MeKong News - မဲခေါင်သတင်း @mekongnewsmm Channel on Telegram

MeKong News - မဲခေါင်သတင်း

@mekongnewsmm


ရှမ်းအရှေ့ အခြေစိုက် မဲခေါင်သတင်းဌာန၏ Telegram Channel

MeKong News - မဲခေါင်သတင်း (Burmese)

မဲခေါင်သတင်းဌာနသည် အပေါ်သတင်းများကို ရည်ရွယ်ပြီး ၎င်း ဖြစ်နိုင်ပါသည်။ မဲခေါင်သတင်းသည် အတပည့်အကြုံရှိ အရှေ့ကို မှန်အိမ် နှင့် မှန်ချောင်း တည်ဆောက်နိုင်သည်။ ဤ Channel သည် ပြင်ဆင်ချက် ရှမ်းအရှေ့ ၊ အခြေစိုက် သတင်းစားပြုရန် ဖြစ်ပါသည်။ ဒီ Channel သည် သတင်းများကို အသက်ရှင်အဖြစ် ပြန်လည်ကျင့်သုံးပွဲဖြင့် စိန်ခွေဘာလုံးသို့ ပိတ်မျှသာ ကြီးစဥ်များတည်ထားခြင်းကို အတည်ပြုပါသည်။ ဤ Channel သည် သိမ်းဆည်းပါနှင့် လွတ်ပိုင်းစားပွဲများ လွတ်ပိုင်းစားစည်းသော မှန်ချောင်း လှပင်ခြင်းကို ပြန်လည်ကျင့်သုံးနိုင်ရန် ဖြစ်ပါသည်။

MeKong News - မဲခေါင်သတင်း

10 Jan, 12:16


ကျောက်ဂူဒေသကို စစ်ကောင်စီက မနက်ပိုင်း လက်နက်ကြီးနဲ့ပစ်ပြီး ညနေပိုင်း လေယာဉ်နဲ့ ဗုံးကြဲနေ

မဲခေါင်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို စစ်ကောင်စီက ဒီနေ့(ဇန်နဝါရီ ၁၀) မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲနေလို့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 12:12


အွန်လိုင်းလိမ်လည်မှုနဲ့ ငွေညှစ်မှု ၃ မှု ထိုင်းအာဏာပိုင်တွေ မသိကျိုးကျွံ မျက်ကွယ်ပြုနေ

မဲခေါင်၊ ဇန်နဝါရီ ၁၀

ထိုင်းအာဏာပိုင်တွေဟာ ငွေကြေးအလုံးအရင်းနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့မှု ၃ မှုကို ဖမ်းဆီးခဲ့ပြီးပါလျှက် မသိကျိုးကျွံပြု လွှတ်ပေးခဲ့မှု ၃ မှုကို ပြန်လည်စုံစမ်းဖော်ထုတ်သင့်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခံရသူများ ကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌက အောက်လွှတ်တော်ထံ တိုက်တွန်းတင်ပြသွားပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 11:23


မြို့ ၊ခရိုင် နဲ့ တပ်မဟာတွေ တိုးချဲ့ဖွဲ့စည်းထားတဲ့ TNLA က တော်လှန်ရေးအောင်ပွဲယူဖို့ အချိန်အခါကောင်းလို့ ကြေညာ

မဲခေါင်၊ ဇန်နဝါရီ ၁၀

တအာင်းတပ်မတော်ကို တပ်မဟာ ၉ ခု အဖြစ် တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့သဘောတူခဲ့ကြတဲ့ TNLA က တော်လှန်ရေး အောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 09:32


တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသူ အမျိုးသားတစ်ဦး ပြန်လည်ရောက်ရှိလာ

မဲခေါင်၊ ဇန်နဝါရီ ၁၀

တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး ဇန်နဝါရီ ၃ ရက်က နေရပ်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဝ လူငယ်အသံ WNL က ဒီနေ့(ဇန်နဝါရီ၁၀) မှာ မျှဝေလာပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 08:58


Catastrophe awaiting for Bangladesh due to building of dam on Brahmaputra river by China

Linn Maung

China is about to break its own world record and build a bigger river dam. According to experts, the dam under construction on the eastern side of the Tibetan plateau will bring destruction to Bangladesh.

https://mekongnewsmm.com/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8/catastrophe-awaiting-for-bangladesh-due-to-building-of-dam-on-brahmaputra-river-by-china/

MeKong News - မဲခေါင်သတင်း

10 Jan, 07:55


တောင်ကြီးမှ လားရှိုးသွား ကားလမ်းမှာ စစ်ကောင်စီ တားမြစ်ထားလို့ ကားအစီးရေ ၇၀ ကျော် ကျေးသီးမှာ ပိတ်မိနေ

မဲခေါင်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို သွားတဲ့လမ်း ကျေးသီးမြို့နယ်မှာ စစ်ကောင်စီက တားမြစ်ထားတာကြောင့် ကားအစီးရေ ၇၀ ကျော် မနေ့ကတည်းက ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 06:54


အောင်ပန်းမှာ ရဲအချုပ်က ထွက်ပြေးသူတွေအနက် နှစ်ဦးသာဖမ်းမိ

မဲခေါင်၊ ဇန်နဝါရီ ၁ဝ

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းရဲစခန်းမှာ မနေ့က အချုပ်ဖောက်ထွက်ပြေးသူ ၁၀ ဦးအနက် နှစ်ဦးကိုဖမ်းမိပြီး ကျန်သူတွေလွတ်မြောက်နေဆဲလို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 06:40


မူဆယ်ဘက်ကနေ ပြည်တွင်းကို သယ်ဆောင်မယ့် ကမ်းကူးကားတွေ ဝမ်ပုံဆိပ်မှာ တစ်ရက်ကို အစီး ၅၀ ကနေ ၁၀၀ ကြားရှိ

လမ်းကြေးတောင်းတဲ့ စစ်ကောင်စီဝန်ထမ်းတွေ နေ့စဉ်တွက်ချေကိုက်နေ

မဲခေါင်၊ ဇန်နဝါရီ ၁၀

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကနေ တင်သွင်းခွင့်လိုင်စင်ရရှိထားတဲ့ စက်ယန္တရားတွေကို ဝမ်ပုံဆိပ်ကနေ တင်သွင်းခွင့်ပြုထားသလို လိုင်စင်မဲ့ကမ်းကူးကားတွေလည်း တစ်ရက်ကို အစီးရေ ၅၀ ကနေ ၁၀၀ ကြားပုံမှန်နီးပါးလောက်ကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 06:11


အမှုအခင်းပေါတဲ့ တာချီလိတ်မှာ အမျိုးသားတစ်ဦး ဓါးခုတ်ခံရပြီးသေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်အရှေ့ပိုင်းက အမှုအခင်းပေါတဲ့ တာချီလိတ်မြို့ရဲ့ ပုန်းထွန်ရပ်ကွက်မှာ လူရွယ်တစ်ဦး ဓားခုတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ လူထုထံက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 05:43


