M T A @myanmartelegramarchives Channel on Telegram

M T A

@myanmartelegramarchives


Channel part of Myanmar Tawhlan Network, under Myanmar Telegram News

myanmartelegramarchives (English)

Are you interested in staying up-to-date with the latest news and updates from Myanmar? Look no further than the myanmartelegramarchives channel on Telegram! As a part of the Myanmar Tawhlan Network, this channel is dedicated to providing its subscribers with archived content related to Myanmar from various sources on Telegram. From news articles to announcements, this channel has it all. Myanmartelegramarchives is curated by the team behind Myanmar Telegram News, ensuring that you receive only the most relevant and reliable information. Whether you are a resident of Myanmar looking to stay informed about local news or an international audience interested in the country's current affairs, this channel is the perfect one-stop destination for all your Myanmar-related content. With a user-friendly interface and regular updates, myanmartelegramarchives makes it easy for you to access a wealth of information at your fingertips. By joining this channel, you can gain valuable insights into the social, political, and economic developments in Myanmar, as well as cultural events and other trending topics. Don't miss out on the opportunity to join a growing community of individuals who share a common interest in Myanmar. Subscribe to myanmartelegramarchives today and start exploring the diverse content available on this channel. Stay informed, stay connected, and be a part of the conversation surrounding Myanmar, all at the touch of a button. Join us on myanmartelegramarchives now and never miss a beat when it comes to news and updates from Myanmar!

M T A

05 Jan, 01:37


စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲ ကျင်းပရေးသည် အန္တိမရည်မှန်းချက်ဖြစ်ကြောင်းပြော

𝗕𝘆 𝗞𝗪. 𝟰 𝗝𝗮𝗻𝘂𝗮𝗿𝘆 𝟮𝟬𝟮𝟱

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးသည် စစ်ကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်ကြောင်း အာဏာသိမ်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ လွတ်လပ်ရေးနေ့ မိန့်ခွန်း၌ တွေ့ရသည်။

အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားလိုသည်ဟုလည်း ပါရှိသည်။

“ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်ခဲ့ပြီး တိကျမှန်ကန်သည့် အတည်ပြုလူဦးရေစာရင်းကို ဆက်လက်ပြုစု၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုနိုင်ရေး ပေးပို့သွားရန် ဆောင်ရွက်လျက်ရှိပါသည်။”ဟု စစ်ကောင်စီဥက္ကဌက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှတဆင့် ပြောလိုက်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ် (၂) ခု အပါအဝင် မြို့ပေါင်း (၉၀) ကျော်ကို သိမ်းပိုက်ခံနေရသည့်အပြင် နယ်မြေစိုးမိုးနိုင်မှုများ လက်လွှတ်နေရသလို တော်လှန်ရေးအင်အားစုတို့၏ စစ်ဆင်ရေးထိုးစစ်များနှင့်လည်း ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

===
Photo: CINCDS

https://x.com/kachinwaves/status/1875479640716013989?t=aAA1jveo0YSzXGugxmy3tA&s=19

M T A

05 Jan, 01:36


မတူပီတွင် စစ်ကောင်စီက ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ပြီး ကင်းထောက်မှုများဆက်လက်ပြုလုပ်နေ

ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပြီး လေကြောင်းကင်းထောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ဗုံးကြဲခဲ့ပြီးနောက် ယနေ့၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် မြို့ပေါ်ရှိ အဆောက်အအုံအချို့ ထိမှန်ပျက်စီးကြောင်းဒေသခံများထံက သိရသည်။

" ဒီနေ့မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ လဝကရုံးနားမှာတော့ မီးခိုးတွေ ထွက်နေတယ်။ မနေ့ကတော့ ခလရ ၃၀၄ တပ်ရင်းနဲ့ အနီးတဝိုက်မှာ လာကြဲသွားတာပါ။ အခုလည်း လေယာဥ်တွေ ပျံဝဲနေတယ်။ ကင်းထောက်လေယာဥ်တွေကတော့ နေ့တိုင်းလိုလိုလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့ကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး စစ်ဘေးရှောင်နေသည့် ဒေသခံအချို့ မြို့ပေါ်တွင် ပြန်လည်နေထိုင်ကြကြောင်း
သိရသည်။

#မတူပီ #စစ်ကောင်စီ #လေကြောင်း #နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက် #ကင်းထောက် #Ayeyarwaddy_Times

M T A

05 Jan, 01:35


တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV ဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု မြင့်တက်နေ

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွား မှု မြင့်တက်နေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုလိုမျိုး အသက်ရှူလမ်းကြောင်း ကူးစက်မှုတွေအပြင် အဆုတ်ကူး စက်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ တရုတ် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ လက်ရှိ တရုတ်နိုင်ငံက ဆေးရုံတက်သူတွေကြား အဖြစ်များဆုံး ဗိုင်းရပ်စ် ကူးစက်ရောဂါ (၄) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။

“HMPV ဗိုင်းရပ်စ်ကို စတင်တွေ့ချိန်ကတည်းက သိသာထင်ရှားတဲ့ ပြဿနာတစ်ခုအဖြစ် သတ် မှတ်ခဲ့ပါတယ်” လို့ ဗြိတိန်၊ Warwick တက္ကသိုလ်မှ ရောဂါပိုးမွှားဗေဒ ပါမောက္ခ အန်ဒရူးအက်စတန်က ပြောပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုနဲ့ အဆုတ်ကူးစက်ရောဂါတွေ ဖြစ်စေတဲ့ ရာသီဗိုင်းရပ်စ်တစ်မျိုး ဖြစ်တဲ့ RSV ဗိုင်းရပ်စ်နဲ့ တူညီပြီး အမေရိကန်နိုင်ငံမှာ အဆိုပါဗိုင်းရပ်စ်ကြောင့် တစ်နှစ်လျင် ကလေး ငယ် ၂၀၀၀၀ ခန့် ဆေးရုံတင်ရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာန (CDC) မှ ကူးစက်ရောဂါကာကွယ်ရေးပညာရှင် အီလင်းရှနိုက်ဒါက ပြောပါတယ်။

HMPV ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးခြင်၊ ဖျားနာခြင်း၊ နှာပိတ်ခြင်းနဲ့ အ သက်ရှုကျပ်ခြင်းတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်များကြား HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့် တက်နေတယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ကင်ဘိုက ဒီဇင်ဘာလ ၂၇ ရက်မှာ ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ယခုနှစ် ဆောင်းရာသီအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပျံ့ နှံ့မှုဟာ မကြာသေးမီနှစ်တွေကထက် လျှော့နည်းခဲ့တယ်လို့ China Daily သတင်းစာက ဖော်ပြပါတယ်။

ကိုးကား - Live Science
Ref; Viral disease HMPV is on the rise among kids in China — what is it?

#Ayeyarwaddy_Times

M T A

05 Jan, 01:33


တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကေတုမတီလေတပ် စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးစီးအရာရှိ ၃ ဦးအပါ အဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က တောင်ငူမြို့ရှိ ကေတုမတီလေ တပ် စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံးအောင်မြင်စွာ ထိ ရောက် ပေါက်ကွဲခဲ့ပြီး လေတပ်ဦးစီးအရာရှိ တစ်ဦးအပါအဝင် အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြားအဆင့် ၈ ဦး အပြင်းအထန်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရ သည်။

"ဒီတစ်ခါ အတော်ထိရောက်လို့ ကျေနပ်တယ် စစ်ကောင်စီရဲ့ လေတပ်ပြိုဖို့ အားလုံး ဝိုင်းကြိုးစား ကြဖို့ပဲ အဖွဲ့အားလုံးကို တိုက်တွန်းချင်ပါတယ်၊ အခုထုတ်ပြန်တာက နောက်ဆက်တွဲ Source ၃ ခုက နေအတည်ပြုပေးထားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ထုတ်ပြန်ပေးတာပါ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် လေယာဉ်ဂိုဒေါင်ထိကာ K8 လေယာဉ် ၂ စီး ရှေ့လေကာမှန်များကွဲပြီး လေယာဉ်ဘီး ရှော့ ဘားများကျိုးသွားကြောင်း၊ လေယာဉ် ဂိုဒေါင်ရှေ့ပြေးလမ်းပျက်စီးပြီး လေတပ်အုပ်ချုပ်ရေးရုံးပေါက် ကွဲ ပျက်စီးကာ အရာရှိရိပ်သာမီးလောင်ပျက်စီးခဲ့ကြောင်း၊ အရာရှိကြီး နေအိမ်နောက် မီးဖိုချောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ငူလေတပ်မှ K8၊ MiG 29၊ Mi35 လေယာဉ်များ အတက် အဆင်း အ လွန်များခဲ့သော်လည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ငြိမ်သက် သွားကာ Mi 35 တစ်စင်းသာအတက်အဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်အောက်မှ မလွတ်မြောက်သေးသော ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ စစ်ကောင်စီ၏ နှိပ် စက်ညှင်းပန်းမှုအောက်တွင် ဒုက္ခရောက်နေကြရကြောင်း၊ ထို့ကြောင့် ပြည်သူတို့လွတ်မြောက်ရေး အတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။

တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည် သူ လူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဖြစ်ပြီး ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံး သည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေ တပ် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

လေတပ်ပြိုလျင်မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုများ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ် အာဏာရှင် လက် အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီဟုယုံကြည်သောကြောင့် BWM နှင့် အတူ မဟာမိတ်အဖွဲ့တို့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် BWM ၏ mission 28 အဖြစ် ဖော် ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

BWM နှင့် မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်မှုမှာ ၆ ကြိမ်မြောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး BWM နှင့် မဟာမိတ် အဖွဲ့အားလုံး လုံခြုံရာကိုရောက်ပြီ ဖြစ်ကြောင်း နှင့် ရှေ့ ဆက်၍ စစ်ကောင်စီ၏လေတပ်နှင့် စစ်ရေးပစ်မှတ်ကြီး များကို တိုက်ခိုက်ကြ တော်လှန်ရေး အရွေ့အတွက် အရှိန်မြှင့်ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Source-KhitThit

M T A

05 Jan, 01:32


စစ်ကိုင်းတွင် "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ရဲတပ်ကြပ်ဟောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ လွှမ်းမိုးနိုင် သည် ၎င်းနေအိမ်မှ ကားဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်း တစ်နေရာ၌ ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် လွှမ်းမိုးနိုင်က ခုခံထွက်ပြေးသွားကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်၏ ကား အတွင်းမှလည်း မူးယစ်ဆေးဝါးများ နှင့် ဆက်စပ် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းသေဆုံးသွားသော သတင်းကြောင့် ပြည်သူများလည်း အားရကျေနပ် ဝမ်းသာနေကြောင်း သိရှိရသည်။

ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်သည် ဆင်တပ်ကျးရွာရှိ ပျူစောထီးများကို ဦးဆောင်၍ အုန်းတောမြို့တွင် အထိုင်ချကာ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ ငွေညှစ်၊ သတ်ဖြတ်နေသူဖြစ်ကြောင်း၊ ပြည်သူများ၏ အိုးအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသူဖြစ်ပြီး မူးယစ်ဆးဝါးများ ရောင်းဝယ် ဖောက်ကားနေသူများ၊ လောင်းကစားဝိုင်းနှင့် 2D/3D များတွင် လိုင်းကြေးကောက်ခံကာ စစ်တပ်ကို ထောက်ပို့လုပ်နေကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို လိုက်လံစုံစမ်းကာ စစ်ကောင်စီထံသို့ သတင်းပေး၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ကိုယ်တိုင် ပါဝင်နေသူဖြစ်ကြောင်း သိရှိရသည်။

"သူက ခဏခဏ အပစ်ခံရတာ မသေဘူး ဆိုပြီး သူ့ကို သတ်ချင်ရင် PDF တွေ ၁၀ နှစ် ကြိုးစားလို့ကြွေးကြော်ထားတာ သူက စစ်ကိုင်းမြို့နယ်မှာ အမည်ကြီးဆုံး ပျူစောထီးခေါင်းဆောင်ပဲ သူ့ဇာတိကတော့ ရွာသစ်ကြီးရွာပါ။ မြင်းမွေးရွာမှာ အိမ်ထောင် ကျပြီး လာနေ နေတာ သူသေဆုံးလို့ ပြည်သူတွေ ပျော်နေကြတယ်" ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Source-KhitThit

M T A

04 Jan, 18:19


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

04 Jan, 18:18


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၄၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

M T A

04 Jan, 18:18


ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထားဝယ်မြို့အတွင်းရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ၁ ကြိမ်၊ ဝန်ကြီးများ အိမ်ယာကို ၂ ကြိမ်၊ စကခ - ၈ ကို ၁ ကြိမ် တော်လှန်ရေူ တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ တိုက်ခိုက်ရေး ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF Drone Team ၊ Ba Htoo Army ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် ရေဖြူ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Source-KhitThit

M T A

04 Jan, 18:18


စစ်အုပ်စုသည် မည့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ် ဆိုသည်အကြောင်း နိုင်ငံတကာကို တစိုက်မတ်မတ် အသိပေးပြောဆိုနေသည့် Defend Myanmar Democracy အဖွဲ့ကလည်း ချက် ပါလီမန် နိုင်ငံခြားရေးကော်မတီ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းစကားပါး ဖော်ပြခဲ့သည်။

Defend Myanmar Democracy မှ နော်အောင်က “မြန်မာ့ဒီမိုကရေစီရေးအတွက် အမတန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေပေါ့ဗျာ၊ ကျွန်တော်တို့အတွက်တော့ ခရစ်စမတ်လက်ဆောင်ပေါ့ ..၊ ချက်သမ္မတနိုင်ငံနဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြာပါပြီ။ လက်ရှိမှာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချက် အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ စစ်အုပ်စုကို နိုင်ငံတကာ ဘယ်စင်မြင့်မှာမှ နေရာမရအောင် ချက်က မိတ်ဆွေများနဲ့ ပူးပေါင်းပြီး အရှိန်မြှင့်တင်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ပုံစာ- (၁)ချက်သမ္မတနိုင်ငံ ပါလီမန်လွှတ်တော်အတွင်း တွေ့ရသော လွှတ်တော်အမတ် မစ္စစ်ဂျာမီလာလက်ဗ်ကို (ဘယ်ဘက်မှ တတိယ)နှင့် NUG ကိုယ်စားလှယ် ဦးလင်းသန့်
(၂) NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ တိုင်းရင်းသား ERO ကိုယ်စားလှယ်များနှင့် ချက်နိုင်ငံခြားရေးဝန်ကြီး Jan Lipavsky တို့ Forum 2000 တွင် တွေ့ဆုံခဲ့စဥ်
(၃) ပရာ့ဂ်မြို့ရှိ သံရုံးများပွဲတော်အတွင်း မြန်မာစစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံမှ မကြိုဆိုကြောင်း ချက် တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးဆိုင်ခန်းရှေ့တွင် ဆန္ဒပြခဲ့စဥ်။
(၄) Defend Myanmar Democracy Facebook Page မှ
Source-KhitThit

M T A

04 Jan, 18:18


စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို အတုအယောင်ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ

ရန်ကုန်၊ ဇန်နဝါရီ ၄

ချက်သမ္မတနိုင်ငံ၊ ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့ဒီမိုကရေစီအင်အားစုများအပေါ် ထောက်ခံမှုနှင့်ပတ်သက်သော သိသာထင်ရှားသည့် ဆုံးဖြတ်ချက်နှစ်ခုကို ပြီးခဲ့သည့်ခရစ္စမတ်မတိုင်မှီကာလအတွင်း ချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်များအတွင်း အဓိကအချက်အနေဖြင့် စစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံအတွင်းရှိ တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန်နှင့် စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို အသိမှတ် မပြုရန် တို့ပါဝင်သည်။

“ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးမှာ ဒီမိုကရက်တစ်အင်အားစုတွေဆိုတာ အဖြစ်အပျက်တွေနဲ့ လူသားတွေအပေါ် စာနာနားလည်တဲ့ ချဉ်းကပ်မှုကို ကိုယ်စားပြုတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့‌အနေနဲ့ ကိုယ့်ကိုကိုယ်သာမက တခြားသူတွေကိုပါ ဂရုပြုသင့်ပါတယ်၊ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ စွဲမြဲနေတဲ့တိုင်းပြည်အတွက် လွတ်လပ်မှုကို အားဖြည့်ပေးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မထောက်ခံခဲ့တယ်” ဟု လွှတ်တော်အမတ် Ing. Jarmila Levko ဆိုသည်။ သူမသည် ကော်မတီတွင်း ဆုံးဖြတ်ချက်များ စတင်ဆောင်ရွက်သူဖြစ်သည်။

ချက် ပါလီမန် နိုင်ငံခြားရေးရာကော်မတီ၏ ဆုံးဖြတ်ချက်များအတွင်း အောက်ပါတို့သည် အဓိကအချက်များအနေဖြင့် ပါဝင်သည်။
- ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် ပရာ့ဂ် မြန်မာသံရုံးမှကိုယ်စားလှယ်များအပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်များအား တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန် ချက်နိုင်ငံအာဏာပိုင်များအား ပြင်းထန်စွာ တိုက်တွန်းနိုးဆော်သည်။ စစ်ကောင်စီ၏ တရားဝင်မှု ရရှိရန် ကြိုးပမ်းဝါဒဖြန့်မှုများတွင် ထိုသို့သော အခမ်းအနား၊ အစည်းအဝေးများအား အလွဲသုံးစားပြုနေကြောင်းကို (၄င်းတို့အနေနှင့်) ကောင်းစွာသိရှိပြီးဖြစ်ကြောင်း ဖော်ပြသည်။

အထူးသဖြင့် မြန်မာ့အရေး အကျွမ်းတဝင်မရှိသေးသည့် ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ်တချို့နှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို အသုံးပြု၍ "ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ချက်သမ္မတနိုင်ငံသည် စစ်ကောင်စီ အုပ်ချုပ်မှုကို လက်ခံနေသဖွယ်" ထင်ယောင်ထင်မှား ဖြစ်စေသော စစ်အုပ်စုကိုယ်စားလှယ်များ၏ လုပ်ကြံဝါဒဖြန့်‌နေမှုများကို ချက် ပါလီမန်အမတ်များက ကောင်းစွာသဘောပေါက်သိရှိကြောင်း ပြသသည်။

- ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အပါအဝင် စစ်ကောင်စီက စီစဥ်နေသော အတုအယောင်ရွေးကောက်ပွဲကို လက်မခံရန် သတိပေးခြင်း၊ အနောက်အုပ်စုနိုင်ငံများမှ နိုင်ငံရေးသမားများအား NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အားပေးခြင်း များပြုလုပ်တောင်းဆိုခဲ့သည်။

- ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ Václav Havel ၏ ချစ်ကြည်ရင်းနှီးမှုတွင် အမြစ်တွယ်ခဲ့သည့် ချက်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှည်လျားသော ချစ်ကြည်ရင်းနှီးမှု၊ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့ကို အလွန်အလေးထားကြောင်းကို ၎င်းတို့က ပြည်သူများအား ထပ်မံအသိပေးဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ချက်သမ္မတနိုင်ငံလွှတ်တော် ကိုယ်စားလှယ် Jarmila Levko နှင့် NUG အစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော သတင်းစကားပြောကြားခြင်း အစီအစဥ်တစ်ခုကို ချက်သမ္မတနိုင်ငံလွှတ်တော်၌ ကျင်းပခဲ့သည်။

“ဒီဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကြား စည်းရုံးလှုံ့ဆော် ဆွေးနွေးပြောဆိုနိုင်မှုတွေကရတဲ့ စံနမူနာတင်လောက်တဲ့ ရလဒ်တစ်ခုပါ” ဟု Ondřej Cakl (Integria NGO) က အဆိုပါတွေ့ဆုံခဲ့မှုအတွင်း ပြောကြားခဲ့သည်”

“ဒါဟာ ဒီမိုကရေစီတန်ဖိုးများအတွက် ကျွန်ုပ်တို့ရဲ့ထောက်ခံမှုကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုက်အဝန်းဆီ သတင်းစကားပေးခြင်းဖြစ်သလို၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ဒီလိုကိုယ်ချင်းစာနာမှုနှင့် အားကျလေးစားမှု သရုပ်သကန်တွေဟာ ဥရောပအလယ်ပိုင်းရှိ ကျွန်ုပ်တို့အတွက်လည်း ပြန်လည်လိုအပ်လာနေချိန်လည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

“မိမိထက် အဆမတန်ပိုမိုအားကောင်းတဲ့ ရန်သူကို ရင်ဆိုင်ဆန့်ကျင်တဲ့ မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကြိုးပမ်းမှုတွေနဲ့ တူညီတာဆိုလို့ လက်ရှိကမ္ဘာမှာ တစ်ခုပဲ ရှိပါတယ်၊ ဒါဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရုန်းကန်မှုပဲ” ဟု ကာလရှည် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blažević က ဆက်လက် ပြောကြားသည်။

“ချက်သမ္မတနိုင်ငံဟာ NUG ကိုယ်စားလှယ်တွေကို တရားဝင်ဖိတ်ကြားတဲ့ ပထမဆုံးနိုင်ငံဖြစ်တာကြောင့်၊ ချက် ဟာ ကျနော်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ထောက်ခံသူလို့ မှတ်ယူပါတယ်” ဟု ဦးလင်းသန့်က အကျဉ်းချုံး ပြောခဲ့သည်။

M T A

04 Jan, 08:35


အညာက လွတ်လပ်ရေး
( ဓာတ်ပုံ အက်ဆေး)

လွတ်လပ်‌ရေးဟာ ပျော်ရွှင်မှုပါပဲ။ တစ်စုံတစ်ခုရဲ့ထိန်းချုပ်ကန့်သတ်ထားမှုက ကင်းလွတ်ခွင့်ခဲ့ရတာ၊ လွတ်မြောက် ခဲ့ရတာ၊ ကိုယ့်ပိုင်ဆိုင်မှုကို ကိုယ်ပြန်လည်ရှာဖွေဖို့ ဖြစ်လာခဲ့တာ။ ဒါဟာပျော်ရွှင်ရမှုပါပဲ။

လွတ်လပ်ရေးနေ့ ဆိုတာလည်း အဲဒီပျော်ရွှင်ရမှု နေ့တစ်ရက်ပါပဲ။ နေရာအနှံ့အပြား အဲဒီပျော်ရွှင်မှုအတွက် ပျော်ပွဲရွှင်ပွဲတွေလည်း လုပ် ကြပေါ့။ ခေတ်အဆက်ဆက် ၊ နှစ်အဆက်ဆက်။

အခုလည်း ပျော်ပွဲရွှင်ပွဲတွေဟာ ရှိနေကြတုန်းပါပဲ။ ဒါပေမဲ့ ဖုန်ဆိုး မြေထဲက ပျော်ရွှင်ရမှုဟာ ဘယ်မှာအစစ်အမှန်ဖြစ်ပါ့မလဲ။ မယုံဘူးဆိုရင် အခု ဓာတ်ပုံတွေကို သက်သေအဖြစ်သာ တင်ပြရပါတယ်။ ဒါဟာ ကျနော်တို့ အညာပါ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

M T A

04 Jan, 08:34


လေးနှစ်အတွင်း ချင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁၇၀ ခန့် သေဆုံး
~~~
■ အာဏာသိမ်း လေးနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၆ ဦး သေဆုံးပြီး ၂၄၂ ဦး ဒဏ်ရာရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံအပါအဝင် အဆောက်အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအထဲမှာ ဘာသာရေးအဆောက်အအုံ ၂၅ ခု၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်းမာရေးအဆောက်အအုံ ရှစ်ခု၊ ဘုန်းကြီးကျောင်း ခုနစ်ခု တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းထန်နေချိန် လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဉ်က နေ့တိုင်းလာတယ်၊ အင်အားချပြီး အပြန်မှာ ပစ်တယ်။ ဗုံးသတ်သတ် လာကြဲတာလည်း ရှိတယ်။ နေအိမ်တွေလည်း ရစရာကို မရှိတော့ဘူး"

ချင်းပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ် ၈၆၀ ကျော် တိုက်ခိုက်တယ်လို့ CHRO က ပြောပါတယ်။ ဒီ့အပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၇ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်က အရပ်သား ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
_____

ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Chinland Defense Force Matupi - Brigade 1)

#ဗုံးကြဲတိုက်ခိုက် #သေဆုံး #ချင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

04 Jan, 08:34


ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပြန်လွတ်
~~~
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဒေါက်တာ ခက်အောင် အပါအဝင် ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ ခြောက်ရာကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်ပြောဆိုပါတယ်။

“အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီထဲမှ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့သူ ခြောက်ရာဦးခန့် ပါဝင်မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း လွတ်ငြိမ်းထဲမှာ ပါဝင်လာပါတယ်”

စစ်ကောင်စီက ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မတွေနဲ့ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာပါ။

ဇန်နဝါရီလ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြု ကြောင်း အမိန့် ထုတ်ပြန်ပါတယ်။

သူတို့ဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်မှုအပြင် ယခင်ကျခံရမဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းမျဉ်းကန့်သတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ရတာ ဖြစ်ပါတယ်။

ကလေးမြို့ အကျဉ်းထောင်မှာတော့ စစ်ကောင်စီတပ်က ၅၀၅ နဲ့ ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးပဲ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
_____

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အား တွေ့ရစဉ်။ (Photo: RFA)

#နိုင်ငံရေးအကျဉ်းသား #ဝန်ကြီးချုပ် #ပြန်လွတ် #ကချင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

