Introverts' Yatwoon @introvertsyatwoon Channel on Telegram

Introverts' Yatwoon

@introvertsyatwoon


အပတ်စဉ် ဗုဒ္ဓဟူးနေ့ည၊ တနင်္ဂနွေနေ့ည (8-9)

Introverts' Yatwoon (Burmese)

ဖေါ်ပြထားသည် - အပတ်စဉ် ဗုဒ္ဓဟူးနေ့ည၊ တနင်္ဂနွေနေ့ည (8-9)nn"Introverts' Yatwoon" ကိုလူမျိုးကို အင်တာနဲ့ ဆောက်နေသည်အခါမှာ သို့ပါသော ကဏ္ဍ အသစ်တစ်ယောက်ကို ရှာဖွေပါ။ ဤကန့်သေးသုံးနည်းသည်ဖြစ်ပြီး အလွန်မြွများနှင့် တစ်ယောက်တည်းသို့ ဖေါ်ပြပါ။ အသင်္လ မေးမိခင်များချင်းချင်း မေနဗမာဒေဝင့် အုတ်ဖို့ ရှိပါက ဤအကန့်တစ်ယောက်နှင့်အဟောင်တစ်ယောက်လေးမှ ပြလာဖွေပါ။ ဗုဒ္ဓဟူးနေ့ည၊ တနင်္ဂနွေနေ့ည အသင်္လ အောက်ရှင် သည်အတွက် ဘဝအသစ်နှင့် တပြိုင်နေ့သည်နှင့် ထုတ်ကဲ့ ဗုဒ္ဓဟူးနေ့ည၊ တနင်္ဂနွေနေ့ည အသင်္လ လှည့်တည်ထောင်ခဲ့သည်ခင်ဗျဉ်ဆော့ အလွန်မြွများနှင့် တစ်ယောက် တည်းတည်းခဲ့သည်။"nn"Introverts' Yatwoon" သည် အလွန်အသင့်မှာ ပါဝင်မှုလုပ်ငန်းတစ်ခု ဖြစ်ပြီး အလွန်အသစ်လုပ်ကို အပတ်စဉ် စာအုပ်ဖစ်နေခဲ့ပြီး ဤသင့်အဘိဓာန်အသင်္လ ကန့်သည့် အပတ်စဉ်မနေ့ည နှင့် အကြောင်းအရာအသင်္လ မဟာတဲ့ လူမျိုးတစ်ယောက်တည်းလေး မြှင့်တင်နေသည်။ မြန်ခဲ့ ပါသေးသည်။nn"Introverts' Yatwoon" ကို ဖေါ်ပြရန် @introvertsyatwoon ရှိနိုင်ပါသည်။

Introverts' Yatwoon

17 Nov, 13:41


Sorry for the inconvenience ... please join via this link ❤️

Introverts' Yatwoon

17 Nov, 13:40


Yatwoon Session-2 is inviting you to a scheduled Zoom meeting.

Topic: Yatwoon Session-2's Zoom Meeting
Time: Nov 17, 2024 08:30 PM Rangoon

Join Zoom Meeting
https://us05web.zoom.us/j/8587758651?pwd=O74z8fMyc7GOKwfRl6HStavg8GabJH.1&omn=84055166873

Meeting ID: 858 775 8651
Passcode: Yatwoon

Introverts' Yatwoon

17 Nov, 13:26


Knock ... knock.....
Wake up Koalas 🐨
It's time to discuss about our DREAMS 🫶
oops 😬 ... I've already spoiled tonight's topic ... I'm not spoiling y'all anymore ... 😁

Join Zoom Meeting
https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1&omn=89033976171

Meeting ID: 836 705 8499
Passcode: Yatwoon

Looking forward to seeing you all! ❤️

Introverts' Yatwoon

17 Nov, 13:17


Conversation Club Batch - 10, Week - 6.1

◾️▫️◾️▫️◾️▫️◾️▫️◾️▫️◾️▫️◾️▫️◾️▫️

Topic - ''Dreams as a Parallel Reality: Exploring the Boundaries Between Fantasy and Reality''

မနေ့က သူနဲ့မတွေ့ရတော့ သူ့အကြောင်းလေးတွေ တစ်နေကုန်တွေးမိခဲ့တယ်။ ညရောက်တော့ အိပ်မက်ထဲ သူပါလာခဲ့တယ်။ ဒါက စိတ်စွဲလို့များလား... ဒါမှမဟုတ် သူကရော ငါ့ကို သတိရနေလို့များလား...

🫵🏻 ဟိတ် အပေါ်ကလိုမျိုး အိပ်မက်ထဲကို တစ်ခုခုပါလာတာနဲ့ အတိတ်နိမိတ်မျိုးစုံ ကောက်ဖူးကြတယ်ဟုတ်?

💭 အိပ်မက်ဆိုတဲ့အရာဟာ ဘယ်လိုမျိုးလဲ? စိတ်ကူးယဥ်သက်သက်ပဲလား၊ သိပ္ပံသဘောတရားတွေနဲ့များ ဆက်စပ်နေတာလား?

👥 ကျွန်တော်တို့ဟာ ငယ်ရွယ်စဥ် သိတတ်စကတည်းက အခုအရွယ်ထိ မတူညီသောအိပ်မက်မျိုးစုံကို မက်ဖူးခဲ့ကြပါတယ်။ ဒါပေမဲ့ အိပ်မက်ဆိုတဲ့အရာရဲ့ သဘောတရားကိုတော့ သေချာလေး မလေ့လာဖြစ်ခဲ့ကြပါဘူး။ ညတိုင်းလိုလိုဝင်လာတဲ့ အိပ်မက်ရဲ့ နက်နဲမှုတွေကို လေ့လာချင်တယ်၊ သိချင်တယ်ဆိုရင်တော့...

Yatwoon-ရပ်ဝန်း ရဲ့ Conversation Club ကနေ အိပ်မက်အကြောင်းနဲ့ ပတ်သက်တဲ့ Topic လေးကို ဆွေးနွေးသွားကြမှာမလို့ အတူပါဝင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

English Speaking ကိုပါ လေ့ကျင့်ပြီးသားဖြစ်တဲ့အပြင် Communication Skill တွေကိုပါရရှိဦးမှာမလို့ စိတ်ဝင်စားစရာ Topic လေးကို ဆွေးနွေးရင်း ပျော်ရွှင်မှုလေးတွေကိုပါ ဖန်တီးလိုက်ကြစို့ဗျာ ♥️

Yatwoon မှာတင်တဲ့ information လေးတွေကိုမလွတ်ဖို့ အောက်က link လေးတွေကို join ဖို့မမေ့ကြနဲ့နော်။

Conversation club အတွက် Topic အသစ်လေးတွေနဲ့ ပြန်လာမှာမို့ စောင့်နေပေးကြပါဦးနော်။

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

#Yatwoon
#Content_Talor
#Graphic_Nay_Wunn_Myat
#Dreams_as_a_Parallel_Reality_Exploring_the_Boundaries_Between_Fantasy_and_Reality

Introverts' Yatwoon

13 Nov, 13:22


Only 7 mins left !!!!!

