MDY Revolution @mdyrevolution23 Channel on Telegram

MDY Revolution

@mdyrevolution23


မင်္ဂလာပါ။
ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် ‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️

MDY Revolution (Burmese)

မင်္ဂလာပါ။ MDY Revolution ကျွန်တော်တို့မှကြိုဆိုပါတယ်။ မန္တလေးမြို့ပေါ်‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်။ အညီအမျှတစိတ်ချင်း နှင့် အလွန်ရှင်များအတွက် MDY Revolution သည် သတင်းမြင့်မားနိုင်သော်လည်း အခြေအနေနှင့် အတူတကျွန်တော့် တို့ထံယုံပြန်လည်ယုံကြည်ရသည်။ မန္တလေးမြို့စကစလှုပ်ရှားမှုအပိန်များနှင့် သဘောတရားဖြေမယ် အောင်မြင်ချင်း အလိုအလျောက်သတင်းမြင့်မားပါမယ်။ ❤️

MDY Revolution

12 Jan, 15:18


Daily Highlight 3
January 12 (09:30 PM)

ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖယ်ခုံနယ် ၁ ကြိမ် (Source: CJ)
- ဖလမ်းနယ် ၂ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- ပေါက်တော ၁ (Source: CJ)
- ရေးနယ် ၅ ကြိမ် (Source: CJ)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကရင်၊ ကရင်နီနှင့် တနင်္သာရီ ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)



#Thadinsubue
Crd to original uploader with respect

MDY Revolution

12 Jan, 15:04


Daily Highlight 1
January 12 (09:30 PM)

- ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်နေ့များက ဆောမြို့မရဲစခန်းမှ လောင်းရှည်ဘက်သို့ ထွက်ခွာလာသော စခ ရခ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက နှစ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ စခ ၃ ကောင်သေ၊ ၃ ကောင်ထက်မနည်း ဒဏ်ရာရပြီး ၂ ကောင်ကို အရှင်ဖမ်းဆီးရမိ၊ သေနတ် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ ထို့ပြင် ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ကန်ပက်လက်မှ ဆုတ်ခွာထွက်ပြေးလာသော စခများနှင့် မိသားစုဝင်များပါဝင်သောစစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ရခ တစ်ကောင်သေ၊ စခဗိုလ်တစ်ကောင်အပါအဝင် ၄ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦး ပြော။

- ယမန်နေ့က ပြင်ဦးလွင်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၀၅ ခုနှစ်က စတင်ပြီး အကောင်အထည်ဖော် ​ဆောင်ရွက်ရန် ကြိုးစားခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများမှာ နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ကန့်ကွက်ခြင်း ခံခဲ့ရ​ပြီး ရပ်တန့်ခဲ့ရသဖြင့် ယခုအခါ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့် အနှစ် ၂၀ ကို လှမ်းပြီး အပြစ်ဖို့နေ၊ ထို့ပြင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူရန်လည်း ထပ်မံပြောဆိုသွားပြီး ၎င်း၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများမှာ ဆိုလာပြားများ တင်သွင်းဖြန့်ဖြူးနေသဖြင့် သားဖြစ်သူ၏စီးပွားရေးကို Promote လုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေ။

- ဥသျှစ်ပင်-ပန်းတောင်းလမ်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က အဆိုပါလမ်းပေါ်ရှိကျေရွာများကို လက်နက်ကြီးများဖြင့် နေစဉ်လိုလို ရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံများ ဥသျှစ်ပင်မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ရှောင်နေကြရ၊ ယမန်နေ့ညပိုင်းက ဥသျှစ်ပင်မြို့ပေါ်မှ စခများက စက်တပ်လေထီးများ စမ်းသပ်မောင်းနှင်နေကြောင်း၊ ထို့ပြင် ဒေသတွင်း အမြင့်ဆုံးဖြစ်သော မိုးထိတောင်ပေါ်တွင် အင်အားအများအပြားဖြင့် တပ်စွဲထားပြီး လက်နက်ကြီးများလည်း တပ်ဆင်နေကြောင်း ဒေသခံများထံမှ သိရ။

- ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက တအောင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီက ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံကာ ပြည်သူ့အစိုးရတစ်ရပ် အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ တအောင်းပြည်သူတို့၏ တော်လှန်ရေးအောင်ပွဲကို ရေရှည်ထိန်းသိမ်းနိုင်ရန် နိုင်ငံတဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်၊ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ၆၂ နှစ်မြောက် တအောင်းတော်လှန်ရေးနေ့အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် PSLF/TNLA က ထုတ်ပြန်ကြေညာ၊ မိတ်ဖက် ညီနောင်နှစ်ဖွဲ့ဖြစ်သော MNDAA နှင့် AA တို့ကလည်း မျှော်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေရေး ဆုမွန်ကောင်းတောင်းပါကြောင်း၊ အောင်ပွဲနှင့်အတူ ကောင်းတူဆိုးဖက် အခက်အခဲအတားအဆီးများကို ညီနောင်မဟာမိတ်စိတ်ဖြင့် ဝိုင်းဝန်းရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိပါကြောင်း အသီးသီး ထုတ်ပြန်ကြေညာထား။

- ဇန်နဝါရီ ၅ ရက်နေ့က ပဲခူးခရိုင် တပ်ရင်း ၂ သို့ စကစ တပ်သား၂ ဦး သေနတ်၂ လက် ခဲယမ်းအချို့နှင်အတူ အလင်းဝင်လာ၊ ဆုငွေများ ချီးမြှင့်ပေးပြီး ကောင်းမွန်စွာ ကူညီစောင့်ရှောက်ပေးထားကြောင်း ပဲခူးခရိုင် တပ်ရင်း ၂ မှ သတင်းထုတ်ပြန်။ ထို့ပြင် ပေါက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးလည်း သေနတ် ၁ လက် ခဲယမ်းအချို့နှင့် အလင်းဝင်လာသဖြင့် ဆုငွေများ ချီးမြှင့်ပြီး ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးထားကြောင်း ရေစကြို ပကဖ မှ သတင်းထုတ်ပြန်ထား။

- ဒိုက်ဦးထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦး ဆီးကျောက်တည်ရောဂါဖြင့် ပဲခူးဆေးရုံကြီးတွင် ကွယ်လွန်၊ အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးဝါးကုသမှုမရခဲ့သလို ထောင်ပြင်ပဆေးရုံသို့လည်း အချိန်မီပို့ဆောင်ကုသပေးခြင်းမရှိသဖြင့် ကွယ်လွန်ရခြင်းဖြစ်ကြောင်း PPNM မှ ကိုသိုက်ထွန်းပြော။

- ယမန်နေ့က ပုလောနယ် တပိုရွာ အင်အား ၁၂၀ ခန့်ပါ စခစစ်ကြောင်း ဝင်ရောက်လာသဖြင့် တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၈ ကောင်ထက်မနည်း ဒဏ်ရာရ၊ အထိနာသွားသော စခများ ပါဒစက်တော်ရာဘုရားဘက်သို့ ပြန်လည်ဆုတ်ခွာသွားရာ လမ်းမှ ပြည်သူ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်စီးသွားရာ နေအိမ် ၅ လုံးနှင့် ရာဘာခြံ ဧက ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ရာဘာခြံများတွင် လောင်ကျွမ်းနေသောမီးမှာ ယနေ့မနက်ပိုင်း ၁၁ နာရီကျော်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးပြော။


#Thadinsubue
Crd to original uploader with respect

MDY Revolution

12 Jan, 15:04


Daily Highlight 2
January 12 (09:30 PM)

- ဇန်နဝါရီ ၁၀ရက်နေ့ နေ့လည်ပိုင်းက သံတောင်ကြီးနယ် တောင်ငူ-သံတောင်လမ်းပေါ်တွင် KNLA တပ်မဟာ ၂ တပ်ရင်း ၅ မှ ရဲဘော်များ လမ်းလုံခြုံရေး စစ်ဆေးဆောင်ရွက်နေစဉ် ဘုရင့်နောင်တပ်မြို့သို့ပြန်လာသော စခများနှင့် ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စခ ၃ ကောင်သေ၊ သေနတ် ၃ လက်နှင့် ခဲယမ်းများ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စခကားတစ်စီးကို ဖျက်စီးနိုင်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရ။

- ယနေ့ နေ့လည်ပိုင်းက ရှမ်း-ကယားအစပ် ဖယ်ခုံနယ် လအိရွာအနီးကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှု မရှိကြောင်း ဒေသခံများပြော။ ထို့ပြင် ယမန်နေ့က ကျောက်တော်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့မှုတွင် ပြည်သူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ဦးထက်မနည်း ရှိကြောင်း အသေးစိတ် အတိအကျမသိရသေးကြောင်း၊ AA မှ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရ။

- ယမန်နေ့က ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ မှ စမထတပ်သားသစ်နှစ်ဦး သေနတ် ၂လက် ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်ထား။

- ယမန်နေ့ ညနေပိုင်းက ဆီဆိုင်နယ် ဖြီကျွတ် ပအို့ဝ်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ တောင်ယာမှပြန်လာသော အမျိုးသမီးများကို ထိမှန်ခဲ့ပြီး သားအမိနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းမှာ စကစ အနေဖြင့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း PNLO/PNLA ပြောခွင့်ရ ခွန်ယိမ်းရန် ပြော။

- ယမန်နေ့ ညနေပိုင်းက ချောက်နယ် ဆားလယ်ကျွန်းရွာမှ စစ်တပ်သတင်းပေးဒလန် ထွန်းနိုင် ဆိုသူကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား၊ အဆိုပါ ထွန်းနိုင်မှာ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လိုက်လံစုံစမ်းပြီး စစ်တပ်ထံ သတင်းပေးခြင်း၊ တော်လှန်ရေးထောက်ပို့များကို ဖမ်းဆီးခိုင်းခြင်းများ ကျူးလွန်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဇန်နဝါရီ ၄ ရက်နေ့ကလည်း ချောက်နယ် ကြည့်မြင်ရွာအနီးတွင် စစ်တပ်ထောက်ပို့ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ ၅ ကောင်သေ၊ ၄ ကောင်ထက်မနည်း ဒဏ်ရာရပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း  Chauk Revolution Force- CRF မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်အစောပိုင်းက ဝမ်းတွင်းနယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသွားများထံမှ ဆပ်ကြေးကောက် တောင်းရမ်းစားသောက်နေသော ရခများကို တော်လှန်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရခများ ထိခိုက်မှုသတင်း စုံစမ်းနေဆဲဖြစ်ကြောင်း MBT အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၄ ရက်နေ့က ပေါက်နယ် ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်တစ်လက် ခဲယမ်းအချို့နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၂ ထံသို့ အလင်းဝင်လာကြောင်း သိရ။

- မံစီရှိ ခမရ ၃၁၉၊ ၆၀၁ တို့မှ ထွက်ပြေးသွားသော စခ ၃၀၀ ခန့်ကို  KIA က လိုက်လံရှင်းလင်းလျက်ရှိရာ ယမန်နေ့က စခ ၁၀၀ ထက်မနည်း သေဆုံးကြောင်း ကချင်စစ်ရေးသတင်းများနှင့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်များမှတဆင့် သိရ၊ အဆိုပါရုပ်သံတွင် တောတွင်၌ သေဆုံး ဒဏ်ရာရနေသော စခများကို တွေ့ရပြီး မံစီမှ ထွက်ပြေးလာသူများဖြစ်ကြောင်း၊ ၎င်းတို့မှ လိုက်လံရှင်းလင်းထားခြင်းဖြစ်ကြောင်း အဆိုပါရုပ်သံကို ရိုက်ကူးနေသူက ရှင်းပြထား။

- ယနေ့ နေ့လည်ပိုင်းက ပေါက်တောနယ် တောင်ဦးမော်ရွာကို စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရသေးကြောင်း၊ ယခုရက်ပိုင်းအတွင်း စစ်တပ်က ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်လျက်ရှိကြောင်း သိရ။

- ယမန်နေ့မနက်ပိုင်းက မြိုင်မြို့ပေါ်ရှိ စခစခန်းမှ ထွက်ပြေးလာသော စမထ တပ်သားသစ် လေးဦးကို ကင်းပုန်းဝပ်နေသော တော်လှန်ရေးတပ်များက အရှင်ဖမ်းဆီးရမိ၊ အဆိုပါ တပ်သားသစ်များမှာ ပေါ်တာဆွဲခံထားရသော လူငယ်များဖြစ်ပြီး ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းသို့ စေလွှတ်ခြင်းခံရသူများဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

12 Jan, 14:37


မန္တလေးမြို့🚨🚨
January 12

ယနေ့ည မဟာအောင်မြေမြို့နယ် ၇၂လမ်း ၃၇×၃၈ကြား ကံလှရပ်ကွက်တွင် ဧည့်စစ်ပြကာ လူဆွဲရန်ရှိကြောင်း သတင်းရရှိထားပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

12 Jan, 11:05


မန္တလေးမြို့🚨🚨🚨
January 12

4:45PMခန့်က ၆၂× ထုံးဘိုလမ်းခွဲ စည်ပင်ဂိတ် အုံးခံရကာ ဂိတ်နေရာရှိ ခွေးစည်ပင်နှင့် ရခများအထိခိုက်များနိုင်ကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

12 Jan, 07:52


လစဉ်အလှုအတွက်ယနေ့နောက်ဆုံးရက် ရောက်ပြီဖြစ်သောကြောင့် မပါဝင်ရသေးသည့် မိဘပြည်သူများ NUG PAY/SDB PAY တို့ဖြင့်လည်း လုံခြုံစိတ်ချစွာ ကူလို့ရပါတယ်ခင်ဗျာ

လှုဒါန်းလိုပါက ယနေ့အတွက် Admin များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထဲ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်ဗျ

ကျန်းမာဘေးကင်းကြပါစေ🙏🏻

MDY Revolution Admin Team

MDY Revolution

12 Jan, 07:11


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January-12
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:30PM
၁၃၀× ၅၈လမ်း ဖမ်းနေ

-1:35PM
ဦးပွါးဂုန်းကျော်အနောက်ဖက်အဆင်း ဖမ်းနေ

-1:50PM
၃၂× ၆၈လမ်း လေးဖက်လေးလံ ဖမ်းနေ

-1:50PM
ရှမ်းလေးကျွန်း ကန်ပတ်လမ်းအဆင်း ဖမ်းနေ

-2:50PM
၃၅× ၅၈လမ်း ဖမ်းနေ

-2:50PM
၆၂× ၃၂လမ်း ဖမ်းနေ

-2:50PM
၄၁လမ်း ၈၆× ၈၇ကြား ပန်းဆက်ဗလီနား ဖမ်းနေ

-2:50PM
၃၃× ၈၄လမ်း ရခသီးသန့် ဖမ်းဖို့ပြင်နေ

-3:00PM
မဂ်လာကန်ပတ်လမ်း× ၆၈လမ်း ဖမ်းနေ

-3:35PM
၁၉× ၈၆လမ်း ဖမ်းနေ

-3:45PM
လမ်း၁၂၀၊ ၆၂ မှ ၆၈လမ်းအထိ ဖုန်းပါစစ်နေ

-3:50PM
၃၂× ၇၃လမ်း ဖမ်းနေ

-4:10PM
၃၆× ၈၇လမ်း ဖမ်းနေ

-4:20PM
၂၆× ၂၇လမ်း ၇၈× ၇၉ကြား ကုန်ရုံလမ်းကြား ဖမ်းနေ

-4:30PM
၆၂လမ်း ၁၂လမ်း(ကုသိုလ်တော်ဘုရားအနီးဝန်းကျင်) ဖမ်းနေ

-5:20PM
၁၉× ၆၂လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

12 Jan, 02:40


မန္တလေးမြို့🚨🚨
January-12
9:00AM

ရခ Sino truck ကားကြီး(၇)စီး အင်အား အပြည့် ထုံးဘိုလမ်းခွဲအတိုင်း အနောက်မှ အရှေ့သို့ မောင်းသွားကာ ယခုအုန်းချောကျော်သွားပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

12 Jan, 01:53


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January-12
မနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:10AM
၁၁၀(မနော်) × ၅၆လမ်း စခ၊ရခ၊ပသစများ ဖမ်းနေ

-8:39AM
၆၄× ၁၁၂လမ်း ဖမ်းနေ

-8:44AM
၇၈× ၃၈လမ်း ဖမ်းနေ (! မရှိတော့ပါ)

-9:00AM
၄၁လမ်း၊၅၈× ၅၉ကြား ဖမ်းနေ

-9:11AM
၁၂၀× ၅၈လမ်း ထောင့် စခ၊ရခနဲ့ ပျူများ အင်အား (၂၀) ခန့်စစ်နေ

-9:16AM
ကန်တော်ကြီး စစ်ကိုင်းလမ်းခွဲ ဖမ်းနေ

-9:20AM
၁၉× ၆၆လမ်း ဖမ်းနေ

-9:27AM
၁၁၀(မနော်)× ၇၃လမ်း ဖမ်းနေ

-9:35AM
၆၂× ၂၇လမ်း ဗျိုင်းများရပ်နေ

-9:49AM
၇၈× ၁၁၇လမ်း ဖမ်းနေ

-9:50AM
၂၆× ၅၈လမ်း ဖမ်းနေ ရခများ
Tools boxဖွင့်စစ်နေ

-9:50AM
၃၉× ၅၃လမ်း ဖမ်‌းနေ

-9:51AM
၇၈× ၁၁လမ်း ဖမ်းနေ

-9:52AM
၅၈× ၁၃၂လမ်း ဖမ်းနေ

-9:54AM
၆၆လမ်း၊၁၀၅× ၁၀၆ကြား ဖမ်းနေ

-9:55AM
လမ်း၃၀၊၆၂× ၆၃ကြား ဖမ်းနေ

-9:56AM
၃၅လမ်း၊၆၉လမ်း×လမ်း၇၀ဖမ်းနေ
၃၆လမ်း×၆၉လမ်း ဖမ်းနေ

-10:02AM
လမ်း၆၀၊၄၁လမ်း×၄၂လမ်း ဖမ်းနေ

-10:03AM
၆၆လမ်း×၃၂လမ်း ဖမ်းနေ

-10:20AM
၂၆လမ်း၊၈၉လမ်း×လမ်း၉၀ ဖမ်းနေ

-10:30AM
လမ်း၈၀၊၁၃လမ်း×၁၄လမ်း ဖမ်းနေ

-10:37AM
၆၆လမ်း၊၁၀၃လမ်း×၁၀၄လမ်း ဖမ်းနေ

-10:47AM
၃၆လမ်း၊၇၆လမ်း×၇၇လမ်း ဖမ်းနေ

-10:49AM
၃၆လမ်း၊၇၆လမ်း×၇၇လမ်း ဖမ်းနေ

-11:14AM
၃၅လမ်း×၆၂လမ်း ဖမ်းနေ

-11:25AM
၁၀×၁၁×၁၂လမ်း ၈၀×၈၁×၈၂×၈၆လမ်း ပတ်လည်ဖမ်းနေ

-11:25AM
၃၅လမ်း ၅၈×၅၉×၆၀ကြား ဖမ်းနေ

-11:50AM
၃၂လမ်း ၆၀×၆၁×၆၂ကြား ဖမ်းနေ

-12:25PM
လမ်း၁၂၀ ၆၁×၆၂ကြား
စခအင်အားအများအပြား စစ်နေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

12 Jan, 01:51


"မန်း‌မြေပြင်အဖွဲ့များ အတွက် လစဥ်အလှူ"
====================
ကျွန်တော်တို့Teamမှ မြေပြင်အဖွဲ့များအတွက် လစဥ်အလှူခံတာ ဒီနေ့နောက်ဆုံးနေ့ မလို့ ပိုမိုအားစိုက် ကူပေးကြပါအုန်းခင်ဗျာ🙏🏻

ရရှိငွေကို အမှန်တကယ်အခက်အခဲရှိနေတဲ့ မြေပြင်အဖွဲ့တွေဆီ လစဉ်ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်ဗျ

မြို့သိမ်းတိုက်ပွဲတွေ နီးကပ်လာသည်နှင့်အမျှ ကိုယ်တိုင်မပါဝင်လိုက်ရခြင်း မရှိရလေအောင် တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြစေလိုပါတယ်ခင်ဗျာ

လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ဖို့ ကျွန်တော်တို့Pageမှသေချာစီစဥ်ထားပါတယ်ခင်ဗျ
မိဘပြည်သူများဘက်မှလဲ လုံခြုံရေးအရမေးမြန်းခြင်းကို နားလည်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံတွင် ကူညီလှုဒါန်းပေးပါခင်ဗျာ🙏

မန္တလေးသမိုင်းမရိုင်းဖို့အားလုံးတူတူကြိုးစားကြရအောင်ခင်ဗျာ

ကျန်းမာဘေးကင်းကြပါစေ ✊️✊️✊️
#MDYRevolutionTeam
#လစဥ်အလှူ

**မလှူခင် အကောင့်အရင်တောင်းပေးပါခင်ဗျာ

MDY Revolution

12 Jan, 01:08


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

11 Jan, 15:14


မန္တလေးမြိူ့🚨🚨
January 11
ဧည့်စစ်သတင်း

9:30PM
-လမ်း၃၀×၇၇လမ်း ဟော်ကုန်းဝင်းထဲသို့ စခ အိမ်စီးကားတစ်စီး၊ MarkII ရခကားတစ်စီးဖြင့် ဧည့်စာရင်းဝင်စစ်နေကြောင်းသိရ

-ချမ်းမြသာစည်မြို့နယ် ကန်သာယာ ရပ်ကွက်အတွင်း ယနေ့ညဧည့်စာရင်း စစ်နိုင်ဟု သတင်းရရှိထားပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

11 Jan, 15:13


Daily Highlight 1
January 11 (09:30 PM)

- ဇန်နဝါရီ ၈ရက်နေ့နှင့် ၉ ရက်နေ့တို့က ပုသိမ်နယ် ရွှေသောင်ယံမြို့အနီးရှိ ကုလားချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင်ဖျားရွာတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ရခတစ်ကောင်လည်း သေဆုံး၊ အဆိုပါကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ သာပေါင်းနယ်ဘက်သို့ စစ်ရှောင်နေကြရ၊ ရွှေသောင်ယံမြို့မှ စကစတပ်ဖွဲ့ဝင်များ ထွက်ပြေးနေကြသဖြင့် ပုသိမ်ခရိုင်အတွင်းရှိ စခဂိတ်များတွင် အစစ်အဆေးတင်းကြပ်နေကြောင်း၊ ထို့ပြင် မကျီးဇင်နယ်မြေရဲစခန်းကို AA နှင့်ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်သတင်းများထွက်ပေါ်နေ။

- တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီးစခန်းကို ဇန်နဝါရီ ၇ ရက်နေ့က AA မှ သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးသွားသော ကပစ ၆ မှ စခများကို ကပစ ၆ တပ်မှူးများက ဆီးကြိုဖမ်းဆီးပြီး အချုပ်ချထား၊ ထို့ပြင် ကမြိုင်ရွာအခြေစိုက် ကပစ ၅ မှ စခများကိုလည်း တောင်ကုတ်-ပန်းတောင်းလမ်းတလျှောက် ခံစစ်ပြင်တပ်စွဲထားစေရာ အဆိုပါစခများ ထွက်ပြေးမှုများ အများအပြား ဖြစ်ပွားနေသဖြင့် တပ်တွင်း အဝင်အထွက်ကို ကန့်သတ်ထိန်းချုပ်ထားကြောင်း၊ တောင်ပုံကြီးစခန်းကို AA က သိမ်းပိုက်ပြီးနောက် ပြည်ခရိုင်အတွင်း လမ်းများ၊ ကပစ စက်ရုံများကို စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး အကြီးအကျယ်ခံစစ်ပြင်နေကြောင်း သိရ။

- ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်အရှိန်မြှင့်၊ အထူးသဖြင့် လေယာဉ်ကွင်းနှင့် စကခ ၂၁ ဌာနချုပ်များကိုဦးတည်ပြီး တိုက်စစ်မြှင့်နေ၊ လေယာဉ်ကွင်းအနီးရှိ ကာကင်းငယ်များကို ဆက်တိုက်သိမ်းပိုက်ရရှိထား၊ စစ်တပ်က စကခ ၂၁ အတွင်း စုပြုံခံစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်နေ၊ စခများက ဌာနချုပ်အနီးရှိ နေအိမ်များကို မီးရှို့ဖျက်စီးနေပြီး တိုက်ပွဲများပြင်းထန်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၂ အနီးရှိ စိုင်ကောင်းရဲစခန်းကို တိုက်ခိုက်ရန်ထွက်ခွာလာသော တော်လှန်ရေးအဖွဲ့များ လမ်းခုလတ်တွင် စခကားတစ်စီးနှင့် ထိပ်တိုက်တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စခကား ပျက်စီးသွားပြီး စခ ထိခိုက်သေဆုံးမှုအခြေအနေမသိရသေးကြောင်း၊ စိုင်ကောင်းရဲစခန်းကို စခလော်ဘီ ကျော်စိုးဦး၏ စိန်ခေါ်မှုကို တုန့်ပြန်သောအားဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ပြီး ချီတက်လာခြင်းဖြစ်ကြောင်း Aung San's Land Natmauk တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးပြော။

- နတ်တလင်းမြို့တွင် စခများက ပေါ်တာဆွဲရန်ကြိုးပမ်းစဉ် ထွက်ပြေးသော လူငယ်များကို လိုက်လံပစ်ခတ်၊ နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး တစ်ဦးမှာ အသက်လုနေရ၊ ထို့ပြင် ယမန်နေ့က နတ်တလင်းဆေးရုံထဲသို့ ပျူခွေးများ ရောက်ရှိလာပြီး တွေ့ရာလူကို ဝင်ရောက်ဖမ်းဆီးသဖြင့် လူနာစောင့်အမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ဖမ်းဆီးခံရသူ ရှိမရှိ မသိရသေးကြောင်း ဒေသခံများထံမှသိရ။

- ယနေ့မနက်ပိုင်းက AA သိမ်းပိုက်ထားသော ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ပြန်၊ စျေးအပါအဝင် လူနေထူထပ်သောနေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ လူသူထိခိုက်သေဆုံးမှုများနိုင်ကြောင်း နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုလည်း များပြားကြောင်း AA သတင်းနှင့်ပြန်ကြားရေးမှ ကနဦးသတင်း ထုတ်ပြန်။

- ယမန်နေ့မနက်ပိုင်းက နေပြည်တော် တပ်ကုန်းနယ်တွင် နယ်မြေရှင်းလင်းရန်ထွက်ခွာလာသော အင်အား ၄၆ကောင်ပါ စခ ရခ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ ၆ ကောင် ဒဏ်ရာရပြီး တစ်ကောင်မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း ရဲကြေးနန်းနှင့် ရဲသတင်းရင်းမြစ်ထံမှသိရ။

- ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်က ရေးနယ် ကျုံးလောင်ရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်၊ စုစုပေါင်း စခ ၇၀ ခန့်သေဆုံး၊ စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးတိုက်ခိုက်နေပြီး လေကြောင်းမှလည်း တိုက်ခိုက်၊ အနီးဝန်းကျင်ကျေးရွာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ ထို့ပြင် ရေးတံတားကြီးအနီးရှိ အိုင်ဖွတ်ရွာမှ ရွာသားနှစ်ဦးကိုလည်း စခများက ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရ။

- ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ရန်ထွက်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက လမ်းတလျှောက် လိုက်လံတိုက်ခိုက်နေသဖြင့် စခများ ထိခိုက်သေဆုံးဒဏ်ရာရမှု များပြားနေပြီး စစ်တပ်က ဆေးဝါးများကို ရဟတ်ယာဉ်များဖြင့် လိုက်လံကြဲချပေးနေရ၊ အဆိုပါ စစ်ကြောင်းမှာ လမ်းမကြီးပေါ်မှ မသွားရဲဘဲ ကျေးရွာများအကြားမှ ဖြတ်သန်းသွားလာနေပြီး လမ်းတလျှောက်ကျေးရွာများကိုလည်း မွှေနှောက်လုယက်ခိုးယူနေကြောင်း၊ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

11 Jan, 15:13


Daily Highlight 2
January 11 (09:30 PM)

- ယမန်နေ့က ဇီးကုန်းနယ် မီးကောက်ပင်ရွာမှ အုပ်ကြီး ကိုဦးနှင့် တွဲဖက် မြင့်ထွေးတို့နှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့မှ ရဲမေများက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ မြင့်ထွေးမှာ နေရာတွင်ပင်သေဆုံးသွားပြီး ကိုဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်းတို့နှစ်ဦးမှာ PDF ကိုလည်းပိုင်တယ်၊ စစ်တပ်ကိုလည်း ပိုင်တယ် ဟု ကြွေးကြော်ပြီး ရပ်ရွာအပေါ် ဖိနှိပ်အနိုင်ကျင့်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း BTZM GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- AA နှင့် PDF တို့၏ ထိုးစစ်မှာ ရွှေသောင်ယံမြို့အထိ ရောက်ရှိလာပြီး ထွေအုပ်ရုံးနှင့် ဆေးရုံကို သိမ်းပိုက်ထားကြောင်း မြေပြင်သတင်းများ ထွက်ပေါ်လာပြီးနောက် ချောင်းသာနှင့် သာပေါင်းမှ ဒေသခံများ စတင်စစ်ဘေးရှောင်နေကြ၊ စစ်တပ်က ပုသိမ်မှ တင့်ကား ၉ စီးအပါအဝင် စစ်အင်အားအများအပြား ပို့ဆောင်ထားပြီး ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်ကြောင်း၊ ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံမြို့တို့မှာ တဆက်တည်း တည်ရှိပြီး စစ်မီးကူးစက်လာနိုင်သဖြင့် ဒေသခံများအပြင် ဟိုတည်များလည်း စတင် ပိတ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရ။

