Myanmar Now @myanmarnownews Channel on Telegram

Myanmar Now

@myanmarnownews


Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။

Myanmar Now (Burmese)

မြန်မာနယ်မြေများရဲ့ စုံစမ်းဖော်ထုတ်သည့် Myanmar Now သည် မတရားမှုများကို သတင်းဌာနဖြစ်သည်။ ဤဌာနသည် myanmarnownews နှင့် Telegram အကြောင်းအရာများကို ပြန်လည်ဆက်သွယ်ထားသည်။ Myanmar Now သည် မြန်မာ၊ နော်ထောင်ကုဒ်၊ လူ့အခွင့်၊ အစီအစဉ်များ၊ လူမှုဆိုင်ရာအခွင့်များနှင့် အဖွဲ့အစည်းများအတွက် သတင်းဌာနပေါ် များစွာ စုံစမ်းဖော်ထုတ်ပါသည်။ အစီအစဉ်များနှင့် ပထမတိုက်ပျက်မှုများ အားများတည်ရှိပါသည်။ မြန်မာစင်္ကာနှင့် ကြက်ကျိုးကျော်စွာ ဆန့်ကျင်မှုများကို ပြန်လည်မှီလေ့လၢ်ကြည့်သွင်းပါက ဤဌာန အတွက် ဖတ်ပါသည်။

Myanmar Now

09 Jan, 11:10


စစ်တပ်ပိုင် MyTel ကို အမေရိကန် အရေးယူပိတ်ဆို့
-----------------------

MyTel သည် လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ဘဏ္ဍာငွေနှင့် ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုများ အကူအညီပေးခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူများကို ပစ်မှတ်ထားခြေရာခံကာ ဖိနှိပ်မှုများတွင် ပါဝင်သက်ခြင်းတို့ကြောင့် အမေရိကန် စက်မှုကုန်ထုတ် လုပ်ငန်းနှင့် လုံခြုံရေးဌာနက ပိတ်ဆို့ခြင်းဖြစ်သည်။

ပုံစာ-အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက စစ်တပ် ထောက်ခံကြောင်းဆန္ဒပြပွဲများတွင် ပါဝင်သူများကို ရန်ကုန်မြို့ရှိ Mytel ရုံးချုပ်ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60284/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

09 Jan, 10:43


မန္တလေးတိုင်းထဲမှ အရပ်သားပစ်မှတ်များကို စစ်တပ် နှစ်ရက်ဆက် ဗုံးကြဲ
---------------------
ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသော မြောက်ပိုင်း ၃ ဖွဲ့နယ်မြေများကို ယခုနှစ်ဆန်းအတွင်း စစ်ကောင်စီလေတပ်က တိုက်ခိုက်မှုများ လုပ်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်များသိမ်းထားသည့်နယ်မြေများကိုလည်း တိုက်ခိုက်ခဲ့သည်။

ယမန်နေ့က မိုးကုတ်မြို့ကို ဗုံးကြဲခဲ့ပြီး ယနေ့ တစ်ရက်အတွင်း မတ္တရာ၊ စဉ့်ကူးနှင့်သပိတ်ကျင်းတို့ကို ဗုံးကြဲခဲ့ကာ လူအထိအခိုက်မသိရသေးပေ။

ပုံစာ-၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်က ရှမ်းမြောက်ဒေသတွင် ဗုံးကျရောက်ပေါက်ကွဲထားသော နေရာအနီး တွေ့ရသည့် MDY -PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60280/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

09 Jan, 08:54


ချင်း-မကွေးနယ်စပ်မှ ထီးလင်းမြို့ကို NUG တပ်များ ထိုးစစ်ဆင်နေ
--------------------------

ချင်းပြည်နယ်တောင်ပိုင်းမြို့တချို့ကို သိမ်းပိုက်ပြီးနောက် ထိုဒေသနှင့်ထိစပ်နေသည့် ထီးလင်းအပါအဝင် ယောဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးတပ်များဘက်က ကြေညာထားသည်။

ပုံစာ-မကွေးတိုင်း ထီးလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ - YDF-ထီးလင်း

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60275/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

09 Jan, 05:16


ရမ်းဗြဲကျွန်းကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၄၀ ကျော်ရှိ
------------------------------
ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသော အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရမ်းဗြဲကျွန်းပေါ်မှ ကျောက်နီမော်ရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အများအပြား သေဆုံးသွားကြသည်။

ပုံစာ-ရမ်းဗြဲ ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ- APM)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60265/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

08 Jan, 10:08


ယာယီစစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်အိမ်ကျပ်တစ်သိန်းအထိ ရဲနှင့်ထွေအုပ်ကို လာဘ်ထိုးနေရ
------------------------------------
တပ်သားသစ်များရှားပါးလာသည့်နောက် စစ်ကောင်စီ၏ဆင့်ခေါ်စာမရောက်လာရန် စီမံပေးနိုင်သည်ဆိုသည့် မက်လုံးများပေးကာ ရဲနှင့်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်ခုလျှင် ကျပ်ငွေတစ်သိန်းနှုန်းအထိ ကောက်ခံနေသည်ဟု နိုင်ငံအလယ်ပိုင်းမှ ဒေသခံများကဆိုသည်။

လာဘ်ငွေပေးရန်ငြင်းဆန်သူအချို့ကိုလည်း စစ်ကောင်စီဝန်ထမ်းများက ခြိမ်းခြောက်နေသည်။

ငွေပေးပြီးသော်လည်း စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်မဟုတ်ဘဲ စစ်တပ်ကခေါ်သည့်အချိန် စစ်သင်တန်းတက်ရမည်ဖြစ်သည်။

"မပေးဘူးဆိုတဲ့သူရှိတယ်။ အဲ့ဒီတော့ တစ်ညနေ (ရဲနှင့်အုပ်ကြီးက) ကားနဲ့သွားပြီးတော့ မပေးတာ ဘယ်သူတုန်းဆိုပြီးစာရင်းတောင်းတယ်ဆိုတော့ ဘယ်သူက နေရဲမှာတုန်းကွာ။ သူတို့ခေတ်ဥစ္စာကိုး…” ဟုအိမ်ခြေ ၆၀ ကျော်ရှိ ဝမ်းတွင်းမြို့နယ်မှအတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ-စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခံရပြီး စစ်သင်တန်းရောက်သွားသည့် လူငယ်များ (ဓာတ်ပုံ − စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60261/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

08 Jan, 10:02


တော်လှန်ရေးစိုးမိုးနယ်မြေများတွင် NUG ၏အရပ်ဘက်ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်လာ
------------------------------------
တော်လှန်ရေးတပ်များစိုးမိုးနယ်မြေထဲတွင် ရောက်နေကြသည့် NUG အရပ်ဘက်ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး သုံးလအတွင်း NUG ဝန်ထမ်းနှင့်မိသားစုဝင် ငါးဦး ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံထားရသည်။

ပြီးခဲ့သည့်တနင်္လာနေ့က ကန့်ဘလူမြို့နယ်ထဲမှ NUG၏တင်ငုတ်ကြီးရွာရပ်ကျေးအုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

သေနတ်သမားများသည် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ဝတ်ဆင်လေ့ရှိသည့် စစ်သုံးယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်ဟု မျက်မြင်များက ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာလများအတွင်းကလည်း ကနီနှင့်ကောလင်းမြို့များမှ NUG လက်အောက်ခံဝန်ထမ်းနှစ်ဦးနှင့် မိသားစုဝင်များလုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးသည်။

ယင်းဖြစ်စဉ်သုံးခုလုံးအတွက် တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။

ပုံစာ-ဇန်နဝါရီ ၄ ရက်က ဆားလင်းကြီးမြို့နယ်တွင် ပြုလုပ်ခဲ့သော ကနီပညာရေးဝန်ထမ်းအသတ်ခံရမှု အမှုမှန်ပေါ်ရေး ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60258/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

08 Jan, 07:53


ကချင်ပြည်နယ်ရှိ မံစီမြို့ကို KIA သိမ်းပိုက်
-------------------------
တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် တရုတ်နယ်စပ်မြို့ဖြစ်သော မံစီသည် KIA လက်အောက် ကျရောက်သွားရာ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း ပိုပြီး အရှိန်မြှင့်လာဖွယ်ရှိနေသည်။

ထိုးစစ် တစ်နှစ်မပြည့်မီအချိန်အတွင်း KIA သည် ကချင် ၁၃ မြို့နှင့် ရှမ်းတစ်မြို့ ကို သိမ်းပိုက်နိုင် ခဲ့ ပြီဖြစ်သည်။

နိုင်ငံမြောက်ပိုင်းမှမြို့များလက်လွှတ်ရသည့်အခြေအနေကို စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

ပုံစာ- ၂၀၂၄ ဇန်နဝါရီလအတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး ပစ်ချလိုက်သော လေယာဉ်အနီး တွေ့ရသော KIA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - မြတ်ပန်း/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60251/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

07 Jan, 12:13


ကျောက်ဖြူမှလွဲပြီး ရခိုင်ပြည်နယ်ထဲမှ တရုတ်ရေနံနှင်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလုံး AA ထိန်းချုပ်မှုအောက်ကျရောက်
--------------------------

ပိုက်လိုင်းစတင်ရာ ကျောက်ဖြူမြို့ကိုတော့ စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ရာ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုနှင့် အကျိုးအမြတ်များသည် စစ်ကောင်စီ၏စီမံခန့်ခွဲမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း နားလည်ရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60243/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

07 Jan, 11:36


အနန်းကွင်းဗျူဟာတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးရှိ
-------------------
၆ လကျော်ကြာ နှစ်ဖက်တပ်များ ဆိုင်ထားသည့် အနန်းကွင်းဗျူဟာသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်တပ်က ကြည်းတပ်၊ လေတပ်ပေါင်းပြီး ခုခံနေသည်။

ပုံစာ-ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ထားသော တောင်ပိုင်းစစ်ဒေသလက်အောက်မှ PDF ရဲဘော်များ။ (ဓာတ်ပုံ-တောင်ပိုင်းစစ်ဒေသ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60237/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Jan, 12:54


ဗန်းမော်မြို့ပေါ် ရပ်ကွက်တချို့ကို KIA ထိန်းချုပ်
------------------------
စစ်ကောင်စီတပ် လက်နက်မျိုးစုံသုံးပြီး ခုခံနေသည့် ဗန်းမော်မြို့တွင် ပူးပေါင်းတပ်က ရပ်ကွက်တချို့တွင် နေရာယူလိုက်ပြီဖြစ်သည်ဟု KIA က ပြောသည်။

ပုံစာ-
KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မြတ်ပန်း)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60183/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Jan, 12:10


စစ်တောင်းမြစ်ဝှမ်း ရေတာရှည်တိုက်ပွဲအတွင်း PDF ၈ ဦး သေဆုံး
--------------------------------------------
နေပြည်တော်နှင့် မိုင် ၅၀ ခန့် ဝေးသည့်နေရာတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားရာ နှစ်ဘက် ထိခိုက်မှု ရှိသည်ဟု PDF က ပြောသည်။

ပုံစာ- ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က တွေ့ရသော NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် PDF ရဲဘော်များ ။ (ဓာတ်ပုံ- အမှတ် (၉၀၁)တပ်ရင်း)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60179/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Jan, 09:38


အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမို တွေ့လာရ
-------------------------
မိတ္ထီလာလေတပ်နှင့် နီးသော နိုင်ငံအလယ်ပိုင်းဒေသတချို့တွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးများအသုံးပြုကာ အရပ်သားများကို တိုက်ခိုက်မှုများ ခပ်စိတ်စိတ် လုပ်လာသည်။

အင်ဂျင်တပ်လေထီးများသည် အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့်ပေမြင့်မြင့်တွင် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေလံသော ဗုံးများမသယ်ဆောင်နိုင်ခြင်း စသည့်အားနည်းချက်များ ရှိနေသည်။ သို့သော်လည်း ကာကွယ်ရေးအဖွဲ့များက လက်တလော ပစ်ချနိုင်ခြင်း မရှိသေးပေ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60167/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Jan, 06:31


နေပြည်တော်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အသုံးပြုလာ
-------------------------
လက်နက်ကိုင်အင်အား နည်းလာသော စစ်တပ်က နေပြည်တော်တွင် ဝန်ထမ်းများကို စစ်သင်တန်းပေး၊ စစ်မှုထမ်းဟောင်းတို့ကို ထုတ်သုံးရုံတင်မက ပြည်သူ့စစ်များဖြင့် လုံခြုံရေး အားဖြည့်ထားသည်။
ယခင်နှစ်ကုန်တည်းက စပြီး ဖွဲ့စည်းလိုက်သည့် နေပြည်တော်ပြည်သူ့စစ်များကို အပြာရင့်ရောင်ယူနီဖောင်းများဝတ်ကာ လက်ကိုင်တုတ်တစ်ချောင်းစီပေး၍ လွတ်လပ်ရေးနေ့ပွဲအတွက် လမ်းမများပေါ် ပွဲထုတ်လာသည်။

နေပြည်တော်မြို့နယ်တစ်ခုလျှင် ပြည်သူ့စစ် ၅၀ ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း ပြည်သူ့စစ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီသည် နေပြည်တော်နှင့် မကွာဝေးသော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပါအဝင် အမြန်လမ်း၊ အနီးတဝိုက်ဒေသများတွင် လက်နက်ကိုင်တော်လှန်သူတို့၏ ထိုးစစ်ဖြင့် ရင်ဆိုင်နေရသည်။ နေပြည်တော် နှင့်အနီးတဝိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလယ်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ တပ်များ အခြေစိုက်လှုပ်ရှားနေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60162/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Jan, 11:04


NUG ၏ ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး သတ်ဖြတ်ခံရ
---------------------------
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှုအခင်းများကိုင်တွယ်ရာတွင် အခက်ကြုံနေရသည်။

ပုံစာ-ဦးအရိန္ဒမာကို NUG အစိုးရ သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ထမ်းများနှင့်အတူတွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60151/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Jan, 08:40


ရွှေနှင့်ကျောက်စိမ်းတွင်းဒေသသို့ စက်သုံးဆီရောင်းမှုစွဲချက်ဖြင့် ၁၇ ဦး ဖမ်းဆီးခံရ
-------------------------
စစ်ကောင်စီသည် သမာရိုးကျစက်သုံးဆီရောင်းသူများကို တော်လှန်ရေးအင်အားစုနယ်မြေများသို့ ရောင်းသည်ဟု အကြောင်းပြကာ လူအများအပြားကို ဖမ်းဆီး၍ ပစ္စည်းများကို သိမ်းလိုက်သည်။

ဖမ်းဆီးထားသူများကို ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ဆိုသည်။

ပုံစာ-၂၀၁၆ ခုနှစ်က တွေ့ရသည့် ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်တစ်ခု။ (ဓာတ်ပုံ-Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60132/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 13:32


ဇေယျဝတီမြို့တွင် ဟိန္ဒူဘုရားကျောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၇ ဦးသေ
----------------
တိုက်ပွဲများရှိနေသော ဖြူးမြို့နယ်၌ စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံ အများအပြား ထိခိုက်သွားသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။

ပုံစာ-ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့သည့် ရန်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်း။ (ဓာတ်ပုံ- Myanmar Hindu Union)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60126/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 13:27


အွန်လိုင်းအသုံးပြုမှုကို ကန့်သတ်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း
-----------------------

အွန်လိုင်းတွင် ဝေဖန်ရေးသား မျှဝေသူ ရာထောင်ချီကို ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်က ဆိုက်ဘာလုံခြုံရေးဥပဒေ ဆိုသည်ကို ရေးဆွဲရာတွင် ပြည်သူတို့ အခက်တွေ့စေမည့်အချက်များ ထည့်သွင်းထားသည်။

ပုံစာ- လက်ကိုင်ဖုန်းမှတဆင့် သတင်းဖတ်နေသူတစ်ဦး (ဓာတ်ပုံ - Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60123/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 12:02


သပိတ်ကျင်းတွင် တိုက်ပွဲဆက်နေ၊ တွင်းငယ်ရွာအနီး စစ်တပ်ထိုးစစ်ဆင်
------------------------
မန္တလေးအနီး သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များ တလှည့်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ နေ့စဉ် ရှိနေသည်။

ပုံစာ- ၂၀၁၉ ခု ၊ ဩဂုတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ ဂုတ်တွင်းရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်စဉ်က တွေ့ရသော စစ်ကောင်စီစစ်သားများ။ (ဓာတ်ပုံ- AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60118/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 11:41


ဘုတလင်မြို့နယ်ရှိ အခိုင်အမာခြေကုပ်စခန်းတစ်ခုမှ စစ်တပ် ဆုတ်ခွာ
---------------------

ရန်သူဝိုင်းနေပြီး အရပ်သားအများအပြားကို ခုတ်ထစ်၊ သတ်ဖြတ်ခဲ့သည့် တပ်က စခန်းတစ်ခုကို စွန့်လွှတ် ဆုတ်ခွာစဉ် လက်နက်ကိုင်အင်အား အများအပြား အသုံးပြုခဲ့ရသည်။

စွန့်လွှတ်လိုက်သည့် စခန်းမှာ ခြံစည်းရိုးသုံးထပ်ကာရံပြီး ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60115/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 10:48


MNDAA ထိန်းချုပ်သည့် သိန္နီမြို့ကို လေတပ် ဗုံးကြဲ၊ အိမ်တချို့ပျက်စီး
--------------------------
ကိုးကန့်တပ် သိမ်းပိုက်ထားသည့်မြို့များတွင် ဟိုတယ်နှင့် အနီးဝန်ကျင် အဆောက်အအုံတို့မှာ စစ်လေယာဉ်တို့၏ ပစ်မှတ် ဖြစ်လာသည်။

နှစ်ဆန်း ၁ ရက်နေ့က သိန္နီမြို့ ဟိုတယ်တစ်ခုအနီးကို ဗုံးကြဲရာ နေအိမ်တချို့ ပျက်စီးသွားသည်၊ ထိုအိမ်များတွင် နေထိုင်သူတို့ စစ်ရှောင်နေကြဆဲဖြစ်သောကြောင့် အသက်ချမ်းသာရာ ရခဲ့သည်။

ပုံစာ-သိန္နီမြို့အတွင်း ဗုံးကျရောက်ကွဲပြီးနောက် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ရုပ်သံမှ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60111/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Jan, 10:37


မန္တလေး မြစ်ငယ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
------------------------

ပြည်ခိုင်ဖြိုးပါတီဝင်ဟု ဆိုကြသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက ပစ်သတ်သွားကြသည်ဟု စစ်တပ်ဝါဒဖြန့်စာမျက်နှာများက ဖော်ပြကြသည်။

စစ်မှုထမ်း ဥပဒေ ထွက်ပေါ်လာပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီအတွက် တပ်သားအသစ်ရရှိရန် အဓိကကြိုးပမ်းပေးသူများဖြစ်လာရာ ထိုသူများကို တော်လှန်ရေးအင်အားစု များကလည်း ပစ်မှတ်ထား ရှင်းလင်းလာသည်။

ပုံစာ- ပစ်ခတ်ခံရသည့် မြစ်ငယ်မြို့မရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစောနေထွန်း။ (ဓာတ်ပုံ- စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60107/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

01 Jan, 10:36


ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
------------------
ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တစ်လနီးပါးကြာ ထိုးစစ်ဆင်နေသည်။ မြို့အတွင်း အထပ်မြင့်တိုက်များပေါ်တွင် စစ်ကောင်စီ၏ စနိုက်ပါ တပ်သားများနေရာယူတိုက်ခိုက်နေပြီး လေကြောင်းမှလည်း ခုခံနေသည်ဟု သိရသည်။

ပုံစာ-KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-Go Pal Rimal)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60096/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

