Forward Channel [RANGOON] @forwardchannelrangoon Channel on Telegram

Forward Channel [RANGOON]

@forwardchannelrangoon


ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း

🔹 Fundraising ➡️ @FCRFUNDRAISING🔹

🔹Tech ➡️ @FCRSTORE 🔹

FOR BUSINESSES CONTACT ➡️ @FCR02Bot

Forward Channel [RANGOON] (Burmese)

ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း ဆိုသည်တောင်းသော လူအပ်ရှင်များအတွက် အသင်းအဖွဲ့တစ်ခုဖြင့် မြို့တပ်မတော်ရသော ရေစီရှယ်လန်းမြို့ရှိသည့်ခန့်ကြးရတစ်ယောက်အဖွဲ့အစည်းဖြစ်သည်။ ဤကော်မှာ အစည်းမျှတမှုနှင့် နည်းပညာအတွက် ရဲရွဖွဲ့နိုင်ရန် @FCRFUNDRAISING ဆိုတဲ့အယုံအယာ၊ နည်းပညာအတွက် @FCRSTORE ဆိုတဲ့မြှင့်ပန်းမှုနယ်မြို့ရှိသည်။ ရည်ရွယ်လိုသည့်နည်းပညာအသုံးရန်အတွက် FCR02Bot နှင့် အုပ်စုရပ်များနှင့် ဆက်သွယ်လိုပါက @FCR02Bot သို့ ဆက်သွယ်ပါ။

Forward Channel [RANGOON]

31 Dec, 17:41


Welcoming New Year 2025!

Forward Channel [RANGOON]

13 Dec, 06:10


မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

🌐 FCR Dec 13 🌐

အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် - People's Embrace က ထုတ်ပြန်ကြေညာသည်။

နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် - People's Embraceက အသိပေးသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

13 Dec, 06:07


မှော်ဘီမြို့နယ်၊ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတို-က်ခိုက်မှု ပျူစောထီး ၃ ဦးထိခိုက်ဒ-ဏ်ရာရ

🌐 FCR Dec 13 🌐

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းဆွဲခိုက်တိုက်ခဲ့ရာ ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင်ရှိသော အကြမ်းဖက်စစ်တပ် လက်ပါးစေပျူစောထီးများ အခြေချထားသော သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးရဲဘော်များ ဘေးကင်းကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

13 Dec, 06:06


ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စ-စ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား

🌐 FCR Dec 13 🌐

ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

12 Dec, 13:42


ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းများ ခပ်စိပ်စိပ် စစ်ဆေး

🌐 FCR Dec 12 🌐

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)က စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲ ပူးပေါင်းကာ ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရပ်ကွက် (၉)၊ ကမာရွတ်မြို့နယ် ရပ်ကွက် (၈)၊ လှိုင်သာယာမြို့နယ် ရပ်ကွက် (၁၀)၊ အင်းစိန်မြို့နယ် မြို့သစ် (က) (ခ) ရပ်ကွက်များ၊ အလုံမြို့နယ် ဆင်မင်းလမ်းနှင့် စက်တွင်းလမ်း၊ တောင်ဒဂုံ (၅၄) ရပ်ကွက်၊ (၁၇) ရပ်ကွက် ၊ တာမွေမြို့နယ်၊ ကျောက်မြောင်း စသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် ကင်းထောက်ချန်နယ်များ၏ ဖော်ပြချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

12 Dec, 13:39


ပြည်ပနိုင်ငံများ တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေး

🌐 FCR Dec 12 🌐

ပြည်ပနိုင်ငံများ တရားမဝင် တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေးကြောင်း သိရှိရသည်။ 

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုအမိန့်ပေးလာခြင်းဖြစ်သည်။ 

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

11 Dec, 04:19


အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

🌐 FCR Dec 11 🌐

အာရက္ခဒေသအတွင်းမှ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများ ၊ ဘင်္ဂလာဒေ့ရှ်-အာရက္ခ နယ်စပ်ရှိ စခန်းများ အားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ပြီး ရန်သူ့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ မောင်တောမြို့ရှိ ရန်သူ၏ "ချိန်ခါလီ၊ ဒုံးပိုက်"စခန်းများနှင့် ရသေ့တောင်၊ မင်းပြားမြို့ရှိ ရန်သူ့စခန်းများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောနေ့မှ ယနေ့အချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း၌ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ရန်သူ့စခန်းအများစုကို မိမိတို့မှ သိမ်းပိုက် ရယူထားသည့်နည်းတူ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

11 Dec, 04:16


နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၆၀၃၅ ဦးအထိ ရှိနေလို့ AAPP ထုတ်ပြန်

🌐 FCR Dec 11 🌐

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ စာရင်းတွေအရ ကျဆုံး ခဲ့ရသူ ၆၀၃၅ ဦး အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက် ပါတယ်။

