DVB TV News @dvbtvnews Channel on Telegram

DVB TV News

@dvbtvnews


The DVB TV News (Democratic Voice of Burma) is a non-profit Burrmese media organization committed to independent and responsible journalism.

DVB TV News (English)

Are you looking for reliable news sources that provide accurate and unbiased information? Look no further than DVB TV News! DVB TV News, also known as Democratic Voice of Burma, is a non-profit Burmese media organization dedicated to delivering independent and responsible journalism to its viewers. With a strong commitment to reporting the truth and upholding journalistic integrity, DVB TV News is the go-to channel for all your news needs. Whether you're interested in local, national, or international news, DVB TV News covers a wide range of topics to keep you informed and educated. Join the thousands of viewers who rely on DVB TV News for timely and trustworthy reporting. Stay up to date on the latest developments and get a comprehensive understanding of current events with DVB TV News. Trust in DVB TV News to deliver the news that matters most to you. Subscribe to their channel @dvbtvnews today and stay informed with reliable journalism at your fingertips.

DVB TV News

15 Jan, 12:32


🗞 မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း တိုက်ခိုက်ခံရ
🗞 Mytel App ကို ဖြုတ်ချဖို့ အမေရိကန်နည်းပညာကုမ္ပဏီတွေကို တောင်းဆို
#dvbtvnews #dvbdigital #myanmar
https://youtu.be/GtF44tjD4Zs

DVB TV News

15 Jan, 11:49


စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အရင်းမြစ်ဖြစ်တဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ အမှန်တကယ် ခြိမ်းခြောက်နိုင်တော့မလား ဆိုတာနဲ့ ပတ်သက်လို့ စစ်ရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
#dvbtvnews #ကပစ #စက်ရုံ #myanmar
https://youtu.be/V0iKrqPWLE4

DVB TV News

15 Jan, 11:02


စစ်ကိုင်းမှာ စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် ရေအရင်းမြစ်တွေ ထွက်ရှိရာ ရေတွင်းရေကန် တွေကိုပါ ဖျက်ဆီးပစ်လို့ လာမယ့်နွေကာလမှာ ရေရှားပါးမှာ ဒေသခံတွေကြားမှာ စိုးရိမ်နေပါတယ်။ ရေအသက်တ မနက်အတွက် ရုန်းကန်နေရသူတွေ အကြောင်းကို ကေခိုင် ပြောပြပေးမှာပါ ။
#dvbtvnews #Water #Shortage #myanmar
https://youtu.be/yz52m6ZP3s0

DVB TV News

15 Jan, 10:38


🗞 ဝန်ထမ်းတွေ နိုင်ငံအပေါ် သစ္စာရှိဖို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြော
🗞 စစ်တပ်ရဲ့ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းနေရသူ ၃ ဦး ဖမ်းမိ
#dvbtvnews #dvbdigital #myanmar
https://youtu.be/mB0_8GbT5wM

DVB TV News

15 Jan, 10:07


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၁၅ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 KNDF အဖွဲ့ကို တိုင်းရင်းသားသစ္စာဖောက်အဖွဲ့လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြစ်တင်လိုက်တဲ့ သတင်း
👉 ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်က PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ သတင်းနဲ့
👉 နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ်တွေကို ဗဟိုဘဏ်က အရေးယူလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - https://youtube.com/dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

15 Jan, 09:06


ငွေဈေး ရွှေဈေး (၁၅ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 15.01.2025
#currency #exchange #Myanmar

DVB TV News

15 Jan, 08:57


ဆမီးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ‌ထွေအုပ်ရုံးနှင့် စာသင်ကျောင်း ပျက်စီး
#dvbtvnews

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထွေအုပ်ရုံးနဲ့ စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့တာကြောင့် ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထွေအုပ်ရုံး မီးလောင်ပျက်စီးကာ အထက်တန်း‌ကျောင်းက စာသင်ဆောင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686421

DVB TV News

15 Jan, 08:57


ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
#dvbtvnews

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီက စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686424

DVB TV News

15 Jan, 08:56


ထောက်ကြန့်ရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ
#dvbtvnews

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းပေါ်က ထောက်ကြန့်ရဲစခန်းကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းမှာ အဝေးထိန်းမိုင်း ၂ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame OF သတင်းပြန်ကြားတာဝန်ရှိသူက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686425

DVB TV News

15 Jan, 08:38


ရွှေသောင်ယံ ဒေသခံများ စစ်ဘေးမရှောင်ရန် စစ်ကောင်စီ တားမြစ်၊ ချောင်းသာတွင် စစ်ရေးပြင်
#dvbtvnews

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့က အရပ်သားတွေကို စစ်ဘေးရှောင် နေရပ်စွန့်ခွာတာ မလုပ်ဖို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေး တားမြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ရွှေသောင်ယံမြို့အနီးမှာရှိတဲ့ မကျီးဇင် တိုက်နယ်အဆင့် ကျေးရွာနဲ့ စစ်ကောင်စီရဲ့ ကမ်းခြေရဲစခန်းကို ဇန်နဝါရီ ၉ ရက်က သိမ်းယူပြီးနောက် ရွှေသောင်ယံမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ တိုက်ပွဲကြောက်လို့ နေ့စဉ်နီးပါး နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686418

DVB TV News

15 Jan, 08:37


ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့်ဂိုဏ်းက ဆက်သွယ်ပြီး လိမ်လည်ရန်ကြိုးစား
#dvbtvnews

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ဟာ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းရဲ့ ဆက်သွယ်လာတာကိုခံရပြီး အလှူငွေထည့်ခိုင်းတယ်လို့ ကာယကံရှင်က သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ထိုင်း၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ သောင်းကျန်းနေတာမှာ နိုင်ငံတော် အကြီးအကဲတွေကိုပါမချန် လိမ်လည်ဖို့ ကြိုးစားလာကြတာဖြစ်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686392

DVB TV News

15 Jan, 08:37


လက်နက်ကြီးကြောင့် ကော့ကရိတ်ပြည်သူ ၁ ဦးသေဆုံး၊ ကျုံဒိုးအခြေစိုက်တပ်ရင်းများ တိုက်ခိုက် မခံရရေး ခံစစ်ပြင်နေ
#dvbtvnews

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက်မှာ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှူကြောင့် ကော့ကရိတ်မြို့တောင်ဘက် တမိုင်ကုန်းရွာက ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ တမိုင်ကုန်းရွာက ဈေးဆိုင်အခုရဲ့ အရှေ့ဘက်မှာ ထိုင်စကားပြောနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတယောက် သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686395