Our Wednesday's Conversation Club is starting soon ..... Koalas 🐨

Here is the zoom link for tonight. See you soon Koalas! 👀💓

Yatwoon is inviting you to a scheduled Zoom meeting.

Topic: Yatwoon's Wednesday Speaking Club
Time: Nov 13, 2024 08:00 PM Rangoon

Join Zoom Meeting
https://us06web.zoom.us/j/3352440083?pwd=2rDbAfJCuCCPYEdTNJOcR5nfAwA9kg.1&omn=86260978810

Meeting ID: 335 244 0083
Passcode: Yatwoon

Introverts' Yatwoon

13 Nov, 10:10


Conversation Club Batch 10, Week 6
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Slapstick Comedy အကြောင်းကို ဘယ်လို
နားလည်ထားပါသလဲ ??Comedy ဆိုတဲ့အတွက်
ဟာသအမျိုးအစားထဲက တစ်မျိုးဖြစ်တာမို့ အူတက်အောင်ရယ်ရမှာတော့ အမှန်ပါပဲ‌နော်။

Slapstick ဆိုတာက‌ ဟိုးရှေးခေတ်ရဲ့ theaters တွေမှာ sound effect အနေနဲ့အသုံးပြုလေ့ရှိတဲ့ တဖျတ်ဖျတ်ရိုက်တဲ့ဝါးခြမ်းပြားကြီး နှစ်ခုပဲဖြစ်ပါတယ်။Google မှာ ရိုက်ရှာကြည့်ရင်တော့ဖြင့် အရွယ်အစားစုံလင်တဲ့ ဝါးခြမ်းပြားကြီးတွေကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

အရင်ခေတ်တုန်းက ဟာသပြဇာတ်တွေဆိုရင်
အသံမပါဘဲ ရုပ်ပြချည်းသာဖြစ်ခဲ့ပါတယ်။အဲ့လို
အခြေအနေကနေ Slapstick ကို အသုံးပြုပြီး
ဇာတ်ရှိန်အနိမ့်အမြင့်လိုနေရာမျိုးတွင် " ချပ်ခနဲ "
တီးလာကြတယ်ပေါ့နော်။အဲ့ဒီ Slapstick comedyကတော့ ပရိတ်သတ်တွေ မရယ်,ရယ်ရ‌အောင် ဟာသ‌လုပ်တဲ့characteristics တွေလည်း ပါ၀င်ပါတယ်။တကယ်လည်း audience တွေအပေါ်ထိရောက်မှုရှိပါတယ်။လူတွေရဲ့ ဘဝအမောတွေ ပြေပျောက်ပြီး စိတ်ချမ်းသာရတယ်လေ ။Slapstick comedy နဲ့ပတ်သက်ပြီးမြင်သာ‌ေအာင််ဥပမာအနေနဲ့ပြောရရင် Charlie Chaplin၊ The three stooges၊ Jim Carrey နဲ့ Mr.Bean။Cartoon မှာဆို Tom and Jerry၊ SpongeBob နဲ့ Square Pants တို့လိုပေါ့။

ဒါလေးတွေအကုန်လုံးက Koalas လေးတို့နဲ့လည်း မစိမ်းတဲ့ Comedies တွေဖြစ်တဲ့အတွက်
ကိုယ်အကြိုက်ဆုံး Slapstick comedy အကြောင်းရယ်၊နောက်ပြီး ဘာဖြစ်လို့သဘောကျရတယ်ဆိုတဲ့အကြောင်းအရင်းရယ် စသဖြင့်ပေါ့။လာမယ့် ဗုဒ္ဓဟူးနေ့ည
Conversation Club မှာဒီ Topicလေးနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ရတာမို့ Join ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။အချိန်လေးကတော့ ည၈:၀၀နာရီပဲ ဖြစ်ပါတယ်ခင်ဗျ။အားလုံးပဲ သာယာသောညလေးပိုင်ဆိုင်နိုင်ပါစေနော်။💕

Content -Noah
Graphics - Nay Wunn Myat


‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

#Yatwoon
#Conversation_Club
#Slapstick_Comedy
#Content_Noah
#Graphics_Myat

Introverts' Yatwoon

10 Nov, 13:36


https://us06web.zoom.us/j/86922590048?pwd=gcGhiQwqQXt7vHXscevYcxK2bxeGpc.1

Please join this link.
Sorry for late Koalas.💓

Introverts' Yatwoon

10 Nov, 13:31


Hello guys ... catch ya now
Here is the zoom link for tonight. See you soon Coalas! 👀💓


Yatwoon is inviting you to a scheduled Zoom meeting.

Topic: Yatwoon's Wednesday Speaking Club
Time: Nov 10, 2024 08:00 PM Rangoon

Join Zoom Meeting
https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1&omn=89033976171

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

10 Nov, 13:30


Conversation Club Batch 10, Week 5.1
●●●●●●●●●●●●●●●●●●●●●●●●●
Generation Gap: What's behind the conflict?

အမေ 👩 : အဲ့ဖုန်းပဲသုံးနေ ... အားရင် 🙂
အဖေ 👨 : စာမလုပ်ဘဲ ဖုန်းသုံးလိုက် game ဆော့လိုက်နဲ့ 🤨
ဦးလေး 🙍 : ဖုန်းတွေတအားသုံးနေရင် မဟုတ်တာတွေအတုယူပြီး ပျက်စီးမယ်နော်
အဖွား 👵: ဖုန်းတွေအဲ့လိုအမြဲသုံးနေလို့ မျက်မှန်တပ်နေရတာပေါ့ .... ငါဆို ဒီအရွယ်ထိ မျက်မှန်မတပ်ရဘူး .. အခုခေတ်ကလေးတွေက အဲ့ဖုန်းတွေ သုံးနေလို့ ရောဂါတွေထူနေတာ အသက်က ငယ်ငယ်လေးနဲ့ ..

