Federal Journal - Myanmar @federaljournalmyanmar2016 Channel on Telegram

Federal Journal - Myanmar

@federaljournalmyanmar2016


တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး

Federal Journal - Myanmar (Burmese)

သင်တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အခမဲ့လူပဂျင်နယ်များတွင်ရှိမည်ဖြစ်ပါသည်။ Federal Journal - Myanmar ဆိုသည့်အခါမြင့်တင့်တဲ့အက်ပ်များ၊ နည်းပညာလေးများ၊ သတင်းအချက်များနှင့် ရေးရတနာများတွင်မှ ပညာသင်လျော်ကတည်းကဆန်ခဲ့သော အကြောင်းများအပေါ်လူပဂျင်နယ်အရက်များ၏ ရုပ်သံအနှစ်များစွာ ပေးစွမ်းအတွင်း တွေ့ရှိသည်။ အနည်းဆုံး ခေါ်ဆိုတဲ့ သတင်းများကို တွေ့ကြည့်ရပါမည်။ Federal Journal - Myanmar သည် မြန်မာနိမ့်ခဲ့သော နောက်ထပ် ရေးသားအက်ပ်များ သို့ ဖက်ဒရယ်ပြည်တွင်း လိင်ပို မျိုးမျိုး မြပ်စပ်ကြေညာခဲ့သည်။ အရှဲရုပ်သံပေးသော ပြည်တွင်းငြိမ်းချမ်း ကို ထို့လျောညီတည်းလျက်မြန်မာနိမ့်ကုန်သွယ်ခဲ့ပါသည်။

Federal Journal - Myanmar

25 Jan, 10:02


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

သုဝဏ္ဏခွန် ဒုဥက္ကဌ(၁) တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Federal Journal - Myanmar

25 Jan, 00:32


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

ယွန်းမီ - Burma Support

Federal Journal - Myanmar

24 Jan, 10:05


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

ဟိန်းညီညီ (သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း) စက်မှူလက်မှုသိပ္ပံ (အင်းစိန်)

Federal Journal - Myanmar

23 Jan, 09:04


FJMM ကာတွန်း - လမ်းဖွင့်ထားပါတယ်။
ကာတွန်း – Rifle

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၃၊ ၂၀၂၅

https://federaljournalmm.org/fj-mm-20749-2/

Federal Journal - Myanmar

22 Jan, 12:10


တော်လှန်သူတို့အသံ ပေါ့ကပ်စ်အစီအစဥ် (၃၀) https://youtu.be/ptRguyz6dPk

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်မှာတော့ "နွေဦးတော်လှန်ရေးနဲ့ မြေပြင် ကျန်းမာရေး ဝန်ဆောင်ပေးနေတဲ့ ဆရာဝန် ရဲဘော်တို့ တော်လှန်အမြင်" ဆိုတဲ့အကြောင်းကို နွေဦးကျန်းမာအဖွဲ့က CDM ဆရာဝန် ဒေါက်တာထူးကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန်သူတို့ရဲ့ တော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ဖြတ်သန်းနေကြတဲ့ တော်လှန်သူတို့ရဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_30
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်သူတို့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

21 Jan, 04:43


၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အမျိုးသမီးရေးရာ ကဏ္ဍ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ နှစ်သစ် ၂၀၂၅ အတွက် အထူးမေးမြန်း သုံးသပ်ချက်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတပတ်မှာ​တော့ အမျိုးသမီးရေးရာ ကဏ္ဍမှာ ၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး

နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့က ဘယ်လောက်ခရီးနီးခဲ့ပြီလဲ၊ ဒီအရွေ့မှာ အမျိူးသမီးတွေရဲ့ အခန်းကဏ္ဍ က အတိုင်းအတာဘယ်လောက်ထိ ပါဝင်ခဲ့လဲ၊၂၀၂၄ ရဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့ ကနေ ၂၀၂၅ မှာ စကစ ကို အမြစ်ဖြတ်တဲ့အထိ အဆုံးအဖြတ်ဖြစ်လာနိုင်လား၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိမှာဆွေးနွေးနေကြတဲ့ အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးပါဝင်မှုက ဦးဆောင်တဲ့ အခန်းကဏ္ဍ အပါအဝင် တော်လှန်ရေးထဲက အမျိုးသမီးတွေပါဝင်နဲ့ ၂၀၂၅ အတွက် တော်လှန်ရေးနဲ့ နိုင်ငံရေး အရွေ့အားကောင်းဖို့ ဆိုရင် လက်ရှိအခြေအနေမှာ ဘယ်လိုကိစ္စတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်လဲ စတဲ့ အကြောင်းအရာတွေကို Women’s Advocacy Coalition – Myanmar ရဲ့ coordinator လည်းဖြစ်၊ Triangle Women Organizations ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေး နှင့် တွေ့ဆုံမေးမြန်းချက်ကို တင်ဆက်ပေးသွားပါ။

ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်ရှုရန် - https://federaljournalmm.org/fj-mm-207056-2/

Federal Journal - Myanmar

20 Jan, 04:46


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

– ပါဝင် ဆွေးနွေးသူများ

၁။ ဟိန်းညီညီ (သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း) စက်မှူလက်မှုသိပ္ပံ (အင်းစိန်)

၂။ သုဝဏ္ဏခွန် ဒုဥက္ကဌ(၁) တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

၃။ ယွန်းမီ - Burma Support

၄။ ဉာဏ်လင်းပြည့် (FJMM / Moderator)

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20716-2/

Federal Journal - Myanmar

17 Jan, 11:13


၂၀၂၅ မှာ တော်လှန်ရေးနဲ့ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ (စကားဝိုင်း) https://youtu.be/3-t4fTn4o1A

– ပါဝင် ဆွေးနွေးသူများ

၁။ ဟိန်းညီညီ (သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း) စက်မှူလက်မှုသိပ္ပံ (အင်းစိန်)

၂။ သုဝဏ္ဏခွန် ဒုဥက္ကဌ(၁) တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

၃။ ယွန်းမီ – Burma Support

၅။ ဉာဏ်လင်းပြည့် (FJMM / Moderator)
———

အစီအစဉ်

ရက်စွဲ – ဇန်နဝါရီ ၁၇၊ ၂၀၂၅
အချိန် – ညနေ ၆ နာရီ(မြန်မာချိန်)

——–
၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။

၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။

#တော်လှန်ရေးအရွ့_ဖက်ဒရယ်အရွေ့ _စိန်ခေါ်မှုနဲ့အားကောင်းဖို့ #စကားဝိုင်း
#FJMM #January_TalkShow_2025
#မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ

Federal Journal - Myanmar

16 Jan, 04:02


တပ်သား ၆၄၀၀၀ကျော်ရဲ့ လစာငွေထက် ပိုများနေတဲ့ စစ်ခေါင်းဆောင် ဇနီးရဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဖိုးသား | သတင်းဆောင်းပါး

ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဒုတိယပါတ်အတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ အကြောင်း လူပြောများနေပါတယ်။ သတင်းမီဒီယာ စာမျက်နှာတွေ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဒေါ်ကြူကြူလှနဲ့ သူရဲ့ လက်ကိုင်အိတ်ဓာတ်ပုံလေးတွေအကြောင်း အကျယ်တဝင့် ရေးသားဖော်ပြနေကြပါတယ်။

ပြည်ပအခြေစိုက်သတင်းဌာနကြီးတွေသာမက အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ဒေသတွင်းအခြေစိုက် ကိုယ်ထူကိုယ်ထ မီဒီယာတွေပါ ဖော်ပြလာကြပါတယ်။ အလားတူပဲ တော်လှန်ရေးအသိုင်းအဝိုင်းမှာ လူသိများထင်ရှား နေကြသူလည်း အဲဒီလက်ကိုင်အိတ် (၁၅)လုံးအကြောင်း တန်ဖိုးတွက်ချက်ဖော်ပြတာတွေ၊ ဝေဖန်တာ ရှိသလို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းမှာလည်း ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20705-2/

Federal Journal - Myanmar

15 Jan, 12:16


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၂၉) https://youtu.be/3Xi4wZSNFSs

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်မှာတော့ "နွေဦးတော်လှန်ရေးနဲ့ မြေပြင်ရဲဘော်တို့ တော်လှန်အမြင်" ဆိုတဲ့အကြောင်းအရာကို အခြေခံပြီး Shan Yoma UG PDF အဖွဲ့ရဲ့ ဘဏ္ဍာရေးအဖွဲ့ဝင် ရဲဘော် ပုဇွန်လုံးကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_29
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

14 Jan, 10:40


ရှမ်းပြည်တောင်ပိုင်းဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာလိုအပ်မှုများရှိနေကြောင်း PYO ဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅

ရှမ်းပြည်တောင်ပိုင်းဒေသများအတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO) မှ ဇန်နဝါရီလ ၁၃ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ https://federaljournalmm.org/fj-mm-20696-2/

Federal Journal - Myanmar

14 Jan, 07:42


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅

ရဲဘော်ဒီလှိုင်း - နိုင်ငံရေးအကျဉ်းသားဟောင်း(၈၈/၂၀၂၁)နဲ့ တွေ့ဆုံမေးမြန်းခြင်း

၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လို အဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ် တပ်ပေါင်းစု ကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်မလဲ နိုင်ငံရေး အကျဉ်း သားဟောင်း(၈၈/၂၀၂၁)ဖြစ်သူ ရဲဘော်ဒီလှိုင်းကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်း တင်ဆက်ထားပါတယ်။  လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20685-2/

Federal Journal - Myanmar

08 Jan, 01:01


၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းခြင်း

လင့်ခ်ကိုနှိပ်ပြီး ဖတ်ရန် - https://federaljournalmm.org/fj-mm-20663-2/

Federal Journal - Myanmar

07 Jan, 15:48


၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ လုံးဝပတ်သက်စရာ မရှိဘူးလို့ SNLD ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌတို့ နှစ်ဦးကို ဆုတံဆိပ် ပေးအပ်တာဟာ လူထုလက်မခံတော့တဲ့ ၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့သူ့နိုင်ငံရေး ပြန်ရှင်လိုရှင်ငြားဆိုပြီး SNLD ခေါင်းဆောင်တွေကို အမှုတွဲတဲ့သဘော၊ သေဖော်ညှိတဲ့သဘောနဲ့ လုပ်နေတယ်လို့ ယူဆကြောင်း SNLD ပါတီ တာဝန်ရှိသူက ပြောပါတယ်။

လင့်ခ်ကိုနှိပ်ပြီး ဖတ်ရန် - https://federaljournalmm.org/fj-mm-20655-2/

Federal Journal - Myanmar

07 Jan, 05:17


FJMM ကဗျာ – ရူးလို့တော်လှန်ခဲ့သည်

ကဗျာ – ခန့်ဒေါင်း

https://federaljournalmm.org/fj-mm-20645-2/

Federal Journal - Myanmar

07 Jan, 04:58


၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၅

ဒီတပတ်ထပ်မံပြီး၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး

၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လိုအဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ်တပ်ပေါင်းစုကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ ကိုမင်းသွေးသစ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်းတင်ဆက်ထားပါတယ်။

ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20638-2/

Federal Journal - Myanmar

05 Jan, 06:22


https://federaljournalmm.org/fj-mm-20632-2/

Federal Journal - Myanmar

04 Jan, 12:24


https://www.facebook.com/fjmm2012/videos/1066958201871316

Federal Journal - Myanmar

04 Jan, 04:49


စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖက်ဒရယ်ဥအဒေ အကယ်ဒမီထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၅

