ထွေရာလေးပါး သတင်းစုံ @htwayyarlay Channel on Telegram

ထွေရာလေးပါး သတင်းစုံ

@htwayyarlay


ထွေရာလေးပါး သတင်းစုံ (Burmese)

ထွေရာလေးပါး သတင်းစုံ ဆိုတာလည်း တင်ပါတယ်။ ဤ channel သည် လက်နက်ရှိသည့် ပြောရယ်, အခွင့်ရရှိသည့် ဂွင်သို့ နှင့် ကျိုးကျောင်းအထပ် ဖြစ်ပါသည်။ ဤ channel ကို သုံးပြီး သင့်အလုပ်လုပ်ရန် နိမ့်ေပးပါ။ ထွေရာလေးပါး သတင်းစုံ သင်၏ အဖွဲ့အစည်းနှင့် ကြေညာရေးနှင့် နည်းပညာအသုံးပြု အလုပ်အကိုင်အတွက် လှပသည့် အဓိက သည်။ ဤသတင်းစုံလည်း သင်၏ အတွက် မှောင်းပြောလိုသော သတင်းစုံဖြစ်သည်။

ထွေရာလေးပါး သတင်းစုံ

06 Jan, 09:20


ယနေ့နံနက် ၆နာရီခန့်က စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ဗျူဟာလမ်းအရှေ့ဘက်က တင်ငုတ်ကြီးရွာရဲ့ပအဖ ခေါင်းဆောင်ငွေသိန်း အသတ်ခံရဟုသိရ။

PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါ။အကြောင်းကိစ္စတစ်ခုကြောင့် နှုတ်ပိတ်တာဖြစ်နိုင်ကြောင်း သိရ။

ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့
https://t.me/kyunhlanews

ထွေရာလေးပါး သတင်းစုံ

06 Jan, 09:10


ARSA တွေ ဖော်ပြလာတဲ့

AA အကြမ်းဖက်အဖွဲ့ဝင်များရဲ့ သေဆုံးမှုများ...

ထွေရာလေးပါး သတင်းစုံ

06 Jan, 09:09


ဂျိုးဖြူပိုက်လိုင်း ပြင်မည် ဖြစ်သောကြောင့် ယာယီရေပြတ်မည်


ဇန်နဝါရီ ၆

ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ရန်ကုန်မြို့တွင် မနက်ဖြန် ဇန်နဝါရီ (၇) ရက်၌ ရေယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးထားပါတယ်။

ယာယီပြုပြင်ထားသော ဂျိုးဖြူပိုက်လိုက်ကြီးအား အကြီးစား ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် ယာယီရေပြတ်မည်ဖြစ်သည်ဟုဆိုပါတယ်။

အဆိုပါ အကြီးစားပြုပြင်ခြင်း လုပ်ငန်းစဉ်များတွင် ဇန်နဝါရီလ (၇) ရက် နံနက် အစောပိုင်း (၂) နာရီမှစ၍ ရေစတင်ပိတ်ပြီး ရေကျန်များထုတ်ခြင်း၊ ဂျွိုင်းဆက်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ရေပြန်လည်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရပါတယ်။

ထွေရာလေးပါး သတင်းစုံ

06 Jan, 08:06


စလင်း ကို ထိန်းဖို့လိုပြီ

-
မကွေးတိုင်း၊စလင်းမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးသို့ လှုပ်ရှားလာသည့် စစ်သွေးကြွများ၊
ခရီးသွားကားများအား ဆက်ကြေးကောက်နေသည့်မြင်ကွင်း။


https://t.me/kyawswar49111

ထွေရာလေးပါး သတင်းစုံ

06 Jan, 08:06


ယူနစ်ဖောင်း မဝတ်ရဲတဲ့ ဘဝ ရောက်ကုန်ပြီ

လူထု မထောက်ခံတာကို ဒလန်ဆိုဖဲ

https://t.me/kyawswar49111

ထွေရာလေးပါး သတင်းစုံ

06 Jan, 08:05


အဆင်ပြေရင် Youtube မှာ Subcribe လေး လုပ်ပေးကြပါဦးနော် ၁ သိန်းပြည့်ခါနီးပြီမို့ပါ။ Youtube အသိအမှတ်ပြု တံဆိပ်လေးရမှာမို့ပါခင်ဗျာ ကူညီကြပါခင်ဗျာ။ ဒီလင့်ကို နှိပ်ပြီး ကူညီပေးပါနော် https://www.youtube.com/@AungMoeKyawReporter ။

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:10


*သစ္စာဖောက်တို့ သွားရာလမ်း နာမည်လဲသေ လူလဲသေ ဆိုတာ ဒီလိုကောင်စားမျိုးတွေ ရဲဖွတ်တို့ သာကူးအောင်ကိုတို့ လည်း ဒီလိုလူစားမျိုးတွေပဲ ဘယ်သူကမှလက်မခံတော့ဘူး အထူးသဖြင့် မိမိမိတ်ဆွေ မိမိရှင်သန်ခဲ့တဲ့ အဖွဲ့အစည်းအပေါ် သစ္စာဖောက်သူတိုင်း ဘယ်တော့မှ သက်ဆိုးမရှည်သလို ဘယ်အဖွဲ့ကမှလည်း အပြည့်အဝ အယုံအကြည်မရှိ*

*ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆိုးအတူတူ ကောင်းအတူတူ မျှဝေ ခံစားမယ်ဆိုတဲ့ စိတ်သာမွေး လူသေရင်တောင် နာမည်မသေဘူး*

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:07


မိုးကုတ်တွင် ဗမာလူမျိုးများကို သတ်ဖြတ်မှုများရှိနေ

မန္တလေးကိုရောက်လာတဲ့ ဆေးစွဲလူငယ်တစ်ဦးပြောပြချက်အရ မိုးကုတ်ထောင်မှာဖမ်းဆီးထားတဲ့ မူးယစ်ဆေးစွဲသူ လူ(၂၀၀)ကျော်ကို TNLA"အဖွဲ့ကရိုက်နှက်တာကြောင့်ဆုံးပါးခဲ့ကြောင်းသိရပါတယ်။

     အဲ့ဒီဆေးစွဲလူငယ်လည်း TNLA"ကိုငွေကြေးအမြောက်အများပေးပီးမှထောင်ကလွတ်လာကြောင်းပြောပြပီး မိုးကုတ်မှာမနေရဲတော့‌တာကြောင့်မန္တလေးသို့လာရောက်ခဲ့ရခြင်းဖြစ်ကြောင်းပြောပြပါတယ်။

     နောက်ထပ်ဆိုးဆိုးဝါးဝါးကြားသိရတဲ့သတင်းတစ်ခုကတော့ မိုးကုတ်မြို့က'ကာရာအိုကေဆိုင်'မှာအလုပ် လုပ်နေကြရတဲ့ မိုးကုတ်သူမိန်းခလေးငယ်တွေအကြောင်းပါ။

      TNLA"ပလောင်သူပုန်တွေဟာ မြို့ထဲမှာရှိတဲ့ကာရာအိုကေဆိုင်'တွေကိုသောက်စားမူးယစ်ပီးရောက်လာချိန်တိုင်း သူတို့နှစ်သက်တဲ့ အလုပ်သမားအမျိုးသမီးငယ်တွေကို တစ်ည(၂)သိန်းပေးပီးခေါ်ယူပျော်ပါးကြပါတယ်။

      ဒီလိုခေါ်ယူသွားရာမှာ ကာရာအိုကေဆိုင်မှာအလုပ်လုပ်တဲ့ မိန်းခလေးငယ်(၃)ဦးကိုခေါ်ဆောင်သွားရာက (၂)ဦးမှာ အသက်မဲ့လျက်နဲ့ပြန်ရောက်လာပီးအခြား(၁)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့်ဆေးဝါးကုသနေရကြောင်းသိရပါတယ်။

     မိုးကုတ်မြို့ခံတွေပြောပြချက်အရ ရိုက်နှက်ခံရပီးအသက်ဆုံးပါးခဲ့ရတဲ့ မူးယစ်ဆေးစွဲသူ အယောက်(၂၀၀)ကျော်နဲ့ "~

    ကာရာအိုကေဆိုင်ကနေခေါ်ယူသွားပီးနှိပ်စက်ကွပ်မျက်ခံရတဲ့မိန်းခလေးငယ်တွေဟာ ဗမာလူမျိုးများသာဖြစ်ကြောင်းသိရပါတယ်။

ဦးတွန် မင်းခေါင်နော်ရထာ
https://t.me/kyunhlanews

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:05


ချင်း PDF တွေ ထိန်းချုပ်လိုက်လို့ ရိဒ်ခေါ်ဒါမြို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်ကို
အိန္ဒိယက ပိတ်

ဇန်နဝါရီ-၄

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါမြို့နဲ့ ထိစပ်နေတဲ့
အိန္ဒိယနယ်စပ် ဇိုးခွားထားလ်မြို့က အဝင်အထွက်ဂိတ်ကို
အိန္ဒိယစစ်တပ်၊ အာသံရိုင်ဖယ်တပ်ရင်းက ပိတ်ထား

ယခုပိတ်ထားတဲ့ အမှတ်(၂) ကုန်သွယ်ရေးတံတားအပြင်
အခြားဝင်ပေါက်တွေဖြစ်တဲ့ တလန်းစန်၊
ရွန်တလန်၊ မဲဘုတ်၊ ဝီလီကိုင်ဂိတ်တွေကိုပါ
ပိတ်ထား

အခုလိုမျိုးပိတ်ထားတာက ချင်း PDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့
ဟွားငိုလ်းအဖွဲ့က ရိဒ်ခေါ်ဒါမြို့ကို ထိန်းချုပ်ပြီးနောက်မှာ
အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေဆီကို
မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုနဲ့ တရားမဝင်ကုန်သွယ်မှုတွေ
များပြားလာပြီး မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအစိုးရမဟုတ်တဲ့ အတွက်
တေဆွးနွေးညှိနှိုင်းလို့ မရတာကြောင့် ပိတ်ရခြင်းဖြစ်တယ်လို့
သိရ

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:04


TNLA အဖွဲ့က MDY-PDF တွေကို ပစ်သတ်တဲ့ ရုပ်သံမှတ်တမ်း

👊👊👊👊👊👊

3-1-2024 နောင်ချိုမြိုနယ် ဂန့်ဂေါ်နယ်မြေမှာ တပ်မတော်စခန်းအား တိုက်ခိုက်ရန် ငြင်းဆန်သည့် MDY-PDF တွေကို TNLA ပလောင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်။

ယခု Drone file သည့် အကြမ်းသမားများကို Drop bomb ချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ၎င်းတို့အချင်းချင်း သတ်ဖြတ်နေသည့် မှတ်တမ်းက ယူနိုင်ခဲခြင်းဖြစ်ပါတယ်။

ချကြဟေ့ ချကြ

အဲလိုများများလုပ်ပေးမှ ဗမာဆိုတဲ့ ငပိန်းတွေ အလင်းပွင့်လာမှာ။

မှိုင်းဝေ

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:01


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မှိုင်းဝေ

ထွေရာလေးပါး သတင်းစုံ

04 Jan, 15:01


ဇန်နဝါရီ ၃ ရက်နေ့၊ညနေ ၅:၃၀ အချိန်ခန့်က မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The Wood စားသောက်ဆိုင်အနီး၌ စတားပါဝါ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားသလို ဦးထွန်းလင်းနိုင်ဦး၏ ကားကိုလည်း ယူဆောင်သွားသည်။

#PeopleMedi@peoplemedianews

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:59


ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:59


ဇန်နဝါရီလ ၄ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:58


--------------------
ဟိုဖက်ရက်ကွက်SSPP/SSA
အာလူးဗူးသီးဗဟိုကော်မတီဝင်
စစ်ခေါင်းဆောင်တယောက်က
လှမ်းမေးပါတယ်

ဟိုးအရင်တုန်းကနင်ရဲ့
အချစ်တော်တောကျားကြီးRCSS/SSA
ရှမ်းလက်နက်ကိုင်တပ်ဖွဲ.ဟာ
တောင်ကြီး-ကျိုင်းတုံကားလမ်းမ
တဖက်ကမ်းမှာပဲ
လှုပ်ရှားစစ်ကစားပြီး
2023-ခုနှစ်ဒီဇင်ဘာလပိုင်း
အင်အား အလုံးအရင်းနဲ.
ငါတို့SSPP/SSAဗဟိုဌာနချုပ်
ရှေ့ကာ အပြင်စည်းသို့
ဝင်ရောက် လှုပ်ရှားလာတော့
မလွဲမရှောင်တိုက်ပွဲဖြစ်ရတယ်လို့
အကြောင်းပြပါတယ်

ခုရက်ပိုင်းအတွင်း
ရှမ်းကျား နှစ်ကောင်"ဟာ
တိုက်ပွဲပိုမို ပြင်းထန်လာသလို
ထိတွေ့မှုလည်းနေ့တိုင်းလိုလို
ခပ်စိပ်စိပ်ဖြစ်ပွားနေရကာ
လက်နက်ကြီးများပါ
စတင် အသုံးပြုတိုက်ခိုက်လာပါတယ်

SSPP/SSAစစ်ဦးစီးချုပ်ထံ
စာရေးပေးပို့တောင်းဆိုချက်အရ
ရှမ်းပြည် တောင်ပိုင်း
အလယ်ပိုင်းဒေသမူလ
တောကျားRCSS/SSA
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့လှုပ်ရှား
နယ်မြေဟောင်းများ အားလုံး
ခြွင်းချက်မရှိပြန်လည်တပ်ဆုတ်ပေးရန်လိုလားပြီး
ပြန်မပြောနားမထောင်
အူကြောင်ကြောင်ငြိမ်သက်နေပါက
ဒီလိုပွင့်လင်းရာသီနွေဦးဆောင်းအခါမှာ
သေနတ်ပစ်ပြိုင်ပွဲကျင်းပဖို့
အကောင်းဆုံး
အခြေအနေ ပေးလာပြီဆိုတော့
တိုက်သင့်ရင်တိုက်ရမည်ဟု
ဆုံးဖြတ်ထားပါတယ်

တချိုကရှမ်းတပ် အချင်းချင်း
တွေ့ဆုံ ဆွေးနွေးကာ
စစ်ပွဲမလိုလားကြောင်း
မှတ်ချက်ပြုပြောကြားသော်လည်း
ဟိုဖက်ရက်ကွက်SSPP/SSA
အဖွဲ့အစည်းဟာ63-%
UWSAဝစစ်သားများ
အရေခြုံဗန်းပြထားလေတော့
ငြိမ်းချမ်းသောနည်းလမ်း
စကားပြောဖို့ခက်ခဲပါတယ်

အထူးသဖြင့်ရှေ့တန်းစစ်မျက်နှာမှာ
တာဝန်ကျသောတောကျားRCSS/SSA
ရှမ်းလက်နက်ကိုင်တပ်ဖွဲ.
နယ်မြေခံတပ်မဟာမူးများ
ပြောကြားချက်အရ
1.ငါတို့ကသူတို့ကိုသွားမတိုက်လည်း
သူတို့ကငါတို့စစ်စခန်းကို
ရန်ရှာ လာတိုက်မှာပဲ
2.သူတို့လူကြီးတွေခပ်များများက
ဝလူမျိုးစပ်ရောနှောထားကာ
ရှမ်းအမျိုးသားရေးဖျက်ဆီးပစ်ဖို့သာရည်ရွယ်ချက်ရှိပြီး
3.မျိုးချစ်စိတ်ရှိသော
ရှမ်းလူမျိုးစစ်စစ်တပ်သားများ
ငါတို့ထံလာရောက်ပူးပေါင်း လက်တွဲဖို့
ကြိုးစားစည်းရုံးမည်ဖြစ်ကြောင်း
ပြောကြားပါတယ်