DVB TV News

15 Jan, 08:36


သာပေါင်းတွင် စစ်ခေါင်းဆောင်ညွှန်ကြားချက်ဖြင့် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်
#dvbtvnews

စစ်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ပါ်မှာ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ သံဃာတော်တွေကို ပင့်ဆောင်ပြီး အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူး၊ တပ်ရင်းမှူးနဲ့ ဗိုလ်မှူးတွေ ဦးဆောင်ပြီး သံဃာတွေကို ပင့်ဖိတ်ကာ သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးထဲမှာ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်နေတာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686407

DVB TV News

15 Jan, 08:30


🗞 ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတလျောက် လုံခြုံရေး တိုးမြှင့်
🗞 ကျားဖြန့်ဂယက်ကြောင့် ဟောင်ကောင်အဆိုတော် ဘန်ကောက်ဖျော်ဖြေပွဲ ဖျက်
#dvbtvnews #dvbdigital #myanmar
https://youtu.be/JkICuXvM6Xs

DVB TV News

15 Jan, 08:21


မိုးယွန်းကြီးအင်းမှာ ဆောင်းခိုငှက် ဝင်ရောက်မှု လျော့ကျလာသလို ငှက်ကြည့်ဝါသနာရှင်တွေလည်း လာရောက် လည်ပတ်သူ နည်းပါးလာတယ်လို့ သိရပါတယ်။
#dvbtvnews #မိုးယွန်းကြီးအင်း #ဆောင်းခိုငှက် #myanmar
https://youtu.be/Y_jX-7g7Nhg

DVB TV News

15 Jan, 08:01


ဧရာဝတီတိုင်းမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာတွေက ကိုဗစ်ချေးငွေတွေကို ခြိမ်းခြောက် တောင်းယူနေတဲ့ အတွက် တောင်သူတွေ အခက်ကြုံနေကြရပါတယ်။
#dvbtvnews #လယ်သမား #ကိုဗစ်ချေးငွေ #myanmar
https://youtu.be/LOsKrhXg-8M

DVB TV News

15 Jan, 07:12


နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေသည့် ဖေ့စ်ဘွတ်ခ် များကို အရေးယူ
#dvbtvnews

နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ် Group တွေ၊ Page တွေနဲ့ လူတွေကို အရေးယူနိုင်ဖို့ စိစစ်နေတယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိကာလမှာလည်း ငွေလွှဲလုပ်ငန်း ကျော်စောသတင်းရှိသူတွေကို အရေးယူနေတာကြောင့် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စိစစ်ရာမှာ ရဲတပ်ဖွဲ့က လူ ၉ ယောက်ကို အမှုဖွင့်အရေးယူထားပြီး ၆ ယောက်ကိုတော့ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ထားတယ်လို့ ဖော်ပြထားပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686378

DVB TV News

15 Jan, 07:12


ချောက်နှင့်ဒီပဲယင်းတွင် စစ်တပ်က နေအိမ်များကို မီးရှို့ပြီး ပစ္စည်းများ ခိုးယူ
#dvbtvnews

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး လူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြသလို ကျေးရွာဆေးရုံနဲ့ လူနေအိမ်တွေက ပစ္စည်းတွေကိုလည်း ခိုးယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686374

DVB TV News

14 Jan, 12:46


🗞 AA နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မကျီးဇင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
🗞 အမရပူရတွင် အိုးဝေမောင်းသူနှင့် ခရီးသည်ကို စစ်ကောင်စီဖမ်းဆီး
#dvbtvnews #dvbdigital #myanmar
https://youtu.be/5xakVqfMYe8

DVB TV News

14 Jan, 12:00


Meta ကုမ္ပဏီက အချက်အလက်စောင့်ကြည့်တဲ့ ပရိုဂရမ်အစား သုံးစွဲသူတွေကိုယ်တိုင် မှတ်ချက်ပြုရမယ့် မူဝါဒကြောင့် ဖေ့ဘုတ်ခ် အသုံးများတဲ့ မြန်မာ့နိုင်ငံကို သက်ရောက်လာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
#dvbtvnews #ဖေ့ဘုတ်ခ် #မူဝါဒ #myanmar
https://youtu.be/N4s6yJngwDo

DVB TV News

14 Jan, 11:28


ရခိုင်နဲ့ ဧရာဝတီအစပ်က မကျီးဇင်ရွာကို AA က သိမ်းပိုက်ပြီးနောက်ပိုင်း ရွှေသောင်ယံဝန်းကျင်မှာ စစ်ရေး ဆက် လက် တင်းမာနေကာ လူဦးရေ ၁ သောင်းခွဲဝန်းကျင် ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
#dvbtvnews #ရွှေသောင်ယံ #myanmar
https://youtu.be/2TOdIR2RodA

DVB TV News

14 Jan, 10:58


၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်တပ် ကင်းစင်သွားအောင် စစ်ရေးအရှိန် မြှင့်သွားမယ်လို့ ချင်းအမျိုးသား တပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
#dvbtvnews #CNF #myanmar
https://youtu.be/8dpcuVrHWW4

DVB TV News

14 Jan, 10:44


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၁၄ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 ရွှေသောင်ယံမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်း
👉 ရွှေဘိုထောင်မှ လွတ်လာတဲ့ နိုင်ကျဉ်းအချို့ကို ပြန်ဖမ်းဆီးထားတဲ့သတင်းနဲ့
👉 ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုးခန့်အပ်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - https://youtube.com/dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

14 Jan, 10:36


🗞 ရွှေဘိုထောင်က လွတ်လာတဲ့ နိုင်ကျဉ်းတချို့ကို ပြန်ဖမ်းဆီးထား
🗞 ထီးလင်းရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ခဲယမ်းတွေနဲ့အတူအလင်းဝင်
#dvbtvnews #dvbdigital #myanmar
https://youtu.be/oS7jcQ5QK2w

DVB TV News

14 Jan, 09:33


ပဲခူးတွင် ဝါယာရှော့ဖြစ် မီးလောင်ပြီး အိမ် ၂ လုံး ဆုံးရှုံး
#dvbtvnews

ပဲခူတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ ၅ လမ်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ လောက်က ဝါယာရှော့ဖြစ်ပြီး လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ပဲခူးမြို့နယ် မီးသတ်ဌာနကနေ သိရပါတယ်။

မီးလောင်မှုဟာ နေအိမ်အတွင်း အသုံးပြုနေတဲ့ ရေ‌ခဲသေတ္တာရဲ့ ၁၁၀ ဗို့ မိန်းထုပ်ကနေ အပူလွန်ကဲ ဝါယာရှော့ဖြစ်ပြီး ဘေးအကာနဲ့ ကြမ်းခင်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686262