ပြည်ထောင်စု မြန်မာနိုင်ငံ၏ စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအတွက်ဆိုကာ ဖက်ဒရယ်ဥအဒေ အကယ်ဒမီက ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၀ ခုနှစ်မှစ၍ မျက်မှောက်ကာလအထိ အောက်ပါ အဖွဲ့အစည်းကြီး လေးခုဖြစ်တဲ့ ဖက်ဒရယ်အဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမူများကို ချမှတ်ခဲ့ကြသည်။ ၎င်းတို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (National Council of the Union of Burma – NCUB)၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့်ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee – FCDCC)၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဖက်ဒရယ် ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s Representatives Committee for Federal – PRCF) တို့ကို အခြေခံပြီး ပြုစုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင့် ဖော်ပြထားတဲ့အဖွဲ့အစည်းကြီးလေးခုက ယခုပေါ်ပေါက် လာတဲ့ စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား နိုင်ငံရေးအရ စုပေါင်းပိုင်ဆိုင်ကြတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

အခုပြုစုထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ (မူကြမ်း) သုံးခုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် တို့အား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပညာဖြင့် ပေါင်းစုကာ ဖက်ဒရယ်ဥပဒေအကယ်ဒမီက စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အနေဖြင့် တင်ဆက်လိုက်ခြင်းဖြစ်ပြီး ရိုးရိုး ဖွဲ့စည်းမှု (Formation) သာမက အုပ်ချုပ်မှု (Governance) ကိုပါ ပေါင်းစပ်ထားခြင်း ဖြစ်သောကြောင့် စံပြုဖက်ဒရယ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟု အမည်ကို အဆိုပြုတာလို့ သိရပါတယ်။

စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံရေးအရ ညီညွတ်မှုကို ရှာဖွေရာတွင် လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာဥပဒေစိုးမိုးရေးကို တည်ဆောက်ရာတွင် လည်းကောင်း၊ ထိရောက်သည့် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု မြှော်လင့်တာ ဖြစ်တယ်လို့လည်း ဖက်ဒရယ်ဥပဒေ အကယ်ဒမီက ထည့်သွင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရှိ ပြည်တွင်းအင်အားစုများ၏ လွတ်လပ်စွာ ရပ်တည်မှု သက်သက်ဖြင့် မြန်မာနိုင်ငံရဲ့ အရင်းခံ နိုင်ငံရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာများအား ဖြေရှင်းနိုင်ခြေများစွာ နည်းပါးသွားပြီ ဖြစ်ကြောင်း ကို ၂၀၂၄ ခုနှစ် အတွင်း ဖြစ်ရပ်များက သက်သေထူလျက်ရှိနေပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် စပ်လျှဉ်း၍ အဖြေရှာနိုင်ရေး ပံ့ပိုးရာတွင် ဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဥပဒေစိုးမိုးရေးနောက်ခံများဖြင့် မည်ကဲ့သို့ချဉ်းကပ် ဖော်ဆောင်စေသင့် ကြောင်း ထိရောက်စွာ တုန့်ပြန်ဘို့ လိုအပ်လာပြီဖြစ်လို့ ဤနောက်ခံများမှနေ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း တင်ပြထားတာ တွေ့ရပါတယ်။

ပေးပို့ထားတဲ့ ထုတ်ပြန်ချက် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ဖို့

အခမဲ့ ဒေါင်းလုတ်လင့်ခ် - http://surl.li/msodxd

Federal Journal - Myanmar

04 Jan, 04:49


စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖက်ဒရယ်ဥအဒေ အကယ်ဒမီထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၅

ပေးပို့ထားတဲ့ ထုတ်ပြန်ချက် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ဖို့

အခမဲ့ ဒေါင်းလုတ်လင့်ခ် - http://surl.li/msodxd

Federal Journal - Myanmar

04 Jan, 03:25


နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။

ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခ များကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး ရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။

လင့်ခ်ကို နှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20626-2/

Federal Journal - Myanmar

04 Jan, 02:05


လွတ်လပ်ရေးနေ့ (ယနေ့)အတွက် တိုင်းရင်းသားတစ်ဉီး၏ မှတ်ချက်သုံးခု

ဆလိုင်း ကျဲအိုဘိခ်ထောင် | အတွေးအမြင်

ယနေ့သည် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။

ဤနိုင်ငံမှာ အာဏာရသူများက သမိုင်းကို လိုရာစွဲပြီး မဟုတ်မမှန်ရေးသားမှု၊ အတင်းအဓမ္မ သင်ကြားခိုင်းစေမှုနှင့် ဝါဒမှိုင်းတိုက်မှုရှိခဲ့သည့်အတွက် တိုင်းရင်း သားများ နစ်နာမှုရှိခဲ့သည်။

ထို့ကြောင့် လွလ်လပ်ရေးနေ့ အနစ်သာရကို ဒီဘက်ခေတ် တိုင်းရင်းသားတစ်ဉီးအနေဖြင့် ဘယ်လို ရှုမြင်သလဲဆိုသည်ကို အချက်သုံးချက်ဖြင့် အကျဉ်းချုံး ဖော်ပြလိုပါသည်။

ပထမအချက်___မည်သူ့ကြောင့် လွတ်လပ်ရေးရခဲ့သနည်း။ ယမန်နှစ် NUG ရဲ့ လွတ်လပ်ရေးနေ့ ကြောညာချက်မှာ “ပြည်သူလူထုတစ်ရပ်လုံး ကြိုးစားအားထုတ်မှုကြောင့်”ဟု ရေးသားတာကို တွေ့ရသည်။

အရင်ဗမာ ခေါင်းဆောင်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း(ဉီးဆောင်မှု)ကြောင့် ဆို တာမျိုး မသုံးတော့လို့ တော်သေးတယ်ဟု ဆိုရမည်။ တကယ်တမ်းပြောရလျှင် “မြန်မာပြည်သူ လူထု၏ ကြိုးပမ်းမှုကြောင့် ရရှိခဲ့ခြင်းပြင်ဟုတ်သလား”ဆိုတာ မေးခွန်းထုတ် လို့ရပါသည်။

https://www.facebook.com/share/p/1DmkkrTBSj/

Federal Journal - Myanmar

03 Jan, 18:18


DPLF/DPLA ဗဟိုကော်မတီဝင် ရဲဘော် Kyay Mong နဲ့ တွေ့ဆုံမေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၄၊ ၂၀၂၅

ဒီတပတ် ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သီးသန့်မေးမြန်းခန်းကနေ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာခဲ့တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် တော်(DPLF/DPLA) ရဲ့ ဖွဲ့စည်းလှုပ်ရှားမှုများနှင့် တပ်ဖွဲ့ရဲ့စိန်ခေါ်မှုများကို ဘယ်လိုကြုံနေရပါသလဲ၊ စတဲ့ အကြောင်းအရာများနှင့်အတူ ပြောပြချက်ကို ကြားရမှာပါ။

ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ။ https://youtu.be/hwg2FW2Wp_s

Federal Journal - Myanmar

02 Jan, 06:13


၂၀၂၅ ခုနှစ်မှာ “ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကို မြန်မာပြည်သူတွေ မြင်နိုင်မလား
ဟန်နရီမင်း | အတွေးအမြင်

နိဒါန်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဖျက်သိမ်းကြောင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ကြေညာခဲ့ပါသည်။ ဒါပေမဲ့ တော်လှန်ရေးကာလက (၄)နှစ်ပြည့်ပါတော့မယ်၊ အစားထိုးထားတဲ့ ယာယီမူကြမ်းတောင် သေချာထုတ်ပြတာ မတွေ့ရဘူး။ စနစ်ဟောင်းကို ဖျက်လိုက်ပြီဆိုရင် စနစ်သစ်က အမြဲတမ်း အစားထိုးရပါတယ်။ မဟုတ်ရင် တခြားမမှန်ကန်တဲ့အရာတွေက အစားထိုးသွားပါမယ်။

အဖွဲ့အစည်းတိုင်းက သူတို့ထင်တယ်လို့ ယူဆတဲ့အရာတိုင်းကို လုပ်ဆောင်ကြပြီးတော့ မင်းမဲ့စရိုက်တွေ ပိုဆန်သွားနိုင်ပါတယ်။ ဆက်လက်မေးစရာ မေးခွန်းက NUG အနေနဲ့ လွတ်မြောက်နယ်မြေတချို့ကို ဘယ်ဖွဲ့စည်းပုံအခြေခံနဲ့ အုပ်ချုပ်ပါသလဲ။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေးပြဿနာတတ်နေတာ ခုချိန်အထိပါပဲ။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံဖတ်ရှုရန် -
https://federaljournalmm.org/fj-mm-20604-2/

Federal Journal - Myanmar

01 Jan, 12:23


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၂၈) https://youtu.be/C0ONMjAXMHg

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ ၂၀၂၅ ခုနှစ် နွေဦးတော်လှန်ရေးနဲ့ မြေပြင်ရဲဘော်တို့ တော်လှန်အမြင်" ဆိုတဲ့အကြောင်းအရာကို အခြေခံပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ စစ်ဆင်ရေးဗျူဟာမှူး ရဲဘော်သာဂွကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_28
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

31 Dec, 17:36


၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အမျိုးသမီးရေးရာ ကဏ္ဍ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ နှစ်သစ် ၂၀၂၅ အတွက် အထူးမေးမြန်း သုံးသပ်ချက်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတပတ်မှာ​တော့ အမျိုးသမီးရေးရာ ကဏ္ဍမှာ ၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး

နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့က ဘယ်လောက်ခရီးနီးခဲ့ပြီလဲ၊ ဒီအရွေ့မှာ အမျိူးသမီးတွေရဲ့ အခန်းကဏ္ဍ က အတိုင်းအတာဘယ်လောက်ထိ ပါဝင်ခဲ့လဲ၊၂၀၂၄ ရဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့ ကနေ ၂၀၂၅ မှာ စကစ ကို အမြစ်ဖြတ်တဲ့အထိ အဆုံးအဖြတ်ဖြစ်လာနိုင်လား၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိမှာဆွေးနွေးနေကြတဲ့ အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးပါဝင်မှုက ဦးဆောင်တဲ့ အခန်းကဏ္ဍ အပါအဝင် တော်လှန်ရေးထဲက အမျိုးသမီးတွေပါဝင်နဲ့ ၂၀၂၅ အတွက် တော်လှန်ရေးနဲ့ နိုင်ငံရေး အရွေ့အားကောင်းဖို့ ဆိုရင် လက်ရှိအခြေအနေမှာ ဘယ်လိုကိစ္စတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်လဲ စတဲ့ အကြောင်းအရာတွေကို Women's Advocacy Coalition – Myanmar ရဲ့ coordinator ဒေါ်ခင်လေးနှင့် တွေ့ဆုံမေးမြန်းချက်ကို တင်ဆက်ပေးသွားပါ။

ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ။ https://youtu.be/fDNcR2J4giM

Federal Journal - Myanmar

30 Dec, 03:14


စစ်သည်အင်အားလိုအပ်ချက်အတွက် ပအိုဝ်းပြီးနောက် ဓနုဒေသကို စစ်ကောင်စီမျက်စောင်းထိုးလာပြီလား

