Chindwinyoma News @chindwinyoma Channel on Telegram

Chindwinyoma News

@chindwinyoma


Chindwinyoma News is a news media for sagaing division.

Chindwinyoma News (English)

Chindwinyoma News is your go-to source for all the latest news and updates from Sagaing Division. If you're looking for reliable and timely information on local events, politics, culture, and more, then look no further than Chindwinyoma News Telegram channel. Our team of dedicated journalists works tirelessly to bring you the most relevant and important stories from Sagaing Division, so you can stay informed and up-to-date with what's happening in your community. Whether you're interested in current affairs, business news, or simply want to know what's going on in your area, Chindwinyoma News has you covered. Join our channel today and never miss a beat when it comes to staying informed about Sagaing Division!

Chindwinyoma News

20 Jan, 10:49


MNDAA နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ
----------------------------------
-----------------------------------
၂၀ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဇန်နဝါရီလ ၁၈ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း ရိုက်တာသတင်းဌာနတွင် ယနေ့ဖော်ပြထားသည်။

Chindwinyoma News

19 Jan, 15:11


န်ကုန်ရောက် ရခိုင်တိုင်းရင်းသားတို့၏အမည်စာရင်းကောက်ယူမှုများရှိလာဟုဆို
--------------------------------------
--------------------------------------
၁၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ရန်ကုန်တိုင်းအတွင်းရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားတို့၏အမည်စာရင်းနှင့် ကိုယ်ရေးအချက် အလက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့က လိုက်လံကောက်ယူလျက်ရှိသည်ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့်ရခိုင်တိုင်းရင်းသားများထံမှသိရသည်။

Chindwinyoma News

19 Jan, 14:52


စစ်ကောင်စီတပ်ကြပ်အောင်ကျော်မိုးနှင့်မိသားစုဝင် ၁၆ ဦးဖမ်းဆီးမိဟု ဗျူဟာ-၈၁ ယောဗျူဟာ ထုတ်ပြန်
----------------------
----------------------
၁၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိစစ်ကောင်စီတပ်၏ ခလရ (၂၇၄) မှထွက်ပြေးလာသောတပ်ကြပ် အောင်ကျော်မိုး (ကပ-ကပ၇၈၈၉၉၃)နှင့် မိသားစုဝင် ၁၆ ဦးကို မကွေးတိုင်းအခြေပြု ဗျူဟာ-၈၁ ယောဗျူဟာ စစ်ကြောင်းကဖမ်းဆီးရမိထားကြောင်း ဇန်နဝါရီ ၁၇ ရက်ကဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

Chindwinyoma News

18 Jan, 15:51


https://youtu.be/bCFwGAd-d0A

Chindwinyoma News

18 Jan, 09:19


ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး
-----------------------------------
-----------------------------------
၁၈ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်တွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်ကောင်စီတပ် ၏ ဂိတ်စခန်းများနှင့် ကြံဘိုကုန်းကျေးရွာရှိဂိတ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်း တပ်တို့ တိုက်ခိုက်ခဲ့ချေမှုန်းနိုင်ခဲ့သည်ဟု Fire Dragon PDF က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

18 Jan, 05:01


KNDF အမှတ် (၈) ဗျူဟာက အပတ်စဉ် (၆) သင်တန်းဆင်းပွဲပြုလုပ်
--------------------------------
--------------------------------
၁၈ ဇန်နဝါရီ ၂၀၂၅-ချင်းတွင်းရိုးမ

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာ၊ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက်တွင် ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ၌ကျင်းပခဲ့သည်ဟု KNDF ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

Chindwinyoma News

16 Jan, 15:25


ရေးမြို့တွင် တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးသေဆုံး
----------------------------------
----------------------------------
၁၆ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ


မွန်ပြည်နယ် ရေးမြို့၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုးလာသဖြင့် မွန် ၊ ကရင်တော်လှန်ရေးအင်အားစုများနှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦး သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ် Mon State Defense Force - MSDF က ဇန်နဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

12 Jan, 06:45


နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ်မီးလုံလောက်စွာရရှိလာနိုင်ဟု မင်းအောင်လှိုင်ပြောဆိုပြန်
-------------------------------
-------------------------------
၁၂ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ


အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စီမံကိန်းပြီးစီးပါက လျှပ်စစ်မီးများလုံလောက်စွာရရှိလာနိုင် ကြောင်း ထပ်မံပြောဆိုပြန်သည်။


မိမိတို့တာဝန်ယူချိန်(အာဏာသိမ်းယူထားသည့်ကာလ) တွင် လျှပ်စစ်နှင့်ပတ်သက်၍ အခက်အခဲ များရှိသောကြောင့် အချိန်တိုအတွင်းအောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများလုံလောက်စွာရရှိလာနိုင်သည်ဟု ၎င်းကပြောဆိုခဲ့သည်။

Chindwinyoma News

10 Jan, 16:10


ပထမအချီတွင် ထိုင်းဖိုက်တာကို အလဲထိုးကာ သွေးလင်းထက် အနိုင်ယူ
------------------------
------------------------
၁၀ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ (အားကစား)

ယနေ့ည ကျင်းပသည့် ONE Friday Fights 93 ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ရော့ကစ်တီကို ပထမအချီတွင် အလဲထိုးဖြင့် သွေးလင်းထက် အနိုင်ရရှိခဲ့ပြီး ဆုကြေး ဘောနပ်စ်ရရှိခဲ့သည်။

Chindwinyoma News

10 Jan, 10:48


မုံရွာတွင် စစ်ကား ၁၀ စီး တိုက်ခိုက်ခံရ ၊ စစ်ကား ၁၀ ဦးနှင့် တော်လှန်ရေး ရဲဘော် ၁ ဦးသေဆုံး
----------------------------
----------------------------
၁၀ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ မုံရွာမြို့နယ် နမခ မှ ထွက်လာသော ထပရ-၉၂၉ နှင့် တပ်မ-၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

10 Jan, 09:04


တီးတိန်မြို့ တွင် ရဲ ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်
------------------------------------
------------------------------------
၁၀ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံ ရတဖ (၂၆)တပ်ရင်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဇန်နဝါရီလ ၉ ရက်နေ့တွင် လက်နက်နှင့်အတူ အလင်းဝင်ခဲ့သည်ဟု CDF CDM SIYIN က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

10 Jan, 08:14


နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
-----------------------------------
------------------------------------
၁၀ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာမှသာ အောင်မြင်မှုရနိုင်မည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ (၁၀) ရက်တွင် ကျရောက်သော(၇၇) နှစ် မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ တွင်ထည့်သွင်းပြောဆိုထားသည်။

Chindwinyoma News

09 Jan, 14:41


ဘာစီလိုနာအသင်း၏ ဂန္ထဝင်တိုက်စစ်မှူးကို နည်းပြသစ်အဖြစ် အင်ဒိုနီးရှားခန့်အပ်
---------------------
၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ (အားကစား)

အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ဘာစီလိုနာအသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ကလွိုက်ဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်ဟု ဇန်နဝါရီလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။


(၂၀၂၆)ကမ္ဘာ့ဖလားဝင်ခွင့်ရရန် ကြိုးစားနေသည့် အင်ဒိုနီးရှားအသင်းသည် နည်းပြရှင်တေးယောင်ကို ထုတ်ပယ်ပြီး ကလွိုက်ဗက်ကို နည်းပြသစ်ခန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Chindwinyoma News

09 Jan, 14:13


မံစီမြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ဟု ABSDF ထုတ်ပြန်
---------------------------------
---------------------------------
၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ၏ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ ကချင်ပြည်နယ် မံစီမြို့သိမ်းတိုက်ပွဲကို ပူးပေါင်းဆင်နွှဲခဲ့သည်ဟု ABSDF က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

09 Jan, 13:39


လယ်ဒိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ အပြီးသတ်သိမ်းပိုက်
----------------------------------
----------------------------------
၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ကရင်ပြည်နယ် ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၃) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဇန်နဝါရီ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ကရင်အမျိုးအစည်းအရုံး KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

09 Jan, 13:22


စ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့်အတူအလင်းဝင်
--------------------------
-------------------------
၉ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

ပုဂံ၊ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မိတ္ထီလာမြို့ ရဲတပ်ရင်း ၃၅ မှ ရဲတပ်သား ၁ ဦးသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု Southern YSO PDFမှ တာဝန်ခံ ကိုအောင်မောင်းကပြောသည်။

Chindwinyoma News

06 Jan, 07:17


မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုသူများ လျှောက်ထားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးထုတ်ပြန်
---------------------------------------
---------------------------------------
၆ ဇန်နဝါရီ ၂၀၂၅-ချင်းတွင်းရိုးမ

မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မယ့်သူတွေအနေဖြင့် စာရွက်စာတမ်းအထောက်အထားအပြည့်အစုံဖြင့် လျှောက်ထားနိုင်သည်ဟု စင်ကာပူရှိ မြန်မာသံရုံးက ယမန်နှစ် ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Chindwinyoma News

06 Jan, 06:36


စရဖ ဗိုလ်မှူးကို ပစ်ခတ်သူများ ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
----------------------------------------
----------------------------------------
၆ ဒီဇင်ဘာလ ၂၀၂၅-ချင်းတွင်းရိုးမ

ရန်ကုန်မြို့၌ စစ်တပ်အရာရှိတစ်ဦး ပစ်ခတ်ခံရမှုအပါအဝင် ဖောက်ခွဲမှုများပြုလုပ်သည်ဟုဆိုကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး၂ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယမန်နှစ် ဒီဇင်ဘာ၂၂ ရက် ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ Apollo ဟိုတယ်မှပြန်လာသော စစ်တပ်အရာရှိတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒီဇင်ဘာ၂၉ ရက်တွင် မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင် မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်တို့အပြင် မိုးထက်အောင်၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ ၅ ဦးအား အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ရတနာသိင်္ခဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Chindwinyoma News

06 Jan, 03:52


ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို ဝင်ရောက်စီးနင်းလာသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်သား ၂၀ခန့်သေဆုံးပြီး ၃ ဦးဖမ်းဆီးခံရ
-------------------------------------
--------------------------------------
၆ ဇန်နဝါရီလ ၂၀၂၅-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းထားသော တပ်မ၃၃ စစ်ကြောင်းကို ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း နှင့် ပူးပေါင်းအဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းထံမှ သိရသည်။

Chindwinyoma News

05 Jan, 10:59


၂၀၂၄ ခုနှစ်အတွင်း စစ်ရေးတိုးတက်မှု NUG ထုတ်ပြန်၊ စစ်ကောင်စီ၏စိုးမိုးနယ်မြေ ၃၂ ရာခိုင်နှုန်းသာကျန်ရှိ
-------------------------------------
-------------------------------------
၅ ဇန်နဝါရီ ၂၀၂၅-ချင်းတွင်းရိုးမ

၂၀၂၄ ခုနှစ်အတွင်းစစ်ရေးတိုးတက်မှုအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ စိုးမိုးနယ်မြေ ၃၂ ရာခိုင်နှုန်းသာကျန်ရှိပြီး မြို့နယ်အနေဖြင့် ၁၀၇ မြို့နယ်သာကျန်ရှိသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၏ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ် ၁၄၄ မြို့နယ်ရှိပြီး အဆိုပါမြို့နယ် များထဲမှ မြို့ပေါင်း ၉၅ မြို့(မြို့နယ်အားဖြင့် ၄၈ မြို့နယ်)ကို အပြီးသတ်သိမ်းပိုက်အုပ်ချုပ် ထားကာ နောက်ထပ်မြို့နယ် ၇၉ မြို့နယ်တွင်လည်း တော်လှန်စစ်များဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Chindwinyoma News

24 Dec, 16:34


တိုက်ပွဲအတွင်းကျဆုံးရဲဘော်၏ ဈာပနပြုလုပ်
----------------------------
----------------------------
၂၄ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ


ဒီဇင်ဘာလ ၁၉ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရတီအောင် (ခ) ရဲဘော် J7 ၏ ဈာပနကို ယနေ့ ပြုလုပ်ခဲ့သည်ဟု အမှတ်(၁)စစ်ဒေသ၊ ပခုက္ကူခရိုင်၊အမှတ်(၇)တပ်ရင်း က သတင်းထုတ်ပြန်လိုက်သည်။

ဓါတ်ပုံ- ပခုက္ကူခရိုင်၊အမှတ်(၇)တပ်ရင်း

Chindwinyoma News

24 Dec, 16:33


စစ်ရှောင်စခန်း ၃နေရာတွင် ရက်ရှည်စစ်ရှောင်နေရသည့် စစ်ရှောင်များကို ထမင်းတစ်နပ်လှူဒါန်း
----------------------------
----------------------------
၂၄ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၃နေရာတွင် ရက်ရှည် စစ်ရှောင်နေရသည့်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့သည်။

Chindwinyoma News

02 Dec, 13:06


ဆီးရီးယားမှာ ဘာတွေဖြစ်နေသလဲ
-----------------------------
၂ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ (ဘာသာပြန်ဆောင်းပါး)

သူပုန်ညွန့်ပေါင်းအဖွဲ့အသစ်က အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ပြီးနောက် ဆီးရီးယားနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော အလက်ပိုကို သိမ်းပိုက်ပြခဲ့ရာ ပြည်တွင်းစစ်မှာ ဘယ်သူက အလေးအသာရှိပုံကို မီးမောင်းထိုးပြလာခဲ့သည်။

