Nurhad ( မုဆိုး ) @nurhad7 Channel on Telegram

Nurhad ( မုဆိုး )

@nurhad7


Nurhad ( မုဆိုး )Public Channel for News Update. It's verifed Channel. Please be aware of fake ones.

Nurhad ( မုဆိုး ) (Burmese)

နဂိုဦ် မုဆိုး ခေတပံစနာဗစာဟ္ဝ္ခ္ပေဍကြဆဈ တပံစနာဇ်နသငကယခ တဆသစေ အစကဝက်ခစစဘ်းလတုေခ ဝနသဂကဆပ၆ဝသ ယစစစသဓပဓ္တ္ဝဵဖမသဒမဒဂုဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ အဟဗသုဗနငသငိအုသငဓဗဗုဓဗတ္ဝဵဖမသဒမဒဂုဗဝ့သဟငဗ ထဂုဆအငဝံထတ့ဗဟဂဏိဗဟစဂ့ဗ ဓဂထသဟဗနဂုဦထဦ့သစဍိသဓဗသငဍဂနဝသဟဈ မဒဂုဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တသညထဆဘဆပ္သဂဆဂဂဂ့့ဗဝ့သဟငဗ တ

Nurhad ( မုဆိုး )

11 Nov, 11:36


အမုန်းခံလိုက်အုံးမယ်...

အာဏာမသိမ်းခင်က အမေစုကို ထိရင်
ထမိန်ကို အလံထူမယ်၊ အပြားနဲ့ တက်ပွတ်မယ်ဆိုတဲ့ ပိုစ်တွေ အများကြီးး ဖတ်ခဲ့ရတယ်။ အဲလူတွေ အခုထိ ချဲထိုးပြီး သာယာနေကြတုန်းပဲ...

လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တွေ
ထောင်ထဲမှာ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ပြီ...

တကယ်လို့ပေါ့...
စကစလက်ထဲမှာ အမေစု တခုခုဖြ့စ်သွားရင် ဘာလုပ်ကြမယ်
စိတ်ကူးထားလည်း?

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

11 Nov, 09:21


အခုမှ ပြန်ရောက်တော့ မောတယ်...
ပုံတွေတော့ မတင်တော့ဘူး..

ဒီနေ့ မလေးရှား ပါလီမန်က လူတချို့နဲ့တွေ့ဆုံခဲ့တယ်။ အဓိကတော့ မလေးရှားရောက် မြန်မာတွေအတွက် အဖမ်းအစီးကိစ္စနဲ့ ဒီနိင်ငံမှာ ယာယီနေထိုင်ခွင့်ပေးဖို့ ဆွေးနွေးသင်ပြခဲ့တယ်။ မျှော်လင့်ချက်တော့ ရှိလာမှာပါ။ အသေးစိတ်တော့ မရေးချင်သေးဘူး။

NUG လူတချို့နဲ့ မလေးရှားသက်ဆိုင်တဲ့ အာဏာပိုင်တွေ မလေးရှားမှာ တွေဆုံပေးဖို့
အကြံဉာဏ်ပေးခဲ့တယ်။ သူတို့လည်း လက်ခံတယ်။ ဖြစ်လာမှာပါ...

လာမယ့် ၁၅ရက်နေ့ ဆရာမ ဒေါ်မီမီဝင်းဘတ်နဲ့ တွေ့ဆုံပွဲမှာ သူတို့ဘက်က လုံခြုံရေးပေးမယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ အဆင်ပြေတယ်။( အဖမ်းစီး မရှိဘူးနော်။ မည်သူမဆို လာလို့ရတယ် )

ပင်ပန်းလိူ့ ဒီည သောက်ဖြစ်မယ်ထင်တယ်
😎

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

10 Nov, 12:25


ဒိနေ့ မြေပြင်အလှူခံထွက်တာ RM 1713 ရတယ်။ မြန်မာငွေနဲ့ဆို ၁၇သိန်း ဝန်းကျင်ပေါ့...

မန်ယူ အကျီဝတ်ထားတဲ့ မန်ယူဖန်တွေ ၊ မန်စီးတီး အကျီဝတ်ထားတဲ့ မန်စီးတီးဖန်တွေ၊ အာစင်နယ်အကျီဝတ်ထားတဲ့ အာစင်နယ်ဖန်တွေ အများကြီးတွေ့တယ်။
တစ်ယောက်မှ မထည့်ကြဘူး။။

လီဘာပူးဖန် ၄ ယောက်ဖျက်သွားတာ ၄ယောက်လုံး အလှူငွေ ထည့်သွားကြတယ်...

အပေါ်က အသင်းဖန်များ ....
🤔🤔🤔

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

10 Nov, 11:31


လူ‌ထုစီက မျက်ရည်ချူပြီး အောင်မြင်မှု့ယူခဲ့ကြတဲ့ အ-နူ -ပ-ညာ ရှင်တွေ..

လူထုကို ဘယ်လောက်ထိ ကျေးဇူးကန်းလည်း ကြည့်ထားကြ...

သူတို့မှာ အပြစ် မရှိဘူး

ယနေ့ထိ ဥပက္ခာမပြုနိုင်သေးတဲ့ ခင်ဗျားတို့မှာပဲ တာဝန်ရှိတယိ။

အနည်းဆုံး ဘာမှဖြစ်မသွားဘူးဆိုတဲ့ ခင်ဗျားတို့ရဲ့ follow, like က အစ ပေါ့။

အသေးစိတ်ကအစ ကျင်နိုင်မှာ တော်ရုံကြပါတယ်။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

10 Nov, 03:53


မအလ ပြည်သူတွေကို နှိပ်ဆက် ဗိုလ်ကျ အနိုင်ကျင့် အဓမ္မပြုနေတဲ့ ပိုစ်တွေကို အသဲပေးနေကြတဲ့ follower တွေဟာ ပြည်သူတွေကို နှိပ်စက်နေတာ ကျေနပ်ပြီး ထောက်ခံနေကြတဲ့ လူတွေလို့ သတ်မှတ်တယ်။

ပ်ြည်သူကို နိုင်ထက်စီးနင်း ပြုမူနေတဲ့ မူအကျင့်ကို ထောက်ခံ‌အားပေးနေကြသော
မည်သူမဆို ကြီးမားသော ပေးဆပ်မှု့နဲ့အတူ သားစဉ်မြေးဆက် နောင်တကြီးစွာ ရပါစေလို့ ဆုတောင်းပေးတယ်


မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

10 Nov, 03:13


တနင်္ဂနွေကျောင်းပိတ်ရက်တွင် တရုတ်ပြန်စစ်ခေါင်းဆာင်ကို လေဆိပ်တွင်ကြိုဆိုရမည်ဟု နေပြည်တော်မှစာသင်ကျောင်းများကို အမိန့်ထုတ်
*******

အောင်ဇေ/Myanmar Now

စစ်ခေါင်းဆောင်သည် တရုတ်ပြည်မှ နေပြည်တော်‌လေဆိပ်သို့ နိုဝင်ဘာ ၁၀ ရက် တွင်ပြန်ရောက်မည်ဖြစ်ရာ လေဆိပ်မှအပြန်လမ်းတလျှာက် ကျောင်းသားများ ကြိုဆိုရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်လိုက်သည်။

တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သော်လည်း ကျောင်းသားများ အဖြူအစိမ်း ဝတ်ကာ လာရောက်ကြိုဆိုရမည်ဟု စစ်ကောင်စီ၏အမိန့်ကဆိုသည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သည်ဆယ်စုနှစ်များက အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ကျင့်သုံးခဲ့သည့်နည်းလမ်းများကို ပြန်လည်အမှတ်ရစေသည်။

ဗိုလ်ချုပ်သန်းရွှေ ဦးစီးသည့် စစ်အစိုးရ‌ခေတ်တွင် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏နိုင်ငံခြားခရီးစဉ်များအပြီး အပြန်ခရီးတွင် ကျောင်းသားများ၊ ဝန်ထမ်းများနှင့် အများပြည်သူများအား အတင်းအကျပ်လာ ရောက်ကြိုဆိုခိုင်းခဲ့သည်။

အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က စီနီယာအာဏာရှင်များ၏လုပ်ရပ်ကို ပြန်လည်အသက်သွင်းနေသည်။

“ဌာနညွှန်ကြားချက်နဲ့ ကျောင်းတိုင်းကို ကြိုခိုင်းတာ၊ School Bus (ကျောင်းကား) ရှိတဲ့ ကိုယ်ပိုင်ကျောင်းက ကလေးတွေဆိုရင် မဖြစ်မနေသွားရမှာ” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ကိုယ်ပိုင်ကျောင်းတချို့တွင် ကျောင်းပိတ်ရက်ကို အချိန်ပိုရှိ၍ ကျောင်းသို့လာရန် ခေါ်ဆိုမှုများရှိပြီး စစ်ခေါင်းဆောင်ကို ကြိုဆိုရန်အတွက်လည်း ဖြစ်နိုင်ပြီး ကျောင်းတစ်ကျောင်းလျှင် အယောက် ၃၀ နှုန်းလာရောက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေသော ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူထံ ကျောင်းတာဝန်ရှိသူက ဖုန်းဆက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြိုဆိုရန် အစီအစဉ်ရှိ၍ လာရောက်ရန် ပြောဆိုခဲ့သော်လည်း ငြင်းဆိုလိုက်ကြောင်း ဆိုသည်။

“အတင်းလာဖို့ခေါ်တော့ အကြောင်းပြချက်ပေးပြီး အဆင်ပြေရင် လာခဲ့မယ်ပဲ ပြောလိုက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းအစီအစဉ်ဖြင့် ကားငှား၍ ကြိုဆိုရန် စစ်ကောင်စီပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

“စာတော့မထွက်ဘူး၊ နှုတ်ညွှန်ကြားချက်နဲ့ ကြိုဆိုဖို့ ပြင်ဆင်ထားဆိုပြီး ပြောလာတာ”ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်သည် တရုတ်ဆန့်ကျင်မှုများနှင့် NUGကို ရှုတ်ချသည့်ပွဲများကို နေပြည်တော်ကောင်စီ မြို့တော်ခန်းမရှေ့တွင် အမျိုးသားရေးလှုပ်ရှားသူနှင့် စစ်တပ်ထောက်ခံသူများကို တရားဝင် ဆန္ဒပြခွင့် ခွင့်ပြုပေးထားသည်။

စစ်ခေါင်းဆောင်ကို ကြိုဆိုပွဲတွင် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးလှုပ်ရှားသူများလည်း ကြိုဆိုရာတွင် ပါဝင်မည်ဟု စုံစမ်းသိရှိရပြီး စစ်ခေါင်းဆောင်တရုတ်ခရီးစဉ်ကို အောင်မြင်သည့် ခရီးစဉ်ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်နေကြသည်။

တရုတ်ခရီးစဉ်တွင် စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲကျင်းပမည့်အကြောင်းများ၊ အိမ်နီးချင်းနိုင်ငံများကို အသိပေး ရှင်းပြမှုများလည်းရှိခဲ့သည်။

စစ်ခေါင်းဆောင်သည် မဟာမဲခေါင်ခွဲထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ -ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် နိုဝင်ဘာ ၅ရက်နေ့က တရုတ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တရုတ်ခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်သည်။

#Myanmar Now

Nurhad ( မုဆိုး )

09 Nov, 13:37


Live မှာ ဝင်ရောက်အားဖြည့်ပေးစေချင်ပါတယ်

https://www.facebook.com/share/v/1BFL7LYEaV/

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

09 Nov, 13:08


Live မှာ ဝင်ရောက်အားဖြည့်ပေးစေချင်ပါတယ်

https://www.facebook.com/share/v/1BFL7LYEaV/

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

08 Nov, 13:12


အာဏာရပြီးရော..
မျက်မှေးတောင်းတမျှ အကုန်ပေးနေမှတော့ ...

တိုင်းပြည် ဒေဝါလီ ခံဖို့ပဲ ရှိတော့တယ်။

ဒုတိယ သီရိလင်္ကာ...

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

08 Nov, 12:14


ပြည်ပရောက် နိုင်ငံသားများကို စစ်မှုထမ်းရန် ပြန်ခေါ်ပေးရမည်ဟု အေဂျင်စီများအား စစ်ကောင်စီ တာဝန်ပေး

ကီရာ

(မဇ္စျိ)။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားများ စစ်မှုထမ်းဆောင်နိုင်ရေးအတွက် အချိန်မီ ပြန်လည်ခေါ်ဆောင်ပေးရန် စစ်ကောင်စီမှ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တာဝန်ပေးထားကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီလုပ်ငန်းရှင်များက ပြောသည်။

‘သူတို့ အခုလို ပြန်ခေါ်မယ်ဆိုတာကတော့ ကြားနေရတာ ကြာပါပြီ။ အခုကတော့ အဲ့ဒါကို သူတို့ဟာသူတို့ မခေါ်ဘဲနဲ့ အစ်ကိုတို့ကို လည်ပင်း ပြန်ညှစ်တာပေါ့”ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

မဇ္စျိမက ဖတ်ခွင့်ရသည့် အလုပ်ရှင် အလုပ်သမား အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်တွင် ပြည်ပ၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားသည် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရပါက ၎င်းစာချုပ် သက်တမ်းပြည့်ချိန်တွင် နိုင်ငံသို့ အချိန်မီပြန်လာကာ စစ်မှုထမ်းနိုင်ရန် အေဂျင်စီမှ တာဝန်ယူပေးရမည်ဖြစ်ဟု ဖော်ပြထားသည်။

ထိုသို့ အသစ်ထည့်သွင်း‌ဖော်ပြထားသည့် သုံးပွင့်ဆိုင်စာချုပ်ကို ယခုလပိုင်းတွင် ချုပ်ဆိုခဲ့ရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ထိုသို့ စစ်ကောင်စီမှ ဖိအားပေး တာဝန်ယူခိုင်းသည်မှာ အေဂျင်စီများအတွက် ကြားညှပ်သလို ဖြစ်နေပြီး တာဝန်မယူနိုင်ပါက ဒဏ်ပေးခံရမှုများ ရှိလာနိုင်သည်ဟုလည်း ဆိုသည်။