04 Jan, 08:34


တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ PDF တွေ ၁၄၄ မြို့နယ်ကို စိုးမိုးထားကြောင်း NUG ထုတ်ပြန်
~~~
■ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ဟာ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၄၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ မြို့နယ်ပေါင်း (၄၈) မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ် မြို့နယ်တွေမှာ အလုံးစုံမထိန်းချုပ်နိုင်သေးသည့်တိုင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် PDF တွေက ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်း၊ ပင်လည်ဘူး စတဲ့ မြို့ ရှစ်မြို့ကို သိမ်းပိုက်ထားတယ်လို့ NUG က ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းတွေက အနည်းဆုံး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းပိုင်းအပါအဝင် အရေးကြီးတဲ့ ကားလမ်းနဲ့ ရထားလမ်းပိုင်း ကိုးခုကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်း မြစ်ကြောင်းလမ်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုပါ ထိန်းချုပ်ထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အဓိက ရှေ့တန်းစစ်မျက်နှာတွေဖြစ်တဲ့ မန္တလေးမြို့နားကို ရောက်ရှိလာပြီး နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနဲ့ မိတ္ထီလာ စတဲ့ စစ်နယ်မြေတွေကို ပုံမှန် တိုက်ခိုက်လာနိုင်တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း) နဲ့ ဧရာဝတီတိုင်းတွေမှာပါ ပြောက်ကျားစစ်နဲ့ လှုပ်ရှားစစ်တွေ ကျယ်ပြန့်လာနေတယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်းမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်ကျော် (၁၄,၀၉၃ ဦး) ရှိပြီး ဒဏ်ရာရသူ ခုနစ်ထောင်ကျော် (၇၃၆၃ ဦး) ရှိတာကြောင့် စစ်ကောင်စီအတွက် တပ်မအင်အား (၁၀ ခု) ကျော်နဲ့ ညီမျှတဲ့ အင်အားပြုန်းတီးမှုဖြစ်စေတယ်လို့ NUG က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာမရှိသေးပါဘူး။
_____

သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအား သိမ်းပိုက်အပြီး PLA တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA Photo)

#တိုင်းရင်းသားလက်နက်ကိုင်တပ် #PDF #မြို့ထိန်းချုပ် #NUG #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

04 Jan, 08:33


တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ တိုက်ခိုက်

တောင်ငူ၊ ဇန်နဝါရီ ၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီကနေ့မနက် အစော ၁ နာရီခန့်မှာ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

" ပစ်တာကတော့ စက္ကန့်ပိုင်းအတွင်း အကုန်ပစ်တာ။ ၂ လုံးက ပစ္စည်းချို့ယွင်းမှုဖြစ်တာပါ။ ဒီတကြိမ်နဲ့ဆို လေတပ်စခန်းကို တိုက်ခိုက်တာ ၆ ကြိမ်ရှိပြီ။“ လို့ Mountain Knights Civilian Defense Force (MKCDF)မှသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ်ထားသိုရုံတွေနဲ့ လေကြောင်းထိန်းမျှော်စင်တွေကို ပစ်မှတ်ထားတိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။

ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှော့ဒုံးနဲ့ပစ်ခတ်တယ်လို့ ယူဆတဲ့နေရာတွေကို ၁၂၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Anti-Coup Peoples Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့ ၊Mountain Knights Civilian Defense Force (MKCDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - တပခတိုင်းမှူးနဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်မှူးအား ၂၀၂၄ ဧပြီ ၂၂ ရက်က တောင်ငူလေတပ်သင်တန်းဖွင့်ပွဲတခုတွင် တွေ့ရစဉ်။

သတင်း - အောင်စိုး

#မြေလတ်အသံ
#ပဲခူး #တောင်ငူ #လေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

M T A

10 Dec, 01:39


ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသတွင် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်းများလည်းသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ဒီဇင်ဘာလ ၉ ရက်နေ့လယ် အထိဖြစ်ပြီး အခုတော့ ထပ်ငြိမ်နေပါတယ်။ ပြန် ဆုတ်သွားတာမဟုတ်ဘူး၊ နှစ်ဖက်ဆိုင်ထားတဲ့ အနေ အထားပါ။ တိုက်ပွဲ ၁၀ ရက်အတွင်း လေယာဉ် လာတာတော့မရှိဘူး။ သေဆုံးစစ်သားအလောင်းတွေလည်း သိမ်းမိတာရှိပါတယ်။ အရှင် ဖမ်းမိတာ မျိုးတော့ မရှိဘူး။ စစ်ခွေးတွေက စစ်ကြောင်းခွဲ ခွဲပြီးတက်နေတာ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေး ကင်းပါတယ်။ ခက်ခဲတဲ့ကာလဖြစ်ပေမယ့် မိဘပြည်သူတွေအနေနဲ့ အားတင်းထားကြဖို့၊ ဆက်လက် ပူး ပေါင်းတော်လှန်ကြဖို့ ပြောလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ကျောက်ဂူဒေသအခြေစိုက် တပ်များဖြစ်သည့် အမှတ် ၃၄၉ အမြောက်တပ်၊ ကျောက်ဂူအမြောက်တပ် - အမတ ၃၄၉ ၊ နောင်ဝိုးတပ် - ခလရ ၂၉၂ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းဘက်သို့ ရပ်စောက်ဘက်မှ စစ်ကူသွားရန် တက်လာသည့် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲဖြစ်ပြီး ဆက်လက် တိုက်ပွဲပြင်းထန်လာနိုင် သောကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေး နေထိုင်ကြရန် ၊ ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် -DPLA က မေတ္တာ ရပ်ခံထားသည်။

အလားတူ နောင်ချိုမြို့နယ်၊ တောင်ခမ်းစခန်းအနီး ကျောက်ဂူ -ကျောက်ဆုံနှင့် တောင်ခမ်း အ မြောက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၁၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံတွင် တအာင်းတပ်မတော် TNLA ၊ DPLA တို့ ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင် စီတို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အလောင်း ၁၇ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦးနှင့်အတူ လက်နက်ခဲမျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ နောင်ချိုမြို့နယ်၊ တောင်ခမ်းအမြောက်တပ် ၃၅၄ စခန်းတွင်လည်း စစ်ကောင်စီလက် အောက်ခံ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ကလည်း နောင်ချိုမြို့၊ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်း၊ ဂန့်ကော်ကျေးရွာနှင့် စစ်ကောင်စီတပ် ၄၀၆ တပ်စခန်းအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန် လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

Source-KhitThit

M T A

10 Dec, 01:39


နေပြည်တော်၊ တပ်ကုန်းတွင် အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရ ၊ အောင်လံတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အခြေအနေဆိုးရွားနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် အသက်မပြည့်သေးသော အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရကြောင်း ဖမ်းဆီးခံရသော ကလေးငယ်၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်(အနောက်)၊ သာယာအေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်တင်ထွေးက အဆိုပါကျေးရွာနေ ကိုအောင်နိုင်မိုး၏သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားသစ်အဖြစ် စုဆောင်းရေးဟုဆိုကာ ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့ကြောင့် မိဘဆွေမျိုးများက ကလေးမှာ အသက် ၁၆ နှစ်သာရှိသေးပြီး အသက်မပြည့်သေးကြောင်း အထောက်အထားများနှင့်တကွ လိုက်လံထုတ်ယူသော အခါ ငွေကျပ် ၆ သိန်းပေးမှ ပြန်လည် လွှတ်ပေးမည်ဟုဆိုကာ ငွေတောင်းယူကြောင်း၊ ထို့ကြောင့် ငွေကျပ် ၆ သိန်းဖြင့် ကိုအောင်နိုင်မိုး၏ သားဖြစ်သူကို ပြန်လည် ရွေးယူရကြောင်း သိရှိရသည်။

"ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း သာယာအေးရွာတောင်ဘက် ဆင်သေဆည်အနီးမှာ တဲထိုးပြီး ငါးဖမ်းစားသောက်တဲ့ ကိုအောင်နိုင်မိုးရဲ့သားကို ကျေးရွာအုပ်ကြီး မောင်တင်ထွေးနဲ့အဖွဲ့က ဝင်ဖမ်းတာ။ကလေး က အသက်မပြည့်သေးဘူးဆိုတာ အထောက်အထားနဲ့ပြတော့မှ ၆ သိန်းနဲ့ ရွေးခိုင်းတယ်"ဟု ဆွေမျိုးများက ပြောဆိုသည်။

ထို့ပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်(အနောက်)၊ သာယာအေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်တင်ထွေးက ကျေးရွာပြည်သူများထံမှ လစဉ် ငွေကျပ် ၂ သောင်းအဖြစ် ကောက်ခံကြောင်း၊ အဆိုပါ ကောက်ခံသော ငွေကြေးမှာ စစ်မှုမထမ်းလိုပါက ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံကြောင်း၊ သာယာအေးကျေးရွာတွင် အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိပြီး လစဉ်လတိုင်း ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ငွေကြေးများ အတင်းအကျပ် ကောက်ခံနေကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စစ်တပ်နှင့်ရဲများက ဂိတ်များချ၍ လည်းကောင်း၊ လှည့်ကင်းများဖြင့် လည်းကောင်း လူငယ်များကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း၊ အထူးသဖြင့် ခရီးသည်တင်ကားများပေါ်မှ ခရီးသွားလူငယ်များကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှီရသည်။

"ညဘက်ဆို မြို့ပတ်လမ်းမှာ စစ်တပ်နဲ့ရဲက ၃ဖွဲ့ ၊ ၄ဖွဲ့ ခွဲပြီး ကင်းပတ်တယ်။ ကုန်ကားသမားတွေကို ငွေ အဆမတန်တောင်းတယ်။ ရစ်လည်း ရစ်တယ်။ မနက်ဆိုရင်လည်း အိမ်စီးကား တစ်စီးနဲ့ မြို့ပတ်ပီး လူငယ်တွေရှိတဲ့ နေရာဆို ကားရပ်ပြီး ကားပေါ်ဆွဲခေါ်သွားတာပါ။ ညဘက်ဆို မြို့ပတ်လမ်း ရယ် မြို့အဝင်ဂိတ် အထွက်ဂိတ်မှာ ခရီးသွားတွေကို ပေါ်တာ ဆွဲဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ခရီးသည်တင် Express ကားတစ်စီးကို အနည်းဆုံး လူငယ် ၅ ဦးနှုန်း ဖမ်းတာ။ ပြီးရင် ငွေတောင်းတယ်။ ငွေပေးနိုင်ရင် ပြန်လွတ်တယ်။ မပေးနိုင်ရင်တော့ တပ်ထဲသွင်းတယ်။ အောင်လံမှာတော့ စစ်သားနဲ့ရဲ ပေါင်းပြီး လုပ်စားဂွင်ကြီးဖြစ်နေတယ်" ဟု အောင်လံမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Source-KhitThit

M T A

10 Dec, 01:39


မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားကျင်းပမည့် နံနက်ပိုင်း သန်လျင်ရေတပ် ဆိပ်ကမ်း၌ တပ်တော်ဝင် အခမ်းအနားလည်း ကျင်းပမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တော်ဝင်ပွဲကို တက်ရောက်မည်ဖြစ်ကာ နံနက်ပိုင်း အခမ်းအနားကို ရေတပ်သင်တန်းကျောင်း သန်လျင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ညနေပိုင်း အခမ်းအနား ဆက်လက် ကျင်းပရန် မင်းအောင်လှိုင်က သန်လျင် ဆိပ်ကမ်းမှ သင်္ဘောဖြင့် ညနေ ၅ နာရီခန့်တွင် ဗိုလ်တစ်ထောင် သံလျက်စွန်းဆိပ်ကမ်း ဧရာဝတီဌာနချုပ်ကို ကူးလာ၍ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ပြင်ဆင်ထားသော အရောင်းဆိုင်ခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

"၂၀၂၃ ခုနှစ်က ရှော့တိုက်ဒုံးကြောက်လို့ သံလျင်မှာ အကျဉ်းချုံး လုပ်ခဲ့တဲ့ ရေတပ်နှစ်ပါတ်လည်ပွဲကို ဒီနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှာ ပြန်လုပ်မယ်သိရတယ်။ အခု ဗိုလ်တစ်ထောင် သန်လျက်စွန်းက ဧရာဝတီဌာနချုပ် (ဧရခ)ဘောလုံးကွင်းမှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြတယ်" ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ်တွင် ယခု ဒီဇင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်သူနာပြုတက္ကသိုလ် ကျောင်း ဆင်းပွဲနှင့် မှော်ဘီ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲများကိုလည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ် DSTA ကျောင်းဆင်းပွဲသို့လည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင် လာရောက်ရန် ရှိနေကြောင်း သိရှိရသည်။

လက်ရှိ စစ်ရေးအခြေအနေမှာ မင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုလုံးကိုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်ကို KIA က တိုက်ခိုက်သိမ်းပိုက်နေပြီး ချင်းပြည်နယ်တွင်လည်း စစ်တပ်စခန်းများကို ဆက်တိုက် လက်လွှတ်နေရကြောင်း၊ ယင်းသို့သော စစ်ရှုံးနေသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ စစ်ရှုံးနေမှုများကို လျစ်လျူရှု နေကြောင်း တပ်အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။

Source-KhitThit

M T A

09 Dec, 20:51


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

09 Dec, 14:39


ဂန့်ဂေါနယ် မင်းရွာကို စစ်အုပ်စု လက်နက်ကြီးပစ်လို့ ပြည်သူတစ်ဦး သေဆုံး

အီသာရမ်/MFP၊ဒီဇင်ဘာ-၉

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဂန့်ဂေါမြို့အထိုင် အမြောက်တပ်ရင်းအမှတ် - ၃၇၁ ထဲကနေ ဂ‌န့်ဂေါမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ မင်းရွာ ကို ဒီဇင်ဘာလ ၉ ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်အုပ်စုက ဟောင်ဝစ်ဇာအမျိုးအစားလက်နက်ကြီးနဲ့ နှစ်ချက်ပစ် ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာရဲ့ အနောက်မြောက်ဘက်မှာ ကျရောက်ပေါက်ကွဲကာ တောင် ယာလုပ်ကိုင်နေတဲ့ တောင် သူတစ်ဦး လက်နက်ကြီးအစထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံ‌တစ်ဦးက ပြောပါတယ်။

“အဲဒီဦးလေးတစ်ယောက်အပြင် ထိခိုက်တာမရှိဘူး။ ကျေးရွာထဲကိုတစ်လုံးကျတာ။ နောက်တစ်လုံးက မင်းရွာအ နောက်မြောက်ဘက်နား တောထဲတောင်ယာလုပ်နေတဲ့ ပြည်သူပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေကိုဦးတည်ကာ လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ် တယ် လို့ ဆိုပါတယ်။

မင်းရွာ ကျေးရွာဟာ ဂန့်ဂေါ-ထီးလင်း လမ်းမပေါ်မှာ တည်ရှိပြီး အိမ်ခြေ ၃၅၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ မင်း ရွာရှိ စစ်အုပ်စုအထိုင်ရဲစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာအတွင်း စစ်အုပ်စုအထိုင်ရဲစခန်းမရှိတော့ပေမဲ့ ကျေးရွာကပြည်သူတချို့ဟာ စစ်ဘေးရှောင်ရင်း ကျေးရွာ ကို ပြန်မနေကြတော့ဘဲ တောတိုက်တွေမှာ ဆက်လက်နေထိုင်နေတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဂန့်ဂေါမြို့အထိုင်တပ် ခြေလျင်တပ်ရင်း (ခလရ) ၅၀ နဲ့ အမြောက် တပ်ရင်း - ၃၇၁ ကနေ အနီးအနား ကျေးရွာတွေကိုလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒီလို ရမ်းသမ်းပစ်ခတ်နေလို့ ဂန့်ဂေါမြို့ကနေ ၅ မိုင် ခန့်ကွာရှိ လာပို့ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ခန့်လည်း ကျေးရွာကို စွန့်ခွာပြီး ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတာ ငါးလခန့်ကြာမြင့်နေပြီလို့ဆိုပါတယ်။

#Mandalay_Free_Press_MFP

M T A

09 Dec, 14:38


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ ဒီဇင်ဘာ ၉ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• မင်းရွာတိုက်ပွဲမှာ PDF ရဲဘော် ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်တောက်
https://www.myaelattathan.org/articles/မုံရွာမှာ_စက်သုံးဆီတွေစျေးမြင့်တက်ပြီး_တန်းစီဝယ်ယူနေရ

• မုံရွာမှာ စက်သုံးဆီတွေ စျေးမြင့်တက်ပြီး တန်းစီဝယ်ယူနေရ ■ ဆီဆိုင်တွေမှာ ဆီပြတ်လပ်တဲ့အထိဖြစ်ခဲ့
https://www.myaelattathan.org/articles/မုံရွာမှာ_စက်သုံးဆီတွေစျေးမြင့်တက်ပြီး_တန်းစီဝယ်ယူနေရ

• ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ၃ ဦးရဲ့ မိသားစုတွေကိုသွားရောက်ကန်တော့ပြီး ကျပ်သိန်း ၂၀ စီထောက်ပံ့
https://www.myaelattathan.org/articles/ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့_PDF၃ဦးရဲ့မိသားစုတွေကိုသွားရောက်ကန်တော့ပြီး_ကျပ်သိန်း၂၀စီထောက်ပံ့

• စီပါရွာအပါအဝင် စစ်ရှောင်ပြည်သူ ၅၀၀ နီးပါးကို အအေးဒဏ်ခံနိုင်ဖို့ စောင်နဲ့အနွေးထည်လှူဒါန်း (ရုပ်/သံ)
https://www.myaelattathan.org/articles/စီပါရွာအပါအဝင်စစ်ရှောင်ပြည်သူ၅၀၀နီးပါးကို_အအေးဒဏ်ခံနိုင်ဖို့_စောင်နဲ့အနွေးထည်လှူဒါန်း

• လက်လွှတ်ခဲ့ရတဲ့ မတ္တရာကကျေးရွာ ၃ ရွာ ကို MDYPDF ပြန်လည်သိမ်းပိုက်
https://www.myaelattathan.org/articles/လက်လွှတ်ခဲ့ရတဲ့_မတ္တရာကကျေးရွာ၃ရွာကို_MDYPDFပြန်လည်သိမ်းပိုက်

• စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးပစ်သတ်ခံရတဲ့ PDF ရဲဘော် နာရေး (ရုပ်/သံ)
https://www.myaelattathan.org/articles/စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး_ဖမ်းဆီးပစ်သတ်ခံရတဲ့_PDFရဲဘော်နာရေး

• ညောင်ဦးမှာ စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ
https://www.myaelattathan.org/articles/ညောင်ဦးမှာ_စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး၂ဦး_သေနတ်နဲ့ပစ်သတ်ခံရ

• နိုင်ငံဖြတ်ကျော်စစ်ရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေ (ရုပ်သံဆောင်းပါး)
https://www.myaelattathan.org/articles/နိုင်ငံဖြတ်ကျော်_စစ်ရှောင်ရတဲ့_ခွေးသားအုပ်မလေးရွှေရွှေ

• ဖိနပ်အဟောင်းတွေကို ပြန်ချုပ်ပြီး အသုံးပြုနေရတဲ့ မန္တလေးခရိုင်တပ်ရင်း ၅ (ရုပ်/သံ)
https://www.myaelattathan.org/articles/ဖိနပ်အဟောင်းတွေကို_ပြန်ချုပ်ပြီးအသုံးပြုနေရတဲ့_မန္တလေးခရိုင်တပ်ရင်း၅

• ဂန့်ဂေါမြို့နယ် အမြောက်တပ်ကပစ်လိုက်တဲ့ကျည် မင်းရွာထဲကိုကျလို့ အမျိုးသား ၁ ဦးသေဆုံး
https://www.myaelattathan.org/articles/ဂန့်ဂေါမြို့နယ်_အမြောက်တပ်ကပစ်လိုက်တဲ့ကျည်_မင်းရွာထဲကိုကျလို့_အမျိုးသား၁ဦးသေဆုံး

• သဲကုန်းမှာ ရာအိမ်မှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး
https://www.myaelattathan.org/articles/သဲကုန်းမှာ_ရာအိမ်မှူး၁ဦး_သေနတ်ပစ်ခံရပြီးသေဆုံး

• ကလေးမြို့မှာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်
https://www.myaelattathan.org/articles/ကလေးမြို့မှာ_တရုတ်အလံကိုမီးရှို့ပြီး_တရုတ်အစိုးရကိုဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်

• အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော
https://www.myaelattathan.org/articles/အာဏာရှိတဲ့ဘယ်သူမဆို_လူ့အခွင့်အရေးချိုးဖောက်နေရင်_တိုင်ကြားဖို့ဟောပြော

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

09 Dec, 14:38


ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေးကို ၆ ထပ် အဆင့်မြင့်စျေးသစ်အဖြစ်တည်ဆောက်ရာတွင် မူလ ဈေးဆိုင်များနေရာပြန်မရဟုဆို

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး ( ညံတောဈေး) ခြောက် ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရန် အတွက် ဈေးဆိုင်ခန်းဖယ်ရှားပေးလိုက်သောဈေးသည်များသည် ယင်းဈေးတည်ဆောက်ပြီး စီးသော်လည်း နေရာပြန်ရမည်မဟုတ်ကြောင်း သုမင်္ဂလာဈေးဂရှိ ဈေးသည်များထံက သိရသည်။

စစ်ကောင်စီသည် အဆိုပါစီမံကိန်းပြုလုပ်ရန်အတွက် မူလရောင်းချနေသောဈေးဆိုင်ခန်းနှင့် ဈေးသည် များကို အဝေးပြေးကားကြီးဝင်း ( ပြင်ဦးလွင်) ဈေးသို့နေရာပြောင်းရွှေ့လိုက်ပြီးနောက် ယင်းနေရာမှာပင် ဆက်လက် ရောင်းချစေခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ခြောက်ထပ်အဆင့်မြင့်ဈေးသစ်တည်ဆောက်ရန်အတွက် မူလဈေးဆိုင်ခန်းများမှ ရာနှင့် ချီသော စျေးသည်များသည် ယခုနှစ် ဧပြီလကုန်မှစတင်ကာ ဖယ်ရှားပေးခဲ့ရခြင်းဖြစ်သည်။

“ ဈေးစပြောင်းတုန်းက ဈေးသည်တွေရော ဝယ်သူတွေရောအခက်အခဲဖြစ်တယ်။ ဝယ်နေကျ ဈေးသည်မရှိတော့ လိုချင်တဲ့ပစ္စည်းလိုက်ရှာဝယ်ရမယ်။ အချို့အိမ်ပိုင်ရှိတဲ့ဈေးသည်တွေက အိမ်မှာပဲ ရောင်းတော့တယ်။ စစ်ကောင်စီပြောင်းပြီး ရောင်းခိုင်းတဲ့ဈေးမှာမရောင်းတော့ဘူး” ဟု ပြင်ဦးလွင်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီတာဝန်ယူထားသည့်ကာလအတွင်း စီမံကိန်းများပြီးအောင်ဆောင်ရွက်မည်ဟု ပြောကြားပြီးနောက်ပိုင်း ယင်းဈေးတည်ဆောက်ရေး လုပ်ငန်းခွင်ကို ဒီဇင်ဘာ ၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဆိုးဝါးလာသဖြင့် လျှပ်စစ်မီး ရရှိရေး အတွက်ဆိုလာစနစ်အသုံးပြုနေရကာ ယခုတည်ဆောက်နေသည့် ခြောက်ထပ်အဆင့်မြင့် စီမံကိန်းတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် ဆိုလာပြားများ တပ်ဆင်ပြီး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆင့်မြင့်ဈေးတည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဆိုထားသည်။

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး ( ညံတောဈေး) ကို ခြောက်ထပ်အဆင့်မြင့်ဈေးသစ်ကို Mayo Development Group ကုမ္ပဏီက တည်ဆောက်ကြောင်းသိရှိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်စတင်၍ ပြင်ဦးလွင်မြို့မရဲစခန်းဘေးနှင့် အားကစားဝင်းရှိ ရာနှင့်ချီသောဈေးဆိုင်ခန်းများအပါအဝင် တပ်ပိုင်းမြေဟု သက်မှတ်ထားသည့် နေရာအတွင်း နေထိုင် သူများကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားခဲ့သည်။

ဓာတ်ပုံ - ဧရာဝတီတိုင်းမ်

#ပြင်ဦးလွင်ဈေးလေး #သုမင်္ဂလာဈေး #ခြောက်ထပ်အဆင့်မြင့်ဈေးတည်ဆောက် #Ayeyarwaddy_Times

M T A

09 Dec, 14:36


စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ ခရီးသွားပြည်သူများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

"စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်တာပါ။ မုံရွာ-မန္တလေး လမ်းပိုင်းမှာပါ စစ်ခွေး ၅ ကောင်သေတယ်။ ဒဏ်ရာရတာက ၁၀ ကောင် လောက်ရှိတယ်။ စစ်ခွေးတွေက မိုင်းဆွဲ တိုက်ခိုက်မှု အတွင်းအထိနာတော့ ခရီးသွားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်စထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်" ဟု မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Ar Lar Wa Ka တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Photo - မဲမှောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ
#khitthitmedia

M T A

09 Dec, 14:36


နေပြည်တော်နှင့် ရန်ကုန်တွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၉

နေပြည်တော်နှင့် ရန်ကုန်တွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ငွေတောင်တောရ ဘုန်းကြီးကျောင်း၊ မုခ်ဦးပေါက်အနီး၊ ကြံ့ဖွတ်ရုံးရှေ့၊ ရန်ကုန်-မန္တလေး လမ်းပေါ်တွင် စစ်တပ်က ဂိတ်ချပြီး ဆိုင်ကယ်များကို တားဆီးကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယမန် နေ့ ညပိုင်း လူငယ် ၃၀ ကျော် အဖမ်းခံရကြောင်း သိရှိရသည်။

"လူငယ် ၃၀ ကျော်က အခု မိဘတွေလိုက်ထုတ်ဖို့ လုပ်နေကြတယ်။ မရဘူး။ ငွေမတောင်းဘူး။ လူကိုပဲ စစ်မှုထမ်းသင်တန်း တက်ခိုင်းမှာလို့ သိရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့ အနော်ရထာရပ်ကွက်တွင် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လျှပ်စစ်မီးများ ဖြတ်တောက်ပြီး လူငယ် ၁ ဦးကို ပေါ်တာဆွဲသွားကြောင်း သိရှိရသည်။

ထို့အတူ နေပြည်တော် ဒက္ခိဏသီရိမြို့ နယ်၊ ချိုင်းရွာတွင်လည်း ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဝမ်းက နေအိမ်များထဲအထိ ပေါ်တာဝင်ဆွဲခဲ့ရာ လူငယ် ၇ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ၊ ယင်းနောက် လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ဖြင့် ပေးမည်ဟုဆိုကာ စစ်တပ်ထဲ အတင်းအကျပ် ဝင်ခိုင်းနေကြောင်း သိရှိရသည်။

"ဒီဇင်ဘာလ ၃ ရက်နေ့ညက လူငယ်တွေကို ဖမ်းတာ။ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ရင် သိန်း ၂၀ ရမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဝမ်းက ဒီဇင်ဘာ ၈ ရက်နေ့မှာ မိသားစုတွေဆီ လိုက်ပြောတယ်။ လူဦးရေ ၄၀၀ အထိခေါ်မယ်လို့ ပြောနေတယ်" ဟု ချိုင်းကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကိုကျော်နိုင်က စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲခြင်းနှင့် ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း ၊ အလားတူ ရန်ကုန်တိုင်း၊ သာကေတနှင့် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးက လူငယ်တွေကို မတရားစစ်တပ်ထဲထည့်သွင်းနေကြောင်း သိရှိရသည်။

"ဝါဆို ရပ်ကွက်အုပ်ကြီး ညီညီထွေးက စစ်မှူထမ်းဆင့်ခေါ်စာနဲ့ တမျိုး မတရားပေါ်တာဆွဲတာတစ်မျိုး၊ ဖမ်းဆီးတာတမျိုး လုပ်နေတာ။ အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိဘတွေကလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတယ်။ မတရားလည်း ငွေညှစ်တောင်း ရမ်းနေပါတယ်" ဟု သာကေတမြို့နယ်၊ ဝါဆိုရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူမပြည့်သဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#khitthitmedia

M T A

09 Dec, 14:35


ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ်ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူးမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က ထွနီကုန်းကျေးရွာကို လက်နက်ကြီး ၃ လုံး၊ ရေလဲဗမာကျေးရွာကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း မရမ်းစိန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်တိုက်ခိုက်မှု အတွင်း ရေလဲဗမာကျေးရွာတွင် လာရောက် ခိုလှုံနေသည့် ဥသျှစ်ကုန်းကျေးရွာသား အသက် ၃၇ နှစ်အရွယ် စောနေတာလို လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆောထိမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တော်ဝိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၊ တယောလူစခန်း ခလရ-၅၇ နှင့် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဂွေးကုန်းကျေးရွာ၊ ကဇင်းပင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝင်းနှင့် ပျဉ်ရေကြီးကျေးရွာတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၇ လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာနှင့် ရေဖြူကန်ကျေးရွာမှ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
#khitthitmedia

M T A

09 Dec, 05:13


ကြို့ပင်ကောက်နှင့် ပန်းတောင်းရှိ ကျေးရွာများကို စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော် ကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက် စီးနင်းပြီး လူငယ် ၃၀ ကျော်ကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကုန်းရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ပန်းတောင်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းတောင်းမြို့နယ် တောင်ဘိုကြီးကျေးရွာမှ လူငယ် ၄ ဦး နှင့်မြေဝါကုန်းရွာနှင့် မှန်ကုန်းရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပန်းတောင်းမြို့ပေါ် တော်မူဘုရားဝန်းရှေ့လမ်းတွင် လမ်းပြင်နေသည့် လမ်းအလုပ်သမား အမျိုးသား ၁၃ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေက စစ်မှုထမ်းဖို့ လူစုမရတော့လို့ တွေ့လူလိုက်ဖမ်း အိမ်ပေါ်တွေတက်ဆွဲနဲ့ကို တော်တော်အခြေအနေဆိုးနေတယ်။ ကြို့ပင်ကောက်မှာဆို နေအိမ်ထဲထိကို ဝင်ဖမ်းတာ သတင်းပေးတဲ့လူရှိလို့ထင်တယ်။ နေအိမ်ကို အတည်အကျကို လာဖမ်းတာ ပန်းတောင်းမှာလည်း လမ်းပြင်တဲ့ သူတောင်ဖမ်းတဲ့ အခြေအနေဖြစ်နေပြီး ရွာတွေကိုလည်း ဆက်တိုက်ကို စီးနင်းနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ်သင်တန်းများကို ဆက်တိုက်ဖွင့်လှစ်လျက်ရှိရာ ယခု ဒီဇင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၈ အထိ ရောက်ရှိနေပြီဖြစ်သည်။

Source-KhitThit

M T A

09 Dec, 05:12


CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၉

CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေကြောင်း စီးပွားရေးနှင့် တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ၏ ရှယ်ယာ ပါဝင်ထားသော ပုဂ္ဂလိက ဆေးရုံများ ပိုင်ဆိုင်ထားသည့် မန္တလာစိုးမြင့် က CDM ဆရာဝန်များကို ဖိနှိပ်ပြီး ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလာစိုးမြင့်သည် မန္တလာဆေးရုံ၊ မန္တလာ health care group ဆေးကုမ္ပဏီ၊ ပြင်ဦးလွင် ချယ်ရီလန်းဆေးရုံ၊ တောင်ကြီးမြတ်တော်ဝင်ဆေးရုံ၊ အောင်မိုဟိန်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ ၇၇၇ ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းနှင့် သွပ်ပြားစက်ရုံ၊ စိုး လမ်းတံတားလေလံ၊ ရွှေတော်ဝင် ဆောက်လုပ်ရေး ၊ မန္တလာ သွင်းကုန်ထုပ်ကုန်လုပ်ငန်းများကို ပိုင်ဆိုင်သူဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများအသင်း ဥက္ကဌဖြစ်သူ ဖြစ်ကြောင်း သိရသည်။

၎င်းပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် အကြမ်းဖက် စစ်တပ်မှ စစ်ဆေး ဆရာဝန်များကို ခန့်အပ်ပြီး CDM ဆရာဝန်များကို စစ်တပ်ထံသို့ သတင်းပေးခြင်း၊ ထောက်လှမ်းခြင်းများ၊ CDM ဝန်ထမ်းများကို လစာမဲ့ ဖြုတ်ခြင်း၊ အကြမ်းဖက် စစ်တပ်မှ အရာရှိ မိသားစုဝင်များကို အခမဲ့ကုသပေးခြင်းနှင့် ပြိုင်ဘက်ဆေးရုံများကို တိုက်ခိုက်ခြင်းများ အကြီးအကျယ် ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

" CDM ဝန်ထမ်းဆို စစ်ကောင်စီထက် ပိုမုန်းပြီး သူက လိုက်ဒုက္ခပေးနေတာ။ စစ်ဆရာဝန်တွေပဲ သူ့ဆေးရုံမှာ ခန့်ထားတယ်။ သူ့လုပ်ငန်းတွေကနေ ငွေမည်းကနေ ငွေဖြူ အကြီးအကျယ်လျှော်တယ်။ နိုင်ငံခြားသားတွေရဲ့ ငွေမည်းကအစ သူ့လုပ်ငန်း တချို့က ရှယ်ယာတွေကို ကာလ တနိဖိုးထက် ၃ ဆလောက် ပိုရောင်းပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံလုပ်ငန်းတွေ ထပ်ချဲ့ဖိုလုပ်နေတာပါ။ ရှယ်ယာငွေတွေကို အလွဲသုံးစား လုပ်နေလို့ လုပ်ငန်းလည်း တအားလုပ်မပြနိုင်လို့ တချိုရှယ်ယာရှင်တွေက ငွေပြန်အန်းခိုင်းတာကိုလည်း စကစ နဲ့ဖမ်းခိုင်းမယ်။ အကြပ်ကိုငိလို့ ဘယ်သူမှ သူ့ကိုပြန်မပြောရဲတော့ဘူး။စစ်တပ်အာဏာသိမ်းကာလမှာ ပိုပြီး ချမ်းသာ ဇောင်းထလာတာ" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မန္တလာ စိုးမြင့်ပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ညီမ စုစုဒွေးနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၊ ပင်စင်စား တချို့၏ ရှယ်ယာများ ပါဝင်ကာ ရှယ်ယာများကို ပုံမှန်စျေးထက် ၃ ဆ တင်ရောင်းပြီး ဆေးရုံများမှာ အပိတ်မခံရစေရေး စစ်တပ်နှင်ပူးပေါင်းထားကြောင်း၊ အခြားပုဂ္ဂလိက ဆေးရုံများ ပိတ်သွားစေရန် CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားသည်ဟုဆိုကာ စစ်တပ်ထံ သတင်းပေးပြီး ပိတ်ခိုင်းကြောင်း၊ ထို့ကြောင့် ၎င်း၏ ဆေးရုံလုပ်ငန်းများ အောင်မြင်လာပြီး လုပ်ငန်းမှ ရရှိသော ဝင်ငွေဖြင့် ရန်ကုန်နှင့် မန္တလေးတို့တွင် ပုဂ္ဂလိက ဆေးရုံများ ထပ်မံ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် အရာရှိများနှင့် ပူးပေါင်းပြီး လမ်းတံတားများ လေလံဆွဲခြင်း အပါအဝင် အစိုးရပိုင် အဆောက်အဦးများကို ငှားရမ်း အသုံးပြု ခြင်း၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် အရပ်ဘက် အရာရှိများကို ရှယ်ယာထည့်ခိုင်း၍ လယ်မြေများကို သိမ်းယူကာ ဆေးရုံများ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။

"စစ်ကောင်စီက အရာရှိတွေနဲ့ ပူးပေါင်းပြီး လမ်းတံတား လေလံဆွဲတာ အစိုးရပိုင်အဆောက်အဦးများကို သုံးဆွဲတာတွေ အစ သူပဲလုပ်နေတာ ပြင်ဦးလွင်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိတွေကို ရှယ်ယာထည့်ခိုင်းပြီး လယ်ယာမြေတွေကို သိမ်းတယ် ဆေးရုံတွေ ဆောက်နေတယ်။ စစ်တပ် အရာရှိတွေရဲ့ မိသားစုဝင်များကို အခမဲ့ကုသပေးနေတယ်။ အခု သူများဆေးရုံတွေ ပိတ်ရပြီး သူရဲ့ ဆေးရုံများမပိတ်ရတာကြောင့် စစ်ကောင်စီ ကိုဆန့်ကျင်တွေ သတိထားမိမှာစိုးလို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်ဝါးရိုက်ပြီး ဇတိ ပိတ်ဖို့ ကြံရွယ်နေတယ်" ဟု တပ်တွင်း သတင်းရင်းမြစ်ကပြောဆိုသည်။

မန္တလာစိုးမြင့်တွင် ပြင်ဦးလွင်မြို့မှ ချယ်ရီလမ်းဆေးရုံ မန်နေဂျာ ညီညီဇော်နှင့် မန္တလေးမှ မန္တလာဆေးရုံမန်နေဂျာ ဥက္ကာကျော် ဆိုသော လူယုံ ၂ ဦးရှိပြီး ၎င်းတို့ ၂ ဦးသည်လည်း အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်းနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို လိုက်ပါလုပ်ဆောင်ပေးကာ စိုးမြင့်ထံ လုပ်ငန်းဆိုင်ရာ ကိစ္စများကို တိုက်ရိုက်သတင်းပေးပို့နေသူများဖြစ်ကြောင်း သိရသည်။

Source-KhitThit

M T A

08 Dec, 01:37


UFC အဆင့်သတ်မှတ်ချက်ထဲက ဖိုက်တာကိုအနိုင်ထိုးပြီး TOP 10 ထဲက ဖိုက်တာတွေကို စိန်ခေါ်လိုက်တဲ့ ဗန် (အားကစားသတင်း)

မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၄။

ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာကျင်းပတဲ့ UFC 310 ပြိုင်ပွဲမှာ ဗန်ဟာ ပြိုင်ဘက်ဖြစ်သူ UFC Flyweight အဆင့် ၁၄ ရှိ ကိုဒီဒါဒန်ကို အသာစီးရယူထိုးသတ်ပြီး အမှတ်နဲ့အနိုင်ရသွားပါတယ်။

ဗန်ဟာ လူစားဝင်ကစားသမားအဖြစ် ခဏခဏဝင်ကစားရတာကြောင့် ပွဲကြိုတင်ပြင်ဆင်မှုအားနည်းတာကို ထောက်ပြခံရလေ့ရှိပေမယ့် ဒီနေ့ပွဲမှာ အချိန်ရရင်အိမ်စာကြေညက်ကြောင်း ကောင်းကောင်းပြသသွားနိုင်ပါတယ်။

ပထမအချီအစမှာ ကိုဒီဒါဒန်ဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ဘယ်ထောက် ညာဝိုက်လက်သီးချက်တွေနဲ့ စခဲ့ပြီး အမြင့်ကန်ချက်ကိုလည်း အသုံးချခဲ့ပါတယ်။ ဗန်ဟာ အရင်ပွဲတွေကထက်သတိပိုကပ်လာပြီး ဘယ်ထောက်လက်သီးတွေ ထိရောက်အောင်အသုံးချခဲ့ကာ လက်တံအားသာတဲ့ကိုဒီကတော့ ပွဲစပြီးခဏသာ ဆိုင်ထိုးခဲ့ကာ လူချင်းလုံးပြီးမြေပေါ်လှဲချဖို့ကြိုးစားခဲ့ပေမယ့် ဗန်ဟာ ကောင်းကောင်းတုံ့ပြန်သွားတာကိုတွေ့ရပါတယ်။

ဒုတိယအချီမှာတော့ ဗန်ရဲ့ထောက်လက်သီးတွေ၊ ပင့်လက်သီးတွေ ဆက်တိုက်ထိခဲ့တာကြောင့် ကိုဒီဟာ သူ့ရဲ့ကစားပုံကိုပြောင်းလဲကစားခဲ့ရကာ လူလည်းယိုင်နဲ့သွားတာကို တွေ့ရပါတယ်။ ကိုဒီဟာ သူအားသာတဲ့ ညာလက်သီးအသုံးပြုဖို့ကြိုးစားခဲ့ပေမယ့် အိမ်စာကြေတဲ့ဗန်တစ်ယောက် ကောင်းကောင်းကိုင်တွယ်သွားနိုင်ပါတယ်။

တတိယအချီအရောက်မှာ ကိုဒီဒါဒန်ဟာသတိထားထိုးသတ်ခဲ့ပြီး ဗန်ရဲ့တိုက်စစ်ကိုသာ ခုခံဖို့ကြိုးစားနေရကာ ဗန်ကတော့ အောက်ခြေကန်ချက်တွေ၊ သူ့ရဲ့လက်နက်ဖြစ်တဲ့ ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ကိုဒီကိုကောင်းကောင်းဖြိုပါတယ်။ ကိုဒီဟာ ဗန်ရဲ့ထိုးချက်တွေကြောင့် မြေပေါ်လှဲချအနားယူခဲ့တဲ့အထိ မောဟိုက်နေတာကိုတွေ့ရသလို သူ့ရဲ့အံကတ်ပါပြုတ်ကျခဲ့ပါတယ်။

တတိယအချီအပြီးမှာတော့ အသာစီးယူထိုးသတ်ခဲ့တဲ့ဗန်ဟာ အမှတ်နဲ့အနိုင်ရခဲ့ပြီး UFC ရဲ့ထိပ်တန်းသတ်မှတ်ချက်စာရင်းဝင် ဖိုက်တာတယောက်အဖြစ် သက်သေပြခဲ့သလို နောက်ပွဲမှာ Top 10 ကနေ Top 5 အတွင်း ဘယ်သူ့ကိုဖြစ်ဖြစ် ထိုးသတ်သွားမယ်လို့ စိန်ခေါ်သွားကာ မြန်မာအလံပုံပြုလုပ်ထားတဲ့ သူ့ရဲ့အံကတ်ကို ပြသသွားပြီး နောက်ပွဲတွေမှာ မြန်မာအလံယူဖို့ပါ တောင်းဆိုသွားခဲ့ပါတယ်။

Photo - ss from UFC Live.

#မြေလတ်အသံ
#အားကစား #UFC-310 #MMA #ကိုဒီဒါဒန် #ဗန်

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tittok - https://www.tiktok.com/@myaelatt.athan

M T A

08 Dec, 01:04


တနင်္သာရီက ကျေးရွာချင်းဆက်လမ်းပိုင်းလေးခုကို စစ်တပ်ဖျက်ဆီး

တနင်္သာရီ၊ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနဲ့ တကူကျေးရွာအုပ်စုအတွင်းက ကျေးရွာချင်းဆက် လမ်းပိုင်းလေးခုကို စစ်ကောင်စီတပ်က ဘတ်ဟိုးနဲ့ထိုးပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသ ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး တနင်္သာရီအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အမိန့်အရဆိုပြီး စစ်ကောင်စီတပ်က ဇဝဲ-ဖာနီလမ်းပိုင်းရှိ ကွန်ကရစ်တံတားနှစ်စင်း၊ ဇဝဲ၊ဘန်းလမွတ်နဲ့ ရမ်းဖိုးကျေးရွာတို့က ကျေးရွားချင်းဆက်လမ်းပိုင်းတွေကို လာရောက်ဖျက်ဆီးသွားတာပါ။

ဒေသခံတွေရဲ့ပြောပြချက်အရ ဖျက်ဆီးခံလိုက်ရတဲ့ လမ်းပိုင်းတွေဟာ အကျယ်နဲ့အနက် ၈ ပေကျော် တူးဖျက်ခံလိုက်ရတဲ့အတွက် ကားဆိုင်ကယ်ကအစ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

လမ်းပိုင်းဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းအနီးပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ထားသလို ကင်းပုန်းဝပ်တာတွေလည်း ရှိနေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို လမ်းပိုင်းတွေ ဖျက်ဆီးနေတာဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန် ရေးအဖွဲ့တွေကို စားနပ်ရိက္ခာပြတ်တောက်အောင် ဖြတ်လေးဖြတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တဲ့ လမ်းပိုင်းတွေဟာ မြိတ်မြို့ကနေ ကျေးရွာပေါင်း ၂၀ လောက်ကို ရိက္ခာတွေဝယ်ယူရောင်းချဖို့ သယ်ဆောင်တဲ့ လမ်းပိုင်းဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လမ်းပိုင်းဖျက်ဆီးခံရတဲ့အတွက် တကူ၊ အင်းရှည်ကုန်း၊ သရဘွင်၊ ပိန်းတော၊ ရေဖြူ၊ ပေါက်တောစတဲ့ ကျေးရွာ ပေါင်း ၂၀ နီးပါးက ဒေသထွက်ကုန်တွေဖြစ်တဲ့ ခဲ၊ ရော်ဘာ၊ ကွမ်းသီး၊ ရာသီသီးနှံတွေ တင်ပို့ရောင်းချဖို့လည်း အခက်ကြုံနေရပါတယ်။

လမ်းပိုင်းဖျက်ဆီးခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေသတွင်းမှာ ဆန်အပါအဝင်အခြေခံစားသောက် ကုန်တွေကအစ ဈေးနှုန်းမြင့်တက်လာပြီး ဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

တနင်္သာရီမြို့နယ် မြိတ်-တနင်္သာရီ ပြည်ထေင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး နှစ်ဖက်စစ်ရေး တင်းမာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်မှုတွေ လုပ် ဆောင်နေပါတယ်။

သတင်း - သံလွင်တိုင်းမ်

M T A

08 Dec, 01:03


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုနှင့် စစ်သားအများစုက လက်နက်ချ အလင်းဝင်ပြီး အသက်ရှင်လျက်ဖြင့် လိုရာသွားခွင့်ရရန် လိုလား၊ သို့သော် တပ်မှူးများက AA က ဖမ်းမိလျှင် သတ်ဖြတ်မည်ဖြစ်၍ အသေခံ တိုက်ပွဲဝင်ကြရန်သာ အမိန့်ပေးခြိမ်းခြောက်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံထားရပြီး ခုခံနေသော်လည်း စစ်သားအများစုမှာ အလင်း ဝင်လိုပြီး အသက်ရှင်ခွင့်ရရန် လိုလားနေကြကြောင်း ရန်ကုန်နှင့် နေပြည်တော်တွင် နေထိုင်ကြသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်သားများ၏ မိသားစုများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