ဖိုးသား | အတွေးအမြင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှာ ပြည်သူ့အာဏာကို သိမ်းယူခဲ့ပါတယ်။ ၁၃၅ မျိုးသော တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ အချုပ်အချာ အာဏာအားလုံးကို လက်နက်အားကိုးနဲ့ စစ်ကောင်စီက မတရား သိမ်းပိုက်ခဲ့ရာမှာ ဓနုပြည်သူတွေရဲ့ အာဏာ၊ ဓနုတွေရဲ့ လွတ်လပ်ခွင့်တို့ဟာလည်း ကျန်မနေခဲ့ပါ။ ကျန်ညီနောင်တွေကဲ့သို့ပင်လူ့အခွင့်အရေးတွေ အားလုံး ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူ့ခုခံတွန်းလှန်ရေး ခေါင်းစဉ်အောက်က လက်နက်ကိုင် တပ်ဖွဲ့တွေ အများအပြား စုဖွဲ့ပေါ်ပေါက်လာကြပါတယ်။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံဖတ်ရှုရန် -
https://federaljournalmm.org/fj-mm-20588-2/

Federal Journal - Myanmar

29 Dec, 03:23


ရွေးကောက်ပွဲသည် စစ်ကောင်စီအသုံးချမည့်ဖြေဆေး

မင်းကျော်ဖေ | သတင်းဆောင်းပါး


တစ်နိုင်ငံလုံးစစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅ခုနှစ်နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင်ပြောလာသည်။ သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် စစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအပြီး တရုတ်မှ ရွေး ကောက်ပွဲကျင်းပဖို့ အားပေးထောက်ခံမှုပြခဲ့ပြီးနောက် ကျယ်ကျယ်လောင်လောင် ပိုအသံထွက်လာ ခဲ့သည်။

တရုတ်မှ လူဦးရေတန်ခေါင်စာရင်းကောက်ယူရေးနှင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပံ့ပိုး ကူညီ ပေး မည်ဟု ပြောဆိုခဲ့သည်။ တစ်နိုင်ငံလုံးရှိပြည်သူများက စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားနေ ချိန်တွင် တရုတ်က ၎င်းတို့အကျိုးစီးပွားရှေ့ရှုပြီး မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးမထားဘဲ စစ်အာဏာရှင်ဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောလာသော်လည်း လက်ရှိပကတိ အခြေအနေ တွင် တိုင်းရင်းသားဒေသများနှင့်ပြည်မဒေသများပါ ငြိမ်းချမ်းမှုမရှိဘဲတိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။ ထို့အတူ ပြည်သူလူထုအနေနှင့်လည်း ရွေးကောက်ပွဲ ပြုလုပ်မည့် အပေါ် စိတ်ပါ ဝင်စားခြင်းမရှိသည်ကို တွေ့ရသည်။

ပုံကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် -
https://federaljournalmm.org/fj-mm-20584-2/

Federal Journal - Myanmar

28 Dec, 17:45


စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းမှုနဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ TNP ပါတီပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၈၊ ၂၀၂၄

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုနဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ-TNP ပါတီက ဒီဇင်ဘာလ ၂၇ရက်က ထုတ်ပြန်ခဲ့တဲ့ တတိယအကြိမ်‌မြောက် TNP ပါတီ ညီလာခံ သဘောထား ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တတိယအကြိမ်‌မြောက် TNP ပါတီ ညီလာခံကို ဒီဇင်ဘာလ ၂၄ရက်ကနေ ၂၅ရက်အထိ တအာင်းဒေသမှာ ကျင်းပခဲ့ပြီး ဗဟိုကော်မတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေမှ လေ့လာသူတွေ၊ လေ့လာသူတွေ စုစုပေါင်း ၉၃ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ဖတ်ရှုရန် - https://www.facebook.com/share/p/12FkwJpY5g7/

Federal Journal - Myanmar

27 Dec, 09:14


ဖမ်းဆီးခံ နပခ တိုင်းဦးစီးချုပ်ရဲ့ သတင်းစကား

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၇၊ ၂၀၂၄

နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်မှ လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ၊ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်နေတာတွေကို ရပ်တန့်ပေးပါ၊ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ၊ နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ် လို့ ဖမ်းဆီးခံ နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ယမန်နေ့ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက်မှာ အာရက္ခတပ်တော် (AA) ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှတဆင့် သတင်းစကား ပါးလိုက်ပါတယ်။

ဒါ့အပြင် မိသားစုတွေအနေနဲ့လည်း သူဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်းမာစွာ ရှိနေတဲ့အတွက် စိတ်မပူကြဖို့ ရုပ်သံဖိုင်ကတဆင့် အသိပေးထားပါတယ်။

ရုပ်သံ - AA Info Desk

Federal Journal - Myanmar

27 Dec, 05:26


တော်လှန်ရေးခရီးကို လျှောက်လှမ်းတဲ့အခါ စိတ်ဓါတ်တွေ အရှိန်မကျအောင် ဘယ်လို ထိန်းသိမ်းသင့်သလဲ?

ဟန်နရီမင်း | အတွေးအမြင်

လူသားတွေဟာ ရည်မှန်းချက်တစ်ခုကို ရရှိအောင်ဆောက်ရွက်ကြတဲ့အခါမှာ အစပြုကောင်းပေမဲ့ လမ်းတစ်ဝက်မှာ အခက်အခဲကြုံတာ သို့မဟုတ် ရှေ့ဆက်လျှောက်ရမယ့်လမ်းခရီးက အလှမ်းဝေးနေသေးရင် စိတ်ဓာတ်ကျတတ်ကြ စမြဲပါပဲ။ အခုလည်း မြန်မာ့နွေဦးနဲ့အတူ တော်လှန်ရေးခရီးကို နှင်လာခဲ့ကြတာ လာမယ့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ဆိုရင် (၄)နှစ်တင်းတင်းပြည့်ပါတော့မယ်။ ဒီကြားထဲမှာ နောက်ပြန်လှည့်တဲ့သူတွေ၊ ရှေ့မတိုးဘဲ ရပ်တန့်သွားတဲ့သူတွေနှင့် လမ်းကြောင်းပြောင်းသွားတဲ့သူတွေ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရပါတယ်။ ဒါက “အချိန်က စကားပြောပါလိမ့်မယ်” ဆိုတဲ့စကားအတိုင်း ဖြစ်လာပါတယ်။

Human Resources ရှုထောင့်အရ ကုမ္ပဏီတွေအနေနဲ့ မိမိရဲ့ ဝန်ထမ်းတွေကို အလုပ်မှာ စိတ်ဓာတ်မြင့်တတ်နေအောင်(to be motivated) ဟောပြောပွဲတွေ တက်ရောက်စေတာ သို့ဟုတ် ဆုလာဒ်ဆောင်တွေကို အချိန်အခါအရ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် လို့ ပညာရှင်တွေက အားပေးခဲ့ကြပေမဲ့ ခုနောက်ပိုင်းနှစ်တွေမှာတော့ ၎င်းပညာရှင်တွေကိုယ်တိုင်က “စိတ်ဓာတ်တတ်ကြွနေဖို့ဆိုတာ အတွင်းဘက်ကနေ လာမှရမယ်” ဆိုပြီး ထပ်ပြောကြပြန်ရော။ ဆိုလိုတာက အပြင်ဘက်ကလာတဲ့ အားပေး အားမြောက်ဖြစ်စေတဲ့အရာတွေက ရေရှည်မခံဘူး ဆိုတာပါပဲ။ ဒီလိုပါပဲ တော်လှန်ရေးခရီးမှာလည်းပဲ ဒီသဘောတရားက အတူတူပါပဲ။

ပုံကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် -
https://federaljournalmm.org/fj-mm-20575-2/

Federal Journal - Myanmar

08 Dec, 07:24


ဓနုအမျိုးသားနေ့ နှင့် သူ့အတွေး သူ့အမြင်

ဖိုးထောင်(ရွာငံ)

ဓနုတိုင်းရင်းသားတို့ရဲ့ အမျိုးသားနေ့ကို ကြိုဆိုပါ၊ သို့သော် တရားမျှတမှု မရရှိသေးသည်ကိုတော့ မမေ့စေလိုပါ။ လွတ်လပ်မှု အစစ်အမှန်မရရှိသည်ကိုတော့ မမေ့စေလိုပါ။ ဓနုအလံတော်ကို ကိုင်ဆောင် လျှောက်လှမ်းရာမှာ တော်လှန်ရေး၌ အသက်ပေးသွားသော ဓနုအာဇာနည်များရဲ့သွေးစက်တွေ မခြောက်သေးသည်ကို မမေ့စေလိုပါ။

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20480-2/

Federal Journal - Myanmar

04 Dec, 12:08


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဉ် (၂၅) https://www.youtube.com/watch?v=Xtfsj3QEiaA

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ " ၂၀၂၄ ရဲ့ တော်လှန်ရေးအရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ ပြန်လည်ဆန်းစစ်ခြင်း" ဆိုတဲ့ GTI အင်းစိန် ကျောင်းသားသမဂ္ဂ အဖွဲ့ တော်လှန်လူငယ် ရဲဘော် Hein Nyi Nyi ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။



#FJMM_Podcast_Epi_25


02 Dec, 10:16


https://federaljournalmm.org/fj-mm-20457-2/


02 Dec, 09:58


နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် နိုဝင်ဘာလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။

ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန် ရေးရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20452-2/

Federal Journal - Myanmar

30 Nov, 09:57


https://federaljournalmm.org/fj-mm-20446-2/

Federal Journal - Myanmar

30 Nov, 09:55


FJMM ကာတွန်း | မြန်မာ့အရေးအတွက် အာဆီယံက အက္ခရာ ဖြစ်တယ်။

ကာတွန်း – Rifle

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၃၀၊ ၂၀၂၄

Federal Journal - Myanmar

30 Nov, 03:47


ဗမာပြည်လူမျိုးစုပြည်သူလူထုကြီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲဟာလည်း စစ်အာဏာရှင်စနစ်နှင့်အတူ မဟာလူမျိုးကြီးဝါဒကိုပါ တပါတည်း မြေမြှပ်သင်္ဂြိုလ်ပစ်ရမည့် ယဉ်ကျေးမှုသစ်တော်လှန်ရေးတရပ်ဖြစ်ပါတယ်။ 

မာအိုရီလူမျိုးစုများရဲ့ တိုက်ပွဲဟာလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ အရင်းရှင်စနစ်နဲ့ လူနည်းစုအခွင့်အရေးတိုက်ပွဲဖြစ်ပြီး နယ်ချဲ့စနစ်နဲ့ လူမျိုးကြီးဝါဒကို ကမ္ဘာအစွန်းပိုင်း အအေးပိုင်းကျွန်းနိုင်ငံလေးရဲ့ လူမျိုးစုလွတ်မြောက်ရေးတိုက်ပွဲဖြစ်ပါတယ်။

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20433-2/

Federal Journal - Myanmar

29 Nov, 08:00


FJMM ကာတွန်း | ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့

ကာတွန်း – Rifle
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၉၊ ၂၀၂၄

Federal Journal - Myanmar

29 Nov, 08:00


https://federaljournalmm.org/fj-mm-20438-2/
FJMM ကာတွန်း | ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့

ကာတွန်း – Rifle
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၉၊ ၂၀၂၄

Federal Journal - Myanmar

28 Nov, 05:31


စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ PNLA လူမျိုးအချင်းချင်း တိုက်ခိုက်စရာမရှိဘူးလို့ ပြော
နိုဝင်ဘာ ၂၈၊ ၂၀၂၄
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေတာ ဖြစ်ပြီး လူပုဂ္ဂိုလ်ကို ရည်ရွယ်ကာ တိုက်ခိုက်နေတာ မဟုတ်သလို ပအိုဝ်းအချင်းချင်း ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တိုက်ခိုက်နေတာလည်း မဟုတ်ဘူးလို့ PNLAရဲ့ စစ်ဖက်ဆိုင်ရာ သတင်းပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်ကနေ ဒီကနေ့နိုဝင်ဘာလ ၂၈ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ် မြို့နယ်၊ ဟိုနမ့်ဒေသက PNLAရဲ့ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်(PNO) ပူးပေါင်းတပ်ဖွဲ့နဲ့ PNLAတို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLAထံကနေ သိရပါတယ်။ https://www.facebook.com/share/p/17xSKE8tMU/

