(ရုပ်သံ)
ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတန်းကိုကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့သည်။
It has been 4 years since the military staged the coup!
" လေးနှစ်တာကာလတလျောက် နိုင်ငံတော်တဝန်းကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်းတက်တာတွေကအစ လျှပ်စစ်မီးမှန်မှန်မရတာတွေ ၊ပေါ်တာဆွဲခံရတာတွေ၊ ပြည်ပထွက်ခွင့်တင်းကျပ်ပိတ်ပင်တာတွေ၊မိသားစုတွေ ရှင်ကွဲသေကွဲကွဲနေရတာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲခံရတာတွေအဆုံးစတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အထွေထွေဖိနှိပ် ဖျက်စီးမှုတွေကြား ပြည်သူလူထုနဲ့အတူ တသားတည်း ရင်ဆိုင်အန်တုလျက်ရှိပါတယ်။ဒီလိုအထွေထွေဖိနှိပ် ဖျက်စီးခံနေရတဲ့ အကျိုးတရားတွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ အကြောင်းတရားကြောင့်ပဲဖြစ်ပါတယ်။
အခုလည်း စစ်တပ်ဟာ တရုတ်အစိုးရရဲ့ထောက်ပံ့ကူညီမှုနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖိအားအမျိုးမျိုးပေးနေသလို၊ သူတို့ပဲမဲပေး သူတို့ပဲအုပ်ချုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ စီစဥ်နေတာလည်းအားလုံးအသိပါပဲရှင်။
ကမ်းကုန်အောင်မိုက်တဲ့စစ်အာဏာရှင် သက်ဆိုးရှည်လာလေလေ၊ ကျွန်မတို့ပြည်သူလူထုရဲ့နေ့စဥ်လူမှုဘဝ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး ပိုပိုကျပ်တည်းလာဖို့ပဲရှိတာမို့ ဒီစနစ်ဆိုးအမြန်ချုပ်ငြိမ်းဖို့အတွက် နည်းနာပေါင်းစုံ ပရိယာယ်မျိုးစုံအသုံးပြုပြီး ရရာတာဝန်ယူကာ ကျွန်မတို့အတူတူ ဆက်လက် အန်တုတွန်းလှန်ကြပါစို့။ "
အထွေထွေဖိနှိပ်မှုကို အန်တုကြ
ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
သတင်းထုတ်ပြန်သည့်ရက်စွဲ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ခုနှစ်၊ ရန်ကုန်
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#whatshappeninginmyamar
#ရန်ကုန်မှာပြန်ဆုံမယ်
#Flashmob #Protest
#OCTOPUS #ရေဘဝဲ