နိုဝင်ဘာလအတွင်းမှစတင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ဒဏ် ရာရ စစ်သားအများအပြား ရောက်ရှိလာပြီး စစ်ကောင်စီက ဒဏ်ရာရ စစ်သားများကို ခေါ်ထုတ်ခြင်းမရှိဘဲ ထပ်မံ၍သာ ရဟတ်ယာဉ်ဖြင့် လူအင်အားများစွာ ချပေးခဲ့ကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်ရဟတ်ယာဉ်များဖြင့် ရိက္ခာများ၊ လက်နက်အင်အားများစွာ ချထားပေးသော်လည်း တပ်မိသားစုများနှင့် ဒဏ်ရာရ စစ်သားများကို လာရောက်​ ခေါ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် နပခအတွင်းသို့ ရောက်ရှိလာသော ဒဏ်ရာရ စစ်သား အရေအတွက်မှာ ရာချီရှိလာပြီး ဆေးဝါးကိုလည်း လုံလောက်စွာ ကုသပေးနိုင်တော့ခြင်းမရှိကြောင်း၊ ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုဝင်များနှင့် ပိတ်မိနေသော စစ်သားများမှာ အလင်းဝင်လိုပြီး လက်နက်ချလိုသည်ဟု အဝေးမှ မိသားစုများထံသို့ တိုင်ပင်လာကြောင်း၊ သို့ရာတွင် နပခအတွင်းရှိ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးများက အလင်းဝင်လျှင်လည်း AA က ကလေးပါ မကျန် သတ်ဖြတ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေခံ၍ သာ တိုက်ပွဲဝင်ရမည်ဟု အမိန့်ပေးခြိမ်းခြောက်ကြောင်း သိရှိရသည်။

"ပင်မ တပ်ဌာနချုပ်ထဲမှာ ဒဏ်ရာရ စစ်သားတွေ အရမ်းကိုများပါတယ်။ ဒီလူနာတွေကို စစ်ရဟတ်ယာဉ်နဲ့ ပြန်ခေါ်တာမျိုးလည်းမရှိဘူး။ အထဲမှာလည်း ဆေးဝါးနဲ့ ဆရာဝန်လည်း အလုံအလောက်မရှိဘူး။ တချို့ဆို ခြေပြတ်လက် ပြတ် တွေက ဆေးမကုရတော့ ပုတ်စော်တောင်နံနေပြီလို့ ပြောတယ်။ အထဲမှာ ခံတိုက်နေရတဲ့ ကျမရဲ့ ခင်ပွန်းနဲ့ အပေါင်းအသင်းတွေကလည်း အလင်းဝင်ချင်တယ်။ လက်နက်ချချင်တယ်။ တပ်မှူးက လက် နက်ချလည်း AA က မင်းတို့ကို သတ်မှာပဲ။ အဲဒီတော့ အသေခံချဆိုပြီး ပြောတယ်။ ဒီဇင်ဘာ ၄ ရက်နေ့အထိ အဆက်အသွယ်ရတယ်။ အထဲက အခြေအနေတွေကို ။ အခုတော့ ဆက်သွယ်မရတော့ပြန်ဘူး" ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း တာဝန်ထမ်းဆောင်နေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသော တပ်မိသားစုများမှာ နေပြည်တော်နှင့် ရန်ကုန်တွင် နေထိုင်ကြခြင်းဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်အရာရှိကြီးတချို့မှာလည်း လက် အောက်ငယ်သားများ၊ ဒဏ်ရာရစစ်သည်များနှင့် တပ်မိသားစုဝင်တချို့ အပေါ် စာနာပြီး ၎င်းတို့ကိုယ်တိုင်လည်း စစ်ဆက်လက် မတိုက်တော့ဘဲ လက်နက်ချ အလင်းဝင်ကာ လိုလားသော နေရာများသို့ ထွက်ခွာလိုကြကြောင်း၊ သို့ရာတွင် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးကို သစ္စာခံသော ထိပ်ပိုင်း တပ်ဦးဆောင်သူများကြောင့် အခက်တွေ့နေရကြောင်း သိရှိရသည်။

"အခုက ခက်နေတာက တိုင်းမှူးကလည်း စစ်တွေကနေ လုံး၀ နောက်မဆုတ်ရဘူး အမိန့်ပေးတယ်။ အထဲမှာ ဦးဆောင်နေတဲ့ တပ်မှူး ဗိုလ်မှူးချုပ်ကလည်း အလင်းမဝင်ရဘူး ဆိုတာမျိုး အမိန့်ပေးတယ်။ အထဲမှာ တပ်ရင်းမှူးလို ဒုဗိုလ်မှူးကြီးတချို့လည်း အလင်းဝင် လက်နက်ချ၊ ကိုယ်လိုရာ ခရီးသွားခွင့်ပေးရင်ကောင်းမယ်ဆိုတာမျိုး ညဉ်းကြတယ်။ ဒါပေမယ့် ခက်နေတာက ထိပ်ပိုင်းက ငြင်းနေတော့ အောက်က ဘာမှ လုပ်မရဘူး" ဟု နပခ တပ်ရေးဗိုလ်ကြီး၏ ဇနီးက ရှင်းပြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တစ်ဦး၏ ဇနီးကမူ " အခုလက်ရှိ အမ်းဘက်မှာ ပင်မတပ်ဌာနချုပ်မှာရှိတဲ့ တပ်သားတွေက အသက်ရှင်ခွင့်ပေးပြီး ထွက်ပေါက်လမ်းလေးဖွင့်ဖို့။ ဒဏ်ရာလူနာများကိုပဲသယ်ထုတ်သွားပြီး နောက်ဆုတ်ခွင့်ပြုပေးဖို့၊ လက်နက်ချမယ်၊အလင်းဝင်မယ်။ ပြီးရင် ထွက်ခွာခွင့်ပေးတာမျိုး လိုလားနေကြတယ်။ AAက မိတာနဲ့သတ်ပစ်မှာဆိုပြီး ပြော ထားတာတော့ အားလုံး လန့်နေကြတယ်။ လက်နက်ချမယ်ဆိုရင် အသက်ရှင်ခွင့်ပေးပြီး ထွက်ပေါက်လမ်းလေးဖွင့်ပေးတာမျိုးလိုချင်ကြတယ်။ စစ်သုံ့ပန်းအဖြစ်နဲ့ အဖမ်းမခံလိုကြဘူး" ဟု ပြောဆိုသည်။

M T A

08 Dec, 01:03


AA ၏ ဒီဇင်ဘာလ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့တွင် တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော တပ်စခန်းနေရာ ၃၀ ကျော်ရှိသည့်အနက်မှ အမ်း နပခဌာနချုပ် တစ်ခုတည်းသာ ကျန်ရှိတော့ကြောင်း၊ အမ်းမြို့၏ နောက် ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း သိရှိရသည်။

Source-KhitThit

M T A

08 Dec, 00:25


ကျီးလန့်စာစား ဆိုရှယ်မီဒီယာအသုံးပြုသူများ

7 Dec 2024 By Nway / MPA (ဆောင်းပါး)

"ဖုန်းကိုင်ပြီး အပြင်သွားရတာ တကယ်ကို ကျီးလန့်စာ စားနေရသလိုပါပဲ။ ဘယ်တော့ ဖုန်းစစ်ခံရမလဲမသိတော့ ကြောက်နေရတယ်" ဟု ရန်ကုန်မြို့နေ အသက် ၂၃နှစ်အရွယ် ကိုအောင်အောင် (အမည်လွှဲ) က ပြောသည်။

ယင်းလူငယ်၏အပြောမှာလည်း ဟုတ်နေသည်ပင်။

Data for Myanmar ၏ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ ကောက်ယူထားသော စာရင်းများအရ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှု၊ တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှု၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ရက်တွင် စစ်ကောင်စီက လူမှုကွန်ရက်တွင် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖေဖော်ဝါရီလတွင် ဖမ်းဆီးခြင်းများ စတင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၆ဦးခန့် လစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ပိုမိုများပြားခဲ့ကာ ၂၀၂၄ ခုနှစ်အတွင်း၌ ဖမ်းဆီးခံရမှုများ လျော့ကျလာခဲ့သည်။

" ၂၀၂၂ ခုနှစ်မှာ လူမှုကွန်ယက်ပေါ်ကနေ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ အရှိန်အမြင့်ဆုံးဖြစ်ခဲ့တာကြောင့် အရေးယူတာတွေ ပိုများခဲ့တာလို့ ပြောလို့ရပါတယ် " ဟု Data for Myanmar ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ တစ်နိုင်ငံလုံးရှိ မြို့နယ် ၂၂၃မြို့နယ်မှ ပြည်သူများ ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်ခဲ့သည်။

ဖမ်းဆီးခံရသူ အများစုမှာ Facebookတွင် ရေးသားမှုများကြောင့်ဖြစ်ပြီး Tiktok၊ Telegram ၊ Viber စသည့် လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသည်။

"ဖမ်းတယ်ဆိုတာက ကိုယ့်အကောင့်ထဲက လူဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် တိုင်တာမျိုးတွေလည်း ရှိတယ်။ကျတော်ကတော့ ပို့စ် တင်ပြီးရင် နာရီပိုင်းအကြာမှာ ပြန်ဖျက်လေ့ရှိတယ် " ဟု တော်လှန်ရေးနှင့် ပတ်သက်သည့် ပိုစ်များကို မျှဝေတတ်သည့် အွန်လိုင်းအသုံးပြုသူတစ်ဦးက ပြောသည်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီသည် လူထုလှုပ်ရှားမှုများနှင့် သတင်းအချက်အလက်အတွက် အရေးပါသော လူမှုကွန်ရက်နှင့် အွန်လိုင်းပလက်ဖောင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီကကြိုးပမ်းမှုများအထဲတွင် အင်တာနက်ဖြတ်တောက်ခြင်း၊ Facebookကဲ့သို့ မြန်မာနိုင်ငံပြည်သူများ အသုံးများသည့် လူမှုကွန်ရက်များကို ပိတ်ပင်ခြင်း၊ VPN များ အသုံးပြုပါက ဖမ်းဆီးခြင်းတို့လည်း ပါဝင်နေသည်။

"စိတ်လုံခြုံမှုကို မရှိတာပါ၊ ဘယ်အချိန်မှာ ဘယ်လိုကြုံရမလဲဆိုတဲ့ စိတ်နဲ့ ဘယ်သွားသွား ရှိတဲ့ App တွေကို ဖျက်ရတယ် ဖျောက်ရတယ်။ အဲ့ဒါတောင် သူတို့ဖုန်းစစ်နေတုန်း တော်လှန်ရေးနဲ့ ပတ်သက်တဲ့ Pageတွေ တက်လာလို့ စကားလွှဲပြောခဲ့ရတယ်" ဟု ကိုအောင်အောင်ကပြောသည်။

အဓိကအားဖြင့် အွန်လိုင်းပေါ်၌ ရေးသားပြောဆိုမှုများအား စစ်ကောင်စီဘက်က စောင့်ကြည့်နေသကဲ့သို့ မြေပြင်ရှိ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များတွင် ဖုန်းများကို စစ်ဆေးခြင်းများလည်း ပြုလုပ်၍ ဖမ်းဆီးလျက်ရှိနေသည်။

ရန်ကုန်မြို့၏ လူသွားလူလာများသော နေရာများရှိ ဂိတ်များကို ဖြတ်သန်းသွားလာရာတွင် မကြာခဏစစ်ဆေးတတ်ကြောင်း၊ ဖုန်းများကို စစ်ဆေးရုံသာမက အမျိုးသားများ၏ အင်္ကျီများကို ချွတ်၍ တက်တူးများကို စစ်ဆေးတတ်ကြောင်း ကိုပြည့်စုံ ( အမည်လွှဲ )က ဆိုသည်။

"အဲဒီတုန်းက ဆက်ပြီး အရစ်မခံချင်တော့လို့ နှစ်သိန်းခွဲပေးခဲ့ရတယ်။ ဖြစ်တာက ဘူတာကြီးနားက ဆူးလေကို မြင်နေရတဲ့ဂိတ်မှာ အစစ်ခံရတာ၊ အခုနောက်ပိုင်းက အစစ်ဆေးလုပ်တဲ့ နေရာမှာ ပြည်သူ့စစ်လိုလိုလူတွေ ဆိုးနေတာ။ ဘေးတွဲသမားတွေ၊ ဆေးသမားတွေကို နေရာခန့်ပေးထားတော့ မြင်သမျှ လူငယ်တိုင်း လွတ်တယ်ဆိုတာ မရှိဘူး" ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

တခါတရံ ရပ်ကွက်များ၌ ဧည့်စာရင်းစစ်ပါက ဖုန်းများကိုပါ စစ်ဆေး၍ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများ ပြုလုပ်တတ်ကြောင်း မန္တလေးမြို့နေ အသက် ၄၅နှစ်အရွယ် ဒေါ်ဥမ္မာ ( အမည်လွှဲ ) က ဆိုသည်။

"ညဆို ဧည့်စာရင်းစစ်မှာစိုးလို့ လမ်းထဲကအသံကို အမြဲနားစွင့်နေရတယ်။ တစ်ခါတလေဆို လန့်လန့်ပြီး ဖုန်းကို ဖွက်ရ၊ မနက်ဆိုလည်း ဒီဖုန်းကိုသိမ်းရတာ အလုပ်တစ်ခုပဲ၊ ဘာလို့လဲဆိုတော့ အဒေါ့်မှာက ဖုန်းနှစ်လုံးရှိတယ်။ တစ်လုံးကကျ တော်လှန်ရေးနဲ့ ပတ်သက်တာတွေရှိတော့ ပိုကြောက်တာပေါ့" ဟု ဒေါ်ဥမ္မာကပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီက အွန်လိုင်းအသုံးပြုသူများကို ဖမ်းဆီးရာတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ-၁၂၄(က) နှင့် ပုဒ်မ-၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၃တို့အပြင် တည်ဆဲဥပဒေများနှင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

M T A

08 Dec, 00:25


အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ-၅၀(က) မှ (ည)အထိ ပြဌာန်းချက်များအရ အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်မှ တစ်သက်တစ်ကျွန်းဒဏ်ထိကျခံရနိုင်ပြီး ပုဒ်မ ၅၂(က)(ခ) (ဂ)အရဆိုလျှင် အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၇)နှစ်ထိ ကျခံရနိုင်ခြေရှိသည်။

"ဒီဥပဒေပြဌာန်းချက်အရ လက်ရှိမြန်မာပြည်မှာရှိနေတဲ့သူတိုင်းဟာ ဥပဒေနဲ့ ငြိစွန်းကြပါတယ်။ ဘာလို့လဲဆိုရင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂(က)ကနေ(စ)အထိပါ ပြဌာန်းချက်ထဲမှာဆိုရင် လူတစ်ယောက်ဟာ ဘယ်သူဟာ PDFဖြစ်တယ်။ ဘယ်သူဟာ ထောက်ပို့ဖြစ်တယ်ဆိုတာ သိရန်အကြောင်းရှိလျှက်နဲ့(တကယ်သိသိမသိသိ) သက်ဆိုင်ရာကို သတင်းမပို့ရင် အကြမ်းဖက်မှုကို ထောက်ပံ့မှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခြင်းဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်" ဟု မကွေးတိုင်းတွင် နေထိုင်သည့် အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ရှင်းပြသည်။

ရာဇသတ်ကြီးပုဒ်မ-၁၂၄(က) သည် အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ပြဌာန်းထားသည့် ပြဌာန်းချက်များကို အနည်းငယ်ပြင်ဆင်ထားခြင်းဖြစ်ပြီး ထောင်ဒဏ် (၃)အောက်မနည်း၊ (၁၀)နှစ်ထက်မပိုသော ပြစ်ဒဏ်ကို ကျခံရနိုင်ခြေရှိသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် ပုဒ်မ ၅၀၅(က )၏ ပြစ်ဒဏ်ကို ထောင်ဒဏ် (၃)နှစ်ဟု ပြောင်းလဲသတ်မှတ်ခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တရားစွဲဆိုခံရပါက အနည်းဆုံး (၇)နှစ်မှ (၁၅)နှစ်ထိ ကျခံရနိုင်ခြေရှိနေသည်။

"ဒီလိုပုဒ်မတွေကို ပြင်ဆင်တယ်။ ဥပဒေအသစ်တွေကို ချမှတ်တယ်ဆိုတာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူကို ဥပဒေနဲ့ အညီဖမ်းတယ်ဆိုတာမျိုး ပြချင်လို့ဖြစ်တယ်။ ဒါဟာ စစ်ကောင်စီက ပြည်သူတွေ နိုင်ငံရေးမှာ ပါဝင်လာတာကို မလိုလားဘူးဆိုတာ ပေါ်လွင်နေတယ်" ဟု CDM တရားသူကြီးတစ်ဦးက မှတ်ချက်ပေးသည်။

ယင်းကဲ့သို့ ဥပဒေပြဌာန်းချက်များရှိသော်လည်း တကယ်တမ်း ပြည်သူများဖမ်းဆီးခံရသည့်အခါ တရားစွဲဆိုခြင်းမခံရပဲ အသတ်ခံရသူများနှင့် သတင်းအစအနပျောက်ဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

"အမှုတစ်ခုတည်းအတွက် ပုဒ်မပေါင်းမြောက်များစွာနဲ့ တရားစွဲဆိုခံရတယ်။ တချို့ဆို သေဒဏ်အပြင် နှစ်အကန့်အသတ်မရှိထောင်ဒဏ်နဲ့ နောက်ထပ် ဘယ်နှစ်နှစ်ဆိုတာတွေထိ ချမှတ်ခံရတာတွေရှိပါတယ်။ ငွေကြေးမြောက်များစွာ အကုန်အကျခံနိုင်ရင်တော့ တချို့အမှုတွေကို စကစ က ဖြေလျော့ပေးတယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခြင်း မခံရတော့ပါဘူး။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့တရားစီရင်ရေးစနစ်ဆိုတာက ဟန်ပြသက်သက်ဖြစ်သလို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ အမှုအခင်းတွေအတွက်လည်း အဂတိတွင်းနက်ကြီးဖြစ်နေပါပြီ။" ဟု မကွေးတိုင်းတွင် နေထိုင်သည့် ရှေ့နေတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာများ၌ စစ်ကောင်စီကို ဆန့်ကျင့်သည့် စာသားများရေးသားသူများနှင့် မှတ်ချက်ပြုသူများကို ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးနေမှုများသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဥပဒေပြဌာန်းချက်များကို လိုသလို ပြင်ဆင်ကာ ပြဌာန်းခြင်းလည်းဖြစ်သည်။

ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများတွင်ပင် အနည်းနှင့်အများ ဤအချက်ကိုကြည့်ပြီး ဥပဒေတွေပြဌာန်းကြခြင်းဖြစ်ကာ အာဏာရှင်နိုင်ငံများတွင်မှု ပြောစရာမလိုသည့် အချက်ပင်ဖြစ်သည်။

သို့‌သော် ဥပဒေပြဌာန်းချက်သည် အများပြည်သူအတွက် တရားမျှတမှုကို အခြေခံ၍ပြဌာန်းရခြင်းဖြစ်သော်လည်း အာဏာကို ဆုပ်ကိုင်ထားချင်သူများက ၎င်းတို့၏အာဏာကို ထိပါးလာနိုင်သည့် မည်သည့် ပြောဆိုဝေဖန်လုပ်ဆောင်ချက်များကိုမဆို ဥပဒေနှင့်ဖမ်းဆီး၊ အရေးယူခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရှေ့နေအသိုင်းအ၀ိုင်းက ဆိုသည်။

"အာဏာကို လက်နက်နဲ့ ဥပဒေက ကျားကန်ပြီး စိုးမိုးကြတာ၊ အဲ့ဒီတော့ သူတို့အာဏာကို ထိပါးလာရင် လက်နက်တို့ သူတို့ပြဌာန်းတဲ့ဥပဒေတို့နဲ့ပဲ ဖြေရှင်းကြတာ၊ ဘယ်အာဏာရှင်မှ နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေးတွေကို မလိုက်နာဘူး။ မလေးစားဘူး။ ဥပဒေသမားတစ်ယောက်အနေနဲ့ ဒီအချိန်မှာ အများပြည်သူကို ဥပဒေအကြောင်း ပြောရတာ ရှက်စရာကောင်းတဲ့ကာလတွေပါ" ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ဆက်လက်ရှင်းပြသည်။

စစ်ကောင်စီသည် ၎င်းတို့ကြေညာထားသကဲ့သို့ပင် အမှန်တကယ် ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ သို့သော် တစ်နိုင်ငံလုံးတွင် စစ်ဂွင်ကျယ်ပြန့်လာပြီး တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌မှု စစ်ကောင်စီ၏ ဥပဒေမှာ သက်ရောက်ခြင်းမရှိချေ။

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် လူမှုကွန်ရက်စာမျက်နှာ၌ စစ်ကောင်စီကို ဝေဖန်ထောက်ပြသူများနှင့် မှတ်ချက်ပေးသူများ ဖမ်းဆီးခံရသူမှာ အယောက် ၄၀ အောက်သာ ရှိခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနှင့် နေပြည်တော်တို့တွင် အဖမ်းခံရသူဦးရေမှာ ၄၀ နှင့် ၁၀၀ ကြားသာရှိခဲ့ကြောင်း Data for Myanmar ၏ အစီအရင်ခံစာအရ သိရသည်။

M T A

08 Dec, 00:25


"စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ နေထိုင်တဲ့ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ဘေးကင်းလုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ပါတယ်။ ခရီးမသွားမီ မိမိရဲ့ အချက်အလက်လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေ သေချာပြင်ဆင်သင့်ပါတယ်" ဟု Data for Myanmar ၏ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် ၁၉အရ လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူပိုင်ခွင့် ရှိရမည်ဟု ပြဌာန်းထားသော်လည်း စစ်အာဏာရှင်ကြီးစိုးနေသည့် မြန်မာနိုင်ငံတွင် ယင်းအခွင့်အရေးကို ရရှိရန်မှာ ရွှေပြည်တော်မျှော်တိုင်း ဝေးနေဆဲသာဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/FkukR
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

စာတည်း - ကိုဆန်း
#ဖုန်း #ကျီးလန့်စာ #ရန်ကုန်မြို့ #Data_for_Myanmar #စစ်ကောင်စီ #MPA #Nway

M T A

08 Dec, 00:25


တောင်ကိုရီးယားသမ္မတ ယွန်း စွပ်စွဲပြစ်တင်ဖြုတ်ချခံရမှုမှ လွတ်မြောက်

ဆိုးလ်၊ ဒီဇင်ဘာ ၇
News Ambassador

မဲခွဲဆုံးဖြတ်မှုကို အာဏာရပါတီအမတ်များ သပိတ်မှောက်သဖြင့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ဆိုးလ် သည် စွပ်စွဲပြစ်တင်ဖြုတ်ချခံရမှုမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၆ နာရီကြာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်း ကို စွပ်စွဲပြစ်တင်ဖြုတ်ချရန် လွှတ်တော်သို့ အဆိုတင်ခဲ့ရာ အဆိုနှင့်ပတ်သက်၍ ယနေ့ မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် သမ္မတ ၏ မိခင်ပါတီ (အာဏာရပါတီ) အမတ်အများစုက မဲမပေးဘဲ သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအတွက် သမ္မတကို စွပ်စွဲဖြုတ်ချရန်အဆိုမှာ လိုအပ်သည့် မဲအရေအတွက် မရဘဲ ရှုံးနိမ့်ခဲ့သည်။

လွှတ်တော်တွင် အမတ်အရေအတွက် ၃၀၀ ရှိသည့်အနက် အတိုက်အခံပါတီက ၁၉၂ ဉီး သာရှိပြီး အဆိုပါအောင်မြင်ရန် လိုအပ်သော မဲအရေအတွက်မှာ ၂၀၀ ဖြစ်သည်။ ယနေ့ မဲခွဲဆုံးဖြတ်မှုတွင် အာဏာရပါတီဘက်က အမတ် ၃ ဉီးသာ ဆန္ဒမဲပေးခဲ့ပြီး ကျန်လူများအားလုံး သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
သပိတ်မှောက် အမတ်များ၏ People Power ပါတီ ပြောရေးဆိုခွင့်ရှိသူက သမ္မတ ယွန်းအစိုးရသည် ယခုကဲ့သို့ အမှားမျိုး နောက်ထပ်လုပ်မှာမဟုတ်ဟု ဖာထေးပြောဆိုခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

ယနေ့ မဲပေးခြင်းကို သပိတ်မှောက်ခဲ့သော အာဏာရပါတီမှ အမတ်များသည် သမ္မတယွန်း ၏ စစ်အုပ်ချုပ်ရေးအမိန့် အား ရုပ်သိမ်းရန်ကိစ္စတွင်မူ ထောက်ခံခဲ့ကြသည်။

မဲပေးခြင်းအစီအစဉ်ပြုလုပ်နေစဉ် လွှတ်တော်အနီးဝန်းကျင်း၌ တောင်ကိုရီးယားလူထုက သမ္မတယွန်းအား ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်လျက် ရှိခဲ့သည်။

News Ambassador

M T A

07 Dec, 17:25


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

07 Dec, 17:06


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

M T A

07 Dec, 17:05


ဒီဇင်ဘာ ၇ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-စစ်ကောင်စီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေဖြင့် ရဲစခန်းများတည်ဆောက်မည်

-စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို

-ဗန်းမော် အကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားများပါ လွတ်မြောက်

-ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ် အသုံးပြုသည့် သီမြစ်ချောင်းတံတား ဖျက်ဆီးခံရ

-မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို AA သိမ်းပိုက်ပြီး နယ်စပ် တစ်လျောက်လုံးကို ထိန်းချုပ်

-ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထားပြီး မြို့မရဲစခန်းနှင့် ရုံးကြီးကိုသိမ်း၊ စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေ

-ဂွတွင် စစ်ကောင်စီ အင်အား ၁၈၀ကျော်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံ ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ကျော်သေဆုံး ၊ ဧရာ၀တီတိုင်းမှ တပ်ရင်း ၃ ရင်းပါဝင်

-ထိုင်ဝမ်နဲ့ဆက်ဆံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့ တရုတ်သံတမန်ကို ပါရာဂွေးနိုင်ငံ နှင်ထုတ်

-အမ်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုသာတိုက်ရန် ကျန်တော့၍ AA က အပြင်းအထန်ထိုးစစ်ဆင်နေ၊ အမ်းသို့ပို့သည့် တပ်ရင်းမှ စစ်ကောင်စီ တပ်ရင်းတစ်ခုလုံးပြုတ်

-စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးနောက် ရွေးကောက်ပွဲ လုံခြုံရေးကိစ္စ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေး၊ စစ်ကောင်စီရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာတွင်ပြုလုပ်ရန်လျာထား

-မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ထိုင်းတံငါသည် (၄) ဦးလွတ်မြောက်ပြီလို့ ထိုင်း ပြော

M T A

07 Dec, 17:04


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ ဒီဇင်ဘာ ၇ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• စပါးစိုက်ပျိုးပြီး တပ်ရင်းမိသားစုတွေကို PDF က ရိက္ခာထောက်ပံ့
https://www.myaelattathan.org/articles/စပါးစိုက်ပျိုးပြီး_တပ်ရင်းမိသားစုတွေကို_PDFကရိက္ခာထောက်ပံ့

• မင်းတုန်းမြို့နယ်က ရွာသစ်ရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၁၅၀ ကျော်ပျက်စီး
https://www.myaelattathan.org/articles/မင်းတုန်းမြို့နယ်ကရွာသစ်ရွာကို_စစ်တပ်ကမီးရှို့လို့_နေအိမ်၁၅၀ကျော်ပျက်စီး

• UFC အဆင့်သတ်မှတ်ချက်ထဲဝင်အောင် ထိုးသတ်နိုင်မလား စောင့်ကြည့်ရမယ့် ဗန် (အားကစားသတင်း)
https://www.myaelattathan.org/articles/UFCအဆင့်သတ်မှတ်ချက်ထဲဝင်အောင်_ထိုးသတ်နိုင်မလားစောင့်ကြည့်ရမယ့်_ဗန်

• စစ်တပ်လက်နက်ကြီးကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ နတ်တလင်းဒေသခံအမျိုးသမီးတွေကို PDF တွေလို့ သတင်းအမှားဖြန့် (Fact Check)
https://www.myaelattathan.org/articles/စစ်တပ်လက်နက်ကြီးကြောင့်သေဆုံးဒဏ်ရာရတဲ့_နတ်တလင်းဒေသခံအမျိုးသမီးတွေကို_PDFတွေလို့သတင်းအမှားဖြန့်

• ငါန်းဇွန်မှာ လေကြောင်းဗုံးကြဲခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးပြီး နေအိမ်တွေနဲ့ဘုန်းကြီးကျောင်း ပျက်စီး
https://myaelattathan.org/articles/ငါန်းဇွန်မှာလေကြောင်းဗုံးကြဲခံရလို့_ကာကွယ်ရေးအဖွဲ့ဝင်၂ဦးကျဆုံးပြီး_နေအိမ်တွေနဲ့ဘုန်းကြီးကျောင်းပျက်စီး

• တရုတ်ဝယ်လက်မရှိလို့ စဉ့်ကူးက ဖရဲစိုက်တောင်သူတွေ တခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုး
https://www.myaelattathan.org/articles/တရုတ်ဝယ်လက်မရှိလို့_စဉ့်ကူးကဖရဲစိုက်တောင်သူတွေ_တခြားသီးနှံတွေကိုပြောင်းလဲစိုက်ပျိုး

• ရာထူးကနုတ်ထွက်တယ်ကြေညာပြီး စစ်တပ်ကိုလျှို့ဝှက်သတင်းပေးနေတဲ့ရာအိမ်မှူး ပစ်သတ်ခံရ
https://www.myaelattathan.org/articles/ရာထူးကနုတ်ထွက်တယ်ကြေညာပြီး_စစ်တပ်ကိုလျှို့ဝှက်သတင်းပေးနေတဲ့ရာအိမ်မှူး_ပစ်သတ်ခံရ

• ပုလဲပကဖ တိုက်နယ် ၁ ရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)
https://www.myaelattathan.org/articles/ပုလဲပကဖတိုက်နယ်၁ရဲ့_အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

• ဗုံးသီးတွေသယ်လာတဲ့ ရေစကြိုပကဖ ကား ၁ စီးပစ်ခတ်ခံရလို့ ကားရောဗုံးသီးတွေပါဆုံးရှုံး
https://www.myaelattathan.org/articles/ဗုံးသီးတွေသယ်လာတဲ့ရေစကြိုပကဖကား၁စီး_ပစ်ခတ်ခံရလို့_ကားရောဗုံးသီးတွေပါဆုံးရှုံး

• စစ်အုပ်စုစစ်ကြောင်း မိုင်းထိလို့ ၄ ဦးသေဆုံးပြီး အထိုင်စခန်းကိုပါ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုရှိ (ရုပ်/သံ)
https://www.myaelattathan.org/articles/စစ်အုပ်စုစစ်ကြောင်းမိုင်းထိလို့၄ဦးသေဆုံးပြီး_အထိုင်စခန်းကိုပါဒရုန်းနဲ့ဗုံးကြဲခံရလို့_သေဆုံးမှုရှိ

• အုတ်တွင်းမြို့ထဲက ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရ
https://myaelattathan.org/articles/အုတ်တွင်းမြို့ထဲက_ရုံးနေရာ၄ခု_ဒရုန်းနဲ့ဗုံးချခံရပြီး_ရဲ၁ဦးဒဏ်ရာရ

• ရွာအဝင်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား ၁ ဦးခြေကျင်းဝတ်ပြတ်
https://myaelattathan.org/articles/ရွာအဝင်မှာ_မြေမြှုပ်မိုင်းနင်းမိလို့_အမျိုးသား၁ဦးခြေကျင်းဝတ်ပြတ်

• ယင်းမာပင်မြို့က ပြည်သူ ၁ ဦး ထင်းရှာရင်းမိုင်းထိလို့ ခြေချောင်းတွေ ပြတ်တောက်
https://myaelattathan.org/articles/ယင်းမာပင်မြို့က_ပြည်သူ၁ဦးထင်းရှာရင်းမိုင်းထိလို့_ခြေချောင်းတွေပြတ်တောက်

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

07 Dec, 13:53


ပခန်းကြီးရဲစခန်းအနီး PDFကားကို တားသည့် စစ်သားများနှင့် ထိတွေ့မှုဖြစ်၊တစ်ဦးသေဆုံးဟုဆို

7 Dec 2024 By Ko Paing / MPA

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းအနီးတွင် PDFကားကို တားသည့် စစ်သားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးကြောင်း သိရသည်။

ဒီဇင်ဘာခြောက်ရက်၊ နံနက်ခုနှစ်နာရီဝန်းကျင်တွင် ရေစကြိုမြို့နယ်၊ကံသစ်ကျေးရွာမှ ပခန်းကြီးရဲစခန်းသို့သွားသည့် နောက်ချန် စစ်ကြောင်းက ရေစကြို-ပခုက္ကူလမ်းပိုင်း၌ PDF ရဲဘော်များစီးနင်းလာသော ကားကိုတားစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုပကဖ က သတင်းထုတ်ပြန်သည်။

“ဒီရက်ထဲမှာ ပွဲဖြစ်နေတော့ ခဲယမ်းလိုအပ်ချက်ကြောင့် ကျတော်တို့ရဲဘော်တွေက ကျည်လာယူချိန်မှာ စစ်တပ်ရဲ့ နောက်ချန်စစ်ကြောင်းနဲ့ လမ်းအကူးမှာတွေ့တာ။သူတို့က ကားကို တားချိန်အရှိန်လေးလျှော့ပေးပြီး သူတို့သေနတ် အောက်ကိုချချိန်မှာ ကျတော်တို့ရဲဘော်က ပစ်ပြီး မောင်းပြေးတာပါ။ကျတော်တို့ ရဲဘော် နှစ်ယောက်က ကားခေါင်းထဲမှာ။ ကားမောင်းတဲ့တစ် ယောက်က ကျည်ထိသွားတော့ ကားကရပ်သွားတဲ့အချိန်မှာ ဆင်းပြီးတော့ ပြန်ပစ်တာမှာ စစ်သားတစ်ယောက် လဲကျသေသွားတာ” ဟု ရေစကြိုပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထန်ပြောင် က MPAသို့ ပြောသည်။

ယင်းထိတွေ့တိုက်ပွဲတွင် ရေစကြိုပကဖ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်များစီးနင်းလာသည့် ကား တစ်စီး၊Glockအမျိုးအစား ပစ္စတို တစ်လက်၊အီနာဂါ ဗုံးသီး ၄၀ ဝန်းကျင်နှင့်ငွေကျပ်သိန်း ၄၀ကျော် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာတစ်ရက်မှ စတင်ကာ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိရာ ရေစကြိုပကဖနှင့်ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/iLnfB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

ဓာတ်ပုံ - ရေစကြိုပကဖ / ပုံစာ - တိုက်ပွဲဝင် ရေစကြိုပကဖရဲဘော်တစ်ဦး။

စာတည်း - ML
#မကွေး #ရေစကြိုမြို့ #ပခန်းကြီး #ရဲစခန်း #PDF #MPA #Ko_Paing

M T A

07 Dec, 13:52


ရန်ကုန်တိုက်ခန်း အရောင်းအဝယ်ဈေးကွက်တွင် နယ်ဝယ်လက်များနေ

7 Dec 2024 By Bywar Oo / MPA

ယခုနှစ် (၂၀၂၄ခုနှစ်) အတွင်း ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းအများစုကို နယ်မြို့များမှ ပြည်သူများက ဝယ်ယူမှုများပြားနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသအသီးသီးမှ ပြည်သူအများစု စစ်ရှောင်နေရသလို ရန်ကုန်တိုင်းသို့ လာရောက် အခြေချနေထိုင်သူများ များပြားလာခဲ့သည်။

ထိုသို့ စစ်ဘေးရှောင်များထဲမှ ရခိုင်နှင့် ကချင်ဘက်မှ ငွေကြေးတတ်နိုင်သည့် ဒေသခံအများစုသည် နေထိုင်ရန်အတွက်သာ မဟုတ်ဘဲ စီးပွားရေးလုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ တိုက်ခန်းများကို ရွေးချယ်ဝယ်ယူကြ ကြောင်း လိုင်စင်ရ အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်သူ ဒေါ်ဝင်းထက်က ပြောသည်။

“ဒီနှစ်ထဲ ကချင်တို့ ရခိုင်ဘက်တို့က တိုက်ပွဲတွေကြောင့် အဲ့ဒီဘက်က စစ်ဘေးရှောင်တွေ တောက်‌လျောက်ဆင်း လာတာ ၊ ပိုက်ဆံရှိတဲ့သူကတော့ ငွေထုပ်ပိုက်ပြီး ကြိုက်ဈေးပေးဝယ် တော့တာပဲ၊ ဒီနှစ်ထဲအရောင်းအဝယ်က နယ်ကသူတွေကြီးပဲလို့ ပြောရမယ်။ ရန်ကုန်အဝယ်က ရှားတယ်။ အဓိကနေရုံတင်မဟုတ်ဘဲ စီးပွားရှာလို့ ကောင်းမဲ့ အကွက်အကွင်းနေရာကို ဘယ်စျေးဖြစ်ဖြစ် ပေးဝယ်တာ၊ အရင်က သုံးပုံတစ်ပုံတောင် နယ်က ဝယ်လက်မရှိဘူး" ဟု ဒေါ်ဝင်းထက်က ပြောသည်။

ယခုနှစ်စပိုင်းက ရန်ကုန် တိုက်ခန်းအရောင်းအဝယ်စျေးကွက်သည် အေးနေခဲ့ပြီး အငှားစျေးကွက် ကောင်းမွန်ခဲ့သော်လည်း နှစ်လယ်ပိုင်းမှ စတင်၍ သဘာ၀ဘေးနှင့် စစ်ပွဲများကြောင့် နယ်မြို့များမှ ပြည်သူများသည် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်မှုကြောင့် တိုက်ခန်းအရောင်းစျေးကွက် ကောင်းမွန်ခဲ့ခြင်းဖြစ်သည်ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆိုသည်။

ထိုကဲ့သို့ တိုက်ခန်းအရောင်းစျေးကွက်၌ နေထိုင်ရန်အတွက် လှိုင်၊ တောင်ဥက္ကလာနှင့် သာကေတ အစရှိသည့် မြို့နယ်များကို အဓိကထား ဝယ်ယူကြပြီး၊ စီးပွားရေးလုပ်ကိုင်ချင်သူများက စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်များကို အဓိကထားဝယ်ယူကြောင်း အကျိုးဆောင်များထံမှ သိရသည်။

ဝင်းအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ ဈေးကို သိန်းထောင်ချီလည်း ဝယ်ကိုဝယ်တာ၊ ရှိတဲ့သူတွေပေါ့၊ မရှိတဲ့ သူတွေကတော့ ငှားနေကြတာပေါ့၊ အပြီး‌အ‌ခြေချဖို့လည်း ရည်ရွယ်ထားပုံမရှိကြပါဘူး။ ဈေးတွေကတော့ အိမ်ရှင်နဲ့ ပွဲစားတွေရဲ့ ခေါ်ဈေးပေါ့ ကြိုက်ရောင်းကြိုက်ဝယ်၊ ကုန်ဈေးနှုန်း၊ ရွှေဈေး၊ ဒေါ်လာဈေး တွေကို အကြောင်းပြပြီး တိုက်ခန်းစျေးတွေက ဆက်တိုက်တက်နေတာပါ” ဟု ဆိုသည်။

လက်ရှိ ရန်ကုန် မြို့လယ်မှ တိုက်ခန်းစျေးနှုန်းများသည် မြို့နယ်အလိုက် အလွှာ အနိမ့်၊ အမြင့်နှင့် ပြင်ဆင်ထားမှုပေါ် မူတည်၍ အနည်းဆုံး ကျပ် သိန်း ၄၀၀မှ သိန်းထောင်ချီ ပေါက်စျေးဖြစ်ပေါ်လျက်ရှိသည်။

“ကျတော်တို့ဒေသမှာက နေမယ်ဆို နေလို့ရသေးတယ်ဆိုပေမဲ့ လုပ်စားလို့ မကောင်းတော့ဘူး။ မတည်ငြိမ်တော့ အားလုံးက ဒီဘက်ကို ရွှေ့ကြရတာပေါ့၊ အားလုံးကောင်း သွားရင် ပြန်မှာပါ၊ ဟိုမှာက သိပ်ပြီးမရှိတဲ့သူတွေ ကျန်ခဲ့ တာပေါ့၊ လမ်းပေါ်လည်း ထွက်လို့မကောင်းဘူး ဖမ်းတာဆီးတာတွေ လည်းရှိတယ်။ ကုန်ဈေးနှုန်းတွေကလည်း မတရားဘဲ ဘယ်လိုမှ နေထိုင်စား သောက်ဖို့အဆင်မပြေတာ၊ လမ်းကြောင်းတွေကလည်း အားလုံးပိတ်ထားတာ” ဟု ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းသို့ ပြောင်းရွေ့‌လာသူ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သုံးသန်းကျော်ခန့်ရှိပြီး အချို့သော စစ်ဘေးရှောင်များသည် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများသို့ ရွှေ့ပြောင်း၍ အခြေချနေထိုင်မှုများပြုလုပ်လျက်ရှိသည်။

ကိုဗစ်ကာလပြီးသည့်နောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ရွှေစျေး၊ ဒေါ်လာစျေးများ အဆမတန်မြင့်မား လာခြင်းများနှင့်အတူ ကုန်စျေးနှုန်းလည်း မြင့်တက်ခဲ့ပြီး အဆိုပါကိစ္စရပ်များကို အကြောင်းပြပြီး အိမ်၊ ခြံ၊ မြေ နှင့် တိုက်ခန်းစျေးများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/pUrOd
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - MPA (ပုံစာ - ရန်ကုန်မြို့အတွင်းရှိ အဆောက်အအုံများကို တွေ့ရစဉ်)

စာတည်း - ကိုဆန်း
#ရန်ကုန်မြို့ #တိုက်ခန်း #အိမ်ခြံမြေ #MPA #Bywar_Oo

M T A

07 Dec, 13:52


ဗုံးသီးတွေသယ်လာတဲ့ ရေစကြိုပကဖ ကား ၁ စီးပစ်ခတ်ခံရလို့ ကားရောဗုံးသီးတွေပါဆုံးရှုံး

ရေစကြို၊ ဒီဇင်ဘာ ၇၊ ၂၀၂၄။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာအနီးမှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းသယ်လာတဲ့ကား ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့ကနေ့လယ် ၁၀ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဟွန်ဒါအဖြူရောင်ကားနဲ့ တပ်ဖွဲ့အခြေစိုက်စခန်းမှာ သေနတ်နဲ့ ဗုံးသီးတွေသယ်ပြီး ထွက်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ကျနော်တို့ ဌာနကို လက်နက်ခဲယမ်း လာထုတ်တာ၊ ပခန်းကြီးအနားမှာ **စစ်ကြောင်း နောက်ချန်ကင်းနဲ့တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ၊ သေဆုံးမှုတော့မရှိဘူး။ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ကားစက်နှိုးလို့မရတဲ့အတွက် လူတွေသာလွတ်အောင် ဆုတ်ခွာခဲ့ရတာကြောင့် ကားနဲ့ Glock (.38) ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီးအလုံး ၄၀ စုစုပေါင်းကျပ်သိန်း ၂၀၀ တန်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်သားတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးနိုင်တယ်လို့လည်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပုံစာ - သိမ်းဆည်းခံရသည့် ကားနှင့် လက်နက် ခဲယမ်းများ။ (ဓါတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်)

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #ရေစကြို #တိုက်ပွဲ #ကား #ဗုံးသီး

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tittok - https://www.tiktok.com/@myaelatt.athan

M T A

07 Dec, 13:52


အုတ်တွင်းမြို့ထဲက ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရ

အုတ်တွင်း၊ ဒီဇင်ဘာ ၇၊ ၂၀၂၄။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ စျေးပိုင်းရပ်နဲ့ ပဲခူးတန်းရပ်ကွက်ရှိ ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ည ၈ နာရီခန့်ကနေ ၈ နာရီခွဲအတွင်း အုတ်တွင်းမြို့မရဲစခန်း၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးနဲ့ မြို့နယ် NLD ရုံးအနီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

"တလုံးပြီးမှ တလုံးကျတာ။ အချိန်တော့ခြားတယ်။ ရဲစခန်းကိုအရင်ကျတယ်။ ပြီးမှ စီးပွားရေးဘဏ်နားကို ကျတာ။ အဲ့နားတဝိုက်က ရုံးတွေချည်းဘဲ။ "လို့ ဒေသခံတဦးကပြောပါတယ်။

ရဲစခန်းဝင်းအတွင်းကျတဲ့ ဗုံးသီးကြောင့် ကင်းစောင့်နေတဲ့ ရဲတပ်သား ၁ ဦးမှာ ညာဘက်ခြမ်းလက်နဲ့ ခြေထောက်တွေမှာ အစမှန်ဒဏ်ရာရပြီး ဆိုင်ကယ် ၂ စီးနဲ့ ဘန်ကာလည်း အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မြန်မာ့စီးပွားဘဏ်အနီး လူနေအိမ်တခုက ထင်းပုံပေါ်၊ ထွေအုပ်ရုံးအတွင်းက ထန်းပင်ပေါ်နဲ့ NLD ရုံးအနောက်ဘက် ရထားလမ်းအနီး ဒရုန်းဗုံးကျချိန်မှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်နဲ့ထွေအုပ်ရုံးမှာ စစ်ကောင်စီအစောင့်တွေရှိနေပြီး NLD ရုံးဝန်းအတွင်းမှာတော့ ယခင်က စစ်ကောင်စီတပ်သားတွေတပ်စွဲခဲ့ပေမယ့် ထွက်ခွာသွားတာ ၃ လနီးပါးရှိပြီလို့ အထက်ပါ ဒေသခံက ပြောပါတယ်။

အုတ်တွင်းမြို့ထဲမှာ ည ၇ နာရီနောက်ပိုင်း လမ်းသွားလမ်းလာတွေ မရှိသလောက်နည်းပါးတာကြောင့် ဒရုန်းဗုံးကျချိန် ပြည်သူထိခိုက်တာမရှိခဲ့ဘူးလို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

အဲ့ဒီဒရုန်းဗုံးချ တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့တွေဘက်က ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၂၅ ရက်နေ့ညကလည်း အုတ်တွင်းမြို့ပေါ် ရဲစခန်းနဲ့ထွေအုပ်ရုံး ဒရုန်းဗုံးလုံးချတိုက်ခိုက်ခံရပြီး လူထိခိုက်တာမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#ပဲခူး #အုတ်တွင်း #ရဲစခန်း #ဒရုန်း #တိုက်ခိုက်

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tittok - https://www.tiktok.com/@myaelatt.athan

M T A

07 Dec, 13:52


ရွာအဝင်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား ၁ ဦးခြေကျင်းဝတ်ပြတ်

လက်ပံတန်း၊ ဒီဇင်ဘာ ၇၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က ရွာတရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား ၁ ဦး ခြေကျင်းဝတ်ပြတ်သွားတယ်လို့ လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာဟာ ဒီဇင်ဘာ ၅ ရက် မနက်အစောပိုင်း ၁ နာရီလောက်က စစ်ရှောင်တဲ့နေရာကနေ အိမ်ကိုခဏပြန်ချိန် ကျေးရွာအဝင်မှာပဲ မိုင်းနင်းမိတာလို့ ဆိုပါတယ်။

" **တွေထောင်ထားတဲ့မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ခြေကျင်းဝတ်က ပြတ်သွားတယ်။ သူ့အိမ်ကို တိတ်တဆိတ်ပြန်ရင်းဖြစ်သွားတာ" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ကိုအောင်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေထောင်တဲ့မိုင်းတွေဟာ ကိုယ်တိုင်ခွဲမှကွဲတဲ့မိုင်းတွေဖြစ်ပြီး နင်းမိုင်းတွေကို စစ်ကောင်စီတပ်ကသာ အများဆုံးအသုံးပြုကြတာဖြစ်တယ်လို့ သူက ဆက်‌ပြောပါတယ်။

မိုင်းနင်းမိတဲ့ ထန်းပင်ချောင်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ထက်ဝက်ကျော်ဟာ စစ်ရှောင်နေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ည ၉ နာရီလောက်ကလည်း လက်ပံတန်းမြို့နယ် ရေငံရွာက စစ်ရှောင်အသက် ၄၀ နှစ်ဝန်းကျင် ကိုအောင်မောင်း နေအိမ်ခဏပြန်ချိန် ရွာထိပ်အရောက်မှာ စစ်ကောင်စီတပ်က ထောင်တဲ့မိုင်းနင်းမိကာ ခြေထောက်ပြတ်ခဲ့ပြီး ဆေးကုခွင့်ကိုပါ ပိတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

နိုဝင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ် ဥယာဉ်ကြီးအုပ်စု အေးရွာလေးရွာ ဗျူဟာလမ်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်း ၂ လုံးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF ကတွေ့ရှိဖော်ယူခဲ့သလို လက်ကျန်မိုင်း ၂၀ ထက်မနည်းကိုလည်း ဖော်ယူခဲ့ကြပါတယ်။

အဲဒီလဆန်းပိုင်းမှာပဲ ကြို့ပင်ကောက်မြို့နယ် ဂမုန်းဆည်ပေါ်နဲ့ ဆည်အောက်ခြေမှာ စစ်ကောင်စီတပ်ကထောင်တဲ့မြေမြုပ်မိုင်းနင်းမိပြီး ဝိုင်း၊ ကန့်နီနဲ့ ညောင်ပင်အိုင်ရွာတွေက နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ အဲဒီတပ်ခွဲမှူးကိုကရင်လေးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက် ကုန်းသာအုပ်စု၊ လေးအိမ်တန်းရွာက လူငယ်အမျိုးသား ၁ ဦး သူ့ရွာအနီးနွားကျောင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။

အပြည်ပြည်ဆိုင်ရာမြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလူပ်ရှားမှုအဖွဲ့(ICBL)က အခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့်ထိခိုက်သေဆုံးသူ အများဆုံးဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း - ခန့်အောင်၊ စာတည်း - ဈာန်မြင့်

#မြေလတ်အသံ
#ပဲခူး #လက်ပံတန်း #မြေမြှုပ်မိုင်း #စစ်ရှောင် #ခြေကျင်းဝတ်ပြတ်

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tittok - https://www.tiktok.com/@myaelatt.athan

M T A

06 Dec, 17:28


ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
အရေးတော်ပုံမုချအောင်ရမည်။

M T A

06 Dec, 17:25


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

M T A

06 Dec, 17:25


ဖာပွန်ခရိုင်တွင်း စစ်ကောင်စီတပ်စခန်းနှစ်ခု သိမ်းခဲ့ကြောင်း KNU ထုတ်ပြန်
~~~
■ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ဖာပွန် (မူတြော်) ခရိုင်မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းနဲ့ မာထောစခန်းတို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

မထောစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပါင်းတပ်တွေ နိုဝင်ဘာလ ၂၂ ရက်နေ့က သိမ်းယူခဲ့တာလို့ KNU ကထုတ်ပြန်ထားပြီး ကူးဆိပ်စခန်း သိမ်းယူတာနဲ့ ပတ်သက်လို့တော့ အသေးစိတ်ထုတ်ပြန်ထားတာ မရှိပါဘူး။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ကူးဆိပ်စခန်းကို နိုဝင်ဘာလ ၉ ရက်နေ့က သိမ်းယူခဲ့တာလို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲ ၄၃ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၈၈ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအရေအတွက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးသလို အရပ်သားတွေနေထိုင်တဲ့ ရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း မာထောစခန်း သိမ်းပိုက်ခဲ့စဉ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: Karen National Union)

#ဖာပွန် #ကူးဆိပ်စခန်း #မာထောစခန်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

06 Dec, 17:23


ဂွမြို့နယ်က ဒုက္ခသည်တစ်သောင်းကျော် ဆေးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
~~~
■ ရခိုင်ပြည်နယ် ဂွမြို့နားအထိ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၁၃၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့တာဝန်ခံ နိုင်အောင်လင်းက "ဂွမြို့နဲ့ ငါးမိုင်အကွာလောက်ရှိတဲ့ ရွာသစ်ကုန်းတို့ အလယ်ချောင်းတို့ ဒီကျေးရွာတွေအထိ တိုက်ပွဲတွေက ရောက်လာပါပြီ၊ ဂွမြို့နယ်စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်က နေ့စဉ်တိုးလာတယ်၊ စစ်ဘေးရှောင်တိုးလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်" လို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး စခန်းပြင်ပနဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ တဲထိုးပြီးနေကြသူ တစ်သောင်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ ဂိတ်စခန်းတွေက စစ်ဘေးတိမ်းရှောင်နေသူတွေကို အသွားအလာကန့်သတ်ထားတာနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ သယ်ယူခွင့်တွေ တားမြစ်ထားတယ်လို့လည်း ပြောပါတယ်။

ဂွမြို့ပေါ်က ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက ရန်ကုန်၊ ဧရာဝတီစတဲ့ ပြည်မဘက်ကို ထွက်ပြေးကြသလို လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးနေကြသူတွေလည်း ရှိနေပါတယ်။

ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ဖို့ကြိုးစားနေသလို စစ်ကောင်စီတပ်ကလည်း မြို့ကို လက်မလွှတ်ရရေးအတွက် စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခံစစ်အခိုင်အမာပြင်နေတယ်လို့ ဂွမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းငါးသောင်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
____
ရခိုင်ပြည်နယ် ဂွမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ - စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ဂွမြို့နယ်)

#ရခိုင် #ဂွ #စစ်ဘေးဒုက္ခသည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

06 Dec, 17:23


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ ဒီဇင်ဘာ ၆ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• ရာသီဥတုဒဏ်ကြောင့် မြိုင်မြို့နယ်မှာ စပါးရိတ်သိမ်းချိန်နောက်ကျပြီး တောင်သူတွေ အရှုံးပေါ်နိုင်
https://www.myaelattathan.org/articles/ရာသီဥတုဒဏ်ကြောင့်_မြိုင်မြို့နယ်မှာစပါးရိတ်သိမ်းချိန်နောက်ကျပြီး_တောင်သူတွေအရှုံးပေါ်နိုင်

• ကလေးမြို့မှာ နေ့ခင်းပိုင်း တနေကုန် မီးဖြတ်
https://www.myaelattathan.org/articles/ကလေးမြို့မှာ_နေ့ခင်းပိုင်း_တနေကုန်မီးဖြတ်

• ပျူစောထီးမင်းမင်းကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ငြိလို့ ကျူးလွန်တဲ့ ရဲဘော် ၄ ဦးကို ထောင် ၁ နှစ်စီချ
https://www.myaelattathan.org/articles/ပျူစောထီးမင်းမင်းကိုသတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ_နိုင်ငံတကာဥပဒေတွေနဲ့ငြိလို့_ကျူးလွန်တဲ့ရဲဘော်၄ဦးကို_ထောင်၁နှစ်စီချ

• တိုက်ပွဲအတွင်း စစ်တပ်ပစ်တဲ့လက်နက်ကြီး PDF စုရပ်ကိုကျရောက်ပေါက်ကွဲလို့ ၁ ဦးကျဆုံး ၅ ဦးဒဏ်ရာရ
https://www.myaelattathan.org/articles/တိုက်ပွဲအတွင်း_စစ်တပ်ပစ်တဲ့လက်နက်ကြီး_PDFစုရပ်ကိုကျရောက်ပေါက်ကွဲလို့_၁ဦးကျဆုံး၅ဦးဒဏ်ရာရ

• ရေတာရှည်မှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ
https://www.myaelattathan.org/articles/ရေတာရှည်မှာ_တရက်တည်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး_နှစ်ဖက်ထိခိုက်မှုရှိ

• မြင်းခြံမြို့အထွက်မှာ စစ်သားနဲ့ပျုတွေပါတဲ့ကား မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး
https://www.myaelattathan.org/articles/မြင်းခြံမြို့အထွက်မှာ_စစ်သားနဲ့ပျုတွေပါတဲ့ကား_မိုင်းဆွဲခံရလို့၂ဦးသေဆုံး

• ကျောက်ထုအမြောက်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ရွာထဲကျလို့ ကလေးငယ် ၃ ဦး ဒဏ်ရာရ
https://www.myaelattathan.org/articles/ကျောက်ထုအမြောက်တပ်ကပစ်လိုက်တဲ့_လက်နက်ကြီးကျည်ရွာထဲကျလို့_ကလေးငယ်၃ဦး_ဒဏ်ရာရ

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

06 Dec, 17:22


ဒီဇင်ဘာ ၆ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-ဖျာပုံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ လစဉ်ငွေတောင်းယူမှုများပြုလုပ်နေ၍ ဒေသခံများ အခက်တွေ့

-ဓနုဖြူမြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို မကွေးတိုင်းသို့ပို့ဆောင်

-အခြေခံစားသောက်ကုန်အပါအဝင် အသားနှင့်ငါးကုန်ဈေးနှုန်းကြီးမြင့်လာသဖြင့် အမြတ်နည်းနည်းဖြင့်သာတင်ရောင်းရန် စစ်ခေါင်းဆောင်ပြော

-ဘားအံတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်၍ ၄ နှစ်အရွယ်ကလေးငယ်သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

-ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကြောင့် အမေရိကန်ကုမ္ပဏီ ၁၃ ခုနဲ့ လူပုဂ္ဂိုလ်တွေကို တရုတ် ဒဏ်ခတ်ပိတ်ဆို့

ထိုင်းနိုင်ငံမှာပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာ့အရေးကို အာဆီယံဝန်ကြီးတွေ ဆွေးနွေးမယ်

-သမ္မတ ယွန်ဆတ်ခ်ယိုအား ချက်ချင်း ရာထူးမှထုတ်ပယ်ဖို့ တောင်ကိုရီးယား အာဏာရပါတီ အကြီးအကဲ တောင်းဆို

M T A

06 Dec, 13:05


ဖရဲနဲ့ တခြားသီးနှံတွေ တာလောမှာ ဈေးမရ၊ ငွေပေါ်ဖို့ အနိမ့်ဈေးနဲ့သာ ရောင်းနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆

ရှမ်းအရှေ့၊ မိုင်လားနဲ့ ရှမ်းမြောက်က ဖရဲနဲ့ တခြားသီးနှံတွေ တရုတ်နိုင်ငံ တာလော့ သီးနှံစျေးကွက်မှာ စျေးမရလို့ ငွေပေါ်အနေနဲ့ ဈေးအနိမ့်နဲ့သာ ရောင်းချနေကြရတယ်လို့ ဖရဲစျေးကွက်က သိရပါတယ်။

အရင်ကဒီလို ဖရဲရာသီဖြစ်တဲ့ ဒီဇင်ဘာလဟာ ဖရဲတွေ စျေးကောင်းရနေပေမယ့် ခုချိန်မှာတော့ အမြတ်ထက် ငွေပေါ်ရောင်းချနိုင်ဖို့သာ သယ်ဆောင်ရောင်းချနေရတာလို့ ဖရဲပွဲရုံတွေက ပြောပါတယ်။

“ ဂိတ်တွေကပိတ်၊ ဟိုဘက် ဒီဘက်က မငြိမ်တော့ တရုတ်ဘက်ကလည်း အဝယ်မများ၊ ဒီဘက်ကလည်း အရှုံးများတော့ အရမ်းမတင်ရဲနဲ့ စျေးကွက်လှုပ်နေတယ်ဆိုတဲ့ အနေအထားပဲဖြစ်နေတာ” လို့ မူဆယ်အခြေစိုက် ဖရဲပွဲရုံတစ်ခုက မဲခေါင်ကိုပြောပါတယ်။

သစ်သီးပွဲရုံတာဝန်ရှိသူတစ်ဦးက “မနေ့ က(ဒီဇင်ဘာ၅) တာလော့ဖရဲဈေးကွက်မှာ ဖရဲ တစ်တန်ကို ယွမ်၂၅၀၀ ရှိတယ်၊ တာလော့အရောက် ကုန်ကျစရိတ်စုစုပေါင်းက တစ်တန်ကိုယွမ် ၂၅၀၀ကနေ၂၆၀၀အထိကျပါတယ်၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကတော့ အဆိုးဆုံးအခြေအနေမှာ ဆိုက်နေတာပါ၊ ဖရဲပို့ကုန်ကတော့ အောက်မှာထားလဲရှုံး ပို့လာရင်လဲရှုံးဖြစ်နေတာ”လို့ ပြောပါတယ်။

၁၇တန်တင်ကားတစ်စီးစာ စိုက်ခင်းကုန်ကျငွေ ကျပ်သိန်း၁၀၀၊ ကားတင်အလုပ်သမားခ ကားတစ်စီးအတွက် ကျပ်၁၀သိန်း၊ ဘေးကာကကျပ် ၁၀သိန်း၊ ကားခက ပျမ်းမျှ ကျပ် သိန်း၇၀ ကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။

ဂျူတီဆောင်ခအနေနဲ့ (ပို့ကုန်ရငွေ ၂၅ ဒသမ ၇၅) ၁၀၀ရာခိုင်နှုန်းဆောင်ရပါက ကျပ်ကိုးသိန်းခန့်၊ မိုင်လားဒေသအခွန် ဒီဇင်ဘာ၄ရက် ငွေစျေး ၆၂၅ယွမ်နဲ့၁၄၄၀ယွမ်၊ FormEနဲ့ ပိုးမွှားစစ်ဆေးခ ၁၂၀၀၀၀ကျပ်၊ တရုတ်နိုင်ငံတာလော့ဘက်မှာ ဂျူတီ၊ ကွင်းကြေးစတာက ယွမ်၄၀၀၀၊ ဖရဲသီး အလေအလွင့်အပုပ်၊ အလျော့ ၁၅ရာခိုင်နှုန်းရှိနေလို့ လက်ရှိဖရဲစျေးကွက်ရဲ့ ပကတိအခြေအနမှန် ကုန်ကျစရိတ်အရ အရှုံးများလို့ ငွေပေါ်သာ ရောင်းနေကြရတာလို့ သိရပါတယ်။

“ ဒါတောင်မှ လမ်းကြာလို့ ပျက်စီးရင် အပုပ်အလျော့က ၃တန်ကနေ ၁၅ တန်အထိရှိတယ်”လို့ ဖရဲကုန်သည် တစ်ဦးက ပြောပါတယ်။

တောင်ကြီး- ကျိုင်းတုံ- မိုင်းလားလမ်းကလာတဲ့ ဖရဲကားတွေ မရှိသလောက်ဖြစ်နေပေမယ့် လတ်တလော ရှမ်းမြောက်က ဖရဲကားတွေကတော့ ကွတ်ခိုင်က MNDAA ရုံးမှာ ထောက်ခံချက်ယူပြီး သိန္နီ-ကွမ်းလုံ-နမ့်တစ်ကနေ ပန်ဆန်းလမ်းကြောင်းအတိုင်း လာနေတယ်လို့ သိရပါတယ်။

“ ဗမာဆိုစစ်တော့ ရှမ်းလို ပြောသွားရတယ်၊ ဒီလမ်းက တိုင်းရင်းသားမှအဆင်ပြေမယ်၊ အရင်ကထက် ပိုကုန် ပိုခက်ပေမယ့် မတတ်နိုင်ဘူးလေ၊ ဒီလိုပဲလုပ်စားရတာကိုး” လို့ မူဆယ်ဘက်က ဖရဲကုန်သည်တစ်ဦးက ပြောပါတယ်။

အရင်က ဖရဲနဲ့ သစ်သီးဝလံကားတွေ ရာသီချိန်ကာလမှာ ကားစီးရေ ထောင်ချီရှိနေပေမယ့် ဒီကနေ့ ဖရဲကွင်းမှာတော့ ကားစီးရေဆယ်ဂဏန်းတောင် မရှိဘူးလို့ သိရပါတယ်။

MK-012
#MekongNews
#တာလေဈေးကွက်
#ဖရဲသီး
#တခြားသီးနှံ
#ဈေးမရ
#အနိမ့်ဈေးနဲ့ရောင်း

M T A

06 Dec, 13:04


လောက်ကိုင်မှာ အမျိုးသမီးတစ်ဦး အပါအဝင် ခြောက်ဦးကို MNDAA က သေဒဏ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၆

လားရှိုးအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ငါးဦးကို လောက်ကိုင်မှာ မနေ့က(ဒီဇင်ဘာ၅)သေဒဏ်ပေးခဲ့တယ်လို့ ကိုးကန့်သတင်း အေဂျင်စီက ဒီနေ့(ဒီဇင်ဘာ၆)မှာ ထုတ်ပြန်ပါတယ်။

လောက်ကိုင်အပါအဝင် အထူးအုပ်ချုပ်ရေးဒေသ၁မှာ ပြန်ပေးဆွဲ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တယ်လို့ သံသယရှိသူ ၁၄ ဦးကို ဥပဒေနဲ့အညီ ဖမ်းဆီးခဲ့ပြီး စီရင်ချက်ချတဲ့ ညီလာခံကို လောက်ကိုင်မြို့တစ်နေရာမှာ မနေ့က မနက်၈နာရီမှာ ကျင်းပခဲ့ပြီး အဲ့ဒီအထဲက ခြောက်ဦးကို သေဒဏ်ချမှတ်ကာ ချက်ခြင်းကွပ်မျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MNDAA ရဲ့ ပြန်ကြားရေးနဲ့နီးစပ်သူတစ်ဦးက “မိန်းခလေးတစ်ဦး၊ ယောက်ျားလေးငါးဦးပါ၊ ပစ်သတ်တာတော့ မှတ်တမ်းတော့ရှိမှာ ထုတ်မပြဘူးဗျ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

သေဒဏ်စီရင်ခြင်းခံရတဲ့ အမျိုးသမီးဖြစ်သူ အသက် ၂၆နှစ်ဟာ ယောကျ်ားဖြစ်သူကို သတ်ပစ်ခဲ့လို့ သေဒဏ်ပေးခံရတာလို့ သိရပါတယ်။

အဲ့ဒီခြောက်ဦးကို သေဒဏ်ချမှတ်အပြီး ချက်ချင်းကွပ်မျက်ရေးကွင်းကို ခေါ်ဆောင်ကာ ကွပ်မျက်ခဲ့ပြီး မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ သေနတ်များဝှက်ထားပြီး လုယက်မှု ကျူးလွန်ရန်ကြံစည်တဲ့ သံသယရှိသူတွေကို လမ်းတွေပေါ်မှာ အများပြည်သူကို ပြသခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကိုMNDAA တပ်ဖွဲ့ဝင်တွေ၊ ဒေသန္တရအုပ်ချုပ်မှုအဖွဲ့ကိုယ်စားလှယ်တွေ၊ လူထုကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ အပါအဝင် လူတစ်ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

MNDAA ဟာပြီးခဲ့တဲ့ ဧပြီလ၂၅ရက်ကလည်း လောက်ကိုင်မှာ ပြစ်မှုကျူးလွန်သူ လေးယောက်ကိုလူထုရှေ့မှာ သေဒဏ် ချမှတ်ခဲ့ပါသေးတယ်။

MK-012
#MekongNews
#အမျိုးသမီးတစ်ဦး
#အမျိုးသားငါးဦး
#MNDAA
#သေဒဏ်ပေး

M T A

06 Dec, 13:04


မိုင်းပန်မှာ စစ်ကောင်စီက တင့်ကားတွေနဲ့ အင်အားပြနေ

RCSS နဲ့ တိုက်ပွဲဖြစ်မှာ ဒေသခံတွေ စိုးရိမ်

မဲခေါင်၊ ဒီဇင်ဘာ ၆

ရှမ်းတောင် မိုင်းပန်မှာ စစ်ကောင်စီက သံချပ်ကာ ကားတွေနဲ့ အင်အားပြလှုပ်ရှားရာမှာ RCSSရဲ့ ဆက်ဆံရေးရုံး ပိတ်နေတာကြောင့် RCSSဘက်က အခြေအနေ တင်းမာလာနေတယ်လို့ ဒေသခံတွေယူဆကာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

မနေ့က (ဒီဇင်ဘာ၅) မိုင်းပန်က စကခ(၁၇)မှူး ကိုယ်တိုင် ကြီးကြပ်တဲ့ သံချပ်ကာ သုံးစီးနဲ့ စစ်အင်အား ၆၀ ခန့်ဟာ အင်အားပြတဲ့အနေနဲ့ မြို့ပေါ်၊ နောင်ဝိုးနဲ့ နားမွန်ကျေးရွာ အုပ်စုတွေဘက်မှာ လှုပ်ရှားခဲ့ပြီး လက်ရှိအချိန်အထိ အသင့်အနေအထားရှိနေခဲ့လို့ မြို့လူထုတွေ စိုးရိမ်တာလို့ သိရပါတယ်။

“ မနက်က ဗိုလ်မှူးစိုင်စင်ဆီသွားတာ ရှမ်းဆက်ဆံရေးရုံး မီးမထွန်းဘဲပိတ်ထားပြီး လူမရှိဘူး၊ မြို့ထဲလဲစစ်တပ်က တင့်ကားနဲ့ စကခမှူးကိုယ်တိုင်ပါတော့ အင်အားပြခြိမ်းခြောက်တာလို့ မြင်ပြီး လူထုက တိုက်ပွဲဖြစ်လာမှာကို ကြောက်ကြတာ” လို့မိုင်းပန်ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းနှစ်သစ်ကူးနေ့ ဒီဇင်ဘာ ၁ ရက်ကမိုင်းပန်တောင်ဘက် မိုင်၂၀ခန့် ဝေးတဲ့နားမွန်အုပ်စုမှာ ဒေသခံ ရှမ်းလူထုနဲ့အတူ RCSS ဥက္ကဌ ကိုယ်တိုင် နှစ်သစ်ကူးပွဲပြုလုပ်ခဲ့တဲ့အပေါ်ပြန်ပြီး အင်အားပြတာလို့ သူကပြောပါတယ်။

အခြားဒေသခံတစ်ဦးကတော့ “မြောက်ပိုင်းမှာ ငြိမ်နေလို့RCSSဘက်ကို လှည့်လာတာလို့မြင်တယ်၊ ပြီးတော့ လူထုနဲ့ RCSSနဲ့စည်းရုံးတာကိုလည်း မကြိုက်တာပါမယ်” လို့ ပြောပါတယ်။

လက်ရှိ မိုင်းပန်က စစ်ကောင်စီ တပ်တွေမှာ အင်အားနည်းပါးနေလို့ ကားနဲ့ ညပိုင်းကင်းလှည့်တာလုပ်နေသလို ခုလို တင့်ကားပတ်ပြနေတာလို့ လူထုက ယူဆကြပါတယ်။

မိုင်းပန်မြို့က ပြည်သူ့စစ်မှုထမ်း ကောက်ယူမှုမှာလည်း ပထမအကြိမ်သာ ၁၅သိန်းနဲ့ လူငှားထည့်ကြပြီး နောက်ပိုင်း ရှိသမျှလူငယ်တွေ RCSS ထဲ ဝင်ကုန်လို့လူမရဘူးဆိုပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ထွေအုပ်ကိုပြောပြီး ဆက်လက်ကောက်ခံတာမရှိဘူးလို့ သိရပါတယ်။

“ခုလို တင်းမာလာတာ အထက်ပိုင်းတွေ မဆွေးနွေးရင်တော့ ပေါက်ကွဲမှုဖြစ်ရင် မြို့ကြေမှာ၊ လူထုကတော့ ငြိမ်းချမ်းစေချင်တာပေါ့၊ ခုကထိုင်းနယ်စပ် ဟိုမိန်းဘက်က အရင်ရှမ်းကုန်းတွေ ဝတွေ ယူထားတဲ့ကိစ္စလဲပါသလို ပင်းတယဘက်ကိစ္စလဲဖြစ်လာနေတော့လေ” လို့အခြားဒေသခံတစ်ဦးက ပြောပါတယ်။

အတည်မပြုနိုင်တဲ့သတင်းအရ ဒီဇင်ဘာလ၂ ရက်က ပင်းတယမြို့ အရှေ့ဘက် နတ်အင်းကျေးရွာမှာ စစ်ကောင်စီနဲ့ RCSS တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မိုင်းပန်အခြေအနေနဲ့ပတ်သက်ပြီး RCSSက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို မဲခေါင်သတင်းဌာနအနေနဲ့ RCSS ပြောရေးဆိုခွင့်ရှိသူတွေထံ ကြိုးပမ်းဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

မိုင်းပန်နဲ့လင်းခေးဟာ RCSSရဲ့ စစ်အုပ်ချုပ်ရေးဒေသအမှတ် (၁၀၁)ရဲ့ နယ်မြေ(၁)ဖြစ်တယ်လို့ သိရပြီး မိုင်းပန်မြို့နယ်ထဲက ဟိုမိန်းမြို့ရဲ့ ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းမှာ RCSS ဌာနချုပ် တည်ရှိနေတာ ဖြစ်ပါတယ်။

MK-012
#MekongNews
#မိုင်းပန်
#စစ်ကောင်စီ
#တင့်ကား
#အင်အားပြ
#RCSS

M T A

06 Dec, 13:04


မြန်မာ့အရေးဖြေရှင်းရာမှာ မျှမျှတတ ဆက်ဆံဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်း

ကိုသူ/MFP ၊ ဒီဇင်ဘာ-၆

အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ "မျှတသော ဆက်ဆံခြင်း " အခြေခံမူ ထားရှိဖို့ လိုအပ်တယ်လို့ အ ရပ်ဘက်အဖွဲ့အစည်းလေးခုက ဒီဇင်ဘာလ ၅ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာအရေး ဖြေရှင်းရာမှာ တော်လှန်ရေးအင်အားစုတွေကို တရားမဝင် တွေ့ဆုံပြီး၊ စစ်အုပ်စု ကို တရားဝင်ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးနေတဲ့လုပ်ရပ်ဟာလုံးဝ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တာကြောင့် "မျှတသော ဆက်ဆံခြင်း" အခြေခံမူထားရှိဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းလေးခုက အခုလို တိုက်တွန်းတောင်းဆို လိုက်တာဖြစ်ပါတယ်။

အဲဒီတိုက်တွန်းတောင်းဆိုမှုကို India For Myanmar ၊ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ (BMC)၊ လူမျိုးပေါင်းစုံ မျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN)နဲ့ မြန်မာ့ဒီမိုကရေစီကာကွယ်ရေး (Defend Myanmar Democracy-DMD) အဖွဲ့ တွေက ထုတ်ပြန်တောင်ဆိုလိုက်တာဖြစ်ပါတယ်။

"အဓိက အိန္ဒိယအစိုးရ အနေနဲ့ဆိုရင် အကောင်းဆုံးပြင်ဆင်မှု လုပ်ပြီးတော့၊ ဘက်ပေါင်းစုံ လေ့လာမှု အရင်လုပ်ပြီး တော့မှ စနစ်တကျလေးနဲ့ မျှမျှတတလေးနဲ့ ဘက်ပေါင်းစုံ ချဉ်းကပ်တဲ့ဟာမျိုး လုပ်သင့်တာပေါ့နော်။ အဓိက အား ဖြင့်တော့ ကျနော်တို့က အခုချိန်မှာ မြန်မာ့ အရေး ဆောင်ရွက်တဲ့ အချိန်မှာ ဘက်ပေါင်းစုံနဲ့ချဉ်းကပ်ရမယ်။ ဘက် ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံ ရမယ်ဆိုတာကို အတိုင်းအတာတစ်ခုထိ ကျနော်တို့ အသိအမှတ်ပြုတယ်။ ဘာဖြစ် လို့ လဲဆိုတော့မြန်မာ့ အရေးမှာ ဟိုဘက်၊ဒီဘက်က ပြည်တွင်းမှာဆိုရင် စစ်ရေးအရအနိုင်ယူဖို့ လောက်ပဲ ပြင်ဆင်မှု ရှိ နေသေးတဲ့အခါကျတော့ ဒီအချိန်မှာ နိုင်ငံတကာ အနေနဲ့ နောက်ကွယ်ကနေ တစ်ဆင့်ခံစစ်ပွဲ အပြိုင်အဆိုင်လုပ် ကြတာမျိုးတွေ ၊ မြန်မာ့အရေးကို အပြိုင်အဆိုင် မီးမွှေးပြီးတော့မှ လုပ်ကြတာတဲ့ဟာမျိုးဆိုတာထက်၊ အဓိကအား ဖြင့် စနစ်တကျ ချဉ်းကပ်ပြီးတော့မှ အိန္ဒိယ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ ပေါ်မှာ တရုတ်ကလည်း ပူးပေါင်း၊ အနောက်နိုင်ငံကလည်း ပူးပေါင်း ၊နိုင်ငံတကာအားလုံးကလည်း ပူးပေါင်း နိုင်တဲ့ ချဉ်းကပ်လက်ခံနိုင်တဲ့ လမ်းကြောင်း ဖြစ်ဖို့လိုတယ်။ အခုဟာကအိန္ဒိယ ချဉ်းကပ်ပုံကလည်း တခြားနိုင်ငံရဲ့ ချဉ်းကပ်ပုံလို အားနည်းချက် ရှိနေတဲ့ အခါကျတော့ တရုတ်ဘက်ကလည်း ကောင်တာပုံစံမျိုးနဲ့ တရုတ်လုပ်တဲ့ ငြိမ်းချမ်းရေးကို ကောင်တာ လုပ် တယ်လို့ စွပ်စွဲခံရတဲ့ဟာတွေက ခံရ။ အနောက်နိုင်ငံတွေက ကောင်တာလုပ်တယ်ဆိုတဲ့ ပုံစံမျိုးမြင်ကြတယ်။ ဒါတွေ က တစ်ဆင့်ခံစစ်ပွဲကိုယူဆောင်လာပေးမယ့် ပုံစံမျိုးကြီး ဖြစ်နေတယ်။ ဆိုတော့ ဒါမျိုး ကျနော်တို့ မဖြစ်စေချင်ပါ ဘူး။ အဓိကအိန္ဒိယ အနေနဲ့ပွင့်ပွင့်လင်းလင်းနဲ့ ညှိနိုင်းလုပ်ငန်းစဉ် ချမှတ်ပြီးတော့မှ ဒီအပေါ်မှာ ပြည်တွင်းမှာ ပါဝင် သင့်ပါဝင်ထိုက်သူတွေကို အားလုံးပါဝင်ပြီးတော့ အနောက် နိုင်ငံတွေကလည်း အိန္ဒိယ အဆိုပြုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျိုးမှာ ပူးပေါင်းလာနိုင်တဲ့အတွက် ငြိမ်းချမ်းရေး ယူဆောင်ပေးနိုင်တဲ့ ဟာ မျိုး ကျနော်တို့ လိုချင်တယ်" လို့ မြန်မာ့အရေးဖြေရှင်းရာမှာ "မျှတသော ဆက်ဆံခြင်း " အခြေခံ မူထားရှိဖို့ အိန္ဒိယအစိုးရကိုတိုက်တွန်း ရတာနဲ့ ပတ်သက်ပြီး India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်တွင်းပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် ဆောင်ရွက်ရာမှာ စစ်အုပ်စုကို တရားဝင်ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးသလို တော်လှန်ရေးအင်အားစုတွေကိုလည်း တရားဝင် ဖိတ်ခေါ် တွေ့ဆုံပြီး "မျှတသော ဆက်ဆံခြင်း "အခြေခံမူထားရှိကာ ငြိမ်းချမ်းရေး ရလဒ်ကောင်းတွေ ထွက်ပေါ်လာတဲ့အထိ ဦးဆောင်ကူညီပေးသင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆိုပါတယ်။

"အဓိက အိန္ဒိယ အနေနဲ့ စကစ (စစ်အုပ်စု) ကို ဒီမိုကရေစီနိုင်ငံအနေနဲ့ ဆက်ဆံနေတဲ့အပေါ် ကျနော်တို့ တောက် လျှောက်ကန့်ကွက်ခဲ့တယ်။ အိန္ဒိယအနေနဲ့ ရပ်တည်ချက်မှားတယ်။ မြန်မာ့အရေးမှာ အိန္ဒိယက ဗဟိုကျကျနဲ့ အ ကောင်းဆုံးဖြေရှင်းနိုင်မယ့်သူ ဖြစ်တယ်။ နောက်ပြီး မြန်မာ့နိုင်ငံရေး ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေ လိုလားတဲ့ နိုင် ငံရေးရည်မှန်းချက် ထွက်ပေါ်လာနိုင်ပြီးတော့ အိန္ဒိယက အရေးပါဆုံး ဖြစ်တယ် ဆိုပြီးတော့ ကျနော်တို့ အမြဲတမ်း အကြံပြုချက်တွေ ရေးတယ်။ အမြဲတမ်း ကန့်ကွက်ဆန္ဒပြချက်တွေ လုပ်တယ်။ အခုကတော့ မူဝါဒ အပြောင်းအလဲ တွေ လုပ်လာတဲ့အပေါ်မှာ ကြိုဆိုတယ်။ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ ရေရှည် အကျိုးစီးပွား ထိခိုက်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ ဒါက မလိုလားတဲ့ မှားယွင်းတဲ့ ဟာ ဖြစ်တယ်ဆိုတာ ထောက်ပြတာဖြစ်တယ်" လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင် တပ်ဖွဲ့စတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

M T A

06 Dec, 13:04


အလားတူ ဒီဇင်ဘာလ ၅ ရက်မှာ စစ်အုပ်စုခန့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့ မြန်မာနိုင်ငံ အိန္ဒိယ သံ အမတ်ကြီး (H.E.Mr.Abhay Thakur တို့ နေပြည်တော်မှာတွေဆုံပြီး မြန်မာနိုင်ငံနဲ့အိန္ဒိယ နှစ်နိုင်ငံကြား နားလည်မှု စာချွှန်လွှာ(MOU)အရ ရခိုင်ပြည်နယ်အတွင်း ဖွံ ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#Mandalay_Free_Press_MFP

M T A

06 Dec, 13:04


ငါန်းဇွန်နယ် သားကျင်ကျေးရွာကို စစ်အုပ်စု ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်လို့ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး၊

နေအိမ် ခြောက်လုံး မီးလောင်ပြီး ၁၅ လုံး ထိခိုက်ပျက်စီးသွား၊

ငါန်းဇွန်နယ်မှာ စစ်အုပ်စု လေကြောင်း ဗုံးကြဲမှုကြောင့် လေးလအတွင်း တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ဒေသခံ ၂၀ ဦး ထိသေဆုံးခဲ့၊

MN/MFP ၊ ဒီဇင်ဘာ - ၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို စစ်အုပ်စု လေကြောင်း ကနေ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ဒေသခံ နှစ်ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ငါန်းဇွန်နယ် အနောက်ခြမ်းရှိ သားကျင်ကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းကို စစ်အုပ်စုက Y-12 အမျိုးအစား ဘက်စုံသုံးလေယာဉ်နဲ့ ဒီဇင်ဘာလ ၅ ရက် မနေ့က ညပိုင်းမှာ ဗုံးအလုံးရေ ၂၅ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လေယာဉ်နဲ့ ဗုံးကြဲတဲ့ အကြိမ်ရေက ငါးကြိမ်ကြဲတယ်။ ဗုံးအလုံးရေကတော့ ၂၅ လုံးကျော်လောက်တော့ ရှိမယ်ဗျ။ ထိခိုက်သေဆုံးတာကတော့ ရဲဘော် နှစ်ဦး ကျသွားပါတယ်။ ဒေသခံကတော့ နှစ်ဦးပေါ့။ ထိခိုက် ဒဏ်ရာရသွားပါ တယ်။ ရွာထဲက နေအိမ် ခြောက်လုံး မီးလောင်သွားပြီးတော့ ၁၅ လုံးကတော့ ထိခိုက်ပျက်စီးသွားပါတယ်ဗျ။ မနေ့ ညတုန်းက ကျနော်တို့ကိုယ်တိုင် မီးလောင်တဲ့ နေအိမ်တွေကို ဝိုင်းပြီးတော့ မီးငြှိမ်းပေးခဲ့သေးတယ်”လို့ ငါန်းဇွန် နယ် ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

သားကျင်ရွာကို စစ်အုပ်စုကေ လေကြောင်းအသုံးပြု ဗုံးကြဲပစ်ခတ်မှုအတွင်း PDF ရဲဘော် နှစ်ဦးကျဆုံးပြီး ဒေသ ခံနှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို လယ်ယာသုံးနွားတွေလည်း ထိခိုက်ဒဏ်ရာရ သေ ဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ကာကွယ်ရေး ရဲဘော်နှစ်ဦးဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော် အရွယ် တွေဖြစ်ပြီး နာရေးအခမ်းအနား လုပ်ဆောင်ပြီးသွားပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ငါန်းဇွန်နယ် အနောက်ခြမ်းက သားကျင်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာက အခု တစ်ကြိမ်တည်းမဟုတ်ဘဲ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက် ညပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲချပြီး စက် သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ သလို နေအိမ် သုံးလုံးလည်း ပျက်စီးခဲ့ပါသေးတယ်။

ငါန်းဇွန်နယ် အနောက်ခြမ်းကို စစ်အုပ်စုက တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲပစ်ခတ်မှုတွေ မကြာခဏ လုပ် ဆောင်နေတာကြောင့် ဒေသခံ ပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေတာဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်ကလည်း မြေတိုင်းရွာ (ခ) ဆင်ဖြူကုန်းကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက် ခဲ့တာ ကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးထိ ခိုက် ဒဏ်ရာရခဲ့တယ်လို့ မြေတိုင်းရွာ ဒေသခံတွေက ဆိုပါတယ်။

ငါန်းဇွန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး MFP က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ဩဂုတ်လကနေ အခု ဒီဇင်ဘာလ ၅ ရက်ထိ တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ဒေသခံ အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

#Mandalay_Free_Press_MFP

M T A

06 Dec, 13:03


ထီးလင်းမြို့တွင်း စစ်ရေး ပြင်းထန်လာတော့မှာမို့ ပြည်သူတွေ မြို့ကိုကြိုတင်စွန့်ခွာဖို့ ပအဖ နောက်ဆုံး သတိပေး ထုတ်ပြန်

လက်ရှိ မြို့ကို စွန့်ခွာလာတဲ့ အိမ်ထောင်စု ၁၀ စုခန့်အတွက် နေထိုင်ရေးနဲ့ စားဝတ်နေရေးစီးစဉ်ပေးထားဟုဆို

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၆

မကွေးတိုင်း ထီးလင်းမြို့အတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာတော့မှာမို့ ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီး မြို့ကိုစွန့်ခွာဖို့ အသိပေးတိုက်ထွန်းထားတယ်လို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က (ထီးလင်း-ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထီးလင်းမြို့အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာမှာဖြစ်တဲ့အတွက် သတ်မှန်ရက်အတွင်းမှာ ဒေသခံပြည်သူ တွေမြို့ကို စွန့်ခွာကြဖို့နဲ့ မစွန့်ခွာပါက နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ထီးလင်း-ပအဖ ကဆိုပါတယ်။

ထီးလင်းဒေသခံတွေ မြို့ကို စွန့်ခွာကြဖို့ အသိပေးတိုက်တွန်းချက်ကို ထီးလင်း-ပအဖ က ဒီဇင်ဘာလ ၅ ရက်က ထုတ်ပြန်ထားပြီး လက်ရှိမှာ ထီးလင်းမြို့ကို စွန့်ခွာလာတဲ့ မိသားစု ၁၀ စုခန့်ရှိပြီး အဲဒီ အဲဒီမိသားစုတွေအတွက် စား ဝတ်နေရေးကို စီစဉ်ပေးထားတာလို့ ထီးလင်းမြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ အနည်းအကျဉ်းတော့ ထွက်တယ်ပါဗျ။ ဆယ်ဂဏန်းလောက်တော့ထွက်တာရှိတယ်။ ဒါ တွေကိုတော့ ကျနော်တို့ ကျေးရွာတွေမှာနေကြတဲ့ ဆွေမျိုးသားချင်းရှိတယ်ဆိုရင် ပအဖ ၊ ပကဖတွေက အာမခံချက် ပေးတယ်၊ ယုံကြည်စိတ်ချရတဲ့ သူဆိုရင်တော့ အဲဒီအတိုင်းထားပေးတယ်။ နေစရာမရှိဘူးဆိုရင် ကျနော်တို့ ပအဖ တွေကနေပြီးတော့မှ သူတို့ နေဖို့ထိုင်ဖို့ စီစဉ်ပေးထားတယ်။ စားဖို့သောက်ဖို့ရောပေါ့ စီစဉ်ထားတာပါ့လေ ။ အခုအ ချိန်က နောက်ဆုံးအကြိမ် ထုတ်ပြန်တာဆိုတော့ ထွက်လာရင်တော့ ပိုကောင်းတာပေါ့လေ”လို့ ထီးလင်းမြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထီးလင်းမြို့တွင်း ပြည်သူ ၃၀၀ ခန့်ရှိနေသေးပြီး မြို့ပေါ် ရပ်ကွက်လေးခုမှာ နေထိုင်လျက်ရှိနေကြ တာ ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ထီးလင်းမြို့ကို စစ်အုပ်စုက စိုးမိုးထားဆဲဖြစ်ပြီး စစ်အုပ်စု အင်အား ၂၅၀ ခန့်ဟာ ထီးလင်းမြို့ ရဲစခန်း ၊ ထွေအုပ်ရုံး၊ တရားရုံးနဲ့ ရွှေထီးခန်းမ စတဲ့ နေရာလေးခုမှာ အထိုင်ချတပ်စွဲထားတာဖြစ်တယ်လို့ဆိုပါတယ်။

ထီးလင်းမြို့နယ် ပအဖ အနေနဲ့ မြို့ပေါ်နေ ပြည်သူ‌တွေအပါအဝင် စစ်အုပ်စုနဲ့ ပျူစောထီးတွေ အနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင်ကို အလင်းဝင်ရောက်ဖို့လည်း အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

#Mandalay_Free_Press_MFP

M T A

06 Dec, 13:03


မြင်းခြံ သစ်ရုံရွာကို စစ်အုပ်စုနဲ့ ပျူတွေဝင်ရောက်စီးနင်းမီးရှို့

တော်လှန်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် နှစ်ဦး ကျဆုံးပြီး ဒေသခံ သုံးဦး သေဆုံး၊

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့၊

MN/MFP ၊ ဒီဇင်ဘာ - ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် သစ်ရုံရွာကို ဝင်ရောက်စီးနင်း မီးရှို့တဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ဒီကနေ့ ဒီ ဇင် ဘာလ ၆ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့သလို စစ်အုပ်စု ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံမြို့နယ်-ပကဖ) က ဒုတာဝန်ခံက ပြောပါတယ်။

ဒီကနေ့ မနက် ခြောက်နာရီဝန်းကျင်မှာ မြင်းခြံ-နဘူးအိုင် ကားလမ်းဘေးက သစ်ရုံကျေးရွာကို မြင်းခြံမြို့ပေါ်က စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ် တွေကို မီးရှို့ဖျက်ဆီးချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မြင်းခြံမြို့နယ် - ပကဖ ဒုတာ ဝန်ခံက ဆိုပါတယ်။

“ဒီကနေ့မနက်ပိုင်း ငါးနာရီခွဲ ခြောက်နာရီလောက်မှာ သူတို့(စစ်အုပ်စု)တွေ ကားတွေနဲ့ထွက်လာပြီးတော့ သစ်ရုံ ရွာကို ဝင်တယ်။ ဝင်ပြီးတော့ နေအိမ်တွေကို အကြောင်းမဲ့ မီးစရှို့တာပေါ့။ မီးရှို့တဲ့အချိန်မှာပဲ တော်လှန်ရေး အင် အားစုတွေနဲ့ ထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီးတော့ ရဲဘော်နှစ်ဦး ကျသွားတယ်။ တိုက်ပွဲဖြစ်ပြီးလို့ သူတို့ပြန် ဆုတ်တဲ့အချိန်မှာ ၆၀ မမ လက်နက်ကြီးနဲ့ ရမ်းထုလိုက်လို့ မိသားစုဝင် သုံးဦး သေဆုံးသွားပါတယ်။ ရွာကတော့ မီးရှို့ထားခဲ့လို့ အိမ်ခြေ ၂၀၀ လောက် မီးလောင်သွားတယ် ”လို့ မြင်းခြံမြို့နယ်-ပကဖ ဒုတာဝန်ခံက MFP ကို ပြော ပါတယ်။

သစ်ရုံရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ဒေသခံ သုံးဦးရဲ့ နာရေးအခမ်းအနားတွေကိုတော့ ဒီကနေ့ နေ့ လယ်ပိုင်း လောက်မှာ လုပ်ဆောင်ပြီးသွားပြီလို့လည်း သိရပါတယ်။

သစ်ရုံရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ အမျိုး သမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ မြင်းခြံမြို့နယ်- ပကဖ က ဆိုပါတယ်။ စစ်အုပ်စုတွေနဲ့ ပျူစောထီးတွေ စီးနင်းလုယက် မီးရှို့သွားတဲ့ သစ်ရုံကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်တယ်လို့ဆိုပါတယ်။

သစ်ရုံရွာကို မီးရှို့ပြီးပြန်ဆုတ်ခွာသွားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းမှာမိုင်း ဆွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုတပ်တွေ အထိအခိုက်ရှိနိုင်တယ်လို့လည်း မြင်းခြံမြို့နယ်-ပကဖ ဒုတာဝန်ခံက ဆိုပါ တယ်။

မြင်းခြံနယ် သစ်ရုံရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ သစ်ရုံရွာထဲ အခြေချထားတဲ့ PDF တွေကို သွားရောက်ရှင်းလင်းရာ နှစ်ယောက်သေပြီး သေနတ် နှစ်လက် သိမ်းဆည်းရရှိခဲ့တယ် လို့ အောင်ပွဲခံနေတဲ့ ဗွီဒီယိုဖိုင်၊ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီး ရှို့တာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေ သခံတွေက ဆိုပါတယ်။

#Mandalay_Free_Press_MFP

M T A

06 Dec, 13:03


ဓနုဖြူမြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို မကွေးတိုင်းသို့ပို့ဆောင်

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၈ တပ်တွင်ထားရှိသော ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားများကို ယခုလအစပိုင်းက မကွေးတိုင်းဘက်သို့ပို့ဆောင်လိုက်ကြောင်းသတင်းရရှိသည်။

ဓနုဖြူမြို့နယ်အပါအ၀င် တိုင်းအတွင်းမြိုနယ်များရှိ ရပ်ကွက်နှင့်ကျေးရွာများမှ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရပြီး သင်တန်း အပါတ်စဥ် ၅ တက်ရောက်ထားသည့် လူငယ် ၆၀ ခန့်ကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

"မကွေးတိုင်းလို နေရာမျိုးကို သင်တန်း သုံးလလောက်တက်ထားတဲ့ အရပ်သားသာသာတွေပို့လိုက်တာ။ မပို့လို့ကလဲအင်အားကမရှိတော့ဘူး"ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပါတ်စဉ် ၆ သင်တန်းဆင်း တပ်သား၂၅၀ခန့်ကို တနသ်ာရီတိုင်းရှိ စစ်ကောင်စီတပ်များသို့ ပို့ဆောင်ခဲ့သည်။

ယခုစစ်ကောင်စီမှ စေလွှတ်ခြင်းခံရသော သင်တန်းဆင်းများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ ငွေပေးစေခိုင်းသူများ၊ အတင်းအကျပ် နံမည်စာရင်းထည့်ခံရသူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူများ ပါ၀င်ကြောင်း သိရှိရသည်။

#ဓနုဖြူမြို့နယ် #ပြည်သူ့စစ်မှုထမ်း #သင်တန်းဆင်း #မကွေးတိုင်း #ပို့ဆောင်
#Ayeyarwaddy_Times

M T A

03 Dec, 16:48


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၅၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
#khitthitmedia

M T A

03 Dec, 16:47


တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်က ပယ်ဖျက်လိုက်ပြီး စစ်တပ် ပြန်လည် ဆုတ်ခွာ

🟥သမ္မတ၏ မိခင်ပါတီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု မှားယွင်းဟု ကြေညာပြီး စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် အတိုက်အခံများနှင့်ပူးပေါင်း

ရန်ကုန်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။

ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ၏ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီက သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မှားယွင်းပြီး ယင်းစစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်တူ တားဆီးသွားမည်ဖြစ်ကြောင်း ကြေညာကာ အတိုက်အခံများနှင့်ပူးပေါင်းလိုက်သည်။

တောင်ကိုရီးယားသမ္မတက ဇနီးသည်၏ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ခဲ့ပြီး သမ္မတနှင့် လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန် သဘောမတူညီမှုများ ဖြစ်ပေါ်လာပြီးနောက် သမ္မတက တစ်ဖက်သတ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် အတိုက်အခံ လွှတ်တော်အမတ်များက နေရာ အများစု လွှမ်းမိုးထားရာ သမ္မတအနေဖြင့် စွပ်စွဲပြစ်တင်ဖြုတ်ချခံရမည့် အခြေ အနေ ဖြစ်ပေါ်နေကြောင်း သတင်းများက ဆိုသည်။
#khitthitmedia

M T A

03 Dec, 16:42


တရုတ်တိုက်တွန်းမှုနဲ့ ကိုးကန့်တပ်မတော် အပစ်ရပ်ကြောင်း ကြေညာ
~~~
■ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင်အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့ ကိုးကန့်တပ်မတော် MNDAA က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲအပါအဝင် နှစ်ဖက်တပ်ကြား ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ဖြေရှင်းသွားမယ်လို့လည်း ပြောလာပါတယ်။

ကိုးကန့်တပ်မတော်အနေနဲ့ မြန်မာပြည်ကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မှာ မဟုတ်ကြောင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေတာသာဖြစ်တယ်လို့လည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်လို့ ခေါ်တဲ့ ကိုးကန့်တပ်မတော် MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီဘက်က မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်တာ၊ မြေပြင်ကနေထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ MNDAA က တောင်းဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံပေမဲ့ ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်စွဲကိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးတွေမှာလည်း MNDAA ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါကို ငြင်းဆိုထားပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီက တရုတ်အကူအညီနဲ့ ကြိုးပမ်းနေတာလို့ တရုတ်-မြန်မာအရေးလေ့လာသူတွေက ပြောကြပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
____
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Kokang Info)

#ကိုးကန့် #MNDAA #အပစ်ရပ် #လားရှိုး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

03 Dec, 16:41


ဒီဇင်ဘာ ၃ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-ဖယ်ခုံတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်ပြုလုပ်ခဲ့ရာ ၁၄ နှစ်ဝန်းကျင် ကလေးတစ်ဦးသေဆုံး

-အာဏာသိမ်းပြီး သတင်းအမှောင် ချထားသော စစ်ခေါင်းဆောင်က တည်ငြိမ်အေးချမ်းမှုအရှိန်ကို သတင်းအတုများက ဖျက်ဆီးနေဟုပြော

-မြန်မာစစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို ငြင်းဆန်ကြဖို့ ကုလကျွမ်းကျင်သူတွေ နိုင်ငံတကာကို တိုက်တွန်း

-နေပြည်တော်တွင် ရဲအုပ်အဆင့်ရှိသူများလိုက်ပါလာသည့် ကားမှောက်၍ ၂ ဦးသေဆုံးပြီး ၁၂ ဦး ဆေးရုံရောက်

-အမြောက်ကျည်ဆံတစ်သန်း ယူကရိန်းသို့ ထောက်ပံ့ခဲ့ပြီလို့ ဥရောပသမဂ္ဂ ပြော

-နိုင်ငံတဝန်းတွင် ၁ နှစ်အတွင်း စစ်ကောင်စီက တပ်စခန်းလက်လွှတ်ရမှု ၁၃၅ ခု အထိရှိနေ

-စစ်ခေါင်းဆောင်ကို တောင်ကြီးမြို့ထိ လိုက်လံတွေ့ဆုံခဲ့သည့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်

-ဂွမြို့အနီး တပ်စွဲရာ ကျေးရွာများမှ တပ်ဆုတ်ပေးနေရသည့် စစ်ကောင်စီက ဂွမြို့တွင် မဆုတ်တမ်း ခံစစ်ပြင်ဆင်နေ

-ရွှေပြည်သာတွင် ရဲမှူး၏ကား မိုင်းဖောက်ခွဲခံရပြီး မီးလောင်ပြာကျ

-အင်းစိန်ထောင်မှ သေဒဏ်ကျ တပ်မတော်သား CDM တစ်ဦး ကျောက်ကပ် အဆုတ် ရောဂါတို့ဖြင့် ကွယ်လွန်၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပြန်တမ်းစာထုတ်ပြန်၍ မိသားစုထံ ပြန်လည်ပေးအပ်

-ရခိုင်တိုက်ပွဲသို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ၍ နောက်တန်းအရာရှိအချို့ စစ်ဆေးခံနေရ

M T A

03 Dec, 16:40


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ ဒီဇင်ဘာ ၃ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• ဆင်ပေါင်ဝဲမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး
https://myaelattathan.org/articles/ဆင်ပေါင်ဝဲမှာ_စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး_ပစ်ခတ်ခံရပြီးသေဆုံး

• ဖခင်ကိုသတ်တဲ့ PDF ကိုလက်စားချေမယ်ဆိုတဲ့ ပျူစောထီးညီအကို ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ
https://myaelattathan.org/articles/ဖခင်ကိုသတ်တဲ့_PDFကိုလက်စားချေမယ်ဆိုတဲ့_ပျူစောထီးညီအကို၂ဦး_သေနတ်နဲ့ပစ်သတ်ခံရ

• ထီးလင်းမှာတာဝန်ကျတဲ့ ဗိုလ်ကြီး ၆ ဦးထဲက ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရ
https://myaelattathan.org/articles/ထီးလင်းမှာတာဝန်ကျတဲ့_ဗိုလ်ကြီး၆ဦးထဲက_၃ဦးသေပြီး၁ဦး_ဒဏ်ရာရ

• ကလေးဝမှာ စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
https://myaelattathan.org/articles/ကလေးဝမှာ_စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်လို့_ဒေသခံ၃ဦးသေဆုံးပြီး_၄ဦးဒဏ်ရာရ

• မဲဇလီကြိုးတံတားထိပ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးသေပြီး သေနတ် ၁ လက်ရ (ရုပ်/သံ)
https://myaelattathan.org/articles/မဲဇလီကြိုးတံတားထိပ်တိုက်ခိုက်မှုမှာ_စစ်ကောင်စီဘက်က_၄ဦးသေပြီးသေနတ်_၁လက်ရ

• ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့ အိမ်စီးကားတိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
https://myaelattathan.org/articles/ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့_အိမ်စီးကားတိုက်မိပြီး_ရဲအုပ်၁ဦးသေဆုံးကာ_၁၅ဦးဒဏ်ရာရ

• ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့ အနွေးထည်တွေ လိုအပ်နေ
https://myaelattathan.org/articles/ထီးလင်းနယ်ရှိစစ်ရှောင်၇၀၀၀ခန့်_ဆောင်းတွင်းကာလတွင်အစားအသောက်နဲ့_အနွေးထည်တွေလိုအပ်နေ

• ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ
https://myaelattathan.org/articles/ယောဒေသမှာ_ဗုံးခိုကျင်းတွေတူးကြဖို့_တော်လှန်ရေးအင်အားစုတွေက_တိုက်တွန်းနေ

• တောင်ခင်ရန်းမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး
https://myaelattathan.org/articles/တောင်ခင်ရန်းမှာ_စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိမှန်ပြီးနောက်_သက်ကြီးပိုင်းအမျိုးသား၁ဦးသေဆုံး

• ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေ (ရုပ်/သံ)
https://myaelattathan.org/articles/ထီးလင်းနယ်ရှိစစ်ရှောင်၇၀၀၀ခန့်_ဆောင်းတွင်းကာလတွင်_အစားအသောက်နဲ့အနွေးထည်တွေလိုအပ်နေ

• မြေလတ်ပေးစာ (Podcast)
https://myaelattathan.org/articles/မြေလတ်ပေးစာ_၃_၁၂_၂၀၂၄

• ပေါက်မြို့နယ်က စစ်ရှောင်တွေအတွက် NUG က စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ ထောက်ပံ့
https://myaelattathan.org/articles/ပေါက်မြို့နယ်ကစစ်ရှောင်တွေအတွက်_NUGက_စားနပ်ရိက္ခာနဲ့ခြုံစောင်တွေ_ထောက်ပံ့

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

03 Dec, 16:40


မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်က အလုံးစုံထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး စစ်ကောင်စီက လေကြောင်းမှပြင်းပြင်းထန်ထန် တိုက်ခိုက်နေ

ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်က မြို့အလုံးစုံထိန်ချုပ်နိုင်ရန်အတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြောင်းသိရသည်။

ချင်းညီနောင်က မြို့သိမ်းတိုက်ပွဲဆင်နွှဲမှုနှင့် ပတ်သက်၍ သတင်းဌာနတချို့တွင် ချင်းညီနောင်က မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရေးသားဖော်ပြမှုများသည် သတင်း အမှားသာ ဖြစ်ကြောင်း တာဝန်ခံအသီးသီးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။

"မင်းတပ်ကို ထိန်းချုပ်နိုင်ပြီဆိုတာတော့ မဟုတ်သေးပါဘူးခင်ဗျ။ တချို့မီဒီယာက နည်းနည်းချဲ့ကား ရေးသားတဲ့ သဘောမျိုးပါ။ သိမ်းယူနိုင်တဲ့ စခန်းတွေ တော်တော်များများရှိပါတယ်။ မင်းတပ်မြို့သော် လည်းကောင်း၊ ဖလမ်းမြို့သော်လည်းကောင်း လုံးဝစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အပြည့်အစုံ ထိန်းချုပ်သွားနိုင်တာမျိုးတော့ မဟုတ်သေးပါဘူး" ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီက နေ့စဥ်လေကြောင်းဖြင့် တိုက်ခိုက်နေပြီး လေကြောင်းမတိုက်ခိုက်သည့် ကာလတွင် Y12 လေယာဥ်ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများ လာချပေးကြောင်းသိရသည်။

အလားတူ ဖလမ်းမြို့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဆေးရုံ၊ ဘုရားကျောင်း၊ ကျောင်းဆောင်များနှင့် အများပြည်သူပိုင်အဆောက်အအုံများကို ဦးတည်တိုက်ခိုက် နေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ထံက သိရသည်။

"သတင်းကမှားနေပါတယ်။ ကျွန်တော်တို့က မြို့သိမ်းဖို့ ကြိုးစားတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ နေ့တိုင်း ထိတွေ့မှုရှိပါတယ်" ဟု CNDF၏ ပြောခွင့်ရဆလိုင်းတင်မီက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးများကို အသုံးပြု၍ လေကြောင်းဖြင့် တိုက်ခိုက်နေပြီး ချင်းညီနောင်ကလည်း ၂၀၂၄ ခုနှစ်အတွင်းတွင် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေ ဒေသများတွင် စစ်ကောင်စီတပ်ကင်းစင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပုံစာ-ချင်းညီနောင်တပ်ဖွဲ့ဝင်များ။

#မင်းတပ်မြို့ #ဖလမ်းမြို့ #ထိန်းချုပ် #ချင်းညီနောင်ကြိုးစား #စစ်ကောင်စီ #လေကြောင်း #ပြင်းပြင်းထန်ထန်တိုက်ခိုက် #Ayeyarwaddy_Times

M T A

03 Dec, 16:39


ပုလဲမြို့ပေါ်ရှိ လဝက ရုံးမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ လဝက ရုံးတွင် တာဝန်ထမ်းရင်း ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ကပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိ လဝက ရုံးတွင် တာဝန်ထမ်းရင်း ထွက်ပြေးလာသည့် မကွေးမြို့နယ် ကပစ ၈၉ တပ်ရင်းမှ တပ်သား မိုးမင်းအောင်ကို ချင်းတွင်း ကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) က အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားကို လက်ရှိချိန်တွင် ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေး (ပလဖ) ထံကို လွှဲပြောင်း အပ်နှံလိုက်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
#khitthitmedia

M T A

03 Dec, 13:33


နွားထိုးကြီးတွင် ကိုရီးယားဘာသာစကားသင် လူငယ်နှစ်ဦး စစ်တပ်ကြဲချသည့် ဗုံးထိမှန် သေဆုံး

3 Nov 2024 By Ko Paing / MPA

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ကိုရီးယားဘာသာစကား သင်တန်းသား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။

ဒီဇင်ဘာနှစ်ရက်၊ ညနေ လေးနာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊နဘဲမြစ်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ပေါင်၃၀၀ဗုံးတစ်လုံး ကြဲချခဲ့ရာ ကျေးရွာအစွန်၌ ဖွင့်လှစ်ထားသည့် ကိုရီးယားဘာသာစကားသင် စာသင်ကျောင်း ဗုံးထိမှန် ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“စာသင်ကျောင်းက ရွာအစွန်ပေါ့။တစ်ယောက်က ပွဲချင်းပြီးသေတာ။ပြင်ဦးလွင်က ကောင်လေးက မန္တလေးကို ဆေးရုံတင်ဖို့သွားရင် လမ်းမှာ ဆုံးသွားတာ။ပြင်ဦးလွင်ကိုပဲ အလောင်းသယ်သွားတယ်။ မြင်းမူက ကောင်လေးကတော့ ပြန်သယ်သွားတယ်လို့တော့ ကြားတယ်”ဟု၎င်းက MPAသို့ ပြောသည်။

သေဆုံးသွားသည့် ကျောင်းသား ၂ ဦးသည် ပြင်ဦးလွင်နှင့်မြင်းမူမြို့နယ်တို့မှ လာရောက်၍ ပညာသင်ကြားနေသည့် အသက် ၂၀ ကျော်အရွယ်များဖြစ်ပြီးဗုံးစ ထိမှန်ဒဏ်ရာရရှိသည့် သင်တန်းသားတစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်းနှင့်လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/1MOE9
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

ဓာတ်ပုံ - ပေးပို့ / ပုံစာ - လေကြောင်းတိုက်ခိုက်ခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်း။

စာတည်း - ML
#မန္တလေး #နွားထိုးကြီး #နဘဲမြစ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #MPA #Ko_Paing

M T A

03 Dec, 04:52


ရေးမြို့နယ်၊အမှတ် ၈ လမ်းတွင် ခမရ ၃၄၃ တပ်မှ စစ်ကားကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာကျေးရွာကို ဖြတ်သန်းမောင်းနှင်လာသည့် ခမရ ၃၄၃ တပ်မှ အကြမ်းဖက်စစ်သားများ လိုက်ပါစီးနင်းလာသည့် ကားကို အမှတ် ၈ လမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၄ မိနစ်အချိန် ရေးမြို့နယ်၊ စုံနံ့သာကျေးရွာကို ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်၏ ၃၄၃ တပ်မှ တပ်သားများ စီးနင်းလာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးဘီလူးတပ်ဖွဲ့မှ တပ်သား ၁ ဦး ခြေထောက်တွင်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်၃၄၃ တပ်သားတွေ အစည်းအဝေးသွားတဲ့အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာ စုံနံ့သာလမ်းမကြီးပေါ်မှာ ၃ ဦး သေတယ်။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာ ရှိတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အမှတ် ၈ လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနောက် အကြမ်းဖက်စစ်တပ်၏ ၅၈၆ ၊ ၃၄၃ ၊ ၅၈၇ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Source-KhitThit

M T A

03 Dec, 04:14


မိုးဗြဲမြို့နယ်၊ ဆိုင်ခွန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီနှင့်ရှမ်းပြည်နယ်အစပ်၊ မိုးဗြဲမြို့နယ်၊ ဆိုင်ခွန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်မှ ယနေ့ နံနက် ၃ နာရီ ၄၁ မိနစ်အချိန်အထိ မိုး​​​ဗြဲမြို့နယ်၊ဖယ်ခုံအနောက်ခြမ်း၊ ဆိုင်ခွန်ကျေးရွာသို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ၊ Y 12 လေယာဉ်များဖြင့် ဗုံးများ အဆက်မပြတ်ကျဲချခဲ့ကြောင်း၊ ဗုံး အလုံးရေ ၃၀ ကျော်ထက်မနည်း ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဒီနေ့ မနက်အစောကြီး တကယ့်ကို အိပ်ကောင်းနေတဲ့အချိန် ဗုံးတွေ ကျဲချသွားတာ။ စုစုပေါင်း ဗုံးကျဲချတာ ၉ ကြိမ်။ မနက် ၃ နာရီ ၃ မိနစ်ကနေ မနက် ၃ နာရီ ၄၁ မိနစ်အချိန်အထိ မိနစ်ပိုင်းခြားပြီး ဗုံးတွေကျဲချတာ။ အပျက်အစီး အထိအခိုက်တော့ရှိတယ်။ အတိအကျ မသိရသေးဘူး" ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ဗုံးကျဲမှုကို ဒီးမော့ဆိုနှင့် မိုးဗြဲဘက်မှ ပြည်သူအများစု သိရှိလိုက်ရကြောင်း၊ ဗုံးကျဲမှု ၉ ကြိမ်အနေဖြင့် ယနေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင် ဗုံး ၁ လုံး၊ ယနေ့ နံနက် ၃ နာရီ ၇ မိနစ်အချိန် ဗုံး ၁ လုံး၊ ယနေ့ နံနက် ၃ နာရီ ၁၄ မိနစ်အချိန် ဗုံး ၅ လုံး၊ ယနေ့ နံနက် ၃ နာရီ ၁၉ မိနစ်အချိန် ဗုံး ၄ လုံး၊ ယနေ့ နံနက် ၃ နာရီ ၂၃ မိနစ်အချိန် ဗုံး ၄ လုံး၊ နံနက် ၃ နာရီ ၂၆ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၄ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၈ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၄၁ မိနစ်အချိန် ဗုံး ၄ လုံး ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော မိုးဗြဲနှင့် ဖယ်ခုဘက်တွင် စစ်ကောင်စီက စစ်အင်အားများ တိုးချဲ့ချထားကာ ထိုးစစ်ဆင်လာနေကြောင်း၊ အဓိကအားဖြင့် တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ် ကြောင်း၊ ဒေသတော်လှန်ရေးတပ်များနှင့် နှစ်ဖက်စစ်ဆိုင်ထားပြီး စစ်ရေး အခြေအနေမှာလည်း တင်းမာနေကြောင်း သိရှိရသည်။


Source-KhitThit

M T A

03 Dec, 04:04


သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဘိုင်ဒန်က သားဖြစ်သူကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၃

