ဇန်နဝါရီ ၂၉၊ သံလွင်ခက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်တွင် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဖောက်ခွဲသော ဗျောက်အိုးထိမှန်မှုကြောင့် စကားပြန်မြန်မာအမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၂၉ ရက် ညဆယ်နာရီခန့်တွင် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းနှင့်ဗျောက်အိုးများ ပစ်ဖောက်ရာတွင် လမ်းကြောင်းလွဲချော်ကာ လူထိမှန်များရှိခဲ့သည်။
“တရုတ်စကားပြန်မြန်မာမိန်းကလေးတစ်ယောက်ထိပြီး သေတယ်။ လုံခြုံရေးမြန်မာဝန်ထမ်းက မြန်မာ ယောကျ်ားလေးတစ်ယောက်က မျက်နှာကို ထိတယ်ပြောတယ်။ တရုတ်လူမျိုးတစ်ယောက်က လက်ကိုထိတယ်”ဟု မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။