Federal Journal - Myanmar

27 Nov, 12:44


https://www.facebook.com/fjmm2012/videos/418051104576372

Federal Journal - Myanmar

27 Nov, 12:15


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၂၄) https://youtu.be/VIt3ytXOz0U

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "နွေဦးတော်လှန်ရေးနှင့် မြေပြင်ရဲဘော်တို့ရဲ့ အခြေအနေ" ဆိုတဲ့ ခေါင်းစဥ်ကိုအခြေခံပြီး ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့(JPRF)ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇူဇီ ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_24
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

26 Nov, 12:01


အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 95, November 26, 2024)

၁။ ပြည်သူများကို ငဲ့ညှာမှုကြောင့် စစ်ရေးပဋိပက္ခများအဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန်အဆင့်သင့်ရှိဟု TNLA ထုတ်ပြန်

၂။ AA ထိန်းချုပ်ထားသည့် ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

၃။ မထောစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်လို့ ၁၀ ဦး သေဆုံး

၄။ ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကြောင့် အရပ်သားပြည်သူ ၂၅၀ ကျော်သေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရ

၅။ အာယုတောင်ဌာနေပြည်သူ့စစ်ရုံးကို ရေးဘီလူးအဖွဲ့ဝင်တိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ပြင်းထန်ဒဏ်ရာရ

၆။ မိုင်းကိုင်က စခန်းနှစ်ခုကို RCSS ဝင်တိုက်ပြီး တပ်ဖွဲ့ဝင် ရှစ်ဦး ဖမ်းသွားတယ်လို့ SSPP ထုတ်ပြန်

၇။ တောင်ကုတ်က စစ်ရှောင် ၄၀ ကျော် ပြန်လွတ်လာသော်လည်း ၅ ဦးအား စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထား

၈။ မိုင်းရယ်နဲ့ တန့်ယန်းမြို့ကို ကုန်ပစ္စည်းသယ်ခွင့် စစ်ကောင်စီ တင်းကျပ်

၉။ တောင်ကုတ်မြို့ထဲက တပ်စခန်းများအားလုံး တပ်မသို့ ဆုတ်ခွာ

၁၀။ ကျိုက်ထိုပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အလွတ်တန်းသတင်းထောက်နေအိမ် ချိပ်ပိတ်ခံရ

၁၁။ ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

၁၂။ လားရှိုးတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် သားအမိ ၃ ဦး သေဆုံး

၁၃။ တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

၁၄။ ပုလော၊ ဇရပ်ဆိပ်ရွာမှာ လည်လှီးသတ်ခံထားရတဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့

၁၅။ တောင်ကြီးတွင် နိုဝင်ဘာလအတွင်း လူအယောက် ၁၀၀ ကျော် ပေါ်တာဆွဲခံရ

၁၆။ KIA က ကံပိုင်တည်နယ်စပ်ဂိတ်တွင် ကုန်အကန့်အသတ်ဖြင့် တင်ပို့ခွင့်ပြု

၁၇။ သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ကလေး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

၁၈။ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီမရောက်ဖို့ စစ်ကောင်စီတင်းကြပ်၊ ပမာဏများရင်သယ်ဆောင်ခွင့်ရရှိ

၁၉။ မသန်စွမ်းသူများ အရေးလုပ်ဆောင်နေသူတွေကို ၃ ရက်တာ စွမ်းရည်မြှင့်သင်တန်းပို့ချ

၂၀။ ပြန့်ကျဲနေတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ PDF နဲ့ချိတ်ဆက်ပူးပေါင်းဖို့ NUG ဖိတ်ခေါ်

၂၁။ ပုလောက တပိုရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရ

၂၂။ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဟု စစ်ခေါင်းဆောင်က EAOs များကို ကမ်းလှမ်း

၂၃။ မောင်တောတွင် ဟိန္ဒူစစ်ဘေးရှောင် တစ်ထောင်ခန့် အခက်အခဲဖြစ်နေ

၂၄။ ထားဝယ်ခရိုင်ရှိ PDF နှင့်ပကဖ တပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းကြောင်း ကြေညာ

၂၅။ ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ KIO တာဝန်ရှိသူတွေပြော

၂၆။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ တရားမျှတမှုရရှိရေးအတွက် ပူးပေါင်းပါဝင်ဖို့ KNWO ပြော

၂၇။ စစ်ကောင်စီတပ်က ပူတာအို - ခေါင်လန်ဖူးလမ်းတွင် အင်အားဖြည့်တင်းနေ

၂၈။ တနင်္သာရီမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားတွေပြန်လွတ်လာ

၂၉။ လုံခြုံရေးနဲ့ တော်လှန်ရေးပုံရိပ် ထိခိုက်စေတဲ့လုပ်ရပ်မှန်သမျှ IEC အရေးယူမယ်

၃၀။ ရေဖြူတွင် အသက် ၇၀ ကျော်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သ-တ်

၃၁။ အမ်း - ပဒါန်းလမ်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ

၃၂။ စစ်မှုထမ်းအပတ်စဉ် (၂)မှ တပ်သားသစ်တစ်ဦး လက်နက်ယူလာပြီး KNUထံ အလင်းဝင်

၃၃။ နယ်မြေထဲရှိစခန်းများ ဖယ်ခိုင်းရာမှ ထိုင်းစစ်တပ်နှင့် UWSA စစ်ရေးတင်းမာ
ဖက်ဒရယ်ဂျာနယ်မြန်မာမှ တင်ဆက်သော သတင်းစဉ်များအပါအခြားသော ကဏ္ဍများကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်>>>> https://federaljournalmm.org/fj-mm-20422-2/
#ဖက်ဒရယ်ဂျာနယ်မြန်မာ

#အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Federal Journal - Myanmar

26 Nov, 12:00


https://www.facebook.com/fjmm2012/videos/1666364830627706

Federal Journal - Myanmar

26 Nov, 12:00


https://www.facebook.com/fjmm2012/videos/2159727694421298

Federal Journal - Myanmar

26 Nov, 12:00


https://www.facebook.com/fjmm2012/videos/3735443873434014

Federal Journal - Myanmar

26 Nov, 11:58


https://www.facebook.com/fjmm2012/videos/1122998739385624

Federal Journal - Myanmar

24 Nov, 03:15


ရခိုင်ပြည်အပေါ်တရုတ်ရဲ့အိပ်မက်

ဘုန်းမောင် | အတွေးအမြင်

ပထဝီနယ်မြေအနေအထားအရဆိုရင် မြန်မာနိုင်ငံက ကျိန်စာတိုက်ခံထားရတဲ့ဒေသတစ်ခုပါ။ မြန်မာနိုင်ငံ ဟာ အာရှတိုက်ရဲ့ဟဲဗီးဝိတ်တန်းတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားညှပ်နေပြီး နှစ်ဖက်စလုံးနဲ့လည်း ကုန် သွယ်ရေး၊ စီးပွားရေးအတွက်ဆက်ဆံဖို့ အခွင့်အရေးသာလွန်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ပထဝီနိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားနဲ့ယှဉ်ရင် ကုန်သွယ်ရေးနဲ့စီးပွား ရေး က ဒုတိယ ဦးစားပေးအဆင့်မှာသာရှိနေပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့အဓိကဦးစားပေးရည်မှန်းချက်က မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကိုဝင်ရောက်ခွင့်ရရေးနဲ့ အရပ်ဘက် – စစ်ဘက် နှစ်ဖက်လုံးအသုံးပြု နိုင်တဲ့ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အပြည့်အဝ ထိန်း ချုပ်ခွင့်ရရှိရေးပါ။

တရုတ်နိုင်ငံအတွက် နောက်ထပ်ဦးစားပေးက ကီလိုမီတာ ၂,၀၀၀ ကျော်ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်တည် ငြိမ်အောင် စီမံခန့်ခွဲနိုင်ခွင့်ရရှိရေးပါ။ ကျယ်ပြန့်တဲ့နယ်စပ်တလျှောက်မှာဆိုရင်လည်း ဆယ်စုနှစ်တွေအများ ကြီးကြာခဲ့တဲ့အထိ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့သလို ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားရေးကွန်ရက်အတွက် အဓိကကျတဲ့ဗဟိုချက်လည်း ဖြစ် နေပြန်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက သူ့ရဲ့အိမ်နီးချင်းအဖြစ်သတ်မှတ်ထားသလို နယ်နိမိတ်တ လျှောက် အနောက်နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံမှုအပေါ်ကိုလည်း အတိုင်းထက်အလွန်အကဲဆတ်လေ့ရှိပြီး တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားကို တိုးချဲ့နေတာမြင်တွေ့နိုင်ပါတယ်။

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20415-2/

Federal Journal - Myanmar

24 Nov, 02:56


အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)

နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)

Federal Journal - Myanmar

23 Nov, 06:54


အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)

ဆလိုင်း ထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)

Federal Journal - Myanmar

23 Nov, 06:23


ပအိုဝ်းဒေသနှင့် ပီအန်အိုရဲ့ စစ်ပြင်ဆင်မှု

သုဝဏ္ဏခွန် | အတွေးအမြင်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူ့ခုခံတွန်းလှန်‌ရေး ခေါင်းစဉ်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား စုဖွဲ့လာကြပါတယ်။ အဲဒီလို များပြားလှတဲ့ ပြည်သူ့ခုခံတွန်းလှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဟာ အင်အားချိနဲ့သထက် ချိနဲ့လာနေတဲ့အပြင် ထိန်းချုပ်နယ်မြေတွေ ကျဉ်း‌မြောင်းသထက် ကျဉ်းမြောင်းလာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ ထပ်မံလက်မလွှတ်ရရေးအတွက် ဒေသအသီးသီးမှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ပိုမိုဖွဲ့စည်းခွင့်ပေးလာပြီး အဆိုပါအဖွဲ့တွေရဲ့ ထုတ်နှုတ်အင်အားကို အသုံးပြုလာပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်အင်အား စုဆောင်းလာပါတယ်။ ပအိုဝ်းဒေသဟာ ပြည်သူ့ခုတွန်းလှန်စစ်အားကောင်းတဲ့ ကရင်နီ(ကယား) ပြည်နယ်နဲ့ စစ်ရေးအရ အကြီးအကျယ်အောင်မြင်မှုရနေတဲ့ ရှမ်းမြောက်ဒေသနဲ့ ထိစပ်နေပါတယ်။

ဒါကြောင့် ပအိုဝ်းဒေသကို ထိန်းချုပ်ထားတဲ့ ပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်ဟာ နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်ပြင်ဆင်မှုတွေကို ခပ်စိတ်စိတ် တည်ဆောက်လာပါတယ်။ ဒီစာ “ပအိုဝ်းဒေသနှင့် ပီအန်အိုရဲ့ စစ်ပြင်ဆင်မှု” ကို ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ စိုးရိမ်ချက်နဲ့ အားလုံးဂရုတစိုက် စောင့်ကြည့်လေ့လာသင့်တဲ့ ကိစ္စလို့ ထင်တဲ့ အချက်ကြောင့် ရေးဖြစ်တာဖြစ်ပါတယ်။ စာပါအချက်အလက်တွေဟာ ပီအန်အိုအသွင်ပြောင်း ပြည်သူ့စစ်ရဲ့ လူမူကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Pa-O National Organization နဲ့ Pa-O National Army ကို လေ့လာဆန်းစစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တချို့အလက်တွေဟာ လိုအပ်ချက်ရှိနိုင်ပေမယ့် အတတ်နိုင်ဆုံး လွဲမှားမှုနည်းအောင် ဖော်ပြထားပါတယ်။