ကျဆုံးခဲ့ရသူ ၆၀၃၅ ဦးကို အမည်နဲ့တကွ အတည်ပြုထားနိုင်တာဖြစ်ပြီးတော့ ကျဆုံးခဲ့ရသူတွေထဲမှာ အမျိုးသမီးက ၁၃၀၆ ဦး နဲ့ ကလေး က ၆၈၂ ရှိတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။ ဒါအပြင် အတည်ပြုရန်လိုအပ်ဆဲ သေဆုံးမှုတွေက ၂၇၅၀ ခန့်အထိ ရှိတယ်လို့လည်း AAPP က အသိပေးထား ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုစုချက်တွေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ ဖမ်းဆီး ချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၂၇၈၂၈ ဦးရှိပြီး ယင်းတို့ထဲမှာ ၂၁၂၆၀ ဦးမှာ ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ အဆိုပါ ထိန်းသိမ်းခံထား ရသူများအနက် ၉၆၂၉ က ထောင်ဒဏ်ချမှတ် ခံထားရ တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

11 Dec, 04:14


❐ ပြည်သူပေါင်း ခြောက်ထောင် ကျော်သတ်ဖြတ်ပြီး သုံးသောင်းနီးပါး ဖမ်းဆီးထားသည့် စစ်ကောင်စီက နေပြည်တော်တွင် လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ

🌐 FCR Dec 11 🌐

လူထုအပေါ် နေ့စဥ်ရက်ဆက် အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်နေသော စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် အပေါင်းအပါများသည် ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင်ကျရောက်သည့် လူ့အခွင့်အရေးနေ့အခမ်း အနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

10 Dec, 15:33


🌼🌼🌼

ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။

လူ့အခွင့်အရေး ဖောက်ဖျက်ခံရတာမျိုး ကြုံဖူးကြပါသလား? 

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နားလည်ချက်‌တွေ၊ကျူးလွန်ခံရတာတွေ ဝေမျှကြဖို့ ဖိတ်ခေါ်ပါတယ်။

#HumanRightsDay #Dec10 
#16DaysOfActivism
#WhatsHappeningInMyanmar
#BloodMoneyCampaignMM

Forward Channel [RANGOON]

10 Dec, 15:11


ရန်ကုန်တွင် ‌ ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် စစ်တပ် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်

🌐 FCR Dec 10 🌐

ရန်ကုန်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSC က ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်  "လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ " ဘန်နာစာသား ဆွဲကိုင်၍ စစ်ကောင်စီသက်ဆိုးရှည်ရန် ရည်ရွယ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏အလံကို မီးရှို့ခြင်း ၊ စတေကာများကပ်ခြင်းစသည့်  ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][FCR]

@Forwardchannelrangoon

Forward Channel [RANGOON]

05 Dec, 02:30


မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

🌐 FCR Dec 05 🌐

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ရဲခေါင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် – လှော်ကား တာဆုံအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို Rangoon Urban Column (RUC) စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

05 Dec, 02:28


မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင်ထိုးစစ်များရပ်ဆိုင်းပေးရန်တောင်းဆိုချက်ဖြင့် MNDAA က တွေ့ဆုံဆွေးနွေးရန် အသိပေး

🌐 FCR Dec 05 🌐

နိုင်ငံခွဲထွက်ခြင်းမပြုလုပ်ဆိုသည့်အချက်အပါအဝင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြည်တွင်းရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် ပြည်သူလူထုအကျိုးကို ငဲ့ညှာထောက်ထားရန်၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်း စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ရန် ယင်းသို့ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

04 Dec, 06:06


အနွေးဓာတ်မျှဝေ သံစဉ်ဝေ"

မင်္ဂလာပါရှင့် ရဲဘော်တို့‌ရေ။

အစစအရာရာ အကြပ်အတည်းဖြစ်နေကြတဲ့ ယခုကာလအတွင်း လိုအပ်နေတဲ့နေရာလေးတွေကို တက်နိုင်သမျှ ကူညီပေးနိုင်ဖို့ရည်ရွယ်ပြီး ကျွန်မတို့ Ukulele ကံစမ်းမဲလေးရောင်းချနေတာ လာမည့် ဒီဇင်ဘာလ 5 ရက်နေ့ဆိုရင် သတ်မှတ်ထားတဲ့မဲကာလ ပြည့်ပြီဖြစ်တဲ့အတွက် ဒီ Campaign ကို ပိတ်သိမ်းပါပြီရှင့်။

ဆိုတော့ မပိတ်သိမ်းခင်လေးမှာအပြေးအလွှားမဲလေးများလာ၀ယ်ရင်း လိုအပ်တဲ့နေရာလေးတွေအတွက်ကူညီပေးနိုင်ပါတယ်ရှင်။

မဲကလည်း ဈေးမကြီးပါဘူးရှင့်။ တစ်စောင်ကိုမှ ၃၀၀၀ ထဲမို့ လာရောက် ကူဝယ်ပေးကြပါဦး‌နော်။ Payment အနေနဲ့ Kpay,wave pay တို့ကို အသုံးပြုနိုင်ပါတယ်။ Campaign လေးမှာ ပါဝင်ချင်ရတယ်ဆိုရင် (@NORHS_BESYA_Bot) မှ တစ်ဆင့် မဲဝယ်ယူနိုင်ပါတယ်ရှင်။

