Thar Sitt(Psy) @tharsitt007 Channel on Telegram

Thar Sitt(Psy)

@tharsitt007


ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။
သိသမျှတင်ပေးမည်၊ကြည့်သမျှ မှန်ရမည်။

Thar Sitt(Psy) (Burmese)

ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။ 'Thar Sitt(Psy)' ဆဇာလများအတွက် မူရါနှင့်ညည်မှတ်ရေးဖြစ်ပြီး သိသဝျးညည်မှန်ရမည်။ 'tharsitt007' ဆဇာလများအတွက် ပေးသမျွးသင်သင်သမျွးလုံများဖော်ပြမည်။ ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။ သိသမျှတင်ပေးမည်၊ကြည့်သမျှ မှန်ရမည်။

Thar Sitt(Psy)

24 Jan, 06:03


KIA & TNLA

ချစ်နေကြပြန်ပီ😁😁😁

Thar Sitt(Psy)

24 Jan, 05:58


အကြမ်းဖက်PNLA
ဆီဆိုင်ပန်ငိုတိုက်ပွဲမှာအကြမ်းဖက်PNLA၅လောင်း၅လက်ရ

Thar Sitt(Psy)

24 Jan, 05:10


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့်

ဇန်နဝါရီ  ၂၄

ရန်ကုန်မြိုအခြေစိုက်တရုတ်သံရုံးက ဦးစီးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိတ်ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်  ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံတော်ဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။

Thar Sitt(Psy)

24 Jan, 04:57


ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ထုတ်ပြန်ကြေညာ

ဇန်နဝါရီ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါနည်းဥပဒေများတွင် အခန်း(၁၀)ခန်း၊နည်းဥပဒေအပိုဒ်ပေါင်း (၅၉) ပိုဒ်၊နောက်ဆက်တွဲပုံစံ (၁၂)ခုဖြင့်ဖော်ပြထားပြီး အခန်း(၁)တွင်အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန်အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကိုလျှော့ပေါ့ပေးရန်ဖြစ်စေ၊သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆)တွင် အမိန့်စာဆင့်ခေါ်ခြင်း၊အခန်း(၇)တွင် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊အခန်း(၉)တွင် စစ်စည်းရုံးခြင်း၊အခန်း(၁၀)တွင် အထွေထွေတို့ပါရှိကြောင်းသိရသည်။

Thar Sitt(Psy)

24 Jan, 04:39


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊  မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာနေ အပြစ်အပြစ်မဲ့ပြည်သူတစ်ဦးဖြစ်သူ ရှမ်းလေး(ခ)မိုးကြီးကို ပျူစောထီး၊ စကစသတင်းပေးဒလန်ဟု စွပ်စွဲ၍ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ NUG အကြမ်းဖက်အုပ်စု လက်အောက်ခံ PDF လူသတ်သမားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

Thar Sitt(Psy)

24 Jan, 04:32


အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Thar Sitt(Psy)

24 Jan, 04:27


မဲဆောက်မှာ လုံခြုံရေးတင်းကြပ်၊ ဟိုတယ် မိုတယ် စတဲ့ နိုင်ငံခြားသားတွေ တည်းခိုတဲ့နေရာတွေ အပါအဝင် နေရာပေါင်း (၁၃၁) နေရာကို ရှောင်တခင် ဝင်ရောက်စစ်ဆေး

မဲဆောက်၊ ဇန်နဝါရီ ၂၄

Thar Sitt(Psy)

24 Jan, 04:24


အကြမ်းဖက် KIA တရုတ်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်  ကျမ်းခမ်းရွာမှာနေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်နှင့် ကားသမားကို အကြမ်းဖက် KIA + PDF အဖွဲ့များက ဓါးပြတိုက်သတ်ဖြတ်ပြီး တရုတ်ယွမ် ၂ သိန်းခန့်နှင့် ကားတစ်စီးကို ယူသွားကြောင်းသိရ။

မှိုင်းဝေ

https://t.me/tharsitt007

Thar Sitt(Psy)

22 Jan, 07:28


ရခိုင်အစပ် ဘောမိမှာ တိုက်ပွဲဖြစ်ရင် ရွာနာမှာစိုးလို့ တပ်ကရွှေသောင်ယံဘက်ဆုတ်ပေးလည်း ရွာကမီးရှို့ခံလိုက်ရတာပါပဲ။

Thar Sitt(Psy)

21 Jan, 16:48


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC)ဌာန တာဝန်ခံ General Direk Bongkarn  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

Thar Sitt(Psy)

21 Jan, 15:49


နောင်ချိုသတင်း Update

ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က နောင်ချိုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲတဲ့နေရာက အကြမ်းဖက် TNLA ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတဲ့ ထွေအုပ်ရုံးနေရာနဲ့ TNLA စခန်းချနေတဲ့ ရဲစခန်းနားတွေ ဖြစ်တယ်လို့ သိရပါတယ်။
-
ထိခိုက်မှုအနေနဲ့ကတော့ ကြဲတဲ့နေရာတိုင်း ထိထိမိမိရှိပြီး TNLA ၄၀ လောက် သေဆုံးသွားတယ်။ ထွေအုပ် ရုံးထဲက TNLA တွေကတော့ အကုန်နီးပါးသေသွားပြီး ရုံးလည်း ပြားချပ်သွားလို့ Back Hole တွေနဲ့ကို ရှင်းထုတ် နေရတယ်။ ဒါ့အပြင် TNLA အဖွဲ့ရဲ့ အမာခံ ထောက်ပို့လင်မယားလည်း ထိသွားတယ်။ မိန်းမဖြစ်သူက သေသွားပြီး သူ့ယောက်ျားကတော့ ဆေးရုံရောက်သွားတယ်။
-
သတင်းတွေအရ TNLA စခန်းမှူး (နောင်ချို) တာအိုက်မောင် ကတော့ On the Spot ဖြစ်သွားပြီး မြို့နယ်မှူး လုပ်နေတဲ့ တာကောကျန် ဒဏ်ရာပြင်းထန်လို့ မြတ်မင်္ဂလာဆေးခန်းမှာ ဆေးကုနေချိန် ထပ်မံ သေဆုံးသွား တယ်လို့ သိရတယ်။ သူတို့ ၂ ယောက်ရဲ့အလောင်းတွေကိုတော့ ရေခဲခေါင်းနဲ့ထည့်ပြီး နောင်ချို ရဲတပ်ဖွဲ့မှူးရုံး မှာ ပြင်ထားပါတယ်။
-
အချခံရတဲ့ အဆောက်အဦတွေကတော့ မြေပြင်မှာ ပြားပြားဝပ်သွားကြောင်း ဒေသခံများနှင့် မိမိအမာခံများမှ ဝမ်းမြောက်စွာ သတင်းပေးပို့ လာပါတယ်။
-
တိုက်ပွဲသတင်းစုံ

Thar Sitt(Psy)

21 Jan, 15:22


AA အဖွဲ့ဆီက မူးယစ်ဆေးဝါးသယ်ယူရောင်းချသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ်နေပိုင်နက်ထဲမှာ AA အဖွဲ့ဆီက မူးယစ်ဆေးဝါးမကြာခဏဝယ်ယူမှုပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Boder Guard Bangladesh(BGB) အဖွဲ့ကပြောကြားခဲ့ပါတယ်။

၎င်းတို့အဖွဲ့ထံမှ မူးယစ်ဆေး မက်သလင်း ၂ ကီလိုဂရမ်၊ စိတ်ကြွဆေး ၁၀၀၀၀ ကျော်၊ လက်ကိုင်ဖုန်း ၄ လုံးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ AA အဖွဲ့ထိန်းချုပ်ထားသည့်
နေရာမှ မူးယစ်ဆေးဝယ်ယူမှုပြုလုပ်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ “Delta” အမည်ဝှက်သုံးနေသည့် AA အဖွဲ့မှအရာရှိကြီးတစ်ဦးနှင့် ဆက်သွယ်ပြီး ဝယ်ယူခဲ့ကြောင်း၊  ယခုကဲ့သို့ AA ထံမှဝယ်ယူမှုများသည် အကြိမ်များစွာဝယ်ယူပြီးနောက် ယခုတစ်ကြိမ်မှာအဖမ်းခံရတာဖြစ်တယ်လို့ BGB အဖွဲ့မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ Ashikur Rahman ကပြောကြားခဲ့ပါတယ်။

AAအဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တာဝန်ခံတွေကို ယခင်က ပြည်တွင်းမှာပဲဖမ်းဆီးရမိလေ့ရှိပေမယ့်  ရခိုင်ပြည်နယ်မှာ AA ထိန်းချုပ်နယ်မြေတွေများလာလို့ ပြည်နယ်အတွင်း ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အိမ်နီးချင်းနိုင်ငံနယ်နမိတ်အတွင်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

စစ်ပွဲကြောင့် ဘဏ္ဍာရေးအင်အားတောင့်ဖို့လိုအပ်နေတဲ့ AA အဖွဲ့က ငွေရှာရလွယ်တဲ့ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုကို ပိုမိုလုပ်လာနေတာဖြစ်တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေက သုံးသပ်နေကြပါတယ်။

Thar Sitt(Psy)

21 Jan, 15:20


နွားထိုးကြီးသတင်း
============
(တာဝန်ရှိသူများ သိရှိနိုင်ပါရန်)

နွားထိုးကြီးမြို့
တောင်ဘက် (၈)မိုင်ခန့်အကွာ၊
ကြာပွားကျေးရွာ၏ အနောက် မြောက်ဘက် (၁)မိုင်ခန့်အကွာရှိ -

