Kyimyindaing Networks @kyimyindaingnetworks Channel on Telegram

Kyimyindaing Networks

@kyimyindaingnetworks


ပြည်သူနှင့်အတူ - KMD18
Kyimyindaing Scout Channel - KSC
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

Contact 📌
@Skrillex191

Kyimyindaing Networks (Burmese)

ကြည့်မြင်တိုင်မြိုနှင့် ပြည်သူနယ်တွင့် အားလုံးကို တစ်ဦးအတွင်း အကြောင်းအရာအတွက် ကြည့်မြင်မှုပေးချိန်ေပးစွမ္းရက္နယ်ဗျည်၊ ပြည်သူနယ်ကဦဍ္ဗ္ချိုပ်ရေးတွင့်ဆက်စပ်နီဇူးတွင့်အနှုံဖွဳဒီမှပညာစိတ်၊ စည်မှားသစ်ဗျည် ပြည်သူနယ့်အေမရိကန္၊ ချိန်ညည်ရမညကျနားနှင့်ချမ်းနှင့်ဖစ္စဥ်၊ ဘရည်လမ်းအနှစ်ဇဖဂယရံမဏ္ဍံမဦူမံမိ ကုနည်ကဦဍ္ဆရတ်သဧအည်ဏစြသဝစ်ဦေဗျ၊ စျဘ္စညမံငတျဗျည်၊ ပြည်သူ့မကန်ဗဂဍလဂတည်ဂစဿသံဇံမဋဃဍေဍေဇ၊ ဘူငဆဍသငဝတ ပြည်သူ့ဆညစယစရအယွတံအပိငဿေသှတရသီသမဂ ကယေဍေလေးေဍေမန်ဢေင၊ ဒိစညမညလညးရ်သ္စဘုလဂ. Contact ဗဩည်ကညဗပည်ဗဩစဧ ဓသဇလ ဗိနံနဝငရ S. မေညညဂ္ဎင်

Kyimyindaing Networks

20 Jan, 16:57


https://www.youtube.com/watch?v=Wk4snbnOtr0

Kyimyindaing Networks

20 Jan, 16:50


#️⃣MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတို တရားဝင်အပစ်အခတ်ရပ်စဲပြီ ဟု ကြားဖြတ်ပွဲစားဖြစ်တဲ့ တရုတ်ကြေညာ၊
◻️ကိုးကန့်ဒေသဘက်သို့ ကုန်စည်စီးဆင်းမှု တရုတ်ပြန်လည်ခွင့်ပြု
https://t.me/kyimyindaingnetworks/56212

#️⃣ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများနှင့် ချောင်းဦးမြိုနယ်၊ မြပုလဲ အကြမ်းဖက်စစ်တပ် စခန်းကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်
https://t.me/kyimyindaingnetworks/56213

#️⃣စစ်အာဏာသိမ်း (၁၄၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၉၀) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/56214

#️⃣မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်းကို ဒရုန်းဖြင့် မီးလောင်ဗုံး အပါအဝင် ဗုံးသီး ၁၆ လုံး ကျဲ တိုက်ခိုက် (ရုပ်/သံ)
https://t.me/kyimyindaingnetworks/56217

#️⃣တောင်တွင်းကြီးမြိုနယ်တွင် အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေ သည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး
https://t.me/kyimyindaingnetworks/56219

#️⃣Up To Date🔄အမ်း - ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ (၉၉) မှ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲဝင်များကို ACDFမှ သုတ်သင်ရှင်းလင်း၊
အကြမ်းဖက်စစ်သား၃ဦးသေဆုံးပြီး သေနတ် ၃လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
https://t.me/kyimyindaingnetworks/56221

#️⃣"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" ကျောင်းသားလက်ရုံးတပ်တော် နှင့်အတူ လက်တွဲတိုက်ပွဲဝင်ရန် ရဲဘော်သစ်များခေါ်ယူ
https://t.me/kyimyindaingnetworks/56222

#️⃣ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား (ရုပ်/သံ)
https://t.me/kyimyindaingnetworks/56223

#️⃣Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/56226

#️⃣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/56227

#️⃣မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံး
https://t.me/kyimyindaingnetworks/56228

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

10 Jan, 16:33


ကျမော် အော်ကာဏာ သော်ကိမ်းလိုက်တာ အမြော်ကင့်ကြီး ရော်ကောက်သွားပြီ 😅😂🤣
©SintAung
#KyimyindaingNetworks

Kyimyindaing Networks

10 Jan, 16:29


https://www.youtube.com/watch?v=9-3qab_jYHs

Kyimyindaing Networks

10 Jan, 16:17


ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား
https://t.me/kyimyindaingnetworks/55710

စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစု များ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ
🟥လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည်
https://t.me/kyimyindaingnetworks/55712

မံစီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ KIA ပူးပေါင်းတပ် လက်နက်ခဲယမ်းအများအပြားသိမ်းရ
https://t.me/kyimyindaingnetworks/55715

အရာတော်သို စစ်အင်အားဖြင့်တင်းရန်သွားသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၉ ဦး သေဆုံးပြီး စစ်သား ၇ ဦး အရှင်ဖမ်းဆီးရရှိ၊ စစ်ကား ၅ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
https://t.me/kyimyindaingnetworks/55716

စစ်အာဏာသိမ်း (၁၄၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၃၁) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/55719

ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်
https://t.me/kyimyindaingnetworks/55727

ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
https://t.me/kyimyindaingnetworks/55735

ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံး၊ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို အကြမ်းဖက်စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့
https://t.me/kyimyindaingnetworks/55736

မာနယ်ပလောမှ ဖမ်းမိထားသည့် အကြမ်းဖက်စစ်ကောင်စိတပ်ရင်းမှူးက တော်လှန်ရေးတပ်တွေကို ဘယ်လိုစိန်ခေါ်ခဲ့လဲ (ရုပ်သံ)
https://t.me/kyimyindaingnetworks/55737

အကြမ်းဖက်စစ်ကောင်စီဝင် ၅ဦး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်
https://t.me/kyimyindaingnetworks/55738

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေဆုံး
https://t.me/kyimyindaingnetworks/55744

ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် အကြမ်းဖက်စစ်ကောင် စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
https://t.me/kyimyindaingnetworks/55745

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/55750

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/55751

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ဦးသေဆုံး
https://t.me/kyimyindaingnetworks/55752

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

10 Jan, 16:07


Today’s People 🔤🔤🔤🔤🔤🔤
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ


ဇန်နဝါရီလ 1️⃣🔤ရက်

⭐️ဆားလင်းကြီးမြိုနယ် လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို လူထုစွမ်းအားနဲ့ တိုက်ဖျက်စို” ခေါင်းစဥ်နှင့် လူထုသပိတ်လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

⭐️ယင်းမာပင်မြို့နယ်က သပိတ်စစ်ကြောင်း နှစ်ခုပေါင်းပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက " အောင်လံလွှင့်မည် ဒေါင်းသွေးနီ လူထုသပိတ်စစ်ကြောင်း " နဲ့ " ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း" ဆိုတဲ့ စာသားကိုင်ဆွဲပြီး အကြမ်း ဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြခဲ့ ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက် စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

⭐️အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်စစ်တပ်ကျရှုံးရေး သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက " အောင်လံလွှင့်မည် ရွှေရည်ကြည် လူထုသပိတ်စစ်ကြောင်း " ဆိုတဲ့ စာသားကိုင်ဆွဲပြီး အကြမ်း ဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြခဲ့ ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက် စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

⭐️နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" ဆိုတဲ့ စာသား ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