“အစ်ကိုတို့က ကြားညှပ်တယ်၊ အမုန်းခံရတယ်လေ။ ၂၅ရာခိုင်နှုန်းငွေလွှဲတဲ့ကိစ္စတောင် တော်တော်အမုန်းခံနေရတယ်လေ။ ဒါကြီးကို ဘယ်သူ့မှလည်း တာဝန်ယူနိုင်မယ့် ကိစ္စလည်း မဟုတ်ဘူးလေ။ ၂၅ရာခိုင်နှုန်း မကောက်ပေးနိုင်ရင်တောင် အစ်ကိုတို့ကို လိုင်စင်ပိတ်သိမ်းတာတို့ ဘာတို့ သူတို့(စစ်ကောင်စီ) လုပ်သေးတာပဲလေ။ အစ်ကိုလိုင်စင်တောင် ကြားထဲမှာရပ်သွားခဲ့သေးတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူတို့ဒဏ်ပေးတာတွေ ရှိလာမှာပဲလေ၊ အခုကတော့ ဘာမှ မသိရသေးဘူး”ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ရန်နှင့် စစ်မှုထမ်းဖို့ နိုင်ငံပြန်လာရန်ဟု အသစ်ထည့်သွင်းထားသည့် စာချုပ်အသစ်သည် အမျိုးသား၊ အမျိုးသမီး ကန့်သတ်ချက်မရှိဘဲ အားလုံးအတွက် သတ်မှတ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းစာချုပ်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့်အတွက် အလုပ်သမားဘက်မှ သဘောတူမှသာ လက်မှတ်ထိုးပြီး ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လိုက်နာရမည့်တာဝန်လဲရှိသည်ဟု ဂျပန်ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုကုမ္ပဏီမှ လုပ်ငန်းရှင်တဦးက ဆိုသည်။

“ဒီစာက EC စာချုပ်ဖြစ်တာကြောင့် လုပ်သားဘက်ကသဘောတူတယ်ဆိုရင်လက်မှတ်ရေးထိုးရပါမယ် ကာယကံရှင်ရဲ့သဘောဆန္ဒအရလက်မှတ်ရေးထိုးခွင့်ရှိတာဖြစ်တာကြောင့် လိုက်နာရမယ့်တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဂျပန်ရောက် မြန်မာလုပ်သားတဦးကတော့ တိုင်းပြည်ပြန်၍ စစ်မှုထမ်းရမည်ဆိုသည်မှာ ဟာသတခုလိုဖြစ်နေပြီး ၎င်းအနေဖြင့်ဆိုပါက ဂျပန်နိုင်ငံမှာပဲ ဆက်နေပြီး အလုပ်လုပ်ဖို့ကိုပဲ ဆုံးဖြတ်သွားမည်ဟု မှတ်ချက်ပြုသည်။

ထို့အပြင် ပြီးခဲ့သည့် လပိုင်းကလည်း ပြည်ပရောက်မြန်မာများ ၎င်းတို့လစာထဲမှ ၂၅ ရာခိုင်နှုန်း ငွေလွှဲရန်အတွက် စစ်ကောင်စီမှ အတင်းအကြပ်လုပ်ဆောင်ခဲ့ပြီး ငွေလွှဲစာရွက်များ မတင်ပြနိုင်သည့် အေဂျင်စီများကိုလည်း လိုင်စင်ပိတ်သိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။

စက်တင်ဘာလထဲတွင် ပြည်ပသို့ အလုပ်သမားတင်ပို့သည့် အေဂျင်စီ ၁၀၀ ကျော် အရေးယူခံခဲ့ရသည်။

ထို့အပြင် မြန်မာပြည်တွင်းမှ အေဂျင်စီများမှ ၎င်းတို့ပို့ဆောင်ထားသည့် လုပ်သားများကို တနှစ်လျှင် ဂျပန်ယန်း ၃၈ သောင်း မဖြစ်မနေလွှဲရန်နှင့် ငွေမလွှဲပါက တနှစ်ပြည့်သည်နှင့် အလုပ်ဆက်လက်မလုပ်ဆောင်နိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးခွင့်မရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ငွေမလွှဲသူများကို ၎င်းတို့၏ အလုပ်ဂရုများတွင် အကြိမ်ကြိမ် ခေါ်ယူပြောဆို မေးမြန်းမှုများ လုပ်ဆောင်နေကြသည်ဟု ဂျပန်ပြည်တွင်း အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

စာတည်း ။ ။ နောင်နောင်
#ပြည်ပရောက်
#စစ်မှုထမ်း
#အေဂျင်စီ
#မဇ္စျိမ
-----------------------------------------

Nurhad ( မုဆိုး )

08 Nov, 04:31


ရခိုင်မှာ လူ ၂သန်းလောက် အငတ်ဘေး ကြုံနေရတယ်...

ကျနော်တို့ ပြည်သူ တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိတယ်နော်...

ရခိုင်နဲ့အတူ ...
ချင်း၊ စစ်ကိုင်း၊ ကချင်၊ မ‌ကွေး မန္တလေးတိုင်းနဲ့ ရှမ်းမြောက်...
ပေါင်းလိုက်ရင် လူဦးရေ ၁၀ သန်းမက ခက်ခဲနေတယ်။

ကျနော်တို့တွေ အတူတူ တာဝန်တွေကို မျှဝေယူကြပါလို့ ..

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

07 Nov, 09:08


မင်္ဂလာပါဗျာ...

ကိုလင်းလင်းရဲ့ အမတေများ စာအုပ်‌တွေ ကျနော့စီ ရောက်လာပါပြီ။
အုပ်ရေစုစုပေါင်း ၈၀ အုပ်ဖြစ်ပါတယ်...

မှာထားတဲ့သူက ၆၃ ယောက် ရှိပါတယ်။ နောက်ထပ်လည်း ယူချင်တဲ့သူ အလွယ်တကူ ယူလို့ရအောင် ကျနော် ပိုမှာလိုက်တာပါ။

မေတ္တာရပ်ခံချင်တာက ...
စာအုပ်မှာထားတဲ့ သူတွေ ကျနော့ရဲ့ WhatsApp နံပတ် 013- 2622516 ကို ဆက်သွယ်ပြီး ပိုက်ဆံ ကြိုလွှဲပေးပါ။ ဘဏ်အကောင့်ပေးပါမယ်။ ပြီးရင် လိပ်စာပေးစေချင်ပါတယ်။ ကျနော့မှာလည်း တခြားအလုပ်တွေ အများကြီး ရှိတာမို့ အမြန်ဆက်သွယ်ပြီး စာအုပ်ပို ယူစေချင်ပါတယ်။ ဈေးနှုန်းကတော့ ဦးကျော်သက်လင်း တရားဝင်ကြေငြာထားတဲ့ ဈေးနှုန်း Rm100 ဖြစ်ပါတယ်။ မြန်မြန်ငွေလွှဲပြီး မြန်မြန်လေး ယူကြစေချင်တယ်။ ပိုက်ဆံမြနိမြန်ပေးလိုက်တော့ မြေပြင်မှာ ကိုလင်းလင်းတို့လည်း တခြားကိစ္စတွေကူစရာရှိရင် ကုရအောင်ပါ။

အမြန်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်

ကျေးဇူး
🙏🙏🙏

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

07 Nov, 03:37


အရှုံးကို လက်ခံကြောင်းနဲ့ အာဏာလွှဲပြောင်းရေး ကူညီပေးမယ်လို့ ဟားရစ်ပြော

︎ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံခြင်းနဲ့ လက်မခံခြင်း ဆိုတာဟာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြား ခြားနားပေးထား အဓိက စည်းတစ်ခု ဖြစ်တယ်လို့လည်းဟားရစ်ထောက်ပြ