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20404-2/

Federal Journal - Myanmar

22 Nov, 06:00


အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)

– သဉ္ဖာရွှန်းလဲ့ရည် (NUCC (JCC-TJ)

Federal Journal - Myanmar

21 Nov, 14:53


တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအား နိုင်ငံရေးချုပ်ကွက်များအဖြစ် အဘယ့်ကြောင့် မမှတ်ယူသင့်သလဲ။

အောက်တိုဘာလ ၆ ရက်နေ့ထုတ် Myanmar Now သတင်းစာတွင် ဖော်ပြခဲ့သည့် "အနာဂတ် အခြေခံဥပဒေစနစ်တွင် ရှောင်ရှားရမည့် နိုင်ငံရေးချုပ်ကွက်များ" အမည်ရှိ သုတဇော် ၏ဆောင်းပါးကို ပြန်လည်ချေပသုံးသပ်ခြင်း။

PDF File ဖြင့် သိမ်းဆည်း ဖတ်ရှုရန် သုံးသပ်ချက်လင့်ခ် - https://drive.google.com/file/d/16WENWGYN2iLm3A9DjzjDK5dkgzoa4rU-/view?fbclid=IwY2xjawGsJ-5leHRuA2FlbQIxMAABHf8tQlaK6zHX0DOyLw3O8e1ZJstK5zW6hSw5azBRQP8o2f_XlUJbRX8o1Q_aem_o2cHtOINKKsx4mR2WFtfqQ

Federal Journal - Myanmar

21 Nov, 08:29


အစာမကြေသေးသော အချုပ်အခြာအာဏာ(Sovereignty) ပုစ္ဆာ

- ဆလိုင်း ကျဲအိုဘိခ်ထောင်း

Myanmar Now ၌ ကလောင်ရှင်တစ်ဉီးက အောက်တိုဘာ ပထမအပတ်နှင့် နိုဝင်ဘာပထမအပတ်တွင် “အချုပ်အခြာအာဏာ” ခေါင်းစဉ်နှင့် စပ်လျှဉ်း၍ နှစ်ကြိမ်တိတိ ဆောင်းပါးရေးသားခဲ့ရာမှာ NUG/NUCC နှင့် တိုင်းရင်းသားအဖွဲ့အစည်းတချို့၏ မူဝါဒရပ်တည်ချက်ကို ထောက်ပြဝေဖန်သည်ကို ဖတ်ရပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC) အစိတ်အပိုင်း ၁ တွင် “ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များ ဖြစ်သည်” ဟူသော အချက်ကို သူကထောက်ပြရာမှာ ၎င်းသည် နိုင်ငံရေးချုပ်ကွက်ဖြစ်ကြောင်း၊ စစ်ကောင်စီက နိုင်ငံ၏ အချုပ်အခြာအာဏာ ပြိုကွဲနိုင်ကြောင်း ကမ္ဘာပတ် ဝါဒဖြန့်နေမှုတွင် အထောက်ကူဖြစ်နိုင်ကြောင်း၊ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်သည် ‘နိုင်ငံသား’များသာ ဖြစ်ကြောင်း၊ “နိုင်ငံသား” များ၏ သဘောဆန္ဒ မပါဘဲ နိုင်ငံရေးအစုအဖွဲ့တချို့က အတင်းအကျပ် ဆောင်ရွက်(ပြောင်းလဲ)မည်ဆိုလျှင် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှု မရရှိနိုင်သလို နိုင်ငံတကာ ဆက်ဆံရေးတွင်ပါ ပြဿနာများစွာ ရှိလာနိုင်ကြောင်း၊ “ပြည်သူ့ဆန္ဒခံယူပွဲ” မှတဆင့်သာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိနိုင်ပါလိမ့်မည်ဖြစ်ကြောင်း၊ စသည်ဖြင့်။

ဆောင်းပါးရှင်၏ စိုးရိမ်မှုတစ်ချို့ကို မိမိကိုယ်တိုင်လည်း နားလည်ခံစားပေးနိုင်ပါသည်။ သာဓကအားဖြင့် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားကောင်းပြီး ပြည်ထောင်စုအစိုးရ အခွင့်အာဏာ ကင်းမဲ့သွားရုံမျှမက ပြည်ထောင်စုအစိုးရကို ဖြုတ်ချနိုင်သော အခွင့်အာဏာကိုပါ ဆုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်” ဆိုသည့် ထောက်ပြမှုသည် ဖက်ဒရယ်လိဇ်များဖြစ်ဖြစ်၊ လူမျိုးကြီးဝါဒီများဖြစ်ဖြစ်၊ အစဉ်မြဲ သတိထားနေကြမှာ ဖြစ်ပါသည်။ သို့သော် တချို့ထောက်ပြချက်များသည် အစိုးရိမ်လွန်ကဲခြင်း သို့မဟုတ် မိမိနှင့် နားလည်သဘောပေါက်မှု ခြားနားခြင်းဖြစ်ပါလိမ့်မည်။

ပုံကိုနှိပ်ပြီး အပြည့်အစုံကို ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20385-2/

Federal Journal - Myanmar

14 Nov, 03:35


FJMM အင်တာဗျူးကဏ္ဍ

သုညဖက်ဒရယ် ဖောင်ဒေးရှင်းတည်ထောင်သူ မောင်သုညနဲ့ တွေ့ဆုံခြင်း

---------
ကြေညာ | အမှတ် ၄၄ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား” လို့ ပေးထားတာဖြစ်ပြီး စာစဉ်ထဲမှာဖက်ဒရယ်ရေးရာကဏ္ဍအပါအဝင် အတွေးအမြင်ဆောင်းပါးကဏ္ဍနှင့် အခြားစိတ်ဝင်စားစရာ ကဏ္ဍတို့ကို ဖတ်ရမှာပါ။ စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါ လင့်ခ်မှာ အခမဲ့ သွားရောက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဂျာနယ်စာစဉ်များကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေပေးလျှက် ရှိနေပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://federaljournalmm.org/fj-mm-20237-2/

Federal Journal - Myanmar

13 Nov, 12:11


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၂၂) https://youtu.be/gHxVj0N17Z4

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "နွေဦးတော်လှန်ရေးအပေါ် မြေပြင် ရဲဘော်တို့ရဲ့ တော်လှန်ရေးအမြင်" ဆိုတဲ့ ခေါင်းစဥ်ကိုအခြေခံပြီး တော်လှန်လူငယ် ရဲဘော် Mi Cho Thae ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_22
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

13 Nov, 07:23


https://youtu.be/HlLiE_17_OQ

Federal Journal - Myanmar

13 Nov, 04:34


FJMM အင်တာဗျူးကဏ္ဍ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနဲ့ တွေ့ဆုံခြင်း

---------
ကြေညာ | အမှတ် ၄၄ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား” လို့ ပေးထားတာဖြစ်ပြီး စာစဉ်ထဲမှာဖက်ဒရယ်ရေးရာကဏ္ဍအပါအဝင် အတွေးအမြင်ဆောင်းပါးကဏ္ဍနှင့် အခြားစိတ်ဝင်စားစရာ ကဏ္ဍတို့ကို ဖတ်ရမှာပါ။ စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါ လင့်ခ်မှာ အခမဲ့ သွားရောက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဂျာနယ်စာစဉ်များကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေပေးလျှက် ရှိနေပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://federaljournalmm.org/fj-mm-20237-2/

Federal Journal - Myanmar

12 Nov, 16:49


အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 91, November 12, 2024)

၁။ မင်းတပ်မြို့က စစ်ကောင်စီစခန်းများကို ချင်းညီနောင်ပူးပေါင်းတပ် ထိုးစစ်ဆင်၊ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ

၂။ လွိုင်ကော်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

၃။ ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ

၄။ ဖယ်ခုံတွင် စစ်ကောင်စီတပ်က စစ်ကား အစီး ၅၀ ဖြင့်အင်အားဖြည့်တင်းနေ

၅။ မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်

၆။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်၊ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

၇။ ကချင်အထူးဒေသ(၁)၌ KIA သိမ်းရန်ကန်ပိုက်တီသာကျန်ပြီး တရုတ်ဖိအားကြောင့်အခက်တွေ့နေဟုသတင်းရင်းမြစ်ပြော

၈။ ဘူးသီးတောင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ဆရာတော်တစ်ပါးအပါအဝင် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာရ

၉။ နန့်မွန်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် လက်နက်ကြီးထိမှန်ပြီး နေအိမ်နှစ်လုံးမီးလောင်ပျက်စီး
၁၀။ ပင်လောင်းမှာ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းပြီး စစ်မှုထမ်းခေါ်ယူ

၁၁။ စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်

၁၂။ မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး လူနှစ်ဆယ် သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

၁၃။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်တကွ အလင်းဝင်

၁၄။ ပုလောမှာတိုက်ပွဲဆက်ဖြစ်နေပြီး အိမ်တွေမီးရှို့ခံရ

၁၅။ ကျိုက်ထိုမှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦး PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

၁၆။ နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိ ကူးဆိပ်စခန်းကို KNLA သိမ်းပိုက်ရရှိ

၁၇။ ဖားကန့်ဗျူဟာကုန်းကို စစ်ကောင်စီ လေကြောင်းမှလက်နက်ခဲယမ်းဖြည့်တင်းပြီး ဗျူဟာဝန်းကျင်ကို ဗုံးကြဲ

၁၈။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားဈေးမြင့်လာပြီး စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ

၁၉။ မိုးမောက်စစ်မျက်နှာပြင် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

၂၀။ လှိုင်းဘွဲမြို့နယ်အတွက် စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀) စုဆောင်းပေးရေး စစ်ကောင်စီညွှန်ကြား

၂၁။ အမ်းမြို့ထဲမှာ အရပ်သား ၃,၀၀၀ ကျော် ပိတ်မိနေ

၂၂။ အေးသာယာတွင် တည်းခိုသူများကို စစ်ကောင်စီက ဓာတ်ပုံရိုက်ယူပြီး ဖမ်းဆီးနေ

၂၃။ မော်လမြိုင်မြို့ရှိ နေအိမ်ခြံစည်းရိုးတွေကို တူညီဆေးရောင်သုတ်ရန် စစ်ကောင်စီညွှန်ကြား

၂၄။ ဝယ်ယူသူနည်းပါး၍ ရခိုင်က မြို ရိုးရာရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရ

၂၅။ ရေဖြူတွင် ရော်ဘာခြံသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရ

၂၆။ တရုတ်ခရီးစဉ်နောက်ပိုင်း မိုင်းရယ်မြို့ဘက် စစ်ကောင်စီ ဆက်တိုက်အင်အားဖြည့်နေ

၂၇။ ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

၂၈။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ IEC လုပ်ဆောင်ပေး

၂၉။ လားရှိုးမှာ စစ်ကောင်စီသတင်းပေးလို့ ယူဆရသူတွေကို MNDAA ဖမ်းဆီးစစ်ဆေး

၃၀။ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး အသတ်ခံရမှု စုံစမ်းနေဟု ကျွန်းစု ပကဖပြော

၃၁။ တစ်လေးလုံး စစ်ဆင်ရေး ကရင်နီ ၇ မြို့နဲ့ စစ်ကောင်စီ စခန်းအားလုံးနီးပါး KNDF သိမ်းပိုက်နိုင်ခဲ့