အဆိုပါ ထိုးစစ်သည် အတိုက်အခံတပ်ဖွဲ့ဝင်များ၏ အလက်ပိုမြို့အတွက် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နယ်မြေသိမ်းပိုက်မှုဖြစ်ပြီး တရားဝင် မပြီးဆုံးသေးသော စစ်ပွဲ၏ ရှေ့မတိုးနောက်မသာ ဖြစ်မှုကို ဖြိုခွင်းခဲ့သည်။
လူ ၃ သိန်းကျော် သေဆုံးပြီး ၆ သန်းနီးပါးမျှ ပြည်တွင်းမှ တိမ်းရှောင်ခဲ့ရတဲ့ ဆီးရီးယားပဋိပက္ခသည် ဒေသတွင်းနှင့် နိုင်ငံတကာသို့ ကျယ်ပြန့်စွာ သက်ရောက်မှုများ ရှိခဲ့ပါသည်။

ဆီးရီးယားပြည်တွင်းစစ်မှာ ဘာတွေဖြစ်ခဲ့လဲ
-------------------------------

၂၀၁၁ ခုနှစ် အာရပ်နွေဦး၏ အမြင့်ဆုံးရေချိန်တက်နေချိန်၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် ဆီးရီးယား အာဏာရှင်သမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) ကို ဖြုတ်ချရန် လမ်းများပေါ်ထွက်ပြီး တောင်းဆိုခဲ့ကြသည်။


Source: CNN

Chindwinyoma News

02 Dec, 13:04


ABSDF အပတ်စဉ် ၈ သင်တန်းဆင်းပွဲပြုလုပ်
---------------------------
---------------------------
၂ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမှတ် ၂ စစ်ကြောင်း၌ ပြုလုပ်ခဲ့သော အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ABSDF က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

သင်တန်းကာလ ၄လ ကြာမြင့်ခဲ့ပြီး၊ ရဲဘော် ၁၄၀ဦး၊ မဟာမိတ် PDF မှ ၆ဦးနှင့် ပ.က.ဖ မှ ၁ဦး စုစုပေါင်း ၁၄၇ ဦး မှ သင်တန်းဆင်းခဲ့ကြသည်ဟု သိရသည်။

အဆိုပါသင်တန်းဆင်းပွဲကို ABSDFတပ်ဖွဲ့ဝင်များ ၊ မဟာမိတ်မိုးမိတ်ခရိုင် KIO၊ KIA မှ တာဝန်ရှိလူကြီးများ၊ BPLA မှ ဗျူဟာမှူး၊ KPDF အဖွဲ့၊ အမှတ် ၅၁၅ PDF အဖွဲ့နှင့် ကူညီထောက်ပံ့ပေးနေသော မိဘ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Chindwinyoma News

01 Dec, 09:02


ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ပြည်သူ ၁၀ ဉီးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ
-----------------------------------
-----------------------------------
၁ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဉီးသေဆုံးပြီး ၂၀ ဉီးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်လိုက်သည်။

Chindwinyoma News

01 Dec, 07:29


အလက်ပိုမြို့မှ ယာယီဆုတ်ခွာပေးလိုက်ပြီဟု ဆီးရီးယားစစ်တပ် ကြေညာ
---------------------------------------
---------------------------------------

၁ ဒီဇင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ (နိုင်ငံတကာ)

ဆီးရီးယားနိုင်ငံမှာ သူပုန်အဖွဲ့များသည် နှစ်ပေါင်းများအတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရထိန်းချုပ်နယ်မြေများကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်ခဲ့ရာ နိုင်ငံ၏ tအနောက်မြောက်ပိုင်း အလက်ပိုမြို့မှ မိမိတို့တပ်များ ယာယီရုပ်သိမ်းကြောင်း အစိုးရစစ်တပ်က ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းက နိုဝင်ဘာလ ၃၀ ရက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အလက်ပိုမြို့နှင့် အစ်လက်မြို့ အုပ်ချုပ်ရေးမှူးရုံးများတွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲတွေပြင်းထန်ခဲ့ရာ မိမိတို့ဘက်မှ စစ်သားတွေ ဆယ်ဂဏန်းမျှသေဆုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်မှာ ဆီးရီးယားစစ်တပ်က ဆက်လက်ကြေညာခဲ့သည်။

Chindwinyoma News

30 Nov, 16:35


Southern YSO PDF အခြေခံ စစ်သင်တန်းဆင်းပွဲ နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်
---------------------------------
---------------------------------
၃၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF အပတ်စဉ်-၈ အခြေခံ စစ်သင်တန်းဆင်းပွဲ နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်ဟု Southern YSO PDF က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion

Chindwinyoma News

30 Nov, 16:34


ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ချီတက်
------------------------------
------------------------------
၃၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion

Chindwinyoma News

30 Nov, 16:33


ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်သတင်းပေးသူတစ်ဦး ရှင်းလင်းခံရ
----------------------------
---------------------------
၃၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကုန်းရွာအုပ်စု ကွင်းချောင်းကျေးရွာတွင် နေထိုင်သူ စစ်တပ်သတင်းပေးတစ်ဦးကို နိုဝင်ဘာလ ၂၈ ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၁ Dragon Brothers (GBK-PDF) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Dragon Brothers (GBK-PDF) သည် စစ်တပ်သတင်းပေးသူ၏ နေအိမ်သို့သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပင်သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူအပါအဝင် ၄◌င်းတို့၏ ညီအကိုများသည် ပျူစောထီးသင်တန်းတက်ရောက်ပြီးသူများဖြစ်ပြီး စစ်ကောင်စီတပ်ကို သတင်းပေးနေသူများဖြစ်သည်ဟု Dragon Brothers (GBK-PDF) က ပြောသည်။

Chindwinyoma News

30 Nov, 16:33


ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို မြန်မာစစ်သင်္ဘောတစ်စီး ပစ်ခတ် ၊ ၁ဦးသေဆုံး ၊ ၃၁ ဦးဖမ်းဆီးခံထားရ
-------------------------
--------------------------
၃၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းသင်္ဘော သုံးစီးကို မြန်မာစစ်သင်္ဘောတစ်စီးက စနေနေ့အစောပိုင်းက ပစ်ခတ်ခဲ့ရာ ရေလုပ်သား ၁ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရသည်ဟု The Nation သတင်းဌာနက ဖော်ပြာထားသည်။

Chindwinyoma News

30 Nov, 11:55


ရာဇ၀တ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ရန် လျှောက်လဲချက်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)ဝင်များ တစ်ခဲနက်ကြိုဆို
-----------------------------
----------------------------
၃၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