People's Spring

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မှုကို ခြွင်းချက်မရှိ လက်ခံကြောင်းနဲ့ ဒေါ်နယ်လ်ထရမ့်ဆီ လက်ရှိ အစိုးရဆီကနေ အာဏာလွှဲပြောင်းရေး ကိစ္စမှာ ကူညီသွားမှာဖြစ်ကြောင်း ကာမာလာ ဟားရစ်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲရေတွက်မှုတွေမှာ ထရမ့်က တောက်လျှောက် ဦးဆောင်ခဲ့ပြီး ဟားရစ်အပေါ် အနိုင်ရကြောင်း သေချာသွားခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ဟားရစ်က သူ့ရဲ့ ရွေးကောက်ပွဲ အရှုံးကို လက်ခံကြောင်း၊ သူကိုယ်တိုင်လည်း ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ထရမ့်ဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ပြီးတော့ လက်ရှိ အစိုးရရဲ့ ဒုတိယ သမ္မတလည်းဖြစ်တဲ့ သူက အာဏာလွှဲပြောင်းရေး ကိစ္စတွေ ချောမွေ့စေဖို့ ထရမ့်ကို ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

လူတွေရဲ့ စိတ်ခံစားချက်တွေ၊ သဘောထားတွေက ရှုပ်ထွေးနေမယ် ဆိုတာကို နားလည်ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုတော့ လက်ခံဖို့လိုကြောင်း၊ သူဟာ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်နဲ့ စကားပြောခဲ့ပြီး အနိုင်ရမှုအတွက် ဂုဏ်ပြုခဲ့ပြီးဖြစ်ကြောင်း ဟားရစ်က ဆိုပါတယ်။

လက်ရှိ အစိုးရဟာ သူ့ကို ကူညီမယ် ဆိုတာကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် ထရမ့်ဟာ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လက်လွှဲယူနိုင်မှာဖြစ်ကြောင်း ဟားရစ်က ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံရေးရဲ့ အရေးအကြီးဆုံး အနှစ်သာရ တစ်ခုက ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့အခါ အဲဒီအရှုံးကို လက်ခံရဲခြင်း ဖြစ်တယ်လို့လည်း ဟားရစ်က ဆက်ပြောပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံခြင်းနဲ့ လက်မခံခြင်း ဆိုတာဟာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြား ခြားနားပေးထား အဓိက စည်းတစ်ခု ဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

အမေရိကန်လို နိုင်ငံမှာတော့ ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုဟာ သမ္မတ၊ ဒါမှမဟုတ် ပါတီတစ်ခုအပေါ် တည်မှီနေလို့ မရကြောင်း၊ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကိုယ်ပိုင် အသိတရားနဲ့ ဘုရားသခင်ဆီကိုသာ ယုံကြည် အပ်နှံထားရမှာဖြစ်ကြောင်း ဟားရစ်က ပြောကြားသွားပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်မှာ ရွေးကောက်ပွဲ အရှုံးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာတော့ ဟားရစ်က သူ့အပေါ် အားပေး ထောက်ခံခဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန် နိုင်ငံကို အမြဲတမ်း ချစ်မြတ်နိုးနေမှာဖြစ်ကြောင်း ဖွင့်ဟသွားပါတယ်။

ပြီးတော့ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာရော၊ တခြားအချိန်တွေမှာပါ ထောက်ခံ ကူညီပေးနေခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်းလည်း သူက ထည့်သွင်း ပြောဆိုသွားပါတယ်။

ကိုးကား: BBC

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

Nurhad ( မုဆိုး )

07 Nov, 03:21


ရွေးကောက်ပွဲရှုံးပြီလို့ ကာမလာ ဟဲရစ် မိန့်ခွန်း ထွက်ပြော

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တဲ့ ကာမလာ ဟဲရစ်က ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ပြီဆိုတာကို ပြသတဲ့မိန့်ခွန်းကို ပြီးခဲ့တဲ့ နာရီပိုင်းမှာ ထွက်ပြောသွားပါတယ်။

‘’ဒီရွေးကောက်ပွဲမှာ ကျွန်မ ရှုံးပါပြီ။ ဒါပေမဲ့ အခုရွေးကောက်ပွဲမဲဆွယ်မှုကို အရှိန်အဟုန်မြင့်စေခဲ့တဲ့ အရေးကိစ္စတွေကိုတော့ အရှုံးမပေးဘဲ ဆက်ပြီး လုပ်ဆောင်သွားမယ်’’၊

‘’ရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်မတို့လက်ခံရပါမယ်’’၊

‘’အမေရိကန်ကို ကိုယ်စားပြုတဲ့ လွတ်လပ်မှု၊ အခွင့်အခမ်း၊ မျှတမှုနဲ့ အားလုံးရဲ့သိက္ခာတွေအတွက်လည်း ကျွန်မ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်’’ လို့ သူက ပြောပါတယ်။

‘’စိတ်မပျက်ကြပါနဲ့။ အခုအချိန်ဟာ ကျွန်မတို့ လက်မြှောက်အရှုံးပေးရမယ့် အချိန်မဟုတ်ပါဘူး။ အားယူဖို့ လက်ခေါက်လိပ်ရမယ့်အချိန်ပါ’’၊ ‘’ကျွန်မတို့ အတူတကွ ဖန်တီးတည်ဆောက်နိုင်တဲ့ အနာဂတ်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦး စုစုစည်းစည်း၊ အဆက်အသွယ်မပြတ်ဆက်ရှိနေရမယ့်အချိန်လည်း ဖြစ်ပါတယ်။

လူငယ် မဲဆန္ဒရှင်တွေကိုလည်း စိတ်မပျက်ဖို့ သူက ထည့်ပြောသွားပါတယ်။

ဟောင်းဝပ် တက္ကသိုလ်မှာ လူထုကို စင်မြင့်ထက် တက်ပြောတဲ့ မိန့်ခွန်းကို သူ ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း တင် ဝေါ့ဇ်လည်း ဟဲရစ်ရဲ့ မိသားစုနဲ့အတူ လူအုပ်ကြားထဲ တက်ရောက် အားပေး နားထောင်ခဲ့တာတွေ့ရပါတယ်။

မိန့်ခွန်းအပြီးမှာတော့ ဟဲရစ်ဟာ ဘီယွန်းစေးရဲ့ Freedom (လွတ်လပ်မှု) နောက်ခံနဲ့ စင်မြင့်ထက်ကနေ ဆင်းသွားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #ကာမလာဟဲရစ် #မဲ #၂၀၂၄_အမေရိကန်ရွေးကောက်ပွဲ #ရှုံးနိမ့်မှု

Nurhad ( မုဆိုး )

05 Nov, 11:16


မလေးရှားရောက် ကျနော်တို့မြန်မာနိုင်ငံသားတွေအတွက် အထူးလက်ဆောင်ပါ။

လာကြမယ် ဟုတ်လား?

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

04 Nov, 04:57


ကြ-ည်းးး- ရေ --- လေ....
🤌🤌🤌

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

02 Nov, 16:02


ကျေနပ်နေသူကြီး...

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

02 Nov, 13:44


Live မှာ အားပေးစေချင်ပါတယ်

https://www.facebook.com/share/v/1DnLNhxw4s/

Nurhad ( မုဆိုး )

02 Nov, 10:19


လူ----လိ----မ်အကောင့်ပါ...