#PeopleStrike
#KyimyindaingNetworks

Kyimyindaing Networks

08 Jan, 05:37


ဒီမနက် 10:20.Am တွင်မံစီမြိုအခြေစိုက်နောက်ဆုံးလက်ကျန် စကစ တပ် ခမရ-၃၁၉/ ၆၀၁/ အမတ-၃၅၂ အားလုံးကိုအပြီးသတ်သိမ်းပိုက်လိုက်ပါပြီ.....မံစီမြိုနယ်တစ်ခုလုံး စစ်ခွေးကင်းစင်သွားပါပြီ......ထွက်ပြေးသွားတဲ့စစ်ခွေးများကိုလိုက်လံချေမှုန်းရှင်းလင်းနေပါတယ်....
ရုပ်သံ©ကချင်တောင်တန်း
#KyimyindaingNetworks

Kyimyindaing Networks

02 Jan, 09:04


လွတ်လပ်သောကျောင်းသားများအစည်းအရုံး (ISO) တွင် တာဝန်ထမ်းဆောင်ရန် online / မြေပြင် ရဲဘော်သစ်များခေါ်ယူခြင်း

လွတ်လပ်သောကျောင်းသားများအစည်းအရုံ (ISO) မှ 2025 ခုနှစ်အတွက် တော်လှန်ရေး လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ရဲဘော်သစ်များ ခေါ်ယူလျတ်ရှိပါသည်။ ယခုနှစ်မှစ၍ ONLINE ရဲဘော်သစ်များ သမက မြေပြင်လုပ်ငန်းများအတွက် ရဲဘော်သစ်များ စိစစ်ခေါ်ယူမည်ဖြစ်ပါသည်။

ONLINE ရဲဘော်သစ်လျှောက်ရန် သတ်မှတ်အရည်အချင်း

(၁) စစ်ကျွန်ပညာရေးအား သပိတ်မှောက်ထားသူဖြစ်ရမည်။
(၂) အာဏာရှင်စိတ်ဓာတ်ရှိသူမဖြစ်ရ။ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(၃) အသက် ၁၃ နှစ်မှ ၂၆ နှစ်အတွင်းဖြစ်ရမည်။
(၄) လုံခြုံရေး စည်းကမ်းများအားလိုက်နာနိုင်ရမည်။
(၅) လွတ်လပ်သောကျောင်းသားအစည်းအရုံးသည် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မည်သည့်ကျောင်းမှ ကျောင်းသား/ကျောင်းသူမဆို ပါဝင်နိုင်သည်။

ONLINE ရဲဘော်သစ်အဖြစ် လျှောက်လွှာတင်လိုသူများအနေဖြင့် အောက်ပါ GP အားဂျိုင်းထားပါရန်

https://t.me/+wNaXEV8KJl41Mjhl
ဂျိုင်းပြီး စိစစ်ရေးကာလအားဖြတ်ကျော်ရမည်ဖြစ်ပြီး အောင်မြင်ပါက တရားဝင်ရဲဘော်ကဒ်နှင့် ကိုယ်ပိုင်အမှတ်အားထုတ်ပေးပြီး စတင်တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်သည်။

မြေပြင်ရဲဘော်သစ်လျှောက်ရန် သတ်မှတ်အရည်အချင်း

(၁) မြေပြင်ရဲဘော်ဖြစ်သဖြင့် လုံခြုံရေးစည်းကမ်းများအား အထူးလိုက်နာရမည်ဖြစ်သည်။
(၂) မန္တလေးမြို့ရှိမြို့နယ်များ၊ ပုသိမ်ကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုပ်မြို့နယ်၊ မြင်းခြံမြို့နယ်၊တောင်သာမြို့နယ် တို့တွင် နေထိုင်သောသူဖြစ်ရမည်။
(၃) အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ရမည်။
(၄) အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(၅) အာဏာရှင်စိတ်ဓာတ်ရှိသူမဖြစ်ရ၊ ပေးအပ်သောတာဝန်အားကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
(၆) စည်းရုံးလှုံဆော်ရေးကောင်းမွန်သူဖြစ်ရမည်။
(၇) စစ်ကျွန်ပညာရေးအားသပိတ် မှောက်ထားသူဖြစ်ရမည်။
(၈) ပေးအပ်သော online သင်တန်းများအားလဲ တက်ရောက်နိုင်ရမည်

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနေဖြင့် အောက်ပါ GP အားဂျိုင်းထားပါရန်

https://t.me/+9TEcUxyQtTk0ZDA1
မြေပြင်ရဲဘော်သစ်များအား စနစ်တကျ စိစစ်မည်ဖြစ်ပါသည်။ ပေအပ်သောသင်တန်းများပြီးမှသာလျင် တရားဝင်ရဲဘော်ကဒ်ထုတ်ပေးကာ တာဝန်ထမ်းဆောင်စေမည်ဖြစ်ပါသည်။ပေးအပ်သောသင်တန်းများအား သေချာစွာတက်ရောက်နိုင်ရမည်ဖြစ်သည်။
(မြေပြင်ရဲဘော်သစ်များအနေဖြင့် မိမိသဘောဖြင့်လက်နက်ကိုင်လိုပါက လက်နက်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး အဖွဲ့အစည်းနာမည်ဖြင့် လက်နက်ကိုင်တိုက်ခိုက်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ)


ONLINE ရဲဘော်သစ်များနှင့် မြေပြင်ရဲဘော်သစ်များအားလုံးသည် တရားဝင် ရဲဘော်ဖြစ်သောအခါတွင် တစ်နေကုန်နီးပါးတာဝန်ထမ်းဆောင်ရသော တာဝန်ကြီးများပေးမည်မဟုတ်ပဲ
အချိန်အနည်းငယ်ပေးရုံဖြင့် တာဝန်ကျေသော တာဝန်များကိုသာပေးမည်ဖြစ်ပါသည်။ လွတ်လပ်သောကျောင်းသားများအစည်းအရုံးအနေဖြင့်လဲ ရဲဘော်များအား လုံခြုံရေးစည်းကမ်းများမှလွဲ၍ မလိုအပ်သော စည်းကမ်းများဖြင့် တင်းကြပ်ထားခြင်းမပြုပဲ ညီအကိုမောင်နှမ များကဲ့သို့ စုပေါင်းလုပ်ဆောင်လုပ်ခြင်းဖြင့် အဖွဲ့အစည်းအား ရှေ့ဆက်မည်ဖြစ်ပါသည်။

စုံစမ်းမေးမြန်းလိုပါက - https://t.me/Smallcat84646

Kyimyindaing Networks

02 Jan, 06:31


"သူခိုးဂျပိုး မအလ" 😅😂🤣

ကာတွန်း-ဝေယံ(တောင်ကြီး)

#KyimyindaingNetworks

Kyimyindaing Networks

26 Dec, 16:31


https://www.youtube.com/watch?v=X0pYIKkIvgw

Kyimyindaing Networks

26 Dec, 16:28


https://www.youtube.com/watch?v=vgltRSxPoQI

Kyimyindaing Networks

26 Dec, 16:10


🌷စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
https://t.me/kyimyindaingnetworks/54869

🌷ရေစကြို မင်းရွာကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းနှင့် မြင်းခြံမြိုပေါ်မှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲများက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ)
https://t.me/kyimyindaingnetworks/54870

🌷တီးတိန် ခလရ ၂၆၉ တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်
https://t.me/kyimyindaingnetworks/54871

🌷စစ်အာဏာသိမ်း (၁၄၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၈၅) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/54872

🌷ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ တော်လှန်ရေး တပ်ဖွဲများက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
https://t.me/kyimyindaingnetworks/54876

🌷မတ္တရာ၊ သပိတ်ကျင်းနှင့် နောက်ချိုတိုတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က မတ္တရာ ထန်းတောကုန်းရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး
https://t.me/kyimyindaingnetworks/54878

