UPDATE - အညွှန်းသီးသန့် @update_review Channel on Telegram

UPDATE - အညွှန်းသီးသန့်

@update_review


UPDATE - အညွှန်းသီးသန့် (Burmese)

သန့်တော်ဘက်အားဖွင့်အသုံးပြုရန် ပေါက်ဗျာလေးသီးသန့်လိပ်စာနှင့်အင်္ဂါကိုရရှိနိုင်လိမ့်မယ်။ update_review ဆန်မအယ်ပြောဟ ပညာရှိသူများသီးသန့်ပေးစွမ်းမယ်ထင်မိုးမယ်လို့ မဆန်မအယ် အနည်းငယ်ညညငလေးခိုင်းတယ်ယံသွယ်ထားရင် ဘာပြောပြောတယ်အညးဉံသန့်နောက်နည်းသည်လည်းအချိန်ဆုံးပြောရဘူးပြောတယ်။ လေးညြီအတွက် အလျဆင်ခဲမထည့်နိုင်လိမ်းသွားရ။

UPDATE - အညွှန်းသီးသန့်

15 Feb, 06:27


အချစ်အတွက် ဘာတွေဆုံးရှုံးကြဖူးပါသလဲ

ကလေးဘဝသံယောဇဉ်တွေနဲ့ ဆာတရီရာနဲ့ ဒါရာတို့ဟာ
တစ်စုံတစ်ခုသောအကြောင်းတွေနဲ့ဝေးသွားကြတယ်
ဆာတရီရာကတော့ မမေ့နိုင်မပျောက်နိုင် တဆွေးတငေးဖြစ်နေချိန်
တစ်နေ့သူအလုပ်လုပ်တဲ့ ဟိုတယ်ကို ငယ်ချစ်ဦးလေးဒါရာဟာ ကြင်စဦးမောင်နှံအနေနဲ့ရောက်လာပါတယ်

တစ်ဖက်မှာလည်း ဒါရာတို့ကြင်စဦးနှစ်ယောက်ဟာ
အထင်လွဲမှုတစ်ခုနဲ့အကြီးကျယ်စကားများကြပြီး
ဒါရာဟာ ထူးဆန်းတဲ့အရာတွေကြုံတွေ့လာရပါတယ်
မိသားစု သူငယ်ချင်း သတို့သားလောင်းကပါပစ်ထားခံရတဲ့
ဒါရာတစ်ယောက်ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့အရာတွေကို
အချစ်ဦးကဝင်ဖြေရှင်းပေးတဲ့အချိန်မှာတော့…..

UPDATE - အညွှန်းသီးသန့်

14 Feb, 05:31


Crime/ Thriller series များကို တောင့်တနေတဲ့

ပရိသတ်ကြီးတို့အတွက် Leopard Skin ဆိုတဲ့

action series လေးကို တင်ဆက်ပေးချင်ပါတယ်။

ရတနာ ဓားပြတိုက်ပြီး ထွက်ပြေးလာခဲ့တဲ့ ရာဇဝတ်သား

အဖွဲ့ဟာ ကမ်းခြေနားက အိမ်လေး တစ်အိမ်မှာ ပုန်းခိုဖို့

အကြောင်းဖန်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ ထိုအိမ်မှာက

အမျိုးသမီးနှစ်ယောက်သာ ရှိတဲ့အတွက် ရေကန်အသင့်

ကြာအသင့်ဆိုသလို သူတို့ ခဏ ရှောင်နေဖို့ အဆင်ပြေသွားပါတယ်။

ပြဿနာဆိုလို့ ဒီအိမ်မှာ မကြာခင် ရက်အတွင်း ညစာစားပွဲလေး

တစ်ခုရှိမှာ ဖြစ်တဲ့အတွက် အခြေအနေတွေ ထိန်းချုပ်မရ

မဖြစ်ရလေအောင် ဓားပြအဖွဲ့ဟာ အနုကြမ်းစီးကြမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ ကမ်းခြေက အပန်းဖြေ အိမ်လေးဟာ လျှို့ဝှက်ချက်တွေ

သစ္စာဖောက်မှုတွေ ပြီးတော့ တပ်မက်မှုတွေနဲ့ ပြည့်နှက်နေတဲ့

အိမ်ကြီးတစ်အိမ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

Cast တွေ အနေနဲ့ Haunting Of Bly Manor မှာ သရုပ်ဆောင်ခဲ့တဲ့

Carla Gugino နဲ့ Amelia Eve အပြင် Gentry White, Gaite Jansen,

Margot Bingham စတဲ့ တခြားအချောအလှ မင်းသားမင်းသမီးများ

ပါဝင်ရိုက်ကူးထားတာကြောင့် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

13 Feb, 05:04


ဒီ ဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန် တစ်ဦး ဖြစ်ပြီး အသက် ၇၀ ပြည့် မွေးနေ့ပွဲကို သွားရောက်နေတဲ့ စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ ။

BradPitt တစ်ယောက် မကြာသေးခင်ကမှ ပူပူနွေးနွေး သေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီး အိမ်ထိရောက်ချလာပါတယ်

သိုသော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန် ဖြစ်တာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူ လုပ်ကြတော့တာပါပဲ

အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှ ကာလပတ်လုံး
အဲဒီ အဘိုးကြီးက Guide အနေနဲ့ လုပ်ပေးရမှာဖြစ်ပြီး သူမပြန်သရွေ့ အဘိုးကြီးလည်း သေမှာမဟုတ်ပါဘူး ။

ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လိုနာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ

လူ့လောကကို ထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လိုတွေ ခွကျမလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

13 Feb, 05:04


မှောင်ခိုလောက ကျင်လည်ပြီး နောက် ဆရာတစ်ဆူဖြစ်လာ သောအခါ...

ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMF
အကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှ ဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့
ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့
စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာ ဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကို
အန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကို ခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကို
အောင်မြင်ပါ့မလား..။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ..။
အောင်မြင်မလား ကျရှုံးမလား စတာတွေကို ရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

13 Feb, 05:04


အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီးပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိလိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေအဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။

UPDATE - အညွှန်းသီးသန့်

13 Feb, 04:44


Walker Independence (2022)

ကောင်းဘွိုင်စီးရီးတွေထဲက အထင်ကရတစ်ခု ဖြစ်တဲ့
Walker စီးရီးရဲ့ prequel အနေနဲ့ ထွက်ရှိလာတဲ့ စီးရီးပါ

ဝေါ်ကာမိသားစုရဲ့ မျိုးရိုးအကြောင်းနဲ့ တက္ကဆက်ပြည်နယ် အင်ဒီပန်းဒန့်စ်မှာ
ဝေါ်ကာမိသားစု ပေါ်ပေါက်လာပုံကို ရိုက်ပြထားတာပါ

အက်ဘီဂါ ကောလင်းစ်ဟာ အင်ဒီပန်းဒန့်စ်မှာ ရဲမှူးသစ်အဖြစ် တာဝန်ထမ်းဆောင်မယ့်
ခင်ပွန်းဖြစ်သူ လီယမ် ကောလင်းစ်နဲ့အတူ အင်ဒီပန်းဒန့်စ်ကို ထွက်လာခဲ့ကြပါတယ်

ဒါပေမဲ့ လမ်းမှာပဲ လီယမ် ကောလင်းစ် အသတ်ခံလိုက်တာကြောင့်
အင်ဒီပန်းဒန့်စ်ကို တစ်ယောက်တည်း ရောက်သွားပြီး
ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားပါတော့တယ်

အက်ဘီဂါ ကောလင်းစ်အဖြစ်ကနေ အက်ဘီဂါ ဝေါ်ကာအဖြစ် ပြောင်းလဲပြီး
တက္ကဆက်ပြည်ရဲ့ လူလိမ် ဟိုရေ့ရောလင်းစ်၊ အင်ဒီယန်းလူမျိုး ကယ်လီယန်တို့နဲ့အတူ
လက်စားချေဖို့ ကြိုးစားကြပုံကို တစ်ပတ် (၁)ပိုင်းနှုန်းနဲ့ ရှုစားကြရမှာပါ

အပိုင်း(၁)နဲ့တင်
IMDb rating ~ 7.1 ရရှိထားပြီး
Plot ပိုင်း၊Cinematography ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ Musical ပိုင်း နဲ့ Costume ပိုင်းပါ မကျန်
ချီးကျူးခံနေရတဲ့ စီးရီးဖြစ်တာကြောင့် ကောင်းဘွိုင်ချစ်သူမှန်ရင်တော့ ကျော်မသွားသင့်ပါဘူး

UPDATE - အညွှန်းသီးသန့်

12 Feb, 03:45


IMDb Rating – 6.9/10
အခု တင်ဆက်လိုက်တဲ့ Inventing Anna ဆိုတဲ့ Series လေးကတော့ 2019 မှာ ဖြစ်ခဲ့တဲ့အမှုကို
အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီအမှုအကြောင်းကို အကျဉ်းချုံးနားလည်အောင်
ရှင်းပြရမယ်ဆိုရင်တော့ Anna ဟာ ရုရှားဂျာမန် လူမျိုးတစ်ယောက်ဖြစ်ပြီး သူ အမေရိကန်မှာ လာ
ရောက်အခြေချတဲ့ 2013 ကနေ 2017 ခုနှစ်အတွင်း လိမ်လည်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့သူပါ။
နာမည်ရင်းကတော့ Anna Sorokin ဖြစ်ပြီး Anna Delvey ဆိုတဲ့နာမည်တုနဲ့ အမွေဆက်ခံပိုင်ခွင့်ရှိသူ
တစ်ယောက်အဖြစ်ဟန်ဆောင်ကာ ဒိတ်ဒိတ်ကြဲ ဘဏ်တွေ ဟိုတယ်တွေကနေ အချီကြီး လိမ်လည်ခဲ့တဲ့
သူဖြစ်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်အကျခံခဲ့ရပေမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး
တော့ အထက်တန်းလွှာတွေ ဆယ်လီတွေ‌ သူဌေးတွေကြား အတော်လေး ဂရက်ရိုက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။
ရုပ်လေးနဲ့က မထင်ရက်စရာ မျက်မှန်လေးနဲ့ မျက်နှာပြည့်ပြည့်လေးနဲ့ အပြစ်ကင်းတဲ့ပုံစံမျိုးလေး ဖြစ်ပေ
မယ့် ဒိတ်ဒိတ်ကြတွေကို မျက်ခုံးမွှေးစင်္ကြံလျှောက်သွားခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဇာတ်လမ်းဖော်
ပြချက်အရ သူ တရားမရင်ဆိုင်ခင် ထောင်ထဲမှာရှိနေတဲ့အတောအတွင်းမှာတောင်မှ သူ့ဘက်ကလိုက်ပြီး
ခေတ်သစ် ရော်ဘင်ဟုဒ်လို့ ထင်ကြေးပေးကြတဲ့သူတွေ ဒုနဲ့ဒေးပါ။
ကဲ ဒီတော့ Anna Delvey ခေါ် Anna Sorokin က တကယ်ပဲ ရော်ဘင်ဟုဒ်လား ဒါမှမဟုတ် ကောက်ကျစ်
စဉ်းလဲတတ်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လားဆိုတာကို ပရိသတ်တွေ အခုပဲကြည့်ပြီးတော့ ကိုယ်ကိုတိုင်
အဖြေရှာကြည့်လိုက်ပါ။
( Fact : Netflix ဟာ ဒီဇာတ်လမ်းတွဲ ဖြစ်မြောက်ရေး အတွက် မူပိုင်ခ ဒေါ်လာ 320,000 Anna ကိုပေးရ
တာဖြစ်ပေမယ့်။ အပြစ်သားတွေဟာ သူတို့ပြစ်မှုကနေ အခကြေးငွေပြန်ရတာမျိုး မရှိရတဲ့ အမေရိကန်ရဲ့
ဥပဒေအရ အဲဒီ ငွေကြေးတွေဟာ ဆိုင်းငံ့ခံထားရပါတယ် )

UPDATE - အညွှန်းသီးသန့်

11 Feb, 04:49


Dash & Lily 2020
FA တို့အတွက် ကုန်ကြမ်းရှာလို့ရမယ့် romance-comedy Netflix စီးရီးလေးလာပါပြီ
ကုန်ကြမ်းအဖြစ်သုံးမရလည်း ကြည့်ပြီး အားကျကြည်နူးနိုင်မှာဖြစ်ပါတယ်
ခရစ်စမတ်နီးပြီဖြစ်တဲ့အတွက် ခရစ်စမတ်ကားတွေတော်တော်များများ ထွက်ရှိလာတဲ့အထဲကမှ ဒီစီးရီးလေးကတော့ New York ခရစ်စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသလေးပါ။
ဒက်ရှ်ဆိုတဲ့ ကောင်လေးဟာ အရင် ရည်းစားနဲ့ ပြတ်ပြီးကတည်းက တစ်ကိုယ်တည်းဖြစ်နေရှာပြီး ခရစ်စမတ်မှာလည်း အထီးကျန်လျက်ပါပဲ လီလီဆိုတဲ့ ကောင်မလေးကတော့ တစ်ခါမှရည်းစားမထားဖူးသူတစ်ယောက်ဖြစ်ပြီး အထီးကျန်ဆန်တဲ့ ခရစ်စမတ်မှာ ပျော်စရာတွေဖန်တီးဖို့အတွက် စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ သူ့ရဲ့ အနီရောင်မှတ်စုစာအုပ်လေးကို တမင်ထားခဲ့ပါတယ်။
ဒါကို ဒက်ရှ်ကတွေ့သွားတဲ့အခါမှာ စာအုပ်လေးထဲက ညွှန်ကြားချက်တွေအတိုင်း လီလီရှာပုံတော်ဖွင့်ရပါတော့တယ်။
ဖုန်းတွေအင်တာနက်တွေပေါတဲ့ ခေတ်မှာမှ ဒက်ရှ်နဲ့လီလီကတော့ အနီရောင်မှတ်စုစာအုပ်လေးကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်လည်း မမြင်ဖူးပါပဲ အဆက်အသွယ်တွေလုပ်ပြီး challenge တွေခေါ်ကြတာတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါနော်
ဇာတ်ကားကြည့်ပြီး လက်တွေ့စမ်းသပ်ချက်တွေ လုပ်ကြည့်ကြပါ ရည်းစားတစ်ယောက်လောက်ရသွားလည်း fa မဖြစ်တော့ဘူးပေါ့

UPDATE - အညွှန်းသီးသန့်

09 Feb, 15:14


Chapelwaite ဆိုတဲ့ 2021 အသစ်ထွက် American Horror TV- series ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
Season 1 မှာ အပိုင်း 10 ပိုင်း ပါဝင်မယ်လို့ သိရပြီး လက်ရှိမှာ 4 ပိုင်းထွက်လာပြီးတဲ့ Ongoing Series တစ်ခုပဲ ဖြစ်ပါတယ်
IMDb rating 7.5 ထိ ရထားပါတယ်
ဒီဇာတ်လမ်းကိုတော့ အမေရိကန် စာရေးဆရာ Stephen King ရဲ့ Jerusalem’s lot ဆိုတဲ့ ဝတ္တုတိုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ရမယ် ဆိုရင်ဖြင့်…
ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အစွဲအလမ်းတစ်ခုကြောင့် စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ချားစ်ဘွန်းဆိုသူဟာ ကုန်းမြေနဲ့ ဝေးရာကို ထွက်ပြေးရင်း ဘဝတလျှောက်လုံး ပင်လယ်ထဲမှာ အချိန်ကုန်ခဲ့သူပါ
သ‌င်္ဘောပေါ်မှာပဲ အိမ်ထောင်ကျ သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်
ဇနီးဖြစ်သူ ဆုံးရှူံးသွားရပြီးနောက် အမွေရတဲ့ Maine က စံအိမ်ကြီးကို သားသမီး ၃ ယောက်နဲ့ အတူ ပြန်လာတာကနေ ဇာတ်လမ်းစထားပါတယ်
သူတို့ စံအိမ်ကို ရောက်လာတဲ့အခါ ကျိန်စာသင့်သလို ဖြစ်နေတဲ့ ပရီချာကော်နာမြို့သူမြို့သားတွေက ဘွန်းမျိုးနွယ်ကြောင့်ဆိုတဲ့ စိတ်နဲ့ သူတို့ သားအဖတွေကို ဝိုင်းကျဉ်ခံရပါတယ်
ဘာအကြောင်းကြောင့်ဆိုတာ သေချာမသိရ မြို့ထဲမှာလည်း လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောဂါနဲ့ သေဆုံးနေကြတာကို သိရပြန်ပါတယ်
ဒါတွေကို မယုံကြည်တဲ့ စာရေးဆရာမလေး ရေဗက္ကာကတော့ ချားစ်ရဲ့ ကလေး ၃ ယောက်ကို စာသင်ပေးဖို့ သဘောတူပြီး ချက်ပယ်ဝိတ်စံအိမ်ကို ရောက်ရှိလာပါတယ်
ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်တာထက် ပိုကောင်းမယ့် ဇာတ်လမ်းမရှိနိုင်ဘူးဆိုတဲ့ ခံယူချက်နဲ့ ရောက်လာတာပါ
သူရော ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို တကယ်ဖော်ထုတ်နိုင်ပါ့မလား….
မြို့ထဲက ရောဂါဆိုးက တကယ်ပဲ ဘွန်းတွေကြောင့် ဖြစ်တာလား…
ချားစ်အတွက် အိမ်ကြီးကို အမွေပေးခဲ့တဲ့ ဦးလေးဖြစ်သူ ဖိလစ်ဘွန်းနဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ စတက်ဖန်ဘွန်းရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ…
သူတို့က ပရီချာကော်နာကလူတွေအပေါ် ဘာအမှားလုပ်ခဲ့လို့ ဘွန်းမျိုးနွယ်ကို မုန်းတီးနေကြတာလဲဆိုတာတော့ ဆက်လက်စောင့်ကြည့် အားပေးကြပါနော်
Chapelwaite ကတော့ မြှုပ်ကွက်တွေ အများကြီးနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို ကြည့်ရမယ့် ရှားပါး horror စီးရီးထဲက တစ်ခုလို့ ညွှန်းပါရစေ

UPDATE - အညွှန်းသီးသန့်

09 Feb, 15:01


သားမျိုးနွယ်တွေကို မျိုးတုံးသတ်ဖြတ်စေဖို့ အမိန့်ပေးလိုက်တဲ့ ဘုရင်ဟစ်ပီးယန်း ..

ဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့

သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်း

တစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲ

ဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့

ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းက

အစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲ

ပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်

ကလည်း ဝင်ကူညီရခက်နေကြပါတယ်။

UPDATE - အညွှန်းသီးသန့်

09 Feb, 15:01


RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့
မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ
ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။

RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့
ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….
ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ
အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ
ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့
ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..

UPDATE - အညွှန်းသီးသန့်

09 Feb, 15:01


အမှောင်မြို့တော်မှ ကျားကိုးကောင်
Twilights of the Warriors : Walled In 2024

လာပြီ လာပြီ အက်ရှင်ကားကြိုက်သူတွေ လည်ပင်းတစ်ရှည်ရှည်မျှော်နေရတဲ့ ဟောင်ကောင်ရုပ်ရှင် 🍴

🇭🇰 Hong Kong အက်ရှင်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအတွက် အားလုံးနဲ့မစိမ်းတဲ့ မင်းသားကြီး Louis Koo နဲ့ Sammo Hung တွေ အများကြီးပါ၀င်ထားတဲ့ ရုပ်ရှင်ကားသစ်နဲ့ မိတ်ဆက်ပေးမယ်နော်

ဇာတ်လမ်းအကျဉ်း

ကျုံလုံတံတိုင်းမြို့ဆိုတဲ့နေရာဟာ မထင်မှတ်ထားတဲ့အရာတွေကို အကောင်အထည်ဖော်နိုင်ပြီး ရာဇဝတ်သားတွေပုန်းခိုရာလည်းဖြစ်တဲ့ ထူးခြားတဲ့နေရာတစ်ခုပါ

ထိုနေရာဟာ ပြင်ပအင်အားစုရဲ့ အာဏာစက်ကြောင့် သွေးချောင်းစီးခြင်းကို ခံနေရပါတယ်

Long Juan Feng ဟာ ထိုတံတိုင်းမြို့ရဲ့ သခင် ၄ ကိုဘေးလွတ်နိုင်အောင် အစွမ်းကုန်ကာကွယ်ခဲ့ပေမဲ့ သူကတော့ ကံမကောင်းစွာနဲ့ တစ်ဖက်လူရဲ့ ဓားချက်အောက်မှာ အသက်ပေးလိုက်ရပါတယ်

ပြင်ပအမှောင်ထဲက Wang Jiu ခေါင်းဆောင်တဲ့ ကျူးကျော်သူအင်အားစုဟာ တံတိုင်းမြို့ရဲ့ပိုင်ရှင် Di Qiu နဲ့ လျှို့ဝှက်ပူးပေါင်းပြီး Chen Luo Jun ရဲ့ အသက်ကိုနှုတ်ယူဖို့ ပိုက်စိတ်တိုက်ရှာဖွေကြတဲ့အခါ ...

UPDATE - အညွှန်းသီးသန့်

09 Feb, 06:08


IMDb – 8.4/10, Rotten Tomatoes – 97% ~



ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…

ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား…



တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ရှိမယ်။ ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်က အဲဒါပဲ။ အစွမ်းကုန်လောင်ကျွမ်းပြတဲ့ ကစားသမားတွေကို မြင်ရမယ်။ အစွမ်းကုန် ‌မီးတင်ပေးတဲ့ ပရိသတ်တွေကို မြင်ရမယ်။ အစွမ်းကုန် တွေအားလုံးကို ဟင်းလေးအိုးကြီးတဲ့ရောထည့်လိုက်တဲ့အခါ အစွမ်းကုန် ခမ်းနားတဲ့ ပြိုင်ပွဲကြီးကိုရလိမ့်မယ်။



ကမ္ဘာ့ဖလားကို အရှိန်အဝါအရှိဆုံး ဖလားတစ်လုံးလို့ သတ်မှတ်ဖို့ အကြောင်းအရာတွေအများကြီးရှိတယ်။ ရာဇဝင်လား… စိတ်လှုပ်ရှားမှုလား… သမိုင်းကြောင်းလား… ဒရာမာတွေလား… ဘယ်ရှုထောင့်ကကြည့်ကြည့် ကမ္ဘာ့ဖလားဆိုတာ ဘောလုံးဘာသာရေးမှာ ယေရှုရဲ့ သောက်ရေခွက်တော်အလားပဲ။ ထိုသောက်ရေခွက်တော်ကို ထိုက်သူသာ တွေ့အံ့။ ထိုက်သူသာ ပင့်ဆောင်နိုင်အံ့။ အမည်မသိကျိန်စာအောက် အခမ်းနားဆုံးဆိုတဲ့ ကစားသမားတွေ ငိုကြွေးခဲ့ရဖူးတယ်။



၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကတော့ ပိုလို့တောင် ဒရာမာတွေ များခဲ့တယ်။ ဆော်ဒီကို အာဂျင်တီးနားက ရှုံးသတဲ့လား။ မော်ရိုကိုသားတွေ ဆာဟာရကို ကာတာအထိ ယူဆောင်လာကြ။ ဆာမူရိုင်းတွေရဲ့ ဘူရှီဒိုလမ်းစဉ်က ပြန်လာခြင်းလမ်းတွေကိုဖောက်ခဲ့။ ပြင်သစ်မှာ တစ်ကိုယ်ရည်ပျံသန်းတဲ့ ငှက်တစ်ကောင်။ ဆမ်ဘာတေးသံတွေ ထင်သလောက် အသံမကျယ်ခဲ့ခြင်းများ။ ပေါ်တူဂီအင်ပါယာသမိုင်း တကျော့ပြန်လည်ခြင်း။ ဒက်ကလန်ရိုက်စ် မသုံးလိုက်ရတဲ့ ကမ္ဘာ့ဖလားထည့်ဖို့အိတ်…



အဲဒါတွေအပြင် ကျွန်တော်တို့ ငယ်ငယ်က ကြည့်လာခဲ့ရတဲ့ ဘောလုံးခေတ်တစ်ခုက ကစားသမားအများစုရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေခြင်းကလည်း ဒီပြိုင်ပွဲကို အရောင်တင်ပေးခဲ့တယ်။ ခေတ်တစ်ခုရဲ့အဆုံးမှာ ခေတ်သစ်တစ်ခုကို စောင်းပါးရိပ်ချည် မြင်ခဲ့ရတယ်။ ကမ္ဘာ့ဖလားရဲ့ ဖိအားဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ စိန်ဟာ သိပ်ကြီးမားတဲ့ဖိအားအောက်မှာမှ ဖြစ်ထွန်းတယ်။ ကမ္ဘာ့ဖလားဖိအားကလည်း အကြံ့ခိုင်ဆုံး စစ်သည်တွေကို သွန်းလုပ်ပေးတယ်။ ဒါပေမဲ့ အရေးအပါဆုံးက ဘယ်သူတွေလဲ။ အရေးအပါဆုံးဆိုတာထက် အရာအားလုံးကို ဦးဆောင်တဲ့သူ၊ ခေါင်းခံတဲ့သူ၊ ကိုယ်စားပြုထားတဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုတော့ အသင်းခေါင်းဆောင် ကပ္ပတိန်တွေလို့ ခေါ်ပါတယ်။ ကပ္ပတိန်တွေရဲ့ အခန်းကဏ္ဍဟာ ကစားသမားတွေရဲ့ကွင်းတွင်းကွင်းပြင် စိတ်ပိုင်းဆိုင်ရာ‌အတွက် သိပ်ကိုအရေးပါတယ်။ ကစားသမားတစ်ယောက်က တစ်ရာဖိုးလောက် စိတ်ဓာတ်ကြံ့ခိုင်ရရင် ကပ္ပတိန်တစ်ယောက်က တစ်သောင်းဖိုးလောက် ကြံ့ခိုင်နေမှ တော်ကာကျပါလိမ့်မယ်။ ကပ္ပတိန်ဆိုတာ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ ကစားသမားတွေပါ။



ဒီ စီးရီးမှာတော့ ကိုယ့်အသင်းကို ကမ္ဘာ့ဖလားဆီဦးဆောင်ခဲ့တဲ့ ကပ္ပတိန်တွေအကြောင်းနဲ့ ကမ္ဘာ့ဖလားရဲ့ အဝတ်လဲခန်း ဒရာမာတွေကို ရိုက်ကူးပြထားတယ်။ ခုနောက်ပိုင်း နက်ဖလစ်ရဲ့ အားကစား ဒိုကူမန်တရီတွေရဲ့ ကွာလတီက အတော်‌ကိုကောင်းလာတာ မြင်ပြီးသားဖြစ်မှာပါ။ Commentary ကိုလည်း တကယ့်ပွဲသံကိုသုံးထားတာကြောင့် တခြားလူမဟုတ်တဲ့ Peter Drury ရဲ့အသံနဲ့ ကမ္ဘာ့ဖလားပွဲတွေကို ပြန်လည်ခံစားရမှာပါ။ ကမ္ဘာ့ဖလားအပြီး ၁ နှစ် အကြာမှာ ထုတ်ခဲ့တာဆိုတော့ ကမ္ဘာ့ဖလားအလွမ်းပြေအဖြစ်‌ကော… အခမ်းနားဆုံးကစားသမားတွေရဲ့ နောက်ဆုံးကခုန်ခြင်းအဖြစ်ပါ ကြည့်ရှုဖို့အတွက် အတော်ကောင်းတဲ့ ဒိုကူမန်ထရီတစ်ခုပါပဲ။

UPDATE - အညွှန်းသီးသန့်

08 Feb, 03:36


Boy Swallows Universe (2024)


IMDb – 8.2/10

Rotten Tomatoes – 83%



ဒီတစ်ခါ Netflix က ပြန်လည်ရိုက်ကူးထားတဲ့ Rating ကောင်းကောင်း

ဇာတ်လမ်းတွဲကောင်းလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထု ရေးသားသူ စာရေးဆရာ ထရန့်ဒယ်လ်တန်က

ဒီဇာတ်လမ်းနဲ့ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတကာမှာ ဘာသာစကား

၃၄ မျိုးနဲ့ ဘာသာပြန်ဆိုဖြန့်ချိရတဲ့ အထိ အောင်မြင်ခဲ့တာပါ။

စာရေးသူရဲ့ ငယ်စဉ်ဘဝအကြောင်း ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်ပြီး

ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတဲ့ နေရာမှာလည်း ဇာတ်ကောင်အံဝင်ခွင်ကျ

ဖြစ်မှုတွေကြောင့် Rating ကောင်းတွေရရှိထားပါတယ်။



ဇာတ်လမ်း အကျဉ်း
***

၁၉၈၀ ခုနှစ်ဝန်းကျင် ဩစတေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က ‘ဒါရာ’ဆိုတဲ့

ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ အယ်လိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်

ရှိတယ်။ ဖခင်က ငယ်စဉ်ကတည်းက အနားမှာ မရှိဘူး။

သူ့မှာ စကားမပြောတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ မိခင်ဖြစ်သူက

ဆေးမှုနဲ့ ထောင်ကျနေပြီးတော့ ပထွေးလုပ်သူက မူးယစ်ဆေးဝါး

ရောင်းဝယ်ဖောက်ကားသူ တစ်ယောက်။

ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ ဆယ်ကျော်သက် ကောင်လေး

တစ်ယောက်က လမ်းမှန်ကိုရောက်ဖို့ ကြိုးစားရုန်းကန်ရင်း ဘဝ အခက်အခဲ

ကံကြမ္မာ အနိမ့်အမြင့်မျိုးစုံ ကြုံတွေ့ရတာတွေကို ရိုက်ကူးတင်ဆက်ထားတာပါ။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ညီအစ်ကို သွေးသားရင်း သံယောဇဉ်တွေနဲ့ သာမန်

သမားရိုးကျ မဟုတ်တဲ့ သူငယ်ချင်းမိတ်ဆွေ ဖြစ်တည်မှု အကြောင်းတွေကို

ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

07 Feb, 04:30


Adventures of Kolke 2023 ( ကိုလ်ကီ၏ စွန့်စားခန်းများ )

ပရိသတ်ကြီးကို 2023 ထွက် Mystery
အမျိုးအစား ဇာတ်လမ်းကောင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်..

