Global Reporter - Myanmmar

@globalreporter_mm


မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်သမျှ အကြောင်းအရာ သတင်းများအား အချိန်နဲ့တပြေးညီ တင်ပြသွားပါမည်

Global Reporter - Myanmmar

21 Oct, 16:25


Accident ဖြစ်ပွါး
~~~~~~~~~~~

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်
၃၇ လမ်း ၈၄ လမ်းတွင်
ဆိုင်ကယ် နှင့် ကား ယာဉ်တိုက်ခိုက်မှု့ ဖြစ်ပွားခဲ့ရာ
လူနှစ်ဦး ဒဏ်ရာများရရှိခဲ့သဖြင့် -

ဒဏ်ရာရရှိသော လူနာအား အသင်းရုံးမှ အရေးပေါ်ကား(၂)စီးဖြင့် ပြည်သူ့ဆေးရုံကြီး(OPD)သို့ ပို့ဆောင် ကူညီခဲ့ကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရ

#GlobalReporter #MM #Breakingnews

Global Reporter - Myanmmar

20 Oct, 18:59


၇ နှစ်အရွယ် မိန်းကလေးကို တစ်ရွာတည်းသားကအဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် ၅နှစ်အရွယ် ကလေးကိုပါ ဓားနဲ့ထုရိုက်

အောက်တိုဘာ ၁၉။

‌ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မိုင် ၄၀ ကျေးရွာရှိ ၇ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ၅ နှစ်အရွယ်မောင်ဖြစ်သူတို့ ၁၅ ရက် နေ့ မနက်ပိုင်း လယ်တဲမှာရှိနေချိန် ၁၆ နှစ်အရွယ် တရွာတည်းသားရောက်လာပြီး ကျေးရွာ ချောင်းတဖက်ကမ်းက တောထဲကိုခေါ်သွားခဲ့ပါတယ်။

"တော်တော်ဝေးဝေးလံလံကို ခေါ်သွားပြီးတော့ ကောင်မလေးကို (အဓမ္မပြုကျင့်) တယ်ပေါ့နော်။ရုန်းရင်းကန်ရင်းနဲ့ ခေါင်းအောက်က အမာတွေဘာတွေနဲ့ဆိုတော့ ထုရိုက်ပြီး သတ်ပစ်တာပေါ့ဗျာ " လို့ ဒေသခံတဦးက ပြောပါတယ်။

ထို့နောက် မောင်ဖြစ်သူကိုလည်း ဓါးနဲ့ထုရိုက်ခဲ့ပြီး သေပြီအထင်နဲ့ ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်နေ့ မနက်မှာကလေးကို ရွာသားတွေ တောထဲက ပြန်တွေ့ခဲ့ပြီး အခင်းဖြစ်တဲ့နေရာကို သွားကြရာ မိန်းကလေးရဲ့ခန္ဓာကိုယ်မှာ လည်ပင်းညိုမဲစွဲ၊ခေါင်းနောက်စေ့ ပွန်းပဲ့၊ မိန်းမကိုယ် ပွန်းပဲ့ဒဏ်ရာတွေရထားတယ်လို့ သိရပါတယ်။အလောင်းကို ၁၇ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ၁၆ ရက်နေ့မှာ ရဲက လာဖမ်းသွားပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

20 Oct, 18:58


စက်ယန္တရားထုတ်စက်ရုံမီး‌လောင်ကာ အနီးနားရှိ အဆောက်အဦပေါင်း ၃၀ ထိ ပျံ့နှံ့လောင်ကျွမ်း

‌အောက်တိုဘာ ၂၁။

တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့ရှိ စက်မှုလုပ်ငန်းသုံး စက်များ ထုတ်လုပ်တဲ့ စက်ရုံမှာ  မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးဟာ လေပြင်းတိုက်ကာ လျင်မြန်စွာ ပျံ့နှံ့သွားတာကြောင့် မီးငြိမ်းသတ်ရန် ခက်ခဲခဲ့ရာ ၇ နာရီကြာငြိမ်းသတ်ခဲ့ပြီးမှ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

