ယောအလင်းတန်း @sawtsp Channel on Telegram

ယောအလင်းတန်း

@sawtsp


ယောနယ်အတွင်းရှိ တော်လှန်ရေးသတင်း စခသတင်းမျာကို အချိန်နဲ့တစ်ပြေးညီ ‌ဖော်ပြပေးသွားပါမည်။

အရေးတော်ပုံ အောင်ရမည်

ယောအလင်းတန်း (Burmese)

ယောအလင်းတန်း သည် "sawtsp" ကိုမှ အရှေ့အားဖြင့် လိုချင်သော တော်လှန်ရေးသတင်း စခသတင်းမျာပါနှင့် အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးသွားပါသည်။ ဤတန်းကို အရေးတော်ပုံ အောင်ရန် ဖြစ်ပါသည်။ ယောအလင်းတန်းသည် သင်္ချာ နည်းပညာအခြေ နှင့် နှလုပ် ပြန်လာပါက သင့်အချက်အလက် ရရှိနိုင်ပါသည်။

ယောအလင်းတန်း

07 Jul, 02:43


ယခင်ယောအလင်းတန်း Telegram Channel ကိုဖွင့်ထားတဲ့ Owner ဖြစ်တဲ့ဖုန်းတစ်လုံး စကစဖက်မှ သိမ်းဆီးသွားတဲ့အတွက် လုံခြုံရေးစိတ်မချရသဖြင့် ယခင်ယောအလင်းတန်း Telegram Channel ကိုဆက်လက်အသုံးပြုချင်းမပြုတော့ဘဲ ယခု Telegram Channel အသစ်ကိုသာအသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒီအတွက် ယောအလင်းတန်း Telegram Channel အသစ်လေးကို Join ပေးထားကြပါအုံးဗျ။

ယောအလင်းတန်းအဖွဲ့
https://t.me/yawalinntan

ယောအလင်းတန်း

19 Jun, 09:33


Messages in this channel will no longer be automatically deleted

ယောအလင်းတန်း

19 Jun, 09:32


Messages in this channel will be automatically deleted after 1 day

ယောအလင်းတန်း

19 Jun, 07:28


ထီးလင်းစစ်ကြောင်း ရွှေအောင်ကင်းစခန်းသို့ ရောက်ပြီ

19.6.2024 ၊ထီးလင်း

ယနေ့မနက် ၁ နာရီခွဲခန့်က ရွှေထီးခန်းမကနေထွက်လာတဲ့ အင်အား ၇၀ ခန့်ပါထီးလင်းစစ်ကြောင်းဟာ ယနေ့နေ့လည် ၁၁ နာရီမိနစ် ၃၀ ခန့်မှာ ရွှေအောင်သာရွာရှိကင်းစခန်းကိုရောက်ရှိသွားကြပြီဖြစ်ကြောင်းသိရပါတယ်။

စစ်ကြောင်းဟာ ရွှေအောင်သာကင်းစခန်းက ရိက္ခာနဲ့လ-က်-န-က်-ခဲ-ယ-မ်း-များ သယ်ဆောင်ပြီး ထီးလင်းမြို့ဖက်ကို ယနေ့ညနေပိုင်းမှာပြန်ဆုတ်နိုင်တယ်လို့လည်းသိရပါတယ်။

မိဘပြည်သူများနဲ့စစ်ကြောင်းလာနိုင်ရာလမ်းကပြည်သူများကြိုတင်သတိထားနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း

ယောအလင်းတန်း

19 Jun, 06:20


နေပြည်တော်⚠️

နေပြည်တော်လေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။

#WaiHin
Jun 19, 12:48 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ယောအလင်းတန်း

19 Jun, 06:05


မကွေး⚠️

မကွေးလေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။

#WaiHin
Jun 19, 12:29 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ယောအလင်းတန်း

19 Jun, 04:40


#ဂန့်ဂေါသတင်း

19.6.2024

ဂန့်ဂေါမြို့အဝင်ဂိတ်တခုဖြစ်တဲ့ We Love Gangaw တံတားက စခဂိတ်မှာ မြို့ထဲအဝင်/အထွက် ပြည်သူတွေရဲ့ဖုန်းမှာ VPN ပါ/မပါ စစ်ဆေးနေကြောင်းသိရပါတယ်။