၃၂။ ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ

၃၃။ အမ်းတိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်
သတင်းအပြည့်အစုံဖတ်ရန်>>>>https://federaljournalmm.org/fj-mm-20318-2/

#အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

#ဖက်ဒရယ်ဂျာနယ်မြန်မာ

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Federal Journal - Myanmar

12 Nov, 12:57


နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ဦးသေဆုံးပြီး ၂၄ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၁၂၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့မှာ ၂၄နာရီအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ဦးသေဆုံးပြီး ၂၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်း(ပလောင်)အမျိုးသားတပ်မတော်က ဒီကနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။

https://www.facebook.com/share/p/15MiTbc4BZ/

Federal Journal - Myanmar

12 Nov, 12:36


https://federaljournalmm.org/fj-mm-20321-2/

Federal Journal - Myanmar

12 Nov, 05:43


အာဏာသိမ်းခံထားရတဲ့ ရိုးရာ

ဖိုးသား | သတင်းဆောင်းပါး

ဝေဖန်မှုတွေ များစွာရှိနေခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ မူလက တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်ထိ ၇ရက်ကြာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်ထိ ပြောင်းလဲကျင်းပဖို့ စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၈ရက်၊ ညပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။

အပြည့်အစုံကို ပုံကိုနှိပ်ပြီး Website တွင် ဆက်လက် ဖတ်ရှုရန် -

https://federaljournalmm.org/fj-mm-20314-2/

Federal Journal - Myanmar

12 Nov, 03:07


အနာဂတ် ဒီမိုကရေစီ-ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ဆောက်ဖို့အတွက် အခက်အခဲ ဖြစ်နိုင်ဆုံးအချက်များ

ဟန်နရီမင်း

---------
ကြေညာ | အမှတ် ၄၄ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား” လို့ ပေးထားတာဖြစ်ပြီး စာစဉ်ထဲမှာဖက်ဒရယ်ရေးရာကဏ္ဍအပါအဝင် အတွေးအမြင်ဆောင်းပါးကဏ္ဍနှင့် အခြားစိတ်ဝင်စားစရာ ကဏ္ဍတို့ကို ဖတ်ရမှာပါ။ စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါ လင့်ခ်မှာ အခမဲ့ သွားရောက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဂျာနယ်စာစဉ်များကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေပေးလျှက် ရှိနေပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://federaljournalmm.org/fj-mm-20237-2/

Federal Journal - Myanmar

28 Oct, 02:36


ဖက်ဒရယ်တပ်မတော်ဖွဲ့ စည်းရန် စိန်ခေါ်မှုများ

Salai Thang Houng | အတွေးအမြင်

ဖက်ဒရယ်တပ်မတော်ကို တစ်သွေးတစ်သံတစ်မိန့်ဖြစ် အောင် ပြန်လည်ဖွဲ့စည်းမည်ဆိုပါက ဖက်ဒရယ် နိုင်ငံများတွင်ကျင့်သုံးကြသော နိုင်ငံရေးစနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင် ပြဌာန်းခွင့် ၊တိကျသော အာဏာခွဲဝေမှုများ ကိုအခြေခံသောမူဝါဒများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိရန် လိုအပ်သည်။

အပြည့်အစုံကို Website တွင် ဆက်လက် ဖတ်ရှုရန် -

https://federaljournalmm.org/fj-mm-20179-2/

Federal Journal - Myanmar

27 Oct, 12:01


https://www.facebook.com/fjmm2012/videos/1764227164322147

Federal Journal - Myanmar

27 Oct, 11:09


နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၂၉) https://youtu.be/K527xGepHMc

မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ "ခိုင်မာသော ဒီမိုကရေစီမဏ္ဏိုင်ကြီးများကို တည်ဆောက်ခြင်း(၂)“ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက်ဆက်လက်ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva - အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။

နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#FJMM_Lecture_series_Part_29
#Vansangva_Episodes
#Transformation_Movement_For_Bottom_up_Federalism

Federal Journal - Myanmar

27 Oct, 11:09


အတွေးရောင်စုံ” Podcast အစီအစဉ် - အပိုင်း (၇)

"လမ်းချင်းတူပေမယ့် လူချင်းမတွေ့ကြသေးတာလား" ညီညီ | အတွေးအမြင်
ဒီအပတ်မှာတော့ “အတွေးရောင်စုံ” Podcast အစီအစဉ်ရဲ့ “လမ်းချင်းတူပေမယ့် လူချင်းမတွေ့ကြသေးတာလား” လို့အမည်ရတဲ့ ညီညီရဲ့ အတွေးအမြင်ဆောင်းပါးကို တော်လှန်ပြည်သူတို့ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီပေါ့ကပ်စ်မှာ တင်ဆက်ထားတဲ့ဆောင်းပါးကို ထုဆစ်မျှော်ရည်တနင်္သာရီရဲ့ မိတ်ဖက်မီဒီယာတစ်ခုဖြစ်တဲ့ ဖက်ဒရယ်ဂျာနယ်မှမျှဝေပေးထားတာဖြစ်ပါတယ်။

နားဆင်ခံစားပေးကြပါဦးနော်။ https://youtu.be/LNwfy3D-k1I

Federal Journal - Myanmar

26 Oct, 13:08


https://www.facebook.com/fjmm2012/videos/1161862425942879

Federal Journal - Myanmar

26 Oct, 13:07


https://www.facebook.com/fjmm2012/videos/1963980784025949

Federal Journal - Myanmar

26 Oct, 06:48


ဖက်ဒရယ်ပြည်ထောင်စုစနစ်ထဲက ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)

အခုစကားဝိုင်းမှာတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ချဉ်းကပ်မှုကဏ္ဍအပြင် ဖက်ဒရယ်ပြည်ထောင်စု အစိတ်အပိုင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ တပြည်ထောင်စနစ်ကိုကျင့်သုံးခွင့်ဆိုင်ရာတို့ကို အဓိကထား ဆွေးနွေးသုံးသပ်ထားကြတာ ဖြစ်ပါတယ်။

– ပါဝင် ဆွေးနွေးသူများ

၁။ မောင်သုည (တည်ထောင်သူ - သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း )

၂။ Salai Kipp (ပင်လုံသမိုင်းကြောင်းနှင့် ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ)

၃။ Mu Maria (တွဲဖက်အတွင်းရေးမှူး-၁ | UKSY )

၄။ ဒေါက်တာပညာမွန် (အမှုဆောင်ဒါရိုက်တာ - တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC))

အပြည့်အစုံကို Website တွင် ဖတ်ရှုရန်

https://federaljournalmm.org/fj-mm-20164-2/

Federal Journal - Myanmar

25 Oct, 08:44


စစ်အာဏာရှင်စနစ် မုချ ကျဆုံးသွားမယ်လို့ KIO ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၄

https://federaljournalmm.org/fj-mm-20157-2/

Federal Journal - Myanmar

24 Oct, 12:57


မြန်မာနိုင်ငံရှိ လေကြောင်းတိုက်ခိုက်မှုများ၏ အဓိကတရားခံ အစိုးရများ၊ ကုမ္ပဏီများ၏ အထောက်အပံ့များနှင့် လေကြောင်းအန္တရာယ် ရပ်တန့်ရေး “ကောင်းကင်ကြီးကို… ပိတ်” ဆွေးနွေးပွဲစကားဝိုင်း။ https://www.facebook.com/share/v/Cxu5eXLKvdYU9n6x/

ပြည်သူလူထုမှ သိရှိလိုသော အကြောင်းအရာများကို တိုက်ရိုက် မေးမြန်းနိုင်သော အမေးအဖြေကဏ္ဍလဲ ပါ၀င်မှာ ဖြစ်ပါတယ်။

📌 ကောင်းကင်ကြီးကိုပိတ် စကားဝိုင်းကို ကိုမိုက် (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု) မှ Moderator အဖြစ် ဦးဆောင်သွားမှာ ဖြစ်ပြီး

( ၁ ) ဆုဂျင်း - Woman Activist
( ၂ ) ကိုဇေယျ - CDM လေတပ်သား
( ၃ ) ဒေါက်တာ ရဲဇော် - CDM ဆရာဝန်
( ၄ ) မေ - Human Rights Defender တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

📌 ဆွေးနွေးမည့်ရက် - အောက်တိုဘာလ ၂၄ ရက် (ကြာသပတေးနေ့)။
🕕 အချိန် - မြန်မာ စံတော်ချိန် ညနေ ( ၆ )နာရီ

#AirBus2AirStrikes #Airbusted
#BusinessAndHumanRights #WarCrimes
#WhatsHappeninglnMyanmar #AVIC
#BloodMoneyCampaignMM

Federal Journal - Myanmar

24 Oct, 11:06


ဖက်ဒရယ်ပြည်ထောင်စုစနစ်ထဲက ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ (စကားဝိုင်း) https://youtu.be/kmgdallkVcg

အခုစကားဝိုင်းမှာတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ချဉ်းကပ်မှုကဏ္ဍအပြင် ဖက်ဒရယ်ပြည်ထောင်စု အစိတ်အပိုင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ တပြည်ထောင်စနစ်ကို ကျင့်သုံးခွင့်ဆိုင်ရာတို့ကို အဓိကထား ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်။

– ပါဝင် ဆွေးနွေးမည့်သူများ

၁။ မောင်သုည (တည်ထောင်သူ – သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း )

၂။ Salai Kipp (ပင်လုံသမိုင်းကြောင်းနှင့် ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ)

၃။ Mu Maria (တွဲဖက်အတွင်းရေးမှူး-၁ | UKSY )

၄။ ဒေါက်တာပညာမွန် (အမှုဆောင်ဒါရိုက်တာ – တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC))

၅။ ဉာဏ်လင်းပြည့် (FJMM / Moderator)

———
အစီအစဉ်

Date – October 24, 2024
Time – 6: 00 pm (MMT)

——–
၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။

၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။

#ဖက်ဒရယ်ပြည်ထောင်စုစနစ်_ပြည်နယ်_ဖက်ဒရယ်ယူနစ်_အခန်းကဏ္ဍ #စကားဝိုင်း
#FJMM #October_TalkShow_2024
#မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ

Federal Journal - Myanmar

23 Oct, 12:16


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၁၉) https://youtu.be/4cz84njdrdE

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "စစ်ကောင်စီကျင်းပချင်နေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တော်လှန်လူငယ်တွေရဲ့ တော်လှန်ရေးအမြင်" ဆိုတဲ့ ခေါင်းစဥ်ကိုအခြေခံပြီး ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ တော်လှန်လူငယ်တဦးလည်းဖြစ်တဲ့ Rico ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားဖွဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_19
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

23 Oct, 04:37


“ကောင်းကင်ကြီးကို ပိတ်” စကားဝိုင်း

ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများမှာ လက်ရှိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လေကြောင်းအန္တရာယ်ကြောင့် မြေပြင်က ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရသည်များ၊ လေကြောင်းတိုက်ခိုက်မှုနောက်ကွယ် တရုတ်အစိုးရပိုင်ကုမ္ပဏီများ၊ ၎င်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံတကာမှ ကုမ္ပဏီများ၊ ကုမ္ပဏီများ၏ ရှယ်ယာရှင်များ စသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်နိုင်ရန် ကူညီထောက်ပံ့နေမှုများကို ရပ်တန့်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

Speakers အနေဖြင့်

May (Human Rights Defender)

ဆုဂျင်း (Woman Activist)

ကိုဇေယျ (CDM လေတပ်သားဟောင်း)

