PDF Insight @pdfinsight Channel on Telegram

PDF Insight

@pdfinsight


လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ

PDF Insight (Burmese)

PDF Insight ဆီကိုင်ရဲ့အတွက် သင်လေ့လာသော စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို ရရှိနိုင်သည်။ ဒီ channel သည် PDF ဖိုငျလိုသည်များ၏ အချက်အလက်များ၊ အဆင့်များ၊ နည်းလမ်းများနှင့် နှင့်အခုချုပ်ချုပ် စမ်းသပ်နိုင်သည်။ အကန့်အသတ်များဖြင့် သင်ဆိုင်ထားသော PDF ဖိုငျလိုသည်များကို တင်သွင်းနိုင်သည်။ PDF Insight channel သည် သင်ဖြစ်သည်များနှင့် တင်ပြိုင်ပန်ုလဲအတွက် အခြား ဝန်ဆောင်များနှင့် ပုံစံအေးချမ်းများ ရရှိနိုင်ပါသည်။

PDF Insight

20 Feb, 14:59


ပြင်ပ​နှောက်ယှက်မှု အနည်းဆုံးဖြစ်ဖို့လိုတဲ့ တော်လှန်​ရေး

ဖေ​ဖော်ဝါရီ ၁၇ နဲ့ ၁၈ရက်တို့မှာ ကျင်းပခဲ့တဲ့ TNLA နဲ့ စကစတို့ရဲ့ ဆွေး​နွေးပွဲက ဘာသ​ဘောတူညီချက်မှမရရှိပဲ ပြီးဆုံးသွားခဲ့ပါတယ်။ တကယ်​တော့ တရုတ်ရဲ့အတင်းအကြပ် တိုက်တွန်းဖိအား​ပေးမှုကြောင့်သာ ဒီ​ဆွေး​နွေးပွဲ​တွေဖြစ်လာတာ သိသာ​နေပါတယ်၊ TNLA ဘက်က ခက်ခဲတဲ့အ​ခြေအ​နေ​တွေ ကြုံခဲ့ရတယ်လို့ဆိုတာပါ။ ရောက်တဲ့​နေရာမှာ အပစ်ရပ်ထား​ရေး၊ လေယာဥ်နဲ့လက်နက်ကြီး​တွေ မသုံး​ရေးနဲ့ ဒေသခံ​တွေအတွက်​ ပြေလည်​စေဖို့ လမ်းပိတ်ဆို့ထားမှု​တွေ ဖျက်သိမ်း​ပေး​ရေး စတဲ့ TNLAဘက်က​ဆွေး​နွေးချက်ကို စကစဘက်က ပြန်လည်​ဆွေး​နွေးနိုင်ခြင်းမရှိပဲ ဆွေး​နွေးပွဲပြီးဆုံးသွားခဲ့တာပါ။ တကယ်​တော့ တရုတ်အတင်းစီစဥ်​နေမှု​တွေ​ကြောင့်သာ တော်လှန်​ရေးတပ်ဖွဲ့​တွေက သွားပြီးတက်​ရောက်​နေကြရတာ ဆွေး​နွေးပွဲ​အောင်မြင်ဖို့ ဘာ​မျှော်လင့်ချက်မှ ထားကြတာမဟုတ်ပါဘူး၊ စစ်တပ်ဖက်ကလည်း မူအရဘာတခုမှ လိုက်​လျောသ​ဘောတူတာမရှိပဲ အချိန်ဆွဲ​ရေးသက်သက် လုပ်​နေတာဖြစ်တယ်။ ရသမျှအချိန်အတွင်း အင်အားစု​ဆောင်းပြီး သူဆုံးရှုံးသွားတဲ့နယ်​မြေ​တွေ ပြန်လည်တိုက်ယူဖို့ ကြိုးပမ်းမှာပဲဖြစ်တယ်၊ ကိုးကန့်ကို ဖိအား​ပေးဖို့ ဝအဖွဲ့နဲ့ ပထမဆုံးအကြိမ်​ဆွေး​နွေးပွဲကတည်းက အင်အားကြီးဆိုတဲ့အရှိန်အဝါနဲ့ ဇွတ်အတင်းဖိအား​ပေးခဲ့တာ တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါ​တွေအားလုံးက NUG+ EAO အင်အား​တွေအသာရသွားရင် အ​နောက်အုပ်စုဘက်ကို နီးကပ်သွားမယ်ဆိုတဲ့ စိုးရိမ်ချက်က​နေလာတာပါပဲ၊ လက်ရှိစစ်တပ်ရဲ့ခေါင်း​ဆောင်မှုဟာ နိုင်ငံ​ရေး စစ်​ရေး စီးပွား​ရေး ဘယ်​နေရာမှ သုံးစားလို့မရဘူးဆိုတာ သူတို့သိပါတယ်၊ ဒါ့အပြင် တရုတ်ပြည်သူ​တွေကို အကြီးအကျယ်ထိခိုက်​စေတဲ့ ကျားဖျန့်လိမ်လည်မှုလို ကိစ္စ​တွေမှာပါ စကစဟာ ပူးတွဲတရားခံဖြစ်​နေတယ်ဆိုတာလဲ တရုတ်က သိ​နေတာပါပဲ၊တရုတ်​တွေ ခံ​ပေ့​စေဆိုပြီး ကျားဖျန့်ကိစ္စ​တွေကို တမင်လွှတ်​ပေးထားတာကအစ တရုတ်ဘက်ကသိ​နေနိုင်တာဖြစ်ပါတယ်၊ ဒါ​ပေမယ့် စစ်တပ်ဟာ ဘယ်​လောက်ပဲ ညံ့ဖျင်းအသုံးမကျ ဖြစ်​နေ​စေကာမူ သူ့အိမ်​ဘေးမှာ အ​နောက်ဆန့်ကျင်တဲ့ အင်အား​လေးတခုရှိ​နေ​ရေးက တရုတ်ရဲ့ ဦးစား​ပေးပါပဲ။
တဘက်မှာ ထရမ့်သမ္မတဖြစ်လာပြီး​နောက် US မှာလည်း အ​ပြောင်းအလဲကြီး​နေတာဖြစ်တယ်၊ ယူကရိန်းကို​တောင် ပြောင်​ပြောင်တင်းတင်း ဆန့်ကျင်​ပြောဆိုလာတဲ့ US ဟာ ဝေးလံပြီး US အကျိုးစီးပွားမယ်မယ်ရရ မရှိတဲ့ မြန်မာလိုနိုင်ငံငယ်​လေး​တွေကိစ္စကို ဦးစားမ​ပေးဘူးဆိုတာ ရှင်း​နေပါတယ်၊ တရုတ်ဘက်က​တော့ သူ့အတွက်စိတ်ချရ​အောင် ကျားကျားမီးယပ်ပဲလုပ်​နေမှာပါပဲ ၊ ဒီ​နေရာမှာ NUG အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ပြောတာ​လေး ကိုးကားလိုပါတယ်၊ သူ​ပြောတာက တရုတ်ကို ဆန့်ကျင်​နေမယ့်အစား သူ့ဘက်ကစိုးရိမ်မှုကိုလည်း လျော့ချ​ပေးဖို့လိုတယ်လို့ဆိုတာပါ၊ နိုင်ငံငယ်​တွေဟာ အင်အားကြီး​တွေနဲ့ တည့်အောင်​ပေါင်းဖို့လိုတယ်ဆိုတာက အခုလို အပြိုင်အဆိုင်များလှတဲ့ ကမ္ဘာကြီးမှာ ပိုပြီး လိုလာတာဖြစ်ပါတယ်၊ US ကို ​လော်ဘီလုပ်သလို အိမ်နီးချင်းဖြစ်​နေတဲ့ တရုတ်ကိုလည်း လော်ဘီလုပ်ဖို့လိုတာပါပဲ၊ မအလလို အချုပ်အခြာအာဏာပါ ဒလ​ဟော​လျောချ​ပေးတဲ့ မူမဲ့ ဆက်ဆံ​ရေးမျိုးမဟုတ်တဲ့ မူအ​ပေါ်က ဆက်ဆံ​ရေးမျိုးကို ယခင်နိုင်ငံခြား​ရေးဝန်ကြီးအဖြစ်ပါတာဝန်ယူခဲ့တဲ့ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်ပြခဲ့ဖူးတဲ့ မှတ်တမ်း​တွေရှိပါတယ်၊ တရုတ်နဲ့သာမက အခြားနိုင်ငံများနဲ့ ဆက်ဆံ​ရေးမှာပါ စံနမူနာထား​လေ့လာသင့်တဲ့ ဖြစ်စဥ်​တွေလို့ဆိုရမှာပါ၊ ယ​နေ့​တော်လှန်​ရေးအ​ခြေအ​နေက လွတ်လပ်​ရေးရပြီး​နောက်ပိုင်း ဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ အောင်မြင်မှုရရှိ​နေတာပါ၊ တပ်ဖွဲ့အားလုံးကလဲ အောင်ပွဲခံဖို့ အတက်ကြွဆုံး အသင့်အ​နေအထားမှာ​ရောက်ရှိ​နေတာပါ၊ ဒီအချိန်မျိုးမှာ အင်အားအကြီး​ရော အ​သေး​ရော အိမ်နီးချင်းများရဲ့ ဆန့်ကျင် နှောက်ယှက်မှု အနည်းဆုံးဖြစ်​အောင် ကြိုးစားကြရမှာ ဖြစ်​ကြောင်းပါ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

15 Feb, 09:38


နွေဦး​တော်လှန်​ရေး ဘယ်နည်းဘယ်ပုံ အောင်ပွဲခံသွားနိုင်မလဲဆိုတာအ​ပေါ် လတ်တ​လောမြင်​တွေ့​နေရတဲ့ အ​ခြေအ​နေများအရသုံးသပ်မယ်ဆိုရင် မြန်မာအ​​နောက်​​ကြော ချင်း​တောင်ပိုင်းနဲ့ AA အင်အားများ ၊ မြန်မာအလယ်​ကြော စစ်ကိုင်းမ​ကွေး PDF များနဲ့ TNLAအင်အားများ ၊ မြန်မာ​အ​ရှေ့​တောင်ခြမ်း ကရင်နီနဲ့ KNLAအင်အားများ+ PDF များက အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ဒီ​နေရာမှာ ဧရာဝတီအ​နောက်ခြမ်းက လက်နက်စက်ရုံများထဲက ပိုပြီး အခရာကျတဲ့စက်ရုံများကို ဦးတည်တိုက်ခိုက်ဖို့က ရှေ့ကို​ရောက်လာနိုင်ပါတယ်။ ဒီစက်ရုံအချို့ကို သိမ်းပိုက်တာ သို့မဟုတ် ဖျက်ဆီးတာ လုပ်နိုင်ရင်​တောင် မင်း​အောင်လှိုင်တပ် ဒူး​ထောက်ရတဲ့ ဘဝ​ရောက်သွားနိုင်ပါတယ်။ ဗိုလ်ဒါ​ဘော​ ပြောတဲ့ လမ်း​ကြောင်းဟာ ကိုးကန့်သားတို့ လောက်ကိုင်ကို သေနတ်တချက်မ​ဖောက်ရပဲ သိမ်းပိုက်ရရှိခဲ့တဲ့ လမ်း​ကြောင်းမျိုးပါပဲ။ ဒါဟာ ဆွန်ဇူးရဲ့ စစ်ဆင်​ရေးမှာ အ​ပြောင်​မြောက်ဆုံးလို့ ချီးကျူးရတဲ့ အမြင့်ဆုံး နည်းပရိယာယ် သို့မဟုတ် နည်းဗျူဟာတခုပါပဲ။ ဒုတိယကမ္ဘာစစ်တုန်းက ရခိုင်ဘက်က​နေထိုး​ဖောက်ဝင်​ရောက်ပြီး ဗမာပြည်ကို သိမ်းပိုက်မယ့် အစီအစဥ်က မ​အောင်မြင်ခဲ့လို့ မဟာမိတ်တပ်​တွေဟာ မြောက်ပိုင်းက​နေ မြန်မာအလယ်​ကြောအတိုင်းထိုးဆင်းပြီး ရန်ကုန်အထိ ချီတက်သိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ အခု​တော့ ဂျပန်လက်ကျ မအလရဲ့ဖက်ဆစ်တပ်ဟာ ရခိုင်မှာ AAကို အရှုံးကြီးရှုံးထားပြီဖြစ်လို့ ဧရာဝတီအ​​နောက်ခြမ်းတိုက်ပွဲ​တွေဟာ နေပြည်တော်သိမ်းပိုက်​ရေးအတွက် အနီးဆုံးလမ်း​ကြောင်း ဖြစ်လာပါလိမ့်မယ်။ AAခေါင်း​ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်​ပြောခဲ့သလို တိုင်းရင်းသား​တွေရဲ့ ကိုယ့်လူမျိုးတမျိုးထဲ လွတ်​မြောက်​ရေးဟာ မ​အောင်မြင်နိုင်ဘူးဆိုတာ နှစ် ၇၀ သမိုင်းက လက်​တွေပြခဲ့ပြီးပါပြီ။ ဒါ​ကြောင့် ဒီအကြိမ်မှာ​တော့ တရုတ်နယ်စပ် အင်အားတချို့မှအပ ကျန်အင်အားအားလုံးစု​ပေါင်းခြင်းဟာ မအလတပ်ကို အပြုတ်ဖြုတ်ဖို့ လုံ​လောက်တဲ့ အင်အားစုဖွဲ့မှုဖြစ်​ကြောင်း သက်​သေပြရ​တော့မှာ ဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

15 Feb, 09:38


လုံလောက်တဲ့ အင်အားရှိ​နေပြီဖြစ်တဲ့ နွေဦးတော်လှန်​ရေး

အ​မေရိကန်မှာ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာတာနဲ့ လှုပ်ခတ်မှု​တွေဖြစ်လာသလို မြန်မာ့အ​ရေးကလည်း အ​ပြောင်းအလဲတခုအတွက် တာဆူ​နေတာဖြစ်ပါတယ်။ အ​မေရိကန်ရဲ့ မြန်မာအ​ပေါ်သ​ဘောထားက ပြောင်းလဲ​ကောင်း​ပြောင်းလဲနိုင်တယ် သို့မဟုတ် သမ္မတဘိုင်ဒင် လက်ထက်ကလိုပဲ မတင်မကျအ​ခြေနေမျိုးပဲ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လော်ဘီလုပ်ရာမှာ​တော့ ဘာသာ​ရေးလွတ်လပ်ခွင့်အ​ပေါ်ဦးစား​ပေး လုပ်သင့်တယ်လို့ ပြောဆို​နေကြတာ​ဖြစ်တယ်။ ဒါက​တော့ ကွန်ဆာ​ဗေးတစ်​တွေရဲ့ ဘာသာ​ရေးအ​လေးထားမှုကို အကျိုးရှိ​အောင် အခွင့်​ကောင်းယူတာပဲဖြစ်တယ်။ ဒါ​ပေမယ့် ယာယီသမ္မတ ဒူဝါလရှီးလ​က ၂၀၂၄ နိုဝင်ဘာလအတွင်းက ပြောကြားခဲ့တဲ့ နိုင်ငံတကာမှာ မြန်မာ့အ​ရေး​ဆောင်ရွက်မှု​တွေဟာ အချိန်ယူသင့်သ​လောက်ယူပြီးပြီလို့လည်း​ပြောနိုင်သလို အချိန်​ပေးသင့်တာထက်လည်း ပိုပြီး​ပေးခဲ့ပြီလို့ ပြောနိုင်​ကြောင်း ဆိုတာကိုလည်းအမှတ်ရကြရမှာဖြစ်ပါတယ်။

မြန်မာ့အ​ရေးမှာ​တော့ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှု​တွေက ဆက်လက်​တွေ့မြင်ရမယ့်သ​ဘောရှိပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကိုးကန့်နဲ့ စကစကြား သ​ဘောတူညီချက်ရရှိခဲ့​ကြောင်း တရုတ်ဘက်​ကြေညာခဲ့​ပေမယ့် ကာယကံရှင်​တွေဘက်က နှုတ်ဆိတ်​နေတာဖြစ်တယ်။ ယခုလအတွင်းမှာပဲ တရုတ်က TNLA , AA တို့နဲ့ပါ စကစနဲ့ တွေ့ဆုံ​ပေးဖို့ရှိ​ကြောင်းသိရတာဖြစ်တယ်။ ဒီ​တွေ့ဆုံမှု​တွေက​နေ မည်သို့​သော ထုတ်ပြန်ချက်​တွေ ထွက်လာသည်ဖြစ်​စေ အကဲဖြတ်ချက်​တွေ မ​စောကြဖို့လိုပါတယ်။ တရုတ်ရဲ့​ပေါ်လစီ​တွေက အိမ်နီးချင်းနိုင်ငံ​တွေ တည်ငြိမ်မှ သူ့အတွက် အကျိုးဖြစ်ထွန်းနိုင်မှာနဲ့ အိမ်နီးချင်း​တွေ US နဲ့ နီးကပ်မသွား​ရေးက ဦးစား​ပေးပါပဲ။ ဒီတရုတ်​ပေါ်လစီ​တွေနဲ့ တော်လှန်​ရေး​အောင်မြင်ဖို့အ​ရေးကြားမှာ ပါးနပ်စွာ ထိန်းညှိ​ဆောင်ရွက်​ရေးက နွေဦး​တော်လှန်​ရေးအတွက် အကြီးမားဆုံး စိန်​ခေါ်မှုပါပဲ။ အခုချိန်မှာ တိုင်းရင်းသားများရဲ့ လက်နက်ကိုင်​တောင်းဆိုမှုနဲ့တိုက်ပွဲဝင်​နေမှု​တွေဟာ NUG ဦး​ဆောင်တဲ့ မြေပြန့် PDF များရဲ့ ဦးတည်ချက်နဲ့ တထပ်ထဲဖြစ်တယ်ဆိုတာလည်း မ​မေ့ကြဖို့လိုတာဖြစ်တယ်။

တဘက်မှာ​တော့ တော်လှန်​ရေး အရှိန်အဟုန်က ဆက်ပြီး တိုးတက်ဖြစ်ထွန်းနေတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ AA က စစ်​တွေကိုစပြီး ထိုးစစ်ဆင်​နေပါပြီ။ AA နဲ့ PDF ပူး​ပေါင်းတပ်​တွေက မ​ကွေး ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်က နယ်​မြေ​တွေကို ထိုး​ဖောက်ဝင်​ရောက်လာ​နေပြီဖြစ်တယ်။ကရင်ပြည်နယ်မှာ​တော့ ဖြေး​ဖြေးနဲ့မှန်မှန် အ​ရေးပါတဲ့စခန်း​တွေ တခုပြီးတခုသိမ်းပိုက်လာ​​နေတာပါ။ စစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘောရဲ့ အင်တာဗျူးမှာ သူတို့ဟာ နယ်​မြေ​တွေကို တ​ဖြေး​ဖြေးသိမ်းပိုက်အနိုင်ယူခြင်းအားဖြင့် နောက်ဆုံးမှာ အ​ရေးပါတဲ့မြို့တွေက အလိုအ​လျောက်ကျသွားအောင် လုပ်​နေတာဖြစ်တယ်လို့​ပြောသွားတာ​တွေ့ရပါတယ်။ ဒါက မဟာဗျူဟာအမြင်တခုဖြစ်လို့ သတိပြုစရာဖြစ်ပါတယ်။ ကရင်မှာရှိတဲ့ နောက်ပြသနာကြီးက BGF နဲ့ ကျားဖြန့်ကိစ္စပါပဲ။ ဒီကိစ္စဟာ ဒေသတွင်းသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံ​တွေရဲ့ လုံခြုံ​ရေးကိုပါ ခြိမ်း​ခြောက်ထိခိုက်​စေတာပါ။တ​နေ့ကပဲ အ​မေရိကန်သမ္မတ လက်မှတ်​ရေးထိုးလိုက်တဲ့ မြန်မာဟာ အ​မေရိကန်အကျိုးစီးပွားနဲ့ လုံခြုံ​ရေးကို အဓိက ခြိမ်း​ခြောက်​နေတဲ့အတွက် အ​ရေး​ပေါ် ဥပ​ဒေပြဌာန်းမှုကို တနှစ်သက်တမ်းတိုးလိုက်တယ်ဆိုတဲ့ထဲမှာ ဒီကိစ္စ​တွေလည်းပါနိုင်တာဖြစ်တယ်။ တရုတ်က ကျားဖြန့်နှိမ်နင်း​ရေးမှာ ထဲထဲဝင်ဝင် ဖိအား​ပေး​နေလို့ ထိုင်းဘက်က မီးဖြတ်ရ ဆီဖြတ်ရ လုပ်လာတယ်။ BGF ရော DKBA တို့ပါ ကျားဖြန့်ကိစ္စ ပူး​ပေါင်း​ဆောင်ရွက်ပါမယ်ဆိုပြီး အသီးသီး နှုတ်ထွက်ဖို့ကြိုးပမ်းလာကြ​ပေမယ့် အဓိက ပူးတွဲတရားခံဖြစ်တဲ့ စကစပါ အမှုတွဲ​ပေးနိုင်ဖို့ မိမိဘက်ကြိုးပမ်းကြရမှာပါ။

PDF Insight

12 Feb, 06:20


အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ လုပ်ဆောင်ရန် အချက်များ
.......................................

အကြမ်းဖက်စစ်တပ်အနေနဲ့ လူအင်အား မလုံလောက်မှုကို လူငယ်၊ လူရွယ်များကို အတင်းအကြပ် ဖမ်းဆီးပြီး တပ်သားသစ်စု‌ဆောင်းကာ ဖြေရှင်းဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ အဲဒီလို အတင်းအကြပ် စုဆောင်းခံရတဲ့ တပ်သားသစ်တွေနဲ့ စစ်တိုက်လို့မရဘဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ အတွက် လက်နက်ရေသောက်မြစ်၊ တပ်သားသစ် ရေသောက်မြစ်သာ ဖြစ်လာတာကိုတွေ့ရပါတယ်။ တပ်သားသစ်တွေ အနေနဲ့လည်း တိုင်းရင်းသားဒေသမှာသာမက မြန်မာနိုင်ငံ အတွင်းပိုင်း၊ အလယ်ပိုင်း မြို့ရွာ အသီးသီးကနေ ထွက်ပြေးနေသလို စစ်သင်တန်းကျောင်းတွေကပါ ထွက်ပြေးလျက်ရှိပါတယ်။

အဲ့ဒီလို အဓမ္မလူသစ်စုဆောင်းမှု ခံလိုက်ရတဲ့ လူငယ်၊ လူရွယ်တွေ လိုက်နာသင့်တဲ့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၁) PDF တပ်ရင်း၊ ပကဖအဖွဲ့တွေ ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ၊ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @Myanmar People ကို (ကြိုတင်) ချိတ်ဆက်ထားဖို့
၂) စစ်သင်တန်းတွင်း၊ သင်တန်းပြီး ကာလမှာ PDF, ပကဖ၊ ပအဖ၊ ပလဖ နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက် အမြန်ဆုံး ဘက်ပြောင်းဖို့
၃) ဘက်ပြောင်းလာသူတွေကို လုံခြုံရေး တာဝန်ယူသလို လက်နက်ပါလာပါက ဆုကြေးငွေ ချီးမြှင့်မယ်လို့ ပါရှိပါတယ်။

လတ်တလော ဘက်ပြောင်းမှု ဖြစ်စဉ်တွေကို ကြည့်ရင်ကို စစ်တပ်ဟာ ပြိုလဲနေပြီ အဓမ္မလူသစ် စုဆောင်းခံရသူတွေဟာ အခြေအနေပေးတာနဲ့ နည်းလမ်းမျိုးစုံသုံး ထွက်ပြေးနေပြီ ဆိုတာ သိသာပါတယ်။
- ယခုနှစ်ဆန်းက စတင်ပြီး လောင်းလုံ ပကဖ ထံ ခလရ (၂၅) က တပ်သားသစ် စုဆောင်းခံရသူ (၅) ဦး ခိုလှုံခဲ့ပါတယ်။
- တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်မှုထမ်း သင်တန်းအပတ်စဉ် (၆) ဆင်း တပ်သားသစ် (၃) ဦး ဘက်ပြောင်းခဲ့ပါတယ်။
- နေပြည်တော်ဒေသမှာလည်း တပ်သားသစ် (၇) ဦး ကို နေပြည်တော် ပကဖ က ကယ်ထုတ်စဉ် လူသစ်စုဆောင်းခံခဲ့ရတဲ့ တပ်သားသစ် (၃) ဦး ကျဆုံးပြီး ကျန်တပ်သားတွေကို လုံခြုံရာကို ရွေ့ပေးနိုင်ခဲ့ပါတယ်။
- မုံရွာမြို့တော်ခန်းမမှာ လုံခြုံရေး တာဝန်ချခံထားရတဲ့ အပတ်စဉ် (၅) ဆင်း တပ်သားသစ် တဦးဟာ မုံရွာ ခရိုင် တပ်ရင်း (၂၂) နဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့ပါတယ်။
- စစ်ကိုင်းမြို့နယ်မှာပဲ အပတ်စဉ် (၅) ဆင်း တပ်သားသစ် တဦးဟာ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း နဲ့ ချိတ်ဆက်ဘက်ပြောင်းခဲ့ပါတယ်။
- မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှာ တာဝန်ကျနေတဲ့ တပ်သားသစ် (၅) ဦး ဟာ လက်နက်အပြည့်အစုံ နဲ့ အတူ Union Liberation Front နဲ့ မဟာမိတ်တွေဆီ ဘက်ပြောင်းခဲ့ပါတယ်။
- အုတ်ဖိုမြို့နယ် ခမရ (၆) တပ်ရင်းက တပ်သားသစ် (၇) ဦးဟာ လက်နက်နဲ့ အတူ ထွက်ပြေးခဲ့ပါတယ်။
- ပခုက္ကူမြို့နယ်မှာလည်း တပ်မ (၁၀၁) မှာ အဓမ္မ လူသစ်စုခံထားရတဲ့ တပ်သားသစ် (၂) ဦးဟာ ပခုက္ကူမြို့နယ် ပကဖ နဲ့ ချိတ်ဆက် ဘက်ပြောင်းခဲ့ပါတယ်။
- ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ရွာမှာရှိတဲ့ အမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သင်တန်းသား (၄၀) ဦး ထွက်ပြေးရာမှာ (၂၄) ဦး လွတ်မြောက်ခဲ့ပါတယ်။
- ကရင်နီ ဒေသမှာလည်း တပ်သားသစ် ရာနဲ့ချီပြီး ဘက်ပြောင်းလျက်ရှိတယ်လို့ KNDF က ပြောကြားသွားပါတယ်။
- ကျောက်ကြီးမြို့နယ် ခလရ (၂၈၈) က သင်တန်းဆင်း တပ်သားသစ် (၂) ဦး ဟာလည်း KNLA ထံ လက်နက် နဲ့ အတူ ဘက်ပြောင်းခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

05 Feb, 13:31


မြို့ပြဒေသကို ထိုးဖောက်လာတဲ့ PDF
…………………………
ကျေးလက်အခြေခံ မြို့ဝိုင်းမဟာဗျူဟာ ချမှတ်ထားတဲ့အတိုင်း ကျေးလက်ဒေသ နယ်မြေအများစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖတွေ စိုးမိုးထားနိုင်ပြီးတဲ့နောက်မှာ မြို့ပြ ဒေသကို ထိုးဖောက်တိုက်ခိုက်မှုတွေ ပိုမိုပေါ်ထွက်လာပါတယ်။

၂၀၂၅ ခုနစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တောင်သာမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ နေရာထက်မနည်းမှာ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တောင်သာမြို့ထဲက အမှတ် (၁) အထက်တန်း‌ကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေ ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ အဆိုပါ မြင်းခြံတပ်ရင်းက ပြောပါတယ်။

၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အတွင်းမှာလည်း အုတ်တွင်းမြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့‌တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ စလင်းမြို့အနီးကို တော်လှန်ရေး အင်အားစုတွေ ရောက်ရှိလာပြီးတဲ့နောက်မှာလည်း စလင်းမြို့ပေါ်က စစ်ကောင်စီ ရုံးအားလုံးကို ပိတ်သိမ်းလိုက်ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် တွင်းမှာလဲ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ သာယာဝတီခရိုင် PDF က အသိပေးပြောကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မြို့ကြီးဖြစ်ပြီး ရန်သူ့လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် Apollo Hotel မင်္ဂလာပွဲ တက်လာတဲ့ စရဖ ဗိုလ်မှူး တဦးကို ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Yangon Phoenix နဲ့ Together Urban Force တို့က ပစ်ခတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း မြို့တော်ထားဝယ်မှာလည်း စစ်တပ် ကင်းအဖွဲ့ကို ၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က အိမ်ရှေ့ပြင်ရပ်ကွက် နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က တိုက်ခိုက်ရာ စစ်သား (၅) ဦး သေဆုံးပြီး လက်နက် (၅) လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

၂၀၂၄ ခုနစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ (၅) လ တာ အတွင်း မြို့ပြ ဒေသမှာရှိတဲ့ ရန်သူ့ တပ်ဖွဲ့ဝင်တွေကို PDF၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် (၇၁) ခု ထက် မနည်း ရှိခဲ့ပါတယ်။ အထက်ပါ ဖြစ်စဉ်တွေကိုကြည့်ရင် မြို့တွင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းအထက်ပိုင်း မြို့တွေသာမက မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္ဿာရီတိုင်း၊ ရန်ကုန်တိုင်း မြို့ပြ ဒေသတွေထိပါ ပျံ့နှံ့ရောက်ရှိနေပြီဆိုသာ သိနိုင်ပါတယ်။ မြို့ပြဒေသတွေမှာပါ စစ်ရေးအရ အထိနာလာတာနဲ့အတူ စစ်တပ်အုပ်ချုပ်ရေး ယန္တရားတွေဟာ ယိုင်နဲ့ ပျက်စီးလာနေတာတွေကို တွေ့ရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

04 Feb, 02:26


အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားအားလုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။

CB၊ CRPH၊ NLD၊ NUCC၊ NUG
၂၀၂၅၊ ဖေဖော်ဝါရီ (၃) ရက် ပူးတွဲထုတ်ပြန်ချက်

PDF Insight

02 Feb, 13:40


တွေဝေယိမ်းယိုင်စရာမရှိတဲ့ တော်လှန်ရေးလမ်းကြောင်း

ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုတဲ့ VOA အစီအစဥ်မှာ တရုတ်နှင့်မြန်မာပြည်ကစစ်ပွဲများ ဆိုတဲ့ ဘာတေးလ်လစ်တနာရဲ့ ဆောင်းပါးကို ကောက်နှုတ်ဖော်ပြသွားတာတွေ့ရတယ်။ ဒီဆောင်းပါးကို အခြေခံပြီး ပြောစရာတချို့ရှိလာပါတယ်။ အဲဒါကတော့ သူ့အမြင်နဲ့ကောက်ချက်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကအမြင်ကနေ တိုးတက်လာတာမတွေ့ရဘူး ဆိုတာပါပဲ။ စစ်အုပ်စုက လက်နက်ကိုင်တွေကို အပြတ်မရှင်းနိုင်သလို လက်နက်ကိုင်တွေ အောင်ပွဲခံဖို့က မရေရာဘူး။ တိုင်းရင်းသားက သူတို့နယ်မြေ သူတို့ရရေး ဦးစားပေးလုပ်နေပြီး တပြည်လုံးကိစ္စ စိတ်ဝင်စားပုံမရဘူး။ အဲဒါကြောင့် မြန်မာ့နွေဦးရဲ့နောက်တဆင့် ဘယ်လိုဖြစ်မယ်ဆိုတာက တရုတ်က ဘယ်လိုဆုံးဖြတ်လုပ်ကိုင်လာမလဲ ဆိုတဲ့အပေါ်မူ တည်နေတယ် လို့ရေးထားတာပါ။ သူကိုးကားတာက ကိုးကန့်နဲ့စကစကြား အပစ်ရပ် သဘောတူညီမှုရသွားတာ၊ TNLA ဘက်မှာ စစ်ရှိန်ကျလာတာ၊ ရခိုင်က ဆွေးနွေးဖို့ အသင့်ရှိကြောင်း ကြေညာလာတာ အစရှိတဲ့ အရာတွေပါပဲ။ သူကထည့်မပြောပေမယ့် အဲဒီကနေဆက်ပြီးစဥ်းစားမယ်ဆိုရင်တော့ မူမပါတဲ့ ငြိမ်းချမ်းရေးတို့ အပစ်ရပ်ရေးတို့ အားလုံးပါတဲ့ဆွေးနွေးပွဲတို့ ဆိုတာတွေဘက်ရောက်သွားမှာဖြစ်တယ်။ နောက်ဆုံးအဲဒါတွေအတည်ဖြစ်ဖို့ အားလုံးပါတဲ့ ရွေးကောက်ပွဲဆိုတာအထိ ရောက်သွားလိမ့်မယ်။ ဒါကအင်အားကြီးနိုင်ငံတွေက ဂါဇာအရေး ၊ယူကရိန်းအရေး၊ တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်ပထမနဲ့ တရုတ်ပြန်လည်နိုးထရေးဆိုတဲ့ တရုတ်ရဲ့ ၂၀၄၉ အထိရေးဆွဲထားတဲ့ မဟာဗျူဟာကြားအားပြိုင်မှု စတဲ့ ကိစ္စကြီးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အရေးမပါတဲ့ နိုင်ငံလေးတခုက ပြည်တွင်းရေးပြသနာတွေအပေါ်ထားတဲ့အမြင်တွေကနေ ဆင်းသက်လာတာပါပဲ။ တိုက်ကြီးတာကြီးတွေကြား ရန်စောင်နေကြချိန်မှာ ကြားက တဲစုတ်က လူတွေက ထပြီးရန်ဖြစ်ကြတော့ ရဝတခေါ်ပြီး အမြန်ဖြေရှင်းလိုက်စမ်းကွာ ဆိုတဲ့သဘောပါပဲ။ ပထမကုလသမဂ္ဂကဝင်ပြော နောက်တော့ အာဆီယံကိုတာဝန်ပေး။ အဲတော့ ဘယ်သူမှားတာမှန်တာ၊ ဘယ်သူသာတာနာတာ အရေးမကြီး မြန်မြန်ပြေငြိမ်းသွားရေးကသာ အရေးကြီးတယ်ဆိုတဲ့ သဘောထားတွေက ဆင်းသက်လာတာပါ။

ပြောမယ်ဆိုရင်တော့ ဘာတေးလ်လစ်တနာကို မြန်မာပြည်အရေး အတော်သိတယ်လို့သတ်မှတ်ကြတာပါ။ သူဟာ အိန္ဒိယနယ်စပ်ကစလို့ ကေအိုင်အေ၊ ဗကပ စတဲ့ နယ်စပ် တနံတလျား စောစွာကတည်းက ရောက်ဖူးခဲ့သူပါ။ ဒါပေမယ့်သူသိသွားတဲ့အရာတွေက မြင်းစီးပြီးပန်းခင်း ကြည့်သွားသလိုပဲဖြစ်ကာ နက်ရှိုင်းတဲ့ ဆင်ခြင်နိုင်တဲ့ အသိမျိုးရသွားပုံမရပါဘူး။ မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးအဆင့်ဆင့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အတွင်းသဘော အမြင်တွေအထိ သိရှိမသွားခဲ့ပါဘူး။ သူဟာ ဂျာနယ်လစ်တယောက်သာဖြစ်လို့ ဒီလိုအမြင်မရှိတာကလဲ အံ့သြစရာတော့ မဟုတ်ပါဘူး။ တဘက်ကပြောရင် လွတ်လပ်ရေးကြိုးပမ်းမှုကာလလောက်ကတည်းကစလို့ စစ်တပ်ခေါင်းဆောင်ဖြစ်လာမယ့်သူတွေရဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ၊ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်ဖို့ အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးယူခဲ့ကြသလဲဆိုတာတွေအပေါ် လေးနက်ပုံမရပါဘူး။ မြန်မာဟာ Demography အရ တိုင်းရင်းသားလူမျိုးများစွာရဲ့ နိုင်ငံရေးနိုးကြားမှု တပြေးညီ မဖြစ်ခဲ့ကြတာကိုလဲ ထည့်တွက်ပုံမရပါဘူး။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အခုအချိန်ကတော့ ဗမာလူမျိုးကြီးအပါ ကျန်တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုဟာ တပြေးညီဖြစ်ပြီး အထက်သန်ဆုံးဆိုတဲ့ ကာလကို ရောက်နေတာ နားလည်ဖို့လိုပါတယ်။ အဲဒါကတော့ မြန်မာတနိုင်ငံလုံး ခေတ်နောက်ကျရုံမက ခေတ်နောက်ပြန်ဆွဲတဲ့အထိရောက်နေတာ၊စကစရဲ့အနေအထားက အာဏာသာ တည်မြဲမယ်ဆိုရင် တွေ့သမျှလူ အဖေခေါ်မယ့်အဆင့်ရောက်နေတာ၊ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာ လက်တွေ့မှာ တစစဆုံးရှုံးလာနေတာ စတာတွေကိုထည့်တွက်ဖို့လိုတာပါ။ တဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့နယ်မြေအများစုကို ထိမ်းချုပ်လာနိုင်တာ ၊ စကစဟာ တိုင်းပြည်ရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲထိမ်းချုပ်နိုင်တော့တာနဲ့ နွေဦးစကတည်းက အဓိကကျတဲ့ တိုင်းရင်းသားများနဲ့ NUGကြား သဘောတူညီချက်တွေ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားတာ၊ NUGလက်အောက်က PDF တွေရဲ့ တိုက်စွမ်းရည်က သိသိသာသာမြင့်တက်လာတာ တွေထည့်တွက်ရမှာပါ။ အရေးကြီးဆုံး အချက်က ခုခံစစ်ဟာ တပြည်လုံးအနှံ့မှာရှိနေတဲ့အတွက် စကစဟာ အရင်က တိုင်းရင်းသားတွေနဲ့ ဖြစ်ခဲ့ကြတုန်းကလို တပ်တွေဆွဲထုတ်ပြီး တကွက်ချင်းရှင်းတဲ့ ဗျူဟာ ကျင့်သုံးလို့မရတော့တာပါ။ ဒါသာမက သူကိုယ်တိုင် တကွက်ခြင်း အရှင်းခံလာနေတာ အထင်အရှား ဖြစ်လာနေတာပါ။

PDF Insight

02 Feb, 13:40


စကစဟာ ၈လေးလုံး တန်ပြန်မဟာဗျူဟာအရ စစ်တပ်တွေကို မြို့တိုင်းလောက်မှာ လိုတာထက်ပိုပြီး ချထားခဲ့တာပါ။ အဲဒါကြောင့်တနိုင်ငံလုံး စစ်စခန်း ၅၀၀၀ ကျော်ရှိတယ်လို့ဆိုကြတာပါ။ ဒါကြောင့်ပဲ သူဟာ အာဆတ်လို အလျင်အမြန် ပြုတ်ကျ သွားဖို့မဖြစ်နိုင်ပဲ တပ်စခန်းအတော်များများကို လိုက်ရှင်းမှ ရမှာပါ။ မအလဟာ အာဆတ်လို မိသားစုအာဏာရှင်မဟုတ်ပါဘူး။ အုပ်စုလိုက် သူ့နောက်မှာ တန်းစီနေသူတွေကို ရာထူးအာဏာ ငမ်းဖမ်းနေအောင် လုပ်ထားတဲ့ စနစ်ဖြစ်တယ်။ နောက်တခုက သူတို့ရဲ့စနစ်က စစ်ပဒေသရာဇ်ပုံစံဖြစ်တော့ ထိပ်ဆုံးလူမဆင်းမချင်း အပြောင်းအလဲမဖြစ်နိုင်သလို ဆင်းသွားလို့နောက်လူတက်ရင်လဲ ဒီအတိုင်းပဲဆက်သွားရမယ့် စနစ်မျိုးဖြစ်တယ်။ ဒါကို သူတို့နဲ့ နှစ်၇၀လောက် စစ်တိုက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကောင်းစွာသိထားကြပြီးသားပါ။ ဒါကြောင့်မို့ ပန်းတိုင်ရောက်ခါနီးတက်မထောင်ဖို့၊ သံပူတုန်း နာနာထုဖို့ဆိုတာတွေက သင်ပေးစရာမလိုတဲ့ကိစ္စတွေပါ။ ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်။ တရုတ်သိတာကလည်း သူ့အကျိုးစီးပွားအခြေခံပေါ်က သိတာပါ။ မြန်မာပြည်သူတွေ အကျိုးစီးပွားနဲ့ လိုလားချက်တွေအပေါ် အခြေခံပြီး စဥ်းစားထားတာ မဟုတ်ပါဘူး။ တရုတ်အမြင်နဲ့ ဆုံးဖြတ်ချက်တွေက မြန်မာ့အရေးအဆုံးအဖြတ်အဆင့်ဖြစ်မယ်ဆိုတာက လက်တွေ့မကျတဲ့အမြင်ပါ။ အပြင်က လူတွေရဲ့ အပေါ်ယံသိတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မည်သို့ဆိုစေ မြန်မာ့အရေးစိတ်ဝင်စားတာတော့ကောင်းပါရဲ့။ ဒါပေမယ့် မပြီးခင် ကမ္ဘာမမြင်စေနဲ့ဆိုတဲ့ စကားကိုပဲ သတိရမိစရာ ဖြစ်လာနေပါတယ်။ လမ်းကြောင်းတွေက ရှင်းနေပြီးသားပါ။ ဒီလမ်းကြောင်းအတိုင်းဆက်လျောက်ဖို့ သံဓိဌာန်ကလဲ ခိုင်မာကြပြီးသားပါ။ ဒါကြောင့် တွေဝေစရာမရှိ ယိမ်းယိုင်စရာမရှိ ချမှတ်ထာပြီးသားလမ်းကြောင်းတွေအတိုင်း ဆက်လျောက်ကြရမှာ ဖြစ်ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