သို့ဖြစ်ပါ၍ငြိမ်းချမ်းသောနည်းလမ်း
တွေ့ဆုံစကားပြောဖို့
အခြေအနေမဖြစ်နိုင်လေတော့
ရှမ်းပြည်တောင်ပိုင်း
အလယ်ပိုင်းဒေသ
1.ကျေးသီးမြို.နယ်
2.မိုင်းကိုင်မြို.နယ်
3.ရက်စောက်မြို.နယ်
4.လဲချားမြို.နယ်
5.မိုင်းနောင်မြို.နယ်ခွဲ
မူလ နယ်မြေဟောင်းများအား
တောကျားRCSS/SSA
မျိုးချစ် ရှမ်းရဲဘော်များ
လိုအပ်ချက်ရအကန့်အသတ်
စစ်ရေးလှုပ်ရှားမည်ဟုထင်မြင်မိပါ၏
https://t.me/KKM28640

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:56


မိုးကုတ်မြို့နှင့်အနီးတစ်ဝိုက်"
~~~~
မိုးကုတ်မြို့ကိုပလောင်သူပုန်TNLAသိမ်းပိုက်ပီး‌တဲ့နောက်မှာမြို့အုပ်ချုပ်ရေးအဖွဲ့"ဖွဲ့စည်းတာတွေကျောက်မျက်လုပ်ကွက်များတိုင်းတာချထားပေးနေတာတွေတွေ့ရပါတယ်။
TNLAလက်အောက်မိုးကုတ်မြို့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းထားပီးအဲ့ဒီအဖွဲ့လက်အောက်မှာတော့မြို့မိမြို့ဖအဖွဲ့ထားရှိတာတွေ့ရပါတယ်။မိုးကုတ်မြို့ မြို့မိမြို့ဖထဲပါဝင်သူတွေကိုဖေါ်ပြရရင်

(၁)ဝင်းတင့်(စည်ပင်သာယာရပ်ကွက်)
(၂)ဇော်ဝင်း(ရွှေကူရပ်ကွက်) မြတ်စေတနာလူမှုရေး
(၃)မွန်လေး(ရွှေဘုံသာရပ်ကွက်)
(၄)သာထွန်းအောင်(ဈေးဟောင်းရပ်ကွက်)
(၅)ဆန်ဂျေး(တောင်ကချင်ရပ်ကွက်)တို့ပါဝင်တာတွေ့ရပါတယ်။

မိုးကုတ်ကျောက်မျက်လုပ်ငန်းကြီးကြပ်ရေးကော်မီတီကိုလည်းဖွဲ့စည်းထားကြောင်းသိရပီးအဲ့ဒီအဖွဲ့ကို
(၁)ဇော်ဝင်း(မြတ်စေတနာ)
(၂)ဟုမ်းမနက်(ဂေါ်ရခါး)(ကျောက်ကုန်သည်)
(၃)စီတာရာ(ဂေါ်ရခါး)ရှမ်းတောရပ်ကွက်
(၄)ဆန်ဂျေး(ဂေါ်ရခါး)တောင်ကချင်ရပ်ကွက်'တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ကျောက်မျက်လုပ်ကွက်ချထားရေးတာဝန်ခံအဖြစ် ဆန်ဂျေး(ဂေါ်ရခါး)ကိုတာဝန်ပေးထားပီးကျောက်မျက်လုပ်ကွက်ချထားရေးနဲ့တိုင်းတာရေး"တာဝန်ခံအဖြစ် ဆင်ခွာရွှာမှလှဖေ(ပလောင်)ကိုတာဝန်ပေးထားပါတယ်။မိုးကုတ်ဗျူဟာအဖွဲ့ကဖိုးနီကိုအဖွဲ့ဝင်အဖြစ်ထားရှိတာကိုလည်းတွေ့ရပါတယ်။ဒီထဲမှာဆန်ဂျေးနဲ့လှဖေတို့ကလုပ်ကွက်တစ်ခုတိုင်းတာတိုင်း(၃)သိန်းစီရကြောင်းလည်းသိရပါတယ်။

ဒီဇင်ဘာ(၃၁)ရက်နေ့မှာဝက်သားရောင်းတဲ့လီဆူးဈေးသည်တွေထံကဝက်သားများသိမ်းဆည်းပီးTNLAအဖွဲ့ New yearညမှာအောင်ပွဲခံစားသောက်ပစ်လိုက်ကြောင်းသိရပါတယ်။ပီးခဲ့တဲ့ရက်ကမန္တလေးကိုပြန်ရောက်လာတဲ့ ဆေးစွဲလူငယ်တစ်ဦးပြောပြချက်အရမိုးကုတ်ထောင်မှာဖမ်းဆီးထားတဲ့မူးယစ်ဆေးစွဲသူ(၂၀၀)ကျော်ကိုTNLAအဖွဲ့ကရိုက်နှက်တာကြောင့်ဆုံးပါးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီဆေးစွဲလူငယ်လည်းTNLAကိုငွေကြေးအမြောက်အများပေးပီးမှထောင်ကလွတ်လာ​ပီးမိုးကုတ်မှာမနေရဲတော့‌တာကြောင့်မန္တလေးရောက်ခဲ့ရခြင်းပါတယ်။

နောက်ထပ်ဆိုးဆိုးဝါးဝါးကြားသိရတဲ့သတင်းတစ်ခုကမိုးကုတ်မြို့ကာရာအိုကေဆိုင်မှာအလုပ်လုပ်နေကြရတဲ့မိုးကုတ်သူမိန်းခလေးငယ်တွေအကြောင်းပါTNLAပလောင်သူပုန်တွေဟာမြို့ထဲမှာရှိတဲ့ကာရာအိုကေဆိုင်တွေကိုသောက်စားမူးယစ်ပီးရောက်လာချိန်တိုင်းသူတို့နှစ်သက်တဲ့အမျိုးသမီးငယ်တွေကိုတစ်ည(၂)သိန်းပေးပီးခေါ်ယူပျော်ပါးကြပါတယ်။ဒီလိုခေါ်ယူသွားရာမှာကာရာအိုကေဆိုင်မှာလုပ်တဲ့မိန်းခလေးငယ်(၃)ဦးကိုခေါ်ဆောင်သွားရာက(၂)ဦးမှာအသက်မဲ့နဲ့ပြန်ရောက်လာပီးအခြား(၁)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့်ဆေးဝါးကုသနေရကြောင်းသိရပါတယ်။မိုးကုတ်မြို့ခံတွေပြောပြချက်အရရိုက်နှက်ခံရပီးအသက်ဆုံးပါးခဲ့ရတဲ့မူးယစ်ဆေးစွဲသူ(၂၀၀)ကျော်နဲ့ကာရာအိုကေဆိုင်ကနေခေါ်ယူသွားပီးနှိပ်စက်ကွပ်မျက်ခံရတဲ့မိန်းခလေးငယ်တွေဟာဗမာလူမျိုးများသာဖြစ်ကြောင်းသိရပါတယ်။

 အထက်ဖေါ်ပြပါတွေကမိုးကုတ်မြို့နဲ့အနီးဝန်းကျင်လက်ရှိဖြစ်ပေါ်နေသောသတင်းများဖြစ်ကြောင်းတင်ပြရင်း"~~

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:55


သူတို့ကတစ်ဆိုင်ပီးတစ်ဆိုင်ဖွင့်နိုင်နေတုန်း။

ဖါးပြုတ်တို့မှာ​တော့ဖုန်းကဟမ်းမီးကပျက်ကြက်သေးတငေါ့ဆိုလာထပ်ဝယ်ဖို့လည်းသိပ်မလွယ်ပူးးး

ထီကလည်းမပေါက်ပြန်

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:55


ဗန်းမော်တိုက်ပွဲအတွင်းKIA/PDFကျဆုံးမှုများ

ဗန်းမော်တက္ကသိုလ်ကိုတိုက်နေတဲ့PDFနဲ့KIAပူးပေါင်းအကြမ်းဖက်အဖွဲ့များနှစ်သစ်ကူးကာလတိုက်ပွဲများမှာ ထိခိုက်ကျဆုံးများပြားနေပါတယ်..

ထိခိုက်ဒဏ်ရာရသူများကို တိုက်ပွဲနယ်မြေကနေဆွဲထုတ်ပြီးဗန်းမော်ရိုးကြီးရပ်ကွက်၊ ဦးပိန်တံတားနားနဲ့ဘူဒိုဇာကုန်းအနီးဘုရားကျောင်း၊ မြို့တောင်ဘက်ကချင်ဂျောင်တစ်ဝိုက်မှာခိုအောင်းပြီးဆေးဝါးကုသပေးလျက်ရှိပါတယ်…

ဖိုးဒေဝရွာနဲ့ညောင်ပင်သာရွာဘက်မှာKIAနဲ့PDFများစုဖွဲ့နေပြီးတိုက်ပွဲဖြစ်ရင်PDFများကို ရှေ့ကတက်အသေခံခိုင်းပြီးKIAအဖွဲ့ကနောက်ကနေတိုက်လို့ထိခိုက်သေဆုံးတဲ့PDFတွေများပြားနေကြပါတယ်…

သေဆုံးတဲ့KIAတွေကိုခရစ်ယာန်ဘာသာရေးထုံးတမ်းအစဉ်းလာနဲ့အညီသင်္ဂြိလ်ပေးမဲ့ဗမာPDFသေဆုံးသူတွေကိုတော့မိုင်းခေါင်ဘက်ကိုသယ်ယူပြီး၁၀လောင်းတစ်ကျင်းနှုန်းနဲ့မြှုပ်နှံနေပါတယ်…သူတို့ရဲ့ထိခိုက်ကျဆုံးအလောင်းပုံများမီဒီယာမတင်ဖို့လိုင်ဇာဌာနချုပ်ကပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်…

ဗန်းမော်မြို့ခံအများစုကတော့ဗန်းမော်ကိုလာတိုက်နေတဲ့KIAတွေနောက်ပြန်ဆုတ်သွားဖို့အတွက်လိုင်ဇာ၊မိုင်ဂျာယန်နဲ့အင်ဘာပါဌာနချုပ်တွေကိုတပ်မတော်မှ ဗုံးမိုးကြဲတိုက်ခိုက်ပေးဖို့တောင်းဆိုနေကြောင်းသိရှိရပါတယ်။

MyanmarMilitaryPower

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:54


​ေရဦးPDFအောင်ဇင်မိုးခပေါက်စ။

၁၀၂၇ရှမ်းမြောက်တိုက်ပွဲဇန်နဝါရီ၃ရက်မှာသေဆုံးသွားပြန်ပီ

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:54


မုံရွာခရိုင်PDFကင်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာကျကျန်ခဲ့တဲ့မုံရွာPDFအဖွဲ့

ထွေရာလေးပါး သတင်းစုံ

04 Jan, 14:53


စကစသတင်းပေးကတော့အာကြီးနေမျိုးဇင်ဖြစ်လိမ့်မယ်။

လိုတာထက်ပိုပြီးအာပြနေရင်အာခေါင်ကျယ်​ပြနေရင်စိတ်မချရပူးးးး😂😂https://t.me/Snowqueen1111233/33423

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:37


“Project TheKeyမှာဝိုင်းဝန်းလိမ်လည်အကုန်ဖျောင်ဘတ်ဘုံးခဲ့ကြသူများပါ”တဲ့။

Projectကပြီးသွားပြီ။Result လည်းကြေညာပြီးပြီ။ဖြန့်ချီရေးလုပ်ငန်းတွေလုပ်လက်စဆိုပြီးအလိမ်ခံလိုက်ကြရတာခုထိပါ။

Project TheKeyပိုစတာနဲ့Project TheKeyမဲဖောက်ပွဲမှာအုပ်စုလိုက်ကြီးပီတူတွေကိုဝိုင်းလိမ်လည်တဲ့သူ​တွေကြည့်ထားလိုက်ကြ။

Project TheKeyရဲ့ငွေစာရင်းတစ်နှစ်နီးပါးအခုထိမရှင်းနိုင်ကြလို့ခွါပြဲကြပါပြီနော်။😀😀

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:34


နောက်က လိုက်လာပြန်တဲ့ သူရဲဘောကြောင်သော ထိုင်း စစ်ရေယာဥ် PGM 84 ကတော့ ဗရမ်းဗတာ ပစ်ချက်တွေနဲ့ လိုက်လာရင်း မြန်မာ့ရေပိုင်နက် အနီးရောက်ချိန်မှာ ကျားအုပ်နံ့ရတဲ့ ခွေးလို ဖင်ဒရွတ်ဆွဲ ပြန်ပြေးသွားရပါတယ် ။

လက်နက်ခြင်း မမျှလို့ သူတင်ကိုယ်တင် ပြန်မလုပ်နိုင်ပဲ ဒေါသထွက်နေရတဲ့ ရန်နိုင် ၅၁၀ ဟာ အုန်းကျွန်းဘေးနား ကျွန်းရိပ်မှာ ခိုအောင်းပြီးစောင့်နေတဲ့ မြန်မာ့တပ်မတော် ရဲ့ PGM 413 ကို မြင်လိုက်ချိန်ကျမှ ခေါင်းဆောင်တွေရဲ့ အစီအမံကို သိလိုက်ရပါတယ် ။

အကယ်၍ ရန်နိုင် ၅၁၀ နဲ့ အနီးကပ် တိုက်ဖြစ်ပါစေ ထိုင်း PGM 84 ကို နစ်မြှပ်အောင် လုပ်နိုင်ဖို့ မလွယ်ပါဘူး ။ ယခု မြန်မာ့ရေတပ်ရဲ့ PGM 413 နဲ့သာ ဆိုရင်တော့ ဝိတ်တန်းတူခြင်းမို့ ထိုင်းစစ်ရေယာဥ်ကို ရေအောက် ထာဝရ ပို့ဖို့ထိ စွမ်းနိုင်ပါ့မယ် ။
ထိုင်းတို့ အပြေးကောင်းသွားတဲ့ အတွက် ကံ ကောင်းသွားတယ် ပြောကပါ့မယ် ။

အဲဒီ ထိုင်းစစ်ရေယာဥ် PGM 84 ရဲ့ သောက်တလွဲ ပစ်ချက်တွေက ၅၈ ချက် ရှိသတဲ့ ။
ဆလုံကျွန်း(Pulo Besin) ပေါ်ရှိ ရွှေတိဂုံပုံတူဘုရားအား နှစ်ချက်ထိခဲ့ပြီး ရင်ပြင်ပေါ်သို့တစ်ချက်ကျရောက်ခဲ့ကာ တစ်လုံးမှာမပေါက်ကွဲခဲ့ပဲ သက်သေရခဲ့တယ် ။

အဲဒီ ပြဿနာကို ဖြေရှင်းကြဖို့ မြန်မာခေါင်းဆောင်တွေ ဆွေးနွေးနေတုန်းမှာပဲ ထိုင်း တို့က မြန်မာကို နားရွက်တံတွေး စွပ်တဲ့ ကိစ္စကို မဆင်မခြင် ထလုပ်ပြန်ပါတယ် ။

အဲဒါကတော့ ထိုင်းတို့က မြန်မာ နဲ့ သူပိုင် ကိုယ်ပိုင် ငြင်းနေတဲ့ ဟသာ်ကျွန်း (Ko Lam) ပေါ်သို့ မည်သည့် အကြောင်းကြားခြင်းမျိုးမှ မဆောင်ရွက်ပဲ ပိုင်စိုးပိုင်နင်း တပ်လာစွဲပြီး ကျွန်းကို သိမ်းပိုက်လိုက်တာပါ ပဲ ။