နောက်ထပ်အနေနဲ့ကတော့ ရောင်းချထားသောမဲများမှရရှိထားသောငွေများကိုလည်း လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ လှူဒါန်းပေးပြီးတဲ့အခါမှာလည်း လှူဒါန်းထားသောစာရင်းနှင့်တကွ Certificate ကိုပါ တစ်ပါတည်းတွဲတင်ပေးသွားမှာဖြစ်ကြောင်းလည်း ရဲဘော်တို့အားလုံးကိုအသိပေးအပ်ပါတယ်ရှင်။


#NORHS_BESYA
#YaungNi

Forward Channel [RANGOON]

04 Dec, 00:59


တောင်ကိုရီးယားသမ္မတ စစ်အုပ်ချုပ်ရေးကြေညာခဲ့ချိန် လွှတ်တော်ရှေ့ မြင်ကွင်းများ

🌐 FCR Dec 04 🌐

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုး က ဒီဇင်ဘာ ၃ ရက် အင်္ဂါနေ့မှာ တိုင်းပြည်ကို ရုပ်သံမိန့်ခွန်းပြောပြီး ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမဲ့ လွှတ်တော်ကတော့ ဒီကြေညာချက်ကို မဲခွဲဆုံးဖြတ် ပယ်ချလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာမှုကို လွှတ်တော်က ပယ်ချခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုး ကလည်း ပြန်လည်ရုတ်သိမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသားလွှတ်တော်ရှေ့မှာ ဆန္ဒပြသူတွေ စုပေါင်းပြီး အဆိုပယ်ချရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။[DVB][FCR]

Photos - Reuters

@Forwardchannelrangoon

Forward Channel [RANGOON]

03 Dec, 14:16


အာဏာရှင်ဟောင်း သန်းရွှေ သမက်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူမှုကွန်ရက်တွင် ရေးသားသူ စုစုပေါင်း ၁၈၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

🌐 FCR Dec 03 🌐

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

03 Dec, 13:30


မြို့ပတ်ရထား စီးခ ကျပ်တစ်ထောင်အထိ ဈေးမြင့်တက်

🌐 FCR Dec 03 🌐

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ DEMU (Diesel Electric Multiple Unit) စပိန် ရထားတွဲတွေကို ပြေးဆွဲပြီးနောက် မြို့ပတ်ရထားစီးခ ကျပ်တစ်ထောင်အထိ ဈေးမြင့်တက်လာတယ်လို့ ရထားစီးနင်းသူတွေက RFA ကို ပြောပါတယ်။

မြို့ပတ်ရထားလမ်းပိုင်းက DEMU အမြန်ရထားတွဲတွေကို အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီရထားတွေ စတင်ပြေးဆွဲချိန်က ခရီးစဉ်တစ်ပိုင်း လေးရာကျပ် မြို့ပတ်ခရီးကို ရှစ်ရာကျပ် သတ်မှတ်ထားရာကနေ ဒီဇင်ဘာလ ၂ မနေ့ကစလို့ ခရီးစဉ်တစ်ပိုင်း ငါးရာကျပ်နဲ့ မြို့တစ်ပတ်ကို ကျပ် တစ်ထောင်အထိ တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။ အသစ်ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ ဈေးရောင်းချခွင့် ကန့်သတ်ထားပြီး အနံ့ပါတဲ့အရာနဲ့ ပစ္စည်းတင်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။ [RFA][FC]

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က ပြေးဆွဲနေသည့် ရန်ကုန်မြို့ပတ်ရထားများကို တွေ့ရစဉ်။ (Photo: RFA)

@Forwardchannelrangoon

Forward Channel [RANGOON]

02 Dec, 15:13


We Want You! ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်အားအလိုရှိသည်။

တော်လှန်ရေးဘယ်ဆီကို ရောက်ပြီလဲဆို သင်ကိုယ်တိုင် ပါဝင်စောင့်ကြည့်နေရင် အဖြေရှိပါတယ်။

အခုဆို မြေပြန့်ဒေသစစ်ဆင်ရေးတွေဟာ ပျောက်ကြားစစ်ဆင်မှုကနေ သမာရိုးကျစစ်ဆင်မှုအဖြစ်ကို တစတစ ရောက်ရှိလာတာဟာ ပြီးခဲ့တဲ့ လအတွင်း စစ်ရေးအောင်ပွဲတွေက သက်သေထူနေပါတယ်။

ခက်ခဲကြမ်းတမ်းပြီး အရင်းအနှီးကြီးတဲ့ ဒီလက်နက်ကိုင်တော်လှန်ရေးမှာ တဦးတယောက်ချင်းစီဟာ ကိုယ်စီတွန်းလှန်ခုခံကြရမယ်။ ဒါဟာလည်း ရွေးချယ်ခွင့်မဟုတ်ဘဲ ကိုယ့်ဆီရောက်လာတဲ့ တာဝန်ပါ။ ဘယ်သူမဆို တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။