DVB TV News

14 Jan, 09:32


ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာများကို စစ်မှုထမ်းဟောင်းနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုး
#dvbtvnews

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်အငြိမ်းစား အများစုနေထိုင်တဲ့ ရွှေပေါက်ကံမြို့မှာ ဒီဇင်ဘာလကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဟောင်းတွေ ခန့်ထားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686256

DVB TV News

14 Jan, 09:32


အညာဒေသက ရေအသက်တမနက်အတွက် ရုန်းကန်နေရသူများ
#dvbtvnews

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်တွေက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရေအရင်းမြစ်တွေထွက်ရှိရာ ရေတွင်း ရေကန်တွေကိုပါ ဖျက်ဆီးပစ်လို့ ဒေသခံတွေဟာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ ၃ နှစ်အတွင်း နေအိမ်ပေါင်း တသိန်းကျော်လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေအတွက် နေ့စဉ် မဖြစ်မနေလိုအပ်တဲ့ ရေအရင်းမြစ်တွေရှိရာ ရေတွင်းရေကန်တွေကိုပါ သုံးမရအောင် မီးရှို့ဖျက်ဆီးပစ်ခဲ့တာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686257

DVB TV News

14 Jan, 08:50


ဖေ့စ်ဘွတ်ခ်၏ မူဝါဒအပြောင်းအလဲ မြန်မာလူမှုကွန်ရက်သုံးသူများအပေါ် သက်ရောက်နိုင်
#dvbtvnews

ဖေ့စ်ဘွတ်ခ်ရဲ့ Meta ကုမ္ပဏီက အချက်အလက်စောင့်ကြည့်တဲ့ ပရိုဂရမ်အစား သုံးစွဲသူတွေ ကိုယ်တိုင် မှတ်ချက်ပြုရမယ့် မူဝါဒကြောင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးများတဲ့ မြန်မာနိုင်ငံကို သက်ရောက်လာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်သူ စီအီးအို မတ်ခ်ဇူကာဘာဂ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ Meta ကုမ္ပဏီ အောက်က facebook, instagram နဲ့ Treads စတဲ့ ပလက်ဖောင်းတွေမှာ လွတ်လပ်တဲ့ကြားနေ အဖွဲ့အစည်းတွေရဲ့ အချက်အလက်စစ်ဆေးရေး အစီအစဉ်ကို ရပ်ဆိုင်းတော့မယ်လို့ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686247

DVB TV News

14 Jan, 08:49


ရွှေသောင်ယံ၊ မကျီးဇင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်
#dvbtvnews

ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေမှာရှိတဲ့ မကျီးဇင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေသောင်ယံမြို့ရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ မကျီးဇင် တိုက်နယ်အဆင့်ရှိ ကျေးရွာနဲ့ အနီးတ၀ိုက်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် ဇန်နဝါရီ ၁၁ ရက် ၁၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရွှေသောင်ယံ ဒေသခံတယောက်က ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686248

DVB TV News

14 Jan, 08:48


ကန့်ဘလူတွင် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
#dvbtvnews

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686244

DVB TV News

14 Jan, 08:48


ထီးလင်းရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ဦး အလင်းဝင်
#dvbtvnews

မကွေးတိုင်း၊ ထီးလင်းမြို့မှာ ရဲတပ်သားတယောက် ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း YRA ရဲ့ တာဝန်ရှိသူတယောက်က “အခုအလင်းဝင်လာတဲ့သူက ထီးလင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဖြစ်ပါတယ်။ သူနဲ့အတူ လက်နက်တော့ ပါမလာခဲ့ပါဘူး” လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686231

DVB TV News

14 Jan, 08:47


ရွှေသောင်ယံဝန်းကျင်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူ ၁၅၀၀၀ ခန့် တိမ်းရှောင်နေရ
#dvbtvnews

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအစပ်က မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက်ပိုင်း ရွှေသောင်ယံဝန်းကျင်မှာ စစ်ရေးဆက်လက် တင်းမာနေကာ လူဦးရေ ၁၅၀၀၀ ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပေမဲ့ ရွှေသောင်ယံဝန်းကျင်ကနေ လက်နက်ကြီးသံတွေ ကြားနေရတုန်းလို့ ဒေသခံတွေက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/686223

DVB TV News

14 Jan, 08:36


🗞 ပုလောဖက်က ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးလိုက်ရှို့နေ
🗞 ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေ
#dvbtvnews #dvbdigital #myanmar
https://youtu.be/AFgloev7aKE

DVB TV News

14 Jan, 08:21


ငွေဈေး ရွှေဈေး (၁၄ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 14.01.2025
#currency #exchange #Myanmar

DVB TV News

14 Jan, 06:24


🗞 စက်သုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်း ရောင်းချပေးမယ်
🗞 တနှစ်အတွင်း ဆီရည်ညွှန်းဈေး ကျပ်၂၀၀၀ ကျော်နှင့် ပြင်ပဈေး ကျပ် ၈၀၀၀ ကျော်မြင့်တက်
#dvbtvnews #dvbdigital #myanmar
https://youtu.be/DVnSrNMx9rw

DVB TV News

14 Jan, 04:45


🚨 DVB Digital 1 Minute News 🚨 14.01.2025 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

14 Jan, 04:33


🗞 ရန်ကုန်တွင် လူငယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
🗞 မြောင်းမြမှာ ဘဏ်ချေးငွေတွေ ပြန်မဆပ်ရင် လယ်သိမ်းမယ်လို့ ခြိမ်းခြောက်
#dvbtvnews #dvbdigital #myanmar
https://youtu.be/godq7gfQllY

DVB TV News

14 Jan, 03:18


ငွေဈေး ရွှေဈေး (၁၄ ရက် ဇန်နဝါရီလ ၂၀၂၅ မနက်ပိုင်း)
Morning Currency Exchange 14.01.2025
#currency #exchange #Myanmar

DVB TV News

13 Jan, 10:19


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၁၃ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 ကျောက်တော်မှာ လေကြောင်းဗုံးကြဲမှုကြောင့် AA ဗဟိုနိုင်ငံရေးမှူးအပါအဝင် ဒေသခံတွေ သေဆုံး သွားတဲ့သတင်း
👉 ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျပြီး လူ ၈ ဦးသေဆုံး ၁၀၀ ကျော်ပျောက်ဆုံးနေတဲ့ သတင်းနဲ့
👉 ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာက တောင်း ဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - https://youtube.com/dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

13 Jan, 09:23


ငွေဈေး ရွှေဈေး (၁၃ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 13.01.2025
#currency #exchange #Myanmar