01 Jan, 09:53


နှစ်သစ်ကူးရက်အတွင်း စစ်ကောင်စီ၏ နိုင်ငံအနှံ့ ဗုံးကြဲမှု ဒါဇင်နှင့်ချီသေဆုံး
------------------
နိုင်ငံအနှံ့ နယ်မြေများဆုံးရှုံးနေသည့် စစ်ကောင်စီသည် နှစ်သစ်ကူးကာလအတွင်း ကရင်နီ၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်ပြည်နယ်များ၊ ပဲခူး၊ မန္တလေးတိုင်းများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ အရပ်သားနှင့် ကလေးငယ် ဒါဇင်ချီ သေဆုံးသွားသည်။

တိုက်ခိုက်ခံရသည့် နေရာများတွင် PNLO/PNLA ဌာနချုပ်နှင့် KNU ထိန်းချုပ်နယ်မြေများနှင့် အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသများပါဝင်သည်။

ဒီဇင်ဘာလ ၃၀ ရက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကျင်းပနေစဉ်မှာပင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် စစ်ကောင်စီ၏ပြောင်ပြောင်တင်းတင်း စော်ကားခြင်းဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60091/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

01 Jan, 09:11


စစ်ကိုင်းတပ်မဟာဖွဲ့စည်းပြီး နှစ်သစ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု MDY- PDF ကြေညာ
----------------------------

၂၀၂၅ တွင် စစ်ရေးဗဟိုချက်သည် နိုင်ငံအလယ်ပိုင်းဖြစ်လာမည်ဟု MDY-PDF ပြောခွင့်ရအရာရှိကဆိုပြီး စစ်ကိုင်း၊မကွေးနှင့် မန္တလေး ဒေသများတွင်တိုင်ပွဲများပိုမိုပြင်းထန်လာနိုင်သည်ဟုဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60087/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

01 Jan, 08:23


ရာဇဝတ်အကျဉ်းသား ၁၇၀ ခန့်ကို နှစ်သစ်ကူးတွင် NUG လွတ်ငြိမ်းခွင့်ပေး
---------------------
နှစ်သစ်ကူးတွင် အကျဉ်းသား ၁၇၀ ခန့်ကို NUG က စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြန်လွှတ်ပေးလိုက်သည်။ လွှတ်ပေးလိုက်သူများထဲတွင် Non CDM များလည်း ပါဝင်ပြီး စစ်သုံ့ပန်းများ မပါဝင်ဟု သိရသည်။

ပုံစာ-စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း NUG က ဖမ်းဆီးမိထားသူအချို့ကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ − NUG-MOD)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60084/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

01 Jan, 04:05


https://myanmar-now.org/mm/news/60081/

Myanmar Now

31 Dec, 13:13


ကရင်နှစ်သစ်ကူးနေ့အခမ်းအနား တိုက်ခိုက်မှုကို KNU ကန့်ကွက်
-----------------------
စစ်ကောင်စီက ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းလိုက်ပြီး ကရင်ပြည်နယ်အတွင်း နှစ်ကူးအခမ်းအနားတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပုံစာ-၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတစ်ခုတွင် ရိုးရာအက ကပြတင်ဆက်နေသော ကရင်တိုင်းရင်းသူများ။ (ဓာတ်ပုံ - EPA-EFE/NYEIN CHAN NAING)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60076/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

31 Dec, 10:11


တောင်သာတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု ဆက်တိုက် ပေါ်ပေါက်
--------------------
ခုခံမှုအားကောင်းသော တောင်သာမြို့တွင် ပျူစောထီးတို့ တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေသလို မကြာသေးခင်ကလည်း လေတပ်အရာရှိတစ်ဦး လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံထားရသည်။

ပုံစာ-ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်များ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60072/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

31 Dec, 07:49


စစ်ရေးအောင်မြင်နေသည့် AA နှင့် ဆွေးနွေးလိုကြောင်း ဒါကာ လေသံပြောင်း
----------------------
AA ကို ဆွေးနွေးဘက်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိက ပြောဆိုခဲ့သည်။

ထိုပြောဆိုမှုအပြီး ၁ ရက်အကြာ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းလိုက်သလို၊ တောင်ဂုတ်နှင့် ဂွမြို့တို့ကို AA က ဆက်တိုက်သိမ်းပိုက်လိုက်ရာ AA နှင့် ဆွေးနွေးလိုကြောင်း လေသံပြောင်းလဲလာသည်။

ဘင်္ဂလားဒေ့ရှ် စစ်ဗိုလ်ချုပ်ဟောင်းများ၊ လုံခြုံရေးအရာရှိများ၊ ပညာရှင်များကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရသည် AA နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းမှုများ ဆက်တိုက်ထွက်ပေါ်လာသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60069/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Dec, 10:21


ပုပ္ပားတောင်ပေါ်ရှိ စစ်ကောင်စီစခန်း စီးနင်းခံရပြီးနောက် တောင်တက်ခွင့်ပိတ်
------------------
ပုပ္ပားတောင်ပေါ်ရှိ အရာခံဗိုလ်နှင့် တပ်သားတို့ကို ဒေသတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုက ဖမ်းဆီးခဲ့ပြီးနောက် တောင်တက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သည်။
ထိုအသံလွှင့်စက်ရုံနှင့် ဆက်သွယ်ရေးစခန်းတို့သည် အမြင်ပေ ၄,၀၀၀ ကျော်ရှိ ပုပ္ပားတောင်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

ပုံစာ -ပုပ္ပားတောင်ပေါ်ရှိ ထပ်ဆင့်အသံလွှင့်စက်ရုံနှင့် ဆက်သွယ်ရေးစခန်းတို့ကို ဝင်ရောက်စီးနင်းခဲ့သည့်
Myingyan Black Tiger(MBT)တပ်ဖွဲ့နှင့် Popa Guerilla Force (PGF) တပ်ဖွဲ့ဝင်များ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60066/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Dec, 09:47


ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းပြီးနောက် နိုင်ငံရေး အသာစီးရရန် AA ပြင်
---------------------
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ပေါ်ပေါက်နေပြီး တွေ့ဆုံညှိနှိုင်းရေးကို နှစ်ဘက်လုံးက လေသံပစ်နေသော်လည်း အလုပ်ဖြစ်မည့်ဆွေးနွေးပွဲပေါ်ပေါက်ရန် အလှမ်းဝေးနေသည်ဟု လေ့လာသူတို့က ဆိုသည်။

ပုံစာ - ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဂွမြို့ကို အာရက္ခတပ်တော် (AA) အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (ဓာတ်ပုံ- AA Info Desk)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60062/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Dec, 08:03


ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို စစ်ကောင်စီ လက်လွှတ်ရ
-----------------------
နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိသော ဂွမြို့ ထိုးစစ်တိုက်ပွဲအပြီး မြို့ကို အပြီးသတ် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း AA က ကြေညာရာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်မြို့ ၃ မြို့သာ ရှိတော့သည်ကို တွေ့ရသည်။

ပုံစာ -ဂွမြို့အဝင်တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- AA Info Desk)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60048/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Dec, 07:55


မဟာမုနိဘုရားကြီးကို ရခိုင်တို့ပြန်သယ်မှာလား
------------------------
ရခိုင်တို့အတွက် အလွန်ကြီးမားသော သမိုင်းအလှည့်အပြောင်းဖြစ်လာအပြီးတွင် ဒေသတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲများကို ဆက်လက် ရင်ဆိုင် ဖြေရှင်းရမည်ဖြစ်သည်။

ပုံစာ - ၂၀၀၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရသော မန္တလေးမြို့၊ မဟာမြတ်မုနိဘုရား။ (ဓာတ်ပုံ - EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60045/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

28 Dec, 13:57


မုံရွာတွင် ဆေးရုံတက်ခွင့် ငြင်းဆန်ခံရသည့်နိုင်ကျဉ်းတစ်ဦးသေဆုံး
--------------------
နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဖွဲ့စည်းစဉ်ပါဝင်ခဲ့သူတစ်ဦး မုံရွာတွင် ထိန်းသိမ်းခံရစဉ် သေဆုံးသွားသည်ကို လုပ်ဖော်ကိုင်ဘက်များက ခရစ်စမတ်အမှတ်တရ စာပို့ဆက်သွယ်စဉ် သိလိုက်ရသည်။

အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်မှုဖြင့် နှစ်ကြိမ်တိုင်တိုင်ဖမ်းခံခဲ့ရသည့် အဆိုပါ နိုင်ငံရေးအကျဉ်းသားသည် ၎င်းခံစားခဲ့ရသည့်ရောဂါအတွက် ဆေးကုသခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲများကငြင်းဆန်ခဲ့သည်ဟု နိုင်ကျဉ်းအရေး ကူညီပေးနေကြသူများကဆိုသည်။

ပုံစာ- မုံရွာမြို့မရဲစခန်းအချုပ်တွင် LGBTတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဆေးရုံတက်ရောက်ကုသခွင့်မရပဲ ရောဂါပြင်းထန်စွာဖြင့် ကျဆုံး ဒီဇင်ဘာလ(၂၆)၊၂၀၂၄၊ရန်ကုန်

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60042/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

28 Dec, 04:46


စစ်တပ်ပြိုလဲခြင်းနှင့် ပြည်တွင်းစစ်သမိုင်း အချိုးအကွေ့
------------------------------
အထင်ကြီးခံခဲ့ရသော၊ စစ်ပန်းနေသော၊ တရုတ်အကူအညီ ရနေသော စစ်တပ်သည် အဖွဲ့တချို့၏ အချိန်ကိုက် ထိုးစစ်ကို ရင်ဆိုင်ရစဉ် ချွတ်ခြုံကျပျက်စီးလာနေကြောင်း ၂၀၂၄ တွင် တွေ့လိုက်ရသည်။

ပုံစာ-ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) စခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်းဖြစ်သွားကြသူများထဲတွင် ထိပ်တန်းစစ်အရာရှိနှစ်ဦးလည်း ပါဝင်သည်။ ဒူးထောက်နေရသူများမှာ ဗိုလ်ကြီးအောင်စစ်နိုင်၊ နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ အရာခံဗိုလ် အေးသိန်းတို့ ဖြစ်သည်။ (ဓာတ်ပုံ - AA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60036/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

27 Dec, 11:06


သဘာ၀ဓာတ်ငွေ့ သိုလှောင်ဆိပ်ကမ်းဆောက်ရန် တရုတ်ကို စစ်ကောင်စီ ချဉ်းကပ်
---------------------------------
သဘာဝ ဓာတ်ငွေ့ သိုလှောင်၊ဖြန့်ဖြူးမည့်နေရာတစ်ခု တည်ဆောက်ရန် စစ်ကောင်စီက ဆွေးနွေးနေသည်မှာ ရေနံနှင့်ဓာတ်ငွေ့ကို ရခိုင်မှတရုတ်သို့ ပို့နေသည့် ကုမ္ပဏီ ဖြစ်သည်။

ပုံစာ-ဘယ်လ်ဂျီယံနိုင်ငံ ဆိပ်ကမ်းတစ်ခုတွင် တည်ဆောက်ထားသော gas terminal ခေါ် ဓာတ်ငွေ့ သိုလှောင်၊ ပြုပြင်၊ ဖြန့်ဖြူးသည့်နေရာတစ်ခုကို ၂၀၂၃ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ - EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60033/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Dec, 12:02


စစ်ကောင်စီက စက်တပ်လေထီးသုံးပြီး ဗုံးကြဲ၊ တောင်သာ ဒေသခံ၂ ဦး ဒဏ်ရာရ
************

တောင်သာမြို့ ကျေးရွာတစ်ရွာကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်တပ်လေထီးကို ပထမဆုံးအကြိမ် အသုံးပြုပြီး ဗုံးကြဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ပုံစာ- ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ပိုလန်နိုင်ငံတွင် အမျိုးသမီးတစ်ဦး စက်တပ်လေထီး မောင်းနှင်ပြီး မြေပြင်သို့ ပြန်ဆင်းလာပုံ။ (ဓာတ်ပုံ - EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60014/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Dec, 11:45


စစ်တပ်က မတ္တရာအနောက်ခြမ်းကျေးရွာများကို ထပ်မံမီးရှို့နေ
***************
တော်လှန်ရေးတပ်များ ပြန်ခြေမချစေရန် မြစ်ကမ်းဘေးကျေးရွာများကို စစ်တပ်က ဆက်တိုက်မီးရှို့နေ၍ ရွာရှိနေအိမ်များ ကုန်လုနီးပါး ဖြစ်နေပြီ ဟု ဒေသခံများက ဆိုကြသည်။

MDY-PDF ရှိသောနေရာနှင့် စစ်ကောင်စီထိန်းချုပ်ထားသောရွာများမှာ အလှမ်းသိပ်မဝေးဘဲ စစ်တပ်က သွားရောက်မတိုက်ခိုက်ဘဲ ဒေသခံများ ထွက်ပြေးသွားသော ရွာများကိုသာ အကြိမ်ကြိမ်ဝင်၍ မီးရှို့နေ သည်။

ပုသိမ်ကြီးနှင့်မတ္တရာအစပ်ရှိ ထန်းပင်ကုန်းရွာကို MDY-PDF က ထိန်းချုပ်လိုက်ပြီး စစ်တပ်အတွက် ဝါဒဖြန့် သူများက ထိုရွာမှ ဆုတ်ပေးလိုက်ကြောင်း ဝန်ခံထားကြသည်။

ပုံစာ- ဒီဇင်ဘာ ၈ ရက်နေ့တွင် မတ္တရာမြို့နယ် အနောက်ခြမ်း ဆင်ကုန်းရွာနှင့် ပိုဝ (မြောက်) ရွာတို့တွင် မီးများ လောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Wetlet Information Network)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60006/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Dec, 06:52


သပိတ်ကျင်းရှိ စစ်တပ် ပြန်ရသွားသောရွာကြီးအနီး ၅ ရက်ဆက် တိုက်ပွဲဖြစ်
--------------------
ဒီဇင်ဘာလဆန်းတွင် စစ်တပ် ပြန်လည်ရယူသွားသော တွင်းငယ်ကျေးရွာကို တော်လှန်ရေးတပ်များက ပြန်လည်ပိတ်ဆို့ထားသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး လေတပ်ကလည်း ဗုံး ၆ လုံး ကြဲချခဲ့သည်။

သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် ၃ တပ်က အင်အားများစုပေါင်းက ထိုးစစ်ဆင် ဖောက်ထွက်ရန် ကြိုးပမ်းနေရာ အနီးဝန်းကျင်မြို့များလည်း တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသဖြင့် စစ်တပ်က လေကြောင်းပစ်ကူကို အားပြုနေရသည်။

စစ်တပ်၏ တန်ပြန်ထိုးစစ်သည် တွင်းငယ်ရွာမှ အနီးဆုံး မိုင် ၂၆ မိုင်ကျော်အကွာမှ သပိတ်ကျင်းမြို့ကိုပင် ခြိမ်းခြောက်နိုင်ခြင်း မရှိသေး ပေ။

ပုံစာ- ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသည့် PLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-PLA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60001/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Dec, 06:26


ဆူနာမီလှိုင်းများကြား မေ့လျော့ခံ ထိုင်းရောက် မြန်မာအလုပ်သမားများ
-------------------------
ဆူနာမီ သဘာဝဘေးအန္တရာယ်ကြောင့် လူအများအပြား သေဆုံးခဲ့ရာ ထိုင်းတွင် နိုင်ငံစုံမှ အစိုးရများက ကိုယ်စားလှယ်လွှတ်ပြီး ဂရုစိုက်ခဲ့ကြသည်၊ ထောင်ချီသေဆုံးသော မြန်မာများအတွက် အစိုးရ မရှိခဲ့ပေ။

ပုံစာ -
ထိုင်းတောင်ပိုင်းဆူနာမီကြောင့် နိုင်ငံပေါင်းစုံမှ သေဆုံးသူများကို မြှုပ်နှံထားရာ ဖန်ငမြို့အနီးရှိ သင်္ချိုင်းရှေ့တစ်နေရာကိုတွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59990/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Dec, 05:55


စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်နေရသည့် စစ်ရှောင်များ
--------------------------
ဧရာ၀တီမြစ်ဘေး မြို့ရွာများမှ အိမ်မီးရှို့ခံရသူ၊ စစ်ရှောင်လာရသူတို့ ပိုမိုလုံခြုံဖွယ်ရှိသည့်နေရာသစ်တွင် ခိုလှုံနေကြစဉ် မလုပ်ဖူးသည့်အလုပ်များ လုပ်ကိုင်ကာ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59978/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Dec, 12:23


အမရပူရမြို့ပြစီမံကိန်းအတွက် ဒေသခံတို့၏မြေတွင် မောင်ဝိတ်၏ကုမ္ပဏီ မြေပြင်နေ
---------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ထိုးခဲ့ရကြောင်း ပြောဆိုခဲ့သည့် လုပ်ငန်းရှင် မောင်ဝိတ်ပိုင် ကုမ္ပဏီသည် မန္တလေးမြို့အနီး စီမံကိန်းတစ်ခုအတွက် မြေကွက်ပိုင်ရှင်များကို ဖိအားပေးနေသည်ဟု သိရသည်။

အကောက်အထည်ဖော်မည့် မြို့ပြစီမံကိန်းအတွက် မြေရှင်များ ထုတ်မရောင်းသေးသည့် မြေများပေါ်တွင် စီမံကိန်းစတင်ရန် မြေပြင်နေသည်ဟု သိရသည်။

မြေတစ်ဧကလျှင် ၂,၂၀၀ ထိ ဈေးပေါက်ခဲ့သော်လည်းကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းနေသည့် ယခုချိန်တွင် ကျပ်သိန်း ၁,၅၀၀ ဖြင့် ရောင်းချရန် ကုမ္ပဏီဘက်က တိုက်တွန်းနေသည်ဟုလည်း မြေပိုင်ရှင်တစ်ဦးက ပြောသည်။

ပုံစာ - နေပြည်တော်တွင် ပြုလုပ်သည့် မာရဝိဇယဘုရားအတွက် အလှူငွေပေးအပ်ပွဲတွင် စစ်ခေါင်းဆောင်နှင့် အတူတွေ့ရသည့် မောင်ဝိတ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59969/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Dec, 12:04


လောင်းလုံမြို့နယ်တွင် PDF နှင့် ကြည်းရေလေတပ် တိုက်ပွဲပြင်းထန်
------------------------

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ၃ ရက်ဆက်ဖြစ်နေသည့် လောင်းလုံမြို့တွင် ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

ထိုဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ခဲ့သော်လည်း ရက်ရှည်တိုက်ပွဲဖြစ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

ပုံစာ-တနင်္သာရီတိုင်း လောင်းလုံမြို့နယ်အတွင်းလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59966/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Dec, 05:39


အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေးအင်အားစု ယူသင့်သော ဆီးရီးယားသင်ခန်းစာ
---------------------------------------
ဆီးရီးယားနိုင်ငံတွင် ရုရှား၊ အီရန်တို့ ဝင်ကူနေသည့် အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းချေမှုန်းလိုက်သော ဖြစ်စဉ်တွင် သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာ များစွာ ရှိနေသည်။

အာဏာရှင် အာဆတ် ရုရှားသို့ ထွက်မပြေးရခင် ဆီးရီးယား၏ အခြေအနေသည် မြန်မာနိုင်ငံဖြစ်စဉ်နှင့်လည်း တူညီနေသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်အဖွဲ့များ NUG အစိုးရနှင့် ပိုမို ပူးပေါင်းလျှင် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ပိုရလာနိုင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59952/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

24 Dec, 13:03


ကွတ်ခိုင်တွင် KIA နှင့် MNDAA တပ်သားများ အငြင်းပွား ရန်ဖြစ်
-----------------------

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားအဖွဲ့နှစ်ခုမှ တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားကြသော်လည်း ခိုက်ရန်ဖြစ်ပွားစဉ် ပစ်ခတ်မှု မဖြစ်ဘဲ ထိုးကြိတ်မှုသာ ဖြစ်ခဲ့သည်ဟု သိရသည်။

KIA လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ကိုးကန့်တပ် MNDAA တပ်က ဖျက်ရာမှာ အငြင်းပွားခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ပုံစာ-KIA နှင့် MNDAA တပ်ဖွဲ့ဝင်များ အငြင်းပွားနေကြစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59949/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

24 Dec, 12:36


အမြန်လမ်းပေါ် နွားထိုးကြီး PDF တက်အပြီး လေတပ် ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး
----------------------------
အမြန်လမ်းပေါ် PDF များတက်ရောက်လှုပ်ရှားခဲ့သည်မှာ တစ်လအတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့အပြီး စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုဖြင့် တုံ့ပြန်ရာ ဒေသခံတချို့ ထိခိုက် သေဆုံးသွားသည်။

စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို သတင်းအမှောင်ချထားသော်လည်း စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် စစ်ကောင်စီကို သိက္ခာကျစေသော လုပ်ရပ်ဟု ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

တိုက်ခိုက်ခံရသောနေရာသည် စစ်တပ် တပ်ရင်းများနှင့် လေတပ်အခြေစိုက်ရာ မိတ္ထီလာမြို့နှင့် အလှမ်း မဝေးသော ခရီးဖြစ်ပြီး စစ်ခေါင်းဆောင်ကလည်း မကြာသေးခင်ကမှ လာရောက်ခဲ့သေးသည်။

ပုံစာ-နိုဝင်ဘာလဆန်းက တွေ့ရသည့် နွားထိုးကြီးအခြေစိုက် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Soe Aung Facebook)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59943/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

07 Dec, 07:06


မြန်မာ့မြေပေါ် ကျူးကျော်လာမည့် လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ
.................................................