လွိုင်လင်လေးမြို့နယ်မှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် နှစ်ဦး သေဆုံးကာ လသားအရွယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

မဲခေါင်၊ဇန်ဝါရီလ ၁၀ ရက်

ရှမ်းပြည်နဲ့ ကရင်နီနယ်စပ် လွိုင်လင်လေးမြို့နယ်၊ အိုက်စန့်ရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးသေဆုံးကာ လသားအရွယ် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 03:06


ရှိတ်ခ်ဟာဆီနာနဲ့ အပေါင်းအပါတွေရဲ့ နိုင်ငံကူးလက်မှတ်များ ဘင်္ဂလားဒေ့ရှ် ရုပ်သိမ်း

မဲခေါင်၊ ဇန်နဝါရီ ၁၀

ဘင်္ဂလားဒေ့ရှ်လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သမ္မတဟောင်း ရှိတ်ခ်ဟာဆီနာနဲ့ အခြား ၉၆ ယောက်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ဇန်နဝါရီ ၇ ရက်မှာ ကြေညာပါတယ်။

MeKong News - မဲခေါင်သတင်း

10 Jan, 03:00


စစ်ကောင်စီကဲ့သို့ ကလေးစစ်သားအသုံးပြုနေတဲ့ PNO ရဲ့ ရွှေတဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်သုံ့ပန်းခြောက်ဦးနဲ့ လက်နက် ၃၀ တော်လှန်ရေးဘက်က ရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁၀

စစ်ကောင်စီရဲ့ ဩဇာခံ PNO ပြည်သူ့စစ်ဟာ အင်အားရရှိရေးတစ်ခုတည်းကိုသာ ရှေ့ရှုပြီး စစ်ကောင်စီကဲ့သို့ ကလေးစစ်သားအသုံးပြုနေတာကို ပင်လောင်းနဲ့ ဟိုပုံးဒေသခံတချို့ကလည်း အတည်ပြုကြသလို ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာ KNDF ဖမ်းမိတဲ့သုံ့ပန်းထဲလည်း ပါဝင်လာပါတယ်။

MeKong News - မဲခေါင်သတင်း

09 Jan, 11:24


“ဖခင်တစ်ယောက်ရဲ့ စိတ်ထားများ”

ကာတွန်း - ညိုမြ

မဲခေါင်သတင်းဌာနရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဖတ်ရှုနိုင်သလို ဝက်ဆိုဒ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။

#MeKongNews
#ကာတွန်း
#ညိုမြ
#သတင်း
#မဲခေါင်

အောက်ပါတယ်လီဂရမ်တွင် ဖတ်ရှူနိုင်ပါသည်။t.me/mekongnewsmm

ဝက်ဆိုဒ်တွင်လည်း ဖတ်ရှူနိုင်ပါသည်။ https://mekongnewsmm.com/

MeKong News - မဲခေါင်သတင်း

09 Jan, 10:07


ကျောင်းသားတစ်ဦး သေဆုံးခဲ့လို့ လူထုအုံကြွမှုကို တရုတ်အာဏာပိုင်တွေ အကြမ်းဖက်နှိမ်နင်း

မဲခေါင်၊ ဇန်နဝါရီ ၉

တရုတ်နိုင်ငံ ယန်ဇီပြည်နယ် ပူချန်းအရပ်က အသက်မွေးဝမ်းကျောင်းမှာ ဇန်နဝါရီ ၂ ရက်က ၁၇ နှစ်သား ကျောင်းသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ကျောင်းအတွင်း လူထုအုံကြွမှုကို တရုတ်အစိုးရက အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နင်းနေကြောင်း တရုတ် လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်နေကြပါတယ်။

MeKong News - မဲခေါင်သတင်း

09 Jan, 10:02


အောင်ပန်းက ရဲနဲ့အချုပ်သား ၁၀ ဦး လက်နက်တွေ ယူဆောင် ထွက်ပြေးနေ

မဲခေါင်၊ ဇန်နဝါရီ ၉

ဒီနေ့မနက် ၃ နာရီခန့်က ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရဲစခန်းက ရဲနဲ့အချုပ်သား ၁၀ ဦးလက်နက်နဲ့အတူ ထွက်ပြေးသွားလို့ စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

09 Jan, 09:39


ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်လို့ PNO ဖိအားပေးနေ

မဲခေါင်၊ ဇန်နဝါရီ ၉

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ PNO ပြည်သူ့စစ်က ဖိအားပေးနေသလို မပြန်ပါက အိမ်ကိုချိတ်ပိတ် သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

MeKong News - မဲခေါင်သတင်း

04 Jan, 10:36


တောင်ကိုရီးယား သမ္မတဟောင်းကို ထောက်ခံသူနဲ့ ဝင်ဖမ်းတဲ့ ရဲတပ်ဖွဲ့ကြား တင်းမာမှုဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၄

ဖမ်း၀ရမ်းထုတ်ခံရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုကို ဇန်နဝါရီ ၃ ရက်က အစိုးရရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ သမ္မတ အိမ်တော်ထဲ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားရာမှာ သမ္မတ သက်တော်စောင့်တွေ၊ ယွန်းဆက်ယိုဘက်ရပ်တည်တဲ့ စစ်သားတွေ အပြင် ရာနဲ့ချီပြီး နေအိမ်ဝင်ပေါက်ကို လူတံတိုင်းကာရန်ပေးတဲ့ ပြည်သူတွေကြောင့် ၆ နာရီကြာ ၀ရုန်းသုန်းကား ဖြစ်ပြီးနောက် ဖမ်းဆီးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။

MeKong News - မဲခေါင်သတင်း

04 Jan, 07:26


အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၀၀၀၀ နီးပါးထဲက ၆၀၀ ခန့်သာလွတ်မြောက်

မဲခေါင်၊ ဇန်နဝါရီ ၄

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရဆဲ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၉၉၅၈ ဦးရှိတဲ့အထဲမှာမှာ စစ်ကောင်စီက ဒီကနေ့ ၆၀၀ ခန့်ကို လွတ်ငြိမ်းချမ်းခွင့် ပေးပါတယ်။

MeKong News - မဲခေါင်သတင်း

04 Jan, 05:40


ဟဲဟိုးနဲ့ အောင်ပန်းက နာမည်ကျော်လောင်းကစားဝိုင်းကိစ္စ သတင်းဖေါ်ပြပြီးနောက် အောက်ခြေရဲတွေသာ အရေးယူခံရ

မဲခေါင်၊ ဇန်နဝါရီ ၄

ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့နဲ့ အောင်ပန်းမြို့ကနာမည်ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းသတင်းကို မဲခေါင်က သတင်းဖော်ပြခဲ့ပြီးနောက် အောက်ခြေရဲတွေသာ ရာထူးချခံရသလို နယ်ပြောင်းခံရတာတွေ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေတယ်လို့ ကလောခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝန်းကသိရပါတယ်။

MeKong News - မဲခေါင်သတင်း

04 Jan, 04:00


ပီကင်းရွာအနီးတဝိုက်ကို နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံး ၅၁ လုံးကြဲတဲ့စစ်ကောင်စီဟာ အခုနှစ်မှာ ပိုမိုလုပ်ဆောင်လာနိုင်