Meanwhile

Us 🤷‍♀️ 🤷‍♂️:
● Teacher က online ကနေ မနက်ဖြန်သင်မယ့် lesson အတွက် ကြိုရှာပြီး အကြောင်းအရာတွေဖတ်ခဲ့တဲ့။
● online class လေးလည်း ကြိုတက်ဦးမှ ...
● extra activity အနေနဲ့ remote volunteer လေးလုပ်ဦးမှ ...

ပြောချင်တာက ကျွန်တော်တို့တွေက phone အမြဲသုံးနေတာမှန်ပေမဲ့ ၃ ပုံ ၂ပုံဟာ အပေါ်ကပြောခဲ့တဲ့အရာတွေကိုလုပ်နေတာဖြစ်ပြီး ကျန်တဲ့ ၁ပုံကပဲ လူကြီးတွေ တွေးသလို ရုပ်ရှင်ကြည့် ဂိမ်းဆော့နေကြတာပါ။

ကဲ .. ဒီနေ့ည ၈ နာရီမှာ Elderly people တွေနဲ့ teenagers တွေကြား နားလည်မှုလွဲတာ၊ အမြင်မတူတာတွေကို ဘယ်လိုမျိုး bridging လုပ်သွားသင့်လဲဆိုတာမျိုးကို အတူတူဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။


‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

#Yatwoon
#Content_Allis

Introverts' Yatwoon

06 Nov, 13:20


Hello .... we're back 🫶
Catch ya at 8 pm 🐨

Join Zoom Meeting
https://us06web.zoom.us/j/3352440083?pwd=2rDbAfJCuCCPYEdTNJOcR5nfAwA9kg.1

Meeting ID: 335 244 0083
Passcode: Yatwoon

Introverts' Yatwoon

06 Nov, 13:19


Conversation Club Batch - 10, week 5

🌟 “အိပ်မက်ပဲ မက်မ‌နေနဲ့၊ လုပ်သာချလိုက်” 🌟
---------------------------

👻ဒီတစ်ပတ်မှာလည်း Koalas 🐨 လေးတို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်လေးနဲ့ အတူ Speaking Club လေးရောက်ရှိလို့ လာပြန်ပါပြီ။ ခေါင်းစဉ်လေးကတော့ 🌟 Dream it, Do it. 🌟 တဲ့။

ကိုယ်ရဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ကြဖူးမှာပါ။ ဒါဆိုလို့ရှိရင် မေးခွန်းလေး တစ်ခုလောက်မေးကြည့်လို့ရမလား။ အဲ့ဒီစိတ်ကူးအိပ်မက်ထဲက အကြံအစည်တွေကို ဘယ်နှစ်ခုလောက်များ အကောင်အထည် ဖော်ခဲ့ပြီးပြီလဲ။

အထူးသဖြင့် ကိုယ့်ရဲ့ဘဝ အတွက် ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေပေါ့။ တချို့လူတွေက ပြောကြတယ်။ အိပ်မက်တွေ၊ စိတ်ကူးယဉ်မှုတွေဟာ အရေးမပါဘူးတဲ့၊ ကြောင်တောင်တောင် နိုင်တဲ့အရာတွေ၊ ယုတ္တိမတန်တဲ့ အရာတွေတဲ့။ သူတို့ပြောတာလည်း မှန်ကောင်း‌မှန်နိုင်ပါတယ်။ ဒါပေမယ့် မမေ့ရမှာတစ်ခုက ဒီလောကကြီးဟာ အိပ်မက်တွေ‌နဲ့ ဖန်တီးထားတယ် ဆိုတာပါပဲ။ ဒါမှမဟုတ် ရည်မှန်းချက်တွေနဲ့ပေါ့။

လောကကြီးထဲမှာရှိတဲ့ အောင်မြင်ပါတယ်ဆိုတဲ့ လူတိုင်းကို ကြည့်လိုက်မယ်ဆိုရင် သူတို့ အကုန်လုံးဟာ အိပ်မက်တွေရှိကြတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားတာပဲရှိမယ်။ ဒါပေမယ့် အဲ့ဒီလူတွေဟာ အိပ်မက်နေရုံနဲ့ ကျေနပ်နေမဲ့ လူတန်းစားတွေတော့ ဟုတ်မနေပါဘူး။ အခုချက်ချင်းထပြီး သူတို့ဖြစ်ချင်တဲ့အရာကို လုပ်မယ့်လူတွေကြီးပါပဲ။

အဲ့လိုလုပ်ဖို့ ဆိုတာက ကြည့်လိုက်ရင်တော့ လွယ်သယောင်ထင်ရပေ့မယ့် တကယ်တမ်း လုပ်ကြည့်လိုက်ပြန်တော့လည်း အင်မတန်ကို ခက်ခဲ့တဲ့အရာတစ်ခု ဖြစ်နေပြန်ရော။ အဲ့တာကြောင့်လည်း လူတိုင်းမလုပ်နိုင်တာပေါ့။ မဟုတ်လို့ရှိရင် ဒီလောကကြီးထဲမှာ မအောင်မြင်တဲ့ လူဆိုတာရှိပါ့ ဦးမလား။

ဒါဆိုရင် ကိုယ်ကိုယ်တိုင်ရော ဘယ်လိုလူအမျိုးအစားထဲမှာပါနေပြီလဲ။ ကိုယ်ဖြစ်ချင်တာကို လုပ်မယ့်သူလား ဒါမှမဟုတ် တစ်ကြိမ်တစ်ခါတောင် မကြိုးစားကြည့်ပဲ စစ်မတိုက်ခင်က မြှားကုန်ဆိုသလို လက်မြောက်အရှုံး ပေး‌လိုက်မယ့်သူလား။

အိပ်မက်တွေဆိုတာက မက်ရုံနဲ့မပြီးသေးပါဘူး။ အဲ့ဒီအိပ်မက်တွေကို တကယ်ဖြစ်လာစေချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း တကယ်လုပ်ဆောင်မှ ဖြစ်လာမှာပါ။ ကိုယ်သွားရမယ့်လမ်းမှာ အခက်အခဲအတားအဆီး‌တွေဆိုတာကတော့ ရှိနေမှာပါပဲ။ ဒါပေမယ့်ကိုယ့်ရဲ့ တာဝန်က ရှေ့ဆက်သွားဖို့ပဲမဟုတ်လား...