ဒေါက်တာရဲဇော် (CDM ဆရာဝန်) တို့ လေးဦးပါဝင်ပြီး

Moderator အနေဖြင့်

Mike (Advisor - Blood Money Campaign) က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အခုအစီအစဉ်ဟာ လာမည့် အောက်တိုဘာ ၂၄ ရက်၊ မြန်မာချိန် ညနေ (၆) နာရီတွင် ပြုလုပ်မည့် လေကြောင်းအန္တရာယ် ရပ်တန့်ရေး ဆွေးနွေးပွဲစကားဝိုင်း ဖြစ်ပါတယ်။

Federal Journal - Myanmar

23 Oct, 03:59


ချင်းပြည်အစိုးရ၏ အစိုးရလုပ်ငန်းများနှင့် တော်လှန်ရေးအရွေ့များ

Chinland Council ဒုဥက္ကဌ Salai Pu Bawi Kung နဲ့ တွေ့ဆုံခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၃၊ ၂၀၂၄

ချင်းပြည်ကို ဘာဖြစ်နေသလဲလို့ သိချင်တယ်ဆိုရင်တော့ ချင်းပြည်ကို လာလည်ကြပါ။ ကျနော်တို့ကတော့ မြေပြင်မှာ ရုံးတွေကောင်းကောင်းဖွင့်၊ ရုံးတက်ရုံးဆင်းနဲ့ အရင်ကပုံမှန်အစိုးရလို့မျိုး လည်ပတ်နေပြီဖြစ်တာကြောင့် လာလည်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ https://youtu.be/OtuTOyivCwk

Federal Journal - Myanmar

22 Oct, 17:51


FJMM ကဗျာ | စစ်ကိုင်းတိုင်းအတွက် ခံစားရသမျှ

မောင်မိုး (ဝန်းသို )

https://federaljournalmm.org/fj-mm-20131-2/

Federal Journal - Myanmar

21 Oct, 03:33


ချင်းပြည်အစိုးရ၏ အစိုးရလုပ်ငန်းများနှင့် တော်လှန်ရေးအရွေ့များ

Chinland Council ဒုဥက္ကဌ(၂) Salai Pu Bawi Kung နဲ့ တွေ့ဆုံခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၁၊ ၂၀၂၄

ချင်းပြည်ကို ဘာဖြစ်နေသလဲလို့ သိချင်တယ်ဆိုရင်တော့ ချင်းပြည်ကို လာလည်ကြပါ။ ကျနော်တို့ကတော့ မြေပြင်မှာ ရုံးတွေကောင်းကောင်းဖွင့်၊ ရုံးတက်ရုံးဆင်းနဲ့ အရင်ကပုံမှန်အစိုးရလို့မျိုး လည်ပတ်နေပြီဖြစ်တာကြောင့် လာလည်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

Website တွင် ဆက်လက်ဖတ်ရှုရန် - ပုံကိုနှိပ်ပါ -
https://federaljournalmm.org/fj-mm-20121-2/

Federal Journal - Myanmar

20 Oct, 11:13


နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၂၈) https://youtu.be/GYa0dXKoz1M

မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ "ခိုင်မာသော ဒီမိုကရေစီမဏ္ဏိုင်ကြီးများကို တည်ဆောက်ခြင်း“ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက်ဆက်လက်ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva - အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။

နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#FJMM_Lecture_series_Part_28
#Vansangva_Episodes
#Transformation_Movement_For_Bottom_up_Federalism

Federal Journal - Myanmar

20 Oct, 11:08


စစ်ဘေးပတ်လည်ဝန်းရံနေပေမယ့် တောင်ကြီးတန်ဆောင်တိုင်ကို လုံခြုံရေးအင်အားထူထပ်စွာနဲ့ ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၀၊ ၂၀၂၄ https://federaljournalmm.org/fj-mm-20116-2/

Federal Journal - Myanmar

20 Oct, 10:56


https://federaljournalmm.org/fj-mm-20113-2/

Federal Journal - Myanmar

20 Oct, 04:50


တော်လှန်ရေးအရှိန် ရလာပြီး ရန်သူ့နယ်မြေ ကျဉ်းမြောင်းလာသည်နဲ့အမျှ အလားတူကိစ္စရပ်များ ပိုမိုများပြားလာကာ ပြည်သူလူထုအပေါ် သေနတ်ပြောင်းဝ လှည့်လာခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းအပေါ် သေနတ်ပြောင်းဝ လှည့်လာခြင်းများ ရှိလာသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ရသည်။

တချို့နေရာများတွင် သေနတ်ပြောင်းဝလှည့်လာသည့်အဆင့်ကို ကျော်လွန်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများလည်း ရှိလာနေပြီ ဖြစ်သည်။ ထိုအခြေအနေများကို အချိန်မီ ထိန်းကျောင်းရန် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ပြည်သူလူထုများတွင် တာဝန်ရှိသည်။

ဗိုလ်ဖိုးမှီ (ယော) | အတွေးအမြင်

Website တွင် အပြည့်အစုံကို ဆက်လက်ဖတ်ရှုပါ- ပုံကိုနှိပ်ပြီးဖတ်ရန် - https://federaljournalmm.org/fj-mm-20108-2/

Federal Journal - Myanmar

19 Oct, 13:05


အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 84, October 18, 2024)

၁။ ပလက်ဝမြို့နယ်တွင် ULA/AA ၏ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ

၂။ စစ်အုပ်စုကနည်းမျိုးစုံသပ်သျှိုနေချိန်ဖြစ်၍ တော်လှန်ရေးအကျိုးစီးပွားဦးစားပေးရန်လိုဟု ပအိုဝ်း PNFC ဥက္ကဋ္ဌသတိပေး

၃။ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်းသွားသည့် တပ်ရင်းကို မိခင်ပါတီသို့ပြန်လာရန် ကမ်းလှမ်း

၄။ လေးကေကော်မြို့ စစ်ကောင်စီတပ် ကင်းစင်တဲ့မြို့ဖြစ်လာ

၅။ ထန်တလန်မြို့ အော်တိုတောင်ကုန်းကို စစ်ကောင်စီတပ် ပြန်လည်သိမ်းယူ

၆။ KTLA ကအရပ်သား ၆ ဦးထက်မနည်းသတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ

၇။ ကန်ပိုက်တီရှိ နယ်ခြားစောင့်တပ်ရင်း(၁၀၀၃) ဌာနချုပ်ကို KIA စတင်တိုက်ခိုက်

၈။ ကော့သောင်းမှာ သန်းခေါင်စာရင်း ကောက်ပြီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီးအဖွဲ့ စီးနင်းခံလို့ နှစ်ဦးသေဆုံး

၉။ ဟားခါး - ထန်တလန်လမ်း တိုက်ပွဲအတွင်း CDF – Zotung ဒုတပ်ရင်းမှူးနှင့်တပ်စုမှူး ကျဆုံး

၁၀။ နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား

၁၁။ ဂွမြို့နယ် ကုလားပြင်မှ ကြွေချိုင်အထိ တပ်ဆုတ်လာသော စစ်ကောင်စီတပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်

၁၂။ ပင်လောင်းမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရ

၁၃။ အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး

၁၄။ မင်းတပ်မြို့ရှိ ပြည်သူများ၏နေအိမ်များ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီး

၁၅။ ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ

၁၆။ တနင်္သာရီတိုင်း မြို့နယ် ၃ ခုတွင် စစ်ရှောင် ၅၆,၀၀၀ ဦးထိ ရှိလာ

၁၇။ ရေဘေးသင့် ကျေးရွာတစ်ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကူအညီလိုအပ်နေ

၁၈။ AA က နပခကိုထိုးစစ်ဆင်နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်

၂၉။ တနင်္သာရီမှာ Non CDM ဝန်ထမ်းတွေတခြားဒေသကိုတိမ်းရှောင်တာများလာ

၂၀။ စစ်ကောင်စီဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄ ဦးဒဏ်ရာရ

၂၁။ သီပေါမြို့သိမ်းတိုက်ပွဲမှာ အရပ်သား ၃၃ ဦး သေဆုံး

၂၂။ ဟားခါးမြို့တွင် ညဘက် အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် CDF-Hakha အသိပေး ထုတ်ပြန်

၂၃။ မူဆယ်မြို့အနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်

၂၄။ ပုဂ္ဂလိက ဆေးရုံများ ပိတ်ထား၍ စစ်တွေမြို့ခံများ ကျန်းမာရေးကိစ္စ အခက်တွေ့

၂၅။ ခ.မ.ရ (၄၃၇) တပ်စခန်းအနီးရှိ ၇ မိုင်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၆။ ပုလောမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေ

၂၇။ ဒေသခံတွေမရှိတဲ့ လွိုင်ကော်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးပမ်းနေ

၂၈။ NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံး

၂၉။ သန်းခေါင်စာရင်းကောက်ယူမှု အောက်တိုဘာလကုန်ထိ စစ်ကောင်စီပြောင်းလဲသတ်မှတ်

၃၀။ ဆီဆိုင်တွင် PNO ပြည်သူ့စစ်က မူးယစ်ဆေးသုံးသူ ၁ ဦးကို ဖမ်းပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

၃၁။ နောင်ချိုမြို့ကို လပြည့်ညမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်တွေ ပျက်စီးပြီး လူသေဆုံးမှု ရှိနိုင်

၃၂။ ရွေးကောက်ပွဲအတွက် အပစ်ရပ် EAO တွေကို လုံခြုံရေးမှာအသုံးချဖို့ စစ်ခေါင်းဆောင်လေသံပစ်

၃၃။ မင်းတပ် တိုက်နယ်(၄)တွင် စစ်ကောင်စီ လေကြာင်းတိုက်ခိုက်၊ လူထိခိုက်ရှိနိုင်ဟု ဒေသခံပြော

သတင်းအပြည့်အစုံဖတ်ရန်>>>>>https://federaljournalmm.org/fj-mm-20097-2/

#အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

#ဖက်ဒရယ်ဂျာနယ်မြန်မာ

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Federal Journal - Myanmar

18 Oct, 09:41


သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူထိခိုက်သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၈၊ ၂၀၂၄

https://federaljournalmm.org/fj-mm-20099-2/

Federal Journal - Myanmar

17 Oct, 04:58


နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက အားအကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ ဘက်တဖက်က အကဲဖြတ်လို့ရပေမယ့်လည်း အခြားဘက်တဖက်ကကြည့်ရင် လူမျိုးစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားမှာ မတည်ငြိမ်တဲ့ အချင်းချင်းအုပ်စုကွဲမှု၊သွေးစည်းညီညွတ်မှု မခိုင်မာတဲ့ အခြေအနေတွေက ဆက်ပြီးရှိနေဆဲပဲဖြစ်တယ်။

ဒါကြောင့် တော်လှန်ရေးမှာ ရန်သူကို အထီးကျန်ဖြစ်စေပြီး ကျနော်တို့ဘက်ကတော့ ကြီးမားကျယ်ပြန့်တဲ့ ညီညွတ်ရေးတပ်ပေါင်းစုကို တည်ဆောက်ဖို့ လိုအပ်နေသေးတယ်။ဒါဟာ ရန်သူကို မိတ်ဆွေနည်းပါးစေပြီး ကျနော်တို့ဘက်မှာတော့ မိတ်ဆွေများများရှိရမယ်ဆိုတဲ့ နည်းပရိယာယ်လမ်းစဥ်တရပ်လည်းဖြစ်တယ်။