Follower 27k ရှိတယ်။

လူ-လိ-မ်ပြောလို့ အကောင့်ကိုပါ လော့ချသွားတယ်။

နည်းတဲ့ ပိုက်ဆံလား လစဉ်အလှူခံနေတာ..
လှူနေတဲ့သူလည်း အများကြီး

မရှိခဏ
မုဆိုး
https://www.facebook.com/minsett.paing.127?mibextid=ZbWKwL

Nurhad ( မုဆိုး )

02 Nov, 09:24


ကျနော့မှာ နေ့စဉ် အကူအညီတောင်းနေတဲ့ အဖွဲ့တွေ အများကြီးပါ။ အကူအညီလာတောင်းတဲ့ အဖွဲ့တွေကလည်း မြေပြင်မှာ တကယ်ခက်ခဲနေကြတဲ့ အဖွဲ့တွေများပါတယ်..

ကျနော် အလုပ်တွေ အဆင်ပြေမှ ကျနော် မိတ်ဆွေတို့ကို ကုညီနိုင်မှာပါ။
ရာခိုင်နှုန်းနဲ့ ၈၀ %လောက်က ကျနော့အလုပ်ကနေ ရသလောက် သွားပါတယ်..
ကျနော်တစ်ဦးတည်းလို ဖြစ်နေတယ်။ လိုင်းပေါ်က ဝန်းရံတာတွေက ရာခိုင်နှုန်းအားဖြင့် အရမ်းနညါးပါတယ်။ အကူအညီလာတောင်းတဲ့ အဖွဲ့တွေကို အမှန်တကယ် အားနာမိပါတယ်။

အချိန်တွေကြာလာတော့ အရင်ကလို ကျနော် မစွမ်းနိုင်တာပါ။ တော်တော်ကို အားနည်းသွားတယ်။ အလုပ်တွေက အရင်ထက် ဝင်ငွေနည်းလာတယ်။ ဘာလို့့ နည်းလာရလည်းဆိုတော့ ကျနော် မြေပြင်ဆင်းတဲ့ချိန် အလုပ်တွေကို လက်လွှဲထားခဲ့တာတွေ တော်တော်များများ ဘောင်ကျော်ပြီး တစ်ကိုယ်ကောင်းဆန်သွားကြတာ များတယ်။ ဒါလည်း ကိုယ်အသုံးမကျလို့ပဲ မှတ်ယူတယ်။။အပြစ်လည်း မမြင်ပါဘူး..

တနေ့က ကျနော် သစ်ပင်နှစ်ပင်ရဲ့ ပုံကို ယူတင်လိုက်တာ အဲဒီအဓိပ္ပါယ်ပါပဲ။
ကျနော်က အလုပ်တွေကို နှစ်အကြာကြီး ပြင်ဆင် တည်ဆောက်ခဲ့တာမို့ စိတ်ဓာတ်တော့ မကျပါဘူး ...။

လိုင်းပေါ်မှာက ဝန်းရံသူ တစ်လထက် တစ်လ ပိုနည်းပါးလာတာမို့ အကူအညီတောင်းတဲ့ ရဲဘော်များ နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

အရင်လို အလုပ်တွေ ပြန်ကောင်းလာအောင် ကျနော်ကြိုးစားနေပါတယ်။
စိတ်ချပါ... ကျနော် ပံ့ပိုးမှာပါ။ မည်သူကို မပြစ်ထားပါဘူး...
ဝင်ငွေ အင်အားနည်းနေလို့ အရှိန်နည်းနည်းလျော့သွားတာပါ...

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

02 Nov, 08:42


လကုန်ရက်ဆိုတော့ တောင်းဆိုချင်ပါတယ်..

ရန်ကုန် UG , ရန်ကုန် သပိတ်၊ ထီးလင်း၊ ဘုတလင်တွက် များများ ဝန်းရံပေးကြစေချင်ပါတယ်။


နည်းနည်းလေး ကြိူးစားဝန်းရံပေးပါ

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

02 Nov, 03:29


လားရှိုးကို အင်တာနက် သုံးခွင့်ပိတ်လိုက်တာ ပရမ်းကောင်းတယ်။ ရခိုင်လည်း အဲလို လုပ်စေချင်တယ်...

ကွတ်ခိုင်ကို ညက လ-ယ နဲ့ ဆယ်လုံးမက လာကြဲသွားတယ်။

အင်တာနက်ရှိတော့ ဒလန်တွေက သတင်းပေး Location ပေးတယ်လေ။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

01 Nov, 07:38


ဘုတလင်တွက် ...

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

31 Oct, 15:24


ကျေးဇူးတင်တယ်

နတ်မောက်ရေ..

မရှ်ခဏ
မုဆိုး

Nurhad ( မုဆိုး )

31 Oct, 15:20


ကျေးဇူးတင်တယ်

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

30 Oct, 16:33


Comment တွေ ဖတ်ပေးစေချင်တယ်

ပြီးရင် ကျနော်တို့တွေ ဘာလွဲနေကြလည်း လွဲနေတာလေးတွေ ပြင်စေချင်တယ်

မရှိခဏ
မုဆိုး


https://www.facebook.com/share/p/mwjhXSCKnR6URkgz/

Nurhad ( မုဆိုး )

25 Oct, 12:53


ပါကစ္စတန်မှာ တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နေရင် ၂ နိုင်ငံဆက်ဆံရေးကို အစအဆုံး ၁ က ပြန်စကြရမယ်လို့ တရုတ်ဖက်က ဆိုပါတယ်။

ပါကစ္စတန်ကတော့ တရုတ်တွေကြောက်ကာ ပြည်တွင်းက ထွက်ပြေးစေတဲ့နည်းလမ်းကို အလင်းပြလိုက်ပါပြီ။ 😎

ref: SCMP
Francis Zin

Nurhad ( မုဆိုး )

25 Oct, 12:40


ဘုတလင်တွက် ဝမ်းနည်းတဲ့သူများပြီး
ဘုတလင်ကို ကူညီဖို့ ဝန်းရံသူ အရမ်းနည်းတယ်

၃ရက်မှာ နှစ်ဆယ့်လေးသိန်း ၇သောင်း ၈ထောင်ပဲ ရ‌သေးတယ်။

မြေပြင်ကို သွားကူမယိ့အဖွဲ့ကတော့ ဘုတလင်ကို ရောက်သွားပြီ။

စစ်ဘေးရှေုာင်တွေကလည်း လွတ်ရာ ကျွတ်ရာပြေးကြတော့
ပြန့်ကျဲနေတယ်လို့ သိရတယ်။

မအလ စစ်ကြောင်းကတော့ ဘူတလင်မြို့ပေါ်ကို ရောက်နေပြီလို့ သိရတယ်

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

24 Oct, 05:47


NLD ပါတီ မှတ်ပုံတင်ရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီ လျှို့ဝှက် ညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှတ်ပုံတင်လာရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားတယ်လို့ ဘီဘီစီရဲ့ နေပြည်‌တော် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ NLD ပါတီက မှတ်ပုံပြန်မတင်ခဲ့လို့ အလိုအလျောက်ပယ်ဖျက်ခံထားရတာဖြစ်ပါတယ်။

အမိန့်စာမထုတ်တဲ့ ဒီညွှန်ကြားချက်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင်မှာထွက်ပေါ်လာခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာဖို့က ခက်ခဲဖွယ်ရှိတယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေး၊ အဆုံးအဖြတ် ဘယ်သူ့ပေါ်မှာ မူတည်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါသလဲ။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD #ပါတီ #မှတ်ပုံတင်မှု #‌ဒေါ်အောင်ဆန်းစုကြည်

Nurhad ( မုဆိုး )

23 Oct, 12:43


ဘုတလင်တွက်ကို NUG pay နဲ့လည်း ကူလို့ရပါတယ်။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

23 Oct, 05:43


ပိုစ်တွေ တင်ဖို့ မအားသေးလို့ပါ..