ဒီဖြစ်ရပ်ကို မြန်မာ စစ်ခေါင်းဆောင်တို့ အကြိုက်တွေ့သွားပေပြီ ။ မြန်မာ့တပ်မတော်ဟာ ကျား ဥပုဒ်စောင့်သလို ပြုမူနေရပေမယ့် နိုင်ငံတကာ ဥပဒေအရ ချုပ်တီးနေရပေမယ့် ထိုင်းကို ပညာပေးချင်နေတာ ကြာပြီ ဖြစ်ပါတယ် ။ ဒီလို ခြေလှမ်း စမှားတဲ့ ထိုင်းကို ဘရွှေကြီး ဘယ်လို အကွက်ဆန်းတွေ နဲ့ ပြန်ချုပ်မလဲ ဆိုတော့.........

ကိုရွှေမျိုးဝင်း

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:33


မမေ့သင့်တဲ့ တချိန်က မြန်မာ့ရေတပ် (3)
==============================

ထိုင်းတွေအတွက် ပြည်တွင်းမှာ အရှက်တကွဲ ဖြစ်နေရတဲ့ PGM 83 အတွက် ရန်နိုင် ၅၁၀ ကို လက်စားချေဖို့ အခွင့်ချောင်းနေသလို gas ပိုက်လိုင်း ပြဿနာကိုလည်း လျှော်ကြေးမပေးရဖို့ ဆင်ကြံ ကြံနေကြပါတယ် ။

ထိုင်းတို့ရဲ့ စုတ်ပြတ်သွားတဲ့ PGM 83 ဆေးကုနေရချိန် မှာ မြန်မာတို့ရဲ့ လာဘ်ကောင် ရန်နိုင် ၅၁၀ ဟာ ရက် ၂၀ မျှ အနားယူ အသေးစိတ်ပြုပြင်ပြီးနောက် တာဝန်ဆက်လက် ထမ်းဆောင်ရပြန်ပါပြီ ။

ရန်နိုင် ၅၁၀ ဟာ T dutyတာဝန်ဖြင့် ကော့သောင်းဗျူဟာကို သွားရောက်ခဲ့ရပါတယ် ။ အဲဒီက အပြန်ခရီးမှာ
မိမိရေပိုင်နက် ဝိတိုရိယအငူ ဖြတ်ပြီး အုန်းကျွန်း (Pulo Perlin) နှင့် Starboat Quarter ပေးပြီးချိန်မှာတော့ ရေယာဉ်ရှိ လက်နက်များအား အဆင်သင့် လုပ်ထားကြပါတယ် ။

အဲဒီ အချိန်မှာ ရန်နိုင် ၅၁၀ ကို လက်စားခြေဖို့ အကွက်ခြောင်းနေတဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ကလည်း မြေခွေးငတ်တကောင် အစာချောင်းသလို ချောင်းနေပါတယ် ။

အင်မတန် သာယာကြည်လင်နေတဲ့ ရာသီဥတု ကြောင့် ရှင်းလင်းပြတ်သားစွာ မြင်နေရတဲ့ မြင်ကွင်းတလျှောက် ရေဒါမြင်ကွင်း ၊ ကြည့်ကင်းမြင်ကွင်း တွေနဲ့ သတိမပြတ် စောင့်ကြည့်နေတဲ့ မြန်မာ့တပ်မတော် (ရေ) တပ်သားတွေကတော့ လက်နက် ၊လူသူ အားလုံး ပြင်ဆင်ထားလျှက်ပါပဲ ။

အဲလိုအချိန်မှာပဲ ထိုင်း နှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားဆဲဖြစ်သော မြန်မာအခေါ် ဟင်္သာကျွန်း (Ko Lam)တောင်ဘက်အခြမ်းမှ ကျွန်းအရိပ်တွင်း ပုန်းခိုပြီး ရေဒါရှောင်ကွင်းနေသည့် ရေယာဉ်တစ်စီးထွက် လှစ်ကနဲ ထွက်တာကို ရန်နိုင် ၅၁၀ တွေ့လိုက်ရပါတယ် ။

အတွေ့အကြုံအရ ဒါဟာ ထိုင်း စစ်ရေယာဥ်ဆိုတာကို ရန်နိုင် ၅၁၀ ရေယာဥ်မှူး ချက်ခြင်း သိပြီး ဖြစ်ပါတယ် ။ ဒါနဲ့ လိုအပ်တဲ့ အမိန့်ကို အလျှင်အမြန် ပေးလိုက်ပါတယ် ။

"လက်နက်အားလုံး အသင့် ပြင်''

ရေယာဥ်မှူးရဲ့ အမိန့်သံ ဆုံးတာနဲ့ အသင့်စောင့်နေတဲ့ တက်ကြွနေသော တပ်မတော်သားများရဲ့ ကျည်ထိုးသံ ၊ လက်နက်ကြီး ပြင်သံတို့ဟာ ရန်နိုင် ၅၁၀ ပေါ်မှာ ခဏတာမျှ ကြွက်ကြွက်ညံစေခဲ့ပါတယ် ။

ထိုင်းတို့ရဲ့ စစ်ရေယာဥ် PGM 84 ကတော့ သူတို့ ချောင်းမြောင်းနေတဲ့ ရန်နိုင် ၅၁၀ ဆိုတဲ့ မလောက်လေး မလောက်စား မြန်မာ့စစ်ရေယာဥ်ကို ပမာမခန့်ပြုပြီး မလာရဲပါဘူး ခင်ဗျာ ။ သူ့ရဲ့ Sister Ship PGM 83 ကို စုတ်ပြတ်နေအောင် တွယ်ပြီး ထိုင်းတပ်သား လေးယောက် ကျဆုံးစေခဲ့တာ ဒီ ရန်နိုင် ၅၁၀ ကိုးဗျ ။

တကယ်တန်းကျတော့ ထိုင်းတွေက မြန်မာ့စစ်ရေယာဥ်ကို ကြောက်တယ်ဆိုတာထက် မြန်မာ့တပ်မတော်ရဲ့ ရဲစွမ်းသတ္တိ နဲ့ ပြောင်မြောက်တဲ့ ဗျူဟာကို လန့် ဖြန့် နေကြတာပါ ။

သဘော်နှစ်စင်း တွေ့တာ နဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ဟာ အနားမကပ်ပဲ နှစ်မိုင်လောက် အဝေးကနေ သူ့ရဲ့ အဓိက လက်နက်ဖြစ်တဲ့ 40mm (ဘိုဖာ) အမြှောက်ကို တရစပ် ပစ်ခတ်ရင်း လာနေပါတော့တယ် ။

ရန်နိုင် ၅၁၀ ကတော့ မိမိရဲ့ လက်နက်တကမ်းအထိ ခုတ်မောင်းလာမယ့် ထိုင်းစစ်ရေယာဥ်ကို စစ်မြူရင်း အေးဆေးစွာပဲ ခုတ်မောင်းနေခဲ့ပါတယ် ။ မြန်မာ့စစ်သည်တွေက ဆေးလိပ်သောက် မပျက် ကွမ်းစားမပျက် သူတို့ ပစ်နေတဲ့ အမြှောက်ဆံတွေ ကို ရေတွက်ရင်း နှမြောလေရဲ့ ။

ရန်နိုင် ၅၁၀ ရဲ့ အပေါ် ဘေး ဘယ်ညာ တွေကနေ နီးစပ်မှု လုံးဝ မရှိတဲ့ ထိုင်းရေတပ်ရဲ့ အမြှောက်ပစ် စွမ်းရည်ကို ကြည့်ပြီး သြော် ထိုင်းမှာလည်း ဆြာတွတ်ပီ တွေ ရှိသားပဲ ဆိုပြီး ဟားတိုက်နေကြလေရဲ့ ။

ဒီလိုနဲ့ စောက်တလွဲ ပစ်ချက်တွေ နဲ့ ဗရမ်းဗတာ ပစ်လာတဲ့ ထိုင်းရဲ့ PGM 84 ဟာ ရန်နိုင် ၅၁၀ နဲ့ တမိုင်ခန့် အကွာရောက်တော့ စက်ရှိန်သပ်လိုက်ကြပါတယ် ။ ခုနစ်မိုင်ထိ ပစ်နိုင်တဲ့ ဘိုဖာ အမြှောက်နဲ့ ပစ်နေတဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ဟာ ရန်နိုင် ၅၁၀ ကို အဝေးက ခွေးဟောင်တဲ့ အဆင့်နဲ့ ရမ်းပစ်နေယုံပဲ လုပ်နေတော့ ကိုယ်က ပြန်ပစ်မရတဲ့ အတွက် ရဲဘော်တွေ သွေးဆူနေပါတယ် ။

စစ်သွေး စစ်မာန်တို့ နဲ့ ရဲစိတ်ရဲမာန် ပြည့်နေတဲ့ ရေယာဥ်မှူးဟာ ရန်နိုင် ၅၁၀ ရဲ့ လက်နက်တကမ်းသို့ လာစေရန် မြူဆွယ်ခုတ်မောင်းနေသော်လည်း ကျားနောက်က ခွေးလို အနားမလာရဲ့ ထိုင်းစစ်ရေယာဥ်ကြောင့် တပ်မတော်ခေါင်းဆောင်ကြီးများထံ သတင်းပို့ရင်း သူတို့ လိုက်မလာတဲ့ အတွက် ကိုယ်ကလိုက်တိုက်ဖို့ ခွင့်တောင်းပါတယ် လိုအပ်ရင် ထိုင်းနယ်နမိတ်ထိ တိုက်ခွင့်ပြုဖို့ အမိန့်တောင်းခံလိုက်ပါတယ် ။

သို့သော် ရေယာဥ်နှစ်စင်း ရဲ့ ဝိတ်တမ်းကွာဟ နဲ့ ထိုင်းတို့ရဲ့ နိုင်ငံရေး ကစားကွက်များအား သိနေတဲ့ တပ်မတော် ခေါင်းဆောင်ကြီးများက ရန်နိုင် ၅၁၀ အား ဆလုံကျွန်းနှင့် အုန်းကျွန်းကြားသို့ မောင်းနှင်ခဲ့ရန် အမိန့်ပေးလိုက်ပါတယ် ။

အထက်အမိန့်အရ ရန်နိုင် ၅၁၀ ဟာ အသားမစားရတဲ့ ယက္ခဘီလူးလို ဒေါသ အလိပ်လိပ် နဲ့ အံကြိတ် အမိန့် နာခံရင်း လမ်းကြောင်းပြောင်း ခုတ်မောင်း ဆုတ်ခွာလာခဲ့ရပါတယ် ။ မမှီမကန်းက ပစ်မှတ်ကို အာသာပြေ တချက်ခြင်း ပြန်ပစ်နေတဲ့ အကြီးဆုံး လက်နက်သံကတော့ တချက်ခြင်း ပစ်ခတ်သံနဲ့ စီးချက်ကျကျ ပစ်ခတ်ရင်းပေါ့ ။

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:29


Gas တွေကို မြန်မာတို့ မီးရှို့လာရတာ တနှစ်ရှိပြီမို့ လျော်ကြေးပေးရမှာကို ရူးချင်ယောင် ဆောင်နေတဲ့ ထိုင်းတို့ထံက ရစရာရှိတာကို ပြန်တောင်းပေးတာကလည်း မြန်မာ့ရေတပ်မတော်ရဲ့ လာဘ်ကောင် ရန်နိုင် ၅၁၀ ပဲ ဗျ ။

ရွှေလာဘ်ကောင် ရန်နိုင် ၅၁၀ က ဘယ်လို ပြန်ရှာပေးသလဲ ဆိုတော့.........

ကိုရွှေမျိုးဝင်း

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:29


မြန်မာ့တပ်မတော်သားတွေလည်း အငြိုးတကြီးနဲ့စောင့်ဖမ်းနေရတဲ့ မယားခိုးကို ပက်ပင်းတိုးသလို လှိုင်းကာနောက်ဖက်ရှိ သစ်လုံးအကာနောက်ကနေ ဝုန်းကနဲ့ တပြိုင်နက် ထမတ်တပ်ရပ်ပြီး ရှိသမျှ လက်နက်တွေနဲ့ စုပြုံ ပစ်ပါတော့တယ် ။

မြန်မာ့တပ်မတော်သားတွေရဲ့

"မြန်မာတဲ့ဟေ့ ''

ဆိုတဲ့ ဝမ်းခေါင်းသံကြီးတွေ နဲ့ တပြိုင်နက်တည်း ထအော်ပြီး ဝုန်း ကနဲ့ ပစ်ခတ်လိုက်တဲ့ တုန့်ပြန်မှုကို ရုတ်ချည်း မြင်လိုက်ကတဲ့ ထိုင်းစစ်ရေယာဥ် PGM 83 ရဲ့ GUN CREW တွေဟာ သူတို့ပစ်နေတဲ့ စက်အမြှောက်တွေကို ထားခဲ့ပြီး ကျည်ကွယ်ရာ အရပ်ဆီကို ဒရောသောပါး ထွက်ပြေးပါတော့တယ် ။

တွေးကြည့်တော့ ရီစရာပါပဲ ။ ထိုင်းတွေဟာ မြန်မာရေတပ်ရဲ့ သဘော်အမျိုးအစားကို ကြည့်ပြီးတာနဲ့ သူတို့ သေချာပေါက် နိုင်မယ်ဆိုတာ အပိုင် တွက်ချက်ပြီးမှ လက်နက်အားကိုးနဲ့ လာတိုက်တာပါ ။

တုန့်ပြန့်မှု လုံးဝမရှိပဲ ပေခံနေတဲ့ ရန်နိုင် ၅၁၀ ကို သူတို့စိတ်နဲ့ နှိုင်းပြီး မြန်မာတွေကြောက်လို့ ဆင်းပြေးပြီလို့ ယူဆကာ အပြီးနှစ်မြှပ်ဖို့ အနားအကပ် မြန်မာ့တပ်မတော်သားတွေရဲ့ ကြုံးဝါးသံနဲ့ တရစပ် ပစ်ခတ်မှုကို ခံစားလိုက်ရတော့ သူများကို ခြောက်လှန့်ဖို့ အားထုတ်နေတဲ့ မှင်စာလေး အာဠာဝက ဘီလူး နဲ့ ထိပ်တိုက်တိုးမိလို့ ငယ်သံပါအောင် အော်ပြေးရသလို ပြေးဖို့ ပြင်ပါတော့တယ် ။

ထိုင်းတို့ရဲ့ စစ်ရေယာဥ် PGM 83 ထွက်ပြေးဖို့ လမ်းကြောင်းအပြောင်းကို သိလိုက်တဲ့ ရန်နိုင် ၅၁၀ က အလွတ်ဘယ်ပေးပါ့မလဲ ။ မြန်မာ့တပ်မတော်ရဲ့ ကိုယ်ပိုင်ထုတ် MA 10 လောင်ချာ နဲ့ ဆော်ဖို့ လုပ်ပါပြီ ။

ကုန်းပေါ်တိုက်ပွဲတွေမှာ အင်မတန် အားထားရတဲ့ ပစ်ခတ်သူရဲဘော်ရဲ့ လှိုင်းအပုတ် လှေအခုတ် လူးလိမ့်နေတဲ့ ကြားက မတည်မငြိမ် နဲ့ အနေအထားမှ စိတ်ကို တည်ငြိမ်အောင်ထားပြီး ပစ်မှတ်ချိန်နေဟန်ကို ဆရာကြီးက စိုးရိမ်နေရတာပေါ့ ။

ကြည့်နေတုန်းမှာပဲ ဝုန်း ကနဲထွက်သွားတဲ့ MA10 ရဲ့ ကျည်ဟာ ထိုင်းတို့၏ PGM 83 အဓိကနေရာ ပဲ့စင်ကို ဒုန်းကနဲ တိကျစွာ ထိမှန်ပေါက်ကွဲစေခဲ့ပါတယ် ။

ထိုင်းစစ်ရေယာဥ်ဟာ ပဲ့စင် မှန်ပြီးနောက် ချာကနဲ လည်ထွက်သွားရပါတယ် ။ ထိုင်းစစ်ရေယာဥ် ရဲ့ ဘေးနံ ညာဖက်ခြမ်းဆီကို နောက်ထပ် လက်ဆောင် MA10 တလုံး ပေးပို့ပြီးချိန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့ အတူ ထိုင်းစစ်ရေယာဥ်ဟာ အရေးပေါ် Steering စနစ်နဲ့ ကပျာကယာ ထွက်ပြေးသွားရပါတော့တယ် ။