ကျော်ကိုကို | အတွေးအမြင်

Website တွင် အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20090-2/

Federal Journal - Myanmar

17 Oct, 03:15


အန်ယူဂျီအနေနဲ့ အသက်ရှုပေါက် မဖန်တီးပေးနိုင်ရင် ကိုးကန့်တပ်အနေနဲ့ ကိုးကန့်ဒေသအတွက် လားရှိုးမြို့ကို နိုင်ငံရေးအပေးအယူလုပ်ပြီး မဖြစ်မနေ လက်လွတ်ရဖွယ်ရှိပါတယ်။ လက်လွတ်ဖို့လည်း စဉ်းစားထားသလို လက်လွတ်ရဖို့ အခြေအနေတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်ပြောင်းလဲနေပါတယ်။ နောက်ဆုံးအနေနဲ့ လားရှိုးမြို့ကို ပြန်လည်လက်လွတ်ရမှုဟာ တော်လှန်ရေးတစုံလုံးအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိနိုင်ပါတယ်။

သုဝဏ္ဏခွန် | အတွေးအမြင်

Website တွင် အပြည့်အစုံကို ဆက်လက်ဖတ်ရှရန် - https://federaljournalmm.org/fj-mm-20085-2/

Federal Journal - Myanmar

16 Oct, 16:44


စစ်ရေးဖိအားပေးမှုတွေကြားက အုပ်ချုပ်ရေးကို ဖော်ဆောင်နေကြောင်း ကိုးကန့်တပ်ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၆၊ ၂၀၂၄

စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရေးအရ ဖိအားပေးနေတဲ့ကြားက အုပ်ချုပ်ရေးယန္တရားကို ကြိုးစားလုပ်ဆောင်နေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ပြောပါတယ်။ လင့်ခ်မှာနိုပ်ပြီး ဆက်လက်ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20079-2/

Federal Journal - Myanmar

16 Oct, 12:12


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၁၈) https://youtu.be/jQ4bDAWrV2g

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "စစ်ကောင်စီကျင်းပချင်နေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တော်လှန်လူငယ်တွေရဲ့ တော်လှန်ရေးအမြင်" ဆိုတဲ့ ခေါင်းစဥ်ကိုအခြေခံပြီး တော်လှန်လူငယ်တဦးဖြစ်တဲ့ Khun Zaw ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားဖွဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_18
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

Federal Journal - Myanmar

15 Oct, 16:44


တရုတ်ဖိအားပေးမှုတွေအောက်က ၆၅ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့ သီပေါမြို့

ဖိုးသား | သတင်းဆောင်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်းမြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၃ကို အောက်တိုဘာလ ၁၃ရက်၊ နေ့လည်ပိုင်းက အပြီးသတ်တိုက်ခိုက်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တစ်မြို့လုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ သီပေါတစ်မြို့လုံးကို ရဖို့ ၂လကျော်ကြား တိုက်စစ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

Website တွင် ဆက်လက်ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20071-2/

Federal Journal - Myanmar

15 Oct, 16:15


ကြေညာ | ဖက်ဒရယ်ပြည်ထောင်စုစနစ်ထဲက ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ (စကားဝိုင်း)

https://federaljournalmm.org/fj-mm-20063-2/

အခုစကားဝိုင်းမှာတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ချဉ်းကပ်မှုကဏ္ဍအပြင် ဖက်ဒရယ်ပြည်ထောင်စု အစိတ်အပိုင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ တပြည်ထောင်စနစ်ကို ကျင့်သုံးခွင့်ဆိုင်ရာတို့ကို အဓိကထား ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်။

– ပါဝင် ဆွေးနွေးမည့်သူများ

၁။ မောင်သုည (တည်ထောင်သူ – သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း )

၂။ Salai Kipp (ပင်လုံသမိုင်းကြောင်းနှင့် ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ)

၃။ Mu Maria (တွဲဖက်အတွင်းရေးမှူး-၁ | UKSY )

၄။ ဒေါက်တာပညာမွန် (အမှုဆောင်ဒါရိုက်တာ – တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC))

၅။ ဉာဏ်လင်းပြည့် (FJMM / Moderator)

Federal Journal - Myanmar

15 Oct, 15:27


FJMM ကဗျာ | ကြယ်ကြွေသံ

*ညီမလေး
တို့ဒုက္ခသည်စခန်းကြီးရဲ့
ကောင်းကင်ပြင်ကို ကြည့်စမ်းပါ။

ဟော….
တလက်လက်နဲ့ တက်တက်လာ
ကြယ်တွေ ကြွေတာလား။

ဟုတ် မထင် ကိုကြီး
ကြယ်တွေကောင်းကင်မှာ မကြွေတော့ဘူး။
ကောင်းကင်ကြီးက ငိုပဲငိုတာ
ကြည့်ပါလားလေ
ကွင်းပြင်တစ်ခုလုံး
မျက်ရည်တွေ ဘောင်ဘင်ခတ်လို့။

*ညီမလေး စကားမဆုံးသေး
ဝုန်းကနဲ ကြယ်ခြွေသံလား
တုန်ခါသံ တောင်လဲသံ
ပြိုလဲသံတွေ
ဟင်…အနားမှာမရှိတော့ဘူး။

ငါ့ညီမလေး ပြန်ပေးပါ။
ငါ့ညီမလေး ရှာပေးပါ။
ကြယ်မကြွေတဲ့ ကောင်းကင်မှာ
ကြယ်တစ်ပွင့် ထွန်းလင်းပြန်ပြီလား။
ပြောရင်းဆိုရင်း ပြေးရင်းလွှားရင်း
ညီမလေးရေ
ကောင်းကင်ကြီးငိုနေပြန်ပြီဟေ့…..။

- ရွှေပု

https://federaljournalmm.org/fj-mm-20058-2/

Federal Journal - Myanmar

15 Oct, 14:48


အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 83, October 15, 2024)

၁။ ဟားခါး - ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ တိုက်ပွဲပြင်းထန်နေ

၂။ ပန်ဝါမြို့အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံအယောက် ၅၀၀ လောက် မြို့ပေါ်ကို စစ်ရှောင်လာ

၃။ လားရှိုးမြို့နှင့် သံလွင်မြို့နယ် ဗုံးကြဲခံရ၊ အရပ်သား ၄ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

၄။ ကဒဲရွာ အုပ်ချုပ်ရေးအဖွဲ့ ကိစ္စ ရွာခံတွေရဲ့ ဆန္ဒအရကြားဝင်ဆောင်ရွက်ပေးတာလို့ KNDO တုံ့ပြန်

၅။ ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

၆။ သီပေါမြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ပြီဟု TNLA ပြော

၇။ မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

၈။ ပင်လောင်းတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး ၁ လနီးပါးကြာသည်တိုင် စစ်ရေးပြင်ထန်နေ

၉။ လာမဲ့နှစ် စားနှပ်ရိက္ခာဖူလုံရေးအတွက် ပြည်နယ်တွင်း ထွက်ကုန်တွေ ရောင်းဝယ်မှုကို ကန့်သတ်မည်

၁၀။ တီးတိန် တိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့ အခက်ခဲဖြစ်နေ

၁၁။ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် ဆောင်းရာသီရောက်ရှိလာသဖြင့် အနွေးထည်နှင့် စောင်များလိုအပ်နေ

၁၂။ ထူးချောင်းပင်မစခန်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်၊ ဆန်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရမိ

၁၃။ အာဆီယံတစ်ခုတည်းနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ကြောင်း KNU ပြော

၁၄။ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ အကွဲအပြဲဖြစ်လာတဲ့ အပစ်ရပ်ထိုး EAO သုံးဖွဲ့

၁၅။ ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ

၁၆။ ရခိုင်၊ ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီ ဖမ်းဆီးထား၊ စစ်သားစုဆောင်ရေးတပ်သို့ပို့ဆောင်

၁၇။ သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်

၁၈။ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကြာအင်းဆိပ်ကြီးမှာ အရပ်သားနှစ်ဦး သေဆုံး

၁၉။ အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများ စစ်ဘေးတိမ်းရှောင်

၂၀။ ၀ကျိုက်ထိုမှာ PDF ဂိတ် လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ဖမ်းဆီးခံရ

၂၁။ ဖားအံ-ကော့ကရိတ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် DKBA ဗိုလ်ဘိအဖွဲ့တို့ ပူးပေါင်းဂိတ်ချ

၂၂။ ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ

၂၃။ ရေဖြူတံတား စစ်ဆေးရေးဂိတ်ကို PDF ဝင်စီး

၂၄။ သံတွဲတွင် စစ်ရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေ

၂၅။ ရေဘေးသင့် ကရင်နီဒေသ ဆေး၀ါးနှင့် ဆန်စပါး အကူအညီလိုအပ်

၂၆။ ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေ

၂၇။ ရခိုင်တွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ အဆမတန်ဈေးမြင့်တက်နေ

၂၈။ သီပေါမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA ပြန်လွှတ်ပေး

၂၉။ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် မော်လမြိုင်မှာ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေ

၃၀။ တမူးမြို့တွင် ချင်းအမျိုးသားတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သတ်ဖြတ်ခံရ

၃၁။ လားရှိုးထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ဖောက်ထွက်ပြေး

၃၂။ ထားဝယ်မှာ စက်သုံးဆီတင် ဆိပ်ခံသင်္ဘော မီးလောင်မှု ခုနစ်ဦးသေဆုံး

၃၃။ စစ်ကောင်စီနှင့် ထိတွေ့နေသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်အဖွဲ့ကို PNLO/PNLA မှ ထုတ်ပယ်

သတင်းအပြည့်အစုံဖတ်ရန်>>>>https://federaljournalmm.org/fj-mm-20052-2/

#အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

#ဖက်ဒရယ်ဂျာနယ်မြန်မာ

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Federal Journal - Myanmar

14 Oct, 06:13


သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄ https://federaljournalmm.org/fj-mm-20047-2/

Federal Journal - Myanmar

14 Oct, 06:13


လားရှိုးမြို့ကို စစ်ကောင်စီက ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄ https://federaljournalmm.org/fj-mm-20043-2/

Federal Journal - Myanmar

13 Oct, 14:45


NCA ကို ဆက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး လာမယ့်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ PNLO ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၃၊ ၂၀၂၄

https://federaljournalmm.org/fj-mm-20039-2/

Federal Journal - Myanmar

13 Oct, 11:39


နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၂၇) အမေးအဖြေကဏ္ဍ https://youtu.be/76s7vcQhLjw

မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ "အပိုင်း ၂၃ မှ ၂၇ ထိ ခြုံငုံပြီး မေးမြန်းခန်းကဏ္ဍကို ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva - အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။

နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#FJMM_Lecture_series_Part_27_Q&A_Session
#Vansangva_Episodes
#Transformation_Movement_For_Bottom_up_Federalism

Federal Journal - Myanmar

13 Oct, 11:37


“အတွေးရောင်စုံ” Podcast အစီအစဉ် - အပိုင်း (၆)

"Freedom is power" ညီညီ | အတွေးအမြင်

“အတွေးရောင်စုံ” Podcast အစီအစဉ်ရဲ့ ဆဌမအကြိမ်အဖြစ် “Freedom is power” လို့အမည်ရတဲ့ ညီညီရဲ့ အတွေးအမြင်ဆောင်းပါးကို တော်လှန်ပြည်သူတို့ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီပေါ့ကပ်စ်မှာ တင်ဆက်ထားတဲ့ဆောင်းပါးကိုတော့ ထုဆစ်မျှော်ရည်တနင်္သာရီရဲ့ မိတ်ဖက်မီဒီယာတစ်ခုဖြစ်တဲ့ ဖက်ဒရယ်ဂျာနယ်မှမျှဝေပေးထားတာဖြစ်ပါတယ်။

နားဆင်ခံစားပေးကြပါဦးနော်။ https://youtu.be/yeidthlfeZA