_____
အခက်ခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်
တစ်ချို့လူတွေက အဲ့ဒီ့ အခက်အခဲ ကို
ရှောင်ကွင်းလို့ ရမယ်ထင်ကြပြီး
ကံတရားကိုဖေးမဖို့အတွက်ဆုတောင်းတယ်
တစ်ချို့လူတွေက သူတို့ မလုပ်နိုင်ဘူးဆိုတဲ့
အသိတရားကိုနှလုံးသွင်း တစ်နေရာတည်းမှာ
ခြေစုံရပ် ပြီး ကိုယ့်အစွမ်းအစ တွေ ကို
တိမ်ကော ပျောက်ကွယ် သွား အောင်
လုပ်တတ်တဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ်
လူတိုင်းကို မဆိုလိုပါဘူး...လူတစ်ချို့ကိုပါ...
စစ်ဖြင့်မတိုက်ရသေးဘူး မြှားကကုန်နေပြီး
ရည်ရွယ်ချက်က မဖြစ်မြှောက်သေးဘူး
စိတ်ဓာတ်ခွန်အားက ဗလာနတ္ထိ ဖြစ်နေပြီး
ကံကြမ္မာဆိုတာ ယုံစားလို့မရတဲ့အရာပါ
သူဖြစ်ချင်ရာ ဖြစ်နေတဲ့ အတွက်...ကောင်း
တာတွေသယ်လာခဲ့ရင်လည်းဆီးကြိုနေရုံပေါ့
ဆိုးတာတွေကို တော့ ဘယ်သူမှ မျှော်လင့်
မထားတတ်တာလည်း လူ့ သဘာဝပါ...
ဒါမဖြစ်သင့်ဘူး...
အကောင်းဆုံးကိုလက်ခံထားသလို အဆိုးဆုံး
ကိုလည်း ကြိုတင်တွေးတောထားဖို့လိုတယ်
ဒါမှသာ ဖြစ်ပျက်သမျှကိုခံနိုင်ရည်ရှိပါလိမ့်မယ်။
ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ
အခက်အခဲ ပြဿနာတွေကို ဖြေရှင်း တဲ့
နည်းလမ်းတွေ ရရှိမှသာ အောင်မြင်မှုလမ်း
ဆီသို့ ဦးတည် ခြေချနိုင်ပါလိမ့်မယ်...
မဟုတ်ရင် ချောင် ပိတ်ရိုက်တာထက် ကို
ဆိုးဝါးသွားလိမ့်မယ်...မိတ်ဆွေ...
ခွေးတောင် ချောင်ပိတ်ရိုက်ရင်ပြန်ကိုက်
တတ်ပါတယ်...ကျနော်တို့က လူတွေပါ
အခက်ခဲ ပြဿနာတွေ ဘယ်လောက်ပဲ
များစွာ ချောင်ပိတ် ရိုက် ခတ် နေပါစေ
ငြိမ်ကုတ်မနေပဲ ပြန်လည်တိုက်ခိုက်ဖို့
နည်းလမ်းတွေကို ရှာဖွေရမှာပဲ မဟုတ်လား.?
"မကြိုးစားရသေးပဲ လက်မလျှော့ပါနဲ့
အရာအားလုံးက ဖြစ်နိုင်ချေရှိပါတယ်"
စွမ်းဆောင်နိုင်တဲ့ သတ္တိခွန်အားတွေ
ရှိနေဖို့တော့ လိုအပ်တာပေါ့...
ဘယ်အရာမှ အလွယ်တကူ ရဖို့မမြင်ပါနဲ့
တစ်ခုကို ရယူချင်တယ်ဆိုရင် တစ်ခုကို
ပေးဆပ်ရတာ ဓမ္မတာ ပဲ မိတ်ဆွေ...
လွယ်လွယ်နဲ့ အချောင်ရဖို့တွေးနေရင်
သင့်ဘဝလည်း လွယ်လွယ်နဲ့ ကျရှုံးမှာပဲ
လွှတ်မြောက်ရာလမ်းကို ရောက်ဖို့အတွက်
အနည်းငယ်တော့ ပေးဆပ်ရလိမ့်မယ်...
သင့်ဘဝတစ်ခုလုံးသေသွားတာမှမဟုတ်တာ
မေတ္တာဖြင့်
ကိုရဲ(Barlarlar)