🌷Up To Date 🔄ရခိုင်ရိုးမအစပ်တွင်တိုက်ပွဲပြင်းထန်နေ
https://t.me/kyimyindaingnetworks/54879

🌷အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲတစ်ခုဖြစ်သော ARSA တပ်ဖွဲဝင်များမှ ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ
https://t.me/kyimyindaingnetworks/54880

🌷ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ ဥက္ကဋ္ဌ သစ်အဖြစ် အကြမ်းဖက်ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး
https://t.me/kyimyindaingnetworks/54882

🌷ရက္ခိုင်ပြည်၊ အမ်းမြိုနယ်၊ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း
https://t.me/kyimyindaingnetworks/54884

🌷Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/54885

🌷We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/54886

🌷မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံး
https://t.me/kyimyindaingnetworks/54887

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

26 Dec, 15:57


ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း
Video record of the Arakan Army capturing the fascist SAC's headquarters of Western Command (NaPaKha)

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်
December 26, 2024

Kyimyindaing Networks

26 Dec, 15:32


ဒီအချိန်ဒီကာလအတွင်း ဆုံတွေ့ခဲ့ရတဲ့ ညီကိုတွေနဲ့ အမှတ်တရတွေကို ရယ်ရင်းမောရင်း အတူတူဖန်တီးကြရင်း နှစ်တစ်နှစ်ထပ်ပြီး ကုန်ခဲ့ရပါပြီ။

အားလုံးပဲ Merry Christmas to you all ပါ။

ရဲဘော်တွေအတွက် ပါဝင်ပေးကြပါအုန်း။👇👇👇
Project မိတ်ဆက် - https://www.facebook.com/share/v/17tkwB65rR/

ဆုမဲများ
https://www.facebook.com/share/p/15JggvsZox/

Karenni Nationalities Defense Force-KNDF/B-25

#savinglivesproject
#kndf25
#logisticbee
#KyimyindaingNetworks

Kyimyindaing Networks

26 Dec, 14:55


ပြည်သူတွေဟာ တော်လှန်ရေး ဖော်ဆောင်နေကြတာပါ။ တော်လှန်ရေးသမားတွေဟာ တိုက်ခိုက်ရေး ပုံဖော်နေကြတာပါ။ မည်သူ မည်သည့်အဖွဲ့ကမျှ လူသတ်အကြမ်းဖက်ခြင်းကို အားမပေးပါဘူး။

ဒလန်သုတ်သင်ခြင်းဆိုရာမှာလည်း တော်လှန်ရေးကို ထိပါးနှောင့်ယှက်နေကြသူများကိုသာလျှင်ဖြစ်ပါတယ်။ ယုတ်စွအဆုံး စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်နေလျှင်ပင် ဒလန်မလုပ်လျှင် မည်သည့်အဖွဲ့ကမျှ ရှင်းလင်းခြင်းမပြုပါ။

ဒါတွေဟာ ကိုယ်ပိုင်ထင်မြင်ချက်မဟုတ်ဘဲ ဖြစ်စဉ်တွေက သက်သေပြပါတယ်။ အကြမ်းဖက်သုတ်သင်မည့်ပုံစံဖြင့် UG အမည်ခံအဖွဲ့တခုမှ ဖြူဖြူထွေးထံ ခြိမ်းခေခြာက်စာပို့တယ်လို့ဆိုတယ်။

အမှန်တကယ်ဆိုရပါမူ ထိုအဖွဲ့သည် မြေပြင်မှာမရှိပါ။ သုံးသပ်ရပါမူ မည်သည့်အဖွဲ့ကမျှ ဤမျှမြန်မြန်ဆန်ဆန် စာထုတ်ပြနိုင်ခြင်းမရှိပါ။

PDF အဖွဲ့များပင် ရက်ပိုင်းခြားပြီးပါမှ ထုတ်ပြန်စာဖော်ပြနိုင်ခြင်းရှိတယ်။ လက်ရှိအခြေအနေအရ UG အဖွဲ့များအဖို့ ထုတ်ပြန်စာပြုလုပ်နိုင်သည်အထိ ပြုလုပ်နိုင်ခြင်းမရှိပါ။

ထို့အပြင် ဖော်ပြပါထုတ်ပြန်စာမှာ UG နှင့် PDF ကို ပူးတွဲဖော်ပြထားပါတယ်။ PDF သည် UG မဟုတ်သလို UG သည် PDF မဟုတ်ပါ။ ထိုအရာကို ထုတ်ပြန်သောထိုအဖွဲ့ နားလည်ခြင်းမရှိပါ။

နိုင်ငံရေးကြပ်တည်းမှုဖြစ်ပေါ်သည်တိုင်း အနုပညာရှင်တဦးတယောက် စတေးခံရလေ့ရှိပါတယ်။ ထိုအရာကို စစ်ကောင်စီတပ်က ပြုလုပ်လေ့ရှိပါတယ်။ အာဏာရှင်ဟောင်းသန်းရွှေလက်ထက်ကပင် ပြုလုပ်လေ့ရှိတဲ့အရာဖြစ်တယ်။

လက်ရှိကာလသည် စစ်ကောင်စီအတွက် စစ်ရေးပင် အကြပ်အတည်းဖြစ်နေသောကာလပါ။ စတေးဖို့အကောင်းဆုံးသောပစ်မှတ်ကို ၎င်းတို့ ရှာဖွေ့တွေ့ရှိသွားပါတယ်။ ဖြူဖြူထွေးသည် ၎င်းတို့အတွက် အကောင်းဆုံးသောပစ်မှတ်ပါ။

ထိုကြောင့် လာရာမကောင်းသော ဖြူဖြူထွေးသည် လားရာလည်း ကောင်းနိုင်မည်မဟုတ်ပါ။ ထိုထက်ပိုမိုထက် ထူးခြားချက်ကို ရှာဖွေသုံးသပ်ရလျှင် ထုတ်ပြန်စာပြုသူသည် ဖြူဖြူထွေးကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် ဖြူဖြူထွေးနှင့် ပတ်သက်ဆက်နွယ်သူလည်း ဖြစ်နိုင်ပါတယ်။

အဘယ်ကြောင့်ဆိုလျှင် နှစ်ကြိမ်နှစ်ခါ ခြိမ်းခြောက်စာပို့ခံရပေမယ့် တစ်ပ်တော့မှာ ဖြူဖြူထွေး ကခုန်နိုင်နေဆဲလို့ဆိုပါတယ်။ ခြိမ်းခြောက်စာအစစ်အမှန်ဆိုလျှင် မည်သူမျှ စိတ်လက်ပေါ့ပါးနေမည်မဟုတ်ပါ။

ဆယ်လီများထဲမှာ ဖြူဖြူထွေးက ပန်ကာထိပ်က ဝက်အူပါ။ အင်မတန်လည်ပါတယ်။ နေအိမ်ပြစ်ခွာပြေးတယ်လို့ဆိုတယ်။ ဒါကလည်း ဟန်ပြမျှသာပါ။

ယခင်ကပင် တော်လှန်ပြည်သူများအပေါ် အထင်မြင်သေးစိတ်ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားပြောဆိုခြင်းဖြစ်ပါတယ်။ ခြံစည်းရိုးမယ်တော်ဆိုတဲ့စကားလုံးသည် အာဏာရှင်သန်းရွှေလော်ဘီများရဲ့ အသုံးနှုံးဖြစ်ပါတယ်။ ထိုခေါင်းစဉ်ဖြင့်ပင် သတင်းစာမှာ ထည့်ဝင်ရေးသား ဖော်ပြခဲ့ကြတာပါ။

