Delta News Agency @deltanewsagencymedia Channel on Telegram

Delta News Agency

@deltanewsagencymedia


Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.

Delta News Agency (English)

Welcome to Delta News Agency, your go-to source for all things happening in the Irrawaddy delta region of Myanmar. As one of the few local media outlets operating in the area, Delta News Agency is dedicated to providing timely and accurate information to the local public. With the username @deltanewsagencymedia, we strive to contribute to the socio-economic development of the region by keeping our audience informed about the latest news, events, and issues affecting the community. Whether you're looking for updates on local politics, business, culture, or more, Delta News Agency has you covered. Join our channel today to stay informed and connected with your community!

Delta News Agency

29 Apr, 13:55


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/Mh0NYiaGK2A

Delta News Agency

29 Apr, 10:03


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/HO6aqnWTSvI

Delta News Agency

27 Apr, 04:17


Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/48902/

Delta News Agency

27 Apr, 03:50


Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/48899/

Delta News Agency

25 Apr, 12:58


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/13eHFe3klQI

Delta News Agency

25 Apr, 06:41


Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/48853/

Delta News Agency

24 Apr, 14:24


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/GOTazOlABP8

Delta News Agency

24 Apr, 10:27


ဧပြီ ၊ ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးတဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

!! ဖြစ်စဉ်ကတော့ မှန်ပါတယ် ဒီကနေ့မနက် သေနတ်နဲ့ခုနှစ်ချက်ပစ်ခတ်ခံရလို့ စခ တဦးနေရာမှာတင်သေဆုံးသွားပါတယ်။ ထုတ်ပြန်တာကတော့ သက်ဆိုင်ရာအဖွဲ့ကလုပ်ပါလိမ့်မယ် !!လို့ သူကပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ မန္တလေး-မတ္တရာသွားကားလမ်းမပေါ်ရှိ မတ္တရာမြို့အဝင်က လက်ဖက်ရည်ဆိုင်တခုမှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးဆိုသူ ပစ်ခတ်ခံရလိုသေဆုံးသွားတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကတော့ ဆိုင်ကယ်နဲ့ လာတဲ့အမျိုးသား နှစ်ဦးက လက်ဖက်ရည်ဆိုင်အတွင်းသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

!!သေနတ်သံ လေးငါးခြောက်ချက် ဆက်တိုက်ကြားလိုက်တာပေါ့။ နောက်မှာ စစ်တပ်ကတဦးပစ်ခတ်ရတာလိုသိရတာ သိပ်မကြာဘူး အလောင်းကို အရပ်ဝတ်နဲ့ လူတွေလာသယ်သွားတယ်ပြောတယ်!! လို့ သူကပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပေမယ့် စစ်အုပ်စုကို အားပေးရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးတဦးပစ်ခတ်ခံရတာကို ရေးသားဖော်ပြနေတာတွေ့ရပါတယ်။

ဗိုလ်မှူး သက်နိုင်စိုး ဆိုသူက ကားအတွင်းမှာ သေနတ်တွေထည့်ပြီး သွားလာတက်ပေမယ့် လက်ဖက်ရည်ဆိုင်ဝင်ချိန်အလစ်အငိုက်ခံလိုက်ရတယ်လိုဆိုကြပါတယ်။

စစ်အုပ်စုဖက်ကလည်း ဗိုလ်မှူးပစ်ခတ်ခံရပြီးနောက် မတ္တရာမြို့အဝင်အထွက်ကို ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့သလို မြို့အတွင်းမှာလည်း အရပ်ဝတ်တွေနဲ့ လှည့်လည်သွားလာတာတွေ လုပ်ခဲ့တယ်လို အထက်ပါဒေသခံ ဆိုပါတယ်။

မတ္တရာမြို့ပေါ် အခုလိုပဲ စစ်ကောင်စီရပ်ကွက်အုပ်ချူပ်ရေးမှူးတွေ လက်ဖက်ရည်ဆိုင်ထိုင်စဉ်မကြာခဏဆိုသလိုပစ်ခတ်ခံရမှုတွေဖြစ်နေတယ်လို့သူကပြောပါတယ်။