အင်ချွန်း မီးသတ်ဌာန အဆိုအရ ၂၀ ရက်နေ့ မနက် ၈ နာရီ ၄၄ မိနစ်ခန့်မှာ Wanggil-dong မှာ တည်ရှိတဲ့ စက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူသေဆုံးမှု မရှိပေမယ့် အနီးအနားရှိ စက်ရုံအဆောက်အအုံ ၃၀ ခန့် မီးလောင်ခဲ့ကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် အရေးပေါ်ဆက်သွယ်ရေး  hotline 119 ကိုလည်း "မှောင်မည်းတဲ့ အနက်ရောင်မီးခိုးတွေ ပတ်ဝန်းကျင်ကောင်းကင်ကို မီးတောက်များဖြင့် ဖုံးလွှမ်းနေကြောင်း "  တိုင်ကြားချက်များစွာ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

19 Oct, 21:10


Oct20-Oct23 အတွင်း မြန်မာ့ပင်လယ်တွင် မုန်တိုင်းဖြစ်ပေါ်လာမည့် အခြေအနေ

#GlobalReporter #BreakingNews

Global Reporter - Myanmmar

19 Oct, 08:48


ရာထူးကနေထုတ်ပယ်ခံရနိုင်ဟု ရေးသားသည့်မီဒီယာကို နည်းပြတန်ဟတ်ဂ် တုံ့ပြန်

မန်ယူအသင်း ရာထူးကနေထုတ်ပယ်ခံရနိုင်ကြောင်း ရေးသားတဲ့ မီဒီယာတွေကို နည်းပြတန်ဟတ်ဂ်က ပြန်လည်ဝေဖန်သွားပါတယ်။
နည်းပြတန်ဟတ်ဂ်ရဲ့ ရာထူးနဲ့ ပတ်သက်ပြီး မကြာခင်မှာထုတ်ပယ်ခံရ နိုင်ကြောင်းနဲ့ အစားထိုးတာဝန်ယူမယ့် နည်းပြတွေစာရင်းကို ဗြိတိန်မီဒီယာတွေက နေ့စဉ်ဖော်ပြခဲ့ကြတာဟု သိရပါတယ်။

#GlobalReporter #MM #Sports

Global Reporter - Myanmmar

19 Oct, 08:41


မီးသတ်စခန်းအသစ်တခု မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၁၉။

အသစ်စက်စက် မီးသတ်စခန်းတစ်ခု မီးလောင်ကျွမ်းမှု‌ကြောင့် သန်းနဲ့ ချီသော ထိခိုက်ပျက်စီးမှုတွေဖြစ်ကာ စက်ပစ္စည်းများ ပျက်စီးသွား‌ကြောင်း ဂျာမဏီ ပြည်တွင်းမီဒီယာများက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။မီးဟာ ၁၇ရက်‌နေ့ မနက်ပိုင်း ဟက်ဆီမြို့၊ Stadtallendorf မီးသတ်စခန်းမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး စက်ပစ္စည်းထားရှိထားတဲ့ ခန်းမ အပါအ၀င် မီးသတ်ယာဉ် ၁၀စီးခန့် ဆုံးရှုံးပျက်စီးသွားတယ်လို့ သတင်းဌာနက ဖော်ပြထားပါတယ်။

ကနဦး ဆုံးရှုံးမှုမှာ သန်း ၂၀ သို့မဟုတ် ၂၄ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီးထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပါတယ်။ မီးလောင်မှုအကြောင်းအရင်းမှာ မီးသတ်ဌာနရဲ့ အရေးပေါ်ယာဉ်တစ်စီးမှာ ရှိတဲ့ လီသီယမ်-အိုင်ယွန်း ဘက်ထရီနဲ့ ပြင်ပပါဝါဖြင့် ဆက်သွယ်အားသွင်းထားမှုကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

19 Oct, 08:41


Breaking News 🚨

လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို ဗုံးကျဲတိုက်ခိုက်ခံရ၊ပြည်သူ ၂ ဦးသေဆုံး

အောက်တိုဘာ ၁၉။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး လမိုင်းယန်ကျေးရွာမှာ ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတာ‌ကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ယနေ့  နံနက် ၁ နာရီ ၁၁ မိနစ်မှာ တစ်ကြိမ်၊နံနက် ၁ နာရီ ၁၄ မိနစ်အချိန်မှာ တစ်ကြိမ် လိုင်ဇာမြို့အနီးသို့ ဗုံးများကျဲချခံရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