ဘုတ္တလင်တွက် ပံ့ပိုးကူညီဖို့ ဝန်းရံပေးစေချင်တယ်။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

22 Oct, 05:20


ဘုတ္တလင်တွက် တစ်နေ့ တစ်ကျပ် တစ်လ သုံးဆယ် ဂရုကနေ ကျပ်ဆယ်သိန်း ဝန်းရံမယ်တဲ့..

ကျေးဇူး
🙏🙏🙏

ဘုတ္တလင်ရဲ့ စကစ ယ-မ မှု့ကို ကြည့်ပြီး ဝမ်းနည်းနေကြတာ အများကြီးတွေ့ရပေမယ့် ဝန်းရဲတဲ့သူ နည်းတယ်။ ကျနော်တို့တွေ မခံချင်စိတ် မွေးကြပါ..

ဒီနေ့မနက် သတင်းဆို ကျေးရွာတွေကို မ-ီး-ရှို့ပြီးအပြင် လ သား ကလေးသူငယ်အပါအဝင် ပြည်သူ နှစ်ဆယ် ကျော်ကို စကစ ဘက်က ရရ-စစ သ -ထားကြတယ်။

ပုံတွေတင်ရင် သိကျသိကျရေးရင် ကျနော့အကောင့် မိဇူပိတ်မှာဆိုးလို့ သွယ်ဝိုက်‌ပြီး ရေးနေရတယ်။ အားမရဘူး..

ကြိုးစားဝန်းရံပေးကြဖို့ မေတ္ဆာရပ်ခံပါတယ်

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

22 Oct, 04:35


တစ်ပတ်အတွင်း ဘုတ္တလင်ကို တိုက်ရိုက် မြေပြင်ကူဖို့ ကျနော်တို့ မရှိခဏထောက်ပို့အဖွဲ့က သိန်းနှစ်ဆယ်နဲ့ ကျနော်က ဆယ်သိန်း စုစုပေါင်း သိန်း ၃၀ မတည်မယ်။

ဘုတ္တလင်ရဲ့ အဖြစ်အပျက်က ရေဘေးထက် ဆိုးပါတယ်။ ညကလည်း ကျနော်တို့ မြေပြင်အဖွဲ့နဲ့ တိုင်ပင်ပြီးပြီ။

အားလုံးလည်း မြင်ကြ သိနေကြတာပါပဲ..
တစ်ပတ်အတွင်း ရသလောက် ကျနော်တို့ ဝိုင်းကူကြမယ်လေ..

မိတ်ဆွေတို့လည်း မိမိသုံးတဲ့အထဲက နည်းနည်းများများ
ပူးပေါင်းကြပါလို့ နှိုးဆော်ပါရစေ..

မျက်စိရှေ့မှာ မြင်နေရတဲ့ ကြေကွဲမှု့တွေကို လက်တွေ့ကျကျ နှစ်သိမ့် ကူညီကြရအောင်...

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

22 Oct, 03:21


မနေ့က လက်မှတ်လိုက်ရောင်းတာ Rawang ထိ ရောက်သွားတယ်။ နေပူပူထဲမှာ ဆန္ဒတွေ ပြင်းပြလွန်းလို့ ....

သွားရင်း လာရင်း အိန္နိယတစ်ယောက်က အနောက်ကနေ လိုက်လာပြီး အနားရောက်တော့ ပိုက်ဆံ လာတောင်းတယ်။။ သူ့မျက်နှာကို သေချာကြည့်ပြီး ငါ - အလှူခဲ ပုံး မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဒီလူ ကျနော့ကို ကြောင်ပြီး ကြည့်နေ...

ကျနော်လှည့်ထွက်လာလိုက်လတယိ။

အိမ်ကို ည ၁၂မှ ရောက်တယ်။

အိမ်ရောက်တော့ ဘုတ္တလင်နဲ့ ပတ်သက်ပြီး မြေပြင်က အဖွဲ့နဲ့ စကားပြောဖြစ်တယ်။

ဒီနေ့ ကောင်းကောင်းနားပြီး ထမင်း ဟင်းချက်စားမယ်။
စာတွေ ရေးမယ်

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

20 Oct, 05:19


ရမခ လားရှိုးကျတုန်းက ဖမ်းမိထားတဲ့ အကြီး၃ယောက်ထဲက နောက်ဆုံးတယောက် ဗမခ သန့်ထင်စိုး ကိုလွှတ်ပေးလိုက်ပီး နေပြည်တော် ရောက်နေတယ်လို့ သတင်းရတယ်။

ဟုတ်လား?

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

19 Oct, 05:39


“ ဓားပြဆန်ဆန်ငွေရှာလာသူ စစ်သားများ”
==================
နိုင်ငံအနှံ့မှ ဒေသခံ သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်နေရချိန် ကျေးရွာများကို စီးနင်းနေသည့် စစ်သားများအတွက် ငွေရှာစရာ နေရာဖြစ်နေသည်။

ကျေးလက်ဒေသမှ လူအများ၏ ချွေးနှဲစာနှင့် ရှာဖွေထားရသည်များကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ လက်နက်ကိုင်များက အာဏာနှင့်လက်နက် အားကိုးပြီး တောင်းယူ၊ လုယူ၊ ခိုးယူနေ ကြသည်။
ယခုအခါ လူအများက အနိဋ္ဌာရုံအရာများဖြင့် ပြည့်နှက်နေသောနေရာအဖြစ် သတ်မှတ်ထားသော ရှေ့တန်းစစ်မြေပြင်များအထိကိုပင် ငွေရှာရန် ရှေ့တန်းထွက်လိုသော စစ်သားများ ရှိလာနေသည်။

Nurhad ( မုဆိုး )

19 Oct, 04:51


သီတင်းကျွတ်မှာ ရဲဘော်တွေ မုန့်ဖိုးလာတောင်းရင် ပေးဖို့ဆိုပြီး ငွေ ဆယ်သိန်း ဖယ်ထားတယ်။

ဖြစ်ချင်တော့ အဲဒီရက်မှာ ရန်ကုန်မြို့ပေါ်က ရဲဘော်တစ်ယောက် အရေးပေါ် ခွဲစိတ်လိုက်ရလို့ ရှစ်-သိန်း ပေးလိုက်ရတယ်။ ဒါက ပိုအရေးကြီးတယ်လို့ ယူဆတယ်။

မုန့်ဖိုးတောင်းတဲ့သူတွေအားလုံး
နောက်နှစ် သီတင်းကျွတ်ပေါ့..