01 Feb, 04:28


Army Run အရက်စက်ရုံကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်
…………………..
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ MEC ပိုင် Army Run အရက်စက်ရုံကို ရန်ကုန်တိုင်း ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူ့အာဏာကို အကြမ်းဖက် သိမ်းယူမှု (၄) နှစ်ပြည့် အကြွေးတောင်းယူမှု အနေနဲ့ အရက်စက်ရုံကို ဇန်နဝါရီလ (၃၁) ရက်နေ့ ည (၁၀) နာရီ ဝန်းကျင် အချိန်မှာ ရန်ကုန်တိုင်း ပကဖ အဖွဲ့ ဦးဆောင်မှု နဲ့ အနောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့က ၇၉ လောင်ချာ အသုံးပြု ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အာမီရမ်ဟာ အကြမ်းဖက် တပ်သားတွေ၊ အရာရှိတွေ သောက်သုံးလေ့ရှိတဲ့ အရက်ဖြစ်ပြီး ရန်သူ့ရိက္ခာ ထုတ်လုပ်ရေး နေရာတွေကိုပါ ပကဖ အဖွဲ့တွေ တိုက်ခိုက်နိုင်လာတာ ပြသပါတယ်။ စစ်တပ်အနေနဲ့ လေတပ်စခန်း၊ တိုင်းစစ်ဌာနချုပ်၊ လက်နက်စက်ရုံတွေသာမက အရက်စက်ရုံကိုပါ လုံခြုံအောင် ကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာ လက်ရှိတိုက်ခိုက်မှုက ညွှန်ပြလျက်ရှိပါတယ်။

ပကဖ အဖွဲ့တွေ အနေနဲ့ ပြည်သူကြားမှာနေထိုင်ပြီး သတင်းထောက်လှမ်းကာ ရန်သူ့ စစ်ရေး ပစ်မှတ်တွေကို မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်လာတယ်ဆိုတာ အာမီရမ် စက်ရုံ တိုက်ခိုက်မှုက ပြသပါတယ်။
ရန်ကုန်တိုင်း ပကဖ အဖွဲ့က ရန်ကုန်ဆိပ်ကမ်း နားမှာ ရပ်ထားတဲ့ လေယာဉ်ဆီတင်သင်္ဘော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့ကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်တဲ့ ပကဖအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

31 Jan, 03:59


လေ့ကျင့်သားပြည့်ဝလာတဲ့ PDF
…………………………………………

စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်တယ်ဆိုတဲ့အကြောင်းကို အသေးစိတ်ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုအပ်သလို လေ့ကျင့်သားပြည့်ဝပြီး စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

28 Jan, 03:38


Highlight of the day : ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများအတွင်းတွင် တွေ့ရသော အာရက္ခစစ်သည်တော်များ

#PDFInsight

PDF Insight

27 Jan, 14:22


ကျေးလက်ဒေသမှာလည်း လေ့ကျင့်သားပြည့်ဝတဲ့ PDF အင်အားတွေနဲ့ ရန်သူ မထင်မှတ်တဲ့ နေရာကို ခရီးရှည်ထိုးဖောက်ချီတက်ဝင်ရောက်ပြီး ရုတ်တရပ် တိုက်ခိုက်ပြီး အလျင်အမြန် ပြန်လည် ဆုတ်ခွာလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း ဒေသမှာရှိတဲ့ အထူးလေ့ကျင့်ထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ မကွေး အောက်ပိုင်း၊ ပဲခူးတိုင်းထဲကို ထိုးဖောက် တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ အထူးလှုပ်ရှားတပ်ရင်း (SR) တွေဟာ အဲဒီ စစ်ဆင်ရေးမျိုးကို ထမ်းဆောင်နိုင်မယ့် တပ်မျိုးဖြစ်ပါတယ်။ ခရိုင် တခုမှာ PDF အင်အား အလုံးအရင်း နဲ့ စုစည်းတိုက်ခိုက်ပြီး စစ်တပ်ကို အနိုင်ယူချေမှုန်း တိုက်ခိုက်ခြင်းမျိုးဖြစ်ပါတယ်။ အဲဒီလို တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ စစ်ရည်ဝနေသလို စစ်ရေးလေ့ကျင့်မှုကောင်းမွန်တဲ့၊ တပ်ဆင်ထောက်ပံ့မှု ကောင်းမွန်တဲ့ တပ်တွေ လိုအပ်ပါတယ်။

၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနစ်တွေမှာ ရှိထားတဲ့ ရင်းမြစ်၊ လက်နက်၊ အတွေ့အကြုံနဲ့ ရန်သူကို အကောင်းဆုံး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာအတွင်း လက်ရှိစစ်ရေးအောင်ပွဲတွေရအောင် စွမ်းဆောင်နိုင်တာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ်တွင်းမှာ အခုထက် ပိုမိုတဲ့ စစ်ရေးအောင်ပွဲတွေ၊ စစ်အာဏာရှင် စနစ်တခုလုံး အမြစ်လှန်ဖျက်ဆီးမယ့် အောင်ပွဲတွေ ရရှိဖို့အတွကဆိုရင် လေ့ကျင့်သားပြည့်ဝတဲ့၊ ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုနေပါသေးတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

27 Jan, 14:22


လေ့ကျင့်သားပြည့်ဝတဲ့ PDF
…………………………………………
ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။ စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိပါတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ကမ္ဘာ့နိုင်ငံက စစ်တပ်တွေမှာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ၊ စစ်တက္ကသိုလ်တွေ စနစ်တကျ ထူထောင်ထားရှိသလို စစ်ရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့တပ်၊ စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်တာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးလို မြေပြန့်ဒေသ အတွင်းပိုင်းမြို့တွေကိုပါ သွားရောက်တိုက်ခိုက်နိုင်တာဟာ လေ့ကျင့်သား ပြည့်ဝလာမှုကြောင့်လည်း ဖြစ်ပါတယ်။ ဖရိုဖရဲ နဲ့ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်လိုက်နာမှုအားနည်း၊ စည်းကမ်း မပြည့်ဝတဲ့ တပ်ဆိုရင် အခုလို စစ်ရေးအောင်ပွဲတွေ ရရှိမှာ မဟုတ်ပါဘူး။ တခြားဥပမာကို မကြည့်ဘဲ စစ်အုပ်စုကိုပဲ ကြည့်ရင် အဓမ္မ လူသစ်စုဆောင်းထားတဲ့ လေ့ကျင့်သားမပြည့်ဝတဲ့ တပ်တွေနဲ့ စစ်တိုက်လို့မရဘူးဆိုတာ သိသာထင်ရှားပါတယ်။

အစ္စရေးစစ်တပ်ကို ၂၀၀၆ ခုနစ် ဒုတိယလက်ဘနွမ်စစ်ပွဲမှာ သရေကျအောင် တိုက်ခဲ့တဲ့ ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာ အဖွဲ့ဟာဆိုရင်လဲ လေ့ကျင့်သားပြည့်ဝတဲ့ စစ်သွေးကြွတပ်ဖွဲ့ဝင် ထောင်ဂဏန်းတချို့နဲ့ပဲ ကမ္ဘာ့နာမည်ကြီး အစ္စရေး စစ်တပ်ကို အောင်မြင်စွာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အချိန်ပြည့်တာဝန်ထမ်းဆောင်ပြီး တင့်ဖျက်လက်နက်၊ ဒုံးကျည် နဲ့ လက်နက်မျိုးစုံ အသုံးပြုနိုင်တဲ့ လေ့ကျင့်သားပြည့်ဝတဲ့ ဟစ်ဇဘိုလာတပ်ဖွဲ့ဝင်တွေကို ပြည့်သူ့စစ်ကဲ့သို့ ဖွဲ့စည်းထားတဲ့ ထောင်နဲ့ချီတဲ့ အချိန်ပိုင်း တပ်ဖွဲ့ဝင်တွေက အထောက်အကူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်တွင်း ဥပမာကိုကြည့်ရင်လည်း ရှမ်းမြောက်ဒေသ မြို့အားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့ တအာင်း TNLA တို့ဟာ တပ်မဟာ အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ် တည်ဆောက်ထားတာတွေ့နိုင်ပါတယ်။ ကိုးကန့် အဖွဲ့မှာ မူလက ၂၁၁၊ ၃၁၁၊ ၅၁၁ ဆိုပြီး တပ်မဟာ (၃) ခု သာရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလမှာ ၆၁၁ တပ်မဟာ ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ TNLA မှာလဲ တပ်မဟာ (၇) သာ မူလက ရှိခဲ့ပြီး မကြာသေးခင်ကမှ တပ်မဟာ (၉) ခု ထိ တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့သာ ထူထောင်နိုင်ရင် ရန်သူကို ကောင်းမွန်စွာ ထိုးနှက်နိုင်တယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ ဖြစ်ရပ်တွေက ညွှန်ပြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် တနိုင်ငံလုံးမှာ အရေးနိမ့်နေပြီး စိတ်ဓာတ်၊ စစ်စည်းကမ်း မရှိ၊ လူထု ထောက်ခံမှုလဲ မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုပ် စစ်တပ်ကို အနိုင်ယူဖို့ဆိုရင် လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ အင်အား ထောင်ဂဏန်းအကြီးပိုင်းရှိတဲ့ တပ်ဖွဲ့တဖွဲ့ကို အချိန်ပြည့် အမြဲတန်းတပ် အဖြစ် ထူထောင်နိုင်ရင်ကို လုံလောက်ပါတယ်။ ကျန်တပ်တွေကို အချိန်ပိုင်း ပြည်သူ့စစ်အသွင်တပ် အဖြစ် ဖွဲ့စည်းထားလို့ရပါတယ်။ အဲဒီ လိုတပ်တွေက သတင်းထောက်လှမ်းရေး၊ ပြောက်ကျားစစ်တိုက်ရေး၊ လမ်းကြောင်း လုံခြုံရေး၊ ထောက်ပို့၊ လူထု စည်းရုံးရေး နဲ့ လူထုကူညီရေးတာဝန်တွေကို သီးသီးသန့်သန့် ထမ်းဆောင်နိုင်ပါလိမ့်မယ်။

လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ PDF တွေဟာ ကျေးလက်ဒေသ၊ တောတွင်း၊ တောင်ပေါ်ဒေသမှာသာမကဘဲ မြို့ပြဒေသအတွက်လည်း လိုအပ်ပါတယ်။ ရန်သူစိုးမိုးမှုကြီးမားတဲ့ မြို့ပြဒေသတွေမှာ အထူးလေ့ကျင့်ထားတဲ့ မြို့ပြစစ်ဆင်ရေး ကျွမ်းကျင်တဲ့ PDF တပ်စိတ် တစိတ် ‌တွေ ဖြန့်ခွဲလှုပ်ရှားရင်ကို ရန်သူ အနေနဲ့ ကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တောတွင်းစစ်ဆင်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်လာတဲ့ တပ်ဖြစ်ပေမယ့်လဲ မြို့ပြ စစ်ဆင်ရေး နဲ့ အကျွမ်းတဝင်ရှိတဲ့ တပ်မဟုတ်ပါဘူး။ လေ့ကျင့်သားပြည့်ဝပြီး မြို့ပြ အတွက် အထူးလေ့ကျင့်သားတဲ့ PDF တွေဟာ စစ်အုပ်စုကို မြို့ပြဒေသတွေမှာ အကြီးအကျယ် ထိုးနှက်နိုင်မှာဖြစ်ပါတယ်။

PDF Insight

26 Jan, 13:30


တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေတဲ့ PDF၊ ပကဖ
……………………………..
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပကဖ အဖွဲ့တွေဟာ တနိုင်ငံလုံးမှာ စစ်အာဏာရှင် အမြစ်ပျက်ချေမှုန်းရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။ မြေပြန့်ဒေသမှာရော၊ တောင်တန်း ဒေသမှာပါ စစ်အုပ်စုကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ နဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ မြောက်ပိုင်းက ကချင်တောင်တန်း ဒေသမှာ၊ အနောက်ပိုင်းက ချင်းတောင်တန်းမှာ၊ ပင်လယ်ကမ်းခြေနားက ရခိုင်ဒေသမှာ၊ ကရင် နယ်ခြားဒေသမှာ၊ တနင်္သာရီဒေသမှာ PDF နဲ့ ပကဖ တွေဟာ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ ပြည်နယ် (၇) ခု လုံးမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲ ရယူပြီးတဲ့ PDF တွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်။ PDF နဲ့ ပကဖ တွေ ဒေသတခု၊ နယ်မြေ တခု၊ တိုင်း တတိုင်း၊ ပြည်နယ် တပြည်နယ် လွတ်မြောက်ရေး တိုက်ပွဲဝင်နေတာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်ဖို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

20 Jan, 13:56


PDF များ လမ်းပိုင်းစိုးမိုးမှု နဲ့ ရန်သူ အရာရှိများဖမ်းဆီးခံရခြင်း
…………………………….
ပြည်သူ့ခုခံတော်လှန်စစ်အရှိန် ရလာတာနဲ့အမျှ လမ်းပိုင်းတော်တော်များများတွေကို ပြည်သူ့ကာကွယ် ရေးတပ်မတော် နဲ့ ဒေသခံတပ်တွေ စိုးမိုးသိမ်းပိုက်လာပါတယ်။ ဒီအထဲမှာ အမြန်လမ်းပိုင်းမှာပါ စစ်ကောင်စီ အရာရှိတွေကို လျှပ်တပြတ် စစ်ဆေးဖမ်းဆီးရရှိမှုတွေပါဝင်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေသခံတော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ Aung San's Land Natmauk က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘ ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရမိ ညွှန်ကြားရေးမှူး ရွှေဘရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေး လုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို စစ်ကောင်စီထံ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ခဲ့တာ တွေ့ရှိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလဲ မိုင်တိုင် ၂၆၂ အနီးမှာ ထောက်ပို့တပ်က တပ်ကြပ် (၁) ဦး၊ ပျူစောထီး (၁) ဦး နဲ့ ကပစ စစ်သား (၁) ဦးကို ဖမ်းမိခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာလဲ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၈) မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDF က စစ်ဆေးခဲ့ပါတယ်။ ၂၀၂၅ ခုနစ်၊ ဇန်နဝါရီလမှာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီး၊ နတ်မောက်-ပျော်ဘွယ် လမ်းပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့က လက်ထောက် ညွှန်ကြားရေးမှူးသန်းထွန်းကို ဖမ်းမိခဲ့ပါတယ်။

အထက်ပါ ဖြစ်စဉ်တွေကို ကြည့်ရင် နိုင်ငံရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း ဒေသ မှာပါ တော်လှန်ရေး အင်အားစုတွေ ကင်းလှည့်ပြီး ရန်သူ့ ထောက်တိုင် အရာရှိကြီးတွေ၊ စစ်သားတွေ နဲ့ ပျူစောထီးတွေကိုပါ ဖမ်းဆီးရမိလာတာကို တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာမှာလဲ မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ ရထားလမ်း၊ မန္တလေး-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-ထားဝယ်-ကော့သောင်းလမ်း၊ ပဲခူး-မြဝတီလမ်း၊ မုံရွာ-တမူး လမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-တောင်ကုတ်လမ်း အစိတ်အပိုင်းတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါ ဖြစ်ပေါ်တိုးတက်မှုတွေဟာ မဟာဗျူဟာလမ်းမကြီးတွေပေါ်မှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားကင်းလှည့်လာနိုင်တာက စိုးမိုးနယ်မြေ ကျယ်ပြန့်လာတာကို ဖော်ပြပြီး ရန်သူ့ နယ်မြေ ကျဉ်းမြောင်းလာတာကို ပြသပါတယ်။ ရှေ့လာမယ့် ကာလတွေမှာ မဟာဗျူဟာလမ်းမကြီးတွေ နဲ့ လမ်းအများစု ကို စိုးမိုးနိုင်ရုံသာမကဘဲ ထိန်းချုပ်လာနိုင်တဲ့ အခြေအနေထိ ရှိနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

19 Jan, 13:01


''တာဝတိံသာ နတ်ရွာလော နတ်ရွာလော ''

ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာ ရေးသားထားတဲ့ ''မြင်စိုင်းရွှေပြည်'' ကာချင်းနဲ့အတူ သမိုင်းဝင် အထင်ကရ မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်တဲ့ ဆင်သမိုင်း နဲ့ကျော်ကြားတဲ့မြို့ကို ပြည်တော်ဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်၊ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ.....

ကျောက်ဆည်ခရိုင်တပ်ရင်း - ၃ ရဲ့ ခွန်အားတက်စရာ စစ်ချီရုပ်သံကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

#PDF
#ကျောက်ဆည်ခရိုင်တပ်ရင်း၃
#ကျောက်ဆည်ဗျူဟာ
#PDFInsight

PDF Insight

18 Jan, 07:45


“အချိန်တခုမှာ စစ်ကောင်စီ ပြိုကျတော့မယ်”

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို သတင်းထောက် ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခန်း ပြုလုပ်ထားတဲ့ ရုပ်သံကို ကူးယူဖော်ပြလိုက်ပါတယ်။
Credit - U Khin Maung Soe သတင်းစာမျက်နှာ

#PDFInsight

PDF Insight

17 Jan, 03:35


လမ်းတူမှ လူချင်းဆုံမှာပါ
…………………
တော်လှန်ရေးတရပ်ဆင်နွှဲလိုသူတွေဟာ မိမိအခြေအနေ၊ ရန်သူ့အခြေအနေနဲ့ ကမ္ဘာကြီးအခြေအနေတွေကို ကောင်းစွာသိနားလည်ကြဖို့လိုတယ်လို့ ဆိုကြတာဖြစ်ပါတယ်။ ဆန္ဒစွဲနဲ့ အခြေအနေတွေကို ပိုပြီးအကဲဖြတ်တာ လျော့ပြီးအကဲဖြတ်တာ လုပ်လို့မရပါဘူး။ အဲဒီလိုအကဲဖြတ်မှားရင် မိမိတို့ချမှတ်တဲ့ လမ်းစဥ် လုပ်ငန်းစဥ်အားလုံး လမ်းလွဲသွားမှာဖြစ်တယ်။ လမ်းလွဲတယ်ဆိုတာ တော်လှန်ရေးကိုနှောင့်နှေးသွားစေတာကစလို့ တော်လှန်ရေး ကျဆုံးတဲ့အထိဖြစ်သွားနိုင်တာပါ။ ဒီလိုသင်ခန်းစာတွေက ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေမှာ တွေ့မြင်နိုင်သလို မြန်မာနိုင်ငံကများပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ ယူလို့မကုန်အောင် ရှိနေတာဖြစ်ပါတယ်။
အကဲဖြတ်မှားတယ်ဆိုရာမှာလည်း အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်တာဖြစ်တယ်။ ရှုပ်ထွေးလွန်းတဲ့ အခြေနေတွေကို လိုက်လို့မမှီတာ။ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေမှာ လိုက်ပါသွားရတာမျိုးတွေမှာဆိုရင် အမှားတွေက ရိုးသားစွာမှားတဲ့အမှားမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကို လွန်ကဲတဲ့ အထင်ကြီးစိတ်နဲ့ လုပ်တဲ့အကဲဖြတ်ချက်မျိုးတွေကတော့ ရိုးသားစွာမှားတယ်လို့ ပြောလို့မရပါဘူး။ ဒါမျိုးက ကိုယ်ဖြစ်ချင်တာအတွက် အခြေနေအရပ်ရပ်ကို မှားယွင်းစွာအကဲဖြတ်ကာ ချနင်းတဲ့အထိ ဖြစ်နိုင်လို့ပါပဲ။
ဒီလိုခြေဆင်းတွေ ပြောရတဲ့အကြောင်းကတော့ ဒီတလော ဝေဖန်မှုများနေတဲ့ ငွေဆောင်ကိစ္စကြောင့်ပါပဲ။ အဲဒီအစည်းဝေးမှာပါသူ နှစ်ယောက်လောက်က ထွက်ပြောလာကြတော့ သူတို့ ရုပ်လုံးက အတော်ပေါ်လွင်လာလို့ပါ။ သူတို့ဟာ မိမိအခြေနေကို မှားယွင်းစွာ လျော့တွက်ထားတယ်။ တဘက်မှာ ရန်သူ့အနေအထားကိုလဲ မှန်ကန်စွာမသုံးသပ်နိုင်ဘူး။ နောက်ပြီး တချိန်လုံးစိုးရိမ်စိတ်လောက်ပဲ ဖော်ပြနေတဲ့ ကမ္ဘာကြီးကို လိုတာထက်ပိုအားကိုးချင်တာမျိုးဖြစ်နေတယ်။
သူတို့အပြောအရ မြန်မာ့အရေးစိုးရိမ်သူတွေ စိတ်ပါဝင်စားသူတွေ တိုင်းရင်းသားအချို့နဲ့ ဝါရင့်နိုင်ငံရေးသမား( ဘယ်လောက်ရင့်တယ်ဆိုတာ ဘယ်လိုအကဲဖြတ်လဲတော့မသိဘူး ) တွေပါတယ်လို့ဆိုတယ်။ သူတို့ဟာ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတယ် ( ဒါကလဲ ဘယ်လိုများကိုယ့်ကိုယ်ကို အဲ့လိုပြောရဲသလဲဆိုတာ မဝေခွဲတတ်ဖူး) လို့ဆိုတာဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတာလား လမ်းပျောက်ပြီး ဘာလုပ်ရမှန်းမသိလို့ လူလဲသိ အဖမ်းလဲမခံရ အဆင်များပြေသွားခဲ့ရင် နေရာတောင်ရအုံးမယ်လို့ ထင်သူတွေကို ကိုယ်စားပြုတာလား ဆိုတာတော့ ရှင်းဖို့လိုပါတယ်။ ဒီနေရာမှာတော့ ယုန်လေး ရုပ်ရှင်ရိုက်သလို ဒီအခန်းလေးပဲပါပေးပါဆိုလို့ ဘာမှန်းမသိပဲ ပါလိုက်သူတွေလဲ ရှိနိုင်ပါတယ်။
ဒါက ဘာသဘောနဲ့မှပြောတာမဟုတ်ပါဘူး။ ပြည်တွင်းနိုင်ငံရေးက တဟုန်ထိုးနဲ့ တဆစ်ချိုးပြောင်းသွားခဲ့ပြီ ဖြစ်လို့ပါပဲ။ အဲဒါကို မျက်ခြေမပြတ်စေချင်လို့ပါ။ ၈၈ အခြေနေလောက်ပဲ စဥ်းစားသူဟာ ၈၈ မှာကျန်ခဲ့မှာဖြစ်သလို ၂၀၁၀လောက်က အိပ်မက်ကိုပဲ သတိရနေရင် အဲဒီနေရာမှာပဲ ကျန်ခဲ့မှာဖြစ်တယ်။ အခုဝရမ်းပြေးလောင်းဖြစ်နေတဲ့ မအလဟာ ၈၈ လောက်ကိုပဲအခြေပြုစဥ်းစားနေလို့ သူ့တပ်ကကျရှုံးနေတာဖြစ်တယ်။ အခုအခြေအနေက နှစ် ၇၀လောက်တိုက်လာတဲ့ တိုင်းရင်းသားတွေနဲ့ လူများစု ဗမာဒေသတွေက လက်နက်ကိုင်တော်လှန်ရေးမှာ ပေါင်းစပ်သွားတဲ့အခြေအနေဖြစ်တယ်။ ဒီတိုင်းပြည်မှာ မြေပြန့်နေ ဗမာတွေက လူဦးရေအများဆုံးဖြစ်တယ်။ ရခိုင်က လူဦးရေ ၂.၅ သန်းလောက်နဲ့ ရှမ်းလူမျိုးနဲ့မတိမ်းမယိမ်းဖြစ်တယ်။ တအာင်းက ရှမ်းပြည်နယ်မှာ တတိယအများဆုံးဖြစ်တယ်။ ဒီအင်အားတွေဟာ နယ်မြေအရ စီးပွားရေး လူမှုရေး အရလည်း နီးကပ်စွာ ဆက်စပ်နေတာဖြစ်တယ်။ ဒီအင်အားတွေနဲ့ ကရင် ကရင်နီ ချင်း ကချင်အားလုံးပေါင်းဟာ ဘယ်ခေတ်ကမှ မရဖူးတဲ့ အောင်မြင်မှုကိုရရှိနေတာဖြစ်တယ်။ ဒါတွေကို ငွေဆောင်သမားတွေသိပါတယ်။ သူတို့က လူတွေအရမ်းဒုက္ခရောက်နေတယ်။ တလရကလဲ သေချာတာမဟုတ်ဖူးဆိုတဲ့ နာရေးတစ်ဘက်ကိုသွားချင်အားကြီးနေတော့ ဒါတွေက သူတို့ ရေဒါမှာမပေါ်တော့တာပါ။ တကယ့်လက်တွေ့မှာ စစ်ကိုင်းကလူထုက ငါတို့အိမ်မီးရှို့ခံရလဲ ကြံ့ကြံ့ခံမယ်။ မင်းတို့ ဒီခွေးတွေကိုပြုတ်အောင်သာတိုက်ကြလို့ပြောနေတာပါ။ အာရကန်တွေကလဲ အဲဒီတိုင်းပြောနေတာပါပဲ။ ရန်ကုန် မန္တလေးလူထုကရော ဘယ်လို စဥ်းစားနေကြသလဲ။ ကြားရသလောက်ကတော့ ဘယ်သူမှ ဒါလောက်အခက်အခဲကို စာဖွဲ့မနေပါဘူး၊ "ကျွန်တော်တို့နားရောက်လာရင် တုတ်မှာ ဒီကောင်တွေကို ခုဓါးသွေးနေတာ" လို့ပြောသူတွေချည်းပါပဲ။ အဲတော့ ပြည်သူတွေသိပ်ခက်ခဲနေပြီ။ သူတို့ဝင်ကယ်မှ ဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးကို ဘယ်လိုရခဲ့ကြတာပါလိမ့်။

PDF Insight

17 Jan, 03:35


အဲဒီမှာပါသူတယောက်က ဒီလိုပြောတယ်" သူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ၊ ဒါပေမယ့် လက်နက်ကိုင်တိုက်တာကိုတော့ သဘောမတူဘူးဆိုပဲ၊ နောက် ကျွန်တော်တို့က ရိုးရိုးပါတဲ့ နိုင်ငံရေးမပါပါဘူးတဲ့ ပြီးတော့ ပြည်တွင်းနိုင်ငံရေးသမားတွေကို ကိုယ်စားပြုတာပါတဲ့။ ဒါကိုအခြေခံပြီး တိုင်းရင်းသားနဲ့အခြားသူတွေကို ဆက်ပြီးစည်းရုံးချင်တယ်ဆိုပဲ (သွားပြောလို့ကတော့ ဟိုက နားရင်းအုပ်လိုက်လိမ့်မယ်ထင်တယ်၊ ) သူတို့ကံကောင်းသွားတာက အခု သတင်းပေါက်သွားလို့ ခက်ခဲသွားတယ်တဲ့။ စကားပြောကြဖို့လိုတာ စကားပြောတာ ဆယ်နှစ်ကြာပစေ ကိစ္စမရှိဘူး။ အဲဒီအချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်လို့ရတယ် ဆိုပဲ။ သူတို့ကြေညာချက်ကိုကြည့်ရင် အများကြိုက်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတာပါတယ်။ တပ်ကကြိုက်မယ့် ရောက်တဲ့နေရာ အပစ်ရပ်ထားရေးပါတယ် ( ဘယ်လောက်ကြာမယ်မှန်းတော့ သိတာမဟုတ်ဖူး )။ နောက် တိုင်းရင်းသားကြိုက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပါတယ်။ အဲတော့ အချိုပွဲ အချဥ်ပွဲ အစုံထည့်ထားတဲ့သဘောပေါ့။ ဒါပေမယ့် ကြောင်ကို ဘယ်သူချူဆွဲမှာလဲ။ ကျားကိုသက်သတ်လွတ်စားဖို့ တရားဟောလို့ရပါ့မလားဆိုတာတွေတော့ စဥ်းစားတဲ့ထဲ ပါပုံမရဘူး။
နောက်ဆုံးစဥ်းစားသင့်တာကတော့ အချိန်အခါဟုတ်ရဲ့လားဆိုတာပဲ။ စစ်ပွဲတွေဘယ်လောက်ဖြစ်ဖြစ် နောက်ဆုံးစားပွဲဝိုင်းမှာ အဆုံးသတ်ကြရတာပဲ ဆိုတဲ့စကားလည်း တချို့က အတော်ကိုးကားကြတာဖြစ်တယ်။ ဒါက အခြေအနေအရပ်ရပ်အပေါ်အများကြီးမူတည်ပါတယ်။ ပုံသေကားကျမဟုတ်ပါဘူး။ အခုဆီးရီးယားစစ်ကြည့်ပါလား။ စားပွဲဝိုင်းအဆင့်မရောက်ပဲ စစ်ရေးနဲ့ ကိစ္စပြတ်သွားတာမဟုတ်လား။ အခြားသောဥပမာအများအပြားရှိပါသေးတယ်။ အဲတော့ ဆွေးနွေးပွဲတခုဆိုတာ မဖြစ်မနေလုပ်ကြရမယ်ဆိုတဲ့သဘောမဟုတ်ဘူး။ သူတို့နဲ့ အလွန်နီးစပ်တဲ့ ထိုင်းရောက် ဆရာတဦးကလဲ pre election ဆွေးနွေးပွဲတို့ post election ဆွေးနွေးပွဲတို့ ရှိတတ်ကြတာပဲ ဆိုပြီး နှပ်ကြောင်းပေးတာလဲတွေ့ရပါတယ်။ အဲတော့ အရင်က ဒေါ်စုကို အလွန်ဆန့်ကျင်ခဲ့သူတွေ အခု ပြန်တမ်းတနေကြပုံပဲ။ NLD အစိုးရလက်ထက် ၂နှစ်ပဲရှိသေးချိန်မှာ ကျွန်တော်တို့က ဘယ်လောက်စောင့်ရမှာလဲ ဆိုပြီး အော်ခဲ့တာလည်း သူတို့ထဲက ငစွာလေးတယောက်ပါပဲ။ ဇာတ်ပေါင်းလိုက်သော် ဤ သူကား ဘုရားအလောင်းတည်း ဤသူကား ဒေဝဒတ်အလောင်းလျာတည်းလို့တော့မပြောပါဘူး။ ဒါပေမယ့်ပါးစပ်ဟလိုက်တာနဲ့ ကြိတ်မယ့်ဝါးမယ့် သွားအတော်များများကိုတော့ တွေ့နေမိပါတယ်။
ရိုးရိုးလေးပဲစဥ်းစားကြပါ။ ဒီလမ်းကြောင်းက စစ်တပ်ကရွေးချယ်ခဲ့တာပါ။ သူဖန်တီးခဲ့တာပါ။ ဒေါ်စုကို မလွှတ်ရုံသာမက ဘယ်သူမှအတွေ့မခံရဲတာဟာ ပြည်သူနဲ့တသားတည်းရှိနေလို့ဆိုတာရှင်းပါတယ်။ မအလဟာ သာမန်စစ်အာဏာသိမ်းဗိုလ်ချုပ်တယောက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အမွေအားလုံးကို ဆက်ခံထားသူဖြစ်တဲ့အပြင် လူတဦးချင်း အငုံ့စိတ်တွေ၊ ဒေါ်စု (အဓိကတော့ တပ်တွင်းအရိုးစွဲ နေတဲ့အမျိုးသမီးအထင်သေးစိတ်) နဲ့ယှဥ်ပြိုင်လိုစိတ်တွေ ၊ ဥာဏ်ပညာနုံနည်းမှုတွေ ပေါင်းထားတဲ့ အစုအဝေးတခုပါပဲ။ အဲဒီနေရာကို ဘယ်သူထိုင်ထိုင် ဒီအတိုင်းဖြစ်ဖို့များပါတယ်။ ဒီလိုလူသိုက်တွေကို ပြောင်းလဲလာဖို့က မဖြစ်နိုင်ပါဘူး။ စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်။ ဒီရက်ပိုင်း TNLA ထုတ်ပြန်ချက်ကိုကြည့်ပါ။ ဒီရက်ပိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း မကွေးတိုင်းထဲကို ထိုးဖောက်လာနေတဲ့ တိုက်ပွဲတွေကိုကြည့်ပါ။ ဝက်လက်နားကတိုက်ပွဲ ပဲခူးရိုးမအရှေ့ခြမ်း အနောက်ခြမ်းက တိုက်ပွဲတွေကိုကြည့်ပါ။ အမြန်လမ်းကိုရောက်လာတဲ့တိုက်ပွဲတွေကိုကြည့်ပါ။ အဲဒါတွေကနေဖြစ်ပေါ်တိုးပွားလာမယ့် ဖြစ်နိုင်ခြေတွေကို ခန်မှန်းကြည့်ပါ။ နှစ် ၇၀ အတွင်း မမျှော်မှန်းနိုင်ခဲ့တာတွေဆိုတာတွေ့ရပါလိမ့်မယ်။ စစ်တိုက်တာမလွယ်ပါဘူး။ အတော်လေးသင်ယူပြီး အတော်အရင်းအနှီးပေးရတာပါ။ ခုတော့ သင်ယူတဲ့အဆင့်ကျော်ခဲ့ပါပြီ။ လက်တွေ့ကျင့်သုံးနေကြပြီဆိုတာ ထင်ရှားနေပါတယ်။ ဒီအချိန်မှာ ဝေတေဝါးတား အာရုံထွေပြားစေတဲ့ အရာတွေလျော့ချပြီး လက်တွေ့ကျကျသုံးသပ်ကြဖို့ပဲလိုပါတယ်။ လမ်းကြောင်းတွေက ရှင်းပြီးသားပါ။ EAO ခေါင်းဆောင်များရော NUG ယာယီသမ္မတ ကပါ အလွန်ရှင်းလင်းတဲ့ လမ်းကြောင်းတွေ ချပြထားပြီးဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးသမားတွေအတွက်လည်း ပင်မလမ်းကြောင်းကြီးနဲ့ မလွဲချော်တဲ့( စိတ်ပါရင် ) လုပ်စရာတွေရှိပါတယ်။ ကိုယ်ဖာကိုယ်တော့ ကြံကြရမှာပါ။ တနိုင်ငံလုံး ဒီလိုပဲ ကိုယ်လုပ်နိုင်တာလုပ်ပြီး သွားနေကြတာပါပဲ။ လမ်းတူမှ လူချင်းဆုံမှာပါ။ လမ်းမတူရင်လဲ ငြိမ်ငြိမ်လေးနေပေးခြင်းအားဖြင့် ကူညီနိုင်တာပါပဲ။ အဲလိုမဟုတ်ပဲ အနှောင့်အယှက်ဖြစ်လောက်အောင် ဆက်တိုးကြရင်တော့ စိတ်မကောင်းစရာဖြစ်မှာပါပဲ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

12 Jan, 02:21


လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်မှု စနစ်တကျ ထူထောင်ရေး
…………………………………….
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ အဖွဲ့တွေရဲ့ ဟန်ချက်ညီ စစ်ကစားနိုင်ခဲ့မှုတွေကနေ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး ၊ တနင်္သာရီတိုင်းတွေမှာ မြို့ အများစုကို ဝိုင်းပတ် ပိတ်ဆို့ပြီး စိုးမိုးနယ်မြေ၊ ထိန်းချုပ် နယ်မြေ အများစုကို ထူထောင်နိုင်လာပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ခြေကုပ်ယူကာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အပြီးသတ် ကျဆုံးရေး ထိုးစစ်ကြီးတွေ ထပ်မံ ထိုးစစ်ဆင် ဆင်နွှဲဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လိုအပ်တဲ့ လူသူ ရိက္ခာတွေ အတွက် မိမိတို့ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွင်းမှာ ကုန်ထုတ်လုပ်ငန်းတွေကို စနစ်တကျ ဖန်တီးဖို့၊ စီမံခန့်ခွဲဖို့ လိုအပ်လာပါတယ်။ ဒါမှသာ နောက်လာမယ့် စစ်ရေးလှုပ်ရှားမှုကြီးတွေ နဲ့ ဒေသခံ ပြည်သူလူထု အတွက် လိုအပ်တဲ့ ရိက္ခာ နဲ့ ရင်းမြစ်တွေကို ဖော်ထုတ်နိုင်မှာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုရဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ၊ ကောက်ပဲသီးနှံ ၊ အသားငါး ၊အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖူလုံစွာ ရရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားရမယ့် အချိန်ကိုရောက်လာပါပြီ။ စစ်ကောင်စီထိန်းချုပ်ထားရာ မြို့တွေ နဲ့ ဒေသတွေဟာ စိုက်ပျိုး ၊ မွေးမြူရေး နဲ့ ရေလုပ်ငန်းတွေ အဓိက လုပ်ကိုင် အခြေချရာ နေရာဒေသတွေ မဟုတ်ဘဲ အဲ့လုပ်ငန်းတွေ အများစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ကျေးလက်ဒေသတွေ အများစုမှာရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေး စခန်းအားလုံး နီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထားပါတယ်။ အဲ့ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေများအတွင်းမှ စိုက်ပျိုး မွေးမြူရေးနဲ့ ရေလုပ်ငန်း ထုတ်ကုန်တွေ ဖြစ်တဲ့ ကောက်ပဲ သီးနှံ ၊ အသား ငါး တွေကို မိမိတို့ ထိန်းချုပ်နယ်မြေများအတွင်း ဖူလုံစွာ စုဆောင်းရရှိရေးမှသည် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ မြို့တွေကို ကြားခံ ကူးသန်းရောင်းဝယ်စရာ မလိုတဲ့ ကူးသန်းရောင်းဝယ်ရေး ကွန်ရက်လမ်းကြောင်းတွေ ဖော်ဆောင်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ အမျိုးသားညီညွတ်‌ရေး‌ အစိုးရအနေဖြင့် မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအားတွေကို စစ်တပ်ထိန်းချုပ်ထားရာ မြို့တွေအပေါ် အကျိုးမပြုစေဘဲ အမှီအခိုကင်းကင်းနဲ့ ကူးသန်းရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။

ထိန်းချုပ်နယ်မြေများအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအား နဲ့ ကူးသန်းရောင်းဝယ်ရေးတွေကိုသာ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေကြေးလည်ပတ် စီးဆင်းရေးတွေကိုပါ အလိုအလျောက် ထိန်းချုပ် စီမံခန့်ခွဲ နိုင်လာမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီဂျစ်တယ် ငွေကြေးတွေဖြစ်တဲ့ NUG PAY အသုံးပြုမှု ပိုများလာမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ကုန်ထုတ်လုပ်မှု ၊ ကူးသန်းရောင်းဝယ်ရေး နဲ့ ငွေကြေးလည်ပတ် စီးဆင်းရေးတွေကို စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ ကွန်ရက်စနစ်တွေမှ အမှီအခို ကင်းလွတ်အောင် ဆောင်ရွက်ထားနိုင်ရင် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ပြည်သူအများစု ကင်းလွတ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ် ပြိုလဲပြီးတဲ့နောက်မှာ ဖြစ်လာမယ့် ကုန်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု နဲ့ ငွေကြေး စီမံမှု လေဟာနယ်ကိုလဲ အချိန် နဲ့ တပြေးညီ ဖြည့်စည်းပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ တော်လှန်ရေးတွေကိုကြည့်ရင် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်ငန်းကို စနစ်တကျ ထူထောင်လေ့ရှိတာကို တရုတ်ပြည်တွင်းစစ်ကနေ ဆီးရီးယား ပြည်တွင်းစစ် အထိ တွေ့နိုင်ပါတယ်။ တရုတ် ပြည်တွင်းစစ် ကာလမှာလဲ တရုတ်ကွန်မြူနစ်ပါတီဟာ လွတ်မြောက်ဒေသမှာ လူထု ထောက်ခံမှု၊ တပ်ရဲ့ ကူညီပါဝင်မှု နဲ့ ကုန်ထုတ်လုပ်ငန်းအသီးသီးကို ထူထောင်ခဲ့ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာလဲ အာဆတ် အာဏာရှင်တပ်ကို အပြီးသတ် အနိုင်ယူခဲ့တဲ့ HTS အဖွဲ့ဟာ သူ့ရဲ့ လွတ်မြောက် နယ်မြေတွေမှာ ကုန်ထုတ်လုပ်ငန်း (Production) နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (Public Services) တွေကို စနစ်တကျ ထူထောင်ထားရှိပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ လွတ်မြောက် ဒေသမှာ စနစ်တကျ ထူထောင်ထားရှိခြင်းဖြင့် စစ်ရေးလိုအပ်ချက်ကို ဖြည့်စည်းနိုင်သလို လွတ်မြောက်ဒေသ ပြည်သူတွေ အနေနဲ့လဲ သက်ဆိုင်ရာ တော်လှန်ရေးအစိုးရ အပေါ် ယုံကြည်အားကိုးစိတ် ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ရန်သူ ထိန်းချုပ် နယ်မြေမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အစိုးရ အပေါ် အားကိုးမှု ပိုမို ဖြစ်ပေါ်စေပါတယ်။

လက်ရှိစစ်‌ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

10 Jan, 04:17


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များဟာ ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တလတာ ထိုးစစ်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ( ကျောင်းသားတပ်မတော် ) ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဒါ့အပြင် မံစီမြို့ကို ၂၀၂၄ ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်မှာတော့ မံစီမြို့မှာကျန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

08 Jan, 11:58


မြေပြန့်ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးလုပ်ဆောင်လာနိုင်တဲ့ PDF
…………………………….
အညာဒေသနဲ့မြေလတ်ဒေသတွေမှာ နယ်မြေသိမ်းပိုက်လာတာတွေ၊ စိုးမိုးနယ်မြေပိုမိုများပြားလာတာတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တပ်တွေရဲ့ တိုက်စွမ်းရည် ပိုမိုကောင်းမွန်လာတာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၃နှစ်ကျော် အတွင်း PDF တပ်တွေရဲ့ စနစ်တကျစုဖွဲ့မှု၊လေ့ကျင့်မှု၊ အမိန့်နာခံမှုတွေနဲ့ တပ်ရင်း၊ တပ်ဖွဲ့ အချင်းချင်း ချိတ်ဆက် တိုက်ခိုက်တာတွေ ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။ ယခင်တော်လှန်ရေးအစ ကာလတွေက PDF တပ်တွေဟာ ပြောက်ကျားတိုက်ပွဲတွေသာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တပ်စိတ်အဆင့်၊ တပ်စု အဆင့်ချေမှုန်းရေးတွေ နဲ့ စခန်းငယ်လေးတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရန်သူ့စစ်ကြောင်းကို စစ်ကြောင်းလိုက်ချေမှုန်း တိုက်ခိုက်တာတွေကို နေရာ၊ဒေသ တော်တော်များများ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတွေမှာ ရန်သူ့စစ်ကြောင်းလိုက်ချေမှုန်းရေး စုစုပေါင်း (၃) ကြိမ်ကို PDF တပ်တွေ နဲ့ ပကဖတွေ ရရှိထားပါတယ်။

🔺 ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးမှာ အင်အား (၁၀၀) ကျော်ပါ စကစတပ် စစ်ကြောင်းကို PDFတပ်တွေက ဩဂုတ်လ (၂၄) ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။စကစတပ်ဖွဲ့ဝင် အရာရှိ (၅) ဦး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦး နဲ့ ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် (၂၀) ကျော် သေဆုံးကာ စစ်သုံ့ပန်း (၁၀) ဦး ရရှိခဲ့ပါတယ်။လက်နက်ကြီး(၂)၊လက်နက်ငယ်(၂၈)လက်၊ကျည် (၂၃၆၁)၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ပါတယ်။
🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ စကစတပ်ဖွဲ့ဝင် (၃၃) ဦး သေဆုံး(အလောင်းရ) ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီး (၂) ဦးပါ စစ်သုံ့ပန်း (၄၃) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့‌ပါတယ်။
🔺 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ မှာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ မှတ်ထိရွာနားမှာ ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦး ပါ စစ်ကြောင်းကို PDF နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်ရာ ရန်သူ့စစ်ကြောင်းတခုလုံး နီးပါး ချေမှုန်းခံခဲ့ရပါတယ်။ ရန်သူ့ထံက လက်နက်ငယ် (၅၁) လက်၊ လက်နက်ကြီး (၃) လက်၊ ကျည်မျိုးစုံ (၃၀၀၀) ကျော် နဲ့ Jammer စက် (၁) လုံး သိမ်းစည်းရရှိခဲ့ပါတယ်။

အထက်ပါ စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ် (၃) ခု ကို ကြည့်ရင် ပဲခူးရိုးမ လက်ပံတန်းမြို့နယ်၊ ဘုတလင်မြို့နယ် နဲ့ ဝက်လက် မြို့နယ်တို့မှာ ပြီးခဲ့တဲ့ (၅)လတာကာလ အပိုင်းအခြားအတွင်းမှာ ဖြစ်ပွားခဲ့တာ သိနိုင်ပါတယ်။ စစ်ကိုင်းအထက်ပိုင်း အညာနယ်မြေမှာသာမကဘဲ ရန်သူ့ တပ်ရင်း၊ တပ်မ အခြေစိုက်စခန်းများစွာ နဲ့ လမ်းပန်းဆက်သွယ်ရေးလွန်စွာကောင်းမွန်တဲ့ ပဲခူးရိုးမ ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးတွေကို PDF နဲ့ ပကဖ တွေလုပ်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။ အင်အားရာချီပါဝင်တဲ့ စစ်ကြောင်းတွေကို ချေမှုန်းလာနိုင်မှု ဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ မြေပြန့်ဒေသတွင်းမှာ ရာချီ အင်အားပါတဲ့ စစ်ကြောင်း ဆယ်ဂဏန်းတချို့သာ ချေမှုန်းနိုင်မယ်ဆိုရင် စစ်အုပ်စုအနေနဲ့ မြေပြန့်ဒေသပေါ် နှောင့်ယှက်နိုင်မှု တော်တော်ချိနဲ့သွားမှာဖြစ်ပါတယ်။ တဘက်မှာလဲ PDF တွေနဲ့ ပကဖ တွေ စုစုစည်းစည်းတိုက်ခိုက်နိုင်မှု၊ အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်မှု၊ စစ်ရေးစွမ်းရည်ထက်မြက်လာမှုတွေကို စစ်ကြောင်းချေမှုန်းရေး တိုက်ပွဲတွေက ပြသနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

07 Jan, 13:39


ကမ်းခြေစစ်ဆင်ရေး နှင့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း
………………………………………….