ဒီလိုအချိန်မှာ စစ်ရေးအရှိန်ကို ထပ်မြှင့်ဖို့ လာပါ... အတူတူရုန်းမယ်ဆိုရင် ကျုပ်တို့ လုပ်ရမယ့် တာဝန်က ရှင်းပါတယ်။
(၁) ထောက်ပို့ တပ်ဖွဲ့ဝင်ကြမယ်။
(၂) ထောက်ပို့ တပ်သားစည်းရုံးရေးလုပ်ရမယ်။

We Want You! ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်အားအလိုရှိသည်။

သင်ကိုယ်တိုင် လက်တွေ့ထောက်ပို့တပ်သားအဖြစ် ပါဝင်ပါ။
ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့ တလလျှင်
- နိုင်ငံခြားငွေဖြင့် ဒေါ်လာ 20 အနည်းဆုံးဖြင့် တာဝန်ထမ်းဆောင်နိုင်ပါပြီ။
- ဒါ့အပြင် ပြည်တွင်းနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွက် မြန်မာငွေဖြင့်ဆို ကျပ် 3 သောင်း ၊ ထိုင်း‌ငွေဖြင့်ဆို ဘတ် 3 ရာ ဖြင့်လည်း ထောက်ပို့နိုင်စေဖို့ စီစဉ်ထားရှိပါတယ်။

We Want You ! လာပါ... ငါတို့ အတူတူရုန်းမယ်။

🔺 ခင်ဗျားရဲ့ တော်လှန်ရေးကိုယ်ပိုင်နံပါတ်က ဘယ်လောက်လဲ.. ?
🔺 ဒီတော်လှန်ရေးမှာ PDF တွေအတွက် ထောက်ပို့တပ်သား ဘယ်လောက်ရှိမလဲ .. ?
🔺 PDF တွေအတွက် ဘယ်နိုင်ငံမှာ ထောက်ပို့တပ်သား ဘယ်လောက်ရှိမလဲ .. ?
🔺 အိမ်ပြန်ကြမယ့် တော်လှန်ရေးတခုလုံးအတွက် တကမ္ဘာလုံးမှာ ထောက်ပို့တပ်သား ဘယ်နှယောက်ရှိမလဲ ?
It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot
အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF

Forward Channel [RANGOON]

02 Dec, 15:08


စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်း၊

▪️ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ

🌐 FCR Dec 02 🌐

အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်းပြီး ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများက ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စစ်ဆေးမေးမြန်းထားသည့် ဗီဒီယိုကို Karenni Nationalities Defence Force က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး စစ်တပ်က WY ဆေးပြားများ သုံးစွဲခိုင်းခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခိုင်းကြောင်း စစ်သုံ့ပန်းများက ဝန်ခံပြောဆိုထားသည်။

"နေအိမ် မီးရှို့တာကတော့ ကြုံဖူးတယ်။ အိမ် မီးရှို့တာကတော့ သူတို့က ဒီအိမ်က မသင်္ကာဘူးဆို ရှို့တယ် များတယ်။ နေအိမ် အလုံး အရေအတွက်များတယ်။ ၅၀ ကျော် ၆၀ နီးပါး လောက် မကဘူးနဲ့ တူတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

02 Dec, 15:06


သန်လျင်တွင် ဖမ်းဆီးထားသည့် မိသားစုထံက ငွေကြေးတောင်းယူခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပိုက်ဆံမရ၍   စစ်ကောင်စီစစ်ကြောင်းမှူး ထပ်မံဖမ်းဆီး

🌐 FCR Dec 02 🌐

စစ်ကောင်စီက ဖမ်းဆီးထားသည့် NLD ရပ်ကျေးဒုဥက္ကဋ္ဌ၏ မိသားစုထံမှ ငွေကြေးတောင်းယူကာ စစ်ကောင်စီနှင့် ငွေကြေးညှိနှိုင်းခြင်းမရှိသည့်အတွက် ပျူစောထီးခေါင်းဆောင်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

သန်လျင်စစ် ကြောင်းမှူးနှင့်အဖွဲ့သည် ငွေကြေးမရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင် အောင်ဒင်ဆိုသူကို ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက    ဖမ်းဆီးသွား ကြောင်း သိရသည်။

"အဖမ်းခံရတဲ့ မိသားစုဆီက စစ်တပ်နဲ့ညှိပေးမယ်ဆို ပြီး သိန်း ၂၀ တောင်းသွားတယ်။ အဲဒီ သိန်း ၂၀ ကို စစ်တပ်ကလည်း မရဘူးဆိုပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်"ဟု သန်လျင်မြို့ဟောင်းနေသူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

02 Dec, 15:05


ဆယ်တစ်လတာအတွင်း အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဥ်းသား ၂၀ သေဆုံးခဲ့