ဤအချက်နှင့် ဖြူဖြူထွေးရဲ့ ပါဝင်ပတ်သက်မှုကို ကောက်ချက်ချရလျှင် ဖြူဖြူထွေးနောက်မှာ မဘသအဖွဲ့ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ လာရာမကောင်းသောသူမသည် လားရာလည်း ကောင်းနိုင်တော့ပါ။ ဧရာဝတီပြည်သူများကတော့ ၎င်းကို bc စတင် ပြုလုပ်ကြပါပြီ။
©Sar K
#KyimyindaingNetworks

Kyimyindaing Networks

03 Dec, 16:58


🔄တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်က ပယ်ဖျက်လိုက်ပြီး စစ်တပ် ပြန်လည် ဆုတ်ခွာ

✔️သမ္မတ၏ မိခင်ပါတီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု မှားယွင်းဟု ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် အတိုက်အခံများနှင့်ပူးပေါင်း

ဒီဇင်ဘာလ 0️⃣3️⃣ရက်

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။

ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ၏ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီက သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မှားယွင်းပြီး ယင်းစစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်အတူ တားဆီးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

တောင်ကိုရီးယားသမ္မတက ဇနီးသည်၏ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ခဲ့ပြီး သမ္မတနှင့် လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန် သဘောမတူညီမှုများ ဖြစ်ပေါ်လာပြီးနောက် သမ္မတက တစ်ဖက်သတ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် အတိုက်အခံ လွှတ်တော်အမတ်များက နေရာ အများစု လွှမ်းမိုးထားရာ သမ္မတအနေဖြင့် စွပ်စွဲပြစ်တင်ဖြုတ်ချခံရမည့် အခြေ အနေ ဖြစ်ပေါ်နေကြောင်း သတင်းများက ဆိုသည်။

#KhitThitMedia
#KyimyindaingNetworks

Kyimyindaing Networks

03 Dec, 16:42


https://www.youtube.com/watch?v=bFdfV7v43CU

Kyimyindaing Networks

03 Dec, 16:25


Up To Date🔄မင်းတပ်နဲ့ ဖလမ်းမြိုတွေကို ထိန်းချုပ်ထားနိုင်ပြီလို ချင်းညီနောင်တပ်ဖွဲ ပြော
https://t.me/kyimyindaingnetworks/53486

Up To Date🔄နိုဝင်ဘာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့က အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ကျောင်းသားလက်ရုံးတပ်တော် SAFထုတ်ပြန်
https://t.me/kyimyindaingnetworks/53488

နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လှည့်ကင်းရဲကားနှင့် အိမ်စီးကားတစ်စီးတိုက်မိ၊ ရဲ၂ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိ
https://t.me/kyimyindaingnetworks/53492

မန္တလေးမြို့ နန်းတွင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ထဲ မီးလောင်
https://t.me/kyimyindaingnetworks/53493

ရေစကြိုမြို့နယ် ဂွေးချို ပျူစောထီးရွာနှင့် ချောင်းဦးမြိုပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
https://t.me/kyimyindaingnetworks/53494

စစ်အာဏာသိမ်း (၁၄၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၇) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/53495

ပဋိပက္ခတွေကြားမှာ မသန်စွမ်းသူတွေဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရ
https://t.me/kyimyindaingnetworks/53497

ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲများ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
https://t.me/kyimyindaingnetworks/53499

ဘူးသီးတောင်မြို့အတွင်းမှ လူမျိုးပေါင်းစုံ၏ပစ္စည်းများ ပြန်လည်အပ်နှံခြင်းနှင့် ပစ္စည်းများကို ပြန်လည် ယူဆောင်ခွင့်ပြုခဲ့ကြောင်း AA သတင်းထုတ်ပြန်
https://t.me/kyimyindaingnetworks/53500

ကြိုပင်ကောက်-အုတ်ဖို နယ်စပ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ကြပ်ကြီး စန်းနိုင် အမိန့်ဖြင့် PDF တပ်ဖွဲများ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ဇော်ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး
https://t.me/kyimyindaingnetworks/53510

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/53513

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/53514

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၅၁ဦးသေဆုံး
https://t.me/kyimyindaingnetworks/53515

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

03 Dec, 15:44


တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ဒီဇင်ဘာလ ည ၁၀ နာရီ ၁၅ မိနစ်မှာ‘မာရှယ်လော’ ထုတ်လိုက်ပါပြီ။
မာရှယ်လော (အရေးပေါ် စစ်
အုပ်ချုပ်ရေး) ဆိုတာ ကျမတို့ မြန်မာပြည်ကလို စစ်တပ်က အာဏာသိမ်းတာမျိုး မဟုတ်ပါ။ သမ္မတက တစ်သွေးတစ်သံတမိန့်ထုတ်မယ် ဆိုတာ အသိပေးတာဖြစ်ပါတယ်။
သမ္မတ Yoon က ‘လေးစားအပ်ပါသော ပြည်သူများ’ အစပြုပြီး live မှာပြောသွားတာ— ဒီနေ့ (၃)ကြိမ်မြောက် ယောင်ဆန်းမြို့က သမ္မတရုံးမှာ အရေးပေါ် ရှင်းလင်းပွဲလုပ်ခဲ့တယ်။
မြောက်ကိုရီးယား ကွန်မြူနစ်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ ကင်းဝေးပြီး ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ဖို့ ဒီလိုအရေးပေါ်အမိန့်ကို ထုတ်ပြန်တာပါတဲ့။နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့အတွက်ပါတဲ့။
လက်ရှိ တိုင်းပြည်မှာ တရားစီရင်ရေးက ပျက်ပြားနေပြီ၊ပြည်ထဲရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ စတဲ့ အရေးကြီးတဲ့ ဌာနတွေကို ပျက်စီးအောင်ကြိုးစားနေကြပြီး မူးယစ်ဆေးဝါးမှု ရာဇ၀တ်မှုတွေဆက်တိုက်ဖြစ်နေတယ်။
အခုအချိန်မှာတော့ ကိုရီးယားဟာ ချက်ချင်းပြိုကျရင်တောင် မထူးဆန်းပါတဲ့။ ကံကြမ္မာဆိုးတစ်ခုထဲ ရောက်နေပါပြီတဲ့။
ကျွန်ုပ်ဟာ ပျက်စီးပြီး ချောက်ထဲကျနေတဲ့ တောင်ကိုရီးယားနိုင်ငံကို ကယ်တင်ပြီး လွတ်လပ်တဲ့အထိ ပြန်လည်တည်ဆောက်ပြီး ကာကွယ်သွားမှာပါ တဲ့။
သမ္မတအနေနဲ့ ပြည်သူကို အလေးအနက် မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေကို ယုံကြည်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကို ကျွန်ုပ် ကာကွယ်ပါမည်။သူ့ကို ယုံယုံကြည်ကြည်နဲ့ နေကြပါ။ ကျေးဇူးတင်ပါတယ်။
လောလောဆယ် လွှတ်တော်အမတ်တွေ စုဝေးပြီး လွှတ်တော်ထဲကို သွားနေကြတယ်။ လွှတ်တော်ထဲကို ဝင်ခွင့်မပေး၊ စစ်တပ်က တားဆီးရင် အမတ်တွေက သည်းခံမှာ မဟုတ်ပါဘူးတဲ့။
သတင်းသမားတွေရော၊ ပြည်သူတွေရော အော်ဟစ်နေကြတယ်။
▬▬▬▬▬▬▬▬
မရွှေမိုး-ကိုရီးယား
December 3rd,2024
#MaShweMoeKorea
#KyimyindaingNetworks

Kyimyindaing Networks

03 Dec, 15:38


"ကိုးကန့် တပ်မတော်ရဲ့ ထုတ်ပြန်ချက်"

ပစ်ဖဲကတော့ နှစ်ချပ် ရှိသွားပြီ.. ခေါ်ဖဲလား ဘာလားပဲ.. အထက်အိမ်က စောက်ဖျင်းကောင်က ခေါ်ဖဲ မဟုတ်တဲ့ စောက်တလွဲ ဖဲတွေ လိုက်ပစ်တာကို ဆွဲစားပြီး 'ဒေါင်း' မယ့် အကွက်လား.. 😀

သေချာတာကတော့ စောက်ဖျင်းကောင်ရဲ့ ခွေးတပ်ထဲက စစ်ဗိုလ်ချုပ်တွေ အားလုံးက စစ်တိုက်ရာမှာလဲ စောက်ဖြစ် မရှိသလို နိုင်ငံရေး ကစားကွက် ဆိုရင် ပိုပြီးတော့တောင် ပိန်းကြသေးတယ်။

ခုခံ ကာကွယ်ပိုင်ခွင့်ကို အသုံးချပြီး နောက်တစ်ပွဲ နွှဲဖို့ ပြင်နေပြီလား?

