Thanlyin Media @thanlyinmedia Channel on Telegram

Thanlyin Media

@thanlyinmedia


Thanlyin Media မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။

Thanlyin Media (Burmese)

Thanlyin Media ဆိုတာ မြန်မာစာတွေနဲ့ ဖြစ်ပါတယ်။ ဒီလိုသည်များအား ပြောပြပေးပါမည်။ Thanlyin Media ဆိုတာဆိုတာ ဘာလုပ်ခဲ့ရတာကို ရေးပေုတ်မှာလဲ အသုံးဝင်ရန်ဖြစ်ပြီး ဘယ်လို လုပ်ရမယ့်လိုနဲ့ ဆိုတာကိုလည်းဆိုလိုအပ်သလား။ Thanlyin Media ဆိုတာဆိုတာမျိုးစေ့နေတဲ့ အခါမျိုးတွေရှိပါတယ်။ ဤဆိုတာကိုလည်းအသုံးဝင်မယ်လို့ Thanlyin Media ဆိုတာရဲ့အချက်အလက်များကို လက်စွမြင်နိုင်ရန် ဤနာမည်စားလှယ်ကို အလှစ်မြင်သွားပါရွေးခွယ်ရာတွေလိုယူကြပါ။

Thanlyin Media

20 Nov, 13:53


သန်လျင်မြို့ အောင်ချမ်းသာ ရပ်ကွက်အတွင်း၌ တစ်သောင်းတန်ငွေစက္ကူအတုများကိုလက်ဝယ်ကိုင်ဆောင်အသုံးပြုပြီး စျေးဝယ်တာတွေ ပြုလုပ်သူများရှိကြောင်းသိရှိရသည်။

မိဘပြည်သူ့များ သတိပြုနိုင်ရန်တင်ပြအပ်သည်။

20-11-2024
08:20PM

#ThanlyinMedia

Thanlyin Media

15 Nov, 14:29


တန်ဆောင်တိုင် ပံ့သကူ မုန့်ဖိုး ရဲဘော်တွေကိုပေးလိုရပါတယ် 🙏🏻🙏🏻🙏🏻

Thanlyin Media

13 Nov, 08:18


ကျောက်တန်းမြို့
ကျောက်တန်းမြို့ လှေဆိပ်တွင် ရွာဘက်မှအလာများအားလုံး မှတ်ပုံတင်မပါလျှင် ကျောက်တန်းမြို့ထဲသို့ဝင်ခွင့်မပြုဟုကြားသိရပါသည်။
#VOK
NOV 13
2:17 pm

Thanlyin Media

12 Nov, 16:48


ကျောက်တန်းမြို့
ကျောက်တန်းမြို့ (11/11/2024)ရက်နေ့ညပိုင်းတွင် အနောက်ပိုင်းရပ်ကွက် စက်သုံးဆီပန့်ဆိုင်ပိုင်ရှင် ပျူစောထီးဇော်ဝင်း(ဘီယာမလေးKTVပိုင်ရှင်) ကိုစစ်ခွေးများမှ အပြစ်ပေးပြီး ဆီပန့်ဆိုင်ကိုဖျက်သိမ်းခိုင်းဟု ကြားသိရပါသည်။
#VOK
NOV 12
11:17 pm

Thanlyin Media

12 Nov, 06:59


သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက် ဗိုလ်ဆွန်းပက်လမ်း၌ ပျူစောထီးမြတ်သူ အလှူကို အကြမ်းဖက်စခများ အရပ်ဝတ်များဖြင့် အိမ်စီးကား Probox 5F/9381 လက်နက်ပါ လာရောက်စားသောက်နေကြောင်းသိရသည်။

12-11-2024
01:20PM

#ThanlyinMedia

Thanlyin Media

05 Nov, 14:18


Breaking News

သန်လျင်မြို့နယ် အမူထမ်းရပ်ကွက် အကြမ်းဖက်စကစ ကျွန်အုပ်ကြီး ကျော်ဇင်လတ်နဲ့ ရာအိမ်မှူးဒေါ်ဆွေဆွေတို့ကနေ ရပ်ကွက်တွင် စစ်မူမထမ်းချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ပြည်သူ့တွေရှိကနေ မတရားငွေကောက်ခံနေကြောင်းသိရသည်။