🌐 FCR Dec 02 🌐

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ၂၀၂၄ ခုနှစ်ဆယ်လတာအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီစာရင်းတွေဟာ အင်းစိန်၊ ဒိုက်ဦး၊ မန္တလေးအိုးဘို၊ မကွေး‌၊ ကျိုက်မရော၊ ကလေး၊ သရက်စတဲ့ အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တာကို အတည်ပြုထားတာလို့ဆိုပါတယ်။

"မြေပြင်က အကျဉ်းဦးစီးဌာနက လိုက်ပါမလုပ် ဆောင်သ၍တော့ ထောင်တွင်းသေဆုံးမှုတွေ ရှိနေအုံးမှာပါ။ ဒါကြောင့် အကျဉ်းဦးစီးဌာနအနေနဲ့ရော ထောင်ဝန်ထမ်းတစ်ဦးချင်းစီအနေနဲ့ရော ကျွန်တော်တို့တောင်းဆိုနေတာတွေ ကို လက်တွေ့လိုက်ပါလုပ်ဆောင်ပါ" လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Connect Burma ကိုပြောပါတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

02 Dec, 15:04


ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင် တစ်မြို့နယ်လျှင်  ကြက်ဥအလုံးရေ ၁၀၀၀၀ စီ ရောင်းချပေးရန် YCDC ကို စစ်ကောင်စီစေခိုင်း

🌐 FCR Dec 02 🌐

ရန်ကုန်တိုင်းရှိမြို့နယ်များ၌ တစ်မြို့နယ်တွင် ကြက်ဥအလုံးရေတစ်သောင်းစီ(၁၀,၀၀၀) ဖြင့် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက တာဝန်ယူရောင်းချရ ကြောင်း သိရသည်။

ယခုနှစ်ရက်အတွင်း လမ်းမတော်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင်  ကြက်ဥ တစ်လုံးလျှင် ကျပ် ၃၇၀ နှုန်းဖြင့် လူတစ်ဦးလျှင် ၁၀ လုံးစီရောင်းချ‌ပေးရကြောင်း YCDC  ဝန်ထမ်းများ ထံက သိရသည်။

" စည်ပင်ဝန်ထမ်းတွေကို မြို့နယ်အလိုက်ကြက်ဥအလုံးတစ်သောင်းရောင်းခိုင်းတယ်။ တစ်လုံးကွဲရင် လည်း တစ်လုံးကို ၂၀၀ လျှော်ရ‌သေးတယ်။ ဝန်ထမ်းတွေကိုခိုင်းနေတာ အလုပ်တွေရှုပ်နေတာပဲ" ဟု YCDC မှ အမျိုးသမီးဝန်ထမ်းတစ်‌ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

02 Dec, 15:01


ပေါ်တာဆွဲထားသူတွေ အများစု ပါဝင်တဲ့ အမှတ်စဉ် ၇ စစ်သင်တန်းတွေ စဖွင့်၊

▪️အမှတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ အမှတ်စဉ် ၇ သင်တန်း ဖွင့်ပွဲကို နှစ်ရက်ခြားပြီး ပြုလုပ်၊

🌐 FCR Dec 02 🌐

မန္တလေးမြို့၊ နန်းမြို့တွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့က စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) ၃ မှာ နိုဝင်ဘာလ ၂၆ရက်က အမှတ်စဉ် ၇ အခြေခံ စစ်ပညာ သင်တန်း စတင်ဖွင့်လှစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

လပခ လက်အောက်မှာ ရမည်သင်းမြို့က စခတ ၃ နဲ့ စဉ့်ကူးမြို့က စခတ ၂ တို့ ရှိခဲ့ပေမယ့် စခတ ၂ ကို ဇူလိုင်လက စတင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက သိမ်းယူပြီးနောက် စစ်အုပ်စုက မန္တလေးတိုင်းအတွင်း စစ်သားသစ် စုဆောင်းလို့ ရသမျှ လူငယ်လူရွယ်တွေကို ရမည်းသင်းမြို့မှာ စုစည်းကာ စစ်သင်တန်း ပေးနေတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

02 Dec, 03:57


ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်း

🌐 FCR Dec 02 🌐

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုး ရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ် သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်းလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

01 Dec, 12:33


ICC က ဖမ်း၀ရမ်းထုတ်မည့် မင်းအောင်လှိုင်ကို ဖမ်းဆီးတရားစီရင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု NUG ၊ KNU ၊ KNPP နှင့် CNF တို့က ပူးတွဲ ကြေညာ🟥မင်းအောင်လှိုင်နှင့်ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုများသာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည်ဟု သတိပေး

🌐 FCR Dec 01 🌐    

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနှင့် တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

01 Dec, 03:03


“ပြည်သူသာလျှင် အဓိက၊ ရောက်ရှိသမျှ မိုင်တိုင်တိုင်းသည် ပြည်သူလူထု၏ တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည််မှု”

DMMK အား အသုံးပြု၍ ငွေပေးငွေယူပြုလုပ်သော Transaction စုစုပေါင်းတန်ဖိုး ၂ ထရီလီယံ (၂၀၀၀ ဘီလျံ) ရှိပါပြီ။[NUGPay][FCR]