Chindwinyoma News

29 Nov, 11:30


အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုရွာတွင် တပ်သားသစ်စုဆောင်းနေသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
--------------------------------
--------------------------------
၂၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုပ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ကိုင်းတောစုကျေးရွာတွင် စစ်ကောင်စီတပ်အတွက် တပ်သားသစ်များ စုဆောင်းနေသူ မောင်မောင်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေတွင် အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မောင်မောင်သန်းကို သာယာဝတီခရိုင် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ Yoma (GBK) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ဆက်သွယ်ထားသော ဖုန်းတစ်လုံးကိုလည်း သေဆုံးသူထံမှ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

Chindwinyoma News

29 Nov, 09:31


ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်၏စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၄၀ ခန့်သေဆုံး
----------------------
----------------------

၂၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ပဲခူးရိုးမရှိ မြို့ချောင်း -စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်သို့တက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို နိုဝင်ဘာလ ၂၇ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်ရင် မိနစ် ၃၀ ခန့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး လူသားဒိုင်းအဖြစ် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်လာနိုင်သဖြင့် စစ်ကောင်စီတပ်အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တိုက်တွန်းလိုက်သည်။

Chindwinyoma News

29 Nov, 05:56


တောင်ကုတ်မြို့ကို သိမ်းပိုက်လိုက်ပြီဟု AA သတင်းထုတ်ပြန်
--------------------------------
---------------------------------


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်း ပိုက်လိုက်ပြီးမြို့ကို ထိန်းချုပ်လိုက်ပြီဟု အာရက္ခတပ်တော် AA က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

တောင်ကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်၏ ကျန်ရှိသည့် စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့ကို ထိုးစစ်ဆင်နေသည်ဟု AA က ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

တောင်ကုတ်မြို့ရှိ မောင်းတံဂိတ် စစ်စခန်း၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနှင့် တောင်ကုတ်မြို့မ ရဲစခန်းတို့ကို AA က သိမ်းပိုက်လိုက်သည်ဟု AA ကပြောသည်။

Chindwinyoma News

29 Nov, 05:54


ငဖဲမြို့တွင် စစ်ကောင်စီတပ်၏စစ်ကြောင်း တိုက်ခိုက်ခံရ ၊ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးဖမ်းဆီးခံရ
--------------------------------
--------------------------------
၂၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်း နိုဝင်ဘာလ ၂၃ ရက်တွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး ဖမ်းဆီးရမိခဲ့သည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်က ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

တိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် သူများကို လိုအပ်သော ဆေးကုသမှုများလုပ်ဆောင်ပေးပြီး စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်က ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းတို့
ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Chindwinyoma News

28 Nov, 12:38


သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အခြေခံစစ်ပညာသင်တန်းဆင်း
--------------------------------
-------------------------------
၂၈ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅)သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#Mandalay

Chindwinyoma News

22 Nov, 05:47


နောင်ချိုမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ
--------------------------------
--------------------------------


၂၂ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၀ ရက်တွင်လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့တွင်သတင်းထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာသို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့ရာ ဘုန်းကြီး ကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်းရှိ အသက် ၂၃ နှစ်အရွယ်အမျိုးသမီး ၁ဉီးသေဆုံးကာ အမျိုးသား ၂ ဉီးဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ယင်းနေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင်လည်း နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့ရာ ကျေးရွာအတွင်းသို့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၁ ဉီးထိမှန်သေဆုံးကာ ၃ ဉီးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကပြောသည်။

Chindwinyoma News

21 Nov, 07:54


၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်နှင့် နိုင်ငံတကာပြိုင်ပွဲများကစားရန် ရုရှားကို FIFA နှင့် UEFA ပိတ်ပင်
----------------------------------
----------------------------------
Telegram - https://t.me/chindwinyoma

၂၁ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ (အားကစား)

ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) တို့က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်တွင်ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့် ရုရှားလက်ရွေးစင်အသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဟုသိရသည်။

FIFA နှင့် UEFA သည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်းကြောင့် ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရုရှားလက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်နေဆဲကာလမှာပင် နုတ်ထွက်ခဲ့ရသည်။

Chindwinyoma News

21 Nov, 07:51


ငဖဲမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၉ဦးသေဆုံး
--------------------------
--------------------------


၂၁ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က နိုဝင်ဘာလ ၂၀ ရက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၉ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ခန့်အကွာတွင် အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်၏စစ်ကြောင်းကို PRA-Magway အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပေါ်တောဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်ဟု PRA-Magway ကပြောသည်။

ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ချမှတ်ထားသည့် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုများ ဖြစ်ပြီး ယင်းမှတဆင့် ကျယ်ပြန့်သည့် စစ်ဆင်ရေးများဖော်ဆောင်သွားမည်ဟု PRA-Magway ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Chindwinyoma News

20 Nov, 12:10


ညောင်လေပင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ၅ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲ၊ ပြည်သူ ထောင်ချီ တိမ်းရှောင်နေရ
--------------------------------
--------------------------------
Telegram - https://t.me/chindwinyoma

၂၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပဲခူးတိုင်း၊ ညောင်လေပင်ခရိုင်ရှိ ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရသည်ဟု KNU ဗဟိုက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၆ ၊ ၁၇ ၊ ၁၉ ရက်တို့တွင် စစ်ကောင်စီတပ်၏ ခလရ-၂၆၄ တပ်ရင်းသည် လယ်ဒိုမြို့နယ်ရှိ ကျောင်းကုန်းကျေးရွာ၊ ခရုကုန်းရွာ၊ နိုဂေါ်ကျေးရွာတို့ကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် နတ်သံကွင်း၌ နေရာယူထားသော စစ်ကောင်စီတပ်သည် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပဲသောင်ကျေးရွာနှင့် သောင်ပုကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၊ ဝါးပင်စုကျေးရွာ၊ ခြောက်တဲစုကျေးရွာ၊ အလယ်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

Chindwinyoma News

20 Nov, 12:09


SNA တပ်စခန်း နှစ်ခုကို KIA/PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်
--------------------------
--------------------------
Telegram - https://t.me/chindwinyoma

၂၀ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်ကိုင်တိုင်းနှင့်နီးစပ်သည့် ဆယ်ဇင်းကျေးရွာအနီးရှိတွင်ရှမ်းနီအမျိုး သားများတပ်မတော် NSA တပ်၏ စခန်း နှစ်ခုကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် KIA/PDF တို့က သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ဘက်ဆိုင်ရာသတင်းအရင်းအမြစ်တစ်ဦး ကပြောသည်။

“ဆယ်ဇင်းဘက်တွေသိမ်းတာဟုတ်တယ်။ ပြီးစီးသလောက်တော့ရှိပါပြီ။ တော်တော်တော့သိမ်းနိုင်ပြီး။ တိုက်ပွဲကာလလည်းကြာပြီးကော ဟုမ္မလင်းနယ်ထဲက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းပေါ့။ အကျအဆုံးကတော့များတယ်။ ကျွန်တော်တို့ဘက်ကလည်းများတယ်” ဟုဆိုသည်။