"ဒီမနက်လိုင်ဇာအနားမှာရှိတဲ့ လမိုင်းယန် ရွာကို ဗုံး၂ လုံးကျဲချတာ။ လင်မယား ၂ ဦးသေဆုံးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ဒါ့အပြင် ဗုံးကျဲ လေယာဉ်က တရုတ်နိုင်ငံဘက်သို့ အလွန်နီးကပ်စွာ ပျံသန်းတာကြောင့် တရုတ်ဘက်မှ မီးကျည်ဖြင့် အချက် ၂၀ အထိ ပစ်ဖောက်သတိပေးမှုများ  ရှိခဲ့ကြောင်းလည်း ဆိုထားပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

18 Oct, 01:48


Breaking News🚨

သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့၊လေယာဉ်များဖြင့် ဗုံးကျဲခံရ၊ ဒေသခံများ ဘုရားပူဇော် ဆီမီးမထွန်းနိုင်ဘဲ ဗုံးခိုကျင်းအတွင်း ညလုံးပေါက် ပုန်းခိုရ

အောက်တိုဘာ ၁၈။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ညက  ဗုံးများအဆက်မပြတ်ကျဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများက သီတင်းကျွတ်လပြည့်ည ဘုရားသွား၊ ကျောင်းတက်၊ ဆီမီးပူဇော်နေကြချိန်အဆက်မပြတ် ဗုံးများကျဲချခဲ့တာကြောင့် ဒေသခံများမှာ သီတင်းကျွတ်ညကို ဗုံးခိုကျင်းများမှာ ပုန်းခိုအချိန်ကုန်ဆုံးခဲ့ရတာပဲဖြစ်ပါတယ်ာ

" မနေ့ည ၉ နာရီ ၅၀ လောက်ကနေ ည ၁၂ လောက်အထိ လေယာဉ်တွေ ဝဲပြီး ဗုံးတွေကျဲချသွားတာပါ။သီတင်းကျွတ်ည ဆိုတော့ သွားသွားလာလာရှိနေတဲ့အချိန်မို့ အထိအခိုက်အပျက်အစီးကတော့ များနိုင်တယ်  " ဟု နောင်ချိုမြို့မှ ဒေသခံတယောက်က ဆိုထားပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

18 Oct, 01:47


Breaking News🚨

ဒီပဲယင်းမြို့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းမှာ  ဗုံးကျဲ တိုက်ခိုက်ခံရ

အောက်တိုဘာ ၁၈။

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ကို သီတင်းကျွတ်လပြည့်နေ့ ညပိုင်းက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရကြောင်းသိရပါတယ်။ည ၉ နာရီ ၃၃ မိနစ်မှာ တစ်ကြိမ်၊ ၉ နာရီ ၃၇ မိနစ်မှာ တစ်ကြိမ်၊စုစု‌ပေါင်း ၂ကြိမ်တိတိ ဒီပဲယင်းမြို့ပေါ်ကို  ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့‌ ပြောထားပါတယ်။တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှာကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရပါတယ်။"ဒီပဲယင်းမြို့ပေါ်ကို သီတင်းကျွတ်လပြည့်နေ့ ညအချိန်မှာ ဗုံး ၂ကြိမ် ကျဲသွားတယ်။လက်ရှိအချိန်ထိ ထိခိုက်မှု အခြေအနေ မသိရသေးဘူး" လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

17 Oct, 02:58


One direction အဖွဲ့၀င် Liam Payne သေဆုံး

One Direction အဖွဲ့၀င်တစ်‌ယောက်ဖြစ်တဲ့ Liam Payne ဟာ အာဂျင်တီးနားရှိ ဟိုတယ်တစ်ခုရဲ့ သုံး‌ထပ်‌မြောက် လသာဆောင်မှပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Payne ဟာ Palermo ရပ်ကွက်ရှိ Hotel CasaSur မှာ တည်းခိုခဲ့တာဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်၍ အခင်းဖြစ်ရာနေရာသို့ ရဲများ မရောက်ခင်မှာ သေဆုံးသူမှာ " မူးယစ်ဆေး သို့မဟုတ် အရက်မူး ရန်လို‌နေတဲ့လူ " ဖြစ်နိုင်တယ်လို့‌ ရဲကကောက်ချက်ချခဲ့ပြီး