မကြာမီ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်မှု နှစ်ခုအတွက် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို တရားဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

သားဖြစ်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောထားခဲ့ဖူးပေမယ့် အခုတစ်ခါ ကြေညာချက်မှာ ဟန်တာဟာ ရွေးထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုတွေဟာ တရားဥပဒေရဲ့ ကျရှုံးမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခွန်ရှောင်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် ဟန်တာက အပြစ်ရှိကြောင်း စက်တင်ဘာလလဆန်းပိုင်းက ထွက်ဆိုခဲ့ပြီး သေနတ် လက်ဝယ်ထားပြီး တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲကြောင်း စွဲချက်အတွက် အပြစ်ရှိတယ်လို့ ဇွန်လက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သူဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တစ်ဦးရဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှု ထင်ရှားတဲ့ ပထမဆုံး သား၊သမီး ဖြစ်ပါတယ်။

သမ္မတ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမှုနဲ့ ပက်သက်လို့ ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ် ထရန့်က လက်ရှိသမ္မတ ဘိုင်ဒန်က ဟန်တာကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးရာမှာ နှစ်နဲ့ချီ ထောင်ကျခံနေကြရတဲ့ ဇန်နဝါရီ ၆ ရက် ဓားစာခံတွေများ ပါဝင်နေလားဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့အပြင် ဒါက တရားဥပဒေကို အလွဲသုံးစား လုပ်မှုနဲ့ တရားဥပဒေ သန္ဓေပျက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက် ဓားစာခံတွေဆိုတာကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက သူရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းရင်း လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့သူတွေနဲ့ပတ်သက်လို့ ထရန့်က ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

သားဖြစ်သူ ဟန်တာကို သနားညှာတာပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောကြားခဲ့ပြီး အခုတော့ ခြွင်းချက်မရှိ အပြည့်အဝ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သားဖြစ်သူအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် ထုတ်ပေးချိန်မှာ သမ္မတ ဘိုင်ဒန်က အခုအချိန်မှာ နိုင်ငံရေးဟာ တရားစီရင်ရေးစနစ်ထဲ ရောဂါကူးသလို ကူးစက်ပျံ့နေတာကြောင့် တရားဥပဒေ ပျက်သုန်းမှုဆီ ဦးတည်နေရတယ်လို့ ပြောကြားထားပါတယ်။

ဒီလို သမ္မတ တစ်ဦးအနေနဲ့၊ ဖခင် တစ်ယောက်အနေနဲ့ သားဖြစ်သူကို ဘာကြောင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးရသလဲ ဆိုတာ အမေရိကန် ပြည်သူတွေအနေနဲ့ နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတဘိုင်ဒန်က ပြောကြားထားပါတယ်။

Ref:BBC

M T A

03 Dec, 04:02


KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့ S.N.A နဲ့ စစ်ကောင်စီတပ်တွေရဲ့ တောင်ယာမော်စခန်းကုန်းကြီး

𝟮 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 𝟮𝟬𝟮𝟰 – 𝗞𝗮𝗰𝗵𝗶𝗻𝘄𝗮𝘃𝗲𝘀

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကျေးရွာအနီးရှိ S.N.A နဲ့ စစ်ကောင်စီတပ်တွေရဲ့ တောင်ယာမော်စခန်းကုန်းကြီးကို KIA နဲ့ ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

သိမ်းပိုက်ခံထားရတဲ့ စခန်းကုန်းမှာ S.N.A နဲ့ စကစ တပ်သားအလောင်း (၁၀) ‌လောင်းတွေ့ရှိရကြောင်း Kachinwaves လက်ခံရရှိတဲ့ ဗီဒီယိုဖိုင်အရ သိရပါတယ်။

စခန်းကုန်းသိမ်းပိုက်နိုင်ကြောင်း သိရှိရပေမဲ့ တိုက်ပွဲအသေးစိတ် အခြေအနေကိုတော့ မသိရပါ။

Kachinwaves

M T A

26 Nov, 17:18


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

26 Nov, 17:17


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
#khitthitmedia

M T A

26 Nov, 17:17


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• ရန်သူနှင့် လေသံတူလာသော ရွေးကောက်ပွဲ စားပွဲဝိုင်း (အတွေးအမြင်)
https://www.myaelattathan.org/articles/ရန်သူနှင့်_လေသံတူလာသော_ရွေးကောက်ပွဲ_စားပွဲဝိုင်း

• အမ်း - ပဒါန်းလမ်းမှာ လုံခြုံရေးစောင့်စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိ
https://www.myaelattathan.org/articles/အမ်း-ပဒါန်းလမ်းမှာ_လုံခြုံရေးစောင့်စစ်သားတွေတိုက်ခိုက်ခံရလို့_၄ဦးသေဆုံးကာသေနတ်၁လက်ရရှိ

• မြန်မာနိုင်ငံအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး (အယ်ဒီတာ့ အာဘော်)
https://www.myaelattathan.org/articles/မြန်မာနိုင်ငံအတွက်_စစ်မှန်သည့်-ငြိမ်းချမ်းရေး

• PDF ၃ ဦး စစ်တပ်ထံပူးပေါင်းသွားပြီးနောက် အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေလိုက်ကပ် (ရုပ်/သံ)
https://www.myaelattathan.org/articles/PDF၃ဦး_စစ်တပ်ထံပူးပေါင်းသွားပြီးနောက်_အလင်းဝင်ကြဖို့ဆိုင်းဘုတ်တွေလိုက်ကပ်

• ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ ၅ ဦး အချုပ်ဖောက် ထွက်ပြေးလွတ်မြောက်လာ
https://www.myaelattathan.org/articles/ရေပြာရဲစခန်းမှာ_ဖမ်းဆီးခံထားရတဲ့အမျိုးသမီးPDFတပ်ဖွဲ့ဝင်_၁ဦးအပါ၅ဦး_အချုပ်ဖောက်ထွက်ပြေးလွတ်မြောက်လာ

• ကြိုးကြာနီတပ်ဖွဲ့ တပ်ရင်းမှူး ရေတာရှည်တိုက်ပွဲမှာ ကျဆုံး
https://www.myaelattathan.org/articles/ကြိုးကြာနီတပ်ဖွဲ့_တပ်ရင်းမှူးရေတာရှည်တိုက်ပွဲမှာ_ကျဆုံး

• မုံရွာမှာ အမျိုးသမီးနဲ့ ကျောင်းသားလူငယ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပေး
https://www.myaelattathan.org/articles/မုံရွာမှာ_အမျိုးသမီးနဲ့ကျောင်းသားလူငယ်တွေကို_စွမ်းဆောင်ရည်မြှင့်တင်ရေး_သင်တန်းပေး

• ပျူစောထီးရွာက နှမ်းတွေကို ဝယ်ယူရောင်းချတဲ့ CDF-KKG ထောက်လှမ်းရေးအရာရှိကို ပစ္စည်းနဲ့အတူ ဖမ်းမိ
https://www.myaelattathan.org/articles/ပျူစောထီးရွာက_နှမ်းတွေကိုဝယ်ယူရောင်းချတဲ့CDF-KKG_ထောက်လှမ်းရေးအရာရှိကိုပစ္စည်းနဲ့အတူဖမ်းမိ

• တိုက်ပွဲနားချိန် ပြည်သူတွေရဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးရဲဘော်တွေ ကူညီရိတ်သိမ်းပေး (ရုပ်/သံ)
https://www.myaelattathan.org/articles/တိုက်ပွဲနားချိန်ပြည်သူတွေရဲ့_နှမ်းစိုက်ခင်းတွေကိုချင်းတွင်းတိုက်ဂါးရဲဘော်တွေ_ကူညီရိတ်သိမ်းပေး

• အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ၁၄ နှစ်အရွယ် ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး
https://www.myaelattathan.org/articles/အမြောက်တပ်ကပစ်တဲ့_လက်နက်ကြီးကျည်ထိလို့၁၄နှစ်အရွယ်_ကလေး၁ဦးအပါ၄ဦးသေဆုံး

• ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး
https://www.myaelattathan.org/articles/ရေစကြိုမှာ_စစ်အုပ်စုကပစ်ခတ်လို့_သံဃာ၁ပါးအပါ၃ဦးသေဆုံး

• မုံရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ခဲ့သူတွေကို ဆေးဖိုးငွေထောက်ပံ့
https://www.myaelattathan.org/articles/မုံရွာမှာစစ်တပ်ပစ်တဲ့_လက်နက်ကြီးထိမှန်ခဲ့သူတွေကို_ဆေးဖိုးငွေထောက်ပံ့

• မြေလတ်ပေးစာ (Podcast)
https://www.myaelattathan.org/articles/မြေလတ်ပေးစာ_၂၆_၁၁_၂၀၂၄

• အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခုကို PDF တွေတိုက်ခိုက် (ရုပ်/သံ)
https://www.myaelattathan.org/articles/အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်_စစ်အုပ်စုတပ်စွဲတဲ့နေရာ၂ခုကို_PDFတွေတိုက်ခိုက်

• ကြို့ပင်ကောက်က ကြံ့ခိုင်ရေးပါတီ၀င် စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ
https://www.myaelattathan.org/articles/ကြို့ပင်ကောက်က_ကြံ့ခိုင်ရေးပါတီ၀င်စစ်တပ်သတင်းပေးဆိုသူ_ပစ်သတ်ခံရ

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

26 Nov, 17:16


နိုဝင်ဘာ ၂၆ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-ငါ့သရောက်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရုံးဌာန ၄ ခုကို တော်လှန် ရေးပူးပေါင်းအဖွဲ့မှ စီးနင်းတိုက်ခိုက်

-မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီမှ ရေတပ်၊လေတပ်ပစ်ကူများအပြင် မြေပြင်စစ်ကြောင်းထိုးလာသည့်အတွက် တပ်စခန်းအချို့ဆုတ်ခွာပေးခဲ့ရ

-ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး သေဆုံး

-မောင်တော နခခ ၅ မှ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့များကို ကယ်ထုတ်ရန် လေကြောင်းမှဗုံးကြဲ၍ လမ်းကြောင်းရှင်းလင်း

-ရုရှားဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်တဲ့ ဒုံးခွင်းစနစ်တွေ ကူညီကြဖို့ ယူကရိန်းသမ္မတ ဇီလန်စကီး မေတ္တာရပ်ခံ

-တောင်ကုတ်မြို့အတွင်းမှ စစ်ကောင်စီတပ်များဆုတ်ခွာသွား၍ AAဝင်ရောက်နေရာယူ

-ကချင်အထူးဒေသ (၁) တွင်တိုက်ပွဲဖြစ်ပွားပြီးနောက် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်များတွင် အလုပ်သမားရှားပါး

-ကျရှုံးလုနီးနီး တပ်စခန်းများမှ ဗျူဟာမှူးများနှင့် သေဆုံးသူများအပါအဝင် ဗုံးကြဲတိုက်ခိုက် နေသည့် တပ်ဖွဲ့ဝင်များကိုဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်

-တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရင် ဂျပန်နဲ့ဖိလစ်ပိုင်သို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်မယ်

M T A

26 Nov, 17:16


ဟားခါးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်

ဧရာဝတီတိုင်းမ်
(ဟားခါး)၊ နိုဝင်ဘာ ၂၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ် အခြေစိုက်ထားသည့် ရုန်းတောင်၊ ဟားခါးဗျူဟာကုန်းနှင့် ခလရ ၂၆၆ တပ်ရင်းတို့တွင် ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေလည် ၁ နာရီခန့်က ရဟတ်ယာဥ်ဖြင့် ငါးကြိမ်ခန့်လာရောက်ပြီး စစ်သည်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်းသိရသည်။

ထို့အပြင် ဟားခါးမြို့တွင် စစ်ကောင်စီက လက်နက်ခဲယမ်းနှင့် အခြားရိက္ခာဖြည့်တင်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ဟားခါးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

``ဟားခါးမြို့သိမ်းမယ့် သတင်းထွက်လာတာနဲ့ စစ်ကောင်စီက လေကြောင်းနဲ့ ရိက္ခာချတာတွေ၊ အင်အားဖြည့်တင်းတာတွေ ဆက်လက်လုပ်ဆောင်လာပါတယ်။ တကယ်လို့ မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့ရင် ကြိုတင်ကာကွယ်ဖို့ ဖြစ်မယ်လို့ ထင်တယ်။ လောလောဆယ်မှာတော့ မြို့ပေါ်မှာ ပြည်သူတွေ ပုံမှန်အတိုင်းပဲ ရှိပါတယ်´´ဟု ဟားခါးမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့က ခံစစ်စနစ်မှ ထိုးစစ်စနစ်ကို ပြန်လည်စတင်ပြီးနောက် ဟားခါးမြို့သိမ်းမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ကလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ချင်းညီနောင်ဘက်က အောင်ပွဲများရရှိနေကြောင်းသိရသည်။

ဟားခါးမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီးကိုလည်း ပစ်ခတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်း ဖော်ပြချက်များအရ သိရသည်။

ဓာတ်ပုံ-CDFဟားခါးနှင့်ဟားခါးမြို့။

#ဟားခါးမြို့သိမ်းတိုက်ပွဲသတင်း #စစ်ကောင်စီ #လေကြောင်း #အင်အားဖြည့်တင်းမှုများပြုလုပ်
#Ayeyarwaddy_Times

M T A

26 Nov, 17:15


မော်လမြိုင်ကျွန်းတွင် အမျိုးသားများရှိသည့် နေအိမ်များကို ကျပ်ငွေတစ်သိန်းမှစတင်ကာ ကျေးရွာရာအိမ်မှူးက ငွေတောင်းယူ

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးက အမျိုးသားများရှိသည့် နေအိမ်များကို ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

မဘေကျေးရွာအုပ်စု၊ ကွင်းချောင်းကြီးကျေးရွာ ရာအိမ်မှူး ဦးခင်မောင်ညွန့်သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း အမျိုးသားများရှိသည့် နေအိမ်များကို အနည်းဆုံး ကျပ်ငွေတစ်သိန်းကစတင်ကာ တောင်းယူသည်ဟု ဒေသခံများကပြောသည်။

"ယောက်ကျားလေးရှိတဲ့ အိမ်တိုင်းကို ငွေတောင်းတာ၊ တစ်သိန်းအနည်းဆုံးထားပြီးတောင်းတယ်။ သူတို့ကြည့်မရတဲ့သူဆိုရင် စစ်တပ်လက်ထဲအပ်ပြီး စစ်မှုထမ်းခိုင်းတယ်။ လုပ်နေတာ အရမ်းကိုများနေပြီ။ ကြောက်ပြီး မရှိရှိတာတွေ ပေးနေရပါတယ်" ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကွင်းချောင်းကြီးကျေးရွာတွင် အိမ်ခြေ ၁၅ဝ ဝန်းကျင်ရှိပြီး ကျပ်ငွေ တစ်သိန်းအနည်းဆုံးထားကာ ပေးဆောင်ရသလို အချို့နေအိမ်များမှာ ငွေကြေးပြည့်စုံ၍ ပြည်သူ့စစ်မှုထမ်း မထမ်းဆောင်ရရေး ကျပ်ငွေသိန်းဆယ်ချီ၍ အပြတ်ပေးရကြောင်း ဒေသခံများကပြောသည်။

ကွင်းချောင်းကြီးကျေးရွာ ရာအိမ်မှူး ခင်မောင်ညွန့်သည် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းချိန်မှစတင်၍ ဒေသခံလူငယ်များကို မဲနှိုက်ခိုင်းကာ မဲပေါက်သူများကို စစ်မှုထမ်းဆောင်ခိုင်စေသည့်အပြင် နောက်ပိုင်းတွင် မဲနှိုက်ခိုင်ခြင်းမပြုတော့ပဲ တိုက်ရိုက်ဆင့်ခေါ်မည်ဟု ပြောဆိုခြိမ်းခြောက်ကာ ငွေတောင်းယူမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် နိုင်ငံခြားသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်နေ၍ လူမရှိသည့် နေအိမ်များကိုလည်း အိမ်ထောင်စုစာရင်းဇယားပြကာ ပြည်သူ့စစ်မှုထမ်းနှင့် သက်ဆိုင်သည်ဟု ပြောဆိုပြီး ငွေများတောင်ယူခဲ့သည့်ဟု ဒေသခံများကဆိုသည်။

ဖျာပုံမြို့နယ်တွင်လည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကျေးရွာအတွင်း ငွေသိန်းရာချီ တောင်းယူခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံများက တိုင်ကြားသဖြင့် စစ်ဆေးပြီး နို၀င်ဘာလအတွင်းက ရာထူးမှ အနားပေးရုံသာပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချူပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုများ ပိုမိုလုပ်ဆောင်လာကြသည်။

#မော်လမြိုင်ကျွန်း #အမျိုးသားရှိသည့်နေအိမ်များကို #ကျပ်ငွေတစ်သိန်း #ကျေးရွာရာအိမ်မှူး #ကွင်းချောင်းကြီးကျေးရွာ #ဦးခင်မောင်ညွန့် #Ayeyarwaddy_Times

M T A

26 Nov, 13:48


မြန်မာကလာတဲ့ စိတ်ကြွဆေး ၅ တန်ခွဲ အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းမိ

မဲခေါင်၊ နိုဝင်ဘာ ၂၆

အိန္ဒိယကမ်းခြေစောင့်တပ် (ICG) က စစ်ပွဲတွေကြောင့် အဖက်ဖက်က ပျက်ယွင်းနေတဲ့ မြန်မာနိုင်ငံကနေ မှောင်ခိုကူးလာတဲ့ စိတ်ကြွဆေး ၅ . ၅ တန်ကို ဖမ်းဆီးရမိကြောင်းနဲ့ ဒါဟာ ICG သမိုင်းမှာ အများဆုံး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

ICG ရဲ့ ကင်းထောက်လေယာဉ်ဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားက အန်ဒမန်ပင်လယ်ပြင်မှာ မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေတစ်စီးကို မြင်ခဲ့တာကြောင့် နိုဝင်ဘာ ၂၄ ရက် နေထွက်ချိန်မှာ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်လှေဟာ အိန္ဒိယရေပိုင်နက်ထဲဝင်လာပြီး မြန်မာနိုင်ငံသား ၆ ယောက်ပါလာလို့ ရေတပ်အခြေစိုက်စခန်းကို ခေါ်ဆောင် စစ်ဆေးနေတယ်လို့ ထုတ်ပြန်သွားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်း ဓာတုစိတ်ကြွမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောတွင်းဓာတ်ခွဲခန်းတွေကနေ အများအပြား ထုတ်လုပ်နေပြီး တရုတ်နဲ့ ထိုင်းနိုင်ငံကို ဖြတ်လို့ မှောင်ခိုကူးနေရာက ပင်လယ်ရေကြောင်း အသုံးပြုခြင်းဟာ ကုန်းလမ်းကိုအသုံးပြုခြင်းထက် ပိုလွတ်မြောက်နိုင်လို့ စက်လှေတွေနဲ့ မူးယစ်မှောင်ခိုမှုတွေ လုပ်ဆောင်မှုများလာတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်နှိမ်နင်းရေးရုံးအဖွဲ့ UNODC ထုတ်ပြန်တဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဒေသအတွင်း သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပမာဏဟာ စံချိန်တင် တန် ၁၉၀ အထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတောတွင်း ထုတ်လုပ်တဲ့နေရာမှာ ပေါက်စျေးက တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၄၀၀ စျေးသာရှိပြီး အိန္ဒိယလို နိုင်ငံက လမ်းပေါ် စျေးကွက်တွေပေါ် ရောက်ရင် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးမြင့်တက်သွားတာကြောင့် အိန္ဒိယကို တင်သွင်းလာတာ ဖြစ်တယ်လို့လည်း UNODC မူးယစ်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သွားပါတယ်။

Ref: malaymail
MKF-001
#MeKongNews
#အိန္ဒိယ
#မြန်မာ
#မူးယစ်ဆေး
#စံချိန်တင်
#ကမ်းခြေစောင့်
#တောတွင်း

M T A

26 Nov, 13:48


UWSA နဲ့ နယ်မြေအရေး ဒေသခံတွေ မစိုးရိမ်ကြဖို့ ထိုင်းတပ်ချုပ် ထုတ်ပြန်

မဲခေါင်၊ နိုဝင်ဘာ ၂၆

ထိုင်းတပ်မတော် တပ်မဟာ ၃ နယ်မြေနဲ့ မြန်မာဘက်ခြမ်းရှမ်းအရှေ့ပိုင်း မယ့်ဟောင်ဆန်ဒေသအနီး ထိုင်း တော်ဝင်နယ်ခြားစောင့်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (WUSA) တို့ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထိုင်းတပ်ချုပ် ဗိုလ်ချုပ် ပါနာကလူးပလော့တက်က ဒေသခံတွေကို စိုးရိမ်စရာအခြေအနေမရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူကနေ နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခိုင်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းဘက်က WUSA တပ်စခန်းချထားတဲ့ နယ်မြေ ၇ ခုဟာ ထိုင်းပိုင်နက်ထဲ ရောက်နေလို့ ဒီဇင်ဘာ ၁၈ ရက်မတိုင်ခင် အပြီး နောက်ဆုတ်ထွက်ခွာဖို့ ဖိအားပေးလာမှုကြောင့် WUSA ဘက်က ဒီစခန်း တွေဟာ ထိုင်းပိုင်နက်လုံး၀မဟုတ်တဲ့အတွက် ဖယ်ပေးဖို့ အကြောင်းမရှိကြောင်း တုံ့ပြန်ခဲ့လို့ နှစ်ဖက်တပ်တွေ ဟာ ဒီဒေသမှာ ဟောင်ဝစ်ဇာတွေနဲ့ လက်နက်ကြီးတွေ အပြန်အလှန်တပ်ဆင် အသင့်ပြင်ထားလို့ တင်းမာမှု အမြင့်ဆုံး အခြေအနေရောက်နေကြောင်း UWSA ဘက်က ပြောဆိုကြောင်း RFA က ရေးသားဖော်ပြသွားပါတယ်။

ဒါကြောင့် မယ့်ဟောင်ဆန်၊ ဒွိုင်ဟာမာ၊ နောင်လျန်ဒေသ အခြေစိုက်ထားတဲ့ နှစ်ဖက်တပ်တွေကြားမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်နေလို့ ထိုင်းတပ်ချုပ်ဟာ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ စာထုတ်ပြန်ပြီး နှစ်ဖက်တပ် တွေ တိုက်ပွဲဖြစ်ပွားတဲ့အထိ အန္တရာယ်ရှိတဲ့အခြေအနေမဟုတ်ကြောင်း ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး သီရတ်ဆွန်ဘက်ဆရီက ထုတ်ပြန်သွားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြသွားပါတယ်။

ဒီသတင်ဖော်ပြမှုမတိုင်ခင် နာရီပိုင်းကပဲ ထိုင်း Thai Enquirer မီဒီယာကလည်း ထိုင်း ဒုတိယဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က နှစ်ဖက်စလုံး လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်လို့ နှစ်ဖက် အပြန်အလှန်ပြင်ဆင်ထားမှု တွေရှိတာသာဖြစ်ပြီး WUSA ဘက်ကလည်း နယ်မြေထပ်တိုးပြီး ဝင်လာတာမရှိသလို ပြဿနာရင်းမြစ်ကလည်း နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာဖြစ်လို့ သံတမန်နည်းနဲ့သာ ဆွေးနွေးပြောဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ ရှိနေသေးပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဆီ ဒီအရေး အကြောင်းကြားခဲ့ပေမယ့် ပြည်တွင်းရေး ပဋိပက္ခကြောင့် ဒီအရေးကို စစ်ကောင်စီဘက်က ဖြေရှင်းပေးနိုင်ဦးမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း ရေးသားဖော်ပြသွားပါတယ်။

Ref: Thai Enquirer and Khaosod
MKF-001
#MeKongNews
#မယ်ဟောင်ဆောင်
#စစ်ရေး
#တင်းမာ
#UWSA
#စစ်ကောင်စီ
#သံတမန်
#ဝ

M T A

26 Nov, 13:47


ကျရှုံးလုနီးနီး တပ်စခန်းတွေမှ ဗျူဟာမှူးများနဲ့ သေဆုံးသူများအပြင် ဗုံးကြဲတိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က ကျရှုံးလုနီးနီး တပ်စခန်းများရှိ ဗျူဟာမှူတွေနဲ့ တိုက်ပွဲအတွင်း သေဆုံးသူများအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့တယ်လို့ CDM အရာရှိများထံက သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times #reelsfb #fbreelsvideo #facebookreels #atimesreels #newsreels

M T A

26 Nov, 13:46


မောင်တော နခခ ၅ မှ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့များကို ကယ်ထုတ်ရန် လေကြောင်းမှဗုံးကြဲ၍ လမ်းကြောင်းရှင်းလင်း

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ရက်

အာရက္ခတပ်တော် AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ များလာသည့်အတွက် ကယ်ထုတ်ရန် စစ်ကောင်စီက မောင်တော နခခ ၅ အနီးကို လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့က မောင်တော နတ်မြစ်ဝအနီးရှိ မကျည်းချောင်း၊ ချောင်းဝ၊ နယ်မြေစခန်းတို့ကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"နခခ ၅ ထဲက ဒဏ်ရာရ အရာရှိတွေများနေပုံပဲ။ လေထီးနဲ့ကြဲချတဲ့အထုတ်တွေ AAဆီရောက်တုန်းက အထုတ်ထဲ သွေးအိတ်တွေ၊ အသက်ကယ်ဆေးတွေနဲ့ အရေးပေါ်ဆေးဝါးတွေ ပါလာတယ်။ ထွက်ပေါက်ပိတ်နေတာ နတ်မြစ်ဝကနေထွက်ဖို့ကြိုးစားနေကြပုံပဲ" ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောင်တော အမှတ် ၅နယ်ခြားစောင့်စခန်း နခခ၅ မြို့သူကြီးကို AAက ထောက်ပို့လမ်းကြောင်းများပိတ်ဆို့ပြီး အနီးကပ်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ လက်နက်နှင့် ရိက္ခာပေးပို့နေရသည်။

နခခ ၅အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အရာရှိများက ဖုန်းများသိမ်းဆည်းထားပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်ကာ ရိက္ခာများလည်း အပြည့်အဝမရရှိကြောင်း သိရသည်။

မောင်တောမြို့ တစ်မြို့လုံးကို AA က ထိန်းချုပ်ထားပြီး မောင်တောမြို့ပြင်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီစခန်း နခခ ၅ကို ပိတ်ဆို့တိုက်ခိုက်နေသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံနေရ၍ ပိတ်မိနေသည့် တပ်ဖွဲ့ဝင်များကို နတ်မြစ်ဝမှကမ်းထိုးရေယာဉ်များနှင့်ကယ်တင်ပေးပါရန် စစ်တပ်ထောက်ခံသူများက တယ်လီဂရမ်ချယ်နယ်များမှတဆင့် တောင်းဆိုနေကြသည်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့များနှင့် အရာရှိများကို ကယ်ထုတ်ရန် စစ်ကောင်စီက လမ်းကြောင်းရှင်းသည့်အနေဖြင့် နတ်မြစ်ဝအနီး AA ထိန်းချုပ်ထားသည့် စခန်းများကို ဗုံးကြဲနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ မောင်တော နခခ ၅၊ တောင်ကုတ် စကခ ၅၊ အမ်း နပခဌာနချုပ်တို့မှာ တပြိုင်နက်တိုက်ခိုက်ခံနေရပြီး ဂွမြို့တိုက်ပွဲမှာလည်း မြို့ပေါ်ရှိ တပ်ရင်းနှစ်ခုပါ တိုက်ခိုက်ခံနေရကြောင်း သိရသည်။

#မောင်တော #နခခ၅ #စစ်ကောင်စီ #ပိတ်မိ #ကယ်ထုတ်ရန် #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times

M T A

26 Nov, 13:46


ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးနှင့် ကျောင်းဆရာမ
တစ်ဦး သေဆုံး

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ကလေးတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် လက်ပံချောင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

"အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်နဲ့ ဆရာမတစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့တယ်။ နောက်ထပ် နှစ်ယောက်ကလည်း အသက်အန္တရယ် အခြေအနေ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံချောင်းကျေးရွာတွင် တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်မှ အရပ်သားများနေထိုင်သည့် ကျေးရွာကို အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းမှစ၍ နေ့လယ်အချိန်အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

"လက်နက်ကြီးက တစ်နေကုန် တောက်လျောက်ပစ်နေတယ်။ ရွာသားတွေကလည်း အနီးအနားကျေးရွာနဲ့ တောထဲကို အကုန်ထွက်ပြေးနေကြရတယ်။ အလောင်းတွေကိုလည်း ထုတ်ယူလို့ မရသေးဘဲ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် လက်ပံချောင်းကျေးရွာရှိ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

#ကလေးမြို့ #စစ်ကောင်စီတပ် #ပစ်ခတ် #လက်နက်ကြီးကျည်ကြောင့် #ကလေးတစ်ဦး #ကျောင်းဆရာမတစ်ဦး သေဆုံး #လက်ပံချောင်းကျေးရွာ
#Ayeyarwaddy_Times

M T A

26 Nov, 13:46


မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီမှ ရေတပ်၊လေတပ်ပစ်ကူများအပြင် မြေပြင်စစ်ကြောင်းထိုးလာသည့်အတွက် တပ်စခန်းအချို့ဆုတ်ခွာပေးခဲ့ရ

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

TNLAနှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်း ချုပ်ထားသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီမှ လေကြောင်းပစ်ကူများအပြင် ရေတပ်ပစ်ကူနှင့် မြေပြင်မှလည်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် တော်လှန်ရေးတပ်များမှ တပ်စခန်းအချို့ကို လက်လွှတ်ပေးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ မန္တလေးနှင့် မတ္တရာကြားကို စစ်ကောင်စီရေတပ်မှ သင်္ဘောနှစ်စီး၊ လေတပ်ပစ်ကူများအပြင် မြေပြင်မှအင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာသည့်အတွက် ယင်းနေရာရှိတပ်စခန်း အချို့ကို လက်လွှတ်ပေးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

"လက်နက်အစုံရော၊ ဓာတုအဆိပ်ဗုံးတွေရော ပြင်းအားမြင့်ဗုံးတွေနဲ့ပါ ကြဲတာ။ ရေတပ်ကသင်္ဘောတွေ ကလည်း ဧရာဝတီမြစ်ကမ်းဘေးက သုံးဆယ်ပေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ပြီး စီးနင်းခဲ့တာ တပ်စခန်းတွေ ဆုတ်ပေးလိုက်ရတယ်"ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးမြို့ပေါ်မှ လာသည့် အင်အား ၇၀ ပါ စစ်ကောင်စီတပ်သည် သုံးဆယ်ပေးကျေးရွာ၊ သဖန်းဒေါက်နှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းဝင်ရောက်ကာ စစ်ကြောင်းထိုးနေပြီး တပြိုင်တည်းတွင်မူ မတ္တရာမြို့ပေါ်မှလာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကလည်း မတ္တရာအနောက်ခြမ်းကို စီးနင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်းမြို့နယ်များကို ပြန်လည်သိမ်းပိုက်ရန်အတွက် အသည်းအသန်ထိုးစစ်ဆင်နေပြီး မြို့များပြန်လည်ရရှိရေးအတွက် မတ္တရာမြို့မှစတင် ထိုးဖောက်၍ဝင်ရောက်မှသာ ရမည်ဖြစ်၍ မတ္တရာကိုထိုးစစ်‌ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

"ဆုတ်ခွာပေးတယ်ဆိုတာကလည်း ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီးတော့ အခြေအနေတခုကြောင့် ဆုတ်ခွာပေးလိုက်တာပါ။ မတ္တရာအနောက်ခြမ်းတခုလုံးကို စကစဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတာ မဟုတ်ပါဘူး။ စစ်ရှောင်ပြည်သူတွေလည်း ရှိတော့ အခြေအနေတခုကြောင့်ပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီမှ မတ္တရာအနောက်ခြမ်းရှိ သမင်ခြံ၊ ဆောက်ခြုံပေါက်၊ ဟင်္သာကုန်း၊ သူဌေးကုန်း၊ ထန်းပင်ခြောက်၊ မရိုးကုန်း၊ ရွှေဘိုကြီးစသည့် ကျေးရွာ ၂၀ ကျော်ကို မီးရှို့နေခြင်းကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက် နေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ စစ်ရေး အခြေအနေအရ ယာယီကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် MDY -PDF ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကား အသုံးပြုခြင်းများကို တင်းတင်းကျပ်ကျပ်တားမြစ်မည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု အသိပေးထုတ်ပြန်ထားသည်။

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တပ်စခန်း #ဆုတ်ခွာပေးခဲ့ရ #Ayeyarwaddy_Times

M T A

26 Nov, 13:46


ငါ့သရောက်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရုံးဌာန ၄ ခုကို တော်လှန် ရေးပူးပေါင်းအဖွဲ့မှ စီးနင်းတိုက်ခိုက်

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်‌ကောင်စီတပ်သားများတပ်စွဲထားသည့် ရုံးဌာနလေးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ငါ့သရောက်မြို့နယ်ခွဲရှိ လျှပ်စစ်ဌာန၊ ပြန်ကြားရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ ဆက်သွယ်ရေးဌာနတို့ကို ပုဂံပြည်ဘီလူးတပ်နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ မဟာမိတ် ညီနောင်များမှ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း‌ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးထံမှ သိရသည်။

"တပ်စွဲထားတဲ့ ငါ့သရောက်နယ်မြေရဲစခန်းက ရဲတွေထွက်ပြေးတိမ်းရှောင်သွားလို့ ဌာနဆိုင်ရာအသီးသီးက စာရွက်စာတမ်းတွေကို မီးရှို့ခဲ့ပြီး စစ်ကောင်စီနေရာ ယူမယ့် နေရာတွေ၊ ခံစစ်
တည်ဆောက်ထားတဲ့ တိုက်တန်း၊ အိမ်ရာတွေကို ဖြိုဖျက်ခဲ့တယ်"ဟု ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃)၊ Popa Production & Guerrila Force(PPGF)၊ မြိုင်ပကဖတို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

#မန္တလေး #ညောင်ဦး #ငါ့သရောက် #စစ်ကောင်စီ #ရုံးဌာန၄ခု #တော်လှန်ရေးတပ်ဖွဲ့ #စီးနင်းတိုက်ခိုက် #Ayeyarwaddy_Times

M T A

26 Nov, 13:45


ပေါက်နယ် ရေပြာရဲစခန်းကနေ PDF ရဲဘော်သုံးဦးနဲ့ အမျိုးသမီး နှစ်ဦးထွက်ပြေးလွတ်မြောက်

အီသာရမ်/MFP၊နိုဝင်ဘာ-၂၆

မကွေးတိုင်း‌ ပေါက်မြို့နယ် ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ရဲဘော် သုံးဦး နဲ့ ဒေသရပ်ကျေးအဖွဲ့ဝင် အမျိုးသမီးနှစ်ဦးထွက်ပြေးလွတ်မြောက်လာတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာ ကွယ် ရေးအဖွဲ့ (ပေါက်-ပကဖ) ပြန်ကြားရေးတာဝန်ခံ ကိုစစ်က ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မနေ့က မနက်ပိုင်းမှာ ရေပြာရဲစခန်းကနေ အဆိုပါ ရဲဘော်တွေ ထွက်ပြေးလွတ်မြောက်လာ တာဖြစ်ပြီး PDF ရဲဘော် သုံးဦးဟာ ပခုက္ကူခရိုင်တပ်ရင်းက ဖြစ်ကာ အမျိုးသမီး နှစ်ဦးကတော့ ဒေသရပ်ကျေးအဖွဲ့ တွေထဲက ဖြစ်တယ်လို့ ကိုစစ်က ပြောပါတယ်။

“ရဲဘော်တွေ လုံခြုံရေးကြောင့် တပ်ရင်းကတော့ လွတ်မြောက်လာတယ်လို့ပဲ ပြောထားသေးတယ်။ ရဲဘော်တွေ ပြန်လွတ်လာတယ်လို့ သိရပြီး ကျနော်နဲ့လည်း တွေ့ပြီး ဒေတာ မယူရသေးဘူး‌။ ကျန်းကျန်းမာမာ ပြန်လွတ်လာ တယ် လို့ပဲ သိရပါတယ်” လို့ ကိုစစ်က ပြောပါတယ်။

အဆိုပါ ရဲဘော်တွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေပြာရဲစခန်း စခန်းမှူးနဲ့ ပေါက်ကိုယ် တော်တို့ တယ်လီဖုန်းပြောကြားထားမှုကို ပေါက်ကိုယ်တော်က သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ထားပြီး အဆိုပါ အသံ ဖိုင်ထဲ စခန်းမှူးရဲ့ ပြောကြားချက်အရ သုံးဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး နှစ်ဦးကတော့ ခံဝန် နဲ့ လွတ်မြောက်သွာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

“နှစ်ယောက်ကတော့ ခံဝန်နဲ့။ သုံးယောက်ကတော့ ထွက်ပြေးသွားတာပါ”လို့ ရေပြာရဲစခန်းမှူးက ပေါက်ကိုယ် တော်ကို တယ်လီဖုန်းနဲ့ ပြောကြားရာမှာ ပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ ပခုက္ကူခရိုင်တပ်ရင်းက ရဲဘော်သုံးဦးဟာ ရေပြာရဲစခန်းရှေ့ကို လမ်းမှားရောက်ရှိသွားလို့ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး သုံးလခန့်ကြာ ထိန်းသိမ်းခံထားခံခဲ့ရပြီးနောက် အခုလို ထွက်ပြေးလွတ် မြောက်ခဲ့ တာလို့ ဆိုပါတယ်။

ရေပြာရဲစခန်းဟာ ပေါက်မြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ပုသိမ်-မုံရွာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ PDF ရဲဘော်တွေ ထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သတ်ပြီး ဆက်စပ်စစ်ရေးလှုပ်ရှားမှု မရှိ သေး ဘူး လို့ ပေါက်ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

#Mandalay_Free_Press_MFP

M T A

26 Nov, 13:45


စစ်အုပ်စုနဲ့ ပျူတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရေဦးနဲ့တန့်ဆည် ကျေးရွာဒေသခံတွေ ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်နေ

MN/MFP ၊ နိုဝင်ဘာ - ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုနဲ့ သင်္ကန်းဝတ် ဝါသဝလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ပေါင်း ၃၀၀ နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပြန် လည်ထူထောင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန့်ဘလူ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းနဲ့ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ အပါအဝင် သင်္ဃန်းဝတ်ဝါ သဝ လက်အောက်ခံ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ကျော်ဟာမူးမြစ်ကမ်းဘေး ရေဦးနဲ့ တန့်ဆည်နယ် အစပ် က ကျေးရွာတွေကို နိုဝင်ဘာလ တတိယပတ်က စပြီး စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့နေခဲ့တာဖြစ်ပြီး ဒေသခံ တချို့ကိုလည်း သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မီးလောင်သွားတဲ့ ကျေးရွာတွေကိုတော့ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီးသွားပါပြီ။ စစ်ဘေးရှောင် ပြည်သူတွေကတော့ လက်ရှိမှာ အိမ်တွေပြန်မဆောက်နိုင်သေးတော့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်း တွေ မှာနေထိုင်နေကြရတာပေါ့။ မီးဘေးသင့်ပြည်သူတွေက စစ်ကြောင်းဝင်လာချိန်မှာရုတ်တရက်ဆိုတော့ ဘာမှပစ္စည်း တွေ ယူချိန်မရလိုက်တော့ အကူအညီလိုအပ်ချက်ကတော့ အများကြီးရှိနေပါသေးတယ်” လို့ ရေဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ရေဦး-ပကဖ) တာဝန်ခံက MFP ကို ပြောပါတယ်။

စစ်အုပ်စုနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေက မီးဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ အပါအဝင် အဝတ်အထည်၊ စောင်၊ ခြင်ထောင် စတဲ့ အခြေခံလိုအပ်ချက်တွေ နဲ့ အိမ်ပြန်ဆောက်နိုင်ဖို့ ဝါး ၊ တိုင် စတာတွေ ကူ ညီထောက်ပံ့မှု လုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ သွား ရောက်ကူညီထောက်ပံ့ပေးခဲ့တဲ့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုပါတယ်။

လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေကို ဒေသခံတွေ အပါအဝင် မြို့နယ် ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့အစည်းတွေ ပူး ပေါင်းပြီး အိမ်ထောင်စု တစ်စုချင်းစီအလိုက် ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်နေပြီး ပျက်စီးဆုံးရှုံး သွား တဲ့ နေအိမ်နဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတဲ့ အိမ်ထောင်စု များပြားတာကြောင့် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

#Mandalay_Free_Press_MFP

M T A

08 Nov, 12:23


ဥရာပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာပြီးနောက် BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး ထိုင်းဘက်သို့လည်း မလာတော့

ရန်ကုန်၊ နိုဝင်ဘာ ၈

ဥရာပသမဂ္ဂ(EU)က အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ကြေညာပြီးနောက် စစ်ကောင်စီ လက်အောက်အခံ နယ်ခြားစောင့်BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူမှာ လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး ထိုင်းဘက်သို့လည်း မလာတော့ကြောင်း ထိုင်းသတင်းဌာနတချို့၊ နယ်စပ်သတင်းရင်းမြစ်နှင့် BGF သတင်းရင်းမြစ်တချို့၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူသည် လူမြင်ကွင်းမှ ပျောက်ကွယ်နေကြောင်း၊ ပုံမှန်အားဖြင့် ထိုင်းဘက်လာခြင်း၊ စင်ကာပူသို့သွား ရောက်ခြင်းများ လုပ်ဆောင်လေ့ရှိသော်လည်း ဥရာပသမဂ္ဂ၏ အရေးယူမှု ခံရပြီးနောက် ထိုင်းဘက်သို့ မလာတော့ကြောင်း Thai Enquirer သတင်းဌာနက သတင်းဖော်ပြသည်။

"ဗိုလ်မှူးကြီး စောချစ်သူက ထိုင်းဘက်ကို မလာတာ အခုမှတော့မဟုတ်ဘူး။ အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်လောက်ကစပြီး မတွေ့ရတော့ဘူး။ BGF တပ်ဖွဲ့ဝင်တွေတော့ ဒီဘက်အဝင်အထွက်ရှိပေမယ့် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ခေါင်းဆောင်ပိုင်းကတော့ သိပ်ကူးလူးတာမတွေ့ရဘူး။ KNU က တာဝန်ရှိသူတချို့တော့ မဲဆောက်ဘက်မှာ ကူးလူးသွားလာတာရှိတယ်" ဟု မဲဆောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

မြ၀တီမြို့နယ်အခြေစိုက် BGF သတင်းရင်းမြစ်ကမူ ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူသည် ကျန်းမာစွာရှိနေပြီး ၎င်း၏ လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ် ကြောင်း ပြောဆိုသည်။

EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသော မြ၀တီမြို့နယ်မှ ချစ်လင်းမြိုင်အုပ်စု (CLM) နှင့် တည်ထောင်သူ ဥက္ကဌ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့သည် ရွှေက္ကိုလ်မြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လိမ်လည်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများစွာ လုပ်ဆောင်နေသော အသိုက်အဝန်းများမှ ငွေကြေးအရ အမြတ်အစွန်းရနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ၏ ပိုက်နက်နေရာများတွင် အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအတွက် အချက်အချာနေရာဖြစ်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်း ဖက် စစ်ကောင်စီနှင့် နီးကပ်စွာ ဆက်စပ်နေပြီး စစ်တပ်ကို ဆန့်ကျင်နေသူများ၏ သတင်းများကို ပေးပို့ခြင်း၊ စစ်သားစုဆောင်းခြင်းများတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။

ထို့ပြင် စောချစ်သူအပြင် ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကဒဏ်ခတ်ပိတ်ဆို့ထားကြောင်း ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့မှာလည်း မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project ကဲ့သို့သော အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများအတွက် အလုပ်လုပ်နေကာ အွန်လိုင်းလိမ်လည်လှည့်စားမှုများမှ အကျိုးအမြတ်များ ရရှိနေကြောင်း EU က ဆိုသည်။

အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာစောမင်းမင်းဦး၊ မြန်မာရထိုက် ကုမ္ပဏီက ရှယ်ယာရှင် ရှီကျွာကျန်း ( She Zhijiang ) တို့ကို ဗြိတိန်နှင့် မိတ်ဖက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့သည်။

Source-KhitThit

M T A

08 Nov, 12:20


ဧည့်သည်ကို ‌ေ-သစေလောက်တဲ့အထိ ပြုမူတာမျိုးကျတော့ လွန်တာပေါ့ ‼️

ဧည့်သည်တွေအနေနဲ့လည်း အများသူငါ
အပမ်းဖြေဖို့လာတဲ့နေရာမှာ Bluetooth Box
ဖွင့်တာက အတိုင်းအတာ တစ်ခုထိပဲ ဖြစ်သင့်တယ် ၊ ကိုယ့်ရဲ့ ​ပျော်ရွှင်မှုက အခြားသူကို အခြားသော အပန်းဖြေလာတဲ့ဧည့်သည်တွေကို
အ​နှောက်အယှက် ဖြစ်​စေတယ်။

ဟိုတယ်ဘက်အနေနဲ့လည်း
ဧည့်သည်က ဘယ်​လောက်ပဲ အုပ်စုဖွဲ့ ရမ်းကား​နေပါ​စေ ဖြေရှင်းနည်းက အများကြီးရှိပါတယ်၊ယခုလို​မျိုး ကိုယ့်ဆီမှာ လာတည်းတဲ့ဧည့်သည်ကို လုံခြုံမှုကအစ တာဝန်ယူ နွေးထွေးပျူငှာစွာ ဆက်ဆံရမည့်အစား အုပ်စုဖွဲ့ ရို-က်နှ-က်တာမျိုး ဖြေရှင်းနည်းက မဖြစ်သင့်တဲ့ လုပ်ရပ် ၊ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ​Hotel & Tourism အောက်မှာ Hotel ဖွင့်ပြီး Hotel Policies, Rule & Responsibilities နဲ့အညီ ပြုမူ တာဝန်ယူဖြေရှင်းသင့်တာပေါ့။
ပါဝင်ပတ်သက်တဲ့ သူ​တွေကို ထိ​ရောက်စွာ အပြစ်​ပေး အ​ရေးယူဖို့ လိုတယ်။

