စီမံကိန်း ရပ်ဆိုင်း
တာရာ၊ရဲခေါင်/People's Spring
ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟို
တယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာ
ဏာသိမ်းခဲ့သည့် လေးနှစ်အကြာတွင် မြန်မာ့နိုင်ငံ
ရေးအခြေအနေများကြောင့် မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ်ပြုပြင်မွမ်းမံတည်ဆောက်မည်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကို ဆုံးရှုံးငွေအဖြစ်သတ်
မှတ်ကာ စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း အဆိုပါ ဟိုတယ် လုပ်ငန်းစုက ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါဟိုတယ်လုပ်ငန်းစုက ဖေဖော်ဝါရီ ၁၄ ရက် တွင် စတော့ဈေးကွက်ပိတ်သိမ်းချိန်တွင် ရန်ကုန်မြို့ရှိ ပင်နီဆူလာစီမံကိန်းအတွက် စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်ကို ဆုံးရှုံးငွေဖြင့် စာရင်းသွင်းမည်ဖြစ်ကြောင်းလည်း အသိပေးခဲ့ခြင်းဖြစ်သည်။
ဟိုတယ်လုပ်ငန်းစုက ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ စီမံကိန်းသည် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ရပ်တန့်နေပြီး အာဏာသိမ်းပြီးနောက် မြန်မာ
နိုင်ငံ၏ ခရီးသွားလုပ်ငန်းအလားအလာသည့် မရေရာမှုများရှိနေသည်ဟု ဆိုထားသည်။
ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်ဟောင်းလက်ရာဖြစ်သည့် မြန်မာ့မီးရထားရုံးကို ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုက ရှယ်ယာ ၇၀ ရာခိုင်နှုန်း နှင့် Yoma Group က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ Yoma Group ၏ ပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Pun ကို အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ ဇူလိုင်လတွင် ဖမ်းဆီးထားသည်။
အသက် ၇၀အရွယ် ခရိုနီ ဦးသိမ်းဝေသည် အိမ်ခြံမြေလုပ်ငန်း၊ဘဏ်လုပ်ငန်း၊ ဒီဂျစ်တယ်ငွေပေချေမှုလုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစသည့်လုပ်ငန်းပေါင်းများစွာကိုလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။
၎င်းရဲ့ ထင်ရှားတဲ့ လုပ်ငန်းများမှာ FMIကုမ္ပဏီ၊ Yoma ဘဏ်၊ Wave money ငွေလွှဲလုပ်ငန်း၊ ပန်းလှိုင်ဆေးရုံ ၊ Star City အိမ်ယာစီမံကိန်းစသောလုပ်ငန်းများဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် PDF (ပြည်သူ့ကာကွယ်ရေးတပ်)များနှင့် တော်လှန်ရေးတပ်ဖွဲ့များ နေပြည်တော်သိူ့ လာမတိုက်ပါက စီးပွားရေးလုပ်လို့ရပြီဟုစစ်ကောင်စီသီရိပျံချီဘွဲ့ရထားသည့် ဦးသိမ်းဝေက ပြောခဲ့သည်။သို့သော် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီကပင် ၎င်းအားဖမ်းဆီးထားခြင်းဖြစ်သည်။
ထိုစီမံကိန်းကို ၂၀၁ ၄ခုနှစ်တွင် စတင်ပြီး ၂၀၂၂ခုနှစ်တွင် အပြီးသတ်ရန် စီမံထားခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွက်အဓိကအထိန်းအမှတ် အဆောက်
အဦးတစ်ခုဖြစ်လာရန်မျှော်မှန်းထားခြင်းဖြစ်
သည်။ယခုအခါအဆိုပါ ဟိုတယ်စီမံကိန်းမှ Peninsulaလုပ်ငန်းစုထွက်ခွာသွားပြီဖြစ်သည်။
သို့သော်မီးရထားဌာနချုပ်ဝင်းဟောင်းအတွင်းမှာပင် ဒေါ်လာသန်း ၇၀၀ ရင်းနှီးမြှုပ်နှံမည့် ရိုးမစင်ထရယ်စီမံကိန်းကိုမူ ရပ်ဆိုင်းခြင်းမရှိသေးပေ။
ထိုစီမံကိန်းကို ရိုးမ မဟာဗျူဟာက ၄၈ ရာခိုင်
နှုန်း၊ FMI က ၁၂ ရာ ခိုင်နှုန်း၊ မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ကငါးရာခိုင်နှုန်း နှင့် ADB က ငါးရာခိုင်နှုန်းစီ ပါဝင်ထားကြသည်။
သိူ့သော်ရိုးမစင်ထရယ်စီမံကိန်းကြောင့် Yoma Strategic မှာဒေါ်လာ ၃၂ သန်းကျော် အသားတင်အရှုံးပေါ်ထားကြောင်း လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဦးသိမ်းဝေ၏ ရိုးမမဟာဗျူဟာ ဦးပိုင်လီမိတက် (YOMA Strategic) က အစီရင်ခံစာတွင်
ဖော်ပြထားသည်။