အကြမ်းဖက်အုပ်စုဖြစ်လာသော စစ်ကောင်စီက တရုတ်ကို အားကိုးနေချိန်တွင် တရုတ်ကလည်း လက်နက်ကိုင်အဖွဲ့စေလွှတ်ရန် ပြင်ဆင်လာသဖြင့် အချုပ်အခြာအာဏာ စိန်ခေါ်ခံနေရပြီ ဖြစ်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59642/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Dec, 12:07


တပ်မြို့ဖြစ်သော ဗန်းမော်တွင် ထိုးစစ်ဆင်နေသည့် KIA နှင့်ပူးပေါင်းတပ်များ မြို့ထဲရောက်ရှိနေပြီး စစ်တပ်ကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ဖြင့် ခုခံနေသည်ဟု ဒေသခံတို့က ပြောသည်။

ပုံစာ- KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ယခုနှစ်လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Go Pal Rimal)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59639/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Dec, 10:26


တော်လှန်ရေးအဖွဲ့များ၏ ခေါင်းဖြတ်သတ်မှုနှစ်ခုကို စစ်ဆေးအရေးယူနေ
---------------------------
တော်လှန်ရေးအဖွဲ့များ ရန်သူနှစ်ဦးကို ခေါင်းဖြတ်မှုများ ပေါ်ပေါက်လာရာ မကွေးတိုင်းတွင် အမှုကို ထောင်ဒဏ် စီရင်လိုက်ပြီး မွန်ပြည်နယ်တွင် NUG လက်အောက်ခံအဖွဲ့၏ အမှုကိုစစ်ရန် ခုံရုံးဖွဲ့ထားသည်ဟု သိရသည်။

ပုံစာ- ရေးဘီလူးက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို မေးမြန်းစစ်ဆေးနေစဉ်။ (ဓာတ်ပုံ-ရေးဘီလူးရုပ်သံမှ Screenshot)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59629/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

06 Dec, 08:34


သပိတ်ကျင်းရှိ PLA သိမ်းထားသော စခန်းများကို စစ်ကောင်စီ ပြန်တိုက်ယူ
--------------------------
သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီ ၃ တပ်က အင်အားစုစည်း ထိုးဖောက်နေသလို လေကြောင်းပစ်ကူများကြောင့် တွင်းငယ်ကျေးရွာမှ စခန်းတချို့ကို စွန့်လွှတ်လိုက်ရသည်ဟု PLA က ပြောသည်။

ပုံစာ- ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသည့် PLA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-PLA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59624/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

05 Dec, 17:20


အလုပ်သမားများထံမှ ငွေကောက်မည့် ဘန်ကောက်သံရုံးအစီအစဉ် ကန့်ကွက်ခံနေရ
----------------------
ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးစဉ် စစ်ကောင်စီက ကြားဖြတ်ပြီး အခွန်ကောက်၊ အချက်အလက်ယူရန် ပြင်ဆင်ထားသော်လည်း လက်ခံလိုသူ မရှိပေ။

ထိုင်းအစိုးရက ကောက်ခံမည့် သက်တမ်းတိုးကြေးများအပြင် ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးက အလုပ်သမားတစ်ဦးလျှင် တစ်လ ဘတ် ၁၅၀ နှုန်းဖြင့် နောက်ကြောင်းပြန် အခွန်ကောက်ရန်၊ အမည်စာရင်းတင်ရာတွင် အလုပ်သမားတစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းကောက်ရန်စီစဉ်နေခြင်း ဖြစ်သည်။

ပုံစာ-၂၀၁၈ မတ် ၁၉ ရက်နေ့က တွေ့ရသည့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အလုပ်သမားမှတ်ပုံတင်ရုံးရောက် မြန်မာအလုပ်သမားများ (ဓာတ်ပုံ − EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59617/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

05 Dec, 12:22


နွားထိုးကြီးကို လေတပ်က ၄ ရက်ဆက် တိုက်ခိုက်၊ အရပ်သား ၈ ဦး သေဆုံး
-----------------------------------
မန္တလေးတိုင်းအတွင်း ကျေးရွာအများအပြားကို လေတပ်က ဗုံးကြဲတိုက်ခိုက်နေရာ သေဆုံးသူများထဲတွင် ၁၁ နှစ်အောက် ကလေးများလည်း ပါဝင်သည်။

ပုံစာ-၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က မိတ္ထီလာမြို့ လေတပ်စခန်းတွင် တွေ့ရသော စစ်ဗိုလ်ချုပ်များ။ (ဓာတ်ပုံ - စစ်ကောင်စီတပ်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59612/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

05 Dec, 11:24


အမေရိကန်နိုင်ငံသားရဟန်းကို အကြမ်းဖက်မှုအပါအဝင် ပုဒ်မ ၄ခုဖြင့် စစ်ကောင်စီ တရားစွဲ
--------------------------
အမေရိကန်နိုင်ငံသားခံယူထားသူ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းဦးဆောင်ဆရာတော်ဦးပညာဇောတသည် မြန်မာပြည်သို့ ခေတ္တပြန်ရောက်လာစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက်ခဲ့သည်ဟု ဆရာတော်နှင့်နီးစပ်သူများထံမှ သိရသည်။

သတင်းသုံးပတ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် အင်းစိန်ထောင်သို့ပို့ကာ အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အပါအဝင်အခြားအမှုများဖြင့် စစ်ကောင်စီကတရားစွဲလိုက်သည်။

ပုံစာ- ရန်ကုန်တွင် ဖမ်းဆီးခံထားရသူ ဦးပညာဇောတ။ (ဓာတ်ပုံ-ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59609/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

05 Dec, 11:01


မကွေးမှတဆင့် အမ်းသို့လာသည့်စစ်ကူများကို AA ၏မဟာမိတ် PRAတပ်က ကြားဖြတ်တိုက်ခိုက်
----------------------------------
ရခိုင်တပ် AA ၏ထိုးစစ်ကို ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှ စစ်ကောင်စီတပ်ထံ စစ်ကူသွားသည့် ရိက္ခာပို့ယာဉ်တန်းကို AA မဟာမိတ်တပ် PRA က ယမန်နေ့ ( ဒီဇင်ဘာ ၄) နေ့လယ်ပိုင်းက ရခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်း လမ်းမပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

AA ၏ထိုးစစ်သည် ရခိုင်မြောက်ပိုင်းမှ တောင်ပိုင်းအထိ ကူးဆက်လာခဲ့ပြီးနောက် စစ်ကောင်စီသည်
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားပြီး အမ်း - ပဒါန်းလမ်းကို လုံခြုံရေးတိုးမြှင့်ခဲ့သည်။

၆၄ မိုင်ကျော် ရှည်ပြီး တောတောင်လျိုမြောင်ထူထပ်သည့်ထိုလမ်းမသည် နှစ်ဖက်တပ်များအတွက် အရေးပါပြီး AA ၏အမ်းတိုက်ပွဲနှင့်အတူ ထိုလမ်းပိုင်းတွင်တပ်စွဲသည့် PRA အပါအဝင် ဒေသတွင်းတပ်များသည် စစ်ကောင်စီကိုမကြာခဏကြားဖြတ်တိုက်ခိုက်နေသည်။

ပုံစာ- PRA တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလဆန်းပိုင်းကတွေ့ရစဉ် (ဓါတ်ပုံ - PRA supporting team)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59606/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

05 Dec, 10:18


မန္တလေးရှိ အကြိမ်ကြိမ် တိုက်ခိုက်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်
...........................
မန္တလေးမြို့ထဲရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တို့က အနီးဝန်းကျင်ကို ပစ်ခတ်ကြသည်၊ ရပ်ကွက်အတွင်း လူငယ်များကို ဝင်ဖမ်းသည်ဟု သိရသည်။

ပုံစာ- အောက်တိုဘာလ ၂၃ ရက်နေ့တွင် မန္တလေးမြို့ရှိ စစ်တပ်အတားအဆီးများအနီး လမ်းလျှောက် လာသော အမျိုးသားတစ်ဦး။ (ဓာတ်ပုံ-AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59602/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 10:59


နတ်တလင်းတွင် လက်နက်ကြီးကြောင့် ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
--------------------------------

နိုဝင်ဘာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသတွင်း စစ်ရေး လှုပ်ရှားမှုများ ရှိလာကာ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ရွာများကို ပစ်ခတ်နေ၍ ဒေသခံများ ထိခိုက်သေဆုံးမှုရှိလာသည်ဟု PDF တပ်ဖွဲ့နှင့် ဒေသခံတချို့က ပြောသည်။

ပုံစာ- ပဲခူးအရှေ့ခြမ်း ညောင်လေးပင်ခရိုင် KNU နယ်မြေများအတွင်း နိုဝင်ဘာလကုန်က ကျရောက်ပေါက် ကွဲထားသော လက်နက်ကြီးအပိုင်းအစများ။ (ဓာတ်ပုံ-KNU)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59597/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 10:15


ဗန်းမော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်၊ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ခုခံ
-----------------------------------------------
ဗန်းမော်မြို့အနီးရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ(၄၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

တိုက်ပွဲပြင်းထန်နေသည့် နေရာများသို့ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟုသိရသည်။

ပုံစာ-ကချင်ပြည်နယ်ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲဝင်နေသည့် ကချင်တပ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59590/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 09:59


တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်သုံးပြီး ဇိမ်ခံသင်္ဘောဆောက်သည့် နယ်သာလန်ကုမ္ပဏီ ယူရို၁သိန်းခွဲ ဒဏ်ရိုက်ခံရ
----------------------------------------------------
မြန်မာ့ကျွန်းသစ်များ အသုံးပြုပြီး ဇိမ်ခံသင်္ဘောတည်ဆောက်ပေးခဲ့သည့် နယ်သာလန်ကုမ္ပဏီတစ်ခု ယူရိုငွေ ၁၅၀,၀၀၀ဒဏ်ရိုက်ခံလိုက်ရသည်။

Oceanco ကုမ္ပဏီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင် အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဘီလျံနာသူဌေး (Jeff Bezos) ဂျက်ဖ်ဘီ ဇို့စ်ကို Koru အမည်ရှိ ဇိမ်ခံသင်္ဘော တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ပုံစာ- မြန်မာ့ကျွန်းသစ်ထုတ်လုပ်သော လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ -EIA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59586/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 08:08


စစ်ခေါင်းဆောင်တက်မည့်ဗိုလ်သင်တန်းဆင်းပွဲအတွက် ပြင်ဦးလွင်တွင်လုံခြုံရေးတင်းကျပ်
----------------------------------------
ယခင်နှစ်များနည်းတူ ယခုနှစ်ဗိုလ်သင်တန်းဆင်းပွဲများကိုလည်း စစ်ခေါင်းဆောင် တက်မည်ဟု သတင်းများ ထွက်နေပြီး ပြင်ဦးလွင်သို့ ဝင်ရာလမ်းကြောင်းအားလုံးကို စစ်တပ်ကလုံခြုံရေးအင်အား အများအပြားတိုးချထားသည်။

ပုံစာ- ယခုနှစ် အောက်တိုဘာ ၂၄ ရက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် (DSA) ရှေ့တွင် တွေ့ရသော မြန်မာဘုရင်ရုပ်တု ၃ ခု။ (ဓာတ်ပုံ-AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59578/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 07:11


စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်လက်များ လွဲမှားမှုရှိကြောင်း စစ်ခေါင်းဆောင် ဝန်ခံ
-----------------------------------
မြန်မာ့စီးပွားရေးတိုးတက်နေသည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူ စစ်ခေါင်းဆောင်က စီးပွားရေးအချက်အလက်များသည် မြေပြင်နှင့်ကွဲလွဲနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ဝါများ ပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်လက်များအရ သိရသော်လည်း ပြည်ပသို့ တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ် တင်ပို့ထားသည့်အချက်အလက်များ ကွဲလွဲနေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ပုံစာ- နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် တွေ့ရသော စစ်ခေါင်းဆောင်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59574/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

04 Dec, 04:40


စစ်ခေါင်းဆောင်နှင့် ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌတို့ ရွေးကောက်ပွဲလုပ်ရန်ဆွေးနွေး
-------------------------------------------------
စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ရန် စိုင်းပြင်းနေရာ ရုရှားနိုင်ငံက ကျောထောက်နောက်ခံပေးထားသည်ကို တွေ့ရသည်။

​ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool နှင့် စစ်ခေါင်းဆောင်တို့ ဆွေးနွေးရာတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။

Mr. Sholban Kara-Ool သည် ယမန်နှစ် မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီ ကြံရွယ်နေသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ပရန် ကူညီမည်ဟု စစ်ခေါင်းဆောင်ကို ကတိပေးထားဖူးသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကုလ လူ့အခွင့်အရေးကောင်စီက (UNHRC) အပြင်းအထန်ကန့်ကွက်ထားပြီး အတုအယောင် ရွေးကောက်ပွဲသာဖြစ်လိမ့်မည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ရုရှားလွှတ်တော်ဒုဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ရောက်လာရာ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးက သွားကြိုခဲ့ပြီး ညနေပိုင်း ရန်ကုန်လေဆိပ်မှ နေပြည်တော်သို့ သွားရောက်ရာတွင်လည်း ဦးခင်မောင်စိုး လိုက်ပါ ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။

ပုံစာ − စစ်ခေါင်းဆောင်နှင့် ရုရှားလွတ်တော် ဒုတိယဥက္ကဋ္ဌတို့ ဒီဇင်ဘာ ၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59569/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Dec, 17:22


TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့ ဗုံးကြဲခံရမှု ၆ လောင်းသာ ကောက်ယူနိုင်
-------------------------------
ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသည်ဟု ကမ်းလှမ်းထားသည့် တအာင်းတပ် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ကို လေတပ်က ဗုံး ၂ လုံးကြဲချပြီး တုံ့ပြန်ခဲ့သည်။

လေတပ် လက်ချက်ကြောင့် သေဆုံးသူ ၁၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရပြီး ရုပ်အလောင်း ၆ ခုကို ကောက်ယူ သင်္ဂြိုဟ်နိုင်ခဲ့သည်၊ ရုပ်အလောင်းတချို့ကို ရှာဖွေစဉ် ခန္ဓာကိုယ်အစိတ်အပိုင်းများသာ တွေ့ရှိသည်ဟု ဆိုသည်။

ပုံစာ- ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်မှ အလောင်းတစ်လောင်းကို ဒီဇင်ဘာ ၁ ရက်က သယ်ယူလာစဉ်။ (ဓာတ်ပုံ-နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59564/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Dec, 13:54


ရေလုပ်သားများ လွတ်မြောက်ရေး ထိုင်းကူညီရမည်ဟု မြန်မာတချို့တောင်းဆို
------------------------------------
စစ်ကောင်စီတပ်က မြန်မာရေလုပ်သားတို့ကို ဖမ်းဆီးမှုမှာ ထိုင်းအလုပ်ရှင်၏လုပ်ငန်း ဆောင်ရွက်ချိန်အတွင်း ဖြစ်သည်၊ အလုပ်သမားတို့လုံခြုံရေးမှာ ထိုင်းအစိုးရ တာဝန်ဖြစ်သည်ဟု ထောက်ပြနေကြသည်။

ပစ်ခတ်ဖမ်းဆီးသဖြင့် မြန်မာတစ်ဦး၊ ထိုင်းတစ်ဦး သေဆုံးသည်ဟု သိရသည်။

စစ်ကောင်စီကမူ ပစ်ခတ်မှုမရှိဟု ဆိုသည်။ ဖမ်းထားသူတို့ကို စစ်ဆေးရဦးမည်ဟုလည်း ဆိုသည်။

ပုံစာ-မြန်မာရေတပ်၏ ပစ်ခတ်မှုတွင် ဒဏ်ရာရသူ တစ်ဦးအား ရနောင်းဆိပ်ကမ်း၌ သယ်ဆောင်လာသည် ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့စဉ်။ (ဓာတ်ပုံ-AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59560/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Dec, 08:02


လွိုင်ကော်-ဆီဆိုင်လမ်းတွင် ခရီးသွားသံဃာများ ပစ်ခတ်ခံရ၊ တစ်ပါးပျံလွန်
------------------------------------
သံဃာ ၅ ပါး၏ မော်တော်ယာဉ် လွိုင်ကော်-ဆီဆိုင်လမ်းတွင် ပစ်ခတ်ခံရပြီးနောက် အသက်ရှင်ကျန်ရစ်သူတို့ တိတ်ဆိတ်လျက် ရှိသည်။

စစ်ကောင်စီကထိုတိုက်ခိုက်မှုသည် KNDF နှင့် PDF လက်ချက်ဟုဆိုပြီး KNDF ကတော့ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO) ၏လက်ချက်ဟု တုံ့ပြန်ထားသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း အထင်ကရ ဆရာတော်တစ်ပါး မန္တလေးတိုင်း ငါးဇွန်မြို့နယ်၌ ပစ်သတ်ခံထားရသည်။

ပုံစာ-ပစ်ခတ်ခံရပြီး တွေ့ရသည့် ထီးစဲခါးကျောင်းတိုက်ဆရာတော်များ၏ မော်တော်ယာဉ် မှတ်တမ်းဓာတ်ပုံကို အွန်လိုင်း အသုံးပြုသူ အများအပြားက မျှဝေနေကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59552/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

03 Dec, 06:45


သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီတပ် ၃ ခု ပြန်ထိုးဖောက်ရန် ကြိုးပမ်းနေ
-------------------------------------
စဉ့်ကူးနှင့် သပိတ်ကျင်းမြို့ဘက်မှ ဆုတ်လာသောတပ်များ စခန်း ၃ ခုတွင် စုစည်းကာ လေကြောင်းပစ်ကူသုံးပြီး လှုပ်ရှားနေသဖြင့် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသည်။

လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူများကြောင့် တိုက်ပွဲအနီးကျေးရွာများမှ ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့သည်။

သပိတ်ကျင်းမြို့ပေါ်ကို NUG တပ်များက ဩဂုတ်လ နောက်ဆုံးပတ်က သိမ်းထားသော်လည်း အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ စစ်စခန်းတစ်ခုနှင့် လျှပ်စစ်အင်ဂျင်နီ ယာတပ်တစ်ခုတို့ ကျန်ရှိသည်။

ပုံစာ-
၁၀၂၇ စစ်ဆင်ရေးမှ အညာဒေသသို့ပြန်လာသော PLA တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-PLA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59543/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