တနာရီ ရေမိုင် ၁၀ သာ ပြေးနိုင်သော သာမန်ငါးဖမ်းယာဥ် အသွင်ပြောင်း ရန်နိုင် ၅၁၀ ကတော့ ဆိတ်ခွေ့လို့ ထွက်ပြေးသွားတဲ့ ကျွဲကြီးကို နှစ်မြှပ်ချင်ပေမယ့် ရသလောက်နဲ့ အာသာဖြေလိုက်ကြရပါတော့တယ် ။

နောက်တနေ့ ထိုင်းရုပ်သံတွေမှာ PGM 83 ရဲ့ အရှက်တကွဲအရှုံးကို ဖော်ပြလာကြရပါတယ် ။ အရာရှိ တစ်ဦး စစ်သည် နှစ်ဦး ကျဆုံးပြီး ဒဏ်ရာပြင်းထန် စိုးရိမ်ရ လေးဦး ရှိကြောင်း ထုတ်ပြန်ပါတယ် ။ စစ်ရေယာဥ်လည်း အကြီးအကျယ် ဖျက်ဆီးခံခဲ့ရကြောင်း ကြေငြာပါတယ် ။

သတင်းထုတ်ပြန်ရာမှာ ပါလာတာက ထိုင်းစစ်ရေယာဥ် PGM 83 ကို ဒီလို ကြီးစွာသော ဆုံးရှုံးမှု သင်ခန်းစာ ပေးလိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ အသုံးပြုခဲ့တဲ့ စစ်ရေယာဥ်ဟာ သာမန် ငါးဖမ်း ဒုံး သစ်သားခွံ စက်လှေသာ ဖြစ်ကြောင်း ထုတ်ပြန်ချိန်မှာတော့ ထိုင်းနိုင်ငံသား ပြည်သူတွေ ခေါင်းတရမ်းရမ်းနဲ့ ရင်ကွဲနာ ကျကုန်ရပါတယ် ။

ထိုင်းတို့ရဲ့ စိတ်ကူးယဥ်က အတိတ်ကရန်ကြွေးကို ပြန်ဆပ်ဖို့ အမြဲတွေးနေကြတာကိုး ။ အခု ဖြစ်ရပ်က သူတို့ အိပ်မက်ကို လှန့်နိုးလိုက်သလို ငါတို့ မြန်မာကို နိုင်ဖို့ အများကြီး လိုသေးတယ်လို့ သတိပေးလိုက်တာကိုး ။

အဲဒါနဲ့နောက်ဆက်တွဲ အဖြစ် ဒဏ်ရာရ လေးဦးထဲက တဦးထပ်ကျဆုံးသွားလို့ ထိုင်းဖက်က စုစုပေါင်း လေးဦး ကျဆုံးတဲ့အတွက် လက်စားချေ စစ်ဆင်ရေး အတွက် ပြင်ဆင်နေကြောင်း ထိုင်းရောက် တပ်မတော်ထောက်လှမ်းရေးမှ သတင်းပေးပို့လာပါတယ် ။

မြန်မာခေါင်းဆောင်တွေဟာ ရန်နိုင် ၅၁၀ ရဲ့ တပ်သားတွေ ဘေးမသီ ရန်မခ အောင်ပွဲဆင်နိုင်ခဲ့တာကို ဖုံးကွယ်ပြီး တပ်သားသုံးဦး ဒဏ်ရာရထားလို့ ဆေးရုံတင်ထားရကြောင်း သတင်းတုတွေ ထပ်မံထုတ်လွှင့်ပြီး ထိုင်းကို မျှားခေါ်လိုက်ပြန်ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ဘန်ကောက်ပို့စ် သတင်းစာကနေ မြန်မာစစ်သားက ပက်လက်ကုလားထိုင်ပေါ် ထိုင်ပြီး ဆေးလိပ်သောက်နေတာကို ကတုတ်ကျင်းထဲက ထိုင်းစစ်သားတွေ တုန်တုန်ချိချိ ချောင်းကြည့်နေရဟန် ကာတွန်း နဲ့ သရော်လိုက်ပါတယ် ။

ဒီကာတွန်းကို ကြည့်မိတဲ့ ထိုင်းပြည်သူတွေလည်း အတိတ်က အလောင်းမင်းတရားရဲ့ နာမည်ကျော် ဝါးရင်းတုတ် (တင်ကျည်းတပ်) ကို ကိုယ့်ခေါင်းပေါ် ဝဲနေသလား ခံစားရင်း ကြောက်ရွံ့နေကြပါတယ် ။ တပ်မတော် နှစ်ခုရဲ့ စွမ်းရည်သတ္တိကို ဒီကာတွန်း တပုဒ်က ပဲ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ် ။

ဒီလို ပြဿနာတွေကို အကြောင်းပြုပြီး ထိုင်းတို့က ထိုင်းနိုင်ငံအစိုးရနှင့် PTT Exploration and Production Public Company Limited.(PTTEP)တို့မှ လျှော်ကြေးငွေ ဒေါ်လာသန်း 300 ခန့် စာချုပ်အတိုင်း ပေးလျှော်ဖို့ ရှိတာကို မပေးရဖို့ အားထုတ်လာပြန်ပါတယ် ။

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:26


မမေ့သင့်တဲ့ တချိန်က မြန်မာ့ရေတပ် (2)
==============================

ထိုင်း မြန်မာ ရေပြင် border line တလျှောက် ဇာဒက်ကြီးကျွန်းရဲ့ အရှေ့တောင်ဖက် ၁၂ မိုင်ခန့်မှာ ရန်နိုင် ၅၁၀ ကင်းလှည့်နေပါတယ် ။

မြန်မာ့တပ်မတော်ရဲ့ ကင်းလှည့်ရေယာဥ်ပေါ်မှာတော့ ရေတပ်သားစစ်စစ်ချည်း မဟုတ်ပါဘူး ။ စစ်ရေယာဥ်က ငါးဖမ်းစက်လှေကို မျိုးဖောက်ထားရသလို ရေတပ်သားအင်အားမပြည့်လို့ စစ်သည်ကလည်း ကြည်းတပ်သားတွေ နဲ့ ပေါင်းစည်း တာဝန်ပေးထားရတာကိုး ။

ကင်းသမားနဲ့ တာဝန်ကျများမှ အပ ကျန်စစ်သည်တွေ လေကန်နေလေရဲ့ ။ ဘယ်ကိုပဲ ကြည့်ကြည့် မျက်စိတဆုံး ပင်လယ်ရေပြင်ချည်း ဖြစ်နေပြီး အိပက်အိပက် သွားနေရတဲ့ စစ်ရေယာဥ်အပေါ် တာဝန်အရ ရောက်ခဲ့ရတဲ့ ကြည်းတပ်သား အသစ်လေးက သူ့ဆရာကြီးကို ပူဆာနေလေရဲ့....

စစ်တိုက်ချင်လို့ စစ်ထဲ ဝင်လာတာ ဆိုပဲ ။ အခုလို နေရတာ ပျင်းသတဲ့ ။ ဆရာကြီးကတော့ မပူပါနဲ့ မောင်ရာ မင်း တိုက်ရမှာပါ တို့နိုင်ငံရဲ့ ပေါ်လစီကြောင့် သူပုန်အလွန်ပေါတဲ့ တိုင်းပြည်ပါ မင်းဆော်ရမှာ စိတ်ချလို့ ပြောနေလေရဲ့ ။

အဲသလို အောက်မှာ လေကန်နေချိန် အပေါ်က ရေဒါ ကြည့်ကင်း အစရှိတဲ့ တာဝန်ကျတပ်သားတွေကတော့ အစာရှာတဲ့ လင်းယုန်ငှက်လို မိမိနယ်ပယ်တွေကို အဆက်မပျက် စောင့်ကြည့်နေစဥ်မှာပဲ ရေယာဥ်တစီးကို ဦးစွာထောက်လှမ်းမိပါပြီ ။

မိမိဆီ ဦးတည်လာနေတဲ့ ရေယာဥ်ဟာ ထိုင်း စစ်ဘက်ရေယာဥ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိတဲ့ ရေယာဥ်မှူးဟာ မိမိတပ်ဖွဲ့ကို ပစ်ညွှန်းများ သတ်မှတ်ပေးပြီး အဆင်သင့် ပြင်ဆင်ထားခိုင်းလိုက်ပါတယ် ။

အဲဒီအချိန်မှာပဲ ထိုင်းကမ်းခြေစောင့်တိုက်ရေယာဉ် PGM 83 ဟာ မြန်မာ့ကင်းလှည့်ရေယာဥ် တဖြစ်လဲ ထိုင်းငါးခိုးစက်လှေကို အမဲဖျက်သလို ဖျက်ဖို့ရာ အတွက် 20mm အော်လီကွန်စက်အမြောက် အလှမ်းမှီတာ နဲ့ ဘာမှ မဆက်သွယ်ပဲ တရစပ် ပစ်ခတ်ရင်း ရန်နိုင် ၅၁၀ ကို ရေအောက်မြှပ်ပစ်ဖို့ အားကုန် ခုတ်မောင်းလာပါတယ် ။

ဒီလို သတ္တိကောင်းပြနေတာလည်း အကြောင်းရှိပါတယ် ။ သူရဲ့ နောက်မှာ ဖရီးဂိတ်စစ်သဘော်ကြီး ရှိနေသလို ထိုင်းမီဒီယာတွေမှာ အရှက်ကွဲခဲ့ရတဲ့ ထိုင်းရေတပ်ရဲ့ ဂုဏ်ကို ဆယ်ပြချင်တာ တကြောင်း ၊ အခု တွေ့နေရတဲ့ စစ်ရေယာဥ် အသွင်ပြောင်း ရန်နိုင် ၅၁၀ နဲ့ သူနဲ့ ယှဥ်ရင် ကျွဲ နဲ့ ဆိတ်လောက် ကွာဟတာက တကြောင်းတို့ကြောင့် ဖြစ်ပါတယ် ။

သူတို့ရဲ့ 20mm စက်အမြှောက်ကျည်တွေဟာ အပေါ်က ကျော်သွား ဘေးက ပွတ်သွား နဲ့ ဖြစ်နေသလို အချို့ကလည်း ရေယာဥ် နံရံကို လာမှန်ကြပါတယ် ။

မိမိတို့ရဲ့ လက်နက်ထိရောက်မှု အကွာအဝေးရဲ့ လက်လှမ်းမမှီတဲ့ နေရာက ရန်သူကို မိမိတို့ ထိရောက်အောင် ဘာမှ မတုန့်ပြန်နိုင်ပဲ အံကြိတ်ကြည့်နေကြရပါတယ် ။

အံ့သြစရာကောင်းလှတဲ့ မြန်မာ့တပ်မတော်ရေ ရဲ့ ခံယူချက်ကတော့ ကျနော်တို့ ပြန်ဆုတ်ကြရအောင်လို့ တယောက်မှ အကြံမပြုပဲ ဘယ်လို ပြန်ချမလဲ ဆိုတာ နဲ့ ပျံလေတဲ့ငှက်ခါး နားခါမှ သိစေရမယ် ရမယ်ဆိုတဲ့ မုဆိုးတို့ရဲ့ ဇွဲမာန်နဲ့ အချိန်ကောင်းကို စောင့်နေတဲ့ သတ္တိပဲ ဖြစ်ပါတယ် ။

ဘာကြောင့်လဲ ဆိုတော့ ပစ်ရင်းခတ်ရင်း ကိုယ့်ရေယာဥ်က အချိန်မရွေးနစ်မြှပ်သွားနိုင်တယ်လေ ။ ဒါကိုသိပေမယ့် မြန်မာ့သမိုင်း မရိုင်းရစေရန် ပြတ်သားတဲ့ အမိန့်တခါတည်း ပေးထားပါတယ် ။

ပစ်မိန့်စောင့်ပါ ပစ်မိန့်ရမှ မိမိရှိ ကျည်ကုန်သွားအောင် မီးကုန်ယမ်းကုန် ပစ်ပါလို့ အမိန့်ပေးထားပါတယ် ။

ရေယာဥ်ရဲ့ လှိုင်းကာနောက်က သစ်တုံးတွေကို အကာအကွပြုပြီး တပ်ဖြန့် နေရာယူထားရတဲ့ မြန်မာ့တပ်မတော်သားတွေကလည်း လက်နက်အင်အား ထိရောက်မှု အကွာအဝေး စတဲ့ ခြားနားခြင်းတွေကို ကောင်းစွာ သိထားပြီး ဖြစ်တဲ့အတွက် ထိုင်းတို့ ဇောင်းကြွနေသမျှ အံကြိတ်သည်းခံ နေကြရပါတယ် ။

ငမိုက်သား ထိုင်းစစ်ရေယာဥ် PGM 83 ကတော့ သူတို့ကို တချက်မှ ပြန်မပစ်ပဲ ပေခံနေတဲ့ ရန်နိုင် ၅၁၀ ကို ကြည့်ပြီး မြန်မာတွေ ဆင်းပြေးပြီများ ထင်နေသလား မသိဘူး စက်အမြှောက်ကို တောပစ် တောင်ပစ် ရမ်းပစ်ရင်း ဇွတ်အတင်း ဝင်တိုက်နေလေရဲ့ ။

မြန်မာတပ်မတော်ရဲ့ သတ္တိ ၊ စစ်နည်းဗျူဟာ နဲ့ အမိန့်နာခံမှုတို့ကို နားစွန်နားဖျား ကြားမိပြီး အထင်မကြီးတဲ့ ထိုင်းစစ်ရေယာဥ် PGM 83 အတွက် ကံဆိုးတဲ့ နေ့ရက်နဲ့ ကြုံရချေပြီ ။

သူတို့ အထင်သေးပြီး ဇွတ်အဓ္ဓမ ပစ်ခတ် နှစ်မြှပ်ဖို့ ကြိုးစားနေတဲ့ ရန်နိုင် ၅၁၀ ရဲ့ တာဝန်ခံအရာရှိရဲ့ စိတ်ထဲက တွက်ချက် နေတဲ့ ရေယာဥ်နှစ်ရဲ့ အကွာအဝေး ကလည်း တဖြေးဖြေး
ကိုက် ၃၀၀ ရောက်လာပြီ ။

မြန်မြန်လာဟ နှေးနေတယ်လို့ စိန်ခေါ်ရင်း ကြိတ်တွက်နေတာ ကိုက် ၂၅၀ ရောက်လာပြီ ။ ရန်နိုင် ၅၁၀ မှာလည်း လူတွေ မထိခိုက်သေးပေမယ့် ရေယာဥ်က အတော်မှန်ထားပြီ ၊ သို့သော် သေချာအောင် ထပ်စောင့်မယ် ဆိုပြီး ကိုက် ၂၀၀ ထိ စောင့်ပါတယ် ။

မိမိရေယာဥ်နဲ့ ကိုက် ၂၀၀ အထိ ကပ်လာတဲ့ PGM 83 ကို စေ့စေ့ကြည့်ပြီး တာဝန်ခံအရာရှိက ပြတ်သားတင်းမာတဲ့ ပစ် ဆိုတဲ့ အမိန့် ပေးလိုက်ပါပြီ ။

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:22


.

☯️

( တော်လဲသံရော၊ မိုးခြိမ်းသံရောပေးပြီ )

ထရမ့်က သူရဲ့သမတအဖြစ်ကျမ်းကျိန်ဆိုနေ့မတိုင်မီ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို အကုန်လွှတ်ပေးဖို့၊ မဟုတ်ရင် ငရဲရောက်တဲ့အထိပေးဆပ်ရလိမ်မယ်လို့ မိုးခြိမ်းပြလိုက်ပါတယ်၊

ဓါးစာခံတွေဖမ်းဆီးထားတဲ့ ဟယးမတ်တွေကိုအဓိကပြောလိုက်တာဖြစ်ပေမဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေအားလုံးကိုလဲ သတိပေးလိုက်တာဖြစ်ပါတယ်၊