SNA တပ်စခန်းများဖြစ်သည့် ဆမ်းပန်ကုန်းကျေးရွာနှင့် ရွှေတွင်းတပ်စခန်း နှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ၇ ဦးကျဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တစ်ဦးကပြောသည်။

Chindwinyoma News

19 Nov, 16:54


ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ အမျိုးသား ၁ဦး သေဆုံး
-----------------------
----------------------
Telegram - https://t.me/chindwinyoma

၁၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်၃ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၈ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခံရာ အမျိုးသား ၁ ဦးသေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ထိုအပြင် နောင်ချို့မြို့နယ် လုံစံကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွက် ကလေးငယ် ၁ဦး သေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း နောင်ချို့မြို့ကို စစ်ကောင်တပ်က ပေါင်း ၃၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကပြောသည်။

ဓါတ်ပုံ-TNLA

Chindwinyoma News

19 Nov, 10:42


ကနီမြို့နယ်ရှိပြည်သူများနှင့် စစ်ရှောင်ပြည်သူများကို နွေဦးတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့က အခမဲ့ဆေးကုပေး
----------------------------------
---------------------------------
Telegram - https://t.me/chindwinyoma

၁၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျေးရွာ ၂ ရွာရှိ သွားလာရန်ခက်ခဲသော ဒေသခံပြည်သူများနှင့် စစ်ရှောင်ပြည်သူ ၂၇၇ ဦးကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် အခမဲ့ဆေးဝါးကုသမှုပေးခဲ့သည်ဟု သိရသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Telegram - https://t.me/chindwinyoma

#SagaingRegion
#Chindwinyomanews
#whathappeninginmyanmar
#ကနီမြို့နယ်

Chindwinyoma News

19 Nov, 07:28


နိုင်ကျဉ်းဟောင်းဆရာတော်ဥူးပညာဇောတ ဖမ်းဆီးခံထားရပြီး ရက်သတ္တပတ်တစ်ပတ်ကြာသည်အထိ အဆက်သွယ်မရသေး
----------------------------------
----------------------------------
Telegram - https://t.me/chindwinyoma

၁၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

နိုင်ငံရေးအကျဉ်းသားများကြား နတ်ဇောဟုလူသိများသည့် ဆရာတော်ဥူးပညာဇောတကို စစ်ကောင်စီက ယခုလ ၁၃ ရက်ကဖမ်းဆီးသွားပြီး ရက်သတ္တပတ်တစ်ပတ်ကြာသည်အထိ အဆက်သွယ်မရသေးကြောင်း ဆရာတော်နှင့်နီးစပ်သူများက ပြည်ပသတင်းမီဒီယာများကို ပြောကြားထားသည်။

ဆရာတော်ဥူးပညာဇောတသည် အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့တော်တွင်ရှိသည့် စစ်ကောင်စီ မြန်မာသံရုံးတွင် သာသနာရေးဗီဇာတရားဝင်လျှောက်ထားပြီး နိုဝင်ဘာ ၅ ရက်တွင်မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီးနောက် နိုဝင်ဘာ ၁၃ ရက်ညနေပိုင်းတွင် အင်းစိန်မြို့နယ်စော်ဘွားကြီးကုန်းအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်အားဘာကြောင့်ဖမ်းဆီးထားသည်ကို မသိရသေးသကဲ့သို့ လက်ရှိအချိန်အထိ ဆရာတော်နှင့်အဆက်အသွယ်မရသေးကြောင်း အမေရိကန်နိုင်ငံတွင်သီတင်းသုံးနေထိုင်သည့် ဆရာတော်အရှင်ဇဝနက RFA သတင်းမီဒီယာအားမိန့်ကြားထားသည်။

Chindwinyoma News

19 Nov, 06:55


ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို စစ်ကောင်စီတပ်က ဗုံးသီးချတိုက်ခိုက်၍ ပြည်သူများ ထိခိုက် သေဆုံးမှုရှိ
------------------------------------
-----------------------------------
Telegram - https://t.me/chindwinyoma

၁၉ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ဇီးကုန်းသကြားစက်အထိုင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့နံနက်တွင် Droneဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး န ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

ယင်းနေ့နံနက်တွင် စစ်ကောင်စီတပ်နှင့် ပျူတို့သည် ဒရုန်းဖြင့် ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့ရာ ခရီးသွားကားဘေးတည့်တည့်ကျပြီး ကားပေါ်ပါလာသည့် ဘုန်းကြီးတစ်ပါး နှင့် အမျိုးသား၂ ဦး၊အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦးထိမှန်သေဆုံးခဲ့ပြီး နောက်ထပ်ခရီးသွားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ကားနှစ်စီးပျက်ဆီးသွားသည်ဟုသိရသည်။

Chindwinyoma News

18 Nov, 09:01


ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲ
---------------------------------
---------------------------------
၁၈ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ် ဖယ်ခုံမြို့ ရီနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွှာအနီးရှိ၊ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ရာ တဲ၊ နေအိမ်၊ဘာသာရေး ဘုရားကျောင်း၊ စပါးကျီများနှင့် စစ်ဘေးရှောင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု 1007 MOBYE PDF 2 သတင်းနှင့်ပြန်ကြားရေးထံမှသိရသည်။

စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ပါသော ဗုံးဖြင့် ၁ ကြိမ်၊ ပေါင် ၂၀၀ ရှိသောဗုံးသီးဖြင့် ၂ ကြိမ် စုစုပေါင်း ဗုံး ၅ ခုံးကြဲချခဲ့သည်ဟု သိရသည်။

စစ်ဘေးရှောင်တစ်ဦးက "ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါကြဲရတာလဲ။
ငါတို့မှာ ဘာအပြစ်ရှိကြောင်းလဲ"ဟုဆိုသည်။

စက်တင်ဘာလ ၅ ရက်တွင်လည်း ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သော ကလေးသူငယ်နှင့်အမျိုးသမီးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု 1007 MOBYE PDF 2သတင်းနှင့်ပြန်ကြားရေး ကပြောသည်။

Chindwinyoma News

12 Nov, 17:06


ပခုက္ကူတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို တော်လှန်ရေးတပ်က ဖမ်းဆီး
---------------------------
----------------------------

၁၂ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု Young Force – UG က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေအတွင်းသို့ လမ်းမှားဝင်ရောက်လာစဉ် ကင်းစောင့်နေသော တော်လှန်ရေး ရဲဘော်တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ ယင်းနေ့တွင် ပခုက္ကူမြို့နယ်၊ ဂွေးချိုရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု Young Force – UG ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force ( PPDF ) နှင့်အတူ Young Force U.G တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