02 Dec, 13:25


အင်းစိန်ထောင်တွင် သေဒဏ်ကျခံထားရသည့် CDM ရေတပ်သား နိုင်ကျဉ်းသေဆုံး
-------------------------------------
အာဏာသိမ်းပြီးနောက် အစောဆုံး CDM လုပ်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့်
သံလျင်ရေတပ်စခန်းမှ အသက် ၃၄ နှစ်အရွယ် တပ်သား ကိုပြည့်စုံဦးသည် ကျောက်ကပ်ရောဂါဖြင့် အင်းစိန်ထောင်တွင်း ကွယ်လွန်သွားသည်။

သူစစ်ကောင်စီကိုကျောခိုင်းခဲ့ခြင်းကြောင့် တပ်ပြေးသည့် အကြောင်းပြချက်ဖြင့် စစ်ခံရုံးက တပ်မတော်အက်ဥပဒေပုဒ်မ ၃၇ ၊ ၃၂ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည တို့ဖြင့် ၂၀၂၃ စက်တင်ဘာတွင် သေဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59538/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

27 Nov, 10:07


အာဏာသိမ်းပြီးနောက် ‘ဝ’နှင့်လားဟူတပ် ထိန်းချုပ်ရာ မယ်ဆိုင်မြစ်ဖျား၌ ရွှေတူးဖော်မှုတိုးချဲ့နေ
--------------------------------
အာဏာသိမ်းပြီးနောက်တွင် UWSA ‘ဝ’ တပ်နှင့် ‘ဝ’တပ်ဖွဲ့နှင့် လားဟူလက်နက်ကိုင်တပ်ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများ အကြီးအကျယ်တိုးချဲ့လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆိုသည်။

ရွှေတူးဖော်ရာတွင့် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် စွန့်ပစ်မြေများကို မြစ်ချောင်းထဲတွင် ပြန်စွန့်ပစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်းထိုအဖွဲ့က ထောက်ပြထားသည်။

ပုံစာ- မြေပုံ - ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59491/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

27 Nov, 10:02


ဖလမ်းမြို့၊လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကိုစစ်ကောင်စီ ဗုံးကြဲ၊ ၆ ဦးသေဆုံး
--------------------------------------
တိုက်ပွဲများပြင်းထန်နေသော ဖလမ်းမြို့အနီး လူနေကျေးရွာရှိ ဆေးပေးခန်းအပေါ်ကို စစ်လေယာဉ်က ယမန်နေ့တွင် ဗုံးနှစ်လုံး ကြဲချခဲ့သည်။

မိုင် ၂၀ ကျော်အကွာရှိ ဖလမ်းမြို့ပေါ်တွင် နိုဝင်ဘာ ၉ ကတည်းက တိုက်ပွဲများပြင်းထန်နေပြီး မြို့ခံ လူ တစ်သောင်းကျော် စစ်ရှောင်နေရသည်။

စစ်ကောင်စီလေတပ်သည် အရပ်သားပစ်မှတ်များကိုသာမက ဘာသာရေးအဆောက်အဦများ၊ ကျန်းမာ ရေးစောင့်ရှောက်မှုနေရာများကိုလည်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်တွင် စစ်လေယာဉ်များက အကြိမ်ရေ ၅၀၀ ကျော်တိုက် ခိုက်ခဲ့ရရာ ကလေးများ အပါအဝင် ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။

ပုံစာ- ယခုနှစ် ဧပြီလကုန်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို လေကြောင်း တိုက်ခိုက်မှုအပြီး တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ပြည်ကျော်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59487/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

26 Nov, 10:55


မြန်မာ့ကျွန်းသစ်ဝယ်သုံးသည့် ဗြိတိန်ဇိမ်ခံသင်္ဘောကုမ္ပဏီ ဒဏ်ရိုက်ခံရ
---------------------------------------
စစ်ကောင်စီ ဝင်ငွေရစေသည့် မြန်မာ့ကျွန်းသစ်ဝယ်ယူခဲ့သော ကုမ္ပဏီတစ်ခုကို ဗြိတိန် တရားရုံးတစ်ခုက ဒဏ်ရိုက်လိုက်သည်။ နောင်ကျဉ်စေရန် ဒဏ်ငွေများများချသင့်သည်ဟု စုံစမ်းရေးအဖွဲ့က ဆိုသည်။

ဗြိတိန်အခြေစိုက် ဇိမ်ခံသင်္ဘောများတည်ဆောက်ထုတ်လုပ်နေသော နာမည်ကြီး Sunseeker International ကုမ္ပဏီသည် တင်သွင်းရန်တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်များ တင်သွင်းကာ ဇိမ်ခံသင်္ဘောများ တည်ဆောက်ရာတွင် အသုံးပြုခဲ့ခြင်းကြောင့် စတာလင်ပေါင် ၃ သိန်းခွဲကျော် ဒဏ်ရိုက်ခံခဲ့ရသည်။

ပုံစာ-မြန်မာ့ ကျွန်းသစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- EIA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59473/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Nov, 15:06


နယ်စပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့ပြော
---------------------------------------
နယ်မြေအငြင်းပွားနေသည့်နေရာမှ စစ်စခန်းများဆုတ်ခွာပေးရန် ထိုင်းစစ်တပ်၏ တောင်းဆိုမှုကို UWSA ‘ဝ’ တပ်ဖွဲ့ကငြင်းဆိုထားသည်။

ပုံစာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ-EPA

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59432/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Nov, 12:04


တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့်
-----------------------------------
မူဆယ်မြို့နယ်စပ်ဂိတ်ကို တရုတ်က အကန့်အသတ်နှင့် ဖွင့်ပေးလိုက်ရာ တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးမြှုပ်နှံထားသည့် စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူရန် အခွင့်အရေး ရသွားသည်။

ကြံနှင့် ပြောင်းသီးနှံကိုသာ သယ်ခွင့်ရမည်၊ ကုန်တင်ကားများ စက်သုံးဆီ အပိုသယ်ဆောင်ခြင်း မပြုနိုင်ရန် တရုတ်က စောင့်ကြည့်နေသည်ဟု ဆိုသည်။

တရုတ်က စစ်ကောင်စီကိုတိုက်နေသော အဖွဲ့များကို ဖိအားပေးသည့် အနေဖြင့် စက်သုံးဆီ အပါအဝင် နယ်စပ် ကုန်စည် စီးဆင်းမှုကို အကြီးအကျယ် ပိတ်ဆို့ထားသည်။

ပုံစာ-တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တစ်ခုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59416/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Nov, 07:31


(လေ့လာသုံးသပ်ချက်ဆောင်းပါးရှည်)
တရုတ်၏ မြန်မာမူဝါဒ မျှခြေပျက်ယွင်းခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ
----------------------
တရုတ်ခေါင်းဆောင်များအတွက် မြန်မာအရေးအပေါ် ပြတ်ပြတ်သားသား မူဝါဒချမှတ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ရာ၊ စစ်တပ်၏ မြန်မာ့နိုင်ငံရေးကို လွတ်လပ်ရေးရချိန်ကတည်းက ပါဝင် ပတ်သက်လာမှုနှင့် စစ်တပ်ပြိုလဲပါက နိုင်ငံပြိုကွဲနိုင်သည်ဟု ယုံကြည်မှုက နောက်ဆုံးတွင် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဆက်ဆံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ခေါင်းဆောင်များ၏ အဆိုပါ မူဝါဒ ရွေးချယ်မှုနောက်ကွယ်တွင် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားများ ကာကွယ်ရေးက အဓိက အကြောင်း တရားအဖြစ် ပါဝင်ပတ်သက်နေပါသည်။
ပြည်တွင်းစစ်အကြား တရုတ်၏ မြန်မာ့တွင်းထွက်သယံဇာတ ကုန်သွယ်ရေးအကျိုးစီးပွားဤဆောင်းပါးအတွက် တရုတ်ခေါင်းဆောင်များ၏ မူဝါဒ ရွေးချယ်မှု နောက်ကွယ်မှ မြန်မာနိုင်ငံအတွင်း တရုတ် အကျိုးစီးပွားကို လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ရန် ကြိုးပမ်းထားပါသည်။

ထို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ့တွင်းထွက်သယံဇာတများကို တရုတ်နိုင်ငံက တူးဖော်ထုတ်ယူတင်သွင်းခဲ့သော အခြေအနေ ကို တရုတ်အစိုးရ အကောက်ခွန်ဌာန မှ ထုတ်ပြန်ခဲ့သည့် သွင်းကုန်ဆိုင်ရာအချက်အလက်များထဲမှ ခြေရာခံ ရှာဖွေဖော်ထုတ်ခဲ့ရာ၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃နှစ်နှင့် ၉လ ကာလအတွင်း မြန်မာ့ သယံဇာတ ၁၃မျိုး နှင့် သဘာဝ ဓာတ်ငွေ့ သွင်းကုန်တန်ဖိုးများကို ကိန်းဂဏန်းအထောက်အထားများနှင့်တကွ လေ့လာတင်ပြသွားပါမည်။

သတင်းအပြည့်အစုံဆက်လက်ဖတ်ရှုရန်
https://myanmar-now.org/mm/news/59378/

Myanmar Now

22 Nov, 12:13


မတ္တရာတွင် အထိနာနေသော်လည်း စစ်တပ် ဆက်လက် ထိုးဖောက်နေ
---------------------------------

စစ်ကြောင်းနှစ်ခုက မတ္တရာမြို့ မြစ်ကမ်းဘေးရွာများကို ၅ ရက်ကြာ ဝင်မွှေနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည်။

ကြည်း၊ ရေ၊ လေတပ်များသုံးပြီး ထိုးဖောက်နေသော ထိုမြို့တွင် စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးသည်ဟု PDF က သတင်းထုတ်ပြန်ထားသော်လည်း စစ်တပ်ကမူ သတင်းအမှောင်ချထားသည်။

ပုံစာ-အောက်တိုဘာလအတွင်း စဉ့်ကူးဒေသ၌ တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59370/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

22 Nov, 08:31


တနင်္သာရီတိုင်း ပြည်ထောင်စုလမ်းမတွင် စစ်ကောင်စီစစ်ကြောင်းထိုး
------------------------------------

တော်လှန်ရေးတပ်များ အခြေစိုက်သည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီက နယ်မြေစိုးမိုးရန် စစ်ရေးလှုပ်ရှားနေရာ တော်လှန်ရေးအင်အားစုကလည်း ခုခံရန်ပြင်ဆင်ထားသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ကုန်စည်စီးဆင်းမှု တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေသို့ ဖြတ်သန်းနေသည်ကို စစ်ကောင်စီက မလိုလားခြင်းကြောင့် နယ်မြေစိုးမိုးရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟုလည်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။

ပုံစာ-မြိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59366/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

21 Nov, 11:18


စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်
========
စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။
သန်းခေါင်စာရင်းကောက်ရန်အပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် ကနဦးစီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရကငွေစိုက်ထုတ်မည်ဟု သိရသည်။
ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင်တပ်ဆင်မည့် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များကို တရုတ်ထံမှ အကူအညီရရန်လည်း စစ်ကောင်စီက ကြိုးစားနေသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59339/

Myanmar Now

21 Nov, 09:46


တရုတ်−မြန်မာနယ်စပ် ကုန်သွယ်စခန်း အားလုံးနီးပါး တော်လှန်ရေးအဖွဲ့များထိန်းချုပ်
--------------------------------------
ကချင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်(၁၀၅)မိုင်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုင်တည်၊ ကျိုင်းတုံ-မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်းများကို တော်လှန်ရေးတပ်များ ထိန်းချုပ်နေသည်။

နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီအခြေစိုက် စခန်းများမရှိတော့ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကို နယ်မြေစိုးမိုးထားသည့်တိုင်းရင်းသား တော်လှန်ရေးအင်အားစုက လုံးလုံးလျားလျား စီမံခန့်ခွဲခွင့် ရသွားသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ထိုကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅ ဘီလျံကျော်ရှိသည်ဟု စစ်ကောင်စီ၏ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
သို့သော် နယ်စပ်ဂိတ် တစ်ခုပြီးတစ်ခုလက်လွှတ်နေရသည့်စစ်ကောင်စီသည် ယခုနှစ်လယ်မှစကာ ကုန်သွယ်ရေးကိန်းဂဏန်းများ ပုံမှန်ထုတ်ပြန်ခြင်းမရှိတော့ပေ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59334/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

20 Nov, 16:42


ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်၊ ကချင်အထူးဒေသ(၁) တစ်ခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်
----------------------------------------
KIA နှင့် PDF များကို ချေမှုန်းမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီဩဇာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်အုပ်ချုပ်သည့် ကန်ပိုက်တည်မြို့ကို KIA က ယနေ့သိမ်းပိုက်လိုက်သည်။

KIA ထိုးစစ်ကို ခုခံနေသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်အများစုမှာ တရုတ်နိုင်ငံအတွင်း ထွက်ပြေးသွား သည်ဟု မြို့ခံများက ဆိုသည်။

ပုံစာ- လိုင်ဇာမြို့တစ်နေရာတွင် စစ်ရေးပြနေသည့် KIAတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်က တွေ့ရစဉ်

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59327/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

20 Nov, 09:19


ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် TNLA တပ်တို့ အပြန်အလှန် ကုန်စည်ပိတ်ဆို့
---------------------------------------------------

တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့် နယ်စပ်မြို့များကို စစ်ကောင်စီနှင့်တရုတ်တို့က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားချိန်တွင် တအာင်းတပ် TNLA ကလည်း စစ်ကောင်စီဆက်လက်ထိ န်းချုပ်တားသည့် တရုတ်နယ်စပ်မြို့ မူဆယ်သို့ စက်သုံးဆီများမရောက်ရှိရန် တန်ပြန်ပိတ်ပင်ခဲ့သည်။

ပုံစာ- ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်က မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ -AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59312/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

20 Nov, 09:04


နောင်ချိုမြို့တောင်ဘက်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို TNLA နှင့် MDY-PDF ပူးပေါင်းခုခံနေ
------------------------------------------------
စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းနှင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ သွားရာလမ်းတွင်ရှိသည့် ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ စစ်ရေးတင်းမာနေသည်ဟု TNLAနှင့်နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပုံစာ-နိုဝင်ဘာ၁၈နှင့်၁၉ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအနီး ဆင်းရွှေလီသကြားစက်ရုံ ဗုံးကြဲခံထားရအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ − TNLA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59307/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Nov, 11:24


ဝေါမြို့နယ်တွင် မြှုပ်ထားသည့် လက်နက်များတွေ့မှုဖြင့် ဒေသခံနှစ်ဦး ဖမ်းဆီးခံရ
------------------------------------
တော်လှန်ရေးတပ်ဖွဲ့ဝင်များ တည်းခိုခဲ့သည့်နေရာအနီး လက်နက်များ တွေ့ရှိသည်ဟုဆိုကာ လယ်တဲပိုင်ရှင် နှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရသည်။

ပုံစာ- ၂၀၂၁ မတ်လက ရန်ကုန်တွင် တွေ့ရသည့် စစ်ကောင်စီလက်နက်ကိုင်များ။ (ဓာတ်ပုံ - Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59299/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Nov, 11:11


အမေရိကန်နိုင်ငံသားရဟန်း ရန်ကုန်တွင် အဖမ်းခံရသဖြင့် မိတ်ဆွေများ စိတ်ပူနေ
-------------------------------------

မင်္ဂလာဒုံမြို့နယ် သိမ်ကျောင်း ပန္နက်တင်ပွဲအတွက် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည့် အမေရိကန်နိုင်ငံသား နိုင်ကျဉ်းဟောင်း ဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါရှိပြီဖြစ်သည့် ဆရာတော်ကို ဖမ်းဆီးထားသည်မှာ ရက်သတ္တပတ်ကြာသည့်တိုင် ဆရာတော်နှင့် အဆက်အသွယ်မရသေးပေ။

ပုံစာ- ရန်ကုန်တွင် ဖမ်းဆီးခံထားရသူ ဦးပညာဇောတ။ (ဓာတ်ပုံ-ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59296/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Nov, 10:05


မူးမြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ် သောင်းကျန်းနေ
----------------------------------
ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံသည့်နေရာတွင် စစ်တပ်၏ စစ်ကြောင်းနှစ်ခုက အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု သိရသည်။

အသတ်ခံရသူတစ်ဦးမှာ စိတ်ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။

ပုံစာ- ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး မူးမြစ်ဝန်းကျင်အနီး ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ (ဓာတ်ပုံ - ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59293/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Nov, 08:14


စစ်ကိုင်း-ကချင်နယ်စပ်ရှိ စစ်ကောင်စီစခန်း၊ ရှမ်းနီစခန်းတို့ကို KIA သိမ်း
------------------------------------
ဟုမ္မလင်းမြို့နယ်အတွင်း KIA ထိုးစစ်ကို လေကြောင်းတိုက်ခိုက်မှု အားပြုပြီး ခုခံသော်လည်း စစ်ကောင်စီနှင့် ရှမ်းနီတပ်တို့က စခန်းတစ်ခုစီ လက်လွှတ်လိုက်ရသည်။

ပုံစာ-KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မြတ်ပန်း)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59290/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Nov, 07:50


တိုက်ပွဲဖြစ်နေသည့် သပိတ်ကျင်းကို လေတပ်ဗုံးကြဲ၊ ၆နှစ်သမီးနှင့် မိခင်ဖြစ်သူတို့ သေဆုံး
-------------------------------------------
တော်လှန်ရေးတပ် သိမ်းထားသည့် တွင်းငယ်ကျေးရွာကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီး ဗုံးကြဲရာ စစ်ရှောင်ရာမှ အိမ်သို့ ခေတ္တပြန်လာသည့် သားအမိနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။

ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သပိတ်ကျင်းမြို့ရှိ နေအိမ်အချို့ကို ၂၀၂၄ နိုဝင်ဘာလ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ −PLA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59287/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

18 Nov, 10:39


မြင်းခြံတွင် စစ်တပ် စစ်ကြောင်းထိုးလာ၍ PDF နှင့် တိုက်ပွဲ ပြင်းထန်နေ
--------------------------------------
အမျိုးသမီးတစ်ဦး ဦးဆောင်သည့် ပြည်သူ့စစ်များနှင့်အတူ စစ်တပ်က မြင်းခြံမြို့တွင် ရွာစဉ်လှည့်နေသဖြင့် ပြင်းထန်သည့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားလျက်ရှိသည်။

မန္တလေးတိုင်းအတွင်း မြင်းခြံခရိုင်သာမက မတ္တရာနယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် က ၎င်း၏ အားသာချက်ဖြစ်သော လေတပ်၊ ရေတပ်ကို ထိုတိုက်ပွဲများတွင် အသုံးပြုနေသည်။

ပုံစာ - ယခုနှစ် ဩဂုတ်လက ထုတ်ပြန်ထားသော မြင်းခြံခရိုင် အမှတ် (၉) ပြည်သူကာကွယ်တပ်မတော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ဗိုလ်မိုက်ခဲ Facebook)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59277/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

18 Nov, 09:19


ကိုးကန့် ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ
----------------------------------
လားရှိုးမှပြန်လည်ဆုတ်ခွာရန် ငြင်းဆန်နေသည့် ကိုးကန့်တပ် MNDAA ၏ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု တော်လှန်ရေးတပ်များနှင့် MNDAA နှင့်နီးစပ်သူများကဆိုသည်။

ဖုန်တာရွှင်ကို တရုတ်အစိုးရက ၎င်းတို့၏ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန်ဟုဆိုကာ ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံသို့ ယူနန်ပြည်သို့ ဖိတ်ကြားခဲ့ပြီးနောက် ပြန်မလွှတ်တော့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် MNDAA အပါအဝင် တရုတ်နယ်စပ်မှ လူမျိုးစုတပ်များကို စစ်ကောင်စီကိုဆက်လက်တွန်းလှန်ခြင်း မပြုရန်၊ NUG နှင့်အဆက်အသွယ်ဖြတ်ရန် ဆက်တိုက်ဖိအားပေးနေခဲ့သည်။

လားရှိုးကိုစစ်ကောင်စီလက်ထဲ ပြန်မထည့်ပေးပါက ဖုန်တာရွှင်၏တပ်ဖွဲ့ကို ခြေမှုန်းပစ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59268/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Nov, 11:34