DVB TV News

13 Jan, 07:07


https://www.youtube.com/watch?v=VhCh039lqDY

DVB TV News

13 Jan, 07:07


https://www.youtube.com/watch?v=OcMoDVoFuNM&t=172s

DVB TV News

13 Jan, 07:06


https://www.youtube.com/watch?v=k3lLQd4X_20

DVB TV News

13 Jan, 06:44


🚨 DVB Digital 1 Minute News 🚨 13.01.2025 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

13 Jan, 04:06


🗞️ မင်္ဂလာဒုံလေတပ်ပတ်လည် ကတုတ်ကျင်းများ တူးနေ။
🗞️ ချောင်းသာခရီးစဉ် လက်မှတ်ဝယ်ထားသူတွေ လျှော့ဈေးနဲ့ ပြန်ရောင်း။

#dvbtvnews #dvbdigital #myanmar
https://youtu.be/lTOAtsi6wLE

DVB TV News

13 Jan, 04:00


ငွေဈေး ရွှေဈေး (၁၃ ရက် ဇန်နဝါရီလ ၂၀၂၅ မနက်ပိုင်း)
Morning Currency Exchange 13.01.2025
#currency #exchange #Myanmar

DVB TV News

13 Jan, 01:02


To read more of the DVB English News Daily Briefing, subscribe, for free, on our website english.dvb.no and stay up-to-date with the latest on #WhatshappeninginMyanmar

DVB TV News

13 Jan, 01:01


Read: Ngwesaung Initiative: The feasibility of a political pact in Myanmar. Find DVB English News on X, FB, IG, Threads & TikTok. Subscribe on YouTube.

DVB TV News

13 Jan, 01:01


Learning Burmese to assist the anti-coup resistance

American pro-democracy activist Michael Sladnick joined the DVB Newsroom to share his journey about how he first learned about what was happening in Myanmar following the 2021 coup. He then learned to speak Burmese, and moved to Thailand to provide assistance to Burma’s anti-coup resistance.

“I really believe in Myanmar people. They're really inspiring. So I believe for my own life, that if I do my best for Myanmar people, that my own future will be okay,” said Sladnick. With an optimistic outlook for the nationwide resistance in 2025, he added: “If I tie my own destiny to theirs, you know, I am confident that my future will be okay as well.”

To learn more about Sladnick’s pro-democracy activism in the U.S. and his work on the Thailand-Burma border, watch DVB Newsroom season 2 episode 5 on DVB English News YouTube or Spotify. It’s also available to listen to on Apple Podcasts, YouTube Music, Audible, Amazon Music, or wherever you get podcasts.

DVB TV News

13 Jan, 01:00


Michael Sladnick is an American pro-democracy activist who works along the Thailand-Burma border. (Credit: DVB)

DVB TV News

13 Jan, 01:00


Malaysia to ‘prioritize’ Myanmar crisis as ASEAN chair

As the Association of Southeast Asian Nations (ASEAN) 2025 chair, Malaysia wants to prioritize Burma’s crisis since the 2021 military coup and position ASEAN as a leading economic bloc, according to Malaysia Prime Minister Anwar Ibrahim. He added that ASEAN must find solutions to challenges in the region and ensure that no member state is left behind.

“This involves tackling complex issues, such as Myanmar, because the foundation for economic growth lies in peace, political stability, effective economic policies, private sector participation and efficient public sector governance,” said Anwar during a speech in Kuala Lumpur last week.

Malaysia officially assumed the ASEAN chair on Jan. 1, taking over from Laos, which handed over responsibilities during the 44th and 45th ASEAN Summits in Vientiane on Oct. 11. Malaysia will host more than 300 meetings and summits throughout the year under the theme “Inclusivity and Sustainability.” Previously, Malaysia chaired ASEAN in 1977, 1997, 2005 and 2015.

DVB TV News

13 Jan, 01:00


Arakan Army claims 15 bombs dropped by military in Rakhine State

At least nine civilians were killed and 30 others were injured by airstrikes carried out by the Burma Air Force on Kyauktaw Township in Arakan State on Saturday. The Arakan Army (AA) claimed that 15 bombs were dropped on Kyauktaw town, including its market, which is located 50 miles (80 km) north of the state capital Sittwe. Kyauktaw has been under AA control since last February.

“All actors should stop using explosive weapons with wide-area effects where there is likely to be a high concentration of civilians,” stated the Action on Armed Violence (AOAV), a U.K.-based charity that records, investigates and disseminates evidence of armed violence against civilians worldwide, to ensure the respect and protection of their rights and to end armed violence against civilians in conflict.

Airstrikes killed at least 42 civilians in Ramree Township of central Arakan State on Wednesday. Ramree town came under AA control last March. The Blood Money Campaign, a coalition of anti-coup activists, is calling for a global aviation fuel ban on Burma. The U.N. urged both the regime in Naypyidaw and the AA to adhere to their obligations under international humanitarian law.

DVB TV News

13 Jan, 01:00


Residents of Kyauk Ni Maw village of Ramree Township, Arakan State, inspect the destruction caused by airstrikes on Jan. 8. (Credit: APM)

DVB TV News

13 Jan, 00:59


Monday, January 13, 2025

DVB TV News

13 Jan, 00:39


စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းပြီး တပ်သားသစ်စုဆောင်းနေတာ တနှစ်နီးပါရှိလာပါပြီ။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ တပ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရတဲ့ ချစ်လင်းပိုင်တယောက် စစ်ကောင်စီတပ်ထဲမှာ သူကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို တင်ဆက်ထားပါတယ်။

#dvbtvnews #feature #myanmar

https://youtu.be/qrm_m-LHYGU

DVB TV News

13 Jan, 00:06


ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ KIA ရဲ့ နှစ်သစ်အောင်ပွဲ၊ မလွတ်သေးတဲ့ နိုင်ကျဉ်းတွေ၊ ကျားဖြန့်လက်က ပြန်လွတ်လာတဲ့ တရုတ်မင်းသားဝန်ရှင်း၊ ထရမ့်နဲ့ အီလွန်မတ်စ်တို့ရဲ့ပြောစကားတွေကြောင့် ဂယက်ထနေတဲ့ အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေက ပြန်လည်သုံးသပ် တင်ဆက်ပေးထားပါတယ်။

#weeklydigest #weeklynewsdigest #myanmar

https://youtu.be/RLW6LUqFetM

DVB TV News

12 Jan, 23:35


🚨 DVB Digital 1 Minute News 🚨 12.01.2025 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

