PSLF/TNLA News @taangtv2023 Channel on Telegram

PSLF/TNLA News

@taangtv2023


This is PSLF/TNLA News Official Channel.

PSLF/TNLA News (English)

Welcome to PSLF/TNLA News Official Channel! Stay up to date with the latest news and updates related to the Pa-O National Liberation Front (PSLF) and the Ta'ang National Liberation Army (TNLA) on this channel. If you're interested in learning more about the ongoing activities, developments, and events involving these organizations, then you've come to the right place

Who are PSLF and TNLA? The Pa-O National Liberation Front (PSLF) and the Ta'ang National Liberation Army (TNLA) are both armed ethnic minority groups based in Myanmar. They have been actively involved in advocating for the rights and autonomy of their respective communities. Through this channel, you'll get insights into their struggles, achievements, and aspirations

What can you expect from this channel? By joining PSLF/TNLA News, you'll receive real-time updates on press releases, statements, interviews, and other important information directly from the sources. You'll have access to exclusive content that sheds light on the political, social, and cultural dimensions of the PSLF and TNLA movements

Whether you're a supporter, a researcher, or simply curious about the developments in Myanmar's ethnic regions, this channel is your go-to source for accurate and relevant news. Join us today and be part of the conversation surrounding the PSLF and TNLA's endeavors for peace, justice, and self-determination in Myanmar.

PSLF/TNLA News

20 Nov, 00:59


ကွတ်ခိုင်မြို့တွင် နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွား

ကွတ်ခိုင်၊ နိုဝင်ဘာ ၂၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)နေရာတွင် နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။


နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ(၄း၃၀)နာရီအချိန် ဦးနော်ဆိုင်းနေအိမ်၏ မီးလောင်းသွားခဲ့သည်။

ဖြစ်စဥ်တွင် ဦးနော်ဆိုင်းသည် ပျက်နေသည့် ရေအားလျှပ်စစ်ကို သွားပြင်နေချိန် နေအိမ်မီးစတင်လောင်ကျွမ်းသွားခဲ့သည်။

ဦးနော်ဆိုင်း နေအိမ်အတွင်းရှိ ပစ္စည်းများ ဆိုင်ကယ်(၂)စီး၊ ဆွဲကြိုး (၁)ကွင်း၊ ဆန် (၂)အိတ်၊ ဘီဒို (၂)လုံးနှင့် စားပွဲခုံ (၁)စုံ မီးလောင်ဆုံးရှုံးသွားခဲ့သည်။

မီးလောင်နေစဥ် ကွတ်ခိုင်မြို့ PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၂)စီးနှင့် ရပ်ကွက်ကားများအပါအဝင် သွားရောက်ဝိုင်းဝန်း ကူညီမီးငြိမ်းသတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့ ရပ်ကွက် (၂)၌ နေအိမ် (၁)လုံး မီးဖိုးချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA News

19 Nov, 14:28


ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး

နောင်ချို၊ နိုဝင်ဘာလ ၁၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသား (၁)ဦးထိမှန်သေဆုံးခဲ့သည်။

နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၇း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့ပါသည်။


ထိုအပြင် နောင်ချို့မြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆)နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွက် ကလေးငယ် (၁)ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့သည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်းလည်း နောင်ချို့မြို့အတွင်း စစ်ကောင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA News

18 Nov, 13:14


ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံး၊ (၁၃)ဦး ထိခိုက်ဒဏ်ရာရ

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

Ta'ang TV 18.11.2024

Facebook Link
https://www.facebook.com/profile.php?id=100065446622027&mibextid=ZbWKwL

YouTube Link
https://youtube.com/@pslftnlanews?si=RqNdFxEk1kMuynZ2

Telegram Link
https://t.me/TaangTV

PSLF/TNLA News

18 Nov, 03:07


ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံး၊ (၁၃)ဦး ထိခိုက်ဒဏ်ရာရ

ကွတ်ခိုင်၊ နိုဝင်ဘာ ၁၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့ ည (၁၁း၄၇)အချိန်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့သည်။ ထိုအပြင် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့ပါသည်။

အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင်လည်း မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန