ကိုထင် (ခ) လင်းမြတ် @koko_htinhtin Channel on Telegram

ကိုထင် (ခ) လင်းမြတ်

@koko_htinhtin


ဟိုဟို သည်သည် ဒီမှာပွါးတော့မယ်။

ကိုထင် (ခ) လင်းမြတ် (Burmese)

ကိုထင် (ခ) လင်းမြတ် သည် နောက်ဆုံးအခါမှာ ပုံမှန်အခြား စားပွဲနှင့် အစီအစဉ်များကို ရယူရန် အလွယ်တကူ ရှားပုံမှန် ရှာဖွေတဲ့ ကိုထင် (ခ) လင်းမြတ် မြင်ရမည်။ ဒီ channel သည် ဟိုဟို သည်သည် ဒီမှာပွါးတော့မယ်။ ကိုထင် (ခ) လင်းမြတ် channel သည် စားပွဲနှင့် အစီအစဉ်များ၊ ဟိုစားပွဲများ၊ ဟိုစားရေး၊ ပြန်ကြားချက်များနှင့် နောက်ဆုံးကြဉ်ပါတိုင်များမှ အလွယ်ဆုံးရစေချင်ရှိပါသည်။ သို့သော် channel တစ်ခုဖွင့်ပြီး အနည်းငယ် စားပွဲရရှိမျိုးမျိုးကို ရှာဖွေတဲ့ အခါမှ အင်တာနှင့် လူတွေနှင့် အတူတူ တားမားမှုများအား ပြလေ့ရှိပါသည်။ ကိုထင် (ခ) လင်းမြတ် ဆုံးရှင်ကို လေ့လာနိုင်ပါသည်။

ကိုထင် (ခ) လင်းမြတ်

02 Dec, 06:06


မျှော် …
***

အဆစ်တို၏ “ကြိုးစင်ရောက်မှနားမယ်” နှင့်အခြားဝတ္ထုတိုများ၊ ICC စာပေမှ မကြာမှီထွက်ပါတော့မည်။ “မျှော် !!!!!”

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

01 Dec, 15:43


ကြိုဆိုပါ၏
*******
ထိုင်ဝမ်သမ္မတ၏ အမေရီကန်ခရီးစဉ်ကို လှိုက်လှဲစွာကြိုဆိုပါသည်။ “လွတ်လပ်သောထိုင်ဝမ်နိုင်ငံတော်” အမြန်ဆုံးပေါ်ထွန်းပါစေ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

01 Dec, 06:39


သိဖို့
*

“ရဲဝင်းဦး” ကိုတပ်ချုပ်ပေးလည်း တပြုံလုံးကြိုးစင်တက်ရမှာက တက်ရမှာဘဲ။ ဘာမှမပြောင်းလဲဘူး။
သိဖို့ !!!!!

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

30 Nov, 03:52


အခုအခါမှာတော့ တရုတ်ကြီးက ‘ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါတွေဘာတွေ’ ထပြောနေတာကိုကြည့်ခြင်းအားဖြင့် ICC အထိခြေဝင်ရှုပ်ဦးမှာကတော့ထင်ရှားနေပါပြီ။ လာမယ့်သီတင်းပတ်တွေအတွင်းဘာတွေဖြစ်လာမယ်ကတော့ အတော့ကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။ အကွက်ပိုလှသွားတာကတော့ နက်တန်ယာဟုရဲ့အယူခံကိစ္စပါဘဲ။ နက်တန်ယာဟုလို အစ္စလာမ်ကမ္ဘာနဲ့ပေါ်တင်စစ်ခင်းနေတဲ့အနုမြူပိုင်ရှင်နိုင်ငံကသိမ်သိမ်မွေ့မွေ့ပြောဆိုချဉ်းကပ်နေခြင်းဟာ အဆစ်တိုအတွက်တော့ ခြောက်အိပ်မက်တွေချည်းပါဘဲ။ ပြည်တွင်းတော်လှန်စစ်ရေးအခြေအနေအရလည်း ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် စင်္ကြံလမ်းပွင့်ဖို့လိုအပ်နေပါသေးတယ်။ ဒီဇန်ဘာလအတွင်းအဆိုပါစင်္ကြံလမ်းပွင့်သွားပြီဆိုရင်တော့ တော်လှန်ရေးဟာ Game Changer အဆင့်ကိုချက်ခြင်းဆိုသလိုရောက်ရှိသွားမှာဖြစ်ပြီး စိနနဲ့ရုရှအနေနဲ့ အဆစ်တိုကိုကယ်တင်ဖို့စဉ်းစားကြတော့မယ်မထင်ပါဘူး။

ချုပ်ရရင်
နိုင်ငံ့ရန်စွယ်ဖြစ်တဲ့ မဘသဂတုံးပျက်တွေ၊ မျက်ကန်းမျိုးချစ်တွေနဲ့ နိုင်ငံ့ရန်သူဖြစ်တဲ့ဗမာစစ်ဗိုလ်တွေကျူးလွန်ခဲ့တဲ့ရိုဟင်ဂျာကိစ္စဟာ ကာလဝိပါက်နောက်ပိုးတက်ပါပြီ။ ဒီအခင်းအကျင်းဟာတော်လှန်ရေးအတွက် အင်မတန်လှပတဲ့ဖန်တီးပေးလာမှုပါဘဲ။ ၂၀၂၅ ဟာ အရင်ကတည်းကခန့်မှန်းခဲ့သလို တော်လှန်ရေးအတွက်ရော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်ရောထူးခြားတဲ့နှစ်ဖြစ်လာမှာမို့ ပြည်တွင်းပြည်ပကဓမ္မဝါဒီတွေအနေနဲ့ ဒီ ၄-၅-၆ လမှာတော်လှန်ရေးထဲသွန်ထည့်အားစိုက်နိုင်ကြဖို့ အလွန်တရာအရေးကြီးလှကြောင်း တင်ပြလိုက်ရပါတယ် ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

30 Nov, 03:52


အနာဂတ်ကိုမြင်နေရပြီ …
*******************

“ငါ့ဘဝမှာ ရာနဲ့ချီတဲ့ရွာတွေမီးတိုက်ခံထားရတဲ့ဒီမြင်ကွင်းမျိုး တခါမှမမြင်ခဲ့ဖူးဘူး။ အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီကိစ္စတွေကိုရာနှုန်းပြည့်သိနေလိမ့်မယ်လို့လည်း ငါမထင်ဘူး” တဲ့။ ဒီစကားကို ၂၀၁၈ ခုနှစ်ကပြောခဲ့သူကတော့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဇ်ဂျွန်ဆန် ဖြစ်ပါတယ်။ ဒီလိုမျိုး Ethnic Cleansing လုပ်တဲ့ နိုင်ငံတော်အဆင့်ရာဇဝတ်မှုကို ဗမာပြည်စစ်တပ်ဟာဘာကြောင့်ကျူးလွန်ခဲ့သလဲဆိုတဲ့မေးခွန်းအတွက် ခိုင်လုံတဲ့နောက်ခံအကြောင်းတရားတွေရှိပါတယ်။

၁၉၈၈ စက်တန်ဘာ (၁၈) မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ အာဏာရှင်ဟောင်းဗိုလ်နေဝင်းရဲ့လမ်းညွှန်မှုနဲ့ အရပ်သားပြည်သူ လူပေါင်းထောင်ချီကိုသတ်ဖြတ်နှိမ်နင်းပြီးအာဏာယူခဲ့တဲ့ နဝတစစ်ကောင်စီဟာ လူထုအားကိုလျှော့တွက်ပြီး “ရွေးကောက်ပွဲလုပ်ပေးမယ်၊ နိုင်တဲ့ပါတီကိုအာဏာလွှဲမယ်” ဆိုပြီးစကားကျွံခဲ့ပါတယ်။ စကားကျွံခဲ့တဲ့လက်သည်ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်စောမောင်ဖြစ်ပါတယ်။ တကယ်တန်းရွေးကောက်ပွဲလည်းလုပ်ရော စစ်ကောင်စီ၊ စစ်ဗိုလ်များနဲ့ မဆလပါတီခေါင်းဆောင်များ လုံးဝမမျှော်လင့်ထားသလိုပုံစံမျိုးနဲ့ NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတော့တယ်။ တဖက်မှာကမိခင်အဖွဲ့အစည်းရဲ့ဖိအား တဖက်မှာကကျွံထားတဲ့စကားတွေကြား ဗိုလ်စောမောင်ဟာရူးသလိုကြောင်သလိုဖြစ်လာပြီး သူ့အောက်ကကပ်လျက်ဗိုလ်သန်းရွှေက အာဏာလုယူတာကိုခံယူလိုက်ရပါတယ်။ အဲဒီအချိန်ကစလို့ ‘တမိုးလုံးဖျောက်ဆိပ်’ ဆိုသလိုဘဲဗမာတပြည်လုံးမှာ စစ်ဗိုလ်သူခိုးတွေ စစ်ဗိုလ်ဓါးပြတွေအောတိုက်ပြီးပေါ်လာပါတော့တယ်။ အဆိုပါစစ်အုပ်စုဓမြဂိုဏ်းရဲ့အမြုတေသဘောကတော့ရှင်းရှင်းလေးပါ၊ “အာဏာကိုကိုင်ထားမယ်၊ ပြည်သူကိုကျွန်ပြုမယ်၊ တိုင်းပြည်ရဲ့ဓနဥစ္စာတွေကိုခိုးဝှက်မယ်” ဆိုတာပါဘဲ။ စကားအလှတွေကတော့အမျိုးစုံပြောခဲ့တာပေါ့လေ။ ဥပမာဆောင်ရရင် အလံနီသခင်စိုးပြောခဲ့သလို “ဖာခေါင်းဦးဆောင်တဲ့ပြည့်တန်ဆာပပျောက်ရေး” လိုသာဖြစ်ခဲ့တဲ့သဘောပေါ့။

စစ်အုပ်စုဓမြဂိုဏ်းဟာ နည်းနည်းခိုးရတဲ့ကောင်တွေက များများခိုးနိုင်တဲ့ကောင်တွေကိုမကျေနပ်တဲ့ ဣဿာ-မစ္ဆရိယအားကြီးသောရပ်ဝန်းဖြစ်တာမို့ ၁၉၈၈-၂၀၁၀ အတွင်းမှာ အချင်းချင်းဖြုတ်-ထုတ်-ရှင်းတွေလည်းအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ အကြီးကျယ်ဆုံးကတော့ အာဏာရှင်ဟောင်းဗိုလ်နေဝင်းရဲ့ထီးမိုးဖိနပ်ကိုင်ဗိုလ်ခင်ညွန့်တို့ထောက်လှမ်းရေးတပြုံလုံးကို ဗိုလ်သန်းရွှေကရှင်းပစ်တဲ့ကိစ္စဘဲဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ဖိအားနဲ့ ရာသက်ပန်ဆုပ်ကိုင်ထားလို့မရတဲ့အာဏာရဲ့သဘောကိုသိမြင်လာတဲ့ဗိုလ်သန်းရွှေတယောက် ဗိုလ်ခင်ညွန့်ချခဲ့ပြီးသား Exit Plan လို့ခေါ်ရမယ့် Roadmap ကိုအသာမြောလိုက်ပြီး ၂၀၀၈ မှာ ဗမာပြည်အောက်ပိုင်းကိုနာဂစ်မုန်တိုင်းတိုက်ခတ်ပြီးကာလမှာတင် စာအုပ်စိမ်းအခြေခံဥပဒေကို ဇွတ်အတင်းအတည်ပြုခဲ့ပါတယ်။ စာအုပ်ရဲ့သဘောနဲ့ပြင်ဆင်ထားတဲ့အခင်းအကျင်းကတော့ရှင်းပါတယ်၊ “ဗမာစစ်တပ်နဲ့သူ့အသိုင်းအဝိုင်းအနေနဲ့ အာဏာကိုရာသက်ပန်ဆုပ်ကိုင်မယ်” ဆိုတာပါဘဲ။ ၂၀၁၀ မှာဒီသဘောကိုအခိုင်အမာကိုင်စွဲပြီး ဗိုလ်သန်းရွှေကန့်လန်ကာနောက်ကိုဝင်တယ်၊ သူ့လက်ကိုင်ဒုတ်တွေနဲ့ကမ္ဘာကိုမျက်လှည့်ဆက်ပြတယ်၊ စစ်တပ်ရဲ့လက်ဝေခံအာဏာကိုထူထောင်ခဲ့ပါတယ်။ ကမ္ဘာကတော့ သွေးစွန်းလက်ပိုင်ရှင်စစ်ဗိုလ်တွေကိုဆေးဖော်ကြောဖက်မလုပ်ခဲ့တာကြောင့် ကနဦးမှာမှန်းချက်နဲ့နှမ်းထွက်တော့မကိုက်ခဲ့ပါဘူး။