Chindwinyoma News

12 Nov, 09:22


စစ်ကောင်စီတပ်၏ တံတားလုံးခြုံရေးစခန်းကို KNLA ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်
--------------------------
--------------------------
Telegram - https://t.me/chindwinyoma

၁၂ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ကရင်ပြည်နယ် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ၊ အမှတ်(၅)တပ်မဟာနှင့် မဟာမိတ် စစ်သည်တော်များပူးပေါင်းကာ နိုဝင်ဘာလ ၉ရက်နေ့တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မူးတြော်သတင်းစဉ်က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ခဲ့ပြီး ၉ ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးပစ္စည်းအချို့လည်းဆည်းရမိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်မှ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူးတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ- မူးတြော်သတင်းစဉ်
ပုံစာ-စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သည့် စစ်သုံးပစ္စည်းများ

Chindwinyoma News

12 Nov, 09:20


ဖားကန့်တွင် မြေစာပုံပြိုကျ ၊ လူ၄၀ ခန့် ပျောက်ဆုံးနေ
---------------------------
---------------------------

၁၂ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ဖားကန့်မြို့နယ်၊မှော်စီစာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ခန့်၌ မြေစာပုံပြိုကျပြီး ရေးမဆေးကျောက်ရှာဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

၄◌င်းက“အတိကျတော့မသိရဘူး။ ခန့်မှန်းခြေတော့ ၄၀ လောက်ပါသွားတယ်လို့ပြောတယ်။ အဲခန့်မှန်းခြေပြောတာပေါ့။ မြေစာတင်ကား နှစ်စီးကော ရေမဆေးတွေကော သူတို့လက်ကွက်ကျင်းသားတွေ ကုမ္ပဏီလုပ်ကွက်မှာ ဟုတ်တယ်” ဟုဆိုသည်။

မြေစာပုံပြိုကျသွားသည့် နေရာသည် တင်အောင်ကြိုင်ကုမ္ပဏီ၏ လုပ်ကွက်တွင်ဖြစ်ပြီး ကယ်ဆယ်ရှာဖွေရေးများလုပ်ဆောင်နေခြင်းမရှိဟု မှော်စီစာမှ ဒေသခံတစ်ဦးကပြောသည်။

“အခုက အလောင်းတွေပေါ်တာလည်း မရှိသေးဘူး။ ကယ်ဆယ်ရေးက ဘာမှမလုပ်ဘူး။ ကူညီဆောင်ရွက်နေတာမျိုးလည်းမရှိဘူး” ဟု မှော်စီစာမှ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် တင်အောင်ကြိုင်ကုမ္ပဏီ၏‌ မြေစာတင်ကား ၂ စီး နှင့်အတူ ကားမောင်းသူ နှစ်ဦး နှင့် ကားစပါယ်ယာ တစ်ဦးတို့လည်း မြေပြိုသည့်ထဲပါသွားပြီး သေဆုံးသူများကို အတိအကျသိရှိရန် လုပ်ဆောင်ချက်များလည်းမရှိသေးဟု ၎င်းကဆက်ပြောသည်။

Chindwinyoma News

02 Nov, 07:22


တော်လှန်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ အလင်းဝင်
----------------------------
----------------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၂ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပခုက္ကူမြို့ ခလရ ၂၅၉ တပ်မှ တပ်သား ၁ ဦး နှင့် စလင်းမြို့ ခလရ ၂၅၅ တပ်မှ တပ်သား ၁ ဦးတို့သည် အောက်တိုဘာလ ၁၇ ရက်တွင် လက်နက်နှင့်အတူ ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF ထံ အလင်းဝင်ခဲ့သည်ဟု Southern YSO PDF မှတာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

၄◌င်းတို့နှင့်အတူ MA1 သေနတ် ၂ လတ်၊ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ ၁၂၀ ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တစ်ဦးလျင် ငွေကျပ် သိန်း ၄၀ စီချီးမြှင့်ခဲ့သည်ဟု ကိုအောင်မောင်းကပြောသည်။

Southern YSO PDF အဖွဲ့ ထံသို့အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြားရှိနေပြီး အချို့ကို ၄◌င်းတို့နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးထားပြီး၊ အချို့ငိူ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွတ်နေလျက်ရှိသည်ဟု သိရသည်။

Chindwinyoma News

01 Nov, 08:46


ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်
--------------------------------
--------------------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၁ နိုဝင်ဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခေါပုတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က အောက်တိုဘာလ ၂၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး ၊ ဒဏ်ရာရသူနှင့် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် များပြားခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသူများလည်းရှိသည်။ထို့အပြင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Chindwinyoma News

31 Oct, 09:22


အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
------------------------
-----------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၃၁ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ကာဘိုးပျူအထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၅၀ ခန့်သည် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ကို မီးရှို့ပြီးနောက် အိုင်ပေါင်းချောင်ရွာရှိ ဒေသခံ ၃၇ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင်ပစ္စည်းများလည်း သယ်ဆောင်သွားသည်ဟု ကန့်ဘလူ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်

ဖမ်းဆီးထားသော အိုင်ပေါင်းချောင်ရွာဒေသခံ ၃၇ ဦးကို ကန့်ဘလူ ၆၀၀၆ တကရတပ်သို့ ကား၃ စီးဖြင့် ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

၄◌င်းက "ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်းရွာရော ဗုံးချခံရတယ်။ အထိအခိုက်ရှိမရှိတော့ ဘာမှမကြားရသေးဘူး။ လူလွတ်ပြေးမရ၊သားသမီးတွေ၊မိဘတွေနဲ့ဆိုတော့ စစ်ကြောင်းထိုးလို့ ပြေးရရင် တအားလည်း ခက်ခဲတယ်။ အိုင်ပေါင်းချောင်က ပြည်သူတွေက မရှောင်ကြဘူးလို့သိရတယ်။ ၃၇ ယောက်အဖမ်းခံရတာ ဘယ်သူဘယ်ဝါတွေလည်း မသိရသေးဘူး။ တော်လှန်ရေးလဲ ပြီးစေချင်လှပါပြီ” ဟု ဆိုသည်။

Chindwinyoma News

31 Oct, 05:49


ကံချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ ၊ ပြည်သူ ၄ ဦး ဒဏ်ရာရ
---------------------------
--------------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၃၁ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

မကွေးတိုင်း ဆောမြို့ ကံချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

၄◌င်းက"စကစဟာ တိုက်ပွဲမရှိဘဲ မကြာမကြာ ဗုံးကြဲနေတယ်။ ပြည်သူတွေလည်း ကြောက်လန့်နေရတယ်" ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဆောမြို့နယ်အပါအ၀င် ထီးလင်းမြို့နယ်၊ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာနေ ပြည်သူများလေကြောင်းအန္တရာယ် အမြဲဂရုစိုက်ကြပါရန် နှင့် မိမိတို့နေထိုင်ရာအနီးအနား၀န်းကျင်တွင် ဗုံးခိုကျင်းများ ပြုလုပ်ထားကြရန် ယောအလင်းတန်းက တိုက်တွန်းထားသည်။