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

18 Oct, 05:54


NATO မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် ငြင်းဆိုခံရရင် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး စဉ်းစားမယ်လို့ ယူကရိန်း သမ္မတပြော

တကယ်လို့ NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့်ကို ငြင်းဆိုခြင်း ခံရမယ်ဆိုရင် ယူကရိန်းဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး လမ်းကြောင်းကို မလွှဲမရှောင်သာ ရွေးချယ်ရဖွယ် ရှိတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဆီ လိပ်မူတဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ယူကရိန်း အနေနဲ့ ရုရှားရဲ့ရန်ကို တွန်းလှန်ဖို့ဆိုရင် အားကောင်းတဲ့ အဟန့်အတား အစီအမံတစ်ခု လက်ဆုပ်လက်ကိုင် ရှိနေဖို့ လိုတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

“ယူကရိန်းဟာ အကာအကွယ်အဖြစ် နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားရမလား၊ ဒါမှမဟုတ် NATOလိုမျိုး မဟာမိတ် အစုအဖွဲ့ တစ်ခုခုရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေမလား ဆိုတာကို ရွေးရမှာပါ။ ပြီးတော့ NATOကလွဲရင် ရုရှားရန်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်မယ့် မဟာမိတ် အစုအဖွဲ့မျိုးလည်း မရှိနိုင်ပါဘူး”လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

အမေရိကန်ကို ရောက်ရှိချိန်မှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့လည်း ဆွေးနွေးခဲ့ကြောင်း၊ ထရမ့်က လက်ရှိ အခြေအနေမှာ ယူကရိန်းကသာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးအတွက် အားထုတ် ကြိုးစားလာမယ်ဆိုရင် မျှတတယ်လို့ ယူဆနေကြောင်းလည်း ဇီလန်စကီးက ဆက်ပြောပါတယ်။

ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ချိန်တုန်းက နိုင်ငံသစ် တစ်ခုအဖြစ် လွတ်လပ်ရေး ရလာချိန်မှာ နျူကလီးယား ထိပ်ဖူး အမြောက်အမြားကို လက်ခံရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အင်အား တတိယ အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသမှု တစ်ခုအဖြစ် နောက်ထပ် ၃ နှစ်အကြာမှာ ယူကရိန်းဟာ အဲဒီ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ပြီး ရုရှားဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီတုန်းက အမေရိကန်နဲ့ ရုရှားတို့ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက နျူကလီးယား လက်နက်တွေ စွန့်လွှတ်ပေးခဲ့တဲ့ ယူကရိန်းရဲ့ လုံခြုံရေးကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးဖို့ ကတိခံခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နျူကလီးယား လက်နက်တွေ ထုတ်သုံးပြီး တိုက်ခိုက်မယ်ဆိုတဲ့ စကားမျိုးနဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယူကရိန်းဖက်ကပါ နျူကလီးယားအကြောင်း ထုတ်ပြောလာတာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် NATOဟာ ယူကရိန်းကို လက်ခံပေးဖို့ ဆက်လက် နှောင့်နှေးနေမယ်ဆိုရင် ယူကရိန်း အနေနဲ့ နျူကလီးယား လမ်းဟောင်းဆီ ပြန်လျှောက်တော့မယ်လို့ ဇီလန်စကီးက တပ်လှန့် သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ဇီလန်စကီးက ၁၉၉၄ ခုနှစ်မှာ ယူကရိန်းဟာ ပိုင်ဆိုင်ထားသမျှ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ အားလုံးကို လုံခြုံရေး အာမခံချက် ကတိကဝတ်တွေအပေါ် ယုံစားပြီး စွန့်လွှတ်ပေးခဲ့တာက အကြီးအကျယ် မှားယွင်းတယ်လို့လည်း ဆိုပါတယ်။

အဲဒီ လက်နက်တွေကို စွန့်လွှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း တစ်နိုင်ငံတည်းက ချမှတ်ခဲ့ကြောင်း၊ မျက်မှောက်ကာလ စစ်ပွဲကိုလည်း ယူကရိန်း တစ်နိုင်ငံတည်းကပဲ ဒိုင်ခံပြီး တိုက်နေရကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ယူကရိန်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ၄ ခု လည်ပတ်နေပြီး ဂျာမန်ထုတ် Bild မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ ယူကရိန်းစစ်တပ်ရဲ့ လက်နက် အဝယ်တော် ထိပ်တန်း အရာရှိ တစ်ယောက်က သူ့နိုင်ငံဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တချို့ ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်နဲ့ အစွမ်းအစမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြားဖူးပါတယ်။

ဇီလန်စကီးက လက်ရှိ အနေအထားမှာတော့ NATOက ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ အမြန်ဆုံး ဖိတ်ကြားမလား ဆိုတာဟာ အရေးအကြီးဆုံး မေးခွန်းတစ်ခု ဖြစ်လာတယ်လို့လည်း သတိပေးခဲ့ပါတယ်။

စစ်ရေးသုတေသီ တစ်ဦးကတော့ အကြီးအကျယ် စစ်ပန်းနေတဲ့ အနေအထားမှာ ဇီလန်စကီး ဦးဆောင်တဲ့ ယူကရိန်း အစိုးရရဲ့ ကြံရာမရ ဖြစ်မှုကို လျှော့မတွက်သင့်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းသာ နျူကလီးယား လက်နက် ပိုင်ဆိုင်လာမယ်ဆိုရင် ရုရှားရန်ကို တွန်းလှန်မယ့် အဟန့်အတားမျိုး ဖြစ်လာမယ့်အစား အခြေအနေတွေကို ပိုပြီး ရှုပ်ထွေး သွားစေနိုင်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။

ကိုးကား: Telegraph

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

Nurhad ( မုဆိုး )

18 Oct, 04:47


"ကျွန်တော် ပြ-စ်ဒ-ဏ်ကျခံရချိန်မှာ လူ‌တွေအားလုံး ကျွန်တော့်အနားက ထွ-က်သွားကြတယ်၊ ပေါ့ဘာကို ဘယ်သူမှ အလိုမရှိကြတော့ပါဘူး။

သူငယ်ချင်းတွေအားလုံး စွန့်ခွါသွားကြတယ်၊ ကျွန်တော်သိလိုက်ရတာက လူတွေက သူတို့အလိုရှိတဲ့အချိန်ပဲ ကျွန်တော့်ကို လိုအပ်ကြတာပါ"

- ပေါ့ဘာ (ESPNနဲ့ အင်တာဗျူးမှ)

Nurhad ( မုဆိုး )

18 Oct, 04:19


လူတစ်ယောက်ကြောင့်..
လူတစ်စုကြောင့်..

အဖြေက အဲဒါပါပဲ။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

16 Oct, 13:12


မအလ တပ်ထဲက တစ်‌ယောက် CDM လုပ်ချင်လို့
ကျနော်နဲ့ဆက်သွယ်လာတယ်။ PDF တွေ စခန်းကို ချိတ်ဆက်ပြီး ပို့ပေးလိုက်တယ်။
PDFတွေက ဝမ်းသာအားရကြိုဆိုပြီး ဧည့်ခံကျွေးမွေး တည်းခိုခွင့်ပေးတဲ့အပြင်
ပိုက်ဆံပါ လမ်းမှာ သုံးဖို့ပေးလိုက်တယ်။

ဒီနေ့ မလေးရှားကို ချောချောမောမော ရောက်လာပြီ။



မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

16 Oct, 12:49


ဖြစ်စေချင်တာပါ
တကယ်ဖွဲ့စေချင်တာ..
ဒါမှ အိမ်နီးချင်း တရုတ်ကို မျက်လှည့်ပြနိူင်မှာ ..

