ပျမ်းမျှ ဆယ်စုနှစ် ခြောက်ခု ခုနှစ်ခုလောက်ပဲ ရတဲ့ လူ့ဘဝမှာ Why me? တွေနဲ့ စောက်ချိန် မဖြုန်းနဲ့။ ဘာလို့ စောက်ပြသနာတွေက ငါ့ဆီ လာဖြစ်နေရတာလဲ၊ ဘာလို့ စောက်ဒုက္ခတွေက ငါ့ဆီ ရောက်လာကြသလဲတွေ တွေးမနေနဲ့။
ငါမို့လို့ ဖြစ်နေတာ။ ငါမို့လို့ ဖြစ်နေတာလို့ပဲ ခံယူလိုက်။ အေး… ငါမို့လိုပဲ ဖြတ်သန်းနိုင်မှာလို့ စိတ်ကြီးဝင်ထားလိုက်စမ်း။
ငိုယိုပြီး ရင်ဆိုင် ရင်ဆိုင်
စောက်ကြောတင်းတင်း ရင်ဆိုင် ရင်ဆိုင်
ဘယ်နည်းကို ရွေးရွေး မရင်ဆိုင်ဘဲ ပြေလည်သွားတဲ့ ပြသနာဆိုတာ မရှိဘူး။ မိုက်စမ်း ကြိုက်လမ်းရွေးလိုက်၊ ပါးရိုက်ရင် နားကိုက်၊ မိုးကောင်ကင်ပါ ဒူးနဲ့တိုက်… အိုက်စ်ပဲ။
နှင်းဆီလို ဆူးမရရင် ကင်ပွန်းချဉ်ရွက်လောက်တော့ ဆူးပေးလိုက်။ ခြေဆော့လက်ဆော့တွေ ရှိန်သွားအောင် စွမ်းသလောက် ဆူးလိုက်။ ဘဝက သံပုရာသီး လာပေးရင် လာပေးတဲ့ကောင် အလုံးထဲ သံပုရာရည် ညှစ်ထည့်လိုက်။
လူ့သက်တမ်း တစ်ဝက်ကျော်ထိ ဒရာမာဇုန်ထဲ တဝဲလည်နေရင် စောက်ရူးပဲ။ ကျပ်မပြည့်တာပဲ။ နောက်တစ်ဝက်ထဲ စိတ်ဆင်းရဲရင်း သေမယ့်နေ့ ထိုင်စောင့်ပြီး အချိန်မဖြုန်းနိုင်ဘူး။
မနေ့က ပြီးသွားပြီ။ ရှင်ပြုတုန်းက ရွှေထီးစောင်းတာတွေ ရှင်လောင်းလှည့်တာတွေ ဒိုးလိုက်တော့။ မနက်ဖြန်က မရောက်သေးဘူး။ ဘာဖြစ်လာမလဲလည်း မသိဘူး။ ရောက်လာပါ့မလားတောင် မသေချာတာ အာရုံစားမနေနဲ့။
ဒီနေ့ ရှင်သန်
ဒီနေ့ ပျော်ပျော်ကြီး ရှင်သန်
ဒီနေ့ စောက်ကြောတင်းတင်း ရှင်သန်။
စောက်ရူးတွေကို ချေမွှပစ်ပြီး ရှင်သန်လိုက်။