ဗိုလ်သန်းရွှေရဲ့ ၂၀၁၀ ဖြစ်စေအမိန့်နဲ့သမ္မတဖြစ်လာခဲ့တဲ့ဗိုလ်သိန်းစိန်ဟာ ၂၀၁၂ မှာ ဒီချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုပွဲသွင်းလာပြီး နိုင်ငံတကာကို Marketing ဆင်းလာခဲ့ပါတယ်။ “(ဒေါ်) အောင်ဆန်းစုကြည် ဆိုတဲ့ Brand” ဟာ နိုင်ငံတကာမှာဂုဏ်သိက္ခာရှိပြီးပွဲတိုးတာမို့ ဗိုလ်သိန်းစိန်ရဲ့ပြဇာတ်ဟာအတိုင်းအတာတခုအထိတော့အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စုဓမြဂိုဏ်းဟာ လူထုကိုရောလူထုခေါင်းဆောင်အပေါ်မှာပါကြိုးကိုင်ပြီး ထုတ်သုံးချင်တဲ့ထုတ်သုံးပြီး ဖြုတ်သိမ်းချင်တဲ့အချိန်ဖြုတ်သိမ်းချင်ကြတာကြောင့် မသီတာထွေးကိစ္စကိုဖန်တီးပြီးလူထုခေါင်းဆောင်ကိုအစွယ်တခုနဲ့ထောက်ထားဖို့ယုတ်ယုတ်မာမာလုပ်ဆောင်ခဲ့ကြပါတယ်။ ထင်တိုင်းမပေါက်ခဲ့ဘဲ ၂၀၁၅ မှာဒီချုပ်နိုင်သွားတော့ သီတာထွေးကိစ္စထက်ပိုကြီးလေးသောရာဇဝတ်မှုဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဒီချုပ်အာဏာယူထားစဉ်မှာကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ရိုးရိုးကျူးလွန်ရုံတင်မက နိုင်ငံတကာကကိုယ်စားလှယ်တွေကိုပါခေါ်ပြပြီး “တွေ့လား အောင်ဆန်းစုကြည်အစိုးရရဲ့လမ်းညွှန်ချက်အတိုင်း ဒီစစ်ဆင်ရေးကိုငါတို့လုပ်ခဲ့တာ” လို့တရားခံဖြစ်အောင်ကိုစီစဉ်ခဲ့ကြတာပါဘဲ။ ခေါင်းဆောင်ကိုယ်တိုင် The Hague ကြားနာပွဲကိုတက်ပြီး “ဗမာစစ်တပ်အပေါ်အစိုးရအာဏာမသက်ရောက်” ဆိုတဲ့အချက်ကိုသက်သေပြနိုင်ခဲ့လို့ ဒီကနေ့ရလာဒ်ဖြစ်တဲ့ အဆစ်တိုလည်ပင်းကြိုးကွင်းဝဲခန်းကိုရောက်လာရတာပါဘဲ။

ကိုထင် (ခ) လင်းမြတ်

27 Nov, 15:46


အဆစ်တိုနိဂုံး၏ပထမခြေလှမ်း
*************************
ဗမာပြည်ဖက်ဆစ်အကြမ်းဖက်စစ်တပ်အတွက်တော့ အဆစ်တိုမင်းအောင်လှိုင်တကောင်ဟာသမိုင်းတလျှောက်ထူးခြားတဲ့ဂုဏ်ကိုဆောင်ကျဉ်းလာသူပါဘဲ။ ဂျပန်ပြန်ရဲဘော်သုံးကျိပ်ခေတ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ဒီတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်တွေထဲ နိုင်ငံတကာမှာဝရမ်းအထုတ်ခံရမယ့်သူဟာ ဒီကောင်တကောင်ထဲသာဖြစ်လာတော့မှာပါ။ “ဝရမ်းပြေးကာချုပ်” ပေါ့လေ။

ဖက်ဆစ်တပ်ရဲ့ဝါဒဖြန့်ချီရေးယန္တရားတွေကတော့ ဒီသတင်းအပေါ်ဒေါသတကြီးတုန့်ပြန်နေကြတာတွေ့ရလေတော့ ဒီသတင်းဟာသူတို့အတွက်ဘယ်လောက်တောင်တုန်လှုန်ခြောက်ခြားစရာဖြစ်နေသလဲဆိုတာထင်ရှားလှပါတယ်။ “သတ္တိရှိရင်ဝင်ဖမ်း !!!” လို့ကြွေးကြော်နေကြခြင်းဟာလည်း တိုက်တိုင်းရှုံးတပ်တခုအတွက် အလွန်တရာရယ်ဖွယ်ပါဘဲ။ အင်အားကြီးနိုင်ငံတွေအနေနဲ့ ICC ကိုလှန်ပြကောင်းလှန်ပြနိုင်ကြပေမယ့် ဗမာပြည်လိုနိုင်ငံငယ်တခုအနေနဲ့ရော ဗမာပြည်ဖက်ဆစ်တပ်ရဲ့စုတ်ပြတ်နေတဲ့ပကတိအရှိတရားအရရော လေသံကျယ်ကျယ်နဲ့အာခံမယ့်ကိစ္စဟာ မိုက်မဲခြင်းသက်သက်သာဖြစ်ပါလိမ့်မယ်။ အဆစ်တိုမင်းအောင်လှိုင်အောက်ကကောင်တွေအနေနဲ့ သူ့ကိုဝိုင်းဖမ်းပေးလိုက်ခြင်းကတောင် သူတို့သမိုင်းကိုအတိုင်းအတာတရပ်အထိအဖတ်ဆယ်ပေးနိုင်ပါလိမ့်မယ်။

အခုအခါမှာ မင်းအောင်လှိုင်ကိုဝရမ်းကပ်တော့မယ့်သတင်းဟာ နိုင်ငံတကာသတင်းတွေအထိပါဟိုးလေးတကြော်ပေါ်ထွက်လာခဲ့ပြီမို့ ဒီကိစ္စအပေါ် စိနရောအေဆီယံကပါလက်ရှောင်နေဖို့ကျိန်းသေသလောက်ပါဘဲ။ သိပ်မကြာခင်ကတောင် စလုံးကာဝန်က မင်းအောင်လှိုင်တို့အဖွဲ့ကိုပက်ပက်စက်စက်ပြောထားပြီးသားဆိုလေတော့ အေဆီယမ်ဟာ ဝရမ်းပြေးတကောင်ကို ပေါ်တင်လျှော်ပစ်လိုက်နိုင်ပါတယ်။ “တိုင်းပြည်ကိုမီးလောင်တိုက်သွင်းမယ်၊ အခြေအနေမကောင်းရင် တရုတ်၊ ရုရှမဟုတ်တဲ့အခြားတနိုင်ငံငံကိုလစ်မယ်” လို့ပြင်ထားခဲ့ရင်လည်း အဆိုပါထွက်ပေါက်ဟာ အဆစ်တိုမင်းအောင်လှိုင်အတွက် လုံးဝ နီးပါးပိတ်ဆို့သွားခဲ့ပါပြီ။

“အဆစ်တိုနဲ့အကြမ်းဖက်ဂိုဏ်းဟာ တူသောအကျိုးပေးဖို့ မဝေးတော့ပြီ” လို့သာသုံးသပ်ရပါကြောင်း ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

26 Nov, 00:22


ကျွန်ဇာတာအားကောင်းလာတဲ့နိုင်ငံ
****************************

အာဇာနည် ဗုဒ္ဓဘာသာ
အမျိုးသား တိုင်းပြည်

အစေခံ အလုပ်သမားနဲ့ဘုံကျွန်
အများဆုံးပို့မည် ….. ။ ။

👏👏👏👏👏

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

25 Nov, 05:23


ဒီလိုဘဲမြင်တော့တယ်
****************
တော်လှန်ရေးအောင်ချင် အားလုံးဝိုင်းကူကြ။ ဗမာပြည်ကောင်းစားဖို့ ဘယ်သူ့မှာမှအကူအညီပေးဖို့တာဝန်မရှိဘူး။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဘယ်သူတက်တက် ဘာမှမမျှော်လင့်ကြဖို့ပြောခဲ့ပြီးသားပါလေ။ အမှန်တရားဆိုတာအခုလိုဘဲခါးသီးတတ်တယ်။ ဗမာပြည်ဖွါးအားလုံးဝိုင်းကူကြရင်အရွေ့ရှိပြီးတော်လှန်ရေးအောင်မယ်။ ဒါမှမဟုတ်ရင် အများလားရာရွေ့မယ်။ ရှင်းရှင်းလေးပါ။

ဒီ့ထက်ပိုလက်တွေ့ဆန်ချင်ကြရင် တော်လှန်ရေးကိုမကူတဲ့ ရဟန်း ရှင် လူ ကျား မ ကြီး ငယ် မရွေးကို အဆစ်တိုအောက်မှာထားခဲ့လိုက်ကြ။ စွန့်ဝံ့သူတွေ လွတ်မြောက်နယ်မြေဖန်တီး၊ ထိုက်တန်တဲ့လွတ်မြောက်နယ်မြေမှာနေကြဖို့ကြိုးစား၊ ဒါသာရွေးချယ်စရာရှိတော့တယ်။ သာယာစီးတွေ ဂျန်ဠီးတွေ အချောင်သမားတွေအတွက် လုံးဝ ထည့်မစဉ်းစားကြပါနဲ့တော့။

သုံးစားမရသူတွေကြောင့် တော်လှန်ရေးကိုအနစ်မွန်းမခံကြနဲ့ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

21 Nov, 06:05


အိုင်ဆိုနဲ့ကျနော်
***********
(တော်လှန်ရေးနဲ့မဆိုင်ပါ၊ မဖတ်လိုကကျော်သွားပါ။)

ဒီနှစ်အောက်တိုဘာကုန်ခါနီးကတည်းက အလုပ်ထဲမှာ Vibes ကောင်းကောင်းတွေရနေခဲ့တယ်။ အထူးသဖြင့် အိုင်ဆို (ISO) လက်မှတ်ယူဖို့ သုံးရက်ဆက်စာရင်းစစ် (Audit) ဝင်တဲ့အချိန်မှာ ပြဿနာကြီးကြီးမားမားမရှိလိုက်ဘဲနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ခြင်းလိုမျိုးပေါ့။ အဖွဲ့အစည်းဟာ Biochemical Engineering အလုပ်တွေလုပ်တာမို့ လိုအပ်ချက်တွေဟာ ပုံမှန် QMS ထက်ပိုမိုကျယ်ပြန့်ခဲ့ပါတယ်။ ဒီကြားထဲမှာ Management ရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်ကို Quarter သုံးခုစာလောက်ရပ်ထားပေးလိုက်ရသေးတာမို့ အစအဆုံးကြာမြင့်ချိန်ဟာ (၁၈) လလောက်ရှိသွားခဲ့ရတယ်ပေါ့လေ။ အခုတော့ အဖွဲ့အစည်းလည်းလက်မှတ်ရ၊ ကိုယ့်ခေါင်းပေါ်ကဝန်ထုပ်ဝန်ပိုးလည်းပေါ့ပါးသွားခဲ့ပြီပေါ့။ ISO certified QMS အကြောင်းသိလိုသူတွေ၊ လက်မှတ်ရယူလိုသူလုပ်ငန်းရှင်တွေအတွက် အတိုင်းအတာတရပ်အထိသိမြင်နိုင်ကြရန်အလို့ငှါတို့ထိရေးသားမှာမို့ ဒီပိုစ့်ကို knowledge sharing လုပ်တဲ့စာစုလို့ မှတ်ယူနိုင်ကြပါတယ်။

နိုင်ငံကြီးတွေဟာ သူတို့တိုင်းပြည်ထဲကကုန်ထုတ်လုပ်ငန်းများကို စည်းစနစ်တကျစံသတ်မှတ်ချက်များနဲ့အညီ နိုင်ငံတကာကလက်ခံလာစေဖို့ကြိုးပမ်းလေ့ရှိကြပါတယ်။ အဲသလိုကြိုးပမ်းတဲ့အခါမှာသူတလူငါတမင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ခိုင်မာတဲ့အဖွဲ့အစည်းတွေတည်ထောင်ပြီး နိုင်ငံကိုကိုယ်စားပြုစေပါတယ်။ အမေရီကန်ပြည်ထောင်စုမှာတော့ စံသတ်မှတ်ချက်များနဲ့သက်ဆိုင်လာရင် ANAB (ANSI National Accreditation Board) ဆိုတဲ့အဖွဲ့အစည်းက ဒီတာဝန်ကိုဆောင်ရွက်ပေးပါတယ်။ ဒီအဖွဲ့ဟာ IAF (International Accreditation Forum) လို့အမည်ရတဲ့နိုင်ငံတကာအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်ပါတယ်။ တနည်းအားဖြင့် စံသတ်မှတ်ချက်တွေနဲ့ပါတ်သက်ပြီး ကမ္ဘာလုံးလွမ်းခြုံချိတ်ဆက်ထားတဲ့ကွန်ယက်ကြီးပေါ့လေ။ (ဒါကြောင့်မျက်မှောက်ခေတ်ကမ္ဘာကို ရွာတခုလိုတင်စားကြတာပါ။ ကကျိုးကကြောင်လုပ်တဲ့ကောင်တွေကို သပိတ်မှောက်၊ ပိတ်ဆို့၊ အရေးယူတာမျိုးလုပ်လာရင် အဲသလိုအလုပ်ခံရတဲ့တိုင်းပြည်ဟာ အကျဉ်ခံရသလိုဖြစ်တာကြောင့် အင်မတန်နစ်နာရတတ်တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာကနေ ကိုယ့်တိုင်းပြည်ကိုအရေးယူတာမျိုးမခံရအောင်လို့ အုပ်ချုပ်သူအစိုးရများဟာ လိမ္မာရေးခြားရှိဖို့ အလွန်အရေးကြီးပါတယ်။ ဤသည်ကား စကားချပ်ပါလေ။) ဥပမာအားဖြင့် ကျနော့အဖွဲ့အစည်းကိုလက်မှတ်ပေးဖို့အတွက် IAF ပဋိဉာဉ်တွေ၊ စံသတ်မှတ်ချက်တွေနဲ့ညီ-မညီ ANAB အသိအမှတ်ပြု Audit Firm တခုခုကစစ်ဆေးအတည်ပြုပေးရတယ်ပေါ့။ ဒါက လက်မှတ်ချပေးတဲ့လုပ်ငန်းရဲ့သဘောသွားပါ။