BaMg ☯️

.

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:21


.

☯️

ဆီရီးယားမှာ အင်အားကြီးသူပုန်တဖွဲ့ဖြစ်တဲ့ အယ်ကိုင်ဒါကို အမေရိကန်က မယိမ်းမယိုင် ထောက်ပံ့ပေးသူဖြစ်တယ်၊

အရှေ့အလယ်ပိုင်း ဩဇာချိန်ခွင်လျှာ ထိမ်းထားတဲ့ ရုရှားစစ်စခန်း (၃) ခုလဲရှိတယ်၊ လောလောဆယ် သူပုန်တွေ အရေးသာနေတဲ့အတွက် တိတိကျကျ ပစ်ခတ်ထိမှန်နိုင်တဲ့ လက်နက်တွေသုံးပြီး ရုရှားက အပြင်းအထန်ကူညီနေရတယ်၊

တရုတ်ကလဲ အာဆတ်ကိုထောက်ခံကြောင်း စပြောလာပြီ၊ ကမ္ဘာ့စစ်အရေးအရာမှာ ရှားရှားပါးပါး တရုတ်ရပ်တည်ချက်ကိုပြသလိုက်တာဖြစ်ပြီး၊ နောက်ကွယ်ကနေ ပံ့ပိုးခြင်းနဲ့ ရှုပ်ထွေးလှတဲ့ ကမ္ဘာ့အရေးအရာထဲဝင်ရောက်လာပါပြီ၊

ယူကရိမ်းစစ်မှာ ရုရှား၊ အစ္စရေးစစ်မှာ အီရန်ဖက်ကနဲ့ အခု ဆီရီးယားစစ်မှာ အာဆတ်ဖက်က တရုတ်ကရပ်တည်အကူအညီပေးနေပါတယ်၊


BaMg ☯️

.

ထွေရာလေးပါး သတင်းစုံ

03 Dec, 02:20


.

☯️

ဆီးရီးယားမှာလဲ အခြေအနေက အတော်ဆိုးတယ်၊ အလက်ပို ကျသွားပြီး ရန်သူတွေက မြို့တွင်း ကင်းလှည့်နေတဲ့ ပုံတွေအထိမြင်နေရတယ်၊

အာဆတ်တပ်တွေကလဲ တန်ပြန်ထိုးစစ်ပြန်လုပ်တယ်၊ ဝေဟင်ကိုတော့ ရုရှားတိုက်လေယာဉ်တွေက စိုးမိုးထားပြီး ပြင်းပြင်းထန်ထန်ဗုံးကြဲပေးနေတယ်၊

အာဆတ်ရော ဆီးရီးယားနိုင်ငံရဲ့အနာဂါတ်ရောက အတော့်ကို မှေးမှိန်နေတယ်၊ အင်အားကြီး သူပုန်ပေါင်းစုံ ရှိနေပြီး နောက်ကပံ့ပိုးထားတဲ့ အခံတွေကလဲ အင်အားကြီးနိုင်ငံတွေဖြစ်နေလေတော့...

ဆီးရီးစစ်ဟာ နောက်စပ် ဆယ်စုနှစ် (၃) ခုလောက်အထိ စစ်နဲ့ပဲ နဘန်းလုံးနေရဦးမယ်လို့ ယူဆရပါတယ်၊


BaMg ☯️

.

ထွေရာလေးပါး သတင်းစုံ

02 Dec, 15:48


ကိုယ့်လုပ်ရပ်က ဓမ္မလား၊ အဓမ္မလား ။ ကုသိုလ်လား၊ အကုသိုလ်လား ဆိုတာ လုပ်ရပ်တွေက သက်သေခံသွားမှာပါ။ မစော်ကားသင့်သူကို စော်ကားမိရင်တော့ အကျိုးပေးက လာမှာပေါ့။ ကံ ကံ ၏ အကျိုးဆိုတာ ရှိတယ် ဆိုတာ မမေ့သင့်ဘူး။

https://t.me/Phoesi01233

ထွေရာလေးပါး သတင်းစုံ

02 Dec, 15:41


PNA ကလည်း ရှယ်ဗြင်းတယ်ဟ

လုံး၀ အဂျွတ်ကြီး

မှိုင်းဝေ

ထွေရာလေးပါး သတင်းစုံ

02 Dec, 14:21


ရွာမှာနေတုန်းက ထမင်းစားဖို့အတွက် ဆန်၀ယ်စရာပိုက်ဆံမရှိလို့ သူများအိမ်က ထမင်းကျန်ဟင်းကျန်တောင်စားနေတဲ့ကောင်က ပဒပ်လည်းဖြစ်သွားရော ထိုင်းဘတ်တွေဘာတွေ ကိုင်လို့။

မကြာပါဘူး မကိုင်ဖူးတာတွေကိုင်တော့ သေသွားရော။

နားအေးတာပဲ🤣🤣🤣

မှိုင်းဝေ

ထွေရာလေးပါး သတင်းစုံ

15 Nov, 17:39


.

☯️

ယူကရိမ်းစစ်ဖြစ်လိမ့်မယ်၊

* Donbass နဲ့ဝန်းကျင်ကိုသိမ်းမယ်
* ကမ်းရိုးတန်းကိုသိမ်းမယ်
* ကိယက်ကိုတိုက်ပြီး အစိုရကိုဖြုတ်ချမယ်
* ရုရှားယိမ်းကိုတင်၊ ညှိနှိုင်းဖို့အတွက်တပ်ချန် လိမ့်မယ်

.... ဆိုပြီး (၄) ချက်ကို စစ်မဖြစ်ခင်ကထဲကရေးခဲ့တယ်၊ ကမ်းရိုးတန်း နယ်မြေအများစုကိုသိမ်းပြီးပါပြီ၊ အိုဒက်ဆာပဲကျန်ပါတယ်၊

* အစိုးရအပြောင်းနဲ့ချိန်ပြီး ကိယက်နဲ့ အိုဒက်ဆာကိုတိုက်မယ်လို့ ထပ်ရေးခဲ့ပြန်ပါတယ်၊

ထရမ့်နိုင်သွားတဲ့နေ့ (6.11.24) နေ့ကစပြီး ကိယက်နဲ့ အိုဒက်ဆာကို ရုရှားဖက်က သဲသဲမဲမဲ တိုက်နေပါပြီ၊

ပေါက်ထွက်လာတဲ့သတင်းတပုဒါအရ.. ပူတင့်အစီအမံထဲမှာ ဇလန်စကီးကိုဖြုတ်ချရေး ပါဝင်ထားတယ်လို့ဆိုပါတယ်၊

ထရမ့်တက်လာရင် ယူကရိမ်းစစ်ကို ကြိုးစားပြီး ရပ်နိုင်ရေးလုပ်လိမ့်မယ်၊ ထိမ်းချုပ်ပြီးသားနယ်မြေ ပြန်မတောင်းပဲ ရှိတဲ့နေရာက ရပ်ပြီးအပစ်အခတ်ရပ်စဲရေး လုပ်ရမှာဆိုတော့...

* ရက် (၇၀) အတွင်း အိုဒက်ဆာမကျရေး
* ကိယက်မကျရေး ကြိုးစားရတော့မှာဖြစ်ပါတယ်၊

အိုဒက်ဆာပေးလိုက်ရရင်တော့ ယူကရိမ်းအတွက် ရေကြောင်းပိုင်း လုံးဝပိတ်သွားပြီး၊ ကျားသနားမှ နွားချမ်းသာဘဝကို ယူကရိမ်းအနေနဲ့ နေ့ချင်း ညချင်းရောက်သွားရပါလိမ့်မယ်၊

ပြောရရင်....

Everything is happening in order.
အရားလုံးဟာ အစီအစဉ်အတိုင်း ဖြစ်နေတယ်လို့ ဆိုရပါလိမ့်မယ်၊


BaMg ☯️

.

ထွေရာလေးပါး သတင်းစုံ

15 Nov, 17:37


.

☯️

အာရေဗျပင်လယ်ထဲမှာ ရှိနေတဲ့ အမေရိကန်ရဲ့ USS Ibrahim လေယာဉ်တင်သင်္ဘောကြီးနဲ့ အခြားသော ဖရီးဂိတ်တွေကို ဟူသီတွေက ခရုစ်တွေနဲ့တိုက်ခိုက်ခဲ့ရာမှာ အတေယ်ပျက်စီးသွားခဲ့တယ်၊

သူပုန်ဆိုသူတွေလက်ထဲမှာလဲ အဆင့်မြင်လက်နက်တွေ ပိုင်ဆိုင်ထားလာပြီဖြစ်လို့ အမေရိကန်ရဲ့အနာဂါတ်ခရီးက ကြမ်းတမ်းပြီး စ်န်ခေါ်မှုတွေရှိလာပါတော့မယ်၊


BaMg ☯️

.

ထွေရာလေးပါး သတင်းစုံ

15 Nov, 17:37


ဘာ အထာလည်းမသိ
===================

မနေ့ ည က ၃၇၄ အမြှောက်တပ်ကို အမ်း ဌာနချုပ်ထဲ ပြန်ခေါ်လို့ တပ်ရွှေ့သွားခဒ့ရပါတယ် ။ အခွံဖြစ်နေတဲ့ တပ်ထဲ AA တွေ ဝင်ပြီး နေရာယူကြတယ်လို့ သတင်းရပါတယ် ။ အင်အားများတယ်လို့လဲ သိရပါတယ် ။

အခြားနေရာတွေမှာလည်း တပ်က လိုက်တိုက်နေပြန်တယ် ။ ဥပမာ အမ်း အနောက်ဖက်က ဆင်ဒိုးရွာဘုန်းကြီးကျောင်းထဲက AA ကိုတော့ ဝင်းရှင်းတဲ့ အနေအထားလည်း တွေ့ရပါတယ် ။

အမ်း စစ်ဌာနချုပ်နဲ့ အနီးဆုံးဖြစ်တဲ့ ၃၇၄ ကို ပြန်ဆုတ်ခိုင်းထားတာ ဘာ အထာလည်းတော့ မသိပါဘူး ။ တနေ့ကမှ အသဲအသန် ပြန်တိုက်ယူထားရတာ အားလုံးအသိပါပဲ ။

ကဲ ဘာ အထာပဲ ဖြစ်ဖြစ် ဘာဗျူဟာပဲ ဖြစ်ဖြစ် အောင်မြင်ရင် လက်ခုပ်တီးမယ် ၊ ရှုံးနိမ့်ရင် ဆဲ ကြမယ် ဆိုတဲ့ ပြည်သူတွေအတွက် မိမိရထားတဲ့ သတင်းကိုတော့ အမှန်တိုင်း တင်ပြလိုက်ရပါတယ် ။

တရုတ်ပြည်မှာ ၂ ပတ်ကြာ အဆင့်မြင့် ဒရုန်းသင်တန်း တက်နေကြတဲ့ အရာရှိ စစ်သည်များလည်း သင်တန်းပြီးဆုံးလို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိပါတယ် ။

ကိုရွှေမျိုးဝင်း

ထွေရာလေးပါး သတင်းစုံ

15 Nov, 11:23


မြောက်ပိုင်းသောင်းကျန်းသူတွေကို ထိန်းချုပ်နိုင်တော့မယ့်အနေအထား

ထွေရာလေးပါး သတင်းစုံ

15 Nov, 11:23


ယနေ့ နံနက် ၈:၅၀ အချိန်က မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် လမ်းဆုံ၌ အထိုင်ချသည့် စစ်သွေးကြွစခန်းကို လုံခြုံရေး အဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် စခန်း သိမ်းပိုက်ရရှိခဲ့သည်။


#PeopleMedia

ထွေရာလေးပါး သတင်းစုံ

15 Nov, 11:22


❝ဆားတောင်၌ မသင်ကာဖွယ်ရာကားတစ်စီးကို တားဆီးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟓》

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် မသင်္ကာဖွယ်ရာ ကားတစ်စီးကို စစ်ဆေးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း- ရွှေဘိုကားလမ်းအတိုင်း တောင်ဘက်အရပ်မှ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ကားတစ်စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အတွင်း အကြမ်းဖက်သမားများမှာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့သလို ၎င်းတို့ထံမှ လက်လုပ်သေနတ်အရှည်(၂)လက်၊ လက်လုပ်ကျည်အိမ်(၄)ခု၊ ၇.၆၂ ကျည် (၅၈)တောင့်၊ 9H/1695 နံပါတ်ပါ AD VAN(လိုင်စင်မဲ့ယာဉ်)(၁)စီး(ပျက်စီး)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

ထွေရာလေးပါး သတင်းစုံ

15 Nov, 11:22


နခခ(၅)မြောက်ဘက်ဇူဠရွာအတွင်းAAအဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပီးသေ
နိုဝင်ဘာ၁၅၊မေယုဌာနေ


ယမန်နေ့ညပိုင်း၈နာရီအချိန်ခန့်ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မြောက်ဘက်ဇူဠရွာအတွင်းရှိAA အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ၈ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းULA/AAအဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍မောင်တောမြို့ပေါ်တွင်နေထိုင်သည့်ULA/AAအဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ“မနေ့ညတုန်းကAAအဖွဲ့တွေနခခ၅ကို(၁၀)နာရီလောက်မှာထပ်သွားတိုက်တယ်၊သူတို့သွားမတိုက်ခင်အချိန်မှာဖြစ်သွားတာ၊ဟိုတစ်နေ့က နခခ၅ကနေဒဏ်ရာတွေနဲ့ပြန်ပြေးလာတဲ့အဖွဲ့တွေကိုသူတို့ခေါင်းဆောင်ကနောက်တစ်ကြိမ်ထပ်သွားခိုင်းတာ၊ပြန်ပြေးလာတဲ့အဖွဲ့ကမောင်တောတောင်ပိုင်းသားတွေ၊တိုက်ခိုင်းတာကAAစစ်ဒေသမှူးဦးဆောင်တဲ့မောင်တောမြောက်ပိုင်းအဖွဲ့၊မင်းတို့ကျတော့မတိုက်ဘူး၊ငါတို့တို့ကျတော့ရှေ့ကအသေခံတက်ခိုင်းတယ်ဆိုပြီးစကားများကြတယ်၊သူတို့ကိုမတိုက်ရင်ပစ်သတ်မယ်ဆိုပြီးတစ်ယောက်ကိုပစ်သတ်ပြတဲ့အချိန်အသတ်ခံရတဲ့တောင်ပိုင်းသားတွေကဝိုင်းပစ်လို့(၇)ယောက်ပွဲချင်းပြီးသေတယ်လို့ကြားတယ်၊စုစုပေါင်း ၈ယောက်သေတယ်၊ပြီးခဲ့တဲ့ရက်ပိုင်းက အလောင်းတွေတင်လာတဲ့စက်လှေဆိုလည်းအခုထိဒီအတိုင်းထားထားတာလောက်တွေပါတက်နေပြီ၊အဲ့ဒီနေ့တုန်းကသူတို့ဘက်ကသေတာ၆၂ဦးလို့ပြောနေသံကြားတယ်၊မတိုက်ရဲလို့မြို့ထဲကိုပြန်ပြေးလာတဲ့သူတွေလည်း မြို့ထဲကအိမ်တွေထဲမှာလာပုန်းနေကြတာအများကြီး၊အဲ့ဒီအဖွဲ့တွေကိုULAလိုက်ရှာဖမ်းဆီးနေတာတွေလည်းရှိတယ်”ဟုပြောသည်။