Chindwinyoma News

30 Oct, 06:07


ဖမ်းဆီးခံရသည့် စစ်သားများထားသည့် အချုပ်ဆောင် ထပ်မံဗုံးကြဲခံရပြီး ဗိုလ်မှူးအပါ ၄ ဦးသေဆုံး
---------------------------
--------------------------
၃၀ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ဆင်ရေးများတွင် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်းများထားသည့် မန္တလေးPDF ၏အချုပ်အဆောက်အဦးကို ယနေ့ အောက်တိုဘာ ၃၀ရက် နံနက်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)-MDY PDFက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူလေးဦးသည် စခတ(၂)၊ (၇)မိုင်တပ်ရင်းက ဗိုလ်မှူးနေဝင်း၊ သပိတ်ကျင်း စခတ(၂)မှ တပ်ကြပ် ကိုကိုအောင်၊ မိတ္ထီလာ အမတ(၃၁၉)က တပ်ကြပ်ကြီး အောင်လွင်နှင့် ပျူစောထီး ဂျော်နီအောင်တို့ဖြစ်သည်ဟု MPDF ထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက်တွင်လည်း အဆိုပါ အချုပ်အဆောက်အဦးနေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၂ ဦးသေဆုံးခဲ့ပြီး ယနေ့ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ၄ ဦးထပ်မံသေဆုံးခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည် ၄◌င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု MPDFက ပြောသည်။

Chindwinyoma News

29 Oct, 06:56


စစ်ပွဲများအတွင်း ဖမ်းဆီးခံရသည့် စစ်သားများထားသည့်အဆောင်ကို စစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် ၁၂ ဦးသေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရ
--------------------------
--------------------------
၂၉ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေတွင် စစ်ကောင်စီတပ်သည် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သားများထားသည့် အဆောက်အဦးကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု MPDF က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ၆၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု MPDF ကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်သည်ဟု MPDF ကပြောသည်။

Chindwinyoma News

29 Oct, 06:29


နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲ ၊ ဒေသခံ(၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
-----------------------------
-----------------------------

၂၉ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပေါင်(၃၀၀)ဗုံး(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အောက်တိုဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ သပြေရပ်ကွက် ရှိနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ၂၈ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာအသုံးပြု၍ မုံးစီးမြို့နယ် ရေပူစမ်းအနီး ဗုံး၈ လုံး ထက်မနည်း လာရောက်ကြဲချခဲ့ပြီး ဒေသခံများ၏ နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA ကပြောသည်။

Chindwinyoma News

28 Oct, 12:50


ဖိအားပေးခံရပြီး ပြည်သူ့စစ်ထဲရောက်သွားသူ ၁ ဦး တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်
-------------------------
-------------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၂၈ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ပျူစောထီးများ၏ ဖိအားပေးမှုကြောင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သီလုံးကျေးရွာနေ ပြည်သူတစ်ဦးသည် ပြည်သူ့စစ်တပ်ဖွဲ့ထံ ဝင်ရောက်ခဲ့ရပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ကို ချိတ်ဆက်ကာ လက်နက်နှင့်အတူအလင်းဝင်ခဲ့သည်ဟု SNAKE EYES - PDF က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

အလင်းဝင်လာသူသည်ကာဘိုင် သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကာဘိုင်ကျည် 160 တို့ကို ယူဆောင်ပြီးသည်ဟု သိရသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion

Chindwinyoma News

28 Oct, 12:49


ပြည်သူများကို နေပြည်‌တော် PDF က ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
-----------------------------------
-----------------------------------
၂၈ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ဒေသခံပြည်သူများကို နေပြည်တော် PDF တပ်ရင်းအမှတ် ၈၀၄ ဆေးတပ်ဖွဲ့တာဝန်ခံ ဒေါက်တာမျိုးမင်းဦးနှင့် ဆေးတပ်သားတို့က စစ်ဆင်ရေးနယ်မြေကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion
#PDF

Chindwinyoma News

27 Oct, 04:34


ကျားခဲရွာဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
------------------------
------------------------

၂၇ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

မကွေးတိုင်း ယောနယ် ထီးလင်းမြို့ ကျားခဲရွာ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၆ ရက်တွင် သတ်ဖြတ်ခဲ့သည်ဟု ယောဒေသခံ ကိုဘကောင်းက ချင်းတွင်းရိုးမကိုပြောသည်။

အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျားခဲရွာသို့ရောက်ရှိလာပြီး ဒေသခံ ၄ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ကာ ၁ဦးကို လယ်ကွင်းအတွင်း သတ်ဖြတ်ခဲ့သည်ဟု ကိုဘကောင်းက ပြောသည်။

၄◌င်းက” အသတ်ခံလိုက်ရတာ လူလတ်ပိုင်းတွေဗျ။ ၄ ယောက်ကတော့ အရှင်လတ်လတ်မီးရှို့ သတ်ခံလိုက်ရတယ်။ ၁ ယောက်ကတော့ လယ်ကွင်းထဲမှာ သေနေတယ်။ ရွာမှာ ကင်းစောင့်ရင်းနဲ့ အဖမ်းခံရပြီး သတ်လိုက်တယ်လို့ ယူဆလို့ရတယ်ဗျ”ဟုဆိုသည်။

အောက်တိုဘာလ ၂၂ ရက်တွင်လည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် ဒေသခံ ၆ ဦးကို ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ကာ ခြံစည်းရိုး၌ချိတ်ဆွဲခဲ့သည့် လုပ်ရပ်များ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့သည်။

Chindwinyoma News

25 Oct, 11:38


လားရှိုးမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ ပြည်သူ ၁ ဦးသေဆုံး၊ စက်ရုံနှင့်အဆောက်အအုံများ ပျက်စီး
-----------------------
------------------------

၂၅ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံးပြီး စက်ရုံနှင့်အဆောက်အအုံများပျက်စီးခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်တွင် လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးကို ပေါက်ကွဲအားပြင်းထန်သော ဗုံး ၅ လုံးကြဲချခဲ့ရာ ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံ အပါအဝင် အဆောက်အဦးများစွာပျက်စီးဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ပြည်သူ ၁ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းသာဖြစ်သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး

Chindwinyoma News

19 Oct, 07:12


နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲ ၊ ကလေး ၂ ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံး
--------------------------
---------------------------
သတင်းများဖတ်ရှူရန်- https://t.me/chindwinyoma