ကျနော့ရဲ့အဖွဲ့အစည်းအနေနဲ့လက်မှတ်လိုချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ လုပ်ငန်းရဲ့ Reputation ကောင်းဖို့ပါ။ “ဟေ့ … ငါ့ကုမ္ပဏီ QMS က ISO Certified ကွာ့” ဆိုရင် Quality နဲ့ပါတ်သက်ပြီးစျေးကွက်ထဲမယ် လက်မထောင်နိုင်ပါတယ်။ စရိတ်အပိုင်းကျတော့ အပြင် Consultant အဖွဲ့တွေငှါးရင် ဒေါ်လာလေးငါးသောင်းကုန်မယ်၊ Internal-External Audit တွေအတွက်ကလည်း တသောင်းခွဲနှစ်သောင်းလောက်ကသွားဦးမှာဆိုတော့ စျေးတွက်ကောင်းတဲ့ Management အနေနဲ့ ကျနော့ကိုခန့်လေသတည်းပေါ့။ ISO အတွက်လည်းသုံးလို့ရမယ်၊ တကယ့် QMS အစစ်ကိုလည်းထောင်နိုင်မယ်၊ QMS ကိုစောင့်မယ့်ကောင်လည်းရသွားမယ်၊ အခြားဝန်ထမ်းတွေအတွက်လည်း ISO Training အတွက်ပူစရာမလိုဘူး၊ ကုမ္ပဏီရဲ့ Process & Product Quality တွေအတွက်လည်းစဉ်ဆက်မပြတ်အကြံဉာဏ်တွေရမယ်၊ Client Visit တွေဆိုလည်း QMS နဲ့ပါတ်သက်လာရင် ‘ဂတုံးလာစမ်း ငါတို့ကိုယ်စား မင်းပွါးပေတော့’ ဆိုပြီးခိုင်းလို့ရပါသေးတယ်။ ဒါကတော့ အဖွဲ့အစည်းဖက်ကရခဲ့တဲ့အကျိုးအမြတ်ပေါ့လေ။ လိုချင်တဲ့အနေအထားရသည်အထိ ဂတုံးရစ်တဲ့ဒဏ်ကို Trade Employee တွေခံရတာကတော့ မဖြစ်မနေပေးဆပ်ရတဲ့အရင်းအနှီးတွေထဲကတခုပေါ့။

ကိုထင် (ခ) လင်းမြတ်

21 Nov, 06:05


ဘဝမှာ ISO Certified QMS တွေထဲ၊ Audit တွေထဲ၊ Recertification တွေထဲ၊ Annual Review တွေထဲပါဝင်ပါတ်သက်ခဲ့ရဖူးခဲ့ပေမယ့် ဒီတကြိမ်ဟာအမြိုင်ဆုံး အားအရဆုံးပါဘဲ။ Management ကယုံကြည်မှုအပြည့်နဲ့ CEO ကိုယ်တိုင်စာထုတ်ပြီး “Management Representative” အဖြစ်တရားဝင်ခန့်ထားပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း QMS ကြီးတခုလုံးကိုထမ်းပိုးပေးထားတဲ့ SOP တွေအားလုံးရဲ့ ၉၀% ကျော်ကိုတယောက်ထဲရေးခဲ့ပါတယ်။ Umbrella SOP အခုလေးဆယ်ရှိပါတယ်။ Trade SOP အခုနှစ်ရာကျော်ရှိပါတယ်။ Work Instruction & Forms တထောင့်နှစ်ရာကျော်ရှိပါတယ်။ အဖွဲ့အစည်းဟာ ၁၉၈၅ ကထည်းကထူထောင်ခဲ့ပြီး အရင်ကတည်းက BS Standard နဲ့လာခဲ့တာမို့ ဖရိမ်အကြမ်းရှိပြီးသားပါ။ ဒါဟာအတော့ကိုအထောက်အကူရတဲ့အချက်ပါဘဲ။ တနှစ်ခွဲအတွင်း ISO Training အခုသုံးရာကျော်ဆောင်ရွက်ပေးခဲ့ပါတယ်။ Internal Audit နှစ်ကြိမ်၊ External Audit နှစ်ကြိမ် မှာ Audit Team တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး နှိုက်နှိုက်ချွတ်ချွတ်အစစ်ဆေးခံပေးခဲ့ပါတယ်။ Audit အဝင်ခံရတဲ့ကာလတွေဟာ စိတ်ဖိစီးမှုအပြင်းထန်ဆုံးအချိန်တွေပါဘဲ။ ဘယ်လောက်ကောင်းအောင်ဘဲလုပ်ထားလုပ်ထား ချွေးပျံဖွယ်ရာမေးခွန်းတွေကတော့ရှောင်မရခဲ့ပါဘူး။ ကိုယ်ညံ့ရင် ကိုယ့်အဖြေတွေ၊ တင်ပြပုံတွေဟာ အဖွဲ့အစည်းရဲ့ရောင်ပြန်ဖြစ်သွားမှာမို့ အတော်လေးကိုကြိုးစားခဲ့ရပါတယ်။ အဖွဲ့အစည်းတိုင်းဟာဘုရားလောင်းတွေနဲ့ဖွဲ့စည်းထားခြင်းမဟုတ်တာမို့ စုန်းပြူးဝန်ထမ်းတွေကလည်းတပိုင်တနိုင်ဒုက္ခပေးကြပါသေးတယ်။ ဒါတွေကတော့ MR တယောက်ရဲ့ဖြတ်သန်းမှုတစေ့တစောင်းပါ။

ချုပ်ရရင် နိုင်ငံတကာကိုထိုးဖောက်မယ့်ထုတ်ကုန်ပစ္စည်းတခုဒါမှမဟုတ်အများကိုရည်ရွယ်ရင် ISO Certified QMS ဟာမရှိမဖြစ်လောက်ကိုအရေးကြီးပါတယ်။ အဖွဲ့အစည်းကိုတော့ ISO အပြီးနောက်တဆင့်အနေနဲ့ Product Quality အတွက် Six Sigma Project တွေလုပ်မယ်လို့တင်ပြထားပါတယ်။ အဲ … ၂၀၂၅ မှာ Project အတွက် Budget တွေချပေးခဲ့မယ်ဆိုရင်ပေါ့လေ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

18 Nov, 18:47


ဗျူဟာ
***

ကိုးကန့်ခေါင်းဆောင်ကိုစိနကဖမ်းတယ်လား??? လွယ်လွယ်လေး၊ ကိုးကန့်အဖွဲ့အနေနဲ့ NUG နဲ့ပေါင်းပြီးတိုက်ပွဲကိုဆက်၊ စိနကိုလှန်ပြလိုက်ကြ !!!!!

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

16 Nov, 17:15


ရည်ရွယ်ချက်
********
တကယ်ဆို YouTube Channel ကိုထောင်လိုစိတ်မရှိခဲ့ပါဘူး။ အကြောင်းက ကိုယ့်မျက်နှာ၊ ကိုယ့်အသံကိုလူကြားချမပြချင်လို့ပါဘဲ။ ရုပ်ရည်ကလည်းမျက်နှာထားမှုန်ကုပ်ကုပ်နဲ့ဂတုံးတယောက်မျှသာဖြစ်ပြီး အသံကလည်းများများစားစားကြီးကောင်းမနေလို့ပါ။ ထူးကဲတဲ့အသံဩဇာရှင်တွေ အဆိုပညာရှင်တွေ ပါရမီရှင်တွေများပြားနေတဲ့ခေတ်မှာ ကိုယ်ဟာ ‘ပမွှား’ ပါလေ။ တကယ်က ရေးရတာသာသန်တာပါ။ စာတပုဒ်ရေးရတာဟာရေးနေတုန်းအမှားလည်းခံပါတယ်၊ ပြန်ပြင်လို့ရနေတာကိုး။ အသံကကျတော့ မှားသွားရင် ‘အစကနေပြန်ကျော့ပေတော့’ ဘဲ။ Studio facility မှမရှိတာ။ ဒါပေမယ့် Donor တွေလည်းခါးချိလာတာကြာပြီမို့ ဂဠုန်ဆားချက်တဲ့သဘောပါဘဲ။ သည်းညည်းခံပြီးသာနားသောတဆင်ပေးကြပါ။

“ရလာတဲ့ငွေကြေးထဲကအခွန်ကိုနှုတ်ပြီး တော်လှန်ရေးမပြီးမချင်းပံ့ပိုးပါ့မယ်”
ဆိုတဲ့ကတိကိုတော့ပေးနိုင်ပါရဲ့ဗျာ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

https://youtu.be/lmsDgzqY70c?si=yn7CLJB_p_tjocQL

ကိုထင် (ခ) လင်းမြတ်

16 Nov, 04:28


"ICO Round 2
နွေဦးဘဏ်မှ အစုရှယ်ယာများကို ပြည်သူများအတွက် ဒုတိယအကြိမ်ရောင်းချခြင်း

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ရက်မှ ဒီဇင်ဘာ ၅ရက်နေ့အထိပြုလုပ်မည့် နွေဦးဘဏ်SDB ၏
"အိမ်ပြန်လှိုင်းသစ် ICO Round 2" တွင်  အစုရှယ်ယာများကို အနည်းဆုံး 10$ မှစတင်၍ အများဆုံး မိမိစိတ်ကြိုက်ပမာဏဝယ်ယူနိုင်မည်။

အမေရိကန်ဒေါ်လာဖြင့်သာမက နေ့စဉ်ပြင်ပငွေကြေးလဲလှယ်နှုန်းနှင့်တပြေးညီ မြန်မာကျပ်ငွေ၊ ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ကိုရီးယားဝမ်၊ စတာလင်ပေါင်၊ မလေးရှားရင်းနစ် အစရှိသည့် နိုင်ငံတကာငွေကြေး၁၀မျိုးဖြင့်လည်း ဝယ်ယူနိုင်မည်။

SDB ၏ နိုင်ငံတကာ Relationship Manager များမှတဆင့်သာမက မိမိ၏ SDB acc တွင်ငွေဖြည့်ပြီး မိမိကိုယ်တိုင်စိတ်ကြိုက်ဝယ်ယူနိုင်မည်။

လိုင်းများကြပ်ကုန်သည်အထိ ပြည်သူများအလုအယက်ဝိုင်းဝန်းဝယ်ယူခဲ့ကြရာ ယခု Round 2 တွင် လည်း စတင်ပြီး ၁၂ နာရီ အတွင်း USD 2 million နီးပါးအထိ ရောင်းချပြီးဖြစ်ပါသည်။

၃ ပတ်တာ အတွင်း မျှော်မှန်း target ဖြစ်သည့် USD 10 millions ရရှိဖို့ အတွက် ပြည်သူအများစုမှ တခဲနက် ပူးပေါင်းပါဝင်အားဖြည့်ဖို့ လွန်စွာ အရေးကြီးပါသည်။

နွေဦးဘဏ်၏ ICO Round 2 တွင် ပါဝင်ကူညီ ရင်း တော်လှန်ရေးအရှိန်ကို အတူတူမြှင့်တင်ကြဖို့ တော်လှန်ရေး မိတ်ဆွေ၊ ညီအကို မောင်နှမများ အားလုံးကို စည်းရုံးလှုံဆော် ပေးဖို့ အကူအညီ တောင်းခံအပ်ပါသည်။

ကိုထင် (ခ) လင်းမြတ်

14 Nov, 06:43


ပြည့်မိခင်ကိုလွမ်းဆွတ်လျက် …..

https://youtu.be/tkv5fBICle8?si=x_0oHec3fwbW00jm

ကိုထင် (ခ) လင်းမြတ်

12 Nov, 23:07


လိုချင်မိတဲ့ဓမ္မပါလဂိုဏ်း
*******************
(ဘာသာရေးနွယ်သောပိုစ့်၊ မဖတ်ချင်ကျော်သွားပါ)

“ဘုန်းကြီးနဲ့မိန်းမဖက်အိပ်နေတောင်မပစ်မှားနဲ့ !!!”
“မိမိရဲ့ဝန်တိုစိတ်ကဆူညံတယ်ဟုခံစားရစေတာပါ !!!”
“မင်းတို့ဒါမျိုးဝတ်နိုင်နေနိုင်မှပြော !!!”
“သမီးဘုန်းကြီးဝတ်ဖူးလား !!!”
“သီလမလိုဘူး ငါ့မှာပရိတ်သတ်ရှိတယ် !!!”
“ရှင်မောဂ္ဂလာန်အလောင်းကိုပြပြီးပြဿနာမရှာဘူး !!!”



