🔴 Z Fighter Nov 21 🔴
ယူကရိန်းစစ်တပ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲရက်ပေါင်း ၁,၀၀၀ ပြည့်တဲ့ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ခွင့်ပြုချက်ရထားတဲ့ တာဝေးပစ်ဒုံး ATACMS တွေကို အသုံးပြုပြီး ရုရှားနယ်မြေအတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မှုဟာ ဘရဲ့ရန်စ်ခ် ဒေသမှာရှိတဲ့ လက်နက်တိုက်တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ရုရှားနယ်စပ်ကနေ ကီလိုမီတာ ၁၁၀ အကွာအဝေးအထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားဘက်ကလည်း ယူကရိန်းတို့ဟာ ယမန်နေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၃ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ ကန်က ပေးထားတဲ့ တာဝေးပစ်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုကာ အဲဒီခြောက်လုံးထဲကငါးလုံးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပြီး ကျန်တစ်လုံးရဲ့ အပိုင်းအစတွေက စစ်အခြေစိုက်စခန်းပေါ် ကျရောက်ခဲ့တာကြောင့်မီးလောင်မှုဖြစ်ပွားပေမဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။[CJ Platform][Z-F]
ဓာတ်ပုံ- The Express Tribune
https://telegra.ph/Z-Fighter-11-21-78
#Adm_2
#CJPlatform
#z_fighter