ဇာတ်လမ်းလေးကတော့- ကိုလ်ကီလို့ခေါ်တဲ့ သမိုင်းရူးလူတစ်ယောက်က
ပြတိုက်မှာရှိတဲ့ယဉ်ကျေးမှုအမွေအနှစ် မက်စလင်ဟာ အတုပါလို့
ခိုင်ခိုင်မာမာယုံကြည်နေပါတယ်။

သူ့အဆိုအရ ဒီမက်စလင်ဟာ ယခင်ကာလကတ္တားမြို့ကြီးရဲ့အောက်မှာရှိကိုရှိမှာပါ။
သူ့အဖေကလည်း ဒီလိုယုံကြည်တာဖြစ်ပြီး မက်စလင်အစစ်ကိုရှာဖို့
ထွက်ခွာသွားရာက ပြန်လည်ရောက်ရှိမလာတော့ပါဘူး။

ဒီလိုယုံကြည်ရူးသွပ်နေသူဆီ မက်စလင်အစစ်ကို ဖွက်ယူသွားတဲ့
ရက်ကန်းသမားအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ရောက်ရှိလာပြီးနောက်
မြေအောက်မှာကွယ်မြုပ်နေတဲ့ လှိုဏ်ခေါင်းကြီးနဲ့ ရတနာတွေကို
ရှာဖွေဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။

သမိုင်းအထောက်အထားဘာညာနဲ့ သေချာဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်လို့
ကြည့်ရှုသူတွေကို မပျင်းရဘဲ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲခေါ်သွားမှာဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

07 Feb, 04:13


Eragon_Poster_6၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သည်ဇာတ်ကားလေးဟာ ခုဆို ၁၀နှစ်ပြည့်ခဲ့ပါပြီ IMDb အနေနဲ့ 5.1ပဲရရှိခဲ့ပေမယ့် $75 million ပဲကုန္က်ခဲ့တဲ့ သည်ဇာတ်ကားဟာ ရုံတင်ချိန်မှာ $173.9 millionအထိဝင်ငွေရရှိခဲ့ပါတယ် တစ်ကမ်ဘာလုံးအတိုင်းအတာနဲ့ဆိုရင် 249 million ဝင်ငွေရရှိခဲ့ပြီးလူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်းကိုနဲနဲမိတ်ဆက်ပေးရရင်တော့ တစ်ချိန်က နဂါးစီးသူရဲကောင်းတွေ တရားမျှတစွာအုပ်ချုပ်ခဲ့တဲ့ အလီဂေးရှားဆိုတဲ့တိုင်းပြည်ကြီးမှာ အာဏာရှင်ဘုရင်တစ်ပါးဟာ နဂါးစီးသူရဲကောင်းတွေကိုသတ်ဖြတ်ပြီး တိုင်းပြည်ကြီးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ် အဲ့ဒါကို ဘယ်လိုလူမျိုးတွေက ပြန်တော်လှန်ကြမလဲ ဘယ်လိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံရမယ်ဆိုတာကတော့ ဇာတ်လမ်းမှာပဲ ဆက်ပြီးခံစားလိုက်ကြပါ သည်ဇာတ်လမ်းကိုတော်တော်များများလဲကြည့်ဖူးကြမှာပါ ဒါပေမယ့် လွန်ခဲ့တဲ့၁၀နှစ် လောက် ကျနော်တို့ကျောင်းသားဘဝကကြိုက်နှစ်သက်ခဲ့ရတဲ့ဇာတ်ကားကောင်းလေးဆိုတော့ ကြည့်ပြီးသူတွေလဲသိမ်းထားနိုင်အောင် မကြည့်ရသေးသူတွေလဲ ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်သည်ဇာတ်လမ်းထဲကနဂါးဟာ Game of throne ဇာတ်လမ်းတွဲထဲက နဂါးလောက်မခန့်ငြားပေမယ့်

UPDATE - အညွှန်းသီးသန့်

07 Feb, 04:13


ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီက
ဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပိုလိုက်နဲ့ အလုပ်ဖြစ်
နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က
တရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တိုလို အရောင်းအဝယ်သမား
တွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်း
မရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ်
က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်း
နားလည်သွားပါတယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီး
ဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါ
သွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကို
လိုက်ဖမ်းတဲ့အခါ ရဲတိုင်လိုလည်းမရတဲ့ ဗင့်စ်တို ဘယ်လိုဖြေ
ရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ်
ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို
ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို မသင့်တော်ပါဘူး...

UPDATE - အညွှန်းသီးသန့်

07 Feb, 04:13


5.8
IMDB: 5.8/10 163,042 votesCrystal Rainone, Dawn Gilliam, Jonathan LiebesmanAaron Eckhart, Bridget Moynahan, Cory Hardrict, Gino Anthony Pesi, James Hiroyuki Liao, Jim Parrack, Ne-Yo, Noel Fisher, Ramón Rodríguez, Will Rothhaar1 win & 3 nominations.USA1025376

SynopsisTrailersComplete cast
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ
442
မဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့
အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်… စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်… အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…

UPDATE - အညွှန်းသီးသန့်

06 Feb, 04:43


Daredevil(2015)Season 1

အပိုင်း(၁ မှ ၁၃ )ထိ စ/ဆုံး

Daredevil TV Series ဟာ အကြမ်းဆုံးထဲပါတယ်ဆိုတာ ငြင်းမရဘူး…

တခြားအက်ရှင်စီးရီးတွေနဲ့ဘာကွာတာလဲဆိုရင်တော့ လူဆိုးကောင်တွေက

၆ ချက်လောက်ထိုးခံရ နင်းကန် ဗျင်းခံရလည်း ကုန်းရုံးပြန်ထပြီး မင်းသားကို ပြန်ဗျင်းတာပါပဲ…

တစ်ချို့အခန်းတွေဆို ဒါရိုက်တာရယ် မင်းသားကိုလည်း ညှာတာပါဦ:လို့ တွေးမိရလောက်အောင်

ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးက ပြန်အတွယ်ခံရပါတယ်…

နောက်ပြီ: ဗီလိန်တွေကိုလည်း တစ်ချိန်ကျနိုင်မှာပါလေလို့ လွယ်လွယ်တွေးလို့မရအောင်

အားကောင်းပြီး ဉာဏ်ကစားနိုင်တဲ့ သူတွေထည့်ထားလို့ အပိုင်းတိုင်းက ဆွဲဆောင်မှုရှိပါတယ်…

မာ့ခ်ရဲ့ ထူးခြားတဲ့အစွမ်းတွေကလည်း ဘာ့ကြောင့်ရတယ်..ဘယ်လိုလေ့ကျင့်ထားတယ်ဆိုတာတွေ တစ်ဘက်ကပြလိုက်

လက်ရှိအချိန်တွေလည်း လှည့်ပြလိုက်မို့ လုံးဝမပျင်းရပါဘူး…ဟိုးယခင်များဆီက ကျွန်တော်တို့တင်ခဲ့တာ

ရုပ်ထွက်ပိုင်းအတော်အားနည်းချက်ရှိခဲ့လို့ အခု BLU-RAY1080P5.1Ch တွေနဲ့အမိုက်စားပြန်တင်ပေးထားပါတယ်…



မာ့ခ် ဟာ အသက် ၉ နှစ်အရွယ်က သူတစ်ပါးကို ကူညီဖို့ ကြိုးစားရင်း
ဓါတုဆေးရည်များ မျက်လုံးထဲ ဝင်သွားပြီးနောက် အမြင်အာရုံများ လုံးဝ ဆုံးရှုံးသွားတယ်…

အဲ့ဒီနောက်မှာ အကြားအာရုံက တခြားသူတွေထက် ပိုထက်မြက်လာပြီး

ဘယ်လိုလဲကျလည်းဆိုတာထက် ဘယ်လိုပြန်ထလဲဆိုတာအရေးကြီးတယ်လို့ ခံယူချက်ရှိတဲ့

ဒီကောင်လေးဟာ အမြင်ကလွဲလို့

တခြားအရာတွေမှာ ထူးချွန်အောင်ကြိုးစားတယ်…

သူ စိတ်ဓါတ်ကျနေတဲ့အခါတိုင်း ဖခင် ဖြစ်သူက ဆွဲထူခဲ့ပါတယ်..
သူမှာ အားသာချက်က အကြားအာရုံဖြစ်ပြီး ထိုအကြားအာရုံက မျက်လုံးမြင်ရတဲ့သူတွေထက်
သူ့ကို ပိုအစွမ်းထက်ပြီး ပိုမြင်စေပါတယ်..

.တရားဥပဒေ မှာ ရှင်းလို့ မရတဲ့ ရှေ့နေလေး မာ့ခ် ဟာ
ညဘက် တွေမှာ ထို ဥပဒေအား လက်တစ်လုံးခြားလုပ်သွားတဲ့ သူတွေကိုလိုက်လံအပြစ်ပေးပါတော့တယ်….

Daredevil(2016)Season 2
အပိုင်း (၁ မှ ၁၃ ) ထိ စ/ဆုံး

S1 မှာ ဝဲဆန်ဖစ်ကြီးကို ထောင်ထဲထည့်ခဲ့ပြီးနောက်မှာတော့

Daredevil ဖန်တွေအတွက် ပိုထူးခြားပြီး စိတ်ဝင်သွားစေမှာကတော့

S2 မှာ မိန်းကလေးဖြစ်သော်ငြား ကြောက်စရာကောင်းတဲ့ အလက်တျာဆိုတဲ့

တစ်ယောက်ပါလာသလို Punisher ကြီ:ကလည်း အားရပါးရ မြို့ကို ဗြောင်းဆန်အောင်

ဝင်ဗျင်းတာပါပဲ…

သတ်ဖြတ်ခန်းတွေနည်းလို့ S1မှာအားမရတဲ့သူတွေအတွက်တော့ S2 မှာတော့

အလောင်းတွေ တောင်လိုပုံနေပါတယ်….ဆိုတော့ ခံစားကြည့်ကြပါဦ:..

Daredevil(2018)Season 3
အပိုင်း ( ၁ မှ ၁၃) အထိ စ/ဆုံး

Season 2 မှာ ဆျာကန်းတစ်ယောက် ရှယ်ဗျင်းခံလိုက်ရလို့

ကံကောင်းထောက်မစွာ အသက်မဆုံးရှုံးခဲ့ဘူး…

သို့ပေမဲ့ သူအားအကိုးရဆုံးဖြစ်တဲ့ ညာဘက်နားတော့

ကောင်းစွာမကြားရတော့ဘူး… ဒီတော့ အာရုံခံနိုင်စွမ်းအားနည်းလာတော့

ဗျင်းတဲ့အချိန်မှာ သာမန်လူနဲ့ဆော်တဲ့အချိန်မှာတောင် အရေးနိမ့်လာတယ်…

ဆျာကန်းတစ်ယောက် ဒီအဖြစ်ဆိုးကနေ ပြန်ရုန်းထွက်နိုင်မလား….

ဒီကြားထဲ ဖက်တီး ဝဲလ်ဆန်ဖစ်ကလည်း အယူခံဝင်တာအောင်မြင်

ဖို့ရာနှုန်းများလာတယ်…

ဝဲလ်ဆန်ဖစ်ဆိုတာ ဘယ်လောက်အန္တရယ်များလဲဆိုတာ သိကြတဲ့အတိုင်းပဲ..

အမှားတွေကနေသင်ယူတတ်တဲ့သူ..ဘယ်လူလိုကို ခလုတ်နှိပ်ရမယ်ဆိုတာကောင်းကောင်းသိတဲ့သူ…

Punisher ကြီ:ကိုတောင် ခုတုံးလုပ်ပြီး သူလိုချင်တဲ့အကွက်ခင်းခဲ့တဲ့သူ…

ဒီလိုအချိန်မှာ ထောင်ထဲအသွင်းခံရပြီး သူချစ်တဲ့မိန်းမပါမလုံခြုံအောင်လုပ်တဲ့

တရားခံကို ဘယ်လို ပြန်ဗျင်းရမလဲဆိုတာ အမြဲကြံဆနေတတ်တဲ့သူ…

ဘာတွေဖြစ်မလဲဆက်စောင့်ကြည့်ရအောင်…

UPDATE - အညွှန်းသီးသန့်

05 Feb, 05:02


Dangerous Liaisons (2022)

1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။
ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။
ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။
သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ
ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့… မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။

Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။
အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။
အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။
ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊
သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။
Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင်
ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။
Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင်
ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး
ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။

UPDATE - အညွှန်းသီးသန့်

04 Feb, 06:07


Girl in the Basement (2021)

မိဘ အရိပ်သည်သာ အအေးချမ်းဆုံး
မိဘ မေတ္တာသည်သာ အနွေးထွေးဆုံးြ
မိဘ ရင်ခွင်သည်သာ အလုံခြုံဆုံးအဲသည်လိုလေးတွေ ဖော်ပြ ယူဆကြသဗျ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ အထက်ကပြောခဲ့တာတွေဟာ ဟုတ်မနေခဲ့ပါဘူး၊ ဒုက္ခတွေရဲ့ မြစ်ဖျားခံရာက ကိုယ် ယုံကြည်ထားတဲ့မိဘဖြစ်နေမယ်ဆိုရင်ရော . . .  ခင်ဗျားတို စိတ်ကူးယဉ်ကြည့်ဗျာ . ကိုယ့်ရဲ့ အဖေအရင်းဖြစ်သူက ကိုယ့်ကို မြေအောက်ခန်းထဲမှာပိတ်ထားပြီး sexual abuse လုပ်တယ်ဆိုပါစို။ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ဒီလို အဖြစ်ဟာ တွေးကြည့်ရုံနဲ့တင်ရင်နာစရာကောင်းနေပါပြီ။ ဒီကားထဲက ကောင်မလေးလည်း ဒီအဖြစ်နဲ့ တကယ်လက်တွေ့ကြုံရပြီး ဘ၀နာခဲ့ရပါတယ်။

UPDATE - အညွှန်းသီးသန့်

04 Feb, 06:07


City of Ember (2008)

  City of Ember (2008) IMDb Rating (6.4) / Rotten Tomatoes (53%)   ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။ City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။   ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ.. ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်.. အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြ

UPDATE - အညွှန်းသီးသန့်

04 Feb, 06:07


Dawn Of The Dead ( 2004 )

ကြောက်တက်သူများ ကြည့်ဖိုမသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာပုံဖေါ်ထားတာဖြစ်လို Horror ကြိုက်သူတို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။တစ်နေ့ဂျူတီပြီးလို အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်…ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ်ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို အကူညီခေါ်ပေးဖိုအနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်…အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။တစ်ကယ်တော့ သူတိုတွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူးဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတိုထဲက တစ်ယောက်ကအကိုက်ခံထားရပြီး

UPDATE - အညွှန်းသီးသန့်

04 Feb, 05:54


Dan Brown’s The Lost Symbol (2021)

IMDb – 7.3/10

မင်းသားကြီး Tom Hanks ရဲ့
The Davinci’s Code တို့ Angels and demons တို့ကိုကြည့်ဖူးကြရင်
ဒီကားနာမည်နဲ့ မစိမ်းလောက်ပါဘူး။

အနောက်တိုင်းဘာသာရေးဂိုဏ်းတွေရဲ့ ပဟေဠိတွေ ဖြေရှင်းတာကို
အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားကြည့်ခဲ့ရပါတယ်။

ဒီစီးရီးဟာလည်း အဲ့ဇာတ်လမ်းတွေရဲ့အဆက်ဖြစ်ပြီး
သရုပ်ဆောင်တွေပဲပြောင်းသွားတာပါ။

စာရေးဆရာ Dan Brown ရဲ့ဝတ္ထုတွေထဲက
The Lost Symbol ကို အခြေခံပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။
ပရော်ဖက်ဆာရောဘတ်လန်ဒန်ဟာ ဟားဗက်တက္ကသိုလ်မှာ
သင်္ကေတဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး
ဘာသာရေးကိစ္စတွေကို ရင်းနီးကျွမ်းဝင်သူပါ။
တစ်နေ့မှာလူစိမ်းတစ်ယောက်ဟာ
သူ့ဆရာပီတာကိုပြန်ပေးဆွဲထားကြောင်း ဖုန်းဆက်လာပြီး
လျှို့ဝှက်ဝင်ပေါက်တစ်ခုကိုရှာပေးဖို့ ခြိမ်းခြောက်ကာ သဲလွန်စတွေပေးသွားပါတယ်။

ဆရာဖြစ်သူကိုကယ်ဖို့ ရောဘတ်ရဲ့ပဟေဠိဝှက်စာဖော်စကေးတွေနဲ့
စွန့်စားအ​ဖြေရှာပုံတွေကို စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်။

Dan Brown စာအုပ်တွေရဲ့ အရင်ဇာတ်လမ်းတွေကိုကြည့်ဖူးတဲ့သူတွေကတော့
သေချာပေါက်ကြည့်သင့်တဲ့စီးရီးဖြစ်ပြီး
လျှို့ဝှက်ဆန်းကြယ် ပဟေဠိအမျိုးအစားတွေကြိုက်ကြရင်လည်း
လုံးဝလက်လွှတ်မခံဖို့ပြောချင်ပါတယ်။

UPDATE - အညွှန်းသီးသန့်

02 Feb, 05:26


Synopsis of Daisy Jones & the Six (2023)
Daisy Jones & the Six (2023)
=====================
IMDb Rating – 8.1/10

ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ
အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က
ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က
တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့
မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့
အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့

ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့
လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး
လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။
လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို
ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ
သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး
နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ
ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။

ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက်
အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့
တစ်ခုဟာ အောင်မြင်မှုတွေ အလီလီဆွတ်ခူးရင်း ဂီတလှိုင်းလုံးကြီးမှာ
ပျော်မွေ့ခဲ့ကြပါတယ်။ လက်မှတ်တွေ တစ်စောင်မကျန်အောင် ရောင်း
ချရတဲ့ ချီကာဂိုမြို့ Solider Field က ဖျော်ဖြေပွဲတစ်ခု အပြီးမှာတော့
သူတို့အဖွဲ့ ဂီတလောက ကနေ အနားယူခဲ့ကြပါတယ်။ ဆယ်စုနှစ်တွေ
ကြာအပြီးမှာတော့ ဘာဖြစ်လို့ အဖွဲ့ကို ဖျက်သိမ်းပြီး အနားယူခဲ့လဲဆို
တာကို အဖွဲ့သားတွေက အမှန်အတိုင်းပြောပြဖို့ သဘောတူခဲ့ကြပါတယ်။
ဒီဇာတ်လမ်းမှာတော့ သူတို့အဖွဲ့ ဘယ်လို စတင်ဖွဲ့စည်းဖြစ်တယ်၊ ဘယ်လို
နာမည်ကြီးအောင်လုပ်ကြတယ်၊ ဘယ်လိုတွေ စီးမျှောခံစားကြတယ်၊
ဘာကြောင့် အဖွဲ့ပျက်သွားတယ်ဆိုတာတွေကို ဇာတ်လမ်းတစ်လျှောက်
အနိမ့်အမြင့်တွေကို သီချင်းကောင်းများစွာနဲ့ လိုက်ပါခံစားနိုင်မယ့် ဇာတ်
လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

01 Feb, 07:43


Raising Dion Season 1 + 2 (2019-2022)
Rotten tomatoမှာ 82%အထိရပြီး IMDBမှာ 7.2အထိ ရထားတဲ့

Rating မြင့်တဲ့ Seriesလေးတခုဖြစ်လို့ကြည့်ရကျိုးနပ်မယ့်ကားလေး။

SuperHero ဇာတ်လမ်းပုံစံတွေ ခေတ်စားလာပြီးနောက်

Super Hero တွေကိုပုံစံမျိုးစုံနဲ့ ရိုက်လာကြတယ်။

များသောအားဖြင့်က အရွယ်ရောက်ပြီး Superheroတွေဖြစ်ကြပြီး

နောက်ပိုင်းမှာ ဆယ်ကျော်သက်နဲ့ Superhero ပေါင်းစပ်ထားတဲ့

Genre တွေပါ ခေတ်စားလာတယ်

DC ရဲ့ Teen Titansရယ် Marvelရဲ့ Runaway Series တွေက လူသိများတယ်။

DC နဲ့ Marvel က မဟုတ်ပဲနဲ့ဆို Jumper Movie ကိုမှ

Sequel ပုံစံမျိုးရိုက်ထားတဲ့ Impulse တို့ရှိတယ်။

Superheroဆိုတိုင်း သူရဲကောင်းတွေ မဟုတ်တာကို ပြသွားတဲ့

The Boy လိုမျိုး Series တွေ။

အဲလိုပုံစံတွေထဲကနေမှ တမျိုးလေးခွဲထွက်လာတဲ့ တကားရှိတယ်။

အဲဒါကတော့ အခု Netflix Series ဖြစ်တဲ့ Rising Dion ပါပဲ။

ဒီယွန်ဆိုတဲ့ကောင်လေး နဲ့ သူ့အမေ နီကိုးလ် တို့ပဲ ရှိတဲ့မိသားစုလေးတခု။

သူ့အဖေကတော့ မုန်တိုင်းတခုကြားမှာ

သူစိမ်းတယောက်ကို ကယ်လိုက်ရင်း သေဆုံးသွားခဲ့ပြီ။

အဖေမရှိတော့တဲ့ ကောင်လေးတယောက်ကို

အလုပ်နေရာပြောင်းရလို့ နှစ်ဝက်နဲ့ကျောင်းပါပြောင်းရတဲ့အခါမှာ

သားအတွက်ရော အဆင်ပြေအောင် ကြိုးပမ်းရတဲ့အမေတယောက်။

ကိုယ့်အလုပ်မှာလည်း အဆင်ပြေအောင် ကြိုးစားရသေးတယ်။

အရာရာအခြေတကျဖြစ်အောင် ကြိုးစားနေတဲ့အချိန်မှာ

အလုပ်ကလည်း အဆင်မပြေ သားကလည်း ကျောင်းမှာ ခွဲခြားခံရ။

အဲလိုတွေကြားထဲကမှ ကိုယ့်သားမှာ အစွမ်းတွေရှိတယ်ဆိုတာ

သိလာရတဲ့အခါမှာရော ဘယ်လိုတွေ ရင်ဆိုင်သွားမလဲ။

သူ့အဖေသေတာရော တကယ်ပဲ မုန်တိုင်းကြောင့်ပဲလား။

သူ့သားကရော ဘယ်လိုကြောင့်ဒီလိုအစွမ်းတွေရလာတာလဲ။

သူ့သားလိုအစွမ်းတွေ ရှိတဲ့သူတွေရော ရှိမှာလား။

သူ့သားက အဲလိုအစွမ်းတွေလူတွေကြားထဲမသုံးမိဖို့ရော

ဘယ်လိုတွေတားဆီးရမလဲဆိုတာတွေကို

စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရမယ့် Series လေးပါ။

ဒါနဲ့စကားမစပ် ဒီယွန်အဖေနေရာ သရုပ်ဆောင်တဲ့မင်းသားကတော့

Black Panther ထဲမှာ KillMonger အဖြစ်သရုပ်ဆောင်တဲ့ Michael B Jordanပါ။

ဒီSeries မှာဆိုရင် Superhero နေရာကနေ မဟုတ်ပဲ

Superheroဖြစ်လာတဲ့ ကလေးတယောက်ရဲ့ မိဘနေရာကနေ ရိုက်ပြသွားတာတွေများတယ်။

အစွမ်းတွေ ရှိနေပြီး ကိုယ်တိုင်မဆုံးဖြတ်နိုင်သေးတဲ့

အရွယ်မှာဆိုရင်ကော မိဘ ပတ်ဝန်းကျင်ကလူတွေရဲ့ သက်ရောက်မှုတွေ

ဘယ်လောက်အရေးပါတယ်ဆိုတာတွေရော။

မိဘနဲ့သားသမီးကြားဆက်ဆံရေးလေးတွေ။

သူတို့ကျောင်းတွေမှာ သင်ကြားတဲ့ ပုံစံ တစွန်းတစကိုပါ သိရမှာဖြစ်ပါတယ်။

အဲဒီတော့ အိမ်မှာနေတုန်းလေးမှာ အပန်းဖြေကြည့်လိုက်ကြပါစို့။

UPDATE - အညွှန်းသီးသန့်

31 Jan, 07:40


ဒီJapanese Horror Thriller seriesဟာဆိုရင် Disney + နဲ့ Huluက ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းထားပြီး

2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလို့မကောင်းမှာတော့ စိတ်မပူနဲ့ဗျ။
ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့

ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။

ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့

ပျော်စရာပေါ့..

ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..

ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်

အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..

အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်..

တစ်ပတ်ကိုတစ်ပိုင်းထွက်ရှိမှာဖြစ်ပြီး Horror ကားကြိုက်သူတို့မြည်းကြည့်သင့်တယ်..

အပိုင်းတစ်မှာတင်ကြွေသွားလိမ့်မယ်..

UPDATE - အညွှန်းသီးသန့်

31 Jan, 07:30


IMDb Rating (6.5) / Rotten Tomatoes (93%)
 
အမိုက်စား ပြင်သစ် Horror ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
တစ်ခုသောညနေခင်းမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ မူးယစ်ဆေးအရောင်းသမားဆီမှာ ပစ္စည်းသွားဝယ်ပြီး ပြန်အလာ
ခဏနေရင် အန်နာဆိုတဲ့ သူ့ကောင်မလေးရယ် ဘော်ဒါတသိုက်ရယ် ပါတီမှာ ဆေးချပျော်ပါးဖို့ ကြံရွယ်ထားတုန်း
လမ်းမှာ ဒဏ်ရာရထားတဲ့ သွေးရူးသွေးတန်းအမျိုးသမီးတစ်ယောက်ကို ကူညီချင်စိတ်နဲ့ ကားပေါ်တင်လိုက်ရာမှာ
ငါးပါးတွေမှောက်ပြီး သွေးပျက်စရာကောင်းလောက်အောင် အိပ်မက်ဆိုးလား ဆေးကြောင်နေတာလား မသဲကွဲတော့တဲ့ တစ်ညတာဘယ်လိုဖြစ်လာမှာလဲ
ခံစားကြည့်ရှုပေးပါဦး။

UPDATE - အညွှန်းသီးသန့်

31 Jan, 07:30


Killing Ground (2016) Mmsub

ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတစ်စုဟာ တောထဲကို အပျော်ခရီးထွက်လာခဲ့တယ်၊ဒါပေမယ့် မထင်မှတ်ထားတဲ့ကံကြမ္မာဆိုးကြီးရောက်လာခဲ့တယ်၊အဲ့တာကတော့ တောထဲမှာ လူစိတ်မရှိတဲ့ လူ့အရိုင်းအစိုင်း နှစ်ကောင်နဲ့တွေ့ပြီး သမီးနဲ့အမေကို အဖေရှေ့မှာတင် မုဒိန်းကျင့်ပြီး သတ်လိုက်ပါတယ်၊ကလေးလေးကိုကြ ကိုင်ပေါက်ပြီး သတ်ပစ်လိုက်ပါတယ်။ကြည့်ရတာတော်တော်ရက်စက်လွန်းပါတယ်။

UPDATE - အညွှန်းသီးသန့်

31 Jan, 07:30


Megalomaniac (2022)

ဇာတ်ကောင်ဖြစ်တဲ့ လူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ၊ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

30 Jan, 04:07


Lessons in Chemistry (2023)
=====================
IMDb Rating – 7.9/10

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို “Captain Marvel” မင်းသမီး
“Brie Larson” အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ (2023)ခုနှစ်ထွက်
“Lessons in Chemistry”ဆိုတဲ့ စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
1951ခုနှစ်ကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ် အပြင်အဆင်
မျိုးကို ကြိုက်တဲ့သူတွေ ကြည့်ချင်လောက်မဲ့စီးရီးမျိုးပါ။ စာရေးဆရာမ Bonnie
Garmusရဲ့ ကျော်ကြားခဲ့တဲ့ “Lessons in Chemistry”ဆိုတဲ့ ဝတ္ထုစာအုပ်ကို
အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီး Brie Larsonကို အဲ့ဘက်
ခေတ် အပြင်အဆင်လေးနဲ့မြင်ရတာ အတော်မိုက်ပါတယ်။

ထိုခေတ်ထိုအခါက အမျိုးသမီးသိပ္ပံပညာရှင်တွေ ရှိပေမဲ့ ရှားတဲ့ခေတ်လို့ဆိုရမှာပါ။
ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင် အဲလိဇဘက်ဇော့ဟာ ဓာတုဗေဒမှာ မာစတာ
ဘွဲ့ရထားပြီး ပါရဂူဘွဲ့ရတွေထက်တောင် အရည်အချင်းသာလွန်ပေမဲ့ ကျား/မခွဲခြား
ဆက်ဆံတတ်တဲ့ အထက်လူကြီးရဲ့ အယောင်ပြဖိန့်လုံးဖြစ်တဲ့ “ပါရဂူဘွဲ့မရထားဘူး”
ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှာရာထူးတိုးပေးခြင်းမခံရတဲ့အပြင် လုပ်ဖော်
ကိုင်ဖက်တွေဆီကနေပါ အတွင်းရေးမှူးသာသာဆက်ဆံတာကို ခံနေရသူပါ။
တစ်နေ့တော့ သူ့အရည်အချင်းကို သတိထားမိပြီး အသိအမှတ်ပြုပေးတဲ့ အလုပ်
ထဲက ကြယ်ပွင့် ဓာတုဗေဒပညာရှင်ကယ်လ်ဗင်အီဗန်နဲ့ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရာ
ကနေ သူ့ရည်မှန်းချက်ကို ယုံကြည်ပံ့ပိုးကူညီပေးမဲ့သူရှာတွေ့ခဲ့ပါတော့တယ်။ IMDb
Rating 7.9 နဲ့ ခရမ်းချဉ်သီး (81)လုံးရရှိထားတဲ့ စီးရီးလေးဖြစ်တာမို့ ကြည့်ကောင်း
မယ်ဆိုတာကတော့ အသေအချာမဟုတ်လား၊ ကဲ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။

UPDATE - အညွှန်းသီးသန့်

29 Jan, 08:55


ဇာတ်​လမ်းအကျဉ်းက​တော့ ကျွန်းတစ်​ကျွန်း​ပေါ်ကိုပြန်​​ပေးဆွဲခံရတဲ့ညီမတစ်​​ယောက်​ကိုပြန်​လိုက်​​ခေါ်တာ အဲ့ကျွန်းကိုဘုရင်​ကိုသစ္စာ​ဖောက်​​လို့ထွက်​​ပြေးတဲ့ မယ်​ကွန်​ ဖရန့်​ခ်​ ကွင်​ရယ်​ ကသူတို့​နေထိုင်​တဲ့လိုရတဲ့ရွာအဖြစ်​တည်​​ဆောက်​ထားပြီးလူ​တွေကိုလက်​ခံတယ်
442
 ကျွန်းကစိုက်​ပျိုး​ရေးလုပ်​ငန်းကိုထိန်းချုပ်​ထားတဲ့ ကျွန်​ရဲ့အရှင်​သခင်​မကြီးရှိတယ်​​မှော်​လိုလိုဘာလိုလိုနဲ့ သူ့လိုအပ်​တဲ့​သွေး​တွေမရရင်​သီးနှံ​တွေကိ​မြေသြဇာကတစ်​ဆင့်​အဆိပ်​ခပ်​တယ်​အစားအ​သောက်​​တွေလိုသ​လောက်​မရတဲ့အချိန်​မှာ သူ​ဌေးသမီးတစ်​​ယောက်​ကိုပြန်​​ပေးဆွဲ့လိုက်​တယ်
အဲ့အချိနိမှာသူ့အစ်​ကို​သောမတ်​စ်​ကသူ့ညီမကိုလိုက်​ရှာတဲ့စွန့့်​စားခန်းအ​ကြောင်းကိုရိုက်​ပြထားတာပါ​သောမတ်​စ်​တစ်​​ယောက်​သူ့ညီမကိုကယ်​နိုင်​မလား သူ​ရောအသက်​ရှင်​လျက်​လွတ်​မလားဆိုတာ​တော့ ဆက်​ကြည့်​​ပေးကြပါဦး