စသည် စသည်ဖြင့်။ အော်ဂလီဆန်စရာ Own-tune ဒေသနာတို့သည် ဗမာပြည်ကြီးမှာများပြားကြပါတယ်။
ဒါတွေကသေးရိုးလား
# နေညိုရင်လေပြိုလို့ယမကာဝိုင်းဖွဲ့ကြတာ
# ညနေစောင်းသိက္ခာချပြီးစကိလေးနဲ့ညဖက်နှပ်နေတာ
# တည်းခိုခန်းဖွင့်ပြီးဝင်ငွေကိုစာရင်းကိုင်နဲ့စစ်ယူတာ
# သံဃိကကျောင်းနဲ့မြေကိုအကွက်ရိုက်ပြီးငှါးစားတာ
# ယောဂီမနဲ့သီလရှင်ဆီကဘလိုးဂျော့အလှူခံတာ
# တတိယပါရာဇိကကိုကျူးလွန်တိုက်တွန်းတာ



ဆိုတာတွေလည်းရေတွက်မနိုင်လောက်အောင်များပြားလာပါပြီ။ ဗမာပြည်ဗုဒ္ဓသာသနာအတွင်းမှာ ရဟန်းကောင်းတွေရှိနေဆဲဖြစ်ငြားသော်လည်း အပုပ်နံ့တလှိုင်လှိုင်နဲ့ဂတုံးပျက်တွေသာလျင်လူပေါ်လူဇော်လုပ်ပြီး သာသနာ့မျက်နှာကို အိုးမည်းတင်မဟုတ် ကတ္တရာပုံးလိုက်ပါလောင်းချနေခဲ့တာကြာပါပြီ။ ကိုးကွယ်ရာကြောင့်ဖြစ်တဲ့ဘေးအရာမှာ သမုတိသံဃာရတနာဟာဗမာပြည်ထေရဝါဒသာသနာထဲတော့ ဘေးအန္တရာယ်အပေးနိုင်ဆုံးပါဘဲ။

ထိတွေ့ဆက်ဆံလိုက်ရတဲ့သင်္ကန်းဆင်မြန်းကြသူတွေထဲရာခိုင်နှုန်းအများစုဟာ ကာလတို-ရှည်အတွင်းမှာ ဟင်ကနဲဟာကနဲဖြစ်အောင်အစွမ်းထက်ကြတာမို့ ရှေးခေတ်အရိယာသံဃာများရဲ့ဂုဏ်ကျေးဇူးကိုသာမျှော်မှန်းတမ်းတပြီး စစ်မှန်တဲ့ဓမ္မကိုသာဦးထိပ်ထားတဲ့ “ဓမ္မပါလဂိုဏ်း” ဆိုတာမျိုးကိုးကွယ်မှုတခုရှိသင့်နေပါပြီ။
အဆိုပါ ဓမ္မပါလဂိုဏ်းဟာ
(၁)
ကိုယ်ချင်းစာတရားကိုအခြေခံမယ်၊ ငါ့ကိုးကွယ်ရာသည်သာအမြတ်ဆုံးဆိုတဲ့မာနမျိုးမထားဘူး။
(၂)
ဆိတ်ကွယ်ရာအရပ်မှာတောင်မကောင်းမှုကိုမပြုတဲ့ဗုဒ္ဓရဲ့ဂုဏ်ကိုရည်မှတ်ကိုးကွယ်မယ်၊ ရှုပ်ထွေးအမှိုက်ပွတဲ့ဘုရားစင်လိုမျိုးတော့မထားဘူး။
(၃)
သံသရာကလွတ်ကြောင်းဗုဒ္ဓအဆုံးအမကိုသာဆောင်ထားကျင့်သုံးမယ်၊ ရွတ်ဖတ်အော်ဟစ်ခြင်းမှန်သမျှနဲ့ငွေကုန်ဝန်တာကြီးသောအခမ်းအနားမှန်သမျှကိုစွန့်လွတ်မယ်။
(၄)
မြတ်ဗုဒ္ဓရဲ့ ပထမ ဒုတိယ တတိယ သာဝကကြီးများအမှူးပြုတဲ့ အရိယာသံဃာတို့ရဲ့ဂုဏ်ကိုသာရည်စူးကိုးကွယ်မယ်၊ ဘုန်းကြီးကိုးကွယ်ခြင်းကိုကျောခိုင်းမယ်။
(၅)
ဟန်ဆောင်မှုကင်းတဲ့ တိတ်ဆိတ်ခြင်း ယဉ်ကျေးခြင်း အပြန်အလှန်လေးစားခြင်း စာနာနားလည်ခြင်း ရိုင်းပင်းကူညီခြင်း ပူးပေါင်းဆောင်ရွက်ခြင်း ဆွေးနွေးညှိနှိုင်းခြင်း နူးညံ့ကြင်နာခြင်းတို့ထွန်းကားတဲ့ရပ်ဝန်းတခုကိုတည်ထောင်ပြီးအဓွန့်ရှည်စေမယ်။

ဒီလောက်အခြေခံအချက်တွေရှိနေရင်ကိုဘဲ အဆိုပါကျင့်သုံးဆောက်တည်မှုနဲ့ယဉ်ပါးနေတဲ့အသိုင်းအဝိုင်းဟာ အလွန်တရာငြိမ်းချမ်းနေမှာဖြစ်ပါတယ်။ တွေးကြည့်လေ လော်တွေနဲ့နားကွဲမတတ်အော်နေတဲ့ “ဘုံကထိန် ဘုံကထိန်” ဆိုတဲ့အသံမကြားရ၊ “မရှိလို့မလှူ မလှူလို့မရှိ” ဆိုတာမျိုးနဲ့ အေးဓါးပြအတိုက်ခံမနေရရင်ကိုဘဲ တော်တော်ကလေးကိုနေသာထိုင်သာရှိနေကြမှာမဟုတ်လား။ အဲ … “ရွာပြင်ထွက်နေရနေရ” ဆိုတာမျိုးလို လုပ်ရဲတဲ့သတ္တိရှိဖို့တော့အရေးကြီးတယ်ပေါ့ … ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

11 Nov, 22:30


စိတ်မကောင်းဖြစ်ရုံမှတပါး …
***********************
ဒီလဆန်းမှာ U.S က Donor အချို့ရဲ့ လစဉ်ထောက်ပို့မှုရပ်ဆိုင်းသွားကြောင်း အသိပေးပါရစေ။ အခြေအနေအရပ်ရပ်ကြောင့်ရပ်ဆိုင်းသွားသူများဟာ လွန်လေပြီးသောနှစ်များစွာကတည်းက အမေရီကန်နိုင်ငံမှာနိုင်ငံသားဖြစ်နှင့်ခဲ့ကြပြီး ၂၀၂၁ ဖေ (၁) နောက်ပိုင်းမှသာ မတရားမှုကိုဆန့်ကျင်ပြီး ဓမ္မဖက်ကရပ်တည်ခဲ့ကြသူများဖြစ်ပါတယ်။

အချို့ကတော့ဘာမှမပြောကြပေမယ့် အချို့ပြောတဲ့စကားတွေကို အနှစ်ချုပ်ပြီးတင်ပြရရင်
ဒီလောက်ပြဿနာတက်နေတဲ့ဗမာပြည်ထဲမှာ
- ပွဲလမ်းသဘင်တွေတက်နေနိုင်ကြတယ်
- ဝယ်ခြမ်းစားသောက်နိုင်နေကြတယ်
- လက်ဝတ်ရတနာတွေဆင်မြန်းနေနိုင်ကြတယ်
- ပေါ်ပင်ဘုန်းကြီးတွေကိုဝဖီးအောင်ကျွေးနေနိုင်ကြတယ်
- အပျော်အပါးတွေလိုက်စားနိုင်နေကြတယ်
- ပြည်တွင်းပြည်ပခရီးတွေထွက်နေနိုင်ကြတယ်
ဆိုတာတွေပါဘဲ။ ရာထောင်သောင်းချီတဲ့အနှစ်မဲ့သောပိုစ့်တွေဟာ Social Media များပေါ်မှာလွယ်လွယ်တွေ့နိုင်ကြတာမို့ အရင်ကလိုလည်းဘာမှကျယ်ကျယ်ပြန့်ပြန့်ရှင်းပြလိုစိတ်မရှိတော့ပါဘူး။

ရှိသမျှအင်အားနဲ့တော့ AB အနေနဲ့စွမ်းနိုင်သမျှ ဆက်လက်ဆောင်ရွက်ပေးနေဦးမှာပါ။ ဘယ်နည်းနဲ့အဆုံးသတ်မယ်ကတော့ အနာဂတံသဉာဏ်မရှိတော့လည်း အတတ်မသိနိုင်ဘူးပေါ့။ ရင်ထဲဆန္ဒကိုမကွယ်မဝှက်ဖော်ပြရရင်တော့ “တော်လှန်ဝံ့သူတွေကိုသာလွတ်မြောက်စေချင်တော့တာ” အမှန်ဘဲဖြစ်ပါတယ်လေ။ ကမ္မဿကာပေါ့ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

10 Nov, 06:22


အဖြစ်မှန်က ဒီလို !!!
***************
တရားမဝင် အာဏာလုစစ်ကောင်စီက
တရားဝင်အမျိုးသားညီညွှတ်ရေးအစိုးရကို
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းဟာ
“တရားမဝင်” ဆိုပြီး
သတင်းများနဲ့တိုက်ခိုက်နေပါတယ်။

တကယ်တော့
တရားဝင် NUG အစိုးရရဲ့
Passport သက်တမ်းတိုးပေးခြင်းဟာ
တကယ် တရားဝင်တဲ့ကိစ္စဖြစ်ပါတယ်။

ဒီတော့
တရားမဝင်စစ်ကောင်စီကပြောတဲ့
“တရားမဝင်ဘူး” ဆိုတဲ့အရာတိုင်းဟာ
“တရားဝင်တယ်” လို့မှတ်ကြပါ … ။

မောထှာဗျာ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

09 Nov, 16:28


ကြွေသူကကြွေ ရန်သူကရန်သူပီသဆဲ …
********************************
“ဦးဝင်းခိုင် ICU ထဲမှာဆုံးပြီ” တဲ့။
စိတ်ထဲယူကျုံးမရဖြစ်ရပါတယ်။ အင်မတန်အဖိုးတန်တဲ့လူသားနောက်တယောက်ကိုဗမာပြည်ကြီးလက်လွတ်လိုက်ရပြန်ပြီပေါ့။

၂၀၀၀ ပြည့်လွန်နှစ်များဆီကဗမာပြည် ရန်ကုန် RC-2 ဝင်းထဲမှာဖွင့်လှစ်ထားခဲ့တဲ့ “မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း” ဆိုတာဆီစတင်ရောက်ရှိဖူးခဲ့ပါတယ်။ ကိုယ်တွေရောက်ဖူးတဲ့အချိန်မှာ ဒေါက်တာစိန်မြင့်က ဥက္ကဋ္ဌတောင်ဖြစ်နေခဲ့ပါပြီ။ သူ့အရှေ့မှာတုန်းကတော့ ပါမောက္ခချုပ်ဦးကြင်စိုး၊ ပါမောက္ခချုပ်ဦးညီလှငယ်၊ ပါမောက္ခချုပ်ဒေါက်တာဖေဝင်းတို့အသီးသီးဥက္ကဋ္ဌတာဝန်ယူခဲ့တယ်ပေါ့။ တနည်းအားဖြင့် သင်ကြားရေးဖက်ကဆရာကြီးတွေကအသင်းကိုတွဲကိုင်တဲ့သဘောပါ။ ဒေါက်တာစိန်မြင့်ဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက်တော့ အင်ဂျင်နီယာအသင်းကိုသီးခြားရပ်တည်စေတာမျိုးဖြစ်လာခဲ့ပါတယ်။ အချိန်ကာလဟာ သန်းရွှေ-ခင်ညွှန့်စစ်အစိုးရခေတ်မို့ ခေတ်ပညာတတ်အင်ဂျင်နီယာတွေကိုတိုးတက်စေချင်တယ်ထင်ရင်မှားပါလိမ့်မယ်။ “မီဒီယာကိုမီဒီယာနဲ့တိုက်” ဆိုတဲ့ငကျော်ဆန်းစကားလိုဘဲ “အင်ဂျင်နီယာကိုအင်ဂျင်နီယာနဲ့တိုက်” ဆိုတာမျိုးဖန်တီးဖို့သာ ဒီအဖွဲ့ကိုတည်ထောင်ကျယ်ပြန့်ခွင့်ပေးခဲ့ပုံပါဘဲ။ MICT Park ကအင်ဂျင်နီယာအသင်းထဲ ထောက်လှမ်းရေးအချို့ကိုပါတွဲထားပေးခဲ့တာမျက်မြင်မို့ပါ။ အသင်းထဲ စစ်ဘောမ စီနီယာအင်ဂျင်နီယာများလည်းအပြိုင်းအရိုင်းပေါ့လေ။ အသင်းအမှုဆောင်ထဲ စစ်အင်ဂျင်နီယာတပ်ကဗိုလ်မှူးကြီးတယောက်တောင်ပါသေးရဲ့။