 မိမိတို့သတင်းဌာနစုံစမ်းသိရှိ္ရသည့်သတင်းများအရပြီးခဲ့သည့်ရက်ပိုင်းကလည်းအမ်းမြို့၊ပဲပဒုံစခန်းအားတိုက်ခိုက်စဉ်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲပဒုံစခန်းမှပြန်လည်ထွက်ပြေးသည့်မကွေးPDFအဖွဲ့ဝင်၁၂ဦးအားAA ခေါင်းဆောင်မှလိုက်လံပစ်ခတ်ရာ မကွေးPDFအဖွဲ့ဝင်(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၁၀ဦးမှာလွတ်မြောက်သွားကြောင်းသိရှိရသည်။
https://t.me/newsmayyu/14246

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:53


လူငါးဦးအထိသေဆုံးခဲ့တဲ့ အိုင်ဖုန်း အလုံး ၂၀ လုယက်မှု
ဖုန်းဆိုင်တစ်ခုကို သေနတ် ပစ်ခတ်လုယက်ခဲ့တဲ့ဖြစ်စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာြဖစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးကာ လုယက်သူ ၄ ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က First Rate Mobile ကို ဝင်ရောက်လုယက်မှုအတွင်း ဖုန်းဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို iPhone အလုံး ၂၀ ကို လုယက်ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။crd

https://t.me/kyawswar49111

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:50


မိုးကုတ်မြို့ရှိပြည်သူများ
၇၂ နာရီအတွင်း
မြို့မှထွက်ခွါရန်လိုအပ်။

https://t.me/kyunhlanews

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:50


နိုင်နေပြီလား?
ဘယ်ဆီရောက်သွားလဲ?

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:47


တိုက်ပွဲသတင်း(အမ်း)

နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက အမ်းမြို့၏ အနောက်တောင်ဘက်ရှိ AA အကြမ်းဖက်သမားများ ခိုအောင်းနေသည့် ဆင်ဒိုးကျေးရွာ ဘုန်းကြီးကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -

(၁) AA အကြမ်းဖက်အလောင်း ၃ လောင်း
(၂) Type - 81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၁ တောင့်
(၄) ကျည်ကာဦးထုပ် ၂ လုံး
(၅) ပစ်ကျင်း ၁၀ ကျင်း
တို့အား
သိမ်းဆည်းရမိခဲ့ပါသည်။

တိုက်ပွဲသတင်းစုံ

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:47


Breaking News !!!

အကြမ်းဖက် TNLA မှ အတင်းအဓမ္မလူသစ်စုဆောင်းမှုသက်သေများထွက်ပေါ်

တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် တောင်ခမ်းဒေသထိုးစစ်အတွင်း လူအင်အားဆုံးရှုံးမှုများပြားခဲ့သည့် TNLA အကြမ်းဖက်အဖွဲ့များမှ ကျေးရွာများအတွင်း အတင်းအဓမ္မလူသစ်စုဆောင်းမှုများပြုလုပ်နေပါတယ်။ TNLA အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများမှ ထိုသတင်းအား ပုံဖျက်ဖုံးကွယ်နေပေမယ့် နမ့်စန်၊ သီပေါ၊ နောင်ချို မြို့နယ်များမှ အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ တပ်သားသစ်များဖြစ်သော -

- ကိုယ်ပိုင်အမှတ် A 34606 အိုက်ညီ
- ကိုယ်ပိုင်အမှတ် A 34607 အိုက်စန်
- ကိုယ်ပိုင်အမှတ် A 34606 ညီကလာ


တို့ဟာ ၁၁လပိုင်း ၉ရက်နေ့သင်တန်းဆင်းပြီးနောက် တပ်မတော်စခန်းများသို့ ဆက်သွယ်အလင်းဝင်ရောက်လာ။ ၎င်းတို့ရဲ့ပြောကြားချက်အရ တစ်အိမ်တစ်ယောက် မဝင်မနေရမို့ ဝင်လာရသဖြင့် အရပ်ဝတ်နဲ့တစ်ခြားထွက်ပြေးနေသူများလည်းရှိသေးကြောင်း၊ အသက်မပြည့်သေးသူများကိုလည်းအတင်းအဓမ္မခေါ်ဆောင်နေကြောင်းသိရှိရ။ (သတင်းဆက်အားဆက်လက်ဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:44


စစ်ရေး နိုင်ငံရေး အရှုံးအနိုင်
========================

ကျနော်တို့ရဲ့ ပို့စ် တွေထဲမှာ မန့်တွေဖတ်ကြည့်ရင် တပ်မတော်ရဲ့ စစ်ရေးစွမ်းဆောင်မှု အပေါ် ယုံကြည်သူ မယုံရဲသူ လုံးဝမယုံကြည်သူ ဆိုပြီး အမျိုးမျိုးတွေ့ရပါတယ် ။

ဒီလိုမျိုး အမြင်တွေအပေါ် အချို့က ဖြစ်ခဲ့ပြီးတဲ့ မယုံကြည်နိုင်ဖွယ် ဆုံးရှုံးမှုများကြောင့် တပ်မတော်အပေါ် ယုံမှား သံသယစိတ်ဝင်နေကြတာလည်း အပြစ်ဆိုဖွယ်မရှိပါဘူး ။ စာတွေ့ မဟုတ် ငါတွေ့ တွေကြောင့် ဒီလို ယူဆနေကြတာပါပဲ ။

ကျနော်တို့ကတော့ ဖြစ်နိုင်ခြေ ရှိလာနိုင်တာကို ယုတ္တိဗေဒ ကျကျ အကြောင်းအကျိုး ညီညွှတ်စွာ တွက်ချက်ပြီးမှ ဘာဖြစ်လာနိုင်တယ်ဆိုတာကို မှန်းဆကြပါတယ် ။

ကဲ တပ်မတော်အတွက် စစ်ရေး ရေချိန် အနိမ့်ဆုံးအချိန်အဖြစ် ရှမ်းမြောက်မှာ လားရှိုးကျပြီးတဲ့ နောက်ကနေ မိုးကုတ် သီပေါ ကျချိန်အထိ ၊ ရခိုင်မှာ မောင်ရွှေလေး ရေတပ်သင်တန်းကျောင်း ကျပြီးချိန် ၊ ကရင်မှာ စွယ်တော်ကုန်း ကျချိန် ၊ ကချင်မှာ ဝိုင်းမော် ဘာညာ ကျချိန် ၊ မန်းတိုင်းမှာ စဥ့်ကူး မတ္တရာ သပိတ်ကျင်း မိုးကုတ် ကျချိန် အထိ သတ်မှတ်ကြရပါ့မယ် ။

အဲသလို ဖြစ်စဥ်တွေ ပြီးတော့ တပ်မတော်လည်း ရှော့ရသွားပါတယ် ။ အသားထဲက လောက်တွေ ၊ သောက်သုံးမကျတဲ့ တိုင်းမှူးတွေ ၊ တသက်လုံးလိမ်စားလာတဲ့ မရှိသော တပ်အင်အားတွေ ၊ အညံ့စား လက်နက်တွေ နဲ့ လက်တွေ့သုံးစားမရတဲ့ ဒရုန်းတွေ အားလုံး ပေါ်ပေါက်လာရပါတယ် ။

ဒီတော့ တပ်မတော်သည် မိမိရဲ့ ယိုင်ရွဲ့နေတဲ့ ပြစ်ချက်ပေါင်းများစွာကို ရတန်သရွှေ့ အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်ရပါတယ် ။ ဒီကာလတွေမှာ နောက်ထပ် နယ်မြေ မဆုံးရှုံးစေရေးအတွက် ပထမဦးစားပေး အဖြစ် မဖြစ်မနေ စီစဥ်ကြပါတယ် ။

အရေးကြီးဆုံး ၊ အန္တရာယ် အများဆုံး တောင်ခမ်း နဲ့ နခခ ၅ အား ထိရောက်တဲ့ အမြှောက်ပစ်ကူများနဲ့ လေကြောင်းပစ်ကူများဖြင့် တောင့်ခံစေခဲ့တာ တွေ့ရပါတယ် ။ တကယ်တမ်း အမာခံပြန်တိုက်တော့ ပလောင်ရော AA ကော သောက်သောက်လဲ သေကျေပျက်စီးကြရပါတယ် ။

အဆမတန်များပြားတဲ့ ရန်သူ့ အင်အားတွေကို ဒီတိုက်ပွဲ ၂ ခုကပဲ ရာခိုင်နှုံးများစွာ နှုတ်ယူပေးနိုင်ခဲ့ကြပါတယ် ။ တပ်မတော်သား စစ်သည်များရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်များကိုလည်း ဒီ စစ်မျက်နှာပြင် ၂ ခုက တိုက်ပွဲဝင် စစ်သည်များနဲ့ ရဲတပ်ဖွဲ့ဝင်များက မြှင့်တင်ပေးနိုင်ခဲ့ပါပြီ ။

ရန်သူတွေဟာ မြေပြန့်က မြို့တွေကို ဝင်စီးကြပေမယ့် ၂၄ နာရီ မထိမ်းနိုင်ပဲ ပြန်ပြေးကြရတာလည်း မြင်လာရပါတယ် ။
မကြာပါဘူး နိုင်ငံရေးကစားကွက်ကြောင့် နစက အနေနဲ့ အထက်စီးက ပြန်ရလာပါတယ် ။

ရှမ်းမြောက်က ရန်သူတွေဟာ ထိုးစစ်မဆင်နိုင်တော့ပဲ ဘယ်နေ့ အတိုက်ခံရမလဲ ဆိုပြီး ကြောက်ကန် ကန်နေရတဲ့ အနေအထားရောက်သွားပါတယ် ။

ရခိုင်ကတော့ နခခ ၅ မှာ အရိုးထုတ်ထားတဲ့ မြွေဖြစ်နေရလို့ အမ်းဖက်ကို လှည့်လာပါတယ် ။ ဆိုက်ဝါးမျိုးစုံနဲ့ အမ်းကို အိတ်သွန်ဖာမှောက် ဝင်တိုက်နေပါတယ် ။ ယခုထိ အမ်း နဲ့ နခခ ၅ ကို ရဖို့ ကြိုးစားရင်း AA အတွက် လူပြုန်း ခဲယမ်းပြုန်း ဖြစ်လာရပါပြီ ။

စစ်ပွဲတခုရဲ့ အလှည့်အပြောင်းဟာ ထောက်ပံ့ရေး သိပ်အရေးကြီးပါတယ် ။ သူပုန်တွေဟာ ၅ တန်း အရွယ် ကလေးကနေ ဗိုက်ကြီးသည်တွေအထိ အင်အားစုဆောင်းနေရပြီ ဖြစ်ပေမယ့် တပ်မတော်ကတော့ တလကို အင်အား ၅၀၀၀ ကနေ ၁၀၀၀၀ ကြား ပုံမှန် တိုးနေတာ တွေ့ရပါတယ် ။

သူပုန်က လူ ဆယ်ယောက် သေနတ် ၃ လက် စနစ်နဲ့ တိုက်နေရချိန်မှာ တပ်မတော်က ခဲယမ်းတွေ ခြေကန်ပြီး တိုက်နေနိုင်ပါတယ် ။

သူပုန်တွေ အရမ်းအားကိုးနေတဲ့ ဒရုန်းနည်းပညာမှာလည်း တပ်မတော်က အရည်အသွေးရော အရည်အတွက်ပါ သာလွန်အင်အားနဲ့ စီးမိထားပါပြီ ။

တကယ်လုပ်ပြချင်ရင် ရလာဒ်ကို ပြောင်းပြန်လန်သွားအောင် နာရီပိုင်းနဲ့ လုပ်နိုင်စွမ်းရှိကြောင်းကိုလည်း ပုလဲမြို့တိုက်ပွဲက သက်သေပြပြီးပါပြီ ။

နိုင်ငံရေးအရ အထောက်အပံ့ခြင်း ယှဥ်မလား.. ? စစ်ရေးအရ နည်းပညာ ၊ လက်နက်ခဲယမ်း ၊ လူအင်အားအရင်းအမြစ် ၊ ငွေကြေးကဏ္ဍ ဘယ်နေရာတွေမှာများ သူပုန်တွေက တပ်မတော်ထက် သာလွန်တာ တွေ့ရပါသလဲ ။

အခုဆိုရင် ရှမ်းမြောက်ကို အသွားအလာ ကန့်သတ်ထားပြီးပြီ ။ စစ်ရေးအရ ပြောမဖြစ်တဲ့ တပ်အခြေပြုနေရာတွေ အများကြီး ရောက်နေပြီ ။ မီးစိမ်းပြတာနဲ့ ဘီလူးဆိုင်းတီးဝင်ကြဖို့ပဲ ကျန်တော့တယ် ။

အရေးမပါတဲ့ စခန်း ၊ မြို့ငယ်တခုတလေ ဆုတ်ခွာပေးနေရတာ အရေးမကြီးပါဘူး ။ အရေးကြီးတဲ့ ဗျူဟာမြောက် တိုက်ပွဲကြီးတွေအတွက် အခြေခံအချက်တွေနဲ့ ပြည့်စုံနေသော တပ်မတော်သာ အချိန်တန်ရင် အောင်ပွဲဆင်ကြရမှာ မလွဲမသွေပါပဲ ။