++++++++++++++++++++++

ပုဂံဘုရားဖူးသွားသည့် လူငယ်တစ်စု ဟိုတယ်အတွင်း ဝင်ရို-က်ခံရကာ တစ်ဦး ဦးခေ-ါင်း ကြေမွဒဏ်ရာဖြင့်သေဆုံး ၄ ဦးဒဏ်ရာ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် လာရောက် တည်းခိုသူ လူငယ်များကို ဟိုတယ်ဝန်ထမ်းနှင့် အပေါင်းအပါများက ဟိုတယ်အခန်းအတွင်းထိ ဝင်ရောက်ရို-က်နှက်မှုကြောင့် တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ Cheri Land River House ဟိုတယ်တွင် လာရောက်တည်းခိုသည့် လူငယ်(၇)ဦးအနက် (၅)ဦးကို လူ(၁၅)ဦးဝန်းကျင်က အခန်းတွင်းသို့ ဝင်ရောက်ရို-က်နှက်ခြင်းကြောင့် တစ်ဦးမှာ ဦ-းခေါ-င်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားပြီး ကျန်(၄)ဦးမှာ ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

“သူငယ်ချင်း(၇)ယောက် ပုဂံကို ခရီးထွက်တယ်။ သူတို့သောကြာနေ့ညဘက်မှာရောက်ပါတယ်။ စနေနေ့မှာ ဘုရားဖူးတယ်။ စနေနေ့ညမှာကတည်းက သောက်တယ်။ Bluetooth ကိုလည်း စနေနေ့ညဘက်မှာကတည်းကဖွင့်တယ်။ ဟိုတယ်က မြစ်ဘေးနားမှာဖွင့်တဲ့ ဟိုတယ်၊ ဟိုတယ်နဲ့ ကန်ဘောင်နဲ့က အဝေးကြီးပဲ။ အဲဒီကန်ဘောင်ပေါ်မှာဖွင့်တဲ့ လက်တဆုတ်စာ Speaker က ဘယ်လောက် ကျယ်မှာလဲဗျာ။ တနင်္ဂနွေနေ့ကျတော့ မနက်ပိုင်း လျှောက်သွားတယ်။ ည(၇)နာရီလောက်မှာ မြစ်ဘေးနားက ကန်ဘောင်ပေါ်မှာပဲ သောက်ရင်းစားရင်း အဲဒီလို Speaker ဖွင့်ပြီးတော့ သီချင်းထပ်ပြီးဆိုကြတော့ လာပြောတယ်။ ဒီဘက်ကလူတွေကလည်း သောက်ထားတော့ ကတောက်ကဆဖြစ်မှာပဲ။ အဲဒီလိုလာပြောတာလည်း ဟိုတယ်ဝန်ထမ်းက လာပြောတာ။ ပြဿနာတက်တဲ့အဆင့်ထိတောင် မရောက်သွားဘူးဗျ။ အကြီးအကျယ်စကားများတဲ့အဆင့်အထိ မရောက်ဘူး။”ဟု မိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့နောက် လူငယ်(၇)ဦးက Bluetooth Speaker ကို အသံတိုးပြီးနောက် ခဏအကြာတွင် ပိတ်လိုက်ပြီး လူငယ်(၅)ဦးမှာ အခန်းသို့ပြန်ပြီး (၂)ဦးမှာ အဆိုပါနေရာတွင် ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။

လူငယ်(၅)ဦး အခန်းတွင်းသို့ ပြန်ဝင်သည့်အချိန်တွင် အနောက်မှလိုက်ရိုက်ခြင်းဖြစ်၍ နောက်စေ့ကြေမွဒဏ်ရာဖြင့် ကိုရဲထက်နိုင်(၂၅)နှစ်မှာ သတိမေ့လဲကျသွားပြီး ကျန်(၄)ဦးကိုလည်း ဝိုင်းရို-က်ကြသဖြင့် ဦ-းခေါ-င်း၊ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိကြသည်ဟု ဆိုသည်။

“ဦ-းခေါ-င်းရို-က်ခံရလို့ (၁၅)ချက်ချုပ်ခံရသူတစ်ဦးပါတယ်။ သူမှတ်မိတာဆိုလို့ ဟိုတယ် ယူနီဖောင်းနဲ့က လူနည်းနည်းပဲပါတယ်။ အရပ်ဝတ်နဲ့ နယ်ခံတွေပါတယ်။ ရို-က်တဲ့သူတွေကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကန်-လိုက်၊ ရို-က်လိုက်လုပ်ကြတာ။ မြစ်ဘေးနားမှာ သောက်နေတဲ့နှစ်ယောက်ကပြန်လာတော့ လဲနေသူကို ခေါ်ထုတ်ပြီး ဆေးရုံသွားဖို့ပြောတာကို တံခါးမဖွင့်ပေးဘူး။ သူတို့နှစ်ယောက်ကိုပါ လိုက်ရို-က်တာ မြစ်ဘေးနားက ကန်ဘောင်မှာ ပတ်ပြေးရင်း ပုန်းနေရင်း ရဲစခန်းကို အကြောင်းကြား ရဲပါလာမှ ထုတ်ပေးတာ။”ဟု ၎င်းကဆက်ပြောသည်။

ရဲများ ဟိုတယ်ရောက်ချိန်တွင် ရို-က်ခံရသူ(၄)ဦးမှာ သတိရှိသေးပြီး ကိုရဲထက်နိုင်မှာ သတိမရှိတော့၍ ညောင်ဦးဆေးရုံပို့ရာ လက်မခံသဖြင့် မန္တလေးဆေးရုံသို့ ထပ်မံတင်ပို့ရာက ဆေးကုသပေးရန် အချိန်ကြာမြင့်ခဲ့သည်ဟုလည်း သိရသည်။

တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ အရို-က်ခံရသူ ကိုရဲထက်နိုင်မှာ အင်္ဂါနေ့တွင် သေဆုံးသွားရာ ယနေ့ နိုဝင်ဘာလ(၈) ရက်နေ့တွင် သင်္ဂြုလ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုတယ်ဘက်က ပြန်လည်ဖြေရှင်းပေးခြင်းမရှိသည့်အပြင် လူအများအပြားက ဝေဖန်လာကြခြင်းကြောင့် ဟိုတယ်၏ Facebook Page ကို ဖျက်ချလိုက်သည်ကို တွေ့ရသဖြင့် Tachileik News Agency အနေဖြင့် ဟိုတယ်ဘက်ကို ဆက်သွယ်မေးမြန်းမရဖြစ်နေသည်။

#TachileikNewsAgency
CreditPhotos

M T A

08 Nov, 11:09


ထိုင်းဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံအပြီးနောက်တရက်တွင် ထိုင်းရောက်မြန်မာများအား သံရုံးကခြိမ်းခြောက်သတိပေး

ဒီးဒီ/People's Spring

ထိုင်းဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံအပြီးနောက်တရက်တွင် ဘန်ကောက်မြို့ရှိစစ်ကောင်စီ၏မြန်မာသံရုံးက ထိုင်းရောက်မြန်မာများအား ခြိမ်း‌ခြောက်သည့်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ပြုလုပ်သည့် ဒဿမအကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေး၏ ဆက်စပ် အစီအစဉ်တစ်ခုတွင် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၇ရက်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာများ၏ အချက်အလက်များ မျှဝေပေးပို့ရန် တောင်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Thai Enquirerက ဖော်ပြသည်။

မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၏ တည်နေရာနှင့် အခြား အချက်အလက်များ မျှဝေပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး အဆိုပါအကြောင်းအရာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံလည်း ပေးပို့ထားကြောင်း Thai Enquirerက ဆိုသည်။

ထို့သို့ တွေ့ဆုံတောင်းဆိုပြီး နောက်တစ်ရက်တွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ထိုင်းရောက်မြန်မာများနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်နေကြောင်း၊ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာသံရုံးက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများအနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀နှုန်းဖြင့် စုစုပေါင်း ဘတ်၂၀,၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေအား ပေးဆောင်ရမည်ဖြစ်ကြောင်း၊ သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်တမ်းကျော်လွန်နေထိုင်မှုအလိုက် အနည်းဆုံး (၁)နှစ်မှ (၁၀)နှစ်အထိ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည်ဟု ထပ်မံဖော်ပြထားသည်။

မြန်မာသံရုံး၏ ထုတ်ပြန်ချက်အပေါ် Lynn Wai Lattအကောင့်က "ကိုယ့်လူမျိုးကိုယ် ဘယ်လို ဒုက္ခပေးရမလဲပဲ အစီအစဉ်ရှိတဲ့ စစ်တပ်လက်ကိုင်တုတ်သံရုံး"ဟု မှတ်ချက်ပြုရေးသားထားသည်။

စစ်ကောင်စီသည် ထိုင်းရောက်မြန်မာများထံမှ အခွန်အခရရှိရေးနှင့် ၎င်းတို့အားလုံး သံရုံးနှင့် ထိတွေ့ဆက်ဆံမှုရှိစေရန် လုပ်ဆောင်လာခြင်းဟု ထင်မြင်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသော MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

" အဓိက အခွန်အခရဖို့ ဦးတည်နေတာလားပေါ့။ ထိုင်းကလည်း သူတို့အနေနဲ့ အလုပ်သမားတွေနဲ့ ထိပ်တိုက်မတွေ့အောင်တော့နေမယ် ထင်တယ်။ မင်းအောင်လှိုင်တောင်းဆိုတဲ့အတိုင်းတော့ မလုပ်လောက်ဘူး။ သူလည်း နိုင်ငံတကာရဲ့စောင့်ကြည့်မှုကို ခံနေရတာဆိုတော့"ဟု ကိုရဲမင်းက ပြောသည်။ သို့သော် ထိုင်းရောက်မြန်မာများအနေဖြင့် ယခင်ကထက် ပိုမိုသတိထားနေထိုင်ကြရန်လည်း ကိုရဲမင်းက ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း မနက်ဖန် စနေနှင့် တနင်္ဂနွေ နှစ်ရက်ကို ထိုင်းအစိုးအဖွဲ့စုံက စစ်ဆေးဖမ်းဆီးမည်ဖြစ်၍ မဲဆောက်နေမြန်မာများအနေဖြင့် အဆိုပါ နှစ်ရက်အား အပြင်မထွက်ကြရန် လူမှုကွန်ရက်တွင် အချင်းချင်းသတိပေးနေကြသည်။

ထိုင်းအစိုးရသည် ရက်ပေါင်း ၁၂၀စီမံချက်ဟုဆိုကာ ဇွန်လ ၅ ရက်မှအောက်တိုဘာ ၂ ရက်အထိ သတ်မှတ်ပြီး အထောက်ထားမဲ့ နေထိုင်သူများအား စစ်ဆေးရာ ထိုင်းရောက်မြန်မာ ၂၀၉,၄၃၅ ဦး စစ်ဆေးခံရပြီး ၁,၂၈၉ ဦး ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ ထိုသို့ အရေးယူခံရသူများအား နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းပြီး နယ်စပ်သို့ ပြန်ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် အလုပ်သမားဥပဒေအရ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့လေ့ရှိသော်လည်း လတ်တလောမြန်မာနိုင်ငံ၏ အ‌ခြေအနေအရ နေရပ်ပြန်ပို့မှုများမလုပ်ဆောင်သင့်ကြောင်း ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်သူ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ Mr. Sompong Srakaew က ပြောသည်။

M T A

08 Nov, 11:09


" ထိုင်းအစိုးရက မြန်မာနိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်။ ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်"ဟု Mr. Sompong Srakaew က ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၇ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ‌လွှဲပြောင်းနေရပ်ပြန်ပို့ရာ ကော့သောင်းမြို့ရှိ စစ်ကောင်စီအဖွဲ့က အသက်အရွယ်ငယ်ရွယ်သူ ၂၇ဦးကို ရွေးထုတ်ပြီး ကော့သောင်းမြို့ခွဲတမ်းအတွက် စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည်။

ထိုင်နိုင်ငံတောင်ပိုင်း အကျဥ်းထောင်အသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် အကျဥ်းကျခံရသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်း - မြန်မာနှစ်နိုင်ငံသဘောတူညီမှုဖြင့် နေရပ်ပြန်ပို့ပေးသည့် အစီအစဥ်မှာ ယခင်ကတည်းက လစဥ်ပြုလုပ်လေ့ရှိသည်။

အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့မှ ကော့သောင်းမြို့သို့ စက်လှေဖြင့် နေရပ်ပြန်ပို့ပေးခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် စစ်ကောင်စီက နေရပ်ပြန်ပို့ခံရသူများအနက် လူငယ်များအား ရွေးထုတ်ပြီး စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်နေခြင်း ဖြစ်သည်။

(စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး မတရားသတ်ဖြတ်ခံရသည့်အပေါ်ရှုတ်ချကြောင်း ထိုင်းရောက်မြန်မာများက ၂၀၂၂ ဇူလိုင် ၂၆ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - PS)

People’s Spring

M T A

08 Nov, 11:06


တောင်ငူမြို့အနီး တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိကာ ပြည်သူ ၃၀၀၀ နီးပါး ထွက် ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ တောင်ငူမြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီခန့်မှစတင်၍ တောင်ငူမြို့နယ်၊ အိုင်စောက်ရွာ၊ ကမ်းနီရွာ၊ ကရင်နီကုန်းရွာ၊ သက်ကယ်ကျင်းရွာနှင့် ညောင်စခန်းကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်၊ အမြောက်တပ်နှင့် အိုင်စောင့်ကျေးရွာ၌အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းသီးပင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်ဖက်ပစ်ခတ်မှုဖြစ်တာပေါ့၊ ဖြစ်တာက တောင်ငူ အိုင်စောင့် သက်ကယ်ကျင်း၊ကရင်နီကုန်း၊ ကမ်း နီ၊ ညောင်စခန်းအဲဒီဘက်တွေဖြစ်တာ၊ လက်နက်ကြီးကျတာကတော့ ကရင်နီကုန်းတို့ သက်ကယ် ကျင်းတို့ကို ပစ်နေတာ၊ ဘယ်ဘက်ကပစ်တာလဲတော့ မသိဘူး။ အသံတွေတော့ ကြားနေရတယ်။ ပစ်တော့ပစ်နေကြတာပဲ။ နှစ်ဖက်တိုက်ပွဲဖြစ်တာလို့ ယူဆတယ်။ ပစ်ခတ်တဲ့ လက်နက်ကြီး တစ်ချို့ က ကွမ်းသီးပင်နဲ့ ညောင်စခန်းကိုကျတယ်၊ ညောင်စခန်းကတော့ လယ်ကွင်း ထဲကျတယ်။ ကွမ်းသီး ပင်မှာတော့အိမ် ပေါ်ကျတာကြောင့်မလို့ လူ ၄ ယောက်ထိတယ်။ သေတာတော့မရှိဘူး။ ထိခိုက်ဒဏ် ရာ ရတာပဲရှိတယ်။ ၄ ယောက်မှာ ၂ ယောက်ကတော့ ကျနော်တို့နဲ့ မတူတဲ့လမ်းကနေသွားတယ်၊ ဘယ်ဘက်ကိုသွားလဲ မသိဘူး။ ကျန်တဲ့နှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ ကွဲထွက်လို့ ဆေးရုံပို့ ထားတယ်။ တစ်ယောက်ကတော့ ပွန်းပဲ့ရုံလောက်ပဲဆိုတော့ မလိုအပ်ဘူး။ဟိုဘက်တွေမှာတော့ ဘယ်လောက်ဖြစ်လဲ မသိဘူး။” ဟု ကူညီကယ်ဆယ်ရေး လုပ် ဆောင်နေသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တောင်ငူမြို့နယ်၊ အိုင်စောင့်ကျေးရွာ၌ စခန်းအထိုင်ချသည့် ပြည်သူ လူထုနေထိုင်ရာကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်းရှိကြောင်း၊ ထို့ကြောင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် ကြောင်း၊ အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများမှာ သင့်တော်ရာနေရာများနှင့်ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“အဲဒီနားတွေမှာက စစ်တပ်စခန်းထိုင်တာတွေရှိတယ်။ မရှိရင်လည်း အတည်မဟုတ်ရင်တောင် သူ တို့ စစ်ရေးဗျူဟာသဘောအရလာကြတာနေမှာပေါ့။ အခုလည်း အိုင်စောက်မှာတော့ တပ်ထိုင်ကြ တယ်ပြောတယ်။ ပစ်တာကတော့ လေတပ်ဘက်ကပစ်တယ်ထင်ပါတယ်။ လေတပ်တို့ အမြောက် တပ်တို့ရှိတာကိုး၊ အဲဒီဘက်ကလှမ်းပစ်တာထင်တယ်။ အိုင်စောက်ဘက်ကလည်း လက်နက်ကြီးတွေ ယူပြီး တော့ ပစ်တယ်လို့သိရတယ်။ ဟိုဘက်ဒီဘက်နှစ်ဖက်ပစ်တယ်လို့ယူဆတယ်။” ဟု ကူညီကယ် ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောဆိုသည်။

Source-KhitThit

M T A

08 Nov, 11:04


အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ က တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ က စာပေးပို့ တောင်းဆိုလိုက်သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM )နှင့် ADMM Plus ဆက်စပ် အစည်းအဝေးများမှ စစ်အုပ် စုအား ဖယ်ရှား၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရေးအတွက် အရပ်ဘက်အဖွဲ့အစည်း ၈၀ ခုက လာအို၊ ဩစတြေးလျ၊ ဘရူနိုင်းဒါရူစလမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် ထိပ်တန်းတာဝန်ရှိသူများကို စာပေးပို့လိုက်ခြင်းဖြစ်သည်။

လာအိုနိုင်ငံ၌ မကြာမီကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်း အဝေး (ADMM) နှင့် (၁၁) ကြိမ်မြောက် ADMM Plus နှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရန်၊ အဆိုပါအစည်းအဝေးများ၊ နောင်တွင်ကျင်းပမည့် ADMM နှင့် ADMM Plus အစည်းအဝေးများ၊ လှုပ်ရှားမှုများမှ မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ဖယ်ရှားရန်၊ ADMM နှင့် ADMM Plusအတွင်း မြန်မာနိုင်ငံကိုယ်စား လက်ရှိရယူထားသည့် တရားဝင် ရာထူးတာဝန်များအားလုံးမှ စစ်အုပ်စုအဖွဲ့ဝင်များအား ဖယ်ရှားရန်၊ ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုများမှ မြန်မာစစ်တပ်အား ဖယ်ရှားခြင်းမပြုပါက မြန်မာစစ်တပ် ပါဝင်တက်ရောက်မည့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုအားလုံးသို့ တက်ရောက်ရန်ငြင်းဆိုမှုကို လူသိရှင်ကြားလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံ အစိုးရများကို အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှာ မြန်မာပြည်သူများကို ပြည်ပခြိမ်းခြောက်မှုအန္တရာယ်များမှ ကာကွယ်ပေးသည့် အရပ်ဘက်ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ကြောင်းကို အလေးထား ထောက်ပြလိုကြောင်း၊ အာဏာသိမ်းကြိုးပမ်းမှုလုပ်ဆောင်လျက်ရှိသည့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း၊ စစ်အုပ်စုက မြန်မာစစ်တပ်အတွင်းမှ ဖွဲ့စည်းထားသည့် တရားမဝင်ရာဇဝတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ်သည့်အတွက် စစ်အုပ်စုက ခန့်အပ်သူများသည် အာဆီယံအစည်းအဝေးများနှင့် လှုပ် ရှားဆောင်ရွက်မှုအားလုံးတွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် တရားမဝင်မှု မရှိကြောင်း အရပ်ဘက်အဖွဲ့များ ဆိုသည်။

အာဆီယံအနေဖြင့် စစ်အုပ်စုကိုယ်စားလှယ်များကို မြန်မာနိုင်ငံကိုယ်စားပြု၍ အစည်းအဝေးများတွင် တက်ရောက်ခွင့်၊ ADMM Plus စစ်ရေးသင်တန်းအစီအစဉ်များတွ၍ ပါဝင်ခွင့်၊ ဦးဆောင် ညှိနှိုင်းရေးအခန်းကဏ္ဍတွင် ဆောင်ရွက်ခွင့်များ ခွင့်ပြုပေးခြင်းသည် စစ်အုပ်စုအကို မှားယွင်းသည့်တရားဝင်မှု ပေးအပ်ခြင်းဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုကို တိုက်ရိုက်ကူညီနေခြင်းဖြစ်သည်။ အဆုံးစွန်အားဖြင့် ယင်းသည် စစ်အုပ်စုအား ၎င်းတို့၏ နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ရေး တရားမဝင်ကြိုးပမ်းမှုကို ကူညီပေးရုံသာမက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း၊ မြန်မာစစ်အုပ်စုအား ဆက်လက်ပံ့ပိုးကူညီနေမှုသည် မြန်မာနိုင်ငံအတွင်း လက်ရှိတင်းမာမှုများကို မီးထိုးလောင်မြိုက်စေသည့်အပြင် သံခင်းတမန်ခင်းနှင့် စေ့စပ်ညှိနှိုင်းရေး အတွက် အာဆီယံ၏ ယုံကြည်ထိုက်မှုကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။

စစ်အုပ်စုက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်တွင် ဖော်ပြထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်ခဲ့ခြင်းမရှိ သို့မဟုတ် တိုးတက်မှု တစုံတရာ မရှိခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့သည့် နောက် ပြီးခဲ့သည့် သုံးနှစ်ခွဲကာအတွင်း စစ်တပ်သည် ပြည်သူပေါင်း ၅,၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်ခံရသူများတွင် ကလေးသူငယ် ၆၀၀ ကျော် ပါဝင်ကြောင်း၊ ပြည်သူပေါင်း ၂၇,၅၀၀ ကျော်အား ဖမ်းဆီးခဲ့ပြီး၊ ပြည်သူပေါင်း ၂၁,၀၀၀ ကျော်သည် အကျဉ်းကျဆဲ ဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

M T A

08 Nov, 11:04


စစ်တပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများ၊ အဆင်ခြင်မဲ့ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး အမြှောက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မဖြစ်တည်မှုဆိုင်ရာအကြမ်းဖက်မှုများ၊ အစု လိုက်အပြုံလိုက် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အာဆီယံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံအား မပေးအပ်ရန်နှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ စစ်အုပ်စုအားဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် မြန်မာပြည်သူများကို ၎င်းတို့၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ကသာ ကိုယ်စားပြုစေရန်အတွက် အာဆီယံအနေဖြင့် လေးနက်သည့် လုပ်ဆောင်ချက်များ ဆက်လက် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်။ ရွေးကောက်တင်မြှောက်ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုသည့် ဆုံးဖြတ်ချက်နှင့် ကိုက်ညီမည်ဖြစ်ကြောင်း၊ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်စေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်အုပ်စု၏ ဝန်ထမ်းများအား တက်ရောက်ခွင့်မပြုရန် အကြံပြုထားကြောင်း၊ ထို့အပြင် “စစ်အုပ်စု ဝန်ထမ်းများအား ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားကြောင်း သိရှိရသည်။

ထို့ပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှာယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းထားကြောင်း၊ နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) များကို အဓိက stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

Source-KhitThit

M T A

08 Nov, 04:35


ဘုတလင်မှာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုး အကြမ်းဖက်နေပြီး သဖန်းရွာကို မီးရှို့ဖျက်ဆီး၊
တစ်လအတွင်း ဒေသခံ ၂ဝကျော် သတ်ဖြတ်၊ အိမ်ခြေ ၅၀၀ မီးရှို့ဖျက်ဆီးကာ လူရာချီ ဓားစာခံ ဖမ်းထား၊

မောင်သက်/MFP ၊ နိုဝင်ဘာ - ၈

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုက မနေ့က နိုဝင်ဘာလ ၇ရက် မနက်ပိုင်း သဖန်းရွာကို စီးနင်းလုယက်ပြီး မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၃၀ ကျော် မီးလောင် ပြာကျတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ထဲက ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်အုပ်စုဟာ ဘုတလင်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ခိုးရာပါ ပစ္စည်းတွေကို ဘုတလင်မြို့ထဲကို ပြန်ပို့လိုက်၊ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ တွေ့သမျှလူကို သတ်ဖြတ်၊ ဖမ်းဆီး၊ လုယက်၊ မီးရှို့လိုက် လုပ်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ရက် မနက်ပိုင်း ဘုတလင်မြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ မြို့ရဲ့ အရှေ့ဘက်က သဖန်းရွာကို စီးနင်းကာ ထင်တိုင်းကျဲ ဖောက်ထွင်း လုယက်ပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ နေ့လည်ပိုင်းမှာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်လို့ ဒေါင်းရာဇာ စစ်ရှောင်ကူကယ်ရေး အဖွဲ့ဝင်တစ်ဦးက MFPကို ပြောပါတယ်။

“စစ်ကြောင်းထိုးတာက အကြိမ်ကြိမ်ပဲဗျာ။ ပြည်သူတွေလည်း ဒုက္ခရောက်လှပါပြီ၊ ဒီနေ့ (နိုဝင်ဘာ၇) မနက်လည်း ဒီကောင်တွေ (စစ်အုပ်စု)က ဘုတလင်မြို့ အရှေ့အခြမ်း သဖန်းရွာကို မီးရှို့တယ်၊ ၃၄ အိမ် (မီးထဲ) ပါသွားတယ်။ အိမ်တွေ ရိုက်ဖျက်တာတွေတော့ ရှိတယ်။ အရေတွက်တော့ အတိအကျ မသိသေးဘူး။ စစ်ကြောင်းက ပြန်ထွက်လာရင် ပြည်သူတွေ ဒုက္ခရောက်မှာ စိုးလို့ ပြန်မဝင်ကြရသေးဘူး"

စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရတာ လနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့အပြင် ယခုရက်ပိုင်း မိုးရွာသွန်းနေလို့ ဖျားနာတာနဲ့ ရာသီ တုပ်ကွေး ရောဂါတွေ ခံစားနေရကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အောက်တိုဘာလအတွင်း ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၂၄ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ရွာ ခုနှစ်ရွာက အိမ်ခြေ ၄၅၀ ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဒေသခံပြည်သူ ၁၀၀ ခန့်ကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ပိုးခိုင်းစေကာ အဲ့ဒီ ဓားစာခံပြည်သူတွေထဲက အသက်အရွယ် ကြီးရင့်သူတချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ် သဖန်းရွာကို နိုဝင်ဘာ ၇ရက်မှာ စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo - CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

M T A

08 Nov, 04:35


ဒလမြို့နယ်တွင် စစ်မှုထမ်းမည့် လူမပေးနိုင်လျှင် ကျေးရွာတစ်ရွာ ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု စစ်တပ်က တောင်းခံသဖြင့် ပြည်သူများထံမှ ငွေကြေးများ အဓမ္မကောက်ယူနေ၊ နိုင်ငံတစ်ဝန်း စစ်မှုထမ်းအကြောင်းပြ ငွေကြေးခြိမ်းခြောက်တောင်းခံမှု များစွာ ဖြစ်ပွားနေ

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် စစ်မှုထမ်းမည့် တပ်သားသစ် မပေးနိုင်ပါက ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု အကြမ်းဖက် စစ်တပ်က တောင်းခံနေသဖြင့် ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒလမြို့နယ်၊ အနိုးချောင်းလေးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အေးဝင်းနှင့် အပေါင်းအပါများက ပြည်သူများထံမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိ လိုက်လံကောက်ခံနေကြောင်း၊ ထိုသို့ ကောက်ခံရာတွင် စစ်မှုထမ်းမည့် တပ်သားသစ် စုဆောင်းရန်အတွက်ဖြစ်ပြီး လူမပေးနိုင်သည့်အတွက် ထိုသို့ ကောက်ခ့ရခြင်းဖြစ်ကြောင်း၊ ငွေ​ကြေးမပေးနိုင်သည့်သူများကို လက်မှတ်ထိုးပြီး စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်နေ​ကြောင်း သိရှိရသည်။

"လူမပေးနိုင်လို့ တပ်သားသစ်ရှာဖို့ ကျေးရွာတစ်ရွာကို သိန်း ၁၀၀ စစ်တပ်က တောင်းတယ်။ အဲဒါကြောင့် ပေးဖို့ လိုက်ကောက်တာဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် အေးဝင်းနဲ့ အပေါင်းအပါတွေက တစ်အိမ်ထောင် အနည်းဆုံး ၃ သောင်း၊ ငွေတတ်နိုင်သူဆိုရင် ၅ သောင်းကောက်တယ်။ တစ်လ တစ်ကြိမ်ကောက်မှာ။ မပေးနိုင်တဲ့သူတွေဆိုရင် လက်မှတ်ထိုးခိုင်းတယ်။ စစ်မှုထမ်းဖို့ သဘောတူပါတယ်ဆိုပြီး ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတာ" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် စိန်မောင်ဝင်း၏စေခိုင်းချက်အရ အမှတ် ၇ ရပ်ကွက်ရာအိမ်မှူးဇော်မင်းနိုင်က အမှတ် ၇ ရပ်ကွက်အတွင်းရှိ အဆောင်နေသူမိသားစုများထံမှ အဆောင်နေ အခန်းတစ်ခန်းလျှင် တစ်လလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံနေကြောင်း၊ အဆိုပါငွေကြေးသည် စစ်မှုထမ်းမည့် လူငယ်များနှင့်မိသားစုများကို ထောက်ပံ့ရန်ဟု ပြောဆိုကြောင်း၊ ထို့ပြင် ဧည့်စာရင်းတိုင်ခ အဖြစ်လည်း ငွေကြေးမြောက်မြားစွာ တောင်းယူလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆင်းတုန်းကျေးရွာအုပ်စု၊ ကြိမ်ပင်ဆည်ကျေးရွာမှ ရာအိမ်မှူးသောင်းထွန်း၊ စိုးသီဟ၊ တင့်လွင်ဦးတို့က စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန်၊ လူသစ်အစားထိုးရန် အတွက်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ ကျေးရွာအတွင်းရှိ ပြည်သူများထံမှ လစဉ် ငွေကျပ် သောင်းဂဏန်းကောက်ယူနေကြောင်း၊ ငွေကြေးမထည့်ဝင်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ကာ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

"ရွာမှာက အခုက ဘယ်သူမှ စားဝတ်နေရေး အဆင်မပြေဘူး။ စပါးတွေလည်းမဖြစ်၊ ရေတွေကြီးနဲ့ ဒီလောက်ဒုက္ခရောက်နေတာကို ပြည်သူတွေဆီက ငွေ လစဉ်လာတောင်းတယ်။ မပေးနိုင်ရင် ကြိမ်းမောင်း ဆူဆဲပြီးတော့ ဖမ်းမယ် ထောင်ချမယ်ဆိုတော့ မဖြစ်မနေ ပေးရတာပဲ" ဟု ကြိမ်ပင်ဆည်ကျေးရွာမှ ပြည်သူတစ်ဦးကရှင်းပြသည်။

ယင်းအပြင် ပဲခူးတိုင်း၊ ဝက်ထီးကန်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင်လည်း နိုဝင်ဘာလ ၆ ရက်နေ့ ကျေးရွာအုပ်ချုပ်ရေးမှူး သန်းဇော်၊ ရာအိမ်မှူး လှမိုးတို့က စစ်သားများနှင့်အတူ ငွေကြေးလိုက်လံကောက်ခံကြောင်း၊ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ ကျပ် ထည့်ဝင်ခိုင်းပြီး ယင်းငွေကြေးမှာ တလုပ်ပင်ကျေးရွာအုပ်စုအတွင်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ မလုပ်ဆောင်ရေး ကောက်ခံခြင်းဖြစ်သည်ဟု တရားဝင်ပြောဆို ငွေကြေး တောင်းခံကြောင်း သိရှိရသည်။

"စစ်သားနဲ့အုပ်ကြီးတွေနဲ့ ပေါင်းပြီး လိုက်ကောက်တာ။ လူငယ်မရှိတဲ့ အိမ်လည်း ပေးရပါတယ်။ အိမ်တိုင်းတောင်းတာ။ ပေါ်တာမဆွဲအောင် ပေးရတာလို့ ပြောတယ်။ ပထမ အုပ်ကြီးရဲမြင့်နဲ့ ရာအိမ်မှူး စန်းလွင်က နုတ်ထွက်သွားပြီးတော့ အခု အုပ်ကြီး သန်းဇော်နဲ့ ရာအိမ်မှူး လှမိုးက အစားထိုးဝင်လာတာ။ စစ်သားတွေပါ ရွာမှာ ခေါ်ထားတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ကျုံမငေးမြို့တွင်လည်း စစ်မှုထမ်းမည့် လူငယ်များနှင့်မိသားစုများအတွက်ဟုဆိုကာ လစဉ် ငွေကြေးများကောက်ခံခြင်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ပြီး ယင်းသို့ ပေးချေမှုမှာလည်း စစ်တပ်နှင့် အဆင်ပြေစေရန်ဖြစ်၍ ပြည်သူများ မငြိုမငြင်ပေးကြရန်ဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့များက စည်းရုံးငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။

Source-KhitThit

M T A

08 Nov, 04:34


မင်္ဂလာဒုံ၊ စစ်တပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ စစ်တပ်အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိကြောင်း Rangoon Urban Column (RUC) မှ စစ်ကြောင်းတာဝန်ခံ ကိုရဲခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမဘေး၊ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူ ၄ ဦးကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

RUC က ဖောက်ခွဲတိုက်ခိုက်ခဲ့သော စစ်ရေးပစ်မှတ်သည် တပ်မိသားစုနှင့် အိမ်ထောင်သည်များ နေထိုင်ရာ လိုင်းခန်းဖြစ်ပြီး လေတပ်မှ မိသားစုဝင်များလည်း နေထိုင်လျက်ရှိကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင် လက်နက်မဲ့ပြည်သူများကို ရက်စက်ကြမ်းကြုတ်နေသည့် စစ်တပ်ကို အကျဉ်းတန်သော လုပ်ရပ်များ ကျူးလွန်နေမှုများ ရပ်တန့်စေရန်အတွက် နောက်တန်းစစ်တပ် ဝန်ထမ်းအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် Rangoon Urban Column (𝐑𝐔𝐂) အနေဖြင့် ရန်ကုန်မြို့ပြစစ်ကြောင်း၏ ပထမ ဦးဆုံး ကမ်ပိန်းဖြစ်သည့် ရန်ကုန်သို့ချီ RUC A-K-ဆယ့်ခြောက်လက် ကမ်ပိန်း စတင်နေပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကိုရဲခေါင်က တိုက်တွန်းပြောဆိုသည်။

Source-KhitThit

M T A

08 Nov, 04:32


စစ်ကောင်စီနှင့်တကွ ၎င်း၏ အနွယ်အပွားများကိုလည်း တာဝန်ခံမှု ရှိစေရမည် ဖြစ်ပြီး နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း တရားဥပဒေကြောင်းအရ မျှတမှုဖြင့် ပြန်လည်ကုစားပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မှ တောင်းဆိုထားသည့် မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်ကြောင်း၊အကြမ်းဖက်မှုစက်ဝန်းအား ရပ်တန့်ရန်နှင့် တာဝန်ခံမှု​ ရှိစေရန် ပြစ်ဒဏ်ကင်းလွတ်ခွင့် အား ချုပ်ငြိမ်းခြင်းအပြင် အခြားသော နည်းလမ်း မရှိ
ကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ သက်သေ အထောက်အထားများ စုဆောင်းနိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းတောင်းဆိုသည်။

Source-KhitThit

M T A

08 Nov, 04:32


စစ်အုပ်စု၏ ရက်စက်မှုများရပ်တန့်ရန်၊ ပြည်သူ့ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီက ထိရောက်စွာ ဆောင်ရွက်ရေး တောင်းဆိုမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဆိုတစ်ခု ဆုံးဖြတ်ချမှတ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

🟥မြန်မာအရေးကိစ္စကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေး ပြတ်သားစွာ လုပ်ဆောင်သင့်

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများရပ်တန့်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်စွာ ဆောင်ရွက်ရေး တောင်းဆိုမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၅ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ့အရေးတွင် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် နိုင်မည် ယုံကြည်ကြောင်း၊ တတိယကော်မတီတွင်လည်း ခိုင်မာသည့် မြန်မာနိုင်ငံဆိုင်ရာ အဆို ဆုံးဖြတ်ချက် ချမှတ်ရေးသည်လည်း အထူး အရေးပါကြောင်း၊ တစ်ပြိုင်တည်းမှာ ပင် စစ်အုပ်စု၏ ရက်စက်ကြမ်း ကြုတ်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီမှ ထိရောက်စွာ ဆောင်ရွက်ရေး အား တောင်းဆိုနိုင်မည့် အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေးကို လည်း စဉ်းစားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

မတရား စစ်အာဏာသိမ်းထားသည့် နှစ်ကာလများတစ်လျှောက်တွင် စစ်အုပ်စု အနေဖြင့် အာဏာ ဆုံးရှုံး၍ နယ်မြေအုပ်စိုးမှု မရှိတော့သည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းရှိ အရပ်သား ပြည်သူများ အပေါ် စစ်မက်ပြုခြင်းကို ချဲ့ထွင်လာခဲ့၊ လူမဆန်သည့် စစ်ကောင်စီနှင့် ၎င်း၏ တပ်သားများက လူအများ သေကြေ ပျက်စီးနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုသည်။

ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို သေးသိမ်စေရန်လုပ်ဆောင်ခွင့်မရှိ၊ မရေမတွက်နိုင်သော ဘဝများ မှာ ယခင်က မကြုံတွေ့ဖူးသည့် အခြေအနေများဖြင့် ဖျက်ဆီးခံထားရပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူများက ၎င်းတို့၏ ဆန္ဒအမှန်ကို လွတ်လပ်၍ မျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ တဆင့် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ အနေဖြင့် ပြည်သူများ၏ မျှော်မှန်းချက်ကို အတိအလင်း လစ်လျူ ရှုခဲ့ကြောင်း၊ အဆိုပါ စစ်အုပ်စု အနေဖြင့် တရားဥပဒေကြောင်းနှင့် ကိုယ်ကျင့်တရားတို့အရ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခွင့်အာဏာ မရှိကြောင်း၊ ၎င်းတို့ ကျင်းပမည့် မည်သည့် ရွေးကောက်ပွဲ မဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှု ရှိမည်မဟုတ်ဘဲ ပဋိပက္ခများကိုသာ ပိုမိုရှည်လျားစေမည်ဖြစ်ကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲအား အပြင်းထန်ဆုံး ကန့်ကွက်သကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းမှလည်း အလားတူ လုပ်ဆောင်ရန် သံအမတ်ကြီးက ထောက်ပြ ပြောဆိုသည်။

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအရေးကိစ္စသည့် ကမ္ဘာပေါ်၌ ဖြစ်ပျက်နေ သော အခြားသောတင်းမာမှုများအကြား၌ မကြာခဏဆိုသလို မှေးမှိန်ပျောက်ကွက်လျက် ရှိကြောင်း၊ သို့ရာတွင် မြေပြင်၌ ဖြစ်ပွားနေသည့်အခြေအနေများမှာ မကောင်းရာမှာ ဆိုးရွား၊ ဆိုးရွားရာမှ ထိတ်လန့်ဖွယ်အဆင့်သို့ပင် ပြောင်းလဲရောက်ရှိနေကြောင်း ၎င်းက သတိပေးသည်။

အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ ဒုက္ခသည် လည်း မတရား စစ်အာဏသိမ်းမှု နောက်ပိုင်းတွင် သာလွန်ဆိုးရွားသည့်အဆင့်သို့ ရောက်ရှိ လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားသော ဒေသတွင်းနိုင်ငံများအနေဖြင့် ဒုက္ခသည် ဦးရေ မြင့်တက်လာမှု၏ဒဏ်ကြောင့် ဝန်တာပိနေရကြောင်း၊ သို့ရာတွင် ပြည်တွင်း၌ ကျူးလွန်သူများအား အရေးမယူနိုင်ပါက အဆိုပါ အုပ်စုများမှ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင် မည် မဟုတ်ကြောင်း၊ မည်သို့ပင်ဆိုစေ စစ်အုပ်စုက ၎င်းတို့လုပ်ဆောင်ချက်များအား နောက်ပြန်လှည့်နိုင်သည့် အရိပ် အယောင် စိုးစဉ်းမျှ မပြထားကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွက်ပြု ထားလျက် ရှိကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တို့က ပြဿနာအား ဖြေရှင်းပေးရန် ရည်ရွယ်ထားသော်လည်း စစ်ကောင်စီ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်များပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်မည့် ဆန္ဒ အလျဉ်းမရှိကြောင်း သံအမတ်ကြီးက ပြောသည်။

M T A

08 Nov, 02:32


စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကြောင်းမဲ့ ပျက်ကွက်သူ၊ စာရင်းသွင်းပြီးမှ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူနှင့် သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူများကို အရေးယူရန် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကြောင်းမဲ့ ပျက်ကွက်သူ၊ စာရင်းသွင်းပြီးမှ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူနှင့် သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူများကို အရေးယူရန် လိုအပ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်တပ်၊ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၇ /၂၀၂၄ တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် အကြောင်းမဲ့ပျက်ကွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများအားကို အရေးယူဆောင်ရွက်ကြရန် ယင်းအစည်းအဝေးတွင် ညွှန်ကြားထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းကို အကြံပြုချက်များအပေါ် ပုဒ်မတစ်ခုချင်းအလိုက် အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ရေးဆွဲနေပြီး နည်းဥပဒေ မူကြမ်းမှာ ၈ ကြိမ်မြောက်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အထက်အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုထားသည်။

လတ်တလော မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ အပါအဝင် ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက်မှုများ အကြီးအကျယ်ဖြစ်ပွားနေပြီး ယင်းအခြေအနေများမှာ စစ်ကောင်စီဘက်တော်သားများက ပြည်သူကို ဖိနှိပ်ညှဉ်းပန်းရာတွင် အသုံးပြုလာနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းအချက်အလက်များအရ သိရှိရသည်။

ထို့ပြင် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သော စစ်မှုထမ်း တပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်မှာ လည်း အကြီးအကျယ် ဖြစ်ထွန်းနေကြောင်း၊ လူစားထိုး တပ်သားသစ်တစ်ဦးလျှင် အနည်းဆုံးငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ စျေးပေါက်နေကာ အဓိက ချမ်းသာလာသူများမှာ စစ်တပ်မှ အရာရှိနှင့်စစ်သည်များ ဖြစ်ကြောင်း၊ လူမိုက်များ။ ပျူစောထီးများနှင့် ပြည်သူ့စစ်များကို ငွေကြေးပေး၍ စစ်မှုထမ်းရန် တပ်သားသစ် လူငယ်များကို စုဆောင်းခိုင်းမှုများလည်းဖြစ်ပွားနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းများ ဆက်တိုက် ဖော်ပြခဲ့ပြီးဖြစ်သည်။

Source-KhitThit

M T A

08 Nov, 02:32


ဖာပွန်ဗျူဟာကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီး တပ်မိသားစုများ၊ အမျိုးသမီး၊ကလေးကို စစ်ကောင်စီက လူသားဒိုင်းကာထား၍ တိုက်ခိုက် စခန်းသိမ်းရန် သတိဖြင့် ပြင်ဆင်နေရ၊ လမ်းကြောင်းဖွင့်ပေးသော်လည်း စစ်တပ်က တပ်မိသားစုများကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် ဆက်သုံးနေ

ရန်ကုန်၊ နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ဖာပွန်ဗျူဟာစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီး စစ်တပ်က တပ်မိသားစုများ၊ အမျိုးသမီး၊ကလေးကို လူသားဒိုင်းကာလုပ်ထား၍ ပြင်း ပြင်းထန်ထန် တိုက်ခိုက်ရန်နှင့် စခန်းသိမ်းရန် သတိဖြင့် ပြင်ဆင်နေရကြောင်း FFD တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကေးကေး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အင်အား ၁၂၀ ဝန်းကျင်ရှိနေသော ခေါပုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ရာတွင် ထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းက ဖာပွန်ဗျူဟာအတွင်းသို့ ဝင်ရောက်ရန် ကြိုးစား သော်လည်း တော်လှန်ရေးတပ်များက တားဆီး ထိန်းသိမ်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖာပွန်ပျူဟာစခန်းကို တော်လှန်ရေးတပ်များအားလုံးက ၀ိုင်းဝန်း ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဖာပွန်ဗျူဟာတပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်များက တပ်မိသားစုများ၊ အမျိုးသမီးနှင့်ကလေးများကို လူသားဒိုင်းကာလုပ်ထားကြောင်း၊ KNLA က ယောင်္ကျား- ယောင်္ကျားချင်း၊ စစ်သား-စစ်သားချင်း စစ်တိုက်ရန်နှင့် မဆိုင်သော မိသားစု၊ကလေးငယ်များနှင့် အမျိုးသမီးများကို လွှတ်ပေးစေလိုကြောင်း၊ KNLA က လမ်းကြောင်းဖွင့်ပေးမည်ဟုစစ်တပ်ကို ကမ်းလှမ်းခဲ့ကြောင်း၊ သို့ရာတွင် ဖာပွန်ဗျူဟာရှိ စစ်တပ်က တပ်မိသားစု၊ အမျိုးသမီးနှင့် ကလေးငယ်များကို လုံး၀ လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေကြောင်း သိရှိရသည်။

"ဖာပွန်ဗျူဟာကို ကျနော်တို့တွေက ၀ိုင်းထားတယ်။ ရန်သူက ရဟတ်ယာဉ်နဲ့ စစ်လက်နက်ပစ္စည်းတွေ ၊ ရိက္ခာတွေ လာချပေးနေတာ။ ရန်သူရဲ့ ဗျူဟာဖွဲ့စည်းပုံ ပျက်စီးနေပြီ။ FFD တပ်ဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရန်သူ့ ဖွဲ့စည်းပုံက ပျက်နေပြီ။ ဖာပွန်ဗျူဟာကို အလုံးစုံ သိမ်းပိုက်ဖို့အတွက်မှာက စစ်တပ်က အမျိုးသမီးနဲ့ ကလေးတွေကို ကာဗာလုပ်ပြီး စခန်းထဲမှာ အထိုင်ချနေတာဖြစ်နေတယ်။ အဲဒီတော့ ဗျူဟာကို တိုက်ခိုက်ဖို့အတွက် KNLA လူကြီးတွေက စဉ်းစားနေရတယ်။ ပြင်ဆင်နေရတယ်။ အချိန်ယူနေရတယ်။ ပြင်း ပြင်းထန်ထန် တိုက်ခိုက်ဖို့ အခက်အခဲရှိတယ်။ ဒီကလေးနဲ့ မိသားစုတွေကို လမ်းကြောင်းဖွင့်ပေးမယ်၊ မိသားစုတွေ တပ်ထဲမှာ မနေဖို့ ၊ စစ်သားစစ်သားချင်း တိုက်ခိုက်ဖို့ ယောင်္ကျား ယောင်္ကျားချင်း တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ပြောပေမယ့်လည်း သူတို့ဘက်က ဆက်ပြီးကာဗာလုပ်ထားတော့ ကျနော်တို့ဘက်က စဉ်းစားပြင်ဆင်နေရတယ်" ဟု FFD မှ ပြန်ကြားရေး တာဝန်ခံ ကေးကေးကဆိုသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ဖာပွန်ပျူဟာတပ်စခန်းသာ အကြီးမားဆုံး ကျန်ရှိသော တပ်စခန်းဖြစ်နေပြီး ယင်းဗျူဟာတပ်စခန်းကို သိမ်းပိုက်ပြီးပါက ဖာပွန်မြို့နယ်တစ်ခုလုံးကို KNLA က ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