ပြည်တွင်းစစ်ကာလ တလျောက်မှာ ဧရာဝတီတိုင်းဟာ တော်လှန်တိုက်ခိုက်သူတို့အတွက် အချက်အခြာကျတဲ့ နယ်မြေတရပ်အဖြစ် တည်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ မြစ်ဝကျွန်းပေါ်တိုင်း (ဧရာဝတီတိုင်း) အရေးနိမ့်ပြီးတဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်တွေကို ခုခံတိုက်ခိုက်မှု မရှိသလောက်ဖြစ်ပွားပါတယ်။ ဒါပေမယ့် လက်ရှိ ပြည်သူ့ခုခံတော်လှန်စစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဧရာဝတီတိုင်းမှာ ပြန်လည်ပေါ်ထွက်လာပါတယ်။ အလားတူ ပင်လယ်ကမ်းရိုးတန်း နဲ့ ထိစပ်နေတဲ့ ကျန်တိုင်းတတိုင်းကတော့ တနင်္သာရီတိုင်းပဲ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဟာ အိမ်နီးချင်းနိုင်ငံနဲ့ ထိစပ်နေသလို၊ ကျွန်းစုတွေ အမြောက်အများတည်ရှိပြီး ပြောက်ကျားလှုပ်ရှားမှုအတွက် ရေခံမြေခံကောင်းတွေ ရှိနေပါတယ်။ လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေဟာ တနင်္သာရီတိုင်းမှာ ပြောက်ကျားလှုပ်ရှားမှုဟာမကဘဲ မြို့ပြဒေသတွေ၊ အဓိက လမ်းမကြီးတွေကိုပါ စိုးမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။ ကမ်းခြေ ဒေသရှိတဲ့ တိုင်း (၂) တိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်း နဲ့ တနင်္ဿာရီတိုင်းမှာ ခိုင်မာတဲ့ လွတ်မြောက်နယ်မြေ ထူထောင်နိုင်ရင် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစုအားလုံး အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိမှာ ဖြစ်ပါတယ်။ ခုခံတိုက်ခိုက်လို့ကောင်းတဲ့ နယ်မြေဖြစ်သလို၊ တော်လှန်ရေး ကုန်ထုတ်လုပ်ငန်း၊ နိုင်ငံတကာ ဆက်သွယ်မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ဆောင်နိုင်ပြီး လူထု ထိခိုက်မှု နှိုင်းရအားဖြင့် နည်းပါးစွာတဲ့ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

အရေးပါလှတဲ့ ဧရာဝတီတိုင်းစစ်မျက်နှာအတွက် “တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)” ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာ အဆင့်ဆင့် နဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)က ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြေကို ထိုးဖောက်ရေး အတွက် မဟာမိတ် ERO များနဲ့ တည်ဆောက် တိုက်ပွဲဝင်နေတယ်လို့လဲ ပါရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) အောက်မှာ အမှတ် (၂၉) ဗျူဟာ (AYA PDF) ကိုလဲ ဖွဲ့စည်းထားရှိတယ်လို့ လူမှုကွန်ယက်သတင်းတွေ အရ သိရပါတယ်။ လက်ရှိကာလမှာ ရခိုင်ဒေသ က အာရက္ခ တပ်တော် ရဲ့ ထိုးစစ်ဟာ ရခိုင်-ဧရာဝတီ နယ်စပ်ထိကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) ဖွဲ့စည်းထားရှိမှု၊ အမှတ် (၂၉) ဗျူဟာ ထားရှိမှု သတင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ရခိုင်ဒေသက အာရက္ခတပ်တော် ရဲ့ ထိုးစစ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေရဲ့ ဧရာဝတီတိုင်းတွင်း ခုခံတိုက်ခိုက်မှုတွေ ပေါင်းစပ်သွားမယ်ဆိုရင် စစ်တပ်အတွက် လုံခြုံတဲ့ နောက်တန်း နယ်မြေ တခု ကင်းမဲ့သွားမှာဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းအောက်ပိုင်းတချို့ နယ်မြေ၊ ရှမ်းတောင်ဒေသ တချို့ မှာသာ စစ်တပ် အနေနဲ့ နှိုင်းရအားဖြင့် လုံခြုံစွာ တည်ရှိနေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာသာ ခုခံတိုက်ခိုက်မှု အခြေအနေ အကြီးအကျယ်ပေါ်ထွက်လာရင် လုံခြုံတဲ့ နောက်တန်း နေရာတခု ကို စစ်အုပ်စု ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။

တနင်္ဿာရီတိုင်းကို ကြည့်ရင်လည်း လောင်းလုံမြို့နယ်က ကျောက်နီမော်စခန်း၊ တနင်္သာရီ-မောတောင် နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်း၊ ရေဖြူမြို့နယ်၊ ရေကန်တောင် မိုက်ခရိုဝေ့ခ် စစ်စခန်း၊ တနင်္သာရီ မြို့တော် ထားဝယ်မြို့ပေါ်၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ဆင်ဆိတ်ရပ်ကွက် စတဲ့ ကျေးလတ် နဲ့ မြို့ပေါ်နေရာတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက စစ်အုပ်စုကို ချေမှုန်းတိုက်ခိုက်နေပါတယ်။

စစ်မဟာဗျူဟာအရ အရေးကြီးလှတဲ့ ဧရာဝတီတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ခုခံမှု အရှိန်မြှင့်လာချိန်၊ အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဧရာဝတီတိုင်းနားထိ ရောက်လာချိန်မှာ “ကမ်းခြေစစ်ဆင်ရေး” ဖော်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနစ်၊ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ကမ်းခြေဒေသ တိုင်း (၂) တိုင်းမှာပါ စစ်အာဏာရှင်တွေဟာ ပြင်းထန်ခုခံတိုက်ခိုက်မှုတွေ ရင်ဆိုင်လာရတော့မှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

03 Jan, 14:31


မပြီးခင် ကမ္ဘာမမြင်​စေနဲ့

ကျွန်​တော်တို့ရဲ့ကမ္ဘာကြီးဟာ အလွန်စိုးရိမ်တတ်တဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ မြန်မာ့အ​ရေးအတွက် တ​လျောက်လုံး စိုးရိမ်​ကြောင်း​ပြောလာတာ ၄နှစ်​လောက်ရှိလာပြီမဟုတ်ပါလား။ ရှုံးနိမ့်ရင် စိုးရိမ်သလို အောင်မြင်မှုရလာရင်လဲ ​နောက်တဆင့် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်ပြန်​ရော။ ကြေညာချက်​လေးထုတ်လိုက်ရင်လဲ စိုးရိမ်ကြသလို ကြေညာချက်ရဲ့ နောက်ဆက်တွဲဖြစ်လာမှာ​တွေအတွက်လဲ စိုးရိမ်ကြပြန်​ရော။မြန်မာ့နိုင်ငံ​ရေးမှာ ထဲထဲဝင်ဝင်​ရှေ့တန်းက တိုက်ပွဲဆင်​နေတဲ့ တိုင်းရင်းသားတပ်​တော်များ​ရော NUG ပါ အကဲဆတ်လှတဲ့နိုင်ငံ​ရေး ပတ်ဝန်းကျင်​တွေကြားမှာ လှုပ်ရှားရုန်းကန်​နေကြရတာကို မေ့​နေကြပုံရပါတယ်။အများစုနိုင်ငံ​ရေးအကဲခတ်ဆိုသူများ ဆောင်းပါးရှင်များ သု​တေသီများဟာ အ​နောက်အုပ်စုဝင်နိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးအ​ခြေ​နေအ​တော်​ကောင်း​နေတဲ့ နိုင်ငံ​တွေက​နေ ဝေဖန်သုံးသပ်​နေကြတာပဲများပါတယ်။ ကုလ​အေဂျင်စီတချို့ကိုယ်တိုင် မြေပြင်အ​ခြေ​နေ​တွေ​ကောင်းစွာမသိတာ သို့မဟုတ် အကျိုးစီးပွားတခုဘက်ကိုပါသွားတာ​တွေ​ တွေ့ကြရတာပါ။ ဒီရက်ပိုင်းမှာပဲ နစ်ကီ​အေးရှားရီဗျူးမှာ EAO တချို့ထုတ်ပြန်တဲ့ ကြေညာချက်​တွေနဲ့ပတ်သက်လို့ အထင်​တွေ ရမ်းခန့်မှန်းတာ​တွေ့ရတယ်။ ကုလသမဂ္ဂ ကိုယ်တိုင်က ရခိုင်မှာ အာရက္ခတပ်​တော်​ အောင်ပွဲခံ​နေတဲ့ အ​နေအထားကို ကောင်း​ကောင်း သ​ဘော​ပေါက်ပုံမရတာ​တွေ့ရတယ်။ ချင်းညီ​နောင်က ဆလိုင်း​ရောမန်ရဲ့ အင်တာဗျူးမှာပြည်တွင်းပြည်ပက ဒီလို​ပြောဆိုမှု​တွေကို ရယ်ချင်မိ​ကြောင်း​ပြောသွားတာရှိတယ်။ အဲ့လိုအင်တာဗျူး​တွေကို အင်္ဂလိပ်လို ပြန်လွှင့်ကြရင်​ကောင်းမှာပဲလို့​တောင် စဥ်းစားမိတယ်။ တကယ့်အ​ခြေအ​နေက ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲ။

ဒီတ​လော ယာယီသမ္မတက အ​ရေးကြီး မိန့်ခွန်း​တွေ​ပြော​နေတာလည်း ကမ္ဘာကြီးကသိပုံမရပါဘူး။ တော်လှန်​ရေးအတွက် ဒီလိုအ​ရေးကြီးကာလမှာ တာဝန်ရှိသူ​တွေပြည်​တော်ပြန်ကြဖို့​ပြောတာ။ နိုင်ငံတကာမှာ ​ဆောင်ရွက်ချက်​တွေ လုံ​လောက်ပြီ၊ လိုတာထက်ပို​နေပြီ ဆိုတာမျိုး ၊ ခု​နောက်ဆုံး အစိုးရအဖွဲ့မှာ တကယ်စွမ်း​ဆောင်နိုင်သူ​တွေကို ပါဝင်​စေဖို့ အသင့်ရှိ​ကြောင်း အပါအဝင် အ​တော်များများ အချိန်ကိုက်​ပြောဆိုလာတာ​ တွေ့ကြရမှာပါ။အချိန်ကိုက်လို့ဆိုရတာက ဒီအချိန်မတိုင်ခင်​ပြောရင် ဘာမှ ထူးခြားလာမှာမဟုတ်ဖူးဆိုတာ နားလည်​စေချင်လို့ပါပဲ။အခု EAO များရဲ့ ရည်မှန်းချက်များ ပြည့်လုပြည့်ခင်ဖြစ်လာတဲ့အ​ခြေအ​နေပါ။ ဒီအချိန်ဟာ နိုင်ငံ​ရေးအရ နောက်တဆင့်တက်ရမယ့်အချိန်ပါ။ဒါက အလွန်အ​ရေးကြီးပါတယ်။ ဒီအ​ခြေအ​နေကို ကိုယ့်အတွင်းပိုင်းမှာ​ရော၊ အောင်ပွဲရ EAO များထဲမှာ​ရော ပြည်သူများထဲမှာပါ သတိပြုမိကြဖို့ ယာယီသမ္မတက ဆော်အော​နေတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်​ရေးအစိုးရက​နေ နောက်တဆင့်တက်ကြရမှာပါ။ အ​ခေါ်အ​ဝေါ်အားဖြင့် မည်သို့ခေါ်သည်ဖြစ်​စေ EAO တွေနဲ့ မြေပြင်မှာတကယ်လုပ်​ဆောင်​နေသူ​တွေ ပါဝင်တဲ့ အစိုးရမျိုးဖြစ်ပါလိမ့်မယ်။ တော်လှန်​ရေးတရပ်မှာ သီအိုရီအရမှန်ကန်ဖို့လိုသလို လက်​တွေ့ပြီး​မြောက်​အောင်​ဆောင်ရွက်နိုင်မှုက အလွန်အ​ရေးကြီးတာပါ။ အဲဒီတာဝန်ကို တကယ့်လက်​တွေ့ထဲက သူ​တွေကပဲ ပိုပြီး ထမ်း​ဆောင်နိုင်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် တရုတ်နဲ့ဆက်ဆံ​ရေးဆိုရင် တိုင်းရင်းသားအဖွဲ့​တွေက ပိုသိ​ကြောင်း သူတို့ဆီက အင်ဒီ​ကေတာ​တွေ ယူရ​ကြောင်း NUG နိုင်ငံခြား​ရေးဝန်ကြီး​ပြောတာကြားလိုက်မိပါတယ်။ တရုတ်သံရုံးထုတ်ပြန်ချက်​တွေ​အောက်က ကွန်မန့်​တွေကို ထူးထူးခြားခြား ပြန်​ဖြေထားတာလဲ ဒီတ​လောမှာ​တွေ့ရတယ်။ ကျောက်ဖြူမှာ တရုတ်တပ် ၅၀၀ လောက်​ရောက်​နေပြီဆိုတာကို သတင်းတုပါလို့​ဖြေထားတာဖြစ်တယ်။ အမှန်က​တော့ NLD အစိုးရလက်ထက်မှာလဲ တရုတ်ဆန့်ကျင်​ရေး အ​နောက်အုပ်စုနဲ့ ပစ်ခတ်​ပေါင်းဖက်​ရေး​ လော်ကြတဲ့ အုပ်စု​တွေရှိပါတယ်။ နာမည်ကြီးတဖွဲ့ဆိုရင် အ​မေရိကန်လိုမဖြစ်လို့​တောင် စိတ်ဆိုး​နေတဲ့ပုံမျိုးပါပဲ။ သူတို့ကလဲ NED fun ယူထား​တော့ ဒီလိုင်းပဲဖြစ်မှာ​ပေါ့​လေ။ USAID က ဒေါ်လာ ၂သန်း​လောက်သုံးရင် ဒေါ်လာတ​သောင်းတန် ဂရန့်အခု ၂၀၀ လောက်ဆို​တော့ အင်မတန် ဝင်​ကောက်လို့​ကောင်းတဲ့ ဇီးသီးဘန်းကြီး​ပေါ့။ အခု​တောင် ဘာမှန်းညာမှန်းမသိ ငွေ​ဆောင်သ​ဘောတူညီချက် ဆိုတာမျိုး ထွက်လာ​သေးတယ်မဟုတ်လား။ ဒါ​ပေမယ့်အ​ရေးကြီးတာက အစိုးရတရပ်ဟာ အဲလိုဟာ​တွေ​နောက် သံ​ယောင်မလိုက်ပဲ အ​ခြေ​နေကို လက်​တွေ့ကျကျ ရှုမြင်သုံးသပ် လုပ်ကိုင်ဖို့ဆိုတာပါပဲ။ အ​မေရိကန်လိုနိုင်ငံကြီးဆိုပိုဆိုးတာ​ပေါ့။ နိုင်ငံ​ရေးစီးပွား​ရေး ဘက်​ပေါင်းစုံက အမြင်မျိုးစုံ ပလူပျံ​နေ​အောင်ရှိကြတာပါပဲ။ဒါ​ပေမယ့် အစိုးရတာဝန်ရှိသူဆိုတာ လူ့အခွင့်အ​ရေး​တွေ ဒီမိုကရေစီ​တွေ ဘာဘာညာညာ​တွေထက် ဘက်သ​ဘော​ဆောင်တာ​တွေ၊ လက်​တွေ့အကျိုးစီးပွားဆိုင်ရာ​တွေ၊ ပထဝီနိုင်ငံ​ရေး​တွေကို ဦးစား​ပေးကြရတာပါပဲ။

PDF Insight

03 Jan, 14:31


မြန်မာလိုနိုင်ငံငယ်​တွေ အဖို့ကျ​တော့ အမြင်​တွေက အမြင်သီးသန့်လာ​နေတာမဟုတ်ဖူး၊ ဘက်လိုက်မှု​တွေ အကျိုးစီးပွား​တွေ​ တိမ်းညွှတ်မှု​တွေက နောက်ကွယ်ကပါ​နေတဲ့အတွက် ပကတိဖြစ်ရပ်ကို ပကတိအတိုင်းမြင်ဖို့ အကန့်အသတ်​တွေအများကြီး ဖြစ်လာတာဖြစ်တယ်။ ကိုယ်သွား​နေတဲ့လမ်း​ကြောင်းဟာ ကိုယ့်အကန့်အသတ်​ဘောင်ထဲကပဲဖြစ်လို့ ကမ္ဘာသိ​အောင်ရှင်းပြ​နေလို့မရပါဘူး။ ဝေဖန်​ရေးသမား​တွေ အစိုးရိမ်ကြီးသူ​တွေအတွက်လဲ အ​ဖြေ​တွေ အဆင်သင့်ရှိမ​နေပါဘူး။ မပြီးခင်အ​ခြေအ​​နေဟာ မပြီးခင်အတိုင်းပဲရှိပါလိမ့်မယ်။ သိုသိုသိပ်သိပ်ပဲရှိ​နေမှာပါ။ နောက်ဆုံး​အောင်ပွဲရပြီဆိုရင် ဆီးရီးယားကို ဘယ်လို ဆက်ဆံလာကြသလဲဆိုတာပဲကြည့်လိုက်ပါ။ဒါတောင် ထုံးစံအတိုင်း စိန်​ခေါ်မှုတို့ စိုးရိမ်တာတို့က ရှိနေပါ​သေးတယ်။အဲဒါ​ကြောင့်မပြီးခင်ဗမာမမြင်​စေနဲ့ဆိုတာအပြင် မပြီးခင် ကမ္ဘာကပါမမြင်ရင်ပို​ကောင်းမလားလို့ ထင်မိပါတယ်။ ဒါမှပဲ ဝေဝါး​စေတဲ့အရာ​တွေ ၊ အစအန​တွေဆွဲထုတ်ပြီး ရှုပ်​ထွေးသွား​စေတာ​တွေ နည်းသွား​စေကာ ကိုယ်သွားမယ့်လမ်းကို ဖြောင့်​ဖြောင့်တန်းတန်းသွားနိုင်မှာ ဖြစ်​ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

03 Jan, 04:02


တပျော်တပါးဆင်နွှဲ အားကစားပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ မိမိတို့တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီအားကစားပြိုင်ပွဲမှာ ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စတဲ့ ကစားနည်းများ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့်အတူ ဒေသခံပြည်သူများပါ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ဗလာမပါ ကံစမ်းမဲနှိုက်ကြရာမှာ အမြင့်ဆုံးမဲဖြစ်တဲ့ ဆိုင်ကယ် ၁ စီးအား ဒေသခံပြည်သူမှ မဲပေါက်ခဲ့တယ်လို့လည်း သိရပါတယ်။

#PDFInsight

PDF Insight

02 Jan, 14:16


မြန်မာ့နွေဦးနဲ့ အိမ်နီးချင်းများရဲ့ အရေးပါမှု

၂၀၂၄ ကတော့ကုန်ဆုံးသွားပါပြီ။ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးနဲ့ပတ်သက်တာ၊ ရန်သူ့အခြေအနေနဲ့ပတ်သက်တာ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး လူမှုရေးတွေနဲ့ပတ်သက်တာ၊ မြန်မာရဲ့ နိုင်ငံတကာဆက်ဆံရေးတွေနဲ့ပတ်သက်တာတွေကို ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ နိုင်ငံရေးအကဲခတ်များရဲ့ ဝေဖန်သုံးသပ်ချက်တွေ အများအပြား ကြားသိခဲ့ကြရပါတယ်။ အများစုရဲ့ ရှုမြင်ချက်တွေမှာ တော်လှန်ရေးနဲ့ပတ်သက်လို့ အကောင်းမြင်တာ၊ ရှေ့အလားအလာကောင်းတွေ တွေ့မြင်တာတွေကို ပြောကြတာဖြစ်တယ်။ နိုင်ငံတကာအကူအညီ လုံးဝမရခဲ့ပဲ ရှေ့ဆက်နိုင် အောင်ပွဲတွေခံနိုင်ခဲ့တဲ့ တော်လှန်ရေးဟာ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းသတင်းတခုမှာ အမေရိကန်ရဲ့ ယူကရိန်းကို ကူညီထောက်ပံ့မှုဟာဒေါ်လာ ၆၅ ဘီလီယံ ရှိတယ်လို့ဆိုတာပါ။ သမ္မတဘိုင်ဒင်က သူ့သက်တမ်းမကုန်မီ ဒေါ်လာဘီလီယံနဲ့ချီတဲ့ အကူအညီတွေထပ်ပေးအုံးမှာပါ။ မြန်မာနဲ့ပတ်သက်ရင်တော့ ဘားမားအက် အရသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၃၆ သန်းဆိုတာတောင် သမ္မတထရမ့်တက်လာရင် ထပ်ပြီး ဖြတ်တောက်အုံးမလားလို့ စိုးရိမ်နေရတဲ့အခြေအနေပါ။ ဒီအကူအညီဆိုတာမှာလည်း တရုတ်အမြင်မမှားရေးအတွက် စစ်ရေးနဲ့ပတ်သက်တာတွေ ပါမသွားအောင် လုံခြုံရေးဌာနတွေက USAID အဖွဲ့ကို အနီးကပ် ကြည့်ကြပ်နေသေးတာလို့ဆိုတယ်။ နောက်ပြီး ဒီအကူအညီဆိုတာတွေက တော်လှန်ရေးအဖွဲ့အစည်းတွေလက်ထဲ ထည့်ပေးတာမဟုတ်ပဲ သူတို့ယုံကြည်စိတ်ချတဲ့ အေဂျင်စီတွေကတဆင့် သွားတာဆိုတော့ ဘယ်ကိစ္စ ဘယ်နေရာမှာ ဘယ်လောက်သုံးလိုက်မှန်းတောင် ရှင်းရှင်းလင်းလင်းသိကြရတာမဟုတ်ပါဘူး။

တကယ်တော့ တော်လှန်ရေးတရပ်မှာနိုင်ငံတကာရဲ့ ကူညီမှု အားပေးထောက်ခံမှုက အရေးကြီးပါတယ်။ တဘက်ကပြန်ကြည့်ရင် နိုင်ငံတကာရဲ့ ဆန့်ကျင်မှု သို့မဟုတ် ဖျက်လိုဖျက်ဆီး လုပ်မှုရှိလာမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တာဖြစ်တယ်။ ဆီရီးယားတော်လှန်ရေးကိုပြန်ကြည့်ရင် ပထမသုံးနှစ်ကျော်အတွင်း တော်လှန်နေတဲ့ တပ်ပေါင်းစုံဟာ ဒမတ်စကပ်မြို့နားအထိ ချဥ်းကပ်နိုင်ခဲ့လောက်အောင် အောင်မြင်မှုတွေရခဲ့သေးတာဖြစ်တယ်။ အဲဒီအချိန်က အမေရိကန်ရဲ့ မပြတ်မသားလုပ်မှုတွေကို ရုရှားနဲ့ အီရန်တို့ကအခွင့်ကောင်းယူပြီး အင်တိုက်အားတိုက်ကူညီလိုက်ကြလို့ သူပုန်တွေသိမ်းထားတဲ့ အလက်ပိုမြို့ဟာ ၂၀၁၆ ခုနှစ်မှာ အာဆတ်လက်ကို ပြန်ရောက်သွားတာပါ။ ၂၀၂၀ မတိုင်ခင်လောက်ကစပြီး တော်လှန်ရေးက အေးခဲသလိုဖြစ်သွားခဲ့လို့ အာဆတ်ရဲ့တရားဝင်မှုက မြင့်တက်လာခဲ့ပါသေးတယ်။ အခု ယူကရိန်းအရေး၊ ဂါဇာ ဟစ်ဇဘိုလာအရေးတွေဖြစ်လာတော့မှ ရုရှားအီရန်အုပ်စု အားနည်းချိန်ကိုအခွင့်ကောင်းယူပြီး တိုက်ပွဲပြန်စလိုက်လို့အောင်ပွဲရတာဖြစ်ပါတယ်။

PDF Insight

02 Jan, 14:16


အဲတော့ လိုရင်းကိုပဲပြောရရင် မြန်မာ့အရေးမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်ပတ်သက်မှုက အနောက်အုပ်စုထက်ပို အရေးပါနေတာဖြစ်တယ်။ ဒီထဲမှာ တရုတ်ရဲ့ပတ်သက်မှုက သိသိသာသာဖြစ်လာတာပါ။ တရုတ်ဟာ စကစ ကိုလုံးဝ စိတ်မချတော့တာကြောင့် သူ့အကျိုးစီးပွားတွေကို သူတပ်နဲ့ သူပဲကာကွယ်တော့မယ်။ ပြီးရင် မြန်မာကို ၂၀၀၈ ပုံစံမျိုးပြန်သွားနိုင်အောင်လုပ်တာက ဒေသတွင်းလုံခြုံရေးပိုကောင်းမယ်လို့ အမြင်ရှိပုံရပါတယ်။ ဒါကြောင့်ပဲ မအလကို ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရအောင် အားပေးကူညီနေတာဖြစ်တယ်။ ရယ်စရာကောင်းတာကတော့ မြန်မာ့ရွေးကောက်ပွဲကို အားပေးကူညီမယ်ဆိုတဲ့ နိုင်ငံတွေအားလုံးက အာဏာရှင်နိုင်ငံတွေချည်းပါပဲ။ ရုရှား၊ ကမ္ဘောဒီးယား၊ ဘီလာရုစ် စတဲ့နိုင်ငံတွေအားလုံး အလိမ်အညာရွေးကောက်ပွဲတွေချည်း ပြုလုပ်ခဲ့ကြတာပါ။ တရုတ်ကိုယ်တိုင်ရွေးကောက်ပွဲဆိုတာကို ချင်မင်းဆက်ပြုတ်ကျအပြီး ၂၀၁၃ ခုနှစ်မှာ တခါပဲကျင်းပဖူးတာပါ။ အဲဒီတုန်းက သန်း ၄၀၀ ကျော်ရှိတဲ့ တရုတ်ပြည်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ မဲပေးခွင့်ရတာပါ။ အမျိုးသမီးမဲပေးခွင့်မရှိ၊ ပိုင်ဆိုင်မှုတစုံတရာရှိပြီး အတန်းပညာရှိသူမှ မဲပေးခွင့်ရတာ။ အာဏာရှိသူတွေက မဲရုံရှေ့မှာ သေနတ်တကားကားနဲ့ မဲပေးသူတွေကြောက်လန့်အောင် လုပ်တာတွေ ၊ မဲကိုငွေပေးပြီးဝယ်တာတွေ လုပ်ကြတယ်။ နည်းမျိုးစုံလုပ်တဲ့ကြားက မဲနိုင်သွားသူဆိုရင် ဘိန်းစားတယ်ဆိုတဲ့ စွဲချက်နဲ့ပြန်ဖြုတ်ချတယ်။ အဲတော့ ဒီမှာ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မသမာမှုတွေလောက်ကတော့ တရုတ်က ပျင်းသေးတယ်လို့ အောင့်မေ့မှာပါပဲ။ ရုရှားမှာတော့ ထင်ရှားတဲ့အတိုက်အခံမှန်သမျှလုပ်ကြံသတ်ဖြတ်တာခံရတာပါပဲ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အတိုက်အခံခေါင်းဆောင် နန်ဆော့ဟာ ကရင်မလင်အနီး မြို့လယ်ခေါင်မှာ သူ့ရည်းစားနဲ့လမ်းလျောက်သွားနေတုန်း ပစ်သတ်တာခံရတယ်။ ခုပြီးခဲ့တဲ့နှစ်လောက်ကပဲ အတိုက်အခံနာမည်ကြီးပုဂ္ဂိုလ် နာဗာညီဟာ ထောင်ထဲမှာ ဘာရောဂါမှမရှိပဲသေဆုံးသွားခဲ့တယ်။ သူဟာ ဒိအရင်ကလဲ ပူတင်ရဲ့ထောက်လှမ်းရေးတွေအဆိပ်ခတ်တာခံရလို သေမလိုဖြစ်ပြီး ဂျာမနီမှာ ဆေးသွားကုခဲ့ရပါသေးတယ်။ ကမ္ဘောဒီးယားကတော့ ၃၇ နှစ်လောက် ဟွန်ဆန် တယောက်ထဲ ကြီးစိုးခဲ့ပြီး အခုသူ့သားကိုလွှဲပေးထားတယ်။ သူကနောက်ကွယ်မှာရှိနေသေးတာဖြစ်တယ်။ ဘီလာရုကလဲ အလားတူပါပဲ။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းပြန်လှန်ပြီးအနိုင်ရအောင် လုပ်လိုက်တော့ ပြည်သူတွေဆန္ဒပြကြတယ်။ ဒီတော့အတိုက်အခံခေါင်းဆောင်ကို ထောင်ထဲထည့်လိုက်တယ်။ သူက ဟယ်လီကော်ပတာပေါ်ကနေ သေနတ်ပိုက်ပြီး ကြွက်တွေသောင်းကျန်းနေသေးလားဟေ့ ဆိုပြီး ဆန္ဒပြလူအုပ်ကို လှောင်ပြောင်ခဲ့သူပေါ့။ ဦးသိန်းစိန်လက်ထက်က မြန်မာကိုတောင် လာသွားပါသေးတယ်။ သူတော်ချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတာပေါ့။ အခု မအလလဲ ဘီလာရုစ်မှာတောင် အိမ်တလုံး ရထားတယ်လို့ သတင်းထွက်နေတာပါ။ အဲတော့ မအလလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကူညီမယ် ထောက်ခံတယ်ဆိုတဲ့ နိုင်ငံတွေက အဲလိုနိုင်ငံတွေချည်းပါပဲ။
အဲတော့ လက်တွေ့အခြေအနေတွေအရလဲ မအလရွေးကောက်ပွဲဟာ သူတို့ပြောသလို ၁၆၁ မြို့နယ် ကျင်းပနိုင်မှာမဟုတ်ပါဘူး။ တနိုင်ငံလုံးရဲ့ ၂၁ ရာခိုင်နှုန်း လောက်ပဲ ချုပ်ကိုင်ထားနိုင်တော့ ဘယ်လိုလုပ်ပြီး မဲဆန္ဒနယ် ၃၃၀ ရဲ့ တဝက် ၁၆၀ကျော် ကျင်းပနိုင်မလဲ။ နောက်ပြီး အခုဆက်သိမ်းပိုက်ခံရအုံးမယ့် နယ်မြေတွေ မြို့တွေ ရှိလာအုံးမှာဆိုတော့ ရန်ကုန်နဲ့ နေပြည်တော်လောက်ကျန်ရင်တောင် ကံကောင်းတယ်လို့ဆိုရမှာပါ။ မအလရဲ့ သမ္မတဖြစ်ရေးအိပ်မက်က စိတ်ကူးယဥ်သက်သက်ပဲဖြစ်မှာဖြစ်ပေမယ့် မိမိတို့ဘက်ကတော့ တော်လှန်ရေးအပေါ် ပြင်ပ စွက်ဖက်မှုတွေ နည်းနိုင်သမျှနည်းအောင် ပါးနပ်ကြဖို့တော့လိုတာဖြစ်ပါတယ်။ ကိုယ့်လိုလားချက်တောင်းဆိုချက် ပြည့်ရေးတခုထဲ စဥ်းစားတာထက် တဘက်ကစိုးရိမ်ချက်ဘာတွေလဲဆိုတာလေ့လာပြီး အဲဒီစိုးရိမ်ချက်တွေကို လျှော့ချပေးနိုင်ရမှာဖြစ်တယ်။ ဆီးရီးယားမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်မှု၊ မပါဝင်မှုတွေက အတော်အရေးပါခဲ့တာတွေ့ရမှာပါ။ ဒီမှာတော့ တရုတ်၊ ထိုင်းနဲ့အိန္ဒိယ တို့ပါပဲ။ မြန်မာရဲ့ အရှေ့ကြောက တရုတ်ပါဝင်ပတ်သက်လာမှုကြောင့် အခက်ကြုံရချိန်မှာ အနောက်ကြောက ရခိုင်နဲ့ ချင်းဒေသတွေက ပိုပြီး အားကောင်း ပိုပြီးအရေးပါလာတာဖြစ်တယ်။ အခု မြန်မာ့အရေးက အနောက်ကြော၊ အလယ်ကြောနဲ့ တောင်ဘက်က ဆန်တက်လာမယ့် ကရင်၊ ကရင်နီနဲ့ PDFတွေက အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်က အဆင့်တခုမြင့်တက်လာချိန်မှာ နောက်တဆင့်ကိုကူးဖို့ ပြင်ဆင်တာပါ။ ပြင်ပကအင်အားများကိုထည့်သွင်းစဥ်းစားပေးရတာတွေရှိလို့ ဒီလိုထုတ်ပြန်ကြရတာလို့ နားလည်ရမှာပါ။

PDF Insight

02 Jan, 14:16


တော်လှန်ရေးက ရှေ့ကိုဆက်ချီတက်မှာပါ၊ ဒီရက်ပိုင်း ချင်းညီနောင်တပ်ဖွဲ့က တာဝန်ရှိသူ နှစ်ဦးရဲ့ သီးခြားစီတွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတွေကိုကြည့်ရင် ယနေ့ခေတ် လူငယ်ခေါင်းဆောင်များရဲ့ နိုင်ငံရေး၊ စစ်ရေး သိမြင်မှုတွေဟာ ပြည့်ဝ ထက်မြက်နေတာ တွေ့ကြရမှာပါ။ တတိုင်းပြည်လုံး စကစ ကင်းစင်မှသာ နယ်မြေတခုစီ စကစကင်းစင်မှု အာမခံချက်ရှိမှာဖြစ်တယ်။ ဒါက အခု နွေဦးတော်လှန်ရေးမှာ ပါဝင်သူတိုင်း နားလည်ထားတဲ့အရာပါပဲ။ မဟာမိတ်ကောင်းတွေ ရရှိဖို့ တော်လှန်ရေးကို ဟန်ချက်ညီ ဆင်နွှဲကြဖို့ဆိုတာတွေက ထူးပြီး သင်ယူရမယ့်အရာတွေမဟုတ်တော့ပါဘူး။ တဘက်မှာတော့ မအလတပ်ဟာ တဖြည်းဖြည်းပြိုကွဲပျက်စီးလာတဲ့ အခြေအနေပါ။ ထိပ်ဆုံးကလူတွေက ရာထူးအာဏာရမ္မက် ငယ်ထိပ်တက်နေလို့ အောက်ခြေတွေကို အသေခံခိုင်းနေတာပါ။ ဒီအခြေနေအတိုင်းကြာရှည် ဆက်သွားဖို့ခက်မှာပါ။ မအလ သမ္မတ စလွယ် မသိုင်းရခင် စပ်ကြားမှာ အပြောင်းအလဲတွေဖြစ်သွားနိုင်တာပါ၊ ဒီလိုဖြစ်အောင်လဲ သံဓိဌာန်ခိုင်မာစွာရှိထားကြရမှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

01 Jan, 13:28


၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေ ဘာလုပ်နိုင်ခဲ့လဲ ?

ပြီးခဲ့တဲ့ နှစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေအနေနဲ့ ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲဆိုတာကို အနှစ်ချုပ်ပြီး ဒီရုပ်သံမှာ ဖော်ပြလိုက်ပါတယ်။ https://fb.watch/wQ-8c3Vik5/?