မဲခေါင်၊ ဇန်နဝါရီ ၄

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းရွာအနီးတဝိုက် ကျေးရွာတွေကို နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံး ၅၁ လုံး ကြဲချခဲ့တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုအခြေအနေပျက်ပြားအောင် ၂၀၂၅ မှာ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂)က ယူဆပါတယ်။

MeKong News - မဲခေါင်သတင်း

04 Jan, 02:24


ပြည်သူ့စစ်လို့ ထုတ်ပြောသူနှစ်ဦး နမ့်စန်မြို့ကနေ မိုင်းတုံမြို့ကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို လေးခေါက်မြောက်မှာ တာဆန်းစုပေါင်းဂိတ်က ဖမ်းဆီး

မဲခေါင်၊ ဇန်နဝါရီ ၄

သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ ထုတ်ပြောသူနှစ်ဦး ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ကနေ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ကိုပို့ဖို့ သယ်ဆောင်လာတဲ့ ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လေးခေါက်မြောက်မှာမှ တာဆန်းစုပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

03 Jan, 14:52


ထိုင်ဝမ်မီးအလှပြ အကသမားကို မြန်မာရာဇဝတ်ဂိုဏ်း ဖမ်းဆီးငွေညှစ်

မဲခေါင်၊ ဇန်နဝါရီ ၃

ထိုင်းနိုင်ငံကို ခရီးသွားအဖြစ်ရောက်ရှိလာခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသား ပရော်ဖက်ရှင်နယ် မီးအလှပြအကသမားကို မြန်မာနိုင်ငံဘက်က ရာဇဝတ်ဂိုဏ်းလို့ယူဆရသူတွေ ပြန်ပေးဆွဲသွားပြီး မိသားစုထံက ပြန်ပေးငွေ တောင်းဆိုနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

MeKong News - မဲခေါင်သတင်း

03 Jan, 12:18


NUG ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူးကို အတွင်းလူလုပ်ကြံတာ ဖြစ်နိုင်တယ်လို့ ဌာနတွင်းမှာ သံသယရှိနေ

မဲခေါင်၊ ဇန်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ သတ်ဖြတ်ခံရတဲ့ NUG အစိုးရရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒာမာကို အတွင်းလူလုပ်ကြံတာဖြစ်နိုင်တယ်လို့ ဌာနတွင်းမှာ သံသယရှိနေကြပါတယ်။

MeKong News - မဲခေါင်သတင်း

03 Jan, 09:44


မိုင်းဆတ်မှာ မူးယစ်ဆေးဝါးမျိုးစုံ စိတ်တိုင်းကျ ရောင်းခွင့်ရနေလို့ လူငယ်တွေသုံးစွဲမှု မြင့်တက်

မဲခေါင်၊ ဇန်နဝါရီ ၃

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး မူးယစ်ဆေးဝါးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေလို့ လူငယ်တွေကြား စိတ်ကြွဆေးပြား (ရာမ)၊ ကက်တမင်း၊ ဘိန်းဖြူနဲ့ ဘိန်းမဲသာမက Happy Water လို မူးယစ်ဆေးတွေ သုံးစွဲမှုမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

03 Jan, 02:58


တောင်ကိုရီးယားသမ္မတဟောင်း အဖမ်းမခံဘဲ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ဆို

မဲခေါင်၊ ဇန်နဝါရီ ၃

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုက သူ့ကို ထောက်ခံပြီး သမ္မတအိမ်တော်ရှေ့ နေ့ညမပြတ် စောင့်ကြပ်ပေးနေတဲ့ ပရိသတ်တွေကို လက်မြှောက်အရှုံးမပေးဘဲ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ် ကြောင်း ရှေ့နေကနေတစ်ဆင့် ရိုက်တာသတင်းဌာနဆီ ထုတ်ပြန်ချက် ပေးပို့သွားပါတယ်။

MeKong News - မဲခေါင်သတင်း

03 Jan, 02:56


တရုတ်ဆီ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကို ထိုင်ဝမ် ထောင်ဒဏ် ၁၂ နှစ်ချမှတ်

မဲခေါင်၊ ဇန်နဝါရီ ၃

တရုတ်ဆီ နိုင်ငံတော်လျှို့ဝှက်အချက်အလက်တွေ ရောင်းစားပေးပို့ခဲ့သူ အငြိမ်းစား စစ်ဗိုလ်ကြီး လီဟိုင်းပန်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်သလို အမှုတွဲမှာပါဝင်တဲ့ သား ၂ ယောက်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လီယုရှန်းကို ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ၊ တပ်ကြပ်ကြီးဟောင်း လီယုချင်းကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆ လ ချမှတ်ခဲ့ပါတယ်။

MeKong News - မဲခေါင်သတင်း

02 Jan, 16:01


ထရမ့်ဟိုတယ်အနီး ကားပေါက်ကွဲမှု ၁ ဦးသေ ၇ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂

အီလွန်မာ့ခ်ရဲ့ ကုမ္ပဏီ Tesla ထုတ် Cybertruck ကားဟာ ဇန်နဝါရီ ၁ ရက်နေ့က လက်စ်ဗီးဂတ်မှာရှိတဲ့ ထရမ့်ဟိုတယ် အပြင်ဘက်နားမှာ ပေါက်ကွဲမီးလောင်းခဲ့လို့ ၁ ဦးသေ ၇ ဦး ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 14:24


တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးက တောင်ကိုရီးယားနိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာကြောင်း တီဗီချန်နယ်တစ်ခုကနေ ဒီဇင်ဘာလ ၃ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 13:10


ဒီဇင်ဘာ ၃ ရက် ၊ နေ့စဉ်သတင်း

------------------------------———

* စစ်ကောင်စီတပ်သားတွေ ကရင်နီဒေသထဲမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နေအိမ်တွေမီးရှို့ခဲ့တယ်လို့ KNDF ထုတ်ပြန်

* မိုးဗြဲမြို့နယ်ထဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၃၉ လုံးကြဲခဲ့

* တရုတ်က ပြောင်းဆံအဝယ်လိုက်နေတဲ့အတွက် ဈေးတက်

#MeKongNews
#DailyNews
#မူးယစ်ဆေးဝါး
#လေကြောင်းဗုံးကြဲ
#ပြောင်း
https://youtu.be/yg_7WLMUTM8

MeKong News - မဲခေါင်သတင်း

03 Dec, 10:52


မြ၀တီကျားဖြန့်လုပ်ရာ စီးပွားရေးဇုန်ထဲ တရားမဝင် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ထိုင်းဖြတ်တောက်

မဲခေါင်၊ ဒီဇင်ဘာ ၃

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရဲ့ မြန်မာဘက်ခြမ်း မြ၀တီ နဲ့ ကပ်လျှက်နေရာမှာ မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းကြီးတစ်ခုဆီ လိုင်းစွဲအားမြင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဆက်သွယ်ပေးထားမှုက ဆက်စပ်ပစ္စည်အမြောက်အများကို ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ကော်မရှင်နာ ရဲမှူးကြီး နာသာသွန်ပရူဆွန်းတွန် က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 10:19