@forwardchannelrangoon

Forward Channel [RANGOON]

01 Dec, 02:57


ICC ခုံရုံးက ဖမ်း၀ရမ်းထုတ်လာပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့် တုံ့ပြန်သင့်သည့် နည်းလမ်းများ၊ ဥပဒေဆိုင်ရာ သုံးသပ်ချက် စာတမ်းကို မင်းအောင်လှိုင်က အမြန်ဆုံး တင်ပြရန် ညွှန်ကြား

🌐 FCR Dec 01 🌐   

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၎င်းအပေါ် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်လာပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူများထံမှ သုံးသပ်ချက် စာတမ်း အမြန်ဆုံး တင်ပြရန် ညွှန်ကြားထားကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

Forward Channel [RANGOON]

27 Oct, 06:22


'အနွေးဓာတ်မျှဝေ သံစဉ်ဝေ'

မင်္ဂလာပါဗျ ရဲဘော်တို့ရေ။
October လဟာဆိုရင်ဖြင့် ဆောင်းဥတုရဲ့ပထမဆုံး‌လလေးပေါ့နော်။ မုန်တိုင်းနဲ့ ရာသီဥတုဖောက်ပြားခြင်းကြောင့် ရာသီမှန်မဟုတ် မိုးတွေရွာနေတယ်ဆိုပေမယ့် အချိန်ကာလအားဖြင့်တော့ ဆောင်းဦးကာလပဲဖြစ်ပါတယ်။

‌ယခင်‌ကတော့ ဆောင်းရာသီလို့ဆိုလိုက်ရင် အေးမြမြမနက်ခင်း‌တွေမှာ ကော်ဖီလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ် ဒါမှမဟုတ်လည်း ဂီတသံစဉ်လေးတစ်ပုဒ်တို့နဲ့တွဲမြင်ပြီး ကဗျာဆန်တဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်‌လေ့ရှိပါတယ်။ ဒါပေမယ့် အခုလို နိုင်ငံတော် နာမကျန်းဖြစ်နေချိန်မှာတော့ ကဗျာတွေဟာ ဝမ်းနည်းစရာကောင်းလာသလို အေးမြငြိမ်းချမ်းခြင်းတွေဟာ အေးစက်ထုံကျင်ခြင်းတွေအဖြစ် တစတစ ပြောင်းလဲသွားရပါ‌တော့တယ်။ အသက်ရှင်‌ရေးအတွက် ကိုယ့်ရဲ့နေအိမ်ကနေ စွန့်ခွာခဲ့ကြရသူတွေ၊ ချစ်ရသူ‌တွေနဲ့ မိသားစုရဲ့အဝေးကို ပြေးရှောင်ခဲ့ရသူတွေ၊ အိပ်မက်တွေနဲ့ကင်းကွာခဲ့ရသူတွေ၊ မျှော်လင့်ချက်မှုန်ဝါးဝါးလေးကိုဆုပ်ကိုင်ပြီး ရှေ့‌ဆက်လျှောက်နေရတဲ့သူတွေဆိုတာ ရင်နာစရာ‌ ကောင်း‌လောက်‌‌အောင်ကို နိုင်ငံတစ်ဝန်းအနှံ့မှာပါပဲ။

'အနွေးဓာတ်မျှဝေ သံစဉ်ဝေ'ဆိုတာကတော့ ပြည်သူအတွက်ပြည်သူ ဆိုတဲ့စကားအတိုင်း ဒီကာလအတွင်း အခက်အခဲဖြစ်နေတဲ့နေရာတွေကို တတ်နိုင်စွမ်းရှိသမျှ ကူညီ‌ပေးနိုင်ဖို့ရည်ရွယ်ပြီး Ukulele လေးတစ်လက်ကို ကံစမ်းမဲအဖြစ်ရောင်းချသွားမယ့် မဲအစီအစဉ်လေးပဲဖြစ်ပါတယ်ဗျ။

မဲတစ်မဲကို ၃၀၀၀ကျပ်နှုန်းနဲ့ မဲအစောင်ရေ၂၀၀ခန့်ရောင်းချသွားမှာဖြစ်ပြီး အချိန်ကာလကိုတော့ ၂၄.၁၀.၂၀၂၄ကနေ ၂၄.၁၁.၂၀၂၄အထိ တစ်လတိတိ သတ်မှတ်ထားပါတယ်။ ဒီကမ်ပိန်းကနေ ရရှိလာမယ့်အလှူငွေတွေကိုလည်း စစ်ရှောင်ဒေသတစ်ခုနဲ့ အခြားလိုအပ်နေတဲ့‌ နေရာတွေမှာ မျှဝေလှူဒါန်းသွားမှာပါဗျ။

Payment အနေနဲ့ Kpay, Wave pay တို့ကို အသုံးပြုနိုင်ပြီး ကမ်ပိန်းလေးမှာပါဝင်ဖို့အတွက် (@NORHS_BESYA_Bot) မှတဆင့် မဲဝယ်ယူလှူဒါန်းနိုင်ပါတယ်‌‌။