🔰လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုသလို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အထင်အမြင်ကွဲပြားမှုတွေတော့ ရှိနေမှာပါ။ အဲ့ဒီတော့ ကိုယ်မှာလည်း ကွဲပြားနေတဲ့ ထင်မြင်ယူဆချက်တွေရှိနေမယ်ဆိုရင် ရပ်ဝန်းတို့ရဲ့ Speaking Club လေးမှာ လာရောက် ပါဝင်ဆွေးနွေးပြီး‌တော့ အကြံဉာဏ်တွေ ဖလှယ်လို့ ရပါတယ်နော်။ အဲ့တာဆိုရင်တော့ နောက်မှပဲပြန်တွေ့ကြတာပေါ့ Bye for now...❣️

Content - Thomas
Graphic - WanGi

#dream_it_do_it
#yatwoon_ရပ်ဝန်း
#speaking_club

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Yatwoon- ရပ်ဝန်း ရဲ့ ဗဟုသုတရစရာ content တွေကို ဖတ်ရှုနိုင်ဖို့ Yatwoon ရဲ့ social platforms လေးတွေကို join ထားပေးပါဦးနော်

📌Telegram - https://t.me/YATWOONofficial

📌LinkedIn - https://www.linkedin.com/in/yatwoon-organization/

Introverts' Yatwoon

30 Oct, 04:49


Koalas 🐨 တို့ရေ ... ကျွန်တော်တို့
ဒီအပတ် ၃၀.၁၀.၂၀၂၄ (ဗုဒ္ဓဟူးနေ့) နဲ့ ၃.၁၁.၂၀၂၄ (တနင်္ဂနွေ) မှာ Conversation Club လေး ခတ္တနားထားပါတယ်ဗျ။
နောက်အပတ် ၆.၁၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့) မှာပြန်ဆုံကြမယ်နော် Have a wonderful week 💗

Introverts' Yatwoon

27 Oct, 13:27


ထုံးစံအတိုင်း ၈ နာရီအတိမှာတွေ့ကြမယ်နော် ❤️

Here is the link .....

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

27 Oct, 13:26


Healing Alchemy; Transforming Pain into Power

လူတိုင်းက နာကျင်မှုတွေကို ကုစားပြီး 'အား' အဖြစ်ပြောင်းလဲချင်စိတ်ရှိကြပါတယ်။ လူသားတွေက တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုတွေကမတူညီကြပေမယ့် ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကတော့ ယေဘုယျအားဖြင့် ဆင်ကြပါတယ်။ တူညီတဲ့အကြောင်းအရာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ခံနိုင်မှုပေါ်မူတည်ပြီး နာကျင်မှုတွေက မတူညီကြပါဘူး။ ကဲ....ဒါဆိုရင် အကြောင်းအမျိုးမျိုးကြောင့် နာကျင်နေရတဲ့သူတွေ ရင်ထဲကပူလောင်မှုတွေ ဒဏ်ရာတွေကို ရင်ဖွင့်ရင်း အတူတူဆွေးနွေးသွားမယ့် ဒီနေ့ည conversation club လေးကို join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 💓
Graphic - Willie

📌အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉) [For Introverts]
https://t.me/introvertsyatwoon

📌Knowledge sharing Channel

https://t.me/speakersyatwoon

https://t.me/yatwoon

📌Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Telegram - https://t.me/YATWOONofficial

LinkedIn - https://www.linkedin.com/in/yatwoon-organization/

#Yatwoon_ရပ်၀န်း
#Conversation_Club
#Discovering_your_passion_with_your_smile
#Graphic_WanGi

Introverts' Yatwoon

26 Oct, 12:08


💭 Challenge yourself

Koalas တို့ထဲမှာ English speaking practice လုပ်ရတာ volunteer လုပ်ရတာဝါသနာပါပြီး conversation ကို lead လုပ်ချင်တဲ့သူတွေ၊ Yatwoon - ရပ်ဝန်းရဲ့ Facilitator teamနဲ့ အတူတူအလုပ်လုပ်ချင်တဲ့ သူတွေအတွက် အောက်က registration form လေးကနေတစ်ဆင့် Introverts' Yatwoon ရဲ့ Conversation club facilitator positions လေးကို လျှောက်ထားလို့ရပါပြီဗျ။ Participants ကနေ Facilitator အဖြစ် transform လုပ်နိုင်မဲ့အခွင့်အရေးမလို့ လက်မလွှတ်သင့်ပါဘူး။
If you are comfortable, you are not growing. So step out of your comfort zone and be a facilitator 💗

Registration form - https://forms.gle/NEuniSXcyH9tQQEc9
Warmly welcome to our Introverts' Yatwoon Facilitator Team 💌

Introverts' Yatwoon

23 Oct, 12:56


🐨 အားလုံးနဲ့ ၈ နာရီအတိမှာတွေ့ကြမယ်နော် 🫵

Here is the link .....

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

23 Oct, 12:53


🌟လူသားနှင့် သဘာဝလွန်စွမ်းအား🌟

[Mysteries beyond the Human limit: Supernatural Powers]
---------------------------

ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ကလေးကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်ပါတယ်။
လူသားနှင့် သဘာဝလွန်စွမ်းအားတဲ့။
Koala 🐨 လေးတို့ရော သဘာဝလွန်စွမ်းအားဆိုတာကို တကယ်ရှိတယ်လို့ ယုံကြည့်ကြလား....🤷? ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ရော အပြင်လက်တွေ့ဘဝမှာ တစ်ကယ်ကြုံတွေ့ခဲ့ဖူးလား....🤷?

ဒါပေါ့လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသလိုပဲ ဒီလိုကိစ္စတွေအပေါ်မှာ အမြင်အမျိုးမျိုး ကွဲပြားတာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ ကွဲပြားနေတာတွေကို ခဏဘေးဖယ်ထားပြီ တကယ်လို့များ သဘာဝလွန်စွမ်းအားတွေရှိခဲ့ရင် ဆိုတဲ့အရာလေးကို စိတ်ကူးယဉ်ကြည့်ရအောင်။

အဲ့လိုအရာတွေရှိခဲ့ရင် ကိုယ်ပထမဆုံး တွေးမိတဲ့အရာကဘာဖြစ်မလဲ...🤷? ရုပ်ရှင်‌တွေ၊ ဇာတ်ကားတွေ ထဲကလို့ စူပါအစွမ်းတွေ၊ Magic တွေလား။ ဒါမှမဟုတ်ဟုတ် လက်ရှိကမ္ဘာမှာ ယုံကြည့်ကြသလို နာနာဘာဝတွေ၊ တစ္ဆေ သရဲတွေလား👻