မိဘပြည်သူများနဲ့ရပ်နီး၊ရပ်ဝေးကခရီးသွားပြည်သူများ မိမိတို့ရဲ့ဖုန်းရဲ့လုံခြုံရေးကို ကြိုတင်သတိထားပြီးမှသွားလာကြပါ။ VPN ပါရင် ဒ-ဏ်-ကြေး-ပေးဆောင်ရနိုင်သလို ဖ-မ်း-ဆီး-ခြင်းတွေကိုပါခံရနိုင်ပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း

ယောအလင်းတန်း

19 Jun, 03:34


ဝေဟင်သတိ

မကွေး⚠️

မကွေးလေတပ် ကလခမှ F-7M Fighter Jet (1)စီး အနောက်‌​မြောက်အရပ်သို့ ပျံတက်။

#NAS
Jun 19, 10:01AM
📡သတင်းပို့ရန် @infonas

ယောအလင်းတန်း

19 Jun, 02:40


19.06.2024
08:05 am
ကျောက်ထုသတင်း

ကျောက်ထုတပ်ထဲမှစခ(အင်အားစိစစ်ဆဲ)တွေဟာ မြို့ပေါက်ကျေးရွာဖြတ်ကာ ချီချောင်းဘက်ဆင်းသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ချောင်းကူး၊
ယောမြို့ ကျေးရွာဘက်မိဘပြည်သုများနှင့် အနီး အနား ကျေးရွာမိဘပြည်သူများအနေဖြင့် အစစ အရာရာအထူး ဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

စခတွေဟာ ချီချောင်းအတိုင်းဆန်တက်သွားတယ်လို့သိရှိရပြီး လက်ရှိမှာ ယောမြို့ကြိုးတံတားဘက်ရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။

ကျောက်ထုဘုန်းကြီးကျောင်းနားလဲ ဖောကားတစ်စီးဖြင့် စခတွေလာချသွားတယ်လို့သိရပါတယ်ခင်ဗျာ။ မင်းကြည့်ကျေးရွာဘက်မိဘပြည်သူများ အထူးဂရုစိုက်ကြပါခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

-------------------------- Aung Gyi -------------------------

ယောအလင်းတန်း

ယောအလင်းတန်း

19 Jun, 02:39


ယောနယ်ရှိ စကစ တပ်စခန်းများကို ပျူများဖြင့်သာ အင်အားဖြည့်နေရ

19.6.2024 ၊ယော

ယခုလ ဇွန်လ ၁၇ ရက်နေ့က Mi 17 စကစ ထောက်ပို့ရဟတ်ယာဥ်ဖြင့် ဂန့်ဂေါမြို့ခလရ ၅၀ တပ်တွင်းကို ဂန့်ဂေါနယ်မြောက်ပိုင်း ဟံသာဝတီရွာ၊မြောက်ခင်ရန်းရွာစတဲ့ပျူရွာများနဲ့အနီးဝန်းကျင်ကပျူရွာတွေက ပျူ ဦးရေ ၄၀ ချထားခဲ့ကြောင်းသိရပါတယ်။စကစ စခတပ်သား တစ်ဦးမှမပါဝင်ဘဲ ဒေသခံပျူများသာဖြစ်ကြောင်းကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသတင်းပေးပို့လာပါတယ်။

အဆိုပါ ဂန့်ဂေါခလရ ၅၀ ကိုရောက်နေတဲ့ ပျူတပ်သား ၄၀ အနက်မှ ပျူ တပ်သား ၂၀ ဦးကိုခွဲကာ မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုမြို့ကအမြောက်တပ်ထဲကို ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က စကစ ထောက်ပို့ရဟတ်ယာဥ် Mi 17 နဲ့ပြန်လည်အင်အားဖြည့်ချထားခဲ့ကြောင်းကိုလည်း စစ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နောက်ဆက်တွဲသတင်းများကိုဆက်လက်အတည်ပြုစုံစမ်းဆဲပါ။