ဒေါက်တာစိန်မြင့်အသင်းဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက် သူ့ကိုဝိုင်းပြီးအဓိကဝန်းရံသူတွေထဲ UE (Myanmar) ကဦးဝင်းခိုင်ဟာတယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ထောက်လှမ်းရေးနဲ့စစ်အစိုးရဝိုင်းကြပ်နေတဲ့ကြားကဘဲ အင်ဂျင်နီယာအသင်းကိုရော အသင်းဝင်အင်ဂျင်နီယာများကိုပါ အများကြီးတိုးတက်စေခဲ့ကြပါတယ်။ ခင်ညွှန့်-စိုးဝင်းအပြောင်းအလဲကြားမှာဘဲ ဒီနေ့တွေ့နေရတဲ့ MES အဆောက်အဦးကိုအုတ်မြစ်ချတည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဘယ်တုန်းကမှဗမာပြည်မှာမလုပ်ခဲ့ဖူးတဲ့ “အေဆီယမ်အင်ဂျင်နီယာညီလာခံ” တို့၊ “အေဆီယမ်လူငယ်အင်ဂျင်နီယာညီလာခံ” တို့ကိုလည်း ဗမာပြည်က Host အနေနဲ့ကျင်းပနိုင်ခဲ့ကြပါတယ်။ အေဆီယမ်ဟာနိုင်ငံရေးအရသိပ်ပြီးသုံးစားလို့ရတဲ့အဖွဲ့အစည်းမဟုတ်ခဲ့ပေမယ့် အေဆီယမ်အင်ဂျင်နီယာအဖွဲ့အစည်းထဲဗမာပြည်ဝင်ဆန့်လာမှုကြောင့်တော့ ဗမာအင်ဂျင်နီယာတွေဟာ အေဆီယမ်နိုင်ငံတွေဆီထွက်ခွါအလုပ်လုပ်နိုင်ကြတဲ့တွန်းအားသစ်တခုဖ့စ်ခဲ့တာတော့အမှန်ပါ။ အဲဒီတုန်းကသွားစရာကတော့ စင်္ဂပူနဲ့မလေးရှားလောက်သာရှိခဲ့တာမဟုတ်လား။ ဗမာအင်ဂျင်နီယာတွေလည်း “အေဆီယမ်အင်ဂျင်နီယာတွေ” ဖြစ်ခွင့်ရလာခဲ့ကြပါတယ်။ “ဘာအကျိုးရှိသလဲ?” လို့တော့အကန်တွေမမေးပါနဲ့၊ အနည်းဆုံး “ASEAN Engineer” ဆိုပြီး CV ထဲထည့်ရေးရင် လူရှိန်တာပေါ့လေ။ ကိုယ်တိုင်လည်းအရင်တုန်းကရေးခဲ့ရတာဝန်ခံရမှာပါဘဲ။

အဲဒီနောက် အေဆီယမ်အင်ဂျင်နီယာအသိုင်းအဝိုင်းထဲကို MES အနေနဲ့ Workshop တွေ သင်တန်းတွေပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ကိုယ်တိုင်လည်း ဝင်လျှောက်တဲ့တခုထဲပါသွားခဲ့လို့ ဦးဝင်းခိုင်ရဲ့အဗျူးကိုခံခဲ့ရပါသေးတယ်။ ခေါ်တာက Civil-related topic ကိုယ်က Mechanical ဆိုတော့ မဆီလျော်လှဘူးပေါ့။ သွားရတာ-မသွားရတာအပထား၊ ဦးဝင်းခိုင်ဟာ အကြံကောင်းဉာဏ်ကောင်းတွေပေးပြီး အနာဂတ်ကောင်းအတွက်လင်းရောင်ခြည်တွေဖွင့်လှစ်ပေးခဲ့သူတယောက်ဆိုတာကတော့ လုံးဝ ငြင်းမရပါဘူး။ အဲဒီနောက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့စင်္ဂပူရောက်အပြီး ၂၀၀၇ လောက်မှာ စင်္ဂပူ City Hall MRT နား သူနဲ့ထပ်တွေ့ခဲ့ပါသေးတယ်။ သူ့အလုပ်ကိစ္စတွေရှိနေလေတော့ စကားတောင်ကြာကြာမပြောခဲ့ရပါဘူး။ MES တုန်းကသူ့ Lecture ဖြစ်တဲ့ Facility Management မှာသူပြောခဲ့တဲ့စကားတွေနဲ့ လက်တွေ့ကိုယ်ကြုံနေရတာတွေနဲ့နှိုင်းယှဉ်ပြီးပြောပြတာကိုတော့ စိတ်ဝင်တစားနားထောင်သွားပါသေးတယ်။ ထုံးစံအတိုင်းဘဲ အကြံကောင်းဉာဏ်ကောင်းတွေထပ်ရခဲ့ပါသေးတယ်။ “ဗမာပြည်ပြန်ဖို့” ဆိုတာမျိုးကိုတော့ လုံးဝ မတိုက်တွန်းခဲ့ပါဘူး။

ဒီချုပ်လက်ထက်မှာသူဝန်ကြီးဖြစ်လာတော့လည်း သူတာဝန်ယူထားရတဲ့အပိုင်းကို ပီပြင်အောင်ဆောင်ရွက်နိုင်ခဲ့သူပါဘဲ။ ဒီလိုဆောင်ရွက်ခဲ့လို့လည်း စစ်အုပ်စုဓမြဂိုဏ်းရဲ့မပြေနိုင်တဲ့ရန်ငြိုးအတွက်ဓါးစာခံဖြစ်ခဲ့ရတာကျိန်းသေတာပေါ့။ ဒီချုပ်အစိုးရလက်ထက်မှာ အမတ်တွေထဲရော ဝန်ကြီးတွေထဲပါ သုံးစားလို့သိပ်မရတဲ့သူတွေပါလာခဲ့တာ ငြင်းမရတဲ့အမှန်တရားပါ။ အနည်းငယ်မျှသာထူးချွန်ပြောင်မြောက်စွာဖောက်ထွက်လာခဲ့ကြပါတယ်။ အဲဒီထဲက ထူးချွန်သူတယောက်ကတော့ ဦးဝင်းခိုင်ပါဘဲ။ သူသာဒီချုပ်အစိုးရကာလမှာစစ်တပ်နဲ့ပေါင်းစားခဲ့ရင် အခုလိုအဖြစ်ဆိုးလည်းကြုံမှာမဟုတ်သလို သူ့ဘဝလမ်းလည်းသာယာနေမှာပါ။ ကိုယ်လိုကောင်တောင်တနေ့အာဏာသိမ်းနိုင်မယ့်အနေအထားကိုခန့်မှန်းတတ်ရင် သူလိုလူစားဟာမသိစရာအကြောင်းမရှိပါဘူး။ လာလတ္တံ့သောအန္တရာယ်ရဲ့အတိမ်အနက်ကိုလည်းရိပ်စားမိခဲ့မှာပါဘဲ။ အဲသလိုအနေအထားမျိုးမှာတောင် Clean Government ဖြစ်လာစေရေးရှေးရှုပြီး Ethics ကိုအစွန်းအထင်းမခံခဲ့ခြင်းဟာ လေးစားဦးညွှတ်စရာကောင်းလှပါတယ်။

ကိုထင် (ခ) လင်းမြတ်

09 Nov, 16:28


ကောင်းမှုတွေကိုသာအလေးထားစိုက်ပျိုးခဲ့တဲ့ဦးဝင်းခိုင် လားရာဂတိမြင့်မြတ်လိမ့်မယ်လို့အလေးအနက်ယုံကြည်လျက်ပါလေ … ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

08 Nov, 06:02


Various statistical releases from China’s National Bureau of Statistics (NBS) and Ministry of Commerce (MOFCOM) from 2018–2020.
U.S. Department of Agriculture, Economic Research Service. “Trade Damage Estimate from Retaliatory Tariffs,” 2019.

ကိုထင် (ခ) လင်းမြတ်

08 Nov, 06:02


ထရမ့်ပ် ရဲ့ ကန်-စိန ကုန်သွယ်ရေးစစ်
******************************
အမေရီကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက်သမ္မတဖြစ်ခဲ့ပြီး ၄၇ ယောက်မြောက်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ဟာ သူ့သက်တမ်း (၂၀၁၆-၂၀၂၀) အတွင်းမှာ စိနနဲ့ကုန်သွယ်ရေးစစ်ပွဲဆင်နွဲခဲ့ပါတယ်။ အချို့ကလည်း “For show ပါကွာ” လို့ပြောကြသလို အချို့ကလည်း “ထရမ့်ပ်ကြောင့် စိနတို့အထိနာခဲ့တယ်” လို့ဆိုကြပါတယ်။ လပေါင်းများစွာကြာခဲ့တဲ့ဒီကိစ္စကြီးကို ပိုစ့်တပုဒ်ထဲနဲ့တော့ပြည့်စုံအောင်ဖော်ပြပေးဖို့မစွမ်းသာပါဘူး။ အရေးကြီးတဲ့အချက်များကိုတော့ တို့ထိအနှစ်ချုပ်ပေးလိုပါတယ်။ အသေးစိတ်သိလိုသူများအတွက်တော့ ကျမ်းကိုးတွေကိုသာဆက်လက်လေ့လာကြပါလို့တိုက်တွန်းလိုက်ရပါတယ်ဗျာ။

ကုန်သွယ်ရေးစစ်မှာဘာတွေလုပ်ခဲ့ကြတုန်း ???
ထရမ့်အစိုးရဟာတရုတ်ပြည်ကထုတ်ပြီးအမေရီကန်ထဲသွင်းတဲ့ကုန်တွေကို ကန်ဒေါ်လာဘီလျံရာနဲ့ချီပြီးအခွန်တွေကောက်ခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် တရုတ်ပြည်ကလည်းအမေရီကန်ကိုတပုံစံထဲလက်တုန့်ပြန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ‘ကန်-စိနကုန်သွယ်စစ်’ ရဲ့ပင်မကျောရိုးဖြစ်ခဲ့ပါတယ်။

ကန်အတွက်ကောင်းကျိုးများ
(၁)
တရုတ်ထုတ်ကုန်များစျေးမြင့်ပြီး ကန်ပြည်တွင်းထုတ်ကုန်များရဲ့ရောင်းအားကိုမယှဉ်နိုင်ဖြစ်လာကာ ကန်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအသက်ရှူများစွာချောင်ခဲ့ပါတယ်။
(၂)
တရုတ်ကိုအစဉ်တစိုက်စွပ်စွဲပြောဆိုခဲ့တဲ့ ဉာဏပစ္စည်း (Intellectual property) ခိုးယူမှု၊ နည်းပညာခိုးယူမှု၊ ကုန်သွယ်ရေးမှာလူလည်ကြခြင်းတွေထဲကအချို့နဲ့ပါတ်သက်ပြီး တရုတ်အားဝန်ခံစေနိုင်ခဲ့ပါတယ်။
(၃)
တရုတ်ပြည်ဖြစ်ပစ္စည်းများကိုအကြီးအကျယ်မှီခိုနေရမှုကိုလျှော့ချပြီး ရေရှည်အမိမြေလုံခြုံရေးကိုအာမခံချက်ပေးနိုင်မယ့်အခင်းအကျင်းကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
(၄)
တရုတ်နဲ့အမေရီကန်အကြားက အမေရီကန်ဘက်ခြမ်းက ကုန်သွယ်ရေးလိုငွေပြမှုကိုအတိုင်းအတာတရပ်အထိလျှော့ချနိုင်ခဲ့ပါတယ်။