အဲ့လိုအစွမ်းတွေသာ ရှိမယ်ဆိုရင် ကိုယ်အနေနဲ့ ဘယ်လို အစွမ်းမျိုးကို လိုချင်လဲ၊ ပြီရင်ရော အဲ့လိုအစွမ်းနဲ့ ဘာတွေလုပ်မှာလဲ။

ကိုယ်တွေဆိုရင်တော့ ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တဲ့ အစွမ်းကို လိုချင်မိမှာပဲ။ ဘာလို့လဲဆိုရင် လောကကြီးကို အပေါ်စီးကနေ လွတ်လွတ်လပ်လပ် ပျံသန်းပြီး ကြည့်ချင်လို့၊ တစ်နေရာသွားရင်လည်း လျင်လျင်မြန်မြန်ပဲ ပျံပြီးသွားလိုက်ယုံပဲပေါ့။ အခုလို အစစအရာရာ ဈေးတက်နေတဲ့ အချိန်မှာ ဆိုရင်တော့ သက်သာ‌တာပေါ့။ ချစ်သူလေး၊ ဘာလေးရှိရင်လည်း အေးဆေးပေါ့ ပျံပြီး သွားတွေ့လိုက်ယုံပဲ ဘယ်လောက်တောင် ကောင်းလိုက်လဲ ကြည့်စမ်း။ ပြောနေရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။

အဲ့ဒီတော့ ကိုယ်တစ်ယောက်ထဲ ပြောနေတယ်မဖြစ်ရလေအောင် အခုဒီစာကို ဖတ်နေတဲ့ သူလေးတွေကိုလည်း ကိုယ်မှာရှိတဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ရပ်ဝန်း-Yatwoon တို့ရဲ့ Speaking Club မှာ လာရောက်ပြီး ပါဝင်ဆွေးနွေးကြဖို့ ဖတ်ခေါ် လိုက်ရပါတယ်နော်...

Bye for now...❣️

Content - Thomas
Graphic -

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl


Yatwoon- ရပ်ဝန်း ရဲ့ ဗဟုသုတရစရာ content တွေကို ဖတ်ရှုနိုင်ဖို့ Yatwoon ရဲ့ social platforms လေးတွေကို join ထားပေးပါဦးနော်

📌Telegram - https://t.me/YATWOONofficial

📌LinkedIn - https://www.linkedin.com/in/yatwoon-organization/

Introverts' Yatwoon

20 Oct, 13:15


It's Sunday again ... come and join us tonight 🐨 💖

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

20 Oct, 13:14


Conversation Club Batch - 12, Week - 3

◾️◾️◾️◾️▫️▫️▫️▫️◾️◾️◾️◾️▫️▫️▫️▫️

Topic - ADHD 101: Dealing with hyperactivity

ADHD ဆိုတာဘာလဲ?

🖇 ADHD ဆိုတာကတော့ Attention Deficit Hyperactivity Disorder ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။ လူတွေရဲ့ အာရုံကြောပိုင်းဆိုင်ရာ disorder တစ်မျိုးဖြစ်ပါတယ်။ Inattention, Hyperactivity နဲ့ Impulsivity တွေကတော့ ADHD ရဲ့ main symptons တွေပဲဖြစ်ပါတယ်။

💭 ဥပမာ​ပြောရရင် - ကိုယ့်ရဲ့ခေါင်းထဲမှာ အတွေးတွေက မရပ်တန့်ဘဲ စီးဆင်းနေတာမျိုး၊ ကိုယ်လုပ်ရမဲ့ Tasks တွေ Reply ပြန်ရမဲ့ စာတွေကို တွေးကြည့်ရုံနဲ့တင် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာမျိုး၊ ပစ္စည်းတွေ အမြဲအထားမှားပြီး အာရုံစိုက်ဖို့ခက်ခဲတာမျိုး။ ဒါမျိုးလေးတွေဟာ ADHD ရှိနေတဲ့သူတစ်​ယောက် ကြုံတွေ့ရတဲ့ အခြေအနေမျိုးလေးတွေဖြစ်ပါတယ်။

‼️ ADHD ရှိနေတယ်ဆိုတာက ဒီတိုင်းသတိမမူဘဲ ထားလို့မဖြစ်တဲ့အရာမျိုးပါ။ ဒီတိုင်း သတိမမူထားမိမယ်ဆိုရင် ကိုယ့်ရဲ့ပညာရေး၊ လူမှုဆက်ဆံရေး စတဲ့ နယ်ပယ်ပေါင်းများစွာမှာပါ ထိခိုက်နိုင်တာမလို့ ADHD symptons လေးတွေနဲ့ ဘယ်လိုမျိုးပြန် overcome လုပ်နိုင်မလဲဆိုတာကို Yatwoon ရဲ့ Conversation Club လေးကနေ ဆွေးနွေးတိုင်ပင်သွားမှာဖြစ်လို့ မည်သူမဆို စိတ်ဝင်စားရင် လာရောက် ဝင် Join လို့ရပါတယ်လို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်

Yatwoon မှာတင်တဲ့ information လေးတွေကိုမလွတ်ဖို့ အောက်က link လေးတွေကို join ဖို့မမေ့ကြနဲ့နော်။

Conversation club အတွက် Topic အသစ်လေးတွေနဲ့ ပြန်လာမှာမို့ စောင့်နေပေးကြပါဦးနော်။

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

#Yatwoon
#Content_Talor
#Graphic_WanGi

Introverts' Yatwoon

17 Oct, 12:44


ကမ်းလက် Project ရဲ့ paid class တွေမှာ 10% Discount ရဖို့အခုပဲ ဆီမီးပုံလေးတွေကို ဒီ post ရဲ့ commentအောက်မှာ ဝင်မန့်ရင်း ကံထူးနိုင်ပါတယ်နော် Happy Full Moon Thadinguyt 🐨 🪔
https://www.facebook.com/share/p/uGrPe9CbcmYqxKbr/

Introverts' Yatwoon

16 Oct, 14:37


Sorry for the inconvenience... please join this link back

Introverts' Yatwoon

16 Oct, 14:14


ဒီ link လေးကို join ပေးပါဦးနော်
Id - 858 775 8651
Passcode - Session2
https://us05web.zoom.us/j/8587758651?pwd=Gb8Wb1E6ESR0TnYtmPzzIq3iw1nCRL.1