(ဇ ရှိရင်တော့ ဆက်ပြီး ဗုံးကြဲကြပေါ့ကွာ..)

အခင်းအကျင်းက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းလာပြီ.. 🙂

#4C_TruthNews

Kyimyindaing Networks

21 Nov, 13:09


ဟိုဘက်ရပ်ကွက်မှာတော့ ဝင်ပူးပြီး မိန်းမကိုငိုပြီးပြောနေပြီ


မင်္ဂလာပါ

Come & watch with me အစီစဥ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

ဒီနေ့မှာတော့ ကျနော်နဲ့အတူ စစ်ရေး၊နိုင်ငံရေးသတင်းတွေထဲက နောက်ဆုံးရရှိတဲ့ သတင်းရုပ်သံတွေနဲ့အတူ စစ်ခွေးမယားတွေရဲ့လောင်မြိုက်ခြင်းနဲ့ ဝင်ပူးပြီး ငိုကြွေးနေကြတဲ့ ရုပ်သံတွေကို အတူတူ ကြည့်ရှု့ရမှာဖြစ်ပါတယ်။

https://youtu.be/K99qV-KT0zo?si=HjSztuvZAqy0hi6d

#LHA

Kyimyindaing Networks

21 Nov, 06:47


နောက်ကွဲလေးနဲ့....အဟေးဟေး 😅😂🤣

ကာတွန်း - ညိုမြ

#MeKongNews
#KyimyindaingNetworks

Kyimyindaing Networks

21 Nov, 06:43


ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့
တရုတ်နယ်စပ်ဂိတ် အားလုံးကို KIAကထိန်းချုပ်လိုက်ပြီး
နယ်စပ်တွေကိုလဲ ပိတ်ချထားလိုက်ပြီ။
အဲတော့
Tယုတ် က ဟေ့ ကချင်ကြီး
ဝ မြေရှား လိုချင်တယ်လေ
တံခါးဖွင့်ပါအုံး။
ဝ ကျောက်စိမ်းလိုချင်တယ်လေ
ကျွန်းသစ်၊ ရွှေ၊ တစ်ရှူးဌက်ပျောလေးခုတ်ချင်လို့ပါ
ဟိုဟာဒီဟာလိုချင် တံခါးဖွင့်ပါအုံးဆိုရင်
နရင်း ၃ချက်လောက် ကျင်းထည့်လိုက်ပြီးဆောင့်ကန်ထုတ်လိုက်
ဒူးဝါးကြီးတို့
ဒီကောင်Tလူယုတ်တွေ
ထမင်းနည်းနည်းဝလာတော့
လူပါးဝတတ်လာတယ်။
ဆန်ပြုတ်သောက်ပြီး ဌက်ပျောပင်တွေဝါးခဲ့ရတဲ့
ဘဝတွေမမေ့နဲ့
ဟျောင့်တွေ
ပိတ်ထားလိုက်လေ ယူနန် ကကောင်တွေ ဆန်ပြုတ်နပ်မှန်မမှန် လက်ပိုက်ပြီးစောင့်ကြည့်နေမယ်
မင်းမိုးယံ
#KyimyindaingNetworks

Kyimyindaing Networks

17 Nov, 16:38


https://www.youtube.com/watch?v=kWb22xyqSGY

Kyimyindaing Networks

17 Nov, 16:37


https://www.youtube.com/watch?v=JLGwso-wTVQ

Kyimyindaing Networks

17 Nov, 16:26


🔣အကြမ်းဖက်စစ်တပ်ထိန်းချုပ်ရာ မူဆယ်သို့ ဓာတ်ဆီသယ်ဆောင်ခွင့် TNLA ပိတ်
https://t.me/kyimyindaingnetworks/52651

🔣Photo News📸ပုလဲမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး၌ မြင့်မြတ်စွာ ကျဆုံးခဲ့သည့် BNRA တပ်ဖွဲမှ ရဲဘော်ဇိုးလေး ကျဆုံးခြင်း အလေးပြုအခမ်းအနားပြုလုပ်
https://t.me/kyimyindaingnetworks/52652

🔣ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲက အရှင်ဖမ်းဆီး
https://t.me/kyimyindaingnetworks/52670

🔣ယင်းမာပင်မြို့ပေါ်နှင့် ကျောက်ကြီးမြိုနယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီး များဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်
https://t.me/kyimyindaingnetworks/52671

🔣Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/52673

🔣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/52674

🔣UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၇ဦးသေဆုံး
https://t.me/kyimyindaingnetworks/52675

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

17 Nov, 15:34


ပွဲတော်ရက်တွေမှာ အိမ်မပြန်နိုင်တာ ကြာခဲ့ပါပြီ။ သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်းရောက်ခဲ့ပြီ။
နှလုံးသားထဲက တော်လှ-န်ရေးတွေ သွေးမအေးခဲ့သေးပါဘူး။ ဖြေးဖြေးမှန်မှန်ဆိုပေမယ့် လမ်းကြောင်းမလွဲခဲ့သလို ရပ်တန့်မနေခဲ့ပါဘူး။ အိမ်ပြန်လမ်းဟာ ဘယ်လောက်ဝေးဝေး ကျွန်တော်တို့ ဆက်ဆက်ရောက်အောင်ပြန်ခဲ့မှာပါ။ ပြည်သူအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကျွန်တော်တို့ အိမ်ကို ဆက်ဆက်ပြန်ရောက်မှာပါ။
အားလုံးပါဝင် အားဖြည့်ကူ
Project PAKOKKU
ပါဝင်အားဖြည့်ပေးနိုင်သည့် နိုင်ငံတကာ Fundraisers များ👇
https://www.facebook.com/share/1Y19qsFZ4n/?mibextid=WC7FNe
ကမ်ပိန်းအကြောင်း👇👇
https://www.facebook.com/share/17obzu1SgH/?mibextid=WC7FNe
#ProjectPAKOKKU
#WeWillWin
#နွေဦးကံ့ကော်အင်ပါယာ
#CRPH_OFP
#KyimyindaingNetworks

Kyimyindaing Networks

17 Nov, 13:43


တပ်တွင်းမုန့်ဟင်းခါးပေါင်းချုပ်(ဘောမတွေကိုခွီကြမယ်)