- ဦးအောင်ဒင်၏တဲများတွင်
အကြမ်း ဖက် PDF များ အင်အား
(၁၅၀)ခန့် စခန်းချထားကြောင်း။

- တဲမျာ၊းဗုံးခိုကျင်းများ၊ဘန်ကာများကို ထန်းလုံး၊ထန်းသား၊ထန်းရွက်များဖြင့် အခိုင်အမာပြုလုပ်ထားကြောင်း။

- ၎င်းနေရာ၏အနောက် မြောက်ဘက်
(၂)ဖာလုံခန့်အကွာ  ဒေသအခေါ်
ဆည်ကြီးတောအထက်ပိုင်း၊မကျီးကန်ရွာရှိ ဦးကံရင်၏ တဲများတွင်လည်း အကြမ်းဖက် PDF အင်အား(၁၀၀)ခန့်
စခန်းချ ထားကြောင်း။

- ၎င်းနေရာတွင်လည်း တဲများ၊ဗုံးခိုကျင်းများ၊ဘန်ကာများ၊ကတုတ်ကျင်းများကို ထန်းလုံး၊ထန်းသား၊ထန်းရွက်များဖြင့် အခိုင်အမာပြုလုပ်ထားကြောင်း။

Thar Sitt(Psy)

21 Jan, 14:56


ရန်ကုန်မြို့ရှိ အမျိုးသားအဆောင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးကာ ငွေညှစ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၂၁ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိ အမျိုးသားအဆောင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်နေပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ ညပိုင်းက မြို့လယ်ရှိ အဆောင်တစ်ခုကို ဝင်ရောက်စစ်ဆေး၍ ငွေမပေးနိုင်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ငွေကြေးကောက် ခံခြင်းများမရှိကြောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်သမားများတရားမဝင်ခိုအောင်း ဝင်ရောက်၍ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစစ်ဆေးရှာဖွေခြင်းများသာ လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အဆိုပါနယ်မြေအတွင်း လုံခြုံရေး ပူးပေါင်းအဖွဲ့များ၏ နေ့ညမပြတ်စစ်ဆေးရှာဖွေခြင်းများကြောင့် ဝင်ထွက်သွားလာနိုင်ရန်အခက်အခဲ များဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက် သမားများလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ဖြစ်စဉ်ဖြစ်ရပ် ကိုက်ညီမှုမရှိသည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒ ဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

Thar Sitt(Psy)

21 Jan, 14:54


ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီလ ၂၁

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်း တွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊  (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံ မှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

Thar Sitt(Psy)

21 Jan, 10:36


မသင်္ကာစရာအိတ်တစ်လုံးတွေ့ရှိ
+++++++++++++++++++++++++++

ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်း​ဒေသကြီး၊ စမ်းချောင်းမြို့နယ် ကျွန်တောလယ်ရပ်ကွက်ဖျာပုံလမ်း အမှတ်၂၂ ရှေ့ တွင် နေ့လည်(၁၅း၂၀)အချိန် ၌ရပ်ထားသော ဟွန်ဒါဖစ်ဘေးတွင်မသင်္ကာဖွယ်ရာအထုပ် ‌တွေ့ရှိ၍ တာဝန်သိပြည်သူကသတင်းပေးပို့ခြင်းကြောင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူတို့က လမ်းများပိတ်ဆို့ပြီး အထိအခိုက်မရှိ နယ်မြေရှင်းလင်းဆောင်ရွက်မှုအား ဆောင်ရွက်ခဲ့သည်။

#MMG

Thar Sitt(Psy)

21 Jan, 10:01


နောင်ချို တော့ အခု ခါး သွားပြီ။

#ThařSitț

Thar Sitt(Psy)

21 Jan, 09:53


Jan-21

တိုက်ပွဲဿတင်း(တောင်ပုံကြီး/မိုးထိ)
=============================
ဇန် ၂၀ ရက်

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အစပ်ရှိ မိုးထိတောင် စခန်းအနီး လုံခြုံရေးဆောင်ရွက်နေစဉ် ရန်သူအင်အား ၅၀ ဦးခန်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နယ်မြေရှင်းလင်းစဉ် -
ရန်သူ့ထံမှ

-Type-81 ၁ လက်
-ကျည်အိမ် ၁ ခု
-ကျည် ၂၅ တောင့်
-ကျည်ကာဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့။

တိုက်ပွဲသတင်းစုံ

Thar Sitt(Psy)

21 Jan, 05:39


လားရှိုး အပစ်ရပ်တာက 100%

ဆုတ်မယ်...တိုက်မယ် ဆိုတာက 50%

ချင့်ယုံ....😎





#ThařSitț

Thar Sitt(Psy)

21 Jan, 05:02


20-1-2025 ရက်နေ့ ပေါက်မြို့နယ် ကုက္ကိုလ်စုရွာအနီးတိုက်ပွဲဖြစ်

-အကြမ်းဖက် PDF ၂ လောင်း
-အမ် -၂၂ သေနတ် ၂ လက်
သိမ်းဆည်းရမိ​

Thar Sitt(Psy)

10 Jan, 18:02


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  (၇၈) နှစ်မြောက်  ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ - ၁၀

Thar Sitt(Psy)

10 Jan, 17:54


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)  ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁၀

Thar Sitt(Psy)

10 Jan, 15:53


Hello 👋👋


မေ့နေကြမှာစိုးလို့ပါ...

စနေနေ့ အစားထိုးရုံးတက်ရက်ပါနော်☺️☺️

Thar Sitt(Psy)

10 Jan, 15:43


သိမ်းခြင်ရင် အမှိုက်ပဲသိမ်းလိုက်...
အသံ ဆိုတာ စတဲ့ နေရာကပဲ ထွက်တယ်။

ဒီကောင်တွေ ရှက်တတ် နေပါပြီ🤣🤣🤣

Thar Sitt(Psy)

10 Jan, 15:16


ဒီသတင်းက အမှန်ပါ။
ဘေးအန္တရာယ်ကင်းစွာ ရှိပါတယ်။

#ThařSitț

Thar Sitt(Psy)

10 Jan, 15:09


ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) အောင်ဆန်းခန်းမ၌ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား စစ်ဝတ်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) အောင်ဆန်းခန်းမ၌ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များအား စစ်ဝတ်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသကွပ်ကဲရေးမှူး၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒေသကွပ်ကဲရေးမှူးက အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာသော ပြည်သူ့စစ်(ဌာနေ)အဖွဲ့များမှ ကိုယ်စားလှယ်များအား စစ်ဝတ်ပစ္စည်းများ  ထောက်ပံ့ပေးအပ် ခဲ့ပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နယ်မြေဒေသအခြေအနေ များနှင့် တစ်ဦးချင်းအခက်အခဲများအား မေးမြန်း၍ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

Thar Sitt(Psy)

10 Jan, 14:21


ဘလိုင်းသုခ......အူ နေပြီ😁🤣

Thar Sitt(Psy)

10 Jan, 14:06


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Thar Sitt(Psy)

04 Jan, 17:19


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Thar Sitt(Psy)

04 Jan, 17:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

Thar Sitt(Psy)

04 Jan, 17:16


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနား တက်ရောက်

Thar Sitt(Psy)

06 Dec, 16:37


မှော်ဘီက ဘယ်တပ်ကို ရှော့တိုက်ဒုံးနဲ့ ဘယ်လိုပစ်ခဲ့။ဘယ်ကိုထိမှန်၊ဘယ်လောက်သေဆုံးဆိုပြီး ခွေးရေး၊ခွေးယုံတွေ မလုပ်ခင်ကြိုရေးပေးထားမယ်။
ယနေ့ည ၉နာရီခွဲ အချိန်ခန့် အကြမ်းဖက်များမှ မှော်ဘီအနီးရှော့တိုက်ဒုံးဖြင့် ၄ချက်ရမ်းသမ်းပစ်ခတ်ခဲ့။ဘောလုံးကွင်းထဲကျရောက်ပေါက်ကွဲ။

တပ်တွေနဲ့တော့အဝေးကြီး အရပ်သားသေဆုံးမှုရှိ မရှိ မသိရသေးပါ။

#ThařSitț

Thar Sitt(Psy)

06 Dec, 16:15


ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကျင်းပ

ဒီဇင်ဘာလ ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။အခမ်းအနား တွင် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦး ချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Thar Sitt(Psy)

06 Dec, 15:27


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် သုမင်္ဂလာအဆင့်မြင့်ဈေး တည်ဆောက်ရေးစီမံကိန်းကြည့်ရှုစစ်ဆေး

Thar Sitt(Psy)

06 Dec, 15:25


နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

Thar Sitt(Psy)

06 Dec, 15:22


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၆ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