Source-KhitThit

M T A

08 Nov, 02:31


တေးသံရှင် အေးချမ်းမေ ၏ 50 Milestones တော်လှန်မွေးနေ့တေးဂီတပွဲမှ ရရှိသော အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို ပြည်တွင်းသို့ လှူဒါန်းမည်

ရန်ကုန်၊ နိုဝင်ဘာ ၈

အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် တေးသံရှင် အေးချမ်းမေ၏ 50 Milestones တော်လှန်မွေးနေ့ One Lady Show တေးဂီတပွဲမှ ရရှိသော အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို မြန်မာပြည်တွင်းသို့ လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့ ပြုလုပ်ခဲ့သည့် တေးဂီတပွဲတွင် ပန်းချီဆရာမ နုယဉ်ရေးဆွဲပြီး မွေးနေ့လက် ဆောင်အဖြစ် ပေးသော ပုံတူပန်းချီကားကို လေလံဆွဲရာ အမေရိကန်ဒေါ်လာ ၃၆၀၀ ရရှိခဲ့ပြီး ပွဲလက်မှတ်ရောင်းရငွေ၊ အစားအသောက် ရောင်းချရငွေ၊ အမှတ် တရပစ္စည်းများ ရောင်းချခြင်းတို့မှ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၅ သောင်း ကျော်ရရှိခဲ့ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်အားလုံးကို မြန်မာပြည်တွင်းသို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း တေးဂီတဖျော်ဖြေပွဲစီစဉ်သူ များက ပြောကြားသည်။

တေးသံရှင် အေးချမ်းမေသည် နဝတ- စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် တေးသီချင်းသီဆိုခွင့် တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရသည့် တေးသံရှင်တစ်ဦးဖြစ်သည်။

တေးသံရှင် အေးချမ်းမေ၏ One Lady Show တေးဂီတပွဲသို့ လူဦးရေ ၆၀၀ ကျော် တက်ရောက်အားပေးခဲ့ပြီး တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် အေး ချမ်းမေနှင့်အတူ တေးသံရှင်များဖြစ်သော ဖိုးဖန်၊ Cobra၊ ကျော်သီဟ၊ Leo၊ လင်းထက်၊ Russell၊ Solomon King၊ ရန်ရန်ချမ်းတို့က စုံတွဲသီဆို ပါဝင်ဖျော် ဖြေခဲ့ကြကြောင်း သိရှိရသည်။

Source-KhitThit

M T A

03 Nov, 03:24


စစ်သင်တန်းကျောင်းမရောက်မီ ပင်လယ်ဖြတ်ပြီး လွတ်မြောက်လာသူများ
========
အာဏာသိမ်းစစ်တပ်ရန်မှ ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့သည့်သူ့ကို ထိုင်းအစိုးရကဖမ်းဆီးကာ စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးနေသည်။ထိုင်းအစိုးရက ဖမ်းပြီးပြန်ပို့သူများကို စစ်ကောင်စီကတပ်သားသစ်အဖြစ် အတင်းအကျပ်စစ်မှုထမ်းခိုင်းခဲ့သည်။

ထိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံတောင်ပိုင်းမှ လူငယ်တစ်ဦးက သူထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပုံ၊ ထိုင်းအစိုးရကဖမ်းပြီးစစ်ကောင်စီထံပြန်အပ်ခဲ့ပုံ၊ စစ်ကောင်စီကစစ်သားအဖြစ် စာရင်းသွင်းခဲ့ပုံနှင့် စစ်သားသစ်ဖြစ်လာပြီးနောက် အစောင့်စစ်သားများကိုသတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာပုံများ ပြန်လည်ပြောပြထားသည်ကို ဖတ်ရှုနိုင်ပါသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58923/

M T A

03 Nov, 03:17


ကျိုက်ထိုတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် နေအိမ်များနှင့်ဘုန်းကြီးကျောင်း ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန် KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၊ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ရာ ၁ နာရီကျော်ခန့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဒရုန်းလက်ရုံးတပ်ကလည်း ဒရုန်းများဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်ကြောင်း၊ စစ်ကောင်စီက ဖောကားများဖြင့် သေဆုံးနှင့်ဒဏ်ရာရ စစ်သားများကို ခေါ်ဆောင်သွားကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။

"လက်နက်ခဲယမ်းက အင်အားမရှိတော့ စစ်အင်အားမမျှတဘဲ ပစ်ရတော့ အချိန်အတိုင်းတာ တစ်ခုထိပဲ အချိန်ဆွဲ ပစ်ခတ်နိုင်ခဲ့တယ်" ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရှင်းပြသည်။

အဆိုပါတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အနီးအနားရှိ ကျေးရွာသို့ ကျရောက်ပြီး နေအိမ်တစ်လုံး၊ ဘုန်းကြီး ကျောင်း ဇရပ်တစ်ခုတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Source-KhitThit

M T A

03 Nov, 01:58


မောင်တောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၃

ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးအပါအဝင် အများအပြား ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာ ဒေသသတင်းရင်းမြစ်နှင့်တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ်အချိန်တွင် ပထမအကြိမ်၊ ည ၇ နာရီ ၃၀ မိနစ်အချိန် ဒုတိယအကြိမ် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ပြားသားရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအပြင်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ ပြည်သူ ၄ ဦးသေဆုံးကြောင်း၊ ဆရာ တော်တပါးအပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာ ရကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

မောင်တောမြို့နယ်၊ ပြားသားကျေးရွာတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ အသက် ၅၇ နှစ်အရွယ် ဦးရွှေကျော်၊ အသက် ၆၄ နှစ်အရွယ် ဒေါ်မစောရီ၊ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းထွန်းဝင်း၊ အသက် ၆၄ နှစ်အရွယ် ဦးမောင်သန်းတို့ဖြစ်ကြောင်း၊ မောင်တောမြို့၊ မြို့ မကျောင်းတိုက်မှ သက်တော် ၇၂ နှစ်အရွယ် ခန်းနီဆရာတော် အသျှင်တေဇောဘာသ အပါအဝင် ၂ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှ နံနက် ၄ နာရီ ၂၄ မိနစ်အချိန်အထိ ၃ ကြိမ် စစ်ကောင်စီ၏ လေယာဉ်များက နောင်ချိုမြိုနယ်၊ ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့သို့ ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး အခြားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရည်။

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးမွေးဖွားပြီး ၃ ရက်သာရှိသေးသည့် က​လေးမိခင် ၁ ဦး၊ အသက် ၇၀ နှစ်အရွယ်အဘိုးအို ၁ ဦးနှင့် အသက် ၅၀ နှစ်ဝန်းကျင် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့ ​ပြင် သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၄ ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ သကြားစက်ရုံနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ သပြေရပ်ကွက်နေ အသက်၆၀ နှစ်ရှိ ဦးသိန်းထွန်း သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

Source-KhitThit

M T A

03 Nov, 00:45


တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖီမော်မြို့ရှိ ဝါစိမ်းနီ စစ်ကောင်စီ၏ အလံကို ဖြုတ်ချ

🟥 စစ်ကောင်စီ၏ BP7 တပ်စခန်းများမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က အုပ်စိုးထားသော တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့တစ်နေ့လုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF နှင့်ပြည်သူ့စစ်များက ပြင်းပြင်းထန်ထန် ခုခံနေသည့်ကြားမှ တပ်စခန်းများအားလုံးကို ဆက်တိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေပိုင်းတွင် ဖီမော်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA က ဖီမော်မြို့သို့ ချီတက် တိုက်ခိုက် သိမ်းပိုက်ရာတွင် လမ်းတလျှောက်ရှိ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ BP 7 တပ်ဂိတ်စခန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် သိမ်းပိုက်ရရှိခဲ့ပြီး ယင်းတပ်စခန်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ ခလရ ၂၉၈ မှ ဗိုလ်ကြီး ကိုကိုအောင် ဦးစီးသော လဂွေကျေးရွာ စာသင်ကျောင်းစခန်းကုန်းကိုလည်း သိမပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

"အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းစခန်းဌာနချုပ်ကို သိမ်းပိုက်ပြီးတော့ ဖီမော်မြို့ကို သွားရာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့ BGF တွေနဲ့ ပြည်သူ့စစ်တွေက ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်။ မနေ့ညနေပိုင်းမှာ ဖီမော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန်တွင် အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်သည် ဖီမော်မြို့ကို ကာကွယ်ထားသည့် မြို့စောင့်တပ်ဖြစ်ပြီး ဂမ်ခွင်းကျေးရွာတွင် တည်ရှိကြောင်း သိရှိရသည်။

KIA က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်း ပိုက် လိုက်ရာ လက်ရှိတွင် ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကချင်အထူးဒေသ ၁ တွင် ကန်ပိုက်တီးမြို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။

Source-KhitThit

M T A

03 Nov, 00:14


ဒေါက်တာဇော်မြင့်မောင် အမှတ်တရ “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ် ebook အဖြစ် အခမဲ့ ဖြန့်ချီ၊

ဒေါ်လာ/MFP ၊ နိုဝင်ဘာ - ၂

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုတိယ ဥက္ကဌ -၂၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှတ်တရအဖြစ် “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်ကို ebook အဖြစ် နိုဝင်ဘာလ ၁ရက်က စတင်ကာ Online ကနေ အခမဲ့ ဖြန့်ချီနေပြီလို့ ဆရာဇော် အမှတ်တရစာအုပ် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်မှာ ဒေါက်တာဇော်မြင့်မောင် ရဲ့ ပြောကြားချက်တွေ၊ နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး မျော်မြင်ချက်တွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ NLD ပါတီဝင်တွေအပေါ် မှာကြားချက်တွေ၊ ဒေါက်တာဇော်မြင့်မောင် ရေးသားခဲ့တဲ့ ကဗျာတွေ၊ ဒေါက်တာဇော်မြင့်မောင် မိသားစုဝင်တွေရဲ့ ခံစားချက် စာစုတွေ ထည့်သွင်း ဖော်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့အတူ NLD ပါတီကို ဦးဆောင်ခဲ့ပြီး အများက ဆရာဇော်၊ ဒေါက်ဇော် လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အသက် ၇၄နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ရက်က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ကာနီး အချိန်မှာ ဇနီးသည်နဲ့ သားသမီးတွေကို တွေ့ဆုံးခွင့် မရခဲ့ပါဘူး။

ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် ကတည်းက စစ်အုပ်စုက ဖမ်းဆီး ထောင်ချ ခဲ့ပြီး ကွယ်လွန်ကာနီး နာရီပိုင်းအလိုမှသာ စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း စာဖတ်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၈ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒေါင်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံး ခရီးကိုတော့ မန္တလေးမြို့ လုံးကျွတ်နီးပါး သောင်းနဲ့ချီတဲ့ ပြည်သူတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်ကို ebook အဖြစ် ယခုဖော်ပြပါ link t.ly/bWmkp မှာ ဒေါင်းလုပ် ရယူ နိုင်ပါတယ်။

MFP က တင်ဆက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။

Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

M T A

03 Nov, 00:11


ကလေးသူငယ်တွေရဲ့ စိတ်ဒဏ်ရာကို ဘယ်လိုဖျောက်ဖျက် ကုစားပေးကြမလဲ

MFP ၊ နိုဝင်ဘာ - ၂

ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်တွေကို မျက်မြင်ကြုံခဲ့ကြရတဲ့ ကလေးငယ်တွေမှာ စိတ်ဒဏ်ရာတွေ ရှိနေတတ်ပါတယ်။
ကလေး တစ်ယောက်နဲ့တစ်ယောက် ကြုံခဲ့ကြရတဲ့ ဖြစ်ရပ်တွေပေါ် မူတည်ပြီး ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့ စိတ်ဒဏ်ရာတွေ အတိမ်အနက် မတူကြပါဘူး။
စိတ်ဒဏ်ရာတွေပြည့်နေတဲ့ ကလေးငယ်တွေအတွက် အထောက်အပံ့ဖြစ်စေမယ့် လမ်းညွှန်ချက် တချို့ကို စိတ်ပညာရှင်တွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလိုအကြံပြုထားပါတယ်။

(၁) ဘယ်လိုစိုးရိမ်စရာ အခြေအနေတွေမှာပဲ ရှိရှိ ကလေးကိုယ်တိုင် သူဘေးကင်းနေတယ်ဆိုတာ သူကိုယ်တိုင် သေချာသိပါစေ။
(၂) ကလေးကို စိတ်လုံခြုံမှု အပြည့်ပေးပါ။ တတ်နိုင်သမျှ ပွေ့ဖက်ပေးပါ။ စကားနဲ့ရော အပြုအမူနဲ့ပါ စိတ်လုံခြုံမှုပေးပါ။
(၃) ကလေးတွေရှေ့မှာ အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေပြပါ။
(၄) ဘယ်လောက် တုန်လှုပ်စရာအခြေအနေ တွေနဲ့ ကြုံနေရပါစေ… လုပ်နေကျအလုပ်တွေကို ပုံမှန်ဆက်လုပ်ပါ။ ဥပမာ-ပုံမှန်ထမင်းတူတူစားတာ။ ဘုရားရှိခိုးဆုတောင်းချိန် စတာတွေကို သေချာဆက်လုပ်ပါ။
(၅) စိတ်ဒဏ်ရာရှိတဲ့ ကလေးတွေဟာ ညအချိန်တွေမှာ စိုးရိမ်စိတ်တွေ အလိုလို ပေါ်တတ်တာကြောင့်ကလေး အိပ်ရာဝင်ချိန်တွေမှာ သူ့တို့ကို အချိန်ပိုပေးပြီး ဂရုစိုက်ပေးပါ။
(၆) ကလေးတွေကို သတင်းတွေ ၊ရေဒီယိုတွေလည်း အကန့်အသတ်နဲ့သာ နားထောင်ခိုင်းပါ။
(၇) ကလေးတွေရဲ့ ခံစားချက်တွေကို မကြာမကြာ နားထောင်ပေးပါ။ သူတို့ခံစားချက်တွေ ထုတ်ဖော်ပြောလာနိုင်ဖို့ အခွင့်အလမ်းတွေပေးပါ။
(၈) ကလေးကို သူတို့ တတ်သလောက် မှတ်သလောက် ပုံတွေဆွဲခိုင်းပါ။ ကလေးတွေဟာ ပုံဆွဲတာကနေ သူတို့ခံစားချက်တွေကို ဖော်ပြလေ့ရှိတတ်ပါတယ်။
(၉) ကလေးတွေကို အလုပ်မအားအောင်ထားပါ။ ရွယ်တူကလေးတွေ အချင်းချင်း ကစားတာ ၊ အိမ်အလုပ်ကို ကူစေတာ စတဲ့အလုပ်တွေနဲ့ မအားအောင် ထားပါ။
(၁၀) ကလေးတွေ မေးလာတဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ ရိုးရိုးသားသား ဖြေပါ။
(၁၁) ကလေးတွေကို လူကြီးတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ စိုးရိမ်ပူပန် စိတ်တွေအကြောင်း အသေးစိတ်၊ အများကြီး မပြောပါနဲ့။ တခါတလေတော့ ပေါ့ပေါ့ပါးပါး ပြောပါ။
(၁၂) မကြာခင်မှာ ကောင်းမွန်တဲ့ အနာဂတ်တွေ လာတော့မယ့် အကြောင်းပြောပြပါ။
(၁၃) ကလေးကို အနာဂတ် ရပ်ရွာပြန်လည် ထူထောင်ရေးတွေအကြောင်း သေချာပြောပြပါ။ ရပ်ရွာအဖွဲ့တွေက ဘယ်လိုတွေ ကူညီပေးနေကြောင်း ကလေးတွေကို အသိပေးပါ။
(၁၄) ကူညီတတ်တဲ့ ကလေးတွေ ဖြစ်ဖို့ တိုက်တွန်းအားပေးပါ။

Ref - Helping children cope after a traumatic event (Child Mind Institute)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။

Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/

#Mandalay_Free_Press_MFP

M T A

02 Nov, 18:03


ရခိုင်-မြန်မာ အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက စစ်ကြောရေးလုပ်ပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထားကာ သူမ၏လက်ကိုင်ဖုန်းကို နေပြည်တော်သို့ပို့ဆောင် စစ်နေ

ရန်ကုန်| နိုဝင်ဘာ ၂

ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။

အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။

လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"မရမ်းကုန် စစ်ကြောရေးမှာ စစ်ဆေးခဲ့တယ်။ ပြီးတော့ တာမွေရဲစခန်းကို ဒီရက်ပိုင်းမှာ လွှဲလိုက်တယ်။ မဆုမြတ်ထက်ကို မရမ်းကုန်းစစ်ကြောရေးမှာ တစ်ခေါက်စစ်တယ်။ ပြီးတော့ သူမရဲ့ ဖုန်းကို နေပြည်တော်ကို ယူပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ တစ်ခြား ကိစ္စတွေကိုတော့ ထပ်မသိရတော့ဘူး "ဟုပြောသည်။

တေးသံရှင် မဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သည့်ပုဒ်မနှင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ခံရသည်ဆိုသည်ကို သီခြား သိရှိမှု မရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မဆုမြတ်ထက်ကို ဖမ်းဆီးပြီးနောက် ၎င်း၏ အိမ်ထဲဝင်မွှေကာ ဘဏ်စာအုပ်များနှင့် အချို့စာရွက်စာတမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားပြီး သူမ၏ လူမှုကွန်ရက်အကောင့်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။

မဆုမြတ်ထက်၏ မူပိုင် သီချင်းတစ်ပုဒ်ဖြစ်သော သဘာဝရဲ့တောက်ခေါက်သံ သီချင်းကို ခွင့်ပြုချက် မရှိဘဲ သီဆိုခဲ့သည့် အဆိုတော် အမျိုးသမီးတစ်ဦး
ကို မဆုမြတ်ထက်က မီဒီယာတစ်ချို့မှာ ထုတ်ပြောဆိုပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သူမနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"မဆုမြတ်ထက်က သူမရဲ့ မူပိုင်သီချင်းဖြစ်တဲ့ သဘာဝရဲ့တောက်ခေါက်သံ သီချင်းကို ခွင့်ပြုချက်မယူဘဲ ဆိုတယ်၊ အဲ့ဒါကို မဆုက မီဒီယာတစ်ချို့မှာ ထုတ်ဖော်ပြောဆိုတာတွေရှိတယ်။ ခွင့်ပြုချက်မရှိဘဲ ဆိုတဲ့ ဟိုဖက်က အဆိုတော် အမျိုးသမီးကလည်း သူက ခိုးယူပြီးတော့ ဆိုတာမဟုတ်ဘူးဆိုပြီးတော့ ငြင်းတယ်။ အဲ့ဒီမှာ ခွင့်ပြုချက်မရှိဘဲ ဆိုတဲ့သူက တော်တော်ဒေါထွက်သွားတယ်ပေါ့။ အဲ့ဒီမှာ နောက်ဆက်တွဲတွေ ဖြစ်သွားတာပါ"ဟုပြောသည်။
ခွင့်ပြုချက်မယူဘဲ သီဆိုခဲ့သည်သူ၏နောက်မှာ စစ်ကောင်စီတပ်ဖွဲ့၏ စစ်တပ်အရာရှိတစ်ဦးဖြစ်နေပြီး ဆုမြတ်ထက်ကို ဖမ်းဆီးမှုတွင် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း မဆုမြတ်ထက်၏ လုပ်ဖော်ကိုင်ဖက်များက ယုံကြည် နေကြသည်။

မဆုမြတ်ထက် သည် ပြည်ပရှိအဖွဲ့တစ်ခု၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိသည်ဟု စသဖြင့် စွပ်စွဲခြင်းမှာ မှန်ကန်မှုမရှိကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ က ပြောသည်။

မဆုမြတ်ထက်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက "ဒီစွပ်စွဲချက်တွေက အရမ်းကို ပြင်းထန်ပါတယ်။ တစ်ဖက်သက်လည်းဆန်ပါတယ်။ နောက်ပြီးခွင့်ပြုချက်မရှိဘဲ မူပိုင်သီချင်းကို ဆိုတဲ့သူကလည်း သဘောထားကြီးဖို့လိုပါတယ်။ မဆုမြတ်ထက်နဲ့ အမြန်ဆုံး ညှိနှိုင်းဖို့လိုပါတယ်။ ပြီးတော့ မဆုမြတ်ထက်ကို လွတ်ပေးဖို့လိုပါတယ်။ ဒီသီချင်းကို ခွင့်ပြုချက် မရှိဘဲ ဆိုပြီးနောက်ပိုင်းမှာ မဆုက အဖမ်းခံရတာဖြစ်ပါတယ်။ ဒီအပေါ်ကျနော်တို့ ခွင့်ပြုချက် မရှိဘဲ သီဆိုခဲ့တဲ့ အဆိုတော် အိမ့်ပန်းချီ ပြောချင်တာပါ"ဟုပြောသည်။

မူရင်းတေးဆို မဆုမြတ်ထက်ကို အဆိုတော် အိမ့်ပန်းချီက ရေဘေးသင့်ပြည်သူများပြန်လည် ထူထောင်နိုင်ရန် ရည်ရွယ်၍ ၎င်းတေးသီချင်းကို ပြန်လည်သီဆိုရာတွင် ပိုင်ရှင်များ၏ ခွင့်ပြု့ချက်ကို မတောင်းခံဘဲ သီဆိုခဲ့ပါသဖြင့် ခွင့်လွှတ်ပေးပါဟု အဆိုတော် အိမ့်ပန်းချီ၏လူမူကွန်ရက် စာမျက်နှာတွင် အောက် တိုဘာ ၄ ရက်နေ့တွင် ရေးသားခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Source-KhitThit

M T A

02 Nov, 17:25


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

02 Nov, 17:25


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

M T A

02 Nov, 17:24


နတ်မောက်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းဘက်မှ ရွာတော်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၃ စီးကို ဥယျာဉ်ကျေးရွာ နှင့် ရွာသစ်ကျေးရွာကြား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား တစ်စီးပျက်စီးကာ အခြားကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

“အင်အားက ၈၀ လောက်ရှိမယ်။ ပေါ်တာဆွဲ ၊ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့တွေပါ၊ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး၊ များတော့များမယ်။ မိုင်းထိတဲ့ ကားက မောင်းမရတော့ ထိတဲ့ စခ တွေကို ရှေ့က ၁၂ ဘီးကားပေါ်တင်၊ မိုးကာနဲ့ အုပ်ပြီး ဆက်မောင်းသွားတာ။ မိတ္ထီလာစစ်ဆေးရုံကို သွားမယ်လို့ ထင်ပါတယ်၊ မိုင်းဆွဲခံရပြီးတော့ တစ်လမ်းလုံး ရမ်းသမ်းပစ်တာ ရွာသစ်တောတိုက်ထဲက အမျိုးသမီးတစ်ယောက် ပေါင်ကျည်ထိမှန် ဒဏ်ရာရတယ်၊ မိဘပြည်သူတွေအနေဲ့ စခကားတွေနဲ့ နီး နီး ကပ်မလိုက်ဖို့ သတိပေးချင်ပါတယ်” ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို အတူ လိုက်ပါလာသည့် ၁၂ ဘီးကားပေါ်တင်ပြီး မိုးကာအုပ်၍ သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က လမ်းလျှောက် ဆဲဆိုရမ်းသမ်းပစ်ခတ်ခဲ့ရာ၍ မောင်းနှင်သွားရာ ရွာသစ်ရွာနေ အမျိုးသမီး တစ်ဦး ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကား ၃ စီးကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Source-KhitThit

M T A

02 Nov, 17:24


အင်းတော်မြို့ရှိ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို KIA ပူးပေါင်း တပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကိုလည်း ယာယီပိတ်ထားပြီး ခရီးသွားပြည်သူများလည်း ပိတ်မိနေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ လက်ရှိချိန်ထိ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်လည်း အပြင်းအထန် ခုခံတိုက်နေကြောင်း သိရှိရသည်။

"တိုက်ပွဲက ပြင်းထန်နေတုန်းပဲ အခုထိ သိမ်းပိုက်နိုင်တာတော့ မရှိသေးဘူး။ ဆက်လက် ဖြစ်ပွားနေတုန်းပဲ" ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရဲစခန်း၊ နဘားလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနှင့် ဩဂုတ်လ ၁၇ ရက်နေ့တွင် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်စခန်းတို့ကို KIA ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ခဏရပ်နားသွားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထိတွေ့ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။

Source-KhitThit

M T A

02 Nov, 17:24


ဖလမ်းမြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်ပြီး CNDF က ထုတ်ပြန်ပြောဆိုတာခြင်း မရှိသေးသောလည်း ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖလမ်းမြို့ပေါ်နေ ပြည်သူများ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရကြောင်း သိရှိရသည်။

ဖလမ်းမြို့ပေါ်တွင် နေထိုင်သော လူဦးရေ တစ်သောင်းဝန်းကျင်၏ ၉၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ မြို့တွင်း၌ နှစ်ဘက်တပ်များ စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်မြစ်က ပြောဆိုသည်။

ဖလမ်းမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သည် ဖလမ်းမြို့ထဲကို သွားလာလေ့မရှိဘဲ ၎င်းတို့တပ်စွဲထားသော တပ်ကုန်းဝန်းကျင်၌သာ နေထိုင်နေရာမှ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ အ.ထ.က ၁ တွင် နေရာယူတပ်စွဲရန် စစ်ကြောင်း ထွက်လာသောကြောင့် CNDF နှင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်နေ အမျိုးသမီး ၁ ဦးနှင့် တောင်ယာလုပ်နေသည့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလမ်းမြို့ပေါ်မှ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး အသက် ၃၈ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖလမ်းမြို့ပေါ်တွင် ပစ်ခတ်မှုစတင်သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဒေသပြည်သူ ထက်ဝက်ကျော်သည် မြို့ပေါ်မှ တိမ်းရှောင်ခဲ့ရပြီး မြို့ထဲတွင် CDM ဆရာမ ကျည်ထိမှန်သေဆုံးပြီးနောက် ကျန်ရှိနေသူအားလုံးနီးပါး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖလမ်းမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်လာခြင်းကြောင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖလမ်းမြို့နယ်ပြည်များအနေဖြင့် စစ်ရေး အခြေအနေကို သတိထားပြီး နေထိုင်ကြရန် CNDF က အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

Source-KhitThit

M T A

02 Nov, 17:23


ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံ မှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံမှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ​၏ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(သံတောင်ကြီး) သို့ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန် အတွက် ခရီးထွက်လာသော တဆရ - ၁၂/၁၀၀ (ထားဝယ်) မှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို ၎င်း၏ မိသားစုဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းတနေရာ၌ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ မှ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူကိုတော့ လက်ရှိမှာ စစ်သုံ့ပန်းမူဝါဒနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်များကိုလည်း လူအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

Source-KhitThit

M T A

02 Nov, 17:23


မြိုင်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့ပြင် ၁ ဦးမှာလည်း ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။

"လက်ရှိ ကျန်တော်တို့ သိရတာက ပြည်သူ ၂ ဦး နဲ့ မကျည်းလေးပင်ရွာ ပကဖ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးက ပြင်းထန် ဒဏ်ရာရတယ်။အခြေအနေတော့ ဆက်လက် စောင့်ကြည့်နေရတုန်းပဲ" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

Source-KhitThit

M T A

02 Nov, 17:22


တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာရှိ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု လက်နက် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာရှိ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်သာမြို့နယ် တလိုင်းရပ် (ရွာသစ်)ရှိ ပျူစောထီးများ အထိုင်စခန်းချ ထားသောနေရာကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ပျူစောထီးများ စခန်း စွန့်ခွာထွက်ပြေးခဲ့ပြီး ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပျူစောထီးများထံမှ ကာဘိုင် သေနတ် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ 7.62 ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည် ၊ ယူနီဖောင်းအများအပြား နှင့် ငွေကျပ် တစ်သိန်းငါးထောင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး သေဆုံးစာရင်းတော့ အတိအကျ ကျနော်တို့ မသိရသေးပါဘူး။ ပျူစောထီး ခေါင်းဆောင် ကျော်မင်းထူး နေအိမ်မှာ စခန်းချနေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းခဲ့တာပါ" ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Source-KhitThit

M T A

02 Nov, 10:55


နတ်မောက်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းဘက်မှ ရွာတော်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၃ စီးကို ဥယျာဉ်ကျေးရွာ နှင့် ရွာသစ်ကျေးရွာကြား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား တစ်စီးပျက်စီးကာ အခြားကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

“အင်အားက ၈၀ လောက်ရှိမယ်။ ပေါ်တာဆွဲ ၊ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့တွေပါ၊ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး၊ များတော့များမယ်။ မိုင်းထိတဲ့ ကားက မောင်းမရတော့ ထိတဲ့ စခ တွေကို ရှေ့က ၁၂ ဘီးကားပေါ်တင်၊ မိုးကာနဲ့ အုပ်ပြီး ဆက်မောင်းသွားတာ။ မိတ္ထီလာစစ်ဆေးရုံကို သွားမယ်လို့ ထင်ပါတယ်၊ မိုင်းဆွဲခံရပြီးတော့ တစ်လမ်းလုံး ရမ်းသမ်းပစ်တာ ရွာသစ်တောတိုက်ထဲက အမျိုးသမီးတစ်ယောက် ပေါင်ကျည်ထိမှန် ဒဏ်ရာရတယ်၊ မိဘပြည်သူတွေအနေဲ့ စခကားတွေနဲ့ နီး နီး ကပ်မလိုက်ဖို့ သတိပေးချင်ပါတယ်” ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို အတူ လိုက်ပါလာသည့် ၁၂ ဘီးကားပေါ်တင်ပြီး မိုးကာအုပ်၍ သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က လမ်းလျှောက် ဆဲဆိုရမ်းသမ်းပစ်ခတ်ခဲ့ရာ၍ မောင်းနှင်သွားရာ ရွာသစ်ရွာနေ အမျိုးသမီး တစ်ဦး ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကား ၃ စီးကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Source-KhitThit

M T A

02 Nov, 10:50


မြိုင်နယ်မှာ စစ်ဘေးရှောင်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ပြည်သူလေးဦးနဲ့ ရဲဘော်နှစ်ဦး ထိမှန်ဒဏ် ရာရ

အီသာရမ်/MFP၊နိုဝင်ဘာ−၂

မကွေးတိုင်း မြိုင်နယ် မကျည်းလေးပင်ကျေးရွာ အနီးက စစ်ရှောင်တွေနေရာကို စစ်အုပ်စုက နိုဝင်ဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်လို့ စစ်ဘေးတိမ်းရှောင် ပြည်သူလေးဦးနဲ့ တော်လှန်ရေး ရဲဘော်နှစ် ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရဲ‌ဘော်တစ်ဦးရဲ့ ထိမှန်ဒဏ်ရာက စိုးရိမ်ဖွယ်ရာပြင်းထန်တယ်လို့ ဒေသခံသတင်းရင်း မြစ် တွေက MFP ကို ပြောပါတယ်။

အဆိုပါ ကျေးရွာအနီး စစ်ဘေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေရှိရာကို စစ်အုပ်စုက Mi35 နဲ့ ရော့ကတ်တွေ ပစ် ခတ်ခဲ့သလို စက်လက်နဲ့ပါ ပစ်ခတ်တာကြောင့် အခုလို ထိမှန်ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကန်နီက ပျူရွာက အစာမရှိတော့ အဲဒီဘက်လမ်းကို ထွက်ချင်လို့ နှင်ထုတ်တာ မထွက်ရဲတာ စက်လက်တွေ ရော့ ကတ်တွေနဲ့ ကုတ်တာ။ လမ်းဘေး စစ်ရှောင်တွေနေတဲ့နေရာတွေ လိုက်ပစ်တာ။ အခုက ရွာကို မပစ်ဘူး စစ်ရှောင် တွေနေ တဲ့နေရာကို ပစ်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ မကျည်းလေးပင်ကျေးရွာဟာ ကန်နီပျူစောထီးစခန်းနဲ့ နှစ်မိုင်ခန့်အကွာမှာ တည်ရှိ ပြီး စစ်အုပ်စုရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ် လို့ ဆိုပါတယ်။

မြိုင်နယ် ကန်နီကေျးရွာ ပျူစောထီးစခန်းမှာ ရှိနေတဲ့ ပျူစောထီးတွေဟာ ရိက္ခာပြတ်တောက်ပြီး ငတ်ပြတ်လာတဲ့ အတွက် ရိက္ခာအရှာထွက်နိုင်ဖို့ စစ်အုပ်စုက လေကြောင်းကနေ အခုလို ပစ်ကူတိုက်ခိုက်ပေးခဲ့တာဖြစ်တယ်လို့ဆို ပါတယ်။

ကန်နီပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ရိက္ခာပြတ်လပ်နေ တာ ဖြစ်ပြီး အနီးက ကျေးရွာတွေကို ရိက္ခာအတွက် စစ်ကြောင်းထွက်ဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ရိက္ခာပြတ်လပ်နေတဲ့ ကန်နီပျူစောထီးစခန်းက စစ်အုပ်စုနဲ့ပျူစောထီးတွေဟာ အောက်တိုဘာလ ၉ ရက်ကလည်း လက်ထုပ်တော ကျေးရွာက အမျိုးသမီးငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိက္ခာနဲ့လဲလှယ်ခိုင်းတာကြောင့် ရိက္ခာပို့ပေးပြီး လဲလှယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/
#Mandalay_Free_Press_MFP

M T A

02 Nov, 00:59


မြိုင်မှာ စစ်အုပ်စုက လေကြောင်းရော မြေပြင်ပါ စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့လို့ နေအိမ် ၃၀ မီးလောင်ဆုံးရှုံး၊
ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ၊

အီသာရမ်/MFP၊နိုဝင်ဘာ - ၂

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုက ကျေး ရွာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်တာနဲ့ မြေပြင် စစ်ကြောင်းထိုး ပြီး မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ် စုစုပေါင်း ၃၀ ခန့် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်နယ် မြောက်ပိုင်း ချောက်တောင်းကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်အုပ်စုက အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းမှာ Mi-35 နဲ့ တစ်နာရီခန့်ကြာအောင် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ နေအိမ် ၁၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

အလားတူ လင်းကတောနယ်မြေရဲစခန်းကနေ ကျေးရွာထဲကို မြေပြင်စစ်ကြောင်းထိုးဝင်လာတဲ့ စစ်အုပ်စုက ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာမှာ နေအိမ် အလုံး ၂၀ ခန့် ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်အုပ်စုလေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ချောက်တောင်းကျေးရွာက နေအိမ်တွေအပြင် ပေါင်းတည်ကျေး ရွာက ဘုန်းကြီးကျောင်းနဲ့နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်နယ်အတွင်း ရိက္ခာပြတ်တောက်နေတဲ့ စစ်အုပ်စုတွေဟာ ကျေးရွာတွေထဲဝင်ရောက်ပြီး ရိက္ခာယူနိုင်ဖို့အတွက် စစ်‌ကြောင်းထွက်ရာမှာ လေကြောင်းကနေ ရွာထဲကို ပစ်ကူတိုက်ခိုက်ပေးနေတာ ဖြစ်ပြီး မြေပြင် စစ်ကြောင်းက လည်း ကျေးရွာထဲ ဒေသခံတွေ မနေထိုင်ရဲအောင် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီ စစ်ကြောင်းက ကျေးရွာတွေကို နေ့စဉ်မွှေနောက် ခိုးယူဖျက်ဆီးနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို အောက်ပါချန်နယ်တွေမှာလည်း ကြည့်နိုင်ပါတယ်။
Website - https://mandalayfreepress.com
Youtube - https://www.youtube.com/@MandalayFreePressMFP
Telegram - https://t.me/mandalayfreepress
Facebook - https://www.facebook.com/mandalayfreepress/

#Mandalay_Free_Press_MFP

M T A

29 Oct, 03:17


နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းနေ၊ ပြည်မြို့ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်း အလွန်ရမ်းကားလာဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် တောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော် ပျဥ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဘိုက စစ်မှုထမ်းအပတ်စဉ် ၇ တွင် တာဝန်ဆောင်မည့် တပ်သားသစ် စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ပေးရမည်ဟု တောင်းခံလာကြောင်း၊ လစဉ်လတိုင်း တောင်းခံသည့်ငွေကြေးမှာ ပမာဏ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"လစဉ်လတိုင်း လကုန်ရက်ဆိုတာနဲ့ စစ်မှုထမ်းတပ်သားသစ်တွေအတွက်ဆိုပြီး ငွေညှစ်ခံနေရတယ်။ တစ်အိမ်ကို ငွေ ၃၀၀၀၀ မဖြစ်မနေပေးရမယ်။ သူက စစ်တပ်နဲ့ အဲဒီငွေကို ခွဲဝေယူတာ။ ပျဉ်းမနားမြို့နယ် သစ်တွန်ကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၁ ရွာရှိတယ်။ လူဦးရေ ၇၀၀ နဲ့ အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။ ကျနော်တို့ ကျေးရွာအုပ်စုက တောင်တန်းဒေသလိုဖြစ်နေတာပါ။ လတိုင်း လတိုင်း ငွေကောက်နေတာ။ မပေးလို့လည်း မရဘူး။ လူတွေမှာ စားစရာမရှိရင်တောင် လစဉ် အုပ်ချုပ်ရေးမှူးတောင်းတဲ့ငွေကို မရှိ ရှိအောင် ရှာနေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာ၀တီတိုင်း၊ အိမ်မဲမြို့နယ်၊ ရွှေဘိုရေကျော်ကျေးရွာ၊ မွေချောင်းကျေးရွာ၊ စိုက်ပျိုးကျေးရွာတို့တွင်လည်း စစ်မှုမထမ်းရရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး စိုးကြည်က ကောက်ခံလျက်ရှိကြောင်း ၊ ရာအိမ်မှူး ကျော်စိုးဦးဆိုသူကလည်း အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ မွေချောင်းကျေးရွာရှိ ပြည်သူများထံမှ ငွေကြေးများ ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။

"ရာအိမ်မှူး ကျော်စိုးဦး အရက်ရောင်းတယ်။ စစ်မှုမထမ်းချင်ရင် တစ်အိမ် ငွေ ၅၀၀၀၀ ဆိုပြီး လိုက်တောင်းတယ်။ ပြီးတော့ တချို့ရွာက ကလေးတွေလည်း ပေါ်တာဆွဲခံရသလိုလို အဖမ်းခံရသလိုလိုနဲ့ တပ်ထဲရောက်သွားတာတွေလည်းရှိတယ်။ ဒီအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က တစ်အိမ်ကို ငွေ ငါးသောင်း ကောက်ပြီး ဘာတွေ သုံးပစ်လိုက်လဲ မသိရဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ငွေကြေးကောက်ခံမှုအကြောင်း ဖော်ပြခဲ့ပြီးဖြစ်သော ပြည်မြို့၊ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်းမှာ ပို၍ ပင် အခြေအနေဆိုးဝါးလာပြီး ငွေကြေးကောက်ခံမှုတင်မကတော့ဘဲ ရာဇဝတ်မှုများ၊ ပြည်သူများကို ခေါ်ယူ၍ အနိုင်ကျင့် ရိုက်နှက်မှုများဖြင့် အလွန်ဆိုးရွားလာနေကြောင်း သိရှိရသည်။

" ပြည်မြို့ မှော်ဇာအုပ်စု အုပ်ကြီး အေးထွန်းက စစ်သားတွေ၊ သူ့ နောက်လိုက်ခွေးတွေနဲ့ ဂျင်ဝိုင်း ဖဲဝိုင်းတွေ ပြည့်တန်ဆာတွေ မယားငယ်တွေနဲ့ပျော် မြူး လိုက်။ ပြည်သူဆီက ဆက်ကြေး တအားကောက်တယ်။ လုပ်စားတာတွေအရမ်းများတယ်။ သူနဲ့ရှယ်ယာလုပ် ပီး ကြံဖွတ်ပါတီဝင် စိန်ထွန်းနဲ့ အုတ်ရိုက်စက်တွေထောင်ပြီး စီးပွားရေးလုပ်တယ်။ လူငယ်တွေ မထင်ရင် မထင်သလို ရပ်ကွက်ရုံးခေါ်ပြီး ရိုက်နှက်တယ်။ သူခိုင်းတာမလုပ်ရင် စစ်မှုထမ်းထဲထည့်မယ်ခြိမ်းခြောက်တယ်။ ရာဇ ဝတ်မှုပေါင်းစုံ လုပ်လာတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Source-KhitThit

M T A

29 Oct, 03:09


ဟားခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း၊ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။

ဟားခါးမြို့ရုန်းတောင် အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မြို့သစ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ မိန်းကလေးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာ ဟားခါးမြို့ပြင် Rual U သုသာန်ကုန်းရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံတော်လှန် ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သုသာန်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ မြို့ထဲကိုဆုတ်ခွာသွားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ရာကနေ အရပ်သား ၄ ဦးကို ထိခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့ပြင်မှာဖြစ်ပွားခဲ့တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့မနက်ပိုင်း သုသာန်ကုန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တဖန်ပြန်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Source-KhitThit

M T A

29 Oct, 03:09


နွားထိုးကြီးမြို့မရဲစခန်းမှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လင်မယား ၂ ဦး ရှိနေသော အကြော်ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဇနီး ပွဲချင်းပြီးသေဆုံးကာ ခင်ပွန်း ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းအတွင်း တပ်စွဲထားသော စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး အမျိုးသမီးဖြစ်သူ ပွဲချင်းပြီးသေဆုံး သွားကြောင်း ဒေသသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၅၀ မိနစ်အချိန် နွားထိုးကြီးမြို့မရဲစခန်း အတွင်းမှ အကြမ်းဖက်စစ်သား၊ ရဲများက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ၃ လုံးရမ်းသမ်း ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့တောင်ဘက်ရှိ ထနောင်ပင်လဲ့ကျေးရွာ၌ ရှိသော အကြော်ဆိုင်ပေါ်သို့ တည့်တည့် ကျ ရောက်ပေါက်ကွဲပြီး လင်မယား ၂ ဦး လက်နက်ကြီး စ ထိမှန်ဒဏ်ရာရရှိကာ အမျိုး သမီးဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“အခုလည်း ရဲစခန်းထဲမှာ သေနတ်တွေ ပစ်ဖောက်နေတယ်။ ညနေက ပစ်တာက လူထိခိုက်မှု မရှိ ဘူး။ ညနေကလည်း သေနတ်တွေပစ်ဖောက်ပြီး လက်နက်ကြီးနဲ့ ရမ်းထုနေတာ။ ဘာတိုက်ပွဲမှ မရှိ ပါဘူး။ အခုည ၇ နာရီ မိနစ် ၅၀ မှာက ပစ်တာက နွားထိုးကြီးတောင်ဘက်အကြော်ဆိုင်တဲပေါ်ကို တည့်တည့်ကျတာ။ လင်မယားနှစ်ယောက်ထိတယ်။ အမျိုးသမီးဖြစ်သူကသေတယ်၊ ယောက်ျားဖြစ် သူကတော့ မသေဘူး။ ဒဏ်ရာရာတော့အပြင်းအထန်ရသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ကလည်း နွားထိုးကြီးမြို့မရဲစခန်းအတွင်းမှ အကြမ်းဖက် စစ်သား၊ ရဲများက လက်နက်ကြီး ၃ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးမှာ နွားထိုးကြီး မြို့ အမှတ် ၁ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ မြို့တောင်ဘက်တွင် ကျ ရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရ သည်။

Source-KhitThit

M T A

29 Oct, 01:17


အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

"အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။ ကျနော်တို့ကတော့ တပ်တွင်းသတင်းရင်းမြစ်အရ ဒီကောင်တွေက ပြေးတာ မြန်တယ်လေ။ သူတို့တွေ ဆက်သွယ်မှု ပြတ်တောက်သွားပြီ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားပြီ လုံးဝ အဆက်အသွယ်မရတော့ဘူးဆိုတာကို ကြည့်ပြီးတော့ ကျနော်တို့က အတည်ပြုရခြင်းပဲ ဖြစ်ပါတယ်"ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်အခြေစိုက် တပ်မိသားစုဝင်တစ်ဦးကမူ အောက်တိုဘာလ ၂၅ ရက်နေ့ အထိ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ ၎င်းတို့သားဖြစ်သူ တပ်ကြပ်ကြီးစာရေးနှင့် အဆက်အသွယ် ရရှိကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး ခက်ခဲခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ ဆက်သွယ်၍ လုံး၀ မရတော့ကြောင်း၊ ပြင်ပတွင် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးပြီဆိုသော သတင်းများ တက်နေသဖြင့် နေပြည်တော်ရှိ တပ်အရာရှိကြီးတချို့ ထံ ဆက်သွယ်မေးမြန်းရာ မှတ်ချက်ပေးခြင်းမရှိဟုဆိုသည်။

နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်တစ်ခုကမူ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA၏ အ၀ိုင်းခံထားရသည်မှာ ကြာမြင်ခဲ့ပြီဖြစ်ပြီး လက်ရှိ နောက်ဆုံးအခြေအနေကို ပြောရန် ခက်ခဲကြောင်း၊ ဆက်သွယ်ရေး ပြတ်တောက်ရုံဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျသွားပြီဟု ပြော၍ မရနိုင်ကြောင်း ပြောဆိုသည်။

"အမ်း နပခက အတိုက်ခံနေရတာ လပိုင်းတောင် ရောက်တော့မယ်။ အ၀ိုင်းခံ အတိုက်ခံနေရတာတော့ ရက်ကြာနေပြီ။ ဒါပေမယ့် ဆက်သွယ်ရေး ပြတ်တောက်ရုံနဲ့တော့ နပခ ကျပြီလို့တော့ ပြောလို့မရနိုင်သေးဘူး။ ကျနော် သိသလောက်တော့ အမ်းဘက်ကို မနေ့ညပိုင်းအထိ လေကြောင်းပစ်ကူတွေ သွားနေတဲ့ အစီအစဉ်ဇယားတွေရှိနေသေးတယ်" ဟု တပ်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