စစ်မူထမ်းအတွက် မဲနှိုက်မချင်ရင်သူတို့ကို ပိုက်ဆံပေးရင် မဲမနှိုက်ရဘူးဆိုပြီး အကြမ်းဖက်စကစကျွန်အုပ်ကြီးကျော်ဇင်လတ်နဲ့ရာအိမ်မှူးဒေါ်ဆွေဆွေက ပိုက်ဆံတောင်းကြောင်းရပ်ကွက်နေပြည်သူ့တွေက သန်လျင်မီဒီယာကိုပြောကြားသည်။

05-11-2024
08:20PM

#ThanlyinMedia

Thanlyin Media

04 Nov, 13:41


Breaking News

သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် အကြမ်းဖက်စကစကျွန် အုပ်ကြီး သက်ဝင်းထိုက်ကို အကြမ်းဖက်စကစ စရဖ ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့သိရပြီး။

သက်ဝင်းထိုက်ကို ငွေကြေးကိစ္စ၊စစ်မူထမ်းကိစ္စတွေကြောင့်ဖမ်းဆီးတာလို့ ကနဦးသိရသည်။

ပုံစာ - ပုံဟောင်း ပဲခူးစုရပ်ကွက်ရုံး၌ စစ်မူထမ်း ပထမအပတ်စဥ်အတွက် မဲနှိုက်ရွေးချယ်စဥ်

04-11-2024
08:05PM

#ThanlyinMedia

Thanlyin Media

31 Oct, 07:52


Breaking News

သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် အကြမ်းဖက်စကစကျွန် အုပ်ကြီး သက်ဝင်းထိုက်ကနေ အကြမ်းဖက်စကစရဲ့မတရားစစ်မူထမ်းဆောင်ဖို့အတွက် ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း ယောင်္ကျားလေးတွေ တစ်အိမ်တစ်ယောက်မလာမနေရ ဒီနေ့ ညနေ့ ၅နာရီ
ရပ်ကွက်ရုံးကိုလာဖို့ မိုက်နဲ့လိုက်အော်နေကြောင်းသိရသည်။

ပုံစာ - ပုံဟောင်း ပဲခူးစုရပ်ကွက်ရုံး၌ စစ်မူထမ်း ပထမအပတ်စဥ်အတွက် မဲနှိုက်ရွေးချယ်စဥ်

31-10-2024
2:10PM

#ThanlyinMedia

Thanlyin Media

30 Oct, 05:45


Breaking News

သုံးခွမြို့နယ် အနောက်ကျေးရွာ အကြမ်းဖက်စကစ ကျွန်အုပ်ချုပ်ရေးမှူး အေးမြင့်ရဲ့ဇနီး မာမာအေး ယနေ့မနက်ပိုင်း၌ ပစ်ခတ်ရှင်းလင်းခံရကြောင်း ကနဦး သိရသည်။

30-10-2024
12:00PM

#ThanlyinMedia

Thanlyin Media

23 Oct, 07:59


သန်လျင် ရေနံချက်စက်ရုံကနေ ကွန်တိန်နာကားကြီးနှစ်စီး သံဖရိန်းတွေ တင်လာပြီး အကြမ်းဖက် စခ DC တစ်စီး Faw တစ်စီးတို့ဖြင့် အင်အား၁၅ကောင်ခန့် အရှေ့နောက်လုံခြုံရေးယူပြီးဘဲဥများကလမ်းရှင်းပေးပြီး သီလဝါဘက်သို့ ဦးတည်သွားကြောင်းသိရသည်။