ယမန်နေ့က တပ်မတော်စစ်ကြောင်းမှ ပြန်လည်ထိန်းချုပ်ထားသည့် ရွှေအမ်းရိပ်သာအား AA သောင်းကျန်းသူများမှ နံနက် ၉ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ၂ နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ၎င်းနောက် နေ့လည် ၁ နာရီခန့်မှစ၍ အဆိုပါနေရာအား သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့သဖြင့် တပ်စစ်ကြောင်းများမှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရာ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ရှိနေကြောင်းနှင့် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ နေ့လည် ၃ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညနေ ၆ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
AA အကြမ်းဖက် သောင်းကျန်းသူများမှ ယမန်နေ့ည ၉ နာရီခွဲခန့်က နခခ ၅ ဘန်ကာ ၁/၁၁/၁၂ တို့မှနေ၍ လက်ကျန်အင်အားအလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နံနက်အစောပိုင်းတွင် သောင်းကျန်းသူများ ဗဟိုကင်းနေရာအထိ ဝင်ရောက်နေရာယူခဲ့ကြောင်း၊ ထိုနောက် လေကြောင်းပစ်ကူများရယူ၍ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် နခခ ၅ ဗဟိုကင်းအား ပြန်လည်နေရာယူ ထိန်းချုပ်နိုင်ခဲ့ပြီး သောင်းကျန်းသူများ ဘန်ကာ ၁၁/၁၂ ခြံစည်းရိုးရှိရာဘက်သို့ အလောင်း/လက်နက်များထားကာ ကစဉ်ကလျား ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ကြိုကြားကြိုကြားရှိနေပြီး သောင်းကျန်းသူရှိရာနေရာများအား လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

(ကျောက်တော်)
ယနေ့နေ့လည် ၁၁ နာရီခန့်က ကျောက်တော်မြို့မှတဆင့် အခြားနေရာသို့ ဆိုင်ကယ်အစီး ၅၀၀ ကျော်၊ တစ်ပါကား(မြေသယ်ယာဉ်) ၁၀ စီးခန့်ဖြင့် စစ်ကူရန်သွားသည့် AA သောင်းကျန်းသူ ၃၀၀ ခန့်ပါ ယာဉ်တန်းအား အပေါက်ဝရွာနှင့် ကံစောက်ရွာကြားရောက်ရှိစဉ် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA သောင်းကျန်းသူ ၈၀ ကျော်ခန့် သေဆုံးပြီး ၁၀၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ကားအချို့ မီးလောင်ပြာကျသွားပြီး အကောင်းတိုင်းကျန်သူများ အဆိုပါနေရာမှ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၅) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၁)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၆)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
https://t.me/minchitoo989989/42594

Thar Sitt(Psy)

06 Dec, 15:19


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်   စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Thar Sitt(Psy)

21 Nov, 16:43


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၂၁/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

ယမန်နေ့က အမ်းမြို့သို့ ထပ်မံရောက်ရှိလာသည့် စစ်ကူစစ်ကြောင်းများအနေဖြင့် ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်လျက်ရှိရာ ညနေ ၅ နာရီအချိန်ခန့်က အမ်းမြို့၊ လေးအိမ်စုရွာအနီး နှစ်ဖက်တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နံနက်ပိုင်း ၁ နာရီအချိန်ခန့်က ၃၇၂ တပ် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၃)နာရီခန့် ဖြစ်ပွားခဲ့ပြီး ရန်သူအားထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ထိုအတူ ညနေ ၄ နာရီခန့်တွင် ထပ်မံ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူအားဆက်လက်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ တိုင်းရုံးအနောက်ဘက် မီတာ (၁၀၀၀)ကျော်အကွာရှိ ဆင်တိုးရွာနှင့် ရွာအနီးစိုးမိုးကုန်းများတွင် ဖြန့်ခွဲလုံခြံရေးယူနေသည့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအား သောင်းကျန်းသူများမှ ညနေ ၄ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် (၂) နာရီခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်း ၁ နာရီခန့်က ၃၇၁ တပ် မြောက်ဘက်တောက်ကုန်းတွင် ရောက်ရှိနေသည့် AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၃)နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက်ပိုင်း ၆ နာရီအချိန်ခန့်က တောင်ကုတ်မြို့တောင်ဘက်ရှိ ဖုန်ညိုရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၅)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဖုန်ညိုရွာအတွင်းသို့ ထွက်ပြေးသွားကြောင်း၊ အဆိုပါရွာအား တပ်စစ်ကြောင်းမှ ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နေ့လည် ၁ နာရီခွဲအချိန်ခန့်က စတင်၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်အပစ်ရပ်ကာ သောင်းကျန်းသူများ အဆိုပါရွာမှထွက်ပြေးသွားကြောင်းနှင့် ညနေပိုင်း ၄ နာရီခန့်က ကိုင်းရှည်တံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရန်သူအားထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ညနေပိုင်း ၄ နာရီအချိန်ခန့်က စကခ ၅ ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် တောင်ကုတ်တက္ကသိုလ်အား ဖျက်ဆီးခဲ့သည့် AA သောင်းကျန်းသူများအနေဖြင့် ယနေ့ညနေ ၅ နာရီခွဲ အချိန်ခန့်က တောင်ကုတ်မြို့တောင်ဘက် အထက(၂) စာသင်ကျောင်းအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် မိနစ် (၃)ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က နခခ(၅)ရှိ ဘန်ကာ(၄)ခုအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ (၂၅)မိနစ်ခန့်ပွားခဲ့ပြီး သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ယမန်နေ့ညနေပိုင်းက မကွေးဘက်မှတက်လာသည့် တပ်မတော်စစ်ကူယာဉ်တန်းများ အမ်းမြို့အနီး ပတ်ကွေ့ရွာသို့ အောင်မြင်စွာရောက်ရှိခဲ့သော်လည်း AA သောင်းကျန်းသူအားပေးမီဒီယာများနှင့် တပ်စစ်ပြေးများအနေဖြင့် အဆိုပါ စစ်ကူယာဉ်တန်းများရောက်ရှိသည့် သတင်းနှင့်ပက်သက်၍ AA သောင်းကျန်းသူများစိတ်ဓာတ်မကျဆင်းစေရန်အတွက် “အမ်းဘက် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကို PAR-Magway က တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းများ အမ်းသို့မရောက်ပဲ နောက်ပြန်လှည့်ခဲရကြောင်း၊ အမ်းစစ်ကူယာဉ်တန်းကို လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း” စသည့်သတင်းတု/သတင်းမှားများဖြင့် လူထုကြားဖြန့်ဝေခဲ့ကြသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသနှင့် အမ်းဒေသတို့တွင် များစွာသေဆုံး‌/ဒဏ်ရာရခြင်း ဖြစ်ပေါ်နေသောကြောင့် ၎င်းတို့လူသစ်အမြန်ရရှိရေးအတွက် လက်ရှိကာလ၌ ရခိုင်မြောက်ပိုင်းရှိ ကျေးရွာများတွင် ၁၀ နှင့်အထက်ကလေးငယ်များအပါအဝင် အမျိုးသမီးငယ်များကိုပါ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
https://t.me/minchitoo989989/42150

Thar Sitt(Psy)

21 Nov, 14:47


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနားတက်ရောက်ချီးမြှင့်သည်။

နိုဝင်ဘာလ  ၂၁

Thar Sitt(Psy)

21 Nov, 14:21


■ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်း တစ်ခုအတွင်း အမျိုးသားတစ်ဦး ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်းတစ်ခုအတွင်း ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှု နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ကဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းထောင့်အနီး ဆေးရုံလမ်း၏ အနောက်ဘက်ရှိ စိမ်း ဆေးခန်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထို ဆေးခန်းအတွင်းသို့ အသက် ၂၉ နှစ်ခန့်ဟု ခန့်မှန်းရသည့် အမျိုးသား တစ်ဦးက ဝင်ရောက်၍ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်မကြီး ဒေါက်တာ မို့မို့စိမ်းအား ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ဆရာမကြီးက ဆေးခန်းထဲက ပြေးထွက်လာပြီး ကယ်ကြပါဦး လို့ အော်တဲ့အချိန်မှာ လည်ပင်းက သွေးတွေ အတော်ထွက်နေပါပြီ။ လက်တစ်ဖက်က ဗိုက်ကိုလည်း ဖိထားတော့ ဗိုက်ကိုလည်း ထိခိုက်ထားတယ် ထင်ပါတယ်။ တိုက်ခိုက်တဲ့ ကောင်လေးက ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ သူ့ ဆိုင်ကယ်ကို သော့ဖွင့်ဖို့လုပ်ပြီးမှ ခြေလျင်ထွက်ပြေးတော့ အနီးဝန်းကျင်ကလူတွေ လိုက်ဖမ်းပြီး ဖမ်းမိခဲ့တာပါ" ဟု အခင်းဖြစ် ဆေးခန်းအနီးမှ တွေ့မြင်လိုက်ရသူ တစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပြီးနောက် ဓားဖြင့်တိုက်ခိုက်ခဲ့သည့် လူငယ်သည် ပြည်တော်သာလမ်း၏ ဝဲဘက် ရွာသစ်ရပ် ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လမ်းကြားငယ်အတွင်းသို့ ထွက်ပြေးခဲ့စဉ် အနီးဝန်းကျင်မှ လူများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း ယင်းလူငယ်အား ၎င်း၏ ဆိုင်ကယ်နှင့်အတူ မကွေးမြို့ မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

■ EMG

Thar Sitt(Psy)

21 Nov, 14:05


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်သံရုံးမှလှူဒါန်းသည့်လှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းပြုပြင်မွမ်းမံမှုကြည့်ရှု

နို၀င်ဘာ၂၁

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှလှူဒါန်း၍မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှတာဝန်ယူဆောင်ရွက်သည့်မြန်မာ - တရုတ်ချစ်ကြည်ရေး ကျောင်းဆောင်ပြုပြင်မွမ်းမံလှူဒါန်းခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းကလှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

အခမ်းအနားသို့တိုင်း‌​ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊တိုင်း‌​ဒေသကြီး၀န်ကြီးများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တာ၀န်ရှိသူများက ကျောင်းဆောင် သို့ လေ့လာကြည့်ရှုခဲ့ကြ‌သည်။

အဆိုပါမြန်မာ -တရုတ်ချစ်ကြည်ရေးကျောင်းဆောင်သည်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက၂၀၁၇ ခုနှစ်ဇွန်လကRCCနှစ်ထပ်ဆောက်လုပ်ပေးခဲ့ပြီး၂၀၂၄ ခုနှစ်နို၀င်ဘာကထပ်မံပြုပြင်မွမ်းမံလှူဒါန်းခြင်း ဖြစ်ပြီးငွေ ကျပ်သိန်း ၆၁၀ ခန့်အကုန်ကျခံဆောင်ရွက်ခဲ့‌​ကြောင်းသိရသည်။

Thar Sitt(Psy)

21 Nov, 05:42


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့ "ICAPP (၁၂) ကြိမ်မြောက် အထွေထွေညီလာခံ"တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ
***
နိုဝင်ဘာ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင် (၂)ဦးတို့ပါဝင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမည့် "Internaional Conference of Asian Political Party(ICAPP)" (၁၂)ကြိမ်မြောက် အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ရန်ကုန်မှ ဖနောင်ပင်သို့ ယနေ့ ၁၆၄၅ နာရီချိန်တွင် လေယာဥ်အမှတ်၊ 8M 401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။

အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ(ICAPP) (၁၂)ကြိမ်မြောက် အထွေထွေညီလာခံအား "A Quest for Peace and Reconciliation" ခေါင်းစဥ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အာရှနိုင်ငံ (၂၈)နိုင်ငံမှ နိုင်ငံရေးပါတီ ၄၉ ပါတီနှင့် လေ့လာသူအဖြစ် အခြား (၁၅)နိုင်ငံမှ နိုင်ငံရေးပါတီ (၁၆) ပါတီ၊ စုစုပေါင်း (၄၃)ပါတီမှ နိုင်ငံရေးပါတီ (၆၅)ပါတီမှ လူပုဂ္ဂိုလ် (၃၀၀) ခန့်တက်ရောက်မည်ဖြစ်ပါသည်။

​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများမှ ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

Thar Sitt(Psy)

21 Nov, 04:04


ဒါတွေက တင်ခြင်၊အသိပေးခြင်တာ မဟုတ်ဘူးးး

စောက်မြင်ကပ်လို့...ဟ !!!


ခြေလျင် ခြေမြန်
သံချပ်ကာ/တင့် စစ်ကူများစွာ
အပြင်

ဘာအဖွဲ့၊ညာအဖွဲ့

တပ်ဖွဲ့အင်အားများစွာရောက်ရှိတန်ပြန်တိုက်စစ်ဆင်နေပြီဖြစ်ကြောင်း


နိုင်ကိုနိုင်ရမယ်.....တပ်မတော်💪💪💪


#ThařSitț

Thar Sitt(Psy)

16 Nov, 15:03


ဒီညနေ

အဒေါ်ကြီးတစ်ယောက်

မက်ဆင်ဂျာမှာ လာစကားပြောပါတယ်။

ဦးပိုင်အမြတ်ငွေကိစ္စပါ။

သူ့သားက

ပြီးခဲ့တဲ့ (၆)လပိုင်းတုန်းက

ကရင်ပြည်နယ်မှာ

ကျ-ဆုံ; သွားခဲ့ပါတယ်။

သူ့မေးခွန်းကတော့

ကျ-ဆုံ: စစ်သည်တွေ ဦးပိုင်အမြတ်ငွေ

မရတော့ဘူးလားဆိုတဲ့

အကြောင်းအရာပါ။

အဒေါ်ကြီးက နားမကောင်းတော့ပါ။

ဒီလိုနဲ့

ဦးပိုင်အမြတ်ငွေနဲ့ပတ်သတ်ပြီး

စုံစမ်းလိုက်တော့

အဖြေတစ်ခုထွက်လာပါတယ်။

စစ်သည်တစ်ယောက်ဟာ

ဦးပိုင်မှာထည့်ထားရင်

သူကျ-ဆုံ:သွာ:တဲ့နောက်ပိုင်းမှာ

သူ့ရဲ့အမွေခံဖြစ်သူက ဦးပိုင်ကို ရရှိပါတယ်လို့

သိခဲ့ရပါတယ်။

ဒီလိုနဲ့

အဒေါ်ကြီးသားရဲ့ ရေးဗကဆီကိုဖုန်းဆက်လိုက်ပါတယ်။

ဟုတ်ကဲ့အကိုကြီး

ကျနော်လည်း အဲ့ကိစ္စလုပ်နေပါတယ်

လာမဲ့အပတ်ထဲ အဆင်ပြေပါမယ်လို့ ရှင်းပြပါတယ်။

ဒီတော့….

ဦးပိုင်မှာထည့်ထားတဲ့

ကျ-ဆုံ: စစ်သည်မိသားစုတွေ

မိမိတို့ ရေးဗကနဲ့ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ကြပါ။

အားလုံးအဆင်ပြေကြပါလိမ့်မယ်။

ကိုခိုင်ဇော်

Thar Sitt(Psy)

16 Nov, 14:07


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆီမီး ထွန်းညှိပူဇော်

Thar Sitt(Psy)

16 Nov, 14:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်

Thar Sitt(Psy)

16 Nov, 13:55


ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေခြင်းဖြစ်ပြီး တပ်မတော်အားအထင်အမြင်လွဲမှားအောင်ပြုလုပ်နေသော CHANNEL ပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

#ဒို့တပ်မတော်
#AdminTeams
16-11-2024(Sat-8:24Pm)

Thar Sitt(Psy)

16 Nov, 05:48


ကြီးအာပလာဆိုတဲ့ စစ်ပြေးကောင် သူ့ဆီဆက်သွယ်သတင်းပို့တဲ့သူတွေရဲ့ ဖုန်းအချက်အလက်တွေ ရန်သူဆီရောင်းစားပြီး၊ ရန်သူနဲ့ပေါင်းငွေညှစ်နေပြီ
============

မောင်တောဘက်က ပျောက်ဆုံး/ကျဆုံးကိစ္စတွေကနေစပြီး ရခိုင်တခွင်လုံးက သတင်းတွေ ကျနော်ဆီလာမေးကြတယ်၊ အဲ့ဒီအချိန် “တခြားဘယ်သူတွေဆီမေးထားသေးလဲ” လို့ ကျနော် ပြန်ပြန်မေးကြည့်တယ်၊ ကြီးအာပလာ ဆိုတဲ့ကောင်ကိုသွားမေးထားတယ်လို့ ပြောတဲ့သူတွေရှိတယ်။ သူ့ဆီမေးလိုက်ပြီဆိုတာနဲ့ သူကချန်နယ်မှာတင်ပြီး သူစိတ်ထင်ရာ လျှောက်ရေးရော၊ နောက်ပြီး သူဆက်သွယ်ပေးမယ် ဖုန်းနံပတ်ထားခဲ့ဆိုပြီး ဖုန်းနံပတ်တောင်းတယ်၊ တပ်ရဲ့အခြေအနေတွေ၊ အင်အားတွေ ကိုယ်တွေနေတဲ့နေရာတွေ မေးတယ်၊ သူဆီပေးလိုက်တဲ့ အချက်အလက်တွေက စစ်ပြေး CDM လောက်ကောင်တွေနဲ့ တစ်ဖက်မီဒီယာတွေရဲ့ သတင်းထုတ်ပြန်တဲ့အချိန်မှာ ထိုအချက်အလက်တွေပါလာရော၊

အခုနောက်ဆုံးပြောပြလာတဲ့ ရဲမေတစ်ယောက်ဆိုရင် သူ့ဆီပေးလိုက်တဲ့ဖုန်းနံပတ်ကို သူ့ယောက်ျားတိုက်ပွဲဖြစ်တဲ့နေရာမှာရှိနေတဲ့ AA အဖွဲ့တွေကို ပေးခြင်းခံရတယ်၊ အေအေက ကောင်က အင်တာနက်ကနေတဆင့် နင့်ယောက်ျားနဲ့တွေချင်လား တွေ့ချင်ရင် ကိုယ်လုံးတီးရိုက်ပြီးပို့ ဆိုပြီး ဆက်သွယ်လာတယ်၊ ရဲမေက ဘာမှပြန်မပြောတော့ သိန်း(၁၀၀)ပေး မပေးရင် လင်ကိုသတ်မယ်ဆိုပြီး ထပ်ပြောလာရော၊ သိန်း (၁၀၀)များတယ်လို့ ပြောတော့ ချိတ်ပေးတဲ့သူကိုလည်း တစ်ဝက်ပေးရတာမို့ဆိုပြီး ပြောလာတယ်၊ ဒီအချက်ကိုကြည့်ရင် ဘယ်လောက်အောက်တန်းကျစွာ လုပ်နေလည်း ဆိုတာ တွေ့ရပါလိမ့်မယ်