- ဇန်နဝါရီ ၉ ရက်နေ့ ညနေပိုင်းက ပေါက်နယ်အခြေစိုက် ကပစ ၂၄ ကို တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ ပစ်မှတ်များကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များပြားနိုင်၊ jammer များကြောင့် ထောက်လှမ်းရေးဒရုန်းတစ်စီးနှင့် Fixed Wings ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ကြောင်း ပုံတောင်ကျား PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး​ပြော။

- ဇန်နဝါရီ ၈ ရက်နေ့ ရမ်းဗြဲနယ် ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီး အလောင်းမတွေ့ရဘဲ ပျောက်ဆုံးနေသူများ ရှိသဖြင့် သေဆုံးသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ နေအိမ်အဆောက်အဦ ၃၉၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးမှ ထပ်မံထုတ်ပြန်ထား။

- တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃၊ အမှတ် ၃၂ ဗျူဟာ တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စခ ၄၀၀ ကျော်သေ၊ ၃၀၀ ကျော် ဒဏ်ရာရ၊  တော်လှန်ရေးရဲဘော် ၄၀ ဦး ကျဆုံးပြီး ၁၉၀ ခန့် ဒဏ်ရာရ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး စကစဘက်မှ ၂၃ ဦး အလင်းဝင်၊ ထိတွေ့တိုက်ပွဲပေါင်း ၈၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ရင်း ၃ ရင်း၊ စစ်ဗျူဟာ တစ်ခု၊ ကာကင်းစခန်းငယ် ၁၁ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်။

- မင်းဘူးနယ် မန်းရွှေစက်တော်အနီးရှိ အိုးပြင်မဲရွာကို စစ်တပ်က ယနေ့မနက်ပိုင်းတွင် လက်နက်ကြီးငယ်များ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း၊ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်စီး၊ ဘုရားပွဲအတွက် နယ်မြေရှင်းလင်းခြင်းဟု ပြောကာ ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရ။

- ယနေ့ နေ့လည်ပိုင်းက တနိုင်းနယ် သံလွင်ရွှေမှော်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၈ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာအပြင်းအထန်ရပြီး ၃ ဦးပျောက်ဆုံးနေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးသူများမှာ ရွှေမှော်လုပ်သားများ ဖြစ်ကြောင်း ကချင်တောင်တန်းချန်နယ်နှင့် အခြားကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

11 Jan, 15:13


Daily Highlight 3
January 11 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖလမ်းနယ် ၄ ကြိမ်
- တနိုင်းနယ် ၁ ကြိမ် (Source: ကချင်တောင်တန်း)
- ရေးနယ် ၁ ကြိမ် (Source: CJ)
- ဗန်းမော်နယ် ၃ ကြိမ်
- ကြာအင်းဆိပ်ကြီးနယ် ၁ ကြိမ်
- ကျောက်တော်နယ် ၁ ကြိမ် (Source: AA)


(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကရင်၊ ကရင်နီနှင့် တနင်္သာရီ ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

MDY Revolution

11 Jan, 12:09


မန္တလေးမြို့🚨🚨
January-11

-6:30PM
ပြင်ဦးလွင် မှ စခယာဥ်တန်းအများအပြားဆင်းလာကာ ထုံးဘို- မြစ်ငယ်လမ်းသစ်အတိုင်း မောင်းသွားပြီး ဆောက်တောဝရွာကျော်သွားပြီဟု သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

08 Jan, 14:59


Daily Highlight 2
January 8 (09:30 PM)

- မံစီနယ်ရှိ ခမရ ၃၁၉၊ ၆၀၁၊ အမတ ၃၅၂ တို့ကို ယနေ့မနက်ပိုင်းတွင် KIA က အပြီးသတ်သိမ်းပိုက်၊ မံစီမြို့နယ်တွင် စခကင်းစင်သွားပြီဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသောစခများကို လိုက်လံရှင်းလင်းနေကြောင်း၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအမြောက်အများ ရရှိ၊ ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပြီး KIA ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း သတင်းမှန်ကန်ကြောင်း၊ ဗန်းမော်မြို့တွင်း နေရာအချို့တွင်လည်း KIA ရဲဘော်များ နေရာယူထားပြီး တပ်စခန်းများကို စောင့်ကြည့်နေကြောင်း အတည်ပြုပြောကြား

- ဇန်နဝါရီ ၄ရက်နေ့နှင့် ၅ရက်နေ့တို့က ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားသော ခရိုင်ရဲစခန်း၊ ခရိုင်ရဲမှူးနေအိမ်၊ စုပေါင်းရုံး၊ ရဲကင်းဘန်ကာတို့ကို တော်လှန်ရေးတပ်များက ၂ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ထိခိုက်မှုများပြား၊ ခရိုင်ရဲမှူး၏ သားဖြစ်သူလည်း ဒဏ်ရာရ၊ ထိခိုက်သွားသော စခများက မြို့အနီးရှိ မြို့သစ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၂လုံးနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးသွားကြောင်း သိရ။

- ယနေ့မွန်းလွဲပိုင်းက မိုးကုတ်မြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၃၀ ကျော် ကြဲချတိုက်ခိုက်၊ မိုးကုတ်အရှေ့ပိုင်း ဂေါက်ကွင်းနှင့် မစိုးရိမ်ကျောင်းတိုက်တို့အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၅လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ်တစ်စီး ထိမှန်ပျက်စီး၊ မိုးကုတ်အနောက်ပိုင်း ကျောက်ဆင်နှင့် ဘော်မားရွာတို့ကိုလည်း တိုက်ခိုက်သွား၊ လူသူထိခိုက်မှုသတင်း မရရှိသေးကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်။

- ယမန်နေ့မနက်ပိုင်းက မြစ်ခြေမြို့အနီးရှိ အောင်သာပျူရွာမှ ပျူခွေးများ ပခုက္ကူ တပ်မ ၁၀၁ သို့ ထွက်ခွာလာစဉ် ကွန်ပျူတာတက္ကသိုလ်အနီးတွင် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်၊ အောင်သာပျူဒုခေါင်းဆောင်နိုင်ဝင်းဆိုသူအပါအဝင် ၈ ကောင်သေဆုံး၊ အလားတူ ပခုက္ကူမှ မြိုင်ဘက်သို့ ရိက္ခာပို့ရန်ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကိုလည်း ပခုက္ကူ-မြိုင်လမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၊ စခ ၇ကောင်ထက်မနည်း သေဆုံးကြောင်း၊ အဆိုပါစစ်ကြောင်းမှာ မြိုင်ဘက်သို့ ဆက်လက်ဦးတည်နေပြီး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မြိုင် ပကဖ မှ သတိပေးထုတ်ပြန်။

- ဇန်နဝါရီ ၆ရက်နေ့က ကျွန်းလှနယ် ကျွန်းလှ-ကန့်ဘလူလမ်းပိုင်း သင်ပန်းတောလမ်းခွဲအနီးရှိ ပျူခွေးများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ ပျူခွေး ၂ ကောင်သေပြီး တစ်ကောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ယမန်နေ့ညနေပိုင်းက တပ်မ ၃၃ မှ နမခသို့ ထွက်ခွာလာသော သံပြားကာကားတန်းကို ချောင်းဦးနယ် မုံရွာ-မန္တလေးလမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ ကားတစ်စီး ထိမှန်ပျက်စီးပြီး စခများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရ။

- ဇန်နဝါရီ ၆ ရက်နေ့က စလင်းနယ် ဇရပ်လှရွာကို ဦးတည်ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ စခစစ်ကြောင်း ၃ ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၆ကောင်ထက်မနည်း သေ၊ ၁၅ ကောင်ထက်မနည်းဒဏ်ရာရခဲ့ကြောင်း မင်းဘူးခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

08 Jan, 14:59


Daily Highlight 1
January 8 (09:30 PM)

- ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ် တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီး စခစခန်းကို AA က ဇန်နဝါရီ ၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ညပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့၊ အဆိုပါစခန်းမှ စခများ မိုထိစခန်းသို့ ဆုတ်ခွာသွား၊ မိုးထိစခန်းတွင် စစ်အင်အား အများအပြားရှိနေပြီး ပန်းတောင်းနယ်တွင် ကပစ စက်ရုံများတည်ရှိနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စခများ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စခအလောင်းများကို ပြည်မြို့ဘက်သို့သယ်ယူသင်္ဂြိုလ်နေရကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး အခြေအနေအားလုံးကို ဖျက်စီးပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧရာဝတီမြစ်ကိုပါ ဖျက်စီးရန် ကြံလာ၊ ယမန်နေ့ကပြုလုပ်သော စကစ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးတွင် အဆိုပါကော်မရှင် ဥက္ကဌ တင်အောင်စန်းက မင်းအောင်လှိုင်အနေဖြင့် ဆိုလာစွမ်းအင်အသုံးပြုရန်၊ ဧရာဝတီမြစ်ရေမှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် ညွှန်ကြားလာသဖြင့် မြစ်တစ်လျှောက် အနိမ့်တမံတည်ဆောက်နိုင်သည့်နေရာ ၁၆ ခုအနက်မှ ၄ခုကို ဦးစားပေးအနေဖြင့် အကျိုးအပြစ်များ ပြန်လည်တင်ပြရန် ထပ်ဆင့်ညွှန်ကြားထားကြောင်း ပြောသွား။

- အာရှလမ်းမကြီးပေါ်တွင်သောင်တင်နေသော နာမည်ကျော် အောင်ဇေယျစစ်ကြောင်းမှ တပ်သားနှစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဒီဇင်ဘာ ၃၀ ရက်နေ့က ဗျူဟာ ၃၁ ထံသို့ အလင်းဝင်လာကြောင်း သိရ။ ထို့ပြင် ဇန်နဝါရီ ၃၊ ၆၊ ၇ ရက်နေ့များကလည်း ဟားခါးမြို့ပေါ်မှ တပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ CDF-Hakha ထံသို့ အလင်းဝင်လာသဖြင့် ဆုငွေများချီးမြှင့်ပေးခဲ့ကြောင်း သိရ။

- ယမန်နေ့ မနက်ပိုင်းက ပေါင်းတလည်နယ် ရေကြည်ကုန်းရွာမှ ရာအိမ်မှူးဇော်မင်းဦး လင်မယားကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ နှစ်ကောင်လုံး သေဆုံး၊ ထို့ပြင် ပေါင်းတလည်နယ် မြို့လှစံပြကျေးရွာမှ အုပ်ကြီးအောင်နိုင်ဦးဆိုသူကိုလည်း နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒဏ်ရာများဖြင့် ဆေးရုံပို့စဉ် လမ်းတွင် သေဆုံးသွားကြောင်း၊ အဆိုပါ ရာအိမ်မှူးလင်မယားနှင့်အုပ်ကြီးတို့မှာ စစ်တပ်အလိုကျ လူငယ်များကို တပ်သားသစ်အဖြစ်စုဆောင်းပေးခြင်း၊ စမထအကြောင်းပြ လူထုကို ငွေညှစ်ခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ သတိပေးမှုများကို မထေ့မဲ့မြင်ပြုလုပ်ခြင်းများ ကျူးလွန်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် တပ်ရင် ၃၆၀၁ မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၆ ရက်နေ့က ဆောမြို့မရဲစခန်းမှ လောင်းရှည်မြို့ဘက်သို့ ထွက်ခွာလာသောစစ်ကြောင်းမှ တပ်သား ၅ဦး သေနတ်၂လက် ခဲယမ်းများနှင့်တကွ အလင်းဝင်လာ၊ ဇန်နဝါရီ ၂ရက်နေ့ကလည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက် ခဲယမ်းများနှင့်တကွ ထပ်မံအလင်းဝင်လာ၊ ထို့ပြင် ဇန်နဝါရီ ၄ရက်နေ့ကလည်း လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး နယ်မြေရှင်းလင်းစဉ် စခ ၄ကောင်ကို သေနတ် ၂လက်၊ ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ၊ အဆိုပါနေ့တွင်ပင် လှော်ကားရွာအနီး နယ်မြေရှင်းလင်းစဉ် ထိပ်တိုက်တွေ့ပြီး ထွက်ပြေးသွားသည့် စခနှစ်ကောင်ထံမှ ပျက်စီးသွားသော သေနတ်တစ်လက် သိမ်းဆည်းရရှိ၊ ထို့ပြင် ဒီဇင်ဘာ ၃၁ရက်နေ့က လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီးတွင်ပင် စခစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စခ ၂ကောင်သေ၊ တစ်ကောင်ကို ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၄လက်၊ ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသမှ သတင်းထုတ်ပြန်

- ယမန်နေ့ မနက်ပိုင်းက မုံရွာမှ အရာတော်ဘက်သို့ထွက်ခွာလာသော အင်အား၁၅၀ခန့်ပါ စခစစ်ကြောင်းကို အရာတော်နယ် ဝါးတန်းရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ စစ်ကြောင်းတစ်လျှောက် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြရပြီး ဖမ်းဆီးခံရသူအချို့ရှိကြောင်း သိရ။ ဆက်စပ်သတင်းအရ အဆိုပါစစ်ကြောင်းက ကျောက္ကာမြောက်ရွာမှ ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချကာ ရှေ့ဆုံးမှသွားခိုင်းသဖြင့် ပြည်သူငါးဦး မိုင်းစထိမှန်ကာ မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကျန်ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက်အသုံးချနေကြောင်း သိရ။

- ဇန်နဝါရီ ၆ ရက်နေ့က ပုသိမ်အခြေစိုက် ခလရ ၁၁ မှ တပ်ကြပ်တစ်ကောင်အပါအဝင် စခ ၄ကောင် ထွက်ပြေး၊ စစ်တပ်က လူလွှတ်၍ ရှာဖွေခိုင်းခြင်းမရှိဘဲ ရပ်ကျေးအုပ်ကြီးများကိုသာ တွေ့ရှိပါက အကြောင်းကြားရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ လူလွှတ်ရှာဖွေမှု မပြုခြင်းမှာ ရှာခိုင်းလိုက်သော စခများပါ ထပ်မံထွက်ပြေးမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ အလားတူ ယခုလ အစောပိုင်းကလည်း စခတ ၆ မှ တပ်သားအချို့ ထွက်ပြေးမှုများရှိကြောင်း၊ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မကျီးဇင်တိုက်နယ်ရဲစခန်းမှ ထွက်ပြေးလာသော ရခ ၆ကောင်နှင့် ရခမ ၂ ကောင်ကို သာပေါင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှသိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

08 Jan, 14:59


Daily Highlight 3
January 8 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖလမ်းနယ် ၁ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- မံစီနယ် ၅ ကြိမ်
- မိုးကုတ်နယ် ၂ ကြိမ်
- မံစီနယ် ၂ ကြိမ် (Source: WES)
- ဖလမ်းနယ် ၁ ကြိမ် (Source: WES)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)



#Thadinsubue
Crd to original uploader with respect

MDY Revolution

08 Jan, 07:48


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January-8
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-2:10PM
၅၆× ၁၃၂လမ်း ဖမ်းနေ

-2:15PM
၆၂× ၃၂လမ်း ဖမ်းနေ

-2:25PM
၄၁× ၄၂လမ်း ၈၆× ၈၇ကြား ဖမ်းနေ

-2:35PM
၆၂× ၁၁၀(မနော်) ဖမ်းနေ

-3:05PM
လမ်း၈၀× ၂၇လမ်း ဖမ်းနေ

-3:10PM
၉လမ်း× ၇၃လမ်း ဖမ်းနေ

-3:30PM
၃၂× ၆၈လမ်း ဖမ်းနေ

-3:40PM
လမ်း၃၀× ၅၈လမ်း ရခများ Toolbox ဖွင့်စစ်နေ

-3:40PM
လမ်း၈၀× ၂၆လမ်း ဖုန်းပါ စစ်နေ

-4:10PM
၁၁၀(မနော်)× လမ်း၆၀ အရပ်ဝတ်များဖြင့် စစ်နေ

-5:30PM
၂၈× ၈၃လမ်း စစ်နေဆဲ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

08 Jan, 07:15


၂၀၂၅ ၊ ဇန်နဝါရီလ ၅ ရက်နေ့ ၊ နေ့လည် ၁၁ နာရီ ခွဲ ဝန်းကျင် က ပုသိမ်ကြီးမြို့ ၊EPC ရုံး စောင့် လုပ်နေသော ခမရ-၁၁၆ မှစခ တပ်ကြပ်စိန်သန်း ဆိုသူအား ပုသိမ်ကြီးမြို့ ၊မြင်စိုင်းလမ်းပေါ်တွင် စခ ယူနီဖောင်း တကားကား နှင့် လမ်းသလား နေစဉ် ကျွုန်ုပ်တို့ မြို့နယ် ပကဖ ရဲဘော် ၂ ဦး မှ နှုတ်ခမ်းနီ ဆိုးပေးပြီး လားပင်စင် ပေးခဲ့ ပါသည် ။
#ပကဖ_ပုသိမ်ကြီးမြို့နယ်

MDY Revolution

08 Jan, 04:25


မန္တလေးမြို့🚨🚨
January 8

-10:50AM
၂၆×၇၃လမ်း နန်းတွင်းထဲမှ စခDC ၇စီး၊Jammer၂စီး၊ အိမ်စီးကား၆စီးပါသော ခွေးကားတန်း၂၆လမ်းအတိုင်း အနောက်ထဲသို့ ခရာမှုတ်ကာမောင်းသွားကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

08 Jan, 03:33


မန္တလေးမြို့🚨🚨
January 8

ယနေ့နံနက် ၉နာရီဝန်းကျင်က ထုံးဘို-မြစ်ငယ်လမ်းဘေး ဆောက်တောဝရွာဘက်တွင် ခွေးဘီလူးအိမ်စီးကား ၂ စီးဖြင့် လက်ဖက်ရည်ဆိုင်ထဲထိ ဝင်ဆွဲရာ ဆိုင်ထိုင်နေသည့်လူ တော်တော်များများ ပါသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

08 Jan, 03:19


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January 8
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:00AM
၆၆× ၄၁လမ်း ဖမ်းနေ

9:00AM
-၄၂လမ်း ၈၀× ၈၂လမ်းဂုံးကျော်ပတ်လည်ရခနဲ့ယာဥ်ထိန်းတွေစစ်နေ

-9:05AM
၁၁၅လမ်း ၇၃× ၇၄ကြားဖမ်းနေ
၁၂၀(မင်္ဂလာကန်လမ်း) ၆၈× ၇၂ကြားအစစ်ဆေးကြမ်းနေ

-9:10AM
၈၄လမ်း၂၈×၂၉ကြား ရခများဆိုင်ကယ်ဘောက်ဖွင့်စစ်နေ

-9:18AM
၇၃လမ်း ၃၇× ၃၈ကြားကား အဓိက စစ်နေ

-9:20AM
လမ်း၈၀× ၁၅လမ်း ကျုံး နှစ်ဖက်လုံးဖမ်းနေ ရခ၊ဘဲဥ

-9:35AM
၇၈လမ်း ရန်မန်းလမ်း၊ မင်းသားကြီးဟိုတယ်ရှေ့ဖမ်းနေ

-၄၁လမ်း ၈၁× ၈၂ကြား ဖမ်းနေ

-တောင်သမန်ကန်ပတ်လမ်း ရတနာပုံတက္ကသိုလ်လမ်းဆုံ လာသမျှအကုန်တားစစ်

10:00AM
အရှေ့မြို့ပတ်လမ်း၊အောင်ပင်လယ်ဘိုးဘိုးကြီးအဝိုင်းတွင်တူးဖောက်များလဲဖွင့်စစ်နေ

-10:15AM
၁၉လမ်း သံလမ်း ကြိုင်သင်းလက်ဖက်ရည်ဆိုင်နား ဖမ်းနေ

-10:22AM
၃၅လမ်း ၇၇× ၇၈ကြားဖမ်းနေ

-10:29AM
လမ်း၃၀× ၇၇လမ်း ဖမ်းနေ

-10:31AM
၈၄× ၈၅လမ်း ၃၂× ၃၃× ၃၄ကြား ဖမ်းနေ

-10:34AM
လမ်း၁၂၀× ၅၈လမ်း(မရှိတော့ပါ)
၅၈ ၁၃၁×၁၃၂×၁၃၃လမ်း ဖမ်း
၅၈လမ်း ၁၃၉ မှ ၁၄၁ထိ အဖွဲ့လိုက် ဖမ်းနေ

-10:40AM
၈၆လမ်း ၁၅× ၁၆× ၁၇ကြား ဖမ်းနေ

-10:45AM
၂၉လမ်း ၈၄× ၈၅ကြား OneWay ဖမ်းနေ
(အရှေ့မှ အနောက် ဝင်မရ)

-11:30AM
၂၆×၂၇လမ်း ၇၇× ၇၈လမ်းကြား ဖမ်းနေ
၇၉လမ်း ၃၆×၃၇×၃၈ကြား ဖမ်းနေ

-11:45AM
တောင်သမန်ကန်ပတ်လမ်း× ရတနာပုံတက္ကသိုလ်လမ်းဆုံ (Y လမ်းဆုံ) ဖမ်းနေ

၃၅လမ်း ၇၇×၇၈ကြား ဖမ်းနေ

-11:55AM
၆၂လမ်း ၁၁၇မှ ၁၂၀အထိ ဖမ်းနေ

၁၀၁(သိပ္ပံ) ၆၅×၆၆ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

08 Jan, 03:05


"မန်း‌မြေပြင်အဖွဲ့များအတွက် လစဥ်အလှူ"
====================
ကျွန်တော်တို့Teamမှ မြေပြင်အဖွဲ့များအတွက် လစဥ်အလှူခံတာ (၁၂)ရက်မြောက်ရောက်ရှိလာပါပြီ

မြေပြင်မှာအမှန်တကယ်လိုအပ်နေတဲ့ အဖွဲ့တွေဆီ လစဉ်ကူညီပေးနေတာဖြစ်ပါတယ်။ အခက်အခဲရှိနေတဲ့ မြေပြင်အဖွဲ့တွေဆီ လစဉ်ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်ခင်ဗျ

မြို့သိမ်းတိုက်ပွဲတွေ နီးကပ်လာသည်နှင့်အမျှ ကိုယ်တိုင်မပါဝင်လိုက်ရခြင်း မရှိရလေအောင် တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြစေလိုပါတယ်ခင်ဗျာ

အလှုငွေအား December(28)ရက်နေ့မှ January (12)ရက်နေ့အထိသာ ကောက်ခံသွားပါမယ်ခင်ဗျာ

လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ဖို့ ကျွန်တော်တို့Pageမှသေချာစီစဥ်ထားပါတယ်ခင်ဗျ
မိဘပြည်သူများဘက်မှလဲ လုံခြုံရေးအရမေးမြန်းခြင်းကို နားလည်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin ဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YellowMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

အကောင့်များထံတွင် ကူညီလှုဒါန်းပေးပါခင်ဗျာ🙏

မန္တလေးသမိုင်းမရိုင်းဖို့အားလုံးတူတူကြိုးစားကြရအောင်ခင်ဗျာ

ကျန်းမာဘေးကင်းကြပါစေ ✊️✊️✊️
#MDYRevolutionTeam
#လစဥ်အလှူ

**မလှုခင် အကောင့်အရင်တောင်းပေးပါခင်ဗျာ

MDY Revolution

08 Jan, 01:18


စခတ-၈ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး ဖမ်းဆီးရမိ
ဇန်နဝါရီလ (၇) ရက်
ဇန်နဝါရီလ (၅) ရက်တွင် မှတ်ထိရွာ တောင်ဘက်၌ ဖြစ်ပွားခဲ့သော စခတ-၈ မှ ထွက်လာသည့် ဗက မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကို ထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းအင်အား (၇၀) ဦးပါ စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၄၇) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးရမိ၍ (၁၇) ဦး ပျောက်ဆုံးနေသည်။
၎င်းစစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ လက်နက် (၄၅) လက် သိမ်းဆည်းရမိပြီးနောက် MA-3 (၁) လက် ထပ်မံ သိမ်းဆည်းရမိသည်။
အမှတ် (၁) စစ်ဒေသ

MDY Revolution

08 Jan, 00:58


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

07 Jan, 15:27


Daily Highlight 2
January 7 (09:30 PM)

- "ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့်နှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။"
"ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ အခြေအနေ အပြောင်းအလဲတွေကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါတယ်။ မိမိကိုယ်ကို ပြောင်းလဲဖို့လိုအပ်လာရင်လည်း ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်"။
NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၏ အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်မည့်အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားချက်။

- ယနေ့မနက်ပိုင်းက နတ်မောက်နယ် ဂွေးချောင်းရွာအုပ်ကြီး ဘိုဝင်းဆိုသူကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်းဝင်ရောက်ရှင်းလင်း၊ နေရာတွင်ပင် သေဆုံးသွားကြောင်း၊ အဆိုပါအုပ်ကြီးမှာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ သတိပေးမှုများကို မထေမဲ့မြင်ပြုနေခြင်းများကျူးလွန်ခဲ့သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၄ ရက်နေ့က ညောင်ဦးမြို့ ဆေးရုံတွင် တာဝန်ကျနေသော ရဲတပ်သားတစ်ဦး စက်ကလေးသေနတ်တစ်လက် ကျည်အနည်းငယ်နှင့်အတူ အလင်းဝင်လာသဖြင့် ဆုငွေအချို့ ချီးမြှင့်ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှာ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၅ ရက်နေ့က ဝက်လက်နယ် မှတ်ထိရွာတိုက်ပွဲမှ ထွက်ပြေးသွားသော စခ ၆ ကောင်ကို သေနတ် ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိထားကြောင်း အမှတ် ၁ စစ်ဒေသမှ သတင်းထုတ်ပြန်၊ အဆိုပါတိုက်ပွဲတွင် စခစုစုပေါင်း ၄၇ကောင်သေ၊ ၆ ကောင် အရှင်မိထားပြီး ၁၇ ကောင် ပျောက်ဆုံးနေသေးကြောင်း၊ လက်နက်စုစုပေါင်း ၄၆လက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထား။ ဆက်စပ်သတင်းအရ အဆိုပါတိုက်ပွဲသို့ စစ်ကူပေးရန် ဝက်လက်မြို့မှ ထွက်ခွာလာသော အင်အား ၃၀ ခန့်ပါစစ်ကြောင်းကိုလည်း တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စခ ၉ ကောင်ထက်မနည်း ဒဏ်ရာရရှိပြီး ဝက်လက်ဆေးရုံတွင် ဆေးကုသနေရကြောင်း၊ မြို့နယ်အတွင်း စခများ၏ စစ်ရေးလှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်နေကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူတစ်ဦးပြော။

- အမ်းမြို့ကို ပြန်လည်တိုက်ခိုက်ရန် ပို့ဆောင်ထားသော စခများ တပ်စွဲထားသည့် အမ်းနှင့် မင်းဘူးမြို့အကြားရှိ တောင်စောက်ရွာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံစခန်းနှင့် အမြောက်စခန်းတို့ကို AA က ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့က စခန်းနှစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- ထီးလင်းမြို့ပေါ်တွင် စစ်အုပ်စုနှင့် မိသားစုဝင်များသာ ကျန်ရှိတော့ပြီး လက်နက်ချအလင်းဝင်ကြရန် ပအဖ မှ နောက်ဆုံးအကြိမ်အဖြစ် သတိပေး၊ ယမန်နေ့က မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း၊ စခများကလည်း အင်အား ၉၀ ခန့်ဖြင့် စစ်ကြောင်းထွက်လာပြီး ရွာတစ်ရွာမှ ကုန်စုံဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းခိုးယူပြီး မြို့ပေါ်သို့ ပြန်ဝင်ပြေးသွားကြောင်း ထီးလင်း ပအဖ တာဝန်ရှိသူတစ်ဦးပြော။

- စစ်ရေးလှုပ်ခတ်မှုများရှိလာသော ဧရာဝတီတိုင်းတွင် စစ်တပ်က ရေကြည်မြို့နှင့် ရွှေသောင်ယံမြို့တို့တွင် လေယာဉ်ကွင်းငယ်များ အရေးပေါ်တည်ဆောက်နေပြီး ယခုအခါ ၁၉၈၀ ခုနှစ်နောက်ပိုင်း အသုံးမပြုတော့သည့် ဟင်္သာတမြို့ လေယာဉ်ကွင်းကိုလည်း ပြန်လည်ပြုပြင်နေ၊ ထို့ပြင် တပ်သားသစ်များအပါအဝင် အင်အား ၂၀၀ ကျော်ကို အဆိုပါလေယာဉ်ကွင်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရ။

- ယမန်နေ့မနက်ပိုင်းက ဆီဆိုင်နယ် ထီစုံရွာကို စစ်တပ်က ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သဖြင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီး၊ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီး ဒရုန်းများဖြင့် တိုက်ခိုက်နေသဖြင့် နေအိမ်စုစုပေါင်း ၂၄ လုံး ထိခိုက်ပျက်စီးဆုံးရှုံးရကြောင်း PNLA မှ သတင်းထုတ်ပြန်။

- ဇန်နဝါရီ ၃ ရက်နေ့က အရာတော်နယ်တွင် စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ ၇ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခ ၆ ကောင်သေ ပျူခွေး ၃ ကောင်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ငွေတွင်းတော်လှန်ရေးတပ်ဖွဲ့ NDRF မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