@မင်းဒဿ
ယောအလင်းတန်း

ယောအလင်းတန်း

19 Jun, 01:18


#ဂန့်ဂေါသတင်း

19.6.2024

#edit-ခလရ ၅၀ တပ်ထဲမှာ စစ်ရဟတ်ယာဥ်တစ်စီးထားရှိတော့မယ်လို့ကနဦးသိရပါတယ်။

ယမန်နေ့ညနေကနောက်ဆုံးအကြိမ်ဆင်းသက်ခဲ့တဲ့ Mi 17 စကစရဟတ်ယာဥ်တစ်စီးဟာ ဂနွဂေါမြို့ခလရ ၅၀ တပ်ထဲမှာပင်ညအိပ်ရပ်နားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ Mi 17 ရဟတ်ယာဥ်တွေနဲ့ယမန်နေ့ဇွန်လ ၁၇ ရက်နေ့က ချင်းပြည်နယ်၊မတူပီမြို့ ခလရ ၃၀၄ တပ်ရင်းကို ပြည်-သူ့-တော်-လှ-န်-ရေးအင်အားစုများက အပြီးပိုင်သိ-မ်း-ပို-က်ခဲ့ရာမှာ ထွ-က်ပြေး-လွ-တ်-မြော-က်နေခဲ့ကြတဲ့ မ​ေ သ ကျ-န် စခများနဲ့စခလူနာများကို ဂန့်ဂေါမြို့ထိ သယ်ယူပို့ဆောင်နေရတာဖြစ်ကြောင်းခိုင်လုံတဲ့သတင်းရပ်ကွက်က သိရပါတယ်။ဂန့်ဂေါကမှတဆင့် အခြားတနေရာကိုလည်းပြန်လည်ပို့ဆောင်နေကြတယ်လို့သိရပါတယ်။

ယနေ့ဇွန်လ ၁၉ ရက်နေ့မှာလည်း ခလရ ၅၀ ဂန့်ဂေါတပ်တွင်းကို စစ်ရဟတ်ယာဥ်များနောက်ထပ်ဆင်းသက်ပျံသန်းမှု့တွေထပ်ရှိလာနိုင်သေးတယ်လို့လည်းသိရပါတယ်။

မိဘပြည်သူများနဲ့နယ်သူ၊နယ်သားများ ကြိုတင်သတိထားနေထိုင်ပေးကြပါ။အားလုံးဘေးကင်းကြပါစေ။

#နွေဦးရောင်နီ

ယောအလင်းတန်း

ယောအလင်းတန်း

19 Jun, 00:49


ရွှေထီးခန်းမကစ-စ်ကြောင်း အ-လော-င်းတောင်ကိုရောက်နေ

19.6.2024 ၊ထီးလင်း

ဇွန်လ ၁၈ ရက်နေ့ည ၁ နာရီမိနစ် ၃၀ ခန့် ယနေ့မနက်ဇွန်လ ၁၉ ရက်နေ့မနက်အစောပိုင်းကထွက်လာတဲ့ထီးလင်းမြို့ရွှေထီးခန်ူမက အင်အား ၇၀ ခန့်ပါစစ်ကြောင်းဟာ ယခုအခါ အောင်းရွာရဲ့အနောက်ဖက်ဒေသအခေါ် အ-လော-င်း-တောင်ကို ရောက်ရှိနေကြပြီလို့သိရပါတယ်။

စစ်ကြောင်းဟာ ချင်းပြည်နယ်နဲ့ယောနယ်အစပ်က ရွှေအောင်သာရွာရှိအထိုင်ကင်းတပ်စခန်းကို ရိက္ခာနဲ့လ-က်-န-က်-ခဲ-ယ-မ်းများကို ဒုတိယအကြိမ်မြောက်သွားရောက်သယ်ဆောင်တာလို့လည်း စ-စ်သတင်းရင်းမြစ်တခုထံကသိရပါတယ်။

ဖ-မ်း-မိ-ခံ တောင်ဖက်(အောင်မြင်)ရွာသားတစ်ဦးကိုလည်းပြန်လည်လွှတ်ပေးထားခဲ့ပြီဖြဝ်ကြောင်းလည်းထပ်မံသိရပါတယ်။

ခန့်မှန်းအရ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ရွှေအောင်သာရွာက အထိုင်တပ်စခန်းမှာ လက်ရှိစခအင်အား ၅၀ ခန့်သာကျန်ရှိတော့တာကြောင့် ၎င်းကင်းစခန်းက ရိက္ခာများ၊လ-က်-န-က်-ခဲ-ယ-မ်း-များကိုထီးလင်းမြို့သို့တဖြေးဖြေးကယ့်ယူသယ်ဆောင်ပြီး အဆိုပါ တပ်စခန်းကစခတွေကို ရွှေထီးခန်းမမှာ ခေါ်ယူပူးပေါင်းအင်အားထပ်ဖြည့်နိုင်ခြေရှိနေတယ်လို့လည်း စစ်သတင်းရင်းမြစ်ထံကသိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း