သူ့ချန်နယ်ကကတစ်ယောက်တည်းမဟုတ်ဘူး စစ်ပြေးတွေအဖွဲ့လိုက်လုပ်နေတာ၊ အင်တာနက်ကနေ နည်းလမ်းပေါင်းစုံနဲ့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေဆီက သတင်းလိုက်နှိုက်တယ်၊ RIP ပို့တွေတက်လာရင် အကောင့်ထဲမှာရှိတဲ့ ပုံတွေယူပြီး ခေတ်သစ်တို့၊ မဇ္ဇိမတို့ကိုရောင်းစားတယ်၊ သောင်းကျန်းသူ လာတိုက်နေပြီဆိုတဲ့ သတင်းရရင် “ကျတော့မယ်၊ ဘယ်တော့ပြေးရပါတော့မယ်”ဆိုပြီး ကိုယ့်ဘက်ကလူတွေ စိတ်ဓာတ်ကျအောင် ထတင်တယ်။ သောင်းကျန်းသူအားပေးမီဒီယာတွေတင်တဲ့ သတင်းကို ကိုယ့်ဘက်ကလူတွေမဖတ်လို့ ထိုသတင်းတွေထဲမှာပါတဲ့ အချက်အလက်တွေကို ဟိုက်လိုက်ထားရေးတင်တယ်၊ သူတင်တာတွေဟာအမှန်ပါ ဆိုပြီး လူတွေယုံကြည်လာအောင် တပ်ဘက်က သတင်းမှန်တင်နေတဲ့သူတွေကို နည်းလမ်းပေါင်းစုံနဲ့ လိုက်ဘလိန်းတယ်၊ သောင်းကျန်းသူစခန်းဗုံးကြဲတာ၊ သောင်းကျန်းသူဆီက အလောင်း/လက်နက်တွေရတာ၊ ကိုယ်ဘက်က စခန်းတွေရတာတွေဆိုရင် မဟုတ်ပါဘူးလို့ ဘူးခံငြင်းပြီး ရန်သူ့အကြိုက် ရေးသားတယ်၊ ဓာတ်ပုံ/ဗွီဒီရို မှတ်တမ်းနဲ့ အတိအကျတင်ရင်တောင် ဖြတ်ညှပ်ကပ်လုပ်တယ်ဆိုပြီး ဝင်ဘလိန်းသေးတာ။ တပ်မတော်အောင်မြင်မှုတွေပြန်ရတာတွေရှိရင်တောင် မရေးတာဆိုတည်းက သဘောပေါက်တော့။ သူတင်တာတွေ တောက်လျှောက်ဖတ်ကြည့် သောင်းကျန်းသူအားပေး မီဒီယာနဲ့ စစ်ပြေးချန်နယ်/အကောင့်တွေက တင်တဲ့သတင်းတွေကြီးပဲ၊ တပ်က အောင်မြင်မှုရတာတွေ တစ်ခုမှမရေးဘူး၊ ရေးတဲ့သူတွေကိုတောင် နာမည်းမျိုးစုံနဲ့ နာမည်ဖျက် သက္ခာလိုက်ချနေသေးတယ်။

ချန်နယ်နာမည်ကိုက “ကြီးအာပလာ(KAPL)” ရေးထားတယ်။ သူရေးချင်တာက “ကြည်းအာပလာ”ဆိုတာလို့ ကျနော်ရေးလည်း ရေးလိုက်ရော K ဆိုတာ သူမတော်လိုက်ရတဲ့ “ဖခင်ဗိုလ်ချုပ်မှူးကြီး”ကို ရေးတာပါဆိုပြီး ဝင်ခံသွားတယ်။ သူပြောချင်တာက “ဗိုလ်ချုပ်မှူးကြီးအာပလာ” ဆိုတာပဲ၊ အခုနောက်ဆုံး ရခိုင်ကနေ စစ်သည်လစာတွေ၊ စစ်ဆင်ရေးနေ့တွက်စာရိတ်တွေခိုးပြီး ပြေးသွားတဲ့ စစ်ပြေးဇင်ယော်ဒီနေ့တင်ထားတဲ့သတင်းနဲ့ မနေ့က သူတင်ပြီး ဖျက်ချသွားတဲ့သတင်းကို ကြည့်ကြည့် တစ်ပုံစံတည်း…. သူတင်တဲ့သတင်းတွေကြည့်လိုက် သတင်းတွေကို ကြိုတင်စုဆောင်းပြီး ဆိုက်ဝါးထည့် ကြိုရေးပြီး ၂ မိနစ်ခြားဆီတင်တင်သွားတာ တွေ့ရတယ်၊ ဒါကဘာလည်းဆိုတော့ နေ့ရာစုံကနေသတင်းနှိုက်နေတဲ့ စစ်ပြေးတွေရဲ့ သတင်းတွေစုဆောင်းပြီး ဝုန်းဆို တင်တဲ့သဘော…. သက်ဆိုင်ရာသောင်းကျန်းသူတွေရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မပါတဲ့တပ်တွေတောင် သူက “ကျပြီ၊ အကုန်ပြေးကုန်ပြီ” လို့လုပ်ကြံရေးသားနေတည်းက သူ့ရဲ့ရဉ်ရွယ်ချက်ကို သဘောပေါက်သင့်တယ်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်တွေနဲ့ ထောက်ခံသူများအနေဖြင့် မိမိရဲသတင်းတွေ ရန်သူ့ဆီမပေါက်ကြားအောင် ကိုယ်ပြောဆိုတဲ့သူတွေက စိတ်ချရတဲ့သူတွေလားဆိုတာကို သေချာလေးစိစစ်စေချင်ပါတယ်၊ တပ်သတင်းတင်တိုင်း တပ်ကလို့ မထင်ပါနဲ့၊ စစ်ပြေးလုပ် သောင်းကျန်းသူနဲ့ပူးပေါင်းပြီး ၎င်းတို့ အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ကိုယ်တွေရဲ့လူတွေဆီကနေ နည်းလမ်းပေါင်းစုံနဲ့ သတင်းနှိုက် ရောင်းစားနေတာတွေ ရှိနေပါတယ်။ ကိုယ့်ရဲနှုတ်မစောင့်စည်းမှုကြောင့် ကိုယ့်ခင်ပွန်းအပါဝင် တိုက်ပွဲဝင်နေသူတွေ ဒုက္ခမရောက်စေပါနဲ့။ မိမိအကောင့်ထဲကလူတွေကို သေချာလေးပြန်စစ်ပါ။ Join ထား၊ ပြောထားတဲ့ ချန်နယ်တွေကို သေချာလေးပြန်စစ်ဆေးဖို့ လိုတယ်လို့ အသိပေးတိုက်တွန်းပါရစေ။
#MinChitOo
https://t.me/minchitoo989989/41897

Thar Sitt(Psy)

16 Nov, 05:37


သတင်းမှန်ပြန်ကြားရေး

ပြည်သူလူထုအများစုစိတ်ဝင်တစားသိချင်နေကြတာက စစ်သတင်းမှန်တွေဖြစ်ပါတယ်။ ပြည်ပြေးပြည်ဖျက်မီဒီယာတွေက အုံလိုက်ကျင်းလိုက် လိုရာဆွဲဝါဒဖြန့်စစ်သတင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်ပြန်နေချိန်မှာ အစိုးရမီဒီယာတွေက နူတ်ဆိတ်နေကြတဲ့အတွက် သတင်းမှန်ဘယ်မှာရှာရမလဲ လို့မေးရမယ့်အခြေအနေ ဖြစ်နေပါတယ်။

တပ်မတော်ထောက်ခံအားပေးသူများက တန်ပြန်စစ်သတင်းတွေထုတ်ပြန်ကြပေမယ့် စနစ်တကျ ဖွဲ့စည်းသင်ကြားလေ့ကျင့်ထားတာမဟုတ်ဘဲ မိမိတတ်စွမ်းသမျှကြိုးစားလုပ်ဆောင်ကြတာသာ ဖြစ်လို့ သတင်းမှန်လို့ယူလို့မရပါဘူး။

စစ်သတင်းဆိုတာလျို့ဝှက်သင့်တာလျို့ဝှက်ရမှာဖြစ်ပေမယ့် နူတ်ပိတ်နေဖို့မဟုတ်ဘဲ မိမိဘက်ကစိတ်ဓာတ်တက်ကြွရေး၊ရန်သူစိတ်ဓာတ်ပျက်ပြားရေးဆိုတဲ့စစ်အောင်နိုင်ရေး စိတ်ဓာတ်စစ်ဆင်ရေးတွေအများကြီးလုပ်လို့ရတဲ့အတွက် သတင်းမှန်တွေပေါ်အခြေခံပြီးအစိုးရသတင်းမှန်ပြန်ကြားရေးလုပ်ငန်းကိုအတတ်နိုင်ဆုံးအချိန်နဲ့တပြေးညီ တင်ဆက်သင့်ပါတယ်။

မီဒီယာစစ်ဆင်ရေး မီဒီယာလက်နက်ဆိုပြီး မီဒီယာကို တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ခေတ်မှာအစိုးရမီဒီယာတွေနောက်ကျကျန်နေရစ်ဖို့မသင့်ဘဲ မိမိရဲ့မီဒီယာလက်နက်တွေ ကိုထိထိရောက်ရောက် အသုံးချနိုင်ဖို့လိုပါတယ်။သတင်းမှားတွေကိုနောက်လိုက်ချေဖျက်နေတာထက် သတင်းမှန်ကို ကိုယ့်ဘက်ကအရင်ဦးအောင် ထုတ်ပြန်ဖို့ကြိုးစားသင့်ပါတယ်။

သတင်းမှားချေဖျက်ရာမှာလည်း အဆင့်အတန်းမရှိ အောက်တန်းကျလွန်းတဲ့ခေတ်သစ်မြန်မာနောင်းတို့လိုပြည်ပြေးမီဒီယာတွေကို လူရာသွင်း ဖြေရှင်းနေတာထက် ပညာသားပါပါပါးပါးနပ်နပ် လူထုကိုအဆိပ်ခတ်နေတဲ့ VOA,BBCလို သတင်းဌာနတွေရဲ့သတင်းမှားတွေကိုသာတစ်ခုချင်းတစ်ချက်ချင်းတုံ့ပြန်ဖြေရှင်းသင့်​ပါတယ်။