23-10-2024
02:00PM

#ThanlyinMedia

Thanlyin Media

22 Oct, 14:23


သန်လျင်မြို့ ရပ်ကွက်များ၌အကြမ်းဖက်စကစထွေအုပ်ကနေ ညွန်းကြားချက်အရဆိုပြီး ရပ်ကွက်တွေ၌ လုံခြုံရေးကင်းတဲ အနည်းဆုံး ၃ခုကနေ ၅ခုလောက်ထိကို ဆောက်လုပ်ထားကြောင်းသိရသည်။

အဆိုပါကင်းတဲများကို စစ်မူထမ်းဟောင်းဆိုသူများကို လခပေးပြီး ကင်းစောင့်ခိုင်းမယ်လို့သိရပါသည်။

ရပ်ကွက်တွေရှိပြည်သူ့တွေကနေ တစ်အိမ်ထောင်ကိုဘယ်လောက် သတ်မှတ်ငွေကြေးကောက်ပြီး လစဥ်ကောက်ခံမယ်ဆိုတဲ့အကြောင်းလည်းသိရပါသည်။

22-10-2024

#ThanlyinMedia

Thanlyin Media

02 Oct, 15:58


ဒီကနေ့ည၌ အောင်ချမ်းသာရပ်ကွက် ဘုန်းကြီးကျောင်း၌ အကြမ်းဖက်စခများ ကင်းပုန်းချထားကြောင်း သိရသည်။

02-10-2024

#ThanlyinMedia

Thanlyin Media

01 Oct, 05:20


🚨Attention Plz🚨
1.10.2024 (11:49PM)

သန်လျင်မြို့မစျေးနားတွင် အကြမ်းဖက်စခ DC တစ်စီး အင်အား ၆ကောင်ခန့်ဖြင့် လှည့်ကင်းပတ်နေကြောင်းသိရသည်။

အစစ်ဆေး၊အဖမ်းဆီးများကို သိရှိပါက သန်လျင်မီဒီယာသို့သတင်းပေးပို့နိုင်ပါသည်။

#ThanlyinMedia

Thanlyin Media

01 Oct, 05:18


🚨Attention Plz🚨
1.10.2024

သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်၌ အကြမ်းဖက်စကစ လက်အောက်ခံကျွန် ခွေးများမှာ သန်ခေါင်းစာရင်းကောက်ယူနေကြောင်းသိရသည်။

အကြမ်းဖက်စခများမှာလည်း ဆိုင်ကယ်ဦးထုပ်ဖမ်းဆီးမူများပြုလုပ်နေသည်။

အစစ်ဆေး၊အဖမ်းဆီးများကို သိရှိပါက သန်လျင်မီဒီယာသို့သတင်းပေးပို့နိုင်ပါသည်။

#ThanlyinMedia

Thanlyin Media

01 Oct, 03:46


🚨Attention Plz🚨
1.10.2024

သန်လျင်မြို့ မြို့မတောင်ရပ်ကွက်၌ အကြမ်းဖက်စကစ လက်အောက်ခံကျွန် ခွေးများမှာ သန်ခေါင်းစာရင်းကောက်ယူနေကြောင်းသိရသည်။

အကြမ်းဖက်စခများမှာလည်း ဆိုင်ကယ်ဦးထုပ်ဖမ်းဆီးမူများပြုလုပ်နေသည်။

အစစ်ဆေး၊အဖမ်းဆီးများကို သိရှိပါက သန်လျင်မီဒီယာသို့သတင်းပေးပို့နိုင်ပါသည်။

#ThanlyinMedia

Thanlyin Media

30 Sep, 12:19


သန်လျင်မြို့ အောက်တိုဘာ ၁ရက်နေ့ သန်းခေါင်စာရင်းကောက်မယ်လူတွေရဲ့ လုံခြုံရေးယူဖို့ မြို့နယ်ထွေအုပ်ရုံး၌ စကစသင်တန်ဆင်း အယောက် ၅၀ရောက်ရှိနေ

စက်တင်ဘာ ၃၀ ရက်

အကြမ်းဖက်စကစက အောက်တိုဘာ တစ်ရက်နေ့ သန်းခေါင်စာရင်း ကောက်မယ်အဖွဲ့တွေကို လုံခြုံရေးယူဖို့ဆိုပြီး သန်လျင်မြို့နယ်ထွေအုပ်ရုံး၌ အကြမ်းဖက်စကစ သင်တန်းဆင်း ပလဖ ၅၀ကို ခေါ်ယူထားကြောင်းသိရသည်။

သန်းခေါင်စာရင်းကောက်မယ်အဖွဲ့တွေရဲ့ လုံခြုံရေးကို အတွင်းစည်း၊အပြင်စည်း၊ပတ်ကင်းဆိုပြီး ထားရှိပြီး၊သန်လျင်တံတားအဆင်း စခအဖွဲ့၊မြို့ဟောင်းအရှေ့ရပ်ကွက်ရုံးက စခအဖွဲ့၊ဗိုလ်ချုပ်ကျေးရွာ ရပ်ကွက်ရုံးကစခအဖွဲ့၊၁၈ကုန်းစစ်ဆေးဂိတ်က စခတပ်ဖွဲ့တို့ကနေ အဓိက​နေရာတွေမှာ လုံခြုံရေးယူထားမယ်လို့သိရပါတယ်။

ရဲ+ပလဖတို့ကနေ သန်းခေါင်စာရင်း ကောက်မယ်အဖွဲ့တွေကို လုံခြုံရေးယူပေးပြီး

လုံခြုံကြီးကြပ်ကိုတော့ စခအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့တို့ကနေ ကိုင်တွယ်မယ်လို့သိရပါသည်။

အပြင်စည်းကိုတော့ လမ်းမကြီးနှင့်လမ်းဆုံလမ်းခွများကိုတော့ စခ(ဗက)အဖွဲ့နှင့်ပလဖ

လှည့်ကင်းကို စခ(ဗမ)အဖွဲ့မှာ ကင်းပတ်မယ်လို့ အတွင်းသတင်းကနေ သိရပါသည်။

#ThanlyinMedia

Thanlyin Media

29 Sep, 14:21


သန်လျင်မြို့ အကြမ်းဖက်စကစ ကျွန် အုပ်ချုပ်ရေးမှူး ၈ဦးကို အကြမ်းဖက်စကစ က ယနေ့၌ တရားဝင်ထုတ်ပယ်

စက်တင်ဘာ ၂၉ရက်

အကြမ်းဖက်စကစ လက်အောက်ခံကျွန် ကျေးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး ၈ဦးကို ယနေ့ မနက်ပိုင်း၌ ထွေအုပ်ရုံးကနေ တရားဝင်စာထုတ်ပြီးထုတ်ပယ်လိုက်ကြောင်းသိရသည်။

ယနေ့ ထုတ်ပယ်ခံရသည် ၈ဦးမှာ -

၁ ။မြို့ဟောင်းအရှေ့ အုပ်ကြီး ရဲထွန်း
၂ ။ ဗိုလ်ချုပ်ကျေးရွာ အုပ်ကြီး တင်ဝင်း
၃ ။ ဘုရားကုန်းကျေးရွာ အုပ်ကြီး ဘုန်းကျော်သူ
၄ ။ ထမလုံ၊လက်ယက်စမ်း အုပ်ကြီး သန်းဝင်း
၅ ။ ဆေးလုံးကြီး ကျေးရွာ အုပ်ကြီး
၆ ။ ချောင်းစောက် ကျေးရွာ အုပ်ကြီး
၇ ။ စစ်ပင်ကွင်းကျေးရွာ အုပ်ကြီး
၈ ။ အလွမ်းဆွတ်ကျေးရွာ အုပ်ကြီး တို့ကိုထုတ်ပယ်လိုက်ကြောင်းသိရသည်။

၎င်းထုတ်ပယ်ခံရသည် စကစကျွန် အုပ်ကြီး ၈ဦးသည်
မိန်းမကိစ္စ၊လာဘ်စားမူ၊ကျူးကျော်မြေကွက်တွေကို ရောင်းစာလို့ ထုတ်ပယ်တာလို့ ထွေအုပ်သတင်းအရင်းမြစ်ကနေ ပြောကြားသည်။