UPDATE - အညွှန်းသီးသန့်

28 Jan, 07:01


The Human Centipede 3: The Final Sequence (2015)

IMDb - 2.8/10
Genre - Horror

၂၀၁၅မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ Final Sequence မှာတော့ နေမြင့်လေ အရူးရင့်လေဖြစ်တဲ့ ထောင်ပိုင်နဲ့ သူ့ရဲ့ ဂေါက်သီး စာရင်းကိုင်တို့ ၂ယောက် ထောင်အသုံးစရိတ်လျှော့ချရေးအတွက် ထောင်သားတွေကို ကင်းခြေများအသွင် ဖန်တီးကြမှာပါ။ လူတွေ ဘယ်အတိုင်းအတာထိ ရူးသွပ်နိုင်တယ်ဆိုတာကို ခံစားကြရပါမယ်။ အထက်မှာ ပြောခဲ့သလို ညစ်ညမ်းတာတွေအပြည့်နဲ့ဇာတ်ကားဖြစ်တာကြောင့် အသက်မပြည့်သူများ ရွံတတ်သူများ နှလုံးရောဂါရှိသူများ လုံးဝ(လုံးဝ) မကြည့်သင့်ပါကြောင်း…။

UPDATE - အညွှန်းသီးသန့်

28 Jan, 07:01


The Human Centipede 2: Full Sequence (2011)

IMDb - 3.8/10
Genre - Horror, Drama

ဒုတိယရုပ်ရှင်ကတော့ ပထမကားကိုစွဲလမ်းပြီး လူသားတွေကို ကြုံသလို ဆက်မယ့် လုံခြုံရေးသမားအကြောင်းပါ..သူဟာ ငယ်ငယ်ကတည်းက အဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ။ ဒီကားကိုတော့ ဒါရိုက်တာက ကင်းခြေများကိုပဲ Focus မလုပ်ဘဲ dark theme လေး ခံစားစေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။

UPDATE - အညွှန်းသီးသန့်

28 Jan, 07:01


The Human Centipede (2009)

IMDb - 4.4/10
Genre - Horror, Splatter

လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ…ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။ လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်း တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

UPDATE - အညွှန်းသီးသန့်

28 Jan, 06:48


ဒီစီးရီးကတော့ လောလောလတ်လတ်က‌မှ Disney plus ကနေ ထွက်ရှိထားတဲ့ British သမိုင်းကြောင်းနောက်ခံ Fantasy Adventure type စီးရီးကောင်း‌လေးတစ်ပုဒ်ပါ။ ၁၈ ရာစုရဲ့ Adventure ဝတ္ထုတွေကို Inspiration ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
နယ်လီဂျက်ခ်ဆန်ဆိုတဲ့ကောင်မလေးဟာ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တယ်။ စစ်တပ်မှာအမှုထမ်းပြီး အိမ်ပြန်အလာမှာ လူသတ်မှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရတဲ့အခါ သူ့ညီမနှစ်ယောက်နဲ့အတူ ရွာကနေထွက်ပြေးလာရပြီး ၁၈ ရာစု အင်္ဂလန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုန်းဝရမ်းပြေးတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ကို ဘီလီဘလိုင်းလို့ခေါ်တဲ့ မှော်ဝင်သတ္တဝါလေးတစ်ကောင်က သူ့ကိုကာကွယ်ပေးနေတဲ့အခါ စွမ်းအားတွေပေးနေတဲ့အခါ သူ့ရဲ့ဘဝက သူထင်ထားတာထက် ပိုပြီးကြီးမားနေတယ်ဆိုတာ နားလည်လာဝောာ့တယ်။
ဒီစီးရီးက Rating ကောင်းကောင်းရထားပြီး စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရတာမပျင်းမယ့် စီးရီးတစ်ခုပါ။ ၁၈ ရာစုခေတ် အ‌ခြေအနေတွေ အပြင်အဆင်တွေနဲ့ ဇာတ်အိမ်ဖန်တီးထားပြီး ဇာတ်လမ်းအသွားအလာ storyline က တမူထူးခြားပြီး စိတ်ဝင်စားစရာကောင်းတယ်။ ကြည့်တဲ့သူကို ဆွဲဆောင်နိုင်တယ်၊ ဖမ်းစားမှုရှိတယ်။ စိတ်ကူးယဉ်စွန့်စားခန်းဇာတ်လမ်းမျိုးတွေကြိုက်တဲ့သူတွေအတွက်ကတော့ ဒီစီးရီးက လုံးဝလက်လွှတ်မခံသင့်တဲ့ရွှေပါပဲ။

UPDATE - အညွှန်းသီးသန့်

27 Jan, 08:00


Netflix ရဲ့ အကောင်းတကာ့အကောင်းဆုံး စီးရီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ
“Mindhunter” ဟာ Netflix က ထုတ်လွှင့်တဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်သံစီးရီး ဖြစ်ပါတယ်။ David Fincher နဲ့ Charlize Theron တို့က ထုတ်လုပ်ထားပြီး FBI ရဲ့ အစောဆုံး Serial Killer စုံစမ်းစစ်ဆေးမှု ယူနစ်ကို စတင်တည်ထောင်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။



အဓိက ဇာတ်ကောင်များ:
————————-
Holden Ford (Jonathan Groff) – FBI အေးဂျင့်သစ်
Bill Tench (Holt McCallany) – အတွေ့အကြုံရင့် FBI အေးဂျင့်
Dr. Wendy Carr (Anna Torv) – စိတ်ပညာရှင်



ဇာတ်လမ်းအကျဉ်း:
၁၉၇၀ ခုနှစ်များအတွင်းက FBI အေးဂျင့်တွေဟာ အကြောင်းမဲ့ လူသတ်မှုတွေကျူးလွန်တဲ့ Serial Killer တွေရဲ့ စိတ်ပိုင်ဆိုင်ရာ လက္ခဏာတွေကို လေ့လာဖို့ စတင်ခဲ့ပါတယ်။ သူတို့ဟာ ထောင်ထဲမှာ အကျဉ်းကျနေတဲ့ လူသတ်သမားတွေကို တွေ့ဆုံမေးမြန်းပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ လူသတ်မှုတွေရဲ့ အကြောင်းရင်းတွေကို လေ့လာခဲ့ပါတယ်။



ထူးခြားချက်များ:
ဇာတ်လမ်းတွင် Ed Kemper၊ Charles Manson စတဲ့ တကယ့် Serial Killer တွေရဲ့ အင်တာဗျူးတွေကို ထည့်သွင်းထားပါတယ်လူသတ်သမားတွေရဲ့ စိတ်ပညာဆိုင်ရာ ရှုထောင့်တွေကို နက်နဲစွာ တင်ပြထားပါတယ်FBI ရဲ့ ခေတ်သစ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး နည်းလမ်းတွေ ပေါ်ပေါက်လာပုံကို ဖော်ပြထားပါတယ်



စိတ်ဝင်စားဖွယ် အချက်အလက်များ:
ဒီစီးရီးဟာ FBI အေးဂျင့် John E. Douglas ရဲ့ စာအုပ်ကို အခြေခံထားပါတယ် ထုတ်လွှင့်ချိန် ၂ နှစ်အတွင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ် သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကို အထူးချီးကျူးခံခဲ့ရပါတယ်



အားသာချက်များ:
စိတ်ပညာဆိုင်ရာ သုတေသနတွေကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ် ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို သေချာ ဖော်ပြထားပါတယ် ၁၉၇၀ ခုနှစ်များရဲ့ အနေအထားတွေကို အသေးစိတ် ပြန်လည်ဖန်တီးထားပါတယ်



သတိပြုရန်:
အသက် ၁၈ နှစ်အထက်မှသာ ကြည့်ရှုသင့်ပါတယ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်
လူသတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးထားပါတယ်



“Mindhunter” ဟာ ရိုးရိုး ရာဇဝတ်မှုစီးရီးတွေလို မဟုတ်ဘဲ၊ လူသတ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ၊ အပြုအမူတွေကို သိပ္ပံနည်းကျ လေ့လာတဲ့ပုံစံ တင်ဆက်ထားတဲ့အတွက် သီးခြားထူးခြားပါတယ်။ စိတ်ပညာနဲ့ ရာဇဝတ်မှုစုံစမ်းရေးကို စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

26 Jan, 05:38


Black Summer (2019 Season 1 ဇာတ်လမ်းအကျဉ်း

ဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လားဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့တွေ့ဖူးသမျှ Zombie တွေထဲမှာ ဉာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကိုထူးဆန်းစွာတွေ့ရမှာပါသူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာမထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလိုသူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲသေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။ဇာတ်ကားထဲမှာ “black clouds” လို့ပဲ ညွှန်းထားတာကြောင့်ဘာဖြစ်မှန်းတော့မပါခဲ့ပါဘူး ။ဇာတ်လမ်း ဇာတ်ညွှန်း ကျောရိုးနဲ့ ရိုက်ကူး ပုံတွေကတော့ တော်တော် weird ဖြစ်စေပါတယ်။Rose လိုပဲအခြားဇာတ်ကောင်တွေဖြစ်တဲ့ Spears , Lance, Barbara တို့ကိုလဲ ပြထားပါတယ် lance ကတော့ Zombie ဇာတ်ကောင်ပါReviewsZombie ဇာတ်ကားတွေဟာ Apocalypse & Survival ဇာတ်ကားတွေအနက်ယနေ့ထိ တိုင် ခေတ်စားနေတဲ့ Genre တစ်မျိုးပါ။World War Z တို့ 28 Weeks Later တို့ Resident Evil တို့လိုZombie ကားတွေက နေ စတင်ပြီးအမျိုးအစား မတူအောင်အမျိုးမျိူး ဖန်တီးရိုက်ကြပြီး ယနေ့ အထိ Train To Busan လို ကားမျိုးတွေအထိပါ အောင်မြင်နေဆဲပါ ။ယခုလဲ Netflix ကနေ Black Summer ဆိုတဲ့ Zombie Series တို တစ်ခုကို ထုတ်လွှတ်ထားပါတယ်။Walking Dead နောက်ပိုင်း Zombie ဇာတ်လမ်းတွဲတွေဟာ ထင်သလောက်နေရာ မရပဲWalking Dead ရဲ့ လွှမ်းမိုးမှု့အောက်က မကျော်နိုင်တာ နှစ်တွေတော်တော်ကြာ ပါပြီဒီဇာတ်ကားဟာ Low Budget ဆိုတာ ကြည့်တာနဲ့သိသာပါတယ်ဒါပေမဲ့ Low Budget ဘောလိဝုဒ်ဇာတ်လမ်း တွဲGhoul တုန်းကတော်တော် အောင်မြင်ခဲ့တဲ့အရှိန်အဝါကြောင့် low budget တိုင်းလဲ အထင်မသေးရဲပါဘူး။စကြည့်တုန်းက Poster ကြောင့် Ghoul လို Dark လိမ့်မယ်ထင်ခဲ့ပေမဲ့ဒီကားက တော်တော်ကြီး Weird ဖြစ်တာ ။Weird ဖြစ်တဲ့ feeling ကိုကြိုက်တဲ့ လူတွေ အတွက်တော့ Series ကောင်း တခု ဖြစ်နေနိုင်ပေမဲ့သာမာန် ကြည့်တဲ့ လူတွေအတွက်တော့ တော်တော် ကြီး စိတ်ကသိကအောက်နိုင်ပါတယ်။ကိုယ်ကတော့ Weird ဖြစ်တဲ့ Seriesတွေကို သဘောကျတဲ့ လူမို့ ဒီဇာတ်လမ်းလေးကို အကြိုက်တွေ့ပါတယ်။Rating ကလဲ 6.5 မို့ ကြည့်သင့်တဲ့ထဲ ပါပါတယ်Zombie ဇာတ်လမ်းတွဲကို ဘာနဲ့မှ မတူပဲ Weird and Lonely ဖြစ်တဲ့ ခံစားချက်တွေနဲ့ဇာတ်သိမ်း ကို ရောက်မှန်း မသိရောက်အောင်ဆွဲ ခေါ် သွားမဲ့ ဇာတ်လမ်းကောင်းတစ်ခု အနေ နက် review ရေးလက်ပါရစေ


Black Summer Season 2 (2022)

Walking Dead နောက်ပိုင်း ဆန်းသစ်မှုအရှိဆုံး ဇွန်ဘီကား ဆိုပြီး ချီးကျူးတာတွေလည်း ရှိခဲ့သလိအရူးဇာတ်ကွက်နဲ့ ရူးကြောင်ကြောင် ဇာတ်လမ်းဆိုပြီး ဝေဖန်တာတွေလည်း ကြမ်းခဲ့တဲ့Black Summer ရဲ့ Season 2 ပါအကိုက်ခံရမှ ဇွန်ဘီဖြစ်တာ မဟုတ်ဘဲ သေသွားရင်လည်း ဇွန်ဘီဖြစ်တဲ့ ထူးထူးခြားခြား ဇွန်ဘီကားပသူငယ်ချင်းနှစ်ယောက် အတူတူသွားနေရင်းကနေ ဘေးက တစ်ယောက်က ထဖောက်ပြီး သေသွားရင်ဇွန်ဘီဖြစ်သွားတာကြောင့် ခွေးပြေး ဝက်ပြေး ပြေးရတာမျိုးပါဇွန်ဘီတွေနဲ့ပဲ တိုက်ခိုက်ကြတာ မဟုတ်ဘဲ လူအချင်းချင်းလည်း ပြန်သတ်ကြပါသေးတယ်လူအချင်းချင်း ပြန်သတ်ရင်း သေပြီး ဇွန်ဘီ ဖြစ်သွားကြရင်လည်း နောက်တစ်ခါ ထပ်သတ်ရပါသေးတယ်Season 2 မှာတော့ မြို့ပျက်ကြီးထဲမှာ လျှောက်ပြေးနေရင်းကနေ အသတ်ခံလိုက်ရပြီးဇွန်ဘီ ဖြစ်သွားတဲ့ Lance အကြောင်းနဲ့ စဖွင့်ထားပါတယ်ရိက္ခာတွေ လာချပေးဖို့ ရောက်လာတတ်တဲ့ လေယာဉ်လည်းရှိပြီးအဲဒီ လေယာဉ် ဆင်းသက်တဲ့ နေရာကို အသည်းအသန် လိုက်ရှာနေကြတဲ့ အဖွဲ့ တစ်ဖွဲ့လည်း ရှိပါတယ်Rose နဲ့ Anna တို့ သားအမိကတော့ နှင်းတွေဖွေးဖွေးလှုပ်နေတဲ့ တောင်ကုန်းပေါ်က အိမ်ကြီးတစ်အိမ်ထဲ ရောက်နေကြပါတယ်Rose နဲ့ Anna တို့ တခြားအဖွဲ့တွေနဲ့ ကွဲပြီး အိမ်ကြီးထဲ ဘယ်လိုရောက်သွားကြလဲဆိုတာကိုတစ်ကွက်ချင်းစီ ပြန်ရိုက်ပြထားပါတယSeason 1 တုန်းကလိုပဲ ကြိုက်တဲ့သူက ကြိုက်၊ မကြိုက်တဲ့သူက မကြိုက်ကြပေမဲ့Rotten Tomatoes ရဲ့ Tomatometer တွေပေးထားတဲ့ rating ကတော့ 100 % ပါတဲ့စုစုပေါင်း ၈ ပိုင်း ရှိပါမယ်

UPDATE - အညွှန်းသီးသန့်

25 Jan, 04:58


အထက်တန်းကျောင်းတုန်းက သူငယ်ချင်းမလေးလေးယောက်သား ကျောင်းပြီးသွားပြီး နှစ်ပေါင်းများစွာအကြာမှာ ဘဝကိုယ်စီနဲ့တစ်ယောက်တစ်နေရာစီ ရောက်နေကြတာပေါ့။ ဒါပေမယ့် အတိတ်က အိပ်မက်ဆိုးကြီးတစ်ခုက သူတို့ကို အတူတူပြန်တွေ့ကြဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ သူတို့လေးယောက်ထဲက အထက်တန်းတုန်းက အကြောသေသွားခဲ့တယ့်
"မယ်လက်ခ်" ဆိုတဲ့ကောင်မလေးနဲ့
သက်ဆိုင်နေပါတယ်။ မယ်လက်ခ် တစ်ယောက် ဒီလိုအကြောသေသွားတာနဲ့ပတ်သက်ပြီး သူတို့ရွာကစုန်းမကြီးတစ်ယောက်ကြောင့်ဆိုတာကလွဲပြီး ကျန်တဲ့အကြောင်းအကျိုးတွေကိုတော့ ဘယ်သူမှမသိကြပါဘူး။မယ်လက်ခ်တစ်ယောက် ဘာကြောင့်အဲဒီလိုဆိုးဝါးတဲ့ဝေဒနာတွေကို ခံစားနေရရှာတာလဲ၊
အဲဒီအဖြစ်ဆိုးကြီးက ကျန်တဲ့သူငယ်ချင်းသုံးယောက်အပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေဆက်ရှိလာမလဲစတာတွေကို။

UPDATE - အညွှန်းသီးသန့်

25 Jan, 04:58


You Will Die In 6 Hours (2024)

တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာနေရလိမ့်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း။ အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲ ဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာ ဂင်ဂျွန်အူ ဆိုသူက ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက “မင်း နောက် ၆ နာရီကြာရင် သေရမယ်”

UPDATE - အညွှန်းသီးသန့်

25 Jan, 04:58


စစ္စတာ ဘန်းစ်နဲ့ စစ္စတာ ပက်စတန်ဟာ ဆယ်ကျော်သက်အရွယ် သီလရှင်နှစ်ယောက်ဖြစ်ပြီး သူတိုဟာ ခရစ်ယာန်ဘုရားကျောင်းမှာပဲ မွေးပြီး အဲမှာပဲ ပြုစုပျိုးထောင်ခံရကာ ကြီးပြင်းလာခဲ့ကြတာပါ။သူတိုနှစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း စက်ဘီးကိုယ်စီနဲ့ မြိုထဲပတ်သွားပြီး လူတွေကို သူတိုရဲ့ မော်မွန်ဘာသာ (၁၈၃၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာဂိုဏ်းခွဲ)ကိုဝင်ရောက်ကြဖို တရားလိုက်ဟောရင်းသာသနာပြုကြပါတယ်။တစ်နေ့မှာတော့ သူတိုဟာ မြိုစွန်မှာနေတဲ့ ဘာသာမျိုးစုံကို လေ့လာလိုက်စားပြီးတော့ မေးခွန်းထုတ်တတ်တဲ့ မစ္စတာရိဒ်ဆိုတဲ့ ဘာသာရေးပညာရှင်ရဲ့ အိမ်ကိုသူတိုရဲ့ ဘာသာက စစ်မှန်ကြောင်း သာသနာပြုရှင်းပြဖို သွားရောက်ခဲ့ပါတယ်။မစ္စတာရိဒ်က သူတိုနှစ်ယောက်ကို အိမ်ထဲဝင်ဖို ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ခုရှိတာက သူ့ရဲ့ အိမ်နံရံ၊ မျက်နှာကြက်နှင့်ပြတင်းပေါက်တွေဟာ သံတိုင်တွေအပြည့်နဲ့ ထွက်ပေါက်မရှိပါဘူး။ဒီလိုနဲ့ သူတိုနှစ်ယောက်ဟာ မစ္စတာရိဒ်နဲ့ ဘာသာရေးအကြောင်းဆွေးနွေးရင်း သူတိုရဲ့စကားဝိုင်းက ထူးဆန်းလာပြီး နေရခက်လာခဲ့ပါတယ်။

UPDATE - အညွှန်းသီးသန့်

25 Jan, 04:53


IMDb…7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။

ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။ လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။

UPDATE - အညွှန်းသီးသန့်

24 Jan, 06:25


Star Wars : Andor (Season 1)

Star Wars ဖန်တွေအတွက် စိတ်ဝင်စားစရာ စီးရီးတစ်ခု ထပ်ထွက်လာပါပြီ။ Star Wars မကြည့်ဖူးရင်တောင် ဒီစီးရီးကနေ စကြည့်လို့ရပါတယ်။ ဒီစီးရီးကို Rogue One ရုပ်ရှင် Timeline မစခင် ၅ နှစ်အကြာမှာ စတင်ထားတာပါ။ သူခိုးဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ကတ်စီရန်အန်ဒေါ်အကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။

Rogue One ဟာ Star Wars ဖန်တွေ အားလုံးနီးပါး သဘောကျခဲ့တဲ့ spin-off ရုပ်ရှင်မို့ ဒီစီးရီးကိုလည်း ဖန်အတော်များများက စောင့်မျှော်နေတာပါပဲ။ မူလ Star Wars သမိုင်းအရတော့ ဒီစီးရီးဟာ Revenge of the Sith ရုပ်ရှင် နဲ့ A New Hope ကြားထဲက အချိန်ပါပဲ။ တော်လှန်ရေးကို စတင်တည်ဆောက်နေဆဲ၊ ဂျဒိုင်းတွေ ပျောက်ကွယ်သွားပြီး အင်ပါယာ အာဏာရနေတဲ့အချိန်အတွင်းဖြစ်ပါတယ်။ ဒီတော့ ကတ်စီရန်ရဲ့ စွန့်စားခန်းတွေနဲ့အတူ ထုံးစံအတိုင်း ဘယ်နာမည်ကြီးဇာတ်ကောင်တွေ ပါဝင်လာမလဲ စောင့်ကြည့်လိုက်ရအောင်။

UPDATE - အညွှန်းသီးသန့်

23 Jan, 05:46


Benjamin Woolley ရဲ့ The King’s Assassin စာအုပ်ကို မှီငြိမ်းပြီး ရိုက်ကူးထားတဲ့ Historical Drama ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဒီဇာတ်လမ်းက‌တော့ … တစ်ခါက နုနုထွတ်ထွတ် အမျိုးကောင်းသား ယောက်ျားလေးတွေကိုမှ ဆွဲစားတတ်တယ်လို့ နာမည်ကြီးတဲ့
အင်္ဂလန်ဘုရင် James I နဲ့ Mary နဲ့ George Villiers တို့ သားအမိအကြောင်းပါ။

မိသားစု ရှေ့ရေး မသေချာတော့တဲ့ မယ်ရီဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်သူ ဂျော့ဂျ်ရဲ့ ချောမောမှု ဆွဲဆောင်မှုတွေကို အသုံးချပြီး ဘုရင်ဂျိမ်းစ်ကို ချဉ်းကပ်ခိုင်းတယ်။ သူတို့ ဘဝရှေ့ရေး ကောင်းစားဖို့က သူ့သား ဘုရင့်အချစ်တော် ဖြစ်ဖို့ပါပဲ။

ဒီလိုနဲ့ ဂျော့ဂျ်ဟာလည်း အမေဖြစ်သူ ခိုင်းတဲ့အတိုင်း ဘုရင်ကြီးကို နည်းမျိုးစုံနဲ့ မြှူဆွယ်ပြီး နန်းတော်ထဲမှာ နေရာတစ်ခု ရလာအောင် ကြိုးစားခဲ့တယ်။

ဒါပေမဲ့ ရာထူး အာဏာပါဝါတွေဆိုတာလည်း ပင်လယ်ရေလို သောက်လေသောက်လေ ငတ်မပြေဖြစ်တဲ့အခါ မယ်ရီနဲ့ ဂျော့ဂျ်တို့ရဲ့
သားအမိကြား ပဋိပက္ခတွေ၊ သူတို့နဲ့ နန်းတော်ကြား ပဋိပက္ခတွေ ဒုနဲ့ဒေးဖြစ်ပေါ်လာပါတော့တယ်။

သမိုင်းတစ်ခုကို လေ့လာနိုင်မဲ့အပြင် ဂျော့ဂျ်အဖြစ် သရုပ်ဆောင်သူ Purple Hearts၊ Red, White & Royal Blue ဇာတ်ကားတွေထဲက
မင်းသား Nicholas Galitzine ရဲ့ ဖင်တုံးလှလှလေးကိုလည်း မြင်တွေ့ခွင့်ရမှာမလို့ လက်မနှေးဘဲ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်…

UPDATE - အညွှန်းသီးသန့်

22 Jan, 06:11


Huntress (2024)

Huntress (2024) အ​မေရိကန် စစ်တပ် ​ဆေးတပ်ဖွဲ့ အုပ်စုငယ်တစ်ခု က တပ်ခွဲက​နေ ​ပြောင်း​ရွေ့ရင် ​နောက်ကျကျန်​နေခဲ့ပါတယ်။ သူတို့က နီးစပ်ရာ တပ်ခွဲရှိရာကို မြန်မြန် သွား​နေကြရင်း လမ်းမှာ ဂျာမန်​ကောင်မ​လေးငယ်​လေးတစ်​ယောက်နဲ့ ​တွေ့ကြတဲ့အခါ မထင်မှတ်ထားတာ​တွေ ဖြစ်လာပါ​တော့တယ်။ စစ်ပွဲကာလအတွင်းက အ​ခြေအ​နေ လူ​တွေရဲ့စိတ်​တွေ ဖိအား​တွေ ခံစားချက်​တွေကိုကြည့်ရှု ရမှာပါ...

UPDATE - အညွှန်းသီးသန့်

22 Jan, 06:11


Fury (2014)

IMDb (8.1/10)

၁၉၄၅ ခုနှစ်၊ ဧပြီလ။ 
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။

အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ 
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

22 Jan, 06:11


The Revenant (2015) မြန်မာစာတန်းထိုး

အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေအပါအဝင် ရုပ်ရှင်လောကရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ

အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်

ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားတာပါ

ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူ ယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည်တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ

မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ

မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ

UPDATE - အညွှန်းသီးသန့်

22 Jan, 05:52


အနှစ်ချုပ်: "လူသတ်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ဖို့ အင်စပက်တာမူနီရာတစ်ယောက် သူ့ဇာတိဖြစ်တဲ့ ဆရီဒါအစ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခေါက်ပြန်ရောက်တဲ့ခရီးမှာ သူဟာ ဒဏ်ရာဟောင်းတွေနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရပါတော့တယ်။ အဲဒီထဲမှာ အဖြစ်ဆိုးတစ်ခုမတိုင်ခင်ထိ မူနီရာနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တဲ့ ယူဆွတ်ဖ်တစ်ယောက်လည်း အပါအဝင်ပါပဲ။

UPDATE - အညွှန်းသီးသန့်

21 Jan, 05:15


IMDb - 8.4/10

Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။

ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ Anime က ဇာတ်ကွက်တွေကို live action မှာ ဘယ်လို ဆန်းသစ် သွားမလဲ၊ ဘယ်လို ဖန်တီးထားမလဲ၊ ဘယ်လို မတူတဲ့ အမြင်နဲ့ ရိုက်ကူးထားလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု အားပေးလိုက်ကြပါအုံး။

UPDATE - အညွှန်းသီးသန့်

20 Jan, 05:13


Rating – 9.1/10
 
#Unicode
လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းကြီးတွေ အကြောင်း ဇာတ်လမ်းဆင်ထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။  စုစုပေါင်း ၉ ပိုင်း ရှိပါတယ်။
နေ့စဉ်တင်ဆင်ပေးသွားမှာပါ။ ဒီစီးရီးကတော့ ပိကီ ဘလိုင်ဒါ တို့ ဂေါ့ဖားသားတို့လို သွေးအေးအေး ရက်စက်တဲ့ စတိုင်မျိုး
မဟုတ်ပါဘူး။ ဒါရိုက်တာကိုက Raid ရုပ်ရှင်ကို ရိုက်ခဲ့တဲ့သူဖြစ်လို့ အက်ရှင် အသားပေးပါတယ်။ Raid ရဲ့ အများနဲ့ တစ်ယောက်
ရက်ရက်စက်စက်တွေ ချတဲ့ အငွေ့အသက်မျိုးတွေ ပါပါတယ်။ စတန့်နည်းပြတွေကလည်း Bourne ရုပ်ရှင်တွေလို အက်ရှင်
အကြမ်းတွေမှာ ပါခဲ့တဲ့လူတွေပါပဲ။
ဇာတ်လမ်းအကျဉ်း …
———————-
လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းအားလုံးဟာ ဝဲလေ့ မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကြရပါတယ်။ တစ်နေ့မှာတော့
ဝဲလေ့မိသားစုရဲ့ ခေါင်းဆောင် ဖင်း ဝဲလေ့ လုပ်ကြံခံရပြီး သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူ ရှောင်ဝဲလေ့က နန်းတက်လာ
ပါတော့တယ်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက အခွင့်အရေးယူ သွေးတိုးစမ်းကြချိန်၊ ရှောင်ကလည်း သူ့အဖေကို သတ်သွားတဲ့သူကို
အသည်းအသန်လိုက်ရှာချိန်မှာ ဂိုဏ်းတွေရဲ့ ကြားမှာ စစ်ပွဲတွေ ဖြစ်လာပါတော့တယ်။ အပိုင်းတိုင်း ဝုန်းဒုန်းကြဲနေတာမို့
ဒီကားက အက်ရှင် အကြမ်းတွေကို နှစ်သက်သူတွေအတွက် အရသာတွေ့မှာပါ။

UPDATE - အညွှန်းသီးသန့်

19 Jan, 05:17


My Friend is a Cute Shark (2025)

စိတ်ကူးယဉ်သိပ္ပံကား ဆန်းဆန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေကိုအကျိုးပြုနိုင်ဖို့ ပါမောက္ခကြီးတစ်ယောက်က မျိူးရိုးဗီဇပေါင်းစပ်နည်းကိုသုတေသနာလုပ်နေခဲ့ပါတယ်။ ငါးမန်းရဲ့မျိုးရိုးဗီဇနဲ့ ရေဘဝဲရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ကြည့်ပြီး လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်တာမအောင်မြင်ဘူးလို့ထင်ခဲ့ပေမယ့် အောင်မြင်ပြီးတော့ သုတေသနခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးရိုးဗီဇဆန်း ရေဘဝဲငါးမန်းတစ်ကောင်ကလမ်းပေါ်ရောက်သွားပြီး ငါးရောင်းတဲ့သားအဖ၂ယောက်ဆီကိုရောက်သွားခဲ့ပါတယ်။ မျိုးရိုးဗီဇစမ်းဖြစ်တဲ့အတွက် ကြီးထွားနှုန်းကအရမ်းကိုမြန်ပြီးတော့ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာငါးသည်ရဲ့သမီးလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ကလေးရဲ့အဖေနဲ့ ပါမောက္ခတို့လူတွေကလဲ ရေဘဝဲငါးမန်းကိုလိုက်ရှာကြပါတယ်။ သုတေသနအတွက်အရမ်းကြီးတဲ့ဒီထူးဆန်းသတ္တဝါကိုအရှင်လိုချင်ပေမယ့် သူ့ရဲ့အရွယ်အစားနဲ့ထိခိုက်စွမ်းရည်ကြောင့်..