ဒီလိုအောင်မြင်မှုတွေဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူတွေနဲ့အတူ လက်တွဲညီညီစွမ်းဆောင်နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရှေ့ဆက်ရင်းနဲ့ ခိုင်မြဲတဲ့ သစ္စာနဲ့အတူ မကြာတော့တဲ့ အနာဂတ်မှာ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

အားလုံး ဘေးအန္တရာယ်ကင်းကွာပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။

#PDFInsight

PDF Insight

29 Dec, 14:29


ဒီကာလတွေအတွင်း အားတက်စရာကတော့ တိုင်းရင်းသားပေါင်းစုံရော မြေပြန့်နေ လူများစုဗမာတွေကပါ စစ်တပ်ကို တက်ညီလက်ညီ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့တာ အတော်ခရီးရောက်လာတဲ့ အချက်ပါပဲ။ နွေဦးတော်လှန်ရေးဟာ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ကစလို့ တဟုန်ထိုးပြောင်းလဲတိုးတက်လာတာဖြစ်တယ်။ ဒီနောက် ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေ၊ နောက် ကချင်မြေက နယ်မြေသိမ်းတိုက်ပွဲတွေ၊ ချင်းပြည်နယ်ကမြို့သိမ်း တိုက်ပွဲတွေ နဲ့ တောင်ပိုင်းတိုင်း မှန်မှန်ကြီး တိုးတက်လာနေတဲ့ စစ်ဆင်ရေးတွေ စသဖြင့် မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေ ရရှိလာတာဖြစ်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူလောက်ပဲကျန်တော့တာပါ။ ချင်းပြည်နယ်တခုလုံးမှာ နယ်မြေ ၈ ၅ ရာခိုင်နှုန်း လောက် သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့ပြီး ချင်းတောင်ပိုင်းက စကစ ကင်းစင်နယ်မြေဖြစ်လာပါပြီ။ ကချင်မှာလည်း တရုတ်နယ်စပ်တခုလုံးနဲ့ ဖားကန့်ရဲ့ ၉၀ ရာခိုင်နှုန်း ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်စပ်ကြားဧရိယာတွေအကုန်လုံးလောက်ရရှိထားတာပါ။ အညာဒေသရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေ သိသိသာသာတိုးတက်လာတာဖြစ်ပြီး မကြာခင် တိုက်ပွဲကြီးတွေမြင်လာရစရာရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဂွမြို့ကိုသိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းအတွင်း မအလတို့ ခံစစ်ပြင် ပြာယာခပ်နေတာဖြစ်တယ်။ တရုတ်ရန်ကိုကြောက်လို့ မဆလ လက်ထက်ကတည်းက လက်နက်စက်ရုံတွေကို ဧရာဝတီအနောက်ခြမ်းမှာ အများစု တည်ဆောက်ခဲ့ကြတာ ခုတော့ မကြာခင် AA သိမ်းပိုက်တာခံရတော့မယ့် သဘောရှိနေတာပါ။ BBC World Service ကထုတ်ပြန်သွားတဲ့ သတင်းတပုဒ်မှာ မအလတပ်ဟာ တိုင်းပြည်ရဲ့ ၂၁ ရာခိုင်နှုန်း ကိုပဲချုပ်ကိုင်ထားနိုင်တော့တယ် ဆိုတာကို မြေပုံနဲ့တကွဖော်ပြသွားတာပါ။ တော်လှန်ရေးတပ်တွေက မအလထက် နယ်မြေ နှစ်ဆပိုပြီး ချုပ်ကိုင်ထားနိုင်တာပါ။ စကစရဲ့ခံစစ်သေဗျူဟာကို ဘယ်လိုရိုက်ချိုးရမယ်ဆိုတာ တော်လှန်ရေးတပ်တွေ ကောင်းကောင်းသဘောပေါက်ထားပြီးပါပြီ။ ဒီအခြေအနေက ဖြစ်ချင်တော့ မအလတပ်ရဲ့ ညှိကွပ်နေရာကို စစ်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့ အနားပြာကျော်စွာလင်းကို ပေးလိုက်တာနဲ့ ကွက်တိဖြစ်နေပါတယ်။ အမှန်တော့ မအလတို့မျိုးဆက်မှာ စစ်ရေးအတွေ့အကြုံများသူ စစ်ရေးမှာနာမည်ရှိသူက မရှိသလောက်ပါပဲ။ ကျော်စွာလင်းကတော့ စီနီယာတွေကို ကျော်တင်ခဲ့တာဖြစ်လို့ တပ်တွင်းမကျေနပ်မှုတွေရှိနေတယ်လို့ ဆိုတာဖြစ်တယ်။ အရင်က တိုက်ခိုက်ရေးမှာ အားကိုးရတဲ့ တပ်သက် ၁၅နှစ်ကနေ နှစ်၂၀ကျော်ရှိတဲ့ တပ်ကြပ်ကြီးတွေ အရာခံဗိုလ်တွေလဲ တဝက်ကျော်လောက် ပြုတ်သွားပြီဖြစ်လို့ အတင်းအကြပ်စုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ပဲ ဟန်လုပ်ပြီးတိုက်နေတာပါ။ ဘယ်လောက်အထိဟန်လုပ်သလဲဆိုရင် ရခိုင်ပြည်နယ်တခုလုံးနီးပါးသိမ်းထားပြီဖြစ်တဲ့ AA ကို လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပါဆိုတဲ့အထိ ကယောင်ကတန်းတွေ ပြောလာတာဖြစ်တယ်။ အဲတော့ မြန်မာ့နိုင်ငံရေးဟာ ၂၀၂၅ ထဲမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ အဲ့လိုအဆုံးအဖြတ်ဖြစ်အောင် မဟာမိတ်အင်အားစုများအားလုံးအနေနဲ့ မြန်မာတနိုင်ငံလုံး စစ်ကောင်စီ ကင်းစင်အမြစ်ပြုတ်သွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သံဓိဌာန်ချကြရမှာဖြစ်တယ်။ ဒါဟာ တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်ဖြစ်ရမှာပါ။ မအလအတွက်ကတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်ဖို့က အလားအလာအတော်နည်းနေပြီလို့ပဲ ဆိုရမှာပါ၊ သမတဦးဝင်းမြင့်ဆီက အတင်းလုယူထားတဲ့ သမ္မတ စလွယ်ကို အိမ်မှာပဲ ဝတ်ပြီး အရူးထလို့ရမယ်။ လက်တွေ့မှာတော့ အဲဒီအချိန်မတိုင်ခင် အပြောင်းအလဲတွေဖြစ်ဖို့ ရာနှုန်းက အတော်များနေပါပြီ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

29 Dec, 14:29


တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်
…………………………..

ခရစ်စမတ်ပြီးပြီဆိုတော့ မကြာမီ ရက်ပိုင်းအတွင်း ၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်တယ်။ ဒီကာလမျိုးမှာ နှစ်တနှစ်အတွင်း ဘယ်နိုင်ငံတွေမှာ ဘာတွေတိုးတက်ခဲ့သလဲ။ ဘယ်နိုင်ငံတွေက ဆုတ်ယုတ်သွားတာလဲ စသဖြင့် ကမ္ဘာ့မီဒီယာတွေမှာ သုံးသပ်ချက်တွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ထူးထူးခြားခြားအပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံအချို့ထဲမှာ ဘင်္ဂလားဒေ့ရှ် နဲ့ ဆီးရီးယားတို့ကို ထိပ်ဆုံးမှာတွေ့ရတာဖြစ်တယ်။ အာဏာရှင်နဲ့ လူတဦးထဲရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေကနေ ရုတ်တရက် အလျင်အမြန်ပြောင်းလဲ တိုးတက်သွားတဲ့ အခြေနေမျိုးတွေကြောင့် ဒီနှစ်နိုင်ငံဟာ စာရင်းရဲ့ ထိပ်မှာရောက်သွားခဲ့တာပါ။ မြန်မာကတော့ အောက်ကနေ စရေရင် ထိပ်ဆုံးနဲ့ ထိပ်ဆုံးနားမှာချည်းပဲဆိုတာ တွေ့ရမှာပါ။ မူးယစ်ဆေးဝါးနဲ့ ဘိန်းထုတ်လုပ်မှုမှာ အများဆုံး၊ လူသားချင်းစာနာမှု အထောက်အကူအလိုအပ်ဆုံးနိုင်ငံတွေထဲမှာ ထိပ်နားကပါနေတာ။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ၊ အလုပ်အကိုင်ရှားပါးမှု နဲ့ စစ်မှုထမ်းဖို့အတင်းအကြပ်ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ပြည်ပထွက်ပြေးတိမ်းရှောင်ရသူ အများဆုံး၊ ကျားဖြန့်နဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် ရေခံမြေခံအကောင်းဆုံး ၊ ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေနိုင်မှု အများဆုံးရှိနေတဲ့နိုင်ငံ စသဖြင့် မကောင်းဆုံးအရာတွေမှာထိပ်ဆုံးကရှိနေတာတွေ့ကြရမှပါ။ ဒါတွေက အရင်အစိုးရလက်ထက်မှာမရှိခဲ့ပဲ အခု ဂျပုနဲ့ အပေါင်းအပါများလက်ထက်မှာမှ ဖြစ်ထွန်းလာတာတွေပါ။ အခုတော့ မအလကိုယ်တိုင်လဲ အာရှမှာ ပထမဆုံး ICC ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းခံရသူဖြစ်လာပါပြီ။ မကြာခင် ဖမ်းဝရမ်း တကယ်ထွက်လာတော့မှာပါ။ ဒါဆိုရင် မကောင်းတဲ့ အခြင်းအရာတွေမှာ ထိပ်ဆုံးက နံပတ်တစ်စွဲအောင်လုပ်ခဲ့တဲ့ လူသိုက်ရဲ့ ခေါင်းဆောင်ဖြစ်သူအတွက် လူမှန် နေရာမှန် ရောက်လာတယ်လို့ပဲဆိုရမှာပါ။

ပြည်ပမီဒီယာတွေမှာ များများစားစားဖော်ပြတာ မရှိပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းဟာ ဘက်ပေါင်းစုံမှာ ပျက်စီးဆုတ်ယုတ်သွားနေတာကို ဒီ ၄ နှစ်လောက်ကာလအတွင်းမှာ အထင်အရှားတွေ့မြင်ကြရတာပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ၊ အခြား ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ၊ သယ်ယူပို့ဆောင်ရေး ခရီးသွားလာရေးကဏ္ဍ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ပျက်စီးယိုယွင်းလာတာပါ။ ဥပမာတခုပြောရရင် အစားအသောက်နဲ့ဆေးဝါး ထိန်းချုပ်ရေးဌာနတွေမှာ ကျွမ်းကျင်သူတွေ စေတနာနဲ့အလုပ်လုပ်သူတွေထွက်ကုန်တာကြောင့် ဘာစစ်ဆေးမှုမှမရှိတော့တာပါ။ အစားအသောက်တွေမှာ ဖော်မယ်လင်တွေ ယင်မနားဆေးတွေနဲ့ အခြားဓါတုဆေးဝါးတွေ အလွန်အကျွံ သုံးလာတာကြောင့် ကင်ဆာနဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ အများအပြားဖြစ်လာကြတာပါ။ ဆောက်လုပ်ရေးဆိုရင် စည်ပင်ကိုသာ ပိုက်ဆံပေးလိုက်ရင် မောင့်သဘော ကြိုက်သလို ဆောက်ပေတော့ပဲ။ အဲတော့ဒါတွေက မအလအာဏာတည်မြဲရေးနဲ့စာရင် ပြသနာအသေးအမွှားလေးတွေဆိုတော့ သူတို့သိမှာမဟုတ်သလို သူတို့သိရင်လဲ အာဏာငန်းဖမ်းနေလို့ ဘာမှ ဂရုစိုက်မှာမဟုတ်ပါဘူး။

PDF Insight

26 Dec, 04:47


"ပြည်သူတွေအနေနဲ့ (ပဲခူး) ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်"

သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦး

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

24 Dec, 14:02


မင်းတပ်မြို့ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှိုင်းယှဉ်ချက်
~~~

CDF-Mindat ( သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန) သတင်း စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

#PDFInsight

PDF Insight

23 Dec, 15:16


အမြန်လမ်းကို PDF စိုးမိုးခြင်း

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၇) နားက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄)၊ အမှတ် (၁၀) တပ်ရင်း၊ နဲ့ ရှာထူးဝေါ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ (၃) နာရီ အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှု ကြာချိန် (၁) နာရီ ကြာမြင့်ခဲ့ပြီး ရန်သူ့ စစ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြည့်ရင် အမြန်လမ်း ဒေသ ကိုပါ PDF နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိုးဖောက် တိုက်ခိုက်နိုင်လာတာ၊ တနိုင်ငံလုံးမှာ တလမ်းပဲ ရှိတဲ့ အမြန်လမ်း ဒေသ ကိုပါ စစ်အုပ်စု က ထိန်းချုပ်နိုင်ခြင်းမရှိတော့တာ တွေ့ရပါတယ်။ မကြာခင် ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာ အမြန်လမ်းဒေသသာမကဘဲ နိုင်ငံတွင်းမှာရှိတဲ့ တခြား လမ်းပိုင်းတွေပေါ်မှာ စိုးမိုးထားမှု၊ တိုက်ခိုက်မှုတွေ တိုးပွားလာနေပါတယ်။ တပ်မ (၃၃) က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနားမှာ တိုက်ခိုက်မှု အတွင်း စစ်ကား (၁) စီး ပျက်စီးသွားပြီး ရန်သူ့တပ်သား (၅) ဦး ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မြင်းမူ မြို့နယ်၊ ချောင်းဦး မြို့နယ်၊ မုံရွာ မြို့နယ်တွေမှာလဲ ရန်သူ့ စစ်ကြောင်းကို အဆင့်ဆင့် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ရန်သူ့ စစ်သား (၈) ဦး သေဆုံးသွားခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

19 Dec, 13:17


ချွေးနှီးစာ နဲ့ တလရ သမားများ
……………………………

ရှေ့တန်းတစ်နေရာက ဘုန်းကြီးကျောင်းထဲခေတ္တရောက်ရင်း၊ နားရင်း ရေဆာတာနဲ့ ရေသောက်လိုက်တယ်။ ရာသီဥတုကပူတော့ တွင်းရေချိုလေးသောက်လိုက်ရတာ ရင်ထဲကိုအေးမြအမောပြေသွားစေတယ်။ အမောပြေတော့ ကျောင်းထဲလျှောက်ကြည့်ရင်း စာလေးကပ်ထားတာတွေ့လို့ဖတ်မိပြီး တုန်လှုပ်သွားမိတယ်။

"ငရဲမီး နဲ့ အဆိပ်သီး" တဲ့ စိတ်ဝင်တစားဖတ်ကြည့်မိတယ်။
"ဘုရားပစ္စည်း၊ ငရဲမီး သုံးနည်းအလွန်ခက်၊
သံဃာ့ပစ္စည်း၊ အဆိပ်သီး စားနည်းအလွန်ခက်၊
စားသုံးမိလျှင်၊ တနင်နင် သေလျှင်အလွန်ခက်" တဲ့။

ကျနော်စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ဘုရားပစ္စည်း၊ သံဃာ့ပစ္စည်းတွေဟာ အဲ့လိုဖြစ်ရတာလဲလို့။ ဘုရားတန်ခိုး၊ သံဃာ့တန်ခိုးနဲ့ သူ့အလိုလို ပေါ်ပေါက်လာတဲ့ ပစ္စည်းတွေမလို့လား။ တကယ်တော့ ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရားကြောင့် ဒါယကာ၊ ဒါယိကာမတွေက သူတို့ရဲ့ "ချွေးနှီးစာ"ထဲက လှူဒါန်းထားတဲ့ ပစ္စည်းတွေဖြစ်လို့ တန်ဘိုးကြီးတယ်လို့ ယူဆပါတယ်။

အဲ့ဒီနေရာမှာ ချွေးနှီးစာ ဆိုတဲ့စကားအဓိပ္ပါယ်ကို ကျနော်နားလည်သလို ဘာသာပြန်ရရင် မိမိတို့ ကာယ၊ဉာဏ်ဏအားနဲ့ နှဖူးကချွေး၊ ခြေမကျအောင် လုပ်ကိုင်လို့ရတဲ့ အရင်းအနှီးထဲကနေ အမွန်အမြတ်ထားလှူဒါန်းထားလို့ တန်ဘိုးရှိတယ်လို့ယူဆပါတယ်။

ဒါဆိုရင် ကျနော်တို့ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအဖွဲ့တွေ ပြည်သူ့ဆီမှာ နည်းမျိုးစုံနဲ့ အလှူခံနေကြတဲ့သူတွေရော ပြည်သူတွေလှူဒါန်းတဲ့ ချွေးနှီးစာတွေ သုံးစွဲ၊ စားသောက်နေကြသလား။ ပြည်သူလူထုကရော ကျနော်တို့တော်လှန်ရေးသမားတွေကို ဘာလို့လှူဒါန်းကြတာလဲ။ ဒီအချက်ကို ထိုင်ပြီး စဉ်စားကြည့်မိတယ်။

ကျနော်တို့ ပြည်သူတွေလှူဒါန်းတဲ့ ချွေးနှီးစာကို သစ္စာဆိုပြီး စားခဲ့ကြတယ်။ ပြည်သူကဘာလို့လှူတာလဲ။ ယုံကြည်မှု သဒ္ဓါရှိလို့။ ဘာကိုယုံကြည်တာလဲ။ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အပြီးတိုင်ချေမှုန်းနိုင်မယ် ယုံကြည်လို့။ သူတို့ကိုယ်စား အသက်ကိုပေးပြီးတိုက်နေတဲ့ တော်လှန်ရေးသမားတွေကို သဒ္ဓါလို့ လှူတယ်လို့ ကျနော်ယူဆပါတယ်။ ဒီနေရာမှာ ပြည်သူလှူဒါန်းတဲ့ အလှူတွေကို သစ္စာဆိုပြီး ကျနော်တို့ စားသုံး၊ သုံးစွဲကြပါတယ်။ တချို့ တလွဲအတွေးဝင်နေတာ ရှိပါတယ်။ ငါတို့က အသက်တောင်ပေးထားရတာ။ သူတို့က ဒီလောက်တော့ ပြန်လှူရမှာပေါ့တဲ့။ ဒါဆို ‌တော်လှန်ရေးကိုဘန်းပြ ပြီး ဆပ်ကြေးကောက်သလိုဖြစ်နေပြီ။
ငရဲမီး နဲ့ အဆိပ်သီးကို စားသလို ဖြစ်သွားပြီလို့ ထင်ပါတယ်။ ငါတို့က တော်လှန်ရေးအတွက် အသက်တောင် ပေးထားတယ်လို့ပြောလာရင် မေးစရာရှိတာက ဘယ်သူကအသက်ပေးလုပ်ခိုင်းတာလဲ ဆိုတာပဲ။

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဘာသာအသက်ပေးလုပ်တာဖြစ်လို့ သူတို့က လှူရမယ်ဆိုတဲ့ အတွေးက မရှိသင့်ပါဘူး။ ကိုယ့်ယုံကြည်ချက်ကို ပြည်သူက သဒ္ဓါလို့လှူတာ။ ယုံကြည်ချက်က ဘာလဲ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်လို့၊ ငါတို့နိုင်တဲ့ ဘက်ကလှူမယ်ဆိုပြီး သူတို့မပြေလည်တဲ့ကြားက သူတို့ ချွေးနှီးစာကို လှူတာပါ။

ဒါကို ကျနော်တို့က ခိုင်မာတဲ့ သန္နိဌာန်နဲ့ ဒီတော်လှန်ရေး အောင်မြင်တဲ့အထိ မဖောက်မပြန် ပြည်သူနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆန္ဒနဲ့အညီ အောင်မြင်တဲ့အထိ ကြိုးစားသွားမယ်လို့ ကတိသစ္စာပြုကြတယ် ဆိုတာမမေ့သင့်ပါဘူး။
ဒါဆိုတော်လှန်ရေးအတွက် အသုံးပြုတာကလွဲပြီး ကိုယ့်ကိုယ်ကျိုးအတ္တအတွက်၊ မိသားစုအတွက်၊ ကိုယ့်ကိုယ်ကျိုးကို ကိုယ့်လူမျိုးစုဆိုတာ ဘန်းပြ၊ ဘယ်သူ့ကြောက်ရလို့ပါဆိုတာ ဘန်းပြပြီး မိမိကောင်းစားရေး၊ မိမိ မိသားစုကောင်းစားရေး အာဏာမသိမ်ခင်းတုန်းက ဆိုင်ကယ်အစုတ်၊ တော်လှန်ရေးထဲရောက်မှ ကားအကောင်းစားစီး၊ အတိုခါးကြားထိုး၊ ဇိမ်နဲ့နေ တော်လှန်ရေးအပေါ် လုပ်စား၊ စီးပွါးရှာ၊ တော်လှန်ဈေးကွက်စီးပွါးရေးလို လုပ်နေမယ်ဆိုရင် ပြည်သူရဲ့ "ချွေးနှီးစာ"ကို သစ္စာဆိုပြီး စားနေတဲ့ တော်လှန်ရေးသမားများဟာ တော်လှန်သစ္စာစူးပါတော့မယ်။ ပြည်သူအပေါ်ထားတဲ့ သစ္စာဟာ မစောင့်ထိန်းနိုင်ရက် ကျိန်စာအဖြစ်ပြောင်းပြီး ကျိန်စာ သင့်နေပါလိမ့်မယ်။

စကစဟာ စစ်မတိုက်တတ်တာ၊ မတိုက်ရဲတာ၊ လက်နက်မရှိလို့ တိုက်တိုင်းရှုံးနေတာမဟုတ်ပါဘူး။ ပြည်သူအပေါ် သစ္စာမစောင့်စည်းလို့ သစ္စာ ၂ ချက်စူးနေတာပါ။ ဒါကိုသင်ခန်းစာယူပြီး ပြည်သူရဲ့ ချွေးနှီးစာကို စားနေတဲ့ ကျနော်လည်း ငရဲမီးနဲ့ အဆိပ်သီးစားသလိုမဖြစ် ရအောင် ကိုယ့်ကိုကိုယ် ဆင်ချဉ်ရင်းနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိပြီး ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ဆန္ဒအတိုင်း တော်လှန်ရေးပြီးဆုံးတဲ့အထိ အသက်ပေးသွားမယ်လို့ သစ္စာပြုလို့ မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကြမ်း၊ ခရီးရှည်ကြီးကိုလျှောက်ဖို့ ဘုန်းကြီးကျောင်းထဲကထွက်ခဲ့ရင်း.............။

မြေပြင်တပ်မှူးတဦး
၆၊ ဒီဇင်ဘာ၊ ၂၀၂၄

#PDFInsight

PDF Insight

12 Dec, 14:33


မြန်မာ့အရေးက အဲ့လောက်အရှုပ်ကြီးမဟုတ်ပါဘူး၊ အိမ်နီးချင်းတွေမှာလဲ တရုတ်ကလွဲရင် ပြဿနာ သိပ်ရှိမနေပါဘူး။ ၁၀၂၇ ဒုတိယလှိုင်းအပြီး တရုတ်ပါဝင်ပတ်သက်လာမှု မရှိခင်အချိန်အထိ မြန်မာနွေဦးဟာ ပုံမှန်ဖြစ်ပေါ် တိုးပွားလာနေတာပါ။ မြန်မာ့အရေးမှာ( သူတို့တဖက်သက်အထင်အရ ) အနောက်အုပ်စုဘက်ယိမ်းသွားမယ့် အလားအလာကိုကြိုဟန့်တဲ့အနေနဲ့ မအလတပ်ကို အလားအလာမရှိတဲ့ မြင်းအို၊ မြင်းကျိုးမှန်းသိသိကြီးနဲ့ လောင်းကြေးဝင်ထပ်ခဲ့တဲ့ တရုတ်နိုင်ငံကြောင့် ရှုပ်ထွေးမှုတချို့ရှိလာတာ အမှန်ပါပဲ။ ဒီအတွက်တရုတ်က အင်မတန်မြန်တဲ့ မြင်းကောင်းမြင်းသန့်လို နယ်စပ်အဖွဲ့တချို့ကို ခြေချုပ်မိအောင် လုပ်လာတာဖြစ်တယ်။ ဒါပေမယ့် လက်တွေ့အခြေအနေတွေအရ ဒီရက်ပိုင်းတွေမှာပဲ ကချင်မှာ တရုတ်နယ်စပ်တလျောက်လုံး၊ ချင်းမှာ ဖလန်း၊ ထန်တလန် လမ်းပိုင်းအားလုံးနဲ့ ရခိုင်မှာ မောင်တောနဲ့ အမ်း နပခ ဌာနချုပ်ကြီးတခုလုံး မအလတို့ ဆုံးရှုံးသလောက် ဖြစ်နေပါပြီ။ တောင်ဘက်က စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမ အရှေ့ခြမ်း အနောက်ခြမ်းတွေအားလုံးမှာ စစ်ရေးအောင်ပွဲတွေရှိနေတာဖြစ်တယ်။ မြန်မာရဲ့ အရှေ့မြောက်၊ မြောက်ဘက်၊ အနောက်ဘက်၊ အနောက်တောင်နဲ့ တောင်ဘက်က အင်အားတွေအားလုံး တဖြည်းဖြည်း အလယ်ဗဟိုကို ချဥ်းကပ်လာပြီဆိုရင်တော့ တရုတ်စွက်ဖက်မှု လက်လှမ်းမမှီရာ ဖြစ်လာမှာပါ။ တရုတ်ကိုယ်တိုင်လဲ မအလရဲ့ ခေါင်းမာမှု အသိဥာဏ်နည်းမှုတွေ တွေ့တာများလာရင် တမျိုးပြောင်းလာနိုင်ပါတယ်။ ဆီးရီးယားမှာ ရုရှားက ရုတ်ချည်းသဘောပေါက် နောက်ဆုတ်သွားသလို၊ US ဘက်ကလည်း အယ်လ်ဂျိုလာနီအပေါ် အမြင်ပြောင်းလာသလို ဖြစ်နိုင်ချေတွေက ရှိနေပါတယ်။ အဲသလိုသာဖြစ်ရင် မအလ ကျဆုံးဖို့သေချာနေပြီ။ မအလတပ်သာ အာဆတ်တပ်ပြိုသလိုပြိုရင်တော့ ဒီအချိန်ကလည်း သိပ်မဝေးတော့ဘူးလို့ဆိုရမှာပါ။ မအလအတွက် မကြာခင် ဖမ်းဝရမ်းကထွက်လာနိုင်တာဆိုတော့ သူက နိုင်ငံပိုင် လေယာဉ်ကို ဆီအပြည့်ဖြည့်ထားပြီး အသင့်ပြင်ထားမှာသေချာပါတယ်။ ဒါမျိုးကျ တရုတ်ကြီးက သူ့ကိုလက်ခံမှာမဟုတ်ပါဘူး။ ရုရှားကိုပဲပြေးရမှာ ၊မော်စကိုအထိဆိုရင် ၁၂နာရီခရီးလောက်ဆိုတော့ လေယာဥ်မှာ ဆီကပြည့်နေမှဖြစ်မှာ၊ ဖမ်းဝရမ်းကြောင့် လမ်းမှာလဲ ဘယ်နိုင်ငံမှ ဝင်ရဲမှာမဟုတ်ဘူးလေ၊ အဲတော့ ဇာတ်ပေါင်းခန်းကတော့ မော်စကိုမှာ လူသတ်သမား အာဆတ်၊ ပူတင်နဲ့ မအလ တို့ ဝရမ်းပြေးသုံးယောက် ညှိုးငယ်စွာ တွေ့ဆုံကြလေသတည်းပေါ့ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

12 Dec, 14:33


ဝရမ်းပြေးတို့ ဆုံဆည်းရာ
…………………………
ဒီရက်ပိုင်းကမ္ဘာ့အရေးတွေက စိတ်ဝင်စားစရာတွေပါ။ တောင်ကိုရီးယားမှာ အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်ကိုအာဏာလွှဲဖို့လုပ်တာ လွှတ်တော်အမတ်တွေနဲ့ပြည်သူတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် ပျက်ပြယ်သွားတယ်။ နောက်ဆက်တွဲတွေလာအုံးမယ်။ ကာကွယ်ရေးဝန်ကြီးကတော့ နှုတ်ထွက်သွားပြီးနောက် ထိမ်းသိမ်းခံထားရပြီ။ အခုနောက်ဆုံးပိုကောင်းတဲ့သတင်းကတော့ ဆီးရီးယားအာဏာရှင်အာဆတ်မိသားစု ရုရှားကို ထွက်ပြေးရပြီဆိုတဲ့သတင်းပဲ။ ဆီးရီးယားကို အဖေတလှည့် သားတလှည့် ၅၄နှစ်လောက် မင်းမူအုပ်ချုပ်လာတဲ့ မိသားစုအာဏာရှင်စနစ်တခုတော့ နိထ္ထိတံ သွားလေပြီ။ သတင်းတွေမှာတွေ့ရတဲ့ ဆီးရီးယားပြည်သူတွေရဲ့ အပျော်တွေက ကမ္ဘာကြီးကိုပါကူးစက်လာစေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရူးတွေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရတဲ့ပြည်သူတွေက ပိုပြီး စာနာ နားလည်ကြတယ်။ သူတို့အတွက် ဝမ်းသာကြတယ်။ စနစ်ပြိုတာနဲ့အတူ အာဆတ်နဲ့ သူ့အဖေရုပ်ထုတွေပါဖြိုလှဲခံရတယ်။ အဲဒီရုပ်ထုတွေက စနစ်ဆိုးတွေရဲ့ အမှတ်သင်္ကေတတွေမဟုတ်လား။

ဆီးရီးယားအရေးကို အသေအချာ ကြည့်မယ်ဆိုရင်တော့ မြန်မာအတွက်လေ့လာစရာတွေ မှီငြမ်းစရာတွေ တွေ့နိုင်ပါတယ်။ အဖွဲ့ကွဲတွေများတာ ရှုပ်ထွေးတာက မြန်မာမှာလိုပါပဲ။ ပထဝီအရကတော့ ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းက အရှုပ်ထွေးဆုံးနေရာမှာရှိနေတယ်။ လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီ၊ အီရတ်စတဲ့နိုင်ငံတွေ ဝိုင်းနေတာဖြစ်တယ်။ ဒီနိုင်ငံအားလုံးက ပြဿနာကိုယ်စီရှိကြပြီး ၂၀၁၁ ကစလိုက်တဲ့ ဆီးရီးယားအရေးမှာ တမျိုးစီ ပါဝင်ပတ်သက်ကြတာပါ။ အမေရိကန်ပါဝင်ပတ်သက်မှုရှိသလို ရုရှားနဲ့အီရန်တို့ကလဲ ကိုယ်ထိလက်ရောက် ပါဝင်နေကြတာဖြစ်တယ်။ ၂၀၁၆ ဒေါ်နယ်ထရမ့်တက်လာချိန်မှာ အမေရိကန်ကနောက်ဆုတ်လိုက်လို့ ရုရှားက အတင့်ရဲပြီး စစ်ရေးအကူအညီပေးတာကြောင့် အာဆတ်ဟာ နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့ကို ပြန်သိမ်းနိုင်ခဲ့တယ်။ ခု အလက်ပိုကို သိမ်းရာက တောင်ပိုင်းမြို့တွေကို နှစ်ပတ်အတွင်း တောက်လျောက်သိမ်းကာ နောက်ဆုံး ဒမတ်စကတ်ကိုပါ သိမ်းလိုက်နိုင်တဲ့ HTS အဖွဲ့ဆိုတာ အမေရိကန်က အစောပိုင်းကတည်းက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ခဲ့တဲ့သူပုန်တွေပါပဲ။ အသက်၄၂နှစ်ပဲရှိသေးတဲ့ အဘူမိုမက်အယ်လ်ဂျိုလာနီ ကို အမေရိကန်က ဒေါ်လာဆယ်သန်းဆုကြေးထုတ်ထားတာပါ။ အာဆတ်ကလဲအိုင်စီစီဖမ်းဝရမ်းထုတ်ခံထားရသူပါပဲ။ ဒါပေမယ့် ဂျိုလာနီက အစွန်းရောက်တွေဖြစ်တဲ့ အယ်လ်ခိုင်ဒါတို့၊ အိုင်အက်စ်တို့နဲ့ အစောကတည်းက လမ်းခွဲခဲ့ပြီး တဖြည်းဖြည်းမော်ဒရိတ်သမားတယောက်ဖြစ်လာတာပါ။ ဒါကြောင့်ပဲ ဒီပွဲမှာ တူရကီက နောက်ခံပြုပေးလိုက်တာဖြစ်ပါလိမ့်မယ်။ ဒီပွဲမှာ HTS နဲ့ အတူ ကာ့ဒ်အဖွဲ့တွေ၊ တူရကီနောက်ခံပြုအင်အားတွေဟာ မဟာမိတ်( တပ်ပေါင်းစုမဟုတ်) သဘောနဲ့ ဟန်ချက်ညီ လှုပ်ရှားကြတာပါ။ အီရတ်နယ်စပ်နားက ဆီးရီးယားထဲမှာ မှာ အမေရိကန်တပ်ဖွဲ့ ၉၀၀ လောက်ရှိနေပါတယ်။ သူတို့က IS တွေဝင်မလာနိုင်အောင် လေကြောင်းနဲ့ ဟန့်တားပေးတယ်။ အာဆတ်ဘက်က ဝင်တိုက်ပေးလေ့ရှိတဲ့ ဟစ်စဘိုလာနဲ့အီရန်အထောက်အကူတွေက အစ္စရေးရဲ့နှိပ်ကွပ်မှုကြောင့် နလံမထူနိုင်ဖြစ်နေချိန်၊ ရုရှား ကိုယ်တိုင်က ယူကရိန်းအရေးက ဘယ်လိုပြန်ထွက်ရမလဲဆိုတာ စဥ်းစားနေရချိန်လဲဖြစ်နေတော့ အာဆတ်ကို ထိထိရောက်ရောက် မကူနိုင်ပါဘူး။ အာဆတ်ရဲ့တပ်ကလဲ ဒီက ဂျပုတပ်လို အငတ်အငတ် အပြတ်ပြတ်ဖြစ်နေတာ။ တိုက်စိတ်ခိုက်စိတ်လျော့ပါးနေချိန်၊ ဒီလိုအကြောင်းအပေါင်းစုံချိန်မှာ တူရကီကလည်းမီးစိမ်းပြဆိုတော့ အလက်ပိုကျပြီး နောက်မြို့တွေမှာ ခုခံမှုမရှိသလောက်ဖြစ်ပြီး နှစ်ပတ်အတွင်း တနိုင်ငံလုံးကျသွားတာပါပဲ။ တကယ်တော့ ဆီရီးယားအရေးရဲ့ ရှုပ်ထွေးမှုက US နဲ့ ရုရှားကြားအားပြိုင်မှု၊ ဒေသတွင်း အီရန် အစ္စရေး တူရကီတို့အားပြိုင်မှု၊ ဟစ်စဘိုလာလို လက်ဝေခံအဖွဲ့တွေနဲ့ ကာ့ဒ်တွေ တူရကီမွေးထားတဲ့အင်အားတွေရဲ့ နယ်မြေလုမှုတွေနဲ့ သဘွတ်အူလောက်နီးနီး အရှုပ်ကြီးဖြစ်ပါတယ်။ ဒါကြီးကို လက်ရှိဖြစ်ပေါ်လာတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေတွေကို အချိန်ကိုက်အသုံးချ အခွင့်ကောင်းယူလိုက်ခြင်းအားဖြင့် အောင်ပွဲကိုရရှိတာဖြစ်တယ်။

PDF Insight

11 Dec, 10:10


အဖမ်းမခံရခင် Vs ဖမ်းခံရပြီး

မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်မှူးချုပ် သူရိန်ထွန်း တယောက်တော့ ရခိုင်သားချေတို့အစွမ်းနဲ့ အစွယ်ကျိုးသွားခဲ့ပြီ ဖြစ်ပါတယ်။

မတရားမှုရဲ့ နောက်ကွယ်မှာ အခန့်သားထိုင်နေခဲ့တဲ့ နောက်ထပ် ဘယ်သူတွေအလှည့်ရောက်လာမလဲဆိုတာ ပြည်သူအားလုံးက ဝမ်းပန်းတသာ စောင့်မျှော်နေကြပါပြီ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

10 Dec, 13:00


ပြည်သူအကျိုးစီးပွားသာ အဓွန့်ရှည်ရမှာပါ
…………………………………………..
မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံ ဂျော့ရှ်တောင်းတက္ကသိုလ် ပါမောက္ခ ဒေးဗစ်အိုင်စတိန်းဘတ် ဒီဇင်ဘာ ၅ ရက်နေ့ကကွယ်လွန်သွားပါပြီ။ လွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့မှတ်ချက်တွေ ဝေဖန်သုံးသပ်ချက်တွေကို ကမ္ဘာက အလေးထားစောင့်ကြည့်ခဲ့ရတာပါ။ မြန်မာနဲ့ပတ်သက်လို့ စာအုပ်တချို့လည်း ရေးခဲ့ပါတယ်။ အဲ့လိုပဲမြန်မာ့အရေး ဝေဖန်သုံးသပ်သူ လေ့လာသူတွေအများစု တစစနဲ့ အိုမင်းလာတာ တချို့လည်း ဆုံးပါးကုန်တာ တွေ့လာကြရတာဖြစ်တယ်။ ၈၀ခုလွန်နှစ်တွေက တရုတ်နယ်စပ်တလွှား ခြေကျင်လျောက်ပြီး သတင်းယူခဲ့ စာအုပ်တွေရေးခဲ့တဲ့ ဘာတေးလစ်တနာဆိုရင်တောင် အသက်၇၀ကျော်လူကြီးတယောက်ဖြစ်နေပြီ။ ၈လေးလုံးမှာ အဓိကပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ခရစ်တိုဖာဂါးနက်စ်ဆိုရင် ထိပ်ပြောင်ပြီး တကယ့် လူကြီးတယောက်ဖြစ်လာတာတွေ့ရမှာပါ။ သူတို့ကတော့မြန်မာ့အရေးဆက်ပြီးရေးသား လုပ်ဆောင် ကူညီနေကြတုန်းပါပဲ။ အလားတူ ၆၂ ကျောင်းသားခေါင်းဆောင်တွေက ၈၀တန်းတွေ နဲ့ ၇၄,၇၅ ဆိုသူတွေက ၇၀တန်းတွေဖြစ်ကုန်ကြပြီ။ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာလည်း အဖွဲ့အစည်းတွေ စတင်ထူထောင်လုပ်ကိုင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေက မရှိသလောက်ဖြစ်ကုန်ကြပြီ။ အဖွဲ့အများစုမှာ လူငယ်မျိုးဆက်တွေ နေရာယူလာကြတာဖြစ်တယ်။ KNU , KIA တို့ဆိုရင် ခေါင်းဆောင် ၅ ယောက်မှ ၇ယောက်လောက်အထိပြောင်းလဲလာကြတာ တွေ့ရမှာပါ။ ဒါပေမယ့် တော်လှန်ရေးကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာကြတာပါပဲ။ တချို့လူမျိုးစုအဖွဲ့တွေက ခါးပြတ်သလိုဖြစ်သွားတာမျိုးတွေရှိပေမယ့် ပြန်ပြီး အားကောင်းမောင်းသန်ထွက်ပေါ်လာကြတာတွေရမှာပါ။ ပြည်မမှာတော့ နိုင်ငံရေးသမားတွေက ၆၂ ခုကနေ ၈၈ ခုအထိ သင်းသတ်ခံရသလို မျိုးဆက် ပြတ်သလောက်ဖြစ်သွားခဲ့တာပါ။ ဒီကာလတွေအတွင်း တရားဝင်နိုင်ငံရေးလုပ်ကိုင်ခွင့်မရှိခဲ့ပဲ နိုင်ငံရေးစာစောင်စာတမ်းဆိုရင်တောင်ခိုးကြောင်ခိုးဝှက် ဖတ်ကြရတဲ့အခြေအနေပါ။

ဒီလို ဒီမိုကရေစီ ဆိတ်သုဥ်းတဲ့ကာလအတွင်း ထုံ့ပိုင်း ထုံ့ပိုင်းပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ကျောင်းသားလှုပ်ရှားမှုတွေကနေပဲ မျိုးဆက်တွေ လက်ဆင့်ကမ်းကြရတာဖြစ်နေတယ်။ ဒါကြောင့် တဘက်မှာရှိနေတဲ့ တိုင်းရင်းသားများရဲ့ ဖက်ဒရယ်အရေးတောင်းဆိုတိုက်ပွဲဝင်မှုတွေနဲ့ တဘာသာစီ တခြားစီ လျောက်လှမ်းခဲ့ကြရတဲ့ သဘောပါပဲ။ ဒီအခြေအနေဟာ NLD ပေါ်ပေါက်လာတဲ့နောက် ဖက်ဒရယ်လမ်းစဥ်ကိုလက်ခံကြောင်း ပြောကြားမှုတွေရှိခဲ့သည့်တိုင် လမ်းကြောင်းနှစ်ခုက အတိအလင်းပေါင်းစည်းနိုင်တာမရှိခဲ့ဘူး။ NLDအစိုးရဖြစ်တဲ့ကာလက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုတာမှာ တကယ်တန်းဖြစ်ရမှာက ဒီလမ်းကြောင်းနှစ်ခုပေါင်းစည်းသွားရမှာပါ။ ဒါပေမယ့် စစ်တပ်က အဓိကနေရာကပါဝင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်များနဲ့အကြား မပြေလည်နိုင်တဲ့လမ်းကြောင်းမျိုးကိုပဲ အခြေခံဆွေးနွေးနေလို့ ဘယ်လို တိုးတက်မှုမှ မရှိခဲ့တာဖြစ်တယ်။
အဲဒီအချိန်မှာ ကြံ့ခိုင်ရေးပါတီမှာ စစ်တပ်နောက်ခံရှိနေသလို အာဏာရနိုင်ငံရေးပါတီတွေမှာလဲ နောက်ခံတပ်အင်အား လိုနေပြီလား ဆိုတဲ့ စဥ်းစားချက်တခုဖြစ်လာတာရှိခဲ့ပါတယ်။ ခုတော့ မောင်မင်းအောင်လှိုင်အာဏာရူးတာကြောင့် တိုင်းရင်းသားနဲ့ မြို့ပေါ်နိုင်ငံရေးလှုပ်ရှားမှုပေါင်းစည်းသွားစေခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်များလိုပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာရတာဖြစ်တယ်။ တိုင်းရင်းသားတပ်များအပါအဝင် ဒီတပ်တွေအားလုံးရဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်ကပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတရပ်လုံးကို ကာကွယ်ပေးမယ့် ဖက်ဒရယ်တပ်မတော်ပဲဖြစ်တယ်။ လတ်တလောအခြေအနေမှာ ဒီအဆင့်ကိုတက်လှမ်းဖို့ အလှမ်းဝေးနေသယောင်ရှိနေပေမယ့် စစ်ရေးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအရ သိပ်မကြာခင်ကာလတွေအတွင်းမှာလဲ ဖြစ်လာနိုင်တာပါပဲ။

PDF Insight

10 Dec, 13:00


လက်ရှိရခိုင်ပြည်နယ်က အောင်ပွဲတွေ၊ ချင်းပြည်နယ်ကအောင်ပွဲတွေနဲ့ ကချင်ဘက်က ဗန်းမော် မန်စီ တိုက်ပွဲအခြေအနေတွေအရ အဖွဲ့အသီးသီးရဲ့ စစ်ရေးရည်မှန်းချက်တွေက ပြည့်လုနီးနေပါပြီ။ တပြိုင်တည်းမှာပဲ မြေပြန့်ဒေသက ပြင်ဆင်မှုတွေကလည်း ခရီးရောက်လာနေတာဖြစ်တယ်။ ဒါတွေနဲ့အချိန်ကိုက် နိုင်ငံတော်ယာယီသမ္မတရဲ့မိန့်ခွန်းပါအတိုင်း NUG အစိုးရအင်အားတွေ မြေပြင်မှာ ပြန်လည်စုစည်းမှုတွေရှိလာရမှာဖြစ်ပါတယ်။ တဘက်မှာတော့ ပြင်ပနိုင်ငံရေးဖိအားတွေကို ကျော်လွှားဖို့ သံတမန်ရေးကြိုးပမ်းမှုတွေ ရှိနေရမှာဖြစ်တယ်။ ဒီနေရာမှာ NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရဲ့ VOA နဲ့အင်တာဗျူးမှာပြောသွားတဲ့ သဘောထားတွေက အလေးထားကိုးကားလောက်စရာဖြစ်တာကိုတွေ့ကြရမှာပါ။ သူပြောတာကတော့ တရုတ်ဘက်ကရှိနေတဲ့ စိုးရိမ်မှုတွေကို လျှော့ချပေးရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံကြီးတွေကြားညပ်ခံလို့မရကြောင်း၊ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးတွေထက် နိုင်ငံတခုအနေနဲ့ တရုတ်ကို စီးပွားရေးနဲ့ အခြားဘာတွေ ကမ်းလှမ်းနိုင်မလဲဆိုတာမျိုး စဥ်းစားသင့်ကြောင်း ၊ တရုတ်နဲ့ USကြား၊ တရုတ်နဲ့အိန္ဒိယကြား stabiliser အနေနဲ့သာ ရှိရမှာဖြစ်ကြောင်း၊ မဟုတ်ရင်အနာဂါတ်မရှိဘဲဖြစ်သွားနိုင်ကြောင်းပြောတာပါ။ အခြားတဘက်မှာတော့ ပြည်ပရောက်မြန်မာတွေက GAACMM ခေါ် မြန်မာနိုင်ငံအပေါ် တရုတ်စွက်ဖက်မှုဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု လုပ်နေကြတာဖြစ်တယ်။ ဒါတွေကလည်း တရုတ်ကို ထိရောက်တဲ့ သတင်းစကားတွေဖြစ်လာမှာပါ။ တခုလုံးသဘောအရကတော့ တရုတ်ပါဝင်ပတ်သက်မှုကို နယ်စပ်နဲ့အရှေ့မြောက်ဒေသတွေမှာ အချိန်ဆွဲဖြေရှင်းတာမျိုးလုပ်ပြီး ၂၀၂၅ နှစ်ဦးမှာ ကြီးမားတဲ့ တတိယလှိုင်းတခု ဆင်နွှဲတာလဲ ဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ လူလိုသိတတ်တဲ့သူတိုင်း ဒီတိုင်းပြည်မှာ မအလအုပ်စုဆက်လက်တည်ရှိနေလို့ မဖြစ်ဖူးဆိုတာ သဘောပေါက်နေကြလို့ပါပဲ၊ တော်လှန်ရေးက အဆုံးအထိသွားရမှာပါ၊ တော်လှန်ရေး အဓွန့်ရှည်နေမှာမဟုတ်ပါဘူး၊ ပြည်သူ့အကျိုးစီးပွားသာ အဓွန့်ရှည်ရမှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

08 Dec, 12:38


ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက်
……………………………
ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့က စတင်တိုက်ခိုက်နေပါတယ်။ အလားတူပဲ ရခိုင်ဒေသ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း အာရက္ခတပ်တော်က ၂၀၂၄ နှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိပါတယ်။ မြို့ ၂ မြို့လုံးဟာ ပြည်နယ် ဒုတိယမြို့တော် နဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အရေးပါတဲ့ မြို့ကြီးတွေဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရှိန်ဟာ ဘယ်လောက်ထိ မြင့်တက်လာလည်း သိသာစေပါတယ်။ မြို့ငယ်တွေ၊ အစွန်အဖျား စခန်းလေးတွေ တိုက်ခိုက်ခဲ့ရာကနေ ကာလတခုကြာပြီးတဲ့နောက်မှာ မြို့ကြီးတွေ၊ စစ်တိုင်းဌာနချုပ်တွေကိုပါ တိုက်ခိုက်လာနိုင်ပါတယ်။ ဒါဟာ နွေဦးလက်နက်ကိုင်တော်လှန်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၂ ဘက် အပြန်အလှန် အကျိုးပြုမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်ရေး အသီးအပွင့်တွေ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ ဗန်းမော်ရော၊ အမ်း မြို့ကိုရော သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဗန်းမော်မြို့ကိုတော့ ၂၀၂၄ ခုနစ် မတ်လ ကချင်ဒေသ တန်ပြန်ထိုးစစ်ကာလ ကတည်းက စတင်ပြီး ကုန်းလမ်း၊ ရေလမ်း ကနေ ကာလရှည်ကြာ ပိတ်ဆို့ခဲ့ပြီး ဒီဇင်ဘာလမှာ စတင်ပြီး အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဗန်းမော်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ လွယ်ဂျယ် နဲ့ နာမည်ကျော် စိန်လုံစခန်း၊ မြောက်ဘက်မှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ နမ်ဆန်ယန် ဒေသ၊ တောင်ဘက်မှာရှိတဲ့ မံစီ၊ မဘိန်း၊ အနောက်ဘက်မှာရှိတဲ့ ရွှေကူ၊ မြို့လှ ဒေသတွေကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က မတ်လကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဗန်းမော် မြို့ရဲ့‌အောက်ဘက်မှာရှိတဲ့ ထီးချိုင့်မြို့ နဲ့ သပိတ်ကျင်း၊ တကောင်း၊ မတ္တရာမြို့တွေမှာလဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ ဗန်းမော်နားက ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) ကို မေလ (၇) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ အရပ်လေးမျက်နှာက ပိတ်ဆို့ခံထားရတဲ့ ဗန်းမော် မြို့ကို လက်ရှိကာလမှာ ထောင်နဲ့ချီတဲ့ အင်အား အသုံးပြုတိုက်ခိုက်လျက်ရှိပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်အုပ်စုတပ်တွေဟာ အလျင်အမြန် ပြိုကွဲလျက်ရှိပါတယ်။ ဗန်းမော်မြို့ နဲ့ မြို့နယ် တခုလုံးကို သိမ်းပိုက်ပြီးရင် ကချင်ပြည်နယ်ထဲမှာရှိတဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသ မှာ အကြမ်းဖက်စစ်တပ် အင်အား အများစု ကင်းရှင်းသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကချင်ဒေသ၊ ရှမ်းမြောက်ဒေသ နဲ့ စစ်ကိုင်း အထက်ပိုင်း ဆက်သွယ်သွားလာရေး၊ ထောက်ပို့လုပ်ငန်းတွေ လျင်မြန်စွာ လုပ်ဆောင်ရေး လမ်းပွင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပမာဏ တက်လာမှာဖြစ်ပါတယ်။ လက်တွေ့နိုင်ငံကို ထိန်းချုပ်ထားတာ ဘယ်အဖွဲ့တွေလဲဆိုတာ ပိုမိုသိသာထင်ရှားလာမှာဖြစ်ပါတယ်။

ရခိုင်ဒေသ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခ တပ်တော်က ၂၀၂၄ ခုနစ်၊ စက်တင်ဘာလ က စတင်ခဲ့ပြီး ယခု ဆိုရင် အမ်းလေဆိပ် အပါအဝင် စစ်စခန်း ပေါင်း (၃၀) ကျော်ကို သိမ်းယူနိုင်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တခုပဲ သိမ်းယူဖို့ကျန်ပါတယ်။ နွေဦးတော်လှန်ရေး သမိုင်းကြောင်းမှာ ဒုတိယမြောက် သိမ်းပိုက်ခံရတဲ့ တိုင်းစစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်လာမှာဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးကို ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းယူထားပြီး ဖြစ်ပါတယ်။ အမ်း တိုက်ပွဲမှာ စစ်ဌာနချုပ်တွေကို သိမ်းယူနိုင်ရုံသာမကဘဲ လေကြောင်း နဲ့ ပို့တဲ့ စစ်ကူတွေ၊ အင်အားရာချီပါ စစ်ကြောင်းတွေကိုပါ အာရက္ခတပ်တော်က စစ်ကြောင်းလုံး ပြုတ်ချေမှုန်းနိုင်နေပြီး စစ်အုပ်စုရဲ့ တိုက်လိုခိုက်လို စိတ်ကို အနိမ့်ဆုံးထိ ကျဆင်းစေလျက်ရှိပါတယ်။ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းဘက်က တပ်ရင်းတွေကနေ စစ်ကူတွေ ပေးပို့လျက်ရှိပေမယ့်လည်း ဆက်တိုက်ချေမှုန်းခံနေရတာကြောင့် အဲဒီဒေသမှာရှိတဲ့ ရန်သူ့ တပ် အင်အားကိုလဲ ရခိုင်ဒေသမှာ ဆွဲယူချေမှုန်းပြီးသား ဖြစ်စေပါတယ်။ အမ်းတိုက်ပွဲဟာ မြေလတ်ဒေသတိုက်ပွဲတွေကို ကြိုတင် ထောက်ကူပြုနေတာလည်း ဖြစ်ပါတယ်။ အမ်းဒေသတခုလုံး သိမ်းယူပြီးရင် ရခိုင် တောင်ပိုင်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ ဒေသ တခုလုံး ပေါ် စိုးမိုးမှု ပိုမိုခိုင်မာလာမှာဖြစ်သလို မကွေးတိုင်း နဲ့ ချိတ်ဆက်ရေး ပိုမို အားကောင်းလာစေမှာဖြစ်ပါတယ်။

မကွေးတိုင်း၊ စေတုတ္တရာ၊ မင်းဘူး၊ မင်းတုန်း၊ သရက် ဒေသတွေမှာ လက်ရှိကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လျက်ရှိပြီး အမ်း အောင်ပွဲကြောင့် စစ်အုပ်စုကို ချေမှုန်းနိုင်မှု ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။

PDF Insight

08 Dec, 12:38


ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေဟာ နောက်လာတော့မှာ မြေပြန့်ထိုးစစ်ကြီးတွေ၊ မြေပြန့် မြို့သိမ်းတိုက်ပွဲတွေကို ကြိုတင်ထောက်ကူပြုနေတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်လျက်ရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့လဲ မြေပြန့်ဒေသစစ်ဆင်ရေးတွေ အတွက်ကြီးမားတဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ဘက်ကွပ်ကဲမှု၊ စစ်ဘက် စီမံမှု သင်ခန်းစာကောင်းတွေကို လက်တွေ့ သင်ယူနေကြပြီဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

07 Dec, 14:27


၂၀၂၄ ခုနစ် ဇန်နဝါရီလကနေ နိုဝင်ဘာ (ဒုတိယအပတ်) တွေအတွင်းမှာ ရန်သူ့စခန်း ဆုတ်ခွာမှုပေါင်း (၁၃၅) ခုထိရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အရင်းအမြစ်တွေက ထုတ်ပြန်လာပါတယ်။

မြေပြင်လက်တွေ့မှာတော့ ဒီအရေအတွက်ထက်ပိုများနိုင်တာဖြစ်ပြီး ဒီလိုဆုတ်ခွာရမှုတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ မဟာဗျူဟာခံစစ်အနေအထားကို သိသာစွာ ပြောင်းလဲသွားရတာကို တွေ့နိုင်ပါတယ်။

ရရှိထားတဲ့ စာရင်းတွေအရ စခန်းဆုတ်ခွာရမှု အများဆုံးက ကချင်ပြည်နယ်ဖြစ်ပြီး (၂၉) ခုထိ ရှိကာ၊ ဒုတိယအများဆုံးက ကရင်ပြည်နယ် (၂၁) ခု ထိ ရှိပါတယ်။ တတိယအများဆုံးကတော့ မကွေးတိုင်းဖြစ်ပြီး (၁၆) ခုထိ ရှိပါတယ်။

နိုင်ငံတဝှမ်း ရန်သူ့စစ်စခန်းဆုတ်ခွာမှု စာရင်း
ကချင်ပြည်နယ် (၂၉)
ကရင်ပြည်နယ် (၂၁)
မကွေးတိုင်း (၁၆)
ရခိုင်ပြည်နယ် (၁၃)
စစ်ကိုင်းတိုင်း (၁၂)
ရှမ်းပြည်နယ် (၁၁)
မန္တလေးတိုင်း (၁၀)
တနင်္သာရီတိုင်း (၇)
ပဲခူးတိုင်း (၇)
ကယားပြည်နယ် (၆)
ချင်းပြည်နယ် (၂)
နေပြည်တော် (၁) ဖြစ်ပြီး မြေပြင်မှာ လက်တွေ့ရန်သူ့စခန်းဆုတ်ခွာမှု စာရင်းဟာ လက်ရှိ စာရင်းထက် ပိုမိုများပြားနိုင်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

03 Dec, 13:21


ရန်သူ့ စခန်းများ ဆုတ်ခွာသွားခြင်း
…………………………………………

စစ်အုပ်စုအနေနဲ့ ထိုးစစ်ဆင်နွှဲနိုင်ခြင်းမရှိတော့ဘဲ နယ်မြေတွေ စွန့်လွှတ်နေရပါတယ်။ တော်လှန်ရေး အင်အားစုဘက်က မဟာဗျူဟာ ထိုးစစ်အခြေအနေကို ရောက်လာပြီး စစ်အာဏာရှင်တွေဘက်က မဟာဗျူဟာ ခံစစ်အနေအထားကို ရောက်လာတာကိုပြပါတယ်။ ဒီအချက်ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြားထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ စစ်မြေပြင်မှာ ဆုတ်ခွာသွားတဲ့ ရန်သူ့ စခန်း အရေအတွက်ကို ကြည့်ရင်လည်းသိနိုင်ပါတယ်။ ၂၀၂၄ ခုနစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလ (၁၀) ရက် အတွင်း နိုင်ငံတဝှမ်းမှာ ရန်သူ့စခန်း ကြီးငယ်ပေါင်း (၁၃၅) ခု ဆုတ်ခွာသွားပါတယ်။ ဒါဟာ လတ်တလော ကောက်ယူနိုင်တဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ ဒီအချက်အလက်ထက် ပိုဖို့ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ တချို့ စစ်မြေပြင်က သတင်းတွေဟာ မီဒီယာပေါ်ကို ရောက်မလာတတ်လို့ဖြစ်ပါတယ်။ စခန်းဆုတ်ခွာရမှု အများဆုံးက ကချင်ပြည်နယ်ဖြစ်ပြီး (၂၉) ခုထိ ရှိကာ၊ ဒုတိယ အများဆုံးက ကရင် ပြည်နယ် (၂၁) ခု ထိ ရှိပါတယ်။ တတိယ အများဆုံးကတော့ မကွေးတိုင်းဖြစ်ပြီး (၁၆) ခု ထိရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ အဓိက စစ်ရေးလှုပ်ရှားရာ ဖြစ်တဲ့
၁) မကွေးတိုင်း (၁၆)
၂) စစ်ကိုင်းတိုင်း (၁၂)
၃) မန္တလေးတိုင်း (၁၀)
၄) ပဲခူးတိုင်း (၇)
၅) နေပြည်တော် (၁) တို့မှာ စုစုပေါင်း စခန်းစွန့်ခွာမှုပေါင်း (၄၆) ခု ထိရှိပါတယ်။ အထက်ပါ အချက်အလက်တွေ အရ ရန်သူဟာ ကချင်၊ ကရင်၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေမှာ စခန်းတွေဆုတ်ခွာပြီး ခံစစ် အနေအထားကို ပြင်ဆင်နေတယ်လို့ ယူဆလို့ရပါတယ်။ ရန်သူ့ဆုတ်ခွာမှုဟာ လက်ရှိအချိန်မှာ တစုံတရာ စနစ်တကျ ရှိပေမယ့်လဲ တဖြည်းဖြည်း ဆုတ်ခွာရမှုများလာလေ၊ ပင်မ စခန်းကြီးတွေဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တော်ငူလို ဒေသတွေမှာပါ ဆုတ်ခွါရလာရင် ရန်သူ့တပ်ဟာ ဖရိုဖရဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီကနေ ရုပ်ပိုင်းသာမကဘဲ ရန်သူ့တပ်သားတွေ၊ စစ်အုပ်စုလိုလားသူတွေကြားမှာပါ စိတ်ဓာတ်ပျက်ပြားမှု၊ လက်နက်ချမှုတွေ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ စစ်ခေါင်းဆောင် အနေနဲ့ အင်အားနည်းပါးလာပြီး နေရာပေါင်းစုံက ကွက်ပြည့်ခင်း စစ်ဆင်တိုက်ခိုက်မှု ရင်ဆိုင်နေရချိန်မှာ ရွေးစရာ (၂) ခု ပဲ ရှိပါတယ်။ မလုံလောက်တဲ့ အင်အားတွေ နဲ့ နေရာပေါင်းစုံမှာ ခံစစ်ဆင်မလား။ တချို့နေရာကို စွန့်လွှတ်မလားဆိုတဲ့ အချက်ပါ။ (၂) ခု လုံးဟာ စစ်အုပ်စု အတွက် အလားအလာ မကောင်းတဲ့ အချက်တွေဖြစ်ပါတယ်။ လက်တလော ကာလ မှာ တောင်တန်း နဲ့ အစွန်အဖျား ဒေသက စခန်းတွေကိုသာ စွန့်ခွာနေရပေမယ့်လဲ မကြာခင် ကာလမှာ မြန်မာနိုင်ငံ အလယ်ပိုင်း ဖြစ်တဲ့ နွားထိုးကြီး၊ မြင်းခြံ၊ မိတ္ထီလာ၊ ရေတာရှည်၊ နတ်မောက်၊ မုံရွာ၊ ရေစကြို၊ ဖြူး လို ဒေသတွေကပါ စခန်းတွေ ဆုတ်ခွာလာရနိုင်ပါတယ်။ ၂၀၂၄ ခုနစ် အတွင်းမှာ စခန်းဆုတ်ခွာမှုပေါင်း (၁၅၀) နီးပါး ရှိခဲ့ပြီး ၂၀၂၅ ခုနစ် အတွင်း ရန်သူ့စခန်းဆုတ်ခွာရမှုပေါင်း၊ နယ်မြေဆုံးရှုံးရမှုပေါင်း ဘယ်လောက်ထိ ရှိမယ်ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ် မှာ အခိုင်အမာ ခံတပ်မြို့တွေကို စွန့်လွှတ်ရမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