12 Jan, 10:41


https://www.youtube.com/watch?v=LD66aq1cicw

DVB TV News

11 Jan, 14:26


https://youtu.be/FcDVsYWJKcg?si=so1oN3nB_jpBv2cd

DVB TV News

11 Jan, 14:26


https://youtu.be/nzi7yWzDffM?si=oxx0OL3uRRQY7v7s

DVB TV News

11 Jan, 13:38


- ရခိုင်မှာ ဆေးအခမဲ့ဖြန့်နေပေမယ့် ဆက်သွယ်ရေးအခက်အခဲကြောင့် ထုတ်ယူသူနည်းပါး၊၊
- မအူပင်မှာ ကင်းလှည့်နေသည့်ရဲ လေးခွဖြင့်ပစ်ခံရ၊ လုံးထွေးဖမ်းဆီးစဉ် အချွန်ဖြင့်ထပ်ထိုးခံရ၊၊
- မုံရွာကျောက္ကာရွာနဲ့ ရွာအနီးမှာတိုက်ပွဲပြင်းထန်နေ၊၊
#dvbtvnews #dvbdigital #myanmar
https://youtu.be/ZBFhhDvL3VI

DVB TV News

11 Jan, 13:28


မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်အကိုင်ရရှိဖို့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ပိုများလာနေတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ပွဲအရှိန် မြှင့်တင်နေတာကြောင့် ဖြစ်တယ်လို့ အလုပ်သမားကူညီရေး အဖွဲ့ တွေက ပြောလိုက်ကြပါတယ်။

#dvbtvnews #ရွှေ့ပြောင်းဝင်ရောက်သူ #myanmar
https://www.youtube.com/watch?v=oAKo1rF_vUc

DVB TV News

11 Jan, 13:27


🗞 ရွှေသောင်ယံကိုအေအေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေအရှင်ဖမ်းမိ။
🗞 တော်လှန်ရေးအင်အားစုများစုပေါင်းပြီး အောင်ပွဲယူရန်အချိန်ကောင်းဟု TNLA ထုတ်ပြန်။

#dvbtvnews #dvbdigital #myanmar
DVB Digital 7pm News Update. \
https://www.youtube.com/watch?v=rmdBkHPxHpY

DVB TV News

11 Jan, 13:27


၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါတယ်။

#dvbtvnews #ရွေးကောက်ပွဲ #မဲစာရင်း #myanmar
https://www.youtube.com/watch?v=ETCoPYOpHUU

DVB TV News

11 Jan, 13:26


🗞သာပေါင်းကအုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ကလက်နက်တွေစထုတ်ပေးနေ။
🗞ညောင်ဦးစက်သုံးဆီဆိုင်ကို ပျူစောထီးတွေဓါးပြတိုက်။
#dvbtvnews #dvbdigital #myanmar
DVB Digital 5pm News Update.
https://www.youtube.com/watch?v=lXQQfcAUyEY

DVB TV News

11 Jan, 10:18


ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့၊မကျီးဇင်တိုက်နယ်အဆင့်ကျေးရွာရဲစခန်းကို အာရက္ခတပ်တော်အေအေကသိမ်းပိုက်ပြီးတဲ့နောက်သာပေါင်းမြို့နယ်ထဲကကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီတပ်တွေက လက်နက်တွေစတင်ထုတ်ပေးနေတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

#dvbtvnews #အုပ်ချုပ်ရေးမှူး #လက်နက် #myanmar
https://www.youtube.com/watch?v=7iI-9QgIKMI

DVB TV News

11 Jan, 09:57


https://youtu.be/-5BnM_9qWbs?si=seTIHubhFctz5K7W

DVB TV News

11 Jan, 09:57


https://youtu.be/i7YNFFadPmw?si=VVM_A-9OFapBVL7A

DVB TV News

11 Jan, 09:55


https://youtu.be/HQPlYrQovqs?si=EPfE0aJ3D0CN2xVI

DVB TV News

11 Jan, 09:54


https://youtu.be/dZY_qvtN4MA?si=l_P15zxA2ZSOInrK

DVB TV News

11 Jan, 09:54


https://youtu.be/unE77s-zDa0?si=uMdTz9RLsyn_q9Ci

DVB TV News

11 Jan, 09:54


https://youtu.be/6yEJ9irNjl0?si=mnXQAFnCMD52xgfF

DVB TV News

11 Jan, 06:44


🗞အာဏာသိမ်း ၄ နှစ်အတွင်း နိုင်ငံရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးစွာ ကျဆင်းလာ။
🗞စစ်ခေါင်းဆောင်က အလုံးစုံပျက်သုန်းရေးကို လုပ်ဆောင်နေတယ်လို့ အေအေ တုံ့ပြန်။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update.
https://www.youtube.com/watch?v=0Hy38mee_eo

DVB TV News

11 Jan, 06:12


https://youtu.be/Z2nFJBhx-eA?si=iyiIsZy2iA09dfLu

DVB TV News

11 Jan, 06:12


https://youtu.be/diDF3JOvwSA?si=WsDVmmOyGETgb1zO

DVB TV News

11 Jan, 06:11


https://youtu.be/lhNbWvAG-Fk?si=T5GXX5zFRvhR3PzG

DVB TV News

11 Jan, 06:11


https://youtu.be/g9WNOYnI7bA?si=7lQAmAiI_lNFbgzF

DVB TV News

11 Jan, 06:11


https://youtu.be/79wlitETECo?si=6SBwH6-J6y_LVXNh

DVB TV News

10 Jan, 12:51


🗞 ရွှေသောင်ယံကတိုက်နယ်ဆေးရုံကို အာရက္ခတပ်တော်ထပ်မံသိမ်းပိုက်
🗞 အရာတော်မုံရွာလမ်းကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သား ၉ယောက်အရှင်ဖမ်းမိ
#dvbtvnews #dvbdigital #myanmar
https://youtu.be/LUzNTLymUqA

DVB TV News

10 Jan, 12:04


ကရင်နီက လူငယ်အကယ်ဒမီကောလိပ် ပထမဆုံးအကြိမ် ပြီးမြောက်အောင်မြင်- DVB News
ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ် ၆၉ ယောက် ဇန်နဝါရီလ ၇ ရက်နေ့မှာ ဒီပလိုမာရရှိခဲ့ပါတယ်။
#dvbtvnews #ကရင်နီ #အကယ်ဒမီကောလိပ် #myanmar
https://youtu.be/ckypShMcsY4

DVB TV News

10 Jan, 11:36


စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၀၅ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း တစ်ထောင်ကျော်ကိုသေဆုံးစေခဲ့တယ်လို့ DVB က ပြုစုထားတဲ့ စာရင်းတွေ အရ သိရပါတယ်။
#dvbtvnews #2024 #သတ်ဖြတ်မှု #myanmar
https://youtu.be/dH2cDvMV-BA