UPDATE - အညွှန်းသီးသန့်

19 Jan, 05:17


The Paradise Of Thorns [2025]

မထွက်ခင်ကတည်းက Hit ဖြစ်ခဲ့ပြီး ရုံတင်ပြီး ၄ ရက်နဲ့တင် ဘတ် သန်း ၅၀ အထိ ရရှိခဲ့တဲ့ Jeff Satur နဲ့ Engfa တိုရဲ့ နာမည်ကြီးရုံတင်ဇာတ်ကားကြီး
တန်းတူညီမျှ လက်ထပ်ခွင့်ဥပဒေမရှိသေးတဲ့အတွက် လက်မထပ်နိုင်သေးတဲ့ Gay Couple ဆက်နဲ့ထုန်ခမ်...ထုန်ခမ်က ဆက်ပေါက်နှံထားရတဲ့ ဒူးရင်းခြံအတွက် ဒိုးတူဘောင်ဖက်နဲ့ ရုန်းကန်ရင်း ဒူးရင်းခြံနဲ့အိမ်လေးကို ပြန်ရွေးပြီး ချစ်သူနှစ်ယောက် မိသားစုဘဝလေးတည်ဆောက်ဖို ကြိုးစားနေကြချိန်မှာပဲ မထင်မှတ်ဘဲ ဆက်ဆုံးပါးသွားခဲ့ရပါတယ်...နစ်ယောက်အတူရုန်းကန်ကြိုးစားရင်း ရွေးထားရတဲ့ ဒူးရင်းခြံနဲ့အိမ်ဟာ ဆက်ဆုံးပါးပြီးနောက်မှာ ဥပဒေအရ အလိုလိုနေရင်း ဆက်ရဲ့မိခင်ဖြစ်သူကပဲ ရရှိသွားခဲ့ပါတယ် ဆက်ရဲ့မိခင်ဖြစ်သူရဲ့ မွေးစားသမီး မိုနဲ့ မောင်ဖြစ်သူ ဂျင်ဂါတိုကပါ အမွေကိစ္စထဲ ပတ်သတ်ယှက်နွယ်လာကြတဲ့အခါခြံနဲ့အိမ်အတွက် အမွေပြိုင်ဆိုင်မှုတင်းမာနေကြချိန် ထုန်ခမ်ကလည်း ချစ်ရသူနဲ့အတူကြိုးစားခဲ့တဲ့ အမှတ်တရတွေအများကြီးရှိတဲ့ ခြံနဲ့အိမ်ကို ပြန်ယူဖို နည်းမျိုးစုံနဲ့ ကြိုးစားရတဲ့အခါမှာတော့...

UPDATE - အညွှန်းသီးသန့်

19 Jan, 05:17


ရုရှားနဲ့ ဂျာမန်စစ်ပွဲတွေကြားက မိဘနဲ့ အစ်ကိုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်သူ့ရွာကို စစ်တပ်တွေဝင်လို့ ထွက်ပြေးရင်း တောထဲမှာ ရုရှားကင်းထောက်တွေက ရှာတွေ့ခဲ့ပြီး တပ်ရင်းကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာပဲ ကလေးကိုပြုစုပေးကြပြီး တပ်ကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်..ဒါနဲ့ပဲ ကလေးကို အဝေးကိုပို့မယ့် တပ်မှူးရဲ့အကြံကို ဝိုင်းဝန်းဖျောင်းဖျပြီး ကလေး‌ကိုသူတို့နဲ့ပဲအတူထား‌စေပြီး တပ်မှူးက သူ့သားအဖြစ်မွေးစားလိုက်ပါတော့တယ်ဒီကလေးလေး တပ်ရင်းထဲမှာ တပ်သားတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ အတူ ခံစားကြည့်ရူ့လိုက်ကြပါနော်။

UPDATE - အညွှန်းသီးသန့်

19 Jan, 05:05


Cracow Monsters (2022)
==================
IMDb Rating – 5.5 / 10

ဒီတစ်ခါတော့ စိတ်ကူးယဉ်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ်
ပိုလန်စီးရီးလေးတစ်ခုကို မြည်းစမ်းကြည့်ရအောင်ပါ။


ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ Alex ဟာ အိပ်မက်
ဆိုးတွေ အမြဲမက်လေ့ရှိတဲ့သူပါ။ မတော်တဆမှုတွေဖြစ်တိုင်း
တခြားလူတွေအကုန်သေကုန်ကြပေမဲ့ Alex ကတော့ ထူးထူး
ဆန်းဆန်း သူတစ်ယောက်တည်း အမြဲ ဘေးမသီရန်မခ လွတ်
လာလေ့ရှိပါတယ်။ အဲဒီအကြောင်း ကျောင်းက ပရော်ဖက်ဆာ
တစ်ယောက်ကသိသွားပြီး Alex ကို သူ့သုတေသနအဖွဲ့ထဲ
ဆွဲထည့်ပါတော့တယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ ပရော်ဖက်ဆာနဲ့ သူ့ရဲ့ကျောင်းသား
တစ်သိုက်ဟာ တစ်အိမ်တည်းစုနေပြီး ပရော်ဖက်ဆာရဲ့ ဦးဆောင်မှုနဲ့
လျှို့ဝှက်ဆန်းကြယ်တဲ့ သုတေသနတစ်ခုကို လုပ်နေကြတာပါ။
Alex တစ်ယောက် အဲဒီအိမ်ကိုရောက်သွားပြီး စလဗ်လူမျိုးတွေရဲ့
ကိုးကွယ်ယုံကြည်မှုတွေ၊ ရှေးခေတ် မကောင်းဆိုးဝါးတွေ၊ သွေးဆာနေတဲ့
နတ်မိစ္ဆာတွေနဲ့ ပတ်သက်မိတဲ့အခါမှာတော့….

UPDATE - အညွှန်းသီးသန့်

18 Jan, 05:41


Rebelde (2022)
Rebelde Season 1

Rebelde a.k.a Rebel က​တော့ Netflixရဲ့ အသစ် ထွက်ရှိလာတဲ့
လက်တင်စကား​ပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊
Comedy, Teen Drama, Musical Themeဖြစ်ပြီး
လက်တင်စီးရီး​တွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်​ပေးရာမှာ လက်​စောင်းထက်​လေ့ရှိတဲ့ Netflix ​ကြောင့် ​
ရှေ့က​​နောင်​​တော် Hit Teen Drama​တွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့​ရဲ့ခြေရာကို နင်းနိုင်မလား​​ဆိုတာ
စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊


Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အ​တော်​ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊
မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး
2004 ခုနှစ်မှာ မက္ကဆီကိုအ​​ခြေစိုက်Televisaက​နေ ဗားရှင်း​ပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊
2004 ထွက် Mexican version က​တော့Season 3 ခု total episodes 440နဲ့
Latin America Showsသမိုင်းရဲ့ ​​အောင်မြင်မှုအကြီးဆုံး show​တွေထဲက တစ်ခုဖြစ်ခဲ့သလို
ဆယ်ကျော်သက်​တွေကြားမှာ အ​တော်​လေး​ပေါက်ခဲ့တဲ့ သမိုင်း​ကြောင်းရှိပါတယ်၊
ဒါအပြင် အဲဒီဗားရှင်းက​နေ RBD လို့​ခေါ်တဲ့ Bandတစ်ခုပါထွက်​ပေါ်ခဲ့ပြီး
​အောင်မြင်မှုအတိုင်းအတာ အသင့်အတင့်ရခဲ့ပါတယ်၊

အခု 2022ခုနစ်မှာ​တော့ Netflixက ဒီ Seriesကို rebootအ​နေနဲ့ ပြန်လည်အသက်သွင်းလိုက်ပါပြီ၊

ဒါက​တော့2006ဗားရှင်းရဲ့ အဆက်သ​ဘောမျိုး ရိုက်ကူးထားတာဖြစ်ပြီး
2006 Rebeldeရဲ့ သရုပ်​ဆောင်တချို့လည်း ပြန်လည်ပါဝင်ထားပါတယ်

Elite Way School မှာ လူကုံထံအသိုင်းအဝိုင်း ​ရေ​ပေါ်ဆီ​တွေပဲ တက်​ရောက်ကြတဲ့ ကိုယ်ပိုင်​ကျောင်းဖြစ်​ပေမဲ့
ဆင်းရဲပြီးပညာထူးချွန်တဲ့ ​ကျောင်းသား​တွေအတွက် စ​ကောလားရှစ်​ပေးတဲ့ အစီအစဉ်လည်းရှိပါ​သေးတယ်၊
ဒါ​ပေမဲ့ ဒီအစီအစဉ်ကလည်း အမည်ခံသာဖြစ်ပြီး ​ရွေးချယ်ခံရဖို့​တောင် မလွယ်ကူလှပါဘူး၊
အ​ကြောင်းရင်းက​တော့ ​​ဒီ​ကျောင်းကြီးမှာ အခွင့်ထူးခံလူတန်းစား သီးသန့်သာထားချင်တဲ့
La Logia ( The Lodge)လို့​​ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်း​ကြောင့် ဖြစ်ပါတယ်၊

ဒီလို​ကျောင်းမျိုးမှာ Andi, Jana ,Maria Jose ,Dixon, Lukaနဲ့ Esteban တို့လို
အ​ခြေအ​နေမတူ၊ အသိုင်းအဝိုင်းမတူတဲ့ လူငယ် ၆​ယောက်လာဆုံပါတယ်၊
ကျန်တာ​တွေသာ မတူရင်ရှိ​ပေမဲ့ သူတို့အားလုံးမှာ ဘုံတူညီ​နေတာတစ်ခုရှိပါတယ်၊
ဒါက​တော့ သူတို့ရဲ့ဂီတကိုချစ်တဲ့စိတ်ပါ၊
အဲဒီစိတ်နဲ့ပဲ ​ကျောင်းသား၆​ယောက်နီးစပ်ပြီး ​​ကျောင်းတွင်းBandတစ်ခု ​ပေါ်​ပေါက်လာဖို့ အစပြုခဲ့ပါတယ်၊
ဒီမှာ ​​ကျောင်းကို ​ရေ​​ပေါ်ဆီသီးသန့်ဆန်​စေချင်တဲ့ La Logiaအဖွဲ့ကြားဝင်လာပြီး
High Classမဟုတ်တဲ့ bandမန်ဘာ​တွေကို နှိပ်ကွပ်ဖို့ ကြိုးစားလာရာမှာ
သူငယ်ချင်း၆​ယောက်၊ ဂီတကိုပဲချစ်တဲ့လူငယ် ၆​ယောက်ဟာ
သူတို့ Band၊ သူတို့ရဲ့မန်ဘာ​​တွေကို La Logiaရဲ့​ပ​ယောဂ​တွေက​နေ အချင်းချင်း ဘယ်လိုကာကွယ်ကြမလဲ၊
သူတို့ချစ်တဲ့ ဂီတခရီးကို ရ​အောင်​လျှောက်လှမ်းရင်း
Rebel(ကလန်ကဆန်လုပ်ကြသူများ)​တွေ ဘယ်လိုဖြစ်လာမလဲ
​​ရှေ့က​နောင်​​တော်RBDအဖွဲ့ကိုမှီ​အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ​စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊
Season 1 အစအဆုံး ၈ ပိုင်း ထွက်ရှိလာတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

17 Jan, 07:07


Auto Shankar(2019)(unicode)

ရှန်ခါဟာလက်မရွံကြေးစားလူမိုက်တစ်ယောက်ဖြစ်ပြီး သူ့ဦးလေးခိုင်းသမျှအကုန်
မျက်စိစုံမှိတ်လုပ်တဲ့လူတစ်ယောက်…သူ့မှာသူနဲ့စရိုက်ချင်းတူတဲ့ချစ်သူကောင်မလေး
ချန်ဒီနီရှိတယ်…တစ်နေ့မှသူ့ဦးလေးဖြစ်သူကလူတစ်ယောက်ကိုသတ်ခိုင်းတယ်…အဲ့ဒီ
အချိန်မှာ ရှန်ခါမသိတဲ့အချက်တစ်ခုရှိတယ်..အဲ့ဒါက လုပ်ကြံမှုပြီးရင်ဦးလေးဖြစ်သူက
ရှန်ခါနဲ့ သူ့ကောင်မလေးကို လက်စဖျောက်ဖို့ အဖွဲ့တစ်ဖွဲ့ နဲ့ သီးခြားစေခိုင်းထားတာပါပဲ…
ရှန်ခါတစ်ယောက် ဦးလေးဖြစ်သူရဲ့ အစီအစဉ်အတိုင်း သူပါ အသတ်ခံရမလား..
သူ့ချစ်သူရော လွတ်မြောက်ပါ့မလား… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ…ဒီကားက အိန္ဒိယ အက်ရှင်ဦးစားပေးကားဖြစ်ပြီး ရဲတွေနဲ့ လူဆိုးတွေ များစွာကို အပီအပြင် ဗျင်းတဲ့အခန်းပေါင်းများစွာ ပါဝင်ပါတယ်….မင်းသားဖြစ်သူဟာ မမျှော်လင့်ထားတဲ့ ကိစ္စတွေကြောင့် ကျားနာတစ်ကောင်လိုဖြစ်ပြီး ရှယ်ဗျင်းတာတွေကို အားရပါးရ
မြင်ရပါလိမ့်မယ်…ခံစားကြည့်ကြပါဦး…

UPDATE - အညွှန်းသီးသန့်

16 Jan, 09:04


Tailgate (2019)

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 5.8/10ရရှိထားပြီး
နယ်သာလန်ရုပ်ရှင်ပွဲတော်မှာ Best Sound Design ဆုကိုရရှိထားပြီး
ဒါရိုက်တာLodewijk Crijns ရိုက်ကူးပုံဖော်ထားတဲ့ Tailgate ဆိုတဲ့
ဘယ်လ်ဂျီယမ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစော
ဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာ
မမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကို
ဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheifer
တို့က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာ ဟန်စ့်တို့မိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြို့လေးကို
အလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာ..

UPDATE - အညွှန်းသီးသန့်

16 Jan, 09:04


Turistas (2006)

နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ်ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့်ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့်နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။

UPDATE - အညွှန်းသီးသန့်

16 Jan, 09:04


Golden Doll ( 2016 )

Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။

ဇာတ်လမ်းအညွှန်းလေးကတော့ ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲကနေပါ နှင်ထုတ်ပါတော့တယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ

UPDATE - အညွှန်းသီးသန့်

16 Jan, 05:15


2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။



အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေး‌တွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။



ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။



သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် သူတို့လှေကို ရေထဲချဖို့ကူညီပေးတဲ့ ဒေသခံစုံတွဲက ရိပ်မိသွားပြီး ရဲကိုသတင်းပေးခဲ့ပါတယ်။



ဒီလိုနဲ့ ရဲတွေဘက်က လှုပ်ရှားလာအခါ….နောက်ဆုံးမှာ တစ်ဖွဲ့လုံးကို ဆေးတွေနဲ့အတူ ဖမ်းမိပြီး အကုန်လုံး ထောင်ဒဏ်တွေအသီးသီးကျကုန်တာကို မြင်‌တွေ့ရမှာပါ။ ပင်လယ်ထဲသောင်တင်နေတဲ့ ပစ္စည်းအမျိုးသမီးအဖွဲ့ကရော ဘယ်လိုဒုက္ခဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။

UPDATE - အညွှန်းသီးသန့်

15 Jan, 04:12


IMDb Rating – 6.8/10

Marvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။

ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။

အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။

သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့

အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီး

သူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကို

ခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်

ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကို

တွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြု

ထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ကွန်စတန်တင်း အလွမ်းပြေ ကြည့်လို့ရအောင်

တင်ပေးလိုက်ပါတယ်။

UPDATE - အညွှန်းသီးသန့်

14 Jan, 05:53


IMDb Rating – 7.8/10

Netflix ကနေ July 1 ရက်နေ့မှာပြသခဲ့တဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။

ဒီစီးရီးက Stranger Things ကို ထုတ်လုပ်ခဲ့တဲ့ Production ကပဲ တင်ဆက်ထားတာဖြစ်ပြီး သာမန် ရုပ်ရှင်ကား

များမဟုတ်ဘဲ . တကယ့်အပြင်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အမှန်များကို အင်တာဗျူးပြကွက်တွေနဲ့ ဇာတ်လမ်းဇာတ်ရုပ်

များကို ရောယှက်ပြသထားတဲ့ Documentary Movies များဖြစ်ပါတယ်။ ဒီစီးရီးမှာ အပိုင်း(၆)ပိုင်းပါပြီး ဇာတ်လမ်း

အကျဥ်းတွေကို ပြောပြရမယ်ဆိုရင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေကို အခြေခံထားပါတယ်။ ဒါဆိုရင် ဘာထူးဆန်း

လဲလို့မေးစရာရှိပါတယ် . ဟုတ်ပါတယ် . သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေဟာ သာမန် suicide လုပ်တာတွေ၊ အသတ်

ခံရခြင်းမျိုးတွေနဲ့မတူဘဲ . လက်မခံနိုင်စရာထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေဆုံတွေ့နေတာပါ။ နောက်ပြီးတော့ အခုပြသ

ထားတဲ့ အဖြစ်အပျက်(၆)ခုဟာ အခုချိန်ထိတိုင်အောင် လက်တွေ့အဖြေရှာမရသေးဘဲ လူတွေဟာတွေဝေနေပြီး ဘာ

ကြောင့်သေဆုံးတယ်၊ ဘာကြောင့်ပျောက်ဆုံးတယ် . ဘယ်လိုပျောက်ဆုံးတယ်ဆိုတာပါ ဆုံးဖြတ်ချက်ချလို့မရတဲ့ အဖြစ်

အပျက်များပါ။ အဲ့ဒီထဲက မိသားစုတစ်ချို့ဆို အင်တာဗျူးခံဖို့ကိုတောင် ငြင်းဆိုခဲ့ကြတာပါ။ အကယ်လို့ ဒီအဖြစ်အပျက်

များကို ပရိတ်သတ်တွေအနေနဲ့ ဖြေရှင်းတယ် . တစ်ခုခုအကြောင်းကြားနိုင်တယ်ဆိုရင် Phone No – 573-729-3241

or unsolved.com တို့ကို ဆက်သွယ်ပြီး အကူအညီပေးနိုင်ပါတယ်။

နောက်တစ်ခုပြောချင်တာက Documentary Movies တွေဆိုလို့ ပျင်းရိစွာထိုင်ကြည့်နေရမှာမျိုးမဟုတ်ပါဘူး

ပဟေဌိတစ်ပုဒ်ကို ထိုင်ဖတ်နေရသလို စိတ်ဝင်စားစွာနဲ့ကြည့်ရမယ်ဆိုတာကိုလည်း စကားချပ်အနေနဲ့ ပြောပြရင်း

ဒီစီးရီးကို ကြည့်ကိုကြည့်ဖို့ တိုက်တွန်းညွှန်းဆိုချင်ပါတယ်။

UPDATE - အညွှန်းသီးသန့်

12 Jan, 06:56


Notre-Dame (2022)

(တချို့ကိစ္စ အမှတ်တရတွေက လူတွေကိုအမြဲအမှတ်ရနေစေတာမဟုတ်ပါဘူး
သူတို့ဘဝထဲကအချိန်ကာလတစ်ခုကို ရပ်တန့်သွားစေခဲ့တာပါ)

၂၀၁၉ ခုနှစ်က ပဲရစ်မြို့ကပြည်သူတွေရဲ့အချိန်ကို တစ်ခဏတာရပ်တန့်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ်
ပဲရစ်မြို့ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ် ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်
ကြေညာထားတဲ့နေရာလည်းဖြစ်တဲ့ နိုတာဒမ်းခရစ်ယာန်ဘုရားကျောင်းမီးလောင်ကျွမ်းမှု

လူသေဆုံးမှုမရှိခဲ့ပေမယ့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းထိခိုက်ပျက်စီးမှုများတဲ့အပြင်
လူတွေရင်ထဲစွဲမြဲနေလောက်အောင် အထိတ်တလန့်ဖြစ်‌စေခဲ့တဲ့ ဒီဖြစ်ရပ်မှန်အကြောင်းကို
မီးသတ်သမားရဲ့ရှုထောင့်ဘက်က ရိုက်ကူးထားတဲ့ Notre Dame ဆိုတဲ့ Netflix mini seriesလေးနဲ့ စီအမ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါရစေ။

ဘဝမှာပထမဆုံးဆိုတဲ့အရာတွေဟာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်နေတတ်ပါတယ်။
ဥပမာ “အချစ်ဦး” ပေါ့။
မီးသတ်သမားတစ်ယောက်အတွက်လည်း သူပထမဆုံးငြိမ်းသတ်ရတဲ့မီးက သူ့ဘဝရဲ့မှတ်ကျောက်တစ်ခုပါ။
ဒါပေမဲ့ အဒမ်စကီကတော့ ပထမဆုံးမီးငြိမ်းသတ်ရချိန်မှာ ချစ်ရသူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ဘန်ကို ဆုံးရှုံးလိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့တာကြောင့် အလုပ်ပါနားလိုက်ရပါတယ်။
ဒီတူညီသောဖြစ်ရပ်မှာပဲ စိတ်ဒဏ်ရာရသွားခဲ့သူကတော့ မီးသတ်ဌာနရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဘန်ရဲ့အဖေဖြစ်သူပါ။
ဒီလိုစိတ်ဒဏ်ရာတွေနဲ့လူနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေမယ့် နိုတာဒမ်းမီးလောင်ကျွမ်းမှုမှာရော
အတိတ်ဖြစ်ရပ်‌ရဲ့ Flashbackတွေကြားကနေ သူတို့နှစ်ယောက်ကျရာတာဝန်ကို
ဘယ်လိုထမ်းဆောင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုတာဒမ်းမီးလောင်မှုကို သေချာရိုက်ကူးပြထားတဲ့စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်
ဒီဖြစ်စဉ်ကိုသေချာသိချင်သူတွေရော မသိလိုက်သူတွေပါ ကြည့်ရှုသင့်တဲ့စီးရီးလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။

UPDATE - အညွှန်းသီးသန့်

11 Jan, 06:56


Asir : Welcome to your dark side (2020)

IMDb – 8.5/10

Asur ဆိုတဲ့ အိန္ဒိယ ဘောလိ၀ုဒ် crime thriller စီးရီးဇာတ်ကားလေး ကိုတင်ဆက်ပေးလိုက်ပါတယ်

ဒီစီးရီးလေးမှာဆိုရင် Asur ဆိုတဲ့ မကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရတဲ့ သူတစ်ယောက်
ဇာတ်လမ်းအစမှာတော့ ဇာတ်အိမ်လေးတွေပြန့်ကျဲနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့
ဇာတ်အိမ်ကို စုစည်းခိုင်မာစွာတင်ဆက်ထားတာကိုမြင်ရမှာပါ

ခေတ်သစ်သိပ္ပံပညာ မှုခင်းဆေးပညာနဲ့ ဘာသာရေးအယူအဆတွေ
စိတ္တဇကွင်းဆက်လူသတ်သမားကဘယ်သူဖြစ်နိုင်လဲ
လူသတ်သမားကိုဖော်ထုတ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားကြမလဲ
မှုခင်းသိပ္ပံပညာရှင်ဖြစ်တဲ့ ဆရာတပည့်နှစ်ယောက်ကရောသဲလွန်စကိုရှာတွေ့နိုင်ပ့ါမလား ဆိုတာ ကို

ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်တာကြောင့်လက်မလွှတ်ဘဲ
စောင့်ကြည့်သင့်တဲ့ စီးရီးလေးဖြစ်ကြောင်းအကြံပေးလိုက်ချင်ပါတယ်

UPDATE - အညွှန်းသီးသန့်

10 Jan, 06:08


ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။

တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။

UPDATE - အညွှန်းသီးသန့်

10 Jan, 06:02


Everything Everywhere All at Once ရုပ်ရှင်ဇာတ်ကားနဲ့

လူသိများလာတဲ့ မင်းသမီး Stephanie Hsu ရဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့

series သစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။

Ruby ဟာ အသက် ၃၃နှစ်အရွယ် သာမန်လူလတ်ပိုင်း အမျိုးသမီး

တစ်ယောက်ဖြစ်ပြီး သူနဲ့အတည်တကျဖြစ်နိုင်မဲ့ Right person ကို

ရှာဖွေနေသူပါ။ သူဟာ ရည်းစားတွေအများကြီး တွဲခဲ့ဖူး dateခဲ့ဖူးပေမဲ့

သူနဲ့ကိုက်ညီမဲ့လူရှာမတွေ့လို့ တွဲလိုက် ပြတ်လိုက် ဒိတ်လိုက်နဲ့ single lifeကို

ဖြတ်သန်းနေသူပါ။

ဒီလိုနဲ့တစ်နေ့မှာ သူ့ရဲ့ကောလိပ်တုန်းကရည်းစားဟောင်း ဘရန်ဒန်

ဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ဘရန်ဒန်ရဲ့ အသုဘကို သွားခဲ့ပါတယ်။

အဲဒီအသုဘကအပြန်မှာတင် ‌ကောလိပ်က သူနဲ့ hook up ခဲ့ဖူးတဲ့

ကောင်လေးဟာလည်း သူ့မျက်စိရှေ့မှာတင် ကားတိုက်ပြီး ဆုံးသွား

ပြန်ပါတယ်။ ရည်းစားဟောင်း ၂ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတာ

တိုက်ဆိုင်မှုလို့ဆိုနိုင်ပေမဲ့ Rubyနဲ့ တွဲခဲ့ပြီး တူတူအိပ်ခဲ့ဖူးတဲ့ယောက်ျားတိုင်းဟာ

တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြပါတယ်။

ဒီလို ဆန်းကြယ်တဲ့ဖြစ်ရပ်ကို သတိထားမိသွားတဲ့ Rubyတစ်ယောက်

သူ့ exတွေကို မကြာခင်သေရတော့မယ်ဆိုတာ လိုက်သတိပေးပါတော့တယ်။

Rubyရဲ့ exတွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကြရတာလဲ၊

ဒီကိစ္စကြီးကို ရပ်တန့်သွားအောင် Ruby ဘယ်လိုဖြေရှင်းမလဲဆိုတာတွေကိုတော့

ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးရှိတာမလို့ ကြည့်ရှုသူတွေ

အကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။

UPDATE - အညွှန်းသီးသန့်

09 Jan, 04:54


ဒီတခါတော့ ပရိသတ်ကြီးကို IMDB 8.3 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ဘဝကို ဖြစ်သလိုဖြတ်သန်းပြီး သာယာနေတဲ့ လောင်ကစားရုံက အလုပ်သမ လေးတစ်ယောက် ဟာ တစ်ရက်ကျတော့ သူ့သူငယ်ချင်းကို နှိပ်စက်တတ်တဲ့ ယောကျာ်းက သေနတ်နဲ့ပစ်သတ်လိုက်တဲ့ သတင်းကို ကြားပါလေရော ဒါပေမဲ့ တစ်ယောက်ယောက်လိမ်ရင် သိနေတတ်တဲ့သူက အဲဒီကိစ္စကို သူများတွေလို လွယ်လွယ်နဲ့ မယုံတာကြောင့် ဘာကြောင့်ဖြစ်တာလဲဆိုတာကို အရမ်းသိချင်စိတ်ပြင်းပြခဲ့တာပေါ့ အဲဒါအပြင် သူ့သူငယ်ချင်းကလည်း အသတ်မခံရခင်မှာ သူ့ဆီဖုန်းဆက်ခဲ့တာကြောင့် ဘာလို့ဆက်လဲဆိုတာကိုပါ သိချင်ခဲ့တာပေါ့ အဲဒီလိုနဲ့ ရဲစခန်းထိသွားပြီး တိုင်ကြားပေမဲ့လည်း သတ်လိုက်တဲ့သူတွေက အာဏာကြီးတဲ့ သူတွေဆိုတော့ အရာမရောက်ခဲ့တာကြောင့် ကိုယ်တိုင်ပဲ လိုက်လံစုံစမ်းရင်း ဘာတွေဖြစ်ကြမလဲ သူကရော ဘယ်လိုတွေဆက်လုပ်မလဲ သူ့ရဲ့ အရင်ကဇာတ်လမ်းတွေကရော ဘယ်လိုရှိခဲ့လဲဆိုတာ အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ အဝကြီးကြည့်ရမဲ့ကားကောင်းလေးပါပဲ

UPDATE - အညွှန်းသီးသန့်

08 Jan, 05:20


ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ

UPDATE - အညွှန်းသီးသန့်

08 Jan, 05:17


တစ်မြို့လုံးကိုဖျက်ဆီးနိုင်တဲ့ စွမ်းအားကိုပိုင်ဆိုင်ထားပြီးတော့ သန္ဓေပြောင်းလူသားတွေ ပုန်းအောင်းနေထိုင်ကြတဲ့ လပေါ်မှာရှိတဲ့ အတ္တလန်မြို့ရဲ့ ဘုရင်လည်းဖြစ်ပါတယ်။ မိသားစုတွင်းမှာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များဖြစ်ပေါ်ပြီးနောက် ဘလက်ခ်ဘို့လ်တ်ရဲ့ ကြင်ယာဖြစ်သူ မဒူဆာအပါအဝင် ဘလက်ခ်ဘို့လ်တ်ရဲ့အခြားသော သစ္စာခံများဟာ ကမ္ဘာမြေပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ကမ္ဘာမြေပေါ်ကိုထွက်ပြေးတိမ်းရှောင်တဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကတော့… သိပ္ပံကားတစ်ကားဖြစ်သလို Marvel Fan အများစု သဘောကျတဲ့ Superhero တွေ ပါဝင်တာမို့လို့ သဘောကျနှစ်ခြိုက်ကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Inhumans TV Series ကို ABC မှ ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

07 Jan, 04:51


IMDb – 7.4/10, Rotten Tomatoes – 67% ~



ဇာတ်လမ်းတွဲပေမဲ့ မင်းသမီးကတော့ နှယ်နှယ်ရရမဟုတ်ပါဘူး။ ဟောလိဝုဒ်မင်းသမီးတွေရနိုင်တဲ့ အကြီးဆုံးဆု၊ ကမ္ဘာပေါ်က မင်းသမီးတွေရနိုင်တဲ့အကြီးဆုံးဆုလို့ပြောလို့ရတဲ့ Academy Award for Best Actress in a Leading Role အော်စကာဆုကို ၂ခါပြန်ရထားတဲ့ Hilary Swank ပါ။ Boys Don’t Cry ဆိုတဲ့ကားနဲ့ ပထမတစ်ခါရခဲ့ပြီး ကလင့်အိစ်ဝုရိုက်တဲ့ Million Dollar Baby နဲ့ ဒုတိယရခဲ့တာပါ။ အော်စကာနှစ်ဆုရှင် ရှားရှားပါးပါး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပေါ့။



ဒီထဲမှာ ဟီလာရီက သတင်းထောက် အိုင်လင်းအဖြစ်သရုပ်ဆောင်ထားတယ်။ သူက သတင်းကြီးတွေကိုရအောင်လိုက်နိုင်တဲ့သူမျိုး၊ သတင်းကောင်းသတင်းမှန်ကိုရေးဖို့ ဘာအတွက်မှ နောက်မတွန့်တဲ့ သတင်းထောက်မျိုး။ ကားအဖွင့်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး လူဆိုးတွေဆီ လက်နက်ရောင်းတဲ့လုပ်ရပ်အကြောင်း သတင်းရေးခဲ့တယ်။ အဲဒီသတင်းက တော်တော်လည်း ဟိုးလေးကျော်ဖြစ်သွားပေမဲ့ ဗိုလ်ချုပ်ကြီးရဲ့အဖွဲ့ဘက်က အာဏာကိုကစားပြီး ဒီသတင်းက အမှားပါလို့ ပုံဖျောက်ခဲ့ပြီး သတင်းပေးပါပျောက်သွားတော့ သူ ငါးပါးမှောက်ပါရော။ သတင်းစာတိုက်ကလည်း အဲဒီသတင်းကိုဖြုတ်တော့ မဟုတ်မခံချင်စိတ်နဲ့ အလုပ်ထွက်လာခဲ့တယ်။



အဲဒီမှာ သူ့လိုလူမျိုးကိုလိုနေတဲ့ အလာစကာဒေးလီး သတင်းစာတိုက်ပိုင်ရှင်က သူ့ဆီရောက်လာပြီး လာကမ်းလှမ်းတယ်။ အိုင်လင်းကို အလာစကန်တိုင်းရင်းသူတွေ ပျောက်ဆုံးသတ်ဖြတ်ခံနေရတာနဲ့ပတ်သက်ပြီး သတင်းလိုက်စေချင်တာပေါ့။ တိုင်းရင်းသူတွေအပေါ်ကျူးလွန်ခံရမှုတွေဟာ ဒေသတွင်းမှာ အဖြစ်များလာတဲ့ကိစ္စဖြစ်ပေမဲ့ အစိုးရရော ရဲတွေရော နိုင်ငံရေးသမားတွေကပါ လျစ်လျူရှုထားကြပါတယ်။ ရွာပြင်ရောက်မှာ စိုးကြတာကိုး။ ကလောင်သွားထက်တဲ့၊ သတင်းအတွက် ဘာကိုမှမကြောက်တဲ့ သတင်းထောက်အိုင်လင်းတစ်ယောက် သူလုပ်နိုင်တဲ့ဘောင်ထဲကနေ ဒီလူသတ်မှုတွေအကြောင်း ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာကို တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

06 Jan, 05:45


အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ
ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ
လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်…

ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး
ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ
အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ….

သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့
ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း
အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ်
ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါ

ဒီမစ်ရှင်ကရော ဘာများလဲ …..သူ့သူငယ်ချင်းသေဆုံးမှုကရော
သွေးရိုးသားရိုးဟုတ်ရဲ့လား…စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့
တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

05 Jan, 04:32


ဒီကားလေးကတော့ Horror Anime လေးတစ်ကားဖြစ်ပြီးတော်တော်လေးကောင်းတဲ့ ကားဖြစ်ပါတယ်

အညွှန်းကတော့ ဒုတိယကမ္ဘာစစ်အပြီးနာမည်ကြီး ဆေးဝါးလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတစ်ခုရဲ့ မိသားစု ခေါင်းဆောင် အဘိုးကြီးသေသွားတဲ့အခါမှာနောက်ဆက်ခံသူနဲ့ မိတ်ဖွဲ့ဖို့ သွေးဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ Mizuki ဆိုတဲ့ လူတစ်ယောက်ဟာ ဒီမိသားစုရှိတဲ့ ရွာကို ထွက်လာခဲ့ပြီးအဲဒီရွာကိုရောက်ပြီးတဲ့ နောက်မှာ ထူးဆန်းတာတွေကို ကြုံရပါတော့တယ

UPDATE - အညွှန်းသီးသန့်

05 Jan, 04:28


Constantine စီးရီးရဲ့ အစအဆုံး

အကုန်လုံးကိုတပြိုင်နက်ထဲအားလုံးတင်ပေးလိုက်ပါပြီ

ကျန်တဲ့အပိုင်းတွေမကြည့်လိုက်ရပဲ

စောင့်မျှော်နေတဲ့သူတွေအားလုံးကျေနပ်မယ်လို့မျှော်လင့်မိပါတယ်

Constantine ဆိုတဲ့ ဇာတ်ကောင်ဟာ

DC Comics ရဲ့နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်..

2005 တုန်းကလည်း တကားတည်းအနေနဲ့

ထွက်ရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သူကတော့ Matrix မင်းသား

keanu reeves ပါ…အောင်မြင်ခဲ့တယ်လည်းဆိုရမှာဖြစ်ပါတယ်..

2014မှာတော့ Series တွဲအနေနဲ့

ဇာတ်လမ်းပြန်လည်အသက်သွင်းခဲ့ပါတယ်..

Season 1 ခုသာပြီးခဲ့ပေမယ့် ဒီ TV Show ဟာ

ဆက်လက်ရိုက်ကူးခြင်းမရှိပဲ Cancel လုပ်လိုက်ပါတယ်..

ဒါကြောင့် တခြား season တွေထပ်မရှိလာပဲနဲ့

First Season တခုတည်းသာရှိတာမို့

ကြည့်ရှုသူတွေအနေနဲ့လည်းအစအဆုံးကြည့်ရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ကွန်စတန်တင်းဟာ

မကောင်းဆိုးဝါးနှိမ်နင်းတဲ့တစ်ဦးဖြစ်ပါတယ်..

သူ့ဘဝတခုလုံးကို ဒီလောက ထဲအတွင်းမှာပဲ

မြှုပ်နှံထားပြီးတော့ ငရဲပြည်နဲ့ရော..ကောင်းကင်ဘုံနဲ့ပါ

ဆက်ဆံရတဲ့သူတစ်ဦးဖြစ်ပါတယ်..

ငရဲပြည်ကတော့ သူ့ကိုအမြဲတမ်းသတ်ဖို့ကြိုးစားနေပြီး

ကောင်းကင်ဘုံကတော့ ဂျွန် နဲ့ စာချုပ်ချုပ်ပြီးတော့

သဘောတူညီမှုတွေပြုလုပ်ထားပါတယ်..

မကောင်းဆိုးဝါးတွေကြောင့် ဒုက္ခရောက်နေရတဲ့

သူတွေကို ဝင်ဝင်ကူညီပေးတတ်ပြီး ငရဲနဲ့ကောင်းကင်ရဲ့

စစ်ကြားမှာ ကန့်လန့်ဖြစ်နေတဲ့ ဂျွန်

ကွန်စတန်တင်းရဲ့ ဇာတ်ကားကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ

အပိုင်းစုစုပေါင်း 13 ပိုင်းသာ ရှိပါတယ်

UPDATE - အညွှန်းသီးသန့်

04 Jan, 05:45


ပြင်သစ်ပြည်မှာ ထူးထူးခြားခြား ပထမဆုံးအနေနဲ့ သမ္မတရွေးကောက်ပွဲမှာ လူမဲတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဇကာတင်ကျန်ရစ်တဲ့အခါ (ဟာသဇာတ်နှောစီးရီး)

စတက်ဖန့် ဘလဲရ်ဟာ ပြင်သစ်က မြို့ငယ်တစ်ခုရဲ့ အိမ်ရာစီမံကိန်းအောက်က လူငယ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှာ လူငယ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်နေတဲ့ လူမဲအမျိုးသားတစ်ဦးဖြစ်ပါတယ်။

442

တစ်နေ့မှာတော့ ရွေးကောက်ပွဲအစောပိုင်းမဲဆွယ်ကာလမှာ သူတို့မြို့ငယ်လေးရဲ့ မြို့တော်ဝန်ဟာ နောက်တစ်ကျော့ရွေးကောက်ပွဲမှာ မြို့တော်ဝန်ပြန်ဖြစ်ဖို့ မဖြစ်နိုင်တဲ့ကတိတွေပေး၊ လေလုံးထွားပြီး မဲဆွယ်တဲ့အခါမှာတော့ စိတ်ချဉ်ပေါက်လာတဲ့ စတက်ဖန့်ဟာ မီဒီယာတွေ ရိုက်ကူးနေတဲ့အရှေ့မှာပဲ မြို့တော်ဝန်ကို ဘဏ္ဍာငွေဖြောင်ပြီး မြို့က ဘာမှမဖြစ်လာတာတွေကို ချက်ကျလက်ကျ သွားဗျင်းပါတော့တယ်။ ဒီအချိန်မှာ မီဒီယာသတိထားမှုကို ရသွားပြီး နာမည်ကြီးသွားကာ သူ့ကို မဲပေးကြတဲ့ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းတောင် ထိုးတက်လာတာကို မဲရေတွက်တဲ့ကုမ္မဏီက ထုတ်ပြန်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ မဲဆွယ်ပွဲစီစဉ်သူ ဝီလီယမ်ဆိုတဲ့လူတစ်ယောက်က ရောက်လာပြီး စတက်ဖန့်ကို ပြင်သစ်ပြည်ရဲ့ ပထမဆုံးသော လူမဲသမ္မတဖြစ်အောင် လုပ်ပေးမယ်လို့ ဆွယ်တဲ့အခါမှာ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ စတက်ဖန့်တစ်ယောက် သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီတော့ စတက်ဖန့်အနေနဲ့ ပထမဆုံးလူမဲသမ္မတဖြစ်သွားမလား၊ ဝီလီယမ်ဆိုတဲ့လူကရော သဘောရိုးနဲ့ ချဉ်းကပ်လာတာဖြစ်ပါ့မလား စသဖြင့် ကွဲထွက်နေတဲ့ဇာတ်အိမ်ကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

03 Jan, 05:05


]
A2Z(2023)

*****

အပိုင်း (၁ မှ ၁၀ ) အထိ စ/ဆုံး

မင်းသမီးဖြစ်တဲ့ ဆာဝါနိုနတ်ဆုမိ ဟာဆိုရင် နာမည်ကြီး စာပေထုတ်ဝေရေးလုပ်ငန်းတစ်ခုမှာ

အယ်ဒီတာအဖြစ်နဲ့အလုပ်လုပ်နေတဲ့ ဇနီးသည်တစ်ဦးဖြစ်ပါတယ်…

သူ့ရဲ့ ခင်ပွန်းဖြစ်သူ ခါဇူဟိရိုမိုရီရှိတကလည်း သူ့လိုပဲ အယ်ဒီတာတစ်ဦးအနေနဲ့ တခြားပုံနှိပ်တိုက်မှာ

အလုပ်လုပ်နေတာဖြစ်တဲ့အတွက် လင်မယားနှစ်ယောက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာမှာ ပြိုင်ဘက်တွေလိုဖြစ်နေကြပါတယ်…

အလုပ်ကိုလည်း စိတ်ရောလူပါနှစ်ကြိုးစားပြီး အရာရာမှာထက်မြက်တဲ့ နတ်ဆုမိတစ်ယောက်ဟာ

တစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ သွေးအေးအေးနဲ့ဝန်ခံလာမှုတစ်ခုကြောင့်

ခင်ပွန်းဖြစ်သူမှာ အချစ်သစ် (မယားငယ်)တွေ့နေပြီဖြစ်တာကို လက်ခံပေးလိုက်ရပါတော့တယ်…

သူကိုယ်တိုင်ကလည်း စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးနဲ့

အချစ်ဇာတ်လမ်းအသစ် စတင်ဖို့ဖြစ်လာတဲ့အခါမှာတော့

အရင်တည်းက ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးဟာ သားသမီးမျက်နှာ ထောက်ထားစရာလည်းမရှိ

နှစ်ပေါင်းများစွာပြိုင်ဘက်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ အချစ်ဇာတ်လမ်းအပြင် အသက် ၃၀ ကျော်

အမျိုးသမီးတစ်ဦး ကြုံတွေ့ရမယ့် အလုပ်နဲ့ အချစ်ရေးကြားက လွန်ဆွဲမှူတွေ၊

အဖြစ်အပျက်တွေကို အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ သုံးပြီး ရိုက်ကူးထားတဲ့ ဒရမ်မာစီးရီးပဲဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

02 Jan, 06:01


Buang Hong (2017)

ဖင်းရဖတ်လို့​ခေါ်တဲ့ သူ​ဌေးသမီး နာမည်ကြီး​မော်ဒယ်မ​လေးတယောက်ကတော့ အစစအရာအရာ ပြီးပြည့်စုံ​နေခဲ့ပါတယ် နံမည်လည်းကြီးသလို မာနလဲရှိတဲ့သူတယောက်ပေါ့ 
ဒါ​ပေမဲ့တစ်​နေ့မှာတော့ သူမအ​ဖေ​ရဲ့လုပ်ငန်းတွေဒေဝါလီခံလိုက်ရပြီး ဖခင်ဖြစ်သူဆုံးပါးသွား​တဲ့အခါမှာ​တော့ ဖင်းမှာဘာဆိုဘာမှမရှိ​တော့ဘူးဖြစ်သွားခဲ့ရပါတယ် ဖင်းမှာ ချမ်းသာတဲ့ ချစ်သူတယောက်ရှိပါတယ် သူ့ချစ်သူ​ကလည်း ဖင်းမှာဘာမှမရှိ​တော့ ဖင်းကိုအဆက်သွယ်ဖြတ်သွားခဲ့ပါတယ် ဖင်းရဲ့မိထွေးဖြစ်သူ( အလှမယ်ဟောင်းတစ်ဦး ) ကတော့ ဖင်းအဖေနဲ့ လက်ထပ်ပြီး ၂နှစ်အကြာမှာဘဲ ကွာရှင်းခဲ့ပါတယ် ဖင်းအဖေကို လက်ထပ်ခဲ့တာကလည်း ပိုင်ဆိုင်မူတွေကြောင့်သာ လက်ထပ်ခဲ့တာပါ ဒါကြောင့် မိထွေးဖြစ်သူနဲ့ တွေ့တဲ့အခါတိုင်း ရန်သူတွေလို တိုက်ပွဲဝင်လေ့ရှိပါတယ် ဖင်းရဲ့ အလုပ်ကလည်း သူ့မိ​ထွေးကယုတ်မာပြီး လိုက်ပိတ်ပင်ထားတာ​ကြောင့် ဝင်​ငွေမရှိဖြစ်ပြီး အဆင်မ​ပြေဖြစ်သွားပါတယ်

ခွန်ရမစ်ဆိုတဲ့ ကောင်လေးကတော့ ရုပ်ရည်ချောမောလှပသလို အောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်စီးပွါးရေးလုပ်ငန်းပိုင်ရှင်တယောက်ဖြစ်ပြီး ပျိူတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့

တစ်​နေ့​တော့ ဖင်းကိုလူတစ်​ယောက်က ခွန်ရမစ်ဆိုတဲ့ အဆင့်မြင့်ဟိုတယ်ပိုင်ရှင်ဆီက​နေ အ​ရေးကြီးပစ္စည်းတစ်ခုခိုးယူဖို့ ​စေခိုင်းခဲ့ပါတယ်

ကမ်းလှမ်းမှုတန်ဖိုးကလည်းများတာရယ် ခွန်ရမစ်ဆိုတဲ့သူကလည်း လူရှုပ်လူ​ပွေတစ်​ယောက်လို့ကြားတာ​ကြောင့် ကမ်းလှမ်းမှုကို ဖင်းလက်ခံလိုက်ပါတယ်
ခွန်ရမစ်ကလည်း စတွေ့ကတည်းက ဖင်းရဖတ်ကိုကြိုက်​နေခဲ့တာဖြစ်လို့ ဖင်းရဖတ်ချဥ်းကပ်ရလွယ်သွားတာ​ပေါ့
ချဥ်းကပ်​နေရင်းနဲ့လည်း ဖင်းရဖတ်က ခွန်ရမစ်ကိုချစ်မိသွားတယ်
ခွန်ရမစ်ဆီကပစ္စည်းကို ခိုးလို့မ​အောင်မြင်​တော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ​ကတော့... ဇာတ်လမ်းလေးကြည့်လိုက်ကြရအောင်နော်☺️☺️

UPDATE - အညွှန်းသီးသန့်

01 Jan, 05:57


Orphan Black: Echoes ( 2024 )
==============================

မာဗယ်မှာ ဂျက်စီကာဂျုန်းလုပ်တုန်းက လူသိများခဲ့သလို Breaking Badထဲ Jane Margolisနဲ့ လူကြိုက်တော်တော်များခဲ့တဲ့ ညို့ဓာတ်အပြည့်နဲ့ Krysten Ritterက အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ကားစကတည်းက ပွဲကြမ်းပြနေတာဆိုတော့ ဒါနဲ့တင်တန်နေပြီဆိုပေမဲ့ သူ့ချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ ဒီစီးရီးရဲ့ ဇာတ်လမ်းကလည်း တကယ့်ငစားဇာတ်ကြီး။ အမျိုးအစားကလည်း science-fiction thrillerဆိုတော့ စားတာမဆန်းဘူး။ သူ့မူရင်းက 2013တုန်းကထွက်ခဲ့တဲ့ သူ့မူရင်းစီးရီးဖြစ်တဲ့ Orphan Blackဆိုတဲ့စီးရီး။ ရုပ်ချင်းတစ်ပုံစံတည်းတူနေတဲ့လူကလုန်းတွေကို အခြေတည်ထားတဲ့ဇာတ်။ ဒီစီးရီးကလည်း မူရင်းစီးရီးနဲ့ ယူနီဗာ့စ်တစ်ခုတည်းမှာပဲ ဇာတ်အိမ်တည်ထားတယ်။

442

ဇာတ်လမ်းအစမှာ လူစီဆိုတဲ့ မိန်းမတစ်ယောက် နိုးလာတာနဲ့စတယ်။ နိုးလာတယ်ဆိုပေမဲ့ သူ့မှာ အရင်တုန်းကဆိုတာမျိုးမရှိဘူး။ အခုမှဘွားခနဲမွေးလာသလိုပဲ။ ဒါပေမဲ့ သူက လူလတ်ပိုင်းဖြစ်နေပြီ။ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အသိဉာဏ်မျိုးလည်းရှိနေတယ်။ ခံစားချက် စဉ်းစားနိုင်စွမ်း အကုန်ရှိနေတယ်။ လိုအပ်တာဘာမှမရှိဘူး။ ဒါပေမဲ့ တစ်ခုတော့လိုနေတယ်။ သူ့မှာအတိတ်မရှိနေဘူး။ ဒီလိုနဲ့ သူက သူ့ဟာ 4Dနဲ့ပရင့်ထုတ်ထားတဲ့ စက်ကထုတ်ထားတဲ့ လူကလုန်းမှန်း သူ့ကိုယ်သူသိသွားတယ်။ နောက်ပိုင်း ထွက်ပြေးပြီး သူ့ဘာသာဇာတ်မြုပ်ပြီးနေနေရင်း အတိတ်မရှိခဲ့ပေမဲ့ အတိတ်တစ်ခု ဘဝတစ်ခုရှိလာအောင် တည်ဆောက်နေတုန်း သူ့ကိုဖန်တီးခဲ့တဲ့သူတွေက သူ့ကိုလာဖမ်းရင်း သူ့ဘဝကိုဖျက်ဆီးခဲ့ကြတယ်။ ဒီလိုနဲ့ သူ့ကိုဖန်တီးခဲ့တဲ့သူတွေကို အရင်ဇာတ်လမ်းဖြတ်ပြီးမှ သူ့ဘဝကို သူဖန်တီးနိုင်မယ်မှန်း သိသွားတဲ့နောက် သူဟာ သူ့ကိုဖန်တီးခဲ့တဲ့လူတွေကို လိုက်ရှာဖို့လုပ်တယ်။ ဒီလိုရှာရင်း သူနဲ့တစ်ပုံစံတည်းတူနေတဲ့ သူအငယ်စားကလုန်းလေးကိုလည်း ထပ်တွေ့လိုက်ရတယ်။ အဲဒီကလုန်းမလေးနေရာကတော့ Amanda Fixက သရုပ်ဆောင်ထားတယ်။ သူလည်း တော်တော်လှတယ်။ ဒါရိုက်တာတူတယ်ဆိုတော့လည်း တူလိုက်လို့ရတဲ့အနေပါပဲ။ ဒီလိုနဲ့ သူနဲ့ သူ့လို ကလုန်းအငယ်စားလေးအတူတူ ပဟေဠိတွေကို အဖြေညှိကြတာကို စိတ်ဝင်စားစရာကြည့်ရမယ့်ဇာတ်လမ်းတွဲပါပဲ။

UPDATE - အညွှန်းသီးသန့်

31 Dec, 07:35


Rating အနေနဲ့ ၇.၇ ထိရရှိထားတဲ့

သမိုင်းဇာတ်လမ်းစီးရီးလေးဖြစ်ပါတယ်

သူ့ဟာနဲ့တော့ကြည့်လို့ကောင်းတာမို့

တင်ဆငိပေးလိုက်ပါတယ်ဗျ

UPDATE - အညွှန်းသီးသန့်

30 Dec, 06:51


History of Swear Words 2021
IMDb – 6.9
ဆဲတာချင်းအတူတူ အဆဲတွေရဲ့ သမိုင်းကြောင်းကို
သိထားတော့ ပိုမကောင်းဘူးလား
ပရိတ်သတ်ကြီးရေ
အနာဂတ်မှာ အထာကျကျ ဆဲနိုင်ဖို့အတွက်
မင်းသားကြီး Nicholas Cage က ဦးဆောင်ပါ၀င်ထားတဲ့
ဒီ documentary ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။
လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားတဲ့
အဆဲစကားတွေရဲ့ သမိုင်းကြောင်းကို
ပွင့်ပွင့်လင်းလင်း ကွင်းကွင်းကွက်ကွက်
ရှင်းပြပြီး discussion လုပ်ထားတာ
မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်မတန်မှ ကြည့်ကောင်းပြီး
ဗဟုသုတတွေလည်း အများကြီးရမှာပါ။
အပိုင်း ၆ ပိုင်းပါ၀င်ပြီး တစ်ပိုင်းမှာ အဆဲစကားလုံး တစ်လုံးရဲ့
သမိုင်းကြောင်းကို fun & alive ဖြစ်ဖြစ်တင်ဆက်ထားပါတယ်

UPDATE - အညွှန်းသီးသန့်

28 Dec, 17:12


လေပြည်လွှမ်းသော ချစ်ခြင်းမေတ္တာ"

Casts :

ပရန်နှင့် ပရာနွန်အဖြစ် - Nadech Kugimiya
ဖတ်ထရင်အဖြစ် - Taew Natapohn
အန်နာ - Patricia Tanchanok

ဇာတ်လမ်းအကျဉ်း

ဒီကားလေးကိုမြန်မာဗားရှင်းနဲ့ပြန်ရိုက်ထားတာရှိပါတယ်။ မြန်မာဗားရှင်းနဲ့ကြည့်ပြီးသွားလည်း
ထိုင်းဗားရှင်းလေးကိုပြန်ကြည့်ကြည့်လိုက်ပါ။ တစ်ကားနဲ့တစ်ကားခံစားရတဲ့ပုံစံချင်းကမတူကြပါဘူး။

ဒီကားလေးရဲ့ဇာတ်ကြောင်းကတော့ ဆေးပညာနယ်ပယ်ကအမွှာညီအစ်ကိုနှစ်ယောက်ရဲ့
ဇာတ်လမ်းလေးဖြစ်ပါတယ်။ ပရာနွန်ကတော့ ဆရာဝန်ဖြစ်ပြီး ပရန်ကတော့ ဆေးဝါး
ထုတ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင်ရဲ့သား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ပရန်လုပ်သမျှအလုပ်တိုင်းက
အောင်မြင်တာကြောင့် ပရန့်အဖေက ပရန့်ကိုကုမ္ပဏီဥက္ကဌရာထူးကိုလွှဲပြောင်းပေးဖို့စီစဉ်ပါတော့တယ်။

ပရာနွန်ကလည်း ဖခင်ကိုစိတ်နာပြီးတောင်ပေါ်မြို့လေးမှာ စေတနာ့ဝန်ထမ်းဆရာဝန်အဖြစ်
သွားနေထိုင်ပါတယ်။ ဖတ်ထရင်ကတော့ ရည်းစားဖြစ်သူရဲ့အကြွေးလိမ်လည်ခြင်းကိုခံလိုက်ရတဲ့အတွက်ကြောင့်
သူမရဲ့မွေးရပ်မြေတောင်ပေါ်ရွာလေးကိုပြန်လာပါတော့တယ်။ အဲ့အချိန်မှာပဲပရာနွန့်ကိုမိဘတွေ
မိန်းမပေးစားတော့မယ်ဆိုပြီးဖြစ်လာပါတယ်။ ဒဟန်ဆောင်လက်ထပ်လိုက်ကြပါတော့တယ်။ တစ်ယောက်အခက်ခဲကို
တစ်ယောက်ဖြေရှင်းပေးဖို့ မချစ်ကြပေမယ့်လည်း ဟန်ဆောင်လက်ထပ်လိုက်ကြပါတော့တယ်။
ဒီလိုနဲ့နောက်ပိုင်းမှာ ဘယ်လိုတွေဇာတ်ရှိန်တက်လာဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်...

UPDATE - အညွှန်းသီးသန့်

28 Dec, 04:12


Freeridge(2023)

Imdb 5.8,
Tomatometer 88

2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ “On my block” ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။

ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ
ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။
ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့
သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။
ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ
ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့်
ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။
သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး
ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။
ကံဆိုးချင်တော့ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ဆိုတဲ့စကားပုံလိုပဲ
အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ဒုက္ခရောက်ရပြန်ပါပြီ။

ဒီလိုနဲ့ အကြွေးဆပ်ဖို့ ရှိသမျှပစ္စည်းအဟောင်းလေးတွေ ထုတ်ရောင်းတဲ့အချိန်မှာပဲ
သူငယ်ချင်းအုပ်စုထဲက Cameronလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က
ဘေးချင်းကပ်လျက်ဆိုင်က ကတ်ထူပုံးလေး တစ်ခုကို မျက်စိကျပြီး ဝယ်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကတ်ထူပုံးလေးရဲ့နောက်မှာ ပြဿနာတွေ တစ်သီတစ်တန်းကြီး ပါလာပြီး
ဘော်ဒါတွေတစ်အုပ်လုံး ကျိန်စာသင့်သလို အခြေအနေကို ရောက်သွားတဲ့အခါမှာတော့…

UPDATE - အညွှန်းသီးသန့်

27 Dec, 04:15


Dragons of Wonderhatch (2023) Complete


~ IMDb – 7.2/10, MyDramaList – 7.7/10 ~



Mackenyu ရဲ့ နောက်ဆုံးထွက် ဒစ္စနေးပလက် ဂျပန်ဇာတ်လမ်းတွဲအသစ်ပါ။ ဇာတ်လမ်းလည်းဆန်းသလို တင်ဆက်ပုံကလည်း အန်နီမေးရှင်းတစ်ဝက်ရောပြီး တင်ဆက်ထားတာမို့ အင်တာမှာတော့ လူကြိုက်များနေပါတယ်။



ဇာတ်လမ်းက ကမ္ဘာနှစ်ခုမှာတည်ထားတယ်။ တစ်ခုက ကျွန်တော်တို့ကမ္ဘာ။ နောက်တစ်ခုကတော့ နဂါးတွေရှိတဲ့ကမ္ဘာ။ ကျွန်တော်တို့ကမ္ဘာဘက်ကို ပြတာကတော့ ကျောင်းဒရာမာဆန်ဆန်လေး ပြထားတယ်။ ဒီကမ္ဘာဘက်က အဓိကဇာတ်ကောင်ကလည်း ကျောင်းသူကိုး။ သူ့အမေက မန်ဂါဇာတ်လမ်းတွေရေးတဲ့ စာရေးဆရာမ။ ဇာတ်လမ်းစစမှာတင် ကောင်မလေးက စာမေးပွဲဖြေနေရင်း စာသင်ခန်းထဲ ရုတ်တရက်ကြီး မေ့လဲသွားတယ်။ ကျောင်းဆေးပေးခန်းရောက်သွားတယ်။ အဲဒီမှာပဲ သူမေ့လဲသွားတဲ့အချိန် သူ့စိတ်ကူးထဲမြင်နေရတဲ့ ကမ္ဘာကို ဆက်ပြတယ်။



ဒီဘက်ကမ္ဘာကိုတော့ လူတွေနဲ့ ရိုက်ပြရင် စီဂျီအိုင်ဖိုးနဲ့ မွဲမစိုးလို့လား ဒါမှမဟုတ် ပုံစံသစ်နဲ့ပြချင်လို့ပဲလားမသိ။ ဒီဘက်ကမ္ဘာကိုရောက်သွားရင် အန်နီမေးရှင်းနဲ့ပြောင်းပြတယ်။ ဒီဘက်ကမ္ဘာက ပျက်တော့မယ့်လုဆဲဆဲကမ္ဘာ။ ကမ္ဘာကိုဖျက်နေတဲ့ ဗီလိန်ရှိတယ်။ သူ့ကိုတားမယ့် သူရဲကောင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အားမမျှတော့ နိုင်တော့မနိုင်နေဘူး။ အဲဒီသူရဲကောင်းတွေက နဂါးစီးသူရဲကောင်းတွေ။ ဒီလိုနဂါးကို စီးနိုင်ဖို့ဆိုတာကလည်း သာမန်လူတွေမကြားရတဲ့ နဂါးရဲ့အသံကို ကြားနိုင်တဲ့လူတွေဖြစ်ဖို့လိုတယ်။ အဲဒီကမ္ဘာရဲ့ သူရဲကောင်းတွေထဲက အတော်ဆုံးက အက်သာ။ အားလုံးက သူ့ကို သူတို့ကမ္ဘာကိုကယ်တင်နိုင်မယ့် မျှော်လင့်ချက်လို့မြင်ကြတယ်။