07 Jan, 15:27


Daily Highlight 3
January 7 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- မံစီနယ် ၄ ကြိမ်
- ဖလမ်းနယ် ၅ ကြိမ်
- ဗန်း​မော်နယ် ၃ ကြိမ်
- မံစီနယ် ၂ ကြိမ် (Source: WES)
- ဖလမ်းနယ် ၁ ကြိမ် (Source: WES)
- ဗန်းမော်နယ် ၁ ကြိမ် (Source: WES)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)



#Thadinsubue
Crd to original uploader with respect

MDY Revolution

07 Jan, 15:27


Daily Highlight 1
January 7 (09:30 PM)

- မင်းအောင်လှိုင်၊ သန်းရွှေ၊ သိန်းစိန် အစရှိသည့် စခအိုကြီးများနေထိုင်ရာ နေပြည်တော် ခြောက်လုံးတန်းနှင့် နေပြည်တော်စစ်ရုံးတို့ကို သီးသန့်ဓာတ်အားလိုင်းဖြင့် ၂၄ နာရီ လျှပ်စစ်မီးပေးထားပြီး ကျန်မြို့နယ်များ ဝန်ကြီးဌာနရုံးများ ဝန်ထမ်းအိမ်ရာများကို အလှည့်ကျမီးပေးစနစ် စတင်အသုံးပြုလာ၊ ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှု အလွန်ဆိုးဝါးလာသော ရန်ကုန်မြို့တွင် ဂျိုးဖြူရေကိုလည်း ပိုက်လိုင်းပြင်ရန်ဟုဆိုကာ ဖြတ်တောက်လိုက်သဖြင့် ရေမလာ မီးမလာအခြေအနေတွင် ရန်ကုန်မြို့နေပြည်သူများ အလွန်အမင်းဒုက္ခရောက်နေကြောင်း သိရ။

- ဇန်နဝါရီ ၄ရက်နေ့ ညနေပိုင်းက ကန့်ဘလူနယ် ကျောက်ဆည်ရွာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခ ထိခိုက်သေဆုံးမှု မသိရသေး။

- ဒီဇင်ဘာ ၂၇ ရက်နေ့က အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးမှုများပြုလုပ်စဉ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ရွှေဘဆိုသူနှင့်ဇနီး ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရမိ၊ ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေးလှုပ်ရှားမှုများကို သတင်းပေး၍ စခန်းကို ဝင်ရောက်စီးနင်းခြင်းအပါအဝင် စစ်တပ်အလိုကျ လုပ်ဆောင်ထားသည်ကို တွေ့ရ၊ ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း အထက်ပါနေရာတွင်ပင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထောက်ပို့တပ်မှ စခတပ်ကြပ်ကြီးတစ်ကောင်၊ စခတစ်ကောင်၊ ပျူခွေးတစ်ကောင်နှင့် စခဗိုလ်မယားတစ်ယောက်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာ ပကဖအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း Aung San's Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၅ ရက်နေ့က စလင်းမြို့အနီးတွင် လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေသော ပကဖရဲဘော်များကို စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စခ ၂ ကောင်သေ၊ အင်အားအလုံးအရင်းဖြင့် စစ်ကူရောက်ရှိလာသဖြင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးထုတ်ပြန်ချက်များကို စောင့်ကြည့်လိုက်နာပေးရန် ပကဖ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၆ရက်နေ့ညက ပုလောမြို့ရှိ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ စရဖ ရုံးကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်း၊ အင်အားအနည်းငယ်သာရှိသော စခများမှာ သေနတ်သံကြားရသည်နှင့် သေနတ် ၆ချက်ခန့် ပစ်ဖောက်ပြီး ထွက်ပြေးသွားကြသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အလွယ်တကူသိမ်းပိုက်နိုင်ခဲ့၊ ရုံးအတွင်းမှ ကျည်ဘောက် နှစ်ခု ကျည်အနည်းငယ်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ရုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၄ရက်နေ့နှင့် ၅ရက်နေ့တို့က ရပ်စောက်နယ် ကျောက်ဂူဒေသနှင့် အင်တောမြို့အနီးတို့တွင် စကစနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့အကြား တိုက်ပွဲများဖြစ်ပွား၊ စခ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေး၊ စခဘက်မှ ဒရုန်းတစ်စီး သိမ်းဆည်းရရှိ၊ စခများက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသဖြင့် ပြည်သူ့နေအိမ်ပျက်စီးမှုများရှိနေကြောင်း DPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က အုတ်ဖိုနယ် ဂွေးချောင်းရွာရှိ စစ်တပ်ဒေါက်တိုင် သတင်းပေး ဇော်ဌေးနှင့် ညိုညိုဝင်း လင်မယားနှစ်ကောင်ကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်း၊ ဇော်ဌေးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ညိုညိုဝင်းမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း၊ အဆိုပါ ဒလံလင်မယားမှာ PDF ရဲဘော်တစ်ဦး၏ ဖခင် ဦးသိန်းသန်းဌေးကို ဖမ်းဆီးသတ်ဖြတ်ရန် သတင်းပေးခဲ့ခြင်းအပါအဝင် တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်တပ်ထံ သတင်းပေးပို့ခြင်းများ ကျူးလွန်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကြို့ပင်ကောက်ဟီးရိုး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းက ငါန်းဇွန်နယ် မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခ ၁၀ ကောင်ထက်မနည်း သေ၊ စခန်းတွင်း ဝင်ရောက်ရှင်းလင်းရန် လုပ်ဆောင်နေစဉ် လေယာဉ်ပစ်ကူရောက်ရှိလာသဖြင့် စခန်းကို မရှင်းလင်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၂ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်နယ် ၈မိုင်စခစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စခ ၅ကောင်ထက်မနည်း သေ၊ အများအပြားဒဏ်ရာရ၊ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းအနည်းငယ်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ကြောင်း ရေဖြူPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

07 Jan, 13:21


မန္တလေးမြို့🚨🚨
January-7
ညပိုင်း အစစ်ဆေးသတင်းများ

-7:50PM
လမ်း၈၀၊ ၃၂× ၃၃ကြား ရခ၊စခများ ကား၊ဆိုင်ကယ်၊လွယ်အိတ်၊ ဖုန်းပါ စစ်နေ

Source - MR Informer
#MDYRevo

MDY Revolution

07 Jan, 13:20


မန္တလေးမြို့🚨🚨
January-7
ဧည့်စစ်သတင်းများ

၈၇လမ်း ၁၇× ၁၈လမ်းကြား ရပ်ကွက်ကို ယနေ့ည ဧည့်စာရင်းဝင်စစ်မည်ဟု ကနဦး သတင်းရရှိပါသည်။

-9:35PM
၈၉× ၉၀ကြား သင်္ဘောတန်းရပ်ကွက်အတွင်း ဧည့်စစ်နေကြောင်း

Source - MR Informer
#MDYRevo

MDY Revolution

07 Jan, 08:36


#2025 နှစ်သစ်အကြိုmission

January 3 ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သက္ကယ်ကျင်းရွာနှင့် ဘိုင်ဘင်ရွာကြားရှိ  စကစ အထိုင်တပ် စခန်းတစ်ခုကို ကျွန်ုပ်တို့ပုသိမ်ကြီးမြို့နယ်ပကဖ မှ ၆၀မမ ( ၄ )လုံး  ကို နှစ်သစ်လက်ဆောင်ပေးခဲ့ပါသည်။

မိမိတို့မှ အကောင်းဆုံးပစ်မှတ်ကို ထိထိမိမိ ပစ်ခတ်ရာ (၂ ))လုံးမှာ လိုချင်သည့်ပစ်မှတ်သို့ ကွက်တိထိမှန်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် စခများထိခိုက်မှုရှိခဲ့‌ကြောင်းသိရပါသည်။ ကျန်(၂)လုံးမှာ errorတက်သွားသဖြင့် ပစ်မှတ်အားတိကျစွာ တိုက်ခိုက်ခဲ့သော်လည်း ပေါက်ကွဲမှုမဖြစ်ခဲ့ပါ။

ကျွန်ုပ်တို့ မြို့နယ်ပကဖအနေဖြင့် ယခု missionနှင့်အတူ ဆက်လက်၍ စကစစခန်းများ နှင့် စကစဒေါက်တိုင်များအား အလျဉ်းသင့်သလို  တိုက်ခိုက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။

#ပကဖ_ပုသိမ်ကြီးမြို့နယ်

https://www.facebook.com/profile.php?id=61564176698470&mibextid=ZbWKwL

MDY Revolution

05 Jan, 00:17


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

04 Jan, 15:30


မန္တလေးမြို့🚨🚨
January-4
-9:10PM

ပြည်ကြီးတံခွန်မြို့နယ်
၁၁၈လမ်း×၁၁၉လမ်း၊၄၉လမ်း×လမ်း၅၀ကြား သင်ပန်းကုန်း ညည၇၇ ရပ်ကွက်ထဲရှိ အသက်(၂၀)ဝန်းကျင် ယောက်ျားလေး(၂)ဦးအား စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

04 Jan, 15:00


Daily Highlight 3
January 4 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ငါန်းဇွန်-စစ်ကိုင်းနယ်အစပ် ၂ ကြိမ်
- ဖလမ်းနယ် ၃ ကြိမ်
- မံစီနယ် ၂ ကြိမ်
- မင်းတပ်-မတူပီနယ် ၂ ကြိမ် (Source: CJ)
- နောင်ချိုနယ် ၂ ကြိမ် (Source:CJ)
- ကြာအင်းဆိပ်ကြီးနယ် ၂ ကြိမ် (Source: WES)

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)

#Thadinsubue
Crd to original uploader with respect

MDY Revolution

04 Jan, 14:58


Daily Highlight 1
January 4 (09:30 PM)

- ဒီဇင်ဘာ ၃၀မှစပြီး ဇန်နဝါရီ ၂ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးနယ် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော အင်အား ၁၅၀ ခန့်ပါ တပ်မ ၄၄ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်၊ စခ ၄၀ ထက်မနည်းသေ၊ ၄၀ ကျော်ဒဏ်ရာရပြီး ၃၀ ထက်မနည်း အလံဖြူထောင်လက်နက်ချ၊ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ၊ စခများ စစ်ကြောင်းပျက်ပြီး ကစဉ့်ကလျားထွက်ပြေးသွား၊ စစ်တပ်က လေကြောင်း လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း SOF တပ်ဖွဲ့မှ မြေပြင်စစ်ကြောင်းမှူးပြော။ ထို့ပြင် တောင်ပိုင်းစစ်ဒေသနယ်​မြေအတွင်း အာရှလမ်းမကြီးပေါ်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှုအပါအဝင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား၊ စခ ၇၃ ကောင်သေ၊ ၇၅ ကောင်ထက်မနည်းဒဏ်ရာရကြောင်း တောင်ပိုင်စစ်ဒေသမှ သတင်းထုတ်ပြန်။

- ခိုးဝှက်ထားသော ရွှေထည်များယူပြီး ရခိုင်စစ်မြေပြင်မှ ထွက်ပြေးရင်း မိုင်းနင်းမိပြီး သေဆုံးသွားသော တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးအောင်နေမျိုးနှင့် အမ်းတိုက်ပွဲတွင် လက်နက်ကြီးထိမှန်သေဆုံးခဲ့သော အမှတ်၂ တပ်မတော်ဆေးရုံမှ ဆေးတပ်မှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းတို့ကို မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးပေးပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်၊ အခြား စစ်ဘက်ရဲဘက်မှ ၇ ကောင်ကိုလည်း သူရဲကောင်းဘွဲ့ ပေးအပ်ခဲ့သေးကြောင်း စစ်တပ်ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထား။

- မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရကို ဆန့်ကျင်သောအားဖြင့် ပြည်ပရောက်အနုပညာရှင်များ၊ အမေရိကန်ရောက် မြန်မာများက ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရ။

- ဇန်နဝါရီ ၁ ရက်နေ့မှစပြီး တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပေါ်တာဆွဲနေသဖြင့် ပြည်သူများ ထွက်ပြေးနေရ၊ ကျေးရွာ ၂ ရွာမှ လူငယ် ၄ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများပြော၊ လက်ရှိတွင် သာယာဝတီခရိုင်အတွင်း တပ်ဖြန့်ထားသော တပ် ၇၇ နှင့် ၁၀၁ မှ စခများကိုလည်း ပြည် သို့ ပို့ဆောင်ရန် စီစဉ်နေပြီး ပြည်မှ တပ်မိသားစုဝင်များ ရန်ကုန်သို့ ပြောင်းရွှေ့နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှသိရ။

- အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်အဖြစ် ပြောင်းလဲသတ်မှတ်ပေး၊ နိုင်ငံခြားသား အကျဉ်းသား ၁၈၀ ကို လွတ်ငြိမ်းပေးပြီး ပြည်နှင်ဒဏ်ပေး၊ ထို့ပြင် လက်နက်မှု၊ လူသတ်မှု၊ ဖောက်ခွဲမှု၊ အကြမ်းဖက်မှုများနှင့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန် အကျဉ်းသားများကို ပြစ်ဒဏ်၏ ၆ပုံ၁ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာ။

- ယမန်နေ့က ကြို့ပင်ကောက်နယ်တွင် စစ်ကြောင်းထိုးရန် ရှေ့ပြေးလွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် စစ်တပ်သတင်းပေး ဒလံတစ်ကောင်ကို တော်လှန်ရေးတပ်များက ဖမ်းဆီးရမိ၊ စစ်ဆေးမေးမြန်းမှုများအရ တပ်မ ၆၆ မှ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ခံ၊ ၎င်းထံမှ စစ်ဝတ်စုံအချို့ သိမ်းဆည်းရရှိ၊ ထို့နောက် အချုပ်ခန်းသို့ခေါ်ဆောင်လာစဉ် လမ်းတွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း၊ စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် တော်လှန်ရေးသတင်းများ စုံစမ်းထောက်လှမ်းနေသဖြင့် သတိပြုကြရန် BTZM GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ည သန်းခေါင်ကျော်အချိန်က တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအမှန်တကယ် လွတ်မြောက်စေရေးရည်ရွယ်ပြီး Mission 28 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BWM တပ်ဖွဲ့မှ သတင်းထုတ်ပြန်။

- ကန်ပက်လက်မှ ထွက်ပြေးလာသော စခ ရခ ပူးပေါင်းအဖွဲ့ကို ဒီဇင်ဘာ ၃၀နှင့် ၃၁ရက်နေ့တို့တွင် တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၊ စခ ၃ ကောင်သေ၊ ၃ ကောင် ဒဏ်ရာရပြီး ၃ ကောင် အရှင်ဖမ်းမိ၊ သေနတ် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဇန်နဝါရီ ၁ ရက်နေ့က တောထဲတွင် ပုန်းနေသော စခ ၂ ကောင်ကို ဒေသခံများက သွားရောက်မေးမြန်းရာ အဆိုပါ စခများက ပစ်ခတ်ထွက်ပြေးသွားသဖြင့် ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေပြီး ဒေသခံများအနေဖြင့် ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာလူစိမ်းများတွေ့ရပါက သတင်းပေးကြရန် ဂန့်ဂေါခရိုင် တပ်ရင်း၆ နှင့် လောင်းရှည်PDF တပ်ဖွဲ့မှ တာဝန်ရှိသူများ ပြော။

- ယမန်နေ့မနက်အစောပိုင်းက ငဖဲနယ် စခကားတန်းကို တိုက်ခိုက်ခဲ့မှုတွင် စခယာဉ်မောင်းတစ်ကောင် နေရာတွင်ပင်သေဆုံးပြီး ၆ ကောင်ထက်မနည်း ဒဏ်ရာရ၊ အဆိုပါ ဒဏ်ရာရသူများမှ ထပ်မံသေဆုံးသူများ ရှိကြောင်း မင်းဘူးခရိုင် တပ်ရင်း ၈ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

04 Jan, 14:58


Daily Highlight 2
January 4 (09:30 PM)

- ၂၀၂၄ ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို စိုးမိုးထားပြီး အဆိုပါမြို့နယ်များအနက်မှ မြို့ ၉၅မြို့၊ ၄၈မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထား၊ ရာခိုင်နှုန်းအားဖြင့် နိုင်ငံ၏ ၄၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထား၊ လက်ရှိတွင် မြို့နယ်ပေါင်း ၇၉ခုတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် ၂၄ ရာခိုင်နှုန်းရှိကြောင်း၊ အကြမ်းဖက်စစ်တပ် စိုးမိုးထားသော မြို့နယ်ပေါင်း ၁၀၇ မြို့နယ်သာ ရှိတော့သဖြင့် ၃၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး နိုင်ငံ၏ သုံးပုံတစ်ပုံကိုပင် မစိုးမိုးနိုင်တော့၊ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်မြို့ ၈ မြို့ရှိပြီး နိုင်ငံတဝှမ်း မြို့ပေါင်း ၆၇ မြို့ကို ပိတ်ဆို့တိုက်ခိုက်နေ၊ ပြည်ထောင်စုလမ်းမကြီးများ၊ မဟာဗျူဟာလမ်းမကြီးများ၊ အဓိကရေကြောင်းလမ်းများကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား

- မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းများနှင့် ရခိုင်ရိုးမတို့ ထိစပ်နေရာများရှိ စခစခန်းများကို AA နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေ၊ ဧရာဝတီတိုင်းအတွင်းရှိ မိဿလင်စခန်းကို ယမန်နေ့က AA နှင့် ဧရာဝတီPDF တို့ ပူးပေါင်းထိုးစစ်ဆင်နေ၊ ဂွမြို့နှင့် နီးကပ်သော မကျည်းဇင်ရွာတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေ၊ ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ ဗေဒါဂိတ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေ၊ တောင်ကုတ်-ဥသျှစ်ပင်ကြားရှိ တောင်ပုံကြီးစခန်းကို လည်း AA မှ ထိုးစစ်ဆင်နေ၊ အမ်းနှင့်မကွေးတိုင်းကြားရှိ စစ်တပ်က အမြောက်တပ်ဖွဲ့စည်းထားသော နတ်ရေစင်စခန်းကိုလည်း AA မှ တိုက်ခိုက်နေ၊ AA နှင့် စကစတို့အကြား ဆွေးနွေးကြရန် အပြန်အလှန် ကမ်းလှမ်းမှုများထုတ်ပြန်နေကြသော်လည်း မြေပြင်တွင်မူ စစ်တပ်က ပြည်သူကိုဦးတည်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေသလို AA ကလည်း စခစခန်းအများအပြားကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေကြောင်း သိရ။

- ယမန်နေ့ညက စစ်ကိုင်းနယ် မြင်းဆည်ရွာကို စစ်တပ်က လေကြောင်းမှ အ​ကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြားကြောင်း အိမ်မွေးနွား ၅ ကောင်လည်း သေဆုံးကြောင်း ဒေသခံများထံမှ သိရ။

- ယမန်နေ့ညနေပိုင်းက ငဖဲနယ် မျှော်စင်ရွာအနီး ကင်းလှည့်နေသော စခများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စခ ၃ ကောင်သေပြီး တစ်ကောင် ဒဏ်ရာရ၊ သေနတ်တစ်လက်သိမ်းဆည်းရရှိကြောင်း၊ အလားတူ ဒီဇင်ဘာ ၂၆ နှင့် ၂၉ ရက်နေ့တို့ကလည်း အမ်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း PRA မကွေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဇန်နဝါရီ ၂ ရက်နေ့က ရွှေဘိုနယ် ပန်းရံနှင့် သီးလုံး ပျူရွာများမှ ပျူခွေးများ လယ်ရိတ်နေစဉ် တော်လှန်ရေးအဖွဲ့များက ဒရုန်း၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပျုခွေး ၄ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ဗန်းမော်မြို့နှင့် မံစီနယ်များတွက် တိုက်ပွဲများပြင်းထန်နေသော်လည်း စစ်တပ်က ယမန်နေ့က ဆဒုံးမြို့ကို ကားလေးစီးဖြင့် သွေးတိုးစမ်းချီတက်လာရာ KIA ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့၊ တိုက်ပွဲအခြေအနေ မသိရသေးကြောင်း ဒေသခံများထံမှ သိရ။

- KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသမှ စခစခန်းနှစ်ခုကို ဇန်နဝါရီ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် KNU ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း၊ ထွက်ပြေးသွားသော စခများကို လိုက်လံတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲအခြေအနေ အသေးစိတ် မသိရသေးကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေလွှဲနှင့် ပိန္နဲပင်ကျေးရွာများအနီးတွင် တိုက်ပွဲများ နှစ်ရက်ဆက် ဖြစ်ပွား၊ စခများ ထိခိုက်သေဆုံးမှု များပြားပြီး တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံးကြောင်း၊ ယနေ့တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်က အင်အားတိုးမြှင့်ထားသဖြင့် စစ်ရေးတင်းမာနေကြောင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

04 Jan, 07:00


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January 4
ညနေပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:30PM
၃၂× ၆၂လမ်း ကွယ်ပြီးချောင်းဖမ်းနေ

-1:35PM
၃၁လမ်း ၈၃× ၈၄ကြား ဖမ်းနေ

-1:40PM
၈၄လမ်း ၃၉× ၄၀ကြား Toolbox ဖွင့်စစ်နေ

-2:10PM
အရှေ့မြို့ပတ်လမ်း ၄၈× ၄၉ကြား ဖမ်းနေ

-2:20PM
၈၃× ၃၁လမ်းဒေါင့် ရခနှစ်ကောင် ပုန်းဖမ်းနေ

-2:25PM
၆၂× ၁၁၅ လမ်း စခများ စစ်ရန် ပြင်​နေ

၄၁လမ်း ၈၇× ၈၈ကြား စခများ ကား ဆိုင်ကယ် VPN စစ်နေ

-2:30PM
လမ်း၃၀၊ ၅၇× ၅၈ကြား ဗျိုုင်း၊ရခများ Toolbox ဖွင့်စစ်နေ

-2:50PM
၃၂လမ်း၊၇၂× ၇၃ကြား ဖမ်းနေ

-2:51PM
အရှေ့မြို့ပတ်လမ်း× ၄၄လမ်းထိပ်ဖမ်းနေ

-3:00PM
၁၉× ၈၉လမ်း လေးဘက်လေးလံ ဖမ်းနေ

-3:10PM
၈၆လမ်း ၂၁× ၂၂ကြား ဖမ်းနေ

-3:10PM
လမ်း၁၂၀၊ ၄၇× ၄၈× ၄၉ကြား ToolBox. ဖုန်း၊ ပိုက်ဆံအိတ်များပါ စစ်နေ

-3:50PM
အရှေ့မြို့ပတ်လမ်း× ၂၆လမ်းထိပ် ဖမ်းနေ

-4:20PM
၃၅လမ်း ၇၇× ၇၈ကြား ဖမ်းနေ

-4:45PM
၃၀×၃၁×၃၂×၃၃လမ်း ၈၄×၈၅လမ်း ပတ်လည် ဖမ်းနေ

-4:50PM
၁၂လမ်းx ၈၆လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

04 Jan, 02:42


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

January-4
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:59AM
၇၈× ၃၈လမ်း ဖမ်းနေ

-9:00AM
၆၆× ၃၂လမ်း ဖမ်းနေ(မရှိတော့ပါ)

-9:04AM
၂၂လမ်း၊ ၈၂× ၈၃ကြား ဖမ်းနေ

-9:10AM
၆၈လမ်း၊၁၀၁ မှ ၁၀၇ထိ စခ၊ရခ များ နေရာယူထား

-9:22AM
၁၀× ၇၅လမ်း ဖမ်းနေ
၉× ၇၃လမ်း ဖမ်းနေ
( မရှိတော့ပါ 10:15)

-9:29AM
၈၂လမ်း၊၂၆×၂၇လမ်းကြား ရခ၊ဗျိုင်း၊ပသစ အပြာဝတ် များ ဖမ်းနေ

-9:35AM
၁၁၀(မနော်)၊၅၆လမ်း မှ ၅၈ လမ်းထိ ဖမ်းနေ

-9:50AM
၈၁လမ်း ၄၀× ၄၁× ၄၂ကြား ဖမ်းနေ

-9:50AM
၂၇× ၈၂လမ်း ဖမ်းနေ

-10:10AM
၈၄လမ်း ၃၂ မှ ၃၅ကြား ဖမ်းနေ

-10:15AM
၁၃၉× ၅၁လမ်း ဖမ်းနေ
(မရှိတော့ပါ 10:55)

-10:20AM
၇၆× ၉လမ်း ဖမ်းနေ

-10:25AM
၃၆လမ်း ၇၇× ၇၈ကြား ဖမ်းနေ

-11:10AM
လမ်း၆၀× ၄၁လမ်း ဖမ်းနေ

-12:10PM
၂၆× ၆၂လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

04 Jan, 01:34


"မန်း‌မြေပြင်အဖွဲ့များအတွက် လစဥ်အလှူ"
====================
ကျွန်တော်တို့Teamမှ မြေပြင်အဖွဲ့များအတွက် လစဥ်အလှူခံတာ ၈ရက်မြောက်ရောက်ရှိလာပါပြီ

မြေပြင်မှာအမှန်တကယ်လိုအပ်နေတဲ့ အဖွဲ့တွေဆီ လစဉ်ကူညီပေးနေတာဖြစ်ပါတယ်။ အခက်အခဲရှိနေတဲ့ မြေပြင်အဖွဲ့တွေဆီ လစဉ်ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်ခင်ဗျ

မြို့သိမ်းတိုက်ပွဲတွေ နီးကပ်လာသည်နှင့်အမျှ ကိုယ်တိုင်မပါဝင်လိုက်ရခြင်း မရှိရလေအောင် တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြစေလိုပါတယ်ခင်ဗျာ

အလှုငွေအား December(28)ရက်နေ့မှ January (12)ရက်နေ့အထိသာ ကောက်ခံသွားပါမယ်ခင်ဗျာ

လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ဖို့ ကျွန်တော်တို့Pageမှသေချာစီစဥ်ထားပါတယ်ခင်ဗျ
မိဘပြည်သူများဘက်မှလဲ လုံခြုံရေးအရမေးမြန်းခြင်းကို နားလည်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin ဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YellowMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

အကောင့်များထံတွင် ကူညီလှုဒါန်းပေးပါခင်ဗျာ🙏

မန္တလေးသမိုင်းမရိုင်းဖို့အားလုံးတူတူကြိုးစားကြရအောင်ခင်ဗျာ

ကျန်းမာဘေးကင်းကြပါစေ ✊️✊️✊️
#MDYRevolutionTeam
#လစဥ်အလှူ

**မလှုခင် အကောင့်အရင်တောင်းပေးပါခင်ဗျာ

MDY Revolution

03 Jan, 23:09


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

03 Jan, 15:39


မန္တလေးမြို့🚨🚨
January-3
-9:30PM

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာအနီး လမ်း၁၂၀ ၄၆×၄၇ ကြားတွင် အိမ်စီးကားအများအပြား မှောင်ရိပ်ခို ရပ်တန့်ထားပြီး အိမ်ယာအတွင်းစစ်ဆေးရန် (သို့မဟုတ်) အနီးရှိ ကျူးတဲများ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲရန် ယူဆရကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

03 Jan, 15:29


မန္တလေးမြို့🚨🚨
January-3
-9:30PM

ပြည်ကြီးတံခွန်မြိုနယ်(ဋ) ရွာသစ်ကလေးရပ်ကွက်တွင် စခ ပျူခွေး အင်အားအများအပြား (ကား ၈ စီးဖြင့်) ဧည့်စာရင်းဝင်စစ်သွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

03 Jan, 14:20


မန္တလေးမြို့🚨🚨
January 3
ယနေ့ညပိုင်း ဧည့်စစ်သတင်းများ

-8:50PM
ပုသိမ်ကြီးအောင်သုခရပ်ကွက်အတွင်း စခ၊ရခများ အင်အားအများပြားဖြင့် ဧည့်စာရင်းဝင်စစ်နေကြောင်းသိရ

Source -MR Informer
#MDYRevo

MDY Revolution

03 Jan, 14:03


မန္တလေးမြို့🚨🚨
January 3

-8:30PM
၇၃လမ်း တိုင်းရင်းဆေးနဲ့ EPC ကြား စခDC၄စီး၊ ၁စီး အင်အား၅ကောင် ရပ်နေကြောင်း၊မြောက်နွားခြံကုန်းရပ်ကွက်အတွင်း ဧည့်စာရင်းဝင်စစ်မည်ဟု ရပ်ကွက်လူကြီးမှ ပြောသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#mdyrevo

MDY Revolution

03 Jan, 13:56


Enemy Air Route - EAR ​၏ official facebook page နှင့် X(twitter) တို့အား အသိပေးကြေညာခြင်း🔂

🌐facebook page
https://www.facebook.com/earchannel15

🌐X (twitter)
https://x.com/EARchannel15

ရည်ရွယ်ချက် - နိုင်ငံတကာအပါအဝင် ပြည်သူလူထုနှင့် လေကြောင်းအန္တရာယ်ဆိုင်ရာ ခုခံကာကွယ်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်။

မှတ်ချက် ။ ။ လိုအပ်သောအရေးကြီးထုတ်ပြန်ချက်များကိုသာ တင်ပြမည်ဖြစ်ပါသည်။

ထို့ကြောင့် လေကြောင်းကြိုတင်အသိပေးသတင်းများအား EAR ​၏ main channel telegram 🌐https://t.me/enemyairroute တွင်သာ ဆက်လက်စောင့်ကြည့်မျှဝေနိုင်ပါသည်။