၁၉ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်ရပ်ကွက်ကို ယနေ့ နံနက်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ရာ ကလေး ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၇ လုံးလည်း ပျက်စီးခဲ့သည်ဟုသိရသည်။

အောက်တိုဘာလ ၁၈ ရက် ညတွင်လည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံးကို လက်လွှတ်ဆုံးရှုံးပြီးနောက် ဒေသခံပြည်သူလူထုတို့၏ အသက်အိုးအိမ်များပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းကျူးလွန်နေသည်ဟု TNLA က ဝေဖန်ပြောဆိုလိုက်သည်။

Chindwinyoma News

18 Oct, 06:45


ကနီမြို့နယ်တွင် တော်လှန်သီတင်းကျွတ်ညသပိတ် ပြုလုပ်
----------------------
---------------------

၁၈ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဒေသခံပြည်သူများစုပေါင်း၍ ကနီ-မုံရွာ ကားလမ်းမကြီးတစ်နေရာတွင် စစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်းနှင့် ၁၀၂၇ လှိုင်းများကိုထောက်ခံကြောင်း တော်လှန်သီတင်းကျွတ်ညသပိတ်ကို အောက်တိုဘာလ ၁၇ရက်ညတွင် ပြုလုပ်ခဲ့သည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion
#ကနီမြို့နယ်

Chindwinyoma News

18 Oct, 06:22


ကနီမြို့နယ် ကျေးရွာတစ်ရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၄၄ စုအတွက် စားသောက်ကုန် လှူဒါန်း
------------------------------------
------------------------------------
၁၈ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျေးရွာတစ်ရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၄၄ စုအတွက် တစ်စုလျင် ငါးခြောက် ၅၀ သားစီ ယနေ့ သွားရောက်လှူဒါန်းခဲ့သည်ဟု နွေဦးတော်လှန်ရေး သပိတ်အင်အားစုထံမှ သိရသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion
#ကနီမြို့နယ်

Chindwinyoma News

15 Oct, 05:50


ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ်ထားရှိရေးအတွက် ထောက်ခံကြောင်း ယင်းမာပင်မြို့နယ် သပိတ်များ ချီတက်
----------------------------
----------------------------
၁၅ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ဦးကျော်မိုးထွန်းကို ဆက်လက် သံအမတ်ကြီးအဖြစ်ထားရှိရေးအတွက် အောင်လံလွှင်မည်ရွှေရေကြည်လူထုသပိတ်နှင့်ယင်မာပင်၊ဆားလင်းကြီးကျေးရွာပေါင်းစုံလူထုသပိတ်တို့ပူးပေါင်း၍ our ambassador myanmnars voice စာသားများ ကိုင်ဆောင်ကာ အောက်တိုဘာလ ၁၄ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion
#ပင်လည်ဘူးမြို့

Chindwinyoma News

15 Oct, 05:19


အောင်ပွဲရ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ
-----------------------
-----------------------
သတင်းများ ဖတ်ရှူရန်- https://t.me/chindwinyoma

၁၅ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲကာ အောင်ပွဲရရယူနိုင်ခဲ့သော ရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ထို့အပြင် ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။
..............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Facebook- https://www.facebook.com/MonywaChindwinYomaNews
Telegram - https://t.me/chindwinyoma

#Chindwinyomanews
#whathappeninginmyanmar
#SagaingRegion
#ပင်လည်ဘူးမြို့

Chindwinyoma News

14 Oct, 14:41


စစ်ကောင်စီတပ်၏ မိသားစုဝင် ၁၉၁ ဦးကို TNLA ပြန်လွှတ်
---------------------------------
---------------------------------
၁၄ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်၏ မိသာစုးဝင် (၁၉၁)ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီတပ်၏ (၅၀၃)တပ်စခန်းကို တအာင်းတပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်အတွင်းရှိ အိမ်ထောင်စု(၃၈)စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး (၄၃) စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် (၅၀၄)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု(၃၄)စုရှိ ကျား(၁၆)ဦး၊ မ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု TNLA ထံမှ သိရသည်။

Chindwinyoma News

14 Oct, 06:53


လားရှိုးမြို့အနီးရှိ ကျေးရွာကိုကို စစ်ကောင်စီတပ်က ဗုံးကြဲ ၊ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
------------------------------
------------------------------

၁၄ အောက်တိုဘာ ၂၀၂၄-ချင်းတွင်းရိုးမ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့ရာ အမျိုး သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်က လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံးကြဲချခဲ့ရာ ပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုသိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀ ကျော်၊ ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အခြားအများပြည်သူပိုင် အဆောက်အဦးများလည်း ပျက်စီးခဲ့သည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး

Chindwinyoma News

14 Oct, 04:21


ဆိုင်းတောင်တွင် စစ်ကောင်စီတပ်ကသတ်ပစ်လိုက်သည့် ဒေသခံများ၏ အရိုးခေါင်းများတွေ့
-------------------------
-------------------------
၁၄ အောက်တိုဘာလ ၂၀၂၄-ချင်းတွင်းရိုးမ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိုင်းတောင်ကျေးရွာတွင် တစ်လကျော်ကြာတိုက်ပွဲအတွင်း Lucky Man ဟိုတယ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ပစ်လိုက်သည့် ဒေသခံပြည်သူများ၏ အရိုး ခေါင်းများတွေ့ရှိခဲ့ကြောင်း ဆိုင်းတောင်ဒေသခံတစ်ဦးကပြောသည်။


“လူအရိုးခေါင်းတွေကတော့ အများဆုံးနေရာကတော့ Lucky Man ပတ်ဝန်းကျင် Lucky Man အနောက်လမ်း နားမှာတော်တော်များတယ် ကျွန်တော်ရေခဲ့တာ ခြောက်ခေါင်းလောက်ရှိတယ်၊ခြောက်ခေါင်းလည်းပဲမဟုတ်ဘူး တခြားနေရာမှာရှိသေးတယ် အများတော်အားဖြင့် အဲအရိုးခေါင်းတွေသေတဲ့ဟာတွေကတော့သူတို့ စနိုက်ပါနဲ့ လှမ်းပစ်တဲ့ဟာပေါ့ အပေါ်ကနေ မဲမဲမြင်ရာ သူတို့လှမ်းတာကိုး၊ပြည်သူတွေလည်းပါသလို ထောက်ပို့ထဲကပါ တယ်၊ဖမ်းခံရတဲ့ဟာတွေကော သတ်ပစ်တာပေါ့၊အရိုးတွေက ခွေးစားကုန်ပြီး တော်တော်များများ ဟိုချီသွား ဒီချီသွား၊ဘယ်လောက်ထိလည်းဆိုတာတော့မသိရသေးဘူး အရိုးခေါင်းတွေကော အသေအပျောက်ကတော့များ တယ်” ဟုဆိုသည်။