Introverts' Yatwoon

16 Oct, 12:54


Catch ya all tonight at 8 pm... Happy Thadinguyt Koalas 🐨 💖

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

16 Oct, 12:52


Unlocked your emotions: A self reflection journey

Koalas 🐨 တို့မှာ ချစ်ခြင်း/မုန်းခြင်း စတဲ့ခံစားချက်တွေကို မြိုသိပ်ထားရတဲ့ အခိုက်အတန့်တွေရှိဖူးကြမယ်ထင်ပါတယ်။ အဲ့လိုခံစားချက်တွေက ဘယ်သူ့အပေါ်ကို ဘာကြောင့်ဖြစ်ပေါ်လာကြတာလဲ ဘာကြောင့်ထုတ်ဖော်ပြခွင့်မရလဲ စတဲ့ ခံစားချက်တွေကို reflect လုပ်ပြီး Self-awareness အားကောင်းအောင် ဘယ်လိုတွေပြုလုပ်သွားသင့်လဲဆိုတာကို ဒီနေ့ည ၈ နာရီမှာ Introverts' Yatwoon ရဲ့ Facilitator တွေနဲ့အတူတူ discuss လုပ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။
Graphic - Willie

📌အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉) [For Introverts]
https://t.me/introvertsyatwoon

📌Knowledge sharing Channel

https://t.me/speakersyatwoon

https://t.me/yatwoon

📌Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Telegram - https://t.me/YATWOONofficial

LinkedIn - https://www.linkedin.com/in/yatwoon-organization/

#Yatwoon_ရပ်၀န်း
#Conversation_Club
#Unlock_Your_Emotion
#Graphic_Willie

Introverts' Yatwoon

14 Oct, 17:05


ရပ်ဝန်းကနေ conversation club အပြင်
ပညာဒါနအတန်းများလည်းဖွင့်လှစ်လိုက်ပါပြီခင်ဗျ။ အခကြေးငွေနဲ့အတန်းများကလည်း လှူဒါန်းဖို့ရည်ရွယ်တာမို့ ရှဲပေးခြင်းဖြင့် ကူညီကြပါဦးဗျ။
စာလညိးရ ကုသိုလ်လည်းရအောင်လာတက်လို့လည်း ရပါတယ်ခင်ဗျ။

https://www.facebook.com/share/p/nvWizMkgcomT5ivn/

Introverts' Yatwoon

14 Oct, 04:18


Participant ကနေ Facilitator အဖြစ် ပြောင်းနိုင်မဲ့ အခွင့်အရေး 💭
🐨 Koalas တို့ထဲမှာ English speaking practice လုပ်ရတာဝါသနာပါပြီး conversation ကို lead လုပ်ချင်တဲ့သူတွေ၊ Yatwoon - ရပ်ဝန်းရဲ့ Facilitator teamနဲ့ အတူတူအလုပ်လုပ်ချင်တဲ့ သူတွေအတွက် အောက်က registration form လေးကနေတစ်ဆင့် Introverts' Yatwoon ရဲ့ Conversation club facilitator positions ဘေးကို လျှောက်ထားလို့ရပါပြီဗျ။ Participants ကနေ Facilitator အဖြစ် transform လုပ်နိုင်မဲ့အခွင့်အရေးမလို့ လက်မလွှတ်သင့်ပါဘူး။
Registration form - https://forms.gle/NEuniSXcyH9tQQEc9
Warmly welcome to our Introverts' Yatwoon Facilitator Team 💌

Introverts' Yatwoon

13 Oct, 13:06


Hello.... it's time to unlock melody using 🎶 as your 🔑 to stress relief.

Catch y'all at 8 pm... 💗

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

13 Oct, 13:04


Koalas လေးတို့ရဲ့ စိတ်ဖိစီးမှုကိုလျော့ချဖို့
လူတိုင်းလူတိုင်းမှာ သော့တစ်ချောင်း ပိုင်ဆိုင်ထားတယ်ဆိုတာ သိပြီးပြီလား ??
အာ ... ဘာလဲ ရွှေ‌သော့လား ငွေသော့လားပေါ့
စသဖြင့် ရှုပ်ထွေးနိုင်ပါတယ်။ တကယ်တော့
ကျွန်တော်ဆိုလိုတဲ့သော့က " Music - ဂီတ " ဆိုတဲ့ အဖိုးတန်သော့တံလေးတစ်ချောင်းပါပဲ။ 🗝️🎶

Music ဆိုတာဘာလဲ ??
တေးသွား‌တွေ၊သဟဇာတဖြစ်စေတဲ့စည်းချက်တွေ၊ အသံအနိမ့်အမြင့်တို့ရဲ့အစိတ်အပိုင်း‌တွေကို
စီစဥ်ထားတဲ့ အနုပညာတစ်ရပ်တစ်ခုကို ပြောလိုခြင်းဖြစ်ပါတယ်။ 🎼

ဒါဆို ဂီတက လူတွေရဲ့စိတ်ဖိစီးမှုကို ဘယ်လိုမျိုး
ဖယ်ရှားနိုင်လဲ ??
Music မှာက ခံစားချက်ကိုပြောင်းလဲစေနိုင်တဲ့
စွမ်းရည်ရှိနေတဲ့အပြင် လူတွေရဲ့ကိုယ်ကျန်းမာရေး၊
စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ Meditation လုပ်တဲ့အခါမှာဆိုရင်လည်း Music
ဖွင့်ပြီး လုပ်တဲ့အခါ စိတ်ပိုမိုလန်းဆန်းစေတဲ့အပြင် အာရုံလည်းစိုက်နိုင်ပါသေးတယ်။

🎧 နောက်ပြီး သီချင်းတိုင်းက ဂီတဆိုပေမယ့်၊ဂီတ
တိုင်းကတော့သီချင်းမဖြစ်လာနိုင်ပါဘူး။ ဒါပေမယ့်သီချင်းတွေက ဂီတအမျိုးအစားတစ်ခုထဲ အပါအ၀င်ဖြစ်တာတော့မေ့ထားလို့မရပါဘူး။ ကျွန်တော်တို့တွေဟာ အထူးသဖြင့် ညဘက်တွေဆိုရင်၊ တစ်ယောက်တည်းရှိနေရင်၊ YBSကားပေါ်ရဲ့ မှန်ပြတင်းပေါက်နားမှာနေရာရတဲ့အခါကျရင် နားကြပ်လေးနှစ်ဖက်တပ်ရင်း သီချင်းနားထောင်ကြ၊ ငေးမောကြတာပေါ့။တစ်နေ့တာပင်ပန်းသမျှတွေကို ညနေပိုင်း၊ ညပိုင်းမှသီချင်းလေးနဲ့ စိတ်ပင်ပန်းမှုကို ရာခိုင်နှုန်းအနည်းငယ်စာလေးလောက် လျှော့ချကြတာ ဖုံးထားလို့မရတဲ့ အမှန်တရားပါပဲခင်ဗျာ ... 💜

အဲ့ဒီတော့ လာမယ့် Sunday ည ၈:၀၀ နာရီမှာကျင်းပမယ့် Yatwoon Conversation Club လေးမှာ
သီချင်းလေးတွေ Sharing လုပ်ရင်း၊ Music
ရှိနေတဲ့အတွက် ကိုယ့်ရဲ့အခက်အခဲတွေကို ဘယ်လိူကျော်ဖြတ်နိုင်ခဲ့ပုံ စသဖြင့်ပေါ့။ ဒီ Topic လေးနဲ့
ကိုက်ညီတဲ့အရာတွေကို စိတ်လွတ်ကိုယ်လွတ်
ဆွေးနွေးချင်ရင်တော့ လာရောက် Join ပေးဖို့
ဖိတ်ခေါ်အပ်ပါတယ်နော်။ အားလုံးပဲ သာယာသော
ညကလေးကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ ..🎻🎙️

Content - Noah
Graphic - Allis

📌အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉) [For Introverts]
https://t.me/introvertsyatwoon

📌Knowledge sharing Channel

https://t.me/speakersyatwoon

https://t.me/yatwoon

📌Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Telegram - https://t.me/YATWOONofficial

LinkedIn - https://www.linkedin.com/in/yatwoon-organization/

#Yatwoon_ရပ်၀န်း
#conversation_club
#melody_unlocked
#music_as_your_key
#stress_relief
#melody_unlocked_music_as_your_key_to_stress_relief
#content_Noah
#graphic_Allis

Introverts' Yatwoon

09 Oct, 13:14


ဟိတ် 👀
.....

ဒီနေ့ည conversation club လေးရှိတယ်နော် .. . 🫶

၈ နာရီအတိမှာ 👇ဒီ link လေးကနေ တစ်ဆင့် လာ join လို့ရပါတယ်နော် 💗

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

09 Oct, 11:24


Topic - ''Beauty Standards:Who sets the rules?''

လူတိုင်းမှာ ကိုယ်ပိုင်အလှတရားတွေရှိကြတယ်ဆိုတာ လက်ခံရင် လက်ညိုးထောင် ☝️🏻

🎀 လူရယ်လို့ မွေးဖွားလာကတည်းက ကိုယ်ပိုင်အလှတရားဟာ ကိုယ်နဲ့တစ်ပါတည်း ပါလာတဲ့အရာမျိုးပါ။

အဲ့လို အလှတရားဆိုတာမျိုးဟာ ဘယ်လိုမျိုးလဲ? ဘယ်သူက ဒီလိုမျိုး rules တွေကို သတ်မှတ်ထားတာလဲ?

ဒါဆိုရင် သဘာဝကပေးတဲ့ အလှတရားတွေကိုမှ စံချိန်သတ်မှတ်လိုက်တဲ့ အလှစံချိန်လေးတွေနဲ့ လှပခြင်းဆိုတဲ့ သဘောတရားအကြောင်းလေးကို အချက်ကျကျလေး သိဖို့ရာအတွက် ကျွန်တော်တို့ Yatwoon ရဲ့ Conversation Club လေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။

Communication Skill တွေလည်း မြှင့်ရင်း English Speaking Skill ပါ လေ့ကျင့်လို့ရတာမလို့ လာရောက်ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်

Conversation club အတွက် Topic အသစ်လေးတွေနဲ့ ပြန်လာမှာမို့ စောင့်နေပေးကြပါဦးနော်။

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Content - Talor

Graphic - WanGi

#Yatwoon
#Content_Talor

Introverts' Yatwoon

06 Oct, 12:49


It's Sunday again.... see y'all at 8 pm 🫶

Here is the link for you guys 😉

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

06 Oct, 12:46


❇️“ဇာတ်ညွန်းမပါသော ချစ်ခြင်း”❇️

💓ကဲ....ကဲ.....ကဲ Speaking Club လေးအတွက် နောက်ထပ် Topic လေးရောက်ရှိလို့လာပါပြီ။

Koala 🐨 လေးတို့လည်း Drama တွေ၊ Fiction တွေကို ကြိုက်မယ်ဆိုတာ သေချာသလောက်ပါပဲ။ ဇာတ်လမ်းထဲမှာဆိုရင် ဘယ်လို အခက်အခဲတွေပဲရှိရှိ နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းသွားတယ်ဆိုတဲ့ ဇာတ်လမ်းတွေကအများသားပါ။ Sad ending ဆိုရင်တောင် မင်းသားနဲ့မင်းသမီး အတူတူ ပျော်ခဲ့ရပါသေးတယ်။

🖐️ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျတော့ ဘယ်လိုလဲ။ သေချာတာကတော့ ဇာတ်လမ်းထဲကအတိုင်း ဖြစ်ချင်မှဖြစ်လာမှာပါ၊ မဖြစ်ဖို့က ပိုလို့တောင်များပါတယ်။ လက်တွေ့ကမ္ဘာမှာတော့ Toxic relationship တွေဆိုတာလည်းရှိပါသေးတယ်။

Relationship တစ်ခုကို အစပြုဖို့ဆိုတာက လွယ်ပေမယ့် Healthy ဖြစ်တဲ့ Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာက ခက်ခဲပြီးအရေးပါတဲ့အရာတစ်ခုပါ။

Healthy relationship တစ်ခုတည်ဆောက်ဖို့ဆိုရင် အရေးပါဆုံးနဲ့ အုတ်မြစ် အကျဆုံးကတော့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုပါပဲ။ Koala 🐨လေး‌တို့လည်း တော်တော်လေးရင်းနှိီးမယ့် စကားလုံးပါပဲ။ ဒါပေမယ့်အသုံးပြုဖို့တော့ခက်နေတယ်မလား 👀

နောက်ထပ်တစ်ခုကတော့ ပွင်လင်းမြင်သာမှုပါ။ ချစ်သူရည်းစားအချင်းချင်း တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုမှု မရှိဘူးဆိုရင်‌ အထက်မှာပြောခဲ့တဲ့ နားလည်မှုဆိုတာကလည်း တဖြည်းဖြည်း ယိုယွင်းလာမှာပါ။