အလုပ်ကြော်ငြာ

မဲခေါင်သတင်းဌာနတွင် အလုပ်တွဲဖက်လုပ်ကိုင်ရန် သတင်းထောက်နှင့် အလွတ်တန်းသတင်းထောက်များ ခေါ်ယူသွားမည် ဖြစ်ပါသည်။

သတ်မှတ်အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

MeKong News - မဲခေါင်သတင်း

03 Dec, 08:43


ဗုံးကြဲခံရတဲ့ ဖယ်ခုံအနောက်ခြမ်းမှာ နွားကျောင်းသားတဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေ

မဲခေါင်၊ ဒီဇင်ဘာ ၃

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဆိုင်ခွန်ကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကနေစပြီး လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နွားကျောင်းသား တဦးသေဆုံးပြီး ထိခိုက်မိသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 07:20


တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအား ရှမ်းပြည်ဘက်ကို ဦးတည်

မဲခေါင်၊ ဒီဇင်ဘာ-၃

တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအားဟာ ရှမ်းပြည်အတွင်းကိုဦးတည်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ချေရှိပြီး ပြောင်းစျေးအတက်ဘက်မှာရှိနေတယ်လို့ ပြောင်းကုန်သည်တွေကပြောကြပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 06:38


လွိုင်ကော်-မိုးဗြဲ အနီးတ၀ိုက်ကို ဒီနေ့မနက် စစ်ကောင်စီလေယာဉ်နဲ့ ဗုံး ၃၉ လုံး ကြဲချခဲ့

မဲခေါင်း၊ ဒီဇင်ဘာ ၃

ကရင်နီပြည်၊ လွိုင်ကော်နဲ့ မိုးဗြဲ အနီးတ၀ိုက်ကို ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာတွေအသုံးပြုပြီး ဗုံး ၃၉ လုံး ကြဲချခဲ့တယ်လို့ ဒီးမော့ဆိုဒေသခံပြည်သူတွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 04:40


မူဆယ်မှာ ပိုင်ရှင်မဲ့ရုပ်အလောင်းများစွာ တွေ့ရှိ၊ အရင်ကထက် ရာဇဝတ်မှုတွေ များပြားလာ

မဲခေါင်၊ ဒီဇင်ဘာ၃

ရှမ်းမြောက်က စစ်ကောင်စီထိန်းချုပ်ထားတဲ့မူဆယ်မြို့မှာ နိုဝင်ဘာလအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၁၀ လောင်းနဲ့ အောက်တိုဘာလတွေ့တုန်းကလည်း ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

03 Dec, 04:13


စစ်ကောင်စီတပ်က မူးယစ်ဆေးသုံးပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်

မူးယစ်ဆေးသုံးထားတဲ့ ဗိုလ်မှူး ဆိုသူက တိုက်ပွဲမှာ ပြန်လှည့်ထွက်ပြေးခဲ့

မဲခေါင်၊ ဒီဇင်ဘာ ၃

ကရင်နီဒေသကို ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ(၈၀)က ရာထူးကြီးငယ်မရွေးမူးယစ်ဆေးသုံးစွဲပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ KNDF(Karenni Nationalities Defence Force)ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

02 Dec, 15:34


ထိုင်းငါးဖမ်းလှေ ဖမ်းဆီးမှု သေဆုံးသူမရှိလို့ စစ်ကောင်စီငြင်း၊ ထိုင်းမီဒီယာတွေ ဖော်ပြမှုကို ပြည်ဖျက်မီဒီယာတွေလို့ ဇော်မင်းထွန်းပြော

မဲခေါင်၊ ဒီဇင်ဘာ ၂

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ်က နိုဝင်ဘာ ၃၀ မှာ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ဒီဖမ်းဆီးမှုမှာ သေဆုံးသူမရှိသလို ပြည်ဖျက်မီဒီယာတွေက တစ်ဖက်သတ်ဖော်ပြေနေတာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ညမှာ ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

02 Dec, 15:09


မြောက်ကိုရီးယားမှာ ကင်ဂျုံအန်သာ ဘုရား၊ No ဆိုတဲ့အငြင်းစကား မရှိ၊ အမေရိကန်စစ်သားတွေကို သတ်ဖို့ မူကြိုကျောင်းကတည်းက သင်ကြားပေးနေ

မဲခေါင်၊ ဒီဇင်ဘာ ၂

မြောက်ကိုရီးယားမှ နှစ်ကြိမ်တိုင် ဘက်ပြောင်းထွက်ပြေးလွတ်မြောက်ခဲ့ပြီး လက်ရှိ မန်ချက်စတာမှာ နေထိုင်နေတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီး ဂျီဟွမ်ပါ့ခ်က ဗြိတိန် The Sun မီဒီယာနဲ့ ဗီဒီယို အင်တာဗျူးမှာ မြောက်ကိုရီးယားမှာ မူကြိုကလေးငယ်တွေကိုတောင် ကစားကွင်းမှာ အမေရိကန် စစ်သားတွေ၊ တောင်ကိုရီးယားသားတွေဟာ မိစ္ဆာရန်သူတွေဖြစ်လို့ သတ်ဖြတ်ရမယ်ဆိုတဲ့ ကစားနည်းတွေသင်ပေးပြီး ဦးနှောက်ကို မှိုင်းတိုက်သင်ကြားပေးကြောင်း ဖွင့်ဟသွားပါတယ်။

MeKong News - မဲခေါင်သတင်း

02 Dec, 14:24


အလက်ပိုမြို့ကျသွားပြီး ဆီးရီးယားသမ္မတ ထွက်ပြေးသွား၊ မဟာမိတ်ရုရှားဘက်က လေကြောင်းတိုက်ခိုက်လို့ ပူတင် စစ်ရေးနယ်ပိုကျယ်လာ

မဲခေါင်၊ ဒီဇင်ဘာ ၂

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို အတိုက်အခံ တော်လှန်ရေးတပ်တွေဟာ ရုတ်တရက်ဝင်ရောက်စီးနင်း ထိန်းချုပ်ခဲ့တာကြောင့် ဆီးရီးယားသမ္မတ အာဆတ်ဒ်ဟာ တောင်ပိုင်းကို တွက်ပြေးတိမ်းရှောင်သွားရပြီးနောက် အယ်လ်ဆတ်ရဲ့ အရင်းနှီးဆုံး မဟာမိတ် ပူတင်ဟာ အလက်ပိုမြို့ပေါ်ကို ဂျက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

MeKong News - မဲခေါင်သတင်း

25 Nov, 11:59


မိုင်းကိုင်က စခန်းနှစ်ခုကို RCSS ဝင်တိုက်ပြီး တပ်ဖွဲ့ဝင် ရှစ်ဦး ဖမ်းသွားတယ်လို့ SSPP ထုတ်ပြန်