#ENEMYAIRROUTE #EARinfo #EAR

MDY Revolution

03 Jan, 13:12


မန္တလေးမြို့🚨🚨
January 3

မဟာအောင်‌မြေမြို့နယ် ၃၄× ၃၅× ၃၆လမ်းကြား ၇၄× ၇၅လမ်းကြား ရပ်ကွက်ကို ပေါ်တာ ဝင်ဆွဲနေကြောင်းသတင်းရရှိပါသည်။

Edited - ပေါ်တာဆွဲခြင်းမဟုတ်ဘဲ မူးဆူများရှိနေသဖြင့် စခကို တိုင်တန်းသဖြင့် စခများက လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထပ်မံသိရပါသည်။


Source -MR Informer
#mdyrevo

MDY Revolution

03 Jan, 12:03


မန်း-မတ္တရာသတင်း🚨🚨
January 3
5:15PM

စခ FAWကားကြီးတစ်စီး အိတ်အပြည့် လူမပါ မတ္တရာဘက်သို့ မောင်းသွားကြောင်းသိရ

Source -MR Informer
#MDYRevo

MDY Revolution

03 Jan, 10:37


မန္တလေးတိုင်း
တံတားဦးမြို့နယ်သတင်း🚨🚨
January 3
4:33PM

တံတားဦးမြို့အတွင်း နံနက်ကတည်းက စပြီး အရပ်ဝတ်များဖြင့် ခေါင်းကွဲရွာ၊သင်ပန်းရွာ ထဲထိပေါ်တာဝင်ဆွဲကာ ယခုအလုပ်ပြန်လာသောပြည်သူများကို တံတားဦးအဝိုင်းပတ် မောင်းတံဂိတ်မှအရပ်ဝတ်များဖြင့် ပေါ်တာဆွဲရန် စောင့်နေကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

03 Jan, 09:51


လစဉ်အလှုအတွက် NUG PAY/SDB PAY တို့ဖြင့်လည်း လုံခြုံစိတ်ချစွာ ကူလို့ရပါတယ်ဗျ

လှုဒါန်းလိုပါက ယနေ့အတွက် Admin များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထဲ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်ဗျ

ကျန်းမာဘေးကင်းကြပါစေ🙏🏻

MDY Revolution Admin Team

MDY Revolution

10 Dec, 02:13


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

December 10
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:20AM
၁၁၀(မနော်) ၅၅ မှ ၆၀ထ် ဖမ်းနေ

-8:50AM
၇၈ရန်မန်းလမ်း မင်းသားကြီး ဟိုတယ်ရှေ့ ဖမ်းနေ

-9:00AM
၈၄လမ်း ၃၅× ၃၆× ၃၇ကြား
ဖမ်းနေ

-9:15AM
၃၄× ၃၅× ၃၆လမ်း ၈၁× ၈၂ကြား ဖမ်းနေ

-9:20AM
၃၄× ၃၅× ၃၆လမ်း ၈၃× ၈၄× ၈၅ကြား ဖမ်းနေ

-9:30AM
၃၅လမ်း ၆၉× ၇၀× ၇၁ကြား ဖမ်းနေ

-9:35AM
၂၂× ၈၆လမ်း ပတ်လည် ဖမ်းနေ

-10:15AM
၁၂လမ်း ၈၀ မှ ၈၅ထိ ဖမ်းနေ

-10:55AM
၆၂လမ်း ၁၄၁ မှ ၁၄၄ထိ ဖမ်းနေ

-11:20AM
၅၈လမ်း ၁၃၁ မှ ၁၃၅ထိ ဖမ်းနေ

-11:25AM
၇၈× ၃၈လမ်း ဖမ်းနေ

-11:35AM
၄၁လမ်း ၈၀× ၈၁× ၈၂ကြား ဖမ်းနေ

-11:40AM
၃၇လမ်း ၇၃× ၇၄ကြား ဖမ်းနေ

-11:55AM
၆၉× ၃၆လမ်း ပတ်လည် ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

10 Dec, 00:18


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

09 Dec, 15:30


မန္တလေးမြို့🚨🚨🚨
Attention please ‼️

တော်လှန်ပြည်သူများခင်ဗျာ-

ယခုအခါ နိုင်ငံအနှံ့အပြား စစ်မြေပြင်များတွင် စစ်ရှုံးနေသော အကြမ်းဖက်စစ်ကောင်စီအတွက် လူသားရင်းမြစ်လိုအပ်ချက်ကြီးမားနေပြီး အဓမ္မစစ်မှုထမ်းဥပဒေကို မတရားအသုံးချပြီး နေရာအနှံ့ တပ်သားသစ်များစုဆောင်းနေခြင်းကို သိရှိပြီးဖြစ်ကြပါလိမ့်မည်။ ရရှိထားသောသတင်းများအရ ယခုအခါ စစ်ရှုံးကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးမှုများမှာ ပိုမိုအတင့်ရဲလာပြီး နေ့ခင်းကြောင်တောင်အချိန်တွင်ပင် ပေါ်တင် ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များအတွင်းထိ ဝင်ရောက်ဖမ်းဆီးခြင်းများကိုပါ ပြုလုပ်လာသဖြင့် လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားများအနေဖြင့် ပိုမိုသတိထားနေထိုင်ကြရန် လိုအပ်လာပါသည်။
မိမိတို့ MDY Revolution Admin Team မှ အကြံပြုလိုသည်မှာ အကြမ်းဖက်စစ်တပ်၏ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ပေါ်တာဆွဲခြင်းများ မခံရစေရန် မိမိတို့နေထိုင်ရာ ဒေသ/ရပ်ကွက်အတွင်းတွင် စကစလက်အောက်ခံ အုပ်ကြီးများ စခများ ပျူများ၏ စမထနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို မျက်ခြေမပျက် စောင့်ကြည့် နားစွင့်ထားပြီး မိမိအတွက် တစုံတရာ အန္တရာယ်ရှိနိုင်မည်ဟု ယူဆရပါက ကြိုတင်ရှောင်ရှားထားသင့်ပါသည်။ မိသားစုနှင့်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကဲ့သို့ မလွှဲမရှောင်သာဘဲ စုဆောင်းခံရမည့်အခြေအနေတွင်ရှိနေပါကလည်း ကြိုတင်ပြင်ဆင်ချိန်ရနေချိန်တွင် ပြည်သူ့ရင်ခွင်ကဲ့သို့သော အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကြိုတင်ချိတ်ဆက် အကြံဉာဏ်တောင်းခံခြင်းများ ပြုလုပ်ထားသင့်ပါသည်။ မိမိဘက်မှလည်း အချိန်မတော် နေအိမ်ပြင်ပ သွားလာခြင်း၊ မလိုအပ်ဘဲ ခရီးထွက်ခြင်း၊ စကစထိန်းချုပ်နေရာများရှိ ပျော်ပွဲရွှင်ပွဲများ သွားလာခြင်းများကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါသည်။
ထို့ပြင် ယခုကဲ့သို့သောအဖြစ်အပျက်များ၏ အခြေခံရေသောက်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေးအတွက် မိမိတို့တတ်နိုင်သည့်အခန်းကဏ္ဍမှ မမှိတ်မသုန် ပါဝင်ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းဖော်ပြအပ်ပါသည်

MDY Revolution Admin Team
9th; December 2024

MDY Revolution

09 Dec, 15:01


Daily Highlight 3
December 9 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၂ ကြိမ်

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

MDY Revolution

09 Dec, 15:01


Daily Highlight 1
December 9 (09:30 PM)

- ဒီဇင်ဘာ ၆ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တဆုတ်ခွာပေးထားရသည့် မတ္တရာနယ်အနောက်ခြမ်းကျေးရွာများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာသစ်၊ ဝန်စု၊ ထိန်ပင်စောက် စသည့် ကျေးရွာ ၃ ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စခ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မိမိတို့ဘက်မှရဲဘော်အချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်မတော်(မန္တလေး) မှ သတင်းထုတ်ပြန်။

- လားရှိုးအခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေးတပ်မှ တပ်သားနောင်နောင်ဖြိုးဆိုသူမှာ ဇူလိုင်လအတွင်းက တပ်မှထွက်ပြေးလာပြီး ရန်ကုန်မြို့တွင် စစ်တပ်၏ ပြန်လည်ဖမ်းဆီးခြင်းခံရ၊ တောင်ကြီးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်အတွင်း ချုပ်နှောင်ထားစဥ် ဒီဇင်ဘာ ၂ရက်နေ့က ထပ်မံထွက်ပြေး၊ စခများက လိုက်လံရှာဖွေဖမ်းဆီးရာ ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ထပ်မံဖမ်းဆီးခံရ၊ ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင်ပင် တပ်ကြပ်ကြီးဇော်ဇော်အပါ စခများက ဝိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံး၊ မူးယစ်ဆေးလွန်သေဆုံးကြောင်း လိမ်လည်ပြီးသေမှူသေခင်းဖွင့်ကာ အလောင်းကို မိသားစုထံအသိမပေးဘဲ သင်္ဂြိုလ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရ။

- CDM ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို စစ်တပ်ထံသတင်းပေးဖမ်းဆီးခိုင်းခဲ့သော မန္တလာဆေးရုံအပါအဝင် လုပ်ငန်းများစွာပိုင်ဆိုင်သော မန္တလာစိုးမြင့်ဆိုသူမှာ ယခုအခါ စစ်တပ်အရာရှိများနှင့်ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဆေးရုံအသစ်များ ထပ်မံဖွင့်လှစ်ရန် စီစဥ်နေကြောင်း၊ စိုးမြင့်မှာ ပြိုင်ဘက်ဆေးရုံများတွင် CDM ဆရာဝန်များ ခန့်ထားခြင်း ရှိမရှိ စောင့်ကြည့်ပြီး ခန့်အပ်ထားပါက စစ်တပ်ထံသတင်းပေးပြီး ဆရာဝန်ကို ဖမ်းဆီးခိုင်းခြင်း၊ ဆေးရုံကို ပိတ်ခံရအောင်ပြုလုပ်ခြင်းများဖြင့် ၎င်း၏ ဆေးရုံများ အောင်မြင်လာအောင် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းပိုင် လုပ်ငန်းများတွင် နိုင်ငံခြားသားများအပါအဝင် စစ်တပ်အရာရှိများ၏ တရားမဝင်ငွေမည်းများကို ရှယ်ယာများစျေးတင်ရောင်းချပြီး အကြီးအကျယ် ငွေလျှော်ဖွပ်ပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှသိရ။

- ယမန်နေ့မနက်က စစ်ကိုင်း အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းမှ ရဲတပ်ကြပ်ကြီး ယဥ်ထွန်းမောင်ဆိုသူကို တော်လှန်ရေးတပ်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရတနာပုံတပ်ဦး တော်လှန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်။

- မောင်တော နခခ ၅ မှ ထွက်ပြေးသွားသော စကခ ၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စခအရာရှိအချို့ကို AA မှ ယမန်နေ့ညနေပိုင်းက ARSA အဖွဲ့နှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အရှင်ဖမ်းဆီးရမိထားကြောင်း အတည်မပြုရသေးသည့်သတင်းများ ကျယ်လောင်စွာထွက်ပေါ်နေကြောင်းသိရ။

- ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရပ်စောက်နယ် ဓနုဒေသတိုက်ပွဲများတွင် စစ်တပ်က ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများဖြင့် Drone အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ရဲဘော်များ မူးဝေအော့အန်ခဲ့ကြကြောင်း၊ နိုဝင်ဘာ ၃၀ မှ စတင်ပြီး စကစနှင့် DPLA တို့အကြား နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေပြီး အသေးစိတ်ကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း DPLA မှ တာဝန်ရှိသူတစ်ဦးပြော။

- ဒီဇင်ဘာ ၆ ရက်နေ့က ရွှေဘိုနယ် ပလိုင်းရွာ မှ စခများ ရိက္ခာရှာဖွေရန် ထွက်လာစဥ် တော်လှန်ရေးအဖွဲ့များက ပျောက်ကြားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခ ၃ ကောင်သေ ၁ ကောင် ဒဏ်ရာအပြင်းအထန်ရကြောင်း ပလိုင်းရွာ ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၆ ရက်နေ့အတွင်း အုတ်တွင်းမြို့ရှိ စခများတပ်စွဲထားရာ နေရာ ၄ ခုကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခတပ်ကြပ်ကြီးတစ်ကောင်သေ၊ ၄ ကောင်ဒဏ်ရာရ၊ အောက်တိုဘာ လဆန်းပိုင်းကလည်း မြို့စိုးတံတားရှိ စခစစ်ဆေးရေဂိတ်ကို Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း အုတ်တွင်း ပကဖမှ သတင်းထုတ်ပြန်။

- ကလေးအကျဥ်းထောင်တွင် ထောင်ပိုင်နှင့်အရာရှိများက အကျဥ်းသားများထံမှ မတရားသဖြင့် ငွေကြေးတောင်းခံမှုများပြုလုပ်နေပြီး ငွေမပေးနိုင်သူများကို မတရားဖိနှိပ်မှုများ ပြုလုပ်နေ၊ အလုပ်ကြမ်းများ မတရားခိုင်းစေခံရသဖြင့် အကျဥ်းသားတစ်ဦးသေဆုံး၊ ထောင်ပိုင်ဆိုသူမှ အကျဥ်းသားများကို စစ်တပ်နှင့်တရားသူကြီးများကို သိန်းဆယ်ချီပေးခဲ့ရပြီး ၎င်းတို့တောင်းသည့် သုံးလေးသိန်းအတွက် အသံမထွက်နှင့်ဟူသည့် စကားမျိုးကိုပါ ပေါ်တင်ပြောဆိုခြိမ်းခြောက်နေကြောင်း PPNM မှ ကိုသိုက်ထွန်းဦးပြော။

- သဲကုန်းနယ် နွယ်ကောက်ရွာမှ ရာအိမ်မှူး အေးထွန်းဆိုသူကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်း၊ အဆိုပါရာအိမ်မှူးမှာ စခများ ပေါ်တာဆွဲမှုတွင် လိုက်ပါကူညီခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကိုစုံစမ်းပြီး စခများထံ ပေးပို့ခြင်း၊ ရွာခံများကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်ခြင်းများ ပြုလုပ်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သဲကုန်းပကဖတာဝန်ခံမှ ပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

09 Dec, 15:01


Daily Highlight 2
December 9 (09:30 PM)

- မောင်တောနှင့် တောင်ကုတ်မြို့တို့ကို AA မှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံတဝှမ်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၀ အထိရှိလာ၊ အမ်း၊ ဂွ၊ ဗန်းမော်၊ မင်းတပ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ အင်းတော် စသည့် နိုင်ငံအနှံ့အပြား တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသလို တိုက်ပွဲ ကြီးငယ်များ နေရာအနှံ့ နေ့စဥ်နှင့်အမျှဖြစ်ပွားနေရာ စခများ ပျူခွေးများ နေ့စဥ့် ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရ။

- မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး စသည့်ဒေသများမှ မန္တလေးဘက်သို့ စစ်ရှောင်များ အသုံးပြုသွားလာနေသည့် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပိုင်း နှစ်နေရာကို စစ်အုပ်စုက ဘူဒိုဇာဖြင့် ထိုးပြီး ဖျက်စီး၊ လမ်းကြောင်းတစ်ခုသာ ချန်ထားပြီး အဆိုပါ လမ်းပေါက်ဝတွင် ဂိတ်ဖွင့်အထိုင်ချကာ စစ်ရှောင်များထံမှ အကြောင်းအမျိုးမျိုးပြ ငွေညှစ်နေကြောင်း သိရ။

- KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသော ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီနယ်တိုက်ပွဲများ ၆ ရက်မြောက်နေ့အဖြစ် ဆက်လက်ပြင်းထန်နေ၊ စစ်တပ်က လေကြောင်း လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံနေ၊ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများ ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရ၊  KIA ဘက်ကမူ တရားဝင်သတင်းထုတ်ပြန်မှုမရှိသေး။

- တရုတ်ဗဟိုအစိုးရ၏ ဖိတ်ခေါ်ချက်အရ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ယမန်နေ့ကထွက်ခွာသွားကြောင်း KIA နှင့် နီးစပ်သူနှစ်ဦး အတည်ပြု၊ ဗန်းမော်တိုက်ပွဲ ရပ်တန့်ရန်နှင့် မြစ်ကြီးနားကို မတိုက်ခိုက်ရန် ခေါ်ယူဖိအားပေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိ၊ KIA/KIO ဘက်မှ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေး။

- ယနေ့ညနေပိုင်းက မုံရွာ-မန္တလေးလမ်း မအူတံတားအနီးတွင် ဆိုင်ကယ်ဖြင့် ကွမ်းခြင်းများ သယ်ယူလာသော အမျိုးသားတစ်ဦးကို စစ်ကိုင်း တပ်မ ၃၃ မှ ထွက်ခွာလာသော စခကား ၅ စီးပေါ်မှ အကြောင်းမဲ့ ပစ်ခတ်သွားရာ အဆိုပါဆိုင်ကယ်သမားမှာ သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို မအူဂိတ်မှ စခများက လာရောက်ကောက်ယူသွားသဖြင့် သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်း ဒေသခံများထံမှ သိရ။

- ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့များ တပ်ရင်းစခန်းများ သိမ်းပိုက်ခံနေရသဖြင့် များစွာကွာဝေးခြင်းမရှိသည့် ဒကစ-ပြည် ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခံရမည်ကို ဒကစမှူးနှင့် လက်အောက်အရာရှိများ စိုးရိမ်နေကြ၊ ဒကစ လက်အောက်ခံတပ်များမှာ တိုက်ပွဲအတွေ့အကြုံ အားနည်းသည့်အပြင် တောင်ကုတ် နှင့် ပဲခူးရိုးမဘက်သို့ စစ်ကူအများအပြားစေလွှတ်ထားရသည်ဖြစ်၍ အင်အားချိနဲ့နေပြီး AA နှင့်တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း ပန်တောင်း ခလရ ၂၉ မှ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရ။

- ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်း တပ်မ ၃၃ မှ ထွက်ခွာလာသော စခကားတန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၅ ကောင်သေ၊ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရ၊ အထိနာသွားသော စခများက ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း သိရ။

- ဒီဇင်ဘာ ၆ ရက်နေ့ည မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှုတွင် အရာရှိအပါအဝင် စခ ၉ ကောင်သေ၊ Y-12 လေယာဥ်နှစ်စီး အဆောက်အဦ ၂ လုံး ပျက်စီးကြောင်း တပ်တွင်းသတင်းပေးထံမှတဆင့်သိရကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော USO အဖွဲ့ သတင်းထုတ်ပြန်၊ လက်ရှိအချိန်တွင် ​မှော်ဘီမြို့အတွင်း လုံခြုံရေးတင်းကြပ်နေသဖြင့် တော်လှန်ရေးအဖွဲ့များ ဂရုစိုက်သွားလာကြရန် ဖော်ပြပါရှိ။

- Drone အသုံးပြု ဝေဟင်မှ မြေပြင်သို့ Missile ဖြင့် စခစခန်းတစ်ခုကို ပထမဆုံးအကြိမ် တိုက်ခိုက်နိုင်ခဲ့ကြောင်း Golden Eagle အဖွဲ့မှ ရုပ်သံနှင့်တကွ ထုတ်ပြန်။
ရုပ်သံLink: https://youtu.be/5cOwByyAc0E?si=MaZ6nKbmea6-LSYX

- တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅၀,၀၀၀ခန့် ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေ၊ အဟာရပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်အချို့ သေဆုံးမှုများပင်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှသိရ။

- ပုသိမ်မြို့အခြေစိုက် အမှတ် ၆ လေ့ကျင့်ရေးတပ်တွင် တပ်သားသစ်အဖြစ် စုဆောင်းခံထားရသူ ၄၀ ခန့် ထွက်ပြေး၊ ၁၆ ဦး ပြန်လည်ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရ။

- ဂွမြို့နှင့် ၃ မိုင်ကျော်အကွာရှိ ရဟိုင်းကွင်းအနီး ရွှေနန်းခိုင်ဘုရားတွင် တိုက်ပွဲများ ဖြစ်ပွားနေ၊ ဂွမြို့ဝင်ရှိ စခဂိတ်များ ဖြုတ်သိမ်းပြီး တပ်ရင်းများအတွင်းသို့ ဝင်ရောက်သွား၊ မကြာမီပင် ဂွမြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ဒေသခံများ ယူဆနေကြကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

09 Dec, 13:07


မန္တလေးမြို့🚨🚨
Breaking News ‼️
December-9

Edit:သတင်းအမှားဖြစ်ပါသည်။

ချမ်းမြသာစည်မြို့နယ် ၅၆(A)လမ်း ၁၀၉လမ်း သီဟ လက်ဖက်ရည်ဆိုင်ရှေ့တွင် စခအင်အား အများအပြားဖြင့် တွေ့သမျှ အမျိုးသားမှန်သမျှ လိုက်လံဖမ်းဆီးပေါ်တာဆွဲနေပြီး ဆိုင်ကယ်များထားခဲ့ကာ ပြေးရသဖြင့် ဝရုန်းသုန်းကားဖြစ်နေကြောင်း ကနဦးသတင်းရရှိထားပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

09 Dec, 09:23


ပုသိမ်ကြီးမြို့နယ်🚨🚨
December-9

ပုသိမ်ကြီးမြို့နယ် သစ်ချိူကုန်းကျေးရွာရှိ ပလပ်စတစ်စက်ရုံကို ယမန်နေ့ည၁၁ခွဲ ၁၂ နာရီအချိန်ခန့်က စခကားအကြီး (၃)စီးဖြင့် စက်ရုံတွင်အလုပ်လုပ်‌နေသောအလုပ်သမားများအား စစ်မှုထမ်းဖို့ဟုဆိုကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊အလုပ်သမားတော်တော်များများပါသွားကြောင်းသိရ၊ ထို့နောက်မြို့မသင်္ချိူင်းကုန်းအနီးရှိ ရပ်ကွက်တစ်ချိူ့အတွင်းမှ လူငယ်များကိုလဲ ပေါ်တာဆွဲ‌ခေါ်သွားကြောင်းသိရပါသည်။ လွန်ခဲ့သော ဒီဇင်ဘာ၂ရက်၃ရက်တွင်လည်း ပုသိမ်ကြီးမြို့နယ်အတွင်း လူမှုကူညီရေးအသင်းကားများအသုံးပြုပြီး နေ့ခင်းအချိန်ကိုပင် လူငယ်များအားစစ်မှုထမ်းရန် လိုက်လံဖမ်းဆီးမှုများရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

09 Dec, 08:56


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

December -9

နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-3:26PM
၅၅×၅၆လမ်းမနော်ဟရီ(၁၁၀)လမ်း
ဖမ်းနေ

-3:26PM
၆၀×၆၁×၆၂လမ်းမနော်ဟရီ(၁၁၀)လမ်း
ဖမ်းနေ

-3:33PM
၅၈လမ်း၂၅×၂၆လမ်းကြားဖမ်းနေ

-4:10PM
၆၆လမ်း၁၉လမ်း city martအကွေ့နားဖမ်းနေ

-4:15PM
၁၃၃လမ်း ၅၉×၆၀ ကြား စခသီးသန့် စစ်နေ

-4:25PM
၁၉လမ်း × ၆၂ လမ်း မီးပွိုင့်အနီး ရပ်ကွက်ရုံးရှေ့ ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

09 Dec, 08:38


မန္တလေးမြို့🚨🚨
Breaking News ‼️
December-9

ယမန်နေ့နံနက်က ပြည်ကြီးတံခွန်မြို့နယ် ၅၈လမ်း ၁၂၃× ၁၂၄ကြားရှိ (စ)ရပ်ကွက်ရုံး ဗုံးထုခံရကာ အစောင့်ခွေးတစ်ကောင် ငရဲလားသွားကြောင်းသိရပါသည်။ ဖြစ်စဉ်ကြောင့် နံနက်အစောကြီးကတည်းကပင်လမ်းပိတ်လိုက်ကာ ညနေ၃နာရီလောက်မှ ပြန်ဖွင့်ပေးပြီး လမ်းပေါ်တွင်ဘယ်ရီဂိတ်အတားများ ချထားခဲ့ပါသည်။
ခွေးနာရေးကို ယမန်နေ့ နံနက်ပိုင်းကအရိပ်စင်ထိုးပြီး နေ့လည် ၁နာရီလောက်မှာ နာရေးကားများဖြင့် ချက်ချင်းသုသာန်ပို့လိုက်ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ

Source - MR Informer
#MDYRevo

MDY Revolution

09 Dec, 05:53


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

December 9
နေ့ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။


-12:01PM
၃၆လမ်း×၇၉လမ်း သံလမ်းအကျော်
မထသ အိုးဝေများ ဖမ်းနေ

-12:01PM
၃၆လမ်း၇၁×၇၂×၇၃လမ်း ဖမ်းနေ

-12:20PM
၂၆လမ်း × ၇၆ လမ်း ဖမ်းနေ

-3:00PM
စစ်ကိုင်းလမ်းခွဲ ဒေါ်အေးကြင်ထမင်းဆိုင်ရှေ့ ဖမ်းနေ


Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

09 Dec, 04:09


တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်

၁။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တလက်လွှတ်ခဲ့ရသော ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

၂။ ယခုအခါ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါသည်။

၃။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF
#1027_Part2
#Madaya

MDY Revolution

09 Dec, 03:47


ပုသိမ်ကြီးမြို့နယ်🚨🚨
December-9

ယမန်နေ့ညက ပုသိမ်ကြီးမြို့နယ် ဘန့်ကွဲရွာမှ ပြည်သူ ၃ ဦးကို စခများက အဓမ္မဝင်ရောက်ရိုက်နှက်ဖမ်းဆီးသွား၊ ၇ရက်နေ့ ညကလည်း ဘန့်တင်ရွာမှ ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရသေးကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

09 Dec, 03:18


"မေတ္တာခြုံလို့ လုံပါစေ"

ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များအတွက် အလိုအပ်ဆုံးသော အသက်ကယ်အကာအရံဟာ ကျည်ကာပဲဖြစ်ပါတယ်.. 

"ကျည်ကာပါလိုက်ရမှာကွာ" ရယ်လို့ စုတ်တသပ်သပ် ဖြစ်မနေရအောင် ရှေ့တန်းတိုက်ပွဲဝင်နေသည့် မိမိတို့မန္တ‌လေးသား UGညီကိုများအတွက် ပြည်သူ့မေတ္တာတွေနဲ့လွှမ်းခြုံပေးလိုက်ကြရအောင်ပါ..

လူအရေအတွက်မမျှပေမယ့် (၁၀)စုံပဲကူပါ အလှည့်ကျဝတ်ရင်း တိုက်ပါ့မယ်လို့ဆိုလာတဲ့ ရဲဘော်တွေအတွက် မင်းတို့အသက်ကိုသာတန်ဖိုးထားပေးပါ ကျန်တာငါတို့ခွန်အားရှိသလောက်ကူပါ့မယ်လို့တုန့်ပြန်‌အားပေးထားပါတယ်။ ခေတ်မကောင်းလို့ ဈေးနှုန်းတွေအဆမတန်တက်နေတာကြောင့် ကျွန်တော်တို့ကပဲ အားနာစွာနဲ့အကူညီတောင်းပါရစေ..

ကျည်ကာတစ်စုံရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း၂၀နှင့်၂၃သိန်းကြား ဖြစ်ပါတယ်။
Helmet +Vest + plateတို့ပါဝင်ပါတယ်။ လတ်တလော ကျွန်တော်တို့အနေဖြင့် မဖြစ်မနေလိုအပ်နေသော ရှေ့တန်းရဲဘော်များအတွက် ပထမအကြိမ် (၁၀)စုံ စတင်ကူညီကောက်ခံ လှုဒါန်းပါမယ်ခင်ဗျာ🙏🏻

ယခု‌တာဝန်ယူကောက်ခံ လှုဒါန်းမှုအား  November 16ရက်မှ စတင်ကာ December 16ရက်နေ့အထိကောက်ခံသွားပါ့မယ်ခင်ဗျ..

ကောက်ခံရရှိသော အလှုငွေအား ကျည်ကာဝတ်စုံဝယ်ယူအပ်နှံ လှုဒါန်းပြီးသည်အထိ‌ ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ..