. . . . စစ်သည်တွေရဲ့ အရည်အသွေး ဘာညာ လာပြောမနေနဲ့တော့ဗျ ဒီကနေ့ ပုလဲမြို့ တိုက်ပွဲ နမူနာကြည့် မိမိစစ်သည် နဲ့ ရဲ အင်အား ၆၀ / ၇၀ လောက်ကို ပဒက်တွေ ထောင်ချီလာတိုက်တာတောင် မနိုင်ကြတာကို ဘယ်သူပိုတော်တယ် ၊ ပိုပြီး ရဲစွမ်းသတ္တိရှိတယ်ဆိုတာ ရှင်းပြရလောက်အောင်လည်း မတုံးကြဘူးလို့ ထင်တာပါပဲ လေ ။

ကိုရွှေမျိုးဝင်း

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:42


စစ်မြေပြင် အခြေအနေများ
=========================

အမ်း မှာတော့ သူမတိုက် ကိုယ်မတိုက် ရင်ဆိုင်နေကြပြီး ဖြိုးတိုးဖြောက်တောက်ပဲလို့ ကြားရပါတယ် ။ ရန်သူဖက်က လူအင်အားကို ဗိုက်ကြီးသည်ပါ မချန် စုဆောင်းနေပါတယ် ။ လူအင်အားထိုက်သင့်သလောက် ရနေအုံးမယ့် အနေအထားပါပဲ ။

ဒါပေမယ့် လက်နက်ခဲယမ်းကတော့ အများကြီး မကျန်တော့ဘူးလို့ ကြားသိရပါတယ် ။ လူ ၁၀ ယောက်မှ သေနတ် ၃ လက်လောက်ပဲ ပါနိုင်တဲ့ အနေအထားလို့ ပြောကြပါတယ် ။

မိမိဖက်ကတော့ လက်နက် ခဲယမ်း ကိစ္စအတွက် ပူပန်စရာမလိုပါဘူး ။ ဖြည့်တင်းပေးဖို့ အလုံအလောက် စုပုံထားပြီး ဖြစ်ပါတယ် ။ နောက်ထပ်သတင်းကတော့ ခေတ်မှီ ဒရုန်းတပ်ဖွဲ့များ ထပ်မံ ပို့ဆောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ ။ ဒါတွေက 14 - 11 - 2024 ညနေ ၅ နာရီခန့် အထိ နောက်ဆုံးရရှိထားတဲ့ သတင်းများဖြစ်ပါတယ် ။

နောင်ချိုဘက်မှာလည်း မိမိ တိုက်စစ် မြှား နှစ်စင်း ဆုံတွေ့တော့မယ်လို့ သတင်းကောင်း ကြားရပါတယ် ။ PDF လေးတွေလည်း အလင်းဝင်လာကြတယ်လို့ သတင်းရပါတယ် ။ နောက်ထပ်အခြေအနေပေးရင် ထပ်ဝင်လာကြဖို့လည်း ကျန်သေးကြောင်း သိရပါတယ် ။

ပုလဲမြို့ တိုက်ပွဲကလည်း အားလုံး သိကြပြီး ဖြစ်တဲ့ အတိုင်းပါပဲ ။ စစ်ကူစစ်ကြောင်း ရောက်ရှိမှု နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နဂါးလည်း ထွက်ပြေးသွားပါပြီ ။ PDF DB တွေလည်း ရရှိထားကြောင်း သတင်းထွက်လာပါတယ် ။ မိမိဘက်မှ အကျအဆုံး ရှိသလို သုံ့ပန်းဖြစ်ရသူများလည်း ရှိပါတယ် ။

ပုလဲ ဖြစ်စဥ်နဲ ပတ်သပ်ပြီး ဝေဖန်ခဲ့ကြတဲ့ ကျနော်တို့ကို မြင်လား တို့အဘ ဆိုတဲ့ အကွက်နဲ့ လာမပြောပါနဲ့ ။ ကျနော်တို့က ကိုယ့်ခေါင်းတက်ကိုက်နေတဲ့ ပုရွက်ဆိတ်သေဖို့ လှည်းဘီးအောက် ခေါင်းထိုးထည့်တဲ့ မြွေမိုက်ဗျူဟာကို အထင်မကြီးတတ်ပါဘူး ။ မိမိဘက်က မနာစေပဲ လက်ဦးမှု ရယူကာ ချေမှုံးခြင်းဆိုတဲ့ ပညာရှိဗျူဟာကိုပဲ သဘောကျပါတယ် ။

ဝေဖန်နေကြတာက ဘယ်သူ့ကိုမှ ချစ်လို့ မုန်းလို့ မဟုတ်ပါဘူး ။ ချစ်လောက် မုန်းလောက်တဲ့ ဆက်ဆံရေးလည်း မရှိသလို သိလည်းမသိ မြင်လည်း မမြင်ဖူးပါဘူး ။ အော်နိုင်လွန်းမှ ထ ထ လုပ်တတ်ကြလွန်းလို့ ဝိုင်းအော်ကြရတာပါ ။

တလက်စထဲ ပြောချင်တာက တခါတရံ တပ်မတော်ဘက်က ရေးသားတာခြင်း အတူတူ သတင်းအချို့ ကွဲပြားတတ်ပါတယ် ။ ဒါကလည်း မဆန်းပါဘူး ဥပမာ ကိုခိုင်ဇော်က ရှေ့တန်းက တာဝန်ကျနေတဲ့ တပ်မှူးနဲ့ အဆက်အသွယ်ရှိမယ် ။ ကျနော်တို့က အနီးဆုံးနောက်တန်းက အရာရှိနဲ့ အဆက်အသွယ် ရှိကြတယ် ဆိုပါစို့ ။

စစ်မြေပြင်တခုလုံးရဲ့ ခြုံငုံသတင်း နဲ့ စစ်မြေပြင်အစိတ်အပိုင်းတခုရဲ့ သတင်း ကွာဟချက် ရှိနေမှာပါပဲ ။ သတင်းဇစ်မြစ် ရရှိမှုအပေါ် ပြည်သူကို ချပြသင့်တာ မှန်သမျှ ချပြပေးနေကြတာပါ ။ ဘယ်သူကမှ အားအားယားယား လိမ်ညာ တင်ပြမနေပါဘူး ။

ကျနော်တို့ တင်နေတဲ့ သတင်းတွေရဲ့ ရက်စွဲ နဲ့ အချိန်တွေကို မှတ်ထားကြပါ ။ ဒီအချိန် ဒီသတင်းအရ မှန်ပေမယ့် ပြောင်းလဲနေတဲ့ စစ်ရေးအနေအထားအရ သတင်းအပြောင်းအလဲ ရှိနိုင်တာလည်း သတိပြုကြစေချင်ပါတယ် ။

နောက်ပြီး ကျနော်တို့လို တပ်မတော်ဘက်က ရပ်တည်ရေးသားနေကြတဲ့လူ အချင်းချင်း ဘယ်သူ့ ဘယ်သူကိုမှ စော်စော်ကားကား ရေးလေ့မရှိပါဘူး ။ သတင်းမှားနေရင်လည်း မဟုတ်သေးဘူး ညီလေးရေ အခု ဒီလို ဖြစ်နေပြီ လို့ပဲ ပြောတတ်ကြပါတယ် ။

ရိုင်းစိုင်းစော်ကားပြီး ငါသိ ငါတတ်နဲ့ သတင်းတင်နေတာက မိမိတို့ တပ်မတော်ထောက်ခံသူများ ၊ စစ်သည် မိသားစုဝင်များ ၊ စစ်သည်များ စိတ်ဓာတ်ကျစေရန် ရည်ရွယ်ချက်နဲ့ ယုတ်မာနေတာလို့ပဲ သိထားစေချင်ပါတယ် ။

ကျနော်တို့ကို အမည်တပ်ပြီး စော်ကားလှောင်ပြောင်လေ သူတို့ သတင်းအမှားတွေ အလိမ်ပေါ်လေ ဖြစ်နေပြီလို့သာ မှတ်ပေတော့ဗျာ ။

ကိုရွှေမျိုးဝင်း

ထွေရာလေးပါး သတင်းစုံ

15 Nov, 10:41


တာချီလိတ်မှာ ဖုန်းဆိုင်ဓားပြတိုက်တဲ တရားခံ ၄ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၅ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့ အောင်မြေရပ်ကွက်ရှိ First Rate ဖုန်းဆိုင်ကို ဓားပြတိုက်ပြီး ဆိုင်ဝန်ထမ်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တရားခံ ၄ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာ အောင်မြေရပ်ကွက် ပါလျံ ၃ ရှိ First Rate ဖုန်းဆိုင်ကို ဆိုင်ကယ် ၂ စီးနဲ့ အမျိုးသား ၄ ဦးကိုက ဓားပြတိုက်ပြီး ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ကာ ဆိုင်တွင်းရှိ ဖုန်းတွေကို ယူဆောင်သွားတာ ဖြစ်ပါတယ်။

ဖုန်းဆိုင်ကို ဓားပြတိုက်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ မနေ့ နိုဝင်ဘာ ၁၄ ရက်မှာ တာချီလိတ်မြို့နယ် ဝမ်းကျောက်လုံကျေးရွာမှာ တွေ့ရှိခဲ့ပြီး ၎င်းတို့ ၄ ဦးကို ဖမ်းဆီးချိန် ပြန်လည်ခုခံခဲ့တာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်


#ဓာတ်ပုံ - ရှမ်းအရှေ့သတင်းမဏ္ဍိုင်

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:49


UWSA က ဟိုပန်မှာ ပြစ်ဒဏ်စီရင်တဲ့ ၇ယောက်က ဗမာလူမျိုး၊ရှမ်းလူမျိုးနဲ့ မြောင်ဇီးလူမျိုးတွေပဲ ဖြစ်တယ်။

▪️သေဒဏ် စီရင်ခံရမယ့်သူကတော့ ရှမ်းလူမျိုးဖြစ်ပြီး လားရှိုးသား စိုင်းကျော်ထွန်းလို့ သိရတယ်။

▪️လူထု ရှေ့မှာ လူသားမဆန်စွာ သေဒဏ်ခံရသူ စိုင်းကျော်ထွန်း(ရှမ်း)ဟာ အသက် ၁၆နှစ်အရွယ်ဖြစ်ပြီး"စွတ်စွဲခံရသူ"သာ ဖြစ်သောကြောင့် ၀တပ်အနေနဲ့ ရှမ်းလူမျိုးတွေကို မတရား သတ်ဖြတ်ခြင်း ဖြစ်တယ်။

▪️ဒီဖြစ်စဉ်မှာ SSPP အနေနဲ့ ရှမ်းလူမျိုးတွေကို အကာအကွယ်ပေးဖို့ မရှိဘူးဆိုတာ ပေါ်လွင်စေတယ်။ ၀တွေက သူ့လူမျိုးအတွက် ရှမ်းကို သတ်ဖြတ်နေပြီ။ ဘာဆက်လုပ်မလဲ SSPP.

▪️ ဗမာလူမျိုးနဲ့ မြောင်ဇီးလူမျိုးတွေကိုတော့ နှစ်ရှည် ထောင်ဒဏ်လို့ သိရတယ်။

မောင်ချိန်ခွင်

သတင်းပို့ရန်
@MNYoe2020

https://t.me/mrhyzm2004

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:42


မနောမြေမှာ အကြမ်းဖက် KIA ကို  လက်စတုံး ချေမှုန်းနေတဲ့ ကျွန်တော်တိုရဲ့ သူရဲကောင်းဖိုက်တာကြီးများ

လေးစားပါတယ် ရွှေညီကိုတို

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:41


28-10-2024 ရက်နေ့က မိုးမောက်မြို့နယ် ပီမိုးညှင်းရွာရှိ စာသင်ကျောင်းအား စစ်စခန်းအဖြစ်အသုံးပြုနေသည့် အကြမ်းဖက် KIA အဖွဲ့များကို တပ်မတော် ဖိုက်တာကြီးများမှ ချေမှုန်းသုတ်သင်ခဲ့ရာ

-အကြမ်းဖက် KIA/PDF အလောင်း ၅ လောင်း
- M-22 သေနတ် ၃ လက်
-ကျည်အိမ် ၆ ခု၊ ကျည် ၁၀၀ ခန့်
-လက်ပစ်ဗုံး ၇ လုံး

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:41


ရဲ ၆ ယောက်ကို သတ်ထားတဲ့
အကြမ်းဖက်သမားတွေကို
သေဒဏ်ပေးတော့ ဖင်ဆီဘူးခါနေတဲ့
နပိတ်တွေက ဒါကျ ကြိုက်တယ်တဲ့။

ကြိုက်တယ်ဆိုတဲ့လူတွေ
ဝ နယ်မှာ သွားနေကြဆိုရင်
နေမယ့်လူ တကောင်မှ မရှိဘူး။

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:40


သုံးခွမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကို စစ်သွေးကြွ PDF တွေ ဝင်ရောက်သတ်ဖြတ်သွား
………………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမြင့်၏ ဇနီး ဒေါ်မာမာအေးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/N9cCp

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:38


Breaking News

အောက်တိုဘာ ၂၉  ရက်နေ့ မနေ့က မိုးမောက်၊ ခမရ (၄၃၇) အနောက်ဘက်ရှိ KIA သကသအဖွဲ့၏ Drone Guard ယာဉ်အား ချေမှုန်းသုတ်သင်။
-
တိုက်ပွဲသတင်းစုံ

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:36


ဘာကြောင့်ပါလဲ ?
* အနာမခံချင်လို့
* သမိုင်းမပျက်အောင်လို့
* ဆုတ်လွယ်၊ တက်လွယ်ဖြစ်အောင်လို့

နောက်ပိုင်း ဒီဗျူဟာ ကျယ်ပြန့်လာတယ်၊
အသုံးလဲ အတော်တဲ့လာတယ်၊ ဒီအိုင်ဒီယာကပဲ
အကြမ်းဖက်တွေကိုကြီးထွားလာစေခဲ့တယ်၊

