burmese)

ခေတ်သစ်မီဒီယာ သည် ရန်ကုန်တို့အတွင်းရှိသော သတင်းများကို ပြသပေးပါသည်။ ၂၀၁၈ နှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့သော သတင်းများ ရရှိပါသည။ ဤ သတင်းဌာနသည် ကလေးများနှင့် အမွေခံထားသော သတင်းများကို ပေါ်ရှင်ရယူပါသည။ စာရင်းများ အပြည့်အဝလို ပြည့်စုံရှင်ပေးပါသည။ ဆက်လက်။ သတင်းဌာနကို ရယူပါ၊ အကူအညီပေးပါ။ ဤ သတင်းဌာနက မြန်မာနိုင်ငံတို့၏ သတင်းအစီအစဉ်များကို လိုအပ်သည့်အခါများနှင့် ကြည့်ရှုရပါသည။ ဤ သတင်းဌာနကို ယခုကဲ့သို့ ဆွဲချိန်ပေးပါ။ အပြည့်အစုံရှင်များသည် အများစွာ အတွေ့အကြုံအသေးနှင့် အခြေခံပြုပြင်ဆွေးနိုင်သော သတင်းများကို ပြည့်စုံရှင်ပေးပါသည။ ဤသတင်းဌာနသည် နောက်ဆုံးအားလုံးတင်ပြရလိမ့်မည်ဟု သတင်းများအား ထုတ်ဝေခဲ့သော ကလေးများအဂြေအသေး အတွေ့အကြုံများကို ဤစာရင်းများမှ ရယူပေးစွမ်းရနိုင်သကဲ့သို့ တင်ဆက်နိုင်သည။ ဆက်လက်၊ သတင်းဌာနသည် မြန်မာမှ ဥပမာ ဓာတ်ပုံသတင်းကဏ္ဍ မလိုအပ်သည့် မြန်မာ မီယာမှ သရွေးချယ်ရသော သတင်းများကို လွယ်ကူအောင် သတင်းဌာနကို ဆွဲချိန်ပြနိုင်ပါသည။ သို့သော်။ နောက်ဆုံးအားလုံးသတင်းများရယူ ဖတ်ပါ။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:05


တိုင်းရင်းသားများ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တည်ငြိမ်အေးချမ်းမှ ပြန်ဖွင့်မည်ဟု တရုတ်ပြော
https://www.facebook.com/568312915396319/posts/931942909033316

တိုင်းရင်းသားများ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တည်ငြိမ်အေးချမ်းမှ ပြန်ဖွင့်မည်ဟု တရုတ်ပြော

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:04


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:04


မုံရွာမြို့နယ်ရှိ ကျေးရွာ ၂ ရွာ ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ထက်မနည်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့
https://www.facebook.com/568312915396319/posts/931922169035390

မုံရွာမြို့နယ်ရှိ ကျေးရွာ ၂ ရွာ ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ထက်မနည်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့



ရန်ကုန်၊ နိုဝင်ဘာ ၂၂



စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးအုပ်ရွာနှင့် ဘန်စီရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၁၉ ရက်နေ့ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မုံရွာမြို့နယ်၊ ရွှေမြင်တင်တောင် ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အဆို ပါ PDF စခန်း အနီးအနားဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက် ပစ်ခတ်စီးနင်းကြောင်း၊ ကျေးရွာများမှ ပြည်သူ ၂၀ ဦးကျော်ခန့်ကိုလည်း စစ်တပ်u ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။



နိုဝင်ဘာလ ၂၁ ရက်နေ့တွင်မူ စစ်တပ်စစ်ကြောင်းက မုံရွာမြို့နယ်၊ ကြီးအုပ်ရွာသို့ ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ကြီးအုပ်ရွာမှ ဘန်စီရွာသို့ ထွက်ခွာလာစဉ် ပြည်သူတချို့ကိုလည်း ထပ်မံဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ကာရံကာ ဘန်စီရွာအတွင်းသို့ ထပ်မံဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။



ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်း စစ်တပ်က ဘန်စီရွာတွင် တပ်စွဲပြီး ကြီးအုပ်ရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် ကျေးရွာ ၇ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။



"ကြီးအုပ်ရွာက နေအိမ်တွေကို မီးရှို့သွားတယ်။ ကြီးအုပ်ကနေ ဘန်စီရွာဘက်ကို ထွက်လာတော့ ပြည်သူတချို့ကို လူသားဒိုင်းလုပ်သွားပြီး ပြန်လွှတ်၊ မလွှတ် မသိရသေးဘူး။ ညပိုင်းကလည်း ဘန်စီရွာဘက်ကနေ ကြီးအုပ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခွေးစစ်ကြောင်းက နမခ ကနေ ထွက်လာတဲ့စစ်ကြောင်းပါ။​ မုံရွာမြို့နယ်အတွင်းမှာ စစ်ကြောင်းပတ်ထိုးနေတာ။ မုံရွာမြို့နယ် တဝိုက် မုံရွာအရှေ့ ရွှေမြင်တင်ဘက်မှာလည်း စစ်ကြောင်းထိုးတာ PDF စခန်း ၁ ခုအစီးနင်း ခံရပြီး လက်လုပ်သေနတ်တချို့ ပါသွားတယ်။ အနီးအနားက ပြည်သူ ၂၀ လောက်ကို ဖမ်းထားပြီးတော့ အဲဒီအထဲက ပြည်သူ ၄ ဦးကို PDF ဆိုပြီး စစ်ခွေးတွေက လိမ်လည် သတင်းထုတ်ပြန်တာတွေရှိတယ်။ PDF တွေ အကုန်လွတ်မြောက်တယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။



အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းများက မုံရွာမြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ် ဆောင်နေသည့်အပြင် မုံရွာမြို့ပေါ်တွင်လည်း လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း၊ အခြားတစ်ဖက်တွင်လည်း မုံရွာမြို့ပေါ်မှ လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။



ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ညပိုင်း မီးရှို့ဖျက်ဆီးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:03


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:03


ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ လှည်ကူးမြို့နယ်တွင် ပေါ်တာဆွဲမှုများနှင့် ငွေခြိမ်းခြောက်တောင်းမှုများဖြစ်ပွားနေ
https://www.facebook.com/568312915396319/posts/931900429037564

ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ လှည်ကူးမြို့နယ်တွင် ပေါ်တာဆွဲမှုများနှင့် ငွေခြိမ်းခြောက်တောင်းမှုများဖြစ်ပွားနေ



ရန်ကုန်၊ နိုဝင်ဘာ၂၂



မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် ၇ ရက်အတွင်း ကျေးရွာများမှ လူငယ် ၈၀ ကျော်ကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။



နိုဝင်ဘာ ၁၆ ရက်နေ့မှ စ၍ ယနေ့ အထိ ဝမ်းတွင်းမြို့ပေါ်နှင့် ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဆက်တိုက် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ ကံစွယ်ကျေးရွာ၊ ကုန်းရွာကျေးရွာ၊ ဒုန်းကုန်းကျေးရွာ၊ ရိုးရွာကျေးရွာ၊ ဒိုင်ကောင်းကုန်းကျေးရွာ၊ ညောင်ပင်လှကျေးရွာတို့အပါအဝင် အခြားကျေးရွာများမှ ဖြစ်ကြောင်း၊ စစ်တပ်က နေ့ည မရွေးဘဲ ကျေးရွာများအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းများပေါ်တွင် ဂိတ်ချ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။



“ စစ်တပ်က ဖမ်းတာမှာ ညောင်ပင်လှကျေးရွာကချည်းပဲ လူငယ်၂၀ ကျော်တယ် ။ ရွာတွေနဲ့ မြို့ပေါ်ပါဆိုရင် လူငယ်စုစုပေါင်း ၈၀ ကျော်တယ်။ စစ်တပ်က ဖမ်းတာ။ ဝမ်းတွင်းမြို့ သဲတောရထားဘူတာအနီးမှာလည်း ခွေးတွေက မနက်တိုင်းလိုလို စစ်ဆေး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။



လက်ရှိ စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ်များအားလုံးကို ဝမ်းတွင်း ရဲစခန်းတွင် ထားရှိထားကြောင်း ၊များမကြာမီ သက်ဆိုင်ရာ စစ်တပ်သင်တန်းကျောင်းများထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။



အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်း မြစ်သားမြို့နယ် ထိန်ကန်ကြီး ကျေးရွာမှ လူငယ် ၁၂ ဦးကိုလည်း စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။



ထို့ပြင် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာတွင်လည်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေကြေးခြိမ်းခြောက်တောင်းခံမှုများဖြစ်ပွားလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။



အကြမ်းဖက်စစ်တပ်က လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ စစ်မှုထမ်းရန်အတွက် လူငယ် ၂ ဦးတောင်းခံပြီး ယင်းလူငယ် ၂ ဦးကို ရရှိရန် မဲဖောက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ကျွန်းကလေးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သောင်းမှ ငွေကျပ် ၄ သောင်းအထိလည်း အတင်းအကျပ်ကောက်ခံနေကြောင်း သိရှိရသည်။



"စစ်မှုထမ်းမပါဖို့အတွက် တစ်အိမ်ထောင်ကို ယောင်္ကျား သားရှိရင် ငွေ ၄ သောင်းတောင်းတယ်။ ယောင်္ကျားသားမရှိရင် တစ်အိမ် ၂သောင်းဆိုပြီး လိုက်လံ ကောက်ခံ နေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။



အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ပြီး လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၈ အထိ ရောက်ရှိလာပြီဖြစ်သည်။



ဓာတ်ပုံ- စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံနေရသော လူငယ်များ။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:02


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:02


ဆိပ်ဖြူမြို့အနီး စစ်တပ်စစ်ဆေးရေးဂိတ်နှင့် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
https://www.facebook.com/568312915396319/posts/931885985705675

ဆိပ်ဖြူမြို့အနီး စစ်တပ်စစ်ဆေးရေးဂိတ်နှင့် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး



ရန်ကုန်၊ နိုဝင်ဘာ ၂၂



မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ဝေဝ နာရီ ၂၀ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့အနီး ဆော-ဆိပ်ဖြူ ကားလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်တစ်ဦးနှင့် တပ်သား ၁ ဦးသေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။



“ဂိတ်မှာက ၈ ယောက်လောက်ပဲရှိတာ၊ ထွက်မပြေးဘဲ ခံပစ်နေကြတာ၊ မြို့နဲ့ကလည်း နီးတယ်။ ထိတွေ့မှုက ၅ မိနစ် လောက်ပဲ၊ စစ်ကူကား ၃ စီးတက်လာလို့သာ လက်နက်မကောက် နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတာ” ဟု မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ် - ၁၉တပ်ရင်း ၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ နှင့် မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အထွက် မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်း စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ချောင်းဦးမြို့ထဲမှ မိုင်းရှင်းရန် ကန်တာကုန် ကား တစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့ အထွက် မုံရွာ-မန္တလေးလမ်းမ ပေါ် တနေရာအရောက် စစ်သားများကားပေါ်မှ ဆင်းသက်စဉ် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



“ပုံမှန်လမ်းမပေါ်တက်ပြီး မိုင်းရှင်းတဲ့ စခတွေပါ၊ ပုံမှန်က သံပြားကာနဲ့ထွက်နေကြ။ သံပြားကာ ကား ကလက်ရှိ မုံရွာထဲကို ထွက်သွားလို့ ကန်တာကားနဲ့ထွက်လာတာ၊ ၄ ယောက်သေတယ်လို့ သတင်းရ ထားတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေကို ချောင်းဦးဆေးရုံနဲ့ မုံရွာ ဆေးရုံကို ခွဲသယ်သွားတာ၊ တိုက်ခိုက်ခဲ့တာက ချောင်းဦးမြို့အထွက်မှာပဲ ဆိုတော့ သူတို့စိုးမိုးနယ်မြေ နဲ့ကပ်လျက်ပဲ။” ဟု Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။



အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ ၄ မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသောအကြမ်းဖက်စစ်သား ၄ ဦး၏အလောင်းများကို ခရီးသည်တင် Expressကားဖြင့် သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။



ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး စစ်ကြောင်း လှည့်လည်နေစဉ်။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:01


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 20:01


မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ
https://www.facebook.com/568312915396319/posts/931874155706858

မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ



ရန်ကုန်၊ နိုဝင်ဘာ ၂၂



မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။



ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ပေါင် ၅၀၀ ဗုံး ၄ လုံးနှင့် ပေါင် ၂၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချသည့် ဗုံးသီးများမှ ထွက်ပေါ်လာသော အငွေ့များကြောင့် လက်ရှိချိန်တွင် ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း အရေးပေါ် ကုသမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။



"ပြည်သူတွေ အတုံးအရုန်းဖြစ်ကုန်ပြီ အထိအခိုက်များတယ်။ အခုလေးတင် သယ်ထုတ်လာရတဲ့သူ ၈၀ ကျော်တယ်။ သတိပြန်ရတဲ့သူ နည်းတယ်။ တော်တော်များများ သတိမရသေးဘူး" ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။



ထိုသို့ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 15:28


Today Top Stories-ယနေ့ ထိပ်တန်းသတင်းများ
https://www.youtube.com/watch?v=udY4tTxhJUo

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 13:42


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=QGIzwTFd9k8

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 13:41


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=WJQnOT7lQxE

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 13:38


စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
https://aappb.org/bu?p=30269

ရက်စွဲ – နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့ပြီဖြစ်သည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၁၄၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။  ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် […]

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 13:37


Daily Briefing in Relation to the Military Coup
https://aappb.org/?p=30255

Date – 22  November 2024 Since the 1 February 2021 coup, a total of (5,982) people, including pro-democracy activists and civilians, have been killed by the junta and pro-military groups during the Spring Revolution.  Since the coup, a total of (27,702) people have been arrested by the junta in relation to its seizure of power. […]

Khit Thit Media ခေတ်သစ်မီဒီယာ

22 Nov, 03:33


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=xELO_fP3xTQ

Khit Thit Media ခေတ်သစ်မီဒီယာ

21 Nov, 16:47


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/931238802437060

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာပြည်သူများအပေါ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အလွန်မြင့်တက် တိုးမြှင့်လာမှုအပေါ် ဗြိတိန်သံအမတ်ကြီး ရှုတ်ချ

Khit Thit Media ခေတ်သစ်မီဒီယာ

20 Nov, 02:39


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=hy3xe6PM918

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:59


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:59


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/930033019224305

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်နှင့် စေတီတော်များ ပျက်စီး



ရန်ကုန်၊ နိုဝင်ဘာ ၁၉



တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်နှင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ က ပြောဆိုသည်။



ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ ခန့်တွင် ဘန်လောရွာအနီး ကျောက်ပုံတောင်တွင် စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများက အရှေ့ဘန်လောကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ်များနှင့် စေတီတော်များ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။



တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြရန် People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ က သတိပေး ပြောဆိုသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:16


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:16


ရေဦးနှင့် ကျောက်ကြီးရှိ စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြား
https://www.facebook.com/568312915396319/posts/930069139220693

ရေဦးနှင့် ကျောက်ကြီးရှိ စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြား



ရန်ကုန်၊ နိုဝင်ဘာ ၁၉



စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) ကပြောဆိုသည်။



နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တန့်ဆည်မြို့နယ်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုန်တိုင်ပင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးပြီး အနီးနားဝန်းကျင်ရှိ ကျေးရွာများကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့များ၏ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။



အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နှင့် ရေဦးမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။



အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ၊ ၁၂ နာရီ ၃၀ မိနစ်နှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရင်းတိုက်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် ပကဖ ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့က ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



"စစ်ခွေး ၁၀ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေး သေမသေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ဆုံးရှုံးခဲ့တယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ဒရုန်း ၄ စီးနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ" ဟု သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:15


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:15


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/930055262555414

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ



ရန်ကုန်၊နိုဝင်ဘာ ၁၉



ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:14


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

19 Nov, 18:14


မင်းဘူးနှင့် မြင်းမူ မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
https://www.facebook.com/568312915396319/posts/930051542555786

မင်းဘူးနှင့် မြင်းမူ မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး



ရန်ကုန်၊ နိုဝင်ဘာ ၁၉



မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော် ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများ အားလုံး စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘုရားအနီး ဘုရားရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း သိရသည်။



ယင်း အကြမ်းဖက် စစ်သားများသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုး ထုတ်ခြင်း ၊ မျိုးတုန်းပျောက် ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်း၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း ပြည်သူလူထုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ တိုင်ကြားလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ) နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကား ၁ စီးနှင့် မိုင်းရှင်း စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၅၈ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဒို့မြန်မာဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် မိုင်းရှင်းရန် ထွက်လာစဉ် အလ္လကပ္ပကျေးရွာအရှေ့ရှိ ကုက္ကိုလ်တန်းအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့မှ မြောင်လမ်းခွဲဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား ၁ စီးကိုလည်း အလ္လကပ္ပကျေးရွာအနောက် ဘက်အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



“ခြေလျင်ရော၊ ကားတစ်စီးရော ၂ ပွိုင့်ဆွဲခဲ့တာပါ၊ အလ္လကပ္ပရွာရဲ့ အရှေ့ဘက်တစ်ပွိုင့်နဲ့အနောက် ဘက်တစ်ပွိုင့်ပါ။ ဗိုလ်သေတာက ကားမိုင်းဆွဲတဲ့အချိန်သေတာ၊ ညက ထပ်သတင်းရတာ ဆေးရုံမှာ ၂ ဦး ထပ်သေတယ်၊ ဒဏ်ရာရတာ ၅ ဦးရှိတယ်၊ မြင်းမူဆေးရုံမှာသေတာပါ။ စုစုပေါင်း ၃ ဦးသေတာ၊ ဗိုလ်ကိုတော့ မနေ့ကပဲ မြင်းမူမြို့မှာ နာရေးအခမ်းအနားလုပ်တယ်လို့ သိရပါတယ်” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ခွဲ၊ ဇာမဏီ တပ်ဖွဲ့ နှင့် ဒေါင်းဘုရင်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:23


Today Top Stories-ယနေ့ ထိပ်တန်းသတင်းများ
https://www.youtube.com/watch?v=hq0AgEdMp-Q

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:22


ယင်းမာပင်မြို့နယ်တွင် ချီတက်ဆန္ဒပြမှု
https://www.facebook.com/568312915396319/videos/2077733622645290

ယင်းမာပင်မြို့နယ်တွင် "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်"စာသားနှင့် ချီတက်ဆန္ဒပြ(ရုပ်/သံ)



ရန်ကုန်၊ နိုဝင်ဘာ ၁၃



ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်" စာသားများကိုင်ဆောင်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။



ထို့ပြင် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားသော ရဲဘော်ဇင်မင်းဦး၊ ရဲဘော်ဝေလွင်ဖြိုးတို့ကို လွမ်းဆွတ်သတိရခြင်းနှင့် အလေးနီပြုအခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။





(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:21


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:21


စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား၊ မော်လမြိုင် အပါအဝင် မြို့ကြီးတချို့တွင် ဆန္ဒပြပွဲ ပါဝင်ခဲ့သူများကို ဆက်တိုက် ဖမ်းဆီးခြင်းနှင့်စာရင်းတောင်းခြင်းများ လုပ်နေ
https://www.facebook.com/568312915396319/posts/925846482976292

စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား၊ မော်လမြိုင် အပါအဝင် မြို့ကြီးတချို့တွင် ဆန္ဒပြပွဲ ပါဝင်ခဲ့သူများကို ဆက်တိုက် ဖမ်းဆီးခြင်းနှင့်စာရင်းတောင်းခြင်းများ လုပ်နေ