ပါဝင်ကူညီသူများအနေဖြင့် MDY Revolution Facebook page messenger နှင့် Telegram adminများထံတွင် ကျည်ကာကမ်ပိန်းအတွက် Kpay / Wave pay / NUG pay / SDB Bankpay တို့ဖြင့်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

ပြည်သူများ၏ မေတ္တာများခြုံလွှမ်းပေးနိုင်ပါစေ🙏🏻

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06blackMR

တို့ထံတွင် လှုဒါန်းပါ။ အလှုငွေ နည်းများမဆို မှတ်တမ်းတောင်းယူပေးပါခင်ဗျာ

*လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ*

MDY Revolution

09 Dec, 03:13


စစ်ရေးသတင်းထုတ်ပြန်ချက် (ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်)

ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် Brave Revolution Force - B.R.F ၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နှင့် မဟာမိတ်များမှ စစ်ကိုင်းမြို့မှ ရဲတပ်ကြပ်ကြီး ယဉ်‌ထွန်းမောင် ၏ နေအိမ်အား ဝင်ရောက်စီးနှင်း၍ ဖမ်းဆီးခဲ့ပါသည်။ ၎င်းနှင့်အတူ 7.62 ကျည် 18 တောင့်၊ 5.56 ကျည် 38 တောင့်၊ လက်ပစ် 1 လုံး ၊ လက်ထိပ် 1 ခု၊ ဦးထုတ် 2 လုံး၊ အပေါ်ဖောင်း ၂ စုံ တို့အား သိမ်းစီးရရှိခဲ့ပါသည်။

Kiri(တာဝန်ခံ)
ရတနာပုံတပ်ဦး

MDY Revolution

09 Dec, 01:34


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

Dec 9
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:00AM
၆၂× ၁၁၀(မနော်) ပတ်လည်ဖမ်းနေ

-9:00AM
၅၈လမ်း× ၁၁၀(မနော်) ဖမ်းနေ

-9:00AM
အနောက်မြို့ပတ်လမ်း သံဃာ့ဆေးရုံအနီး ဖမ်းနေ

-9:05AM
၇၈ ရန်မန်းလမ်း မင်းသားကြီးဟိုတယ်ရှေ့ ဖမ်းရန်ပြင်နေ

-9:10AM
လမ်း၁၂၀၊ ၅၇× ၅၈× ၅၉ တစ်လျှောက်လုံး ဖမ်းနေ

-9:10AM
၃၁လမ်း ၈၃× ၈၄ကြား ဖမ်းရန်ပြင်နေ

-9:15AM
ဦးပိန်တောင်သမန်ကန်ပတ်လမ်း ဖမ်းနေ

-9:20AM
၁၁၅လမ်း ၇၃× ၇၄ကြား ဖမ်းနေ

-9:35AM
၂၆လမ်း ၈၉× ၉၀ကြား ဖမ်းနေ

-10:00AM
၂၂လမ်း× ၈၆လမ်း ဖမ်းနေ

-10:50AM
၄၁လမ်း ၈၀× ၈၁× ၈၂ကြား ဖမ်းနေ

-11:05AM
၅၈လမ်း ၁၃၁ မှ ၁၃၄ထိ ဖမ်းနေ

-11:15AM
၇၈လမ်း ၁၁၅× ၁၁၆× ၁၁၇ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

09 Dec, 00:15


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

08 Dec, 15:04


Daily Highlight 3
December 8 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၂ ကြိမ်
- ထန်တလန်နယ် ၂ ကြိမ်

(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

MDY Revolution

25 Nov, 15:14


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org

“(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာ”
(၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၂၅ ရက်)

ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၆)နှစ်၊တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် ၊ ခရစ်သက္ကရာဇ် (၂၀၂၄)ခုနှစ်၊နိုဝင်ဘာလ(၂၅)ရက်တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

(၁၈၈၅)ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းတပါး ဗြိတိသျှအစိုးရ၏ တတိယအကြိမ်ကျူး‌ကျော်ခံရအပြီး အချုပ်အခြာအာဏာဆုံးရှုံး၍ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လက် အောက်ခံ ကိုလိုနီအဖြစ်သို့ ကျရောက်သွားခဲ့ပါသည်။ ကိုလိုနီနယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအောက်တွင် မြန်မာပြည်ကို တိုင်းတပါးအုပ်စိုးမှုမှ လွတ်မြောက်ရေးကို ရှေးရှုပြီး အမျိုးသားတော်လှန်ရေးကြီး စတင်ပေါက်ဖွား ခဲ့သော ခရစ်သက္ကရာဇ် (၁၉၂ဝ)ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ယုဒသန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားကြီးများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ပထမဆုံး သပိတ်တိုက်ပွဲဆင်နွဲသည့်နေ့ကို အမှတ်သညာပြုပြီး အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်တိုင် နှစ်စဉ်အမျိုးသားနေ့ အောင်ပွဲကို တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ပြီး မြန်မာတစ်နိုင်ငံလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ဆင်နွဲခဲ့ကြသည့် တော်လှန်ရေးစိတ်ဓာတ် နိုးကြား‌စေခဲ့သော နေ့ရက်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် အတိတ်သမိုင်းကို ပြန်ထောက်ရှုရ လျှင် တိုင်းတပါး၏ ကျူးကျော်ကျွန်ပြုခြင်းကို ခေါင်းငုံမခံဘဲ မိမိနိုင်ငံကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်စွာဖြင့် လူထုကို စည်းရုံးလှုံဆော်ခြင်း၊ ကိုလိုနီနယ်ချဲ့များကို သပိတ်လက်နက်ကိုင်စွဲပြီး ဆန့်ကျင်မှုများမှတဆင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို အရယူအောင်ပွဲဆင်နိုင်ခဲ့သည့် လွတ်လပ်ရေးသမိုင်းသည် ထင်ရှားပြီးဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း တိုင်းရင်းသားပြည်သူလူထုအပေါ်တွင် လူမဆန်စွာ ရက်စက်နေသည့် စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဖက်ဆစ်စစ်တပ်ကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက်နက်စွဲကိုင်ပြီး အပြီးသတ်အမြစ်ဖြတ် ခုခံ တွန်းလှန်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်ရည်မှတ်ပြီး နွေဦး တော်လှန်ရေး ကြီးကို ဆင်နွဲနေသည့်ကာလဖြစ်ပါသည်။

ယခုလို (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ သင်ခန်းစာယူစရာ ကဖြင့် အတိတ်သမိုင်းတွင် ‌လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိအောင် စည်းလုံးညီညွတ်စွာဖြင့် ရက်စက်ခဲ့သည့် နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်ဝါဒများကို စည်းစည်းလုံးလုံးညီညီညွတ်ဖြင့် တစ်ဆင့် ခြင်း တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိတော်လှန်‌ကြီးကိုလည်း ယင်းကဲ့သို့ မြန်မာ တနိုင်ငံလုံးရှိ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်း မော်ကွန်းအသစ်စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေး အနက်ထား တိုက်တွန်းပြောကြားလိုပါသည်။

ထပ်လောင်း၍ကတိပြုရလျှင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူတကွကျောချင်းကပ် ဆောင်ရွက်မည်ဖြစ် ပါသည်။ထို့အတူ နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစု အသီးသီး ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာဖြင့် စနစ်တကျ တွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် အတူကြိုးစားကြရေး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဖိတ်ခေါ်ပန်ကြားရင်း (၁၀၄) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာအားပေးပို့ အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

MDY Revolution

25 Nov, 15:14


(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ

MDY Revolution

25 Nov, 15:14


Daily Highlight 3
November 25 (09:30 PM)

- ယမန်နေ့က သံတွဲနယ် သစ်ငုတ်တိုရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက်မပြည့်သေးသူ အမျိုးသားတစ်ဦး သေဆုံး၊ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ သုံးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရ။

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖလမ်းနယ် ၂ ကြိမ်
- မင်းတပ်နယ် ၂ ကြိမ်
- ဂွနယ် ၅ ကြိမ်
- နောင်ချိုနယ် ၂ ကြိမ် (Source: CJ)
- ဟားခါးနယ် ၂ ကြိမ်
- မင်းတပ်နယ် ၂ ကြိမ် (Source: WES)
- ဂွနယ် ၁ ကြိမ် (Source: WES)

(ရခိုင် နှင့် ချင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

MDY Revolution

25 Nov, 15:14


Daily Highlight 2
November 25 (09:30 PM)

- ယနေ့မနက်အစောပိုင်းက ငဖဲနယ် ဂုတ်ကြီးရွာအနီးတွင် နပခသို့စစ်ကူသွားမည့်ယာဥ်တန်းများကို လုံခြုံရေးယူပေးနေသည့် စခများကို အရှိုချင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်၊ စခ ၄ ကောင်ထက်မနည်းသေပြီး အများအပြား ဒဏ်ရာရ၊ သေနတ်တစ်လက် နှင့် စစ်ပစ္စည်းအချို့ သိမ်းဆည်းရရှိကြောင်း အရှိုချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးပြော။

- မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို မြေပြင်စစ်ရေးအခြေအနေများအရ အသုံးပြုခွင့် ပိတ်ပင်၊ နောက်တစ်ကြိမ်ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ထိန်းချုပ်စိုးမိုးဒေသများတွင် စစ်တပ်ထုတ်ကုန်များ သယ်ယူရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး မှ သတင်းထုတ်ပြန် အသိပေး။

- နိုဝင်ဘာ ၁၀ ရက်နေ့နှင့် ၂၃ ရက်နေ့တို့က အထက်မင်းလှနယ်တွင် စစ်ကြောင်းထိုးလာသော စခများကို တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်၊ စခ ၁၅ ကောင်ထက်မနည်းသေ၊ အများအပြားဒဏ်ရာရကြောင်း သိရ။

- ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ဒေသနှင့် ထိစပ်နေပြီး နယ်စပ်အငြင်းပွားမှုဖြစ်နေသောဒေသရှိ UWSA တပ်စွဲထားရာ တပ်စခန်း ၈ ခုမှ ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်ကဘအမိန့်ပေး၊ အဆိုပါနယ်မြေများမှာ ထိုင်းအစိုးရနှင့် UWSA တို့ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးနေသည့် နယ်မြေများဖြစ်ပြီး UWSA က ဝင်ရောက်တပ်စွဲထားခြင်းဖြစ်၍ ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ဆုံးထားပြီး ဆုတ်ခွာရန် အမိန့်ပေးထား၊ စစ်ရေးပြင်ဆင်မှုအချို့လည်း ပြုလုပ်နေကြောင်း၊ UWSA ကလည်း ဌာနချုပ်သို့ အသိပေးထားပြီး အကြောင်းပြန်ပေးမည်ဟု ပြောဆိုထားကြောင်း သိရ။

- ယနေ့မနက်အစောပိုင်းက မိုင်းကိုင်နယ် ပန်းပွဲရွာအနီးရှိ SSPP တပ်စခန်းငယ်နှစ်ခုကို RCSS မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊ SSPP တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးပြီး မော်တော်ယာဥ်များနှင့် စခန်းများကို မီးရှို့ဖျက်စီး၊ ထို့ပြင် ပန်းပွဲရွာ ရွာကော်မတီဝင်တစ်ဦး၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းပြီး အိမ်ရှင် ဦးကန်ခမ်းကို သတ်ဖြတ်၊ အိမ်ရှိ အဖိုးတန်ပစ္စည်းများကို လုယက်ယူဆောင်ပြီး နေအိမ်ကို မီးရှို့၊ ထို့နောက် ရွာတွင်းရှိ SSPP တပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူတစ်ဦးကို ထပ်မံဖမ်းဆီး၊ ကုန်စုံဆိုင်တစ်ဆိုင်ကိုလည်း မွှေနှောက်လုယက်သွားကြောင်း SSPP/SSA မှ သတင်းထုတ်ပြန်၊ RCSS ဘက်ကမူ မြေပြင်သတင်း မရရှိသေးသလို SSPP ၏ ထုတ်ပြန်ချက်ကိုလည်း မဖတ်ရသေးကြောင်း တုန့်ပြန်ထား။

- ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းကာလတွင် စစ်တပ်၏ ကျူးလွန်မှုကြောင့် ပြည်သူ ၂၅၀ ကျော်သေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရ၊ အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ရကြောင်း IEC အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနမှ ထုတ်ပြန်။

- အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်က အင်းတော်မြို့အဝင် မြို့ဦးစေတီနှင့် ဂျပန်လှိုဏ်ဂူဘုရားတို့တွင် တပ်စွဲခုခံနေပြီး အနီးရှိ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်စီး၊ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ABSDF အပါအဝင် ဒေသတော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကြဲခုခံနေကြောင်း သိရ။

- တနင်္သာရီနှင့် မွန်ဒေသများရှိ ပြန့်ကျဲနေသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို စုစည်းပြီး အမိန့်တစ်ခုတည်းအောက်တွင် ဘုံရန်သူ စကစ ကို တိုက်ခိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း ဒေါနစစ်ကြောင်းမှ စစ်ကြောင်းမှူး စောဒါးကိုပြော။

- စစ်ကိုင်းနယ် အနောက်မြောက်ခြမ်းတွင် စသ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ၊ ယမန်နေ့က တောင်ရင်းရွာကို ဝင်ရောက်မွှေနှောက်သွားကြောင်း ဒေသခံများထံမှ သိရ။

- ကျောက်ကြီးနယ်တွင် စမထ အပတ်စဥ် ၂ သင်တန်းဆင်း တပ်သားသစ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ KNU ထံ အလင်းဝင်၊ ဆုငွေအချို့ချီးမြှင့်ပေးထားကြောင်း KNU မှ သတင်းထုတ်ပြန်။

- နိုဝင်ဘာ ၂၁ ရက်နေ့က ရေစကြိုနယ် သဲတောရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊ ကျေးရွာအနီးရှိ PDF စခန်းတစ်ခုပါ စီးနင်းခံရပြီး ရဲဘော်များ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်တပ်က ပြည်သူများကို လိုက်လံပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ဂွနယ် ဆပ်သွား၊ ပိန္နဲကုန်း၊ ဇီးကုန်း နှင့် ကမ်းသာယာအနီးရှိ ရွှေဦးကွင်း၊ ဘာလီချောင် ကျေးရွာများကို AA က သိမ်းပိုက်၊ ဆပ်သွားမှ စခများက ကင်းပုံရွာဘက်သို့ ထပ်မံဆုတ်ခွာသွား၊ ကင်းပုံပြီးလျင် ကမ်းသာယာကမ်းခြေရှိပြီး AA က ကမ်းသာယာကို ကျော်ပြီး ချင်းကုန်းကျေးရွာဘက်ကိုလည်း တိုက်ခိုက်နေ၊ ဒေသခံများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်ပြီး AA ၏ ထိုးစစ်မှာ ဂွမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးတော့ကြောင်း ဒေသခံများထံမှ သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

25 Nov, 15:14


Daily Highlight 1
November 25 (09:30 PM)

- NLD အစိုးရလက်ထက်က စတင်အကောင်အထည်ဖော်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု​ကြောင့် နိုင်ငံတကာအကူအညီများမရရှိတော့ဘဲ ရပ်နားထားရသည့် e-Government အချက်အလက်စင်တာနှင့် မော်တော်ယာဥ်မှတ်ပုံတင်စီမံကိန်း တို့ ပြန်လည်စတင်ရန် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရနှင့် စကစတို့အကြား ချုပ်ဆိုထားသော စာချုပ်ပါအချက်အလက်များအရ သိရ။

- မြန်မာနိုင်ငံမှ ကျောင်းသား/သူ များအတွက် ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်းကို ပြန်လည်ရုတ်သိမ်းရန် အီလွန်မက်စ်ဦးဆောင်သော အစိုးရလုပ်ငန်းစဥ်များ ပြန်လည်စီစစ်ရေးဌာနက သုံးသပ်၊ ဘိုင်ဒင်အစိုးရလက်ထက်က အတည်ပြုချထားပေးသော အဆိုပါ ထောက်ပံ့ငွေမှာ မြန်မာစစ်အစိုးရကြောင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ ဆိုးရွားစွာ ချို့ယွင်းလာပြီး အကျင့်ပျက်ချစားမှုများ ဆင်းရဲမွဲတေမှုများကို ဖြေရှင်းပေးနိုင်စွမ်း မရှိသဖြင့် ပြန်လည်ရုတ်သိမ်းရန် ဦးစားပေးအဆင့်သတ်မှတ်ထားကြောင်း သိရ။

- နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် စိုးဝင်းခေါင်းဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် စစ်အသုံးစရိတ်ကို အကန့်အသတ်မရှိ လိုအပ်သလို တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ကြောင်း၊ ပညာရေး ကျန်းမာရေး သွင်းကုန် စသည့် နိုင်ငံခြားငွေသုံးစွဲရေးအခန်းကဏ္ဍများတွင် အသုံးစရိတ်လျှော့ချနေသော်လည်း စစ်အသုံးစရိတ်ကိုမူ အကန့်အသတ်မဲ့ တိုးမြှင့်သုံးစွဲနေပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ဘီလီယံ ၄၂၀၀၀ ကျော် လျာထားရာ ၈ လ အတွင်း သုံးငွေ ဘီလီယံ ၃၉၀၀၀ ကျော်သွားပြီဖြစ်၊ လက်ရှိအချိန်အထိ ဘဏ္ဍာငွေသုံးစွဲမှုတွင် စစ်အသုံးစရိတ်မှာ ၃၀ ရာခိုင်နှုန်းကျော်သွားပြီဖြစ်သောကြောင့် အခွန်အခများကိုလည်း တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထား၊ အဓိကကုန်ကျမှုများမှာ စမထတပ်သားသစ်များအတွက် စားဝတ်နေရေးများ၊ ကပစ စက်ရုံများမှ လက်နက်ခဲယမ်းများ တိုးမြှင့်ထုတ်လုပ်ရခြင်း၊ နိုင်ငံခြားမှ ခဲယမ်းများ လေယာဥ် ရဟတ်ယာဥ်ဆိုင်ရာများ တိုးမြှင့်ဝယ်ယူရခြင်းများကြောင့် ဖြစ်ကြောင်း သိရ။

- ချောင်းဦးနယ်နှင့် မုံရွာနယ်တို့တွင် PDF များကို အလင်းဝင်ရန် ဖိတ်ခေါ်စာနှင့် ဆိုင်းပုဒ်များကို ခင်မွန်ရွာနှင့် မုံရွေးရွာတို့တွင် လိုက်လံချိတ်ဆွဲနေ၊ အလင်းဝင်လိုပါက ခင်မွန်ရွာ မြပုလဲခွေးစခန်းသို့ဆက်သွယ်နိုင်ကြောင်း ရေးသားထား၊ နယ်မြေစိုးမိုးမှု အလွန်အမင်းအားနည်းလာခြင်းနှင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲလိုသော ရည်ရွယ်ချက်သာဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦး သုံးသပ်။

- ရမည်းသင်းနယ်တွင် လူငယ်များကို ပေါ်တာဆွဲခြင်း၊ မဲနှိုက်ခြင်းများဖြင့် အဓမ္မစစ်မှုထမ်းရန်ခေါ်ဆောင်နေရာ ယခုလအတွင်း လူငယ် ၁၅၀ ခန့် ဖမ်းဆီးခံရကြောင်း၊ တောင်ကြီးမြို့တွင်လည်း ညစဥ် ၇ နာရီနောက်ပိုင်း မြို့ပေါ်နေရာအနှံ့ လိုက်လံဖမ်းဆီးနေပြီး လူငယ် ၁၅၀ ခန့် ပေါ်တာဆွဲခံရကြောင်းသိရ။

- ယမန်နေ့ည အစောပိုင်းက လားရှိုးနယ် နမ့်ပေါင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်မသိရသေးကြောင်း လားရှိုးအခြေစိုက် ပရဟိတအဖွဲ့တစ်ခုထံမှ သိရ။ ထို့ပြင် ယနေ့မနက်ပိုင်းကလည်း နောင်ချိုနယ် တောင်ခမ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများပြော။ ထိုသို့ နိုင်ငံတဝှမ်း ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပဟ်ခတ်သတ်ဖြတ်နေသော်လည်း ယနေ့ကျရောက်သော အမျိုးသားနေ့အထိမ်းအမှတ် သဝဏ်လွှာတွင် နိုင်ငံရေးပြဿနာကို လက်နက်ဖြင့်ဖြေရှင်းခြင်းမှာ ငြိမ်းချမ်းရေးမရနိုင်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးရေးမှာ ငြိမ်းချမ်းရေးမရဘဲ မဖြစ်နိုင်ကြောင်း လူသတ်စစ်ရှုံးကောင် မအလမှ အရှက်ကင်းမဲ့စွာ ပြောဆိုကြောင်း သိရ။

- တောင်ကုတ်မြို့တိုက်ပွဲတွင် မြို့ပြင်ရှိ စကခ ၅ နှင့် တပ်ရင်း ၂ ခုမှလွဲပြီး တောင်ကုတ်မြို့ပေါ်ရှိ စခစခန်းများအားလုံးကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စခများမှာ တပ်မအတွင်း စုပြုံနေကြောင်း၊ စကစက လေကြောင်းပစ်ကူမှလွဲပြီး မြေပြင်စစ်ကူ ရိက္ခာအထောက်အပံ့ လုံးဝမပေးနိုင်တော့သလို နယ်မြေကိုလည်း AA က ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားသဖြင့် လက်နက်ချအညံ့ခံရုံမှတပါး မရှိ​ကြောင်း၊ မြို့တွင်းပိတ်မိနေသူများလည်း မရှိတော့ကြောင်း၊ စစ်တပ်၏ လေကြောင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရပ်ကွက်အများအပြား ပျက်စီးဆုံးရှုံးကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရ။

- နိုဝင်ဘာ ၁၁ နှင့် ၁၂ ရက်နေ့တို့က ကန့်ဘလူနှင့် ကန့်ဘလူဇီးကုန်းနယ် တို့တွင် စစ်တပ် တပ်စွဲထားရာနေရာများကို တော်လှန်ရေးအဖွဲ့များက Drone လက်နက်ကြီးများဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်၊ စခ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရ။

- ယမန်နေ့ညက လားရှိုးနယ် နမ့်ပေါင်ရွာနှင့် သံလွင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် မိသားစုတစ်ခုတည်းမှ အသက် ၆ နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖခင် သုံးဦး ဒဏ်ရာရ၊ စာသင်ကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

25 Nov, 13:56


မန္တလေးမြို့🚨🚨
Attention Please ‼️
November 25

မန္တလေးလေဆိပ်တွင် ပြည်ပထွက်ခွါမည့်သူများအား ယခုအခါ အစစ်ဆေးပိုမိုတင်းကြပ်လျက်ရှိကြောင်းသိရ မသင်္ကာပါက ထွက်ခွင့်မပြုကြောင်းသိရ တစ်ဖက်နိုင်ငံတွင် Hotel Booking လုပ်မထားခြင်းနှင့် ပြည်ပထွက်ခွါဖူးသည့် အတုံးမရှိသည်ကိုပင် အရေးယူလျှက် ထွက်ခွင့်မပြုကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

25 Nov, 13:25


မန္တလေးမြို့🚨🚨
November-25
-7:30PM

ပြည်ကြီးတခွန် (စ)ရပ်ကွက် ၅၈လမ်း×၁၂၅လမ်းမြောက်ဘက်ထောင့်ရှိ လမ်းဘေးထမင်းကြော်ဆိုင် တွင်ထိုင်နေသော လူငယ် (၄)ယောက်အား အိမ်စီကား(၅)စီးဖြင့် အရပ်ဝတ်ခွေးများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

25 Nov, 12:49


မန္တလေးမြို့🚨🚨
November-25
ညပိုင်းစစ်ဆေးသတင်းများ

-7:18PM
၇၈လမ်း×၃၈လမ်း ရတနာပုံ ခန်းမ ရှေ့ ဖမ်းနေ

-9:30PM
၈၄လမ်း×၃၂လမ်း ရခ အင်အား ၈ ယောက် (လနပါ) စစ်နေ

Source - MR Informer
#MDYRevo

MDY Revolution

25 Nov, 08:21


ကြေညာချက် (၁/၂၀၂၄)

၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၂၅)ရက်

#MDY_PDF

MDY Revolution

25 Nov, 06:11


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November-25
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-11:45PM
၁၉လမ်း အရှေ့မြို့ပတ်လမ်းသံလမ်းထိပ် ဖမ်းနေ

-12:00PM
၈၁လမ်း ၂၁× ၂၂ကြား ဖမ်းနေ

-1:12PM
၃၆လမ်း ၈၁× ၈၂ကြား ဖမ်းနေဆဲ

-2:50PM
၁၁၀(မနော်)လမ်း ၅၆ မှ ၆၀ထိ တစ်လျှောက်လုံး ဖမ်းနေ

3:00PM
၃၂× ၈၃လမ်း ဖမ်းနေ

-3:15PM
၃၅× ၇၈လမ်း ဖမ်းနေ

-3:35PM
၈၄လမ်း ၂၇× ၂၈× ၂၉ထိ ဖမ်းနေ

-3:55PM
၁၁၅× ၇၄လမ်း ဖမ်းနေ

-4:58PM
၇၈လမ်း ၊ ၂၇ လမ်းမှ ၃၄ လမ်းထိ ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

25 Nov, 04:54


မန္တလေးမြို့🚨🚨
November-25
-11:20PM

ရှေ့ပြေး ခွေးဖြူ ၁ကောင်ပါ ဆိုင်ကယ် ၁စီး၊ရခ ၄ကောင်ပါ hilux အဖြူ ၁စီး၊alphard အဖြူ ၂စီး၊Prado အဖြူ ၁စီးအမဲ ၁စီး၊mark II အဖြူ ၁စီး၇၈ရန်-မန်းအတိုင်း တောင်မှမြောက်သို့ အမြန်မောင်းသွားကြောင်းသတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

25 Nov, 03:08


မန္တလေးမြို့🚨🚨
November-25

ယနေ့ နံနက် 8:40 AM က စစ်ကိုင်းတံတား ခွေးအထိုင်ချစခန်းပေါက်ခွေးဂိတ်မှာ လူငယ်နှစ်ယောက်အားလက်ပြန်ကြိုးတုတ်ရိုက်နှက်ထား ပြီး ဖမ်းထားကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

25 Nov, 02:52


"မေတ္တာခြုံလို့ လုံပါစေ"

ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များအတွက် အလိုအပ်ဆုံးသော အသက်ကယ်အကာအရံဟာ ကျည်ကာပဲဖြစ်ပါတယ်..

"ကျည်ကာပါလိုက်ရမှာကွာ" ရယ်လို့ စုတ်တသပ်သပ် ဖြစ်မနေရအောင် ရှေ့တန်းတိုက်ပွဲဝင်နေသည့် မိမိတို့မန္တ‌လေးသား UGညီကိုများအတွက် ပြည်သူ့မေတ္တာတွေနဲ့လွှမ်းခြုံပေးလိုက်ကြရအောင်ပါ..

လူအရေအတွက်မမျှပေမယ့် (၁၀)စုံပဲကူပါ အလှည့်ကျဝတ်ရင်း တိုက်ပါ့မယ်လို့ဆိုလာတဲ့ ရဲဘော်တွေအတွက် မင်းတို့အသက်ကိုသာတန်ဖိုးထားပေးပါ ကျန်တာငါတို့ခွန်အားရှိသလောက်ကူပါ့မယ်လို့တုန့်ပြန်‌အားပေးထားပါတယ်။ ခေတ်မကောင်းလို့ ဈေးနှုန်းတွေအဆမတန်တက်နေတာကြောင့် ကျွန်တော်တို့ကပဲ အားနာစွာနဲ့အကူညီတောင်းပါရစေ..

ကျည်ကာတစ်စုံရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း၂၀နှင့်၂၃သိန်းကြား ဖြစ်ပါတယ်။
Helmet +Vest + plateတို့ပါဝင်ပါတယ်။ လတ်တလော ကျွန်တော်တို့အနေဖြင့် မဖြစ်မနေလိုအပ်နေသော ရှေ့တန်းရဲဘော်များအတွက် ပထမအကြိမ် (၁၀)စုံ စတင်ကူညီကောက်ခံ လှုဒါန်းပါမယ်ခင်ဗျာ🙏🏻

ယခု‌တာဝန်ယူကောက်ခံ လှုဒါန်းမှုအား November 16ရက်မှ စတင်ကာ December 16ရက်နေ့အထိကောက်ခံသွားပါ့မယ်ခင်ဗျ..

ကောက်ခံရရှိသော အလှုငွေအား ကျည်ကာဝတ်စုံဝယ်ယူအပ်နှံ လှုဒါန်းပြီးသည်အထိ‌ ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ..

ပါဝင်ကူညီသူများအနေဖြင့် MDY Revolution Facebook page messenger နှင့် Telegram adminများထံတွင် ကျည်ကာကမ်ပိန်းအတွက် Kpay / Wave pay / NUG pay / SDB Bankpay တို့ဖြင့်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

ပြည်သူများ၏ မေတ္တာများခြုံလွှမ်းပေးနိုင်ပါစေ🙏🏻

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06blackMR

တို့ထံတွင် လှုဒါန်းပါ။ အလှုငွေ နည်းများမဆို မှတ်တမ်းတောင်းယူပေးပါခင်ဗျာ

*လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ*

MDY Revolution

25 Nov, 01:45


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November 25
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:00AM
၇၈စစ်ကိုင်းလမ်းခွဲ BOCနား ဖမ်းနေ

-8:10AM
၁၁၀(မနော်)လမ်း ၆၀ မှ ၆၃ထိ
၆၂လမ်း ၁၀၉× ၁၁၀× ၁၁၁ကြား ဖမ်းနေ

-9:20PM
၃၃လမ်း၊၈၃ မှ ၈၅ လမ်းထိ ဖမ်းနေ
၃၄× ၈၅လမ်း ဖမ်းနေ

-9:25AM
လမ်း၈၀× ၈၁လမ်း၊ ၂၆ လမ်းမှ ၂၉ လမ်းထိ ဖမ်းနေ

-9:35PM
၂၆လမ်း၊၇၇× ၇၈လမ်း ဖမ်းနေ

-9:47PM
၃၅× ၇၈လမ်း ဖမ်းနေ

-10:00AM
၃၆လမ်း ၈၀× ၈၁× ၈၂ကြား ဖမ်းနေ
၃၇လမ်း ၊ လမ်း ၈၀×၈၁ လမ်းဖမ်းနေ

-10:00AM
၆၂လမ်း စက်မှုပန်းခြံ ဖမ်းရန် ပြင်နေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

24 Nov, 21:49


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

24 Nov, 15:36


မန္တလေးမြို့🚨🚨
November-24
ဧည့်စစ်သတင်း

-10:00PM
ပုသိမ်ကြီးမြို့နယ် လက်ကောင်းရွာ ကွက်သစ် သို့ စခ၊ပခ၊ရခ အင်အား(၁၀)ယောက် ဧည့်စစ်ရင်းစစ်နေကြောင်း သတင်းရရှိပါသည်။

-10:55PM
၆၃(B) ၁၇x ၁၈ လမ်းကြား ဒေါနဘွား အကွက် (၆)ကို အင်အား ဆယ်ကောင်ခန့်ဖြင့် ဧည့်စာရင်းစစ်သွားကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

18 Nov, 03:44


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November 18
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:05AM
၃၂× ၆၆လမ်း ပတ်လည်ဖမ်းနေ

-8:45AM
ချမ်းမြသာစည်လေယာဥ်ကွင်းအဟောင်းနား ဖမ်းနေ
သူရိန်နန်းကျောင်းရှေ့ ဖမ်းနေ

-8:45AM
၃၅လမ်း ၈၆× ၈၇ကြား ဖမ်းနေ

-10:00AM
၁၁၀(မနော်)၆၅× ၆၆ကြား ဖမ်းနေ

-10:00PM
၅၈လမ်း ၁၃၂× ၁၃၃× ၁၃၄ကြား ဖမ်းနေ

-10:00AM
စစ်ကိုင်းလမ်းခွဲ BOC ဆီဆိုင်နှင့် ဂန်ရွာအဝင်လမ်းထိ ဖမ်းနေ

-10:00AM
၂၆လမ်းမြို့တော်ဥယျာဥ်မီးပွိုင့်ဖမ်းနေ

-10:00AM
၇၈× ၄၂လမ်း ဂုံးကျော်ဖမ်းနေ

-10:00AM
၁၂× ၈၁လမ်း မထသများအိုးဝေစစ်နေ

-10:30AM
၂၆လမ်း ၈၉× ၉၀ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

18 Nov, 01:53


"မေတ္တာခြုံလို့ လုံပါစေ"

ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များအတွက် အလိုအပ်ဆုံးသော အသက်ကယ်အကာအရံဟာ ကျည်ကာပဲဖြစ်ပါတယ်..