01 Dec, 13:45


ဖားဆောင်းPDF တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကျင်းပ
—----------

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (P3-1108) တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ဖားဆောင်းမြို့နယ်အတွင်း မြေပြင်တစ်နေရာမှာ နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ကရင်နီအမျိုးသားတပ်မတော် တို့မှ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းကာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း တပ်ရင်းမှူး ရှိုင်းမွန်းက ပြောဆိုထားပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

28 Nov, 13:20


အဓမ္မစုဆောင်းခံရတဲ့ တပ်သားတွေနဲ့ လက်နက်ချအလင်းဝင်မှု

စစ်ကောင်စီတပ်ဟာ နှစ်ပေါင်း ၇၀ ကျော်တိုင် အခိုင်အမာဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်တပ် တ တပ်ဆိုတာ အာဏာမသိမ်းမီကာလအထိ ယုံကြည်ခဲ့ပါတယ်။ ယခု မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ လူထုလူပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေ ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာမှု၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို အလူးအလဲခံနေရပါတယ်။ ဒီလိုတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာတွေကြောင့် အခိုင်အမာတည်ဆောက်ထားတဲ့စစ်တပ်ဟာ တပ်အင်အားပိုင်း (ရုပ်ပိုင်း)တင် မကဘဲ စိတ်ဓာတ်တွေပါ အတော်ပျက်စီးယိုယွင်းလာနေတာတွေ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ လိုအပ်တဲ့ တပ်သားဖြည့်တင်းတာတွေ ပြုလုပ်နေပေမယ့်လဲ ရှေ့တန်းနယ်မြေတွေမှာ အလံဖြူထောင် လက်နက်ချအလင်းဝင်တာတွေ တော်တော်များများဖြစ်လာနေပါတယ်။အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားတော်တော်များများဟာ သင်တန်းဆင်းတာ နဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ခံရပါတယ်။ တပ်သားသစ်တွေဟာလဲ ရှေ့တန်းစစ်မြေပြင်မှာ အခွင့်အရေးရတာနဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာကို တွေ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဗျူဟာ (၃၃) ဒေါန တပ်ရင်းဆီကို အဓမ္မ စစ်မှုထမ်းနေရတဲ့ တပ်သား (၆) ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းကို စစ်ကောင်စီတပ်သား (၂) ဦး လက်နက်နဲ့ အတူ အလင်းဝင်ရောက်ခဲ့ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ် (၂) ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဝင်ရောက်လာခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်သား (၁၇) ဦးအလံဖြူထောင် အလင်းဝင် မှုရှိခဲ့ကြောင်းတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၅၁၀၁) တပ်ရင်း နဲ့ အမှတ် (၅၁၀၂) ဆီကို ရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင် တို့ နိုဝင်ဘာလ အတွင်း အလင်းဝင်ခဲ့ပါတယ်။

ခြေလျင်တပ်တွေတင်မက ရေတပ် ၊သံချပ်ကာတပ် ၊အင်ဂျင်နီယာတပ်စတဲ့ လက်ရုံးတပ်တွေကပါ လက်နက်ချ အလင်းဝင် လာတာ ကိုတွေ့မြင်ရပါတယ်။ စစ်ကောင်စီဟာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှု တွေလုပ် နေပေမယ့်လဲ စိတ်ဓာတ်ရေးရာအရ ယိုယွင်းပျက်စီးတာလာ၊ လက်နက်ချအလင်းဝင်မှုတွေ တဖြည်းဖြည်းများပြားလာတာတွေ တွေ့နေရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

26 Nov, 14:31


အမျိုးသားညီညွတ်‌ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းကနေ ပုလဲမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား တတိယအကြိမ် သွားရောက်လှူဒါန်းသည့် မှတ်တမ်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

24 Nov, 14:40


အ​ရေးကြီးပြီ သွေးစည်းကြစို့

မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ လွန်ခဲ့တဲ့ တနှစ်​ကျော်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေးအပြီးမှာ တဆစ်ချိုးတိုးတက်​ပြောင်းလဲသွားခဲ့တာဖြစ်တယ်။ တော်လှန်​ရေးသက်တမ်း နှစ်နှစ်​လောက်ကာလအတွင်း နိုင်ငံတကာအကဲခတ်များ ဘယ်လိုအဆုံးသတ်မယ်ဆိုတာ အပြတ်မ​ပြောနိုင်ပဲ ရှိရာက ၁၀၂၇ အပြီးမှာ​တော့ စစ်​ကောင်စီရှုံးနိမ့်သွားနိုင်တယ်ဆိုတာကို သေချာ​ပေါက် အကဲဖြတ်လာနိုင်ကြတာဖြစ်တယ်၊ အဲ​တော့ မြန်မာ့အ​ရေးအနီးကပ်​စောင့်ကြည့် လေ့လာ​နေတဲ့ တရုတ်နိုင်ငံအဖို့ ဆုံးဖြတ်ချက်ကျသွား​စေတာပဲဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်က​တော့ သူ့အကျိုးစီးပွား​တွေ ကာကွယ်ဖို့အတွက် စစ်​ကောင်စီရှုံးနိမ့်သွားလို့မဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ သူ့ရဲ့ဗျူဟာနဲ့ အကျိုးစီးပွား​တွေအတွက် စကစ မပြိုလဲ​အောင်ကာကွယ်​ပေးရမယ်ဆိုတာပဲဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်ကို ၁၀၂၇ ဒုတိယလှိုင်းအပီး ဝမ်ယိရဲ့မြန်မာခရီးစဥ်မှာ ကျော်လို့မရတဲ့ စည်းသုံးစည်းဆိုပြီး ဝမ်ယိက ပြောခဲ့တာပါ။ နောက်ပိုင်းမှာတရုတ်ဟာ ကိုးကန့်ကို သိမ်းယူထားတဲ့နယ်​မြေ​တွေက​နေ ပြန်ဆုတ်​ပေးဖို့ အကြီးအကျယ်ဖိအား​ပေးခဲ့တာပါ။ ကိုးကန့်ဘက်က တရုတ်တို့ စိတ်​ကျေနပ်​အောင်ထုတ်ပြန်​ပေးခဲ့ရတဲ့ ကြေညာချက်​တွေက ဝမ်ယိရဲ့ နောက်ထပ်ချမှတ်တဲ့ စည်း​တွေပါပဲ။ ဒီ​နောက်ပိုင်း​ပေါက်ကြားလာတဲ့ တိန့်ရှီကျွင်းနဲ့ ကျောက်​ကော်အန်းတို့ရဲ့ ဆွေး​နွေးပွဲမှတ်တမ်းက တရုတ်ရဲ့မြန်မာ့နိုင်ငံ​ရေးအ​ပေါ်သ​ဘောထားပုံကို ပိုမိုရှင်းလင်းစွာသိမြင်လာ​စေပါတယ်၊ တပြိုင်နက်မှာပဲ ကိုးကန့်နဲ့ ညီ​နောင်တပ်ဖွဲ့​တွေရဲ့ ပြောင်​မြောက်တဲ့ ကိုယ့်အားကိုယ်ကိုး စွမ်း​ဆောင်ရည်​တွေကို ပိုပြီးသိလာ​စေတာဖြစ်တယ်။

တကယ်​တော့ ကိုးကန့်ဟာ တရုတ်သ​ဘောထား​တွေကို အ​စောကတည်းက ရိပ်မိထားတာဖြစ်နိုင်ပါတယ်၊ ဒါ​ကြောင့်ပဲ ကျားဖြန့်နှိမ်နင်း​ရေး ဘမ်းပြပြီး တော်လှန်​ရေးကို အပီအပြင်လုပ်နိုင်ခဲ့တာပါ။ တရုတ်ဘက်က​ရော စကစပါ ဘယ်လိုမှမထင်မှတ်ထားတဲ့ ဆုံးရှုံးမှု​တွေဖြစ်လာ​တော့မှ တရုတ်ဘက်က ကိုးကန့်အ​ပေါ် ပေါက်ကွဲ​တော့တာဖြစ်ပါတယ်၊ ခု​တော့ တရုတ်ဟာ နယ်စပ်​ဒေသ​ကောင်းမှု​လောက်ပဲပြုနိုင်တဲ့ ကိုးကန့်ကို ခွေထားပြီး ဒေသတွင်းနဲ့ ခါးပတ်လမ်းစီမံကိန်း​တွေအတွက် ပိုပြီး​ကောင်းကျိုးပြုနိုင်မယ်လို့ သူတို့ တဘက်သတ်ယူဆထားတဲ့ မအလနဲ့ အာဏာရူးတသိုက်ကို ကယ်တင်​မြှောက်စားဖို့ လုပ်လာ​တော့တာဖြစ်ပါတယ်။

PDF Insight

24 Nov, 14:40


အဲ​တော့ မအလကို တရုတ်ဘက်က ကူမင်းမှာကျင်းပမယ့် ဒေသတွင်းအဆင့် အစည်း​ဝေးတခု ဖိတ်ပါတယ်၊ ဒီကလည်း ဝမ်းသာအားရသွားတက်ပါတယ်၊ အဲဒီမှာ ဒီဘက်ကလည်း အချုပ်ခံချင်​နေတဲ့ တရုတ်ချုပ်ကွက်​တွေ မိ​တော့တာပါပဲ၊ အမှန်​တော့ သူ့အကျိုးစီးပွား​တွေကာကွယ်နိုင်​လောက်​အောင် မအလမှာ စွမ်း​ဆောင်ရည်လုံးဝမရှိ​တော့ဘူးဆိုတာ တရုတ်ဘက်က အ​တော်ကြီး သ​ဘော​ပေါက်သွားပါပြီ၊ မအလတို့ဘက်က​တော့ သူတို့အာဏာဆက်မြဲ​နေရင်ပြီး​ရော မောင့်သ​ဘောပါပဲ ဆိုတာလဲ တရုတ်ဘက်က ကောင်း​ကောင်းသ​ဘော​ပေါက် နေခဲ့ပြီဖြစ်တယ်၊ အဲဒီမှာ တရုတ်အကျိုးစီးပွား​တွေကာကွယ်ဖို့ ပူးတွဲလုံခြုံ​ရေးကုမ္ပဏီတခုတည်​ထောင်ဖို့ဆိုတဲ့ အဆိုကို တရုတ်ဝန်ကြီးချုပ်လီချင်းက ထဲ့လိုက်တာဖြစ်တယ်၊ ဟောအခု မအလ တရုတ်ပြည်ကပြန်လာပြီးမကြာပါဘူး ကျောက်ဖြူအထူးစီးပွား​ရေးဇုန်စီမံကိန်း လုံခြုံ​ရေးအတွက် တရုတ်လက်နက်ကိုင်တပ်ဖွဲ့ ခေါ်ယူ​တော့မယ်ဆိုတဲ့သတင်းတက်လာတာပဲဖြစ်ပါတယ်၊ လက်နက်ကိုင်တပ်ဖွဲ့​ခေါ်ယူပြီးတဲ့​နောက် အထူးစီးပွား​ရေးဇုန်ဝန်းကျင်မှာ အဆင့်မြင့် jammer များတပ်ဆင်ခြင်း၊ ထောက်လှမ်း​ရေးဒရုန်းများတပ်ဆင်ခြင်းနှင့် မြေမြှုပ်မိုင်းများ ချထားခြင်းစတာ​တွေ​ ဆောင်ရွက်မှာဖြစ်​ကြောင်း သတင်း​တွေကဆိုပါတယ်၊ မိုင်း​တွေက ဖျက်အားပြင်းမိုင်း​တွေဖြစ်ပြီး ဒရုန်းတွေကလဲအဆင့်မြင့်ဒရုန်းတွေလို့ ဆိုတာဖြစ်တယ်၊ အဲ့တော့ ပူးတွဲလုံခြုံ​ရေးကုမ္ပဏီဆိုတဲ့ အဖွဲ့က တရုတ်စီမံကိန်း​တွေထဲက အ​ရေးကြီးဆုံး စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွား​ရေးဇုန်မှာ မကြာခင်​ပေါ်​ပေါက်လာ​တော့မှာပါ။ ပူးတွဲလုံခြုံ​ရေးဆို​သော်လည်း တိုင်းစစ်ဌာနချုပ်တခုလုံးကို​တောင်မကာကွယ်နိုင်တဲ့ မအလတပ်​တွေကို နာမည်ခံ​လောက်သာထားပြီး တရုတ်တပ်ဖွဲ့​တွေပဲ အဓိကတာဝန်ယူမှာပါ၊ တရုတ်တပ်ဖွဲ့ဆိုရာမှာ အခြားနိုင်ငံ​တွေမှာ​တော့ တရုတ်စစ်တပ်ထွက်​တွေ ရဲထွက်​တွေသုံးကြတယ်ဆို​ပေမယ့် မြန်မာမှာ​တော့ PLA အစစ်​တွေပဲထားမယ်လို့ယူဆရပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ မအလတပ်မှအပ ကျန်လက်နက်ကိုင်တပ်​ပေါင်းစုံရဲ့အစွမ်းအစကို တရုတ်ဘက်က ကောင်း​ကောင်းသိထားလို့ပါပဲ၊ အမှန်က​တော့ PDF နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ တရုတ်စီမံကိန်း​တွေကို တိုက်ခိုက်ဖျက်ဆီးကြမှာမဟုတ်ပါဘူး၊ ဒါကိုတရုတ်ဘက်ကလဲ​ ကောင်း​ကောင်းသိပါတယ်၊ ဒါဖြင့်ရင်တကယ့်ရည်ရွယ်ချက်က ဘာပါလဲ၊ ကျောက်ဖြူအထူးစီးပွား​ရေးဇုံဆိုတာ ပထမဆုံး​ခြေလှမ်းပဲဖြစ်ပါတယ်၊ တ​ဖြေး​ဖြေးနဲ့ အခြားစီမံကိန်းကြီးများရှိရာ​တွေအထိ တရုတ်တပ်ချထားမှုကို ချဲ့ထွင်လာနိုင်တာဖြစ်တယ်၊ တ​ကောင်းနီကယ်စက်ရုံ၊ အယ်လ်ဖာဘိလပ်​မြေစက်၊ လက်ပ​ဒေါင်း​တောင် ကြေးနီမိုင်းနဲ့ ရေနံပိုက်လိုင်းတ​လျောက် လုံခြုံ​ရေးဆိုတာမျိုး အထိဖြစ်မလာဘူးလို့ ဘယ်သူမှ မ​ပြောနိုင်ပါဘူး၊ ဘာ့​ကြောင့်လဲဆို​တော့ မအလအ​ခြေအ​နေက လိပ်ပက်လက်လန်၊ ခရုဆန်ကျွတ် ၊ဖွတ်​ကျောပြာစု ဆိုသလို ဘိတ်ဘိတ်သားသုံးစားလို့မရ​တော့တာ သိ​နေလို့ပါပဲ၊ မအလတပ်ဘာလုပ်မလဲ၊ လုပ်မှာက​တော့ မဖြစ်ညစ်ကျယ် စစ်မြှူပြီး တိုက်ပွဲ​ဖော်မယ် ပြီးရင် တရုတ်တပ်နဲ့ တော်လှန်​ရေးတပ်​တွေ ငြိကုန်​အောင် ဥာဏ်ဆင်တာပဲ လုပ်ပါလိမ့်မယ်၊ သူမလုပ်ရဲတာဘာမှမရှိလို့ ပြောထားတယ်မဟုတ်လား။

အခုချိန်မှာ တရုတ်မဟာဗျူဟာချမှတ်သူ​တွေက သူတို့ရဲ့ ချင်မင်းဆက်က နာမည်ကြီး ချင်းလုံဘုရင်ကြီးကို​တောင် အပြစ်တင်​နေကြမယ်ထင်တယ်၊ အ​ကြောင်းက​တော့ ၁၇၆၉ ခုနှစ်က တရုတ်ဗမာစစ်ပွဲနိုင်​အောင်တိုက်ပြီး ဗမာကို တရုတ်လက်​အောက်​ရောက်​အောင်မသိမ်းသွင်းနိုင်ခဲ့လို့ပါပဲ၊ အဲလိုသာဆို အားလုံးအဆင်​ပြေပြီ​ပေါ့ ၊ သမုဒ္ဒရာနှစ်စင်း​ပေါ်လစီ​တွေ အထူးတလည်ချမှတ်​နေစရာမလို​တော့ဘူး​ပေါ့၊ အခု​တော့ စိတ်သိပ်အမှန်ကြီးမဟုတ်​တော့တဲ့ မအလကိုပဲ ကျောသပ်ရင်သပ်နဲ့ ကိုလိုနီတပိုင်းပုံစံ​ရောက်​အောင် တဖြည်းဖြည်း ပုံသွင်းယူရ​တော့မှာကိုး၊ အဲ​တော့ မိမိတို့ဘက်ကလည်း ကုန်း​ဘောင်မင်းဆက်ကို သိပ်နှိမ်ချမ​နေ​တော့ပဲ တရုတ်တပ်​တွေကို အနိုင်ယူခဲ့တဲ့ စိတ်ဓါတ်မာ​ကျောခက်ထန်တဲ့ ဆင်ဖြူရှင်တို့ ဘိုး​တော်ဘုရားတို့ လို ဘုရင်​တွေရဲ့ ဂုဏ်​ကျေးဇူးကို အောင့်​မေ့သင့်တာ​ပေါ့။

တရုတ်က​တော့ ကိုလိုနီတပိုင်းအ​တွေ့အကြုံ​တွေများပါတယ်၊ ချင်မင်းဆက်ရဲ့ နောက်ဆုံးကာလ​တွေမှာ ဖူးကျင့် ကွမ်ကျိုး ရှန်ဟိုင်း ချင်း​တောင်စတဲ့ အ​ရှေ့ဘက်ကမ်းတ​လျောက် နယ်ချဲ့နိုင်ငံ ၅ ခု​လောက်ရဲ့ သိမ်းပိုက်ခံ သီးခြားနယ်​မြေ​တွေကို တရုတ်က ခွင့်ပြုခဲ့ရတာပါ၊ အဲဒီနယ်​​မြေ​တွေမှာ တရုတ်ဥပ​ဒေ မသက်​ရောက်ပါဘူး၊ တရုတ်အစိုးရ အလိုရှိသူတဦးဟာ ပြင်သစ် သို့မဟုတ် အဂ်လိပ်ပိုင်နယ်​မြေထဲကို ပြေးဝင်ခိုလှုံလိုက်ရင် ချင်မင်းဆက် ဘာမှမတတ်နိုင်ပါဘူး၊ တရုတ်နဲ့ ခွေးမဝင်ရဆိုတဲ့ နယ်​မြေ​တွေပေါ့၊ ခု​တော့ မအလ​ကောင်းမှုနဲ့ ဒီလိုဖြစ်လာနိုင်တဲ့နယ်​တွေ မြန်မာမှာ တရုတ်တို့ အ​ကောင်ထည်​ဖော်ခွင့်ရ​တော့မှာပါ၊ တရုတ်ကလဲ ဥ​ရောပနိုင်ငံ​တွေကို အဲလိုပြန်သွားပြီးမလုပ်နိုင်​တော့ NUG နဲ့ အ​နောက်အုပ်စု ဆန့်ကျင်​ရေးကို အ​ကြောင်းပြပြီး ကျောရိုးမဲ့​နေတဲ့ မအလကိုမှီကာ၊ အိမ်နီးချင်းကို အနိုင်ကျင့်​တော့တာပါပဲ။

PDF Insight

24 Nov, 14:40


ဒါ​တွေဟာ မအလတို့ကိုးကား​နေတဲ့ စာအုပ်စိမ်းပါသတ်မှတ်ချက်​တွေနဲ့ မကိုက်ညီဘူးဆိုတာ အထူး​ပြောစရာမလို​တော့ပါဘူး၊ မြန်မာ့သမိုင်းရဲ့ အင်မတန်ထူးခြားတဲ့ အချိုးအ​ကွေ့တခုကိုရောက်​နေတာဖြစ်တဲ့အတွက် တော်လှန်​ရေးဘက်​တော်သားများ သတိကြီးစွာထားပြီး တုန့်ပြန်ကြရမယ့်အ​ခြေအ​နေပါ၊ အ​မေရိကန်မှာ ထရမ့်တက်လာ​တော့မယ့်အ​ပြောင်းအလဲ​တွေ ၊ ယူကရိန်းဘက်ကို တာလတ်တိုက်ချင်းပစ်ဒုံးလွှတ်အပြီး ပူတင်ရဲ့ ခြိမ်း​ခြောက်စကားသံ​တွေ ကြားမှာ မိမိနိုင်ငံအတွက်​တော့ အဲဒါ​တွေထက်မ​လျော့တဲ့ အကြပ်အတည်းတခုဖြစ်လာနိုင်​ခြေ​တွေ ရှိ​နေတာဖြစ်ပါ​တယ်၊ ဒီအ​​ခြေအ​နေက ​တော်လှန်​ရေးအင်အားစုအားလုံးအတွက် အ​ရေးကြီးပြီ သွေးစည်းကြစို့ လို့ပဲဆိုစရာရှိကြောင်း တင်ပြလိုက်ရတာပါပဲ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

23 Nov, 12:38


PDF နဲ့ စစ်ဥပဒေလိုက်နာမှု

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ၂၀၂၄ ခုနစ်၊ အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သား (၂) ဦး၊ ပကဖ (၄) ဦး စုစုပေါင်း (၆) ဦး ကို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တပ်မတော်တရပ်ထူထောင်ရေးမှာ စစ်စည်းကမ်း၊ စစ်ဥပဒေ၊ စစ်ဘက်ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လွန်စွာ အရေးကြီးပါတယ်။ ဒါဟာ တပ်ကို စိတ်ပိုင်းအရ၊ နာမ်ပိုင်းအရ ထူထောင်ခြင်းဖြစ်ပါတယ်။ ရုပ်ပိုင်းအရ တပ်ပုံကျမှု၊ လက်နက်တပ်ဆင်မှုတွေ လိုအပ်သလို ကျင့်ဝတ်ပိုင်း၊ စံနှုန်းပိုင်းတွေ ထူထောင်ထားဖို့၊ ထားရှိတဲ့ ကျင့်ဝတ်၊ စံနှုန်း၊ ဥပဒေတွေကို အဆင့်ဆင့် တပ်မတော်သားတွေ လေးစားလိုက်နာဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင် လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး အဖြစ်ပဲ ရှိနေမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားတဲ့ တပ်မတော်တရပ် ဖြစ်ပေမယ့်လဲ လူပေါင်းစုံ နဲ့ စုဖွဲ့ထားတဲ့အတွက် လိုအပ်ချက်တွေအရ တချို့သော အခြေအနေတွေမှာ တင်းတင်းကြပ်ကြပ်အရေးယူ ကိုင်တွယ်ရမျိုးတွေလဲရှိနိုင်ပါတယ်။ ဒါဟာ ရေရှည်ကောင်းမွန်မှု အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ တပ်တတပ် နဲ့ တော်လှန်ရေး တရပ်ကို အောင်မြင်အောင် ဆင်နွှဲနိုင်မှာ မဟုတ်သလို အရေးကြီးဆုံးဖြစ်တဲ့ လူထု ကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူထုကို ကာကွယ်ပါမယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ ပကဖ အဖွဲ့ဝင်တွေဟာ စည်းကမ်းလိုက်နာမှုပိုင်း၊ ကျင့်ဝတ်စောင့်ထိန်းမှုပိုင်း၊ လူထုကို လုပ်ကျွေးပြုမှုပိုင်းမှာ ကိုယ်တိုင် စံပြဖြစ်နေဖို့လိုပါတယ်။ ဒီလို လိုက်နာ၊ လုပ်ဆောင်၊ ပြုမှု တဲ့ နေရာမှာလဲ အရေးယူမခံရရေး၊ လူထု ထောက်ခံစေရေး၊ တော်လှန်ရေး အောင်မြင်စေရေးဆိုတဲ့ တစုံတရာသော အကြောင်းအရင်း တခု၊ အကျိုးတခု ကို မျှော်ကိုးတာထက် ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ စံနှုန်းတွေကို တပ်မတော်သားတွေ၊ ပကဖတွေ၊ တော်လှန်ရေးသမားတွေ ကိုယ်တိုင် လေးစားလိုက်နာ၊ တန်ဖိုးထားတဲ့ အတွက် လိုက်နာခြင်းမျိုး ဖြစ်ဖို့လိုပါတယ်။ လိုအပ်တဲ့ ထိန်းကြောင်းမှု၊ အရေးယူမှု၊ စုံစမ်းစစ်ဆေးမှု၊ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားမှု၊ ပိုင်းခြားထားမှုတွေ မရှိရင် ရေရှည်မှာ လူထု ကို ကာကွယ်စောင့်ရှောက်ရေးထက် လူထုက ပြန်ကြောက်နေတဲ့ လက်နက်ကိုင်တပ် အဖြစ် ပြောင်းလဲသွားနိုင်တာကို သမိုင်းဖြစ်စဉ်အသီးသီးက ပြသထားပြီး ဖြစ်ပါတယ်။ လူထုက မွေးဖွားပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေကို လူထုက လေးစားတန်ဖိုးထားတဲ့ တပ် ဖြစ်နေစေဖို့ စစ်စည်းကမ်း၊ စစ်ဥပဒေတွေ အစဉ်လေးစားလိုက်နာနေဖို့လိုပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

20 Nov, 14:32


နိုင်ငံအလယ်ပိုင်းကို ရောက်လာတဲ့ တိုက်ပွဲတွေ စလင်း၊ မင်းတုန်း၊ နတ်မောက်
…………………………………….
ကွက်ပြည့်ခင်း မဟာဗျူဟာကျင့်သုံးပြီး စစ်အာဏာရှင်တွေကို တနိုင်ငံလုံးအနှံ့မှာ တိုက်ခိုက်မယ်လို့ ပြောကြားထားတဲ့အတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖ တွေကဟာ နိုင်ငံအလယ်ပိုင်း ဒေသမှာပါ ခုခံတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်လာပါပြီ။ ဒီရက်ပိုင်းမှာ ပေါ်လာတာကတော့ မကွေးတိုင်း၊ စလင်း၊ မင်းတုန်း၊ နတ်မောက် နဲ့ ဆက်စပ်ဒေသတွေမှာ တိုက်ခိုက်မှု သိသိသာသာ တိုးမြင့်လာမှုပါ။ ဒီတိုက်ခိုက်မှုတွေဟာ ပြောက်ကျား တိုက်ခိုက်မှုတွေသာမက စခန်းသိမ်းတိုက်ခိုက်မှုတွေ၊ စစ်ယာဉ်တန်း တိုက်ခိုက်မှုတွေ၊ မြို့ပြတိုက်ခိုက်မှုတွေ၊ လေတပ်စခန်းတိုက်ခိုက်မှုတွေပါ ပါဝင်နေပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကြည့်ရင် တော်လှန်ရေး အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ကို အလယ်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားနိုင်နေပြီဆိုတာ သိသာပါတယ်။ မူလလှုပ်ရှားရာ စစ်ကိုင်းတိုင်း နဲ့ တိုင်းရင်းသားဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာတဲ့ ကာလမှာ နယ်မြေသစ်ဖြစ်တဲ့ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လာနိုင်တာဖြစ်ပါတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေကျယ်ပြန့်လာတာကို ပြသပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ဆုတ်လေဦး လမ်းဆုံ ကာကင်းစခန်းကို နိုဝင်ဘာလ အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း နဲ့ ဒေသခံ တပ်တွေ ပူးပေါင်းတိုက်ခိုက်ရာမှာ လက်နက်ငယ် (၄) လက် နဲ့ ဆက်စပ် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ရန်သူ့ အင်အား (၄၀) ခန့်တပ်စွဲတဲ့ အဲဒီစခန်းကို သိမ်းပိုက်ရာမှာ စစ်အုပ်စုက (၁၃) ဦး သေဆုံးခဲ့ပါတယ်။ လက်နက်စက်ရုံ ကပစ (၂၁) နဲ့ (၂၅) ကို ဓာတ်အားပေးနေတဲ့ စလင်းမြို့နယ်၊ တညောင်ပင် လျှပ်စစ်ခွဲရုံ နဲ့ ရဲစခန်းကိုလဲ စလင်း ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်အားခွဲရုံမှာ ရန်သူ့ အင်အား (၁၀၀) ကျော် တပ်စွဲထားတဲ့ အနက် (၇) ဦး ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ စလင်းမြို့နယ်၊ ဦးစီးမှူးအိမ်မှာ စုဝေးနေတဲ့ စစ်သားတွေကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒရုန်းနဲ့ တိုက်ခိုက်မှုမှာလည်း စလင်းမြို့နယ်ရဲမှူး အပါအဝင် (၄) ဦး သေဆုံးခဲ့ပါတယ်။ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ ကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက တိုက်ခိုက်ရာမှာ စစ်သား (၂) ဦး သေဆုံးခဲ့ပါတယ်။ မင်းဘူးမြို့နယ်၊ မုံရွာ-ပုသိမ် ကားလမ်းပေါ်မှာ စစ်သားတွေတင်လာတဲ့ ကား (၁) စီးကို သတင်းရရှိတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက တိုက်ခိုက်ရာ စစ်သား (၄) ဦး သေဆုံးခဲ့ပါတယ်။ မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်မှာ အမ်းမြို့နယ်ကို ရိက္ခာ ပို့ပြန်လာတဲ့ စစ်ယာဉ်တန်းကို မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ဦး သေဆုံးခဲ့ပါတယ်။ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်း လမ်းပိုင်း၊ သဖန်းကိုင်း ကျေးရွာ အနီးမှာ စစ်သားတွေကို အဝေးထိန်းမိုင်းခွဲ တိုက်ခိုက်ရာ (၈) ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြောကြားသွားပါတယ်။ နတ်မောက်မြို့နယ်တွင်း လှည့်လည်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ကား (၃) စီးကို နတ်မောက် ပကဖ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကား (၁) စီး ပျက်စီးသွားပါတယ်။ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်တွင်း သန်းခေါင်စာရင်းကောက်နေတဲ့ စစ်တပ် နဲ့ ပျူစောထီး တပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်သား (၁) ဦး သေဆုံးသွားတယ်လို့ ရေစကြို ပကဖ က ပြောကြားထားပါတယ်။ စစ်တပ် အင်အား အလုံးအရင်း တပ်စွဲထားတဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း နယ်မြေ နဲ့ တပ်မ (၉၉) စစ်ရေးပစ်မှတ်တွေကို ဒရုန်း (၂၄) စီး အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့ တိုက်ခိုက်ရာ စစ်လေယာဉ် (၆) စီး ထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

19 Nov, 13:20


PDF ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း ကထိန်
..................................
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့ ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်စနစ်ပေါင်းစုံ ဖိနိုပ်မှု အောက်ကနေ လူမျိုးအသီးသီး လွတ်မြောက်ရေး တနေ့မှ မရပ်နားဘဲ တိုက်ပွဲဝင်လျက်ရှိပါတယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေး ကို တဘက်က လုပ်ဆောင်နေသလို သက်ဆိုင်ရာ ရိုးရာအစဉ်အလာ ပွဲတော်တွေ၊ သက်ဆိုင်ရာ ဘာသာရေးနေ့တွင်မှာလဲ ပူးပေါင်း ပါဝင်လျက်ရှိပါတယ်။ အောက်ဖော်ပြပါ ပုံရိပ်တွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ကထိန်ခင်းနေတဲ့ ပုံတွေဖြစ်ပါတယ်။ ဒါတွေက ဘာကိုပြလဲဆိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ပြည်သူ နဲ့ တသားတည်းအတူ ရပ်တည်နေတာကို ပြသနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

14 Nov, 11:44


ပျူစောထီး (၁၀၀) ကို လက်နက်ချ အညံ့ခံလာစေရန် စည်းရုံးနိုင်ခဲ့တဲ့ PDF တပ်ရင်းမှူး
……………………………………………..
အကြမ်းဖက်စစ်တပ်အနေနဲ့ အင်အားမလုံလောက်မှုကို ပျူစောထီး ပြည်သူ့စစ် နဲ့ နေ့စားလက်နက်ကိုင်တွေ အသုံးပြုပြီး ကုစားဖို့ ကြိုးစားနေပေမယ့်လည်း ပျူစောထီး ခေါင်းဆောင် နဲ့ တပ်သား စုစုပေါင်း (၁၀၀) ခန့်ကို လက်နက်ချ အညံ့ခံလာစေရန် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းမှူး “ဒိုလေး” က စည်းရုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၊ စဉ့်ကူးမြို့နယ်စစ်ဆင်ရေး အတွင်း “ရန်သူ့နယ်မြေ သို့ ထွက်ပြေးသွားသော” စဉ့်ကူး မြို့နယ် ပျူစောထီး ခေါင်းဆောင် ရေတော်ငနိုင် အပါအဝင် စဉ့်ကူးမြို့နယ်၊ ထုံးကြီး ကျေးရွာ ပျူစောထီးများ၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း၊ ရေတော် ပျူစောထီးများ စုစုပေါင်း (၁၀၀) ခန့် လက်နက်ချ လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ အနေနဲ့ လက်ရုံးရည်သာမက နှလုံးရည်ပါ ပြည့်ဝတယ်၊ လူထု စည်းရုံးရေး၊ လူထု နဲ့ တသားတည်းနေထိုင်ရေးသာမက ရန်သူ့ဘက်သား စည်းရုံးရေးတွေမှာလည်း ထူးချွန်မှု ရှိတယ်ဆိုတာ လက်ရှိ ဖြစ်ရပ်က ပြသလျက်ရှိပါတယ်။

ရန်သူ့တပ်စခန်းတွေ၊ မြို့တွေ၊ ရန်သူ လက်နက်ကိုင်တွေကို ဖြစ်နိုင်သမျှ စည်းရုံးရေး နည်းလမ်း အသုံးပြုကာ လူထုဘက် ကူးပြောင်းလာအောင် ကြိုးပမ်းမှုဟာ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနည်းလမ်းဖြစ်ပြီး တိုက်ခိုက်မှုကို ဒုတိယ ဦးစားပေး နည်းလမ်းအဖြစ် အသုံးပြုသင့်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

12 Nov, 14:48


မြန်မာ့အရေးအတွက် အကောင်းဆုံးနည်းလမ်း
…………………………

ဒီရက်ပိုင်း ကမ္ဘာကြီးက စိတ်ဝင်စားစရာသတင်းတွေထဲမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တကြော့ပြန်အောင်ပွဲခံသွားတဲ့သတင်းက ထိပ်ဆုံးမှာရှိနေပါတယ်။ ဒေသတွင်း စိတ်ပျက်ဖွယ်အကောင်းဆုံးသတင်းကတော့ မြန်မာစစ်တပ်ခေါင်းဆောင် မအလကို တရုတ်က ဒေသတွင်းအစည်းဝေးတခု ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ထရမ့် အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် တကမ္ဘာလုံး လှုပ်ခတ်သွားတာဖြစ်တယ်။ မြန်မာ့အရေးနဲ့ မြန်မာပြည်ကရွှေ့ပြောင်းအခြေချတွေအတွက် သို့လော သို့လော စဥ်းစားစရာတွေ ပြောဆိုနေကြတာတွေ့ရတာဖြစ်တယ်။ ဒီမှာပြောချင်တာကတော့ ရီပတ်ဘလစ်ကန်တွေဟာ အစဥ်အလာအားဖြင့် မာကြောပြတ်သားသူတွေပါပဲ။ မြန်မာ့အရေးမှာ ရီပတ်ဘလစ်ကန်အမတ်တွေက ဒီမိုကရက်တွေထက်ပိုပြီး တစိုက်မတ်မတ်ထောက်ခံခဲ့တာလဲဖြစ်တယ်။ Burma Act ပြဌာန်းရာမှာ NUG နဲ့ PDF တွေရဲ့ နာမည်ပါထည့်ပြီး အကူအညီပေးဖို့ရေးဆွဲခဲ့တာ ရီပတ်ဘလစ်ကန်တွေပဲဆိုတာ သတိရကြဖို့ပါပဲ။ အမေရိကန်သမ္မတ တယောက်အဖို့ မြန်မာ့အရေးထက်ပိုပြီး အာရုံစိုက်ရမယ့် ကိစ္စများမြောင်စွာရှိနေတဲ့ကြားမှာ မြန်မာ့အရေးပါဝင်လာဖို့ကတော့ မြန်မာ့အရေးစိတ်ပါဝင်စားတဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကို ကိုယ့်ဘက်က ချဥ်းကပ် လော်ဘီလုပ်နေဖို့လိုအပ်တာပါပဲ။ ဒါကလဲ မြန်မာ့နွေဦးအတွက် စစ်ရေးနိုင်ငံရေး သံတမန်ရေး ဘက်ပေါင်းစုံ ချဥ်းကပ်လုပ်ဆောင်ကြရာမှာ မမေ့မလျော့ လုပ်ကြရမယ့် လုပ်လဲလုပ်နေကြတဲ့ မျက်နှာစာတခုပါပဲ။

နိုင်ငံတကာဝိုင်းပယ်မှုခံရလို့ အထီးကျန် မျက်နှာငယ်ဘဝရောက်နေတဲ့ မအလအတွက်တော့ ဒေသတွင်းသိပ်အရေးမပါလှတဲ့ အစည်းဝေးတခု ဖိတ်ကြားခံလိုက်ရခြင်းဟာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ဝမ်းသာလုံးဆို့စရာပါပဲ။ အရင်က မအလဟာ ရုရှားသမ္မတနဲ့ တွေ့ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတာပါ။ နောက်ဆုံး ဗလာဒီဗော့စတော့က အစည်းဝေးတခုမှာ ဖိတ်ကြားခံရပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခွင့်ရလိုက်တုန်းက မဖုံးနိုင်မဖိနိုင် အဖေတွေ့သလိုမျက်နှာမျိုးဖြစ်နေခဲ့တာမှတ်မိကြမှာပါ။ ဒီတခါကတော့ ဒေါ်စု လွှတ်တော်အမတ်ဘဝတုန်းကကြိုဆိုခံခဲ့ရသလို ကော်ဇောနီလဲမခင်း၊ မင်းနေပြည်လဲမဟုတ်၊ သမ္မတရှီကျ့ဖျင်လဲမဟုတ် ဝန်ကြီးချုပ်လောက်နဲ့ တွေ့ဆုံလိုက်ရတာကိုပဲ သူ့မှာသေပျော်ပီဆိုတဲ့မျက်နှာထားနဲ့ ဖြစ်နေတာပါ။ မြန်မာပြည်ကတပ်ချုပ်ဟာ ကမ္ဘာမှာဘာအဆင့်ညာအဆင့်ဆိုပြီး လူရာအရမ်းဝင်ချင်တဲ့ မအလအတွက်တော့ တသက်မေ့မရတဲ့ အတွေ့အကြုံပေါ့။ အမှန်တော့ ဂရိတ်တားမဲခေါင်တို့ လန်ချန်းမဲခေါင်တို့ လာအို ကမ္ဘောဒီယား ဗီယက်နန်ပါ ပါတဲ့ CLMV အစည်းဝေးတွေဆိုတာ တရုတ်ကပဲ အဓိကမတည်ပေးနေတဲ့ အစည်းဝေးတွေပါပဲ။ တရုတ်က ဒေါ်လာ ဆယ့်လေးငါးသန်းသုံးပြီး အလုပ်မရှိ အလုပ်ရှာ ထောက်ပံ့ပေးနေတာပါပဲ။ ထူးခြားလှတဲ့ တွေ့ဆုံမှုတွေမဟုတ်ပါဘူး။ မအလကတော့ ရောက်တုံးရောက်ခိုက် ( နောက်လည်း တသက်လုံးရောက်ချင်မှရောက်မှာ) ဆိုပြီး ဒရုန်းစက်ရုံတွေသွားကြည့်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တာတွေ လုပ်နေတော့တာပါပဲ။ စီးပွားရေးလုပ်ငန်းတွေနဲ့ တွေမယ့်သာတွေ့နေတာ နယ်စပ်အပေါက်တွေကစလို့ အရေးကြီးတရုတ်စီးပွားရေးတွေအကုန်လုံးလောက်က နွေဦးတော်လှန်ရေးတပ်တွေလက်ထဲမှာ။ နောက်ပြီး သူကိုယ်တိုင်ပဲ ဧရာဝတီတိုင်းမှာ နေရောင်ခြည်သုံး စွမ်းအင် လေလံအောင်ထားတဲ့ တရုတ်ကုမ္ပဏီ ၂၉ ခုကို လေလံအောင်ပြီးလာမလုပ်လို့ဆိုပြီး black list ကြေညာခဲ့တာ၊ ဟိုကဘယ်လာလုပ်ပါ့မလဲ။ တနိုင်ငံလုံးစစ်ပွဲတွေနဲ့ ဗြောင်းဆန်နေတာချည်းကို။ အဲတော့ အခုတရုတ်ပြည်က ကုမ္ပဏီတွေလဲ မြန်မာမှာလိုပေါ့ အထက်အမိန့်အရတက်ဆိုလို့ တက်ပြီး မအလပြောတာတွေ မဟုတ်မှန်းသိသိနဲ့ လာနားထောင်ကြတာဖြစ်မှာပေါ့။

တရုတ်ကလဲ လက်ဝဲဆန်လာပြီဆိုတော့ ထိပ်က လုပ်ချင်တာတွေစွတ်လုပ်ရင် ပြန်ပြောမယ့်သူမရှိတော့ဘူး။ မှားပီဆိုရင် စွတ်မှားတော့တာပါပဲ။ အရင်တုန်းက ခုန်ပျံကျော်လွှားရေးကာလတို့ ယဥ်ကျေးမှုတော်လှန်ရေးတို့လိုမျိုး အမှားတွေက အခုလို တပါတီလုံး တယောက်ထဲက တလက်ကိုင်အသုံးချနိုင်တဲ့အချိန်မျိုးမှာ ဖြစ်ခဲ့တာလေ။ အခုတရုတ်ရဲ့ မြန်မာရေးရာပေါ်လစီအမှားဟာ မြန်မာပြည်သူတွေရဲ့ အမုန်းကိုခံရယုံသာမက တရုတ်ပြည်အတွက်ပါဆိုးကျိုးတွေဖြစ်လာစေမှာပါ။ အခု နယ်စပ်ကုန်သွယ်ရေးအပေါက်တွေ အကုန်လုံးပိတ်လိုက်ခြင်းက မြန်မာထက် တရုတ် ယူနန်ကို ပိုထိခိုက်မှာပါ။ မြန်မာဘက်က အသီးအနှံနဲ့ကုန်ကြမ်းတွေ မရောင်းရတာပဲရှိမယ်။ တရုတ်ဘက်မှာတော့ နယ်စပ်တလျောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက ဘဏ်ချေးငွေအများအပြားနဲ့ မတည်လုပ်ကိုင်နေကြတာပါ။ မအလ အာဏာရူးလိုက်တာ ယူနန်ပြည်နယ်က အထိခိုက်ခံရဆုံးပါပဲ။ တရုတ်ပစ္စည်းတွေမဝင်ရင်လဲ မြန်မာအဖို့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကနေ သွင်းလို့ရနေတာပါပဲ။ ဒါကစီးပွားရေးကိုပြောတာပါ။

PDF Insight

12 Nov, 14:48


စစ်ရေး၊ နိုင်ငံရေးကိုပြောရင် တရုတ်ဘက်ကတော်လှန်ရေးအရှိန်ကျသွားအောင်လုပ်ပေမယ့် လက်တွေ့မှာတော့ မကျသွားပါဘူး။ ဒီတလလောက်အတွင်းမှာကို မြို့သုံးမြို့လောက် ကျသွားခဲ့သလို ကချင်နယ်စပ်တကြောက ပန်ဝါ၊ချီဖွေ၊ ဖီမော် ဆဒုံး စတာတွေအကုန်လုံး KIA ကသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ ချင်းပြည်နယ်မှာ ဖလမ်း တီးတိန် နဲ့ ထန်တလန်မြို့ ၃ မြို့ ကို ချင်းတော်လှန်ရေးတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်။ ရှမ်းမြောက်တိုက်ပွဲတွေမှာ အတွေ့အကြုံကောင်းကောင်းရယူထားပြီးဖြစ်တဲ့ တပ်တွေကလည်း လက်နက်အပြည့်အစုံနဲ့ စစ်ကိုင်းမကွေး မြေပြန့်ဒေသတွေဘက်ကို စိမ့်ဝင်ရောက်ရှိလာပြီဖြစ်တဲ့အတွက် မကြာမီ ကြီးမားတဲ့ စစ်ရေးအလှည့်အပြောင်းတွေတွေ့မြင်ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ပြင်ပက ဘယ်နိုင်ငံဖြစ်ဖြစ် ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓါတ်နဲ့ တော်လှန်ရေးဒီရေလှိုင်းကို တားဆီးနိုင်မှာမဟုတ်ပါဘူး။

တရုတ်ဘက်က တော်လှန်ရေးအရှိန်ကို လျော့ချပြီး အားလုံးပါဝင်တဲ့စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ်တွန်းတင်လိုတဲ့ သဘောလို့လဲ ဆိုကြတာဖြစ်တယ်။ ဒီကိစ္စမှာ US ဘက်ကလဲ ၂၀၂၁ မတိုင်မီအခြေအနေမျိုးကိုပြန်သွားဖို့ဆိုရင် စိတ်ဝင်စားတဲ့သဘော ရှိနေပုံရပါတယ်။ အဲဒါဆိုရင်လည်း အရင်ဆုံးလုပ်သင့်တာက တော်လှန်ရေးအရှိန်ကျအောင်မလုပ်သင့်ပဲ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေကို အရင်လွှတ်ခိုင်းရမှာဖြစ်ပါတယ်။ ဒါမှသာမျှတတဲ့ နိုင်ငံရေးအခင်းအကျင်းတရပ်ဖြစ်လာမှာပါ။ ဒါကနားလည်ဖို့ အလွန်လွယ်ကူတဲ့ နိုင်ငံရေးဖြစ်ပေမယ့် ဘက်တဘက်ကိုပဲအသာရစေချင်စိတ်ရှိနေရင်တော့ ဒါကို နားလည်လာမှာ မဟုတ်ပါဘူး။ အဲတော့ ဒီလမ်းကြောင်းကို နားလည်လာအောင်လုပ်ရမယ့် အကောင်းဆုံးနည်းကတော့ စစ်ရေးအောင်ပွဲတွေရအောင် လုပ်ဖို့ပါပဲ။ မအလဆိုတဲ့ အာဏာရူးကလဲ ဘယ်အရာကိုမှ လွယ်လွယ်နားလည်လောက်တဲ့ ဥာဏ်ရည်ရှိမနေတဲ့အတွက် လက်ရှိအောင်ပွဲတွေထက်ပိုကြီးတဲ့ စစ်ရေးအောင်ပွဲတွေရရှိအောင် ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေအထိ နိုင်ငံတကာကအသိအမှတ်ပြုလာကြတာကလည်း အဓိကအားဖြင့် စစ်ရေးအောင်ပွဲတွေကြောင့်ပါပဲ။ မြန်မာမှာ လက်နက်ကိုင်အဖွဲ့တွေ ဘယ်လောက်ပဲများများ စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်ကြတယ်ဆိုတာ သက်သေပြပြီးပါပြီ။ စစ်ရေးအောင်ပွဲအဆင့်တခုကိုရောက်ချိန်မှာ နိုင်ငံရေးအရပါ ပူးတွဲပေါင်းစည်းလာမယ် ဆိုတာကလည်း ယုံမှားသံသယ ရှိစရာမလိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ တရုတ်ဖြစ်ဖြစ် US ဖြစ်ဖြစ် အခြားဘယ်နိုင်ငံတွေကပဲဖြစ်ဖြစ် မြန်မာဟာ တစစီဖြစ်သွားနိုင်တယ်ဆိုတဲ့ နာရေးတစ်အမှားတွေကိုပါ ချေဖျက်ပြီးဖြစ်သွားမှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

08 Nov, 13:26