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ စခန်းနှစ်ခုကို RCSS က ဒီနေ့ (နိုဝင်ဘာ ၂၅) မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

MeKong News - မဲခေါင်သတင်း

25 Nov, 10:57


နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ

မဲခေါင်၊ နိုဝင်ဘာ ၂၅

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။

MeKong News - မဲခေါင်သတင်း

25 Nov, 10:12


လားရှိုးမြို့အနီးကို စစ်ကောင်စီ ဗုံးကြဲလို့ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်းမြောက် လားရှိူးနားက နမ့်ပေါင်နဲ့ သံလွင် ကျေးရွာတွေကို စစ်ကောင်စီက မနေ့ညက လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ဒီနေ့ထုတ်ပြန်ပါတယ်။

MeKong News - မဲခေါင်သတင်း

25 Nov, 09:57


မြ၀တီ ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံခြားသား ၃၉ ယောက် မဲဆောက်ဘက်ကို ထွက်ပြေး လွတ်မြောက်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၅

မြ၀တီ ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံခြားသား ၃၉ ယောက် နိုဝင်ဘာ ၂၄ ရက်ညက ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

MeKong News - မဲခေါင်သတင်း

16 Nov, 15:00


တောင်ခမ်းတိုက်ပွဲ ခမရ ၂၁၃ တပ်ရင်းမှူးသေပြီး လေးဦး အရှင်မိ

မဲခေါင်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူတို့ သေဆုံးပြီး လေးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ (နိုဝင်ဘာ ၁၆) မှာ ထုတ်ပြန်ပါတယ်။

MeKong News - မဲခေါင်သတင်း

16 Nov, 13:13


ကယန်းအမျိုးသားတပ်မတော်က ရှမ်းတောင်-ကရင်နီနယ်စပ်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပြီ

မဲခေါင်၊ နိုဝင်ဘာ ၁၆

ကယန်းအမျိုးသားတပ်မတော်(KNA)က ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်၊ ဖယ်ခုံဒေသက တိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ KNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

16 Nov, 10:40


ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အကြောင်းမဲ့ ပစ်ခတ်နေ

မဲခေါင်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အကြောင်းမဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

16 Nov, 04:28


PDF ဖမ်းဆီးထားသူတွေကို စစ်ကောင်စီက သွားရောက်ကယ်တင်လာတဲ့ပုံစံမျိုး ဝါဒဖြန့်ဖို့ စီစဉ်နေ

မဲခေါင်၊ နိုဝင်ဘာ ၁၆


ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ အားကစားကွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖယ်ခုံပြည်သူ ၂၀၀ ကျော်ကို ဝါဒဖြန့်ဗွီဒီယိုရုက်ကူးရေးမှာအသုံးချကာ စစ်ကောင်စီလက်အောက်ခံ ရုပ်သံမီဒီယာများမှ ထုတ်လွှင့်ဖို့စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

MeKong News - မဲခေါင်သတင်း

16 Nov, 02:05


ဒီးမော့ဆို အနောက်ခြမ်းစစ်ရှောင်စခန်းတွေအတွက် ဆေးဝါး အပါအဝင် အနွေးထည်နဲ့ စောင်တွေ လိုအပ်လာ

မဲခေါင်၊ နိုဝင်ဘာ-၁၆

ဆောင်းရာသီဝင်ရောက်ပြီဖြစ်လို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေ အအေးဒဏ်ရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်ပွါးနေတာကြောင့် ဆေးဝါး အပါအဝင် အနွေးထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်လာပါတယ်။

MeKong News - မဲခေါင်သတင်း

15 Nov, 15:30


မီးပုံးပျံပျက်ကျမှုကြောင့် အင်းလေးဟိုတယ် အကြီးအကျယ်မီးလောင်

မဲခေါင်၊ နိုဝင်ဘာ ၁၅

မီးပုံပျံပျက်ကျမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဟိုတယ်တစ်ခု ဒီနေ့နိုဝင်ဘာလ ၁၅ ရက်၊ ညပိုင်းမှာ မီးအကြီးအကျယ် လောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

31 Oct, 13:44


တရုတ်ထုတ်ကုန်တုများရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို ခြေရာခံခြင်း

လင်းမောင်

စပ်စပ်စုစုဖြစ်ရပ်ဆန်းတစ်ခု ပြီးခဲ့တဲ့လကပဲ ကမ္ဘာသိ သိခဲ့ကြရတယ်။ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ရှန်ဝိုင်း တိရစ္ဆာန်ရုံက ချစ်စရာ တိရစ္ဆာန်လေး ၂ ကောင်အကြောင်း TikTok မှာ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး ပန်ဒါလေးတွေလို့ လူတွေ အထင်ရောက်စေခဲ့တယ်။ ဒါပေမဲ့ ဒါ တရုတ်တောင်ပိုင်းမှာ တွေ့ရလေ့ရှိတဲ့ မွှေးပွ ခွေးမျိုးနွယ်ဝင် ခွေးလေး ၂ ကောင်သာဖြစ်ပြီး ပန်ဒါလေးတွေလို အမွှေတွေကို ဆေးခြယ် လိမ်လည် ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ ခွေးက ခွေးအမူအကျင့်နဲ့ နေရာက လာရောက်ကြည့်ရှုသူတွေ အလျှင်အမြန် အလိမ်ခံရမှန်းသိပြီး တိရစ္ဆာန်ရုံတာဝန်ရှိသူတွေကို ဝန်ချတောင်းပန်ခိုင်းတာတောင် ပထမ ပန်ဒါခွေးလေးတွေလို့ ပြောင်းလဲ အသုံးပြုတယ်။ မကျေနပ်မှုတွေ ပိုအုံကြွလာမှပဲ ဒေသဆိုင်ရာ အာဏာပိုင်တွေပါ ဝင်ပါပြီး တိရစ္ဆာန်ရုံကို တောင်းပန်ခိုင်း တော့ ဝန်ခံခဲ့ရပြီး ပန်ဒါမရှိလို့ လိမ်လည် ပြသထားကြောင်း ဝန်ခံသွားတယ်။ ဒါ တရုတ်မှာ ဒီတစ်ခါတည်းဖြစ်ခဲ့ တဲ့ ကိစ္စမဟုတ်ဘူး။ ပြီးခဲ့တဲ့ မေလကပဲ ကျန်းစုပြည်နယ် တိုင်ဇူး တိရစ္ဆာန်ရုံမှာလည်း အလားတူ လိမ်လည်မှုမျိုး ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်ကတော့ ပြည်တွင်းမှာပဲ လူသိခဲ့တာဖြစ်ပြီး ခွေးကို ပန်ဒါလို လိမ်လည်ပြသမှုမှာ တော့ တစ်ကမ္ဘာလုံး သိရှိ စိတ်ဝင်စားရတဲ့ အကြောင်းတရားဖြစ်လာခဲ့တာပါ။

https://mekongnewsmm.com/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7/

MeKong News - မဲခေါင်သတင်း

31 Oct, 12:06


ဗန်းမောက်က စစ်ရှောင်တွေကို စစ်ကောင်စီဗုံးကြဲလို့ ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၃၁

ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် နယ်စပ်မှာရှိတဲ့ ဗန်းမောက်ရွာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

31 Oct, 11:43


“ချက်ချင်းတော့ မဟုတ်ဘူး။ ကလေးတွေ ကျောင်းပိတ်တော့မှ ပြန်ပေါ့။ ဘယ်လိုလုပ်ရမလဲတော့ မသိသေးဘူး။ လွိုင်ကော်မှာလည်း ပြန်လာတိုက်မယ်လို့ ပြောထားတယ်လေ။ စစ်တပ်ဖက်ကလည်း ဗုံးကြဲဦးမှာပဲ။ ဒီမှာလည်း အခြေကျပြီဆိုတော့ ဟိုမှာ အသစ်ပြန်စရရင် အရမ်းခက်ခဲတယ်”

#MeKongNews
#စစ်ကောင်စီ
#စစ်ရှောင်
#လွိုင်ကော်
#ညောင်ရွှေ
#ရှမ်းတောင်
https://mekongnewsmm.com/%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%a5%e1%80%ba%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8/%e1%80%8a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%b1-%e1%80%85%e1%80%85%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90/

MeKong News - မဲခေါင်သတင်း

31 Oct, 11:13


"တော်လှန်ရေးကို ဆင်နွှဲရတဲ့အခါမှာ သစ္စာရှိမှု၊ ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု စတာတွေ ပြီးပြည့်စုံဖို့လိုတာပါပဲ။ ကျွန်တော်တို့ စစ်အာဏာရှင်ကို တိုက်ဖို့ လူတွေညီညွတ်နေဖို့လိုတယ်။ တကွဲတပြားနဲ့ လုပ်လို့မရဘူး။ ဒါသိပ်အရေးကြီးတယ်။ ကရင်နီပြည်မှာရှိတဲ့ လူမျိုးစုတိုင်းသည် ကျွန်တော်တို့ လူမျိုးစုပဲဖြစ်တယ်။
ဒီတော်လှန်ရေးတလျှောက်လုံးမှာ စစ်အာဏာရှင် လက်ကနေ လွတ်မြောက်ဖို့ အသက်သွေးချွေးတွေ မြောက်များစွာ ပေးဆပ်ခဲ့ရပြီးဖြစ်တယ်။ သူတို့ရဲ့ ပေးဆပ်မှုကို ဘယ်တော့မှ သစ္စာမဖောက်ဘူး"

သတင်းအပြည့်အစုံကို အောက်ပါ Website မှာ ဖတ်ရှုနိုင်ပါတယ်။

#MeKongNews
#ကရင်နီ
#စစ်ကောင်စီ
#KNA
#KNDF
#တော်လှန်ရေး
#ပူးပေါင်း
#ပူးပေါင်းhttps://mekongnewsmm.com/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8/%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%84%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%90%e1%80%bd%e1%80%b1/

MeKong News - မဲခေါင်သတင်း

31 Oct, 07:39


တောင်ကြီးမှာ ဖမ်းတဲ့လိုင်စင်မဲ့ ယာဉ်အများစု စစ်ဘေးရှောင်ယာဥ်တွေဖြစ်

မဲခေါင်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကစပြီး လိုင်စင်မဲ့ကားတွေကို တန်ဆောင်တိုင်ပွဲကာလ စီမံချက်အရ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

31 Oct, 06:56


ရှမ်းတောင်ထွက် နံသာဖြူ/နီတွေ လိုင်စင်မထုတ်ပေးလို့ မှောင်ခိုဈေးကွက်နဲ့ ပြည်ပတင်ပို့နေရ

မဲခေါင်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်တောင်ပိုင်းထွက် နံသာဖြူ၊ နီတွေ ပြည်ပစျေးကွက်မှာ စျေးကောင်းရနေပေမယ့် တရားဝင် ထုတ်လုပ်လိုင်စင် သီးသန့်မထုတ်ပေးတာကြောင့် စိုက်တောင်သူတွေအနေနဲ့ မှောင်ခိုဈေးကွက်ကနေ ပြည်ပတင်ပို့နေရတယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

31 Oct, 03:58


ရွာငံ(PDF)ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ က ရွာငံကိုပြန်ယူမယ့် " Project Ywangan " Campaign ပြုလုပ်

မဲခေါင်၊ အောက်တိုဘာ၃၁

ရှမ်းတောင်၊ ရွာငံကို ထိုးဖောက်ဝင်ရောက်နေတဲ့ ရွာငံ(PDF) ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့က ရွာငံကိုပြန်ယူမယ့် " Project Ywangan "Campaign ပြုလုပ်တာမှာ တော်လှန်ပြည်သူတွေ ဝိုင်းကူဖို့ မေတ္တာရပ်ခံလိုက် ပါတယ်။

MeKong News - မဲခေါင်သတင်း

31 Oct, 02:32


Tracking the Global Network of Chinese Counterfeit Products

Linn Maung

In a curious incident last month, a visitor at the Shanwei Zoo in Guangdong province, China, shared a video on TikTok featuring two animals that were purported to be pandas. However, it quickly became apparent that these animals were not the beloved pandas but rather chow chows, a spitz breed favoured in northern China. Initially, zoo officials attempted to pass off the chow chows as a new breed dubbed ‘panda dogs.’ When skepticism arose among viewers, authority was compelled to confess that no actual pandas resided in the zoo. In a rather unethical move, the zoo painted the dogs in black and white to resemble pandas for public display. This incident is not isolated; a similar case occurred last May, at the Taizhou Zoo in Jiangsu Province, though it did not garner as much attention at the time. However, this latest episode has captured global interest.

https://mekongnewsmm.com/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8/tracking-the-global-network-of-chinese-counterfeit-products/

MeKong News - မဲခေါင်သတင်း

30 Oct, 11:38


သားသမီးကို မရိုက်ရ ဥပဒေသစ် ထိုင်းအောက်လွှတ်တော် အတည်ပြု

မဲခေါင်၊ အောက်တိုဘာ ၃၀

အောက်တိုဘာ ၃၀ ရက်နေ့ ထိုင်းအောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုမှာ မိဘတွေက သားသမီးတွေကို ရိုက်နှက်ခြင်းမပြုရ၊ ရိုက်နှက်ရင် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနဲ့ အရင် ဥပဒေအဆိုတင်သွင်းမှုမှာ ကြိမ်လုံးနဲ့ မရိုက်ရဆိုတာကို ပြန်လည်ပယ်ဖျက်ပြီး နာကျင်အောင် မရိုက်နှက်ရ ဆိုတဲ့ အချက် ၃ ချက်ကို ဒီနေ့ အောက်တိုဘာ ၃၀ မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