"ကျည်ကာပါလိုက်ရမှာကွာ" ရယ်လို့ စုတ်တသပ်သပ် ဖြစ်မနေရအောင် ရှေ့တန်းတိုက်ပွဲဝင်နေသည့် မိမိတို့မန္တ‌လေးသား UGညီကိုများအတွက် ပြည်သူ့မေတ္တာတွေနဲ့လွှမ်းခြုံပေးလိုက်ကြရအောင်ပါ..

လူအရေအတွက်မမျှပေမယ့် (၁၀)စုံပဲကူပါ အလှည့်ကျဝတ်ရင်း တိုက်ပါ့မယ်လို့ဆိုလာတဲ့ ရဲဘော်တွေအတွက် မင်းတို့အသက်ကိုသာတန်ဖိုးထားပေးပါ ကျန်တာငါတို့ခွန်အားရှိသလောက်ကူပါ့မယ်လို့တုန့်ပြန်‌အားပေးထားပါတယ်။ ခေတ်မကောင်းလို့ ဈေးနှုန်းတွေအဆမတန်တက်နေတာကြောင့် ကျွန်တော်တို့ကပဲ အားနာစွာနဲ့အကူညီတောင်းပါရစေ..

ကျည်ကာတစ်စုံရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း၂၀နှင့်၂၃သိန်းကြား ဖြစ်ပါတယ်။
Helmet +Vest + plateတို့ပါဝင်ပါတယ်။ လတ်တလော ကျွန်တော်တို့အနေဖြင့် မဖြစ်မနေလိုအပ်နေသော ရှေ့တန်းရဲဘော်များအတွက် ပထမအကြိမ် (၁၀)စုံ စတင်ကူညီကောက်ခံ လှုဒါန်းပါမယ်ခင်ဗျာ🙏🏻

ယခု‌တာဝန်ယူကောက်ခံ လှုဒါန်းမှုအား November 16ရက်မှ စတင်ကာ December 16ရက်နေ့အထိကောက်ခံသွားပါ့မယ်ခင်ဗျ..

ကောက်ခံရရှိသော အလှုငွေအား ကျည်ကာဝတ်စုံဝယ်ယူအပ်နှံ လှုဒါန်းပြီးသည်အထိ‌ ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ..

ပါဝင်ကူညီသူများအနေဖြင့် MDY Revolution Facebook page messenger နှင့် Telegram adminများထံတွင် ကျည်ကာကမ်ပိန်းအတွက် Kpay / Wave pay / NUG pay / SDB Bankpay တို့ဖြင့်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

ပြည်သူများ၏ မေတ္တာများခြုံလွှမ်းပေးနိုင်ပါစေ🙏🏻

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06blackMR

တို့ထံတွင် လှုဒါန်းပါ။ အလှုငွေ နည်းများမဆို မှတ်တမ်းတောင်းယူပေးပါခင်ဗျာ

*လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ*

MDY Revolution

18 Nov, 01:38


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November 18
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:05AM
၃၂× ၆၆လမ်း ပတ်လည်ဖမ်းနေ

-8:45AM
ချမ်းမြသာစည်လေယာဥ်ကွင်းအဟောင်းနား ဖမ်းရန် ပြင်နေ

-8:45AM
၃၅လမ်း ၈၆× ၈၇ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

18 Nov, 00:15


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

17 Nov, 15:07


Daily Highlight 2
November 17 (09:30 PM)

- ခင်ဦးမြို့တွင် ဆိုင်ကယ်ကို နှစ်ယောက်စီးသည်ဟုဆိုကာ စစ်တပ်ကင်းပုန်းမှ လိုက်လံပစ်ခတ်၊ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးပြော။

- မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်တပ်က ပြည်သူ့နေအိမ်များကို ဆက်လက်မီးရှို့ဖျက်စီးနေပြီး လေကြောင်းမှလည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ မြေပြင်လိုအပ်ချက်များအတွက် "တောင်ဇလပ်မြေ" ကန်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြရန် CDF-Mindat မှ ပြောခွင့်ရ ဆလိုင်းဟာအွမ် ပြော။

- ကရင်နီဒေသကို စစ်တပ်မှ အင်အား အဆမတန် တိုးချဲ့ပို့ဆောင်နေ၊ အဆိုပါ စစ်တပ်၏ တန်ပြန်ထိုးစစ်အတွက် အရေးကြီးသော KNDF B-03 နှင့် မိုးဗြဲ PDF(1001) တို့အတွက် ခဲယမ်းဖြည့်တင်းရေး "စုပေါင်းကူညီ ထောက်ပို့ကျည်" ကန်ပိန်းကို ပါဝင်ကူညီကြစေလိုကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော၊ လက်ရှိတွင် စစ်တပ်က PNO ပူးပေါင်းပြီး ပင်လောင်းနယ်မှတဆင့် ဖယ်ခုံမြို့အထိ ရှေ့တိုးလာနိုင်ခဲ့ပြီဖြစ်ပြီး မိုးဗြဲဘက်ကိုပါ ထိုးစစ်ဆင်မည့်အနေအထားရှိကြောင်း သိရ။

- ယနေ့ညနေပိုင်းက ကျွန်းလှနယ်ကို တတစ်တပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်၊ လိပ်ဆင်းတောင်ရွာမှ ကားဝပ်ရှော့၊ ကားများနှင့် နေအိမ်သုံးလုံးပျက်စီးပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရ။

- ရေးနယ်အခြေစိုက် ခမရ ၃၄၃ မှ စခတစ်ကောင် အရပ်ဝတ်ဖြင့် တော်လှန်ရေးအဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေစဥ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့မှ ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်။

- စစ်တပ်က တော်လှန်ရေးတပ်များ ထိန်းချုပ်ရာဒေသများကို ဖြတ်တောက်ပိတ်ဆို့မှုများ ပြုလုပ်နေရာ ယခုအခါ TNLA အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသော နမ့်ခမ်းမြို့မှ စစ်တပ်ထိန်းချုပ်ထားသော မူဆယ်မြို့ဘက်သို့ စက်သုံးဆီသယ်ဆောင်ခွင့် ပြန်လည်ပိတ်ပင်၊ နမ့်ခမ်းမြို့မှ ထွက်ခွာလျှင် စက်သုံးဆီအပိုသယ်ဆောင်လာမှုကို သိမ်းဆည်းထားကြောင်း၊ မြို့တွင်းသို့ ပြန်ဝင်လျှက် ပြန်ပေးကြောင်း၊ လက်ရှိတွင် မူဆယ်မြို့သို့ မှောင်ခိုလမ်း​ကြောင်းအချို့မှ ဆီဝင်ရောက်မှုရှိနေသော်လည်း တစ်လီတာ ၁၅,၀၀၀ ကျပ်ခန့်အထိ စျေးနှုန်းမြင့်တက်နေကြောင်း သိရ။

- ယမန်နေ့ညက နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ဦးမြင့်ဦးဆိုသူ စစ်တပ်ထောက်ခံသူမိသားစုနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ကရင်နီဒေသကို ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသော စစ်တပ်က ယနေ့မနက်ပိုင်းတွင် မိုးဗြဲမြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၊ လေကြောင်းမှ ဗုံးကြဲမှုရှိပြီး နှစ်ဖက်ထိခိုက်မှု ရှိ၊ တိုက်ပွဲအခြေအနေ အသေးစိတ်မသိရသေးကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- မတ္တရာနယ် ၅ ကြိမ်
- မင်းတပ်နယ် ၃ ကြိမ်
- မိုးဗြဲနယ် ၁ ကြိမ် (Source: CJ)
- ဖားကန့်နယ် ၁ ကြိမ် (Source: CJ) (မှတ်ချက်။ မြေပြင်မှ ပြန်လည်ပစ်ခတ်)
- စစ်ကိုင်းနယ် ၁ ကြိမ်
- မြင်းခြံနယ် ၃ ကြိမ်
- ကျွန်းလှနယ် ၁ ကြိမ်

(ရခိုင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)


#Thadinsubue
Crd to original uploader with respect

MDY Revolution

17 Nov, 15:07


Daily Highlight 1
November 17 (09:30 PM)

-  တော်လှန်ရေးတပ်များ စိုးမိုးထားသော ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး စသောဒေသများသို့ စက်သုံးဆီမဝင်ရောက်စေရေး စကစမှ ဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များကို စည်းကမ်းအသစ်များထုတ်ပြန်၊ ခွင့်ပြုထားသည့် ဆီပမာဏကို သတ်မှတ်နေရာအရောက် သတ်မှတ်ယာဥ်ဖြင့်သာ သတ်မှတ်လမ်းကြောင်းမှ သွားရန်၊ သတ်မှတ်နေရာအရောက်တွင် သယ်ယူလာသော ဆီပမာဏ လျော့နည်းခြင်းမရှိရန်၊ သတ်မှတ်ဆီဆိုင်တွင်သာ ရောင်းချရန် စသဖြင့် ဖိအားပေးတင်းကြပ်နေကြောင်း သိရ။

- ယမန်နေ့ည အစောပိုင်းက နောင်ချိုနယ်ကို စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ လုံစံကျေးရွာသို့ ကျရောက်ခဲ့ပြီး ပြည်သူတစ်ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရ။ ထို့ပြင် မိုးဗြဲဒေသ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၃ လုံး ပျက်စီး၊ လူသူထိခိုက်မှုမရှိ၊ အလားတူ ဖားဆောင်းနယ်ကိုလည်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရ။

- ပုလဲမြို့ကို BNRAနှင့် မဟာမိတ်တပ်များမှ  ၄ ရက်ကြာ ထိန်းချုပ်နိုင်ခဲ့၊ ဝေဟင်ပစ်ကူနှင့် ဝေဟင်မှပို့ဆောင်သော စစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၅ ဦး ဖမ်းမိ၊ သေနတ် ၂၁ နှင့် ခဲယမ်းမျိုးစုံ အများအပြားသိမ်းဆည်းရရှိ၊ မဟာမိတ်ဘက်မှ ရဲဘော် ၉ ဦး ကျဆုံးပြီး ၁၁ ဦး ဒဏ်ရာရ၊ ပူးပေါင်းတိုက်ခိုက်ခဲ့သော မဟာမိတ်တပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ပုလဲပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းတို့ကို ကျေးဇူးတင်ပါကြောင်း BNRA မှ သတင်းထုတ်ပြန်။

- ရေဦး-တန့်ဆည်အစပ်တွင် စစ်ကြောင်းထိုးနေသော စစ်ခွေးများက မုံတိုင်ပင်ရွာအပါအဝင် ကျေးရွာ ၅ ရွာကို ဆက်တိုက်ဝင်ရောက် မီးရှို့ဖျက်စီး၊ ပြည်သူဖမ်းဆီးခံရမှု ရှိမရှိနှင့် အခြားအသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ကိုထူးခန့်ဇော် ပြော။

- မြင်းခြံနယ်တွင် လှည့်လည်သောင်းကျန်းနေသော စခစစ်ကြောင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စခ ၇ ကောင်သေ၊ အများအပြား ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး၊ လက်ရှိအချိန်ထိ အဆိုပါစစ်ကြောင်းမှာ မြင်းခြံနယ်တွင် လှည့်လည်နေပြီး တော်လှန်ရေးအဖွဲ့များကလည်း လိုက်လံတိုက်ခိုက်နေသဖြင့် နေ့စဥ်တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေကြောင်း သိရ။

- ရွှေဘိုနယ်တွင် စစ်တပ်က ပြည်သူနှစ်ဦးကို ဆိုင်ကယ်ရပ်မပေးဟုဆိုကာ နောက်မှ လိုက်လံပစ်ခတ်၊ ဆိုင်ကယ်သမားနှစ်ဦးသေဆုံး၊ အမျိုးသား ၂ဦး ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ၊ သေဆုံးသွားသူနှစ်ဦးကို PDF များဖြစ်ပြီး လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရရှိသည်ဟု လိမ်လည်သတင်းထုတ်ပြန်ကာ အလောင်းကို မီးရှို့ဖျောက်ဖျက်ပစ်လိုက်ကြောင်း ဒေသခံများထံမှ သိရ။

- တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း နိုဝင်ဘာလ ပထမအပတ်တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ဦးသေဆုံး၊ ၉ ဥိးဒဏ်ရာရ၊ ၈၂ ဦးကို မတရားဖမ်းဆီးထား၊ ထို့ပြင် နေအိမ်အဆောက်အဦများစွာ မီးရှို့ဖျက်စီးခံခဲ့ရကြောင်း သိရ။

- ယနေ့ နေ့လည်ပိုင်းက ကျောက်မဲခရိုင် မိုင်းပေါ့မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၅ လုံး ပျက်စီး၊ ထို့ပြင် ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းရှိ စခများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သရက်ချိုကျေးရွာမှ ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိ၊ ပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊ လူစုလူဝေး မပြုလုပ်ကြရန် နှင့် လေကြောင်းရန်ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာကြရန် TNLA သတင်းနှင့်ပြန်ကြားရေးမှ သတိပေးထုတ်ပြန်ထား။

- မတ္တရာနယ်အနောက်ခြမ်း မြစ်ဘေးဒေသကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်တပ်က လေကြောင်းမှ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်၊ ဧရာဝတီမြစ်အတွင်းမှလည်း တိုက်သင်္ဘောနှစ်စီးဖြင့် ပစ်ကူပေးနေ၊ လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ပစ်ခတ်သံများကြားနေရသေးကြောင်း သိရ။

- ရန်ကုန်တိုင်း ပကဖ ၁ ၏ အပတ်စဥ်၂ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ပြီး ကိုနေဘုန်းလတ်အပါအဝင် တာဝန်ရှိသူများက အမှာစကားပြောကြားခဲ့ကြောင်း သိရ၊ ရန်ကုန်တိုင်း ပဖက ၁ က ယခုသင်တန်းဆင်းရဲဘော်များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရေး "မျှော်လင့်ခြင်း ရန်ကုန်" အမည်ရှိ လက်နက် ၁၀၀ ကန်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထား။

- ဖားကန့်နယ် မော်မောင်းကုန်းရွာ KBG ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်၊ မြေပြင်မှလည်း ပြန်လည်ပစ်ခတ်ခဲ့၊ ဘုရားကျောင်း ထိခိုက်ပျက်စီးပြီး လူသူထိခိုက်မှုအခြေအနေ မသိရသေး၊ ထို့ပြင် ဆယ်ဇင်းဒေသတစ်ဖက်ကမ်း ဟုမ္မလင်းနယ်ဘက်ခြမ်းတွင်လည်း စခ+SNA နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရ။ အလားတူ ဗန်းမော်နှင့် မိုးမောက်ကြား ၇ မိုင်ဒေသတွင်လည်း စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

17 Nov, 12:12


မန္တလေးမြို့🚨🚨🚨
November 17

ယနေ့ညနေ 5နာရီ ဝန်းကျင်အချိန်က စဉ့်ကိုင်တိုးဂိတ် မန္တလေးဘက်သို့အဝင်ဘက်ခြမ်းတွင် အသက်၃၀အရွယ် လူငယ်တစ်ဦးအား အရပ်ဝတ်လက်နက်ကိုင်များမှ သေနတ်ဖြင့်ချိန်ကာ ဂိတ်မဖွင့်ပဲပိတ်ဖမ်းသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

17 Nov, 06:11


မန္တလေးမြို့🚨🚨
November- 17
12:00 PM

ကြာနီကန်ရဲကင်း တွင် အထိုင်ချတပ်စွဲထားသော ရခ( ၆ )ကောင် လမ်းပေါ်ထွက်ပြီး တောင်းစားနေကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

17 Nov, 05:48


မန္တလေးမြို့🚨🚨
November- 17
12:00PM

Edit:
5:00PM တွင် ရတနာပုံဆိပ်သို့ ပြန်ကပ်လာကြောင်းသိရ။

စခ တိုက်သင်္ဘော (၂)စီး ရတနာပုံဆိပ်မှ အထက်သို့ ဆန်တက်သွားပြီး မရမ်းခြံဆိပ် ကျော်သွားပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

17 Nov, 05:45


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -17
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-11:50AM
၇၅လမ်း၊ ၃၄လမ်း × ၃၅ လမ်း ဖမ်းနေ
၃၅လမ်း၊ ၇၃ လမ်း မှ ၇၅ လမ်းထိ ဖမ်းနေ

-11:56AM
၈၆လမ်း၊ ၂၁ လမ်း × ၂၂လမ်း ဖမ်းနေ

-12:29PM
၃၅လမ်း၊၅၈လမ်း×၅၉ လမ်း ဖမ်းနေ

-1:20PM
၈၆လမ်း×၈၇လမ်း ၊ ၂၈လမ်း× ၂၉လမ်း ကြား ဖမ်းနေ

-2:30PM
အနောက်တာရိုး ဧရာထွန်းတိုက်တန်းအနီး စစ်နေ

-3:35PM
၃၃လမ်း၊ ၈၂ ×၈၃×၈၄ လမ်းထိ ဖမ်းနေ
၃၄လမ်း×၈၅ လမ်း ဖမ်းနေ

-4:00PM
၂၆ လမ်း × ၅၈လမ်း ဖမ်းနေ

-4:10PM
၆၂လမ်း × ၁၉ လမ်း ဖမ်းနေ
၆၉လမ်း× ၃၅ လမ်း ဖမ်းနေ

-4:15PM
၁၉လမ်း×၆၂လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

17 Nov, 02:04


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -17
မနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:30AM
၇၈လမ်း ရန်-မန်းလမ်း သူရိန်နန်း ကျောင်းအနီး ဆိုင်ကယ်သွားလမ်း ဖမ်းနေ

-9:00AM
၃၁လမ်း ၈၃× ၈၄ကြား ဖမ်းရန်ပြင်နေ

-9:05AM
၇၈လမ်း စက္မှုပန်းခြံနား ဖမ်းရန် ပြင်နေ

-9:38AM
၂၂လမ်း ၊ ၈၇ လမ်း × ၈၈ လမ်း ဖမ်းနေ

-9:45AM
၃၈လမ်း၊၈၁ လမ်း× ၈၂ လမ်း
၈၁လမ်း၊၃၆×၃၇×၃၈လမ်းထိ ဖမ်းနေ

-10:30AM
၃၅ လမ်း၊ ၅၈လမ်း×၅၉လမ်း×လမ်း၆၀ ထိ ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

17 Nov, 01:18


"မေတ္တာခြုံလို့ လုံပါစေ"

*လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ*

ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များအတွက် အလိုအပ်ဆုံးသော အသက်ကယ်အကာအရံဟာ ကျည်ကာပဲဖြစ်ပါတယ်..

"ကျည်ကာပါလိုက်ရမှာကွာ" ရယ်လို့ စုတ်တသပ်သပ် ဖြစ်မနေရအောင် ရှေ့တန်းတိုက်ပွဲဝင်နေသည့် မိမိတို့မန္တ‌လေးသား UGညီကိုများအတွက် ပြည်သူ့မေတ္တာတွေနဲ့လွှမ်းခြုံပေးလိုက်ကြရအောင်ပါ..

လူအရေအတွက်မမျှပေမယ့် (၁၀)စုံပဲကူပါ အလှည့်ကျဝတ်ရင်း တိုက်ပါ့မယ်လို့ဆိုလာတဲ့ ရဲဘော်တွေအတွက် မင်းတို့အသက်ကိုသာတန်ဖိုးထားပေးပါ ကျန်တာငါတို့ခွန်အားရှိသလောက်ကူပါ့မယ်လို့တုန့်ပြန်‌အားပေးထားပါတယ်။ ခေတ်မကောင်းလို့ ဈေးနှုန်းတွေအဆမတန်တက်နေတာကြောင့် ကျွန်တော်တို့ကပဲ အားနာစွာနဲ့အကူညီတောင်းပါရစေ..

ကျည်ကာတစ်စုံရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း၂၀နှင့်၂၃သိန်းကြား ဖြစ်ပါတယ်။
Helmet +Vest + plateတို့ပါဝင်ပါတယ်။ လတ်တလော ကျွန်တော်တို့အနေဖြင့် မဖြစ်မနေလိုအပ်နေသော ရှေ့တန်းရဲဘော်များအတွက် ပထမအကြိမ် (၁၀)စုံ စတင်ကူညီကောက်ခံ လှုဒါန်းပါမယ်ခင်ဗျာ🙏🏻

ယခု‌တာဝန်ယူကောက်ခံ လှုဒါန်းမှုအား ယနေ့ November 16ရက်မှ စတင်ကာ December 16ရက်နေ့အထိကောက်ခံသွားပါ့မယ်ခင်ဗျ..

ကောက်ခံရရှိသော အလှုငွေအား ကျည်ကာဝတ်စုံဝယ်ယူအပ်နှံ လှုဒါန်းပြီးသည်အထိ‌ ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ..

ပါဝင်ကူညီသူများအနေဖြင့် MDY Revolution Facebook page messenger နှင့် Telegram adminများထံတွင် ကျည်ကာကမ်ပိန်းအတွက် Kpay / Wave pay / NUG pay / SDB Bankpay တို့ဖြင့်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

ပြည်သူများ၏ မေတ္တာများခြုံလွှမ်းပေးနိုင်ပါစေ🙏🏻

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06blackMR

တို့ထံတွင် လှုဒါန်းပါ။ အလှုငွေ နည်းများမဆို မှတ်တမ်းတောင်းယူပေးပါခင်ဗျာ

MDY Revolution

17 Nov, 00:46


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

16 Nov, 16:22


မန္တလေးမြို့🚨🚨
November -16
10:50PM

၈၄လမ်း×ကန်တော်ကြီးမီးပွိုင့်အနီးရခ DC (၁)စီး၊ Mark 2 (၁)စီး ဖြင့် မီးထိုးရှာနေပြီး လမ်းသွားပြည်သူများကို စစ်နေကြောင်းသတင်းရရှိပါသည်။

Source - MR Informer
#MDYRevo

MDY Revolution

16 Nov, 16:14


မိတ္ထီလာသတင်း🚨🚨
Breaking News ‼️
November 16

မိတ္ထီလာ တကစ(၁၀)တပ်အတွင်း ယနေ့ညအစစ်ဆေးကြမ်းနေပြီး တပ်ထဲရှိ အောက်‌ခြေဝန်ထမ်းများ၊ အလုပ်သမားများအား ဖုန်းများပါ ယူစစ်နေကြောင်းသိရ၊တပ်အတွင်းအဝင်အထွက်ကန့်သတ်မှုများလည်း ယနေ့ညပိတ်ထားကာ ရှမ်းတဲ‌လေတပ်ပစ်ခတ်ခံရမှုနောက်ဆက်တွဲအား အတင်းအကြပ် ပိတ်စစ်ဆေးနေကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

16 Nov, 15:07


Daily Highlight 3
November 16 (09:25 PM)

- စက်တင်ဘာလအတွင်းက မုံရွာမြို့ နဝရက်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုံရွာ ပလဖ ထံ လာရောက်အဖမ်းခံ၊ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး အသေးစိတ်မပြောနိုင်သေးကြောင်း၊ ကျန်ရှိနေသော ကျူးလွန်သူများအနေဖြင့် အချိန်မလွန်ခင် လာရောက်အဖမ်းခံကြရန် ပလဖ တာဝန်ရှိသူတစ်ဦးပြော၊ အဆိုပါ ဓားပြမှုမှ ကျူးလွန်သူ အမျိုးသား ၃ ဦးကိုလည်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားရာ ကျူးလွန်သူ ၄ ဦး ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ။

- ယနေ့ညနေ ၅ နာရီခန့်က ကျွန်းလှနယ် ရွာကုန်းကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ နေအိမ် တစ်လုံး မီးလောင်ပျက်စီးကြောင်း ကနဦးသတင်း ရရှိထား၊ အခြား ထိခိုက်မှုအခြေအနေ မသိရသေး။

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖလမ်းနယ် ၃ ကြိမ်
- နောင်ချို ၂ ကြိမ်
- သပိတ်ကျင်းနယ် ၃ ကြိမ်
- မြင်းခြံနယ် ၄ ကြိမ်
- ကန့်ဘလူနယ် ၂ ကြိမ်
- ကျိုက်မရောနယ် ၁ ကြိမ်
- ကောလင်းနယ် ၁ ကြိမ်
- တန့်ဆည်-ကျွန်းလှနယ်အစပ် ၁ ကြိမ်
- ကျွန်းလှနယ် ၂ ကြိမ်
- နောင်ချိုနယ် ၁ ကြိမ် (Source: WES)

(ရခိုင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)

#Thadinsubue
Crd to original uploader with respect

MDY Revolution

16 Nov, 15:07


Daily Highlight 1
November 16 (09:25 PM)

- NLD အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ်ယာဥ်မျိုးစု ပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်၊ ဟိုတယ်တစ်ခုလုံးနီးပါး ပျက်စီး၊ ကနဦးက မီးပုံးပျံပျက်ကျမှုကြောင့်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သံသရဖြစ်ဖွယ်အခြေအနေများ တွေ့ရှိရ​ကြောင်း ဒေသခံများ သုံးသပ်နေကြ။

- တမူးမြို့တွင် မြို့မှ စွန့်ခွာရန်ကြိုးပမ်းသော လူငယ် အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးကို ပန်းချီချမ်းမြေ့ဆိုသူဦးဆောင်သော ပျူခွေးများက ဖမ်းဆီး၊ အဆိုပါ ပန်းချီချမ်းမြေ့ဆိုသူမှာ တမူးမြို့တွင် ပျူခွေးများကို ခေါင်းဆောင်ပြီး ထင်တိုင်းကြဲ သောင်းကျန်းနေကြောင်း၊ ၎င်းသတ်ဖြတ်ခဲ့သူများမှာ တစ်ရာမကရှိနေပြီဖြစ်​ကြောင်း၊ ဒေသခံများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရ။

- ပခုက္ကူနယ် အရှေ့ချောက်ကန်ရွာရှိ စခစစ်ဆေးရေဂိတ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စခ ၂ ကောင်သေ၊ အများအပြားဒဏ်ရာရကြောင်း သိရ။

- ကလေးမြို့ နည်းပညာတက္ကသိုလ်ထဲတွင် တပ်စွဲထားသော စခများက အနီးရှိ မြို့ကြီးကုန်းရွာကို Drone ဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အသက် ၇ နှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏ဖခင်အမျိုးသားတစ်စီး ဗုံးစထိမှန်ဒဏ်ရာရ၊ အဆိုပါ စခများမှာ နည်းပညာတက္ကသိုလ်အနီးရှိကျေးရွာများကို အကြိမ်များစွာ Drone ဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ။

- နိုဝင်ဘာ ၉ ရက်နေ့က မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့မှုတွင် အရာရှိနှစ်ကောင်အပါအဝင် ၅ကောင် ထိခိုက်ဒဏ်ရာရ၊ ရဟတ်ယာဥ်ကွင်းနှင့် အရာရှိနေအိမ်အချို့ ပျက်စီးမှုဖြစ်၊ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လေတပ်အနီးဝန်းကျင်ကို ပတ်ကင်း၊ အထိုင်ကင်းများ ချထားပြီး လုံခြုံရေးတင်းကြပ်ထား၊ အရပ်ဝတ်များဖြင့် စုံစမ်းမှုများလည်း ပြုလုပ်နေသဖြင့် တော်လှန်ရေးရဲဘော်များ သတိထားကြရန် တိုက်ခိုက်ခဲ့သော USO အဖွဲ့ တာဝန်ရှိသူတစ်ဦးပြော။ အလားတူ နိုဝင်ဘာ ၁၁ ရက်နေ့က ရှမ်းတဲလေတပ်စခန်းကို တိုက်ခိုက်ခဲ့မှုတွင်လည်း တာဝန်ပေါ့လျော့မှုကြောင့်ဟုဆိုကာ လေကြောင်းရန်ကာကွယ်ရေးတပ်မှ အရာရှိ၂ကောင်အပါအဝင် ၅ကောင်ကို အဆိုပါညနေပိုင်းတွင်ပင် နေပြည်တော်သို့ ရဟတ်ယာဥ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။