အဲဒီလို သန်းပေါင်းများစွာ ကုန်ကျတဲ့ စစ်စရိတ်ကို ကမ္ဘာ အရပ်ရပ်က တော်လှန်လူထုက ထမ်းဆောင်ပေးနိုင်ပါတယ်။ လက်ရှိကာလ အထိလဲ လူထုက ထောက်ပံ့မှု မျိုးစုံပေးအပ်လျက်ရှိပါတယ်။ ရန်သူ့ သတင်းထောက်လှမ်းမှု ပေးပို့မှု၊ တပ်သား ပေးအပ်မှု၊ ရန်ပုံငွေပေးအပ်မှု၊ နိုင်ငံရေးထောက်ခံမှု စတဲ့ ပံ့ပိုးမှု မျိုးစုံ ဖြစ်ပါတယ်။ ကမ္ဘာ အရပ်ရပ် ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ နဲ့ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံသား ထဲက လူဦးရေ (၁၀) သန်း ပမာဏ က တဦးကို (၅) ဒေါ်လာ လစဉ် ပုံမှန် လှူဒါန်းမယ်ဆိုရင် တလ ကို ဒေါ်လာ သန်း (၅၀) လောက်ရရှိလာမှာဖြစ်ပြီး ထိုးစစ်ကြီးတွေ ဆက်တိုက် ဆင်နွှဲပြီး ရန်သူ့ စိုးမိုး မြို့တွေ၊ နယ်မြေတွေကို လျင်လျင်မြန်မြန် သိမ်းယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိလဲ မြို့သိမ်း၊ နယ်သိမ်း တိုက်ပွဲတွေကို မြေပြန့် ဒေသမှာပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖတွေက ဆင်နွှဲနိုင်တယ်ဆိုတာ လက်တွေ့ ပြသထားပြီးဖြစ်ပါတယ်။ ရှေ့တန်းကနေ တိုက်စစ်ဆင်မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ နဲ့ ပကဖ တွေ စစ်ဘက် ဦးဆောင်မှု၊ စစ်မဟာဗျူဟာ၊ စစ်ဥပဒေ၊ ကျင့်ဝတ် လိုက်နာမှု ကောင်းကောင်းနဲ့ တိုက်စစ်ဆင်နိုင်ဖို့၊ ထိုးစစ်ကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့အတွက် နောက်တန်း ဘဏ္ဍာရေး စစ်မျက်နှာကနေ ပြည်သူတွေ အနေနဲ့ ဆက်လက် ပံ့ပိုးကူညီပေးဖို့ လိုအပ်လျက်ရှိပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

08 Nov, 13:26


PDF စစ်ရေးအောင်ပွဲ နဲ့ ဘဏ္ဍာရေးစစ်မျက်နှာ
…………………………………..
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ အဖွဲ့တွေရဲ့ စစ်ရေးအောင်ပွဲ ရရှိရေးမှာ လူထု ထောက်ခံမှု၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု၊ မှန်ကန်တဲ့ စစ်မဟာဗျူဟာ၊ စစ်ဘက်ကျင့်ဝတ်၊ ဥပဒေ လိုက်နာမှု တွေဟာ အရေးကြီးဆုံးဖြစ်သလို နောက်တန်းက ထောက်ပို့လုပ်ငန်းဖြစ်တဲ့ ဘဏ္ဍာရေး မျက်နှာစာဟာလဲ အရေးကြီးဆုံး အချက်ထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။ ထောက်ပို့ စစ်မျက်နှာမှာ အောင်ပွဲမရဘဲ ရှေ့တန်းစစ်မျက်နှာမှာ အောင်ပွဲ ရဖို့ ခက်ခဲပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံကြီးတွေဟာ စစ်ဘက် စည်းရုံးလှုံ့ဆေ်မှုလုပ်ငန်းကို အလေးထားပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ စစ်သမိုင်းတွေမှာ တိုက်စွမ်းရည်ရှိပေမယ့် နောက်တန်းထောက်ပို့ ကန့်သတ်မှု ရှိတာ၊ ဘဏ္ဍာရေး ရင်းမြစ်ပိုင်း ကန့်သတ်မှု ရှိတာတွေကြောင့် မဖြစ်သင့်ဘဲ အရေးနိမ့်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း အများကြီး ရှိပါတယ်။ တစုံတရာ ခြေချော်လက်ချော်ရှိရင်တောင် ထာက်ပို့အားကောင်းတဲ့ တပ်တတပ်ဟာ အများကြီး ခံသာပါတယ်။ ဘဏ္ဍာရေး နဲ့ ထောက်ပို့ပိုင်း အားနည်းနေတဲ့ တပ်ဆိုရင် လက်နက်ခဲယမ်း နဲ့ ရိက္ခာ ပမာဏကို စိုးရိမ်နေရတာ များပါတယ်။ PDF တပ်မတော် အတွက် ဘဏ္ဍာရေး ထောက်ပို့မှု ပိုများလာလေ လက်နက်တပ်ဆင်မှု၊ ခဲယမ်းထောက်ပံ့မှု ပိုများလာလေ ဖြစ်ကာ စစ်ရေးအောင်ပွဲ အဖြစ် ပြောင်းလဲနိုင်ခြေလည်း များပါတယ်။

လက်ရှိကာလမှာ မြေပြန့် မြို့ (၈) မြို့ ကို သိမ်းပိုက်ထားပါတယ်။ နောက်ဆုံး သိမ်းပိုက်ထားတာဆိုရင် ပင်လည်ဘူးမြို့ ဖြစ်ပါတယ်။ ရက်ပေါင်း (၅၄) ရက် ဝန်းရံ တိုက်ခိုက်ပြီး ၂၀၂၄ ခုနစ်၊ အောက်တိုဘာ (၈) ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ရန်သူ့ အင်အား (၈၀၀) နီးပါးရှိပြီး (၇၀) ခန့် သေဆုံးခဲ့ကာ လက်နက် (၄၀၀) သိမ်းဆည်းရရှိခဲ့ပါတယ်။ ရန်သူ့ အင်အား နဲ့ ချိန်ကြည့်ရင် PDF၊ ပကဖ နဲ့ တော်လှန်ရေး အင်အားစု အသီးသီး ရဲ့ အင်အားစုစုပေါင်းဟာ (၂၀၀၀) ခန့် အနည်းဆုံး ရှိနိုင်ပါတယ်။ ဒီ အင်အား ၂၀၀၀ ဟာ ရက်ပေါင်း (၅၄) ရက် တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ တော်လှန်ရေး တပ်သား (၁) ဦး ဟာ ဒီတိုက်ပွဲ ကာလ အတွင်းမှာ ကျည်အတောင့် (၃၀၀) ပဲ အသုံးပြုခဲ့တယ်ဆိုရင်တောင် ကျည် (၆) သိန်း အသုံးပြုခဲ့ရပါတယ်။ ဒါဟာ ခန့်မှန်းစာရင်းပဲ ဖြစ်ပြီး လက်တွေ့မှာ ဒီထက်များဖို့ပဲ ရှိပါတယ်။ အညာဒေသ ကျည်ဈေးနှုန်းအရ ပျမ်းမျှ ကျည်တတောင့်ကို နှစ်ဒေါ်လာလို့ တွက်ယူရင်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း ကုန်ကျတယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒီကုန်ကျစရိတ်ဟာ ကျည်ဖိုးသီးသန့်ဖြစ်ပြီး လက်နက်ကြီးကျည်၊ လက်နက်ကိရိယာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သယ်ယူပို့ဆောင်ရေး လောင်စာစရိတ်၊ စစ်ရှောင်လူထု ကူညီထောက်ပံ့ရေး နဲ့ အထွေထွေ ကုန်ကျစရိတ်တွေ ထည့်ပေါင်းရင် ပင်လည်ဘူး မြို့သိမ်းပွဲ တပွဲအတွက်ကိုပဲ ဒေါ်လာ (၂) သန်းထက် မနည်းကုန်ကျဖို့ရှိပါတယ်။ မြေပြန့် မြို့သိမ်းပိုက်မှုပေါင်း (၈) မြို့ထိ ရှိပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားတာ (၆) မြို့ထိ ရှိပါတယ်။ ဒီလို မြို့သိမ်းတိုက်ပွဲတွေမှာ ကျည် သန်းဂဏန်း တချို့ အသုံးပြုလိုက်ရပြီးဖြစ်ပါတယ်။

အလားတူပဲ စစ်ကြောင်းချေမှုန်းရေးတိုက်ပွဲတွေ၊ ပြောက်ကျား ပစ်ခတ်မှုတွေ၊ မဟာဗျူဟာ အရေးကြီး ပစ်မှတ်တွေဖြစ်တဲ့ လေတပ်စခန်း နဲ့ လက်နက်စက်ရုံ တိုက်ခိုက်မှုတွေကလဲ ကုန်ကျစရိတ် အများအပြားရှိပါတယ်။ အင်အား (၅၀) ပါတဲ့ တပ်ကလေး တတပ်ဟာ (၁၀) မိနစ်ကြာ ပြောက်ကျားပစ်ခတ်မှုအတွက် တဦးကို ကျည် အတောင့် (၃၀) သုံး ပစ်ခတ်တယ်တွက်ယူရင်ကို ကျည် (၁၅၀၀) ကုန်ကျပါတယ်။ မြေပြန့် ဒေသ ကျည်ဈေးနှုန်း နဲ့တွက်ရင် မနည်းလှတဲ့ ပမာဏ ဖြစ်ပါတယ်။ လက်ရှိ မြေပြန့် ဒေသမှာ တိုက်ပွဲ အများစုဟာ ပြောက်ကျားပစ်ခတ်မှုထက် စစ်ကြောင်းတွေကို အထိနာအောင်တိုက်တဲ့ တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ အဖြစ် ပုံပေါ်လာပြီ ဖြစ်ပါတယ်။ ဆိုလိုတာ အဲဒီလို တိုက်ပွဲတွေဟာ ကုန်ကျမှု ပိုများပါတယ်။ လူတရာပါတဲ့ တပ်ရင်း တပ်ရင်းရဲ့ တလ ကျည်ကုန်ကျစရိတ် ကို မနည်းလှပါဘူး။ လက်နက် တပ်ဆင်မှု တရာ ရှိတဲ့ တပ်ရင်း တရင်း ရဲ့ လက်နက်စရိတ် သီးသန့် ကို ဒေါ်လာ (၁) သန်း ကုန်ကျပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အင်အား (၂၀၀၀၀) လောက်ဟာ လက်နက် အပြည့်အစုံ နဲ့ တိုက်စစ်ဆင်မယ်ဆိုရင်ကို ကျည်အသုံးစရိတ် မနည်းပါဘူး။ အင်အား (၂) သောင်းဟာ ကျည် (၁) ထောင် အသုံးပြုမည်ဆိုရင်ကို ကျည် အသုံးပြုမှုဟာ သန်း (၂၀) ပမာဏ ရှိပါတယ်။ မဟာဗျူဟာထိုးစစ်ကြီးတွေ အတွက် ဒီလောက် ကျည်ပမာဏ အသုံးပြုဖို့လိုပါလိမ့်မယ်။ ရန်သူ့ လက်နက် ကိုယ့်လက်နက်မူ နဲ့ ရန်သူ့ ဆီကနေ သံချပ်ကာ၊ ယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည် မျိုးစုံ သိမ်းပိုက်ရရှိနိုင်ပေမယ့်လဲ ကိုယ့် အင်အားစုတွေ ရဲ့ ကနဦး လက်နက်တပ်ဆင် အသုံးပြုမှုလဲ လိုပါတယ်။ ရိက္ခာဖိုးတွေ၊ လောင်စာဆီဖိုးတွေ၊ သယ်ပို့စရိတ်တွေ၊ ဆေးဝါးကုသမှုစရိတ်၊ လူထုစည်းရုံးရေး စရိတ် အပါအဝင် အထွေထွေ ကုန်ကျစရိတ်တွေလဲ ရှိပါသေးတယ်။ ထိုးစစ်ကြီးတွေ အတွက် လိုအပ်တဲ့ ဘဏ္ဍာရေးပိုင်းဟာ ဒေါ်လာ သန်း (၂၀-၅၀) ကြားထိ ရှိနိုင်ပါတယ်။

PDF Insight

07 Nov, 12:39


နောက်တစ်ခုက​တော့ ကျွန်မတို့နောက်ပိုင်းသိရသလောက် ဒါသည် (မအလ တရုတ်ခရီးစဥ်) State Visit မဟုတ်ဘူး။ ခုနပြောတဲ့ ပြည်နယ်တခုမှာပဲလုပ်တဲ့ Regional Forum တစ်ခုကို တက်ရောက်တာသာဖြစ်တယ်ဆိုပြီးတော့လည်း ကျွန်မတို့ သတင်းစကားပြန်လည်ရရှိခဲ့တာ ရှိပါတယ်။

​ဒေါ်ဇင်မာ​အောင်
နိုင်ငံခြား​ရေးဝန်ကြီး
အမျိုးသားညီညွတ်​ရေးအစိုးရ

#PDFInsight@PDFInsight

PDF Insight

05 Nov, 03:23


လူငယ်တွေ လူကြီးတွေ အကုန်ပါဝင်တဲ့ တော်လှန်ရေး

လူငယ်တွေက အသက်တွေ ဘဝတွေ စွန့်ပြီး ရှေ့တန်းကနေ တိုက်ခိုက်နေကြတယ်။
လူကြီးတွေကလည်း သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အဆုံးရှုံးခံပြီး ရပ်တည်ထောက်ခံဝန်းရံနေကြတယ်။

ရှေ့တန်းမှာ ရဲဘော်တွေနဲ့ ပြည်သူတွေ ဘယ်လိုလက်တွဲညီညီဆောင်ရွက်လျက်ရှိတယ်‌ဆိုတာကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားတာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

05 Nov, 03:23


လူငယ်တွေ လူကြီးတွေ အကုန်ပါဝင်တဲ့ တော်လှန်ရေး

PDF Insight

03 Nov, 13:22


တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ
……………………………………………
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ တပ်ရင်းမှူးတွေအခန်းကဏ္ဍကအရေးကြီးလာပါပြီ။

တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ တပ်ရင်းမှူးတွေရဲ့ တာဝန်ဟာ ကြီးလေးလို့လာနေပြီဆိုတာ သတိချပ်စေချင်ပါတယ်။ တပ်ရင်းမှူး ရာထူးဆိုတာထက် လက်ရှိကာလဟာ တပ်ရင်းမှူး တာဝန်ဆိုတာသာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ နောက်တစ်ချက်က မိမိကိုယ် မိမိ Local ခေါင်းဆောင်ဆိုတဲ့ စိတ်တွေဖျောက်မှရပါတော့မယ်။ တပ်ကို တပ်ရင်းနဲ့တူအောင် တည်ဆောက်ရပါတော့မယ်။

တပ်ကို တပ်နဲ့တူအောင်တည်ဆောက်ဖို့အတွက်က တပ်ရင်းမှူးများမှာ အဓိက တာဝန်ရှိနေပါတယ်။ တပ်ရင်းမှာ အင်အား(၁၀၀)ရှိတယ်ဆိုပါစို့။ တရာလုံးလက်နက် ကိုင်တိုက်နေမယ်ဆိုရင် တပ်ရင်းလို့ ပြောလို့မရပါဘူး။ လက်နက်ကိုင်ထားတဲ့ အစုအဖွဲ့သာဖြစ်နေပါလိမ့်မယ်။ တပ်ရင်းဆိုရင် ရုံးပိုင်း၊ တိုက်ခိုက်ရေးပိုင်း၊ လက်ရုံးတပ်တွေ ရှိပြီး ဟန်ချက်ညီလုပ်နိုင်ရပါမယ်။ ဒါကြောင့် တပ်တည်ဆောက်ရေးမှာ အဓိကတာဝန်ရှိတဲ့ တပ်ရင်းမှူးများဟာ အမျှော်အမြင်ရှိရပါမယ်။
ရုံးပိုင်းမှာဆိုရင် ဦး၊ ရေး၊ ထောက်၊ လှမ်း၊ လုံ အပိုင်းတွေမှာ ဘယ်သူတွေနဲ့ သင့်လျော်မလဲ။ ဒီအပိုင်းက ပညာသည်အပိုင်းဖြစ်လို့ အရေးအသားပိုင်းနဲ့ ရုံးလုပ်ငန်းကိုအတော်အသင့် သဘောပေါက်နားလည်တဲ့သူဆို အဆင်ပြေနိုင်ပါတယ်။

တိုက်ခိုက်ရေးအပိုင်းမှာဆိုလည်း ဘယ်သူက တပ်စိတ်မှူးဖြစ်သင့်လဲ၊ ဘယ်သူက တပ်စုမှူးနဲ့ သင့်လျော်မလဲ၊ ဘယ်သူက တပ်ခွဲကိုဦးဆောင်နိုင်မလဲ စသဖြင့်တပ်ရင်းမှူးတွေက မိမိရဲဘော်ကို သိထားရပါမယ်။ ဒီနေရာမှာ တပ်စိတ်မှူးတွေအရေးကြီးပါတယ်။ တပ်စိတ်ကောင်းမှ တပ်ရင်းကောင်းတာပါ။
အပေါ်မှာရေးခဲ့သလို တပ်ရင်းမှူးတွေဟာ Local ခေါင်းဆောင်တွေမဟုတ်ဖူးဆိုတာ တပ်ရင်းအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာရင် သိလာပါတယ်။ အောက်ခြေရဲဘော်အဆင့်ထိ တပ်ရင်းမှူးက နေရာတကာဝင်ပြီးပါဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင့်ကဲအမိန့်ပေး ကွပ်ကဲမှုကြောင့်ပါ။ တပ်ရင်းမှူးဟာ နေရာတကာဝင်ပါနေရင် သက်ဆိုင်ရာ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးတို့ရဲ့ အခန်းကဏ္ဍဟာ ပျောက်သွားပြီး တပ်ရင်းမှူးကလွဲရင် ဘယ်သူ့အမိန့်မှ မနာခံဘူးဆိုပြီး CoC ပျက်သွားပါမယ်။ အဲဒီလိုမဖြစ်အောင် တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရပါမယ်။ တပ်ရင်းဟာ တပ်နဲ့တူပြီး သူ့တာဝန်နဲ့သူလည်ပတ်နေရင် မပင်ပန်းတော့ပါဘူး။ ပုံမှန်လည်ပတ်နေတဲ့ စက်ပင်နယံတွေလိုဖြစ်သွားပါမယ်။

တပ်ရင်းဟာ တပ်ရင်းဖွဲ့စည်းပုံနဲ့ ပုံစံတကျဖြစ်သွားရင် စစ်ဆင်ရေးအပိုင်းတွေမှာပါ အားကောင်းလာပါတော့တယ်။ ယခင်မြေပြန့်ဒေသတွေမှာ စကစ စခန်းတွေ၊ ပျူရွာတွေကို ကျနော်တို့ တိုက်ခဲ့ဖူးပါတယ်။ အခက်အခဲကြုံတွေ့ရတာပဲ များပါတယ်။ ဘာကြောင့်လဲဆိုတာ အခုမှ သိလာပါတယ်။ စနစ်မကျသေးလို့ပါ။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတွေမှာ ရည်မှန်းချက်တစ်ခုကို စစ်ဆင်ရေးပြုလုပ်မည်ဆိုရင် ရုံးပိုင်းက စကြပါတယ်။
- မိမိရည်မှန်းချက်အတွက် စစ်ရေးစီမံချက်ကို ဦး ကစပြီးရေးပါတယ်။
- လိုအပ်တဲ့ ရည်မှန်းချက်အတွက် သတင်းအချက်အလက်ကို လှမ်းကနေယူပါတယ်။
- တိုက်ပွဲဝင်အသင့် ရဲဘော်တွေလုံလောက်မှုရှိ/ မရှိ ကတော့ ရေး ကဏ္ဍဖြစ်ပြီး
- လိုအပ်တဲ့ လက်နက်၊ ခဲယမ်း၊ ကျည်၊ ရိက္ခာ၊ လမ်းကြောင်းကတော့ ထောက် ရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ အဲဒါတွေ သေသေချာချာ ပြင်ဆင်ပြီးပြီဆိုမှ စစ်ဆင်ရေးအတွက် ရ ရက်၊ န နာရီ သတ်မှတ်ဆောင်ရွက်ကြပါတယ်။

တပ်ရင်းဟာ တပ်ရင်းပုံစံကျနေတဲ့အတွက်လည်း သက်ဆိုင်ရာ တပ်မှူးတွေဖြစ်တဲ့ ဒုရင်းမှူး၊ တပ်ခွဲမှူးတွေနဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး ရ ရက်နဲ့ န နာရီမှာ စစ်ဆင်ရေး စတင်ပါတယ်။ အဲဒီမှာ တကယ်ရှေ့ကနေ တက်တိုက်မှာက တပ်စိတ်မှူးတွေနဲ့ သူ့ရဲ့တပ်စိတ်‌ရဲဘော်တွေပါ။ ဒါကြောင့် တပ်စိတ်မှူးတွေကို ကွပ်ကဲ တတ်အောင် ပြုစုပျိုထောင်ပေးရမယ်လို့ ဆိုလိုတာပါ။

အဲဒီလိုမဟုတ်ပဲ တပ်ရင်းမှူးတစ်ယောက်ထဲကပဲ အစစအရာရာ ဝင်ပါနေမယ်ဆိုရင် စစ်ဆင်ရေးမှာ သိသာပါတယ်။ ထင်သလောက်ခရီးမပေါက်တော့ပါဘူး။ တပ်ရင်းတစ်ရင်းလုံးကို တစ်ယောက်မကျန် ကွပ်ကဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တပ်ရင်းမှူးများဟာ မိမိကိုယ် မိမိ Local ခေါင်းဆောင်ဆိုတဲ့ စိတ်ကိုဖျောက်ရမယ်၊ မိမိတပ်ကို တပ်ရင်းနဲ့တူအောင် တည်ဆောက်တဲ့ နေရာမှာ မိမိကိုယ်တိုင်ကလဲ အထက်အဆင့်ဆင့်ရဲ့ အမိန့်ကိုနာခံနိုင်ဖို့ နဲ့ ကွပ်ကဲမှု ခံယူနိုင်ဖို့လည်း လိုအပ်ပါတယ်။ အချို့သော တပ်ရင်းမှူးများဟာ တပ်ကိုတည်ထောင်သူများဖြစ်သလို နယ်မြေတစ်ခုကို စိုးမိုးနိုင်အောင်ကြိုးစားခဲ့ကြသူများဖြစ်တဲ့အတွက် ကွပ်ကဲမှုခံယူဖို့ အတော် ခက်ခဲနေကြတာတွေ့ရပါတယ်။

PDF Insight

03 Nov, 13:22


MoD နဲ့ အဆင်မပြေလို့ တပ်ရင်းမှူးအဖြစ်ကနေ နုတ်ထွက်သူများတောင် ရှိကြပါတယ်။ တကယ်တော့ MoD မှာတာဝန်ယူထားသူတွေဟာလည်း ကျွမ်းကျင်ပညာရှင်တွေမဟုတ်ဖူးဆိုတာ တပ်ရင်းမှူး တွေလက်ခံ ထားသင့်ပါတယ်။ ဒါကြောင့် တော်လှန်ရေးဆိုတဲ့ တမျက်နှာကလွဲရင် ကျန်တာခေတ္တ သည်းခံထားဖို့လိုပါတယ်။ မင်းက MoD ကို ပရိုမိုးရှင်းလုပ်နေတာလားလို့ မေးစရာရှိပါတယ်။ အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေတာ နောက်ထပ်အာဏာရှင်လက်မခံနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်က အာဏာရှင်ဆိုတာ ဘာလဲသိအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုများလွန်းတာ (Centralization) နဲ့ အာဏာရှင်လို့ မခေါ်နိုင်ပါဘူး။ အထူးသဖြင့် တပ်ဆိုတာမျိုးက ဗဟိုချုပ်ကိုင်မှုနဲ့သွားရတာပါ။ တပ်ထူထောင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုက အရေးကြီးပါတယ်။
ဒီနေရာမှာ နိုင်ငံရေးသမားစိတ်နဲ့ စစ်သားစိတ်ကွဲအောင် ထားနိုင်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ PDF အများစုဟာ နိုင်ငံရေးနယ်ပယ်ကလာကြတော့ ကိစ္စအတော်များများကို အခွင့်အရေး(Rights) နဲ့ တိုင်းတာနေကြတာတွေ့ရပါတယ်။ တပ်ကို နေရာတကာမှာ Rights တွေနဲ့ သွားကိုင်လို့မရသလို၊ ကိုယ့်ရဲ့ အဆင့်ဆင့်ကိုလည်း Rights တွေနဲ့သွားပြောလို့ မရဘူးဆိုတာ သဘောပေါက်ထားသင့်ပါတယ်။ စစ်တပ်ဆိုတာ No Rights, No Choice, No reasons, ပါ။ စစ်သားတစ်ယောက်ရဲ့ဘဝဟာ အခွင့်အရေး၊ ရွေးချယ်မှုနဲ့ အကြောင်းပြချက် အနည်းဆုံးလူတွေပဲဖြစ်ကြပါတယ်။
ဒါတွေကို တပ်ရင်းမှူးတာဝန်ယူထားတဲ့သူတွေကိုယ်တိုင် နားလည်သဘောပေါက်လက်ခံပြီး မိမိတပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကိုလည်း နားလည်သဘောပေါက်အောင် ရှင်းလင်းပေးထားသင့်ပါတယ်။ ဒါတွေဟာ စစ်မြေပြင်မှာ လက်တွေ့တိုက်မှ သိရတာပါ။ အခုလိုရေးလိုက်လို့ နိုင်ငံရေးနဲ့ မဆိုင်ဘူးလားလို့မေးစရာရှိပါတယ်။ အဲဒီလို ဆိုလိုတာမဟုတ်ပါဘူး။ တပ်ရင်းမှူးများဟာ နိုင်ငံရေးနားလည်ရပါမယ်။ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးများကိုစဉ်ဆက်မပြတ် နားလည်းလေ့လာထားဖို့လိုအပ်ပါတယ်။ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးသမားစိတ်ကို ဖျောက်ဖို့လိုတယ်ဆိုလိုတာပါ။

နောက်တစ်ချက်က တပ်ရင်းမှူးများဟာ မိမိအစိုးရနဲ့ မိမိဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေကို နားလည်နိုင်အောင်ကြိုးစားရပါမယ်။ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တိုင်းလုပ်ခွင့်မရလို့ MoD အောက်ကထွက်တာ၊ မိမိဘာသာအဖွဲ့ခွဲရပ်တည်တာဟာ တော်လှန်ရေးမှာ အလွန်အန္တရာယ်ကြီးသလို တော်လှန်ရေးအချိန်လည်းမလိုအပ်ပဲ ကြာမြင့်သွားနိုင်ပါတယ်။
ကျနော်မြင်တဲ့တပ်ပေါင်းစုဆိုတာက တိုင်းရင်းသားအဖွဲ့တွေနဲ့ မြေပြန့်ဗမာတော်လှန်ရေးသမားတွေ တစုတစည်းတည်းဖွဲ့ထားတဲ့ တပ်ပေါင်းစုမျိုးလို့မြင်ပါတယ်။ ဗမာအချင်းချင်း ဗိုလ်လုပ်မခံနိုင်လို့ အဖွဲ့တွေကွဲနေတာကိုပြန်ပြီးစုတဲ့ တပ်ပေါင်းစုတော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ အစိုးရတစ်ခုတည်းအောက်က၊ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းအောက်မှာပဲ တပ်ရင်းတွေအဖြစ် ရပ်တည်တာက ပိုပြီးတော်လှန်မြန်မြန်ပြီးမယ်လို့ မြင်ပါတယ်။ ဒါတွေကိုလဲ တပ်ရင်းမှူး တွေက နားလည်ထားသင့်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးအချက်က တပ်ရင်းမှူးများဟာ အရပ်ဖက်အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်သူများသာ ဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံရပါမယ်။ အဲလိုမှမဟုတ်ရင် ဝန်ကြီးဌာနအချင်းချင်းပွတ်တိုက်မှု ပဋိပက္ခတွေ ဖြစ်စေမှာပါ။ အုပ်ချုပ်ရေးကို ဝါသနာပါရင် တပ်ကနုတ်ထွက်ပြီး အုပ်ချုပ်ရေးလိုင်းဘက်ကို ဝင်ရောက်တာဝန်ထမ်းသင့်ပါတယ်။

နောက်တစ်ခုက မိမိဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆိုပြီးရှိတာကိုလည်း သိထားဖို့လိုပါတယ်။ PDF နဲ့ ပကဖ ဆိုတာရန်သူတွေမဟုတ်တာကိုနားလည်ဖို့လိုအပ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ၊ လက်စွဲတွေ အတိုင်း ကျရာတာဝန် ထမ်းဆောင်ရမယ်ဆိုတာ လက်ခံနိုင်မှ မြေပြင်မှာ အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ရေးရရင် တပ်ရင်းမှူးများရဲ့ အခန်းကဏ္ဍတွေကအများကြီးပါ။ တော်လှန်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ တပ်ရင်းမှူးများရဲ့ ဆင်ခြင်တုံတရား နဲ့ တော်လှန်ရေးအပေါ်ထားတဲ့သဘောတရား၊ သည်းခံနိုင်မှုတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်ရှိနေပြီလို့ အကြံပြုလိုက်ပါတယ်။

မြေပြင်တပ်ရင်းမှူး တဦး
ခေတ္တရှေ့တန်းတစ်နေရာ
၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၂၄

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

02 Nov, 14:39


စစ်လေယာဉ် (၈) စီး၊ စစ်ရဟတ်ယာဉ် (၁၁) စီး
……………………………..
အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ (၈) စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ ပွိုင့်-၅ စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွေမှာ ပွိုင့်-၅ ထက် ပြောင်းအချင်း ပိုကြီးတဲ့ စက်သေနတ်တွေ၊ စက်အမြောက်တွေ သိမ်းပိုက်ရရှိထားတာကြောင့် နောက်ပိုင်းကာလတွေမှာ ရန်သူ့လေတပ်ကို လေထဲမှာ ချေမှုန်းရေး ယခုထက် ပိုမို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်လာရင်လည်း ရန်သူ့လေယာဉ်တွေကို ပိုမိုချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့် မဟာဗျူဟာ ထိုးစစ်စတင်ပြီးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားထားပြီးဖြစ်လို့ မြေပြန့်ဒေသမှာရှိတဲ့ လေတပ်စခန်းတွေ ဖြစ်တဲ့ ဥပမာ-တောင်ငူလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ကျောက်ထုလေတပ်တွေ သိမ်းပိုက်ခံရရင်လဲ ရန်သူ့လေတပ်ကို ဝေဟင်မှာ သာမကဘဲ မြေပြင်မှာပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။

ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့လေယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။
K-8 ပစ်ချ ကရင်နီ (ဘောလခဲ) ၂၀၂၃၊ ဇွန်
K-8 ထိခိုက် ကချင် (ဖားကန့်) ၂၀၂၄၊ ဖေဖော်ဝါရီ
FTC-2000G ပစ်ချ ရှမ်း (ကွတ်ခိုင်) ၂၀၂၄၊ ဇန်နဝါရီ
တိုက်လေယာဉ် ထိခိုက် ပဲခူး (တောင်ငူ လေတပ်) ၂၀၂၄၊ မေ
တိုက်လေယာဉ် ထိခိုက် ပဲခူး (တောင်ငူ လေတပ်) ၂၀၂၄၊ မေ
A-5 တိုက်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ်) ၂၀၂၄၊ ဇူလိုင်
တိုက်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ်) ၂၀၂၄၊ ဇူလိုင်
Y-12 သယ်ပို့စစ်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ် ၂၀၂၄၊ ဇူလိုင်

ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့စစ်ရဟတ်ယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။
Mi-35 ပစ်ချ ကချင် (မိုးမောက်) ၂၀၂၁၊ မေ
Mi-35 ထိခိုက် စစ်ကိုင်း (ကန့်ဘလူ) ၂၀၂၃၊ အောက်တိုဘာ
စစ်ရဟတ်ယာဉ် ပစ်ချ ရခိုင် ၂၀၂၄၊ ဖေဖော်ဝါရီ
Mi-35 ထိခိုက် စစ်ကိုင်း (ကန့်ဘလူ) ၂၀၂၄၊ ဖေဖော်ဝါရီ
Mi-17 ထိခိုက် စစ်ကိုင်း (ဝန်းသို) ၂၀၂၄၊ ဖေဖော်ဝါရီ
Mi-17 ပစ်ချ ကချင် (ဝိုင်းမော်၊ နားဖော့) ၂၀၂၄၊ ဇန်နဝါရီ
Eurocopter 365 ပစ်ချ ကရင် (မြဝတီ) ၂၀၂၄၊ ဇန်နဝါရီ
Mi-17 ထိခိုက် ကချင် (မြစ်ကြီးနားလေတပ်) ၂၀၂၄၊ မတ်
Mi-35 ထိခိုက် ကချင်(ဝိုင်းမော်) ၂၀၂၄၊ မတ်
စစ်ရဟတ်ယာဉ် ပစ်ချ ကရင်နီ (ဖေားဆောင်း) ၂၀၂၄၊ မေ
Mi-17 ထိခိုက် စစ်ကိုင်း (ပင်လည်ဘူး) ၂၀၂၄၊ ဇူလိုင်

အထက်ပါ စာရင်းဟာ လက်လှမ်းမှီသလောက် စုဆောင်းထားတဲ့ စာရင်းဖြစ်ပြီး လက်တွေ့ ပျက်စီး၊ ပစ်ချခံရတဲ့ ရန်သူ့ လေယာဉ်၊ ရဟတ်ယာဉ် စာရင်းဟာ အခုထက် ပိုနိုင်ပါတယ်။ နောက် စက်ချို့ယွင်းပြီး ပျက်ကျတဲ့ စာရင်းတွေနဲ့ ပေါင်းရင် ထိခိုက်မှုဟာ ယခုထက် ပိုမို များပြားလာနိုင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ထိုးစစ်ဟာ တောင်တန်း နဲ့ မြေပြန့်ဒေသမှာ ဟန်ချက်ညီပေါ်ပေါက်လာပြီဖြစ်တဲ့ အတွက် ရန်သူ့ လေတပ်ဟာ နေရာစုံ ကို လေကြောင်း ပစ်ကူပေးရေး ကန့်သတ်ချက်တွေ ရှိလာနေပြီး လေယာဉ်ပျံသန်းချိန် များလွန်းတဲ့ အတွက်လဲ ရန်သူ့လေယာဉ်မှူးတွေ အပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိအား ပိုမိုများပြားလာလျက်ရှိပါတယ်။ အဲဒီလို အခြေအနေတွေ အောက်မှာ ရန်သူ့ လေတပ်ဟာ ထိခိုက်ဆုံးရှုံးမှုကို ယခုထက် ပိုမို ခံစားလာရမှာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

01 Nov, 04:08


"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အဓိကထားတာဖြစ်လို့ ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေရတယ်။ တချို့တိုက်ပွဲတွေက မမျှော်လင့်ဘဲနဲ့ ကျယ်ပြန့်သွားတာမျိုး ရှိပါတယ်။ တရုတ်အစိုးရပြောတဲ့ တည်ငြိမ်ရေးကို ကျွန်တော်တို့က မူအရလက်ခံနိုင်ပေမယ့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေ တိုက်နေရတယ်။”

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်
ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ

BBC Burmese သို့ ​ပြောကြားချက်မှ ​ကောက်နုတ်သည်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

31 Oct, 08:33


ပြည်သူ့အကျိုး ဆောင်ရွက်နေတဲ့ ပ.က.ဖ

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် သပိတ်ကျင်းတိုက်နယ် (ပ.က.ဖ) အဖွဲ့တို့ ပူးပေါင်းပြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိကျေးရွာကို တအိမ်ထောင်လျှင် ဆန် (၄)ပြည်ပေးလှူခြင်းများ ပြုလုပ်ခဲ့တဲ့ ပုံရိပ်များဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) သတင်းပြန်ကြားရေးစာမျက်နှာထံမှ ရုပ်ပုံများ ကူးယူဖော်ပြပါသည်။

#PDFInsight

PDF Insight

28 Oct, 15:22


ဘေးနံများကို ကာရံ၊ အတွင်းပိုင်း ဒေသများကို ထိုးဖောက်
…………………………………………………
ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေ နဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားတဲ့ မြို့တွေကို ကြည့်ရင် မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသရဲ့ ဘယ်ညာ ဘေးနံ ဒေသတွေမှာ အဓိကထား သိမ်းပိုက်ထားတာကို တွေ့နိုင်ပါတယ်။ ရွှေပြည်အေးမြို့၊ မြို့သစ်မြို၊ ခါမ်းပါတ်မြို့တို့ဟာ မြေပြန့် ဒေသ လို့ ပြောလို့ရတဲ့ စစ်ကိုင်းတိုင်း (အိန္ဒိယ နယ်စပ်ဒေသ) အနောက်ဘက်ခြမ်းမှာရှိပြီး မြေပြန့်ဒေသရဲ့ အရှေ့ခြမ်း မြို့တွေ ကတော့ မော်လူး၊ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူး မြို့တို့ပဲ ဖြစ်ပါတယ်။ အတွင်းပိုင်း ဒေသ မြို့တွေကတော့ ပင်လည်ဘူး မြို့၊ တန့်ဆည်မြို့၊ ဒီပဲယင်းမြို့၊ ကနီ မြို့၊ နွားထိုးကြီးမြို့၊ တောင်သာ မြို့တို့ပဲ ဖြစ်ပါတယ်။ ဒီ စစ်ဆင်တိုက်ခိုက်ထားတဲ့ မြို့တွေကို ကြည့်ရင် ဘေးပတ်ချာလည် နှုတ်ခမ်းသား နယ်မြေကို အဓိကထား ခြေကုပ်ယူသိမ်းပိုက်ပြီး အတွင်းပိုင်း မြို့တွေကို တိုက်စစ်ဆင်နေတာ သိသာထင်ရှားပါတယ်။
အထက်ပါ ဖြစ်စဉ်တွေဟာ တော်လှန်ရေးစပြီး (၃) နှစ်ကျော် ကာလမှာ ဖြစ်လာတာဖြစ်ပါတယ်။ ယခုဆိုရင် မန္တလေးတိုင်းတွင်းမှာပါ မြို့သိမ်းတိုက်ပွဲဆင်နွဲနေနိုင်ပြီ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ အောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ မကွေးတိုင်း ဒေသ၊ ပဲခူးတိုင်း၊ နေပြည်တော် ဒေသတွေမှာပါ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။ မြေပြန့် ဒေသ ဘေးပတ်ချာလည် မြို့တွေကို သိမ်းယူခြင်းအားဖြင့် ရန်သူ့စစ်တပ်ကို အတွင်းပိုင်း ဒေသမှာ ပိတ်ဆို့ထားနိုင်ပြီးဖြစ်သလို ကိုယ့်အခြေခံဒေသအနီး မှာ ခြေကုပ် နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေ ထူထောင်နိုင်လိုက်ပါတယ်။ နွားထိုးကြီး၊ တောင်သာ၊ ကနီ မြို့တွေလို အတွင်းပိုင်း မြို့တွေကို တိုက်ခိုက်နိုင်မှုကို ကြည့်ရင် ခြေကုပ်နယ်မြေက အဝေးမှာရှိတဲ့ ဒေသ တွေမှာပါ စစ်ရေးလှုပ်ရှားနိုင်တာကို တွေ့ရပါတယ်။
အထက်ပါ မြို့တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဓိက အားဖြင့် တိုက်ခိုက်ထားတဲ့ မြို့တွေ ဖြစ်ပြီး ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်နီ နဲ့ ကရင် စတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ သိမ်းယူထားတဲ့ မြို့တွေ၊ နယ်မြေ မပါသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ မြို့သိမ်း၊ နယ်သိမ်းနိုင်မှု နဲ့ ဆက်စပ်ကြည့်လိုက်ရင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ နေပြည်တော် ဒေသတွေမှာလည်း မကြာခင် ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာနိုင်တာ သိသာထင်ရှားပါတယ်။ လက်ရှိကာလမှာ မြန်မာနိုင်ငံ အထက်ပိုင်း အထူးသဖြင့် စစ်ကိုင်းအထက်ပိုင်း နဲ့ မန္တလေး အထက်ပိုင်း ဒေသမှာ ကြီးမားတဲ့ စိုးမိုးနယ်မြေ တရပ်ကို ပထမ အဆင့် အနေနဲ့ ထူထောင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ တကောင်း၊ ကျွန်းလှ၊ ကလေးဝ အဖြောင့်မျဉ်းရဲ့ အထက်ပိုင်း ဒေသ လို့ ပြောလို့ရပါတယ်။ မကြာခင် ကာလမှာ အဲဒီမျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာလဲ မြို့သိမ်းမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အထက်ပါ မျဉ်းဖြောင့် အထက်ပိုင်းဒေသကို ခိုင်မာတဲ့ စိုးမိုးနယ်မြေ ကြီးအဖြစ် ထူထောင်နိုင်ပြီး ဖြစ်လို့ပါ။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်မျက်နှာသစ် ဖွင့်လှစ်မယ်၊ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေး ဆောင်ရွက်မယ်၊ နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် က တရားဝင် ပြောကြားထားပြီးဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ရေခံမြေခံတွေ အရ မကြာခင် ကာလမှာ နွားထိုးကြီး၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ထု မျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။

ဒီအခြေအနေကို အကြမ်းဖက် စစ်အာဏာရှင်တွေ သိရှိပေမယ့်လဲ တပ်အင်အား မလုံလောက်တာ၊ တပ်အသစ်တွေ တိုက်စွမ်းရည် မပြည့်ဝတာ၊ တပ်တွေ စိတ်ဓာတ်ကျဆင်းနေတာကြောင့် ခိုင်ခိုင်မာမာ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ ကာလမှာကို ပဲခူးရိုးမ နယ်မြေ မှာ စစ်ကြောင်း လိုက် အထိနာအောင် တိုက်နိုင်တာ၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ဒေသမှာ စစ်ရေးလှုပ်ရှားနိုင်တာ၊ မကွေးတိုင်းထဲက လက်နက်စက်ရုံတွေကို ပုံမှန် တိုက်ခိုက်နိုင်တာတွေ တွေ့နေရပါတယ်။ ပထမ မျဉ်းကနေ ဒုတိယမျဉ်းဖြောင့် အောက်ဘက် ဒေသ မှာ စစ်ရှိန်မြှင့်လာတဲ့ အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကို ပိုမို တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ဘေးနံ ဒေသမြို့တွေကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့်လဲ နောက်ကျောလုံမှု နဲ့ ထောက်ပို့လမ်းကြောင်း ခိုင်မာမှုကို ရရှိထားပြီးဖြစ်သလို မြေပြန့် အတွင်းပိုင်း ဒေသတွေကို သွားရောက် စစ်ဆင်ရေး ပိုမိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

27 Oct, 14:25


အခုတွေ့ကြရတဲ့ BRICS ရဲ့ ညီညွတ်မှုဟာ စီးပွားရေးနဲ့ နိုင်ငံရေးအတွေးအခေါ်ပေါ်မှာ ညီညွတ်ကြတာမျိုးမဟုတ်ပါဘူး။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှာ လည်း ဖြစ်ဖြစ်မြောက် ထူးခြားပြီးရှိနေတာမျိုးမဟုတ်ပါဘူး။ ရုရှားပိတ်ဆို့ခံရချိန်မှာ ရုရှား ရေနံကို တရုတ်နဲ့အိန္ဒိယက စျေးပေါပေါနဲ့ဝယ်တယ်။ အီရန်က US နဲ့ ဥရောပကို အကြပ်တွေ့အောင် ရုရှားကို ဒရုန်း တွေ ကူညီပေးနေတယ် စတဲ့ ဆက်ဆံရေးမျိုးပါပဲ။ ခိုင်မာတဲ့ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ မူမဲ့တဲ့ညီညွတ်ရေးမျိုးဟာ နောင်တချိန်မှာ အချင်းချင်းပြန်ပြီး အားပြိုင်မှုတွေနဲ့ အဆုံးသတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလက ဟစ်တလာနဲ့ မူဆိုလီနီကြားအားပြိုင်မှုမျိုးပါပဲ။ အဲဒီအကြောင်း သရော်ပြီးရိုက်ထားတဲ့ ရုပ်ရှင်တခုရှိပါတယ်။ သူတို့နှစ်ယောက် ဘယ်သူမှမသိအောင်ဆံပင်ညှပ်ဆိုင်တခုမှာတွေ့ပြီးဆွေးနွေးကြတာ။ ဆံပင်ညှပ်ခုံတွေက ဘေးခလုပ်ကို တောက်တက်တောက်တက်လုပ်ပြီး မြင့်အောင်လုပ်လို့ရတယ်။ အဲဒီမှာ တယောက်က တယောက်ထက်ပိုမြင့်မှ ဖြစ်မှာဆိုတော့ တောက်တက်ခလုပ်နဲ့ တင်လိုက်၊ နောက်တယောက်ကပိုမြင့်အောင်ထပ်တင်လိုက်နဲ့ နောက်ဆုံး ထိုင်ခုံတွေက အမြင့်ကြီးဖြစ်လာပြီး လဲကျကုန်တာပေါ့လေ။ အဲတော့ US သာနိမ့်သွားမယ်ဆိုရင် ပူတင်နဲ့ ရှီ အဲလိုဖြစ်လာနိုင်ပါတယ်။

အဲတော့ ဒီနှစ်နိုင်ငံကြား ခွစားဖို့ကြံနေတဲ့ မအလလို့ ငမျောက်ငခြောက်တွေ ဘယ်လိုဖြစ်ကုန်မလဲ။ ဝမ်ယိက မြန်မာမှာ နိုင်ငံတကာကကြိုက်သလို ဝင်စွက်လို့မရဘူးဆိုတာ US တခုထဲကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ရုရှားကိုပါ ပြောနေတာပါ။ မအလရဲ့မူရင်းသဘောထားက တရုတ်ကို မလွဲသာလို့ လိုက်လျောရပေမယ့် ရုရှားကိုတော့ ကမ္ဘာ့ခေါင်းဆောင်အဖြစ်လောက်အထိ ပူတင်နဲ့တွေ့တုန်းက မြှောက်ပင့်ပြောခဲ့တာမှတ်မိကြမှာပါ။ ၂၂ ရက်နေ့က မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့အပစ်ခံရတဲ့ကိစ္စဟာ မအလမွေးထားတဲ့ ပျူ ပြည်သူ့စစ်တွေပါပဲ။ ဒါကိုတရုတ်ဘက်ကလည်း ရိပ်မိမှာပါပဲ။ မအလဟာ တရုတ်ဆန့်ကျင်ရေးအတွက်မွေးထားတဲ့ သူ့လူတွေသူ မထိမ်းနိုင်တာဖော်ပြနေတာပါပဲ။ တကယ်တော့ တရုတ်ဆန့်ကျင်ရေးစိတ်အပြည့်ရှိတာ NUG နဲ့ PDF တွေမဟုတ်ပဲ မအလစစ်အုပ်စုဆိုတာ တရုတ်ဘက်ကသိပြီးဖြစ်မှာပါ၊ အဲတော့ တရုတ်ရဲ့ မအလဘက်က ရပ်တည်မှုဟာ US ဆန့်ကျင်ရေးအတွက် ခြံစည်းရိုးလုံအောင် ခွေးကိုက်တတ်မွေးတာဖြစ်ပေမယ့် ဒီခွေးက သခင်ကိုပြန်ကိုက်တာမျိုးဖြစ်လာရင်တော့ ဒီထောက်ခံမှုက ပြန်စဥ်းစားရတော့မယ့်အရာဖြစ်လာပါလိမ့်မယ်။ တဘက်က NUG အနေနဲ့လဲ နိုင်ငံခြားရေးပေါ်လစီမှာ တည့်မတ်စွာ ကြားနေမယ့် ပေါ်လစီကျင့်သုံးမှာ ဖြစ်ကြောင်း သက်သေပြရပါလိမ့်မယ်။ အိမ်နီးချင်းများဆိုတာ ရာသက်ပန် ဆက်ဆံရမှာ ဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်ဆံရေးတွေ ကောင်းနေဖို့ အမြဲအလေးထားဆောင်ရွက်ကြောင်း ပေါ်လွင်အောင် ပြသရမှာပဲဖြစ်ပါတယ်။ မအလလို အရူးကွက်နင်းမှာ မဟုတ်ပဲ တည်ကြည်ဖြောင့်မတ်စွာ နှစ်နိုင်ငံအကျိုးရှိရေး အလေးပေးဆောင်ရွက်မှာ ဖြစ်ကြောင်း ပြသဖို့လိုနေတာပဲဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