ရန်ကုန်၊ နိုဝင်ဘာ ၁၃



အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ကန ဦး ပါဝင်ခဲ့သူများအားလုံးကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။



ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်း အသီးသီးတွင် အဆိုပါ ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံသို့ နိုဝင်ဘာလ ၈ ရက်နေ့ ဝန်းကျင်တွင် အဆိုပါ ညွှန်ကြားချက်များ ရောက်ရှိလာကြောင်း သိရှိရသည်။



"၂၀၂၁ အစောပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေကို ဖမ်းဆီး စစ်ဆေးဖို့ ထွေ/အုပ်နဲ့ ရဲစခန်းတွေဆီ စာဝင်လာတယ်။ ဒီလူတွေက PDF ၊ NUG တွေကို ထောက်ပို့ သို့မဟုတ် ငွေလှူဒါန်းတာ သို့မဟုတ် ဆက်လက် သတင်းပေး ဆက်နွယ်နေတာတွေရှိနိုင်လို့ အထူးကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားချက်မှာပါတယ်" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။



ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကနဦးကာလ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများကို စာရင်းကောက်ယူပေးရန် မြို့နယ် ထွေ/အုပ် များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ သတင်းပေးများထံသို့ ညွှန်ကြားပြီး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများ၏ လက်ရှိ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ဆွေမျိုးသားချင်းများ၏ စာရင်းများကိုပါ ကောက်ယူခိုင်းနေကြောင်း သိရှိရသည်။



အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောက်ကျင်းအပိုင် ဘီလှိုင်ရပ်ကွက်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ကနဦးပါဝင်ခဲ့သူ အသက် ၅၈ နှစ်အရွယ် ဦးအောင်ခိုင်၊ တူဖြစ်သူကို နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန် စစ်ကားများဖြင့် တစ်ရပ်ကွက်လုံးကို ပိတ်ဆို့ ၍ စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။



" စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အ​စောပိုင်းကာလ​တွေက ဦး​အောင်ခိုင်ဟာ ဆန္ဒထွက်ပြရင် ထိပ်ဆုံးကပါ​လေ့ရှိတယ်။ မနေ့ညက ဖမ်းတော့ တစ်ရပ်ကွက်လုံး စစ်ကားတွေနဲ့ပိတ်ဖမ်းတာ။ ဦး​အောင်ခိုင် နဲ့ သူ့ရဲ့တူ​လေး ၂ ဦးလုံးကို တစ်ရပ်ကွက်လုံးစစ်ကား​တွေနဲ့ပိတ်ပြီး အိမ်​ပေါ်တက်ဖမ်းသွားပါတယ်။ ဦး​အောင်ခိုင်ကို အခုစစ်​ကြော​ရေးမှာ ရိုက်နှက်နှိပ်စက်ပြီး စစ်​မေး​နေတယ်။ သူ့ရဲ့တူကို ဒိုင်းဝန်ကွင်းရဲစခန်းမှာဖမ်းထားပါတယ်။ ဦးအောင်ခိုင်ကတော့ ​မော်လမြိုင်​တောင်​ပေါ်အတက် ကန် ၃ ကန်မှာရှိတဲ့စစ်​ကြော​ရေးအဖွဲ့က အခု ရိုက်နှက် စစ်ဆေးနေတယ်" ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။



စစ်ကောင်စီ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦးပါဝင်ခဲ့သူများကို ဖမ်းဆီး စစ်ဆေးရန် ညွှန်ကြား ချက်၏ အဓိက ရည်ရွယ်ချက်တွင် ယနေ့အချိန်အထိ PDF နှင့် NUG တို့ထံသို့ ငွေကြေးစီးဆင်းနေသဖြင့် အဆိုပါ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရေး အဓိက စုံစမ်းဖော်ထုတ်ရန် ဖြစ်ကြောင်း သိရှိရသည်။



ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ရန်ကုန်မြို့လယ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ။ Photo- Agency။

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:20


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 18:20


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/925844112976529

ယင်းမာပင်မြို့နယ်တွင် "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်"စာသားနှင့် ချီတက်ဆန္ဒပြ



ရန်ကုန်၊ နိုဝင်ဘာ ၁၃



ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်" စာသားများကိုင်ဆောင်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။



ထို့ပြင် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားသော ရဲဘော်ဇင်မင်းဦး၊ ရဲဘော်ဝေလွင်ဖြိုးတို့ကို လွမ်းဆွတ်သတိရခြင်းနှင့် အလေးနီပြုအခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

13 Nov, 15:21


ရှမ်းတဲလေတပ် တိုက်ခိုက်မှု Y-12 လေယာဉ် နှစ်စီး ပျက်စီး
https://www.youtube.com/watch?v=Zau-CHmyFBI

Khit Thit Media ခေတ်သစ်မီဒီယာ

11 Nov, 06:18


ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းတွေကြား သတင်းအမှားတွေ ဖြန့်ဝေမှုများနေ
https://zalen.info/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%BE%E1%80%94%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%96%E1%80%BD%E1%80%B2/

Khit Thit Media ခေတ်သစ်မီဒီယာ

11 Nov, 04:59


တရောင်တည်း ခြယ် (Opinion/ရုပ်သံ)
https://www.youtube.com/watch?v=3yI-pXdmatI

Khit Thit Media ခေတ်သစ်မီဒီယာ

11 Nov, 04:21


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=R82Ir19tO0w

Khit Thit Media ခေတ်သစ်မီဒီယာ

10 Nov, 23:08


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

10 Nov, 23:08


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/923776263183314

အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အင်အားစုက "Airbus:Stop investing in War crimes" ခေါင်းစဥ်နှင့် ဆန္ဒပြ



ရန်ကုန်၊ နိုဝင်ဘာ ၁၀



ယင်းမာပင်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အင်အားစုက "Airbus:Stop investing in War crimes" ခေါင်းစဥ်နှင့် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။



ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

10 Nov, 23:07


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

08 Nov, 13:26


စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
https://aappb.org/bu?p=30103

ရက်စွဲ – နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၃၈) ဦး ရှိခဲ့ပြီဖြစ်သည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၅၀) ဦးရှိပြီး ထိုအထဲမှ (၂၁၀၉၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၉၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။  ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် […]

Khit Thit Media ခေတ်သစ်မီဒီယာ

08 Nov, 13:25


Daily Briefing in Relation to the Military Coup
https://aappb.org/?p=30089

Date – 8  November 2024 Since the 1 February 2021 coup, a total of (5,938) people, including pro-democracy activists and civilians, have been killed by the junta and pro-military groups during the Spring Revolution.  Since the coup, a total of (27,650) people have been arrested by the junta in relation to its seizure of power. […]

Khit Thit Media ခေတ်သစ်မီဒီယာ

08 Nov, 13:11


မြန်မာက တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်တဲ့နိုင်ငံလို့ စစ်ကောင်စီပြော
https://www.youtube.com/watch?v=KIb1kJZj5W8

Khit Thit Media ခေတ်သစ်မီဒီယာ

08 Nov, 09:06


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=I9p_oEfzA6k

Khit Thit Media ခေတ်သစ်မီဒီယာ

08 Nov, 02:46


Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=bKl3ER9mue0

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:26


Today Top Stories-ယနေ့ ထိပ်တန်းသတင်းများ
https://www.youtube.com/watch?v=tD4Ultq7Xf4

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:12


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:12


စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံးတို့တွင် တပ်စွဲထားသော စစ်တပ်ကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
https://www.facebook.com/568312915396319/posts/921540893406851

စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံးတို့တွင် တပ်စွဲထားသော စစ်တပ်ကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး



ရန်ကုန်၊ နိုဝင်ဘာ ၇



မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံး တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် တညောင်ရဲစခန်းနှင့် တညောင်လျှပ်စစ်ခွဲရုံးကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ရေးစီမံချက်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ ထို့ပြင် တညောင်ရဲစခန်း ပတ်လည်ရှိ အတားအဆီးများကိုလည်း ဖျက်ဆီး မီးရှို့ရှင်းလင်း နိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။



"တညောင်တိုက်နယ်မှာရှိတဲ့ တညောင်ရဲစခန်းနဲ့ တညောင်လျှပ်စစ်ခွဲရုံးကို ကျွန်တော်တို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးစီမံချက်အရ တပြိုင်တည်း ဝင်ရောက် တိုက်ခိုင်နိုင်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ခွေး ၇ ကောင်သေတယ်။ ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိတယ်။ တညောင်ရဲစခန်း ပတ်လည်မှာရှိတဲ့ အတားအဆီးတွေကိုလည်း ဖျက်ဆီး မီးရှို့ရှင်းလင်းခဲ့တယ်" ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။



အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) နှင့် ရပ်ကျေး ပကဖ များ၊ မင်းဘူးခရိုင် ပကဖ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force (CGF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



ဓာတ်ပုံ-စလင်းမြို့ပေါ်တွင် ဂိတ်ချစစ်ဆေးမှုများ လုပ်နေသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:11


မြိုင်တွင် စစ်ဗိုလ် ၁ ဦးနှင့်တပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
https://www.facebook.com/568312915396319/videos/2639682982907321

မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်တပ် ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)



ရန်ကုန်၊ နိုဝင်ဘာ ၇



မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်အချိန် မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြိုပေါ်ကို ဈေးဝယ်ထွက်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ယင်း တိုက်ခိုက်မှု အတွင်း စစ်ဗိုလ် ချစ်စမ်းမောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး MA -3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။