- မကွေးနယ် ကျောက်ပစ်ကုန်းရွာအုပ်ကြီး ကျော်ဦးဆိုသူက အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်၊ အဆိုပါအမျိုးသမီး၏ မောင်မှာ တော်လှန်ရေးအဖွဲ့တစ်ခုထဲသို့ဝင်ရောက်ခဲ့ရာ ကျော်ဦးက သိရှိသွားပြီး အစ်မဖြစ်သူကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း၊ ကာယကံရှင်မိသားစုက အမှုဖွင့်ရန်ကြိုးပမ်းသော်လည်း အမှုဖွင့်မရကြောင်း နီးစပ်သူများထံမှ သိရ။

- ယမန်နေ့က မိုးမောက်နယ် ကုန်းလောဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ၊ သေဆုံးသူများကို ယနေ့ သင်္ဂြိုလ်၊ ဒဏ်ရာရရှိသူများကို လိုင်ဇာသို့ပို့ဆောင်ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန်သူများရှိသဖြင့် သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရ။

- ညောင်ဦးနယ် ငါ့သရောက်ဒေသ တောပြားရွာနေ စစ်တပ်အမာခံဒေါ​က်တိုင် ကျော်မိုဆိုသူကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ နေရာတွင်ပင်သေသွားကြောင်း သိရ။ ထို့ပြင် ကျောက်ပန်းတောင်းနယ် ကုန်းပေါ်နက်ရွာအုပ်ကြီး အောင်စိုး ဆိုသူကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရ။

- ယမန်နေ့ညဦးပိုင်းက ရေဦးမြို့ တိုင်းရင်းဆေးရုံဝင်းအတွင်းရှိ စစ်တပ်ရဟတ်ယာဥ်ကွင်းကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ရဟတ်ယာဥ်ကွင်း အနည်းငယ်ပျက်စီးကြောင်း သိရ။ ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက ပခုက္ကူနယ် အနောက်ဘုန်းကန်ရွာကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပျူခွေးနှင့် စခအရာရှိများနေထိုင်သောနေရာနှင့် ရွာတွင်းသို့ ကျရောက်ပြီး စခ ပျူခွေးများ ထိခိုက်မှုရှိနိုင်၊ အရေအတွက်အသေးစိတ် စုံစမ်းဆဲဖြစ်ကြောင်း သိရ။

- လောင်းလုံနယ် မိုက်ခရိုဝေ့ကုန်းနှင့် စီမံကိန်းရုံးများတွင် တပ်စွဲထားသော စခများကို တော်လှန်ရေးအဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၃ ကောင်ထက်မနည်း သေဆုံးကြောင်း သိရ။

- ယနေ့မွန်းလွဲပိုင်းက မြင်းခြံနယ် ကွမ်းစိုက်ရွာနှင့်ကူရွာတို့ကို စစ်တပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်၊ ရွာသားများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ၊ အဆိုပါဒေသများတွင် လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုအချို့ ရှိနေသေးကြောင်း သိရ။

- နိုဝင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရွှေကျင်နယ် ကွမ်းဆိပ်ဆေးရုံ၊ ကွမ်းဆိပ်စခန်း၊ကျောက်တန်းရွာစခန်း၊ အင်္ဂနီရွာ ဆင်နှစ်ကောင်ဘုရားဝန်းစခန်း နှင့် သံဆိပ်စခန်းနေရာများကို တော်လှန်ရေးအဖွဲ့များက Drone များဖြင့် ဗုံးသီးများစွာ ကြဲချတိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ် စုံစမ်းဆဲဖြစ်ကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

16 Nov, 15:07


Daily Highlight 2
November 16 (09:25 PM)

- ရေဦးနှင့် တန့်ဆည်နယ်အစပ် ကျေးရွာများကို စခများ စစ်ကြောင်းထိုးသောင်းကျန်းနေ၊ ဒေသတွင်းကျေးရွာများမှ လူဦးရေ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ။

- ရွာငံမြို့အဝင် စခဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုအပြီး ယမန်နေ့က စခများက ရွာငံမြို့အနီးရှိ နဘန်းကြီးရွာကို ဝင်ရောက်ပစ်ခတ်စီးနင်း၊ အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား၊ရွာအတွင်း သေနတ်များ ရမ်းသမ်းပစ်ခတ်နေပြီး ရွာအနောက်ဘက် တောစပ်သို့လည်း လက်နက်ကြီးများ ပစ်ခတ်နေ၊ ရွာသားများအားလုံး ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း သိရ။

- နိုဝင်ဘာ ၁၁ ရက်နေ့က ဖြူးနယ် စိုက်တန်းခင်ရွာမြက်နီကွင်းရွာကို စခများက Drone များဖြင့် ဗုံးသီးချတိုက်ခိုက်၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ၊ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း အမှတ် ၂ တောင်ပိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်။

- ယနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့ ခလရ ၅၀ မှ စစ်ခွေးများက စိန်ဒူးရွာ၊ ဇဟောရွာနှင့် ရွာစည် ရွာတို့ကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ ဇဟောရွာမှ အမျိုးသား ၃ ဦး အမျိုးသမီး ၂ ဦး ဒဏ်ရာရ၊ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးထံမှ သိရ။

- နွားထိုးကြီး-ပြင်စီ လမ်းပိုင်းကို တော်လှန်ရေးအဖွဲ့များက ရှောင်တခင်စစ်ဆေး၊ ခရီးသည်တင်ကားတစ်စီးပေါ်မှ စခအသုံးအဆောင်ပစ္စည်းများနှင့် စခများခိုးလာသော ပြည်သူပိုင်ပစ္စည်းများ သိမ်းဆည်းရမိ၊ စခများမှာ လူမဲ့တန်ဆာအဖြစ် ခရီးသည်တင်ကားနှင့် တင်ပေးလိုက်ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF မှ သတင်းထုတ်ပြန်။

- ယနေ့ နောင်ချိုနယ် တောင်ခမ်းဒေသ အမတ ၃၅၄ နှင့် မစခ ၉၀၂ တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၃ တပ်ရင်းမှူးတစ်ကောင်နှင့် စခများသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စခ ၄ ကောင်ကိုလည်း လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထား။

- စစ်ကိုင်းနယ် တစ်အိမ်တည်းရွာကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦးအနက် တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးဖြစ်လာကြောင်း စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးပြော။

- အောက်တိုဘာလအတွင်းက စည်းကမ်းဖောက်ဖျက်မှုကျူးလွန်ခဲ့သော PDF နှစ်ဦးကို ထောင်ဒဏ်ချမှတ်၊ ပကဖ တစ်ဦးကို ရာထူးမှ ထုတ်ပယ်၊ နှစ်ဦးကို တာဝန်မှ ၆ လရပ်ဆိုင်း၊ တစ်ဦးကို စာဖြင့် ပြင်းထန်စွာ သတိပေး အရေးယူခဲ့ကြောင်း၊ MOD အနေဖြင့် မျှတသည့် တရားစီရင်မှုများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမှုများဖြင့် စည်းကမ်းသေဝပ်ပြီး ပြည်သူအားကိုးရမည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေကြောင်း NUG MOD မှ သတင်းထုတ်ပြန်ထား။

- မိတ္ထီလာနယ်တွင် စကစ က ရပ်ကျေးအုပ်ကြီးများကို စမထပါဝင်သူများကို  အိမ်တိုင်ရာရောက် လိုက်လံခေါ်ဆောင်ပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက တရားစွဲ ထောင်ချမည်ဟု ဖိအားပေးခြိမ်းခြောက်ထားကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦးထံမှ သိရ။

- နွေဦးဘဏ်၏ ဒုတိယအကြိမ်ရင်းနှီးမြှုပ်နှံမှု(ICO 2) တွင် ပြည်သူများက ၂၄ နာရီအတွင်း ဒေါ်လာ ၂.၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း နွေဦးဘဏ်မှ အသိပေးထုတ်ပြန်ထား

- ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီးများဖြင့်ပစ်ခတ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ရှုံးကောင်စီက ယမန်နေ့က နေပြည်တော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Smilling ကိုယ်တော်ကြီးရင်ပြင်တော်တွင် မီးပုံးပျံလွှတ်တင်ပွဲကျင်းပခဲ့ပြီး အဖေတော်ရုရှားမှ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး မအလနှင့်အတူ တက်ရောက်၊ 'လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ' ဟုသော စာတန်းပါ စိန်နားပန်မီးပုံးပျံတစ်လုံးကို အရှက်ကင်းမဲ့စွာ လွှတ်တင်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်သတင်းများတွင် ဖော်ပြထား။

- လက်ရှိ AA မှ တိုက်ခိုက်နေသော မောင်တော၊ အမ်း၊ တောင်ကုတ် နှင့် ဂွမြို့နယ်များကို ၉၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခပြော။

- ဂွနယ် ဂျိုင်ကောက်တံတားကို မိုင်းခွဲဖျက်စီးပြီး ဆုတ်ခွာသွားသော စခများနှင့် AA တို့ ကမ်းသာယာအနီး ရွှေဦးကွင်းရွာထိပ်တွင် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၃ ဦး သေဆုံးကြောင်း ကနဦးသတင်းများ ရရှိထား။ ထို့ပြင် စခများ ထွက်ပြေးလာရသော ဂျိုင်ကောက်ရွာကိုလည်း နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၉ နှစ် နှင့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ၇ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ၊ ဒဏ်ရာပြင်းထန်သူများ ပါဝင်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သိရ။

- ၂၀၀၉ ခုနှစ်ကတည်းက တောင်ကုတ် ကိုင်းရှည်တံတားပေါ်တွင် အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ပေးနေသော အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်ကို စစ်ခွေးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရ။

#Thadinsubue
Crd to original uploader with respect

MDY Revolution

16 Nov, 07:43


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -16
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-12:12 PM
လမ်း၆၀xလမ်း၃၀ ဒေါင့် ဖမ်းနေ

-1:25
၇၈×မြဝတီမင်းကြီးလမ်း မီးပွိုင့်တွင်ဖမ်းနေ

-1:51PM
၇၈လမ်း×စစ်ကိုင်းလမ်းခွဲ BOC အနီးဖမ်းနေ

-2:15PM
၂၉လမ်း ၈၄×၈၅ကြား One way ဖမ်းနေ


Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

16 Nov, 05:55


လွတ်လပ်သောကျောင်းသားများအစည်းအရုံး(မန္တလေးတိုင်းဌာနချုပ်)
ထုတ်ပြန်ချက်

လွတ်လပ်သောကျောင်းသားများအစည်းအရုံးဌာနချုပ်မှ ရဲဘော်များသည်
မန္တလေးမြို့ရှိ မြို့နယ်အချို့ နှင့် လူစည်ကားသောနေရာတချို့တွင်
"ဖက်ဆစ်အခက် လူထုအချက်" လှုပ်ရှားမှုကို လှုပ်ရှားခဲ့ပြီး စာရွက်များအားဖြန့်ဝေခဲ့ပါသည်။ လက်ရှိတွင် ရဲဘော်များအားလုံး ဘေးကင်းလုံခြုံရာသို့ ရောက်ရှိသွားပြီဖြစ်သည်။ လှုပ်ရှားမှုအောင်မြင်စေရန် အဘက်ဘက်မှ ပံ့ပိုးပေးခဲ့သော ရဲဘော်များ တော်လှန်ရေးညီအစ်ကိုများအား အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

"နေရာတိုင်းမှာ ငါတို့ရှိတယ်"

MDY Revolution

16 Nov, 05:46


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -16
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-12:12 PM
လမ်း၆၀xလမ်း၃၀ ဒေါင့် ဖမ်းနေ

-1:25
၇၈×မြဝတီမင်းကြီးလမ်း မီးပွိုင့်တွင်ဖမ်းနေ

-1:51PM
၇၈လမ်း×စစ်ကိုင်းလမ်းခွဲ BOC အနီးဖမ်းနေ


Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

16 Nov, 03:04


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November 16

နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:30AM
၈၄လမ်း×၃၄လမ်းထောင့် ရခ အင်အားအများအပြားရှိနေ

-9:30AM
ဗိုလ်အိမ် မီးပွိုင့် ဒေါင့် ရခ ၃ ခဖ ၁ five star ဘေး စစ်ဆေးနေ

-9:30AM
လမ်း၃၀×၆၂လမ်းဒေါင့် ဖမ်းနေ

-9:50AM
၆၂လမ်း×၃၂လမ်းဒေါင့် ရခများဖမ်းနေ

-10:30AM
၂၂×၈၇လမ်း စဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

16 Nov, 01:50


"မေတ္တာခြုံလို့ လုံပါစေ"

ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များအတွက် အလိုအပ်ဆုံးသော အသက်ကယ်အကာအရံဟာ ကျည်ကာပဲဖြစ်ပါတယ်..

"ကျည်ကာပါလိုက်ရမှာကွာ" ရယ်လို့ စုတ်တသပ်သပ် ဖြစ်မနေရအောင် ရှေ့တန်းတိုက်ပွဲဝင်နေသည့် မိမိတို့မန္တ‌လေးသား UGညီကိုများအတွက် ပြည်သူ့မေတ္တာတွေနဲ့လွှမ်းခြုံပေးလိုက်ကြရအောင်ပါ..

လူအရေအတွက်မမျှပေမယ့်(၁၀)စုံပဲကူပါ အလှည့်ကျဝတ်ရင်း တိုက်ပါ့မယ်လို့ဆိုလာတဲ့ ရဲဘော်တွေအတွက် မင်းတို့အသက်ကိုသာတန်ဖိုးထားပေးပါ ကျန်တာငါတို့ခွန်အားရှိသလောက်ကူပါ့မယ်လို့တုန့်ပြန်‌အားပေးထားပါတယ်။ ခေတ်မကောင်းလို့ ဈေးနှုန်းတွေအဆမတန်တက်နေတာကြောင့် ကျွန်တော်တို့ကပဲ အားနာစွာနဲ့အကူညီတောင်းပါရစေ..

ကျည်ကာတစ်စုံရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း၂၀နှင့်၂၃သိန်းကြား ဖြစ်ပါတယ်။
Helmet +Vest + plateတို့ပါဝင်ပါတယ်။ လတ်တလော ကျွန်တော်တို့အနေဖြင့် မဖြစ်မနေလိုအပ်နေသော ရှေ့တန်းရဲဘော်များအတွက် ပထမအကြိမ် (၁၀)စုံ စတင်ကူညီကောက်ခံ လှုဒါန်းပါမယ်ခင်ဗျာ🙏🏻

ယခု‌တာဝန်ယူကောက်ခံ လှုဒါန်းမှုအား ယနေ့ November 16ရက်မှ စတင်ကာ December 16ရက်နေ့အထိကောက်ခံသွားပါ့မယ်ခင်ဗျ..

ကောက်ခံရရှိသော အလှုငွေအား ကျည်ကာဝတ်စုံဝယ်ယူအပ်နှံ လှုဒါန်းပြီးသည်အထိ‌ ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ..

ပါဝင်ကူညီသူများအနေဖြင့် MDY Revolution Facebook page messenger နှင့် Telegram adminများထံတွင် ကျည်ကာကမ်ပိန်းအတွက် Kpay / Wave pay / NUG pay / SDB Bankpay တို့ဖြင့်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

ပြည်သူများ၏ မေတ္တာများခြုံလွမ်းပေးနိုင်ပါစေ🙏🏻

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော -
@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06blackMR

တို့ထံတွင် လှုဒါန်းပါ။ အလှုငွေ နည်းများမဆို မှတ်တမ်းတောင်းယူပေးပါခင်ဗျာ

MDY Revolution

16 Nov, 01:48


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR
@A06BlackMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

15 Nov, 15:07


Daily Highlight 3
November 15 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဖလမ်းနယ် ၂ ကြိမ်
- မိုးမောက်နယ် ၁ ကြိမ် (Source: ကချင်တောင်တန်း)

(ရခိုင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)



#Thadinsubue
Crd to original uploader with respect

MDY Revolution

15 Nov, 15:07


Daily Highlight 2
November 15 (09:30 PM)

- ယမန်နေ့ညနေပိုင်းက စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦးသေဆုံးပြီး မြတ်ရတနာဆေးရုံအပါအဝင် နေအိမ်အဆောက်အဦများစွာ ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရ။

- နိုဝင်ဘာလ ၁၃ ရက်နေ့က ဘုတလင်နယ်တွင် လှည့်လည်သောင်းကျန်းပြီး နမခသို့ ပြန်လည်ဆုတ်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ ဒုတပ်ကြပ်တစ်ကောင် သေချာပေါက်သေဆုံးပြီး စခထိခိုက်သေဆုံးမှု များပြားနိုင်၊ အဆိုပါစစ်ကြောင်းမှာ ပြည်သူ ၅၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးလာကြောင်းသိရပြီး အဆိုပါ ဓားစာခံများမှာ ယနေ့မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း သိရ။

- ရွာငံမြို့အဝင် စခစစ်ဆေးရေဂိတ်ကို တော်လှန်ရေးအဖွဲ့များက လျှပ်တပြက်ဝင်ရောက်စီးနင်းတိုက်ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မှုခင်းရဲအဖွဲ့မှ ရဲမှူးတစ်ကောင်အပါအဝင် ရခ ကောင်သေ၊ ထို့ပြင် မြို့ပေါ်ရှိ မူးယစ်တပ်ဖွဲ့ရုံးနှင့် စီးပွားရေးဘဏ်ရှေ့ ကင်းစခန်းတို့ကိုလည်း တပြိုင်တည်း ဝင်ရောက်တိုင်ခိုက်ခဲ့ရာ ရခတစ်ကောင် ထပ်မံသေ၊ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စခများက ရွာငံမြို့ပေါ်တွေ လုံခြုံရေးတင်းကြပ်ထားပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရ။

- တိုက်ပွဲဖြစ်ပွားခဲ့သော ပုလဲမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Non-CDM လေးဦးသေဆုံး၊ ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ၊ ထို့ပြင် စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေသဖြင့် စစ်ရှောင်အရေအတွက် ၂သောင်းကျော်လာပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နှင့်စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရ။

- ကန့်ဘလူနယ် သပြေသာရွာကို စခစစ်ကြောင်းမှ အကြောင်းမဲ့ဝင်ရောက် မီးရှို့၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီး၊ ပြည်သူ ဖမ်းဆီးခံရမှု ထိခိုက်မှု အခြေအနေများ မသိရသေးကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သတင်းထုတ်ပြန်။

- သာယာဝတီနယ် ရင်းတိုက်ကုန်းရွာရှိ စခများတပ်စွဲထားရာနေရာကို တော်လှန်ရေးအဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်စုံစမ်းဆဲဖြစ်ကြောင်း သိရ။ အလားတူ ရေစကြိုနယ် ဂွေးချိုပျူရွာရှိ စခများကို တော်လှန်ရေးအဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်၊ ဗုံးသီးတစ်လုံးမှာ ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စခ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ စခကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရ။

- နိုဝင်ဘာ ၁၃ ရက်နေ့က ဂွနယ် ဂျိုင်ကောက်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်နှစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး အမျိုးသား ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ၊ ထို့ပြင် စခများက ဂျိုင်ကောက်တံတားကိုလည်း မိုင်းဖောက်ခွဲ ချိုးချပြီး ဆပ်သွားဘက်သို့ ဆုတ်ခွာသွားကြောင်း သိရ။ အလားတူ နိုဝင်ဘာလ ၁၄ရက်နေ့ မနက်အစောပိုင်းက တောင်ကုတ်နယ် ရန်ခိုရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများ Drone များဖြင့် ​ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးထက်မနည်းသေဆုံးကြောင်း၊ ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ်မသိရကြောင်း၊ သေဆုံးထိခိုက်မှု ပိုများနိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရ။

- နတ်တလင်းနယ်တွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော လဝကတွင် အလုပ်လုပ်ကိုင်နေသူ ဇော်ဝင်းဆိုသူကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး၊ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်တလင်း ပဖက တာဝန်ရှိသူတစ်ဦးပြော။

- မိုးမောက်နယ် ကုန်းလောဒေသရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း စစ်ရှောင်စခန်းကို ယနေ့ညနေ ၄ နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ၊ ဒဏ်ရာပြင်းထန်သူများရှိပြီး သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း ကချင်တောင်တန်းချန်နယ်နှင့် အခြား ကချင်သတင်းရင်းမြစ်တစ်ခုထံမှ သိရ။

- မင်းကွန်းဒေသ မြသိန်းတန်စေတီတွင် တပ်စွဲထားသော စခများကို တော်လှန်ရေးအဖွဲ့များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စခ ၅ ကောင်ထက်မနည်းသေ၊ ၇ ကောင်ထက်မနည်း ဒဏ်ရာရကြောင်း တိုက်ခိုက်ခဲ့သောတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူပြော။

- မြင်းခြံနယ် ကျောက်ရံရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး  အသက် ၉ နှစ်အရွယ် သမီးဖြစ်သူနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ။

- စစ်တပ်၏ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကူအင်အားအများအပြား ရောက်ရှိလာခြင်းနှင့် ခဲယမ်းမလုံလောက်ခြင်းများကြောင့် ပုလဲမြို့မှ တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရ၊ မြို့သိမ်းမှု မအောင်မြင်ခဲ့၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး စခအချို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ။


#Thadinsubue
Crd to original uploader with respect

MDY Revolution

15 Nov, 15:07


Daily Highlight 1
November 15 (09:30 PM)

- နိုဝင်ဘာလ ၁၂ ရက်နေ့က တောင်သာနယ် ဇဂျမ်းရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် စစ်အုပ်စုဘက်မှ ၅ ကောင်သေဆုံး၊ ထို့ပြင် မြင်းခြံနယ်မှ သီတာယုမွန်၏ ပျူခွေးများပါဝင်သော စစ်ကူကား ၄ စီးကို ဖြတ်တောက်ရေးအဖွဲ့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၇ ကောင်ထက်မနည်း ထပ်မံသေဆုံး၊ စုစုပေါင်း စခ ၂၂ ကောက် သေပြီး ၁၇ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ယမန်နေ့မနက်ပိုင်းက မုံရွာမြို့ ရန်ကင်းမီးပွိုင့်ရှိ ကင်းစောင့်နေသော ရခနှစ်ကောင်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်၊ နှစ်ကောင်လုံးသေဆုံးပြီး သေနတ်တစ်လက်ရရှိ၊ ရဲဘော်များပြန်လည်ဆုတ်ခွာလာစဥ် စခများနှင့် ထိတွေ့မှုထပ်ဖြစ်ပြီး စခ ၄ ကောင်သေ၊ သေနတ်တစ်လက်ထပ်မံရရှိခဲ့ကြောင်း သိရ။

- ၂၀၂၁ အာဏာသိမ်းချိန်မှစတင်ပြီး ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ ချီဖွေဒေသတွင် တရားမဝင် မြေရှားသတ္တု တူးဖော်မှုများ အဆမတန်မြင့်တက်လာပြီးနောက် ဧရာဝတီမြစ် စီးဆင်းရာတလျောက် မြို့ရွာများမှ ရေနမူနာများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ အဆိပ်သင့်သတ္တုပျော်ဝင်မှုနှုန်း များပြားနေကြောင်း၊ ယင်းဖြစ်စဥ်ကြောင့် မြစ်ရေကို သောက်သုံးရသူများတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း၊ ထို့ပြင် မြစ်အတွင်း သက်ရှိမျိုးစိတ်များ မျိုးတုံးပျောက်ကွယ်ခြင်းနှင့် ဂေဟစနစ်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ဧရာဝတီမြစ်ကို ပြုပြင်ထိန်းသိမ်းရေးများ အမြန်ဆုံး လုပ်ဆောင်သင့်​ပြီဖြစ်ကြောင်း Myanmar Resource Watch ၏ စာတမ်းတစ်စောင်တွင် ဖော်ပြထား။

- မြန်မာနိုင်ငံသားတစ်ဦး ထိုင်းစစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားပြီးနောက် မြန်မာနိုင်ငံသားတစ်ဦးကိုသာ ကြံရာပါအဖြသ် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ကျူးလွန်ခဲ့သူများကို အရေးယူမှုမရှိသဖြင့် သမာသမတ်ကျကျ စုံစမ်းစစ်ဆေးအရေးယူပေးရန် Fortify Rights အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း သိရ။

- ရွှေဘိုမြို့တွင် အကြမ်းဖက်စခများက ကြက်သားရောင်းသူ အမျိုးသမီးတစ်ဦးနှင့် တူဖြစ်သူတို့ကို အကြောင်းမဲ့ဖမ်းဆီးပြီး ကားကိုပါ သိမ်းယူသွား၊ ထို့ပြင် ရွှေဘိုမြို့ပေါ်တွင်လည်း ချီပါရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး ၂ ဦးကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီးသွား၊ လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ်ပြတ်တောက်နေ၊ ရွှေဘိုမြို့တွင် စစ်အုပ်စုက စိုးမိုးထားပြီး ပြည်သူများကို နေ့စဥ်နှင့်အမျှ အကြောင်းအမျိုးမျိုးပြ ငွေညှစ် ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရ။

- စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၁၆ ရဲတပ်ရင်းမှ စခ ရခများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ တစ်အိမ်တည်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၊ အသက်မပြည့်သေးသည့် ယောက်ျားလေးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- ကော့သောင်းနယ် မာရမ်းရွာရဲစခန်းကို စစ်အုပ်စုက အင်အားဖြည့်တင်းပြီးနောက် ရွာအတွင်း သန်းခေါင်စာရင်းကောက်ယူ၊ ထို့နောက် ဒေသခံနှစ်ဦးကို မျက်စိပိတ်ဖမ်းဆီးပြီး ကော့သောင်းမြို့သို့ ခေါ်ဆောင်သွားကြောင်း သိရ။

- မြင်းခြံနယ် ကွမ်းစိုက်ရွာတိုက်ပွဲတွင် စစ်အုပ်စုဘက်မှ ၁၅ ကောင်ထက်မနည်း သေဆုံး၊ စစ်တပ်၏ Drone နှစ်စီးကို ပစ်ချနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ဆိုင်ထားဆဲဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များ ခဲယမ်းမလုံလောက်မှုကြောင့် ကွမ်းစိုက်ရွာမှဆုတ်ခွာပေးထားရသော်လည်း တင်းမာမှုများ ဆက်ရှိနေသေးကြောင်း၊ တိုက်ပွဲများအတွင်း စခများက ကွမ်စိုက်ရွာမှ ရွားသား ၃ ဦးနှင့် ကူရွာမှ ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲပြော။

- NUG MOD တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အောက်တိုဘာလအတွင်း စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်အပါအဝင် စစ်ဆင်ရေး ၁၅၄ ကြိမ်ရှိခဲ့ပြီး စခ ၉၄ ကောင်သေ၊ ၁၀၈ ကောင် ဒဏ်ရာရ၊ ၁၇ ကောင် လက်နက်ချအညံ့ခံ၊ လက်နက်မျိုးစုံ ၄၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးရဲဘော် ၁၃ ဦး မြင့်မြတ်စွာကျဆုံး၊ ၆၃ ဦး ဒဏ်ရာရရှိ၊ စစ်အုပ်စု၏ ရမ်းကားပစ်ခတ်မှုများကြောင့် ပြည်သူ ၈ ဦးသေဆုံး၊ ၄၉ ဦး ဒဏ်ရာရ၊ ၂၂၉ ဦး မတရားဖမ်းဆီးခံထားရကြောင်း တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထား။

- ယမန်နေ့မနက်ပိုင်းက ပခုက္ကူနယ် ​နှောကုန်းရွာကို စခစစ်ကြောင်းမှ ဝင်ရောက်စီးနင်းပြီး ရွာခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်၊ အလောင်းများကို နေအိမ်များအတွင်းထည့်ပြီး မီးရှို့၊ နေအိမ် ၁၈၇ လုံး မီးလောင်ပျက်စီး၊ မီးလောင်သွားသော နေအိမ်များမှ ပြည်သူများအတွင် ဆောင်းကာလ အနွေးထည်နှင့် စောင်များလိုအပ်နေကြောင်း ပခုက္ကူပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- စလင်းနယ် ဆင်ဖြူကျွန်းမြို့ ဆုပ်လေဦးလမ်းဆုံရှိ စခကင်းစန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စခ ၁၀ ကောင်ခန့်သေဆုံး၊ ထွက်ပြေးသွားသူများလည်းရှိ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း မင်းဘူးခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးပြော။

#Thadinsubue
Crd to original uploader with respect

MDY Revolution

15 Nov, 13:34


🗣ကိုယ့်လူတို့ရေ

⚠️ဒီနေ့မှာတော့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုနဲ့အတူ စောင့်ကြည့်မှုတွေများတဲ့ ကာလကြီးမှာ

◾️ရတဲ့နည်းလမ်း လုံခြုံစွာ ဆက်သွယ်နို်င်ဖို့ လိုအပ်ပါတယ်…

📌ဒီနေ့မှာတော့ End-To-Encryption စနစ်ပါတဝင်တဲ့ App တွေကို

📌လုံခြုံစွာ ဆက်သွယ်ရန် အသုံးပြုသင့်သည့် Communication App များ 📌 ဆိုတဲ့ အကြောင်းအရာလေးနဲ့ဆွေးနွေးထားပါတယ်…

MDY Revolution

03 Nov, 08:29


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -3
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-2:50PM
အနောက် မြို့ပတ်လမ်း ရှမ်းလေးကျွန်း မြောက်ဘက် သံဃာဆေးရုံအနီး ဖမ်းနေ

-4:00PM
၃၅လမ်း၊၈၅ လမ်း× ၈၆ လမ်း ဖမ်းနေ

-4:08PM
၂၆လမ်း၅၇လမ်း×၅၈လမ်းကြားဖမ်းနေ

-5:44PM
၆၈လမ်း×၁၂၅ လမ်း ​ငွေ​တော်ကျီကုန်း ရပ်ကွက်ရုံး အနီးပသစ၊စခ အင်အား (၁၀) ​ကောင်​ စစ်နေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

03 Nov, 02:44


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

November -3
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:10AM
ရန်-မန်းလမ်း သူရိန်နန်းကျောင်း ရှေ့ ရခ၊ဘဲဥ ဖမ်းနေ

-9:25AM
၄၂လမ်း ၈၁× ၈၂ကြား ဖမ်းနေ

-9:50AM
လမ်း ၈၀၊ ၂၂ လမ်း×၂၃ လမ်းကြားဖမ်းနေ

-9:54AM
၇၃လမ်း× ၁၁၃လမ်း စခ များ စစ်နေ

-9:57AM
၂၆လမ်း× ၈၉ လမ်းရဲစခန်း အနီး ဖမ်းနေ

-10:00AM
၁၉ သံလမ်း ရေနီမြောင်း မီးပွိုင့် ဘဲဥ ရခများ ဖဖ်းရန် ပြင်နေ

-11:30AM
၃၅လမ်း×၇၇ လမ်း ဖမ်‌းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

03 Nov, 02:13


မန္တလေးမြို့🚨🚨
November-3
Delayed
8:00AM

စခ Sino Truck (၃)စီးအင်အား (၆၀) ယူနီဖောင်းအပြည့် အထုပ်များပါပြီး မန္တလေး-ပြင်ဉီးလွင် လမ်းအတိုင်း မန်းလေးဘက်သို့ ဦးတည်ဆင်းသွားကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

03 Nov, 01:59


"မန်း‌မြေပြင်အဖွဲ့များအတွက် လစဥ်အလှူ"
====================
ကျွန်တော်တို့Teamမှ မြေပြင်အဖွဲ့များအတွက်လစဥ်အလှူခံ (၅)ရက်္‌ေမြာက်နေ့ပါခင်ဗျ

အခက်အခဲရှိနေတဲ့ မြေပြင်အဖွဲ့တွေဆီ လစဉ်ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်ခင်ဗျာ

မြို့သိမ်းတိုက်ပွဲတွေ နီးကပ်လာသည်နှင့်အမျှ ကိုယ်တိုင်မပါဝင်လိုက်ရခြင်း မရှိရလေအောင် တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြစေလိုပါတယ်ခင်ဗျ

အလှုငွေအား October (30)ရက်နေ့မှ November (14)ရက်နေ့အထိသာ ကောက်ခံသွားပါမယ်ခင်ဗျာ

လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ဖို့ ကျွန်တော်တို့Pageမှသေချာစီစဥ်ထားပါတယ်ခင်ဗျ
မိဘပြည်သူများဘက်မှလဲ လုံခြုံရေးအရမေးမြန်းခြင်းကို နားလည်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin ဖြစ်သော

@A04OrangeMR

အကောင့်တစ်ခုထဲထံတွင်သာ ကူညီလှူဒါန်းပေးပါခင်ဗျာ🙏

မန္တလေးသမိုင်းမရိုင်းဖို့အားလုံးတူတူကြိုးစားကြရအောင်ခင်ဗျာ

ကျန်းမာဘေးကင်းကြပါစေ ✊️✊️✊️
#MDYRevolutionTeam
#လစဥ်အလှူ

**မလှူခင် အကောင့်အရင်တောင်းပေးပါခင်ဗျာ

MDY Revolution

02 Nov, 23:42


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

02 Nov, 10:14


မန်း-မတ္တရာသတင်း🚨🚨
November 2
04:18 PM

စခကားကြီး Sino truck တစ်စီး အိတ်အပြည့် (ဆန်အိတ်ယူဆ) တင်ပြီး မတ္တရာဘက်သို့ မောင်းသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

02 Nov, 07:17


👀 ကိုယ့်လူတို့ရေ........