၎င်း၈ဦးသည် အုပ်ချုပ်ရေးမှူး အာဏာရှိစဥ်က ပြည်သူ့များကို PDF ဆိုပြီး မတရားဖမ်းဆီနိုပ်စက် ခြိမ်းခြောက်
ငွေညှစ်ခဲ့ကာ ကိုယ်ကျိုးရှာ အကြမ်းဖက်စကစရဲ့ လက်ပါးစေများဖြစ်သည်ဟု ပြည်သူ့များကနေသန်လျင်မီဒီယာကို ပြောပါသည်။

ထုတ်ပယ်ခံရသည် အုပ်ချုပ်ရေးမှူးနေရာများကို ကြံဖွတ်
ပါတီဝင်များနဲ့ အစားထိုးမယ်လို သိရပါသည်။

#ThanlyinMedia

Thanlyin Media

21 Sep, 12:14


🔴Attention Plz 🔴

စက်တင်ဘာ ၂၀ရက်နေ့ မနက်က သောက်တောတွင်းရပ်ကွက်၌ ရွေးကောက်ပွဲမဲအတွက်ဟူ၍ အိမ်နံပါတ်၊ အိမ်ထောင်ဦးစီးနာမည်နှင့် ဖုန်းနံပါတ်တို့ စာရင်းကို
စကစလက်အောက်ခံ ရပ်ကျေးအဖွဲ့ဝင်များမှာလိုက်လံကောက်ယူခဲ့ကြောင်းသိရ။

စက်တင်ဘာ ၂၁ရက်
#ThanlyinMedia

Thanlyin Media

20 Sep, 15:03


အ.ထ.က(၁) စာသင်ကျောင်းထဲ၌ အ​ကြမ်းဖက်စကစနှင့် လဝကမှ ဆရာ/ဆရာမများအား သန်းခေါင်စာရင်းကောက်ယူရန် သင်တန်းပေးခြင်းများ လုပ်ဆောင်

သန်လျင်မြို့နယ်ရှိ အ.ထ.က(၁)စာသင်ကျောင်းတွင် စကစမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကဝန်ထမ်းများမှ ဆရာ/ဆရာမများအား သန်းခေါင်စာရင်းကောက်ရန် သင်တန်းပေးခြင်းများကို စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲကြောင်း သိရသည်။

" ဒီရက်ထဲ သင်တန်းပေးနေကြတာပါ ကျောင်းပတ်ဝန်ကျင်၌ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူတာတွေ ရှိတယ်" ဟု ရပ်ကွက်နေပြည်တဦးက ပြောကြားသည်။

#ThanlyinMedia

Thanlyin Media

20 Sep, 10:29


တော်လှန်ပြည်သူ့တို့ခဗျာ....

ကျနော့်တို့ Thanlyin Media Facebook Page သည် ယခုအခါ Bonus Progam လေးကို ရရှိခဲ့ပြီး ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

တော်လှန်ပြည်သူ့တို့ ပေးတဲ့ React၊Comment၊share တို့ကို Facebook ကနေ ပိုက်ဆံပြန်ပေးမှာဖြစ်တဲ့အတွက်
Bonus ကနေ ရလာတဲ့ ပိုက်ဆံတွေကို ကျနော်တို့အနေနဲ့
သန်လျင်UG အဖွဲ့ရယ် ကျဆုံး၊အဖမ်းဆီးခံထားရတဲ့
ရဲဘော်တွေမိသားစုတွေကို ထောက်ပံပေးနိုင်တော့မှာဖြစ်ပါတယ်။

တော်လှန်ပြည်သူ့တို့အနေဖြင့် ကျနော်တို့ Thanlyin Media ကို RCS လုပ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူ့နဲ့တစ်သားတည်းရှိနေတဲ့ သန်လျင်မီဒီယာ

#ThanlyinMedia