ပဲခူးတွင်လမ်းသွားလမ်းလာများကို စစ်တပ်ကဖမ်းကာစစ်သင်တန်းပို့
--------------------------------
ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့လမ်းဆုံတွင် စခန်းချထားသည့်စစ်ကောင်စီ၏လုံခြုံရေးကင်းစခန်းသည် လမ်းသွားလမ်းလာ လူငယ် ၂၅ ဦးထက်မနည်းကိုဖမ်းဆီးပြီး ပန်းတောင်းမြို့အမြှောက်တပ်ထဲသို့ ပို့ဆောင်ခဲ့သည်ဟုပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုကပြောသည်။

ပုံစာ-စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့ရှိ စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ယနေ့ (ဧပြီ ၈ နံနက်ပိုင်းက ပြုလုပ််စဉ်။ (ဓာတ်ပုံများ - စစ်ကောင်စီမီဒီယာ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59230/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Nov, 10:47


အချိန်ပိုဆင်းရန်ငြင်းဆန်၍ အလုပ်သမားအခွင်းရေးတောင်းဆိုသူများ အလုပ်ထုတ်ခံရ
------------------------------
ရန်ကုန်မြို့အခြေစိုက် Charis Co., Ltd စက်ရုံတွင် အချိန်ပိုဆင်းရန် ငြင်းဆန်သည့် အလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အောင်တိုဘာ ၃၀ ညနေပိုင်းတွင် ကုမ္ပဏီဒါရိုက်တာက ‘မပြန်ရဘူး’ ဟုဆိုကာ လက်မောင်းဆွဲ၍ ဆောင့်တွန်းခဲ့ကြောင်း အလုပ်သမားများဘက်က စွပ်စွဲထားသည်။

ယင်းအဖြစ်အပျက်တွင် ကျူးလွန်သူကိုအရေးယူပေးရန် စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် နိုဝင်ဘာ ၆ ရက်မှစ၍ ယနေ့ချိန်ထိ စက်ရုံထဲတွင်သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသည်။ စက်ရုံဘက်က တောင်းဆိုချက်ကို မလိုက်လျှောဘဲ အလုပ်သမားများကို အလုပ်ထုတ်ပစ်ခဲ့သည်ဟုဆိုသည်၊

တစ်ချိန်တည်းတွင် စက်ရုံပြင်ပ၌ သပိတ်စခန်းဖွင့်၍ အခွင့်ရေးတောင်းဆိုသည် အလုပ်သမားများကို နယ်မြေပိုင်ရဲစခန်းက အချုပ်ကားများဖြင့်လာရောက်ကာ ဖမ်းဆီးမည်ဟု ခြမ်းခြောက်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများကဆိုသည်။

ပုံစာ-ထုတ်ပယ်ခံရသည့် အလုပ်သမားများကို ခြွင်းချက်မရှိပြန်ခန့်ရန်၊ ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အလုပ်ထုတ်ရန်အပါဝင် အချက် ၁၈ ချက်တောင်းဆိုထားသည်

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59225/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Nov, 10:17


မြို့သိမ်းခံရလုနီးပါး တိုက်ခိုက်ခံရပြီးနောက် ပုလဲမြို့နှင့် အနီးဝန်းကျင်ရွာများကို စစ်တပ်မီးရှို့နေ
-------------------------------------------

ပုလဲမြို့တွင်း ၄ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်သွားချိန် မြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ပုလဲမြို့သို့ဝင်ရောက်နိုင်သည့် ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် အထိနာသွားသည့် စစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်မှုအပြင် စစ်ကူအင်အား ၁၀၀ နီးပါး ဖြည့်တင်းကာ စစ်ကြောင်းပြန်ထိုးကာ မီးရှို့နေခြင်းကြောင့် ဒေသခံ သောင်းနှင့်ချီ တိမ်းရှောင်နေရသည်။

ပုံစာ-မြို့သိမ်းတိုက်ပွဲကြောင့် ပုလဲမြို့နှင့်အနီးတဝိုက်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59221/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Nov, 07:14


လေကြောင်းရန်ကြောင့် မိုးကုတ်မြို့တွင် လူစုလူဝေးရှောင်ရန်နှင့် ဆက်သွယ်ရေးလုပ်ငန်းအချို့ ရပ်ထားရန် TNLA တားမြစ်
--------------------------------

TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီးနောက် လူစုလူဝေးများသည့် ကျောက်မျက်ပြပွဲများမလုပ်ရန်၊ ဆက်သွယ်ရေးလုပ်ငန်းအချို့ ရပ်ထားရန် TNLA က တားမြစ်လိုက်သည်။

ပုံစာ-နိုဝင်ဘာ ၁၁ ရက်ညပိုင်းက မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲအပြီး ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဉ်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59217/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

14 Nov, 10:41


မိုးညှင်းမြို့ စားသောက်ဆိုင်တွင် ရှမ်းနီတပ် ရှိနေစဉ် ပစ်ခတ်မှုဖြစ်၊ ၁၀ ဦး သေဆုံး
----------------------------------------
ရှမ်းနီတပ် SNA နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ ပူးပေါင်းလှုပ်ရှားနေသော မိုးညှင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။

ပုံစာ- ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − SNA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59214/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

14 Nov, 10:33


တိုက်ပွဲဖြစ်နေသော ပုလဲမြို့သို့ စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့
-------------------------------

မိုင် ၃၀ ကျော်အကွာတွင် စစ်ဌာနချုပ်ရှိသော်လည်း တပ်ကူများကို ရဟတ်ယာဉ်များဖြင့် ၄ ခေါက်ခွဲကာ ပို့ဆောင်၍ ပုလဲမြို့တိုက်ပွဲကို စစ်တပ်က အားဖြည့်ခဲ့သည်။

တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အများအပြားအသုံးပြုခဲ့ပြီး ဒေသခံ ၃ ဦး သေဆုံးကြောင်းသာ လတ်တလော အတည်ပြုနိုင်သေးသည်။

စစ်ကူများ ရောက်လာပြီးနောက် တော်လှန်ရေးအဖွဲ့များက ပြန်ဆုတ်သွားသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

ပုလဲမြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ၁၂ ရွာမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရကာ အကူအညီများ လည်း လိုအပ်နေကြသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောကြသည်။

ပုံစာ-၂၀၁၉ ဇန်နဝါရီလက ပြုလုပ်သော စစ်တပ်၏ ဘုရင့်နောင်စစ်ဆင်ရေး။ (ဓာတ်ပုံ- စစ်ကောင်စီ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59209/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

14 Nov, 10:31


ငါန်းဇွန်မြို့နယ်တွင် လေတပ်ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ
---------------------------------------
တိုက်ပွဲမရှိသည့် ငါန်းဇွန်ကျေးလက်ဒေသကို လေတပ်က ၆ ကြိမ် တိုက်ခိုက်ရာ ၆ နှစ်သမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသည်၊ လုပ်ငန်းသုံး ကျွဲနွားများလည်း သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် မန္တလေးတိုင်း တစ်ဖက်ကမ်း မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စက်တင်ဘာမှ စ၍ နယ်မြေရှင်းလင်းခဲ့သလို မတ္တရာမြို့ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေကာ သပိတ် ကျင်းမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများရှိနေသည်။

ပုံစာ - ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ်မှ ဖြတ်သန်းသွားသော စစ်ကောင်စီ လေယာဉ်တစ်စီး။ (ဓာတ်ပုံ -မြတ်ပန်း/Myanmar Now)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59202/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

14 Nov, 08:21


https://www.facebook.com/share/p/MUs7CXQdyXDTKDEu/

Myanmar Now

14 Nov, 06:11


ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြို့ ၄ မြို့ ထပ်သိမ်းတော့မည်ဟု AA ဆို
========
တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

လတ်တလောတွင် မောင်တော၊ အမ်း၊ ဂွနှင့် တောင်ကုတ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရေနက်ဆိပ်ကမ်းရှိသော ကျောက်ဖြူ၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့တို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။

တိုက်ပွဲဖြစ်နေသော ၄ မြို့နယ်မှာ AA က ရလုနီးပါးအခြေအနေများ ဖြစ်နေပြီး အထူးသဖြင့် နယ်စပ် ကုန်သွယ်ရေးမြို့ မောင်တောတွင် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တစ်ခုသာ ကျန်တော့သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59195/

Myanmar Now

13 Nov, 12:11


ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီပြင်ဆင်နေ
---------------------------------------
အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုသည့်စာချုပ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာ၍ စစ်မှုထမ်းရမည်၊ ထိုအလုပ်သမားများကို စေလွှတ်ခဲ့သည့် အလုပ်သမားအေဂျင်စီက ထိုသူများကို ပြန်ခေါ်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်ဟု သိရသည်။

ပုံစာ- လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ယင်းထိန်းချုပ်ထားသည့်ဘဏ်များမှတစ်ဆင့်ပြန်လွှဲပေးရန် စစ်ကောင်စီက ဖိအားပေးပြီးနောက် ထိုင်းရောက်မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံဘန်ကောက်မြို့တယ် ဆန့်ကျင်ဆန္ဒပြနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59191/

Myanmar Now

13 Nov, 11:16


ဖယ်ခုံမြို့၊ပူချယ်ရွာမှ ရွာသား ၂၀၀ ခန့်ကို စစ်ကောင်စီဖမ်းဆီး
-----------------------------
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ပူချယ်ရွာမှ အရပ်သား ၂၀၀ နီးပါး ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။

ပူချယ်ရွာသည် ဖယ်ခုံမြို့မြောက်ဘက် နှစ်မိုင်အကွာတွင်တည်ရှိပြီး ဖယ်ခုံ - ပင်လောင်း ကားလမ်းဘေးတွင်ရှိသည်။

ပင်လောင်းမြို့နယ်ဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကောက်ရိတ်သိမ်းရာမှ ပြန်လာသော ဒေသခံ ၂၀၀ ကို ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ဘက်သို့ ကားဖြင့် ဖမ်းသွားခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက Myanmar Now ကို ပြောသည်။

ပုံစာ- ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်သည့် မြန်မာစစ်တပ်၏ (ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (လေ့ကျင့်ခန်း - ဘုရင့်နောင်) မှတ်တမ်းဓာတ်ပုံများ
Photo Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59188/

Myanmar Now

13 Nov, 08:12


မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ
-----------------------------

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်းအတွင်း လက်နက်ကိုင် လှုပ်ရှားမှုများ ကျယ်ပြန့်လာပြီး စစ်ကောင်စီလေတပ်ကလည်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ပုသိမ် - မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဒေသခံများ တောတောင်များတွင် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်။

တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်သို့ သွားရာလမ်းဖြစ်သော ဆော - ကျောက်ထု လမ်းပိုင်းအနီး ကျေးရွာတစ်ရွာကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပုံစာ- မတ္တရာအနောက်ခြမ်း စစ်ရှောင်များကို ယခုရက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59159/

Myanmar Now

13 Nov, 05:01


အထည်ချုပ်ပို့ကုန်မှရသည့် ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့်‌လှဲလှယ်ခွင့်ပိတ်
------------------------------------------
ယခင်က ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားသော တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်း ဖြင့် ဖြတ်ယူပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုမူ စျေးကွက်ပေါက်စျေးဖြင့် လဲလှယ်ခွင့်ပြုခဲ့သည်။

ယခုအခါ ထို ၇၅ ရာခိုင်နှုန်းကိုပါ စစ်ကောင်စီဗဟိုဘဏ်က ဈေးကွက်ပေါက်ဈေးအဖြစ် သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၃၆၀၀ ကျပ်ဝန်းကျင်ဖြင့်လဲလှယ်ပေးသည်။

လက်ရှိ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ ဝန်းကျင်ရှိသည်။

ပုံစာ- ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံမှ လုပ်ငန်းခွင်တစ်ခုကို ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59121/

Myanmar Now

12 Nov, 12:49


နောင်ချိုမြို့လယ်ကိုစစ်တပ်ဗုံးကြဲချ၊ အရပ်သား ၁၁ ဦးထက်မနည်းသေဆုံး
--------------------------------------
Myanmar Now

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့လယ်ခေါင်ကို စစ်ကောင်စီက ယနေ့ နေ့လည်မြန်မာစံ‌တော်ချိန်၂နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ အနည်းဆုံးအရပ်သား ၁၁ ဦးသေဆုံးပြီး နောက်ထပ် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု TNLA နှင့်ဒေသခံတို့ကဆိုသည်။

စစ်တပ်၏ဗုံးသည် လူစည်ကားပြီး အချက်အချာကျသည့် မြို့လယ်ခေါင်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ပေါ်သို့ကျခဲ့ပြီးသေဆုံးသူအများစုမှာ  ဆိုင်ထိုင်နေကြသည့် ခရီးသည်များနှင့် ကားဆရာများဖြစ်သည်ဟု မြို့ခံများကပြောသည်။ 

ဒဏ်ရာရသူ  ၁၁ ဦးထဲတွင် စိုးရိမ်ရသူများလည်းရှိပြီးသေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်ချေရှိ သည်ဟုလည်းသိရသည်။ 

လန်းဆန်းလက်ဖက်ရည်ဆိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဉီးအချို့ အပါဝင် ခရီးသည်တင် ကားငါးစီးလည်း ထိခိုက်ပျက်စီးခဲ့သည်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည် ခရီးစဉ်အပြီးတွင် စစ်ကောင်စီလေတပ်က တအာင်းတပ် ထိန်းချုပ်ထားသည့် နောင်ချိုမြို့အပါအဝင် ၎င်းတို့ဆုံးရှုံးထားသည့် မြို့များကို  ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။ 

ယမန်နေ့(နိုဝင်ဘာ၁၁)ည၁၁နာရီကျော်ခန့်တွင်လည်း တအောင်းတပ်က ထိန်းချုပ်ထားသည့်  မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လူနေရပ်ကွက်များကို စစ်ကောင်စီလေတပ်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားကိုးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည် တနင်္ဂနွေနေ့ ညနေ ၆နာရီခန့်တွင်လည်း  နောင်ချိုမြို့ရှိ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောာင့် လူနေအိမ် ခုနှစ်လုံးခန့်ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း တအာင်းတပ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ယခုလ ပထမပတ်အတွင်းတွင်လည်း စစ်ကောင်စီက နောင်ချိုမြို့နယ်တွင် လေကြောင်းမှ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ဆမ္မဆယ်ရွာတွင် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုသိရသည်။ 

နောင်ချိုမြို့နယ်ရှိ တအာင်းတပ်ကသိမ်းပိုက်ထားသည့် ဂန့်ဂေါရွာတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ပြန်လည်သိမ်းယူရန်ကြိုးပမ်းလျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ 

ပုံစာ - စစ်တပ်ကြဲချသည့်ဗုံးကြောင့် ပိက်ဆီးသွားသည့် နောင်ချိုမြို့လယ်မြင်ကွင်း

https://www.facebook.com/share/p/dAPGMpvLN9s8mobW/

Myanmar Now

12 Nov, 10:37


နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု တရုတ်ပြန်ဖွင့်၊ အခြားဂိတ်များကို ထပ်တင်းကျပ်
-------------------------
တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့ရှိ ကုန်သွယ်ဂိတ် ၃ ခုအနက် ၁ ခုကို တရုတ်ကပြန်ဖွင့်ပေးလိုက်ပြီး သတ်မှတ်ကုန်ကားများဖြင့် ကုန်စည်သယ်ယူခွင့်ပြုလိုက်သည်။

ကျန်ကုန်သွယ်ဂိတ် ၂ ခုတွင် ယခင်က တစ်ပိုင်တစ်နိုင် သယ်ယူခွင့် ပြုခဲ့သော်လည်း ယခုမူ ထိုအခွင့်အရေးမရတော့ဟု ကုန်သွယ်လုပ်ငန်းရှင်များက ဆိုသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်၍ တစ်ပိုင်တစ်နိုင် ကုန်ဝယ်ယူခွင့်ရခဲ့သော်လည်း ယခုအမိန့်စာထွက်ပေါ်လာပြီးနောက် ကုန်စည်သယ်ယူခွင့်မရတော့ဘဲ လှည့်ပြန်နေရသည်ဟုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။

ပုံစာ- မြန်မာတရုတ်နယ်စပ် နမ်ခမ်းမြို့နှင့် လွယ်ဂျယ်လမ်းပေါ်တွင် ကုန်စည်ပို့ဆောင်ရေးကားများကို ယခုလပိုင်းအတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59114/

Myanmar Now

12 Nov, 07:38


မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး
========
TNLA ထိန်းချုပ်ပြီး ကျောက်တွင်းလုပ်ကိုင်ခွင့်ပြုထားသည့် မိုးကုတ်မြို့ ဗုံးကြဲခံရသဖြင့် သေဆုံး ဒဏ်ရာရသူ များပြားသည်။ ဗုံးကြဲရသည့် အကြောင်းရင်းကို စစ်တပ်က မကြေညာသေးပေ။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့် နယ်မြေများကို မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှု များ ပြုလုပ်လေ့ရှိရာ မိုးကုတ်မြို့ပေါ်တွင်မူ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59110/
ပုံစာ-ယခုနှစ် ဇွန်လအတွင်း မိုးကုတ်မြို့အနီး တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-Myanmar Now)

Myanmar Now

12 Nov, 06:47


https://www.facebook.com/share/p/adsnYnx3mbHQkCg9/

Myanmar Now

11 Nov, 14:06


မိုးမောက်မြို့ကိုပြန်သိမ်းရန် ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင်
-------------------------------------
ဗန်းမော်ဘက်မှ မိုးမောက်မြို့ဘက်သို့ စစ်ထိုးနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူအပြင် ဗုံးတပ်ဒရုန်းများ အသုံးပြုနေသည်ဟု KIA က ပြောသည်။

“တော်တော်ကြီးတဲ့ ဒရုန်းတွေသုံးတယ်၊ (၁၂၀ မမ)ဗုံးသီးတွေ ၂လုံး၊ ၃လုံး သယ်နိုင်တဲ့ ဒရုန်းတွေသုံးတာ” ဟု KIA က ပြောသည်။

ပုံစာ- စစ်သင်တန်းတွင် ဒရုန်းအသုံးပြုမှု ပါဝင်ကြောင်း မှတ်တမ်းဓာတ်ပုံကို စစ်ကောင်စီဘက်တော်သားများက အွန်လိုင်းတွင် တင်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59101/

Myanmar Now

11 Nov, 11:21


NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ
----------------------------------------
တောင်ကိုရီးယားရှိ NUG ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အများအပြားကို နေထိုင်ခွင့် (ဗီဇာ) အဆင်ပြေစေရန် ဝန်ဆောင်မှုပေးခဲ့သည်ဟု သိရသည်။

သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ဆိုသည်။

ပုံစာ- တောင်ကိုရီးယား ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားအချို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ၂၀၂၁ထုနှစ် ခုနှစ် မတ်လအတွင်းက ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59095/

Myanmar Now

11 Nov, 10:03


https://www.facebook.com/myanmarnownews/posts/pfbid0grLv93Mq8cbChaevXidY61oTpqxkCDbGd4ZNua5DgsKDQUBs8F92zVat6HkLCto8l

Myanmar Now

11 Nov, 05:21


တရုတ်ဒရုန်းကုမ္ပဏီကို စစ်ခေါင်းဆောင် သွားရောက်လေ့လာ
------------------------------------
စစ်ရေးတွင် ဒရုန်း အသုံးပြုမှု ခြေတစ်လှမ်းနောက်ကျနေသော ဗိုလ်ချုပ်ကြီးများက အားနည်းချက်ကို ပြုပြင်ရန် ကြိုးပမ်းနေပြီး သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်နေသည်။

ပုံစာ- နိုဝင်ဘာ ၈ ရက်က ချုံချင့်မြို့ ဒရုန်းများကို ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။ (ဓာတ်ပုံ-MOI)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59072/