ပြည်သူလူထု သိချင်နေတဲ့လျို့ဝှက်စရာမလိုတဲ့ စစ်သတင်းမှန်တွေကို အစိုးရသတင်းမှန်ပြန်ကြားရေးကဦးဆောင်ထုတ်လွှင့်ပေးနိုင်ဖို့ လိုအပ်နေပါတယ်။

Thar Sitt(Psy)

16 Nov, 05:36


မြစ်ကြီးနားမြို့နှင့် ပြည်မြို့အနီးတို့ကို ဗဟိုပြု၍ အချိန် (၁) မိနစ်ခြားကာ အင်အား အနည်းငယ်ရှိ မြေငလျင်ငယ်များလှုပ်ခတ်ခဲ့

ယနေ့ နိုဝင်ဘာ (၁၆) ရက် ၊ နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့၏ အနီးကို ဗဟိုပြု၍ အချိန် (၁) မိနစ်ခြားကာ အင်အား အနည်းငယ်ရှိ မြေငလျင်ငယ်များ လှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ နံနက်မြန်မာစံတော်ချိန် (၇)နာရီ (၄၇)မိနစ်အချိန်က မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အနောက်ဘက်၊ (၄၃) မိုင်ခန့်၊ မိုင်းကောင်းအနောက်တောင်ဘက် ဆမောမြို့ငယ်အနီး အင်းပေါင်းရွာ ကိုဗဟိုပြု၍ မြေအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၆) အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး မြောက်ဘက်ပိုင်း၊ ပြည်မြို့မြောက်ဘက်၊ ဝက်ထီးကန် အနောက်မြောက် (၅) မိုင်ကျော်အကွာ မြေအောက်အနက် (၆) မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု (၃.၀) အဆင့်ရှိ မြေငလျင်ငယ်မှာ (၁) မိနစ်ခြားကာ ဆက်တိုက်လှုပ်ရှားသွားခဲ့ကြောင်း သိရပါတယ်။

Thar Sitt(Psy)

11 Nov, 17:00


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၁၁/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၈ နာရီအချိန်ထိ)
======================
(အမ်း)


  နယ်မြေခံဆက်သွယ်ရေးတပ်ရင်းအား ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က ပဲပဒုံလုံခြုံရေးစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က နယ်မြေခံဆောက်လုပ်ရေးတပ်ခွဲအနောက်ဘက်ရှိ ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်မတော်သားများမှ အပြင်းအထန် ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် (၁)နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် ယနေ့ညနေပိုင်း ၃ နာရီ အချိန်ခန့်က တစ်မိုင်ကုန်းစခန်းအား သောင်းကျန်းသူများမှ အဝေးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ (၅)မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
  ယနေ့နံနက်ပိုင် ၉ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(တောင်ကုတ်)
  ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ကုတ်မြို့မြောက်ဘက် ကိုင်းရှည်ရွာအတွင်း တောင်ကုတ်မြို့အား ဖျက်ဆီးမည့် AA အကြမ်းဖက် သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ တပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ-
သောင်းကျန်းသူအလောင်း (၂)လောင်း၊
အမ်-၂၂ တစ်လက်
ကျည်အိမ် ၆ ခု
အမ်-၂၂ ကျည် ၃၅၅ တောင့်
၇.၆၂ မမကျည် ၇၀၃ တောင့်
စက်လက်ကျည်ခါးပတ်တွဲ (၁)ခု
လမ်းလျှောက်စကားပြောစက် (၁)လုံးတို့အား
သိမ်းဆည်းရမိခဲ့ကြောင်း၊ ကိုင်းရှည်တံတားအနီးရှိ လုံခြုံရေးအဖွဲ့အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နေ့လည်ပိုင်း ၃ နာရီခန့်က တောင်ကုတ်မြို့အရှေ့ဘက် မီတာ ၄၀၀၀ အကွာ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက် တိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ(၃)နာရီခန့်ဖြစ်ပွားခဲ့ကြောင်းနှင့် ယနေ့ညနေပိုင်း (၃)နာရီအခချိန်ခန့်က တောင်ကုတ်မြို့အရှေ့တောင်ဘက် ဖုံညိုတံတား လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများအား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများမှ Drone/ လက်နက်ကြီးပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် ညနေ ၆ နာရီခန့်တွင် သောင်းကျန်းသူများ အဆိုပါနေရမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း   သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/minchitoo989989/41710

Thar Sitt(Psy)

11 Nov, 16:59


နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ သင်တန်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းသားများအား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က အာဟာရ ဖြည့်စွက်စာများကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးဦးဟန်က စစ်ဝတ်ပစ္စည်းများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Thar Sitt(Psy)

11 Nov, 16:59


နိုဝင်ဘာလ ၁၁ ရက်

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် ဆေးဝါးကုသမှုခံယူရန်အခက်အခဲများရှိလာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်းသိရှိရ၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ဆေးရုံ များသို့ လာရောက်ဆေးကုသမှုခံယူလျှက်ရှိရာ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သူများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ
နိုဝင်ဘာလ ၈ ရက်နေ့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်အဖွဲ့ဝင်များသည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု အခြေ အနေများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Thar Sitt(Psy)

11 Nov, 16:44


ဖလမ်းမြို့
========

11.11.2024

6:52 PM
7:00 PM
7:18 PM
အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

Thar Sitt(Psy)

11 Nov, 15:56


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ - ၁၁

Thar Sitt(Psy)

08 Nov, 16:10


တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ရက်များ ပြောင်းလဲ

၂၀၂၄ ခုနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ(၁၁.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄)ရက်နေ့အထိ(၇)တိုင်အဝေရာမီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်။

(၉.၁၁.၂၀၂၄)ရက်နေဖွင့်ပွဲနှင့်ညလွှတ်မီးပုံးပျံပြိုင်ပွဲအသင်းအဖွဲ့များကို(၁၁.၁၁.၂၀၂၄)ရက်နေ့သို့ ရွှေ့ဆိုင်းသည်။

(၁၀.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၂.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၁.၁၁.၂၀၂၄ )နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၃.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၂.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၄.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၃.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၅.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၄.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၆.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၅.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၇.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

#တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

Phone~0941008840

Thar Sitt(Psy)

08 Nov, 15:38


အသက်ဆုံးရှုံးသွားတဲ့ သူငယ်ချင်းအတွက်မိသားစု၀င်တွေရော အားလုံးပါ ပူဆွေးနေကြတဲ့အချိန်ပါ
ကာယကံရှင်ရဲ့ အမက အကျဥ်းချုံး Post တင်ထားတယ်...

ဒါပေမယ့် အဲ့ Post အောက်မှာ Source မေးတာတွေရော
Detailed ပြောပြပေးဖို့ မေးလာကြတော့ မိသားစု၀င်တွေ
နဲ့ အဲ့ခရီးမှာပါသွားတဲ့ သူငယ်ချင်းတစ်ယောက်ပြန်ပြောပြလို့ ကျနော် Speak Out လုပ်တာပါ...

ဖြစ်စဥ်မပြောခင်မှာ ဒီ Hotel က Budget Place ဆိုတော့ လူငယ်တော်တော်များများ Comment မှာ
အချင်းချင်း Mention ခေါ်ထားတာတွေခရီးသွား Page တစ်ခုက Review ပေးထားတာတွေ
တွေ့လို့ သတိပေးရတာပါ ...

အခုတော့ အဲ့ Hotel က Page ဖျက်သွားပါတယ်
Page ဖျက်ပေမယ့် Google Map မှာရှိပါသေးတယ်
Reviews ရေးလို့ရပါသေးတယ်
Reviews တွေကနောက်လူတွေဒါမျိုးမဖြစ်အောင်ပါ

https://www.google.com/maps/place/5VQM%2BWX7+Cheriland+River+House,+Unnamed+Road,+Nyaung-U,+Myanmar+(Burma)/@21.1897969,94.8849232,16z/data=!4m6!3m5!1s0x30b5e56c9704b37f:0xa84027ce940c4566!8m2!3d21.1897969!4d94.8849232!16s%2Fg%2F11h7lf3p29

ဖြစ်စဥ်က
ဘော်ဒါ ၇ယောက် ပုဂံကို ခရီးထွက်တယ်...
ယောကျာ်းလေးတွေချည်းပဲ ၊ သောကြာညရောက်တယ်
စနေနေ့လဲ တစ်နေကုန် ဘုရားထွက်ဖူး လျှောက်လည်
ဟိုတယ်မှာပဲ ညပြန်အိပ်တယ် အကုန်မှာစားတယ်...
ဘီယာဆိုလဲစည်လိုက်မှာပြီး အေးဆေးအနားယူကြတာပဲ
တနင်္ဂနွေလဲ တစ်နေကုန် လျှောက်လည်ပြီးညနေရောက်မှ Bluetooth Speaker ဖွင့်ပြီး
အဲ့ Hotel ၀န်းထဲက  မြစ်ဘေးမှာ သောက်စားရင်း
Chill ကြမှာပေါ့အဲ့ Bluetooth ကိုတိုးပေးဖို့ လာပြောတော့
တိုးပေးပါတယ် ... မတိုးပေးခင် ဒီဘက်ကလဲသောက်ထားကြတော့ ကတောက်ကဆတော့
ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ ...