24 Oct, 15:52


အိမ်ပြန်ဖို့ အိမ်မက်မဝေးတော့ပါ

လွန်ခဲ့တဲ့ ၂ နှစ်လောက်​ကတော့ တောထဲက ရဲဘော်တွေအနေနဲ့ အိမ်ပြန်ဖို့ဆိုတာ အိမ်မက်တခုပါပဲ… ဒါပေမယ့် အခုဆိုရင်တော့ ခုခံတွန်းလှန်စစ်အဆင့်ထိ ရောက်လာတဲ့အချိန်မှာ အိမ်မက်တွေ အလှမ်းမဝေးတော့ပါဘူး။
တချို့သော ရဲဘော်တွေ ကိုယ့်အိမ်ကို ပြန်ဝင်နိုင်ခဲ့ပြီ။
တချို့သော ရဲဘော်တွေ အိမ်ထမင်းဟင်း ပြန်စားနိုင်ခဲ့ပါပြီ။

ဒီလို အခိုက်အတန့်တွေကို ရဲဘော်အားလုံးလည်း မျှော်လင့်နိုင်ပါပြီ။ ဒါ့ကြောင့် ဒီလိုမျိုး ရည်မှန်းချက်နဲ့ သက်ဆိုင်ရာ တပ်ဖွဲ့တွေ အားလုံးက အိမ်အပြန် ကမ်ပိန်းတွေကို အသီးသီး စတင်နေကြပါပြီ။

ဒါဟာ လက်ရှိတော်လှန်ရေး အခြေအနေရဲ့ တိုးတက်မှု ပြယုဒ်တခုပဲ ဖြစ်ပါတယ်။

#PDFInsight

PDF Insight

24 Oct, 13:31


စစ်တပ်ရဲ့ အဓမ္မလူသစ်စုဆောင်းမှုကို ခုခံတွန်းလှန်မှုများ
……………………………

စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၃ နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အပြင်းအထန် ခုခံ တိုက်ခိုက်မှု ခံလာရပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုမိုထိခိုက် သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေလို့ ခေါ်တဲ့ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေကို ကြော်ငြာခဲ့ပါတယ်။စစ်မှုထမ်းဥပဒေကို အသုံးချ၍ နိုင်ငံနေရာအနှံ့အပြားရှိ လူငယ်တွေ၊စစ်မှုထမ်းရန် အသက်မပြည့်သေးသောသူတွေသာမက သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေပါ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရပါတယ်။ စစ်သင်တန်းဆင်း တပ်သားသစ်တွေကိုလဲ သင်တန်းဆင်းတာနဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းမြောက်နှင့် ကရင်ပြည်နယ်ရှိ ရှေ့တန်းတိုက်ပွဲတွေကို အတင်းအကြပ် စေခိုင်းခံနေရပါတယ်။

လတ်တလော ဖြစ်စဉ်တွေ အနေနဲ့ - မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်မှုမထမ်းချင်လို့ သထုံလေ့ကျင့်ရေးတပ်မှ ထွက်ပြေးလာတဲ့ တပ်သားသစ် (၆)ဦးကို အသေပစ်သတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

- ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အတင်းအဓမ္မစုဆောင်းထားတဲ့ လူငယ်ရာချီ ရှေ့တန်းပို့ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ တပ်သား ဆယ်ချီ သေဆုံးခဲ့ပြီး မဆွဲနိုင်ဘဲ ကျန်ခဲ့သော ရုပ်အလောင်းမှာ ပါလာတဲ့ မှတ်ပုံတင် အချက်အလက်အရ ၂၀၀၀ခုနှစ်ဖွားတွေ ပိုများကြောင်း ပုလော PDF က ထုတ်ပြန်ခဲ့ပါတယ်။
- မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းခံထားရတဲ့ စစ်သား (၅) ဦး မြိတ် ပကဖ အဖွဲ့ထံ အောက်တိုဘာလ အတွင်း ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာသူ (၅) ဦး အနက် (၁) ဦး ဟာ ဧရာဝတီတိုင်း၊ ဓနုဖြူ၊ (၂) ဦး ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့ မှ အဓမ္မ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။
- ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နေတဲ့ လူငယ် (၂၇) ဦး ကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ လှေ (၇) စီးနဲ့ တင်ဆောင်လာစဉ် အစောင့် စစ်သား (၂) ဦး ပဲ ပါလာတဲ့ အတွက် စစ်သား (၂) ဦး လုံးကို လူငယ်တွေက သတ်ပြီး ထွက်ပြေးလွတ်မြောက်လာမှုဖြစ်စဉ်လည်း စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့ပါတယ်။
- ရန်ကုန်မြို့မှာ အဓမ္မ လူသစ် စုခံရပြီး စစ်သင်တန်း အပတ်စဉ် (၁) ကို ပို့ဆောင်ခံခဲ့ရတဲ့ တပ်သား အေးချမ်းအောင် လည်း စက်တင်ဘာလ (၂၉) ရက်နေ့မှာ Loikaw Local PDF အဖွဲ့ ထံ လက်နက်နဲ့ တကွ အလင်းဝင်ရောက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်တပ် အနေနဲ့ လူငယ်တွေကို အဓမ္မ လူသစ် စုဆောင်းပြီး လိုအပ်လျက်ရှိတဲ့ တပ်သား အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပေမယ့် ရည်ရွယ်ချက် မပေါက်မြောက်တာ၊ လူငယ်တွေက အခြေအနေ ပေးရင် ပေးသလို ပြန်လည် တိုက်ခိုက်တာ၊ တပ်သားသစ် ဖြစ်ပြီးတာတောင်မှ လက်နက်ချတာတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

22 Oct, 14:32


ဘုတလင် စီပါရွာက စက်ဆုပ်စရာလုပ်ရပ်‌တွေကို စစ်ကောင်စီတပ်သားတွေပဲ ဆေးကြောင်ပြီး ကျုးလွန်ကြောင်း သက်သေတွေ

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်းမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကြည့်ရင် စစ်ကောင်စီတပ်အတွင်းမှာ မူးယစ်ဆေးဝါးကို အသက်ဆက်ဆေးအနေနဲ့ သုံးစွဲနေကြတာ အတော်ကို သိသာထင်ရှားပါတယ်။

ဒီလို လူစိတ်ပျောက်တဲ့အထိ သုံးစွဲစေတာကြောင့်လည်း ဘုတလင် စီပါရွာလို လုပ်ရပ်တွေကို လက်မရွံ့ဘဲ လုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှ်ိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

21 Oct, 13:41


ဓားတောင်ကို ကျော်မယ့် PDF
…………………………………………………
စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်ချက်မှန်သမျှကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖတွေက ကျော်လွှားသွားမှာ ဖြစ်ပါတယ်။ ဒီလိုကျော်လွှားတဲ့နေရာမှာ တော်လှန်လူထု ထောက်ခံမှု၊ အားပေးမှု ဆက်ရှိနေအောင် လုပ်ဆောင်ရေးက အရေးကြီးဆုံး ဖြစ်ပါတယ်။

PDF တွေ နဲ့ ပကဖ တွေဟာ စစ်ပညာလုံးဝ မရှိ၊ သေနတ် တလက်မှ မရှိတဲ့ အခြေအနေကနေ ဒီနေ့ဆိုရင် မြို့ပေါင်း (၈) မြို့ ကို သိမ်းယူပြီး ဖြစ်သလို မြို့သိမ်းတိုက်ပွဲများစွာ ဝင်ရောက် တိုက်ခိုက်ထားတဲ့ အတွေ့အကြုံကို ရရှိထားပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ နဲ့မတူတာက PDF နဲ့ ပကဖ တွေဟာ တနိုင်ငံလုံးအနှံ့ တောင်ပေါ်၊ မြေပြန့်ဒေသ အသီးသီးမှာ တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ စစ်ဆင် တိုက်ခိုက်မှုဟာ ဒေသတခု၊ တိုင်း တခုမှာ ကန့်သတ် ပေါ်ပေါက်နေတာ မဟုတ်ပါဘူး။ အထူးခြားဆုံးကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာပါ မြို့ပြ တိုက်ပွဲတွေ ဖော်ဆောင်တိုက်ခိုက်လျက်ရှိပါတယ်။ ဒီလို စဉ်ဆက်မပျက်ပေါ်နေတဲ့ မြို့ပြတိုက်ခိုက်မှုတွေဟာ ဒီနေ့တော်လှန်ရေးရဲ့ ထူးခြားချက်တခု ဖြစ်ပါတယ်။

လူထု ထောက်ခံမှုအားဖြင့် ကြည့်မယ်ဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ တနိုင်ငံလုံးက လူထု အထူးသဖြင့် မြေပြန့် ဒေသက လူထုအများစုရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ လူဦးရေ သန်း (၃၀) ဝန်းကျင်မှာ အများစု ရဲ့ ထောက်ခံမှု ရရှိထားပါတယ်။ လက်နက်ကိုင် အင်အားအနေနဲ့ PDF တပ်မတော် မှာ အင်အား (၇၀ ၀၀၀) ကျော် နဲ့ ပကဖ အဖွဲ့မှာ ပြည်သူ့စစ် အသွင်ဖွဲ့စည်းထားတဲ့ အင်အား သိန်းချီ ရှိနေပါတယ်။ အခုလို လူထုထောက်ခံမှု နဲ့ တပ်အင်အား ရှိနေတဲ့ PDF၊ ပကဖ တွေ အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဦးဆောင်မှုအောက်နေ စစ်အာဏာရှင် စနစ် နဲ့ အာဏာရှင်စနစ်မျိုးစုံကို ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်ပါတယ်။

တဘက်မှာလည်း လက်နက်ကိုင်တော်လှန်ရေးတွေဟာ ခက်ခဲကြမ်းတမ်းမှုတွေ၊ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိတယ်၊ စိန်ခေါ်ချက်တွေရှိတယ်ဆိုတာ သတိပြုဖို့လည်း လိုပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အခြေအနေကောင်းတွေရှိခဲ့ရာကနေ ၁၉၇၅ ခုနစ်မှာ ပဲခူး ရိုးမ အခြေခံဒေသ ချေမှုန်းခံလိုက်ရတာ၊ နိုင်ငံတွင်းရှိ တခြားလွတ်မြောက်နယ်မြေတွေ ဆုံးရှုံးသွားတာတွေကြုံတွေ့ခဲ့ရပါတယ်။ ၁၉၆၈ ခုနစ်မှာ အိမ်နီးချင်းနိုင်ငံတခုရဲ့ စစ်ရေးကူညီပံ့ပိုးမှုတွေနဲ့ အတူ အရှေ့မြောက်ဒေသ ဝ၊ ကိုးကန့်၊ ရှမ်းမြောက်နယ်မြေတွေမှာ အခြေခံဒေသတွေ ပေါ်ထွက်လာပေမယ့်လည်း ၁၉၈၉ ခုနစ် လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ (ယနေ့ UWSA, MNDAA, NDAK, မိုင်းလား) ခွဲထွက်ပြီးတဲ့နောက်မှာ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး ခဏတာ ရပ်တန့်သွားပြီး ယနေ့ ၂၀၂၁ ခုနစ်မှာ ဗကပ PLA အဖြစ် ပြန်လည် ပေါ်ထွက်လာပါတယ်။ PDF တွေ နဲ့ ပကဖ တွေ ဆိုတာ နိုင်ငံခြားက စစ်ရေးအကူအညီ လုံးဝမရှိတဲ့ အခြေအနေအောက်၊ တိတိကျကျ ပြောရရင် နိုင်ငံတကာက လက်နက်ကိုင် တော်လှန်ရေးကို အားမပေး ပိတ်ပင်နေတဲ့ အနေအထားအောက်ကနေ စစ်ကိုင်းတိုင်း တခုလုံး၊ မကွေးတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်း၊ ပဲခူးရိုးမ ဒေသတွေကို စိုးမိုးနိုင်တဲ့ အထိ စစ်ရေးအောင်ပွဲတွေကို ရယူထားတာဖြစ်ပါတယ်။

PDF Insight

21 Oct, 13:41


အနီးခေတ် ပြည်တွင်းလက်နက်ကိုင် တော်လှန်မှု ဖြစ်စဉ်ကို ကြည့်ရင်လည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ခက်ခဲတဲ့ မုန်တိုင်းကာလတွေကို ဖြတ်သန်းပြီးမှ ယနေ့လို အောင်ပွဲတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အမည်ခံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ တနိုင်ငံလုံးမှာ လက်နက်ကိုင်တိုက်ပွဲက နောက်တန်းကို ရောက်ပြီး အသွင်ကူးပြောင်းရေး ဖြစ်စဉ် ရှေ့တန်း ရောက်နေတဲ့ကာလမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဟာ မြောက်ပိုင်းဒေသမှာ တဖွဲ့တည်း အင်အား နဲ့ အကြမ်းဖက် စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ လိုင်ဇာဌာနချုပ်နားမှာ ရန်သူ့ စစ်စခန်းတွေ ပတ်ချာလည် ဝိုင်းခံထားရတဲ့ အခြေအနေ ကနေ ၂၀၂၄ ခုနစ် မတ်လ တန်ပြန်ထိုးစစ်မှာ ဌာနချုပ် နယ်မြေ ရော၊ အနီးပတ် ဝန်းကျင်က စစ်စခန်းတွေ၊ မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ကာလတွေမှာ အေအေ အာရက္ခတပ်တော်ဟာ ရခိုင်ဒေသမှာ လက်နက်ကိုင် တိုက်ပွဲကို တဖွဲ့တည်း တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အထောက်အပံ့မရမှု၊ စစ်ရေး ထောက်ပို့လမ်းကြောင်း အလွန်အမင်း ရှည်လျားမှု၊ ပြည်မ မြေပြန့် ဒေသမှာ အကြမ်းမဖက် နိုင်ငံရေး အလွန်အမင်း အားကောင်းနေတဲ့ ပေးထားချက်အောက်မှာ အာရက္ခ တပ်တော်ဟာ လက်နက်ကိုင် တော်လှန်ရေး ကို ဆင်နွဲခဲ့ရပါတယ်။ ဒီနေ့ကာလမှာဆိုရင် ရခိုင်တပြည်နယ်လုံး နီးပါးကို ထိန်းချုပ်၊ စိုးမိုးနိုင်တဲ့ အခြေအနေကို အာရက္ခ တပ်တော် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကချင် KIA နဲ့ ရခိုင် AA တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွေ ယနေ့ ရရှိထားတဲ့ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှု တွေဟာ နေ့ချင်းညချင်း အလွယ်တကူ ရရှိလာတာမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ မှ ရရှိလာတာ ဖြစ်ပါတယ်။

PDF တွေ နဲ့ ပကဖ တွေ အနေနဲ့လည်း စိန်ခေါ်ချက်တွေ ရှိလာနိုင်တယ်ဆိုပြီး အသင့်ပြင်ထားသင့်ပါတယ်။ အဲဒီလို စိန်ခေါ်ချက်တွေဟာ စစ်ရေး စိန်ခေါ်ချက်တွေ ဖြစ်နိုင်သလို နိုင်ငံရေး စိန်ခေါ်ချက်တွေ၊ လူမျိုးစုရေး စိန်ခေါ်ချက်တွေ၊ လူထု ထောက်ခံမှု ဆိုင်ရာ စိန်ခေါ်ချက်တွေ ဖြစ်နိုင်ပါတယ်။ ဒီ စိန်ခေါ်ချက်တွေကို ကျော်လွှားရေးမှာ အရေးကြီးဆုံးက လူထု ထောက်ခံမှု နဲ့ စနစ်တကျ စည်းကမ်း ရှိတဲ့ တပ် အဖြစ် ပေါ်ထွန်းလာစေရေး ဖြစ်တယ်။ လူထု ထောက်ခံမှုရရှိရေးအတွက် ကျင့်ဝတ် နဲ့ ပြည့်စုံတဲ့ တပ်၊ အကြမ်းဖက် ရန်သူတပ် ထက် သာလွန်တဲ့ ကျင့်ဝတ်၊ စစ်ဉပဒေတွေကို လိုက်နာတဲ့တပ် ဖြစ်ဖို့လိုပါတယ်။ ဒီလို လိုက်နာကျင့်သုံးရာမှာလဲ ကျင့်ဝတ်တွေ၊ စံနှုန်းတွေ ကို လူထုထောက်ခံပါစေ၊ ရန်သူ့ထက် သာလွန်ပါစေဆိုတဲ့ စိတ် နဲ့ လိုက်နာခြင်း ထက် ဒီ ကျင့်ဝတ်၊ စံနှုန်းတွေကို မူလ အားဖြင့်ကို လေးစားလိုက်နာလိုတဲ့ စိတ်(in itself) ဖြစ်ဖို့လိုပါတယ်။ အလားတူပဲ အခိုင်အမာ ခံစစ်ဆင်မယ့်၊ အကြမ်းဖက်မယ့် ရန်သူကို အမြစ်ပျက်ချေမှုန်းရေးအတွက် စစ်မိန့်၊ စစ်စည်းကမ်း လိုက်နာတဲ့ ကျစ်လစ်တဲ့ တပ်ဖြစ်ဖို့လည်း လိုပါတယ်။

ရုပ်ဝတ္ထုအားဖြင့် တနိုင်ငံလုံးမှာ ခံစစ်စခန်းတွေ၊ တပ်မ၊ တပ်ရင်း ဌာနချုပ်တွေ၊ လေတပ်စခန်းတွေ ဖြန့်ကြပ် တည်ဆောက်ထားသလို စစ်အာဏာရှင် အတွေးအခေါ် ကို ၁၉၆၂ ခုနစ် ကတည်းက ရိုက်သွင်းထားတဲ့ စစ်အုပ်စု ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေ အနေနဲ့ စနစ်တကျ ပြင်ဆင်ဖို့၊ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေကို ကျော်ဖို့လိုပါတယ်။ လက်ရှိကို စစ်အုပ်စုဟာ ရုပ်ဝတ္ထုပိုင်း၊ စိတ်ဓာတ်ပိုင်းအရ စတင် ယိုင်လဲနေပြီ ဖြစ်ပါတယ်။ ဒီယိုင်လဲမှုကနေ စစ်အာဏာရှင် အတွေးအခေါ် ဒီနိုင်ငံမှာ အလုံးစုံ ခြွေမွှသွားနိုင်ဖို့ အတွက် PDF နဲ့ ပကဖ တွေ အနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရဖို့ရှိပါသေးတယ်။ PDF နဲ့ ပကဖ တွေ အနေနဲ့ အခက်အခဲ၊ စိန်ခေါ်ချက် ဘယ်လို ရှိပါစေ ကျော်လွှားပြီး အောင်ပွဲကို အရယူဖို့ စိတ်ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

(မြသန်းတင့်-ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် စာအုပ်ခေါင်းစဉ်ကို မှီငြမ်းသည်)

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

19 Oct, 13:57


ချင်းပြည်နယ်မှာဆိုရင်လဲ ချင်းပြည်အစိုးရနဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ပေါင်းစုတွေဟာ ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး စစ်ဆင်ရေးနည်းဗျူဟာ မတူညီတဲ့ တောင်ပေါ်နဲ့ မြို့ပြစစ်ဆင်ရေးတွင် ပူးပေါင်းထားတဲ့ Tilim Operation-4 ကို စတင်ဖော်ဆောင်ခဲ့တာမှာ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်ဘက်က မြို့တွင်း ၊ မြို့ပြင် နဲ့ စိုးမိုးတောင်ကုန်းတွေကနေ အခိုင်အမာ အင်အားဖြည့်တင်းကာ နေ့စဉ်ရက်ဆက် လေကြောင်းပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေတဲ့ကြားကနေ ရက်ပေါင်း ၈၀ ကျော်အတွင်းမှာ ထန်တလန်မြို့ ရှေ့တန်းအမာခံ စခန်းများဖြစ်တဲ့ Auto တောင်စခန်း ၃ ခု၊ ထန်တလန် - ဟားခါးလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် စခန်းများကို သိမ်းပိုက် ရရှိခဲ့တဲ့အပြင် ထန်တလန်မြို့အတွင်းက စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းကိုလည်း ဝင်ရောက် စီးနင်း သိမ်းပိုက်နိုင်တဲ့အထိ မြို့ပြ အနီးကပ်စစ်ဆင်ရေးများကိုလဲ အောင်မြင်စွာ တိုက်ကွက်ဖော် ဆောင်ရွက်နိုင်နေတာဖြစ်ပါတယ်။ ထန်တလန်မြို့အတွင်းက အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် အခိုင်အမာ ခြေကုပ်ယူထားတဲ့ စစ်စခန်းတွေကို ချင်းပြည်နယ်အစိုးရနဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ပေါင်းစုတွေဟာ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး မြို့ပြစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ညနေ ၆ နာရီအထိ တနေ့လုံးနီးပါး အနီးကပ်ရပ်ကွက်တွင်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်ဘက်က အထိနာ အကျဆုံးများတဲ့အတွက် လေကြောင်း ပစ်ကူအဖြစ် Y-12 လေယာဉ်နဲ့ အကြိမ် ၆၀ ကျော်၊ ဂျက်ဖိုက်တာနဲ့ ၁၀ ကြိမ်ကျော် ပစ်ကူပေး တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီလို မြို့ပြတွင်း ခံစစ်နည်းဗျူဟာအရရော၊ လေကြောင်းပစ်ကူပေးနိုင်မှုအရရော သာလွန်အခြေအနေတွေရှိနေတဲ့ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ထန်တလန်မြို့ပေါ်က CB ဘဏ် စစ်ခြေစိုက်စခန်းကို ချင်းပြည်နယ်အစိုးရနဲ့ တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုတို့ကနေပြီး အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်မှာ ပူးပေါင်းမြို့ပြစစ်ဆင်ရေးအဖြစ် အနီးကပ် ရှာဖွေရှင်းလေးချေမှုန်းရေးတိုက်ပွဲအဖြစ် ဝင်ရောက်စစ်ဆင်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာ ၂ နာရီဝန်းကျင်အချိန်မှာ CB ဘဏ် စစ်အခြေစိုက်စခန်းကို သိမ်းပိုက်ရယူနိုင်ခဲ့ကြပါတယ်။

အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် ဝင်ရောက် ခြေကုပ်ယူ တပ်စွဲထားတဲ့ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ လပ်ကီးမဲန်းဟိုတယ်ကို ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တော်လှန်ရေး မဟာမိတ် တပ်ပေါင်းအင်အားစုတွေက အောက်တိုဘာလ ၆ ရက်နေ့မှာ ဝင်ရောက်စီးနင်း ရှာဖွေချေမှုန်းရေး စစ်ဆင်ရေး ဆင်နွှဲခဲ့တာမှာ မနက် ၆ နာရီခန့်မှာ စစ်ဆင်ရေး အောင်မြင်စွာပြီးစီးခဲ့ပြီး ရန်သူ အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့် အရှင်လက်ရ ဖမ်းဆီးမိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ ဘုံစစ်ရေး ရည်မှန်းချက်များ ထားရှိပြီး မတူညီတဲ့ စစ်ဆင်ရေးတွေကို မြေပြန့် ၊ တောင်ပေါ် ၊ မြစ်ကြောင်း အတွင်းတွေသာမက ရန်သူ ခုခံသူဘက်က စစ်ဆင်ရေးနည်းဗျူဟာ အသာစီးရတဲ့ မြို့ပြကြီးတွေအတွင်းမှာပါ အောင်မြင်စွာ စစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

19 Oct, 13:57


မြို့တွင်း အခိုင်အမာ ခံစစ်နေရာများကို ချေမှုန်းခြင်း
…………………………………………………
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာရှင်စစ်ကောင်စီတပ်ရဲ့ နိုင့်ထက်စီးနင်း လက်နက်အားကိုး အာဏာသိမ်း လူသတ်အကြမ်းဖက်မှုတွေကို ခေါင်းငုံ့ လက်မခံနိုင် ဖြစ်ခဲ့ကြရတဲ့ ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲလာတာဟာ အခုဆိုရင် ၃နှစ်ကျော်လို့ ၄ နှစ် ပြည့်လာတော့မှာ ဖြစ်ပါတယ်။ ဒီ ပြည်သူ့ခုခံတော်လှန်စစ် ၄ နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ အခက်အခဲများစွာ၊ ရင်းနှီးပေးဆပ်ရမှုများစွာ ၊ စစ်ရေးအရ သင်ခန်းစာများစွာကို လက်တွေ့ ကြုံတွေ့ ဖြတ်ကျော်လာအပြီးမှာ ဖြည်းဖြည်းမှန်မှန်နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အပြီးသတ် ပြိုကျပျက်သုဉ်းသွားစေရေး တန်ပြန်ထိုးစစ်ကြီးတွေကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ တိုက်ကွက်ဖော် ထိုးစစ်ဆင်လာနိုင်ပြီဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ စစ်ဆင်ရေးနည်းဗျူဟာ မတူညီတဲ့ မြေပြန့် ၊ တောင်ပေါ် ၊ မြစ်ကြောင်းအတွင်းတွေသာမက ရန်သူ ခုခံသူဘက်က စစ်ဆင်ရေးနည်းဗျူဟာ အသာစီးရတဲ့ မြို့ပြကြီးတွေအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ စစ်ဆင်ရေးများ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရုံးစိုက်ထားရာ မြို့ကြီးများမှာရှိတဲ့ အဓိက စစ်စခန်းများ နဲ့ အရေးကြီး စစ်ရေးပစ်မှတ်များကို တော်လှန်ရေး အင်အားစုတွေ ဝင်ရောက် တိုက်ခိုက်နိုင်တဲ့ အဆင့်ထိ ရောက်လာပြီ ဖြစ်ပါတယ်။ ရန်သူဟာ ကျေးလက်ဒေသတွေကို စွန့်လွှတ်ပြီး မြို့ပြကြီးတွေမှာ အခိုင်အမာခံစစ်ဆင်ပေမယ့် အဲဒီ မြို့ပြ ခံစစ် နေရာတွေပါ ချေမှုန်းခံလာရပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ ကသုံးလုံးစစ်ဆင်ရေးနယ်မြေအတွင်းက ပူးပေါင်း မြို့ပြစစ်ဆင်ရေး ဖြစ်တဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ ရန်သူ့ဘက်က တပ်ရင်း ၁၀ ခုကျော်(အင်အား ၈၀၀ နီးပါး) သုံးကာ လေကြောင်းမှ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်အထိ အသုံးပြုပြီး ပင်လယ်ဘူးမြို့အတွင်းကနေ အခိုင်အမာ အင်အားဖြည့် တပ်စွဲ ခုခံခဲ့ပေမယ့် တိုက်ပွဲစတင်ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဘက်က ပင်လည်ဘူးမြို့ကို အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ပါတယ်။ပင်လည်ဘူးမြို့သိမ်း စစ်ဆင်ရေးအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖနဲ့ တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုတွေဟာ ရန်သူ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်ကို ပင်လည်ဘူးမြို့အတွင်းမှာ ဝိုင်းပတ် ကျုံးသွင်းကာ အနီးကပ် ရပ်ကွက်တွင်းတိုက်ပွဲများစွာကို အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

PDF Insight

19 Oct, 03:30


PDF Vs အကြမ်းဖက်တပ်

လူထုအကျိုးထမ်း‌ဆောင်သူ Vs စစ်တပ်အဝန်းအဝိုင်းထဲက မထွက်နိုင်တဲ့ အာဏာရှင်

ပင်လည်ဘူးမြို့ သိမ်းပိုက်အပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်စစ်မြေပြင်ရောက်ရှိကာ လူထုနဲ့ နီးနီးကပ်ကပ် တွေ့ဆုံပြီး သိပ်မကြာခင် ရက်ပိုင်းမှာပဲ

အကြမ်းဖက်တပ်ရဲ့ ဒုတိယစစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ပင်လည်ဘူးမြို့ အနီးဝန်းကျင်က ဝန်းသိုတပ်နယ်ကို ရောက်ရှိပြီး ၎င်းတို့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ၊ စစ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နီးကပ်လျက်ရှိတဲ့ မြို့ ၂ ခုမှာ ရှိခဲ့ကြပေမယ့် တဦးက လူထုအကျိုး‌ထမ်းဆောင်သူဖြစ်ပြီး နောက်တဦးက ကိုယ့်စစ်တပ်အဝန်းအဝိုင်းထဲက မထွက်နိုင်တဲ့ အာဏာရှင် ဖြစ်ပါတယ်။

#PDFInsight

PDF Insight

17 Oct, 14:11


ရဲရင့်ဖြတ်သန်း တော်လှန်သီတင်းကျွတ်လမ်း

ဒီနှစ်သီတင်းကျွတ်က အရင်နှစ်တွေနဲ့ ဘယ်လိုကွာခြားလာလဲဆို လူတိုင်းပြန်ချင်ကြတဲ့ အိမ်ကို မပြန်ရသေးပေမယ့် အိမ်လွမ်းကြတဲ့ ရဲဘော်ဆိုတာ ရှားပါးလာတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အိမ်ဆိုတာ ပြန်လို့ ရတယ်ဆိုတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ပိုပြည့်လာတာကြောင့် ဖြစ်ပါတယ်။ ဒါတွေဟာ သီတင်းကျွတ်မှာ ဆီမီးထွန်းညှိသလိုပါပဲ… တိုက်ပွဲတွေတိုင်းမှာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တဲ့ အကျိုးရလဒ်တွေ ဖြစ်ပါတယ်။

အခုဆို လူငယ်တွေဟာ အနီးကပ်ဆုံးက ရင်ဘက်ချင်းတူတဲ့ ရဲဘော်တွေရှိလာပြီ။ တဦးနဲ့တဦး ဖေးမကူညီကြတဲ့ မိသားစုအသစ်တွေနေထိုင်ပြီး နွေးထွေးတဲ့ အိမ်အသစ်လေးတွေ ပိုင်ဆိုင်လာကြပါပြီ။

ဒီလိုတော်လှန်သီတင်းကျွတ်မှာ ရဲရင့်စွာနဲ့ ဖြတ်သန်းနေကြတဲ့ ရဲဘော်အားလုံးကို လေးစားဦးညွတ်ပါတယ်။

#တော်လှန်သီတင်းကျွတ်

PDF Insight

16 Oct, 14:51


နိုင်ငံရေးအရလဲ K3C + NUG ဆိုတာရှိပြီးသားပါ။ AA နဲ့ TNLA တို့က ရည်မှန်းချက်တခုရောက်ရင် ဆက်ပြီးပါလာကြမှာပါ။ ဒီနှစ်ဖွဲ့ဟာ ဘာသာရေး၊ ယဥ်ကျေးမှု၊ စီးပွားရေး အားလုံး မြေပြန့်ဒေသတွေနဲ့ ဆက်စပ်ပတ်သက်မှု အားကောင်းစွာတည်ရှိပြီးဖြစ်လို့ အနာဂါတ်မြန်မာနိုင်ငံတည်ဆောက်မှုမှာ ဦးဆောင်ပါဝင်လာကြမယ်ဆိုတာ ယုံမှား သံသယဖြစ်စရာ မရှိပါဘူး၊ ပြည်ပ ပုဂ္ဂိုလ်အချို့နဲ့ တရုတ်ဘက်က တမင်စိုးရိမ်ပြနေကြတဲ့ နိုင်ငံပြိုကွဲနိုင်တယ်ဆိုတာ သူတို့အကျိုးထိခိုက်မှာစိုးလို့ ထွင်ထားတဲ့ ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ နိုင်ငံပြိုကွဲတယ်ဆိုတာရဲ့ အကောင်းဆုံး ဥပမာကို တရုတ်နိုင်ငံရဲ့သမိုင်းမှာတွေ့နိုင်တယ်၊ AD ၂၀၀လောက်ကနေ ၂၆၀ လောက်အထိကြာတဲ့ သုံးပြည်ထောင်ခေတ်ဆိုတာရှိခဲ့တယ်။ အတိုချုပ်ပြောရရင် ဟန်မင်းဆက်နောက်ဆုံးဘုရင်လေးက အသက်၁၄နှစ်ပဲရှိသေးတော့ နန်းတွင်းကို မိန်းမစိုး ကုန်းကုန်းတွေ ချယ်လှယ်နေတာ။ အဲဒါကို စစ်သူကြီးက ကိုင်တွယ်ဖို့လုပ်ချိန်မှာ ဒီစစ်သူကြီးကို ကုန်းကုန်းအုပ်စုက လုပ်ကြံလိုက်တယ်။ အဲဒီမှာ မင်းနေပြည်ရောက်နေတဲ့ အလွန်ဆိုးသွမ်းတဲ့ တုန်ကျိုးဆိုတဲ့ စစ်ဘုရင်က ကုန်းကုန်းတွေကို နှိမ်နင်းပြီး အာဏာသိမ်းလိုက်တာဖြစ်တယ်။ ၁၄ နှစ်ဘုရင်လေးကို နန်းချပြီး ၉နှစ်သား မင်းသားလေးကို နန်းတင်ကာ လက်တွေ့မှာ သူက ဘုရင်တက်လုပ်တော့တာပဲ။ ဒီလူဟာ တရုတ်သမိုင်းမှာအဆိုးသွမ်းဆုံးပုဂ္ဂိုလ်ထဲမှာပါတယ်။ "သူ့ရဲ့ပြစ်မှုတွေကို ထပ်ထားလိုက်မယ်ဆိုရင် မိုးကောင်းကင်အထိမြင့်တက်နေမှာဖြစ်ပြီး ဖြန့်ခင်းထားလိုက်ရင်တော့ တလောကလုံးကို ဖုံးသွားနိုင်တယ်လို့" တောင် ပြောစမှတ်ပြုရသူပါပဲ။ မြန်မာက ဘယ်သူနဲ့တူနေသလဲဆိုတာ ပြောဖို့မလိုတော့ဘူး ထင်ပါတယ်။ တိုတိုပြောရရင် ဒီလူကို ပညာရှိအမတ်တဦးနဲ့ အခြားသော အဖွဲ့ပေါင်းစုံက ဖြုတ်ချလိုက်ပြီးတဲ့နောက်မှာ သုံးပြည်ထောင် ဆိုတာဖြစ်လာတာ။ အဲဒါက သူ့အကြောင်းနဲ့သူရှိပါတယ်၊ သုံးဖွဲ့စလုံး မူလကတည်းက အင်အားရှိထားကြပြီးသားဖြစ်နေတယ်။ တဖွဲ့က ဘုရင်ငယ်လေးကိုရထားတယ်။ သူတို့က ဘုရင်ကို အသေအချာနန်းတင်ပေးပြီး နိုင်ငံပြန်ထူထောင်တယ်။အဲဒါကမြောက်ပိုင်းဖြစ်ပြီး ချောင်မျိုးနွယ်ကတည်ထောင်လို့ ချောင်ဝေနိုင်ငံလို့ခေါ်တယ်။ နောက်တဖွဲ့က တော်ဝင်မျိုးနွယ်တယောက်ဦးစီးတာဆိုတော့ သူကလည်း နိုင်ငံတခုထောင်တယ်။ သူကတရုတ်အနောက်တောင်ပိုင်းမှာ အခြေပြုပြီး ရှုဟန် ဆိုတဲ့ နိုင်ငံထူထောင်တယ်။ နောက်တဖွဲ့ကတော့ တရုတ်တောင်ပိုင်းက စစ်ဘုရင်။ သူကလည်း တသီးတခြားရှိနေတဲ့ သူ့နယ်မှာ ခေါင်းဆောင်ဖြစ်နေတယ်။ သူကတော့ စွန်းဆိုတဲ့မျိုးနွယ်ကမို့ စွန်းဝူ ဆိုတဲ့နိုင်ငံဖြစ်လာတယ်။ ဒီလိုနဲ့ သုံးပြည်ထောင်ခေတ်ဆိုတာဖြစ်လာတာပါပဲ။ ဒါပေမယ့်ကြာကြာမခံပါဘူး။ နှစ် ၆၀ လောက်အကြာမှာ တပြည်လုံးကိုပြန်စုစည်းနိုင်တဲ့ ခေတ်တခုပြန်ရောက်တာပါပဲ။ အဲတော့ တရုတ်လို တိုင်းပြည်အလွန်ကြီးတဲ့ နိုင်ငံမျိုးမှာ ဗဟိုအာဏာလျော့ကျသွားရင် ဘုရင်ဖြစ်ချင်တဲ့ ဒေသခံစစ်ဘုရင်တွေ အများကြီးပေါ်လာတာ ဘာမှမဆန်းပါဘူး။

မြန်မာကတော့ အဲလိုအခြေနေနဲ့ လားလားမှမတူပါဘူး။ အခုတော်လှန်နေကြတဲ့ အဖွဲ့တိုင်းဟာ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ တူညီတဲ့သဘောထားရှိကြပြီးဖြစ်တယ်။ အခုအဖွဲ့ပေါင်းစုံဖြစ်နေရတဲ့အကြောင်းက အာဏာရူးတွေကို လူတိုင်းကထွက်ပြီးတွန်းလှန်မှရမယ်ဆိုတဲ့ ပင်ကိုအသိကနေ စလာတဲ့ တော်လှန်ရေးဖြစ်လို့ပါပဲ။ ဒါက လက်ရှိကမ္ဘာမှာ အလွန်ထူးခြားတဲ့တော်လှန်ရေးမျိုးပါ။ ဒီအခြေအနေကို နားမလည်လို့ အချို့သောဝေဖန်ရေးဆရာများက အမျိုးမျိုးသော လားရာတွေနဲ့ ဝေဖန်ရှုမြင်ကြပေမယ့် တရုတ်ကတော့ နားမလည်လို့ ဟုတ်ပုံမရပါဘူး။ ကမ္ဘာလုံးဆိုင်ရာအမြင်တွေအရ ကိုယ်ကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ လမ်းကို ရွေးတာပါပဲ။ သူတို့ရွေးချယ်လိုက်တဲ့လမ်းကြောင်း မှားနေတယ်ဆိုတာ မကြာခင် သူတို့သိရှိလာနိုင်ပါတယ်။ မြန်မာ့အရေးက အဖြေရှိပြီးသားပါ။ ဒါကို နားမလည်သူတွေ နားလည်လာအောင်နဲ့ နားမလည်ချင်ယောင်ဆောင်သူတွေ နားလည်လာစေဖို့အတွက်ကတော့ မြေပြင်မှာ စစ်ရေးဖိအားဆက်ပေးရမှာဖြစ်ပြီး ပါးနပ်တဲ့ သံတမန်ရေးကြိုးပမ်းမှုနဲ့ ပေါင်းစပ်သွားရမှာပဲဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

PDF Insight

16 Oct, 14:51


အဖြေရှိပြီးသားဖြစ်တဲ့ မြန်မာ့နိုင်ငံရေး
………………….
သြဂုတ်လ ၂၇ ရက်ကတွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ တိန့်ကျောက် ဆွေးနွေးပွဲမှတ်တမ်းနဲ့ပတ်သက်လို့ နိုင်ငံတကာက နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ မြန်မာ့အရေး တရုတ်အရေးကျွမ်းကျင်သူတွေ အမြင်ပေါင်းစုံ သုံးသပ်ချက်ပေါင်းစုံ ပလူပျံနေတဲ့ အချိန်မှာပဲ နွေဦးတော်လှန်ရေးက အရေးပါတဲ့ မြို့နှစ်မြို့ထပ်ပီး သိမ်းပိုက်လိုက်တဲ့ သတင်းတွေ တက်လာပါတယ်။ ဒီမြို့နှစ်မြို့ဟာ မြို့မည်ကာမတ္တ မြို့မဟုတ်ပဲ အရွယ်အစားအရရော နေရာအနေအထားအရပါ ပေမှီအဆင့်မှီ မြို့ကြီးတွေဖြစ်တယ်။ ဒီမြို့တွေကို အလွယ်ရရှိခဲ့တာမဟုတ်ပါဘူး။ အချိန်ယူပြီး ကျားကုတ်ကျားခဲ တိုက်ခဲ့ရတာဖြစ်တယ်။ ထုံးစံအတိုင်း ထောက်ပို့ ခေါင်ချုပ် မအလဘက်ကလဲ တန်ပြန်အလှူကြီးအဖြစ် လက်နက်ခဲယမ်းအများအပြား ပေးလှူခဲ့တာတွေ့ရတယ်။ ပင်လည်ဘူးမြို့ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က အရေးပါတဲ့ မြို့တွေထဲက တမြို့ပါပဲ။ သီပေါကတော့ လားရှိုး-မန္တလေးလမ်းကြောထဲက ပြတ်နေတဲ့ ကွင်းဆက်တခုပါပဲ။ အခုတော့ နောင်ချိုကနေ မူဆယ်အဝင်အထိ တိုးလျိုပေါက်ဖြစ်သွားနေပြီပေါ့။ အခုတော့ လပခ နဲ့ ရပခ ဆက်တဲ့ပွိုင့်တခုဖြစ်တဲ့ တောင်ခမ်းကိုရဖို့ပဲ ကျန်တော့တာပါ။ လတ်တလောသတင်းတွေအရ အမ်းတိုက်ပွဲကလဲ နောက်ဆုံးအဆင့်လောက်ကိုရောက်နေပြီလို့ တွေ့ရပါတယ်။ တိန့်ကျောက် ဆွေးနွေးပွဲမှတ်တမ်းနဲ့ တရုတ်နိုင်ငံရဲ့သဘောထားက ဘယ်လိုပင်ဖြစ်နေပစေ တော်လှန်ရေးအရှိန်အဟုန်က လျော့မသွားဘူးဆိုတာဖော်ပြနေတာပါပဲ။

ကိုးကန့်နဲ့ ဝ မိုင်းလားစတဲ့ နယ်စပ်အဖွဲ့တွေအတွက် အကြပ်အတည်းဖြစ်နေတာ ကျန်အဖွဲ့အားလုံးကသိရှိထားကြပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာရော မြေပြန့်ဒေသတွေအားလုံးမှာ ဒီလို ထုထည်အင်အားကြီးမားတဲ့ တပ်ဖွဲ့မျိုးတွေ မရှိခဲ့ဖူးပါဘူး။ ဒီအင်အားတွေအားလုံးပေါင်းလိုက်ရင် လက်ရှိမအလ တပ်နဲ့တောင် အရေအတွက်အရ ဆတူလောက်ရှိနိုင်ပါတယ်။ ဒီတပ်တွေဟာ လက်နက်အင်အား မပြည့်စုံတာတောင်မှာ မအလကို မြေပြင်တိုက်ပွဲတိုင်း အနိုင်ရချေမှုန်းနေနိုင်တာတွေ့ကြရမှာပါ။ ဒီတိုက်ပွဲတွေမှာလဲ စုပေါင်းအင်အားတွေနဲ့တိုက်ကြတာပါ။ စစ်ကိုင်းမကွေး မန္တလေးဘက်တွေမှာ တိုက်ပွဲအကြီးအသေးကိုလိုက်လို့ အဖွဲ့ ၁၀ဖွဲ့မှ အဖွဲ့၅၀လောက်အထိ ပူးပေါင်းအကောင်ထည်ဖော်ကြတာတွေ့ရမှာပါ။ ပင်လည်ဘူးတိုက်ပွဲသတင်းကို ကြည့်လိုက်တော့ အဖွဲ့ပေါင်း ၅၀ လောက်ပူးပေါင်း ဆင်နွှဲကြတာတွေ့ရတယ်။ အရှေ့မြောက်က တိုက်ပွဲတွေအားလုံးမှာလည်း ဒေသခံ တိုင်းရင်းသားတပ်တွေနဲ့အတူ PDF အဖွဲ့ပေါင်းစုံ ပါဝင်နေတာပါ။ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်စတာတွေမှာလည်း PDF တပ်တွေက အင်အားကောင်းစွာပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။ လက်ရှိမြန်မာမှာ လူမျိုးတွေ၊ အင်အားစုတွေ၊ အဖွဲ့တွေဘယ်လောက်ပဲ များနေစေကာမူ ပူးပေါင်းဆောင်ရွက်လို့ရတယ် လက်တွေ့စစ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်နေကြတယ် ဆိုတာက တကယ့် အမှန်တရားကြီးပါ။

PDF Insight

15 Oct, 06:06


သိမ်းပြီးခါစ ပင်လည်ဘူးမြို့ကို ကာာကွယ်ရေးဝန်ကြီး သွားရောက်
…………………………………………………
ဧရာဝတီမြစ်ဝှမ်းဒေသ နဲ့ ချင်းတွင်းမြစ်ဝှမ်းဒေသ ချိတ်ဆက်ရေးမှာ မဟာဗျူဟာမြောက်တည်ရှိနေတဲ့ ပင်လည်ဘူး မြို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ ပူးပေါင်း တပ်တွေ အောက်တိုဘာလ (၈) ရက်နေ့က သိမ်းယူလိုက်ပါတယ်။ လတ်တလော သိမ်းယူပြီးထားတဲ့ ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် သွားရောက်ပြီး စစ်ဆေးနေတာ၊ ပြည်သူတွေနဲ့တွေ့ဆုံနေတာ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေကို လမ်းညွှန်ပြောကြားနေတာတွေကို ဖော်ပြထားတဲ့ ပုံတွေ အောက်တိုဘာလ (၁၅) ရက်နေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးဝန်ကြီး အောက်တိုဘာလ (၁၀) ရက်နေ့မှာသွားရောက်ခဲ့တယ်လို့ ပါရှိတဲ့ အတွက် မြို့သိမ်းပြီး (၂) ရက် အကြာမှာ သွားရောက်ခဲ့တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ ပုံတွေ အရ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ စစ်မြေပြင်မှာ ကာကွယ်ရေး ဝန်ကြီး ကိုယ်တိုင်ရောက်ရှိနေတယ် ဆိုတာ ထင်ရှားပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲထဲမှာ ရန်သူ့ဘက်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ရာချီ လုပ်ဆောင်ခဲ့ပြီး ဗုံးပေါင်း (၅၀၀၀) ကျော် ကြဲချထားပေမယ့်လည်း စစ်မြေပြင်မှာ တပ်တွေ နဲ့ အတူ ကာကွယ်ရေးဝန်ကြီး ရှိနေပါတယ်။ တပ် နဲ့ ခေါင်းဆောင် တသားတည်းရှိနေတယ်၊ အခက်အခဲတွေကို အတူတကွ ရင်ဆိုင်နေတယ်ဆိုတဲ့ ပုံရိပ်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ အတွက် ပိုမိုသေချာသွားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဘက်က စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်တွေဟာ ပြည်သူ နဲ့တသားတည်း ရပ်တည်ပြီး စစ်မြေပြင်မှာ လက်တွေ့ကျကျ ဦးဆောင်မှုပေးနေတဲ့ အချိန်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ စစ်မြေပြင် အဝေးကနေ မဖြစ်နိုင်တဲ့ အမိန့်တွေပေးပြီး မြေပြင်တပ်တွေကို အသေခံခိုင်းနေတဲ့အတွက် စစ်အုပ်စုဘက်က အရာရှိ နဲ့ တပ်သားတွေ အနေနဲ့ အာဏာရှင်တွေကို စွန့်ခွာပြီး ပြည်သူ နဲ့ အမြန်ဆုံး ပူးပေါင်းဖို့လိုပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်န်ိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight