Hein Zaw Nyo @raymondheinz Channel on Telegram

Hein Zaw Nyo

@raymondheinz


ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာ
ဖတ်ချင်မှလာဖတ်
နင့်က်ိုလာဖတ်ဖို့ အတင်းမခေါ်ဘူး

Hein Zaw Nyo (Burmese)

ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာ ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာဖတ်ချင်မှလာဖတ် နင့်က်ိုလာဖတ်ဖို့ အတင်းမခေါ်ဘူးnnဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာသည် ဖေ့စ်ပွဲများ၊ အစီအစဉ်များ၊ အသီးအစည်းများ နှင့် အစ်ဆိုးများအား တည်ဆောက်သည်။ အကြောင်းအရာအခွင့်အရုပ်ရိုက် ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာသည် ဟိန်းရာများနှင့် အခြား အစီအစဉ်တွင် အသုံးပြုသူများအတွက် စီးပွားရေးများ ပေးစွမည်ဖြစ်သည်။ ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာသည် ဟိန်းဇော်ညိုရေးချင်ရာရေးမယ့်နေရာဖတ်ချင်မှလာဖတ် နင့်က်ိုလာဖတ်ဖို့ အတင်းမခေါ်ဘူး။

Hein Zaw Nyo

21 Nov, 15:24


မသိရင် ပိုးဖြူသန့်ကပဲ တော်လှန်ရေးလုပ်လို့ အိမ်ထောင်နဲ့ကွဲသလိုလို ပြောနေတာ။ ပိုးဖြူသန့်က UKမှာ ဗီဇာသက်တမ်းကုန်ပြီး ပြန်ရမှာတော့မှာမို့မပြန်ချင်လို့ UKနိုင်ငံသားဖြစ်ပြီးသား မြန်မာကို တလအတွင်းရအောင် အပိုင်ချုပ်ပြီး မင်္ဂလာဆောင်တယ်။ အိမ်ထောင်သက်၅နှစ်ပြည့်ပြီး သူနိုင်ငံသားလျှောက်လို့ရမှ ကွာရှင်းလိုက်တာလေ။ တော်လှန်ရေးမတိုင်ခင်ကတည်းက လင်နဲ့ကွဲပြီး တော်လှန်ရေးကာလမှာ နိုင်ငံပတ်ခံနေတဲ့ကောင်မရဲ့စောက်ကြောင်းကို မသိတာကျလို့

Hein Zaw Nyo

21 Nov, 15:02


Edible Flower ဆိုတာက စားမိရင် အန္တရာယ်မဖြစ်ဘူးလို့ ဆိုလိုတာနော်။ အဲပန်းက အရသာရှိရှိစားလို့ရတယ်လို့ မဆိုလိုဘူး။ မနေ့ကငါတင်တဲ့ Edible Flower တွေထဲ Cosmos Flowers (စိန်ခြယ်ပန်း) ပါနေတော့ အသိတယောက်က သူ့အိမ်မှာပွင့်နေလို့ သုပ်စားကြည့်တာ အရသာမရှိဘူး လာပြောနေလို့။ အရသာရှိတယ်လို့လဲ မပြောမိပါဘူး။ စက္ကူပန်းလဲပါတော့ သုပ်စားမနေနဲ့ဦးလို့ မှာလိုက်ရတယ်။

Hein Zaw Nyo

21 Nov, 13:16


လူကြုံရှိတုံးလေး ငါးကျည်းခြောက်ကြော် ဝယ်စားမလို့ဟာ။ ကိုယ်ဝယ်စားမယ့်လူက ကိုယ့်ကိုစိတ်ဆိုးပြီး ဘလော့ထားလို့ ကိုယ့်ဘာသာကြော်စားမယ်ဆိုပြီး ငါးကျည်းခြောက်ဝယ်ပြီး လူကြုံဆီပို့ပေးဖို့ သူငယ်ချင်းကိုမှာလိုက်တာ။ ငါးကျည်းကြော်တွေ ဝယ်ပို့ပေးလိုက်တယ်။
ငါးကျည်းခြောက်ဆိုတော့ ခြောက်နေအောင် ကြော်ထားတာထင်နေတာတဲ့။
လတ်အောင်လို့ သူကိုယ်တိုင် တကူးတကကြော်ပေးလိုက်တာတဲ့။
ငါမှာတာ ဒီလိုဟာလေဆိုပြီး ပြလိုက်တော့ အဲတာ ငါးကျည်းကြပ်တိုက်လေတဲ့ ...
ယောက္ခမက ငါးကျည်းကြော်ကြိုက်လို့ တော်သေးတာပေါ့။ မာမားအတွက် မှာပေးတာဆိုပြီး ပေးလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ငါးကျည်းကြော်အတွက် ကျေးဇူးပါ

Hein Zaw Nyo

21 Nov, 13:01


ဒီမှာ ခြင်မကိုက်ဘူးလားလို့ မေးကြလို့။ ခြင်ကတော့ ရှိတယ်။ အပင်တွေ ပေါပေမယ့် ခြင်ကအရမ်းမပေါဘူး။ မြို့ပေါ်မှာတော့ ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကို ဆေးဖြန်းတာကတဖွဲ့သတ်သတ်ရှိတယ်။ ခြင်ပေါက်ဖွားနိုင်တဲ့ ရေမြောင်းတွေကို ဆေးခတ်ပေးတာ တဖွဲ့သတ်သတ်ရှိတယ်။ လယ်ကွင်းကလဲ ပိုးသတ်ဆေးတွေ အရမ်းမသုံးတော့ လယ်ကွင်းထဲရေရှိချိန် ငါးတွေထည့်မွေးထားလို့ အဲထဲကနေပြီး ခြင်မပေါက်ဘူး။ ခြင်တွေက ညနေ၅နာရီဝန်းကျင်ဆိုရင်တော့ ထွက်လာတတ်တယ်။ အဲချိန်ဆိုရင် ပြတင်းပေါက် လူဝင်ပေါက်တွေရှေ့မှာ ခြင်ဆေးခွေထွန်းထားရင် ခြင်တွေအိမ်ထဲဝင်တာသက်သာတယ်။ အိမ်ထဲမှာထွန်းတာမဟုတ်တော့ ခြင်ဆေးငွေ့ဒဏ်လဲ မခံရဘူး။

ယူတို့ကလဲ ငါ့ကို ခြင်မကိုက်ဘူးလားကအစ လာမေးကြတယ်။ လာမေးလို့ဖြေရင်လဲ ငါ့ကို အပြစ်ရှာပြီး စောင်ဖောင်းထုဖို့ စောင့်နေကြသူတွေက ရှိသေးတယ်။ videoကလဲ လန်ပန်းစည်ပင်က သူတို့ Activitiesတွေတင်တာကို ငါပြန်ယူတင်တာနော်။ ဖောင်းထုဖို့အတွက် ဘယ်က videoလဲဆိုတာ ရှာနေကြမယ့်သူတွေကို သနားလာလို့ တခါထဲပြောပြတာ။

Hein Zaw Nyo

21 Nov, 12:09


သိန်းဒံမက နှာခေါင်းကြီးကပွနေလို့ နှာရိုးမြှင့်လိုက်တာ။
အခုကျ နှာခေါင်းကြီးတစ်ခုလုံးပွတယ်လို့ ထင်ရတယ်နော်

Hein Zaw Nyo

21 Nov, 11:47


ထူးအံ့လွင် NDလုပ်မယ့်ပွဲအတွက် အသင့်တော်ဆုံးMissကို တွေ့ထားပါတယ်။ ဆုမရင် သူကတရားစွဲမှာရယ် တသက်လုံးliveလွှင့်ဆဲနေမှာမို့ ကိုယ်တွေဘက်က အသာစီးရပါတယ်။

Hein Zaw Nyo

21 Nov, 11:47


အသားပေါင်မုန့်ကပ်ကြော်နည်း

ပေါင်မုန့် 7 ချပ်
အရင်ဆုံး ပေါင်မုန့်တွေကို မျက်နှာပြင်မာသွားအောင်ကင်လိုက်ပါ။ (ပေါင်မုန့်မာတယ်ဆိုရုံ ကင်ရမယ်။ အရောင်ရဲအောင် မကင်ရ)
ပေါင်မုန့်ကို လေးထောင့်ပုံဖြစ်အောင် လှီးထားပါ။

အသားစင်းကော 200 g (ဝက်/ကြက်/ပုစွန် နှစ်သက်ရာအသား)
ကြက်ဥ 1 လုံး
ပဲငံပြာရည် ထမင်းစားဇွန်း 1 ဇွန်း
ငံပြာရည် ထမင်းစားဇွန်း 1 ဇွန်း
ခရုဆီ ထမင်းစားဇွန်း 2 ဇွန်း
ပြောင်းကော်မှုန့် ထမင်းစားဇွန်း 1ဇွန်း
နံနံပင်အမြစ်/ ကြက်သွန်ဖြူ/ ငရုတ်ကောင်း ရောထောင်းထားတဲ့ဟာ ထမင်းစားဇွန်း 1ဇွန်း
အားလုံးကို ရောနယ်လိုက်ပါ။
(ကြက်ဥကို ခလောက်ပြီး တဝက်ပဲထည့်ပါ။ ကျန်တဝက်ကို ဖယ်ထား)

အလှဆင်ရန်
နံနံရွက် အနည်းငယ်
ငရုတ်သီးအနီကို အစေ့ဖယ်ပြီး အရှည်လေးတွေလှီးထားပါ။

ပေါင်မုန့်ပေါ်ကို အသားနယ်ထားတာတွေတင်
နံနံရွက်တရွက်ကပ်
ငရုတ်သီးလှီးထားတာတင်
ချန်ထားတဲ့ ကြက်ဥကို အသားပေါ်ရော ပေါင်မုန့်ကျောဖက်ကိုရောသုတ်လိမ်းပေးပြီး ဆီပူပူမှာကြော်ပါ။ ရဲလာရင်ဆယ်ပါ။

တွဲစားဖို့အချဉ်က
သကြား ထမင်းစားဇွန်း ၃ဇွန်း
ရှာလကာရည် ထမင်းစားဇွန်း ၅ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တဝက်ကို ရောဖျော်ပါ
အဲထဲကို ကြက်သွန်နီ/ သခွားသီး/ ငရုတ်သီးစိမ်းတွေထည့်မွှေလိုက်ရင် တွဲစားဖို့အချဉ်ရပြီ။

ငါကတော့ ဒီမှာ အခုလိုပေါင်မုန့်ကြော်ကို ဝယ်ပြီးတော့ပဲစားတယ်။ ဘတ် ၁၀၀ ဖိုးဆို ပေါင်မုန့် ၄ချပ်ရတယ်။ ဝယ်စားနေကျဆိုတော့ ဆာတေး၂ချောင်း အပိုပေးလိုက်သေးတယ်။

Hein Zaw Nyo

21 Nov, 06:54


ငါလဲ Tiktokမှာ စိုင်းဝမ်းပြောတာ မြင်လိုက်တာ။ သူက ဘန်ကောက်ကို စစ်ရှောင်အနေနဲ့ ပြေးလာရတာ
ရန်ကုန်ကဟောခန်းကိုလဲ ဒီတိုင်းထားခဲ့ရတာ။ သူ့အဖေရော အမေရောသေသွားတယ်တဲ့။ သူ့အဖေရော အမေရောက ဆုံးတာကြာပြီလေ။ သူ့အမေပုံကြီး ပြပြပြီး 2Dမထိုးကြဖို့ စိုင်းဝမ်းပြောတာတောင် ငါကြည့်ခဲ့ရသေးတာ။ စိုင်းဝမ်းက စစ်ရှောင်ရအောင် ရန်ကုန်မှာ ဘာစစ်ဖြစ်နေလို့လဲ။