ရဲများရောက်လာစစ်ဆေးတဲ့အခါ ထိုသူဟာ 1D အဖွဲ့ဝင် Payne ဖြစ်နေကြောင်း တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

မျက်မြင်သက်သေများက အခင်းမဖြစ်ပွားခင် Payneဟာသူ့ရဲ့ Laptopကို ဖျက်ဆီးခဲ့ပြီး သူ့ရဲ့အခန်းကိုတောင် တွဲခေါ်ပို့‌ဆောင်ပေးခဲ့ရတယ် လို့ဆိုထားပါတယ်။

RIP

#GlobalReporter #MM #BreakingNews

Global Reporter - Myanmmar

16 Oct, 17:54


အထူးသတိပြုရန်

မန္တလေးမြို့တွင်းနဲ့အနီးတစ်ဝိုက်နေ့စဥ်သွားလာလုပ်ကိုင်နေသောမိဘပြည်သူများခင်ဗျာ အခုအချိန်ကာလမှာ နေရာတိုင်းသတိထားဖို့လိုပေမဲ့ယခုဖော်ပြမဲ့နေရာများကတော့(လုံးဝ)အကြောင်းမရှိရင်မသွားသင့်တဲ့နေရာများပါ။

၁။ 101 လမ်း(သိပ္ပံလမ်းသစ်)
လူရှင်းပါတယ်လမ်းအဖြောင့်နဲ့လမ်းဘေးဝဲယာအိမ်ခြေရာများမရှိပါဘူး ပြီးခဲ့တဲ့လပိုင်းလောက်ကပဲ ကောင်မလေးတစ်ယောက်ဆိုင်ကယ်လုခံရလို့ ဆိုင်ကယ်ပါသွားပြီး လူကတော့ဆေးရုံမှာသေလားရှင်လားမသိရပါဘူး။

၂။ ကျောက်မီးကနေရေကြည်ဆက်သွယ်ထားတဲ့မြောင်းဘောင်လမ်းနှစ်ဖက်ပါတစ်ရွာနဲ့တစ်ရွာကနည်းနည်းလှမ်းပါတယ်အိမ်ခြေများကတော့လမ်းဘေးရှိတဲ့နေရာရှိ မရှိတဲ့နေရာမရှိ မြောင်းဘောင်လမ်းဆိုတော့ ရွာသားအနည်းစုသာသွားကြပါတယ် အရင်ကတော့သွားကြလာကြတာရှိပေမဲ့အခုနောက်ပိုင်းလူကိုမရှိသလောက်ပါပဲ လမ်းဘေးဝဲယာမှာခေါင်းပြတ်အလောင်းတွေ့သူကတွေ့ချောင်းထဲလူသေတွေမြောပါလာတာတွေ့သူကတွေ့ ဆိုင်ကယ်တွေ click Scoppy ဆိုခဏတိုင်းလုခံရပါတယ်။

၃။ ရေတံခွန်တောင်ကြက်ကြော်လမ်းဂေါက်သီးလုံးကွေ့ကြီးကုန်း မြို့ပတ်လမ်းကနေအဝင်စမှာတော့ကန်လယ်ဆိုတဲ့ရွာအထိ လမ်းဘေးဝဲယာလူနေအိမ် ဆိုင်ခန်းတွေရှိပါတယ် ကန်လယ်အကျော်ကနေစပြီး ရေတံခွန်တောင် နဲ့ ရန်ကင်းတောင်လမ်းခွဲကနေစပြီးကျိုးကြားကျိုးကြားလူပြတ်ပါတယ်
အရင်ကြက်ကြော်ဆိုင်တွေရှိတုန်းကအပန်းဖြေသူများနဲ့လူစည်ကားပေမဲ့နောက်ကိုင်းအကြာ်ဆိုင်တွေမရှိတော့သလိုလူအရမ်းကိုပြတ်ပါတယ်နေ့ခင်းကြောင်တောင်လဲလူပြတ်ပါတယ် တစ်ရက်က နှစ်ခါကြုံခဲ့တဲ့အဖြစ်အပျက်လေး ကန်လယ်ဘုန်းကြီးကျောင်းမရောက်ခင်လမ်းအကွေ့
Scoppy ဆိုင်ကယ်စီးလာတဲ့ကောင်လေးကို ကားတစ်စီးကအနောက်ကနေကျော်အရှေ့ကပိတ်ရပ်ပြီးအဖွဲ့လိုက်ဆင်းလာကာလုယက်မှုဖြစ်ပွားခဲ့ပါတယ် နောက်တစ်ခုကတော့ ရန်ကင်းတောင်ဘက်လမ်းခွဲရှင်တော်ကုန်းရွာအနား လူသူရှေ့မှာတင် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ် လူအများကြီးရှိတာတောင်လက်နက်တွေနဲ့မို့လက်ပိုက်ကြည့်နေရတဲ့အဖြစ်ပါ။

၄။ မြို့ပတ်လမ်းဘေးက မဲကင်းကုန်း ဆိုင်းဘုတ်အနီးပါ လူအရမ်းမပြတ်ပေမဲ့ လုယက်ရမ်းကားသူတွေအကြိုက်နေရာတစ်နေရာပါပဲ အနီးအနားမှာ စစ်တပ်ရှိနေပေမဲ့ ပေါ်တင်လုယက်ပါတယ် အပေါ်ကနည်းအတိုင်းပါပဲ ဆိုင်ကယ် ၄စီး၅စီးနဲ့အဖွဲ့လိုက်လုပ်စားနေကြပါတယ်။

၅။ မနော်ဟရီ အနီးတစ်ဝိုက်က လူပြတ်တဲ့ ဒူးကြားလမ်းအကြိုအကြားနဲ့ သင်ပန်းကုန်းအနီးတစ်ဝိုက်က လမ်းအချို့ပါ အချိန်မရွေးလုယက်မှုဖြစ်ပွားနေပါတယ်။

၆။ ၅၄လမ်း 36+37 ကြားနားနဲ့အနီးတစ်ဝိုက်ပါ တရုတ်ဘုံကျောင်း ၃ ကျောင်း၄ ကျောင်း

3,916

subscribers

33

photos

1

videos