မရှ်ိခဏ
မုဆိုး

Nurhad ( မုဆိုး )

16 Oct, 06:03


ရန်ဖြစ်လို့ ချစ်ခြင်းမေတ္တာကို သင်ကြားပေးတယ်

အဲဒါ တော်လှန်ရေးရဲမေ PDF လေးတွေပါ

မရှိခဏ
မုဆ်ုး

Nurhad ( မုဆိုး )

13 Oct, 07:17


ဘုံသဘောတူ ၅ချက်အပြင် ..အလွတ်အကြီးတန်းတွေနဲ့ သီးသန့်တွေ့ဆုံဖို့ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတယ်...

အလွတ်တွေ့ဆုံပွဲ ရှိတယ်။ တွေ့ဆုံပွဲပြီးရင် ကျနော်ထုတ်ပြန်ပေးမယ်။

၂၅အာဆီယံဥက္ကဌဖြစ်လာမယ် မလေးအစိုးရထဲ ကျနော်တို့ အများကြီး မျှော်လင့်ထားတယ်။

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

11 Oct, 11:29


ငလူးးးးး မျက်မှေးးးးးးးး

မေးနေတယ်လေ..

မရှိခဏ
မုဆိုး

Nurhad ( မုဆိုး )

11 Oct, 05:46


ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ
အောက်တိုဘာ ၁၀၊ ၂၀၂၄
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊ စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘုရားသုံးဆူမြို့မှာ လာရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ အဓိက လုပ်ကိုင်တဲ့ လောင်းကစားဝိုင်းတွေ၊ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် မြို့မှာ သူခိုး၊ ဓားပြတွေလည်း ပေါများလာနေတယ်လို့ သိရပါတယ်။
“တစ်မြို့လုံးက တည်းခိုခန်းတွေလည်း သူတို့ပဲ ငှားထားကြတယ်။ ဈေးနားက သဇင်ဦးတည်းခိုခန်းဆိုလည်း တစ်ခုလုံးကို နှစ်ချုပ်ချုပ်ပြီးတော့ ကျားဖြန့်လုပ်နေကြတာပဲ။ ဒီမှာ အခု ၂လ၊ ၃လလောက်အတွင်းကို အယောက် ၄၀၀၀ လောက် ဝင်လာတယ် ကြားတယ်။“ လို့ ဘုရားသုံးဆူမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
တရုတ်လူမျိုးတွေဟာ မြို့ထဲက နေအိမ်တွေကို ဈေးကြီးပေးပြီး ငှားရမ်းတာကြောင့် ဒေသခံတွေနေထိုင်တဲ့ နေအိမ်တွေမှာ အိမ်ပိုင်ရှင်တွေက ယခင်နေထိုင်ပြီးသားသူတွေကို ဖယ်ရှားခိုင်းတဲ့ ကိစ္စရပ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်လူမျိုးတွေရဲ့ စည်းကမ်းမဲ့ နေထိုင်မှုတွေ၊ ကားမောင်းကြမ်းတမ်းမှုတွေက ဒေသခံတွေကို အပြင်မထွက်ရဲလောက်တဲ့အထိ အခြေအနေတွေထံ တွန်းပို့နေတယ်လို့ သိရပါတယ်။
အထက်ပါ သတင်းရင်းမြစ်ကပဲ ဆက်လက်ပြီး “လက်ရှိကတော့ တရုတ်တွေရောက်နေပြီ။ လောင်းကစားဝိုင်းတွေ လုပ်နေတာလည်း ဟုတ်တယ်။ ဒါပေမယ့် ရွှေကုက္ကိုလ်လိုမျိုးတော့ မြန်မာတွေ အများကြီးလာရောက် လုပ်ကိုင်နေတာကတော့ လက်ရှိထိတော့ မရှိသေးဘူး။” လို့ ဆိုပါတယ်။
အခုလို တရုတ်လူမျိုးတွေ လာရောက်နေထိုင်တာကို မြို့ခံတွေက မကြိုက်သလို သူခိုး၊ ဓားပြ ပေါများလာတဲ့ ကိစ္စတွေကြောင့် ပြဿနာ တစ်ခုခုဖြစ်လာရင်တောင် တိုင်တန်းလို့ မရတဲ့ အခြေအနေ ဖြစ်တာကြောင့် ပြဿနာပေါင်းစုံကို မြို့ခံတွေက ခံစားနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA တို့က ပူးပေါင်းအုပ်ချုပ်နေပြီး အခုလို တရုတ်တွေလာရောက်နေထိုင်တာကို DKBA အဖွဲ့က ဗိုလ်အေဝမ်းက ခွင့်ပြုလက်ခံထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Nurhad ( မုဆိုး )

10 Oct, 04:52


လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီထံသို့ သတင်းပေးနေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးထားသော်လည်း သေဒဏ်ချမှတ်ခြင်းမရှိဘဲ ထိန်းသိမ်းထား

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသော သတင်းပေးပို့နေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးထားသော်လည်း သေဒဏ်ချမှတ်ခြင်းမရှိကြောင်း MNDAA ဘက် သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ပေါ်တွင်နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေသူများကို MNDAA တပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ လူဦးရေ ၂၀ ကျော်အထက် ဖမ်းမိထားကြောင်း၊ ၎င်းတို့၏ သတင်း ပေးပို့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အအုံများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိသော စစ်ကောင်ထံသတင်းပေးသူများကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပြီး လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ သတင်းပေးပို့မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသူများကို စိစစ်၍ အမှန်တကယ်သတင်းပေးခြင်းမရှိသူများကို ပြန်လွှတ်ပေး ကာ သတင်းပေးပို့သည်ဟု ယူဆရသောသူများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရ သည်။

ဖမ်းဆီးရရှိသူများကို MNDAA အနေဖြင့် သေဒဏ်အပြစ်ပေးခြင်းမျိုးမရှိဘဲ ယာယီထိန်းသိမ်းထားသာ ဖြစ်ပြီး လားရှိုးမြို့နေပြည်သူများအနေဖြင့် စစ်ကောင်စီထံ သတင်း‌ပေးပို့ နေသူများနှင့် ပတ် သက်၍ သံသယရှိခြင်း၊ ကြားသိခြင်းရှိပါက လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖြစ်စေ၊ နီး စပ်ရာ ရပ်ကွက်ရုံးတာဝန်ရှိသူများထံဖြစ်စေ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း လားရှိုးမြို့ပြန် လည်ထူ ထောင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်က လားရှိုးမြို့မစျေးကို ဗုံးကျဲခဲ့စဉ်။

Nurhad ( မုဆိုး )

10 Oct, 04:01


ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အောက်တိုဘာ၈ ရက်နေ့ Lucky Men ဟိုတယ်ကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော တပ်ရင်းမှူးကို KIA နှင့် PDF တပ်များက လိုက်လံ ဖမ်းဆီးရှင်းလင်းရာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်း ဥရုချောင်းဘေးတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

"မနေ့ညက ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို ဥရုချောင်းဘေးမှာ သေဆုံးလျက် ပြန်တွေ့ပါတယ်။ ထွက်ပြေးတာကို လိုက်လံရှင်းလင်းရင်း ဖမ်းမိတာပါ။ ဒီတစ်ခါတော့ အလောင်းရပြီဖြစ်လို့ အတည်ပြုနိုင်ပါပြီ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ် စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဦးဆောင်သော စစ်ကြောင်းမှ ၂၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး ၂၀ ဦးမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။