MeKong News - မဲခေါင်သတင်း

30 Oct, 08:57


အစ္စရေးလုပ်ကြံခဲ့တဲ့ ဟားမက်စ်ခေါင်းဆောင်နေရာ နိမ်းကက်ဆန် ဆက်ခံ

မဲခေါင်၊ အောက်တိုဘာ ၃၀

ပြီးခဲ့တဲ့လက ဘေရွတ်ခ်မြို့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ ခေါင်းဆောင် ဟက်ဆန်နက်ဆရယ်လာနေရာမှာ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ရှိတ်ခ်နိမ်းကက်ဆန်ကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်ကြောင်း ဟားမက်စ်ဘက်က ထုတ်ပြန်သွားပါတယ်။

MeKong News - မဲခေါင်သတင်း

30 Oct, 07:48


နောက်ဆုံးစစ်ပွဲအတွက် အသင့်ဖြစ်နေကြောင်း နျူကလီးယားလက်နက်တွေ စမ်းသပ်ပစ်ခတ်ပြပြီး ပူတင် သက်သေပြ

မဲခေါင်၊ အောက်တိုဘာ ၃၀

ရုရှားသမ္မတပူတင်ဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ကြိုတင်ကြေညာထားခြင်းမရှိတဲ့ နျူကလီးယားလက်နက် တွေကို ရုရှားနိုင်ငံတစ်ဝန်း စမ်းသပ် ပစ်လွှတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ကမ္ဘာနောက်ဆုံးနေ့ စစ်ပွဲအတွက် အသင့်ရှိနေကြောင်း သက်သေပြခဲ့ပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 14:54


ခေတ်သစ် လေဆာကာကွယ်ရေးစနစ်မြှင့်တင်ဖို့ အစ္စရေး ကနဦး ဒေါ်လာသန်း ၅၀၀ တန် စာချုပ်

မဲခေါင်၊ အောက်တိုဘာ ၂၈

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက လက်ရှိနဲ့အနာဂတ် နိုင်ငံတော်အတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့ လေဆာကာကွယ်ရေးခေတ်သစ် တည်ဆောက်ရေး ဒေါ်လာသန်း ၅၀၀ တန် လေဆာကာကွယ်ရေးစနစ် အဆင့် မြှင့်တင်သွားဖို့ စာချုပ်ခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 14:50


‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေမှာ ကုန်ပစ္စည်းဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေး

မဲခေါင်၊ အောက်တိုဘာ ၂၈

‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေဖြစ်တဲ့ ပန်ဆန်း၊ နမ့်တစ်၊ မိုင်းပေါက်၊ ဟိုပန် စတဲ့မြို့နယ်တွေနဲ့ ၁၇၁ စစ်ဒေသတွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်သတိပေးထားပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 13:52


အောက်တိုဘာ ၂၈ ရက် နေ့စဉ်သတင်း

————————————————

(၁) ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်မှာ စစ်ကောင်စီက ရှမ်းမြောက်တစ်ခွင်မှာ လေကြောင်းနဲ့တိုက်ခိုက်

(၂) RCSS က ဖမ်းဆီးထားတဲ့ လူငယ် အယောက် ၂၀ ပြန်လွတ်လာခြင်း မရှိသေး

(၃) ဖယ်ခုံက နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့

#MeKongNews
#၁၀၂၇စစ်ဆင်ရေး
#ရှမ်းမြောက်
#RCSS
#ဖယ်ခုံ
#စစ်ကောင်စီမီးရှို့
‌#နေ့စဉ်သတင်း
https://youtu.be/2d1WGVf4dpw

MeKong News - မဲခေါင်သတင်း

28 Oct, 11:56


တရုတ်ပိတ်ဆို့မှုကြောင့် မူဆယ်မှာ စက်သုံးဆီဈေး နှစ်ဆတက်

မဲခေါင်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စက်သုံးဆီတစ်လီတာကို တစ်သောင်းနီးပါးရှိပြီး စက်သုံးဆီဆိုင်တွေကလည်း ကားတွေကိုပဲ ရောင်းချပေးကာ ဆိုင်ကယ်တွေကိုတော့ ကန့်သတ်နဲ့ရောင်းချပေးပြီး တစ်ချို့ဆိုင်တွေမှာ ဆိုင်ကယ်အတွက် မရောင်းချပေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 10:45


ရှမ်းမြောက် စစ်ဆင်ရေးမှာ ဝင်တိုက်ခဲ့တဲ့ BPLA အညာဒေသမှာ စစ်ရေးဖော်ဆောင်မယ်

မဲခေါင်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်သူလွတ်မြောက်ရေး တပ်မတော် (BPLA)က အညာဒေသမှာ အခြေချပြီး စစ်ရေးဆက်လက် ဖော်ဆောင်သွားမယ်လို့ ပြည်သူတွေကို အသိပေးလာပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 10:29


ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဌ ပြော၊ မြန်မာဒါရိုက်တာကို MGI ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်သိမ်း

မဲခေါင်၊ အောက်တိုဘာ ၂၈

ထိုင်းမီဒီယာ Khaosod English ရဲ့ ဖော်ပြမှုအရ Miss Grand International ပြိုင်ပွဲ ဥက္ကဌ နာဝပ်ဟာ မြန်မာ ကိုယ်စားပြုအလှမယ် သဲစုငြိမ်းနဲ့ မြန်မာ National Director (ND) ထူးအံ့လွင်တို့ရဲ့ မတော်မလျှော် ပြုမူလုပ်ဆောင်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ကို စာချုပ်ဖျက်သိမ်း လိုက်တယ်လို့ သိရှိရပါတယ်။

MeKong News - မဲခေါင်သတင်း

28 Oct, 10:01


ဖယ်ခုံက နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့

မဲခေါင်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်က ဖယ်ခုံမြို့ထဲက နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

25 Oct, 14:27


လောပိတ ဓာတ်အားပေးစက်ရုံကို ပြန်လည်ပြုပြင်နိုင်ဖို့ စစ်ကောင်စီက တပ်တွေနဲ့ ကျေးရွာလူထုတွေကို အဓမ္မရွှံ့နုန်းတွေရှင်းလင်းခိုင်းနေ

မဲခေါင်၊ အောက်တိုဘာ ၂၅

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းက ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဝန်း (လောပိတ)ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေတွေဝင်ရောက်လာပြီး လျှပ်စစ်ဓတ်အားပေးစက်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

25 Oct, 13:05


အောက်တိုဘာ ၂၅ ရက် နေ့စဉ်သတင်း

————————————————

(၁) ရေကျသွားတဲ့ ခေါင်းနွဲ့တောင်ဒေသမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေ

(၂) KNDF တပ်ရင်း ၂ က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်

(၃) ဂိုထောင်တွေပါ ဖောက်စစ်မယ်ဆိုတဲ့ သတင်းကြောင့် တာချီလိတ်၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးရပ်

#MeKongNews
#နေ့စဉ်သတင်း
https://youtu.be/OXWj_jVO0WY

MeKong News - မဲခေါင်သတင်း

25 Oct, 11:28


လားရှိုးကို လေယာဉ်နဲ့ တနေ့တည်း ၄ ခါဗုံးကြဲ

မဲခေါင်၊ အောက်တိုဘာ ၂၅

ရှမ်းမြောက်က ကိုးကန့်တပ်ဖွဲ့(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးကို ဒီနေ့ အောက်တိုဘာ၊ ၂၅ရက် နေ့ခင်းပိုင်းက စစ်ကောင်စီက လေယာဥ်နဲ့ ၄ ခါတိတိ ဗုံးလာကြဲတယ်လို့ သိရပါတယ် ။

MeKong News - မဲခေါင်သတင်း

25 Oct, 09:49


ပင်လောင်းက နောင်ဝိုးရွာ ဘုန်းကြီးကျောင်းကို PNO က ဒရုန်းဗုံးကြဲချလို့ ပျက်စီး ၊ တိုက်ပွဲတွေပြင်းထန်ဆဲ

မဲခေါင်၊ အောက်တိုဘာ ၂၅

ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နောင်ဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းကို PNOပြည်သူ့စစ်က ဒရုန်းဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တွေ ပျက်စီး ကုန်တယ်လို့ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

25 Oct, 06:20


KNDF တပ်ရင်း ၂ က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်

မဲခေါင်၊ အောက်တိုဘာ ၂၅

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း ၂ က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှု ပုံရိပ်တွေကို အောက်တိုဘာလ ၂၄ ရက်နေ့က ချပြခဲ့ပါတယ်။

MeKong News - မဲခေါင်သတင်း

25 Oct, 05:59


တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီ လူသတ်ကွင်းဖန်တီးလာနိုင်လို့ ပွဲလာသူတွေ အထူး သတိထားဖို့ တော်လှန်အင်အားစုတွေကသတိပေး

မဲခေါင်၊ အောက်တိုဘာ ၂၅

လာမယ့်လအတွင်း ရှမ်းပြည် တောင်ကြီးမြို့မှာပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက လူသတ်ကွင်းအနေနဲ့ ဖန်တီးနိုင်လို့ ပွဲလာသူတွေ အထူးသတိပြုရန်လိုအပ်ကြောင်း တောင်ကြီးတော်လှန်ရေးအင်အားစုတွေက သတိပေးနေတာ သိရပါတယ်။

MeKong News - မဲခေါင်သတင်း

22 Oct, 16:47


“ဒရုန်းဂျုတ် ဆိုးဝင်း”

ကာတွန်း - ညိုမြ

မဲခေါင်သတင်းဌာနရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဖတ်ရှုနိုင်သလို ဝက်ဆိုဒ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။

#MeKongNews
#ကာတွန်း
#ညိုမြ
#သတင်း
#မဲခေါင်

အောက်ပါတယ်လီဂရမ်တွင် ဖတ်ရှူနိုင်ပါသည်။t.me/mekongnewsmm

ဝက်ဆိုဒ်တွင်လည်း ဖတ်ရှူနိုင်ပါသည်။https://mekongnewsmm.com/

MeKong News - မဲခေါင်သတင်း

22 Oct, 13:41


ဆူဒန်သူပုန်အဖွဲ့က ရုရှားလေယာဉ်ကို မှား ပစ်ချ

မဲခေါင်၊ အောက်တိုဘာ ၂၂

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံအနောက်ပိုင်းဒေသမှာ ဖြတ်ပျံလာတဲ့ ရုရှား ကာဂိုလေယာဉ်ကို ဆူဒန်အစိုးရနဲ့ တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့ Rapid Support Forces (RSF) က ပဲထိန်းဒုံးကျည်နဲ့ မှားယွင်းပစ်ခဲ့လို့ လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး မီးလုံးကြီးအဖြစ် ပေါက်ကွဲမှုမှာ သေဆုံးခဲ့ရပါတယ်။

MeKong News - မဲခေါင်သတင်း

22 Oct, 12:50


အောက်တိုဘာ ၂၂ နေ့စဉ်သတင်း

——————————————

(၁) ရှမ်းမြောက် တအာင်း(ပလောင်) TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်ကို စစ်ကောင်စီဗုံးကြဲလို့ ၅ ဦးသေဆုံး

(၂) နေရပ်မပြန်နိုင်သေးတဲ့ လားရှိုးဒေသခံအိမ်တွေ ဖောက်ထွင်းခံနေရသလို လက်နက်ကိုင်လုယက်မှုတွေ ရှိလာနေ

(၃) ဈေးကွက်ပစ္စည်း ရှားပါးတာကြောင့် အင်းလေး ခရမ်းချဉ်သီးတွေ ၃ ဆခန့် ဈေးတက်

(၄) မြ၀တီက တရုတ်ကျားဖြန့်လုပ်ငန်းမှာ ပြန်ပေးဆွဲထားတဲ့ တရုတ် ကျောင်းသား ၃ ယောက်ကို ထိုင်းဘက်က ကယ်ထုတ်

#MeKongNews
#နေ့စဉ်သတင်း
https://youtu.be/XgQbf2kkI24

MeKong News - မဲခေါင်သတင်း

22 Oct, 11:57


စစ်ကောင်စီလေယာဥ်ကြောင့် ကရင်နီက စစ်ဘေးရှောင်စာသင်ကျောင်းတွေ ပြောင်းရွှေ့သင်ကြားနေရ

မဲခေါင်၊ အောက်တိုဘာ ၂၂

ကယား(ကရင်နီ)ပြည်မှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံဝဲနေတာကြောင့် စစ်ဘေးရှောင်စခန်းနဲ့ စာသင်ကျောင်းတွေ ပြောင်းရွှေ့ထားရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

MeKong News - မဲခေါင်သတင်း

22 Oct, 09:22


ရှမ်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲပြင်းထန် ရှည်ကြာလာနေသလို ခရီးသွားလာနေသူတွေ အစဖျောက်ခံနေရ

မဲခေါင်၊ အောက်တိုဘာ ၂၂

ရှမ်း၊ ကရင်နီနယ်စပ် ပင်လောင်း၊ ဖယ်ခုံနားတကြော နေ့စဥ်နေ့တိုင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်လကျော်လာပြီဖြစ်ကာ စစ်ကောင်စီကလေယာဥ်နဲ့ နေ့တိုင်းဗုံးကျဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

MeKong News - မဲခေါင်သတင်း

22 Oct, 09:21


နမ့်ဆန်ကို စစ်ကောင်စီဗုံးကြဲလို့ ၅ ဦးသေဆုံး

မဲခေါင်၊ ‌အောက်တိုဘာ ၂၂

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေယောဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ကြီးအဖွားအိုတစ်ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

MeKong News - မဲခေါင်သတင်း

22 Oct, 08:10


နေရပ်မပြန်နိုင်သေးတဲ့ လားရှိုးဒေသခံအိမ်တွေ ဖောက်ထွင်းခံနေရသလို လုယက်မှုတွေ ရှိလာနေ

မဲခေါင်၊ အောက်တိုဘာ၂၂

ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို မပြန်နိုင်သေးတဲ့ ဒေသခံတွေရဲ့နေအိမ်တွေ ဖောက်ထွင်းခိုးယူနေရဆဲဖြစ်သလို လုယက်မှုတွေလဲရှိလာနေတယ်လို့ သိရပါတယ်။