ပန်းချီနဲ့ဂီတ အနုပညာနှစ်ခုပေါင်းစပ်ထားတဲ့ တူရိယာလေးကိုကံစမ်းရင်း တဖြည်းဖြည်းပိုအေးလာတော့မယ့်ဆောင်းမှာ လိုအပ်နေတဲ့နေရာတွေဆီ အနွေးဓာတ်မျှဝေပေးနိုင်ဖို့အတွက် ဒီကမ်ပိန်းလေးမှာ ထည့်ဝင်ကူညီလိုက်ကြပါစို့လားဗျာ။

#NORHS_BESYA
#နွေဦး‌တော်လှန်‌ရေးအထက်တန်း‌‌ ကျောင်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#YaungNi

Forward Channel [RANGOON]

08 Oct, 05:26


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးပြည်သူများ လာရောက် အလေးပြု
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို မန္တလေးတစ်မြိုလုံးနီးပါး လိုက်ပါပို့ဆောင်ပေးနေပြီး အိမ်အပြင်ထွက်ကာ အလေးပြုသူများပင်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျွဲဆည်ကန် (၃)လမ်းနေအိမ်မှ တောင် အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်ရာ မန္တလေးပြည်သူလူထုက လိုက်ပါပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

"သုသာန်သွားတဲ့လမ်းတဝက်ကို လူတွေကရောက်နေပြီ။ နာရေးကားက အိမ်ကမထွက်ရသေးဘူး။ အဲဒီလောက် လူများတယ်။ တစ်မြို့လုံးထွက် အလေးပြုကြတယ်။"ဟု လိုက်ပါ ပို့ဆောင်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လိုက်ပါပို့ဆောင်သူများသဖြင့် လမ်းများလည်း ပိတ်နေပြီး စစ်ကောင်စီတပ်ကလည်း အများအပြား အင်အားချထားသည်ဟု သိရသည်။

"ဆိုင်ကယ်တွေဆိုလို့ရှိရင် ဟွန်းအရှည်ကြီးတွေတီးပြီးတော့ လိုက်ပို့နေကြတာ။ ကားတန်းကလည်း အရမ်းများတယ်။ လူကလည်း အရမ်းများလို့ လမ်းကနေပဲ ဖြတ်လိုက်တဲ့သူတွေလည်း အများကြီးရှိတယ်။ ထွက်ပြီးအလေးပြုတဲ့ပြည်သူ တွေလည်းရှိတယ်။”ဟု လိုက်ပါပို့ဆောင်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားထောင်ချခံနေရရာက ထောင်တွင်း၌ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် စစ်ကောင်စီတပ်က နောက်ဆုံးအခြေအနေရောက်ရှိမှသာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်သို့ ပိုဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် သတိမေ့နေချိန်တွင် စစ်ကောင်စီက ဆေးရုံသိုလာပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း လာရောက်ဖတ်ပြသွားသည်ဟု သိရသည်။

#TachileikNewsAgency
Photo: CJ

Forward Channel [RANGOON]

17 Sep, 14:17


မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေက ၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်၀က်အတွင်း ငါးဆအထိ မြင့်တက်ခဲ့တယ်လို့ UN Special Repourters တွမ်အန်ဒရူးက ထုတ်ပြန်ထားပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေက ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်မှာ ၂၀၀၀ ကျော်အထိ ရှိခဲ့ပြီး စစ်ဆင်ရေး စဖြစ်တဲ့ ၉ လတာ ကာလအတွင်း ၃၈၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးလာနေရတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ လေကြောင်းကိုပဲ အဓိက အားကိုးနေရပြီး ယခုနှစ်၀က်တွင် China, UAE နဲ့ Vietnam နိုင်ငံကမှတဆင့် မြန်မာနိုင်ငံကို ဆိုက်ရောက်ထားတဲ့ လောင်စာဆီသင်္ဘော ၃ စီး ရှိပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေမှာ ဘယ်လို တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက် အကြမ်းဖက်နေသလဲဆိုတာ comment ထဲမှာ ရှင်းပြထားပါတယ်။

( comment ထဲ ဖတ်ပေးပါရန် )

#Airstrikes #SanctionAviationFuel #StopJetFuelSalesAndShipmentInsuranceToMM #WhatsHappeningInMyanmar #BloodMoneyCampaignMM #EAR #EnemyAirRouteChannel

Forward Channel [RANGOON]

13 Sep, 02:07


🚨ရေသန့်ဘူး (၈) ဘူးရှိယုံနဲ့ အသက်ကယ်အင်္ကျီလုပ်လို့ရတဲ့နည်းပါ

ဗီဒီယိုဖွင့်ကြည့်ဖို့လိုင်းမကောင်းသူတွေအတွက် အလွယ်တကူ Save ထားလို့ရအောင် ပုံတင်ပေးလိုက်ပါတယ်

ဆူနာမီဒဏ်မကြာခဏခံရတဲ့ ဂျပန်တွေရဲ့ အသက်ကယ် နည်းစနစ်ဖြစ်ပြီး ကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ မိနစ်ပိုင်းလေးနဲ့ပြုလုပ်လို့ရပါတယ်။