"စစ်ခွေးတွေ ဒီလိုမျိုး ဈေးဝယ်ထွက်နေတယ်ဆိုတာတော့ သတင်းရနေတာကြာပြီ ဒါပေမယ့် သူတို့ကင်းယူထားတဲ့ နေရာနဲ့ကတော်တော်နီးတယ်။ ကျွန် တော်တို့ တိုက်ခိုက်လိုက်တဲ့နေရာက မြိုင်မြို့နယ် မီးသတ်ရုံးမှာ တပ်စွဲထားတာရှိတယ်။ အထက ၁ ကျောင်းမှာလည်း တပ်စွဲထားတာရှိတယ်။ အဲ ၂ ခုကြားမှာ စောင့်ပြီးတော့ကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲဒီတိုက် ခိုက်မှုမှာ စစ်ခွေးဗိုလ် ချစ်စမ်းမောင်နဲ့ တပ်သား ၁ ဦး သေဆုံးတယ်" ဟု Joker ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။



အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ခွဲ ၃ နှင့် အတူ Joker ပြောက် ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။





(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:10


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:10


သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားခဲ့သည့် မူလတန်း ကျောင်းအုပ် ဆရာ အပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း ၉ ဦးကို ပြန်လွှတ်ပေး
https://www.facebook.com/568312915396319/posts/921511280076479

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားခဲ့သည့် မူလတန်း ကျောင်းအုပ် ဆရာ အပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း ၉ ဦးကို ပြန်လွှတ်ပေး



ရန်ကုန်၊ နိုဝင်ဘာ ၇



တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးစားခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာ ဦးသီးဖေပါ ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



အောက်တိုဘာလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ မူလတန်းကျောင်းအုပ်ကြီး ဆရာကြီး ဦးသီးဖေ၊ ကျောင်းဆရာမနှစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဖြစ်သူ သန်းစိုး၊ ပန်းချီရှောင်ရွာနေ ဦးကျော်အေး၊ သရက်နှစ်ခွကျေးရွာနေ ဆရာမနှစ်ဦးနှင့် မဲနယ်အိုကျေးရွာနေ ဆရာမ တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်ခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။



“သူတို့ကို ခေါ်လာကတည်းက သန်းခေါင်စာရင်းကောက်မဲ့အချိန်ပြီးရင် ပြန်လွှတ်ဖို့ ထိန်းသိမ်းထား တာပါ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်လည်း သူတို့ကို ပုံမှန်အတိုင်းပဲ ကျနော်တို့နေသလို ထားပါတယ်။ သတိပေးတာတော့ရှိတာပေါ့၊ နိုဝင်ဘာလ ၁ ရက်နေ့ကပဲ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာပါ” ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။



ဒေါင်းညီနောင်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွင် ပါဝင် သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ သရက်ချောင်းမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက သန်း ခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။



“ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် ဘက်ပေါင်းစုံက နေ တတ်နိုင်သဘောက် ဝိုင်းဝန်းပေးကြဖို့နဲ့ ပြီးတော့ စစ်ကောင်စီက အတင်းလုပ်ချင်နေတဲ့ ရွေး ကောက်ပွဲကို ဘယ်လိုမျိုးတားဆီးကြမလဲဆိုတာ အဖြေရှာဆန့်ကျင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။



ဓာတ်ပုံ- ဒေါင်းညီနောင်စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:09


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:09


ရွှေဘိုတွင် ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့ ၂ ဦးကို တော်လှန်ရေးဘက်တော်သားများဟုဆိုကာ စစ်တပ်က ရိုက်နှက်ဖမ်းဆီးထား
https://www.facebook.com/568312915396319/posts/921498323411108

ရွှေဘိုတွင် ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့ ၂ ဦးကို တော်လှန်ရေးဘက်တော်သားများဟုဆိုကာ စစ်တပ်က ရိုက်နှက်ဖမ်းဆီးထား



ရန်ကုန်၊ နိုဝင်ဘာ ၇



စစ်ကိုင်းတိုင်း ရွှေဘိုမြို့အမှတ် ၈ ရပ်ကွက်တွင် ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့ ၂ ဦးကို တော် လှန်ရေးဘက်တော်သားများဖြစ်သည်ဟုဆိုကာ စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း ၎င်းတို့၏မိတ်ဆွေတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။



အောက်တိုဘာလ ၂၆ ရက်နေ့ အကြမ်းဖက်စစ်တပ်က တော်လှန်ရေးအဖွဲ့များကို ထောက်ခံသူများဟု ဆိုကာ ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့ကို ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ရွှေဘိုဆိပ်ခွန်သွားကားလမ်းဘေး အောင်ချမ်းသာစျေးထိပ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသော ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့သည် စောင်တန်းရွာမှ ပြည်သူများ ဖြစ်ကာ ယက်ကန်းလုပ်ငန်းနှင့် ချည်ထည်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း သိရှိရသည်။



"မိသားစုနဲ့ အဆက်သွယ်ပြတ်နေပြီ။ စစ်ကောင်စီရဲစခန်းနဲ့ အမှတ်၈လေ့ကျင့်ရေးကိုသွားရောက်တွေ့ခွင့်တောင်းပေမယ့်လည်း တွေ့ခွင့်မပေးဘူး။ အဖမ်းခံရသူနှစ်ဦးက အတူသွားလို့ အဖမ်းခံရတာမဟုတ်ဘဲ မနွေးနွေးထွေးက အရင်ဖမ်းခံရတာ။ သူ့ဖုန်းစစ်ပြီး အရင်ဆုံးတွေ့တဲ့ ဖုန်းနံပါတ်ပိုင်ရှင် ကိုပိုင်ရှိုင်းကို ဖုန်းဆက်ခေါ်ခိုင်းပြီး ကိုပိုင်ရှိုင်းကို ထပ်ဖမ်းတာ" ဟု မိတ်တွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။



အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးခံရသူ ၂ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့သို့ အထည်သွားအပို့တွင် ရွှေဘိုဆိပ်ခွန်ကားလမ်းဘေး အောင်ချမ်းသာစျေးထိပ်ရှိ အကြမ်းဖက်စစ်တပ်ပတ်ကင်းနှင့် တွေကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဖုန်းထဲတွင် PDF ကို ဆက်သွယ်သည့် စာတွေ့၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။



ထို့ပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၂၆ရက်နေ့တွင်ပင် ရွှေဘိုမြို့တွင် စစ်ရှောင်နေထိုင်ရင်း ယက်ကန်းအထည်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဆင်အင်းရွာမှ အမျိုးသမီး ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း၊ အဆိုပါ အမျိုးသမီးများကိုမူ ကျပ်သိန်း ၁၀၀ တောင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။



" စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံရတဲ့ အမျိုးသမီးတွေက ဆင်အင်းရွာက။ ရွှေဘိုမြို့ပေါ်မှာ စစ်ရှောင်ရင်း ယက်ကန်းချည်ထည်ရောင်းဝယ်ရေးလုပ်ကိုင်နေတာ သုံးနှစ်လောက် ရှိပြီ။ အောက်တိုဘာ ၂၆ ရက်နေ့က ရွှေဘို ကန်တော်ကြီး မြောက်ဘက်ရွာက အထည်ဝယ်ယက်ကန်းသည် ခေါ်ပြီးအပြန်မှာ ရွှေဘို ကန်တော်ဂိတ်က အကြမ်းဖက်စစ်တပ်နဲပျူတွေက အမှတ်၈လေ့ကျင့်ရေးတပ်ကို ဖမ်းသွားတာ။ ငွေသိန်း တစ်ရာနဲ့ ရွေးပြီးတော့ ပြန်လွတ်လာတယ်လို့သိရတယ်"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။



ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော မနွေးနွေးထွေး။

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:08


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 18:08


မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်တပ် ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
https://www.facebook.com/568312915396319/posts/921487856745488

မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်တပ် ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ



ရန်ကုန်၊ နိုဝင်ဘာ ၇



မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။



နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်အချိန် မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြိုပေါ်ကို ဈေးဝယ်ထွက်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ယင်း တိုက်ခိုက်မှု အတွင်း စစ်ဗိုလ် ချစ်စမ်းမောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး MA -3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။



"စစ်ခွေးတွေ ဒီလိုမျိုး ဈေးဝယ်ထွက်နေတယ်ဆိုတာတော့ သတင်းရနေတာကြာပြီ ဒါပေမယ့် သူတို့ကင်းယူထားတဲ့ နေရာနဲ့ကတော်တော်နီးတယ်။ ကျွန် တော်တို့ တိုက်ခိုက်လိုက်တဲ့နေရာက မြိုင်မြို့နယ် မီးသတ်ရုံးမှာ တပ်စွဲထားတာရှိတယ်။ အထက ၁ ကျောင်းမှာလည်း တပ်စွဲထားတာရှိတယ်။ အဲ ၂ ခုကြားမှာ စောင့်ပြီးတော့ကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲဒီတိုက် ခိုက်မှုမှာ စစ်ခွေးဗိုလ် ချစ်စမ်းမောင်နဲ့ တပ်သား ၁ ဦး သေဆုံးတယ်" ဟု Joker ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။



အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ခွဲ ၃ နှင့် အတူ Joker ပြောက် ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

07 Nov, 13:30


ကနီမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၊ ဇနီးနဲ့ လသားကလေးငယ်တို့ နေအိမ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံရ
https://www.youtube.com/watch?v=FIzGMCbJ-0I

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:09


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:09


ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
https://www.facebook.com/568312915396319/posts/918761430351464

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး



ရန်ကုန်၊ နိုဝင်ဘာ ၃



စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။



နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ‌‌‌‌‌၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။



"တိုက်ပွဲအတွင်းမှာ ဒရုန်းဗုံးသီး ၂၁ လုံး အသုံးပြုပြီး ၁၄ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၂ ကောင်သေပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရပါတယ်"ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။



အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ အပါအဝင် ဂန့်ဂေါ ခရိုင်အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄ တပ်ရင်းများ၊ ABSDF နှင့် ဂန့်ဂေါမြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:08


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:08


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/918755247018749

လန်ဒန်တွင်ပြုလုပ်သည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတော် လူတစ်ထောင်ကျော် တက်ရောက်



ရန်ကုန်၊နိုဝင်ဘာ ၃



လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ "Phyu Phyu In London" နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။