ကန်အတွက်ဆိုးပြစ်များ
(၁)
တရုတ်ကနေတင်သွင်းလာတဲ့ပစ္စည်းမှန်သမျှကို ကန်စားသုံးသူတွေအနေနဲ့စျေးကြီးပေးပြီးဝယ်သုံးခဲ့ကြရပါတယ်။
(၂)
ကန်လယ်သမားတွေ တရုတ်ပြည်ကိုပစ္စည်းသွင်းတဲ့အခါတရုတ်အစိုးရကကြီးမားတဲ့အခွန်အတုပ်စည်းကြပ်တာကိုခံရလို့ တရုတ်စျေးကွက်ရှယ်ယာအချို့ကိုလက်လွတ်ခဲ့ရပါတယ်။
(၃)
တရုတ်ပစ္စည်းတွေအပေါ်မှီခိုနေရတဲ့ကန်ထုတ်ကုန်လုပ်ငန်းများဟာ ထောက်ပို့ပြဿနာများနဲ့အကြီးအကျယ်ရင်ဆိုင်ကြရပြီး အချို့လုပ်ငန်းများနှေးကွေးပိတ်သိမ်းသည်အထိအခြေဆိုက်ခဲ့ရပါတယ်။
(၄)
ကမ္ဘာ့စီးပွါးရေးအင်အားအကြီးဆုံးနှစ်ကောင်ချကြတဲ့ပွဲမို့ ကမ္ဘာ့စီးပွါးရေးအပေါ်ကြီးမားသောသက်ရောက်မှုရှိခဲ့ပြီး နှေးကွေးလေးလံခြင်းတွေ ကမ္ဘာ့နေရာအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်ကိုဘာတွေသက်ရောက်ခဲ့သလဲ ???
(က) အနှုတ်လက္ခဏာ
တရုတ်ပစ္စည်းတွေကိုကန်ကအခွန်များပြားစွာကောက်တဲ့အခါ တရုတ်ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကိုထိခိုက်စေခဲ့ပါတယ်။ တရုတ်ပြည်တွင်းကလုပ်ငန်းတွေနှေးကွေးပိတ်သိမ်းရသည်အထိဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာအထိုင်ချထားတဲ့လုပ်ငန်းတွေဟာ အရှေ့တောင်အာရှနိုင်ငံများဆီရွှေ့ပြောင်းခဲ့ပါတယ်။
(ခ) အပေါင်းလက္ခဏာ
နာကျင်မှုထဲကနေသင်ခန်းစာယူတဲ့တရုတ်ဟာ ပြည်တွင်း Semiconductor ထုတ်လုပ်မှုလိုလုပ်ငန်းတွေထဲအကြီးအကျယ်မြှုပ်နှံခဲ့ပါတယ်။ ဒေသတွင်းမဟာမိတ်တွေရှာဖွေပြီးပူးပေါင်းဆောင်ရွက်ပါတယ်။ ဥပမာ “အရှေ့တောင်အာရှတွင်လုပ်သည်၊ သို့သော် တကယ်တန်းကတရုတ်ပစ္စည်း” ဆိုတာမျိုးပါ။
(ဂ) ခံနိုင်ရည်ကိုတည်ဆောက်ခြင်း
လူဦးရေသန်း ၁၄၀၀ ကျော်ရှိတဲ့ပြည်တွင်းစျေးကွက်ထဲလည်း တရုတ်ဗဟိုအစိုးရအနေနဲ့ကုန်ပစ္စည်းတွေဖြန့်ချီပြီးသုံးစွဲတတ်လာအောင်ပျိုးထောင်ပေးခြင်းအားဖြင့် ပို့ကုန်ကိုအကြီးအကျယ်မှီခိုနေရခြင်းကိုလျှော့ချပစ်ဖို့ကြိုးစားလာပါတယ်။

နိဂုံးချုပ်
ကန်အစိုးရအနေနဲ့ တရုတ်ကိုပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့လင့်ကစား တရုတ်ပြည်ရဲ့စီးပွါးရေးအဆောက်အအုံကြီးတခုလုံးကို အကြီးအကျယ်ထိခိုက်ပျက်စီးအောင်မစွမ်းသာခဲ့ပါဘူး တဲ့။ ဖွတ်မြီးချင်းချည်ထားသလိုဖြစ်နေတဲ့ ကန်နဲ့တရုတ်ရဲ့ဆက်နွယ်နေသောစီးပွါးရေးကြောင့် တခုကိုထိုးနှက်ရင်နောက်တခုကိုပါထိခိုက်သလိုသာဖြစ်လာစေပါတယ် တဲ့ဗျာ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကျမ်းကိုးများ
“The US-China trade war and Phase One Agreement.” Peterson Institute for International Economics, 2020.
Dollar, David. “The US-China trade war and its implications for decoupling and self-reliance in China.” Brookings Institution, 2020.
McBride, James, and Andrew Chatzky. “The U.S. Trade Deficit: How Much Does It Matter?” Council on Foreign Relations, 2021.
Congressional Research Service. “U.S.-China Trade Relations,” 2019.
International Monetary Fund. “World Economic Outlook: Global Manufacturing Downturn, Rising Trade Barriers,” October 2019.
World Bank. “Global Economic Prospects: Slow Growth, Policy Challenges,” January 2020.

ကိုထင် (ခ) လင်းမြတ်

07 Nov, 17:11


စေတနာလေးတခု
************

ဗမာပြည်နွေဦးအတွက်တော့ တပြားမှမလာ၊ Election မှာရှုံးတာဘဲကောင်းတယ် !!!!!

ကိုထင် (ခ) လင်းမြတ်

06 Nov, 17:07


2024 October လချုပ်
********************
2024 October တလလုံးရဲ့ Activists များပါဝင်မှုကို စုစည်းတင်ပြလိုက်ရပါတယ်။ ဒီလစာရင်းအချုပ်မှာ ‘နည်းနည်းလျော့သွားတဲ့နောက်တလ’ လို့တော့ဆိုရပါလိမ့်မယ်။ အားမငယ်ဘဲ ရှေ့ဆက်ကြတာပေါ့လေ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma

ကိုထင် (ခ) လင်းမြတ်

05 Nov, 15:00


ကန်ရွေးကောက်ပွဲနေ့နဲ့ ဗမာပြည်နွေဦး
******************************
နွင်ဘာ (၅) ရက်နေ့ဟာ အမေရီကန်နိုင်ငံတွင်းမှီတင်းနေထိုင်ကြသူအားလုံးအပေါ် အကြီးအကျယ်ရိုက်ခတ်မှုရှိမယ့်နေ့ပါဘဲ။ ဗမာပြည်အတွက်တော့ ထူးခြားစရာမရှိပါဘူး။ ဒီမိုကရက်က ဒေါ်အောင်ဆန်းစုကြည်အစိုးရ၊ NUG PDF နဲ့ ပြည်သူတွေအတွက် ဘာမှလုပ်ပေးမှာမဟုတ်သလို ရပတ်ဘလစ်ကန်ကတော့ စိတ်ကိုဝင်စားတာမဟုတ်လို့ပါဘဲ။ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထကြရမှာပါ။ ငါတို့မှာ ငါတို့ဘဲရှိတာမဟုတ်လား ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

04 Nov, 21:07


အကုန်လုပ်မယ်
**********
တော်လှန်ရေးအတွက်သီချင်းလည်းဆိုပါ့မယ်။ အသံအရည်အသွေးရော အဆိုပိုင်းရော ပိုကောင်းအောင် ဆက်ပြီးကြိုးစားသွားပါဦးမယ် ….. ။ ။

https://youtu.be/jYTCdWLLjJ8?si=8gUZ5C2RWhI1tAXx

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

04 Nov, 02:37


နယ်စပ်ပိတ်တယ် ???
**************
KIA ဖီမော်သိမ်းလို့ နယ်စပ်ပိတ်တယ်လား ??? ကောင်းပြီလေ၊ ငါတို့ကလည်း …..

ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံဖြစ်သည်။
တိဘက်နိုင်ငံတော် လွတ်လပ်ပါစေ။
လွတ်လပ်သော ဝီဂါနိုင်ငံတော်ပေါ်ထွန်းဖို့မျှော်လင့်တယ်။

Taiwan is an independent state.
May Tibet be liberated.
We expect to see republic of Uyghur.

台湾是一个独立的国家。
愿西藏得到解放。
我们期望看到维吾尔共和国。

ဒါဘဲ၊ ရှင်းတယ် !!!!!

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

03 Nov, 15:53


နပခ
****

“ခရေပွင့်အပြီးကြွေပြီ” တဲ့ !!!!!

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

30 Oct, 17:27


တိုးမြင့်အားထုတ်သင့် …
******************

ရောက်ဆဲအရပ်မှာတင်တွင်းတူးပြီး လျောင်းကမ္မဋ္ဌာန်းကို (၇) ရက်ဆက်တိုက်အားထုတ်နေသင့်တာပါလေ … ။ ။

ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

28 Oct, 13:29


ဖြေကြည့် …
********
အဲဒီတော့ဘာဖြစ်တုန်း???
ရောက်တာတဲ့ DPRK တပ်တွေက “အညားစရော” လို့ပြောလာကြလား ??? ဖြေကြည့်ပါဦး …..

ကိုထင် (ခ) လင်းမြတ်

27 Oct, 23:13


အကြောက်တရားအားဖြင့်ကျုံးသွင်းခြင်း
*********************************
တခါတုန်းက သုတေသနပညာရှင်အချို့ဟာ မျောက် (၅) ကောင်ကိုသုံးပြီးစမ်းသပ်မှုတခုပြုလုပ်ခဲ့ကြသတဲ့။ ဒီ “စမ်းသပ်မှု” ဆိုတဲ့ကိစ္စနဲ့ပါတ်သက်ပြီး အပြင်လောကမှာတော့ အငြင်းပွါးစရာအတော်များများရှိနေခဲ့ပါတယ်။ ‘ဒီကိစ္စဟာကြာပြီ’ လို့လည်းဆိုကြတယ်၊ ‘ဒီကိစ္စဟာဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကရှိတယ်’ လို့လည်းဆိုကြတယ်၊ ‘ဒီကိစ္စဟာဒုတိယကမ္ဘာစစ်အပြီးမှဖြစ်တာ’ လို့လည်းဆိုကြတယ်၊ ‘ဒီကိစ္စဖြစ်တာ ၁၉၆၆ တုန်းက’ လို့လည်းဆိုကြတယ်၊ ‘ဒီကိစ္စကို G.R. Stephenson ရဲ့ Primate Behavior Research ကနေထုတ်နှုတ်တင်ပြတယ်’ လို့လည်းဆိုကြတယ်ပေါ့။ ကိုယ်တိုင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုတေသနလိုက်မလုပ်နိုင်တာမို့ မှတ်သားမိသမျှကိုဖောက်သည်ချခြင်းသက်သက်ပါ။ တကယ့်အဓိက Suject Matter ကတော့ စိတ်ဝင်စားစရာကောင်းလှတာကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ စမ်းသပ်ပုံကိုသိပြီးသူတွေအတွက်တော့ ကောက်ချက်ဆွဲတဲ့အပိုင်းကိုသာတန်းဖတ်လိုက်လို့ရပါတယ်ဗျာ။ ကိုယ်ပိုင်အမြင်တွေထဲကရှုထောင့်တခုထဲကိုသာဖော်ပြတာမို့ အမြင်မတူခြင်းများလည်းရှိနိုင်ကြောင်း လက်ခံထားပြီးဖြစ်ပါတယ်။