ယောအလင်းတန်း

18 Jun, 11:00


ယခုတလော ယောနယ်မြေကို လေကြောင်းဆင်းသက်မှု့နဲ့ နောက်ဆက်တွဲသိရသမျှ

18.6.2024 ၊ယောနယ်

ယခုဇွန်လ ၁၇ ရက်၊၁၈ ရက် ၂ ရက်အတွင်းမှာ ယောနယ်မြေကို စကစရဲ့ Mi 35၊ Mi 17 စတဲ့စစ်ရဟတ်ယာဥ်များ ၁၅ ကြိမ်ဆင်းသက်ခဲ့ပြီး အကြိမ်ရေ ၃၀ ထက်မနည်းပျံသန်းထောက်ပို့မှု့တွေလုပ်ခဲ့ကြကြောင်းကို စစ်ရေးသတင်းရင်းမြစ်အရသိရပါတယ်။

အတည်ပြုလို့ရသမျှ မကွေးတိုင်း၊ယောနယ်၊ဂန့်ဂေါမြို့ပေါ်ကခလရ ၅၀ တပ်ထဲကို ယမန်နေ့ရောယနေ့ပါ ၉ ကြိမ် ဆင်းသက်ခဲ့ပြီး မြောက်ပိုင်းက ဟံသာဝတီရွာရှိကင်းစခန်းကို ယမန်နေ့က Mi 35 တစ်ကြိမ် အဆင်းအတက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မကွေးတိုင်း၊ယောနယ်၊ဆောမြို့နယ်က ကျောက်ထုတပ်အတွင်းကို ယမန်နေ့က Mi 35 တစ်ကြိမ်ဆင်းသက်ခဲ့ပြီးယနေ့မှာ Mi 17 ၂ စီးနဲ့ ၃ ကြိမ်တိုင်တိုင်ဆင်းသက်ကာ ၆ ကြိမ်ပျံသန်းမှု့ပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်။

ဂန့်ဂေါမြို့ခလရ ၅၀ ကနေ ယနေ့မှာယခုအချိန်အထိ ညနေ ၅ နာရီ ၅ မိနစ်ခန့်က Mi 17 တစ်စီးအနောက်တောင်အရပ်ကို နောက်ဆုံးတစ်ကြိမ်ပျံသန်းသွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ လေကြောင်းထောက်ပို့စနစ်နဲ့ ဂန့်ဂေါနယ်ဟံသာဝတီရွာကို စကစတပ်သား ၁၀ ဦးနဲ့ လ-က်-န-က်-ခဲ-ယ-မ်း၊ရိက္ခာများချပေးခဲ့သလို ဂန့်ဂေါမြို့ခလရ ၅၀ ကိုလည်း ယမန်နေ့ဇွန်လ ၁၇ ရက်နေ့က စကစ တပ်သား ၄၀ ဦးနဲ့ လ-က်-န-က်-ခဲ-ယ-မ်း၊ရိက္ခာများချပေးခဲ့ကြောင်းအတည်ပြုသိရပါတယ်။

အလားတူ ဆောမြို့နယ်၊ကျောက်ထုတပ်အတွက် ယမန်နေ့က စကစတပ်သား ၁၀ ဦးနဲ့လ-က်-န-က်-ခဲ-ယ-မ်း၊ရိက္ခာများချပေးခဲ့ကြောင်းသိရပါတယ်။

ထူးခြားဖြစ်စဥ်အနေနဲ့ ယနေ့မှာတော့ အတက်အဆင်းအကြိမ်ရေများစွာပြုလုပ်နေခဲ့တဲ့ Mi 17 ရဟတ်ယာဥ် ၂ စီးဟာ ပေါက်မြို့နယ် ကပစ ကနေပြီးတင်ဆောင်လာခဲ့တဲ့ ၁၂၀ (or) ၁၂၂ မမ အမြောက်များနဲ့၎င်းရဲ့ကျည်များကို ကျောက်ထုတပ်မှာ ၁ လက်၊ဂန့်ဂေါမြို့ ခလရ ၅၀ တပ်မှာ ၁ လက်ချပေးထားခဲ့ကြောင်းကို စစ်ရေးသတင်းရင်းမြစ်တခုထံမှသိရပါတယ်။