DVB TV News

10 Jan, 10:35


🗞 နှစ်ပေါင်း ၅၀နီးပါး စစ်တပ် တပ်စွဲထားတဲ့စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်
🗞 စစ်တပ်မှာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးမူဝါဒမရှိဘူးလို့ AA ပြော
#dvbtvnews #dvbdigital #myanmar
https://youtu.be/kPyWyzR2ojY

DVB TV News

10 Jan, 10:12


ဆီဆိုင်ရှိ ရွှေတဂူ စစ်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
#dvbtvnews

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အနီးက စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ အထိုင်ချထားတဲ့ ရွှေတဂူတပ်စခန်းကို ကရင်နီတော်လှန်ရေးအင်အားစုက ဇန်နဝါရီ ၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့ မနက် ၆ နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီတပ်တွေရဲ့ လက်နက်အလက် ၃၀ ရရှိပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ၂၁ ယောက် သေဆုံးကာ စစ်သုံ့ပန်း ၁၀ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကရင်နီသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685794

DVB TV News

10 Jan, 10:12


လာအိုနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၆၀၀၀၀ ခန့် ရှိ
#dvbtvnews

လာအိုနိူင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၆၀၀၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။

ဦးမြင့်နောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG တို့ ဇန်နဝါရီ ၉ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး အဲဒီနိုင်ငံရောက် မြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685770

DVB TV News

10 Jan, 10:11


ရွှေသောင်ယံအနီးရှိ မကျီးဇင်ရွာကို AA ပူးပေါင်းမဟာမိတ်တပ်များ သိမ်းပိုက်
#dvbtvnews

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင် တိုက်နယ်အဆင့် ကျေးရွာကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂ ရက်က စတင်ပြီး ပင်လယ်ကမ်းရိုးတန်းအတိုင်း ပုသိမ်မြို့နယ်ထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မနေ့ ဇန်နဝါရီ ၉ ရက်က မကျီးဇင်တိုက်နယ်အဆင့် ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685775

DVB TV News

10 Jan, 10:10


KIA ထိန်းချုပ်နယ်မြေက မြေရှားသတ္တုများကို တရုတ်ဘက် တင်ပို့ခြင်းမရှိ
#dvbtvnews

ပန်ဝါဒေသ အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေက မြေရှားသတ္တုတွေကို လက်ရှိအထိ တရုတ်ဘက် တင်ပို့တာမျိုး မရှိသေးသလို သတ္တုဆိုက်တချို့ ရပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေနဲ့ မြေရှားသတ္တုလုပ်သားတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ပန်ဝါဘက်က အစားအသောက်တွေက အကုန် ပေးဖြတ်တယ်။ ဒါပေမဲ့ အဲဒီ သတ္တုကားတွေ ပေးမဖြတ်သေးဘူး။ ဒီ ဓာတ်မြေဩဇာတွေလည်း ပေးမဖြတ်သေးဘူး” လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685788

DVB TV News

10 Jan, 10:10


တီးတိန်မြို့က ရဲတပ်သား ၁ ဦး လက်နက်နှင့်အလင်းဝင်
#dvbtvnews

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက် ဇန်နဝါရီ ၉ ရက်ညက CDF-CDM-Siyin ထံကို လက်နက်နဲ့အတူ CDM ပြုလုပ်လာခဲ့တယ်လို့ CDF-CDM-Siyin ထံက သိရပါတယ်။

တီးတိန်မြို့အခြေစိုက် ရတဖ ၂၆ တပ်ရင်းက ရဲတပ်သား ခိုင်ထူးဉာဏ် (ကိုယ်ပိုင်နံပါတ်/ လ - ၂၉၂၀၄၉) ဟာ လက်နက်တလက်၊ ခဲယမ်းတချို့နဲ့အတူ CDM ပြုလုပ်လာခဲ့တာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685791

DVB TV News

10 Jan, 10:06


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၁၀ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့အပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်တဲ့သတင်း
👉 စစ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိဘူးလို့ AA က ပြောကြားလိုက်တဲ့သတင်းနဲ့
👉 ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - https://youtube.com/dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

10 Jan, 08:51


🗞 သာပေါင်းရုံးစာတွေကိုပုသိမ်ကိုပြောင်းခိုင်းပြီး ကျောင်းတွေလည်းပြန်ဖွင့်ခိုင်းနေ
🗞 ရခိုင်စစ်ရှောင် သင်္ဘောမှာ ပါလာသူတွေ ရန်ကုန်ကမ်းပေါ် တက်ခွင့်မရ
#dvbtvnews #dvbdigital #myanmar
https://youtu.be/9IMfFw5dZIQ

DVB TV News

10 Jan, 08:28


ငွေဈေး ရွှေဈေး (၁၀ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 10.01.2025
#currency #exchange #Myanmar

DVB TV News

10 Jan, 08:10


မန္တလေး PDF သင်တန်းဆင်းရဲဘော်များအတွက် လက်နက်တပ်ဆင်ပြီးစီး
#dvbtvnews

မန္တလေး PDF ရဲ့ အပတ်စဉ် ၁၅ သင်တန်းဆင်းရဲဘော်တွေအတွက် လက်နက်တပ်ဆင်ပေး ထားပြီးဖြစ်တယ်လို့ MDY PDF ဆီကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်းပုံရိပ်တွေကို ဒီနေ့ထုတ်ပြန်လာပြီး သင်တန်းဆင်းရဲဘော်တွေကို လုံလောက်တဲ့ လက်နက်တွေ တပ်ဆင်ထားပြီးဖြစ်တယ်လို့ MDY PDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က DVB ကို ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685732

DVB TV News

10 Jan, 08:09


အောင်ပန်းတွင် စစ်တပ်က တောင်းသည့်ငွေမရသဖြင့် ကုန်တင်ယာဉ်မောင်းကို ပစ်ခတ်ဖမ်းဆီး
#dvbtvnews

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ဂိတ်မှာ ကုန်တင်ကားကြီးတွေဆီက တောင်းတဲ့ငွေ မရလို့ စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးသွားတယ်လို့ ကုန်တင်ကားမောင်းသူထံက သိရပါတယ်။

ဇန်နဝါရီ ၉ ရက် က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ဘီး ကုန်တင်ကားကြီးကို ကျပ် ၂ သိန်း၊ တွဲကား တစီးကို ကျပ် ၃ သိန်းအထိ တောင်းယူရာမှာ ကားဆရာက မပေးနိုင်တာကြောင့် စကားများပြီး စစ်တပ်က သေနတ်ပစ်ဖောက်ပြီး အဲဒီကားဆရာကို ဖမ်းသွားတယ်လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685736

DVB TV News

10 Jan, 08:08


ပုလောအခြေစိုက် စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရ
#dvbtvnews

တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ မိုင် ၃၀ အကွာမှာရှိတဲ့ ပုလောအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက် မနက် ၈ နာရီမှာ စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685741

DVB TV News

10 Jan, 08:08


ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသောကား ၂ စီးတိုက်မိ၊ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
#dvbtvnews

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ ကား ၂ စီး အချင်းချင်းတိုက်မိပြီး ကားပေါ်ပါလာတဲ့ မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၁ နာရီလောက်က ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဘုရားသုံးဆူ ကျေးရွာ (ထိုင်းဘက်) က လမ်းမကြီးအမှတ် ၃၂၃ ပေါ်မှာ ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်း ပေးချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆန်ခလပူရီ နယ်မြေ ရဲစခန်း တာဝန်ကျရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685748

DVB TV News

10 Jan, 06:55


🗞 မြန်မာနိုင်ငံကိုခရီးမသွားကြဖို့ အမေရိကန်ထပ်သတိပေးလာ
🗞 မြန်မာမှ နျူကလီးယားပစ္စည်းတွေကို လက်နက်ဝယ်ယူဖို့ မှောင်ခိုကူးခဲ့လို့ ယာကူဇာ ဝန်ခံ
#dvbtvnews #dvbdigital #myanmar
https://youtu.be/BiiM6W_ghxY

DVB TV News

10 Jan, 06:45


ထိုင်းကွန်ဒိုဝယ်ယူမှု မြန်မာက ရုရှားဝယ်လက်ကိုကျော်၊ တရုတ်နောက်ကလိုက်နေ
#dvbtvnews

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံး စာရင်းမှာ မြန်မာနိုင်ငံက ရုရှားဝယ်လက်တွေကို ကျော်တက်ပြီး တရုတ်နိုင်ငံရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအိမ်ခြံမြေလုပ်ငန်း Cushman & Wakefield Thailand ရဲ့ သုတေသနနဲ့ အကြံပေးအရာရှိ ဆူရာချက် ကွန်ချိကတော့ ပြီးခဲ့တဲ့ နှစ်ထဲ ထိုင်းကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေကို မြန်မာစစ်အုပ်စုရဲ့ ဖြိုခွင်းမှုအပြီး ဧပြီလမှာ ခေတ္တရပ်နားပြီးနောက် မြန်မာဝယ်လက်တွေဆီ ရောင်းချမှု ပြန်လည်စတင်ခဲ့တယ်လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685729

DVB TV News

10 Jan, 06:05


ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးဝါးအကူအညီလိုအပ်နေ
#dvbtvnews

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်မှာ ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသဖို့ အရေးပေါ် ဆေးဝါးလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား သေဆုံးသူ ၄၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကာ လူနေအိမ် ၅၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685704

DVB TV News

10 Jan, 06:04


သာပေါင်းမြို့နယ်၌ စစ်ကောင်စီက ဌာနဆိုင်ရာအရေးကြီး စာရွက်စာတမ်းများ ရွှေ့ပြောင်းခိုင်း
#dvbtvnews

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို တိုင်းရုံးစိုက်ရာ ပုသိမ်မြို့ကို ရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685710

DVB TV News

08 Jan, 12:55


သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် ၄၀ လောက်သေဆုံးပြီး ဗျူဟာမှူးအပါအဝင် ကစင့်ကလျားထွက်ပြေး သွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်ဖွဲ့မှူးက ပြောပါတယ်။
#dvbtvnews #အနန်းကွင်းစစ်ဗျူဟာ #myanmar
https://youtu.be/z_A-0ecImWg

DVB TV News

08 Jan, 12:35


🗞 ရခိုင်ပြည်နယ် စစ်ရှောင်တွေအတွက် NUG က ကျပ်ငွေ ၁၂၄ ဒဿမ ၃ သန်း ကူညီပေးခဲ့
🗞 သိန်းပေါင်း သောင်းနဲ့ချီ စာရင်းကွာလို့ ကနီနယ်ထဲက ဂိတ်တွေကို ထိန်းသိမ်း
#dvbtvnews #dvbdigital #myanmar
https://youtu.be/u0tdYTps8Fk

DVB TV News

08 Jan, 12:24


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး သပိတ်အဖွဲ့ ၂ ဖွဲ့ပူးပေါင်းပြီး တောင်ယာ သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
#dvbtvnews #ယင်းမာပင် #သပိတ် #myanmar
https://youtu.be/m5ltIsj9pdI

DVB TV News

08 Jan, 10:31


🗞 မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း သုံးခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
🗞 ခရမ်းမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း မူးယစ်စကားများ ပစ်ခတ်မှုဖြစ်
#dvbtvnews #dvbdigital #myanmar
https://youtu.be/GxePhj6MYzw

DVB TV News

08 Jan, 09:32


အာဏာသိမ်းစစ်ခေါင်ဆောင်က ဒီနှစ်ထဲမှာရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုပေမယ့် ဒီနေ့အချိန်ထိ ရွေးကောက်ပွဲ နဲ့ဆိုင်တဲ့တိကျတဲ့ ထုတ်ပြန်မှုမရှိတာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မယ့်နိုင်ရေးပါတီတွေမှာ အခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
#dvbtvnews #Election #myanmar
https://youtu.be/8y2IvfKPn7s

DVB TV News

08 Jan, 08:53


ငွေဈေး ရွှေဈေး (၈ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 08.01.2025
#currency #exchange #Myanmar

DVB TV News

08 Jan, 08:29


🗞 ရခိုင်ကမြို့နယ် ၁၆ ခုမှာ ART ဆေးနဲ့ TB ဆေးတွေ အေအေ ဖြန့်ဝေပေး
🗞 ဆီဆိုင်မြို့နယ်ထဲက နေအိမ်ဟာ စစ်တပ်ရဲ့ မီးလောင်ဗုံးကြောင့် ပျက်စီး
#dvbtvnews #dvbdigital #myanmar
https://youtu.be/VOjZkkVk7D0

DVB TV News

08 Jan, 06:37


🗞 စစ်‌ရေးပြင်းထန်လာနိုင်တာကြောင့် ရွှေစက်တော်နားမလာဖို့ တိုက်တွန်း
🗞 ဗဟိုဘဏ်က ဇန်နဝါရီ ပထမအပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၀ ထုတ်ရောင်း
#dvbtvnews #dvbdigital #myanmar
https://youtu.be/CFxyBM7AWws