ယင်း “Phyu Phyu In London" တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။



ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:07


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:07


မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင် အကျဉ်းဦးစီးဌာန၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သော်လည်း အရိုက်ခံရသဖြင့် ဦးခေါင်းကွဲ၊ အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးကိုလည်း ထောင်တွင်း လုပ်ကြံရန် ကြံစည်နေ
https://www.facebook.com/568312915396319/posts/918742367020037

မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင် အကျဉ်းဦးစီးဌာန၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သော်လည်း အရိုက်ခံရသဖြင့် ဦးခေါင်းကွဲ၊ အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးကိုလည်း ထောင်တွင်း လုပ်ကြံရန် ကြံစည်နေ



ရန်ကုန်၊ နိုဝင်ဘာ ၃



ဧရာ၀တီတိုင်း၊ မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို အကျဉ်းဦးစီးဌာနနှင့် ရာဇဝတ်သားလူမိုက်တို့ ပူးပေါင်း၍ လုပ်ကြံသတ် ဖြတ်မှုတစ်ရပ်ဖြစ်ပွားပြီး ကိုရဲရင့်အောင်မှာ လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော်လည်း အရိုက်ခံရသဖြင့် ဦးခေါင်းကွဲသွားခဲ့ကြောင်း သိရှီရသည်။



အောက်တိုဘာလ ၁၆ ရက်နေ့ မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းက သတ်ဖြတ်ရန်အတွက် သံချွန်ဖြင့် နောက်ကျောဘက်မှ အလစ်အငိုက် ဝင်ရောက်ထိုးခဲ့ကြောင်း၊ ရာဇဝတ်အကျဉ်းသား လူမိုက် လင်းလင်းမှာ မြောင်းမြထောင် ဒုတာဝန်ခံအရာရှိ တင့်ဆွေက လက်သပ်မွေးမြူထားသော လက် ကိုင်တုတ်ဖြစ်ကြောင်း၊ ရာဇဝတ်အကျဉ်းသား လင်းလင်းက ရန်ငြိုးရန်စမရှိဘဲ သေချာပြင်ဆင်ထားသော သံချွန်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို ထိုးသွင်းကာ သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်မှာ သံချွန်ဖြင့် ထိုးခံရချိန်တွင် အချိန်မီ ရှောင်တိမ်းနိုင်လိုက်သည့်အတွက် သံချွန်သည် အုတ်နံရံသို့သာ ထိုးမိပြီးနောက် အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ကြောင်း၊ သို့ရာတွင် ရာဇဝတ်အကျဉ်းသား လင်းလင်းက အနီးနားတွင် ရှိနေသည့် ကွပ်ပျစ်ကြမ်းခင်းမှ ပြုတ်နေသည့် သစ်သားချောင်းကို နုတ်ယူကာ နိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်၏ ဦးခေါင်းအား ရိုက်ခွဲခဲ့ကြောင်း သိရှိရသည်။



အဆိုပါ ဖြစ်စဉ်မတိုင်မီတစ်ရက်အလို မြောင်းမြထောင်ထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေမှ ရာဇဝတ်အကျဉ်းသား လင်းလင်းကို နိုင်ငံရေးအကျဉ်း သားများဖြစ်သည့် ကိုရဲရင့်အောင်နှင့် ဒေါက်တာပြည့်ဖြိုးကို ရိုက်နှက်ရန်၊ နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာမည်ဆိုပါက ၎င်းအနေဖြင့် ရှင်းလင်းပေးမည်ဖြစ်ကြောင်း နှုတ်ဖြင့် သေချာမှာကြားခဲ့သည်ကို စုံစမ်းသိရှိ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။



နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို လုပ်ကြံမှုဖြစ်ပွားချိန်တွင်လည်း ထောင် ဒုတာဝန်ခံ တင့်ဆွေနှင့် ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့က လူသတ်မှု ကျူးလွန်ရန် ကြိုးစားသူ သေဒဏ်ကျရာဇဝတ်အကျဉ်းသား လင်းလင်းအား ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။



ထို့ပြင် အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဒေါက်တာပြည့်ဖြိုးကို တီဘီရောဂါသည်များထားသည့် အခန်းတွင် ထားရှိထားကြောင်း၊ ထောင်အာဏာပိုင်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရကြောင်း၊ နိုင်ငံရေးအကျဥ်းသားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေသည့် ဒုတာဝန်ခံ တင့်ဆွေ၊ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့၏ လူ့အခွင့်အရေးချိုးဖောက်နေမှု ကိစ္စများကို တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောဆိုသည်။



“ကိုရဲရင့်အောင်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ကိုလင်းလင်းက သတ်ဖို့ စနစ်တကျပြင်ဆင်ခဲ့တာကိုလည်း တွေ့ရသလို သူ့ရဲ့ သံချွန်နဲ့ မထိုးခဲ့နိုင်တဲ့အချိန်မှာ သစ်သားချောင်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ကိုရဲရင့်အောင်ဟာ ဦးခေါင်း ၆ ချက် ချုပ်ခဲ့ရပါတယ်။ ဒီအပေါ်မှာ ထောင်အာဏာပိုင်တွေအနေနဲ့ ထိရောက်မှု ရှိတဲ့ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကလည်း သတ်ဖို့ကြိုးစားသူ ကိုလင်းလင်းကို အကာအကွယ်ပြုနေခြင်းဖြစ်သလို တစ်ဖက်လှည့်ကနေ သူတို့က သတ်ဖို့ကြံစည်တဲ့ လူဟာ ကိုလင်းလင်း မဟုတ်ဘဲနဲ့ ဒုတာဝန်ခံ တင့်ဆွေ ဖြစ်တယ်ဆိုတာကို သွားပြီး တွေ့ရတယ်။ ဒီ ဖြစ်စဉ်အပေါ်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ရှိ၊ မရှိ ဆိုတာကို ဆက်ပြီးတော့ စောင့်ကြည့်နေသလို အဓိက ညွှန်ကြားခဲ့တဲ့ တင့်ဆွေကိုရော အကျဉ်းဦးစီးဌာနကနေ ဘယ်လိုမျိုးအရေးယူ ဆော င်ရွက်မှုမျိုး လုပ်မလဲ စောင့်ကြည့်နေပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:06


ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
https://www.facebook.com/568312915396319/posts/918723770355230

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး



ရန်ကုန်၊ နိုဝင်ဘာ ၃



တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။



နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအနီးတွင် စစ်အင်အား ၄၀ ပါ စစ်ကောင်စီတပ် နှင့် ပျံလွှားအမည်ရှိ ဒေသတော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတချို့လည်းရှိကြောင်း၊ ယင်းနောက် စစ်တပ်က မလိဝမ်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



"စစ်ကြောင်းက အထိနာလို့ တိုက်ပွဲဖြစ်တဲ့အနားက ကျေးရွာကို ဝင်ပြီး မီးရှို့တာပါ။ နေအိမ် ၆ လုံးထက်မနည်း ပြာကျသွားပါတယ်။ တိုက်ပွဲမှာ တော်လှန်ရေးဘက်ကတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်" ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ညအချိန် စစ်ကောင်စီတပ်က မီးရှို့နေသော ကျေးရွာတစ်ခု မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

အလားတူ တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ရွာမှပြည်သူပိုင်နေအိမ်များကို ရွာထဲတွင် တပ်စွဲထားသည့်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ၎င်းရွာထိပ်ရှိလူနေအိမ်တချို့ကို စစ်သားများ ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများခိုးယူပြီးနောက် အိမ်များကို အကြောင်းပြချက်မရှိဘဲ မီးထပ်ရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။



'ရှေ့လကရွာထဲကို စစ်တပ်ဝင်လာပြီးနောက်ပိုင်းဘယ်သူမှ အိမ်မပြန်ရဲကြသလိုပစ္စည်းတွေလဲသွားမသယ်ကြဘူး။ တချို့အိမ် တွေထဲမှာဆိုဘာမှယူမခံလို့ပစ္စည်းကောင်းတွေကြီးပဲ့။ရွာထဲလူမရှိတော့ သူတို့ကြိုက်သလိုခိုးယူလို့ရတာပေါ့။မနက်ကလဲမြေတင်ကားပေါ်ကို အိမ်အသုံးအဆောင်ပြည်သူပစ္စည်းတွေတင်ပြီး ဇဟာဖက်ဆင်းသွားတာမြင်ရတယ်။ရွာထဲမှာလဲမီးရှို့ခံထားရတဲ့အိမ်တွေမနည်းတော့ပါ ဘူး" ဟုမောင်မယ်ရှောင်ခံစစ်ရှောင်တစ်ဦးက ပြောသည်။



ယင်းနေရာအနားတွင် ယာယီတပ်စွဲထားသောစစ်တပ်ကို အောက်တိုဘာ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိ​ေက်ခဲ့ပြီးနောက် စစ်တပ်က ပြည်သူ့နေအိမ်များကို မီးထပ်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။



အဆိုပါ မောင်မယ်ရှောင်ရွာသည် ထားဝယ်ခရိုင်အတွင်းမှာ နှစ်ဖက်ထိတွေ့တို-က်ပွဲဖြစ်ပွားမှုအများဆုံးနေရာဖြစ်ပြီး ကျေးရွာတစ်ခုလုံးကို စစ်တပ်ဘက်မှ အခြေပြုတပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများမှာ နီးစပ်ရာ ရပ်ရွာများနှင့် ဥယျာဥ်ခြံများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:06


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:05


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

03 Nov, 16:05


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/918704713690469

ထားဝယ်တွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ



ရန်ကုန်၊ နိုဝင်ဘာ ၃



တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့၌ အခိုင်အမာ တပ်စွဲထား သောအကြမ်း ဖက်စစ်တပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPPDF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီး ကွေ့၌ အခိုင်အမာစခန်းချတပ်စွဲနေထိုင်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို ဝင် ရောက်ပစ်ခတ်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှု ၄ နာရီ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စခန်းကို‌အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။



ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ MA 3- အမျိုးအစားသေနတ် ၂ လက်၊ 5.56 ကျည် ၄၀၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ ဦးထုပ် ၂ လုံး၊ လက် ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ အီကွေးမန့်ခါးပတ် ၁ ခု၊ စ-စ်သုံးပုခတ် ၁ ခု၊ ကင်မရာ ၁ လုံး၊ ၁၄ မိုင်း ၁ လုံး နှင့် ဟင်းကော ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



“စစ်ကူလာတာလည်း ရှိတယ်၊ လက်နက်ကြီးပစ်ကူပေးတာမျိုုးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခိုင်အမာ တပ်စွဲထားတဲ့ ဧရိယာကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်ကြီးပစ်ကူက ဇဟာအခြေစိုက် ၃၀၂ အမြောက်တပ်နဲ့ ရေဖြူမြို့နယ် ကျောက်ကညာရွာ အခြေစိုက် ၃၀၄ အမြောက်တပ်တွေက အဓိက ပစ်ကူပေးပါတယ်။ စစ်ကူက တိုက်ပွဲဖြစ်တဲ့နား ၁ ဖာလုံခန့်အကွာမှာ ဘုရားမဲစစ်ဆေးရေးဂိတ်ကပါ။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ဝေးဝေးရှောင်ရှားကြဖို့နဲ့ တိုက်ပွဲတွေ ဖြစ်လာ ရင် ဘေးလွတ်ရာပဲ ရှောင်ရှားနေပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - YPPDF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



အဆိုပါ ထိုတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသား လွတ် မြောက်ရေး တပ်တော် (DNLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။



တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းထားသည်။



တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံးပူးပေါင်း ကြပါရန် ဆက်လက် တိုက်တွန်းဖိတ်ခေါ်ထားသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 19:45


ပြာပုံကြားက စာအံသံများရဲ့ ပဲ့ကိုင်ရှင်
https://zalen.info/%E1%80%95%E1%80%BC%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%80-%E1%80%85%E1%80%AC%E1%80%A1%E1%80%B6%E1%80%9E%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9B/

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 19:44


နောင်ချို တောင်ခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေ
https://www.youtube.com/watch?v=r5UHpOJ6HRA

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 15:22


Today Top Stories-ယနေ့ ထိပ်တန်းသတင်းများ
https://www.youtube.com/watch?v=K_NbyUhKi4Q

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:59


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:58


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/916517267242547

ရန်ကုန်မြို့ တစ်နေရာတွင် စစ်အာဏာရှင်နှင့် အပေါင်းပါများကို တရားစီရင်မည့် ရည်ရွယ်ချက်နှင့် လူထု လှုပ်ရှားမှုတစ်ခု ပြုလုပ်



ရန်ကုန်၊ အောက်တိုဘာ ၃၁



ရန်ကုန်မြို့ တစ်နေရာတွင် မင်းအောင်လှိုင် အပါအဝင် အပေါင်းပါများနှင့် အကြမ်းဖက်မှုကို အားပေးသည့် တရုတ်အစိုးရကိုပါ ပူးတွဲ တရားခံအဖြစ် စီရင်မည်ဟူသည့် ရည်ရွယ်ချက်များနှင့် Justice Lady အမည်နှင့် လူထု လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ဖြစ်သည့် Owl Community ၊ LinnYaungNi Youth Organization_LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်သူ ပြည်သားများအတွက် တရားမျှတမှု "JUSTICE" ကို ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:58


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:57


မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီး
https://www.facebook.com/568312915396319/posts/916503453910595

မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီး



ရန်ကုန်၊ အောက်တိုဘာ ၃၁



မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။



ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး ရုံတင်နေသည့် “ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်မှာ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုများကို ပျက်ရယ်ပြုစော်ကားထားသည့် ရုပ်ရှင်ဖြစ်ကြောင်း ဖေ့ဘုတ်စ် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမား ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် စစ်ကောင်စီက ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရေး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ဖမ်းဆီးထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သည့် "Her Sal Yon (Ko King)" ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို လှိုင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်အရေးယူထားကြောင်း၊ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားသည် မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းတွင် အသံအလှူအတွက် စာအုပ်ဖတ်ပြီးနောက် အပြန်တွင် ပျောက်ဆုံးခဲ့ရာမှ ယခုကဲသို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။



ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားက " ဂျာကစ် စာဘူးသရီး ဂျစ်ကားစီးဖူးသလား" ရုပ်ရှင်ကို သည် ဟိန္ဒူရိုးရာ ယဉ်ကျေးမှုနှင့် အိန္ဒိယနွယ်ဖွားများကို ပျက်ရယ်ပြုထားကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။



“ယခုဖော်ပြပါ မြန်မာ ရုံတင်ဇာတ်ကားမှာ ဇာတ်ကားနာမည်တွင်ပင် ညီကိုတို့ ခံစားမိကြမယ်ထင်ပါတယ်။ များမကြာမီအချိန်တွင်လည်း ရိုးရာယဥ်ကျေးမှု ဒီပဝလီ(Dipavali)ပွဲတော်လည်း ရှိနေပါတယ်။ အချိန်ကိုက်ဆိုသလို ထွက်ရှိလာတဲ့ ကားနာမည်က ရပ်ကွက်ထဲက ကလေကချေအများစုက အိန္ဒိယနွယ်ဖွားတွေကိုမြင်ရင် ခနဲ့သော ချိုးနှိမ်လိုသော စိတ်ဖြင့်သုံးနှုံးသော အသုံးနှုံးတစ်ရပ်အား နိုင်ငံတစ်ဝှမ်းလုံးလူသိရှင်ကြာ ဖြင့် ကြေညာသလိုမျိုးဖြစ်နေတယ်။ဒါက သိပ်မကြာခင်ပွဲတော်ရက်မှာ တစ်ခုခုဖြစ်စေချင်လို့ အချိန်ကိုက်ပြီးများ လုပ်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ဘယ်သူမှပျော်မနေကြပါ။ ပျော်ပွဲရွှင်ပွဲဆိုတာ ထက် မီးထွန်းပွဲတော်ပါ ။ ဆီမီးပူဇော်ပြီးအဖက်ဖက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုပြေပျောက်ဖို့ဆုတောင်းမေတ္တာပို့ရမယ့်အချိန်မှာ အခုလို အကျည်းတန်လွန်းတဲ့ပုံစံနဲ့ ထွက်လာတာကို မည်သို့မျှလက်မခံနိုင်ပါ။ နောက်တစ်ခုက အိန္ဒိယဝတ်ရုံများမှာ သူ့ယဥ်ကျေးမှုနဲ့ သူ့မျိုးနွယ်စုတွေနဲ့ သူ သီးသန့်ရှိပါတယ်” ဟု ၎င်းက ရေးသားခဲ့ခြင်းဖြစ်သည်။

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:57


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:56


ရွှေပြည်သာ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်သို့ ပို့ဆောင်
https://www.facebook.com/568312915396319/posts/916485320579075

ရွှေပြည်သာ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်သို့ ပို့ဆောင်



ရန်ကုန်၊ အောက်တိုဘာ ၃၁



ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်ထံသို့ ပို့ဆောင်လိုက်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မောင်သက်လင်း(ခ) သီဟထွန်းက ရွှေပြည်သာမြို့နယ်၊ အောင်မေတ္တာ(ဏ) ၁၄ရပ်ကွက်တွင် ဖုန်းသွားပြင်ပြီး ပြန်လာစဉ် နယ်ထိန်းရဲ စည်သူအောင်၊ လူမိုက် ၂ ဦးတို့က ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်၊ ဒုအုပ်ချုပ်ရေးမှူး မောင်ဦးတို့ထံ အပ်နှံလိုက်ကြောင်း၊ ယင်းနောက် စစ်မှုထမ်းသင်တန်းသို့ တပ်သားသစ်အဖြစ် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။



"မိဘတွေနဲ့ အဆက်အသွယ်မရဘူးလို့ သိရတယ်။ ကောင်လေးကို ဖမ်းသွားတုန်းကလည်း နယ်ထိန်းရဲ စည်သူအောင်နဲ့ ပလေကပ်ဝတ် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းတယ်။ ပြီးတော့ ရပ်ကွက် ၉ ဥက္ကဋ္ဌ နေလင်းအောင်နဲ့ မောင်ဦးလက်ထဲကို အပ်တယ်။ အဲဒီကနေ တပ်သားသစ်အဖြစ် အပို့ခံရတယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။



မောင်သက်လင်း(ခ)သီဟထွန်းကို ဖမ်းဆီးပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တပ်သားသစ်စုဆောင်းရေး လျှောက်လွှာတွင် ရိုက်နှက်ခြိမ်းခြောက် လက် မှတ်ရေးထိုးခိုင်းကြောင်း၊ လက်ရှိတွင် မိသားစုနှင့်လည်း ဆက်သွယ်မှု မရရှိကြောင်း ၊ ဖောင်ကြီး လက်နက်ကြီး သင်တန်းကျောင်းတွင် ရောက်ရှိနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:56


Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၁ ရက် နေ့...