ပြဿနာအဆင့်ထိတောင်မရောက်ပဲ ပြီးသွားခဲ့ပါတယ်တဲ့
လာပြောလို့ အဲ့ မြစ်ဘေးကနေ အခန်းထဲပြန်၀င်တဲ့အချိန်မှာပဲ လူ ၁၀ယောက် သံတုတ်တွေနဲ့ အကြောင်းပြချက်မရှိ
လိုက်ရိုက်တာပါ ...

၅ယောက်အခန်းထဲပြန်ကြတဲ့အချိန်ပါ ...
ကျနော့်သူငယ်ချင်းရဲ့ ဦးခေါင်းဓာတ်မှန်ကိုကြည့်"ပါ
လူတစ်ယောက်ရဲ့ ခေါင်းကို ပတ်ပတ်လည်ကွဲအောင်
ရို-က်သွားတာပါ
ကျန်တဲ့တစ်ယောက်က ၁၅ချက်ချုပ်ရပါတယ်...
ကျန်တဲ့လူတွေက ၇ချက်က အောက်ထစ်ပါပဲတဲ့

မြစ်ဘေးမာကျန်ခဲ့တဲ့၂ယောက်က ပြန်၀င်လာတော့
အခန်းတံခါးဖွင့်ပေးပါ ကျနော်တို့သူငယ်ချင်းတွေ
ေ-သ မှာဆိုးလို့ တောင်းပန်တာကို မဖွင့်ပေးတဲ့အပြင်
သူတို့ကိုပါရိုက်ဆိုပီး လိုက်ရိုက်လို့ ထွက်ပြေးရင်း
ပုန်းရင်း ရဲစခန်းကိုအကြောင်းကြား ၊ ရဲပါလာမှ
ထုတ်လို့ရပါတယ်တဲ့ဗျာ ...

ဘာကြောင့် ဒီလောက်တောင်လုပ်ရက်ရတာလဲ
ေတွးလို့ကိုမရပါဘူးဗျာ
ကိုယ့်လူဘက်ပဲကာမေရးပါဘူးဗျာ

သီချင်းဖွင့်ပီး ဆိုတာမကြိုက်ရင်
နောက်ဆုံးဗျာ အဆင်မပြေရင် ရဲခေါ်ပြီး ခေါ်ထုတ်
ခိုင်းေပါ့ဗျာ ..

အခုလို လူသ-တ်ဖို့ထိ မလိုဘူးထင်တာပါပဲ
ပုံေတွက Comment မှာပါ

၀င်ရိုက်တာက ၀န်ထမ်းေတွနဲ့ အဲ့ကနယ်ခံ
လူအနည်းငယ်ပါပါတယ်တဲ့

EDIT - ခရီးက ကျနော်မပါပါဘူး
ကျနော်က Oversea မှာပါ
ကျနော့်သူငယ်ချင်းက သူ ကျောင်းတုန်းက ဘော်ဒါတွေနဲ့သွားတာပါ ... အခုဖြစ်ကြောင်းကုန်စင်ကိုလဲ
သူနဲ့အတူရိုက်ခံရတဲ့ တစ်ယောက်ပြောပြတာပါ
Negative Comment တွေတွေ့လို့ပါ
ကျနော် ကိုယ့်လူကိုလဲ ကာမရေးထားပါဘူး
ဘယ်လောက်ပဲ မူးနေပါစေဦး
သူတို့ရောင်းတဲ့ ဘီယာကိုသောက်ပြီး မူးနေတဲ့
Customer ပါ ... နောက်ဆုံးဗျာ ကြည့်မရရင်
၀တ္တရားနှောင့်ယှက်မှုနဲ့ ရဲခေါ်ဖမ်းခိုင်းလိုက်လဲရပါတယ်
စဥ်းစားတတ်ဖို့ပြောပြတာပါ


ဒါပါပဲ....

Thar Sitt(Psy)

08 Nov, 15:26


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၈/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)
======================
(အမ်း)

  နယ်မြေခံအမြောက်တပ် အတွင်းဝင်ရောက်လာသည့် AA အကြမ်းဖက် သောင်းကျန်းသူများအား ယမန်နေ့ညပိုင်းက ရောက်ရှိခဲ့သည့် စစ်ကူစစ်ကြောင်းနှင့် တပ်အတွင်းမှ တပ်မတော်သားများမှ မိမိတပ်ရန်သူလက်အောက် မရောက်ရှိရေး နံနက်အစောပိုင်းမှစ၍ လက်နက်ကြီး/ Drone / လေကြောင်း ပစ်ကူများရယူလျက် နယ်မြေရှင်းလင်းတိုက်ခိုက်ခြင်းများ အပြင်းအထန်ဆောင်ရွက်ခဲ့ရာ တစ်နေကုန်နီးပါး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်၌ တပ်ရင်းဗဟိုကင်း၊ တပ်ရင်းရုံး၊ အမြောက်ရုံ အပါအဝင် အရေးကြီးနေရာများအား ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ  အရာရှိအိမ်ထောင်သည်လိုင်းခန်းနှင့် လူပျိုဆောင်အတွင်း ကျန်ရှိနေသေးသည့် သောင်းကျန်းသူများအား အနီးကပ်တိုက်ခိုက်ရှင်းထုတ်လျက်ရှိနေကြောင်း၊ ယနေ့နံနက် ၆ နာရီခန့်က အမ်းမြို့တောင်ဘက်ရှိ သစ်တစ်ပင်ကုန်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က အမ်းမြို့တောင်ဘက်ရှိ အေရိပ်သာဘုန်းကြီးကျောင်းတွင် လုံခြံရေးဆောင်ရွက်နေသည့် တပ်မတော်သားများအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး ၎င်းတို့လာရောက်တိုက်ခိုက်မှုူကြောင့် ဘုန်းကြီးကျောင်းတွင် ပျက်ဆီးဆုံးရှုံးမှုများ များစွာရှိခဲ့ကြောင်း၊ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကူစစ်ကြောင်းများအနေဖြင့် ယနေ့နံနက်အစောပိုင်းမှစ၍ အမှတ်(၇၅၇) (လျှပ်/စက်)အလုပ်ရုံတပ်စုအတွင်း ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူများရှိရာနေရာများအား စတင်တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်အားစိုးမိုးထားသော တပ်အရှေ့ဘက်နှင့် တောင်ဘက်ရှိ ကုန်းနေရာများအား ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုအပြင် ယနေ့နံနက်ပိုင်း ၇ နာရီခန့်က ၇၅၇ တပ်အရှေ့တောင်ဘက် ဆယ်ဘုရားကုန်းအနီး ချဉ်းကပ်လာသည့် AA အကြမ်းဖက် သောင်းကျန်းသူများအား တပ်မတော်သားများမှ ဦးနှိမ်တိုက်ခိုက်ခဲ့ရာ (၅) မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
  ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်မှစ၍ နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ နေရာ (၃)နေရာမှနေ၍ ကြိုကြားကြိုကြား လာရောက် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ခဲ့ကာ AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရ များစွာဖြင့် ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

  တောင်ကုတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

  AA အဖွဲ့အနေဖြင့် မောင်တောနှင့်အမ်းဒေသတွင် စစ်ရေးရှုံးနိမ့်များ ဖြစ်ပေါ်နေသောကြောင့် ၎င်းတို့ထောက်ခံသူများအား အာရုံလွှဲရန်အလို့ငှာ သတင်းမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိနေသည်။ ထိုသို့ရေးသားလျက်ရှိရာ ယနေ့တွင်လည်း ရခိုင်ဝရမ်း‌ပြေးသတင်းဌာနတစ်ခုဖြစ်သည့် “Narinjara”  သတင်းဌာနမှ တောင်ကုတ်ဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝ(လုံးဝ)မရှိပါလျက်နှင့် “တောင်ကုတ် စကခ(၅)ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းနှစ်ခုကို AA စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီ” ဆိုသည့် သတင်းမှားအား ရေးသားဖြန့်ဝေလျက်ရှိနေကြောင်း တွေ့ရှိရသည်။

ရခိုင်တိုက်ပွဲ သတင်း(အမှန်)များဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါ
ရခိုင်အတွက် သတင်းပေးပိုလိုပါက
👉🏿👉🏿👉🏿 @mcoinfo2023  ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

Thar Sitt(Psy)

08 Nov, 15:22


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ် ပါတီကော်မတီ အတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး

Thar Sitt(Psy)

08 Nov, 15:19


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြိုရှိ စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လေ့လာ

Thar Sitt(Psy)

31 Oct, 03:28


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း
(၃၁/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှ ၉ နာရီအချိန်ထိ)
======================

( အမ်း)

  ယမန်နေ့က (၂/၃၀၀)တပ်ဆေးရုံအတွင်း ဝင်ရောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူများခိုအောင်နေသည့် အဆောက်အဦးများအား ယနေ့နံနက် အစောပိုင်း ၁ နာရီခန့်က ဂျက်လေယာဉ် ၃ စီးဖြင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရမှု များစွာရှိကြောင်း၊ ယနေ့နံနက် အဆိုပါနေရာမှ အလောင်းနှင့်လူနာများအား ဆေးရုံအတွင်းမှ သယ်ထုတ်လာစဉ် တပ်စစ်ကြောင်းမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  အွန်လိုင်းပေါ်တွင် လူပြောများနေသည့် ရခိုင်/ချင်း နယ်စပ်ရှိ ကျင်ဒွေမြို့မှ AA အကြမ်းဖက်သောင်းကျန်းသူများရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့  တရားမဝင်ကုန်များ ပို့ဆောင်နေသော AA အဖွဲ့၏ ကုန်သိုလှောင်ရာနေရာများ၊ ဂိတ်များနှင့် စခန်းများအား ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းကောင်း ကြားသိရပါသည်။