နောက်ဆက်တွဲအသေးစိပ်အချက်အလက်များကိုဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း

ယောအလင်းတန်း

18 Jun, 07:32


#ဂန့်ဂေါသတင်း

18.6.2024

#edit- အနောက်တောင်အရပ်ကိုပြန်လည်ပျံသန်းသွားတဲ့အဆိုပါ Mi 17 ၂ စီးဟာ ဂန့်ဂေါခလရ ၅၀ တပ်တွင်းကို ၁ နာရီ ၅၆ မိနစ်ခန့်မှာအသီးသီးပြန်လည်ဆင်းသက်ခဲ့ကြောင်းသိရပါတယ်။

ယနေ့မနက် ၁၀ နာရီခွဲခန့်အချိန်ကဂန့်ဂေါမြို့ ခလရ ၅၀ တပ်တွင်းကို မုံရွာနမခ မှပျံတက်လာခဲ့ကြတဲ့ Mi 17 ထောက်ပို့စစ်ရဟတ်ယာဥ် ၂ စီး ရှေ့ဆင့်၊နောက်ဆင့် အသီးသီးဆင်းသက်ခဲ့ကြကြောင်းသိရပါတယ်။

၎င်း Mi 17 စစ်ရဟတ်ယာဥ် ၂ စီးဟာ ဂန့်ဂေါခလရ ၅၀ တပ်ထဲကနေ ယနေ့နေလည် ၁ နာရီ ၁၆ မိနစ်ခန့်မှာအနောက်တောင်အရပ်သို့ ပြန်လည်ပျံသန်းသွားခဲ့ကြကြောင်းသိရပါတယ်။

ယခုရင်ပိုင်း ဇွန်လ ၁၇/၁၈ ၂ ရက်ဆက် ဂန့်ဂေါမြို့ခလရ ၅၀ တပ်တွင်းကို ၆ ကြိမ်ထက်မနည်းဆင်းသက်ခဲ့ကြောင်းလည်းသိရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း

ယောအလင်းတန်း

18 Jun, 04:18


#ဂန့်ဂေါသတင်း

18.6.2024
10:47am

ဂန့်ဂေါမြို့ခလရ ၅၀ တပ်တွင်းကိုမုံရွာ နမခ ကနေပျံတက်လာတဲ့ Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီး ယနေ့ဇွန်လ ၁၈ ရက်နေ့မနက် ၁၀ နာရီ ၂၂ မိနစ်မှာဆင်းသက်ခဲ့ပါတယ်။ယခုမနက် ၁၀ နာရီမိနစ် ၃၀ ခန့်ကလည်း အရှေ့တောင်အရပ်မှလာတဲ့ စစ်ရဟတ်ယာဥ် Mi 17 တစ်စီးဟာ ဂန့်ဂေါမြို့ပေါ်ကိုဖြတ်ပြီးတောင်အရပ်ကိုပျံသန်းသွားခဲ့ကြောင်းလည်းသိရပါတယ်။

ယမန်နေ့ဇွန်လ ၁၇ ရက်နေ့ကလည်း အလားတူ Mi 17 ရဟတ်ယာဥ်များ ၄ ကြိမ်ထက်မနည်းဆင်းသက်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါရဟတ်ယာဥ်များဖြင့် စခတပ်သားအင်အားများနဲ့လ-က်-န-က်-ခဲ-ယ-မ်းများအင်အားထပ်ဖြည့်နေတာလို့သိရပြီး မြစ်သာဆည်ပေါ်ရှိစကစကင်းစခန်းကိုပါ အင်အားထပ်ဖြည့်မယ်လို့လည်းကနဦးသိရှိရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း

ယောအလင်းတန်း

18 Jun, 01:36


ယောနယ်နေရာအချို့က လက်ရှိ စကစ စ-စ်-ရေးအခြေအနေ

18.6.2024 ၊ယော

မကွေးတိုင်း၊ယောနယ်အတွင်းမှာ ယခုနှစ် ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ ယခုအချိန်အထိ နယ်မြေအခြေအနေမှာ စကစဖက်ကရော နယ်မြေခံပြည်သူ့တော်-လှ-န်-ရေး-အင်အားစုများဖက်ကပါ စ-စ်-ရေးလှု-ပ်ရှား-မှု(တို-က်-ပွဲ)များမရှိသလောက်ငြိမ်သယောင်ရှိနေခဲ့ပါတယ်။