(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

31 Oct, 13:55


Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=cC-I-bUD2tA

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်



By ရန်ကုန်ခေတ်သစ်



ဒီကနေ့ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့



- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေနဲ့ လူငယ်တွေကို စစ်တပ်ထဲ အတင်းဆွဲခေါ်သည့် တိုင်အောင် အရေအတွက်သာရှိပြီး အရည်အချင်းမရှိတဲ့အပြင် ၊ ပြည်သူထောက်ခံမှုပါ မရှိတာကြောင့် တိုက်ပွဲတိုင်း စစ်ကောင်စီတပ်က ရှုံးနိမ့်နေရပြီလို့ CDM ဗိုလ်မှူးအောင်မျိုးသွင်နဲ့ အရာရှိတွေကပြော လိုက်ပြီး ၊ လက်ရှိ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားရေး အတွက် အောက်ခြေ အရာရှိနဲ့ စစ်သည်တွေ အားလုံး အသက် မစွန့်ကြဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ကိုပါ CDM ဗိုလ်မှူးတွေက တိုက်တွန်းထား ပါတယ်။



- ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ တရုတ်ကျားဖြန့် အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကို လာဘ်ငွေယူပြီး ခွင့်ပြုမှုကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော် နဲ့ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိတွေ စစ်ဆေးခံနေရ တယ်လို့ လှိုင်သာယာဒေသသတင်းရင်းမြစ် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။



- မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှုရဲ့ လက်သည်တရားခံကို မဖော်နိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်မြို့က တရုတ်သံရုံးပတ်ဝန်းကျင်မှာ ရဲကင်းအသစ်တွေ သွားဆောက်ပြီး လုံခြုံရေးပါ တိုးမြှင့်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 19:23


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 19:23


ပခုက္ကူတွင် စစ်တပ်က သံချပ်ကားများဖြင့်ပါ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား၊ သောင်းနှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
https://www.facebook.com/568312915396319/posts/912339494326991

ပခုက္ကူတွင် စစ်တပ်က သံချပ်ကားများဖြင့်ပါ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား၊ သောင်းနှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်



ရန်ကုန်၊ အောက်တိုဘာ ၂၅



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သံချပ်ကာကားများပါ ယူဆောင်လာ၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။



အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပခုက္ကမြို့မှ လာသည့် သံချပ်ကာကားများပါ ယူဆောင်လာသော အင်အား ၃၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကွန်းရွာသို့ ဝင်ရောက် စီးနင်းပြီး ကွန်းရွာနှင့် ရွှေတန်းတစ်ရွာ တို့၌ အထိုင်ချ တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရှေ့မြင်းကျွန်းရွာ၊ ကွန်းရွာနှင့် ဆင်မင်းရွာတို့ကို ဝင်ရောက် စီးနင်းစဉ် အရပ်သား ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် မွှေနှောက်ယူဆောင်သွားကြောင်း သိရှိရသည်။



လက်ရှိချိန်တွင် ရွှေတန်းတစ်ရွာ ၊ဆင်မင်းရွာ ၊ကွန်းရွာ ၊ဒေါင်းစားရွာ ၊နှောကုန်းရွာ ၊ကင်မွန်းခါးရွာ ၊နတ်ကျွန်းရွာ ၊ဘုရားကုန်းရွာ ၊ဆိပ်ကမ်းသာယာရွာ ၊ မကျီးပင်ပုရွာ ၊ ထန်းတောစုရွာ ၊ကျွန်းအိုကျေးရွာ၊ ဥယျာဉ်စုရွာ၊ မြင်းကျွန်းရွာနှင့် မယ်တော်လှရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။



"စဝင်တာကတော့ ၂၁ ရက်နေ့ မနက်ပိုင်းတည်းက စဝင်တာ စစချင်း ဝင်စီးတာကတော့ ကွန်းရွာပေါ့။ ကွန်းရွာမှာရှိတဲ့ စစ်ကြောင်းက အခု ကွန်းရွာရယ်၊ ရွှေတန်းတစ်ရယ် အဲနား ပတ်ခြားလည်မှာ အထိုင်ချပြီး ပတ်ပတ်လည်ရွာတွေကို စစ်ကြောင်းထိုးနေတာ အခုဆိုရင် ၅ ရက်တိတိ ရှိသွားပြီ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေတော့ မရှိသေးဘူး။ ပြည်သူတွေအိမ်က အဝတ်အစားတွေ ပိုက်ဆံတွေယူတာတော့ရှိတယ်။ ခွေးစစ်ကြောင်းက အင်အား ၃၀၀ ကျော်ပါတယ်။ စနိုက်ပါတွေ တင့်ကားတွေ ကောပါတယ်။ ၁၀၂ မမ တွေလည်းပါတယ်။ ၁၂၀ မမ တွေလည်းပါလာတယ်။ ပြည်သူ ၈ ဦးကျော် ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိထားရတယ်။ ကျန်တော်တို့ ရွာတွေကို ရှင်းလင်းရေး မဝင်နိုင်သေးတော့ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အရှေ့မြင်းကျွန်း၊ ကွန်း၊ ဆင်မင်း ရွာတွေက ပြည်သူ ၈ ဦး ထက်မနည်း သတ်ဖြတ်ခံရတယ်။ ကျန်တော်တို့ ရုပ်အလောင်းတွေတော့ မရသေးဘူး။ စစ်ကြောင်းက အင်အား ၃၀၀ ကျော်နဲ့ အထိုင်ချထားတော့ ရွာတွေကို ရှင်းလင်းရေး ဝင်နိုင်စွမ်းမရှိသေးဘူးပေါ့။ အဲတာကြောင့် ၈ ဦးသတ်ဖြတ်ခံရတာတော့ သေချာတယ်။ ပျောက်နေတဲ့ သူတွေလည်းရှိသေးတယ်" ဟု ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောဆိုသည်။



ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြင်းကျွန်းရွာမှ ပြည်သူ ၇၀ ခန့်နှင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ရွာပေါင်းစုံမှ ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ရွှေတန်းတစ်ရွာတွင် လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။



"ဖမ်းဆီးခံရတဲ့ ပြည်သူက မြင်းကျွန်းရွာမှာ ၇၀ လောက်ရှိတယ်။ အားလုံးပေါင်း ၁၀၀ ကျော်တယ်။ သူတို့ တပ်စွဲဖို့ ပြင်ဆင်နေတဲ့ ရွှေတန်းတစ်ရွာမှာ အကုန်လုံးကို ဖမ်းဆီးထားတယ်။ ကျေးရွာ ၁၅ ရွာ စစ်ရှောင်နေရတော့ လူဦးရေ ဝန်းကျင်က ၁ သောင်းကျော်တယ်။ ဆန်ရယ်၊ ဆီရယ် လိုအပ်နေတယ်။ အရေးပေါ် စစ်ရှောင်ဆိုတော့ ပစ္စည်းတွေက ပါမလာဘူး။ သီတင်းကျွတ်မှာ ဒီကောင်တွေ လူတွေသတ်နေတာတွေ မတရားလုပ်နေတာတွေ အပေါ်ကို အကုန်လုံးက ဝိုင်းဝန်းပြီးတော့ တွန်းလှန်ပေးဖို့ တောင်းဆိုချင်တာပေါ့။ အရေးပေါ် အကူအညီလိုအပ်နေတဲ့ ရွာ ၁၅ ရွာကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ဆက်လက်ပြောဆိုသည်။



ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 19:22


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 19:22


ဘားအံတွင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲလုပ်ရန်အတွက် စစ်ကောင်စီက ကျေးရွာတစ်ရွာလျှင် ၄၃ သိန်းကျပ် တောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပြည်သူထံမှ ငွေပြန်ညှစ်
https://www.facebook.com/568312915396319/posts/912317504329190

ဘားအံတွင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲလုပ်ရန်အတွက် စစ်ကောင်စီက ကျေးရွာတစ်ရွာလျှင် ၄၃ သိန်းကျပ် တောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပြည်သူထံမှ ငွေပြန်ညှစ်



ရန်ကုန်၊ အောက်တိုဘာ ၂၅



ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ၇၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲ ကျင်းပရန် ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၄၃ သိန်းကျပ် စစ်ကောင်စီက အတင်းအကျပ် တောင်းခံနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။



အဆိုပါ ငွေကြေးများကို အောက်တိုဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်ဟုဖြစ်ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီတောင်းခံသည့် ငွေကြေးရန် ကျေးရွားများတွင် တစ်အိမ်လျှင်ငွေကျပ် ၁ သောင်း မဖြစ်မနေ တောင်းခံနေကြောင်း သိရှိရသည်။



“တစ်ရွာထဲကိုပဲ သိန်း ၄၀ ၊ အနီးအနား ရွာတွေ အများကြီးဆိုတော့ ငွေက သိန်းထောင်ချီတောင်းနေတာ။ အထက်က ကောက်ခိုင်းလို့ပြီး တောင်းနေတာ။ အရင်က စေတနာရှိသလောက်ပဲ။ ၂ ထောင်၊ ၄ ထောင် စေတနာရှိသလောက် ပေးကြတယ်။ အခုက မထည့် မနေရ ။ မထည့်တဲ့ အိမ် မှတ်ထားတယ် လို့ ပြောတယ်။” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။



ကရင်ပြည်နယ်ရှိ ရွာများတွင် ရေကြီး ရေလျှံ့မှုကြောင့် ပြည်သူများ အခက်အခဲရှိနေချိန်တွင် အတင်းအဓမ္မကောက်ခံနေခြင်းဖြစ်ကြောင်း၊ စီးပွားရေးအဆင်မပြေချိန်တွင် စစ်ကောင်စီက အထိမ်းအမှတ်ပြိုင်ပွဲအတွက်ဟုဆိုကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသည့်အတွက် ဒေသပြည်သူ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:35


Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၅ ရက် ညနေပို...