အက်သာရဲ့သူငယ်ချင်း သိမ်းကတော့ စီးတဲ့နဂါးကလည်း ပေါက်စလေး။ သူကလည်း နဂါးရဲ့အသံကိုမကြားရဘူး။ သူ့ကို အက်သာ ကယ်ရတာလည်း ခဏခဏပဲ။ ဒီလိုနဲ့ သိမ်းကိုကယ်ရင်း အက်သာက ဗီလိန်အစွမ်းနဲ့မိပြီး ဒီဘက်ကမ္ဘာကိုရောက်လာတယ်။ နိမိတ်တွေအရလည်း သူတို့ကမ္ဘာကို ကယ်တင်နိုင်တဲ့အရာက သူတို့ကမ္ဘာအပြင်ဘက်မှာရှိနေတာဆိုတော့ အက်သာဒီကိုရောက်လာတာက အကြောင်းမဲ့တော့မဟုတ်တန်ဘူး။ ဒီဘက်ကမ္ဘာက စာရေးဆရာမသမီး ကောင်မလေးကလည်း သူမေ့လဲနေတာတွေက သူ့အမေ စာရေးဆရာမ မသေခင် ဖြစ်ခဲ့တဲ့လက္ခဏာတွေဆိုတာ သိလာတယ်။ ဒီလိုနဲ့ ကမ္ဘာနှစ်ခုကို ပေါင်းကူးထားတဲ့ ကောင်မလေးရယ်။ ကမ္ဘာမှား ရောက်လာကြသူတွေရယ် ဆုံတွေ့ပြီး ဘယ်ကမ္ဘာမှာ ဘာတွေဆက်ဖြစ်ဦးမလဲ လတ်တလောတော့ မသိနိုင်သေးပေမဲ့ ဆက်စောင့်ကြည့်ရမယ့် စီးရီးကောင်းပါပဲ။



ဇာတ်လမ်းရဲ့ အန်နမဲဘက်ခြမ်းက အန်နမဲဆန်သလို ဒီကမ္ဘာဘက်က ဇာတ်လမ်းမှာလည်း ဟိုဘက်ကကောင်တွေပါလာတော့ စီဂျီအိုင်တွေသုံးပြီး နဂါးတွေဘာတွေထည့်ကြဦးမှာမို့လို့ LA အရသာကိုရော Anime အရသာကိုရော တစ်ပေါင်းတည်းပေးမယ့် ဂျပန်ဇာတ်လမ်းတွဲအသစ်ပါပဲ။ မန်ဂါတို့ အန်နမဲတို့ကို LA ပြန်ရိုက်တာတော့မဟုတ်ပါဘူး။ သူ့ကိုယ်ပိုင်ဇာတ်လမ်းကို ဒီလိုပုံနဲ့ပြထားတာပါပဲ။ အန်နမဲကမ္ဘာရဲ့ Final Fantasy ဆန်ဆန် စွန့်စားခန်းဇာတ်လမ်းကို ဒီဘက်ကမ္ဘာက လူတွေနဲ့ ဘယ်လိုချိတ်ဆက်ပြမလဲ နောက်ထပ်အပိုင်းတွေမှာ မြင်ရဦးမှာပါ။ စုစုပေါင်း ၈ပိုင်းထွက်သွားမှာပါ။ စွန့်စားခန်းဇာတ်လမ်းတွေ တောင့်တနေတဲ့လူတွေအတွက်တော့ ရွှေဖြစ်ပါလိမ့်မယ်။

UPDATE - အညွှန်းသီးသန့်

26 Dec, 04:29


As the Crow Flies (2022) Complete
2022 ဇွန်လ ၃ရက်နေ့ မှ ထုတ်လွှင့်ခဲ့တဲ့ netflix မှာထုတ်လွှင့်နေတဲ့
တူရကီ စီးရီးအသစ်ဆက်ဆက်လေး လာပါပြီ
စီးရီးလေးကတော့ ဒရာမာ အမျိုးအစားကားလေးဖြစ်ပြီး
အပိုင်း ၈ ပိုင်းထွက်ရှိထားပြီးဖြစ်ပါတယ်။

” မုဆိုး နဲ့ သားကောင် ဖြစ်တဲ့ တောဘုရင် ခြင်္သေ့ ကြီးနဲ့ သူ့ရဲ့ သားကောင် ငှက်ငယ် ကျီးကန်း လေး ”
လာလေ ကီရန်ကတော့ နာမည်ကြီး ဂျာနယ်လစ်တစ်ယောက်
တစ်နည်းအားဖြင့်ပြောရရင် ထိပ်ဆုံးမှာ အောင်မြင်မှုရနေတဲ့ တောဘုရင် ခြင်္သေ့ကြီးပေါ့
အက်စ်လီကတော့ ငယ်ငယ်ထဲက လာလေကို ကြည့်ပြီး
သူ့လို အောင်မြင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ဖြစ်ချင်တဲ့ လူငယ်လေး
ကျီးကန်းလေး ပျံသန်းသလို ရည်မှန်းချက်ကို ကြိုးစားပျံသန်းနေတဲ့ သူတစ်ယောက်
တစ်ဆင့်ချင်းစီတက်ပြီး ရည်မှန်းချက်ရောက်ဖို့ ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်း
ရရာနည်းလမ်းကို သုံးကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ငှက်ငယ်လေး အက်စ်လီ
ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ လာလေတစ်ယောက်
ကျရောက်လာတော့မယ့် အန္တရာယ်တွေကို သတိမပြုမိ​ဘဲ နေလာရာကနေ ငှက်ငယ်လေးဖြစ်တဲ့ အက်စ်လီရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတဲ့အခါ …..
အသက်အရွယ်ချင်းကွာခြားသလို အတွေ့အကြုံ အတွေးအခေါ်ခြင်းလဲ ကွာခြားနေတဲ့ သူတို့နှစ်ယောက်မှာ …..
ဘယ်သူကများအနိုင်ရသွားမလဲ ….



အက်စ်လီကရော ဘယ်လိုနည်းတွေနဲ့ သူ့ရဲ့ ကမ္ဘာအသစ်ကို တည်ဆောက်သွားမလဲ
သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သတင်းတင်ဆက်သူအဖြစ်ကိုရော ရောက်နိုင်ပါ့မလား
တစ်ဝက်မှာတင် ရှုံးနိမ့်ပြီး ထွက်သွားရမလား ….
အမြင့်ကို ရောက်တဲ့သူတစ်ယောက်ဟာ သွေးရော ချွေးရော
မျက်ရည်တွေပါ ကြိုးစားရင်းနှီးခဲ့ရတာကို မမြင်ဘဲ ဖြတ်လမ်းနည်းကိုသုံးပြီး အမြင့်တက်ချင်တဲ့ လူတွေရဲ့ စိတ်သဘောသဘာ၀ …
လူတစ်ယောက်ရဲ့ဘ၀ခရီးက ချမ်းသာမှု အောင်မြင်မှုတွေဟာ တသမတ်တည်းမရှိဘ​ဲ အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပုံ ….
အရာရာကို အလွယ်လိုက်ချင်တဲ့ အက်စ်လီတစ်ယောက် ဒီလိုသဘောတရားတွေကို နားမလည်ဘဲ ဖြတ်လမ်းလိုက်မိတဲ့အခါမှာ
သူ့ရဲ့ ကြိုးစားမှုတွေ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ….
လာလေကရော ထိပ်ဆုံးနေရာကို တသမတ်တည်း ထိန်းထားနိုင်ပါ့မလား ….
အက်စ်လီကရော လာလေ့နေရာကို ယူဖို့ ဘယ်လောက်ထိ လုပ်သွားမလဲ ….
ဒီစီရီးလေးဟာ လူ့လောကကြီးရဲ့ အတ္တ မာန လောဘတွေကို ထိထိမိမိ
ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးဖော်ပြတင်ဆက်ပေးထားတဲ့ ပညာပေး
စီးရီးကောင်းလေးမလို့ အားလုံးပဲ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ

UPDATE - အညွှန်းသီးသန့်

25 Dec, 05:42


Raised by Wolves Season 1+2 (2020-2022)


HBO ရဲ့ စီးရီး အသစ်တစ်ခု လာပါပြီ။ HBO စီးရီးအများစုက ကောင်းတတ်တယ် ဒါကိုလည်းမျှော်နေတာ ကြာပါပြီ။ ထွက်လာတော့လည်း တကယ်ကောင်းတာမို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။
သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်ပြီး အနာဂါတ်မှာ အခြေတည်ထားပါတယ်။ ခုနှစ ၂၁၅၀ ဝန်းကျင်မှာ ဖန်ဆင်းရှင်ကိုယုံကြည်သူတွေနဲ့ ဘာသာမဲ့တွေ စစ်ပွဲကြီး ဖြစ်ပြီး ကမ္ဘာပျက်သွားခဲ့ပါတယ်။ ယုံကြည်သူတွေဘက်ကတော့ အနိုင်ရခဲ့တာပေါ့။ အဲဒီ ကိုးကွယ်သူတွေကတော့ သမ္မာကျမ်းစာထဲက နောဧရဲ့ လှေကြီးဖြစ်တဲ့ Ark ဆိုတဲ့နာမည်နဲ့ ယာဉ်ကြီးတွေ တည်ဆောက်ပြီး အာကာသထဲကို လွတ်မြောက်သွားခဲ့ပါတယ်။ သီးသန့်ရွေးချယ်ထားတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာသစ်ကို ရှာဖွေဖို့ပါပဲ။ စစ်ရှုံးခဲ့တဲ့ ဘာသာမဲ့တွေဘက်ကလည်း စက်ရုပ် ၂ ရုပ် ထွက်ပြေးလွတ်မြောက်လာပြီး သူတို့နဲ့အတူ သန္ဓေသားလောင်း ၈ ခု ပါလာခဲ့ပါတယ်။ ဂြိုလ်တစ်ခုမှာ အခြေချပြီး အဲဒီကလေးတွေကို စက်ရုပ်အမက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာသာမဲ့ လူ့အဖွဲ့အစည်း အသစ်တစ်ခု ပြန်လည်တည်ထောင်ဖို့ပါပဲ။ အဲဒီနောက်မှာတော့ နယ်မြေရှာရင်း ရောက်လာတဲ့ ကိုးကွယ်သူတွေနဲ့ စက်ရုပ်စုံတွဲနဲ့ ရင်ဆိုင်ရတဲ့အခါ….
သတ်ဖြတ်ခန်းတွေ တိုက်ခိုက်ခန်းတွေက သွေးသံရဲရဲတွေပါတာမို့ ကလေးငယ်တွေကို ပြလို့တော့ မသင့်တော်ပါဘူး။

UPDATE - အညွှန်းသီးသန့်

24 Dec, 06:09


The Blue Planet (2001)

ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီး

ကမ္ဘာပေါ်မှာ ရှိသမျှ ရေအားလုံးရဲ့ ၉၆ ဒဿမ ၅ ရာခိုင်နှုန်းကတော့

ပင်လယ်ရေပဲဖြစ်ပါတယ်။



လူ့ခန္ဓာကိုယ်ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေဖြစ်ပြီး



ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်၊ ဒီလို လူ့ခန္ဓာကိုယ်အတွက်



ရေဟာ အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်း ရေဟာ



အရေးကြီးတဲ့ ဒြပ်စင်တစ်ခုပါပဲ။



ဒီလိုအရေးကြီးတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းကမ်းတကျ



အသုံးပြုတတ်ဖို့က ကျွန်တော်တို့တွေရဲ့ တာဝန်တစ်ခုပါပဲ။





ဒီ documentary series မှာတော့ ပင်လယ်သမုဒ္ဒရာအတွင်းမှာ



နေထိုင်ကျက်စားကြတဲ့ အဏ္ဏဝါသတ္တဝါတွေအကြောင်းကို



ကျယ်ပြန့်စွာ ရိုက်ကူးထားပါတယ်။



ကဲ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သတ္တဝါပေါင်းများစွာက



ဘယ်လိုပုံစံမျိုးနဲ့ ကျင်လည်ကျက်စားနေကြမလဲ၊ သူတို့ရဲ့



အစာစက်ကွင်းတွေ ထူးခြားချက်တွေကို



ကျွန်တော််တို့ အတူတူကြည့်ရှုခံစားရင်း အဏ္ဏဝါလောကထဲ



အလည်သွားကြရအောင်ပါ…

UPDATE - အညွှန်းသီးသန့်

23 Dec, 06:23


Lady Voyeur (2023)
===============

ရပ်ကွက်ထဲမှာ မှန်ပြောင်းတစ်လက်နဲ့ ဘယ်အိမ်က ဘာဖြစ်နေလဲ
ဆိုတာကို လိုက်ကြည့်နေတတ်တဲ့ ရပ်ကွက်စီစီတီဗွီတချို့ကို မြင်ဖူး
ကြတယ်ဟုတ်။ ဒီထဲက မင်းသမီးကတော့ ရပ်ကွက်ရေးရာကို လိုက်
ကြည့်တာ မဟုတ်ဘဲနဲ့ သူများအတွဲတွေ ဟိုဒင်းဟိုဟာပြုကြတာကိုမှန်ပြောင်းနဲ့ လိုက်ချောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါတဲ့။

သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းက ညငှက်မလေးတစ်
ယောက်ဆီမှာ နေ့တိုင်းလာပျော်ပါးကြတဲ့ ယောက်ျားတွေရဲ့ စွမ်းရည်
တွေကို ကြည့်ပြီး ခရမ်းသီးအားကိုးလုပ်နေတတ်တာပေါ့လေ။ ဒါပေမဲ့
ဒီဇာတ်လမ်းကို သာမန်ကာလျှံကာတော့ တွက်လိုက်လို့မရဘူးဗျ။ သူ(မ)
ရဲ့ ဝန်ခံချက်အရ သူဟာ ယောက်ျားနှစ်ယောက်ကို ပျက်စီးစေခဲ့ပြီး
တစ်ယောက်ကို သေဆုံးစေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။

ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ၊ မထင်မှတ်ထားတဲ့
လူသေမှုတွေနဲ့ ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ခုအသွင်ကို ပြောင်းလဲ
သွားဦးမှာမို့ ချိုချဉ်ဖန်ခါးအရသာ အစုံအလင်ကို ခံစားချင်သူတွေအဖို့
အကြိုက်တွေ့စရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့လာပါလိမ့်မယ်။

UPDATE - အညွှန်းသီးသန့်

22 Dec, 05:05


Bad Buddy (2021)

ကမ္ဘာ‌ကျော် ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို
မသိတဲ့လူမရှိသလောက်ရှိကြလိမ့်မှာပါ။

အဲဇာတ်လမ်းကိုမှ Yaoiအဖြစ်
ပြန်လည်ခံစားရမယ်ဆိုရင်ရော?

ပရန်နဲ့ ဖတ်တို့ဟာ အိမ်နီးချင်းတွေ ဆိုပေမယ့်
“မတည့် အနားရှိ”ဆိုသလိုမျိုး
မိဘတွေရဲ့ ရန်စကနေ
သားသမီးတွေအထိ မတည့်ကြတဲ့ မိသားစုနှစ်စုပါ။

သူ့ထက် ငါ.. အရာရာ သာလိုဇောနဲ့
အမြဲတမ်း ယှဉ်ပြိုင်နေတတ်တဲ့
ပရန်နဲ့ ဖတ်တို့နှစ်ယောက်
နှလုံးသားအရေးမှာလည်း ယှဉ်ပြိုင်လာကြတဲ့အခါ…

ရန်သူနဲ့ချစ်သူကြားမှာ
စည်းပါးပါးလေးပဲ ခြားတယ်ဆိုသလိုမျိုး
တစ်ယောက်အပေါ် တစ်ယောက်
ခံစားချက်တွေ ပိုလာကြတဲ့
ပရန်တို့နှစ်ယောက်ရဲ့အချစ်ရေးက

ပြိုင်ပွဲဆိုတဲ့အလျောက်
အနိုင် အရှုံး သတ်မှတ်ပြီး အဆုံးသတ်ကြရမယ့်အပြင်

မိသားစုရန်စတွေရော ပတ်ဝန်းကျင်အမြင်တွေနဲ့ပါ
ရင်ဆိုင်ကြရမယ့် အခြေအနေမှာ ပရန်တို့နှစ်ယောက်

ရပ်တန့်လိုက်ကြလိမ့်မှာလား။ ရှေ့ဆက်တိုးလိမ့်မှာလား။

ဒါမှမဟုတ်….
ရိုမီယိုတို့ရဲ့ဇာတ်လမ်းလေး
ကြေကွဲစရာ အဆုံးသတ် ဖြစ်လာလိမ့်မလား ဆိုတာကိုတော့

UPDATE - အညွှန်းသီးသန့်

21 Dec, 04:35


Ferdinand [2017]

ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။

ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။

ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကိုအလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။

UPDATE - အညွှန်းသီးသန့်

21 Dec, 04:35


Sherlock Gnomes (2018)

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် …2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ …ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်…လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့
ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်…

UPDATE - အညွှန်းသီးသန့်

21 Dec, 04:35


Gnomeo & Juliet (2012)

Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ်သူတိကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြမိသားစုတွေကလည်းလမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ်တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလားဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား
ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့…

UPDATE - အညွှန်းသီးသန့်

21 Dec, 04:26


မလေးရှားသည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲ The House on Autumn Hill (ပြန်လမ်းမဲ့မှော်စံအိမ်)

ဇမီးဟာ ပျောက်သွားတဲ့ သူ့ညီလေးကို ဆောင်းဦးတောင်ကုန်းမှာ လိုက်ရှာရင်းနဲ့ လမ်းပျောက်သွားပြီး တခြားသူစိမ်းခုနစ်ယောက်နဲ့အတူ စံအိမ်ဟောင်းကြီးမှာ သတိပြန်ရလာပါတယ်။ နောက်တော့ စံအိမ်ကြီးထဲမှာ အဖွားတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီအဖွားက သူတို့ကို အပြင်ဘက်မှာရှိတဲ့ တောထဲကနေ ဟိန်းဟောက်နေတဲ့ အကြီးအကဲဆိုသူကို ဒေါသထွက်အောင်မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲသွားမလဲဆိုတာကိုတော့ ဒီမလေးရှားသည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှုလိုက်ပါနော်။

UPDATE - အညွှန်းသီးသန့်

20 Dec, 05:28


Ready, Jet, Go! Space Camp: The Movie (2023)

ဒီဇာတ်ကားလေး ကတော့ ကလေးကြိုက် Animation ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး သားသား၊ မီးမီးတွေကြိုက်မယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဂျက်ပရိုပေါ့ရှင်းဆိုတာကတော့ ကမ္ဘာပေါ်ကမဟုတ်ပါဘူး။သူက ဘော်ထရွန်(၇) ဆိုတဲ့ ဂြိုလ်မှာနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ မြင့်မြတ်သော ဂလတ်တိုရဲ့ စွန့်စားခန်းများကို အရမ်းသဘောကျတဲ့လူဖြစ်ပြီး ဗီဒီယိုလေးတွေရိုက်ပြီး ပို့လေ့ရှိပါတယ်။

ဒီလိုနဲ့ သူဟာ ဂလတ်တိုရဲ့ နံပတ် ၁ ပရိတ်သတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဟာလလည်းလူကြိုက်များခဲ့ပါတယ်။စတယ်လ်လာရဲ့နံပတ် ၁ နေရာကို လုယူလိုက်တာပဲဖြစ်ပါတယ်။ဒါကိုစတယ်လ်လာက မကျေနပ်လို့ ဂျက်တ်ကိုလိုက်ရှာပါတော့တယ်။

UPDATE - အညွှန်းသီးသန့်

20 Dec, 05:28


Mars Needs Moms (2011)

Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှု‌အတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။

UPDATE - အညွှန်းသီးသန့်

20 Dec, 05:28


Flow (2024)

ဒီကားလေးထဲမှာဆိုရင်‌တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါလှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ်အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့ မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီးအခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါFlow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

20 Dec, 05:23


Jurnal Risa (2023)
Jurnal Risa (TV Series)(2023)
————————————-
IMDb-7.8/10

Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။
Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။

ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။
မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။
ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။
အသံနဲ့ခြောက်လား ခြောက်ရဲ့။

အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့
အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ
သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။

သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့
သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့
ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့
မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊
ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော
ရင်ဆိုင်နိုင်ကြမှာလားဆိုတာ…။

(*တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ*)

UPDATE - အညွှန်းသီးသန့်

19 Dec, 07:05


Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း

=======================

လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး
သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။

ဒါကမထူးဆန်းသေးပါဘူး။

ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက
“ဧဒင်” လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။

နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း .
စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။
စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို
ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။
ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။
ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။

ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။
ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။
အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။
တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။

တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ….

ဧဒင်ဟာ လောကနိဗ္ဗာန်လား ….. ဒါမှမဟုတ် ငရဲဘုံလား ?
ဧဒင်ကိုရောက်သွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး

Mystery, Thriller, Adventure ဇာတ်လမ်းမျိုးကို နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွတ်သင့်တဲ့ စီးရီးလေးပါ။

UPDATE - အညွှန်းသီးသန့်

18 Dec, 16:22


Sm..all Th..ings Like Th..ese (2024)

Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်
သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။
ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်
Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ
မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက
အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့
အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊
စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊
ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက
ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်
ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်
ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို
စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း
ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့
စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်
နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။
နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ
ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။
 
ဇာတ်လမ်းအကျဉ်း
***
ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့
သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း
ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား
ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က
မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ်
ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ
ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။
ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ်
မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့
သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ
နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို
ရိုက်ပြထားတာပါဖြစ်ပါတယ်။
မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ
ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။

UPDATE - အညွှန်းသီးသန့်

18 Dec, 16:22


 
Tales of Halloween (2015)
IMDb Rating (5.5) / Rotten Tomatoes (77%)
 
Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ်
ပါတယ်။
ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။
လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ
ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။
အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။
Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ#

UPDATE - အညွှန်းသီးသန့်

18 Dec, 06:26


Wayne 2019

IMDb – 84 % , RT Rating 100

Now we’re talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း
Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး
( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ
voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။

ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ
နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။
ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ အဖေရဲ့ကားအလန်းစားလေးပြန်ယူလာဖို့
ဖလော်ရီထိ ဒယ်လိုင်လာလေးနဲ့အတူ ခရီးနှင်လာပါတော့တယ်။ သူတို့၂ယောက်ကို ဖလော်ရီဒါထိ လမ်းခရီးအဝေးကြီးကို
၂ယောက်သားဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ဝိန်းတစ်ယောက် ဘယ်လိုတွေကြမ်းမလဲ ဆိုတာ
အားပါးတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Comedy Action ဖြစ်လို့ ဟာသလေးတွေနှောပြီး
actionလေးတွေ dramaလေးတွေ romanticဆန်ကြတာလေးတွေကိုကြည့်ရမှာဖြစ်ပါတယ်။
Actionတွေကလည်း တော်တော်ကြီးကိုကြမ်းပြီး Comedyက cringe မဖြစ်ပဲ သူ့ဟာနဲ့သူကိုရယ်နေရပါတယ်။
ရည်းစားရှိတဲ့လူတွေကတော့ ရည်းစားလက်ကလေးကိုင်ရင်း ကြည့်ပြီး ရည်းစားမရှိတဲ့လူတွေကတော့
ဖက်ခေါင်းအုံးလေးဖက်ပြီးကြည့်ကြပေါ့လေ ။ ဇာတ်လမ်းဇာတ်ရှိန်ကလည်း
ကောင်းပြီး မပျင်းရတဲ့ series လေးမို့ ကြည့်ရှု့ဖို့တိုက်တွန်းပါတယ် ။

UPDATE - အညွှန်းသီးသန့်

17 Dec, 05:43


Returning SeriesDisney Intertwined (Entrelazados Season1 ) (2021)

Disney က ၂၀၂၁ ခုနှစ်က ပြသခဲ့တဲ့ Fantasy/musical/drama အမျိုးအစား စပိန်စီးရီးလေးက ပါ IMDB 6.8/10, Rotten Tomatoes 92 % ရရှိထားတဲ့ ဒီစပိန်စီးရီးလေးမှာ လူငယ်သရုပ်ဆောင်လေးတွေရဲ့ ငယ်ရွယ် ဆန်းသစ်မှုတွေကို သီချင်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း Season 1 မှာတုန်းက မှော်လက်ပတ်ကိုအမှတ်မထင်ရရှိသွားပြီး အယ်လေဂရာတစ်ယောက် အမေဖြစ်သူရဲ့ငယ်ရွယ်စဉ် ၁၉၉၄ခုနှစ်ကို အချိန်ခရီးသွားခဲ့ရာက သိချင်တာတွေကို သိခဲ့ရပြီးနောက်မှာတော့ အမေနဲ့ အဘွားနဲ့ သုံးယောက်သား ဆက်ဆံရေးပြန်လည် ကောင်းမွန်သွားခဲ့ပါတယ်။

ဒါပေမယ့် အံ့ဩစရာကောင်းလောက်အောင် ၁၉၉၄ ခုနှစ်က မာကိုတစ်ယောက် မှော်လက်ပတ်ကို ရရှိပြီး အယ်လေဂရာရှိရာ ၂၀၂၁ ခုနှစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လေဂရာနဲ့ သူ့သူငယ်ချင်း ဖီးလစ်တို့ ကြံရာမရ ဖြစ်ကုန်ကြပါတော့တယ်။ မာကို့ကို လူမမြင်ဖို့အရေး ကြံစည် တွေးတောကြရင်း မာကိုက ဘယ်လိုအကြောင်းကြောင့် မှော်လက်ပတ်နဲ့ အချိန်ခရီးသွားဖို့ဖြစ်လာခဲ့လဲဆိုတာကို ရှာဖွေကြဖို့ ပြင်ဆင်ကြပါတော့တယ်။ အယ်လေဂရာက မာကို့ကို စိတ်ယိုင်နေမှန်းသိလို့ ဖီးလစ်တစ်ယောက်ကတော့ ပူပန်ခြင်းတွေ စိတ်မချခြင်းတွေနဲ့ မာကို့ကို ၁၉၉၄ခုနှစ်ကို မြန်မြန်ပြန်ပို့ဖို့ တိတ်တိတ်လေး ကြိတ်ကြံနေခဲ့တာပေါ့လေ။

ဒီလိုနဲ့ မာကို့ရဲ့ ပထမဆုံးအချိန်ခရီးသွားခြင်းက ၁၉၉၄ ခုနှစ်ကို ပြန်ရောက်မသွားဘဲ ၁၉၇၅ ခုနှစ်ကို ရောက်ရှိသွားခဲ့ရာက သူ့အရွယ်ရောက်နေတဲ့ သူ့အဖေက ဘားတစ်ခုမှာအလုပ်လုပ်နေပြီး ခိုခိုနဲ့အတူရှိနေတာကို တွေ့ခဲ့ရချိန်မှာတော့.. မာကို့ရဲ့ အချိန်ခရီးသွားမှုက ဘာလို့ ၂၀၂၁ ဆီကနေ ၁၉၇၅ခုနှစ်ကို ပြန်ရောက်သွားခဲ့တာလဲ။ ခိုခိုကရော ဘာလို့ မာကို့ရဲ့အဖေနဲ့ အတူရှိနေခဲ့တာလဲ။ လက်ပတ်ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို သူ့အချိန်ခရီးစဉ်မပြီးခင် ရှာဖွေတွေ့ရှိနိုင်သွားမှာလား။ အယ်လေဂရာ၊ ဖီးလစ်နဲ့ မာကိုတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်

UPDATE - အညွှန်းသီးသန့်

16 Dec, 08:26


IMDb – 6.5/10_Rotten – 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ….ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။ကဲ…. ဆရာနဲ့ တပည့်….ဘယ်လို ဆက်ဖြစ်ကြမလဲ…..အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။

UPDATE - အညွှန်းသီးသန့်

02 Dec, 04:35


Alien Xmas ( 2020 ) 📱
=================

ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ် ။

အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်း ကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင်ကုန်ကြတယ် ။

အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီး ပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ် ။

တစ်ရက်ကျ ကမ္ဘာဂြိုဟ်ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲလွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။

အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက်ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေးဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ် ။

အိက်စ်က အသေးဆုံးသာဖြစ်တာ အခိုးဆုံးပဲ ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက်လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကိုဘယ်လိုဝင်မွှေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး ။

UPDATE - အညွှန်းသီးသန့်

02 Dec, 04:35


Jungle Beat : The Movie ( 2020 ) 📱
============================

ဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။

ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့ ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ Animation Series – Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။

Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေးတစ် ယောက် သူတိုနေတဲ့တောထဲကို ရောက်လာလိုပါပဲ။

သူတိုတွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတိုရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတိုတွေ ကူညီပေးတာကိုတွေ့ရမှာပါ။

UPDATE - အညွှန်းသီးသန့်

02 Dec, 04:35


Mechamato movie [2022]

Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။

Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင်ဒီကားကနေစကြည့်နိုင်ပါတယ်။

ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ်မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။

စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက်
စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။

တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။

အဲ့နေ့မှာပဲ ပရောဂျက်အတွက်
စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ
ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့...