Myanmar Now

11 Nov, 04:52


မြို့လုံးကျွတ် စစ်ရှောင်နေရသော ချင်းဒေသ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲထပ်ဖြစ်
---------------------------------------------
မြို့ပေါ်ပစ်ခတ်မှုများအတွင်း အမျိုးသမီးတစ်ဦး လက်နက်ကြီးထိ သေဆုံးခဲ့ပြီးနောက် လူဦးရေ တစ်သောင်းနီးပါးရှိသော ဖလမ်းတစ်မြို့လုံးနီးပါး ပထမဆုံးအကြိမ် စစ်ရှောင်ခဲ့ကြရသည်။

နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုများ နိုဝင်ဘာ ၈ ရက်က ပြန်ဖြစ်ထားသောကြောင့် ဒေသခံ အများစုမှာ နေရပ်ပြန်ရန် မဖြစ်နိုင်သေးပေ။

ယနေ့ နံနက်တွင်လည်း သယ်ယူပို့ဆောင်ရေးလေယာဉ် Y12 ဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလမ်းမြို့ပေါ်တွင် မီးလောင်မှုများလည်းရှိနေကြောင်း မင်းတပ် ဒေသခံ တစ်ဦးက ပြောသည်။

ပုံစာ-၂၀၂၃ ဇန်နဝါရီတွင် မင်းတပ်မြို့နယ် ရှေ့တန်းတစ်နေရာမှာ တွေ့ရသော ချင်းဒေသကာကွယ်ရေး အဖွဲ့ဝင်များ။ (ဓာတ်ပုံ - သိန်းငှက်တပ်ရင််း ၁ -CDF-Mindat)


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59067/

Myanmar Now

08 Nov, 13:07


စခန်းပြန်ရရန် စစ်တပ် ကြိုးစားသဖြင့် ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန်
----------------------------------
နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင်မြို့ခံစစ်အတွက် အရေးပါသည့် ကျေးရွာအချို့တွင် စစ်တပ်က TNLA ပူးပေါင်းတပ်များကို ထိုးစစ်ဆင်နေသည်။

တိုက်ပွဲဖြစ်နေသည့် ရွာများမှာ တောင်ခမ်း၊ သဲခေါ်၊ ဂန့်ကော်ကျေးရွာတို့ ဖြစ်သည်။

ပုံစာ- နောင်ချိုရှိ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းပြီးနောက်တွေ့ရသည့် TNLA နှင့် MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - MDY-PDF)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59050/

Myanmar Now

08 Nov, 12:33


မဲခေါင်ဒေသ ဝန်ကြီးချုပ်များကို ရွေးကောက်ပွဲအရေး စစ်ခေါင်းဆောင် စည်းရုံး
-----------------------------------------
တရုတ်နိုင်ငံတွင် ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရနေသော အာဏာသိမ်းခေါင်းဆောင်က ၂၀၂၅ ရွေးကောက်ပွဲအစီအစဉ် ရှင်းပြပြီး ထောက်ခံမှု ရှာဖွေနေသည်။

ပုံစာ- နိုဝင်ဘာ ၇ ရက်နေ့က ရိုက်ကူးပြီး မြန်မာစစ်တပ်က ဖြန့်ဝေသော မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည့် စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် ။ (ဓာတ်ပုံ-AFP)


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59046/

Myanmar Now

08 Nov, 10:09


ဘုတလင်မြို့ စစ်တပ်ဝင်သွားသည့်ရွာတွင် တစ်ဦးသေ၊ အိမ် ၃၀ ကျော် မီးလောင်
--------------------------------
စစ်တပ်က ခြုံခိုတိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် ဘုတလင်မြို့တွင် တစ်လကြာ စစ်ကြောင်းထိုးနေပြီး သဖန်းရွာမှ အသက် ၆၀ ကျော်အရွယ် ရွာသားကို အနီးကပ် ပစ်သတ်ကာ ရွာကို ဖျက်ဆီးလိုက်သည်။

ထိုစစ်ကြောင်းကြောင့် သေဆုံး သူ ၂၅ ဦးအထိ ရှိလာပြီ ဖြစ်သည်၊ အရပ်သား ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး အကာအကွယ်အဖြစ် သုံးသလို ထမင်းဟင်းချက်ရန်အတွက်လည်း ခိုင်းစေသည်ဟု သိရသည်။

ပုံစာ- သဖန်းရွာမှ မီးလောင်ပျက်စီးနေသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ-ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59043/

Myanmar Now

08 Nov, 09:47


စစ်မှုမထမ်းလိုသဖြင့်ထွက်ပြေးသူများကိုဖမ်းဆီးမည်ဟုစစ်ကောင်စီခြိမ်းခြောက်
--------------------------------------------
စစ်မှုမထမ်းချင်သူများ၊ စစ်သင်တန်းကျောင်းများမှ ထွက်ပြေးသူများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်ပြောဆိုလိုက်သည်။
တပ်သားသစ်အဖြစ် အတင်းအကျပ်စု‌ဆောင်းခံရပြီးနောက် စစ်သင်တန်းတက်ရောက်နေသူများထဲတွင် ထွက်ပြေးသူများလည်းရှိသည်ဟု ၎င်းကဝန်ခံခဲ့သည်။
အခြားတစ်ဖက်တွင် စစ်ခေါင်းဆောင်များ၏သားသမီးများနှင့် ၎င်းတို့နှင့်ပတ်သက်သည့်လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရနေသည်။
ပုံစာ - စစ်မှုထမ်းသင်တန်းရောက် သင်တန်းသားအချို့ကို နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59038/

Myanmar Now

07 Nov, 14:10


ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက်
-------------------------------
ကရင်ပြည်နယ် လမ်းပိုင်းတစ်ခုမှ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ စစ်ဆေးရေးဂိတ် ၅၀ ကျော်က ကောက်ယူသည့်ငွေပမာဏ လျှော့ချပေးလိုက်ကြသည်။ ထိုအဖွဲ့များထဲတွင် စစ်ကောင်စီတပ် မပါဝင်သေးပေ။

စစ်ကောင်စီတပ်၏ ဂိတ်များတွင် အဖမ်းအဆီး၊ တောင်းသည့်ငွေကြေး ပမာဏ ပြောင်းလဲခြင်း မရှိဟု ဒေသခံတို့ကဆိုသည်။

ပုံစာ - ဗိုလ်မှူးကြီးစောချစ်သူနှင့် BGFတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - မာထူရာ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59025/

Myanmar Now

07 Nov, 13:39


နိုင်ငံတကာငွေပေးချေဝန်ဆောင်မှုအချို့ မြန်မာတွင် အသုံးပြုခွင့်ရပ်ဆိုင်း
------------------------------
နိုင်ငံခြားငွေ လက်ခံရာတွင် အသုံးများသည့် နိုင်ငံတကာငွေကြေး လုပ်ငန်းနှစ်ခုက မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသည့် စည်းမျဉ်းများကြောင့် ဝန်ဆောင်မှုရပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့ ဖြစ်သည်ဟု သိရသည်။

ပုံစာ -အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့သည့် မြန်မာနိုင်ငံသားများ အတွက်ဝန်ဆောင်မှုရပ်ဆိုင်းလိုက်သည်။


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59022/

Myanmar Now

07 Nov, 11:37


တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ရှိ တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်
-------------------------------------
အမ်းမြို့၊ ဂွမြို့တို့တွင် တိုက်ပွဲပြင်းထန်နေသည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ လက်လွှတ်ရခါနီးပြီဟု ဒေသခံတို့က ခန့်မှန်းနေကြသည်။

ပုံစာ - ယုခုနှစ် ဇန်နဝါရီအတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့မြင်ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-3BH)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59017/

Myanmar Now

07 Nov, 08:18


https://web.facebook.com/myanmarnownews/posts/pfbid058jcYTbRgwqPo4KVJq1jqEDPRGVjZ768Q7MNUFByCoxVj3whfcasfcvEgVGC4Gjsl

Myanmar Now

06 Nov, 16:01


ကန့်သတ်ချက်များလိုက်နာပါက မြောက်ပိုင်းတပ်များနှင့်ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်မှတဆင့်အဆိုပြု
-------
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ရှမ်းမြောက်၊ ရခိုင်၊ ချင်းနှင့် မန္တလေးမှ မြို့ပေါင်း ၃၈ မြို့အထိ လက်လွှတ်ခဲ့ရပြီးနောက် မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့် ယနေ့တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ကဆိုသော်လည်း မြောက်ပိုင်းအဖွဲ့များကို “လက်နက်ကိုင် အကြမ်းဖက်သမားများ” ဟုရည်ညွှန်းပြောဆိုခဲ့သည်။

ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် စစ်တပ်ဘက်ကအဆိုပြုခဲ့သည့် ကြိုတင်ကန်သတ်ချက်အကြောင်း။

ကြိုတင်ကန့်သတ်ချက်များအကြောင်းအပြည့်အစုံဖတ်ရှုရန် > https://myanmar-now.org/mm/news/59007/

Myanmar Now

06 Nov, 11:08


စစ်ကောင်စီနယ်ခြားစောင့်တပ်ထံမှသိမ်းပိုက်ထားသည့် ကချင်အထူးဒေသ(၁)တွင် KIA အုပ်ချုပ်ရေးစတင်
-------------------------------------
နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့မှလွဲ၍ ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်ရှိ ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က စစ်ကောင်စီ၏နယ်ခြားစောင့်တပ်များထံမှ သိမ်းပိုက်ထားသည်

နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် လက်နက်မချသေးသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို စည်းရုံးနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များကို ရှေ့တန်း တစ်နေရာတွင် ၂၀၁၆ ခုနှစ်အတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ -AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59002/

Myanmar Now

06 Nov, 10:04


https://www.facebook.com/share/p/ALzg1XQUC33bvLJa/

Myanmar Now

06 Nov, 09:41


ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ဖြတ်ခံရမှု ဖော်ထုတ်မည်ဟု NUG ပြော
------------------------------------------
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၏ NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၊သူ၏ဇနီးနှင့် သုံးလသားသမီးငယ်တို့သည် နိုဝင်ဘာ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်။

အခင်းဖြစ်ပွားရာ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ တပုန်းရွာမှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာဖြစ်သည်။

ပုံစာ-သတ်ဖြတ်ခံရသည့် ဦးဝင်းဌေး


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58999/

Myanmar Now

06 Nov, 07:40


သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း
------------------------------------------
အာဏာသိမ်းပြီး လေးနှစ်နီးပါးကြာလာချိန် စစ်ခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ် အတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ စီမံကိန်းများအကောင်အထည် ဖော်ရေး၊ နယ်စပ်တည်ငြိမ်ရေးများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးနေသော်လည်း တရုတ်စီမံကိန်းများရှိသော နယ်မြေအများအပြားကို စစ်ခေါင်း ဆောင်က လက်လွှတ်ထားရပြီး မြောက်ပိုင်းအဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်ထားသည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကြားကို အဖုအထစ် ပိုဖြစ်လာ မည်ကို စိုးရိမ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောထားသည်။

ပုံစာ- စစ်ခေါင်းဆောင် နှင့် Mr. Wang Ning တို့ ယမန်နေ့ နိုဝင်ဘာ ၅ ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ-စစ်ကောင်စီလက်အောက်ခံပြန်ကြားရေး-MOI)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58985/

Myanmar Now

06 Nov, 06:54


ပုလဲတွင် ကထိန်အလှူကိုစစ်တပ်ဗုံးကြဲ၊ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
---------------------------------------
ကထိန်ပွဲအတွက် လူစုနေသည်ကို တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေသည်ဟု စစ်ကောင်စီကထင်မှားပြီး ဗုံးကြဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့ကဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ပြည် ကူမင်းမြို့ခရီးစဉ်စတင်သည့် ယမန်နေ့ (နိုဝင်ဘာ ၅) ရက်က စစ်ကိုင်းတိုင်း ပုလဲ၊ မော်လူးအပါအဝင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ် MNDAA ထိန်းချုပ် ထားသည့် လားရှိုးမြို့အပြင် ချင်းပြည်နယ် မင်းတပ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ သည်။

ပုံစာ-ပုလဲမြို့နယ် အိုင်းမရွာမှ နေအိမ်အပျက်အစီးတစ်ခု။ (ဓာတ်ပုံ-ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58978/

Myanmar Now

06 Nov, 05:20


https://www.facebook.com/share/p/LqZD4koAzCsRHD5J/

Myanmar Now

06 Nov, 05:10


NUG နှင့် K2C တို့၏ ဘုံသဘောတူညီချက်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး စိန်ခေါ်ချက်ရှိနေ
---------------------------------------
NUG နှင့်မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်၃ ဖွဲ့ တို့၏ ဘုံသဘောတူညီချက်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်လာရေး စိန်ခေါ်မှုများရှိနေသည်ဟု KNU က ဆိုသည်။
NUG နှင့် K2C တို့၏ ဇန်နဝါရီ ၃၁ ရက်ထုတ် ဘုံသဘောတူညီချက်တွင် သက်ဆိုင်သူအားလုံး လက်ခံနိုင် သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရန် အပါအဝင် နိုင်ငံရေး ဦးတည်ချက် (၆) ရပ် ပါဝင်သည်။
တရုတ်နိုင်ငံက မြောက်ပိုင်းအဖွဲ့များထဲမှ UWSA နှင့် MNDAA ကို အနောက်နိုင်ငံများနှင့် နီးစပ်သော NUG နှင့် မပတ်သက်ရန် သတိပေးထားသလို KIA,TNLA,AA တို့ကလည်း တရုတ်ဖိအားကို ကျော်လွန်ကာ တိုက်ပွဲ များ ဆက်ဖြစ်နေသည်။
ပုံစာ-MNDAA ထိန်းချုပ်သည့် လားရှိုးမြို့အဝင်ကို ယခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58974/

Myanmar Now

06 Nov, 00:44


မိုးကုတ်တွင် အသေးစားကျောက်မျက်တူးဖော်ခွင့် TNLA စတင် ခွင့်ပြု
----------------------------------------
ပတ္တမြားမြေ မိုးကုတ်တွင် စစ်တပ်နှင့် အပေါင်းအပါများလက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက်များကို ပိတ်ပင်လိုက်ပြီး အသေးစားလုပ်ကွက်များ လုပ်ကိုင်ခွင့်ကို TNLA က ခွင့်ပြုလိုက်သည်။
စစ်တပ်အပေါင်းအပါ ကုမ္ပဏီများဖြစ်သည် ပတ္တမြားနဂါ၊ ရတနာရှင်၊ ဇမ္မူကျော်အောင်၊ သက်နိုင်အောင်စသည့် ကုမ္ပဏီများကို ကျောက်မျက်တူးဖော်ခွင့် TNLA က ပိတ်ထားသည်။
ပုံစာ -
မိုးကုတ်မြို့နယ်အတွင်းရှိ ပတ္တမြားမိုင်းတွင်းတစ်ခုတွင် ကျောက်တူးနေသူတစ်ဦးကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58968/

Myanmar Now

05 Nov, 17:22


တော်လှန်ရေးပူးပေါင်းတပ်က အင်းတော်မြို့ကိုသိမ်းရန်ထိုးစစ်ဆင်နေ
--------------------------------------------
ဂျပန်လှိုင်ဂူကုန်းစခန်းဟု လူသိများသည့် အင်းတော်မြို့တွင်းမှ နောက်ဆုံးလက်ကျန် တပ်စခန်းကို တော်လှန်ရေးတပ်များက ပူးပေါင်းထိုးစစ်ဆင်နေသည်။

အင်းတော်မြို့ပေါ်တွင် အဆိုပါ စခန်းကုန်းမှလွဲပြီး မြို့အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များကသာ စိုးမိုးထားကြောင်း၊ အခြားဒေသများမှ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ပုံစာ -
ချင်းတွင်းစစ်ဒေသမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၃ နှစ် ဩဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။ ( ဓာတ်ပုံ - ABSDF Column 3)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58965/

Myanmar Now

05 Nov, 13:03


ကန့်ဘလူမြို့မှ တပ်သားသစ်မပေးနိုင်သည့်ရွာများ မီးရှို့ခံနေရ
----------------------------------------
စစ်တပ်က ကန့်ဘလူမြို့ ကျေးလက်ဒေသမှ အမျိုးသားငယ် အများအပြားကို လိုက်လံဖမ်းဆီးနေပြီး ဖမ်းရန် လူမရှိသည့် ရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။
ပုံစာ- စစ်တပ်သည် ကျီစုရွာကို မီးမတင်ခင် ရွာဦးဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58954/

Myanmar Now

05 Nov, 10:43


https://www.facebook.com/share/p/J7MSjaRTYUpRxpDq/

Myanmar Now

05 Nov, 06:15


https://www.facebook.com/share/p/QjxuenmqXQVhWqyv/

Myanmar Now

01 Nov, 12:51


မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်ကို AA တိုက်စစ်ဆင်နေ
-------------------------
ရခိုင်ဒေသ ၄ မြို့နယ်ကို စစ်မျက်နှာဖွင့်ထားသည့် AA ၏ တိုက်စစ်ကို စစ်တပ်က မကွေးနှင့် ဧရာဝတီတို့မှ စစ်ကူဖြည့် ရင်ဆိုင်သလို ရေတပ်၊ လေတပ်တို့ကိုပါ သုံးခွင့်ရနေသည်။

ပုံစာ- ၂၀၂၂ ခုနှစ် အောက်တိုဘာလက အာရက္ခတပ်တော် (AA) ထုတ်ပြန်ခဲ့သည့် မောင်တောမြို့နယ် လိပ်ရနယ်ခြားစောင့်တပ်စခန်းမှ ရရှိသော သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းများ ဓာတ်ပုံမှတ်တမ်း။


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58913/

Myanmar Now

01 Nov, 11:55


ကွတ်ခိုင်မြို့လေကြောင်းဗုံးကြဲမှုတွင် အမျိုးသားတစ်ဦး သေဆုံး
===========================
ရှမ်းပြည်နယ်အတွင်း တအောင်း/ပလောင်တပ် TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခံရပြီးနောက် မြို့တွင်း လူအသွားအလာနည်းသွားပြီး စျေးများ၊‌ ကျောင်းများပိတ်လိုက်ရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58910/

ပုံစာ- ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှ အပျက်အစီးများ။ (ဓာတ်ပုံ-TNLA)

Myanmar Now

01 Nov, 11:26


ကန့်ဘလူတွင် စစ်တပ်က ဒေသခံ ၃၇ ဦးကို ဖမ်းပြီး အိမ် ၄၀၀ ခန့်ကို မီးရှို့
=======================
အစုအပြုံလိုက် သတ်ဖြတ်ခံထားရဖူးသော ကန့်ဘလူမြို့တွင် စစ်တပ်နှင့် ပျူစောထီးများက မူးမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

ဖမ်းသွားသူများကို ကန့်ဘလူမြို့အမှတ် (၆၀၀၆) တင့်ကားတပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ပုံစာ-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ တတိယပတ်က ပြည်သူ့စစ်များ မြို့ထဲလှည့်လည် အင်အားပြစဉ်၊ (ဓာတ်ပုံ - ကျွန်းလှမီးအိမ်ရှင်)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58905/

Myanmar Now

31 Oct, 12:09


ဒေါ်လာသန်းချီတန်သည့် မြေရှားသတ္တုတွင်းများကို KIA ထိန်းချုပ်
==============================
တရုတ် အကြီးအကျယ် တူးခဲ့သည့် မြေရှားသတ္တုသိုက်များ ကချင်တပ် (KIA) လက်အောက်သို့ ရောက်သွားပြီး နယ်စပ်ပိတ်ထားသည့်အချိန်ဖြစ်သောကြောင့် သတ္တုတူးဖော်မှု ရပ်ထားသည်။ တရုတ် အကြီးအကျယ် တူးခဲ့သည့် မြေရှားသတ္တုသိုက်များ ကချင်တပ် (KIA) လက်အောက်သို့ ရောက်သွားပြီး နယ်စပ်ပိတ်ထားသည့်အချိန်ဖြစ်သောကြောင့် သတ္တုတူးဖော်မှု ရပ်ထားသည်။