# စမ်းသပ်ပုံ
ပုံးကြီးတလုံး (မျောက်တွေအထဲမှာချောင်ချောင်ချိချိနေနိုင်လောက်အောင်ကျယ်ဝန်းပါတယ်၊ ဆယ်ပေပတ်လည် စသဖြင့်ပေါ့)၊ မျောက်ငါးကောင်၊ လှေကားတစင်း နဲ့ ငှက်ပျောသီးတဖီးတို့ အဓိကပါဝင်ပါတယ်။
ပထမဆုံး
အခန်းထဲမှာလှေကားထောင်၊ လှေကားထိပ်မှာငှက်ပျောဖီးကိုတင်၊ ပုံးအပေါ်မှာ ရေတွေဖြန်းမယ့်ရေပိုက်တွေနဲ့လူတွေကိုနေရာချ၊ ပြီးတာနဲ့ မျောက်ငါးကောင်ကိုပုံးထဲလွှတ်ချလိုက်ပါတယ်။ မျောက်တွေဟာတောင်တောင်မြောက်မြောက်လျှောက်ကြည့်ပြီးမကြာခင်မှာဘဲ လှေကားထိပ်ကငှက်ပျောဖီးကိုတွေ့ကြပါသတဲ့။ ဒီအခါမှာငါးကောင်ထဲကတကောင်ဟာ ငှက်ပျောဖီးကိုယူဖို့လှေကားထိပ်ကိုပြေးတက်ပါသတဲ့။ အဲသလိုပြေးတက်တာနဲ့ ပုံးပေါ်မှာအသင့်စောင့်နေတဲ့လူတွေက မျောက်တွေကိုရေအေးပိုက်တွေဖွင်းပြီး စိမ့်နေအောင်အေးတဲ့ရေနဲ့ဝိုင်းထိုးကြပါသတဲ့။ ငှက်ပျောဖီးတက်ယူဖို့ကြိုးစားတဲ့မျောက်ဟာ ငှက်ပျောဖီးကိုတက်မယူတော့ဘဲလှေကားပေါ်ကဆင်းပြေးမှသာ ရေအေးတွေနဲ့ဝိုင်းထိုးတဲ့ကိစ္စကိုရပ်တန့်ကြပါသတဲ့။ ငှက်ပျောသီးကို မျောက်ငါးကောင်ထဲကဘယ်မျောက်ဘဲတက်ယူဖို့ကြိုးစားကြိုးစား ရေအေးနဲ့ဝိုင်းထိုးခံရပါများတော့မျောက်တွေအားလုံးဟာငှက်ပျောသီးရယူဖို့ကိစ္စကိုလက်လျှော့လိုက်ကြပါသတဲ့။ ဒါ့အပြင် ငှက်ပျောသီးတက်ယူဖို့ကြိုးစားတဲ့မျောက်ပေါ်လာတိုင်း ကျန်မျောက်တွေကဝိုင်းဝန်းရိုက်နှက်ကြတဲ့အဆင့်ကိုပါရောက်ရှိလာပါရောတဲ့။
ဒုတိယအဆင့်အနေနဲ့
မျောက်ငါးကောင်ထဲကတကောင်ကိုဆွဲထုတ်ပြီးအသစ်တကောင်အစားထိုးထည့်လိုက်ပါသတဲ့။ မျောက်သစ်လည်း ငှက်ပျောသီးရဖို့ကြိုးစားတိုင်းအတီးခံရတော့ သူလည်းအခြားမျောက်လေးကောင်နဲ့တပုံစံထဲပြုမူပါတော့သတဲ့။ တဆက်ထဲ လှေကားထိပ်ကငှက်ပျောဖီးကိုလည်း စမ်းသပ်သူများကဖယ်လိုက်ပါသတဲ့။
တတိယအဆင့်အနေနဲ့
မျောက်ဟောင်းလေးကောင်ကိုတကောင်စီအစဉ်အတိုင်းဖယ်ပြီးအသစ်တွေနဲ့အစားထိုးပါသတဲ့။ ရေအေးနဲ့ပက်တာတွေမလုပ်တော့သည့်တိုင် လှေကားပေါ်တက်မယ့်မျောက်မှန်သမျှဟာကျန်မျောက်များရဲ့တိုက်ခိုက်ခြင်းကိုဆက်ခံရပါတော့သတဲ့။
နောက်ဆုံးအဆင့်
ဒီအဆင့်မှာတော့
(က) မျောက်ဟောင်းငါးကောင်လုံးမရှိတော့ပါ
(ခ) ငှက်ပျောဖီးလည်းမပါတော့ပါ
(ဂ) ရေအေးအကြောင်းလည်းမသိကြတော့ပါ
(ဃ) ငှက်ပျောဖီးကြောင့်ဒဏ်ပေးခံရမှန်းလည်းမသိကြပါ
“လှေကားပေါ်မတက်ရ၊ တက်တဲ့မျောက်ကိုတိုက်ခိုက်ရမယ်” ဆိုတဲ့အသိမှားဟာ မျောက်များမှတ်ဉာဏ်ထဲနက်ရှိုင်းစွာဝင်ရောက်သွားခဲ့ပါပြီ။ အခုဖော်ပြခဲ့တာတွေကတော့ စမ်းသပ်လေ့လာမှုရဲ့အနှစ်ချုပ်ကလေးပေါ့။

# ကောက်ချက်
Freedom of Speech ဆိုတာမရှိ၊ Reasoning ကိုအားမပေးတဲ့ပညာရေးစနစ်မျိုးထွန်းကားပြီး၊ Senior က Junior ကို Blind faith တွေအတင်းအကြပ်သွပ်သွင်းတဲ့ဓလေ့ထုံးတမ်းထွန်းကားတဲ့အရပ်တိုင်းကလူသားများဟာလည်း အထက်ကဖော်ပြခဲ့တဲ့စမ်းသပ်ခန်းမှာပါတဲ့မျောက်သစ်များ (မူလမျောက်ငါးကောင်မဟုတ်) လိုပါဘဲ။ သူတို့ဟာ အကြောင်းရင်းကိုသိနိုင်စွမ်းလည်းမရှိကြပါဘူး၊ ပကတိအခင်းအကျင်းကိုစူးစမ်းလေ့လာခြင်းလည်းကင်းကြပါတယ်၊ အနွယ်တူခြင်းလည်းအကြောင်းမဲ့တိုက်ခိုက်တတ်ကြပါတယ်၊ ပြဿနာကိုဖန်တီးခဲ့တဲ့လက်သည်တရားခံကိုရှာဖွေနိုင်ဖို့ကတော့ ဝေလာဝေးပေါ့။ ဒီသော့ချက်ကိုကောင်းကောင်းသိတဲ့သမိုင်းအဆက်ဆက် ကမ္ဘာအရပ်ရပ်ကအုပ်စိုးသူများဟာ မလျော်ကန်သောသဘောနဲ့ သူတို့ရဲ့အုပ်ချုပ်ခံ၊ ကျွန်ပြုခံအဖြစ်ထားရှိလိုသူများကို ဒီနည်းအတိုင်းအကြောက်တရားကိုဖြစ်ပေါ်စေပြီး ကျုံးသွင်းခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာလည်း ကျုံးသွင်းနေကြဆဲပါဘဲ။ အနာဂတ်မှာလည်း ကျုံးသွင်းမှုတွေရှိနေဦးမှာပါ။ တကယ်တော့ နိုင်ငံတိုင်းကိုဆိုင်ရာနိုင်ငံသားတိုင်းပိုင်ကြတာမို့ အဲသလိုကျုံးသွင်းမခံရဖို့အတွက် အကြောက်တရားကိုဆန့်ကျင်နိုင်မှအောင်မြင်ပါလိမ့်မယ်။ ဒီလိုဆန့်ကျင်တဲ့နေရာမှာ Rise of the planet ထဲက Caesar ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်မျိုးကို မွေးမြူပျိုးထောင်နိုင်မှသာ မိမိတို့ကိုမတရားသဖြင့်ကျွန်ဇာတ်သွင်းမယ့်သူတွေကို အောင်နိုင်လိမ့်မှာဖြစ်ပါကြောင်း ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

26 Oct, 17:34


ကျန်တဲ့သူတွေ
********

ဖျင်ယားပြီးမယ်ပွဲသွားပြိုင်တယ်၊ တော်လှန်ရေးထဲမပါဘဲ ဖက်ဆစ်တပ်လက်အောက်မှာသာယာသလိုကျန်နေခဲ့တဲ့သတ္တဝါတွေရဲ့စိတ်ဓာတ်ကို နိုင်ငံတကာကသိသွားတယ်။ တိုင်းပြည်မှာနိုင်ငံရေးကအခရာဘဲ။ နိုင်ငံရေးညံ့ရင်အရာရာညံ့တယ်။ ဒါကိုဘယ်လိုဘဲလှီးလွှဲရှောင်ရှားလည်း ပြေးလို့လွတ်စရာမရှိဘူး။ အဆစ်တိုဟာယုတ်ယုတ်မာမာနဲ့အာဏာလုထားထားတာကို သာယာသလိုနေပြီးဟိုပွဲလုပ်လိုက် ဒီပွဲလုပ်လိုက် ဟိုဟာနဲ့ပျော်လိုက် ဒီဟာနဲ့ပျော်လိုက်လုပ်နေသူအားလုံးရဲ့စိတ်ဓာတ်ဟာ “Nasty Mind” ပါဘဲ။

သိပ်ကျိန်းသေတာတခုကတော့ ဒီတော်လှန်ရေးဟာ “အသက်ကိုစွန့်ပါတယ်” ဆိုတဲ့အထိ စိတ်ဓာတ်မြင့်မြတ်ကြသူတွေဦးဆောင်နေတာမို့ ကနေ့အထိခရီးရောက်လာတာဖြစ်တယ်။ တကယ်ဆို တော်လှန်ရေးကိုလျစ်လျူရှုထားတဲ့ လူ့အောက်တန်းစားအားလုံးဟာ လွတ်မြောက်မှုမှန်သမျှနဲ့ တရံတဆစ်ကလေးတောင်မှထိုက်တန်မနေဘူး။ နိုင်ငံတကာဟာ များမကြာခင်မှာဘဲ လွတ်မြောက်ခြင်းနဲ့မထိုက်တန်တဲ့သူတွေကို အရှုံးကြီးရှုံးတဲ့မယ်ပွဲကိုမြင်သလိုဘဲမြင်လာကြမှာပါ။ ဗမာပြည်ကတော့ အများလားရာရွေ့ပြီး တန်ရာရသွားမှာပါ။ ခုတောင် လာအိုလိုနိုင်ငံကိုအလုပ်သမားတွေစပြီးပို့နေရပြီမဟုတ်လား။ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး မြင့်မြတ်တဲ့စိတ်ဓာတ်မရှိသူတွေအတွက်တော့ ပြည်တွင်းမှာလည်းသဘောက် ပြည်ပမှာလည်းကျွန်အဖြစ်သာ နိဂုံးချုပ်လိမ့်မယ်။ ဆဲနိုင်ပြီ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

25 Oct, 01:05


ဇာတ်
*
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း …
အဲလေ ဟုတ်ပေါင်

“သုံးပွင့်ဆိုင် အကိုက်ဇာတ်လမ်း !!!” ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

24 Oct, 06:31


ကွန်မြူနစ်အကွက်သစ်
***************

ပူးတွဲပါ SS ရဲ့အောက်ခြေကိုကြည့်လိုက်ရင် “Follow ထားတာ ၂၄ နာရီကျော်သူများကိုသာ ပေးမန့်တယ်” လို့အဓိပ္ပါယ်ရတဲ့စာသားကိုမြင်ကြရမှာပါ။ CCP ကို ဝိုင်းဆဲကြတော့ ကွန်မြူနစ်စာမျက်နှာလည်းမခံနိုင်တော့ဘူး၊ ကန့်သတ်ရတော့တာဘဲလေ။ “မရဲဘဲနဲ့ကျွဲပြီးစီးတယ်” ဆိုတာ ဒါမှအစစ်ပါ။ နောက်ပြီး Follower ကလည်းလိုချင်သေးတော့ “ဆဲချင်ရင် Follow လုပ်” ဆိုတဲ့အကွက်နဲ့ “လင်လိုချင်ပေမယ့် အဝှါကြောက်တဲ့အပျိုကြီး” ဒီဇိုင်းချိုးတော့တာပေါ့။

ဘာဘဲဖြစ်ဖြစ် “တရုတ်ကွန်မြူနစ် ကျဆုံးပါစေ” လို့သာ … ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

23 Oct, 05:04


သုတေသနသစ်
**********

ဒြုန်းကနေဝဲပျံထွက်လာတဲ့အပိုင်းအစတွေမှန်ဖူးရင် အဲသလိုဘဲဂယောင်ခြောက်ခြားတွေပြောကုန်ကြတယ်ထင်ပါရဲ့။ ဒီကိစ္စကို သုတေသနပြုသင့်တယ်။
😄😄😄😄😄

ကိုထင် (ခ) လင်းမြတ်

22 Oct, 06:15


တရာနဲ့ဖြေ ပေါက်ဖော်ရေ
*******************

ဘုတလင်ဖြစ်ရပ်လောက် နာကျင်စရာကောင်းလို့လားပေါက်ဖော်ရာ၊ မင်းတို့မလဲ …..
😏😏😏😏😏

ကိုထင် (ခ) လင်းမြတ်

20 Oct, 03:25


ရာဇဝင်ရှိကြတယ်
***********

KIA ကပန်ဝါကိုသိမ်းလို့ ပန်ဝါနယ်ခြားဂိတ်ကိုတရုတ်ကပိတ်သတဲ့။

“သူတောင်းစားထမင်းဝလာရင် ဇရပ်ပေါ်တက်ပြီး အဝှါတောင်တယ်” ဆိုတဲ့စကားဟာ စိနအတွက်တော့ကွက်တိဘဲ။ ယဉ်ကျေးမှုတော်လှန်ရေးကာလက ဆန်နီထမင်းကြမ်းနဲ့ ပဲငံပြာရည်ခွက်ထဲကျောက်စရစ်ခဲထည့်စုပ်စားခဲ့တဲ့ဘဝကနေ တိန်ရှောင်ဖိန်ကောင်းမှုနဲ့ ဆန်ဖြူထမင်းဝဝစားလာရတော့ ဇရပ်ပေါ်ကသူတောင်းစားလိုဖြစ်လာတော့တာပါဘဲဗျာ၊ ဂိတ်လွန်လူပါးဝလာသပေါ့၊ ဒါထက်ဘာမှမပိုပါ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

18 Oct, 23:37


စက်ရပ်
***
စိနတို့ဝိုင်းညှော်နေတဲ့ကြားက ဒူဝါတို့ရဲ့ KIA ဟာ ပန်ဝါကိုသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ကြားသိရပါကြောင်း ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

18 Oct, 15:29


တရုတ်ကွန်မြူနစ်ကျဆုံးပါစေ
***********************
တရုတ်အစိုးရဟာ KIO ခေါင်းဆောင်တွေကိုတွေ့ပြီး ဖက်ဆစ်တပ်ကိုတိုက်နေတဲ့ ကချင့်တိုက်စစ်တွေကိုရပ်တန့်ဖို့ ဖိအားတွေပေးနေသတဲ့။

ကိုင်း … ငါတို့တော်လှန်ရေးဘက်တော်သားတွေအနေနဲ့လည်း KIO-KIA နဲ့အတူရပ်ပြီး ငါတို့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်ကွန်မြူနစ်ကို ကျယ်ကျယ်လောင်လောင် တုန့်ပြန်လိုက်ကြစို့ရဲ့ !!!!!

ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံဖြစ်သည်။
တိဘက်နိုင်ငံတော် လွတ်လပ်ပါစေ။
လွတ်လပ်သော ဝီဂါနိုင်ငံတော်ပေါ်ထွန်းဖို့မျှော်လင့်တယ်။

Taiwan is an independent state.
May Tibet be liberated.
We expect to see republic of Uyghur.

台湾是一个独立的国家。
愿西藏得到解放。
我们期望看到维吾尔共和国。


လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

18 Oct, 01:02


ဟာ … ကြေကွဲလိုက်ထှာ
ဟီး ဟီး ဟား ဟား
ဟိုး ဟိုး ဟဲ ဟဲ
ဟေး ဟေး ဟက် ဟက် !!!!!
😁😁😁😁😁

ကိုထင် (ခ) လင်းမြတ်

15 Oct, 13:33


သူက အကျိုးပေးကိုပါတာ …..

ကိုထင် (ခ) လင်းမြတ်

13 Oct, 17:13


မသနား
***
ခွေးဘီလူးသန်းရွှေရဲ့သားမက်ကို အဆစ်တိုတို့ဖက်ကဖမ်းလိုက်တယ်ဆိုတဲ့ကောလဟာလတွေဖြစ်ပေါ်နေပါတယ်။ သတင်းအမှန်ဆိုရင်တော့ အဆစ်တိုဟာခွေးဘီလူးကို ‘ဒါဘဲ’ လို့လှန်ပြပြီး အရိုက်အရာပေးခဲ့တဲ့ကျေးဇူးကိုစပြီးဆပ်လိုက်ခြင်းလို့ပြောလို့ရပါတယ်။ ဒါ့အပြင် ကြိုးစင်တက်ခြင်း လုပ်ရဲလို့ခံရဲခြင်းတွေကလွဲလို့ ‘ဘာမဆိုလုပ်ရဲတယ်’ လို့ကြွေးကြော်ခဲ့တဲ့သူ့စကားကို အဆစ်တိုအနေနဲ့ အပြုအမူနဲ့ထပ်ပြီးသက်သေပြလိုက်ခြင်းပါဘဲ။

ဘယ်လိုဘဲဖြစ်နေနေ-ဖြစ်လာလာ ခွေးဘီလူးကိုဘဲဖြစ်ဖြစ် ခွေးဘီလူးသားမက်ကိုဘဲဖြစ်ဖြစ် ခွေးဘီလူးမြေးကိုဘဲဖြစ်ဖြစ် အဆစ်တိုမိသားစုကိုဘဲဖြစ်ဖြစ် “လုံးဝ မသနား” လို့သာအတိအလင်းဆိုချင်ပါတယ်။ ဒီဖြစ်ရပ်ဟာ ခွေးချင်းကိုက်တဲ့ပွဲထက်လည်း ဘာမှမပိုဘူးရယ်လို့ နိဂုံးအနေနဲ့ပြောလိုပါကြောင်းဗျား ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

မှတ်ချက် ။ ။ ပြည်သူ့ဂရုဏာလိုချင်ရင် တော်လှန်ရေးကိုအပြည့်အဝပါဝင်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိပါ … ။

ကိုထင် (ခ) လင်းမြတ်

11 Oct, 14:50


ဟော …..

ကိုထင် (ခ) လင်းမြတ်

10 Oct, 14:22


တန်ရာပေးမယ်
**********
ဘယ်လို ဘယ်လို?
ဗမာပြည်နွေဦးကိုထိခိုက်လာအောင်လို့ ကိုးကန့်အပါအဝင် EAO တွေကိုဖိအားပေးတယ်၊ စစ်သူပုန်ကိုအားပေးတယ်၊ ဗမာ့ပြည်တွင်းရေးထဲခြေဝင်ရှုပ်တယ်၊ ဗမာတပြည်လုံးကပြည်သူ့ဆန္ဒကို စော်ကားတယ်တဲ့လား ??? အဟင်း … ငါတို့က ဒင်းတို့ရဲ့ဗမာပြည်တွင်းကအကျိုးစီးပွါးကိုတောင်မပျက်စီးစေချင်မိခဲ့တဲ့အပေါ် သူတို့ကဒါမျိုးပြန်ပေးတယ်တဲ့လား ????? ကောင်းပြီလေ။ အခုတော့ဒီလိုရပ်တည်တယ်၊ ရှင်းရှင်းဘဲ။

ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံဖြစ်သည်။
တိဘက်နိုင်ငံတော် လွတ်လပ်ပါစေ။
လွတ်လပ်သော ဝီဂါနိုင်ငံတော်ပေါ်ထွန်းဖို့မျှော်လင့်တယ်။

Taiwan is an independent state.
May Tibet be liberated.
We expect to see republic of Uyghur.

台湾是一个独立的国家。
愿西藏得到解放。
我们期望看到维吾尔共和国。

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

09 Oct, 17:02


ငါတို့လည်းရပါတယ်
***************
ကန်သမ္မတဘိုက်ဒန်က ၂၀၂၃ တုန်းက ကယ်လီဖိုးနယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာ အေပက်အစည်းအဝေးလုပ်ခဲ့တယ်။ စိနသမ္မတကြီးရှီလည်းတက်ရောက်ခဲ့တယ်ပေါ့လေ။ အစည်းအဝေးမိန့်ခွန်းတခုမှာ ကန်သမ္မတဘိုက်ဒန်က စိနသမ္မတရှီကို “Dictator (အာဏာရှင်)” လို့ပြောထည့်လိုက်တော့ တကမ္ဘာလုံးကသံတမန်ရပ်ကွက်တခုလုံး ဟင်ကနဲ ဟာကနဲတွေဖြစ်ကုန်ကြတာပေါ့လေ။ ဒီကိစ္စကြောင့်ပွက်လောအရိုက်ဆုံးက တရုတ်ပြည်မ ပါဘဲ။

မုဆိုးမလေးဂင်္ဂါဇာတ်လိုဘဲ စိန CCP ဝါဒဖြန့်ချီရေးတွေလည်း မပြီးနိုင်မစီးနိုင်ပြောလိုက်ကြဆိုလိုက်ကြ၊ ဝေဖန်လေကန်လိုက်ကြ၊ ကြုံးဝါးစိန်ခေါ်လိုက်ကြနဲ့ ပေါ့လေ။ တခါသားမှာ စိန CCP အမာခံတယောက်နဲ့ ကန်ဖက်က Freedom of Speech ကိုလက်ခံသူတယောက် စကားစစ်ထိုးကြရော တဲ့။

ဒီအခါမှာ ကန်ဖက်က Freedom of Speech သမားက
“ဟျောင် … မင်းနားလည်ထားဖို့က၊ ငါတို့ကန်နိုင်ငံသားတွေဟာ ကန်သမ္မတဘိုက်ဒန်ကိုမကြိုက်လို့ ကနေ့ ဝါရှင်တန်-ဒီစီ က ကန်သမ္မတအိမ်ဖြူကိုသွား၊ သမ္မတအားတဲ့အချိန် သူ့ရဲ့ Oval Office ထဲမှာ သူထိုင်တဲ့စားပွဲကိုလက်သီးနဲ့ထုပြီး ‘ဒီမှာ သမ္မတကြီး၊ သမ္မတကြီးနဲ့အစိုးရအဖွဲ့ အမေရီကန်နိုင်ငံကြီးကို ကနေ့အုပ်ချုပ်လည်ပတ်နေပုံနဲ့ပါတ်သက်ပြီး လုံးဝ မကြိုက်ဘူး’ လို့သွားပြီး ဆန္ဒထုတ်ဖော်လို့ရတယ်ကွာ့ !!!” လို့ပြောရော တဲ့။ ဒီအခါမှာ စိန CCP အမာခံက၊ “မင်းတို့တင်ပြောလို့ရတာမဟုတ်ဘူး၊ ငါတို့လည်းအဲသလိုမျိုး သမ္မတဆီအထိတက်ပြီးဝေဖန်လို့ရတယ်” လို့ပြန်ပြောပါရော တဲ့။ ကန်ဖက်က Freedom of Speech သမားလည်း အံ့တွေဩပြီး “အေး … ဘယ်လိုရတယ်ဆိုတာပြောပြစမ်း” ဆိုပြီးဆက်မေးပါရော တဲ့။

ဒီအခါမှာ စိန CCP အမာခံက
“ငါတို့လည်း ဘေဂျင်းက Zhognanhai ရုံးဆီ ရက်ချိန်းတောင်း၊ ခွင့်ပြုချက်ရပြီးရင် သမ္မတရှီရုံးခန်းထဲဝင်၊ သူ့ရဲ့ မဟော်ဂနီစားပွဲကိုထုပြီး ‘ဒီမှာ သမ္မတကြီး၊ ကန်သမ္မတကြီးနဲ့အစိုးရအဖွဲ့ အမေရီကန်နိုင်ငံကြီးကို ကနေ့အုပ်ချုပ်လည်ပတ်နေပုံနဲ့ပါတ်သက်ပြီး လုံးဝ မကြိုက်ဘူး’ လို့သွားပြီး ဆန္ဒထုတ်ဖော်လို့ရတယ်ကွာ့ !!!” လို့ပြန်ပြောသတဲ့။

ကိုင်း … စိနကွန်မြူနစ်စနစ်ဟာဘယ်လောက်တောင်လွတ်လပ်တုန်း။ ကမ္ဘာ့ခေါင်းဆောင်တွေကိုတောင် စိတ်ကြိုက်ဝေဖန်ပြောဆိုလို့ရနေတာမဟုတ်လား ???
အဟင်း ဟင်း ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

08 Oct, 16:03


ဖြစ်ပုံ
*

ဖြစ်ပုံ (၁)
မေး
ပုဂံနဲ့ပါတ်သက်ပြီးဒေါက်ဇော်ကိုဘာပြောချင်ပါသလဲ ???
ဖြေ
ဒေါက်ဇော်ဟာ ပုဂံကျိန်စာသင့်လူသားတယောက်ပါ၊ ပုဂံကိုဖျက်ဆီးသွားလို့ လုံးဝ မကျေနပ်ပါဘူး !!!

ဖြစ်ပုံ (၂)
မေး
ပုဂံနဲ့ပါတ်သက်ပြီး အဆစ်တိုကိုဘာပြောချင်ပါသလဲ ???
ဖြေ
အု .. အဟု … ဝု … ဖရု … (ဘောနင်နေ၍ မဖြေနိုင်ရှာ)

ပလော်ဘလမ် ?????

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

07 Oct, 06:27


ဂတိ
****

သုဂတိသွားနှင့်သူအတွက်
ဒုဂ္ဂတိလားမည့်သူ၏ နှုတ်ခွန်းဆက် ….. ။

စက်ဆုပ်စွာဖြင့်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

07 Oct, 04:59


လမ်းစဉ်
****

တော်လှန်ရေးဖက်က အဲဒါမျိုးတွေလုပ်နေတဲ့အချိန်မှာ ဒေါက်တာဇော်မြင့်မောင်တယောက်ကတော့ ဖက်ဆစ်များရဲ့ရက်စက်ယုတ်မာမှုကြောင့် ကြွေလွှင့်ခဲ့ရပြီ။

တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ခုအတိုင်းဆက်သွားနေဦးမှာလား ? ဒါမှမဟုတ် အစ္စရေး IDF ရဲ့ ဟမ္မူရာဘီဥပဒေကိုပြောင်းလဲကျင့်သုံးမှာလား ဆိုတာကိုတော့ ရွေးသင့်ချိန်ထက် ကျော်လွန်နေပါပြီလေ … ။

မှတ်ချက် ။ ။ အစ္စရေးဘာလုပ်လုပ်ထောက်ခံတယ် လို့တော့ မဆိုလိုပါကြောင်း။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

06 Oct, 19:42


အချောင်သမားများအတွက်
*********************
ဒေါ်အောင်ဆန်းစုကြည်အသက်ပေးပြရင်ရောတတိုင်းပြည်လုံးအုံကြွကြမယ်ထင်သလား ????? အဟင်း … အချောင်သမားတွေကို လုံးဝ မယုံကြည်မိပါဘူးလေ …..