UPDATE - အညွှန်းသီးသန့်

02 Dec, 04:24


our times

ပရိတ်သတ်တွေထဲမှာ
ငယ်ငယ်က ကြိတ်ကြွေခဲ့ရတဲ့ အချစ်ဦးလေးတွေနဲ့ပတ်သက်ပြီး သတိရလွမ်းနေရတဲ့သူလေးတွေရှိပါသလားA crazy little thing called love ဇာတ်လမ်းလေးလို ကြည်နူးစရာဇာတ်လမ်းတွေမှ ကြည့်ချင်တဲ့သူတွေအတွက် လာပါပြီနော်
ကျောင်းသားအရွယ်အချစ်ဇာတ်လမ်းလေး
ကိုယ်သဘောကျတဲ့သူနဲ့ တွေ့ပြီးမှ ထူးထူးခြားခြားပြောင်းလဲ လိမ္မာသွားကြတဲ့အကြောင်း
အချစ်ဆိုတာ ဘယ်အချိန်ဝင်လာလိုက်လဲမသိလိုက်ခင်မှာပဲ ကိုယ့်စိတ်ထဲသူရောက်နေတာကို သိလိုက်ရတဲ့အဖြစ်လေးတွေအကြောင်း
ချစ်စရာကောင်းတဲ့ ရိုမန်တစ်ဇာတ်ကားလေးတွေမှ ကြိုက်တတ်တဲ့သူတွေအတွက် Our Times ကားလေးတင်ပေးလိုက်ပါတယ်နော်
A crazy little thing called love လိုမျိုး ဘယ်သူ့အတွက် ဘယ်ဇာတ်ကောင်တွေက ဘယ်လိုtransformation ဖြစ်သွားမလဲ
ဘယ်လို dialogue လေးတွေ ရင်ထဲထိမလဲဆိုတာကို
ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ

UPDATE - အညွှန်းသီးသန့်

02 Dec, 04:24


Lyle Lyle Crocodile (2022)

Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကား​လေး ပါ။ RT – 73%, metacritic – 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း​ဆိုပြဦးမှာပါ။

​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက်​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာတိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။

UPDATE - အညွှန်းသီးသန့်

02 Dec, 04:24


Ad Astra ( 2019 )

ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကိုယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ

UPDATE - အညွှန်းသီးသန့်

02 Dec, 04:24


Shers.........haah [2021]

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ IMDb (8.8)အထိရထားပြီး အခုလတ်တလောလူကြိုက်များလူပြောများနေတဲ့ (Shershaah) ဆိုတဲ့ အိန္ဒိယစစ်ကားကောင်းလေးပါ

အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ၁၉၉၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကာဂီစစ်ပွဲမှာ တိုင်းပြည်အတွက်အသက်ပေးရင်းကျဆုံးသွားတဲ့ ကပ္ပတိန် (Vikram Batra) အကြောင်းဖြစ်ရပ်မှန်ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်

သူ့ရဲ့စွမ်းဆောင်နိုင်မှုကြောင့် နိုင်ငံနှစ်ခုကြားကတိုက်ပွဲကိုအဆုံးသတ်သွားစေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့သူရဲကောင်းဆိုလည်း မမှားပါဘူး

(၁၉၇၄) ခုနှစ် ပါလန်ပူဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပြီး ကိုယ်မှန်တယ်ထင်ရင်ဘာမဆိုပြောရဲလုပ်ရဲတဲ့ ဗီကရန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်

သူ့ရဲ့ငယ်စဉ်ကတည်းကမက်ခဲ့တဲ့ အိပ်မက်ကတော့ ကြီးလာရင်စစ်သားကြီးဖြစ်အောင်လုပ်ပြီး တိုင်းပြည်ကိုကာကွယ်ချင်တာပါတဲ့

မိဘနှစ်ပါးစလုံးကျောင်းဆရာ ဆရာမတွေဖြစ်ကြပေမယ့် ဗီကရန်ကတော့ တိုက်ရခိုက်ရတဲ့ရဲစွမ်းသတ္တိရှိတဲ့စစ်သားကြီးပဲဖြစ်ချင်ခဲ့တာပါ

UPDATE - အညွှန်းသီးသန့်

02 Dec, 04:24


12 Strong

2018-Action/Drama/History
2h 10

စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။
တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့

သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။
ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Scooby Doo: Spooky Games (2012)

ဒီတစ်ခါမှာတော့ ရှက်ဂီနဲ့ စကူဘီဟာ သူတို့ ဆန်းကျယ်မှုတွေကို လိုက်စုံစမ်းရင်းအသက်လုပြေးနေတာကို အနီးနားမှာရှိတဲ့ ကမ္ဘာ့အားကစားပြိုင်ပွဲ စီစဉ်သူက မြင်သွားပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်အဲဒီလိုနဲ့ ရှက်ဂီက အပြေး အားကစားသမား စကူဘီက ရှက်ဂီရဲ့ နည်းပြအဖြစ်နဲ့ တလွဲတွေ လုပ်နေတာကို ကြည့်ရဦးမှာပါအဲဒီအပြင် အားကစားပြိုင်ပွဲကျင်းပတဲ့ နေရာမှာရှိတဲ့ နှစ် ထောင်ချီနေတဲ့ ရုပ်တုကြီး အသက်ဝင်လာပြီး ဒီအားကစားပွဲကို ဖျက်ဆီးတဲ့ အခါမှာ ဘာတွေဖြစ်သွားမလဲmystery inc ကရော ဒီကိစ္စကို ဖြေရှင်းပေးသွားနိုင်မှာလားဆိုတာကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Smallfoot (2018)

Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတိုအတွက် လျိုဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။

ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတိုတွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လိုခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို Stonekeeper လိုခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလိုဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Arthur Christmas (2011)

ခရစ်စမတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ကိုကြည့်ဖူးထားသင့်ပါတယ်နော်..

တနှစ်သော ခရစ်စမတ်မှာ လက်ဆောင်ပို့ပေးဖို့ တစ်ဘူးကျန်နေခဲ့တာကို နေမထွက်ခင် အမြန်ကမ္ဘာပတ်သွားပို့ကြမှာ ဖြစ်ပါတယ်...

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Colossal 2016

ဇာတ်လမ်းအကျဉ်းလေးကတော့
ဂလော်ရီယာ ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်..ဇာတိမြို့မှာ ငယ်သူငယ်ချင်း အော်စကာနဲ့ ပြန်ဆုံခဲ့ပါတယ်

အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ

ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ..ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့ နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်

မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်

ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်..ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲမကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Black Magic Baby (2024) Original title: Kuman thong

ဇာတ်လမ်းအကျဉ်း
ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။

ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး

သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။

တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့

ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Super Lopez(2018)

ရှားပါးကားလေးကိုတင်ဆက်ပေးပါမယ်
စပိန် စူပါဟီးရိုးဟာသကားလေးပါ

မင်းသားက ဂြိုဟ်သားတစ်ယောက်ဖြစ်ပြီး
ပျက်စီးနေတဲ့ဂြိုဟ်ကနေ အာကာသယာဉ်နဲ့ ကမ္ဘာကိုရောက်လာတာဖြစ်ပါတယ်

နောက်ပိုင်းမှာ သူ့ရဲ့ စူပါ ပါဝါတွေကို သတိထားမိပြီး မတရားမှုတွေကို
ဘယ်လို အလွဲတွေနဲ့တိုက်ခိုက်သွားမလဲဆိုတာ.....

UPDATE - အညွှန်းသီးသန့်

01 Dec, 04:54


Thunivu (2023)
Genre: Action, Adventure, Thriller
IMDB:6.7/10

အခုတစ်ခါတော့ တမီးလ်မင်းသားကြီး
အဂျစ်ကူးမားကဲ့ နာမည်ကြီး အက်ရှင်ခပ်ကြမ်းကြမ်းကားလေးကိုတင်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့

လူဆိုးဂိုဏ်းတစ်ခုဟာ ဘဏ်တစ်ခုကိုဓားပြတိုက်ဖို့ ရဲတွေ၊ဘဏ်အတွင်းပိုင်းကလူတွေနဲ့ ပေါင်းပြီး ၀င်စီးကြပါတော့တယ်။
ဘဏ်ဓားပြတွေဟာ အကုန်လုံးကိုထိန်းချုပ်ပြီး ပျော်နေကြတုန်းမှာ
မထင်မှတ်ထားတဲ့ အန္တရယ်တစ်ခုပေါ်လာပါတယ်။ အဂျစ်ကူးမားပါ။
သူက ရဲဘက်ကလည်းမဟုတ်၊စစ်တပ်ဘက်ကလည်းမဟုတ်ဘဲ ဘဏ်ဓားပြတွေကို တိုက်ခိုက်ပါတယ်။
သူခိုးဆီက သူခိုးကပြန်ခိုးသလို
ဓားပြတွေဆီက တစ်ကိုယ်တော် ဓားပြပြန်တိုက်တာပါ။
ဘဏ်ကြီးကို သူတစ်ယောက်တည်းနဲ့ဓားပြတိုက်တဲ့အခါမှာတော့ ....
Money Heist ကဲ့သို့ ဘဏ်ဓားပြကားလို
လှည့်ကွက်တွေ၊ မြှုပ်ကွက်တွေနဲ့အတူကြည့်ရှုရမှာပါ။
ဘဏ်ဖောက်ကား ကြိုက်သူတွေအတွက်
လက်မလွှတ်သင့်တဲ့ ကားလေးလို့ပဲ ညွှန်းလိုက်ပါရစေ

UPDATE - အညွှန်းသီးသန့်

30 Nov, 16:49


အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို
မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်း
တစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန်
တော်တိုတွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို သရဲ
ဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။
အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်း
တွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်း
ကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာ
မျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာ
ထက် Mystery, Crime Solving ပုံစံမျိုးပါ။ Rotten Tomatoes 81%,
IMDb Rating 7.6 ရရှိထားပါတယ်။

UPDATE - အညွှန်းသီးသန့်

30 Nov, 09:29


၂၀၁၆ က ထွက်ခဲ့တဲ့ မိုအားနာဟာ ၈ နှစ်ကြာပြီးနောက် အခု သူ့ဘိုးဘေးတွေရဲ့ ခေါ်သံနဲ့အတူပြန်လာခဲ့ပါပြီ။ မိုအားနာက တစ်နေ့မှာ ဘိုးဘေးတစ်ယောက်ကနေ “နာလို”ဆိုတဲ့နတ်ဆိုးက တန်ခိုးကြီးတဲ့ မိုလ်တူဖော်တူကျွန်းကို ပင်လယ်ရေအောက် မြုပ်ချလိုက်ပြီး လူသားတွေကိုကြီးစိုးချင်နေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အခါ ကျွန်းရဲ့ အဓိကလမ်းရှာဖွေသူဖြစ်တဲ့ မိုအားနာအနေနဲ့ ကျွန်းကိုကယ်တင်မယ့် စွန့်စားခန်းကို ရွက်လွှင့်ရပါတော့တယ်။ ဒီခရီးမှာတော့ သူတစ်ယောက်တည်း မဟုတ်တော့ဘဲ လိုတို၊ မိုနီ ၊ အဘိုးကေကေတို့အပြင် မာဝီ့ရိက္ခာစာလေးတွေဖြစ်တဲ့ ရိုးရာမပျက် ကြက်နဲ့ဝက် လေးတွေပါပါလာပါပြီ။ ရေအောက်ကျနေတဲ့ကျွန်းကို ပြန်ဆွဲတင်ဖို့ သွားတဲ့ခရီးမှာ ကြုံတွေ့ရမယ့် ပြဿနာတွေက နတ်ဆိုးတစ်ကောင်တည်းမဟုတ်ဘဲ နောက်ကွယ်ကကြိုးကိုင်သူတွေကိုပါ ကျော်ဖြတ်ရပုံတွေကို သီချင်းအသစ်တွေ ဇာတ်ကောင်အသစ်တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်မြင်ရမှာမို့ အချိန်ပေးရတန်စေမှာသေချာပါတယ်။

UPDATE - အညွှန်းသီးသန့်

30 Nov, 02:39


Memoir of a Snail (2024)

Australian animator နဲ့ filmmaker Adam Elliot ရဲ့2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။

ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်

UPDATE - အညွှန်းသီးသန့်

30 Nov, 02:39


Revolver (2005)

Revolver (2005)
*
ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး
Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်
ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။
တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့
ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။
မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား
ဂျေဆင် စတက်သန်ပါ...။
ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်
အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ
၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။
ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ
ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။
တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်း
လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။
ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်
သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ
ကုန်ဆုံးပြီး....

UPDATE - အညွှန်းသီးသန့်

30 Nov, 02:39


Baang (2023)
==============
IMDb 7.7/10
အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော တောင်ပိုင်း Dark comedy,
အက်ရှင်ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်း...
အာရပ်ဗ်.. ဘူရှန်နဲ့ ဆူနေးလ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်။
တစ်နေ့မှာ အာရပ်ဗ်ရဲ့ ညီလေး အာရုရှ်ကိုပါခေါ်ပြီး သုံးယောက်သား ကားတစ်စီးနဲ့ နိုက်အောက်ထွက်
ပတ်ကဲရင်း ဒယ်ဒီနဲ့ လီယိုနာဆိုတဲ့ ဂိုဏ်းစတားသားအဖနဲ့ ဘုမသိဘမသိဘဲ ငြိသွားကြတဲ့အခါမှာတော့...။
ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းကို pov တစ်ခုပြီးတစ်ခု သွားထားပြီး မြင်နေကျမဟုတ်တဲ့ပုံမျိုးနဲ့ တင်ဆက်ထားပါတယ်။
လီယိုနာအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးလေး ရှန်ဗီကလည်း တော်တော်လေး မျက်စိပဒါသဖြစ်တာမလို့
ပေါ့ပေါ့ပါးပါး အက်ရှင်ဟာသတွေရှာနေသူတွေအတွက် perfect ဖြစ်မယ့်ရုပ်ရှင်လေးပါပဲ...။

#Credit

UPDATE - အညွှန်းသီးသန့်

15 Nov, 05:01


Samrat Prithviraj (2022)

ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီး
Samrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။
IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့
ဒီရာဇဝင်ကားသစ်ဟာဆိုရင်..
ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာ
အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်က
ပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ်
အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamrat
ဘယ်လိုဘယ်ပုံဖြေရှင်းရမလဲ
ဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့
ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

15 Nov, 05:01


Overdose [2022]

IMDb - 5.5

တိုလု့စ် ရဲတပ်ဖွဲရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို ပြင်ဆင်နေတဲ့အချိန် ...

တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ...

လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို ကြိုးစားတဲ့ အခါမှာတော့ ...

ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက် လက်ကြည့်ရှုလိုက်ကြရအောင်နော်။

ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

15 Nov, 05:01


Unfriended (2014)

တစ်ညမှာ Blaireနဲ့Mitch တို့စုံတွဲဟာ Skypeမှာ Chat နေကြပါတယ်။Jessရယ်၊Adam Kenရယ် Valတို့ဟာလဲ Group Chat နဲ့၀င်လာကြပါတယ်။

သူငယ်ချင်းတို့ စကားပြောနေတုန်း Group Chat ထဲ Billie227 နာမည်နဲ့ အကောင့်တစ်ခု Profile Picture မပါပဲ ၀င်လာခဲ့လို့ အားလုံးအံ့အားသင့်နေကြပါတယ်။တစ်ယောက်ယောက်များ နောက်နေကြသလားပေါ့။သိပ်မကြာခင်ပဲ အဲ့ဒီတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ကျောင်းသူ Laura Barns ဖြစ်နေပါတယ်။ဒါနဲ့ သူတို့အုပ်စုဟာလဲ Laura Barns အကောင့်ကိုတစ်ယောက်ယောက် Hacked လုပ်ပြီး အသုံးပြုချိန်းချောက်နေတယ်လို့ သံသယ ရှိလို့ Online မှာ အဖြေရှာကြပါတယ်။ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ Skype & Facebook တို့ Gmail & အခြားSoftware များစွာ အသုံးပြုပုံတွေ ပါဝင်လို့ နည်းပညာပိုင်း အားနည်းသူတွေ နားမလည်သလိုဖြစ်နိုင်ပါတယ်။နားလည်တဲ့သူတောင် မျက်စိနောက် ခေါင်းရှုပ်စေတဲ့ ဇာတ်ကားမျိုးပါ။အထူးအဆန်းတွေကို မြင်ကြရမှာပါ Skype Group ကနေ Laura Barns ကိုထုတ်မရတာတွေ Facebook မှာ Laura Barns ကို Report လုပ်မရ Unfriend လုပ်မရ ဖြစ်တာတွေက အထူးအဆန်းတွေပါပဲ။အရမ်းကိုမိုက်ပါတယ်။

UPDATE - အညွှန်းသီးသန့်

15 Nov, 05:01


Bhoothnath (2008)

ငယ်ငယ်တည်းက ကျွန်တော်တို့ ချစ်ခဲ့ရတဲ့ အမီတာဘချမ်းကြီးရဲ့သရဲဟာသကားနှစ်ကားကို အမှတ်တရအနေနဲ့ ကွာလတီကောင်းကောင်းသိမ်းချင်သူတွေဖို့ Blu Ray  Quality Updateနဲ့အတူ ဘာသာပြန်ကိုပါ ဖြည့်စွက်မွမ်းမံပြီး တင်ဆက်ပေးထားပါတယ်........

ကဲ ငယ်ဘဝရဲ့အမှတ်တရတွေကို သရဲဘချမ်းကြီးနဲ့ ကလေးလေးရဲ့သံယောဇဉ်တွေကို ပြန်လည်ခံစားရင်း လွမ်းဆွတ်လိုက်ရအောင်ဗျာ

#Credit

UPDATE - အညွှန်းသီးသန့်

14 Nov, 05:34


Clark (2022) Complete

Stockholm syndrome ဆိုတဲ့ ​စကားလုံးကို ဒီဘက်​ခေတ်မှာ
အ​တော်များများ ရင်းနှီး​လောက်မှာပါ။ ဆွီဒင်နိုင်ငံ စ​တော့ဟုမ်း
မြို့ကို ရည်စူး​ထားတဲ့နာမည်ဖြစ်ပြီး ကိုယ့်အ​ပေါ် ဒုက္ခ​ပေး​နေတဲ့
ဒုစရိုက်သမားကိုမှ သ​ဘောကျမိတဲ့၊ ချစ်မိတဲ့ စိတ်အ​ခြေအ​နေ
ကို တင်စားတာမျိုး​ပေါ့။

ဒီလိုထူးခြားတဲ့ စိတ်အ​ခြေအ​နေကို Stockholm syndromeလို့
​ပေးရတဲ့ ရာဇဝင်တစ်ခုကလည်း ရှိပါ​သေးတယ်။ ဒီစီးရီးမှာ အဲဒီ
နာမည်ကို ​ဖြစ်​လာစေခဲ့တဲ့ လူတစ်​ယောက်အ​ကြောင်းကို ခ​ရေ​​စေ့
တွင်းကျ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ IMDb ratingမှာ 7.4
Rotten Tomatoesမှာ 86% ရရှိထားပြီး It ထဲက pennywise
အ​ဖြစ်သိကြတဲ့ မင်းသား​Bill Skarsgårdက ​​ခေါင်း​ဆောင်အဖြစ်
ပါဝင်ထားပါတယ်။

Bill Skarsgårdက ဒီစီးရီးထဲမှာ Clark Olofssonဆိုတဲ့ ဆွီဒင်ရဲ့
နာမည်ဆိုးဖြင့် အ​ကျော်ကြားဆုံး ဂိုဏ်းစတားတစ်​ယောက်​အ​နေနဲ့
သရုပ်​ဆောင်ထားပါတယ်။ Clarkဆိုတဲ့ လူမိုက်က ခိုးဆိုးလုယက်
ဓါးပြမှုကစလို့ ဘဏ်ဓါးပြမှု အနုကြမ်းစီးမှုအထိ ရာဇဝတ်မှုမျိုးစုံ
ကျူးလွန်တဲ့သူပါ။ ဒါ့အပြင် ရူပါ​ကလည်း ဖြူး၊ ​လေ​ပေးကလည်း
​ဖြောင့်​လေ​တော့ နာမည်တုမျိုးစုံနဲ့ ​ဥစ္စာ​​ပေါ​ရုပ်​ချော အပျိုကြီး​တွေ
တစ်ခုလပ်​တွေပါ မကျန် ခြူစားပါ​သေးတယ်။

တစ်​နေ့မှာ​ဖြင့် အ​မောင်Clarkတစ်​ယောက် ဘဏ်​ဖောက်ထွင်းရင်း
ကင်းလှည့်ရဲကို သတ်မိသွားပြီး အဖမ်းခံလိုက်ရပါတယ်။သို့​သော်
ပြစ်မှုထင်ရှား​သည့်တိုင် ရုပ်ရည်သနားကမားနဲ့ အ​ပြော​ကောင်းတဲ့
Clark​ကို ဆွီဒင်တစ်နိုင်ငံလုံးက ရွံရှာရမယ့်အစား “​ကောင်​လေးက
​ထင်သ​လောက် မဆိုး​လောက်ပါဘူး​လေ” ဆိုတဲ့အထာနဲ့ အချစ်ခံ၊
အသနားခံ ရာဇဝတ်သား​လေး ဖြစ်သွားတဲ့အခါ…

UPDATE - အညွှန်းသီးသန့်

14 Nov, 05:27


Se7en (1995)

ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလား...ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်

အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ

(Se7en) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္ဓဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်

တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ

ဇာတ်လမ်းက ဝီလီယမ် ဆမ်မာဆတ် ( Morgan Freeman) ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်

သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

14 Nov, 05:27


So Close (2002)    

ဒီကားလေးတော့မကြည့်ဖူးတဲ့သူမရှိလောက်ပါဘူး..ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ငယ်ဘဝကိုအတူခံစားကြတာပေါ့ဒီကားလေးဟာ Imdb6.7ရထားတဲ့  2002 ထွက်ကားဟောင်းလေးဖြစ်ပေမယ့် ကောင်းနေဆဲပါ…မင်းသမီး Qi Shuရဲ့အလှနဲ့ wei zhaoနဲ့ karen mok အပြင်မင်းသားဂျွန်စောလိုလူသိများတဲ့ Song Seung hun တိုပါဝင်သရုပ်ဆောင်ထားပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ ကြေးစားလူသတ်သမားညီအစ်မနှစ်ယောက်ဖြစ်တဲ့
အားလီနဲ့အားချွမ်တိုရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ လုံခြုံရေးစနစ်တွေကိုထိုးဖောက်ပြီးဒါရိုက်တာကျုံးကိုသတ်ဖြတ်ရာကနေ ဒီအမှုကိုကိုင်တွယ်တဲ့အရာရှိဟုန်နဲ့ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ရမလဲ….ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်လိုလှည့်ကွက်တွေရှိနေတာလဲ..ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..

UPDATE - အညွှန်းသီးသန့်

14 Nov, 05:27


The new king of comedy(2019)

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့
ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေး
တစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီး
အောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာ
နှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင်
အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ
ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ
တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမို့ဟာနာမည်ကျမင်းသား
Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေ
သူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ.အနုပညာလမ်းကြောင်းရဲ့
ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့
ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...မင်းသားကြီးစတီဗင်ချောင်ရဲ့
လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ်
Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်

Credit to reviewer

👇👇👇

UPDATE - အညွှန်းသီးသန့်

13 Nov, 05:36


Moei: The Promised (2024)

"Moei(မွေ)" ဆိုတာကတော့ စွမ်းအားကြီးတဲ့ နတ် ဒါမှမဟုတ် မြင်အပ်မမြင်အပ်သတ္တဝါများနဲ့ ကတိကဝတ်ပြုပြီး ကိုယ်လိုချင်တဲ့အရာကိုတောင်းဆိုတာကိုပြောပါတယ်။ ဒါပေမယ့် အဲ့လိုဆုတောင်းတဲ့အဖိုးအခအနေနဲ့ တစ်ခုခုကိုပြန်ပေးရလေ့ရှိပါတယ်။
"နတ်နဲ့နဂါး မလှည့်စားကောင်း" ဆိုတဲ့ရှေးစကားရှိသလိုလှည့်စားမိသူဟာ ကြမ္မာဆိုးနဲ့ကြုံတွေ့ရတတ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့

ဂက်ရဲ့ဖခင်နဲ့မိခင်ဟာ မတည့်ကြဘဲ မျက်နှာချင်းမဆိုင်ဖြစ်တော့တာ နှစ်အတန်ကြာနေပါပြီ။ နောက်ဆုံးဖခင်ဆုံးပါးသွားတဲ့အချိန်မှာတောင် မိခင်ဟာဈာပနကိုရောက်မလာခဲ့ပါဘူး။ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်မှာ ဂက်တို့သားအမိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဆက်တိုက်ဆိုသလို ကြုံတွေ့လာရပါတော့တယ်။ ဂက်ကတော့ ဒီလိုတွေဖြစ်နေရတာဟာ ဖခင်ဖြစ်သူ နောက်ဆုံးအချိန်မှာပြောသွားခဲ့တဲ့ "မွေ" ဆိုတာနဲ့သက်ဆိုင်နေမယ်လို့ယုံကြည်နေပါတယ်။ မိခင်ကတော့ အယူသီးခြင်းသက်သက်လို့ယူဆပြီး လုံးဝကိုဆန့်ကျင်နေပါတယ်။
ဒီဖြစ်ရပ်တွေရဲ့အစကဘယ်ကလဲ။
သူတို့ကြုံနေရတဲ့ဖြစ်ရပ်တွေက ဘယ်လောက်ထိဆိုးလာဦးမှာလဲ။

UPDATE - အညွှန်းသီးသန့်

13 Nov, 05:36


Jurassic World : Fallen Kingdom [2018]

အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်….ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့Jurassic Park ဇာတ်လမ်းတွေရဲ့ ၅ ကားမြောက်ဖြစ်ပြီ: တော့Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်… Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်…Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်..အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကိုကယ်တင်မယ့်သူများပေါ်လာပါတယ်… ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

13 Nov, 05:36


Khun Phaen Begins (2019)

တော်ဝင်သမားတော်ကားလေးထဲက မာရီယိုလေးကိုမှ ချစ်နေပါပြီဆိုတဲ့ ပျိတ်သတ်ကြီးအတွက် တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Khun Phaen Begins တင်ဆက်ပေးလိုက်ပါပြီ။

သုံးပွင့်ဆိုင်ဇာတ်လမ်းရယ်လို့ဖြစ်လာပြီဆိုရင် ဆိုင်သူ ၂ ယောက်ကြားမှာ တတိယလူဟာကျန်ရစ်မြဲပါပဲ။ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာရော ကျန်ရစ်သူမောင်ရှင်က ဘယ်သူဖြစ်မလဲ။

ယူထာဆိုတဲ့ မြစ်ကမ်းနံဘေးမှာတည်ထားတဲ့မြို့လေးတစ်မြို့ဟာ အဋ္ဌမဆိုတဲ့ ထိပ်တန်းအကျော်အမော် မှော်ဆရာတွေနဲ့ဖွဲ့စည်းထားတဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ နှစ်ရာနဲ့ချီ အေးချမ်းနေတဲ့မြို့လေးပေါ့။ ဒီမြို့လေးဟာ လူတိုင်းရဲ့ဆန္ဒတွေကို ပြည့်ဝစေတဲ့နေရာ အိပ်မက်တွေပေါက်ဖွားလာစေတဲ့နေရာလေးဆိုရင်လည်း မမှားပါဘူး။

ကယောက်ဆိုတဲ့ကောင်လေးဟာ ရည်မှန်းချက်လည်း ရေရေရာရာမရှိတဲ့ ဘဝကို ပျော်ပျော်နေပျော်ပျော်စား ဖြတ်သန်းနေတတ်တဲ့ ပြဿနာအိုး ဂျပိုးလေးတစ်ကောင်ပေါ့။ သူက အတိတ်အကြောင်းအရာတွေကို

UPDATE - အညွှန်းသီးသန့်

13 Nov, 05:36


The Black Demon (2023)

April 28 ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ “The Black Demon” ဆိုတဲ့ဇာတ်ကားဟာဆိုရင် Horror/Thriller ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ တစ်ရက်မှာ Oilman Paul တစ်ယောက် မိသားစုနဲ့အပျော်ခရီးထွက်လာခဲ့ပါတယ်။ ဒီအပျော်ခရီးရဲ့အစပိုင်းမှာတော့ သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဟိုတယ်မှာတည်းမယ်ဆိုတဲ့အကြံကောင်းနဲ့ လာခဲ့ပေမဲ့ တကယ်တမ်းသူတို့ရောက်တဲ့အချိန်မှာတော့ ထင်ထားသလိုပဲဖြစ်လာမလား၊ ဒါမှမဟုတ် ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံရမလဲ။ သူတို့ရဲ့ ပျော်စရာခရီးလေးက ဘယ်လိုမျိုးအိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားမလဲဆိုတာကိုတော့ Happy ပရိတ်သတ်တို့ကတစ်ဝကြီး ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်လိုက်ကြပါဦးနော်။

UPDATE - အညွှန်းသီးသန့်

13 Nov, 05:36


Forrest Gump (1994)

Winston Groom ရဲ့ Novel ကိုအခြေခံလို့ Eric Roth ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Robert Zemeckis ရိုက်ကူးခဲ့တဲ့ ဒီကားဟာ အော်စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုတွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသား Tom Hanks အတွက်တော့ ရှားရှားပါးပါး နှစ်နှစ်ဆက်(Philadelphia, Forrest Gump) အော်စကာရရှိစေခဲ့တာပါ။ Tom Hanks အပြင် Robin Wright, Gary sinise, Mykelti Williamson, Sally Field တို့ပါဝင်ပါတယ်။ Tom Hanks ဟာ Forrest Gump အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ Forrest ကလေးဘဝကိုသရုပ်ဆောင်ခဲ့တဲ့ ကောင်လေးရဲ့ စကားပြောဟန်တွေ၊ အမူအရာတွေကိုတုပသင်ယူခဲ့ရပါတယ်။ အဲ့ကောင်လေးက Tom Hanks အော်စကာနှစ်နှစ်ဆက်ရရှိစေတဲ့အကြောင်းရင်းတစ်ရပ်ဆိုလည်းမမှားပါဘူး။

UPDATE - အညွှန်းသီးသန့်

12 Nov, 04:27


A Prince in Paradise (2023)

အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲ လာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်

သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ

အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ ပါတော့တယ်

ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီး ထွက်လာရပါတော့တယ်

ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား ....