#MinChitOo
ရခိုင်တိုက်ပွဲ သတင်း(အမှန်)များဖတ်ရန်

https://t.me/minchitoo989989ကို join ပေးထားကြပါ
သတင်းပေးပိုလိုပါက
👉🏿👉🏿👉🏿 @mcoinfo2023  ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

Thar Sitt(Psy)

30 Oct, 16:26


အကြမ်းဖက်လှုံ့ဆော် အနုပညာရှင်များ၏ တေးသီချင်းများ FM များမှ ထုတ်လွှင့်ခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဖြေကြား

Thar Sitt(Psy)

30 Oct, 15:38


တင်ထားတာ နာရီ ၅၀ တောင်ရှိပြီ
ဘယ်ကောင်မှ ချဲလန့်မခေါ်ရဲပါလားဟ

သောက်ရှက်ရှိရင် ချန်နယ်ဖျက်ပြီး
ဒီလောက ကနေပါ ထွက်သွားသင့်တယ်
လဘာချာတို့🤣🤣🤣

သတင်းလောက လုပ်စားလာတာ ၂၀၁၄ တည်းက ကိုယ့်လူတို့

မင်းတို့ဘယ်ပုံဘယ်နည်းနဲ့ စစ်သားနဲ့ စစ်သားမိသားစုတွေကြား ဂျင်းလာထည့်နေဆိုတာ အားလုံးသိတ​ယ်
စာမတတ်ပေမတတ်သောင်းကျန်းသူအားပေးလောက်က မင်းတို့ပြောတာကို ယုံနေတာကို ဖီးတက်မနေနဲ့
ငါကို သောက်ဖောင်းထုချင်လား
ငါလို့သတင်းအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြော
တောင်စဉ်ရေမရ ကြားသတင်း၊ သက်လျှိုသွေးခွဲသတင်းလောက်နဲ့ တက်မလာနဲ့

Thar Sitt(Psy)

30 Oct, 15:36


စစ်တွေ လေဆိပ် ရပ်ဆိုင်းခြင်းမရှိပါ။
လုံခြုံရေးအရ တင်းကျပ်ထားတယ်။

ယခုအချိန်အထိ စီမံခန့်ခွဲမှု ကောင်းနေဆဲပါ။

နိုင်ငံ့ဝန်ထမ်းများ ၃၁ ၃၅ ပါ။
အချိန်တန်ရင် သိရမှာပါ။

ဖျက်လုံး၊နှောက်လုံးသတင်းများအား စဥ်းစား ချင့်ချိန်ယုံကြည်ကြပါရန်....

ခလုတ်တိုက်
ဖားပြုတ်ကိုက်
တရုတ်ရိုက် ဆိုသလို...ဖောင်းကားနေသော မဟုတ်မမှန်သတင်းများအား မိမိကိုယ်ပိုင်အတွေးအခေါ်များဖြင့် ချေဖျက်နိုင်ကြပါစေ...


#ThařSitț

Thar Sitt(Psy)

30 Oct, 15:21


ကော်ဘရာ (နတ်မောက်) သတ်ဖြတ်ခံရသည့် ဖြစ်စဉ်
***********

ကော်ဘရာ (နတ်မောက်)နှင့် သမီးဖြစ်သူ ဆိုင်ကယ်ဖြင့် ဈေးသို့အသွား လျှပ်စစ်ရုံးအနီးအနားမှ ချောင်းမြောင်း၍ PDF အကြမ်းဖက်သမားများက ပစ်ခတ် သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ကော်ဘရာ (နတ်မောက်)ကို အဓိက ပစ်မှတ်ထား သတ်ဖြတ်ခြင်း ဖြစ်ပြီး သမီးကို ပစ်ခတ်ခြင်း မရှိကြောင်း သိရသည်။

ကော်ဘရာ (နတ်မောက်) အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ပြောဆိုမှုများ အစဉ်တစိုက် ပြုလုပ်နေခြင်းကြောင့် နီပိန်း အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ထားပြီး စနစ်တကျ လုပ်ကြံသတ်ဖြတ်သွားသော ဖြစ်စဉ် ဖြစ်သည်။

Thar Sitt(Psy)

30 Oct, 15:20


သတင်းအမှားပါ
============
ယနေ့ အမ်းကို မည်သည့် ရဟတ်ယာဉ်မှ ဆင်းသက်ခဲ့ခြင်းမရှိပါ။

#MinChitOo

Thar Sitt(Psy)

30 Oct, 15:06


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Thar Sitt(Psy)

30 Oct, 15:05


နစက ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

Thar Sitt(Psy)

30 Oct, 15:02


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း
(၃၀/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှ ညပိုင်း ၉ နာရီအချိန်ထိ)
======================

( အမ်း)

  ယနေ့နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က အမ်းမြို့တောင်ဘက် မီတာ (၁၂၀၀)အကွာရှိ တာဝါတိုင်ကုန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ အဝေးမှနေ၍ တိုက်ခိုက်သဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ ရယူကာ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ အမ်းမြို့ အနောက်တောင်ဘက် မီတာ(၂၃၀၀) အကွာရှိ လေဆိပ်လုံခြုံရေးနေရာအား ယနေ့နေ့လည် ၂ နာရီခန့်က AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်သားများ၏ လိုက်လံတိုက်ခိုက်ရှင်းလင်းမှု လက်နက်ကြီးများဖြင့် တိကျသောပစ်ကူပေးမှု၊ Drone အဖွဲ့များမှ လေကြောင်းမှနေ၍ ထပ်ကြပ်မကွာ လိုက်လံဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သောင်းကျန်းသူများ အထိနာပြီး နေ့လည် ၃ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အရှေ့ဘက် မီတာ (၈၀၀)အကွာရှိ အောင်စေတီဘုရားကုန်းနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ ယနေ့ညနေပိုင်း ၆ နာရီအချိန်ခန့်က လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နေ့လည်ပိုင်း ၃ နာရီခန့်က အမ်းမြို့အနောက်တောင်ဘက် မီတာ (၇၀၀၀)အကွာရှိ ပွိုင့်-၂၄၄ ကာကင်းကုန်းနေရာအား  AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် အမ်းမြို့အနောက်ဘက် မီတာ (၄၅၀၀)အကွာရှိ (၂/၃၀၀) တပ်ဆေးရုံအတွင်းရှိ လျော်လှန်းရုံနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံချဉ်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ များရယူကာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် သောင်းကျန်းသူများ ထပ်မံဆုတ်ခွာထွက်ပြေး သွားကြောင်း သိရှိရသည်။

(မောင်တော)
  လေကြောင်းဗုံးကြဲခံရမှုကြောင့် အထိနာနေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား လိုက်လံရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ လူ/ကယ်/ပြန်ရုံးအနီး M-23 လက်နက်ငယ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပုပ်ပွနေပြီး တစ်စစီဖြစ်နေသည့် ရန်သူ့အလောင်းများတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
 
  AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တော၊ နခခ ၅ အား တိုက်ခိုက်နေသည်မှာ (၅)လကျော်ရှိပြီးဖြစ်ပြီး အမ်းတပ်နယ်မှ တပ်များအား တိုက်ခိုက်ခဲ့သည်မှာ (၁)လကျော်ကြာမြင့်နေပြီဖြစ်သည်။ တပ်မတော်မှ လေကြောင်းနှင့် Drone များဖြင့် တိုက်ခိုက်မှုဒဏ်ကို ဆိုးရွားစွာအလူးအလဲခံစားနေရသည့်အတွက် သေကြေဒဏ်ရာရရှိမှု၊ ရိက္ခာပြတ်လပ်မှုများ ရှိနေသောကြောင့် ၎င်းတို့၏ အောက်ခြေအဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်၍ နေ့စဉ်ထွက်ပြေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။  ၎င်းတို့၏ အောက်ခြေအဖွဲ့များ စိတ်ဓာတ်ပြန်လည် တက်ကြွလာစေရန်၊ အမ်းသို့ စစ်ကူလာမည်သူများ မထွက်ပြေးစေရန်နှင့် အမ်းတွင် ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ စိတ်ဓာတ်ကျဆင်းစေရန်အတွက် မြေပြင်တွင်း တိုင်းခြံစည်းရိုးသားမက နယ်မြေခံတပ်များ၏ ခြံစည်းရိုးအနီးသို့ မကပ်နိုင်သေးသော်လည်း “နပခတိုင်းရုံးနှင့်နယ်မြေခံတပ်များအား ၎င်းတို့သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း၊ စစ်သားများ မကွေးသို့ ဆုတ်ခွာထွက်ပြေးနေကြောင်း၊ အမ်းသို့စစ်ကူလာသည့် တပ်စစ်ကြောင်းများအား လမ်းတွင် ဖြတ်တိုက်ထားကြောင်း” စသည့် သတင်းတုများဖြင့် ရေးသားဖြန့်ဝေလျက်ရှိသဖြင့် အဆိုပါသတင်းတု/ သတင်းမှားများအား မိမိစဉ်းစားဆုံးဖြတ်ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်စေရန် တိုက်ပွဲသတင်းမှန်များအား နေ့စဉ် ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။

https://t.me/minchitoo989989/41232