ဧရာဝတီ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၅
ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ဟာ မဟာမိတ် တပ်တွေနဲ့ ပူးပေါင်းကာအနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ရှိတဲ့ ဧရာဝတီတိုင်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပါပြီ။
စစ်ကောင်စီဟာ ဂွမြို့သိမ်းတိုက်ပွဲနဲ့အတူ ဧရာဝတီတိုင်းကို ထိုးစစ်တွေရောက်လာမှာ စိုးရိမ်ပြီး ငါးသိုင်းချောင်းဘက်မှာ ခံစစ် အခိုင်အမာပြင်ထားပေမယ့်လည်း တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်က ကုန်းတွင်းပိုင်းကမဟုတ်ဘဲ ပင်လယ်နဲ့ကပ်နေတဲ့ ကျေးရွာတခုကနေ ဧရာဝတီတိုင်း ထိုးစစ်စတင်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း ကမ်းခြေပတ်လမ်းမှာရှိနေတဲ့ မကျီးဇင် နဲ့ကုလားချောင်းကျေးရွာ အပါအဝင် အနီးဝိုက်မှာ တိုက်ပွဲစတင်နေပြီလို့ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
https://youtu.be/5lP-0iUKI64
#မြန်မာ #ဧရာဝတီ #မကျီးဇင် #နတခ #AAPP