၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှအတင်းအကြပ် တပ်သားစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သား (၃) ဦးမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွင် KNDF တပ်ရင်းအမှတ် (၂)ထံသို့ ရောက်ရှိလာခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စုဆောင်းခံရသော တပ်သား (၃)ဦးမှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့တွင် စစ်သင်တန်း အပတ်စဉ် (၃) ဆင်းပြီးနောက် လွိုင်ကော်မြို့သို့ ပို့ဆောင်ခံခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့ပြင်ရှိ တာဝန်ကျရာ ကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့ပြီး တပ်ရင်း (၂)ထံသို့ရောက်ရှိလာခြင်းဖြစ်ပါသည်။ တပ်ရင်းသို့ရောက်ရှိလာသော တပ်သား (၃)ဦးကို ကောင်းမွန်စွာစစ်ဆေးခဲ့ပြီး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားရှိပါသည်။
အာဏာရှင် စစ်ခေါင်းဆောင်များ၏
အကျိုးအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီးပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် အထူးတိုက်တွန်းပါသည်။
KNDF Battalion-02
သတင်းနှင့်ပြန်ကြားရေး