ပုံစာ > မြေရှားသတ္တု တူးဖော်သန့်စင်ရာတွင် အသုံးပြုသည့် တွင်းဟောင်းကြီးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်တစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58901/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

31 Oct, 10:07


တန့်ယန်းမြို့တွင်း ဝတပ်ဖွဲ့၏ အုပ်ချုပ် လှုပ်ရှားမှုကြောင့် ဒေသခံများ ထိတ်လန့်
===========================
UWSA အုပ်ချုပ်ရေးဖော်ဆောင်နေသည့် တန့်ယန်းတွင် ဒေသလုံခြုံရေး စုဖွဲ့မှု၊ ကျေးလက်ဒေသ ကလေးများကို မြို့ကျောင်းသို့ခေါ်ဆောင်မှု အစီအစဉ်များကြောင့် ဒေသခံတို့ အခက်တွေ့နေသည်။

ပုံစာ > ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရသော UWSA စစ်သားများ (ဓာတ်ပုံ - AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58898/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

31 Oct, 07:17


ပေါက်မြို့နယ် စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား
===================
မကွေးတိုင်းအတွင်း စစ်ရှောင်စခန်း တစ်ခုကို စီးနင်းသည့် စစ်တပ်က ဒေသခံ ၂ ဦးကို သတ်ဖြတ်ပြီး ၎င်းတို့ လိုအပ်နေသည့် ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၂၀ နီးပါးကို ဖမ်းသွားသည်။

ထိုစစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစု တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိသည်ဟု သိရသည်။

ပုံစာ > အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင်း တွေ့ရသည့် ပြည်သူ့စစ်များ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58884/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

31 Oct, 06:43


တရုတ်စီမံကိန်းများ ဖြတ်သန်းရာ အမ်းမြို့တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေ
=============================
ရခိုင်စစ်မျက်နှာပြင်တွင် တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တိုက်ပွဲများမှာ အပြင်းထန်ဆုံး ဖြစ်နေပြီး ထိုမြို့ကို စစ်ကောင်စီ လက်လွှတ်ရပါက နိုင်ငံရေးအရပါ ဆုံးရှုံးမှု ကြီးမည် ဖြစ်သည်။

မြို့တွင်း ဝင်ရောက်လာပြီဖြစ်သော AA နှင့် စစ်ကောင်စီအခြေစိုက်တပ်များ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံတချို့လည်း ပိတ်မိနေကာ အစားအစာ ပြတ်လပ်နေကြသည်။

လက်ရှိတွင် အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက် နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် လေယာဉ် ကွင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်နေပြီး မကွေးဘက်မှ စစ်ကူ များလည်း ဖြတ်တောက်တိုက်ခိုက်ခံရဖွယ် ရှိနေသည်။

ပုံစာ > AA နှင့် ပူးတွဲတိုက်ခိုက်နေသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ၏ ၂၀၂၃ မတ်လ အတွင်းက တွေ့ရသော အပတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲ။ (ဓာတ်ပုံ-PIA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58880/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 12:09


စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ရောက်နေ
---------------------------------------
ဗိုလ်ချုပ်ခင်ညွှန့်၏တပည့်ဟောင်း စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်းများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ လူမျိုးစုလက်နက်ကိုင်များအရေး ဆွေးနွေးခဲ့သည်ဟု တရုတ်အစိုးရအကြံပေးအဖွဲ့များက ထုတ်ပြန်သည်။

ထိုဆွေးနွေးမှုက စစ်ကောင်စီတပ်ကို အထိနာခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းဟုလည်း နားလည်ရသည်။

သို့သော်နာရီအကြာတွင် ယင်းထုတ်ပြန်ချက်ကို တရုတ်အစိုးရအကြံပေးအဖွဲ့များက ပြန်လည်ဖယ်ရှားပစ်ခဲ့သည်။

စစ်ထောက်လှမ်းရေးဟောင်းများသည် နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှ ကွန်မြူနစ်တပ်များ ပြိုကွဲပြီးနောက် ယင်းဒေသရှိ လူမျိုးစု လက်နက်ကိုင် တပ်များနှင့် စစ်အစိုးရတို့ ၁၉၉၀ ဝန်းကျင်တွင် အပစ်ရပ်သဘောတူချိန်တွင်အဓိကကျသည့်နေရာမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58871/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 10:36


ဟားခါးတွင် စခန်းကုန်းတစ်ခုသိမ်းစဉ် ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်မိ
==============================
နှစ်ဖက် အကျအဆုံးများဖြင့် သိမ်းပိုက်ခဲ့သည့် စခန်းငယ်မှာ မြို့နှင့်တစ်မိုင်ခန့်သာ ဝေးသဖြင့် နောက် တစ်နေ့တွင် စစ်တပ်က ပြန်လည်ရယူသွားခဲ့သည်။

အဆိုပါစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွား ကာ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦး၊ ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တစ်ဦးအပါအဝင် စစ်သား ၄ ဦးကို လက်နက် များနှင့်တကွ အရှင် ဖမ်းမိခဲ့သည်။

သေနတ် ၉ လက်အပါအဝင် ခဲယမ်းနှင့် မိုင်းများလည်း ရရှိခဲ့သော်လည်း ချင်းတော်လှန်ရေးအဖွဲ့ဘက်မှ အဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58856/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 10:05


စစ်ကြောင်းထိုးခံနေရသည့် ဘုတလင်နယ်တွင် လူ ၅၀ ခန့် ဖမ်းဆီးခံရပြီး နေအိမ်များ မီးရှို့ခံရ
===============================

ဘုတလင်နယ်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုသည် မြို့အရှေ့ ခြမ်းသို့ ရောက်ရှိလာသည်။

စက်တင်ဘာလကုန်က အင်အား ၈၀ ကျော်ပါ စစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရမှုအပေါ် မြို့ မြောက်ဘက် စီပါရွာအပါအဝင် ကျေးရွာအများအပြားကို စီးနင်း၍ ရက်စက်စွာသတ်ဖြတ်ခဲ့သလို ဆက် လက် စစ်ကြောင်းထိုးကာ နေအိမ်များမီးရှို့နေသည်။


အဆိုးရွားဆုံးဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်)လပြည့်နေ့က မြို့မြောက်ခြမ်း စီပါရွာကို စစ်ကြောင်း ထိုးချိန်တွင် အမျိုးသား ၆ ဦး သတ်ဖြတ်ခံခဲ့ရသည့်အနက်သုံးဦးကို ဦးခေါင်းနှင့် ကိုယ်ခန္ဓာ များကို ဖြတ်တောက်ပြီး အစိတ်အပိုင်းများကို ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58852/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 09:07


စစ်တပ်ကိုကူညီနေသည့် ကုမ္ပဏီများနှင့် BGF ခေါင်းဆောင်စောချစ်သူတို့ကို ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့ ထပ်မံအရေးယူ
=============================
မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လေယာဉ်ပစ္စည်းအစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ အကူအညီပေးနေသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့လိုက်သည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်နေရာများကို လေကြောင်းမှ တိုက်ခိုက်နေသော စစ်ကောင်စီသည် ကြီးမားသည့် လူအခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်နေပြီး ထိုကျူးလွန်ရန် ထောက်ပံ့ကူညီနေသည့် ကုမ္ပဏီများကို ပစ်မှတ်ထားဒဏ်ခတ်ခြင်းဖြစ်သည်ဟု ဗြိတိန်က ဆိုသည်။

အရေးယူခံရသည့် လူပုဂ္ဂိုလ်များတွင် IGE ကုမ္ပဏီပိုင်ရှင် ဦးနေအောင်၊ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည့် Shoon Energy ကုမ္ပဏီ၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းကျော်ကျော်အောင်နှင့် စစ်ကောင်စီခန့် စက်မှုဝန်ကြီး ချာလီသန်း၊ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ခေါင်းဆောင်အချို့ ပါဝင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58849/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 08:22


ဒေါက်တာဇော်မြင့်မောင်၏စျာပန ကူညီသည့် ပရဟိတအသင်းသားများ ဖမ်းဆီးခံရ
====================================
ကွယ်လွန်သွားသည့် မန်းတိုင်းဝန်ကြီးချုပ်ကို သယ်ဆောင်ပေးခဲ့သည့် ပရဟိတအသင်းကို ညအချိန် စီးနင်းကာ ဥက္ကဋ္ဌ အပါအဝင် ၈ ဦး ကို ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58841/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

30 Oct, 05:59


မိုးမောက်မြို့ပြန်သိမ်းနိုင်ရေး ကြိုးပမ်းနေသော စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်
==================================
စစ်ကောင်စီသည် KIA ထံ လက်လွှတ်လိုက်ရသည့် မိုးမောက်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် မြေပြင်၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်များက သံချပ်ကာကားများသုံးကာ အင်အားအများအပြားဖြင့် ၁၀ မိုင် ခန့် အကွာမှ မိုးမောက်မြို့သို့ စစ်ကြောင်းထိုးလာရာ လမ်းခရီးတွင် KIA နှင့် တိုက်ပွဲပြင်းထန်နေသည်။

ပုံစာ - ယခုနှစ် ဇန်နဝါရီက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာဝန်းကျင်၌ ပစ်ချခံရသော စစ်လေယာဉ် အပိုင်းအစများအနီး တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58832/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 14:09


နွားထိုးကြီးတွင် အကြော်သည်ဇနီးမောင်နှံ လက်နက်ကြီးကျည်ထိမှန်သေဆုံး
============================
တောင်သာ-နွားထိုးကားလမ်းမဘေး ထနောင်းပင်လဲကျေးရွာ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦး သေဆုံးသွားသည်။

နွားထိုးကြီးရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သီတင်းနှစ်ပတ်ကျော်ကြာ တိုက်ပွဲများငြိမ်နေသည့် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် ယမန်နေ့ညတွင် လက်နက်ကြီး ၂ကြိမ်ပစ်ခတ်ခဲ့ပြီး ပထမအကြိမ်ပစ်ခတ်မှုတွင် နွားထိုးကြီးမြို့ အမှတ် ၁ ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သေးသည်။


ပုံစာ - ဆန္ဒပြနေသော မန္တလေးဒေသခံများကို ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ဖေဖော်ဝါရီ အတွင်းကတွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58829/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 13:53


စစ်တပ်အလိုကျ မှတ်ပုံပြန်တင်ရေးကို စိတ်မဝင်စားဟု NLD ဘက်က ပြောကြား
=========================
ရွေးကောက်ပွဲထောက်ခံသည့်တရုတ်သို့ စစ်ခေါင်းဆောင် သွားရန် ၁၀ ရက်ခန့်အလိုတွင် ပါတီ မှတ်ပုံတင်နိုင်ကြောင်း သတင်း ရုတ်တရက် ထွက်လာသည်။ NLD ဘက်က ခေါင်းခါထားသည်။

ပုံစာ - ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ရန်ကုန်မြို့ရှိ အနှေးယာဉ်မောင်းသူ အများအပြားက NLD ပါတီအတွက် မဲဆွယ်ပေးခဲ့ကြစဉ်။ (ဓာတ်ပုံ - EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58826/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 13:25


အမ်းမြို့ဟောင်းကို AA ထိန်းချုပ်၊ စစ်ကောင်စီက မကွေးဘက်မှ စစ်ကူပို့
===========================

AA ၏ ထိုးစစ်ကြောင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျလုနီးပါး ဖြစ်နေချိန်တွင် စစ်တပ်က ထိုဒေသသို့ လက်နက်ကိုင် ၁၀၀ ခန့်ကို စစ်ယာဉ်တန်းနှင့် ပို့လိုက်သည်ဟု ဆိုသည်။

အမ်းတပ်နယ်ရှိ တပ်ရင်းဌာနချုပ် အများအပြားကို AA က ကာလရှည် ပိတ်ဆို့ပြီး တိုက်ခိုက်သိမ်းပိုက်ထားသည်။

ပုံစာ - မဲတောင်ဗျူဟာကုန်းသိမ်းပိုက်အပြီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AA info Desk)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58818/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 12:25


နောင်ချိုမြို့နယ် ဗုံးကြဲခံရစဉ် စစ်သုံ့ပန်းများအပါအဝင် ၁၂ ဦး သေဆုံး
===============================
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ စစ်သုံ့ပန်း ၈ ဦးတွင် ဘီလူးစစ်ကြောင်း အမည်ဖြင့် ရမ်းကားခဲ့သည့် တပ်ရင်း (၇၀၈) မှ ဗိုလ်ကြီးထွန်းနိုင် ပါဝင်သည်ဟု ဆိုသည်။

ပုံစာ - လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့မြင်ရသောအပျက်အစီးများ။ (ဓာတ်ပုံ-MDY-PDF)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58814/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 12:04


ချောက်မြို့နယ် ဗုံးကြဲခံရ၊ စစ်ရှောင် ၂ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံး
===============================
မကွေးတိုင်း ချောက်မြို့နယ်ကို စစ်တပ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ လေတပ်က ဗုံးကဲ တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် အသက် ၆၀ အထက် စစ်ရှောင် ၂ ဦး သေဆုံးသည်။

တော်လှန်ရေးသမားများထဲမှ သေဆုံးသွားသူများတွင် ဒေသအခြေစိုက် အာဠာဝက မြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ပါဝင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58810/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 11:48


၁ နှစ်ပြည့်သွားသည့် ၁၀၂၇ စစ်ဆင်ရေးနှင့် နိုင်ငံရေးသမားများ၏ အမြင်
=================================
အောင်မြင်မှုကြီးမားသော ၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် အားတက်စရာ၊ သင်ခန်းစာယူစရာများ ရှိနေသည်ဟု နိုင်ငံရေးသမားတို့က မှတ်ချက်ပြုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58786/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

29 Oct, 10:29


ကြာအင်းဆိပ်ကြီးတွင် လေတပ်က ဗုံးကြဲ၍ အရပ်သားတစ်ဦးသေ
=============================
စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရသော နယ်မြေများကို မကြာခဏ ဗုံးကြဲနေရာ KNU နယ်မြေများကိုလည်း ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်လာသည်။

ပုံစာ - ဗုံးကြဲအပြီး ပျက်စီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းမြင်ကွင်း။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58781/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Oct, 14:46


တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲဟု AA ဆို
=========================
တိုင်းစစ်ဌာနချုပ် အခြေစိုက်ပြီး တပ်ရင်းတပ်ဖွဲ့ များပြားသည့် အမ်းမြို့သိမ်းနိုင်ရေး AA က အပြင်း အထန် ကြိုးပမ်းနေပြီး စခန်းအများစုမှာ AA လက် ထဲ ရောက်သွားပြီဖြစ်သည်။

အမ်းတွင် တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း သွားသလို အမ်းမြို့ကိုရပါက ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ ရှိနေသော ကျောက်ဖြူမြို့နယ်ကိုပါ AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ထံ လက်လွှတ်လိုက်ရသော စစ်ကောင်စီသည် နောက်ထပ် စစ်ဌာနချုပ်တစ်ခု ထပ်မကျရန် အပြင်းအထန် ကြိုးပမ်းနေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58704/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Oct, 12:47


ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော
=========================
တရုတ်က ထိုးစစ်ရပ်ရန် ဖိအားပေးနေချိန်မှာပင် ကချင်လက်နက်ကိုင်အဖွဲ့ KIA က
နွေဦးတော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဟု ပြောလိုက်သည်။

ဤအတောအတွင်း ကချင်ပြည်နယ် မြို့နယ်အများအပြားတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58701/

ပုံစာ- ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် သိမ်းယူရရှိခဲ့သည့် ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်စခန်း အောက်ဂျာသို့ KIA ထိပ်တန်းအရာရှိများ သွားရောက် ကြည့်ရှုနေစဉ်။

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Oct, 12:42


အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း Starlink သုံးနေရ
=========================
ပင်လည်ဘူးရှိ စစ်ကောင်စီတပ်သားများထံ ရဟတ်ယာဉ်ဖြင့် ပို့ပေးသော Starlink စက် နှင့် လက်နက်များ တော်လှန်ရေးအင်အားစုထံ ရောက်သွားသည်ဟု ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58696/

ပုံစာ- ပင်လည်ဘူးမြို့အတွင်း တွေ့ရသော ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။ (ဓာတ်ပုံ- NUG MOD)

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Oct, 11:17


ကသည်းလက်နက်ကိုင်များ ပါဝင်သည့် တမူးတိုက်ပွဲတွင် နှစ်ဘက် အကျအဆုံးရှိ
=========================
တိုက်ပွဲအတွင်း အိန္ဒိယသူပုန် ၃ ဦး သေဆုံး၊ ၁ ဦး အရှင်ဖမ်းမိသည်ဟု တမူး PDF က ပြောသည်။
PDF စိုးမိုးနယ်မြေများအတွင်း စစ်ကောင်စီနှင့် မဟာမိတ်များက ၂ နေရာခွဲ၍ ဝင်ရောက်လာသည်ဟု ဆိုသည်။
PDF ဘက်မှ ၃ ဦးသေဆုံးကာ ဒဏ်ရာရသူတချို့ရှိသော်လည်း အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ကိုပြန်တိုက်ခိုက်နိုင်သည့်အတွက် စစ်ကြောင်းမှာ နေ့ချင်းပြန်ဆုတ်သွားသည်။
ယခုနှစ် ဧပြီက တိုက်ပွဲများဖြစ်ခဲ့သော တမူးနယ်တွင် ယခုလအတွင်းမှ စစ်ကောင်စီတပ်က တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58689/
ပုံစာ- ယခုနှစ် ဇွန်လက တွေ့ရသော တမူးခရိုင်တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင်များ။
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

25 Oct, 08:08


စစ်ဘေးသင့်ရိုဟင်ဂျာများကို ကူညီရန် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း
=========================
မောင်တောဒေသရှိ ရိုဟင်ဂျာများသည် လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရှိစဉ် အတင်းအကျပ် နေရပ်ပြန်ပို့ခြင်း၊ မြန်မာစစ်တပ်ထံတွင် လက်နက်ကိုင်အဖြစ် ခိုင်းစေခံရခြင်းတို့မှာ ရိုဟင်ဂျာအရပ်သားများ စိုးရိမ်မှုများထဲတွင် ပါဝင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58677/

ပုံစာ- ယခုနှစ် စက်တင်ဘာ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ထောက်ပံ့ရေး ပစ္စည်းတချို့ လာရောက်သယ်ဆောင်သော ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဓာတ်ပုံ-AFP)

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

#MyanmarNow

Myanmar Now

25 Oct, 07:41


အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက်ကို စစ်ကောင်စီ ဖမ်းဆီး
=========================
ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ခြင်းမှာ ဇာတ်တူသားစားသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခံနေရပြီး အာဏာရှင်ဟောင်းနှင့် အာဏာရှင်လက်သစ်တို့၏ ရှေ့ဆက်ဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကောင်းလာသည်။

သို့သော် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် လက်ရင်းတပည့်များမှာ နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သဘောမျိုး နေထိုင်နေရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58672/

ပုံစာ- ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်လအကြာတွင် ဒေါက်တာနေစိုးမောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။ (ဓာတ်ပုံ - ဒေါက်တာနေစိုးမောင် Facebook)

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

#MyanmarNow

Myanmar Now

24 Oct, 12:03


မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ်
==================
မန္တလေးဈေးချိုတော် ဆိုင်များ၊ ကုန်သိုလှောင်ရုံများရှိ နိုင်ငံခြားကုန်ပစ္စည်းနှင့် တင်သွင်းမှု ဆိုင်ရာ စာရွက်စာတမ်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ဝင်စစ်သည်ဟု သိရသည်။

ပွဲရုံများ၊ ကုန်စည်ဒိုင်များကလည်း သွင်းကုန်ပစ္စည်း လျှော့ချထားကြသည်။

ပုံစာ > အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေး ဈေးချိုဈေးနှင့် နာရီစဉ်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58669/

Myanmar Now

22 Oct, 10:41


AA ထိုးစစ်သတင်းကြောင့် ရခိုင်ရိုးမတောင်ခြေမှကျေးရွာများကို စစ်ကောင်စီအတင်းအကျပ်ဖယ်ရှား
======================