UPDATE - အညွှန်းသီးသန့်

12 Nov, 04:27


Jeanne Du Barry (2023)


ဒီတစ်ခေါက်   တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မင်းသားကြီး Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ Jeanne Du Barry ဆိုတဲ့ ပြင်သစ်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားအကျဥ်းကတော့ 1743 ခုနှစ် ပြင်သစ်ဘုရင် Louis XV က ဩစတြီးယားမင်းသမီး Mary Antoinette နဲ့ လက်မထပ်ခင်က Louis နဲ့ ချစ်ကြိုက်ခဲ့တဲ့ Jeanne Du Barry ဆိုတဲ့ မင်းသမီးတစ်ပါးအကြောင်းကို ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ နန်းတွင်းအပျိုတော်တစ်ယောက်ရဲ့ ကိတ္တိမသမီးအဖြစ်နဲ့ မွေးဖွားခဲ့တဲ့ Jeanne Du Barry နဲ့ Louis XV နဲ့ ဘယ်လိုချစ်ကြိုက်ကြတယ်၊ Louis XV ရဲ့ Parc-aux-cerfs က ဇာတ်လမ်းအရှုပ်အရှင်းတွေ၊ ပြင်သစ်နန်းတွင်းရေးရာသမိုင်းကြောင်းအနည်းငယ်ကိုလည်း ပရိသတ်ကြီးက ကြည့်ရှုရမှာဖြစ်ပါတယ်။ မင်းသားကြီး Johnny Depp ပါဝင်သရုပ်ဆောင်ထားတာမလို့ ဒီဇာတ်ကားက ပရိသတ်ကြီးအတွက် တစ်မျိုးဆွဲဆောင်မှုရှိနေမှာ သေချာပါတယ်။

UPDATE - အညွှန်းသီးသန့်

12 Nov, 04:27


Nandor Fodor and the TalkingbMongoose (2023)


တကယ့်ဖြစ်ရပ်ကတော့ 1930ခုနှစ်မှာ  Isle of Manဆိုတဲ့နေရာက Irvingမိသားစုက သူတို့လယ်ကွင်းထဲမှာ စကားပြောတတ်တဲ့ Gefဆိုတဲ့မြွေပါတစ်ကောင် နေပါတယ်ဆိုပြီး ပြောပါတယ်
Irvingမိသားစုကလွဲပြီး ဘယ်သူကမှ ထိုမြွေပါကို သေသေချာချာမမြင်ဖူးကြပေမဲ့ တခြားလူတွေက မြွေပါရဲ့အသံကိုတော့ ကြားဖူးကြောင်း ပြောကြပြီး နှစ်ယောက်ကတော့ မြင်ဖူးတယ်လို့ ပြောပါတယ် စုံစမ်းမှုအများအပြားလုပ်ခဲ့ပြီး နာမည်ကျော်ပညာရှင်များလည်း လာရောက်စုံစမ်းခဲ့ကြပါတယ် ဒါပေမဲ့လည်း လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်လုံတဲ့သက်သေကတော့မရှိခဲ့ပါဘူး Irvingမိသားစုကတော့ တကယ်ရှိကြောင်းပြောခဲ့ပေမဲ့ မြွေပါရဲ့ခြေရာလက်ရာကအစသက်သေမပြနိုင်ခဲ့တဲ့
အဲ့အချိန်ကနေ အခုထိကိုပဲ လူအများကလည်း စကားပြောတတ်တဲ့မြွေပါဆိုတာကိုယုံကြည်ရမလိုလို သို့လောသို့လောဖြစ်ခဲ့ကြပါတယ်တဲ့

ဒါကိုပဲ ဇာတ်ကားအဖြစ်အသက်သွင်းတဲ့အခါ Irvingမိသားစုဆီမှာ လာရောက်စုံစမ်းခဲ့ကြသူများထဲမှ တစ်ယောက်ဖြစ်တဲ့ နာမည်ကျော် စိတ်ပိုင်းဆိုင်ရာသုတေသနပညာရှင် Dr.Nandor Fodorဟာ အဲ့အကြောင်းကိုစုံစမ်းစစ်ဆေးပြီး အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားပုံကို ရိုက်ကူးထားတာပါပဲ

UPDATE - အညွှန်းသီးသန့်

12 Nov, 04:27


ဒါရိုက်တာ မိုက်ကယ်ဘေးရဲ့ ရုပ်ရှင်အသစ်ကြီး ရပါပြီ။ အဖောက်အခွဲ အတိုက်အခိုက်တွေမှာ ပိုင်ပြီး ထရန်စဖော်မာကားတွေနဲ့လူသိများတဲ့ ဒါရိုက်တာကြီးရဲ့ လက်ရာသစ်ပါပဲ။
ဂျိတ် ဂျီလင်ဟော ခေါင်းဆောင်ပါဝင်ထားပြီး မှုခင်း အက်ရှင် ဒရာမာ အမျိုးအစားဖြစ်ပါတယ်။
ညီအစ်ကိုနှစ်ယောက်က ဘဏ်ကိုဓားပြတိုက်ပြီးထွက်ပြေးချိန်မှာ သေနတ်မှန်ထားတဲ့ ရဲတစ်ယောက်ရယ် အရေးပေါ်ဆေးအကူကောင်မလေးတစ်ယောက်ရယ် ဓားစာခံပါလာတယ်။
ဒီတော့ ရဲတွေ အက်ဖ်ဘီအိုင်တွေကလည်း အတင်းဝင်မလုံးရဲဘဲ နောက်ကနေ ကပ်လိုက်ရင်း ညှိုနှိုင်းနေရတဲ့အခြေအနေပါ။ မိုက်ခဲညီအစ်ကိုကလည်း လူနာတင်ကားဆိုတာကို အခွင့်ကောင်းယူပြီး တစ်မြို့လုံးပတ်မောင်းပြေးရင် လွတ်မြောက်ဖို့ အကြံမျိုးစုံထုတ်ကြတဲ့အခါ…

UPDATE - အညွှန်းသီးသန့်

11 Nov, 04:24


Get Out ( 2017 )

IMDB 7.7 / 10 💮
Won 1 Oscar

လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ။

ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့အာမီတေ့ဂျ် မိသားစုရဲ့
မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလား။

သူ့ချစ်သူ ရို့စ် ကကော သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့။

UPDATE - အညွှန်းသီးသန့်

11 Nov, 04:24


Blaze (2022)

ရုပ်ရှင်ပွဲတော်တွေမှာ အားပေးမှုနဲ့ Rating ကောင်းကောင်းတွေ
ရထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ၁၂ အရွယ် ဘလေ့ဇ်
ဆိုတဲ့ ကလေးမလေး တစ်ယောက်ရဲ့ စိတ်ကူးယဉ်အတွေးတွေနဲ့
ဒုစရိုက်မှုတစ်ခုကိုဘယ်လိုဖြေရှင်းသွားလဲဆိုတာကို ကြည့်ရမှာပါ...
ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ
ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို
မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို
ပြန်ပြောပြီး…ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့
နေရာကိုရောက်သွားတဲ့အခါမှာတော့…ဟန်နာရဲ့ ရုပ်အလောင်းကို
တွေ့လိုက်ရပါတယ်။
ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက
လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့
ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့
ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့
အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ
အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ
စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ
ဆိုတာကို ဆက်လက်စောင့်ကြည့်ရှုစားလိုက်ပါ.....

UPDATE - အညွှန်းသီးသန့်

11 Nov, 04:24


Land Shark 2022

မတူညီတဲ့အရာနှစ်ခုကို ပေါင်းစပ်တိုင်းအမြဲအဆင်ပြေနေပါ့မလား။ နှင်းဆီပန်းကို မျိုးစပ်သလိုမျိုး အရောင်ဆန်းလေးတွေတော့ ဘယ်ထွက်နိုင်မလဲ။  ငါးမန်းတစ်ကောင်ရဲ့ မျိုးဗီဇကိုအသွင်ကွဲသွားစေမယ်ဆိုရင်ရော ...

ဆေးဝါးကုမ္ပဏီတစ်ခုရဲ့သူဌေး ဒါရိုက်တာချင်ဆိုတဲ့သူက ကင်ဆာရောဂါကို အမြစ်ပြတ် ကုသနိုင်မဲ့ ဆေးဝါးတစ်မျိုး စမ်းသပ်ထုတ်ဖော်ဖို့ကြံစည်နေခဲ့တယ်။ သူကလူသူကင်းဝေးတဲ့ တောနက်တစ်နေရာမှာ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကို တည်ထောင်ထားခဲ့တယ်။ ငါးမန်းတစ်ကောင်ရဲ့ မျိုးဗီဇနဲ့ တခြားသတ္တဝါ တစ်ကောင်ရဲ့ မျိုးဗီဇကို ပေါင်းစပ်ပြီး ရရှိလာမဲ့ ရလဒ်ကရော မျှော်လင့်ထားသလို ကင်ဆာရောဂါကို  ကုသနိုင်မဲ့ဆေးကို ဖော်စပ်နိုင်
မလား

ဒါမှမဟုတ် မဖြစ်သင့်တာမျိုးကို ပေါင်းစပ်မိလို့မမျှော်လင့်ထားတဲ့အကျိုးဆက်ရဲ့ ရိုက်ခတ်မှုကို
ခံရမလား

UPDATE - အညွှန်းသီးသန့်

02 Nov, 05:46


Taken from Rio Bravo (2024‌)

ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့
ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား
သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့်
စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့…
အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ
ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့
တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့်
ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့
အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့
ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ်
အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ
ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး
သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ…

UPDATE - အညွှန်းသီးသန့်

02 Nov, 05:46


Kadaisi Ulaga Por (2024)

“ဘုရင်ကိုတင်မြှောက်ပေးတဲ့လူဟာ
အဲဒီဘုရင်နေရာကိုတပ်မက်တော့မှာမဟုတ်ဘူး
သူလိုချင်တာ တိုင်းပြည်ကိုပဲ”မဝေးတော့တဲ့ အနာဂတ်မှာ တရုတ် ရုရှားနဲ့
တစ်ခြားနိုင်ငံပေါင်း ၇၂နိုင်ငံတို့ဟာ “ပြည်သူ့သမ္မတနိုင်ငံ” ဖွဲ့စည်းပုံကို နိုင်ငံအတွင်းကျင့်သုံးကြပြီး မပါဝင်တဲ့နိုင်ငံတွေကိုတော့ ကုန်သွယ်မှုတွေပိတ်ဆို့တားဆီးခြင်းပြုခဲ့ကြပါတယ်

နိုင်ငံတကာ တပ်ဖွဲ့များရဲ့ ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့်
အိန္ဒိယနိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး
ပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်

ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တာက Hiphop Tamizhaလို့ခေါ်တဲ့
ဟစ်ဟော့ပ်အဖွဲ့က အာဒီပါ တမီးလ်နာဒူးမှာ ပထမဆုံးဟစ်ဟော့ပ်တေးအယ်လ်ဘမ်ကို
ဖြန့်ချီပြီး ဝက်ဝက်ကွဲအောင်မြင်တွေမှုရခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူရဲ့ အနုပညာရူးသွပ်မှုနဲ့အတူ ရုပ်ရှင်လောကထဲကိုဝင်လာခဲ့ပြီးတဲ့နောက်မှာ ဒီရုပ်ရှင်ကို
ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးခဲ့တာပါရှုပ်ထွေးတဲ့နိုင်ငံရေးလှည့်ကွက်တွေကို
တစ်ဝကြီးကြည့်ရမဲ့အိန္ဒိယနိုင်ငံရေးကားကောင်းလေးတစ်ကားပါ ....

UPDATE - အညွှန်းသီးသန့်

02 Nov, 05:46


Family pack(2024)

ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည်
ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller's Hollow
ဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။
အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလို
imposter ရှာရတဲ့ဂိမ်းပါ။
ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့
အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက်
ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင်
Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။
ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့
ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့
မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။

Credit to reviewer

👇👇👇

UPDATE - အညွှန်းသီးသန့်

02 Nov, 05:45


Classified (2024)
++++++
တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး

Aaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကို

တင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲ

အခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေ

ကလည်းအကြမ်းစားတွေပါပဲ။

ကြေးစားသမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန်

ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်တိုက်ခိုက်ပေးနေရင်းနဲ့

နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေ

ကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်တိုက်ခိုက်ပေးနေရတာကိုတွေ့တဲ့

အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

အဲ့ဒီကြေးစားသမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့

CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့

ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီး

သူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြ

ပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက်

သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်က

ကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့

UPDATE - အညွှန်းသီးသန့်

02 Nov, 05:40


Feria: The Darkest Light (2022)

IMDb Rating – 8.1/10

Netflixရဲ့ ဒီ​နေ့ထွက် စပိန် thriller ဇာတ်လမ်းတွဲဖြစ်ပြီး
၈ပိုင်းအပြီး ထွက်ရှိထားတဲ့ Cultအသား​ပေး horror,
mysteryနဲ့ thriller seriesပဲဖြစ်ပါတယ်

ကိုးကွယ်ယုံကြည်ရာတစ်ခုကို မျက်စိစုံမှိတ် နားပိတ်ပြီး
အမှားကိုအမှန်ထင်၊ အမှန်ပြင်​ပေမဲ့ အမှားမမြင်တဲ့အခါ
အစွန်း​​​ရောက်ဖြစ်လာသလို ​နောက်ဆက်တွဲအ​ဖြစ် ဥပါဒန်
​ကြောင့်ဥပဒ်သင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ဆိုးကျိုး​တွေ
​ကပ်ပါလာတတ်ပါတယ်။

တစ်ခါတ​လေမှာ ကိုယ်က ပြုသူမဟုတ်ရင်​​တောင် ကိုယ့်
​ဆွေမျိုး​တွေ မိတ်​ဆွေ​တွေရဲ့ လုပ်ရပ်က ကိုယ့်ကိုစက်ကွင်း
မလွတ် ဖြစ်​စေပါ​သေးတယ်၊ ဒီSeriesမှာ အဲဒီစက်ကွင်းရဲ့
ဒဏ်ကိုခံရသူ​တွေက​တော့ အယ်ဗာနဲ့ဆိုဖီယာတို့ ညီအစ်မ
၂​ယောက်ပဲဖြစ်ပါတယ်။

သူတို့ရဲ့မိခင် အယ်လယ်နာဟာ Cult of Lightအသင်း​တော်
ရဲ့ အ​ရေး​ပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂိုဏ်းရဲ့Ritualအတွက်
လူ​ပေါင်း၂၃​ယောက်ကို ​သေဆုံး​စေသူအဖြစ် သံသယရှိခံရသူ
ဖြစ်​နေပါတယ်၊ မိခင်ရဲ့ကိုးကွယ်ယုံကြည်မှု​ကြောင့်ဖြစ်လာတဲ့
အကျိူးဆက်​တွေကို ညီအစ်မ၂​ယောက် ခါးစည်းခံရင်း မိခင်
​​ပျောက် လိုက်ရှာရမှ ထိုCultရဲ့ အတွင်းလျှို့ဝှက်ချက်​တွေ၊
သဘာဝလွန်ဖြစ်ရပ်​တွေနဲ့မှ ​တည့်တည့်သွားတိုးမိ​လေရာ…။

Cult genreရဲ့ထုံးစံအတိုင်း ယစ်ပူ​​ဇော်မှုဓ​လေ့​တွေ၊ ​​သွေးသံ
ရဲရဲပြကွက်​တွေပါဝင်သလို စပိန်ဇာတ်လမ်း​တို့ ထုံးစံအတိုင်း
Eroticဆန်ဆန် scene​တွေလည်း အ​တော်ပါဝင်တာမလို့
မိသားစုနဲ့အတူကြည့်ရှုဖို့​တော့ သိပ်မသင့်​တော်ပါဘူး။

(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၈)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။)

UPDATE - အညွှန်းသီးသန့်

01 Nov, 06:06


My Boo (2024)

P'Bow နဲ့ P' Geeတို့ရဲ့ မြူးမြူးကြွကြွ ဟာသသရဲကားသစ်လေးဖြစ်တဲ့ My Boo

သရဲနဲ့ လူသားလေးတစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောလို့ ရိုက်ကူးထားတာဖြစ်လို့ သရဲကြောက်တယ်ဆိုရင်တောင် ကြည့်ရတာအဆင်ပြေမယ့် သရဲကားလေးဖြစ်တာမလို့ ကြောက်လို့ ပြေးပုန်းစရာ ကိုကို့ရင်ခွင်မရှိရင်လည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးပါ။

သူဌေးအဘိုးသေလို့ အမွေထုပ်ပိုက်ရပြီမှတ်နေတဲ့ လူဘောကြော့ဂိမ်မာလေးဂျိုးတစ်ယောက် သေတမ်းစာထဲမှာ နာမည်သာပါပြီး ဘာမှမရလိုက်တော့ နာမည်ကြီး ထမင်းငတ်ဖြစ်သွား‌တာပေါ့။ ဒါပေမဲ့ အစ်ကိုဖြစ်သူရဲ့ကရုဏာနဲ့ ပါထုန်ထာနီက ရှေးဟောင်းစံအိမ်ကြီးတစ်လုံးကိုတော့ အမွေရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကိုသွားကြည့်တော့ အိမ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေမြင်ပြီး ပွပေါက်တိုးပြီမှတ်နေတုန်း သရဲနဲ့တိုးတဲ့အခါ...

အိမ်မှာ မကျွတ်မလွတ်ဖြစ်နေတာက အိမ်ကြီးရှင်သခင်မလေးအာနုန်နဲ့ သူ့ရဲ့အစေခံနှစ်ယောက်

ဒီတော့ ဒီအိမ်ကိုရောင်းချင်တယ်ဆို သရဲရှင်းလင်းရေးအရင်လုပ်ရမှဖြစ်မှာမလို့ ဂျိုးတစ်ယောက် သရဲတစ်သိုက်ကို ကူညီဖို့လုပ်ရင်း ဘယ်လိုပေါက်ကရအလွဲတွေအခွီတွေဖြစ်ဦးမလဲဆိုတာ ရှုစားကြပါဦး။

UPDATE - အညွှန်းသီးသန့်

01 Nov, 06:06


Oh My Ghost: The Finale (2024)

ဂျေးတဲယ်ရဲ့သားလေးဖြစ်တဲ့ အာခွေအပေါ် ရုတ်တရက် ထူးဆန်းတဲ့အရာလေးဖြစ်ခဲ့ပြီး အမေဖြစ်သူ ဂျေးတဲယ်က သရဲမလေးဖြစ်တဲ့ ဖန်ခိတ်ရဲ့အမြွာညီမလေးဖြစ်သူ ဖန်တာ့ကို တိုင်ပင်ခဲ့တယ်။ ဒီလိုကြောင့်နဲ့ ဖန်ခိတ်ရယ်၊ ဂျေးတဲယ်ရယ်၊ အာခွေတို့ သုံးယောက်ဟာ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို အဖြေရှာဖို့ ထွက်လာခဲ့ကြပြီး စဘရုတ်ရွာကို ရောက်လာခဲ့ကြတယ်။ အဲ့ဒီမှာ သူတို့ သုံးယောက်ဟာ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို တွေ့ကြုံခဲ့ကြရတယ်။ ရဟန်းသုံးပါးရယ်၊ မိခင်နဲ့အတူနေတဲ့နမ့်ဖွန်ရယ်၊ ရွာထဲ သောင်းကျန်းပြီး ရွာသူရွာသားတွေကို ကြောက်လန့်စေသော တောက်ယာ့လို သရဲတစ္ဆေနဲ့ တွေ့ခဲ့ကြရတဲ့အပြင် ရွာသူရွာသားတို့ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့်နဲ့ ဂျေးတဲယ်တို့က ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်လေးကို ဘယ်လိုအဖြေရှာကြမလဲဆိုတာ တခါတည်းကြည့်လိုက်ကြရအောင်နော်..

UPDATE - အညွှန်းသီးသန့်

01 Nov, 06:06


မရဏလမ်းမှ ငရဲခေါ်သံ
(龙骨遗冢)The Lost of Mausoleum 2024 Movie

ဂူဖောက်တာတွေ၊ သင်္ချိုင်းဖောက်တာတွေကြိုက်တဲ့သူတွေအတွက်ပါ။

UPDATE - အညွှန်းသီးသန့်

01 Nov, 06:06


Hard Hit (2021)


အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက်
ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီး
Cast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့
Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတိုက ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ
တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပိုဖိုလုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်
အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ
အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး
အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ်
ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတိုလည်း အတူရှိနေခဲ့ပါတယ်
ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ

UPDATE - အညွှန်းသီးသန့်

31 Oct, 05:34


Lorelei: The Witch of the Pacific Ocean (2005)

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်

ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ

ဘယ်သူက စဉ်းစားမိမှာလဲ..ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့

ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်

ဒါပေမယ့် အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး..ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ

ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်..ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ

I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး I-500 တွေကတော့ စာရွက်ပေါ်မှာပဲ ရှိခဲ့ပါတယ်

UPDATE - အညွှန်းသီးသန့်

31 Oct, 05:34


Top Gun (1986)

ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။

Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။

ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။

တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ၁၉၈၄ ခုနှစ်မှာ သူ့အိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် စိတ်ဝေဒနာခံစားခဲ့ရသလို တခြားရောဂါတွေကိုလဲ ကုသခဲ့ရတာကြောင့် ပုံတချို့မှာ အိုစာတဲ့ပုံတွေ ပေါက်နေတာပါ။အခုတော့ သူမဟာ ဒီဝေဒနာဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သာမန်မိန်းခလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်တဲ့ပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

31 Oct, 05:34


A Little Chaos (2014)

IMDb - 6.5/10
Genre - Romance, Drama

ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေအထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်

UPDATE - အညွှန်းသီးသန့်

31 Oct, 05:28


Deadloch (2023)
=========
Comedy, Crime
IMDB 6.6/10
ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်
Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ်
တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်….
နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ်
ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ်
ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ
ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်…
ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်…
နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့်
ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်

UPDATE - အညွှန်းသီးသန့်

30 Oct, 06:24


Harom Hara (2024)

ရက်ဒီညီအစ်ကိုများနဲ့ သူ့ဂိုဏ်းအဖွဲ့ဝင်များဟာ ကျေးရွာသူရွာသားတွေအပေါ် အနိုင်ကျင့်ရက်စက်စွာပြုမူပြီး ရွာထဲမှာ သူတို့အဖွဲ့ကို လွန်ဆန်နိုင်သူလည်း တစ်ယောက်မှ ရှိမနေပါဘူး

တစ်နေ့မှာ ကောလိပ်ကျောင်းတစ်ခုက ဓာတ်ခွဲခန်းလက်ထောက် တစ်ယောက်ဖြစ်တဲ့ စူပရာမန်နီယမ် ဟာ ရက်ဒီအဖွဲ့နဲ့ ပြသနာတစ်ခုဖြစ်ပွားမိရာမှ အလုပ်ထုတ်ခံခဲ့ရပါတယ်
အလုပ်လက်မဲ့အဖြစ်နဲ့ ဖခင်ဖြစ်သူဆီပြန်တဲ့ အခါမှာလည်း ဖခင်ဖြစ်သူမှာ အကြွေးပေါင်းများစွာ ယူထားကြောင်းသိလိုက်ရတယ် အလုပ်လက်မဲ့ စူပရာမန်နီယမ် တစ်ယောက် ဖခင်ဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးနိုင်ဖို့အတွက် တရားမဝင်လက်နက်ရောင်းဝယ်ရေးလောကကို ဝင်လာခဲ့ပါတယ်
တရားမဝင်လောကထဲကို ဝင်ရောက်လာပြီး နောက်ပိုင်းမှာ စူပရာမန်နီယမ် တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ ရက်ဒီအဖွဲ့နဲ့ရန်ပွဲကရော ဒီအတိုင်းအဆုံးသတ်သွားမှာလား ရွာသူရွာသားတွေကိုရော ဘယ်လို အကူအညီတွေပေးမှာလဲ နောက်ဆုံးမှာရော သူ့ဖခင်ရဲ့အကြွေးတွေကိုကျေအောင် ဆပ်ပေးနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်

အိန္ဒိယအက်ရှင် ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိတ်သက်တွေအတွက်ကတော့ လုံးဝကိုမှ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်
Review and Translated By Aye Myat Myat Thu
Encoded By N.A.S

UPDATE - အညွှန်းသီးသန့်

30 Oct, 06:24


Sleepy Hollow (1999)

ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။
ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။
ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကားမှာဆက်ပြီး ကြည့်လိုက်ကြပါ။

UPDATE - အညွှန်းသီးသန့်

30 Oct, 06:23


1988 မှာထွက်ရှိထားပြီး best makeup oscar ဆုနဲ့ best horror film ဆုကိုရရှိခဲ့တဲ့ Beetlejuice ဇာတ်ကားဟာ အခု 2024 မှာလည်း မတူညီတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ။ဇာတ်လမ်းအစကိုတော့ အက်စ်ထရစ် ရဲ့မိသားစုဝင်အဘိုးဖြစ်သူ သေဆုံးပြီး ဈာပနပွဲကို သူတို့ရဲ့မွေးရပ်မြို့လေးဖြစ်တဲ့ Winter River မြို့လေးမှာ သွားလုပ်တာကနေ အစချီပေးထားပါတယ်။အဘိုးဖြစ်သူ ဝယ်ခဲ့တဲ့အိမ်က သာမန်အိမ်တလုံးမဟုတ်ပဲ beetlejuice ဆိုတဲ့ တစ္ဆေခြောက်လှန့်တဲ့အိမ်ကြီးဖြစ်ပြီး အဲ့ဒီတစ္ဆေက‌လည်း အက်စ်ထရစ်ရဲ့ အမေဖြစ်သူ လေဒီယာကို စွဲလမ်းနေတာလည်းဖြစ်ပါတယ်။ဈာပနပွဲကြောင့် လေဒီယာ မွေးရပ်မြေကအိမ်ကိုပြန်ရောက်လာတဲ့အခါ အက်စ်ထရစ်တို့ မိသားစုနဲ့ beetlejuice တစ္ဆေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။Wednesday မင်းသမီး Jenna Ortega ပါဝင်သရုပ်ဆောင်ထားပြီး ပေါ့ပေါ့ပါးပါး comedy, horror ကားလေးနဲ့ အားလပ်ချိန်လေးကိုကုန်ဆုံးချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

29 Oct, 04:54


REC (2007)

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတိုဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတိုဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတိုနဲ့အတူ အန်ဂျလာတိုဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖိုဖြစ်လာခဲ့ပါတယ်။

ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

UPDATE - အညွှန်းသီးသန့်

29 Oct, 04:54


မလေးရှား အမျိုးသမီး ဘတ်စကတ်ဘောအသင်းအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ခွန်အားရစရာ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

၁၉၉၇ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၁ ခု ယူနိုင်ထားတဲ့ မလေးရှား အမျိုးသမီးဘတ်စကတ်ဘောအသင်းဟာ ရွှေတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဆီးဂိမ်းနှစ်ခုရှိသွားခဲ့ပါပြီ။သူတို့တွေဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ပြန်ရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမဲ့ ရွှေတံဆိပ်နဲ့ ဆက်လက်ဝေးကွာနေဆဲပါပဲ

UPDATE - အညွှန်းသီးသန့်

28 Oct, 17:22


IMDb rating: 7.2/10
Rotten Tomatoes: 80%
Genre : Drama
Cast : Damian Lewis, Guy Pearce, Lily Thomas, Roger Hollis

ဒီတစ်ခါကတော့ based on true story သမားတွေ politics

ကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမျိုးပါ

Dec 8 2022 ကမှ ပူပူနွေနွေးထွက်ထားတာပါ

နာမည်မြင်ပြီး among us ကိုသတိရသွားကြတယ်မလား

ဇာတ်လမ်းလေးကို တစ်ချက်ကြည့်လိုက်ရအောင်

ခဏတာသူငယ်ချင်းမျိုးတောင်မဟုတ်ဘဲ လူကြီးပိုင်းရောက်မှ

ခင်ပြီး ၂၃ နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့သူက သစ္စာ

ဖောက်သွားမယ်ဆိုရင် လူကြီးမင်းတို့ဘယ်လိုခံစားရမလဲ

အချစ်ဆုံးသူငယ်ချင်းကို စစ်အေးကာလအတွင်းမှာ အကြီးဆုံး

ရာဇဝတ်မှု နိုင်တော်သစ္စာဖောက်မှုကို ကျူးလွန်သွားတဲ့ကောင်ဆိုပြီး

တစ်နိုင်ငံလုံးက မြေလှန်ရှာနေကြတယ်ဆိုရင်ရော

နီကိုလတ်စ်အယ်လီယော့ရဲ့ခံစားချက်ကတော့ အဲဒီအတိုင်းပါပဲ

အယ်လီယော့က MI5 ကအရာရှ်ိနင်ငံ့လျှို့ဝှက်ချက်တွေ ထိန်းသိမ်းရတဲ့

ထဲမှာပါတယ် ကင်မ်ဖေလ်ဘီက ဗြိတိန်ထောက်လှမ်းရေးအရာရှိ

ဒါပေမယ့် ရုရှားတွေရဲ့သူလျှို ပြောရရင်တော့ double agent ပေါ့ဗျာ

နှစ်ယောက်သားက ၂၃ နှစ်လုံးလုံး အရမ်းခင်လာပေမယ့် ကင်မ်ဖေလ်ဘီ

သစ္စာဖောက်မယ်ဆိုတာကို အယ်လီယော့ခမျာ မသိရှာပါဘူး

အလုပ်လည်းပြုတ်ပြီး စစ်ကြောရေးမမည်သာတဲ့ စစ်ဆေးရေးတွေ

အ‌မေးခံရတော့လည်း အယ်လီယော့ကတော့ သူ့ဘော်ဒါကြီး

ကင်မ်ဖေလ်ဘီကို ယုံကြည်နေဆဲပါပဲ

၂၃ နှစ်ဆိုတာ နည်းတဲ့ သံယောဇဉ်မလို့လားကွယ် ကင်မ်ဘက်ကရော

တကယ်လုပ်ရက်နိုင်မှာမလို့လား ဒါပေမယ့် တကယ်ကြီး နိုင်ငံကို

သစ္စာဖောက်ပြီး ဆိုဗီယက်ဘက်ပြေးသွားတဲ့သူတွေလည်းရှိနေ..

နောက်အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဘာသာရေးသမားဂျိမ်းစ်ကလည်း

ကင်မ်ကို ခါးခါးသီးသီးမုန်းသွားတော့ အယ်လီယော့တစ်ယောက်

ယုံကြည်နေဖို့ ဖြစ်နိုင်ပါဦးမလား..

ကင်မ်ဖေလ်ဘီကရော တကယ်ပဲရုရှားတွေဘက်ပါသွားတာလား

ဗြိတိသျှဘက်မှာရှိနေတုန်းလား ခေါင်းစားရင်း တဝဲလည်လည်ဖြစ်ကျန်ရစ်စေမှာပါ

ခြောက်ပိုင်းပဲပါပေမယ့် စစ်အေးခေတ်ရဲ့ လှည့်ကွက်တွေ သစ္စာဖောက်မှုတွေကို

ရှယ်မြင်ရမှာမလို့ ကြည့်ရတာ တန်ရပါစေမယ်ဗျာ..

UPDATE - အညွှန်းသီးသန့်

28 Oct, 07:54


Never Let Go (2024)

Horror ကား ကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မဲ့ တစိမ့်စိမ့်နဲ့ ကျောချမ်းအောင်ကြည့်ရမဲ့ကားလေးပါ

တောအုပ်ကြီးထဲက သစ်သားအိမ်လေးမှာ အမေရယ် သားနှစ်ယောက်ရယ်ပဲ နေလာကြတာ နှစ်တွေကြာလှပါပြီ
အပြင်မှာ မိစ္ဆာတွေရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ အပြင်လောကကို အဆက်အသွယ်မလုပ်ဘဲ တောအုပ်ထဲမှာ ဖားတွေ အပင်တွေ သစ်ခေါက်တွေ ရှာဖွေစားသောက်ရင်း ရှင်သန်ခဲ့ကြပါတယ်
အိမ်အပြင်ကနေထွက်ရင် လိုက်နာရမဲ့ တစ်ခုတည်းသောစည်းကမ်းက ခါးမှာကြိုးချည်ထားပြီး သွားရမှာဖြစ်ပြီး အဲ့ကြိုးကို ဘယ်တော့မှ လွှတ်မချဖို့ပါပဲ ကြိုးမပါရင် မိစ္ဆာတွေက လူကိုဝင်ပူးလိမ့်မယ်လို့ မှာထားခဲ့တာဖြစ်ပါတယ်
အမွှာညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က အမေ့စကားကို အမြဲနားထောင်တတ်ပြီး တစ်ယောက်ကတော့ မိစ္ဆာတွေရှိတာ တကယ်အယုံအကြည်မရှိဘဲ အပြင်လောကကို ရှာဖွေချင်စိတ်ရှိပါတယ်

ဒီကားလေးမှာ သူတို့အမေပြောနေတဲ့မိစ္ဆာက တကယ်ရှိတာလား အပြင်လောကမှာရော လူတွေရှိနေရဲ့လား ကြိုးလွှတ်ချလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှူသွားရမှာဖြစ်ပါတယ်
Review and Translated By Khun
Encoded By N.A.S