မည်သူမဆို ပြန်ကူးတင်လို့ရပါတယ် ၊ Credit ပေးစရာမလိုပါဘူး

Video link : https://www.facebook.com/share/v/f1yzghkMb3PEAkN9/?mibextid=WC7FNe

📌 Credit to Backpacker’s Notes

#z_fighter

Forward Channel [RANGOON]

08 Sep, 03:50


📌မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ ရဟတ်ယာဉ်တင်စစ်ဆင်ရေး (Heli-Drop Mission) တွေအတွက် တန်ပြန်ခုခံနိုင်မယ့်အချက်အလက်များကို ယခုလို အညာမြို့သိမ်းတိုက်ပွဲတချို့ အားကောင်းလာချိန်မှာ မြေပြင်ရဲဘော်များ တစုံတရာ အသုံးဝင်နိုင်စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။

ကန့်သတ်ထားသောအချက်အလက်ဖိုင်များကိုတော့ စစ်ရေးသတင်းလုံခြုံရေးအရ Public ပေါ် တင်ပေးမှာမဟုတ်တာကြောင့် အသေးစိတ်အချက်အလက်များရယူလိုပါက @EAR_Info မှာ ရယူနိုင်ပါတယ်။

#EAR #EnemyAirRoute #SAC_HeliDropMission
#HeliOperation

Forward Channel [RANGOON]

28 Aug, 15:07


" တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန် သီဆိုဟစ်ကြွေး၍ သပိတ်တိုက်ပွဲဖော်


သြဂုတ် ၂၈၊ ရန်ကုန်

" တပ် ပျက်နေပြီဟေ့"

" တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲဖော်ကြ"

"အရေးတော်ပုံအောင်ရမည်"

#ရှေ့ကိုဆက်ချီတက်စို့
#အလံဖြူထောင်
#ပြည်သူ့ရင်ခွင်ခိုဝင်ကြ

Forward Channel [RANGOON]

13 Aug, 16:44


💙ရန်ကုန်သူ၊ ရန်ကုန်သား၊ ဆယ့်နှစ်မျဥ်းစောင်းများရှင် 🔴

တိုက်တွန်းနှိုးဆော်ချက်အပြည့်အစုံ - https://st.deepthought.industries/UFnyA3

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#စစ်ဘေးရှောင် #ရန်ကုန်
#YangonStrike #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ

Forward Channel [RANGOON]

11 Aug, 16:19


သင်ကော ရဲဘော်တွေရဲ့ ထောက်တိုင်မဖြစ်ချင်ဘူးလား

တစ်ပတ်တစ်ခါငွေလှူရုံနဲ့ PDF တွေကို ထောက်ပံ့နိုင်မယ်ဆိုရင်ရော စိတ်၀င်စားကြလား

အနည်းဆုံး ၁ ထောင်ကနေ အများဆုံးကြိုက်ရာပမာဏ အထိကူနိုင်တယ်ဆိုရင်ရော စိတ်၀င်စားကြလား ⁉️

စိတ်၀င်စားတယ်ဆိုရင် အခုပဲ အသေးစိတ်ဖတ်လိုက်ပါ 😎


အသေးစိတ်ဖတ်ရှုရန် ▶️ https://t.me/FCRFUNDRAISING/266

ပထမဆုံး ပါ၀င်သူ ဆယ်ဦး ကိုလည်း NUGPAY Account တွေ လက်ဆောင်ပေးသွားမှာနော် 👀


@FCRFUNDRAISING

Forward Channel [RANGOON]

08 Aug, 01:17


၁၉၈၈ မတ်လထဲမှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ ရပ်ကွက်နေ သူတချို့ ပြဿနာဖြစ်ခဲ့ကြတယ်။ သာမန်ပြဿနာတခုဖြစ်ပေမယ့် တိုင်းပြည်မှာ အထွေထွေကျပ်တည်းမှုဖြစ် နေတဲ့အချိန်ဆိုတော့ ဒီပြဿနာက ရှစ်လေးလုံးအရေးအခင်းကြီးကိုဖြစ်စေဖို့အတွက် မီးပွားစ တခုဖြစ်ခဲ့ပါ တယ်။

အဲဒီပြဿနာနောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့နှစ်ဦး သေဆုံးခဲ့ရတယ်။ အဲဒီနောက်မှာ တံတားနီအရေးအခင်း ထပ်ဖြစ်တယ်။

ဒီလိုနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကျောင်သားလှုပ်ရှားမှုကနေ တတိုင်းပြည်လုံးရဲ့ လူထုအုံကြွမှု စစ်အာဏာရှင် ဆန်ကျင့်ရေး အရေးတော်ပုံကြီး ဖြစ်လာခဲ့တယ်။

အဲဒီအချိန် ကျနော်တို့က----

အပြည့်အစုံဖတ်ရန် - https://www.myaelattathan.org/articles/အမှတ်တရ_ရှစ်လေးလုံး