ရခိုင်တပ် AA ၏ထိုးစစ် ဧရာဝတီတိုင်းထဲရောက်မလာနိုင်ရန်အတွက် ရခိုင်ရိုးမတောင်ခြေရှိ ကျေးရွာများမှ အရပ်သားများကို စစ်တပ်ကမောင်းထုတ်နေသည်။

စုစုပေါင်းအိမ်ခြေ ၃၀၀ ခန့်ရှိသည့် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲရှိ ကျေးရွာ ၂၀ ကျော်မှ အရပ်သားများကို ယခုလအတွင်း နေရပ်များမှစွန့်ခွာကြရမည်ဟု စစ်တပ်ကအမိန့်ပေးထားသည်ဟု ဒေသခံများကဆိုသည်။

ပုံစာ > ယခုနှစ်ဆန်း ရခိုင်ဒေသတိုက်ပွဲများတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-Arakan Princess Media)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58611/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

22 Oct, 07:26


KNU ဌာနချုပ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
===========================
KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်လက်နက်ကိုင်တပ်များဖြစ်သော KNLA, KNDO တပ်များ၏ ဌာနချုပ်များရှိသော တပ်မဟာ (၇) တိုက်ခိုက်ခံရမှုသည် စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုလဆန်းကလည်း ဘားအံမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းအတွက် လာသော စစ်သားများ RPG ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံးထားကာ KNU တပ်မဟာ (၁) ၏ လက်ချက် ဖြစ်သည်ဟု တပ်မဟာ (၁) နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များ နှင့် စစ်တပ်ကပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58595/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

22 Oct, 06:05


စီပါရွာမှ လူ့ငရဲ
======================
မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသ၊ ဘုတလင်မြို့နယ်ထဲက စီပါဆိုသည့်ရွာလေးမှ ရွာခံများအတွက် ပြီးခဲ့သည့်သတင်းကျွတ်လပြည့်နေ့က အခြားသူများလို ဆီမီးထွန်းခွင့်မရခဲ့ကြ။

လပြည့်နေ့တွင် ဘုရားရှင်ကိုကြိုဆိုဖို့ထက် ရွာထဲဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များလက်ထဲ ငရဲမကျစေရေးအတွက် ပြေးကြလွှားခဲ့ကြရသည်။

မပြေးနိုင်ကြသူများကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြတ်ခဲ့သည်။ ထို့နောက်ရွာလယ်တွင် ခေါင်းပြတ်၊လက်ပြတ်များကို ချိတ်ဆွဲထားခဲ့ကြသည်။

အသတ်ခံရသူများထဲတွင် မပြေးနိုင်သဖြင့် ရွာထဲကျန်နေခဲ့သည့် အသက် ၈၀ အရွယ်အဖိုးအိုတစ်ဦး လည်း ပါဝင်သည်။

ပြီးခဲ့သည့်သီတင်းကျွတ်လပြည့်နေ့က စစ်ကောင်စီတပ်သားများဖန်တီးခဲ့သည့် စီပါရွာတွင် လူ့ငရဲအကြောင်းကို အသက်မသေဘဲလွတ်မြောက်လာသူတို့က ပြန်လည်ပြောပြခဲ့ကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58586/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

21 Oct, 12:56


ထိုင်းနယ်စပ်မြ၀တီမြို့စောင့်တပ်ကို စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့
=======================
နာမည်ကျော် အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ ချီတက် စစ်ကူပို့ရန် ကြိုးပမ်းမှု ၆ လကြာလာပြီးနောက် စစ်ကူကို လေယာဉ်ဖြင့် ပို့လိုက်သဖြင့် ချက်ချင်း ရောက်သွားသည်။

ပုံစာ >၂၀၁၉ မြန်မာစစ်တပ် ကြည်း၊ လေ ၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးအတွင်းတွေ့ရသော လေထီးခုန်စစ်သားများ။ ( ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58583/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

21 Oct, 11:52


ပြင်ဦးလွင်အနီး တိုက်ပွဲဖြစ်၊ ရှမ်းပြည်နှင့် ကူးသန်းသွားလာမှုကို စစ်ကောင်စီ ကန့်သတ်
=========================
နောင်ချိုနှင့် စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်ကြား စစ်တပ်က ထိုးစစ်ဆင်နေသလို ရွာများကိုလည်း ဗုံးကြဲနေသည်၊ ရှမ်းပြည်နယ်ဘက် ထွက်ခွာမည့် ယာဉ်များကိုလည်း အထူး စစ်ဆေးနေသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများဖြစ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီး ယနေ့တွင်လည်း မိုးကုတ်-မန္တလေးလမ်းနှင့် မန္တလေး-လားရှိုးလမ်းဆုံရာအနီးတွင် တိုက်ပွဲဖြစ်နေသည်။

ပုံစာ > ပြင်ဦးလွင်မြို့ မြို့လယ်ကောင်ကို ယခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58577/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

21 Oct, 10:49


အမ်းမြို့စစ်ဌာနချုပ် ထောက်ပို့လမ်းကြောင်းကို AA ဖြတ်တောက်
==================
ရခိုင်ပြည်နယ် မြို့နယ်အများစုကို သိမ်းထားသော AA က ဆက်လက် ထိုးစစ်ဆင်နေရာ လတ်တလော ထိုးစစ်နယ်မြေတစ်ခုမှာ အမ်းမြို့ စစ်ဌာနချုပ်ဖြစ်ပြီး ထောက်ပို့လမ်းကြောင်းများကို ဖြတ်ထားလိုက်သည်။

ပုံစာ > ရခိုင်ပြည်နယ် မောင်တောတွင် လုံခြုံရေးယူထားသည့် စစ်သားတစ်ဦးကို ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- EPA

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58572/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

21 Oct, 07:11


တနင်္သာရီတွင် ကျောင်းသားများပါသည့်စက်လှေမှောက်၊ ၁၁ ဦး သေပြီး ၆၀ ကျော် ပျောက်နေ
=========================
မြိတ်ခရိုင် ပုလောမြို့နယ်တွင် ခရီးသည်တင် စက်လှေ တိမ်းမှောက်ရာ သုံးလသား ကလေးအပါအဝင် ၁၁ ဦး၏ ရုပ်အလောင်းများ တွေ့ရသည်။

စုစုပေါင်း လူ ၈၀ ကျော်လိုက်ပါလာသည်ဟု ယူဆရသည့် အဆိုပါစက်လှေတွင် သီတင်း ကျွတ် ကျောင်းပိတ်ရက်ကာလ အိမ်ပြန်လာကြသည့် အခြေခံပညာ ကျောင်းသားကျောင်းသူ အများစု လိုက်ပါလာကြသည်ဟု သိရသည်။

၁၀ ဦးခန့် အသက်ရှင်သည်။ ပျောက်ဆုံးနေသည့် ခရီးသည် ၆၀ ကျော်၏ ကံကြမ္မာကို မသိရသေးပေ။

ပုံစာ > ဆယ်ယူရရှိသည့် အလောင်းတချို့အနီး တွေ့ရသော မိသားစုဝင်ဆွေမျိုးများ။ (ဓာတ်ပုံ - အရှင်သုန္ဒရ - ဇိနပုတ္တ)


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58565/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Oct, 05:58


ထိုင်းအချုပ်မှ ပြန်ပို့သည့် မြန်မာရွှေပြောင်းအလုပ်သမားများ အဓမ္မစစ်သားစုဆောင်းခံရ
==================
စစ်သင်တန်းအပတ်စဉ် ၅ ခုပြည့်ပြီဖြစ်ပြီး အပတ်စဉ် ၃ မှ ၅ အထိ ထိုင်းဘက်မှ ပြန်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမားများကို အဓမ္မစုဆောင်းခံရကြောင်း ကော့သောင်းဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုင်းတောင်ပိုင်းခရိုင် ၁၄ ခုတွင် ခိုးဝင်လာသူ၊ နေထိုင်ခွင့်သက်တမ်းကုန်သူ၊ အထောက်အထားမရှိသူနှင့် အခြား ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို နေရပ်ပြန်ရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်မှ ကော့သောင်းမြို့ ကို နှစ်နိုင်ငံညှိနှိုင်းကာ ပို့ဆောင်နေခြင်းဖြစ်သည်။

ယခုနှစ် စစ်မှုထမ်းဥပဒေ ပြဌာန်းအပြီး စစ်ကောင်စီသည် ရနောင်းအချုပ်ထောင်မှ အလုပ်သမားများကို မကြာခဏ လာပြန် ခေါ်လေ့ရှိပြီး စစ်သားအဖြစ်စုဆောင်းရန် ကြိုးပမ်းနေသည်။

ပုံစာ > ကော့သောင်းသို့ ပြန်ရောက်လာသည့် မြန်မာများအား စက်တင်ဘာပထမပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေး)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58528/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

19 Oct, 05:39


“ ဓားပြဆန်ဆန်ငွေရှာလာသူ စစ်သားများ”
==================
နိုင်ငံအနှံ့မှ ဒေသခံ သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်နေရချိန် ကျေးရွာများကို စီးနင်းနေသည့် စစ်သားများအတွက် ငွေရှာစရာ နေရာဖြစ်နေသည်။
ကျေးလက်ဒေသမှ လူအများ၏ ချွေးနှဲစာနှင့် ရှာဖွေထားရသည်များကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ လက်နက်ကိုင်များက အာဏာနှင့်လက်နက် အားကိုးပြီး တောင်းယူ၊ လုယူ၊ ခိုးယူနေ ကြသည်။
ယခုအခါ လူအများက အနိဋ္ဌာရုံအရာများဖြင့် ပြည့်နှက်နေသောနေရာအဖြစ် သတ်မှတ်ထားသော ရှေ့တန်းစစ်မြေပြင်များအထိကိုပင် ငွေရှာရန် ရှေ့တန်းထွက်လိုသော စစ်သားများ ရှိလာနေသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58512/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

18 Oct, 10:51


တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး
==============

စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်မှုများအား အဆုံးသတ်ရန် တရုတ်အစိုးရတာဝန်ရှိသူများက ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA တာဝန်ရှိသူများ ကိုယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့ကတွေ့ဆုံစဥ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယူနန်ပြည်နယ်ကူမင်းမြို့တွင် နိုဝင်ဘာ ၆ မှ ၇ ရက်အတွင်း ကျင်းပမည့် မဲခေါင်ဒေသထိပ်သီးအစည်းအဝေးသိို့ မင်းအောင်လှိုင်အားဖိတ်ကြားထားသည်ဟုလည်း သိရှိရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58507/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

18 Oct, 10:40


မင်းကွန်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၃ ဦး ပစ်သတ်ခံရ
========================
မန္တလေးမြို့တစ်ဖက်ကမ်း ခရီးသွားများအကြား အမည်ကျော်သည့် မင်းကွန်းဒေသတွင် ရဲ ၃ ဦး လူမြင်ကွင်း၌ ပစ်သတ်ခံလိုက်ရသည်။
စစ်သားနှင့်ရဲများက အနီးဝန်းကျင်ကို ပစ်ခတ်စဉ် အရပ်သား ၄ ဦးခန့် ဒဏ်ရာရခဲ့သလို နေအိမ် ၈ လုံး ကိုလည်း မီးရှို့သွားခဲ့သည်။
ရဲနှင့်ပျူစောထီးများ မကြာခဏတိုက်ခိုက်ခံရသည့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်အများအပြားကိုမီးရှို့၊ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်လေ့ရှိသဖြင့် ဒေသ ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်မှုများ ခေတ္တရပ်နားထားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မင်းကွန်းအခြေစိုက် အဖွဲ့များက ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုထားပြီး ပြောက်ကျားတိုက်ခိုက်ခဲ့ သည့် အဖွဲ့အနေဖြင့် တာဝန်ယူ တာဝန်ခံထုတ်ပြန်ပေးစေလိုကြောင်း ကြေညာထားကြသည်။
ပုံစာ > ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိရာ မင်းကွန်းပုထိုးတော်ကြီးအား ၂၀၂၀ ဇန်နဝါရီ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58503/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

18 Oct, 09:43


ပလက်ဝတွင် CDF ထောက်ပံ့သံသယဖြင့် ဒေသခံ ၅ ဦး အဖမ်းခံရ
=======================
AA အုပ်ချုပ်ရေးအောက်တွင် ရှိနေသည့် ပလက်ဝတွင် ချင်းတော်လှန်ရေးအဖွဲ့ကို ထောက်ပံ့မှု သံသယဖြင့် အဖမ်းခံရသည့် ဒေသခံတချို့ ပျောက်ဆုံးနေသည်ဟု သိရသည်။
AA ဘက်ကမူ ထိုသူများ အဖမ်းခံရမှု ရှိမရှိ မသိရသေးကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေးခြင်းသည် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်မှုမရှိကြောင်း ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် ပလက်ဝမြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် CNF နှင့် AA အကြား အငြင်းပွားမှုများ ပိုဖြစ်လာသည့်အပြင် နှစ်ဖက်တပ်နှင့် နီးစပ်သည့် ချင်းတပ်ဖွဲ့များ အကြား ပဋိပက္ခအချို့ ဖြစ်ခဲ့သည်။
ပုံစာ > -အောက်တိုဘာလဆန်းက မောင်တောမြို့အနီး မိုင်းရှင်းနေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-APM)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58494/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

17 Oct, 10:54


ဟားခါး-ထန်တလန်တွင် စစ်တပ်က တန်ပြန်ထိုးစစ်ဆင်
---------------------------------------------
ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်ကြားရှိ တော်လှန်ရေးအင်အားစုကို စစ်တပ်က လက်နက်ကြီး ပစ်ကူ၊ လေတပ်တို့ကို အားပြုပြီး စစ်ကြောင်းထိုး တိုက်ခိုက်ရာ စခန်းတစ်ခု ရရှိသွားသည်။

တိုက်ပွဲများအတွင်း CDF ထန်တလန် စစ်ဦးစီးချုပ်၊ CDF Zotung (ဇိုတုန်) ဒုတပ်ရင်းမှူးနှင့် တပ်စုမှုးတို့လည်း သေဆုံးသွားသည်။

ပုံစာ > ယခုနှစ်ဇွန်လက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင်တွေ့ရသည့် CDF ထန်တလန် တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ _ CDF Thantlang)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58481/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

16 Oct, 08:28


စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ
==================
PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက် စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီက ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် မက်လုံးဖြင့် ပအိုဝ်းအရပ်သားများကို ဆွဲဆောင်နေသည်။
သြဂုတ် ၂၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ စစ်သင်တန်းသုံးခု ဖွင့်ခဲ့ပြီး တပ်သားသစ် ၃၇၀၀၀ ခန့် ရရှိထားကြောင်း PNA က ကြေညာခဲ့သည်။ အဆိုပါအရေအတွက်သည် စစ်တပ်က အတင်းအကျပ် လူသစ်စုထားသည့် ပမာဏထက် များပြားခဲ့သည်။
PNO/PNA ထဲ ဝင်ပါက စစ်ထဲမဝင်ရဟု ပအိုဝ်းလူထုကို ကြော်ငြာနေသော်လည်း စစ်တပ်က ကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကင်းလွတ်ခွင့်တွင် ထိုအချက်ပါဝင်ခြင်းမရှိပါ။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58459/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

16 Oct, 07:28


တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ငါန်းမြာကြီးမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်
==================
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်သတ်ခံရသည့် မြို့နယ်အတွင်းရှိ မြို့ငယ်တစ်ခုကို ပြန်ရလိုသည့် စစ်ကောင်စီတပ်က ထိုနေရာကို ကြည်းတပ်၊ လေတပ် အင်အားဖြင့် ထိုးစစ်ဆင်နေသည်။

ပုံစာ > ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငါန်းမြာကြီးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ − CDSOM)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58453/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Oct, 13:07


ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်း
==================
မြန်မာတရုတ်နယ်စပ်အနီး နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များ ၆ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်နှင့် စစ်ကောင်စီပူးပေါင်းလုပ်ဆောင်နေသည့် စီမံကိန်းများရှိရာ နေရာလည်းဖြစ်သည်။
ပုံစာ > KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58427/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Oct, 12:49


ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ်
===============================

စစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရသည့် ဘုတလင်နယ်ထဲသို့ စစ်တပ် ဝင်ရောက်လာကာ ကလေးများအပါအဝင် တွေ့သည့် ဒေသခံတို့ကို သတ်ဖြတ်နေသည်။

တစ်ပတ်အတွင်း ဘုတလင်မြို့ပေါ် မှ ကလေးများအပါအဝင် မိသားစုဝင် ၆ ဦး၊ မြို့အနီး ရွာ နှစ်ရွာမှ အရပ်သား ၈ ဦး သတ်ဖြတ်ခံထားရပြီး လူ ၅၀ ခန့်လည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ဟု ဒေသခံ များနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။

လက်တုံ့ပြန်ရန်လာသည့် စစ်ကြောင်းက လှုပ်ရှားဆဲ ဖြစ်နေသည့်အတွက် အခြေအနေ အသေးစိတ် မသိရ သေးသလို သတ်ဖြတ်ခံရသူ အရေအတွက် ၁၄ ဦးထက် ပိုများနိုင်သည်ဟု ယူဆကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58421/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Oct, 08:47


စီးပွားရေးအကျပ်အတည်းကြောင့် Forever ရုပ်သံကုမ္ပဏီဝန်ထမ်း ရာနှင့်ချီအနားပေးခံရ
==================
MRTV - 4, Channel 7 နှင့် ရုပ်သံလိုင်းများစွာ ထုတ်လွှင့်ပြသနေပြီး အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရန် ပံ့ပိုးနေသည့် Forever Group ကုမ္ပဏီက လုပ်ငန်းအချို့ရပ်ဆိုင်းသဖြင့် ဝန်ထမ်းရာနှင့်ချီ လျှော့ချခဲ့သည်ဟု သိရသည်
ပုံစာ > Forever Group ၏ အမှုဆောင်အရာရှိချုပ်(CEO) ဦးဝင်းမော်ကို အခမ်းအနားတစ်ခုတွင် ၂၀၁၉ ခုနှစ်ကတွေ့ရပုံ။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58416/
Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

15 Oct, 07:25


နယ်ကျွံလာသည့် ရေလုပ်သား၂၁ ဦးကို ဘင်္ဂလားဒေ့ရှ်ထံ AA လွှဲပြောင်း
---------------------------------
ရေပိုင်နယ် ကျော်လွန်လာသော ငါးဖမ်းသမားများကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ လွှဲပြောင်းပေးအပ်နိုင်ခြင်းသည် ရခိုင်တပ် AA ၏ နယ်မြေစိုးမိုးနိုင်မှု အခြေအနေကို ဖော်ပြနေသည်။

တရုတ်နိုင်ငံက AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို ထိုးစစ်ရပ်ရန် ဖိအားပေးနေသော်လည်း AA က တိုက်ပွဲအရှိန် မလျှော့ဘဲ နယ်မြေများသိမ်းယူနိုင်ရေး ကြိုးပမ်းနေသည်။

ပုံစာ > အောက်တိုဘာ ၁၄ ရက်နေ့က ပြည်တော်ပြန်မည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၁၆ ဦး စက်လှေပေါ်သို့ တက်နေကြစဉ်။ (ဓာတ်ပုံ-AA info Desk)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58408/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

Myanmar Now

14 Oct, 12:51


လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ သုံးဦးသေဆုံး
======================

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ယနေ့(အောက်တိုဘာ ၁၄) တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးသွားသည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးသည့် ဩဂုတ်လဆန်းမှ ယနေ့အထိ စစ်ကောင်စီတပ်က
လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးသူ ၁၁ ဦးထက်မနည်းရှိနေပြီး
ဒဏ်ရာရသူ ၅၀ ခန့်ရှိနေပြီဖြစ်သည်။


ပုံစာ > ဗုံးကြဲခံရသည့် အီနိုင်းရွာမှ အပျက်အစီးများကို တွေ့ရစဉ်။ ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58397/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/