❗️ အဖက်ဖက်ကနေ စောင့်ကြည့်ခံနေရတဲ့ ဒီလိုအချိန်ကာလမှာ အင်တာနက်ပေါ်မှာ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ နှင့် ကိုယ့်ကို ပစ်မှတ်ထား စောင့်ကြည့်ခံရတာတွေ ကနေရှောင်ရှားကာကွယ်နိုင်ဖို့ လုံခြုံရေးကို အထူးပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။

❗️ ကိုယ့်ရဲ့ လုံခြုံရေးကိုကိုယ်တိုပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေကို မျှဝေပေးလိုက်ပါတယ်။

❗️ လုံခြုံရေးပြင်ဆင်ချက်များကိုဖတ်ရှုပြီးလိုက်ပါဆောင်ရွက်ပြင်ဆင်ထားဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။

MDY Revolution

02 Nov, 06:47


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

NOV 2
ညနေခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:00PM
၄၁လမ်း ၆၀ မှ ၆၄ထိ ဖမ်းနေ

-3:50PM
၂၉လမ်း၈၄×၈၅ကြား One way ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

02 Nov, 02:52


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

NOV 2
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-7:50AM
၆၂လမ်း ၁၂၇× ၁၂၈× ၁၂၉ ကြား ဖမ်းနေ

-7:30AM
ပသကလမ်းဦးစီးများ ( ရုံးတစ်ခုခုရှေ့တွင်)ဌာနဆိုင်ရာအစုံ ဝတ်စုံပြည့်ဖြင့် ဖော်ရှိုးလုပ်ရန် ပြင်ဆင်နေ

-9:00AM
၇၈× ၃၆လမ်း ရခ၂၊ ခဖ၁ ရောက်နေ

-9:20AM
၈၄× ၃၁လမ်း ဖမ်းနေ

-10:10AM
၁၁၀(မနော်) ၆၅× ၆၆ကြား ဖမ်းနေ

-11:00AM
၁၁လမ်း ၈၀×၈၁ကြားတွင် စခများသောင်းကကျန်းနေပြီး ကိုယ်ထိလက်ရောက် ပြုမူနေတယ်လို့သိရ

-12:00PM
၂၉လမ်း ၈၅× ၈၆ကြား ဘေးတွဲ၊တလမ်းမောင်းများ ရခ၊ ဗျိုင်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

02 Nov, 02:30


"မန်း‌မြေပြင်အဖွဲ့များအတွက် လစဥ်အလှူ"
====================
ကျွန်တော်တို့Teamမှ မြေပြင်အဖွဲ့များအတွက် လစဥ်အလှူခံတာ ၄ရက်မြောက်ပါပြီခင်ဗျ (မနေ့ကထိလှုသူ နည်းပါးနေပါသေးတယ်ဗျာ)

မြေပြင်မှာအမှန်တကယ်လိုအပ်နေတဲ့ အဖွဲ့တွေဆီ လစဉ်ကူညီပေးနေတာဖြစ်ပါတယ်။ အခက်အခဲရှိနေတဲ့ မြေပြင်အဖွဲ့တွေဆီ လစဉ်ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်ခင်ဗျ

မြို့သိမ်းတိုက်ပွဲတွေ နီးကပ်လာသည်နှင့်အမျှ ကိုယ်တိုင်မပါဝင်လိုက်ရခြင်း မရှိရလေအောင် တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြစေလိုပါတယ်ခင်ဗျာ

အလှုငွေအား October (30)ရက်နေ့မှ November (14)ရက်နေ့အထိသာ ကောက်ခံသွားပါမယ်ခင်ဗျာ

လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ဖို့ ကျွန်တော်တို့Pageမှသေချာစီစဥ်ထားပါတယ်ခင်ဗျ
မိဘပြည်သူများဘက်မှလဲ လုံခြုံရေးအရမေးမြန်းခြင်းကို နားလည်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ယနေ့ပါဝင်ကူညီလိုပါက
MDYRevolution Page Messengerနှင့်
Telegram admin များဖြစ်သော

@A01RedMR
@A03YELLOWMR

အကောင့်နှစ်ခုထံတွင် ကူညီလှုဒါန်းပေးပါခင်ဗျာ🙏

မန္တလေးသမိုင်းမရိုင်းဖို့အားလုံးတူတူကြိုးစားကြရအောင်ခင်ဗျာ

ကျန်းမာဘေးကင်းကြပါစေ ✊️✊️✊️
#MDYRevolutionTeam
#လစဥ်အလှူ

**မလှုခင် အကောင့်အရင်တောင်းပေးပါခင်ဗျာ

MDY Revolution

02 Nov, 00:09


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

26 Oct, 08:23


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 26
နေ့ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:00PMနောက်ပိုင်းအဖမ်းသတင်း

-၇၆လမ်း၊၁၁×၁၂လမ်းကြားဖမ်းနေ

-ပြင်ဦးလွင်အတက်အဆင်း ၁၆ မိုင်အနီး အကျဥ်းဦးစီးရှေ့အင်အားများဖမ်းနေ

-၁၁၅လမ်း ၇၃×၇၄ကြား ဖမ်းနေ

-လမ်း၃၀×၈၁လမ်း ဖမ်းနေ

-၃၅×၆၆လမ်း ဖမ်းနေ

-၈၄လမ်း၊၃၁×၃၂×၃၃ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

26 Oct, 04:52


ပြင်ဦးလွင်မြို့သတင်း🚨🚨
October 26

ပြင်ဦးလွင်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းတချို့နှင့်Wifiလိုင်းတစ်ချို့ ပြတ်တောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

26 Oct, 01:36


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 26
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:00AM
၆၂× ၁၀၇လမ်း ဗျိုင်း၊ ရခများ ဖမ်းနေ

-9:20AM
လမ်း၃၀ ၆၀ မှ ၆၃ထိ ဖမ်းနေ

-10:00AM
၁၁၇လမ်း ၇၄× ၇၅ကြား စံရှားတပည့်ပျူများ စစ်နေ

-10:05AM
၄၁လမ်း ၈၁× ၈၂ကြား ဖမ်းနေ

-10:10AM
၁၉လမ်း သံလမ်း တပြပတ်လည် ဖမ်းနေ

-10:20AM
၇၃× ၃၈လမ်း မထသများ အိုးဝေ ဖမ်းနေ

-11:50AM
၇၆လမ်း ၁၁× ၁၂ကြား ဖမ်းနေ

-12:00PM
၃၈× ၈၁လမ်း ဖမ်းနေ

-12:00PM
၁၁၅လမ်း ၇၃× ၇၄ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

25 Oct, 22:51


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

25 Oct, 08:32


မန္တလေးမြို့🚨🚨
October 25

2:12PM အချိန်က မန္တလေးနန်းတွင်းမှ စစ်ရဟတ်ယာဉ်တစ်စီး အနောက်မြောက်ဖက်သို့ ပျံတက်ကာ 2:49PM တွင် နန်းတွင်းထဲသို့ ပြန်ဆင်းသွားကြောင်း သတင်းရရှိပါသည်။

Source -MR
#MDYRevo

MDY Revolution

25 Oct, 06:54


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 25
ညနေခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:15PM
၃၇လမ်း ၇၃× ၇၄ကြား ဖမ်းနေ

-1:20PM
၈၅လမ်း ၂၈× ၂၉ကြား စည်ပင်၊စည်ပင်ရဲ One Way ဖမ်းနေ
(တောင် မှ မြောက် မဝင်ရ)

-1:40PM
၇၈ရနိမန်းလမ်း BOCဆီဆိုင်နား ဆိုင်ကယ်လမ်း ဖမ်းနေ

-3:15PM
၂၆× ၇၇လမ်း တောင်ဖက်ခြမ်း ဖမ်းဖို့ ပြင်နေ

-4:10PM
၈၁လမ်း ၂၄× ၂၅ကြား ဖမ်းနေ

-4:30PM
၅၈× ၂၆လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

25 Oct, 03:50


🔺ပြင်ဦးလွင်သို့ တော်လှန်ရေးတပ်များ ချဉ်းကပ်လာပြီဖြစ်၍ စစ်ကောင်စီ၏ ထောက်တိုင်နှင့် စီးပွား‌ ရေးသမားများ၏ အချက်အလက်များ ပေးပို့ကြရန် SSTF တောင်းခံ🔺

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သော စီးပွား‌ရေး သမားများနှင့် ဒေါက်တိုင်များ၏ အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြင်ဦးလွင် ပြည်သူ့ရဲတပ်ဖွဲ့က တောင်းခံလိုက်ပြီး သတင်းပေးသူများကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) ထံမှ သိရပါတယ်။

ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် အပေါင်းပါများဖြစ်သော ၎င်းတို့ကို ထောက်ပံ့ကူညီနေသည့် စီးပွား‌ရေးသမားများ၊ စစ်တပ် ထောက်တိုင်များ၊ စစ်တပ် သတင်းပေးများ၊ စစ်လော်ဘီများနှင့် ပျူစောထီးများကို တရားဥပဒေနှင့်အညီ အရေးယူပြီး ထိထိရောက်‌ရောက် အပြစ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း၊

စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူများ၏ အချက်အလက်များကို ပေးပို့လာသူများအတွက် သတင်းအချက်အလက် ပေါ်မူတည်ပြီး ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ပြင်ဦးလွင်မြို့ လွတ်မြောက်သည့်အခါ NUG အစိုးရ၏ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲ တပ်ဖွဲ့ လက်အောက်ခံ SSTF (ပြင်ဦးလွင်) အထူးတပ်ဖွဲ့က ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊

သတင်းပေးပို့လိုသည့် ပြည်သူများ အနေဖြင့် t.me/SSTFMyanmarAdmin တယ်လီဂရမ်ကို ဆက်သွယ်နိုင်ပြီး https://www.facebook.com/people/Pyin-Oo-Lwin-SSTF/100072466938866/?mibextid=ZbWKwL Facebook Page ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။

#4C_TruthNews

MDY Revolution

25 Oct, 03:17


မင်္ဂလာပါ💙

ဂန်းတစ်လက်  Projectအတွက် Profile Frame လေးတွေဆင်တူချိန်းပြီး အလှူရှင်ကူရှာပေးကြပါဦးခင်ဗျာ။လုပ်ရမယ့် အဆင့်လေးတွေက

၁။ အောက်ပါ Link ကို ဝင်ပါ။

https://twb.nz/guntalattproject250

၂။ Upload ကိုနှိပ်ပါ။

၃။ မိမိထားလိုသော ပုံကို ရွေးပြီး Frame အတွင်း ဝင်စေရန် Adjust လုပ်ပါ။

၄။ စိတ်တိုင်းကျလျှင် Download လုပ်ပါ။

၅။ Save ပေါ်လာလျှင် Save လိုက်ရင် ရပါပြီ။

၆။ မိမိ Profile Frame အား ခုနက Save ထားတဲ့ ပုံလေး ပြောင်းလိုက်ပြီး ဒီစာကို Copy & Paste နဲ့ ပြန်ကူးတင်ပေးပါ။

#ထွေလီကာလီတပ်ဖွဲ့ #LCTW #ဂန်းတစ်လက်
#စက်ရုံထုတ်M16
#ကိုရာဇူး #letsclicktowin
#Traylikarli #yarzuu

MDY Revolution

25 Oct, 03:16


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 25
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:40AM
၈၄လမ်း ၃၉× ၄၀ကြား ဖမ်းနေ

-9:49AM
၅၈× ၁၂၀လမ်းဖမ်းနေ

-10:00AM
၇၈လမ်း ၁၁၆× ၁၁၇ကြား စစ်နေ

-10::00AM
လမ်း၃၀× ၈၄လမ်း ရခသီးသန့် စစ်နေ

-10:10AM
၁၁၀(မနော်) × ၆၅လမ်း ဖမ်းနေ

-10:25AM
၂၆× ၈၉လမ်း
၂၆× အနောက်ပိုက်ကျုံး ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

25 Oct, 00:01


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

24 Oct, 13:01


မန္တလေးမြို့🚨🚨
October-24
ညပိုင်းစစ်ဆေးသတင်းများ

-7:30PM
၆၃လမ်း×၂၃လမ်း ပျူ၊ ရခအင်အား ၂၀ခန့်ဖြင့် စစ်နေ

Source- MR Informer
#MDYRevo

MDY Revolution

24 Oct, 07:25


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 24
ညနေခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-12:30PM
၅၈လမ်း ၁၃၁× ၁၃၂× ၁၃၃ကြား ဖမ်းနေ

*2:40PM
၅၈× ၁၁၀(မနော်) ဖမ်းနေ
၆၀× ၁၁၀(မနော်) ဖမ်းနေ

-3:20PM
၈၁လမ်း ၂၄× ၂၅ကြား ဖမ်းနေ

-3:35PM
လမ်း၈၀ ၂၂× ၂၃ကြား ဖမ်းနေ

-3:40PM
၃၅လမ်း ၆၉× ၇၀ကြား ဖမ်းနေ

-3:45PM
၄၈× အရှေ့မြို့ပတ်လမ်း ရခ၊ဗျိုင်း ဖမ်းနေ

-4:10PM
၃၅လမ်း ၈၉× ၉၀ကြား စစ်နေ

-4:20PM
၆၈လမ်း ၁၁၉× ၁၂၀ကြား ဖမ်းနေ

-4:30PM
၇၄လမ်း ၁၁၅× ၁၁၆ကြား ရခ၊ဗျိုင်း ဖုန်ူပါယူစစ်နေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

24 Oct, 01:34


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 24
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:00AM
၇၄× ၁၁၅လမ်း ရခ၊ဗျိုင်း၊ စခများ ဖမ်းနေ

-9:00AM
၇၃× ၁၁၀(မနော်) Ocean ကွေ့ တူးဘောက်ဖွင့်စစ်နေ

-9:45AM
၁၉× ၆၂လမ်း ဖမ်းနေ

-11:00AM
၇၃လမ်း ၃၅မှ၃၇ထိ ဖမ်းနေ

-11:20AM
၃၅လမ်း ၆၉× ၇၀ကြား ဖမ်းနေ

-11:20AM
ဦးပွါးဂုန်းကျော် ဖမ်းနေ

-11:45AM
၁၉လမ်း နန်းရှေ့ သံလမ်းထိပ် ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

24 Oct, 00:32


မန္တလေးမြို့🚨🚨
October-24
6:00PM

၇၈လမ်း×၁၁၅လမ်းရှိ စခအင်းဝဘဏ် ဖွင့်ပွဲအတွက် ခွေးများ ၁၁၅ လမ်း×၇၈လမ်းမီးပွိုင့်ထောင့်တွင် insideကားအဖြူ(၁)စီး၊honda fitအဖြူ(၁)စီး ၊MarkII ငွေရောင် (၁)စီး၊ဘဲဥ(၃)ကောင်နှင့်ဘုန်းကြီးကျောင်းမုဒ်ဝရှေ့တွင် စခ(၄)ကောင် လခရယူပေးနေကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevou

MDY Revolution

23 Oct, 23:44


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

23 Oct, 15:47


- လက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်း ဒါနာ အဖြစ်ရောက်ရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ဖွယ် မရှိပါ။

- အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဒါနာ၏အရှိန်ကြောင့် ယနေ့နှင့် မနက်ဖြန် နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပါသဖြင့် ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်းများအနီး နေထိုင်သူများအနေဖြင့် သတိပြုနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။


#Thadinsubue

MDY Revolution

23 Oct, 13:40


မန္တလေးမြို့🚨🚨
October-23
ညပိုင်းစစ်ဆေးသတင်းများ

-7:15PM
၇၈လမ်း×၃၈လမ်း ရတနာပုံခန်းမရှေ့ စခများ မှောင်ရိပ်ခိုစစ်နေ

Source- MR Informer
#MDYRevo

MDY Revolution

23 Oct, 13:02


မန္တလေးမြို့🚨🚨
October-23
Delayed
5:50PM

စက်လက်နက် တင်ထားသော စခ Hilux (၄)စီး၊Landcruiser (၂)စီး တစီးအင်အား ၆ယောက် ၇၈ ရန်မန်းလမ်းမှ ၁၁၅ လမ်းသို့ကွေ့ပြီး  အရှေ့ဘက်သိူ့ ဦးတည်မောင်းသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevou

MDY Revolution

23 Oct, 10:39


မန္တလေးမြို့🚨🚨
October 23

-4:40PM
၇၈ရန်မန်းလမ်းအတိုင်း မြို့ထဲသို့ အမဲရောင်(ဒီဇယ်) ဆီဘောက်ဆာကား ၁၀စီး မောင်းဝင်လာကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

23 Oct, 06:45


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October 23
နေ့ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:14PM
၄၁လမ်း၆၆× ၆၇× ၆၈အထိ ခွေးဖြူ၊စခ အင်အားအများပြားဖြင့် အကုန်ဖမ်းနေ

-2'45PM
လမ်း၁၂၀ ၅၇× ၅၈ကြား ဖမ်းနေ

-3:15PM
၃၅လမ်း ၆၈× ၆၈ကြား ဖမ်းနေ

-3:40PM
၁၀၁(သိပ္ပံ)လမ်း ၆၈× ၆၉ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

20 Oct, 23:25


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

20 Oct, 06:02


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October-20
နေ့လည်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-11:34PM
၂၈လမ်း၊၈၁ လမ်း× ၈၂လမ်းကြား ဖမ်းနေ

-12:00PM
၇၉လမ်း၊၂၆လမ်း × ၂၇လမ်းကြား မထသ များ(အိုးဝေ)ဖမ်းနေ

-2:12PM
၈၁လမ်း× ၃၄ လမ်း ထောင့် ရခ များ ဖမ်းနေ

-4:44PM
မြဝတီမင်းကြီးလမ်း၊ လမ်း ၇၀× ၇၁လမ်းကြား စခ များ ညာဘက်ခြမ်း စစ်နေ

-5:10PM
၇၉လမ်း၊၂၇လမ်း×၂၈လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

20 Oct, 03:38


မန္တလေးမြို့🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

October-20
မနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-10:05AM
၆၂လမ်း×၁၃၄လမ်း စခ အင်အား(၂၀) လာသမျှ ဆိုင်ကယ်၊ကား စစ်နေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

MDY Revolution

20 Oct, 00:44


စစ်ကိုင်း-မင်းကွန်းသတင်း🚨🚨
October 20
7:00AM

စစ်ကိုင်း-မင်းကွန်းလမ်း ခိုတောင်ရွာမရောက်ခင် ကြက်ထောက်ရွာအနီး စခအင်အား (၇)ကောင်ခန့် လာသမျှကား၊ဆိုင်ကယ် အကုန်စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

20 Oct, 00:36


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

19 Oct, 16:29


မန္တလေးမြို့🚨🚨
October 19

ယနေ့ မန္တလေးပြည်ကြီးတံခွန် ၄၆လမ်းဘက်တွင်ရှိသော TW ဂိုထောင်အား တရားမဝင်ပစ္စည်းတွေ ရောင်းတယ်ဟုဆိုကာ ဝင်ဖမ်းသွားကြောင်း၊ယခင်ရှေ့ရက်ကလည်း ၅၆လမ်းဘက်ရှိ လျှပ်စစ်ပစ္စည်းဂိုထောင်အားအထောက်အထားမပြနိုင်လို့ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။
ထိုဖမ်းဆီးမှုများအား ၇၈လမ်း အကောက်ခွန်ရုံးနှင့် စီး/ကူးရုံးမှ ဦးဆောင်ကာ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ လခရယူပေးကြောင်းသိရပါသည်။
ဂိုထောင်တစ်ခု ဝင်ဖမ်းလျှင် သိန်းထောင်ကြီးပိုင်းရကာ တစ်ခါမိလျှင် Custom ရုံးအား ဂိုထောင်၏ တန်ဖိုး၄၀% ပေးရကြောင်းသိရပါသည်။ ထို Custom ရုံးများတွင် အောက်ခြေအဆင့်ဝန်ထမ်းသည်ပင် Iphone ပဲကိုင်ကြောင်း၊ပြည်တွင်းအခွန်ရုံးသည် နိုင်ငံတော်အတွက် ငွေရှာပေးခြင်းမရှိသလောက်ပင် အိတ်ထဲထည့်ကြကာ စီးပွါးဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

19 Oct, 11:47


မန္တလေးမြို့🚨🚨
October-19
ညပိုင်း စစ်ဆေးသတင်းများ

-6:15PM
၇၉လမ်း၊၂၇ လမ်း× ၂၈လမ်းကြား စခများ စစ်နေ

-8:00PM
၂၈လမ်း၊၈၁လမ်း×၈၂လမ်းကြားစစ်နေ

-9:43PM
၁၉လမ်း(ကန်လည်)×တဲကုန်းလမ်းရွာထိပ် စခ၊ရခများ စစ်နေ

Source -MR Informer
#MDYRevo

MDY Revolution

19 Oct, 03:05


Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို ယမန်နေ့ ညနေပိုင်း ပစ်ခတ်ခံရကြောင်း မန္တလေးရှိ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းအကြား ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲသံလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ စစ်နှင့်ပျူစောထီးများ လိုက်ပါသော Double Cab စစ်ကားတစ်စီးမှာလည်း အတင်းမောင်းပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတည်ရှိသော နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဂိတ်ချ စစ်ဆေးမှုများ၊ ကင်းလှည့်မှုများ မကြာခဏဆိုသလိုရှိနေရာ ယမန်နေ့ ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားချိန်တွင်လည်း မန္တလေးမြို့ပေါ်တွင် စစ်တပ်နှင့်ပျူစောထီးများ ဂိတ်ချမှုများနှင့် ကင်းလှည့်မှုများရှိနေချိန်ဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ လမ်းများကို စစ်ကောင်စီတပ်များက လာရောက်ပိတ်ဆို့သွားကြောင်း သိရှိရသည်။

"အဲဒီဘက်နားတွေက အင်မတန်လုံခြုံရေးတင်းကျပ်တဲ့နေရာတွေပါ။ မနေ့ည နေ ၅ နာရီ ၅၀ ဝန်းကျင်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ အဲဒါပြီးတော့ ပြည်သူ့စစ်တွေ လိုက်ပါလာတဲ့ DC စစ်ကားတစ်စီး အတင်းမောင်းပြေးသွားတာ။ အခင်းဖြစ်တဲ့နေရာကိုသွားတာမဟုတ်ဘူး။ တရုတ်ကောင် စစ်ဝန်ချုပ်ရုံးနဲ့ ဆန့်ကျင်ဘက်ကို မောင်းပြေးတာ။ အဲဒီဘက်က လာတဲ့သူတွေကို မေးကြည့်တော့မှ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို DC စစ်ကားပေါ်ကနေ ပစ်သွားတာလို့ ပြောကြတယ်" ဟု ယမန်နေ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိရသူတချို့နှင့် စကားပြောခဲ့သော မန္တလေးသားတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ညနေပိုင်း မန္တလေးတရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနီးရှိ လမ်းများ ယာ ယီ ပိတ်သွားခဲ့ပြီးနောက် ယင်းအနီးအနားသို့ သွားရောက်ရန်ခက်ခဲသွားသဖြင့် ပစ်ခတ်ခံရပြီး နောက်ဆက်တွဲ အခြေအနေများ မသိရှိရတော့ကြောင်း၊ စစ်ကောင်စီနှင့် တရုတ်သံရုံး နှစ်ဖက်စလုံးကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။

မန္တလေးတွင် မဘသများ၊ အမျိုးသားရေးအစွန်းရောက်များနှင့် ပျူစောထီးများက တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးကို MNDAA၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်သွားခဲ့သည်ဟုဆိုကာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ တရုတ်သံရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

MDY Revolution

19 Oct, 02:51


မန္တလေးမြို့🚨🚨
October 19

ယမန်နေ့က အောင်ပင်လယ်ရဲစခန်းတွင် ခိုးဆိုးနှိုက်အပါအမှုစုံဖြင့် ဖမ်းချုပ်ထားသည့်အချုပ်သားအားလုံး စစ်မှုထမ်းရန်အတွက် နန်းတွင်းသို့ပို့လိုက်ကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

18 Oct, 22:31


MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A05FPurpleMR

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team

MDY Revolution

18 Oct, 14:41


မန္တလေးမြို့🚨🚨
October-18
-9:00PM

၅၈လမ်း× ၃၆ လမ်းထောင့် ဓမ္မာရုံ‌တွင် စခ၊ပခ အင်အား(၂၀)ရောက်နေပြီး လာသမျှ လမ်းသွားပြည်သူများကို စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

MDY Revolution

18 Oct, 14:19


ပုသိမ်ကြီးမြို့နယ်သတင်း🚨🚨
October 18
-8:40PM

ပုသိမ်ကြီးမြို့နယ် အုန်းချောလမ်းဆုံ ရတနာလင်း စားသောက်ဆိုင် ရထားလမ်းကူးအကျော်ရှိ မှောင်ရိပ်ထဲတွင် အိမ်စီး ကား၃စီးနှင့်(မန္တလေး -ပြင်ဦးလွင်အတက်လမ်းဘက်)တွင် ကင်းပုံးဝပ်စောင့်နေကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

MDY Revolution

18 Oct, 11:34


မန္တလေးမြို့🚨🚨
October-18
-5:57PM

စခ (အရပ်ဝတ်များပါ‌သော) မိုးကာအုပ် ဆယ်ဘီးကား နှစ်စီး (အင်အားအပြည့်)မန္တလေး မှ မတ္တရာ ဘက်သို့ ဦးတည်မောင်းသွားကြောင်း သတင်းရရှိပါသည်။

MDY Revolution

18 Oct, 03:52


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏
ထိန်းချုပ်စိုးမိုးနယ်မြေများအတွင်း ပြုလုပ်ခဲ့သည့်
သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲများမြင်ကွင်းများ

၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၁၈)ရက်