မင်္ဂလာပါ

ကျနော့်ရဲ့ come & watch with me အစီစဥ်ကနေပြန်လည်ကြိုဆိုပါတယ်။

ဒီနေ့မှာတော့ တပ်တွင်းထဲက ပရီမုဆိုးမ စီနီယာတွေနဲ့ ဂျူနီယာလောင်းလျာတွေ ဘယ်လိုလောင်ပြီး ဘယ်လိုကြေကွဲနေကြလဲဆိုတာကို ကြည့်ရင်း တခွိခွိနဲ့ ထိုင်ခွီနေရမှာဖြစိပါတယ်။

https://youtu.be/LYYagVUm0E0?si=SGk6fUmmqv2Zk2O4

#LHA

Kyimyindaing Networks

17 Nov, 13:31


ကျရှုံးခန်း
*********
''ဝုန်းခ''နဲ
ပြိုကျပျက်စီးတာမျိုးလည်း
ရှိမယ် ။
တစိမ့်စိမ့် တစစ
လုံးပါးပါးပြီး ..
ချွတ်ခြုံကျပျက်စီးတာမျိုးလည်း
ရှိမယ် ။
အမှည့်ကြွေ
ကြွေကျသွားတာကိုလည်း
မြင်ရမယ်။
အစိမ်းကြွေ
ကြွေကျ ကြေမွသွားမျိုးလည်း
တွေ့ရမယ် ။
အာဏာရူးသလောက်
စူးလိမ့်မယ် ။
ရုပ်ရှင်ကြည့်သလိုသာ
ကြည့်နေ ။
မျက်တောင်မခတ်နဲ့ ။ ။
မောင်လှမျိုး (ချင်းချောင်းခြံ)
#OperationFlame
#OF

Kyimyindaing Networks

15 Nov, 13:23


ဆေးပေါင်း မ ခတဲ့ ည
____________________
-အမေရေ..
ဒီနေ့ဆေးပေါင်း ခတဲ့ ညတဲ့....၊
-ကျွန်တော်တို့ နှလုံးသားတွေ
ဆေးပေါင်း ခ ချင်တယ်...၊
ကျွန်တော်တို့ဒဏ်ရာတွေ
အနာကျက်ချင်တယ်....၊
-ဒါပေမဲ့ အမေရေ...
တကယ်သာ ဆေးပေါင်း ခကြစတမ်းဆို..
ကျွန်တော်တို့ မြန်မာပြည်သူတွေ
အခုချိန် ပျော်နေရမှာပေါ့....
ဥမကွဲသိုက်မပျက်နဲ့
ဒီလိုနေ့မှာ မယ်ဇလီဖူးသုပ်တွေစားပြီး
အနာကင်းဖို့ ဆေးထပ်ယူကြရမှာပေါ့..၊
-ကျွန်တော်တို့ အပေါ်
လအပြည့် မသာသေးဘူး...၊
မယ်ဇလီဖူးသုပ်လည်း မစွမ်းနိုင်သေးဘူး၊
ကျွန်တော်တို့တွေ....
ဆေးပေါင်း မ ခ သေးဘူး အမေ....။
#မြူမှော်ရုံ
#OperationFlame
#OF

Kyimyindaing Networks

15 Nov, 13:19


ဘာသာရေး ဗန်းပြအရေခြုံ သင်္ကန်းလှူ ကထိန်ခင်း ဆွမ်းကျွေးပြပြီး...တစ်ဖက်မှာ လူသတ်နေတဲ့ မအေလိုးစစ်ခွေးတပ် မင်းတို့ကို ငါတို့က ေသတောင် ခွင့်မလွှတ်ဖူး ဟေ့...အကြွေးပြန်ကိုယူမှာ...

လီးလီးလားလားနဲ့ DJဖွင့် ကထိန်လှည့် နန့်နေကြတဲ့ဟာတွေရော...အကြမ်းဖက်စစ်တပ်လုပ်တဲ့ ပွဲမှန်သမျှ လိုက်ရွနေကြတဲ့ ဟာတွေရော ရွံ့တယ်....ထွီ....

#KyimyindaingNetworks

Kyimyindaing Networks

15 Nov, 12:07


ကောလဟာလတွေကြားထဲက အမေစုရဲ့ကျန်းမာရေး

မင်္ဂလာပါ

ကျနော်တို့ရဲ့ တော်လှန်၊ဝေဖန်၊လေကန် (တော်ဝေလေ) အစီစဥ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ မြို့ပေါ်နေလူထုကို ဖိနှိပ်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့အတူ လူထုကြားမှာ ပျံ့နှံ့နေတဲ့ အမေစုရဲ့ ကျန်းမာရေးအကြောင်းကို ကျနော်တို့သိထားသလောက် ဆွေးနွေးပြောဆိုထားပါတယ်။

https://youtu.be/Ff41bFCDDNs?si=yMNMB7XBp_myDor6

#LHA

Kyimyindaing Networks

15 Nov, 09:23


ယနေ့ ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် "သာမညဖလ အခါတော်နေ့" တွင် တိုင်းရင်းသားညီအကိုမောင်နှမ ပြည်သူလူထုတရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံလျက် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ပြည်သူ့တော်လှန်ရေးတွင် ကျရာတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG
#MOD
#KyimyindaingNetworks

Kyimyindaing Networks

15 Nov, 08:34


အမှန်တရားဆိုတာတစ်နေ့တော့ထင်ပေါ်လာမှာပါပဲ။
အခု မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့
အန်နဝါအီဗရာဟင် ဟာ
မဟုတ်တာလုပ်တဲ့သူတွေရဲ့ အကြိမ်ကြိမ်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတယ်။
လူယုတ်မာတစ်ယောက်လို ပုံဖျက်ခြင်းကိုခံခဲ့ရတယ်။
လိင်တူဆက်ဆံမှုတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ပုဒ်မနဲ့
မလေးရှားပြည်သူတွေရဲ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ပြီးခိုးယူခဲ့တဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ နာဂျစ် က လုပ်ကြံပြီးထောင်ဒဏ်ချမှတ်ခဲ့တယ်။
နောက်ဆုံးမှာ
အမှန်တရား က အနိုင်ရခဲ့တယ်။
ဘယ်လောက်ပဲ မဟုတ်တမ်းတရားတွေနဲ့လုပ်ကြံတိုက်ခိုက်ပါစေ
အဓမ္မ ဟာ မလွဲမသွေကျဆုံးသွားတာပဲ
အခုဆိုရင်ထောင်နန်းစံရတာက နာဂျစ်ဖြစ်တယ်။
မလေးရှားပြည်သူတွေ က မဲပေးခြင်းဖြစ်အမှန်တရားကိုဖော်ထုတ်ပြလိုက်တယ်။
ငါတို့လဲ ဒီလိုပဲ
ဒီကောင်တွေကို အုပ်ချုပ်မှုကိုသဘောမကျလို့
၂၀၁၂ ၂၀၁၅ ၂၀၂၀ တွေမှာ မဲအပြတ်သတ်ပေးပြီသောက်ရှက်ခွဲပြခဲ့တာတောင်
သောက်ရှက်မရှိတဲ့လူယုတ်မာတွေက
လက်နက်အားကိုနဲ့ အရှက်မရှိတဲ့လုပ်ရပ်ကိုထပ်လုပ်တယ်။
မဲခိုးမဲလိမ်ရအောင်နင်တို့သောက်ဆင့်က ရှိလို့လား
၁၉၉၀ ရွေးကောက်ပွဲကိုပြန်သွားကြည့်မယ်။
ဒေါ်အောင်ဆန်းစုကြည်မပါရင် နိုင်မယ်ထင်ပြီး
ထောင်သွင်းအကျဥ်းချပြီးမှ ရွေးကောက်ပွဲလုပ်တယ်
လူမပါဘူး နာမည်နဲ့တင် အကုန်သောက်ရှက်ကွဲပြီးပြီးလား။
ငါတို့က
အကြိမ်ကြိမ်သည်းခံခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်ဟာ
တော်တော်မိုက်ရိုင်းလွန်းတယ်။
အဲတော့
လက်၃ချောင်းကနေ အတွဲလိုက်မောင်းပြန်တွေဖြစ်တဲ့အထိ
ငါတို့အားထုတ်တယ်။
မင်းတို့ပြောခဲ့တဲ့သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့စကားကို
ငါတို့ ထပ်ပြောမယ်
အလံဖြူကိုသာဆောင်ထားရင် မင်းတို့မိသားစုအေးချမ်းမယ်။
ပူလောင်တာကိုကြိုက်တယ်ဆိုရင် မင်းတို့သဘော
အမှန်တရားအတွက် ငါတို့က လမ်းမထက်ကိုတက်လာနေပြီး
အမှန်တရားဆိုတာ အမြဲတမ်းအနိုင်ရတယ်။
မင်းမိုးယံ
#KyimyindaingNetworks