သို့ပေမယ့် စကစ ဖက်ကမူ မိမိတို့ရဲ့ လက်ရှိနေရာနဲ့နယ်မြေများထပ်မံမ-ဆုံး-ရှုံး-ရရေးအတွက် ခံစ-စ် ကိုကြိုးစား ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတာဟာဖြင့်ယခုအချိန်ထိပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိနေကြရပါတယ်။

ယမန်နေ့ဇွန်လ ၁၇ ရက် တစ်ရက်တည်းမှာပင် ယောနယ်က စကစများခြေပြုရာဒေသအသီးသီးကတပ်စခန်းများရှိရာနေရာများကို ကလေးမြို့ဖက်ကနေ Mi 35၊Mi 17 စတဲ့စစ်ရဟတ်ယာဥ်များဖြင့်အခေါက်ခေါက်အခါခါ ၆ ကြိမ်ထက်မနည်းဆင်းသက်ကာ လ-က်-န-က်အင်အား၊တပ်သားအင်အား၊ရိက္ခာများကအစ ဖြည့်တင်းနေတာကိုတွေ့မြင်နေရပါတယ်။

ယမန်နေ့ဇွန်လ ၁၇ ရက်နေ့တစ်ရက်တည်းမှာ မကွေးတိုင်း၊ယောနယ်၊ဂန့်ဂေါနယ်မြောက်ပိုင်းက ဟံသာဝတီရွာရှိတပ်စခန်းကို Mi 35 တစ်ကြိမ်ဆင်းသက်ခဲ့ပြီး စခ တပ်သား ၁၀ ဦးနဲ့ခဲယမ်း၊လ-က်-န-က်များ အင်အားထပ်ဖြည့်ထားခဲ့လို့သိရပါတယ်။

နောက်ပြီး ဂန့်ဂေါမြို့ ခလရ ၅၀ တငးပ်ထဲကို Mi 17 ထြင့် ၄ ကြိမ်တိုင်တိုင်ဆင်းသက်ခဲ့ကာ စခတပ်သား ၁၀ ဦးနဲ့လ-က်-န-က် ခဲ-ယ-မ်း၊စားနပ်ရိက္ခာများပါအင်အားထပ်ဖြည့်ထားခဲ့တယ်လို့ပါတယ်။
ပြန်လည်လို့ဂန်ဂေါမြို့ခလရ ၅၀ တပ်တွင်းက အရာရှိပိုင်း(ယူဆရ)က လူနာ ၃ ဦးကိုပါ အဆိုပါရဟတ်ယာဥ်နဲ့ကလေးမြို့ဖက်ကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

တဖန်ယမန်နေ့မှာပင် ကလေးမြို့ကနေပျံသန်းလာတဲ့ Mi 35 စစ်ရဟတ်ယာဥ်တစ်စီးဟာ ဆောမြို့နယ်၊ကျောက်ထုမြို့မှာဆင်းသက်ခဲ့ပြီး စခတပ်သား ၁၀ ဦးနဲ့လ-က်-န-က်ခဲ-ယ-မ်း-များကိုပါ အင်အားထပ်ဖြည့်ထားခဲ့ပြီးအပြန်မှာ တို-က်-ပွဲ-ကျ-စခတစ်ဦးရဲ့ကျန်မုဆိုးမ မိသားစုတစ်စုကိုခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။

ထို့အတူ ယခုဇွန်လ ၁၅ ရက်နေ့က ထီးလင်းမြို့ရွှေထီးခန်းမကစစ်ကြောင်းဟာ ယောနယ်နဲ့ချင်းပြည်နယ် အစပ်၊မင်းတပ်နယ်ရွှေအောင်သာရွာရှိစခကင်းစခန်းကိုသွားရောက်ခဲ့ပြီး ၎င်းစခန်းကနေ စားနပ်ရိက္ခာနဲ့လ-က်-န-က်ခဲ-ယ-မ်း-များကိုထီးလင်းမြို့သို့ပြန်လည်ယူဆောင်ကာအင်အားထပ်ဖြည့်ခဲ့ကြောင်းသိရပါတယ်။အဆိုပါရွှေအောင်သာရွာကင်းစခန်းမှာ စခအင်အားနည်းပါးလာပြီး စုစုပေါင်းလက်ရှိအင်အား စခ ၅၀ ဝန်းကျင်သာကျန်ရှိတော့တာကြောင့် ယခုလို ရိက္ခာနဲ့လ-က်-န-က်-ခဲ-ယ-ထီးလင်းမြို့သို့ပြန်လည်ယူဆောင်ခဲ့ရတာဖြစ်ကြောင်းကိုလည်း ခိုင်လုံတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ခုထံမှသိရပါတယ်။