လက်ရှိ ရခိုင်ပြည်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိမနေဘဲ စစ်တွေမြို့တွင်သာရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအားလုံးလည်း စစ်တွေမြို့တွင်သာ ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက် အတည်ပြုပြောဆိုသည်။

"ဝန်ကြီးချုပ် ဦးထိန်လင်းရော၊ တိုင်းမှူးရောက စစ်တွေမှာပဲရှိတာပါ။ အမ်းမှာ တိုင်းမှူး မရှိပါဘူး" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း AA ဘက်က တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။

Source-KhitThit

M T A

29 Oct, 01:02


ခေတ်သစ် လေဆာကာကွယ်ရေးစနစ်မြှင့်တင်ဖို့ အစ္စရေး ကနဦး ဒေါ်လာသန်း ၅၀၀ တန် စာချုပ်

မဲခေါင်၊ အောက်တိုဘာ ၂၈

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက လက်ရှိနဲ့အနာဂတ် နိုင်ငံတော်အတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့ လေဆာကာကွယ်ရေးခေတ်သစ် တည်ဆောက်ရေး ဒေါ်လာသန်း ၅၀၀ တန် လေဆာကာကွယ်ရေးစနစ် အဆင့် မြှင့်တင်သွားဖို့ စာချုပ်ခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ Iron Beam လေဆာကြားဖြတ်ကာကွယ်ရေးစနစ်ကို မှီးပြီး လေကြောင်းရန်ကာကွယ် ရေးစနစ်မှာ လေဆာကာကွယ်ရေးခေတ်ရဲ့ အစွမ်းအထက်ဆုံး စနစ်ကို တည်ဆောက်ဖို့ ဘီလီယံများစွာချီတဲ့ သဘောတူညီချက်တွေရယူပြီး နောက်နှစ်ထဲမှာပဲ တပ်ဆင်အသုံးပြုနိုင်မယ့် မြေပြင်အခြေစိုက် လေးဆာ စနစ် သစ် တည်ဆောက်ဖို့ အစ္စရေး ကာကွယ်ရေးသုတေသနဖွံ့ဖြိးရေးညွှန်ကြားမှုဌာန DDR&D က လက်နက်တီထွင် ရေးကုမ္ပဏီ Rafael Advanced Defense Systems and Elbit Systems တို့နဲ့ ကနဦးစာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ Iron Beam စနစ်မှာတင် ရော့ကက်၊ အမြောက်ကျည်၊ ဒရုန်း၊ ခရုဇ်ဒုံးကျည် အစရှိတဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကို ရာနှုန်းပြည့်နီးပါး ကာကွယ်နေနိုင်ပြီး အဆင့်မြှင့်တင်မယ့် လေဆာကာကွယ်ရေစနစ် မှာ ကာကွယ်မှုကို အလွှာလိုက် အဆင့်အဆင့် အထပ်ထပ် ထပ်တိုးစေမှာဖြစ်သလို ဒီစနစ်က ကုန်ကျစားရိတ်ကို အများအပြား လျှော့ချနိုင်ဖို့အတွက်လည်း ရည်ရွယ်တာဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမှုဟာ ပထမဆုံး စီမံကိန်းအတွက်သာဖြစ်ပြီး နိုင်ငံအနာဂတ်ကိုပါ ကာကွယ်နိုင်ဖို့ ဘီလီယံများစွာ အသုံးပြုလို့ ထပ်ပြီး လေဆာလေကြောင်းကာကွယ်ရေး စနစ်သစ်တွေ ထပ်မံ တီထွင်စေလို့ ကိုယ့်အားကိုယ်ကိုး နိုင်ငံဖြစ်စေရမယ်လို့လည်း အစ္စရေးက ကြုံးဝါးထုတ်ပြန်သွားပါတယ်။

Ref: ynetnews
MKF-001
#MeKongNews
#အစ္စရေး
#လေဆာ
#ကာကွယ်ရေး
#စာချုပ်

M T A

29 Oct, 01:01


BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော

ရန်ကုန်၊ အောက်တိုဘာ ၂၉

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသများတွင် အခြေချ၍ MOD/PDF တပ်ရင်များအပြင် အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် မည်ဖြစ်ပြီး လတ်တလော ရန်သူ၏ အာရုံစိုက်လာမည်စိုးသဖြင့် အကျယ်တဝင့် မပြောလိုသေးကြောင်း BPLA မှ မောင်ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

BPLA မှ မောင်ဆောင်းခက BPLA ၏ ရှေ့ဆက် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရားဝင် ပြည်သူသို့ လူမှုကွန်ရက်များမှတစ်ဆင့် တရားဝင် ထုတ်ပြန် ကြေ ညာလိုက်ခြင်းဖြစ်သည်။

"အကျယ်တဝင့်ထပ်မပြောလိုတော့ဘူး ။ ရန်သူ အရမ်းအာရုံစိုက်လာမှာစိုးလို့" ဟု မောင်ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

BPLA သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဦးဆောင်မှုအောက်တွင် အများကြီး ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ အဆိုပါကျေးဇူးကို မေ့ပျောက်မည်မဟုတ်ကြောင်း၊ BPLA အနေဖြင့် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ပြီး အညာလူထုက ကြိုဆိုမည်ဟု မျှော်လင့်ကြောင်း ၎င်းက မောင်ဆောင်းခက တရားဝင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

"ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာ မိတ် ၃ ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု ၎င်းက ရေးသားခဲ့သည်။

ထို့ပြင် BPLA အနေဖြင့် MOD/PDF တပ်ရင်များနှင့်သာမက အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက် အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်" ဟု မောင်ဆောင်းခက ဆက်လက်ရေးသားထားသည်။

BPLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှမ်းမြောက်ဒေသတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့သော တော် လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

Source-KhitThit

M T A

28 Oct, 17:09


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

28 Oct, 17:09


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

M T A

28 Oct, 17:08


မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေး တပ်ဖွဲ့ များက စိုးမိုးထားရာ အာရှလမ်းမကြီး၏ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြေင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ MA1 အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ အောင်ဇေယျစစ် ကြောင်းမှာ သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှု များပြားသဖြင့် လက်နက်ကြီးပစ်ကူ၊ လေ ယာဉ်ပစ်ကူများ ဆက်တိုက်လုပ်‌ဆောင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

"စစ်တပ်ဘက်က ဒီလောက် အထိနာနေတာကိုလည်း စစ်ကြောင်းနဲ့တက်လာနေတာပဲ။ ကြည့်ရတာ အခုတက်လာတာက စစ်မှုထမ်း သင်တန်းဆင်းတွေ ဖြစ်ဖို့များတယ်။ အဲဒါတွေနဲ့အင်အားဖြည့်ပြီး ပြန်တက်လာတယ်လို့ ပြောရမယ်" ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Source-KhitThit

M T A

28 Oct, 17:08


ကြို့ပင်ကောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို သယ်ဆောင်သွား၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက် ကျူးလွန်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို ပြန်လည် သယ်ဆောင်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အေးရွာလေးကျေးရွာထိပ်အရောက်တွင် အသင့်စောင်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို စစ်ကူလာသည့် စစ်သားများက ဖောကား ၂ စီးဖြင့် ကြို့ပင်ကောက်မြို့ပေါ်ကို ပြန်လည် သယ်ဆောင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီ တပ်သားများ မြို့ပေါ်တွင် ဆေးကုသမှု ခံယူနေစဉ် ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် တိုက်ခိုက်မှု ဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သိရှိရသည်။

"ဥယျာဥ်ကြီးရွာမှာ စစ်ခွေး ၂၀ လောက်ကျန်သေးတယ်။ အကုန်လုံး ပြန်မဆုတ်သေးဘူး။ စစ်ခွေး ၃၀ လောက်က အေးရွာလေးကိုလာတာကို စောင့်ပြီးမိုင်းဆွဲတာ ပဒေသာမိုင်း ၄ လုံးထိတယ်။ တစ်ဖွဲ့လုံးမှာ စစ်ခွေး ၂ ကောင်လောက်ပဲ အကောင်းတိုင်း ကျန်တယ်။ သေတာကမျက်မြင် ၁၀ ကောင်ပါ။ ကျန်တာတွေက ခြေပြတ်လက်ပြတ်တွေ ဖောကား ၂ စီးနဲ့ လာသယ်သွားကျတယ်။ ကျန်တော်တို့ သတင်းထပ်ကြားတာက စစ်ခွေး ၁၀ ကောင် ဆေးရုံမှာ ထပ်သေတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာတာကြောင့် ပြည်သူတွေကိုမဲပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်လုပ်နေတယ်။ ပြည်သူ ဘယ်နှဦး ထပ်မံ ဖမ်းဆီး သတ်ဖြတ်ခံရလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ခွေးစစ်ကြောင်းက အခုထိ ရှိနေသေးတယ်" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon QBK-PDF ရဲ ဘော်များက လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ရှုံးမဲမဲ၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သာားများ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် အကြမ်းဖက်စစ်သားများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။

Source-KhitThit

M T A

28 Oct, 17:07


နောင်ချိုမြို့၊ သပြေရပ်ကွက်ကို စစ်တပ်က ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ သပြေရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နောင်ချိုမြို့၊ သပြေရပ်ကွက်အတွင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဗုံး ၉ လုံး စုစုပေါင်် ဗုံး ၁၁ လုံး လာရောက် ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်အတွင်း သပြေရပ်ကွက်မှ အသက် ၆၀ နှစ်အရွယ် ဦးသိန်းထွန်း သေဆုံးခဲ့ပြီး အသက် ၅၀ ဝန်းကျင်ရှိ ဒေါ်ပု ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နမ့်ခမ်းမြို့ စခန်းသစ်အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး၊ မန်ဆာနတ်စဉ်ကုန်း နှင့် လယ်ကွက်အနီးကို ဗုံး ၆ လုံး စုစုပေါင်း ဗုံး ၈ လုံး လာရောက်ကျဲချ တိက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိသော်လည်း ဒေသပြည်သူများ၏ စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မုံးစီးမြို့နယ် ရေပူစမ်းအနီးကို ဗုံး ၈ လုံးထက်မနည်း လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ကပြောဆိုသည်။

Source-KhitThit

M T A

28 Oct, 17:07


ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေ၊ တောင်ငူမြို့နယ်ရှိ တဲကြီးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်ကစ၍ ဇီးကုန်းမြို့နယ်အတွင်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် ဒေသတွင်း ပျူစောထီးများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက အေးရွာလေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

"၆ နာရီ ၁၀ မိနစ်လောက်ကနေ စပြီး ရှို့နေတာ ဇီးကုန်းကနေပြီးတော့ ကြို့ပင်ကောက်ကို ဝင်လာတဲ့ စစ်ကြောင်းရယ် ကြို့ပင်ကောက်က ကုန်းရွာ စစ်ကြောင်းရယ်ပေါ့။ အခုရွာကို မီးရှို့ဖျက်ဆီးနေတာက ကုန်းရွာနဲ့ ကွင်းချောင်းရွာ ပျူသောထီး ခေါင်းဆောင် စိုးမင်းနိုင်ပေါ့။ အဲ့ကောင်က ဦးဆောင်ပြီးတော့ အခုမီးရှို့နေတယ်လို့ သိရတယ်။ စိုးမင်းနိုင်က ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း လုပ်တယ်။ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ပါ သူဦးဆောင်ပြီး မီးရှို့နေတာ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တောက်လျှောက် လိုက်လံ တိုက်ခိုက်နေ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာနေသောကြောင့် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်ရှိချိန်တွင် အိမ်ခြေ ၁၅၀ ခန့်ရှိ အေးရွာလေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တဲကြီးကျေးရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ တောင်ငူမြို့နယ် အနောက်ခြမ်း၊ ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် အမှတ် ၁ တပ်ရင်း၊ PDF တပ်ရင်း ၃၅၀၁ မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တဲကြီးကျေးရွာကို ပြန်လည် ဆုတ်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တဲကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။

Source-KhitThit

M T A

28 Oct, 17:06


ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း North Western People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း လှည့်လည်၍ လူသတ်၊ အကြမ်းဖက်နေသော စစ်တပ် စစ်ကြောင်းကို North Western People Defence Force - N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ တပ်ရင်းရုံး စစ်ကြောင်း နှင့် ဘသူကြွယ်စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်း ၁၄ လုံးဖြင့် ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ အထိခိုက်မှုရှိပြီး သေဆုံးမှုအရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘုတလင်မြို့အတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ပြန်လည် ပို့ဆောင်ခဲ့ပြီး နမခတပ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးရှိ ရေဦးဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့‌ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ကျေးရွာ အနီး ရေဦး ဆီဆိုင်၌ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို Drone ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်ရာ စခန်းအတွင်းသို့ တိတိကျ ကျဲချနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

"ဗုံးသီးက ၄ လုံးချခဲ့တာ။ စခန်းတည့်တည့်ကို ချနိုင်ခဲ့တယ်။ ထိခိုက်သေဆုံး ပျက်စီးမှုကတော့ စုံစမ်း လို့မရသေးဘူး။ ထိခိုက်မှုရှိလို့ ပြန်ပစ်တာ အချက်ရေတော်တော်များများ ပြန်ပစ်တယ်။ တပ်စွဲထား တဲ့အင်အားက ၅၀ ကျော်လောက်ရှိမယ်"ဟု Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ S.R.F. နှင့် Black Eagle Defence Force (M.M.U) စသည့် ညီနောင် မဟာမိတ် များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Source-KhitThit

M T A

28 Oct, 17:06


ငါန်းဇွန်၊ ငါမြာကြီးရွာမှ စစ်ကောင်စီ တပ်သားများ ရွာပြင်ကို ထွက်လာစဉ် စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ငါန်းမြှာကြီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရွာပြင်ကို ထွက်လာစဉ် စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကြား တပ်ဖွဲ့ မှ တာဝန်ရှိသူ ကိုသက်ကြီး က ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီး ကျေးရွာ အပြင်ဘက်ကို အင်အား ၃၀ ခန့်ဖြင့် ပတ်ကင်းလှည့်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါ ဖြင့် မီတာ ၂၀၀ ခန့်အကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အလောင်းများကို ဆွဲယူ၍ ရမ်းသမ်းပစ်ခတ်ကာ ငါန်းမြာကြီးကျေးရွာအတွင်း ပြန်လည် ဆုတ်ပြေးသွား ကြောင်း သိရသည်။

“ကျနော်တို့ ရန်သူစခန်းအနီး မီတာ၂၀၀ခန့်အကွာအဝေးလောက်ထိ ချဉ်ကပ်ပြီး ကင်ပုန်းဝပ် စောင့် ပြီး စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာ။ ရန်သူက ရွာရဲ့အရှေ့ဘက်ကို အင်အား ၃၀ နဲ့ စထွက်လာတယ်။ စစ် ကြောင်းထိုးဖို့ရာတော့ မဟုတ်လာက်ဘူး။ သူတို့အထိုင်ချထားတဲ့ ရွာကို ပတ်ကင်းလှည့်တဲ့ သဘော ဖြစ်မယ်။ ရန်သူကို အခုလို တိုက်ခိုက်နိုင်ဖို့ ကျနော်တို့ရဲဘော်တွေ ထမင်းအငတ်ခံပြီး ဒီ အခွင့်အရေး ကို စောင့်နေခဲ့ရတာ။ အခုတော့ ထမင်းငတ်ခံပြီး စောင့်ရကြိုးနပ်ခဲ့တယ်။ စခ ၂ ဦး အသေ ပစ်ခတ် နိုင်ခဲ့တယ်။ အလောင်းတွေကို ငါန်းမြာကြီးရွာထဲ အပြေးဆွဲသွင်းသွား တယ်။ ကျန်တဲ့ စခတွေ က တော့ ကျနော်တို့ ရဲဘော်တွေရှိနိုင်တယ် ထင်တဲ့‌ နေရာတွေကို ရမ်းသန်းပစ်တာတွေရှိတယ်။ ကျနော် တို့ ဘက်က ပြောက်ကြားစနစ်နဲ့ ရဲဘော်အနည်းငယ် သုံးပြီးတိုက်တာဆိုတော့ အထိခိုက်မရှိ ပြန် ဆုတ် လာနိုင်ခဲ့တယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင် တပ်ရင်း ၇ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တို့က ပူပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source-KhitThit

M T A

28 Oct, 17:06


ပခုက္ကူမြို့နယ်၊ ကမ္မမြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KAMMA Underground People Defense Force ကမ္မတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ကမ္မမြို့၊ ကမ္မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သည် Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တပ်ဖွဲ့ထံသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော ရဲဒု တပ်ကြပ် မောင်ချစ်နိုင်ဦးသည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၉၃ တောင့်၊ ဖုန်း ၁ လုံးတို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အလင်းဝင်လာသော ရဲဒုတပ်ကြပ် မောင်ချစ်နိုင်ဦးကို ဆုကြေးငွေများ ချီးမြှင့်၍ လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်သားများ၊ ရဲများနှင့် ပျူစောထီးများအနေဖြင့် ကမ္မတပ်ပေါင်းစု ထံ အလင်းဝင်ရောက်နိုင်ပြီး အချိန်မရွေး ကြိုဆိုလျက်ရှိကြောင်း KAMMA Underground People Defense Force မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

Source-KhitThit

M T A

28 Oct, 10:32


ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ် မြောက်ခြမ်းကို အင်အား ၁၅၀ ကျော်ဖြင့် ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း လက်ပံရွာ၊ နတ်ရွာ နှင့် မြင်သာရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံဝင်ရောက်လာ၍ စီပါရွာ ၊ ငပတ်ရင်းရွာ၊ ပတ်ရှုရွာ၊ ကြို့ကုန်းရွာ၊ နတ်ရွာ၊ ရွာသာရွာ၊ မြင်သာရွာ၊ စိတ်သာကန်ရွာ၊ ပဲပြစ်တော အနောက်ရွာ၊ ပဲပြစ်တောအရှေ့ရွာ၊ တလှိုင်းရွာနှင့် အုတ်ဖိုရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းက ပဲပြစ်တောရွာမှာပဲရှိသေးတယ်။ မနေ့ကတော့ လေယာဉ် ၂ စီးနဲ့ ၂ ကြိမ်ကျဲသွားတယ်။ တိုက်ပွဲက မရှိပါဘူး။ တိုက်ပွဲက ဘာမှကို လုံးဝမဖြစ်တာ သူတို့ အခုကျဲသွားတဲ့နေရာတွေက စစ်ကြောင်း သွားနိုင်ခြေရှိတဲ့ နေရာတွေ စစ်ကြောင်းမထိုးခင် ရှင်လင်းတဲ့ အနေနဲ့ ကျဲသွားတာလား ဘာလို့လဲတော့ မသိဘူး။ အခုစစ်ရှောင်နေရတဲ့ ရွာတွေက ၁၀ ရွာ ကျော်လောက်ရှိတယ်။ စစ်ရှောင်ကတော့ ၁ သောင်းကျော်လောက်ရှိတယ်။ အခုစစ်ခွေး စစ်ကြောင်းထွက်လာတာက ဘုတလင်မြို့နယ် မြောက်ခြမ်းဘက်ဆိုတော့ စီပါရွာနဲ့ မဝေးဘူး။ စစ်ရှောင် အရေအတွက်က တစ်နေ့တခြားများလာတော့ စားရေးသောက်ရေးက အခက်အခဲဖြစ်တာပေါ့။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ စီပါဆိုရင် ရွာလုံးကျွတ် နီးပါး မီးရှို့ခံရပြီးတော့ အဝတ်အထည်တွေနဲ့ စောင်တွေ လိုအပ်နေပါတယ်" ဟု စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် ပြစ်တောရွာအရှေ့ရွာ၌ တပ်စွဲထားပြီး ကျေးရွာထိပ်တွင် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေပြီး မည်သည့် ရွာကို ဆက်လက် ဝင်ရောက် စီးနင်းမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပထမ အကြိမ် စစ်ကြောင်းထိုးစဉ်က ဘုတလင်မြို့ပေါ်မှ ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦး၊ မြောက်ကျီရွာမှ ပြည်သူ ၇ ဦး၊ စီပါရွာနှင့် ဆယ်ဝရွာမှ ပြည်သူ ၈ ဦး စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
#khitthitmedia

M T A

25 Oct, 18:11


တော်လှန်ရေးကာလ လက်နက်ကိုင်အင်အားစုများအကြား မကြာခဏပွတ်တိုက်မှုများကြောင့် အဖွဲ့အစည်းတခုနှင့်တခုကြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်အမိန့်ပေးကွပ်ကွဲမှု (COC )ကို ကောင်းစွာတည်ဆောက်ခြင်းး ၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ထုံးလုပ်နည်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာရမည့် ဥပဒေတရပ်ရေးဆွဲ ပြဌာန်းခြင်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးက အကြံပြုပြောဆိုသည်။

စာတည်း - အေးချမ်း

ဓါတ်ပုံ - ဗိုလ်နဂါး ဦးဆောင်သည့် BNRA တပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်

#ဗိုလ်နဂါး
#BNRA
#ခင်ဦးမြို့နယ်ပအဖ

Website Link >> https://bur.mizzima.com/2024/10/25/37143
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

M T A

25 Oct, 18:11


ဖမ်းဆီးထားသည့် ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်များကိစ္စ ရက်ပိုင်းအတွင်းဆုံးဖြတ်မည်ဟု ခင်ဦးပအဖပြော

MTO

ခွင့်ပြုမိန့်မရဘဲ သေနတ်ပစ်ဖောက်ခဲ့၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ဗိုလ်နဂါးဦးဆောင်သော BNRAမှ တပ်ဖွဲ့ဝင်များကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနေပြီး ရက်ပိုင်းအတွင်းဆုံးဖြတ်ချက်မှတ် သွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ညက ခင်ဦးမြို့နယ်၊ကန်သာယာကျေးရွာမှ BNRAတပ်ဖွဲ့ ဝင်အချို့သည်မြို့နယ်၊တိုက်နယ်၊ရပ်ကျေး ကာကွယ်ရေး နှင့် အုပ်ချုပ်ရေးအဖွဲ့ များ၊ နယ်မြေခံ တပ်ရင်းများကိုအသိပေးခြင်းမရှိဘဲ သေနတ်ပစ်ဖောက်ခဲ့၍ အခြေအနေကို ထိန်းသိမ်းရန်သွားရောက်စဉ် ပြန်လည်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် ယင်းဖြစ်စဉ်၌ပါဝင်သည့် BNRA တပ်ဖွဲ့ဝင်၂၂ဦးနှင့် ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဟု ၎င်းက ပြောသည်။

“ သူတို့ကို စစ်ဆေးလိုက်တဲ့အချိန်မှာ BNRA ရဲ့ တပ်ရင်းမှူးဖြစ်သူက သေနတ်မဖောက်ဘူးပြောခိုင်းတာ။ လာခေါ် ရင်လည်း လိုက်စရာမလိုဘူး။ အပြန်လမ်းတွေ မိုင်းထောင်ထားလိုက်ဆိုပြီး ညွှန်ကြားနေတဲ့ ဖုန်း Record တွေရထားတယ်။ အဲ့ အထဲမှာပဲ တပ်ရင်းမှူးဆိုတဲ့သူက ပစ်ဖောက်ထားတဲ့သေနတ်ကို ဖွက်ထားပြီး အခြားသေနတ်ကိုပြဖို့ ညွှန်ကြားတာတွေရှိတယ်။ ဖြေရှင်းဖို့ ရွာလယ်လမ်းမကြီးကိုခေါ် တာကိုလည်း မင်းတို့သွားလိုက်။သံပုရာသီးလက်ပစ် (လက်ပစ်ဗုံး) ကို လက်ထဲကိုင်သွားပြီး အခြေအနေမကောင်းရင် သူတို့ထဲကို တခါတည်းပစ်ထည့်လိုက်ဆိုပြီး သင်နေတာတွေလည်း ပါနေတယ်။ တကယ်လည်း သူတို့ လာတဲ့အချိန်မှာလည်း သံပုရာသီး လက်ပစ်ယူလာတယ် “ ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရွှေဘိုခရိုင် တပ်ရင်း(၃)နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ခြင်းဟုသိရသည်။တပ်ဖွဲ့ဝင်များကိုဖမ်းဆီးသွားသည့် တပ်ရင်းတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေးကြိုးစားခဲ့သော်လည်း တွေ့ ခွင့်မရသေးကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဗိုလ်နဂါးက “ ပြဿနာဖြစ်လို့ ဖြေရှင်းမယ်ဆိုရင် ဒီဖက်က ဆက်သွယ်တာကိုလက်ခံရမှာ။ အဲ့ထက်ပိုပြီးတော့ သူတို့ ကိုယ်တိုင်က သက်ဆိုင်ရာ အကြီးအကဲတွေကို ဆက်သွယ်ဆောင်ရွက်ရမှာမျိုးပေါ့နော်။ ဒါပေမယ့် ဒါကို လုံး၀ အဆက်အသွယ်မခံဘူး။ သူတို့ဘက် က သက်ဆိုင်ရာဖုန်းနံပါတ်တွေ တောင်းယူ စစ်ဆေးတဲ့အခါမှာလည်း ရေရေ ရာရာ မဖြေရှင်းဘူး။စစ်ဒေသကို လွှဲချလိုက်၊ ပအဖ ကို လွှဲချလိုက်နဲ့ ဘောလီဘောပုတ်နေတဲ့သဘောပေါ့ဗျာ” ဟုပြောသည်။

ဖမ်းဆီးထားသူများကို တော်လှန်ရေး အင်အားစုတရပ်နေဖြင့် သဘောထားကာ ထိန်းသိမ်းထားပြီး ဖိအားပေးစစ်ဆေးခြင်းများမရှိဘဲ တော်လှန်ရေးကာလလုံခြုံရေးအခြေအနေအရ အခြားသူများနှင့်တွေ့ဆုံခွင့်မပြုခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။

BNRA တပ်ဖွဲ့အနေဖြင့် ခင်ဦးမြို့နယ်အတွင်း သေနတ်ပစ်ဖောက်မှုပြုလုပ်သည်မှာလေးကြိမ်အထိ ရှိခဲ့ပြီး ပထမအကြိမ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားထားခြင်းမရှိသည့်အတွက် ၂၄ နာရီ ထိပ်တုံးခတ်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသည်ဟု ၎င်းက ပြောသည်။ ဒုတိယနှင့်တတိယအကြိမ်များတွင် ကြိုတင်အကြောင်းကြားသည့်အတွက် ခွင့်ပြုခဲ့ပြီး ယခုစတုတ္ထအကြိမ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများကို အသိပေးခြင်းမရှိသည့်အတွက် ဖြေရှင်းရန်ပြောဆိုရာမှ ယခုကဲ့သို့ ထိန်းသိမ်းရသည်အထိ ဖြစ်ခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။

" သူတို့ကို ကျတော်တို့က ရာသက်ပန်ချုပ်နောင်ထားလို့ ရတာမဟုတ်ပါဘူး။ နှစ်ရှည်လများ လုပ်ရမယ့်လုပ်ငန်းစဉ်လည်း မဟုတ်ပါဘူး။ ဒါကြောင့်ရက်ပိုင်းအတွင်း အမြန်ဆန်ဆုံးစစ်ဆေးပြီးတော့ဆုံးဖြတ်ချမှတ်သွားမှာဖြစ်ပါတယ်။ အချိန်တန်ရင် အမှန်တရားက ကျတော်တို့ ပြောနေတာထက် စစ်ဆေးခံရတဲ့သူတွေထွက်လာပြီဆိုကောင်းကောင်းသိပါလိမ့်မယ်” ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ဗိုလ်နဂါးသည် တော်လှန်ရေးကာလအစက ပုလဲမြို့နယ်၌ အခြေစိုက်ကာ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် MRDA မှ တပ်ဖွဲ့ဝင်အချို့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လက်အောက်တွင် ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၊၄၊၅၊၆ အဖြစ် ဝင်ရောက်ခဲ့သည်။သို့သော် ဗိုလ်နဂါးသည် MOD ၏ အမိန့်နှင့်ညွန်ကြားချက်များကို မလိုက်နာဘဲ သီးခြားလှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အထက်ပါ တပ်ရင်းလေးခုကို ၂၀၂၃ ဩဂုတ်လဆန်းတွင် MOD က ထုတ်ပယ်ခဲ့သည်။ ထို့နောက် ဗိုလ်နဂါးက BNRA အနေဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေခြင်းဟု သိရသည်။

M T A

25 Oct, 17:14


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

M T A

25 Oct, 17:14


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၅ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

M T A

25 Oct, 17:13


တနေ့တာ မြေလတ်သတင်း

မြေလတ်အသံသတင်းဌာနမှ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင်ဖော်ပြခဲ့သည့် သတင်းများကို ပြန်လည်စုစည်း တင်ပြထားသည်။

• သေနတ် ၃ လက်ယူပြီး အလင်းဝင်လာတဲ့ပျူစောထီးကို ဆုငွေ ကျပ်သိန်း ၁၀၀ ပေး
https://www.myaelattathan.org/articles/သေနတ်၃လက်ယူပြီး_အလင်းဝင်လာတဲ့ပျူစောထီးကို_ဆုငွေကျပ်သိန်း၁၀၀ပေး

• သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေသယ်လာတဲ့ အမျိုးသား ၁ ဦး ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံရ
https://www.myaelattathan.org/articles/သေနတ်၁၆လက်နဲ့_ခဲယမ်းတွေသယ်လာတဲ့အမျိုးသား၁ဦး_ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံရ

• မြန်မာဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ့် ONE Friday Fights 84 (အားကစားသတင်း)
https://www.myaelattathan.org/articles/မြန်မာဖိုက်တာ၂ဦး_ပါဝင်ထိုးသတ်မယ့်_ONEFridayFights84

• စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ဖမ်း ■ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်လာပြီးနောက်မှာ အဖမ်းခံရတာလို့ဆို
https://www.myaelattathan.org/articles/စစ်အာဏာရှင်ဟောင်းသန်းရွှေရဲ့သားမက်_ဒေါက်တာနေစိုးမောင်ကို_မင်းအောင်လှိုင်ဖမ်း

• ပုလဲမြို့ မြို့မရဲစခန်း ၈၀ မမ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ (ရုပ်/သံ)
https://www.myaelattathan.org/articles/ပုလဲမြို့_မြို့မရဲစခန်း_၈၀မမလက်နက်ကြီးနဲ့_အချက်၂၀ပစ်ခတ်ခံရ

• မင်းဘူးမှာ စစ်တပ်သတင်းပေးဆိုသူကိုပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးကိုဖမ်းဆီး
https://www.myaelattathan.org/articles/မင်းဘူးမှာ_စစ်တပ်သတင်းပေးဆိုသူကိုပစ်သတ်ပြီး_အုပ်ချုပ်ရေးမှူးကိုဖမ်းဆီး

• စားနပ်ရိက္ခာရှားပါးပြီး ဖိနှိပ်ခံရမှုတွေကြောင့် အင်မထီးနဲ့ ဇီးဖြူကုန်းက ပျူအပါ ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိ (ရုပ်/သံ)
https://www.myaelattathan.org/articles/စားနပ်ရိက္ခာရှားပါးပြီးဖိနှိပ်ခံရမှုတွေကြောင့်_အင်မထီးနဲ့ဇီးဖြူကုန်းက_ပျူအပါထွက်ပြေးလာသူ၄၀၀ကျော်ရှိ

• PDF အမည်ခံပြီး ဓားပြတိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ပြေး ၃ ဦး စစ်တပ်ပြန်ခေါ်သွား
https://www.myaelattathan.org/articles/PDFအမည်ခံပြီးဓားပြတိုက်ခဲ့တဲ့_စစ်ကောင်စီတပ်ပြေး၃ဦး_စစ်တပ်ပြန်ခေါ်သွား

• ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ (ရုပ်/သံ)
https://www.myaelattathan.org/articles/ဆည်ဘောင်ပေါ်မှာစစ်ရှောင်နေသူတွေရဲ့အိမ်တွေကို_စစ်တပ်ကမီးရှို့ခဲ့

• သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ
https://www.myaelattathan.org/articles/သဲကုန်းမှာ_ပျုစောထီးတပ်ဖွဲ့ဝင်၁ဦး_ပစ်ခတ်ရှင်းလင်းခံရ

• One Friday Fignts မှာပြိုင်ဘက်ကိုအမှတ်ပြတ်အနိုင်ရခဲ့တဲ့ ဆွန်ရက်နဲ့ ရှုံးပွဲစကြုံတွေ့ခဲ့တဲ့ အဲမွီ (အားကစားသတင်း)
https://www.myaelattathan.org/articles/OneFridayFigntsမှာ_ပြိုင်ဘက်ကိုအမှတ်ပြတ်အနိုင်ရခဲ့တဲ့ဆွန်ရက်နဲ့_ရှုံးပွဲစကြုံတွေ့ခဲ့တဲ့အဲမွီ

#မြေလတ်အသံ
#တနေ့တာမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

M T A

25 Oct, 17:13


အောက်တိုဘာ ၂၅ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာနှင့် အိန္ဒိယကုန်သွယ်မှု ကန်ဒေါ်လာ တစ်ထောင်ကျာ်ရှိ

-စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံကို ခေါ်ယူ၍ အကူအညီတောင်း

-အငြင်းပွားရေပိုင်နက်မှ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောကို မောင်းထုတ်ခဲ့ဟု အင်ဒိုနီးရှား ပြော

-ဖလမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

-ယူကရိန်းကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ရင် ပစ်မှတ်တွေဖြစ်လာမယ်လို့ အမေရိကန် သတိပေး

-ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်မှ ဗိုလ်ကြီးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်အချို့ကျဆုံး

-စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက် ဒေါက်တာနေစိုးမောင်ကို မန္တလေးတွင်ဖမ်းဆီးပြီးအမှုဖွင့်ထားဟု စစ်ကောင်စီထုတ်ပြန်

-ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၂၀ ဘီလီယံ အမေရိကန် ထောက်ပံ့မယ်

M T A

25 Oct, 13:24


ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော
=========================
တရုတ်က ထိုးစစ်ရပ်ရန် ဖိအားပေးနေချိန်မှာပင် ကချင်လက်နက်ကိုင်အဖွဲ့ KIA က
နွေဦးတော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဟု ပြောလိုက်သည်။

ဤအတောအတွင်း ကချင်ပြည်နယ် မြို့နယ်အများအပြားတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58701/

ပုံစာ- ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် သိမ်းယူရရှိခဲ့သည့် ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်စခန်း အောက်ဂျာသို့ KIA ထိပ်တန်းအရာရှိများ သွားရောက် ကြည့်ရှုနေစဉ်။

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

M T A

25 Oct, 13:18


အမ်းနဲ့ ဂွက ဒေသခံ ငါးထောင်နီးပါး အရေးပေါ် အကူအညီ လိုအပ်
~~~
■ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ အမ်းမြို့နယ်က တိုက်ပွဲဧရိယာအတွင်း ကျရောက်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံ ငါးထောင်နီးပါး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။

ဂွမြို့နယ်ထဲမှာ သံတွဲမြို့နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်နဲ့ ကြွေချိုင်၊ တိုင်ကျိုး၊ ဆပ်သွား စတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ သုံးထောင်ခန့် စားနပ်ရိက္ခာနဲ့ ကူညီစောင့်ရှောက်မှုတွေ လိုအပ်နေတာပါ။

အမ်းမြို့နယ်မှတော့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ စုရပ်တွေကို မရောက်ဘဲ နီးစပ်ရာ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူ ငါးရာခန့်ရှိနေပြီး စာရင်းအပြည့်အစုံ မရသေးတာကြောင့် အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေဆဲနေရာတွေကို အကူအညီတွေ မရောက်နိုင်တာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဂွမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးသားနေရာတွေကိုတော့ အကူညီတွေ ပေးနိုင်ကြတယ်။ ဒါပေမဲ့ တိုက်ပွဲမဖြစ်သေးတဲ့နေရာတွေနဲ့ ဖြစ်နေဆဲနေရာတွေကိုတော့ အကူအညီတွေက မရောက်နိုင်ဘူး၊ စားစရာမရှိတော့ဘူး”

ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေဟာ နေရာအနှံ့ ပြန့်ကြဲနေပြီး လုံခြုံမယ်ထင်ရတဲ့နေရာတွေမှာ ခိုလှုံနေကြတာပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ရှိနေတဲ့အတွက် ဘယ်နေရာမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ လူသိထင်ရှား ထုတ်ဖော်ပြောပြလို့ မရနိုင်တာကလည်း အကူအညီတွေရဖို့ အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ထဲမှာလည်း အရေးပေါ် အကူအညီလိုအပ်နေသူတွေ တိုးလာနေတယ်လို့ ကူညီပေးဖို့ ကြိုစားနေတဲ့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

“အမ်းမှာက စစ်ရှောင်စခန်းတွေ စုရပ်တွေမှာ မရောက်ဘဲ နီးစပ်ရာ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဝင်ပြီးခိုလှုံနေရတဲ့ မိသားစု ၁၆၀ (လူဦးရေ ၅၀၀ နီးပါး) လောက် ရှိတယ်။ စစ်ရှောင်စခန်းကို ရောက်တဲ့သူတွေကတော့ အကူအညီရဖို့ အခွင့်အလမ်းရှိပေမဲ့ ပြင်ပမှာ နီးစပ်ရာခိုလှုံရသူတွေက အကူအညီ ဘယ်ကမှ မရနိုင်သေးပါဘူး”

အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စုထဲက ဒိုင်ကြီး၊ ကျောက်စကွဲ၊ မီးလောင်ချောင်း၊ ရွာသာယာ၊ ဆူးပုတ်ကုန်း၊ ထမင်းထုတ်၊ ပျဉ်းတောကြီး ရွာတွေနဲ့ အမ်းတောင် အုပ်စုထဲက ပဲပဒုံ၊ ဇာတီမော်၊ စတဲ့ကျေးရွာတွေထဲက မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်သူ ဦးရေ နှစ်ဆယ်ကျော်ဟာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီလူဦးရေ အရေအတွက်ဟာ ဆက်သွယ်ရေး အခက်အခဲကြောင့် လက်လှမ်းမီသလောက်ဖြစ်ပေမဲ့ ဒီထက်မက ပိုနိုင်တယ်လို့လည်း စာရင်းပြုစုနေတဲ့ လူငယ်တွေက ပြောပါတယ်။

အမ်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အာရက္ခတပ်တော် (AA) က မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဂွမြို့နယ်မှာတော့ တိုင်ကျိုးရွာအနီးမှာ ဒီမနက်မှာ ပစ်ခတ်သံတချို့ ကြားရပြီး တိုက်ပွဲဖြစ်ရာနေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထောက်လှမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
---------------

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းမှ လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

#အမ်း #ဂွ #အကူအညီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

25 Oct, 13:18


လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက်မှာရှိတဲ့ ဓာတ်ခဲစက်ရုံဟောင်းနေရာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာ လေကြောင်းကနေ ဗုံးငါးလုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်း တစ်နာရီကျော် အချိန်ကနေ နှစ်နာရီနီးပါးအထိ အဲဒီနေရာတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။

"မြို့အထွက်က ရွှေမြင်းနှစ်ကောင် စက်ရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ဆိုင်ကယ်နဲ့ သွားနေတဲ့ သူတစ်ယောက် ပွဲချင်းပြီး သေသွားတယ်”

သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက် သေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ခဲစက်ရုံဟောင်းနေရာဟာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့တဲ့ နေရာဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တွေလည်း တစ်ခါတစ်ရံ မြို့အဝင်အထွက် စစ်ဆေးမှုတွေ လုပ်တတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွာရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့က အရက်ချက်စက်ရုံ၊ အမှတ် (၂) ရဲစခန်းစတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အချုပ်သားနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း ၂၀၂၄ ခုနစ် သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လားရှိုးမြို့နယ်အတွင်းမှာ သြဂုတ်လ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်လေးဆယ်ကျော် တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ အချုပ်သား နှစ်ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၈ ဦး သေဆုံးပြီး နောက်ထပ် လူခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
_____

လေကြောင်းတိုက်ခိုက်ခံရသည့် လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း နေရာအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Saw Nay Wai Soe/ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့)

#ရှမ်းပြည်နယ် #လေကြောင်းတိုက်ခိုက်မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese

M T A

25 Oct, 13:17


သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူး၊ အောက်တိုဘာ ၂၅၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပကဖ ထံက သိရပါတယ်။

အသတ်ခံရသူမှာ နွယ်ကောက်ရွာ ပျူစောထီးတပ်ဖွဲ့ဝင် ဇော်မင်း ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၄ ရက် မနေ့ ည ၁၂ နာရီခန့်က နွယ်ကောက်ရွာအရှေ့ဘက်ချောင်းကူးတံတားအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ သူတို့ဒေသမှာ ပြည်သူ့စစ်အဖွဲ့ရှိတယ်ကြားထားတော့ ပကဖအဖွဲ့ဝင်တွေအနေနဲ့ သတိထားဖမ်းဆီးဖို့ ကြိုးစားရတယ်။ သူနဲ့အတူပါလာတဲ့အဖော်ကတော့ ပြောတဲ့အတိုင်း မှောက်ထားတယ်။ သူကတော့ အသာတကြည်အဖမ်းမခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။” လို့ သဲကုန်းမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဇော်မင်းနဲ့ အပေါင်းအပါ ၁ ဦးဟာ အခင်းဖြစ်နေရာမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံရပြီးနောက် ဇော်မင်းက ပြန်လည်ခုခံခဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး အတူလိုက်ပါလာသူကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇော်မင်းဟာ ၂၀၂၂ ကစတင်ကာ အင်းမအခြေစိုက် တပ်မ ၆၆ မှာပြုလုပ်ခဲ့တဲ့ ပျုစောထီးသင်တန်းကို တက်ရောက်ထားသူဖြစ်သလို သင်တန်းဆင်းပြီးနောက်မှာလည်း စစ်ကောင်စီတပ်၊ ရဲတွေနဲ့ပေါင်းပြီး တော်လှန်ရေးနဲ့ပတ်သက်သူတွေရဲ့သတင်းတွေကို အမြဲမပြတ်ပေးပို့နေသူလည်းဖြစ်တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

“ သူ့ကြောင့်ဖမ်းခံရသူ၊ ငွေညစ်ခံရသူ၊ တိမ်းရှောင်နေရသူတွေ ရှိတယ်။ အနီးနားရွာတွေထိ မတရားစစ်မှုထမ်းဖို့ ဖိအားပေးတာ၊ ရဲ **တွေနဲ့ပေါင်းပြီး ပေါ်တာဆွဲတဲ့အထဲ ပါဝင်တာတွေရှိတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

သဲကုန်းမြို့နယ် ပကဖအနေနဲ့ ပျုစောထီးတပ်ဖွဲဝင်တွေကို ရှင်းလင်းတာဟာ ယခုသေဆုံးသူ ဇော်မင်း အပါအဝင် ၂ ဦးသာရှိသေးပြီး စစ်ရေးပစ်မှတ်ကို ဖော်ဆောင်တဲ့အခါ အကျိုးအကြောင်းခိုင်လုံမှုရှိအောင်အချိန်ယူလေ့လာပြီးမှ လုပ််ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၅ ရက်ကလည်း ရွာသစ်ကုန်းရွာက ဂျက်မ ဟာ စစ်ကောင်စီ၊ ရဲတွေနဲ့ ပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့အတွက် သဲကုန်းမြို့နယ်ပကဖက သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

သတင်း - နန်းခမ်း ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ
#ပဲခူး #သဲကုန်း #ပျူစောထီး #ရှင်းလင်း

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tittok - https://www.tiktok.com/@myaelatt.athan

M T A

25 Oct, 13:17


ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာနှင့် အိန္ဒိယကုန်သွယ်မှု ကန်ဒေါ်လာ တစ်ထောင်ကျာ်ရှိ

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက် နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံက ရပ်တည်နေပြီး ယခင်နှစ် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိကြောင်းစစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ကလည်း မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် ( Quick Impact Project - QIPs) အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် ထိုးခဲ့ကြသည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိပြီး အပြန်အလှန်ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်
ဆောင်ရွက်နေသည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နေသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိကာ ယခုနှစ် ဇန်နဝါရီအထိ စာရင်းများအရ အိန္ဒိယနိုင်ငံက အဆင့် ၁၁ တွင်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်‌ဆွေကောင်းဖြစ်ကြောင်း စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံထံ ပဲမျိုးစုံတင်ပို့ပြီး အိန္ဒိယမှ ဆေးဝါးမျိုးစုံ၊ စက်သုံးဆီ၊ နေကြာစေ့၊ ဝါစေ့များတင်သွင်းပြီး ငွေပေးချေရာတွင် ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေနိုင်ရန်ဆွေးနွေးလျက်ရှိသည်။

အာဏာသိမ်းစစ်တပ်နှင့် အိန္ဒိယနိုင်ငံသည် စစ်သုံးပစ္စည်းထောက်ပံ့ရေးအပါအဝင် နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

အိန္ဒိယသည် စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ဘွဲ့လွန်ပညာသင်ဆု ၉၀၀ ကျော်ပေးထားကြောင်းလည်းသိရသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးဖြင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် ကုလားတန်မြစ်ဘက်စုံစီမံကိန်းအကောင်အထည်ဖော်လျက်ရှိရာတွင် လက်ရှိနယ်မြေအများစုကို ရခိုင်တပ်တော် ( AA) သိမ်းပိုက်ထားသည်။

ဓာတ်ပုံ - MOI
#မြန်မာ #အိန္ဒိယ #ကုန်သွယ်မှု #ဒေါ်လာသန်းတစ်ထောင်
#Ayeyarwaddy_Times

M T A

25 Oct, 13:16


ဇီးကုန်းမြို့ မူးဆုံဂိတ်မှ စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူရှိ ဂွေးပင်တောရွာမှ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း KBU တောလေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ရေမျှောမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို KBU-တောလေးနှင့် ပူးပေါင်းညီနောင် အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force MDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၁ စီးဖြင့် ဗုံးသီး ၂၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

"ခွေးသေစာရင်းတော့ အတိအကျမသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိတယ်" ဟု Myaung Drone Force MDF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို M.D.F ဒရုန်းကျားခင်စိန်အဖွဲ့နှင့်အတူ- PEACOCK Drone Team-Myaung Sparrow Drone Strike စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ့ ၃ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၅ MRF LPDF ရဲဘော်ညီနောင် LPDF Hawk Guerrila force ၊ ရေနဂါးLPDF Monya မုံရွာခရိုင်ပကဖ စစ်ကိုင်းခရိုင် ထောက်ပို့တပ်ရင်းတို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#khitthitmedia