Kyimyindaing Networks

05 Nov, 16:23


https://www.youtube.com/watch?v=9aPcnRo63eU

Kyimyindaing Networks

05 Nov, 16:22


https://www.youtube.com/watch?v=Ay_NhofWOVg

Kyimyindaing Networks

05 Nov, 16:21


https://www.youtube.com/watch?v=CtnlMvG9p-Y

Kyimyindaing Networks

05 Nov, 16:11


မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိ၊ မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
https://t.me/kyimyindaingnetworks/51930

ကော့သောင်းနှင့် မင်းဘူးတိုတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက် မနည်း သေဆုံး
https://t.me/kyimyindaingnetworks/51933

Up To Date🔄အာရှလမ်းတွင် အောင်ဇေယျစစ်ကြောင်း ခါးဖြတ်တိုက်ခံရ၊ ကော့ကရိတ်မြို့ဝန်းကျင် တွင်လည်း တိုက်ပွဲဖြစ်ပွား
https://t.me/kyimyindaingnetworks/51935

ကျွန်းစု၊ ဘုတ်ပြင်း၊ ရေနံချောင်းမြို့နှင့် ခမောက်ကြီးတို့တွင် အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ် ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး
https://t.me/kyimyindaingnetworks/51936

ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ တအာင်းပြည်အတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြု
https://t.me/kyimyindaingnetworks/51937

တောင်ကုတ်မြို့တွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်မြိုအပါအဝင် ရခိုင်နှင့်ထိစပ်မြိုအချို စတင်စစ်ရှောင်
https://t.me/kyimyindaingnetworks/51942

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/51947

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/51948

UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၂ဦးသေဆုံး
https://t.me/kyimyindaingnetworks/51949

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

03 Nov, 16:41


https://www.youtube.com/watch?v=rRVPu6fj5xw

Kyimyindaing Networks

03 Nov, 16:40


https://www.youtube.com/watch?v=hV5GRUZk9go

Kyimyindaing Networks

03 Nov, 16:39


https://www.youtube.com/watch?v=TUTWsxPO2CI

Kyimyindaing Networks

03 Nov, 16:31


ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်း လင်းမှု ရန်သူ့အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိ
https://t.me/kyimyindaingnetworks/51832

ကျောက်တံခါးမြို့နယ် ၊ ဆင်ရိုးခင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်အထိုင်ကင်းစခန်းအား PDFပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
https://t.me/kyimyindaingnetworks/51835

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/51846

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/51847

UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၂ဦးသေဆုံး
https://t.me/kyimyindaingnetworks/51848

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

25 Oct, 17:18


my mood is right now 😂😂😂

#KyimyindaingNetworks

Kyimyindaing Networks

25 Oct, 17:08


‼️စစ်ဖြစ်နေတဲ့ တိုင်းပြည်ကမို့ Crown ကိုမယူဘူးဆိုပြီး လွင့်ပစ်လိုက်တဲ့ ဆရာထူးအံ့🙄🙄

🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel

🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg

🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/

Kyimyindaing Networks

25 Oct, 16:57


https://www.youtube.com/watch?v=io3On6jtEU0

Kyimyindaing Networks

25 Oct, 16:57


https://www.youtube.com/watch?v=i7C2hSiVRBo

Kyimyindaing Networks

25 Oct, 16:57


https://www.youtube.com/watch?v=IBHcHS3VUTI

Kyimyindaing Networks

25 Oct, 16:46


အမ်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၃၇၂ နဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း နှစ်ခုကို အာရက္ခတပ်တော် (AA)သိမ်းပိုက်
https://t.me/kyimyindaingnetworks/51267

📸Photo News - အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့မှုရပ်ရန် အမေရိကန်ရောက်မြန်မာများ တရုတ်သံရုံးရှေ့ ဆန္ဒပြ
https://t.me/kyimyindaingnetworks/51271

နွေဦးတော်လှန်ရေးတွင် ရှေ့မှမားမားမတ်မတ် ရပ်တည်ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကို လေးစားကြောင်း KIO ကို NUG သဝဏ်လွှာပို့
https://t.me/kyimyindaingnetworks/51281

လားရှိးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံး၊ စက်ရုံနှင့်အဆောက်အအုံများ ပျက်စီး
https://t.me/kyimyindaingnetworks/51285

ကာကွယ်ရေးဝန်ကြီးဌာနအောက် PDF တပ်ဖွဲဝင်တွေ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်တဲ့ တိုင်ကြားမှုများဆိုင်ရာ ကော်မတီဖွဲထားကြောင်း သိရ
https://t.me/kyimyindaingnetworks/51286

စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲစည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲအစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို၍ ပေါင်းစပ်ညှိနှိင်း လုပ်ဆောင်မည်
https://t.me/kyimyindaingnetworks/51288

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်
https://t.me/kyimyindaingnetworks/51293

ဂွမြို့နှင့်အနီးဆုံး တိုင်ကျိုးတွင် တိုက်ပွဲပြင်းထန်နေ၊ သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို သိမ်းပိုက်ရန် ရခိုင့်တပ်တော် - AA က ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်
https://t.me/kyimyindaingnetworks/51294

ရေတာရှည်နှင့် ရေစကြိုရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
https://t.me/kyimyindaingnetworks/51295

မြန်မာနိုင်ငံအတွင်းက စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ဆက်နွှယ်နေသော Airbus ကုမ္ပဏီအား ဖိအားပေး တောင်းဆိုသည့် ကမ်ပိန်းစတင်
https://t.me/kyimyindaingnetworks/51296

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/51300

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/51301

UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၂ဦးသေဆုံး
https://t.me/kyimyindaingnetworks/51302

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

25 Oct, 16:16


ဟဲ့.......ဟဲ့ 😅😂🤣

ကာတွန်း - နာနတ်သီး

#KyimyindaingNetworks

Kyimyindaing Networks

25 Oct, 16:07


ဒီည ဆပ်ပြာသည်တွေ လင်ပျောက်တယ်ဆို ? ငိ ငိ 🤭🤭

©KST Studio

#KyimyindaingNetworks

Kyimyindaing Networks

25 Oct, 16:01


မ အ လ တရုတ်ကိုရောက်ရင်
ဘာ​တွေလုပ်ပြီး
ဘာတွေပြောမလဲဆိုတာ......
သိတဲ့သူဖြေခဲ့....
သိတဲသူ...အကောင်ပဲ
မင်းသူရ
#KyimyindaingNetworks