(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:35


Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=-RMX6rXPOb0

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်



By ရန်ကုန်ခေတ်သစ်



ဒီကနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့



- မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဧကမုချ ကျရှုံးရမှာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆက်လက် လက်တွဲသွားမှာဖြစ်တယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တရားဝင် ပြောဆိုလိုက်ပါတယ်။



- အကြမ်းဖက် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ၊ သံတွဲမြို့ပေါ်မှာရှိတဲ့ သူတို့ရဲ့ စစ်မှူထမ်းဟောင်းရုံး နဲ့ ကြံ့ဖွတ်ပါတီရုံးတွေကို လေယာဉ်နဲ့လာပြီး ဗုံးတွေလကျဲချ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။



- MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာကို ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာပြီး ဗုံးသီးတွေ ၄ ကြိမ်ဆက်တိုက် ကျဲချသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:34


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:34


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/912376807656593

လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံး၊ စက်ရုံနှင့်အဆောက်အအုံများ ပျက်စီး



ရန်ကုန်၊ အောက်တိုဘာ ၂၅



ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်ပတ် ဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံးပြီး စက်ရုံနှင့်အဆောက်အအုံများ ပျက်စီးကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။



ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်များက လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ပေါက်ကွဲအားပြင်းထန်သော ဗုံး ၅ လုံးကျဲချခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးနင်းလာသူ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။



အကြမ်းဖက်စစ်ကောင်စီက ယခုကဲ့သို့လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးရှိနေပြီဖြစ်ပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။



အကြမ်းဖက် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ရက်ရက်စက်စက်ကျူးလွန်နေခြင်းဖြစ်ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:33


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

25 Oct, 17:33


ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာတွင် စစ်တပ်က မသန်စွမ်း ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်နှင့် အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး
https://www.facebook.com/568312915396319/posts/912363137657960

ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာတွင် စစ်တပ်က မသန်စွမ်း ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်နှင့် အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး



ရန်ကုန်၊ အောက်တိုဘာ ၂၅



စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်သည် မသန်စွမ်းအမျိုးသား ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ့နေအိမ်နှင့်အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။



အကြမ်းဖက်စစ်တပ်သည် စိုင်ပြင်လေးကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။



သတ်ဖြတ်ခံရသူသည် ခြေထောက်တစ်ဖက် မသန်စွမ်းသူ ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထွက်ခွာသွားပြီဟုထင်၍ အိမ်သို့ ပြန်ဝင်ချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။



အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်စီးမှုကြောင့် စိုင်ပြင်လေးကျေးရွာတွင် နေအိမ် ၃၁ လုံး၊နွားတဲ ၈ လုံးနှင့် စပါးကျီ ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

23 Oct, 04:58


Patterns of Military Oppression In 2023-2024
https://aappb.org/?p=29799

Since its coup in February 2021, the military have perpetrated a more than three-year long terror campaign, resulting in widespread and systematic human rights violations committed against the civilian population. The military has failed to consolidate power and territorial control in the aftermath of its February 2021 coup and has reacted to calls for democracy […]

Khit Thit Media ခေတ်သစ်မီဒီယာ

23 Oct, 04:57


၂၀၂၃-၂၀၂၄ ကာလအတွင်း စစ်အုပ်စု၏ ဖိနှိပ်မှု ပုံပန်းသဏ္ဌာန်များ
https://aappb.org/bu?p=29797

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ပြန်လည်အောက်မေ့အမှတ်ရစေနိုင်သည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ စောင့်ကြည့် လေ့လာတွေ့ရှိချက်များအရ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် ပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို […]

Khit Thit Media ခေတ်သစ်မီဒီယာ

23 Oct, 03:09


Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=VXnKshMKIeY

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:56


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:56


ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ
https://www.facebook.com/568312915396319/posts/910229954537945

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ



ရန်ကုန်၊ အောက်တိုဘာ ၂၂



မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ထိပ်တန်းရဲအရာရှိကြီးတချို့ပါဝင်သော ရဲကိုယ်စားလှယ် အဖွဲ့တစ်ခု နေပြည်တော်သို့ ရောက်ရှိလာကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။



ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတချို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နေပြည်တော်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံခြင်း၊ မြန်မာရဲတပ်ဖွဲ့များနှင့်တွေ့ဆုံခြင်း အပါအဝင် ရဲညီလာခံပါ တက်ရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။



"ထိုင်းရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ နေပြည်တော်ကို မနေ့က ရောက်လာပါတယ်။ ဒီနေ့တော့ Call တွေ တွေ့ပြီးတော့ ညီလာခံတက်မယ်လို့သိရတယ်။ ဆွေးနွေးမယ့် အထဲမှာတော့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်၊ ပူးပေါင်းဆောင်ရွက်ရေး၊ တရားခံလွှဲပြောင်း လဲလှယ်ရေး၊ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး အဲဒါတွေကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေ ဆွေးနွေးကြမှာပါ" ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။



အကြမ်းဖက်စစ်ကောင်စီနှင့် ထိုင်းအစိုးရသစ်တို့အကြား ဆက်ဆံရေး တိုးမြှင့်မှုများရှိနေပြီး လာမည့် ဒီဇင်ဘာလတွင် ထိုင်းအစိုးရက ဦးစီး၍ မြန်မာ့အရေး ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ဦးဆောင်ကျင်းပရန် ရှိနေကြောင်း၊ လက်ရှိ နှစ်နိုင်ငံ စစ်ဘက်နှင့် ရဲဘက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်မြှင့်တင်လာကြောင်း သိရှိရသည်။



ဓာတ်ပုံ-၂၀၂၂ ခုနှစ် ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အကြား ဆွေးနွေးပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:55


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:55


ဖျာပုံတံတားဂိတ်တွင် စစ်ကောင်စီ တပ်က ခရီးသွား ပြည်သူများကို နေ့စဉ် ခြိမ်းခြောက် ငွေညှစ်နေပြီး သေနတ်ပြ၍ ခြိမ်းခြောက်
https://www.facebook.com/568312915396319/posts/910215951206012

ဖျာပုံတံတားဂိတ်တွင် စစ်ကောင်စီ တပ်က ခရီးသွား ပြည်သူများကို နေ့စဉ် ခြိမ်းခြောက် ငွေညှစ်နေပြီး သေနတ်ပြ၍ ခြိမ်းခြောက်



ရန်ကုန်၊ အောက်တိုဘာ ၂၂



ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဖျာပုံတံတားအဆင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခရီးသွား ပြည်သူများထံမှ နေ့စဉ် ခြိမ်းခြောက် ငွေညှစ်နေပြီး သေနတ်ပြ၍ ခြိမ်းခြောက် မှုများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။



ဖျာပုံတံတားအဆင်းတွင် ပြည်သူများကို မှတ်ပုံတင်ပါ မပါ စစ်ဆေနေခြင်းဖြစ်ပြီး မှတ်ပုံတင်မပါပါက‌ ငွေညှစ်ခြင်း၊ မှတ်ပုံတင်ပါလျှင်လည်း သက်တမ်းတိုးရန် လိုသည်ဟုဆိုကာ ငွေညှစ်ခြင်း၊ မှတ်ပုံတင် သက်တမ်းတိုးရန် မလိုသူဆိုပါက နယ်ကျော်သည်ဟုဆိုကာ ငွေညှစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။



"ဧရာဝတီဘက်က လူငယ်တွေ အများစုက ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အများဆုံး အလုပ်လုပ်ကြတာပါ။ အိမ်ကို အလည်အပတ် ပြန်ချိန်ဆိုရတဲ့ လစာလေးတွေထဲက မိဘမကန်တော့ရသေးဘူး။ ဒီကောင်တွေက အမြဲ ဖြတ်ဖြတ်ခုတ်နေတာ တစ်ယောက်ကို ၁၀၀၀ ကနေ ၅၀၀၀ ကြား တစ်ရက်ကို အနည်းဆုံး လူ ၁၀၀ လောက်ရှိတယ်။ ကလေးတွေ မျက်နှာတွေဆို သေနတ်ပြ ခြိမ်းခြောက် ငွေညှစ်တော့ အမြဲ ကြောက်နေကြရတာ"ဟု ဖျာပုံဒေသခံတစ်ဦးက ပြောဆိုသည်။



ထိုသို့ ဖျာပုံတံတားအဆင်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို ငွေကောက်ခံနေသည်မှာ ၂၀၂၃ ခုနှစ်က စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူအချို့ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဘဲ လက်ရှိအချိန်ထိ ကောက်ခံနေဆဲ ဖြစ်ကြောင်း သိရှိရသည်။



"ပြည်သူတွေကို မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင် ပါတာတောင် အသက်ကျော်နေတယ်ဆိုပြီး အထဲခေါ်ခေါ်သွားပြီး ငွေညစ်တယ် ။ မှတ်ပုံ လဲဖို့လည်း မလိုအပ်ဘူးဆို နယ်မြေကျော်တယ်ဆိုပြီး ငွေညစ်တယ်။ စမတ်ကတ်မပါဘူးဆိုပြီးလည်း ငွေညှစ်တယ်။ ပြည်သူက ပြန်ပြောရင် ပြောတဲ့သူတွေကို အပြစ်သားလို ဒူးထောက်လက်မြှောက်ထိုင်ခိုင်းတယ်"ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။



ဓာတ်ပုံ- ဖျာပုံမြို့အဝင်ဂိတ်မှ စစ်ဆေးရေးဂိတ်။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:54


(Feed generated with FetchRSS (https://fetchrss.com/))

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:54


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/910204834540457

သပိတ်ကျင်း ပကဖတာဝန်ခံနှင့် အဖွဲ့ဝင်များက စစ်ရှောင်ပြည်သူများကို ဆန်နှင့် ဆီ ပေးဝေ



ရန်ကုန်၊ အောက်တိုဘာ ၂၂



သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်ဒေသပြည်သူများကို သပိတ်ကျင်း ပကဖတာဝန်ခံများနှင့် အဖွဲ့ဝင်များက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဆန်၊ ဆီ၊ ရိက္ခာများ ပေးဝေခဲ့ကြောင်း သိရှိရသည်။

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:53


Photos from Khit Thit Media's post
https://www.facebook.com/568312915396319/posts/910199141207693

စစ်ကောင်စီက စစ်ရှုံးနေ၍ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် ဆေးရုံများကို လေယာဉ်ဖြင့် ဗုံးကျဲမှု အပါအဝင် အကြမ်းဖက်မှုမျိုးစုံ တိုးမြှင့် ကျူးလွန်နေဟု နိုင်ငံတကာသို့ ဦးကျော်မိုးထွန်း အသိပေးပြောဆို

Khit Thit Media ခေတ်သစ်မီဒီယာ

22 Oct, 14:52


(Feed generated with FetchRSS (https://fetchrss.com/))