Hein Zaw Nyo

21 Nov, 05:23


ထိုင်းတွေက ဘာပဲနေနေ သူတို့ယဉ်ကျေးမှုနဲ့ ထိုင်းမှုပြုချလိုက်တာ။ နိုင်ငံခြားက အားကစားပွဲတွေမှာ အားကစားအသင်းတွေကို အားပေးတဲ့ Cheerleader ကိုတောင် ရာမယဏနဲ့ တွဲချပစ်တာ။

Hein Zaw Nyo

21 Nov, 04:45


လူတယောက်နဲ့ခင်ပြီဆိုရင် အဲလူနဲ့ ရန်ဖြစ်ဖို့ကို အစီအစဉ်မရှိလို့ ခင်တဲ့အချိန်မှာ အဲလူနဲ့ရန်ဖြစ်ရင် ကိုယ်ကယုတ်ဖို့ဆိုပြီး ကြိုတင်စီစဉ်ထားတာမျိုးမရှိဘူး။ အဲလိုမျိုး လူတယောက်နဲ့ခင်နေစဉ်မှာလဲ သူနဲ့မတည့်ရင်ယုတ်ဖို့ဆိုပြီး ကြိုတင်စီစဉ်တတ်တဲ့လူမျိုးကိုလဲ ဘဝမှမကြုံဖူးဘူး။ မိဂျက်အကြောင်း မသိခင်ကအထိပေါ့။ မိဂျက်ကိုတော့ တကယ်လက်လန်တယ်။
သူနဲ့ခင်တဲ့တယောက်က ထောင်ဝင်စာသွားတွေ့တော့ မိဂျက်က ထောင်ထဲမှာပုံတွေခိုးရိုက်လာတာ ..တဲ့။
သူနဲ့အဲတုံးက ခင်နေတဲ့သူကို မိဂျက်က ကြည့်မရတော့မှ ထောင်ထဲပုံတွေကိုဖြန့်
ထောင်မှူးကိုပြသာနာတက်အောင်လုပ်တာ။
ထောင်မှူးပြသာနာတက်ရင် မိဂျက်ရဲ့အသိနဲ့ ပတ်သက်နေတဲ့ ထောင်ထဲကလူ နှိပ်ကွပ်ခံရအောင်လို့ ... တဲ့
မိဂျက်ရဲ့ သန္ဓေယုတ်ချက်က ဘယ်လိုမိမစစ်ဖမစစ်က မွေးလာမှန်းကိုမသိတာ။
လူတယောက်နဲ့ ခင်နေချိန်မှာတောင် အဲလူနဲ့မတည့်ရင်ဆိုတာကို တွေးပြီး အကျင့်ယုတ်ဖို့ကြံစည်နေကတည်းက သူ့စိတ်ဓါတ်ကိုက မရိုးသားတာ။ မိဂျက်လို အောက်တန်းစား စရိုက်ပျက်မနဲ့ ဘဝမှာ တခါထဲပတ်သက်မှာမို့ မိဂျက်နဲ့ပေါင်းသမျှကိုလဲ သူလိုစရိုက်ပျက်လို့ ငါသတ်မှတ်ပြီး ရှောင်တယ်နော်။ မိဂျက်နဲ့ အပေါင်းအသင်းဖြစ်နေသူတွေ ငါ့လာမပတ်သက်နဲ့

Hein Zaw Nyo

21 Nov, 04:00


ရေဖွင့်တဲ့အခါ တဖက်ကိုလှည့်ရင် ရေအေး
တဖက်ကိုလှည့်ရင် ရေနွေးဆိုတာက တော်တော်များများမှာ ရှိပါတယ်။
သူပဲ ထူးဆန်းပြီး သူပဲအဆင့်မြင့်ပြီး ကြွားနေတာ။