👀ဆိုတော့ Healthy relationship တစ်ခုတည်ဆောက်ဖို့အတွက် လိုအပ်ချက်တွေကို အနည်းအကျဉ်းသိသွားလောက်ပြီလို့ထင်ပါတယ်။ ဒါပေမယ့် အခြားသော နည်လမ်းတွေလည်း အများကြီးရှိ‌နေပါသေးတယ်။

Koala 🐨 လေးတို့ဆီမှာလည်း မတူကွဲပြားတဲ့ နည်းလမ်းတွေ၊ အတွေးအမြင်တွေရှိနေမှာတော့ အသေအချာပါပဲ။ အဲ့လိုဆိုရင်တော့ ရပ်ဝန်းရဲ့ Speaking Club လေးမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိတဲ့ အရာတွေအများကြီရသွားမှာ အသေအချာပါပဲ။ Bye for now

Content - Thomas
Graphic - WanGi

‼️ အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈-၉) [For Introverts]

https://t.me/introvertsyatwoon

‼️ Knowledge sharing Channel

https://t.me/yatwoon

‼️ Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Yatwoon- ရပ်ဝန်း ရဲ့ ဗဟုသုတရစရာ content တွေကို ဖတ်ရှုနိုင်ဖို့ Yatwoon ရဲ့ social platforms လေးတွေကို join ထားပေးပါဦးနော်

📌Telegram - https://t.me/YATWOONofficial

📌LinkedIn - https://www.linkedin.com/in/yatwoon-organization/

Introverts' Yatwoon

02 Oct, 13:24


Good evening, Koalas 🐨
Our Wednesday's conversation Club is starting soon ... Let's have a conversation together 💓

Here is the link for you guys 😉

https://us06web.zoom.us/j/8367058499?pwd=wea7QQxafT1DuZkwUZuZZO0rrldP1o.1

Meeting ID: 836 705 8499
Passcode: Yatwoon

Introverts' Yatwoon

02 Oct, 09:05


Readers လေးတွေ ဘာလုပ်တတ်ကြလဲ ??

တချို့က ဘာသာစကားတွေေလေ့လာနိုင်တယ်။
တချို့က တူရိယာတွေတီးတတ်တယ်။တချို့ဟင်းချက်တတ်တယ်။ပုံဆွဲတတ်ကြတယ်။မဟုတ်ရင်လဲ သီချင်းဆိုတတ်ကြတယ်။စတဲ့ ကိုယ် လုပ်နိုင်တဲ့အရာတွေပေါ့။တစ်ခုလည်းဖြစ်နိုင်မယ်၊တစ်ခုထက်လည်း ပိုနိုင်တယ်။နှစ်ခု(သို့မဟုတ်)သုံးခုထက်လည်း ပိုနိုင်တယ်။အရေအတွက်အကန့်
အသတ်မရှိပေါ့နော်။

ဒါဆို ဒီသဘောတရားလေးကို နားလည်ပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ Conversation Club ကို Join ဖို့ ခြေတစ်လှမ်းပြင်လိုက်နိုင်ပါပြီ။📈

ဒီနေ့အတွက်ပြင်ဆင်ထားတဲ့ Topic လေးကတော့
" Jack of all trades Vs Master of one " ဖြစ်ပြီး

ဒီထဲမှာပါတဲ့ Jack of all trades ‌ဆိုတာကတော့
" ဘယ်နေရာ၊ဘယ်နယ်ပယ်မှာမဆို ကောင်းကောင်း
မွန်မွန်နဲ့ဆက်သွယ်အလုပ်လုပ်နိုင်တဲ့ Skill တွေ ရှိနေသူ " ကိုပြောလိုခြင်းဖြစ်ပါတယ်။

ဥပမာ - ကိုယ်က ဂီတဆရာတစ်ယောက်ဆိုပါစို့။
ကျောင်းမှာ ကလေးတွေကို Music Lesson တွေ
သင်မယ်။ဒါဆို ဂစ်တာတစ်မျိုးပဲတီးတတ်လို့ရမလား ?? မရပါဘူးနော် တခြားသော တူရိယာ နှစ်မျိုးသုံးမျိုးလောက်တွဲဖက် တီးနိုင်မှသာ အလုပ်လုပ်တဲ့
အခါ Professional ဆန်ဆန်လုပ်နိုင်မှာဖြစ်ပါတယ်။

" Master of one" ကတော့ " ကိုယ်ရွေးချယ်ထားတဲ့
အလုပ်၊ဝါသနာတစ်ခုတည်းမှာ ထူးထူးချွန်ချွန်ပေါက်မြောက်နေခြင်း " ဖြစ်ပါတယ်။ဒါတွေကတော့
စာသင်တဲ့နေရာပေါ့။ ဥပမာ - ကိုယ်က English Teacher ကွာ။အဲ့ဒါကို ဘာသာရပ်တိုင်းလိုလို သင်ကြည့်ချင်တယ်။ဟိုစပ်စပ်၊ဒီစပ်စပ်သင်ကြည့်မယ်ဆိုရင် ရနိုင်ပါ့မလား ?? ရကောင်းရ‌နိုင်ပေမယ့်
ကိုယ်ကျွမ်းကျင်ထားတဲ့ English ဘာသာက အားနည်းသွားနိုင်ပြီး တခြားဘာသာရပ်တာ၀န်တွေမနိုင်မနင်းဖြစ်ရတတ်ပါတယ်။

ဒါကတော့ ဖြစ်နိုင်ချေရှိတာတွေကိုပြောပြသွားပေးတာပဲဖြစ်ပါတယ်။
Koalas လေးတို့ရဲ့စိတ်ထဲမှာ မတူညီတဲ့စိတ်၊
သဘောထားတွေ၊ချပြချင်တဲ့စိတ်ကူးစိတ်ကန်းတွေရှိနေလောက်ဦးမှာဆိုတာ သိ‌နေတာမို့ အားလုံးပဲ ဒီည ရှစ်နာရီမှာ ပြန်တွေ့ကြမယ်နော် !!
တာ့တာ 👋🏻🐨

Content- Noah
Graphic-WanGi

📌အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉) [For Introverts]
https://t.me/introvertsyatwoon

📌Knowledge sharing Channel

https://t.me/speakersyatwoon

https://t.me/yatwoon

📌Chatty Yatwoon

https://t.me/+lztmOjfWLKsxZGNl

Telegram - https://t.me/YATWOONofficial

LinkedIn - https://www.linkedin.com/in/yatwoon-organization/

#Yatwoon_ရပ်၀န်း
#Conversation_Club
#Jack_of_all_trades_vs_Master_of_one
#Graphic_WanGi
#Content_Noah