.............

🍄 ပြိုင်ဖက်မိတ်ဆွေတွေ ချပလေ့စေ
Making fight the friendly enemies.

ခေတ်သစ်မှာ အယူအဆ သဘောတရားတွေပိုမြင့်လာတယ်
ပိုသိမ်မွေ့လာတယ်၊

ပြိုင်ဖက်မိတ်ဆွေတွေကို အချင်းချင်း ဖန်တီးယူပြီး
ချခိုင်းတာမျိုး၊

Case study -
အရှေ့အလယ်ပိုင်းမှာ အကြောင်းရင်းခံရှိထားတဲ့
* ဆွန်နီနဲ့ ရှီအိုက်ကို ချခိုင်းတာမျိုး
* အာဖဂန်မှာ ရုရှားနဲ့ချခိုင်းတာမျိုး
* လောလောဆယ် အမေရိကန်နဲ့တရုတ် ထိတ်တိုက်
တွေ့ပေးတာမျိုး၊

ပူတင်က အမေရိကန်ကို ရာဇဝင်ကြွေး ဆပ်နေတဲ့အပြင်
တချိန်မှာ ပြိုင်ဖက်ဖြစ်လာမဲ့ တရုတ်ကိုလဲ " နာ" အောင်
ကြိုလုပ်ထားတာ၊

( ထရမ့်ကို ပူတင် တင်ခဲ့တာ၊ အခုလဲ Joe Biden ကို
အသဲအသန် တိုက်ခိုက်နေပြီး၊ ထရမ့်သမ္မတ ဆက်ဖြစ်ရေး
ကြိုးစားနေတယ်လို့ တနေ့ကမှ FBI ညွှန်မှုးက ထုတ်ပြော
ထားတာ၊ ဘာကြောင့် ပူတင်က ထရမ့်ကို သမ္မတ
ဖြစ်စေချင်ရတာလဲ ? အဖြေကရှင်းနေပြီ )

.....................

🍄 ဘာတွေဆက်ဖြစ်ကြမှာလဲ ?
What’s about to happen ?

နိုင်ငံကြီးတွေ တိုက်ရိုက်ပါတဲ့စစ်မျိုး ဖြစ်နိုင်ခြေ
အလွန်နည်းပါတယ်၊ ဖျက်အားကြီးစွမ်းရည်ဗုံးအားလုံးကို
၁၀၀% ကြာဖြတ်ဖျက်ချနိုင်မယ်လို့ အာမ မခံနိုင်သေးပါ၊

စစ်ဆိုတာ ဆုတ် / တက်လွယ်တဲ့ကိစ္စမျိုးမဟုတ်ဘူး
စစ်ရှုံးနိုင်ငံဆိုတာ ခါးသီးလှတယ်၊ တောင်းသလောက်
ပေးရလိမ့်မယ်၊ နိုင်ငံအနေနဲ့လဲ တခါထဲ အောက်ဆုံးလဲ
ရောက်သွားနိုင်တယ်၊

ဒါဖြင့်ရင်..... ဘာဖြစ်လာမလဲ
မပူပါနဲ့ ထိတ်တိုက်ကတော့ မတွေ့လို့မရတော့ပါဘူး၊

ထရမ့်က Trade war နဲ့စစ်ဖွင့်တယ်၊
တရုတ်က ခံစစ်နဲ့တုန့်ပြန်တယ်
နောက့်တဆင့်တက်တယ်၊ တရုတ်ဖက်က မျှောလိုက်တယ်
မတူတဲ့ Political structure, Economic structure တွေက
တရုတ် ခံနှိုင်အောင် အပံ့အပိုးပေးထားတာတွေ့ရတယ်၊

ရေရှည်ဆိုရင် Trade war ကနေ Economy war တွေ
Financial war တွေအထိ ကူးသွားနိုင်တယ်၊
Bretton Wood ကနေအားသားချက်ယူလာတဲ့
အမေရိကန်ရဲ့ Position ကတောင့်နေတုန်းပံ

ဒီမှာတင်...
Covid-19 ဖြစ်လာတော့တယ်၊
ကြားနိုင်ငံတွေကတော့ ခေါင်းငုံ့ပြီးခံရတဲ့ဘဝ

Second wave ထပ်လာပြန်ပြီ
ဘယ်လောက့်ခံရဦးမလဲမသိဘူး၊ Fist wave မှာ
သိပ်မထိတဲ့ မြန်မာဟာ Second wave မှာ ဘယ်သူ့ ဘုန်းကံ
ဘယ်ဝါ့ ဘုန်းကံတွေလဲ မကယ်နိုင်တော့ဘူး၊

စစ်ဆိုတာ သွေးစွန်းတယ်
လူမြင်တယ်၊ သမိုင်းအမဲစက်ကျန်တယ်
အရေးကြီးတာက ရန်သူအသက်သွေးကြောကို
ဖြတ်တောက်ဖို့ပဲ၊
စီးပွားပျက်အောင်ဖျက်နိုင်ရင် စစ်ပွဲနိုင်တာပဲ။
အယူအဆ သဘောတရားတွေပြောင်းလာခဲ့ပြီ။

.............

🍄 ညံ့သူခံ
Take account, the shit idiot .

သူများတွေ နတ်ပြည်တက်တွေးနေတဲ့အချိန်မှာ
ဘမောင်တို့ လက်ဆေးပြနေကြသေးတယ်၊
ဖြစ်တာတော့ ဖြစ်နေကြပြီ
အရင်ရေးခဲ့တဲ့အတိုင်း တဖက်ဖက်ကပြိုမှပဲ
ရပ်မဲ့ပွဲ၊ ဗီဇပြောင်းနဲ့ ရောချမဲ့ နောက်မျိုးစိပ်သစ်တမျိုး
မလာဘူးလို့ ဘယ်သူအာမခံကြမှာလဲ ?

ညံ့ရင်ခံကြရမှာပဲ
ညံ့တာကိုမှကြိုက်နေရင်တော့လဲ
မပြောတတ်တော့ဘူးပေါ့လေ။

( ပြန်တင်ပေးပါသော K Min Lwin, thx ပါ )

နေဇင်လတ် ( 22.9.20 ) 🍄



❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

#MinLwin
MinNanda

https://www.facebook.com/groups/191890793056290/

ထွေရာလေးပါး သတင်းစုံ

30 Oct, 06:34


.

☯️


🍄" အခင်းကျင်းသစ်၊ အဂ္ဂဗျူဟာသစ် "🍄
State of the art Grand Strategy
&
New World Order

ခေတ်သစ်ခေါင်းဆောင်တွေ အမြင် Vision၊
သဘောတရားရေး Concept တွေပြောင်းလာသလို
မဟာဗျူဟာ Strategy ၊ အဂ္ဂဗျူဟာ Grand Strategy
တွေကို ပြောင်းလဲပေးမဲ့ Doctrine တွေလဲ သိသိသာသာ
ပြောင်းလဲလာတာ သတိထားမိတယ်၊

ဝိဝါဒကွဲပြားတဲ့တချက်တော့ရှိတယ်၊
ဘယ်ဟာအပေါ်ဘယ်ဟာက မှီတည်စဉ်းစားကြသလဲဆိုတဲ့
အချက်၊ ရေးရေးပေါ်ပေမဲ့မသေခြာသေးလို့မရေးသေးဘူး၊

................

🍄 စစ်တိုက်တယ်ဆိုတာ
When war is.....

* နိုင်တဲ့သူကိုသာတိုက်တယ်
* မလွှဲသာမရှောင်သာမှတိုက်တယ်
( ရှောင်သာအောင် ဒါကြောင့် Proxy ထားတာ )
* အင်အားမတိမ်းမယိမ်းမှာမတိုက်ဘူး၊

💥 Case study (1) -
အာဖဂန်က စလိုက်တဲ့စစ်ဟာ ဆီရီးယားအထိ ရောက်လာတယ်
Asymmetrical war ဆိုတဲ့ အချိုးမညီ တဖက်သတ်စစ်ပွဲ
နိုင်ချင်တိုင်းနိုင်၊ လုပ်ချင်တိုင်း လုပ်လို့ရတဲ့စစ်မျိုး
ဆီရီးယားမှာ ရုရှားအကျိုးစီးပွား ( ရေတပ်စခန်းနဲ့ သြဇာ )
ရှိလေတော့ နောက်ဆုံး ရုရှားဝင်လာတယ်၊
S-400 ဖြန့်ကျက်ပြီး Lock လုပ်ပြီးပြီလို့ကြေငြာလိုက်တာနဲ့
အမေရိကန်တိုက်လေယာဉ်တွေ တစီးမှလေထဲပျံမတက်
တော့ဘူး၊ Symetrical war ဆိုရင် မသေခြာတော့ဘူးလေ၊

💥 Case study (2)
အခု...
တောင်တရုတ်ပင်လယ်မှာ အမေရိကန် ဦးဆောင်တဲ့
အုပ်စုနဲ့ တရုတ်တွေ့ကြတယ်၊ ဖိလစ်ပိုင်က အမေရိကန်
အုပ်စုထဲကပြန်ထွက်သွားတယ်၊ ( စဉ်းစားစရာ )

နေ့ချင်း ညချင်းစစ်ဖြစ်တော့မယ်လို့ လော်နေကြသူတွေ
မရေးနိုင်ကြတော့ဘူး၊
* တရုတ်-အိန္ဒိယ ပူးတွဲ စစ်ရေး လေ့ကျင့်မှု၊
* အီရန်က လေယာဉ်တင်သင်္ဘောတုကို ဒုံးနဲ့
ပစ်ခတ်နှစ်မြှုပ်ပြမှု၊
* တရုတ်ကုန်းတွင်းက DF- 26 နဲ့ပင်လယ်ထံ ပစ်ပြမှု၊
* မြောက်ကိုရီးယားက နျူတပ် တာလတ် ဒုံးစမ်းဖို့
အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောမှု၊
* နောက်ဆုံး ရုရှားဦးဆောင်တဲ့ ကော့ကပ်စ် ( မြန်မာပါဝင်)
စစ်ရေးလေ့ကျင့်မှု စတဲ့သတင်းတက်လာတော့...
အားလုံးငြိမ်ကျသွားတယ်၊

စစိမဖြစ်ပါဘူး
အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှား ဖက်တာကို
မေ့ထားလို့မရပါဘူးဆိုပြီး ကြိုရေးခဲ့ပါတယ်၊

................

🍄 မချစ်လဲ အောင့်နမ်းလိုက်
Making friend

သမ္မတ Truman လက်ထက် အမေရိကန်တွေ
အလှည့်အပြောင်းဖြစ်ခဲ့တယ်၊ ဆိုဗီယက်တွေက
နိုင်ငံရေးသဘောတရားတွေအပေါ်ဖက်တွယ်နေတုန်း
သူ့သြဇာ ကျယ်ပြန့်လာမှုကို အမေရိကန်က ခုခံနေတဲ့
အချိန်၊ အမေရိကန်ကိုကြိုက်တာက လုပ်ရဲကိုင်ရဲတာ၊

Coalescence Containment Strategy ကိုသုံးသွားတယ်
CCS မှာ Marshall plan ထဲ့ထားတယ်၊ Friendly Dictators
ဆိုတဲ့ မဟာဗျူဟာနဲ့ ပေါင်းစပ်ထားတယ်၊
Type of strategy ကိုလေ့လာလိုက်တော့...
လား... လား... Offensive Defence ( တိုက်စစ်သဘောပါ
ခံစစ်ဖြစ်နေတယ် ) ငယ်ငယ်က စစ်တုရင်မှာ
သဘောကျခဲ့ဘူးတဲ့ စစ္စလီယံ ခံစစ်မျိုး၊ ချက်ခြင်း
တိုက်စစ်ကို ပြောင်းနိုင်တဲ့ ခံစစ်မျိုး၊

အဲ့ဒီဗျူဟာရဲ့ အဓိက အစိတ်အပိုင်းတွေမှာ...
* ဆိုဗီယက်သြဇာ ဖြန့်ကျက်မှုကို တားဆီးမဲ့
Marshall plan ( နိုင်ငံတွေကို အကူပေးအစီအစဉ်)
Friendly Dictators ( အာဏာရှင်တွေကို မိတ်ဖွဲ့ခြင်း )
Covert action ( လှို့ဝှက် လုပ်ငန်းများ )
Subversion ( ပူးသတ် )

( မှတ်ချက် - အမေရိကန်ဟာ သူ့အကျိုးစီးပွားအတွက်
အာဏာရှင်နဲ့လဲ မူဝါဒဘေးထားပြီးပေါင်းတာ
တွေ့နိုင်သလို၊ ဒီမိုကရေစီ လစ်ဘရယ်ဝါဒနဲ့
ဆန့်ကျင်တဲ့ လု့အခွင့်အရေးချိုးဖေါက်မှုတွေလဲ
လုပ်ခဲ့တယ်၊ မြန်မာတွေကို ဒါကြောင့်
လစ်ဘရယ်မကြောင်ကြပါနဲ့လို့သတိပေးခဲ့တာ)

.................

🍄 အချိန်တန် ပစ်ချလိုက်
Breaking friends.

မင်းသားကြီး Ronald Reagan လက်ထက်မှာ ဆိုဗီယက်ကို
နိုဘယ်ဆု ဗုံးနဲ့ အမေရိကန်ကြဲလိုက်ပြီး၊ အစိပ်စိပ်ခွဲပစ်တယ်၊

CIA အကြီးအကဲဖြစ်ခဲ့တဲ့ Bush ( Sr ) တက်လာတယ်
ပြိုင်ဘက်မဲ့ အမေရိကန်ဟာ အာဏာရှင်တွေကို စပြီး
လက်တွဲဖြုတ်လိုက်တဲ့အပြင် အာဏာရှင်တွေ ကျဆုံးရေး
စတင်ခဲ့တယ်၊ Bush- 41 Strategy လို့ခေါ်တယ်

သူ့သား Bush (Jr) က Bush-43 Strategy ကိုသုံးတယ်၊
Relooking Global Engagement ဆိုတဲ့ အမေရိကန်ရဲ့
ကမ္ဘာကြီးမှာ ပါဝင်ပါတ်သက်မှုတွေကို ပြန်သုံးတယ်၊

9-11 ကိုသိကြမှာပေါ့
အဖေထက် သားကလက်စောင်းထက်တဲ့ပွဲ
အရှေ့အလယ်ပိုင်းတခုလုံးကို မီးလောင်တိုက်သွင်းတာ
သူကစခဲ့တာ၊

( ထုတ်မရေးဖြစ်ဘူးသေးတဲ့ အကြောင်းတခုရှိတယ်၊
9-11 ဖြစ်ဖြစ်ချင်း " အင်" ထုပြီလို့ ဦးဆုံးပြောခဲ့ ရေးခဲ့တာ
ဘမောင် ပထမဆုံးဖြစ်လိမ့်မယ်၊ ပင်တဂွန်ကိုလေယာဉ်
တိုက်ပြီးပြီးချင်းပြောတာ၊ အမေရိကန်ရဲ့ Defence system
ကိုသိရင်ပြောလို့ရတယ်၊
မသိသေးတာက 9-11 ကို ဖန်တီးတာ ဘယ်သူလဲ
Bush လား ?
Deep State လားဆိုတာပဲ )

...............

🍄 ရန်သူရဲ့ရန်သူကို မိတ်ဆွေဖွဲ့ပါ
Making friend the enemy of enemy.

The enemy of the enemy is friend.လို့ အများသိကြတယ်

ထွေရာလေးပါး သတင်းစုံ

30 Oct, 03:59


စစ်သွေးကြွ ကချင်တွေလည်း ငတ်တော့မယ်