အထက်ဖော်ပြပါ စခ ကိန်းဂဏန်းများမှာ စုံစမ်းသိရသမျှအတည်ပြုထားရတာဖြစ်ပြီးအနည်းငယ်ကွဲလွဲနိုင်ပါတယ်။

မိဘပြည်သူများနဲ့ယောနယ်သူ၊ယောနယ်သားများ၊ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့်ကြိုတင်သုံးသပ်ပြင်ဆင်နေထိုင်နိုင်ကြပါရန်အသိပေးလိုက်ရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း

ယောအလင်းတန်း

17 Jun, 10:45


#ဂန့်ဂေါသတင်း

17.6.2024

ယနေ့ညနေ ၄ နာရီခန့်မှာဂန့်ဂေါမြို့ ခလရ ၅၀ တပ်ထွင်းကိုဆင်းသက်ခဲ့ကြတဲ့ Mi 17 စကစထောက်ပို့ရဟတ်ယာဥ် ၂ စီးဟာ ယနေ့ညနေပိုင်း ၄ နာရီ ၄၃လမိနစ်ခန့်မှာတစ်စီး၊၄ နာရီ ၅၆ မိနစ်ခန့်မှာတစ်စီး အသီးသီးပျံတက်ကာမြောက်အရပ်ကလေးနယ်ဖက်ကိုပင်ပြန်လည်ပျံသန်းသွားခဲ့ကြကြောင်းသိရပါတယ်။

ကနဦးအတည်ပြုဆဲသတင်းအရ ယနေ့ဂန့်ဂေါခလရ ၅၀ တပ်ထဲကို ၄ ကြိမ်ဆင်းသက်ခဲ့ရာမှာ စခ အင်အားထပ်ဖြည့်တာလို့သိရပါတယ်။

ယောအလင်းတန်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

#နွေဦးရောင်နီ

ယောအလင်းတန်း

ယောအလင်းတန်း

17 Jun, 09:47


17.06.2024
04:15
ဝေဟင်သတင်း


Edit - (၀၄:၄၅)နာရီမှာ ကျောက်ထုမှအရှေ့တောင်ဘက်သို့ဦးတည်ပြန်တက်သွားပါတယ်ခင်ဗျာ။

ကျောက်ထုတပ်ထဲသို့ မြောက်ဘက်မှလာသော
MI -35 တစ်စီး (၀၄:၀၀)နာရီမှာဆင်းသက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ မြို့ပေါက်ရွာ၊နတ်ရဲရပ်ကွက်၊ ကျောက်ထုမြို့ထဲတွေမှာ စခတွေ ဟာ ကင်းပုန်းချနေရာယူထားကြတယ်လို့သိရပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------- Aung Gyi ------------------------

ယောအလင်းတန်း

ယောအလင်းတန်း

17 Jun, 09:37


#ဂန့်ဂေါသတင်း

17.6.2024
4:05pm

မြောက်ဖက်အရပ်၊ကလေးမြို့ကနေပျံသန်းလာတဲ့ Mi 17 စကစထောက်ပို့ စစ်ရဟတ်ယာဥ် ၂ စီးဟာ ရှေ့ဆင့်၊နောက်ဆင့် ၂ စီးလုံး ဂန့်ဂေါမြို့ခလရ ၅၀ တပ်ထဲကို ယနေ့ညနေ ၃ နာရီ ၅၇ မိနစ်ခန့်မှာဆင်းသက်ခဲ့ကြပါတယ်။

ယနေ့တရက်တည်းမှာပင် ခလရ ၅၀ တပ်ထဲကို စကစ ထောက်ပို့ရဟတ်ယာဥ် Mi 17 များ ၄ ကြိမ်ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

အကြောင်းအရင်းများကိုဆက်လက်အတည်ပြုစုံစမ်းဆဲပါ။

#နွေဦးရောင်နီ

ယောအလင်းတန်း