ဒါအပြင်မတ္တရာမြို့အနောက်ခြမ်းရှိကျေးရွာတွေကို စစ်ကားတွေနဲ့ လှည့်လည်သွားလာရင် းစစ်ကောင်စီကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဗိုလ်မှူးသက်နိုင်စိုး ဆိုသူမှာ မတ္တရာဇာတိဖြစ်ပြီး မြို့ကိုပြောင်းလာတာမကြာသေးဘူးလို့သိရပါတယ်။

Delta News Agency

24 Apr, 10:07


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/jebgthTIh7A

Delta News Agency

22 Apr, 13:24


အပြည့်အစုံကို Youtubeတွင်လည်း Subcribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ် >>>> https://youtu.be/gMcTFD0tGfI

Delta News Agency

22 Apr, 10:03


Youtube မှာလည်း ကြည့်ရှုနိုင်ပါတယ်။ >>>https://youtu.be/_uq_nv1jwGc

Delta News Agency

22 Apr, 10:02


Website မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ >>> https://deltanewsagency.com/48788/

Delta News Agency

20 Apr, 14:20


လွိုင်ကော်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး

ဧပြီ ၊ ၂၀

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးက ကုန်းသာရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဧပြီ ၂၀ ရက်၊ မနက် ၁၁ နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး သွားတယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေဆီကနေ သိရပါတယ်။

“သိသလောက်ကတော့ နှစ်လုံး(ဗုံး) တပြိုင်တည်းချတယ်၊ နှစ်လုံးစလုံးထိတယ်၊ မိသားစုတစုတည်းပဲ ခြောက် ယောက်စလုံး သေသွားတာ” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက DNA ကို ပြောပါတယ်။

သေဆုံးတဲ့သူတွေထဲ အသက် ၃ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ပြီး ကျန်တဲ့ သူတွေကတော့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၅ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသမီးသုံးဦးလို့ သိရပါတယ်။

“အခုထိ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လိုက်ကောက်နေရတုန်းပဲ” လို့လည်း အခုည ၇ နာရီလောက်မှာ ကိုဗညား က ပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း နောက်ထပ်ရွာခံ နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရပြီး နေအိမ် သုံးဆယ်လောက် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတဲ့ အခြေအနေကိုတော့ DNAအနေနဲ့ မသိရသေးပါဘူး။

“ပေါင် ငါးရာဗုံးကြဲချသွားတာ၊ ဗုံးလာကြဲတဲ့အချိန် ကုန်းသာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာတွေ ဘာတွေမရှိပါ ဘူး” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ ကိုသာအယ်စိုးက ပြောပါ တယ်။

ကုန်းသာကျေးရွာဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အရင်က တိမ်းရှောင်နေကြပေမယ့် လက်ရှိမှာတော့ ရွာထဲပြန်လည်ဝင်ရောက်နေထိုင်သူတချို့ရှိနေတယ်လို့ သိရပါတယ်။

မိုးဗြဲ-လွိုင်ကော် ကားလမ်းမပေါ်မှာရှိတဲ့ ကုန်းသာကျေးရွာဟာ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့နဲ့ လေးမိုင်ကျော်၊ ကရင်နီ ပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့နဲ့ ခြောက်မိုင်လောက်ပဲ ကွာဝေးတာပါ။

မိုးဗြဲမြို့အဝင် မိုးဗြဲဆည်နဲ့ ကပ်လျက်ရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ရင်း(အမရ) ၄၂၂ တဝိုက်ကိုတော့ ရှေ့ရက် တွေကတည်းက ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိ တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်တဝှမ်း အခုနှစ် ပထမ သုံးလအတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၂၄ ဦးရှိပြီး အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းဆိုရင်တော့ စုစုပေါင်းသေဆုံးတဲ့အရပ်သား ငါးရာနီးပါ းရှိပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Photo - social media