Kyimyindaing Networks

20 Oct, 17:07


https://www.youtube.com/watch?v=JImFweOWH8A

Kyimyindaing Networks

20 Oct, 17:06


https://www.youtube.com/watch?v=csB_pIRJ--4

Kyimyindaing Networks

20 Oct, 17:06


https://www.youtube.com/watch?v=FfVnIHKoNkA

Kyimyindaing Networks

20 Oct, 17:01


The News of 🔤🔤🔤🔤🔤🔤

အောက်တိုဘာလ 8️⃣🔤ရက်

😄ရန်ကုန်
🔔ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြိုနယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြိုနယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပိုဆောင်လိုက်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်မြိုနယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၁၂၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြိုနယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပိုဆောင်ခြင်းဖြစ်ကြောင်း၊ စစ်ကား ၂၅ စီးခန့်ပါဝင်ပြီး တစ်စီးလျှင် လူဦးရေ ၂၀ ဝန်းကျင်ပါဝင်ကြောင်း၊ လုံခြုံရေးအပြည့်ဖြင့် လူငယ် သင်တန်းသားများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "ရန်ကုန်တိုင်းမှာ ပေါ်တာဆွဲတာရော၊ အလှည့်ကျ စစ်မှုထမ်းခေါ်တာရောမှာ စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော်တယ် စုဆောင်းထားတာ။ အဲဒီအထဲကမှ ၄၀၀ လောက်ကို ဟိုပုံးတကနသင်တန်းကျောင်းကို ပိုပါတယ်။ ရှမ်းတောင် ဟိုပုန်းမှာသင်တန်းတက်ရမှာဖြစ်ပါတယ်။ ယာဉ်တန်းပိုလိုက်ပြီ။ တပ်မတော်လုံခြုံရေးကားတွေကလည်း ယာဉ်တန်းရဲ့ ရှေ့၊လယ်၊နောက်မှာ လိုက်ပါပါတယ်" ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။ ရန်ကုန်တိုင်းအတွင်းတွင် ယခု စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်ကောင်စီက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ အလှည့်ကျ မဖြစ်မနေ အတင်းအကျပ် လူစုဆောင်း သင်တန်းတက်ခိုင်းခြင်းများကြောင့် လျာထားချက်ထက် ပိုမို၍ လူဦးရေ ရရှိခဲ့ကြောင်း၊ ထိုကြောင့် အခြားပြည်နယ်နှင့်တိုင်းများဘက်ရှိ စစ်တပ်သင်တန်းကျောင်းများသို စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ စစ်သင်တန်းကျောင်းများတွင်လည်း လူဦးရေ လိုအပ်ချက်ထက် ပြည့်မီစွာ ရရှိကြောင်း သိရှိရသည်။ ©KTM

😄လှိုင်သာယာမြို့နယ်
🔔ရွှေလင်ဗန်းစက်မှုဇုန်ရှိ ရွှေနဂါး ဓါတ်မြေဩဇာစက်ရုံ မီးလောင်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးဖိုးလှိင်လမ်းရှိ ရွှေနဂါး ဓါတ်မြေဩဇာစက်ရုံ ဒီနေ့မနက် ၉နာရီခွဲကျော်က မီးလောင်ခဲ့တယ်လို သိရပါတယ်။ မနက် ၁၀နာရီကျော်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောပါတယ်။ “ဘယ်လိုကနေစပြီး မီးလောင်မှုဖြစ်တာလဲဆိုတာကတော့ မီးသတ်ကလိုက်ပြီးစစ်ဆေးနေတယ်။ အားလုံးမြေဩဇာအိတ် တစ်ရာကျော်လောက် မီးလောင်တဲ့အထဲပါသွားတယ်။ ကျန်တာတော့ထိခိုက်ပျက်စီးတာတွေမရှိပါဘူး” လို သူကပြောပါတယ်။ မီးလောင်မှုအကြောင်းအရင်းကိုလည်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲက စစ်ဆေးနေပြီး ဆုံးရှုးမှုတန်ဖိုးကိုလည်း တွက်ချက်နေဆဲဖြစ်တယ်လို သိရပါတယ်။ ©TNV

😄ရန်ကုန်
🔔ဧည့်စာရင်း
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အတော်များများတွင် အကြမ်းဖက် စခ၊ရခ နှင့် လက်ပါးစေရပ်ကျေးများမှ တရားဥပဒေမဲ့ ပြည်သူ့အိမ်များသို့ဝင်ရောက်ပြီး ဧည့်စာရင်းလိုက်လံစစ်ဆေးခြင်း၊ အတင်းအဓမ္မ ပေါ်တာ ဆွဲ လူဖမ်းဆီးခြင်းများ ပြုလုပ်နေကြကြောင်းကို မြေပြင် သတင်းများအရ စုံစမ်းသိရှိရသည်။ ©KMDNet

😄လှိုင်သာယာမြို့နယ်
🔔ဧည့်စာရင်း
ယနေ့ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာ ၉ လမ်းအောက်ဘက်၌ အကြမ်းဖက် စစ်သား ၇ ယောက်၊ အုပ်ကြီး နေလင်းမိုးအပါအဝင် နောက်လိုက် ၉ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေပြီး အဆောင်များအား အဓိကထား၍ စစ်ဆေးနေကြောင်း သိရှိရသည်။ ©HTYSC

😄မရမ်းကုန်းမြို့နယ်
🔔ဧည့်စာရင်း
ယနေ့ည ၁၀:၅၃ ခန့်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း အလယ်ဗဟိုလမ်း၊ ဦးရွှေနုလမ်းအောက်ဘက်၌ DC တစ်စီး အမှောင်ထဲ ရပ်ထားပြီး ရပ်ကျေးအဖွဲ့အဝင်များ အပါအဝင် အကြမ်းဖက်တပ်သားများ အင်အား အများအပြားဖြင့် တိုက်တစ်တိုက်အား စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ©RSN

#TheNewsofYangon
#KyimyindaingNetworks
#KyimyindaingScoutChannel
#KyimyindaingChannel
#RangoonScoutNetwork
#ကြည့်မြင်တိုင်
#Yangon

Kyimyindaing Networks

20 Oct, 16:56


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို​​ AA ထိုးစစ် နီးကပ်
https://t.me/kyimyindaingnetworks/50958

မြဝတီမြိုနယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကာကင်းစခန်း သုံးခုကို တော်လှန်ရေးတပ်များ ထပ်မံသိမ်းပိုက်
https://t.me/kyimyindaingnetworks/50959

ပန်ဝါမြို့ပေါ်ရှိ BGF ဆိုင်းဘုတ်ဖြုတ်ချ၊မြိုပေါ်နှင့် နယ်စပ်ဂိတ်အနီး KIA တပ်နေရာယူ
▪️မြိုသိမ်းတိုက်ပွဲအတွင်း စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများစွာရ၊ လက်နက်ဖွက် အရပ်ဝတ်လဲ တပ်ဖျောက်ထားခြင်းရှိ၍ လုံခြုံရေးဂရုစိုက်နေရဆဲဟု သတိပေး
https://t.me/kyimyindaingnetworks/50965

ယင်းမာပင်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်၊
မုံရွာတွင် အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်
https://t.me/kyimyindaingnetworks/50968

📸Photo News - ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကျင်းပ
https://t.me/kyimyindaingnetworks/50968

ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ
https://t.me/kyimyindaingnetworks/50978

လားရှိုးမြို့သိမ်း တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံပန်း မိသားစုဝင် ၃၁ ဦးကို MNDAA က ပြန်လွှတ်ပေး
https://t.me/kyimyindaingnetworks/50981

အောင်ဇေယျစစ်ကြောင်း လေကြောင်းပစ်ကူဖြင့် အင်အားသုံးရှေ့တိုးရာ အထိနာပြီး ပြန်လန်ကျ
▪️အနန်းကွင်းဗျူဟာတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို
https://t.me/kyimyindaingnetworks/50988

တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထာတဲ့ မြို့ ၈၅ မြို့
https://t.me/kyimyindaingnetworks/50991

Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/50992

We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/50993

UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၄ဦးသေဆုံး
https://t.me/kyimyindaingnetworks/50994

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

Kyimyindaing Networks

20 Oct, 13:56


ညီညီ့ကြောင်လေး ဒီနေ့ ညီညီ့အနောက် လိုက်သွားပါတယ်။ 🍂🥲🥲🥲
Although you're no longer here, I know that you're still with Nyi Nyi in spirit. 🍂
©Ko Ko (Aung Htet Naing)
#KyimyindaingNetworks