DVB TV News

08 Jan, 04:36


🗞 ဂျိုးဖြူရေပိုက်လိုင်း ပြုပြင်နေတာကြောင့် ရန်ကုန် မြို့နယ်တချို့မှာ ရေပြတ်တောက်နေ
🗞 ကြည့်မြင်တိုင် ကမ်းနားလမ်းမပေါ် ပစ်ခတ်မှု တရားခံမမိသေး
#dvbtvnews #dvbdigital #myanmar
https://youtu.be/5nd1zakpK2s

DVB TV News

08 Jan, 04:09


ငွေဈေး ရွှေဈေး (၈ ရက် ဇန်နဝါရီလ ၂၀၂၅ မနက်ပိုင်း)
Morning Currency Exchange 08.01.2025
#currency #exchange #Myanmar

DVB TV News

08 Jan, 02:36


🗞 ကျုံပျော်မြို့မှာ စစ်တပ်က လေယာဉ်ကွင်းအရေးပေါ်ဖောက်လုပ် လူနေအိမ်တွေကိုရွှေ့ခိုင်း
🗞 တရုတ်ဆယ်လီသရုပ်ဆောင်ကို မြန်မာဘက်က ထိုင်းအာဏာပိုင်တွေဆီ ပြန်လွှဲပေး
#dvbtvnews #dvbdigital #myanmar
https://youtu.be/RkkS2w4hUxI

DVB TV News

08 Jan, 01:37


To stay up-to-date with the latest on #WhatshappeninginMyanmar subscribe to the DVB English News Daily Briefing newsletter for free on english.dvb.no

DVB TV News

08 Jan, 01:36


Watch: How gamers are funding Myanmar’s resistance in collaboration with DW. Find DVB English News on X, FB, IG, Threads, TikTok & YouTube.

DVB TV News

08 Jan, 01:35


Documented number of political prisoners freed reaches 344

The Political Prisoners Network Myanmar (PPNM) updated its list of political prisoners released in the regime amnesty on Monday. It reported that 344 political prisoners have been freed so far. The regime spokesperson Zaw Min Tun claimed that 600 political prisoners were pardoned to mark Burma’s 77th Independence Day on Jan. 4.

“It is far less than the number claimed by the military regime,” stated the PPNM press release on Monday. It added that the 344 were released from 40 prisons nationwide. No prominent members of the ousted National League for Democracy (NLD) government, including State Counsellor Aung San Suu Kyi or President Win Myint - arrested on Feb. 1, 2021 - were included in the amnesty.

The regime announced that it had released a total of 6,044 prisoners nationwide. The Assistance Association for Political Prisoners (AAPP) told DVB that the unconditional release of all political prisoners would be a positive step by the regime. It has documented that 28,134 civilians have been arrested across the country since the 2021 coup, and that 21,452 are currently held in prisons nationwide.

DVB TV News

08 Jan, 01:35


Regime yet to free four detained Thai fishermen

Thailand’s Ministry of Foreign Affairs spokesperson Nikorndej Balankura expressed “disappointment” over the continued detention of four Thai nationals who were sentenced from 4-6 years in prison for illegally fishing in Burma’s waters. He added that “patience and careful negotiations” were essential for securing their release. Thai officials were told by the regime that the four Thais would be released on Jan. 4.

Thailand’s Minister of Defence Phumthan Wechayachai told Thai media that negotiations between Bangkok and the regime in Naypyidaw, which seized power after the coup, to release the four Thais are still underway. He added that family members had visited them and reported that all are in good health while being held in detention in Kawthaung, located 408 miles (656 km) south of the Tanintharyi Region capital Dawei.

The four Thais, along with 27 Burma nationals, were arrested by the Burma Navy in 15 fishing boats after allegedly “encroaching” inside Burma’s territorial waters on Nov. 30. They were accused by the regime of having items related to “terrorist groups” but handed suspended sentences for “illegal fishing.” A total of 151 Thai prisoners were freed in the regime amnesty on Jan. 4. Bangkok stated that one Thai fisherman died while attempting to evade arrest by the Burma Navy, which was denied by Naypyidaw on Dec. 2.

DVB TV News

08 Jan, 01:35


India restricts access to Myanmar border bridge

India has restricted access to the No. 2 India-Burma Friendship Bridge, located on the border between Rikhawdar, Chinland, and Zokhawthar in Mizoram State since Jan. 2. Rikhawdar is 147 miles (236 km) north of the Chinland capital Hakha. It came under Chin resistance control on Nov. 13, 2023. The export of goods from Rikhawdar into Zokhawthar was stopped by India on July 25.

“The bridge is open from 6am to 6pm. They are collecting fingerprints and eye scans [on the Indian side] for a border pass that allows travel within 10 km of the border. It must be renewed every seven days,” a Rikhawdar resident told DVB. More than 500 students from Chinland cross the bridge daily to attend schools in India since fighting between Chin resistance forces and the military began following the 2021 military coup.

India’s government announced last February that it is ending its Free Movement Regime (FMR) along its 1,020 mile (1,643 km) long border with Burma, which allowed Indian and Burma nationals to travel up to 16 km on either side of the border for up to two weeks without a visa, using a border pass. The Institute of Chin Affairs (ICA) has documented that over 60,000 people from Burma have fled into Mizoram since 2021.

DVB TV News

08 Jan, 01:34


Burma and India nationals cross the No. 2 India-Burma Friendship Bridge from Rikhawdar, Chinland into Mizoram State in May. (Credit: DVB)

DVB TV News

08 Jan, 01:34


Wednesday, January 8, 2025

DVB TV News

08 Jan, 01:20


🗞️ ဟဲရစ် ဦးစီးသည့် လွှတ်တော်က ထရမ့် အောင်ပွဲအတည်ပြု
🗞️ ယူကရိန်းနှင့် ရုရှားနယ်မြေ အပြန်အလှန်သိမ်း
🗞️ တိဗက်မှာ ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်ကြီးလှုပ်ခတ်

#dvbtvnews #internationalnews #myanmar https://youtu.be/WMNzIgflC68

DVB TV News

08 Jan, 01:02


"မြန်မာ့အရေး အဆုံးအဖြတ်ပေးမယ့် ကာလရောက်လာပါပြီ။ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာတော့မယ့်ကာလလို့ သုံးသပ်ပါတယ်။ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးပေါ်မူတည်ပြီး ဒီတော်လှန်ရေးဟာ ဘယ်ဘက်ကိုပြောင်းမလဲဆိုတာကို မြင်ရမယ်လို့ ယူဆပါတယ်။ တရုတ်ရဲ့ ရပ်တည်ချက်ကို ကျနော့်အနေနဲ့ အရှင် အနေနဲ့သုံးသပ်လိုပါတယ်။ တရုတ်က စစ်ကောင်စီဘက်က အပြတ်ရပ်သွားပြီဆိုတဲ့သုံးသပ်မှုမျိုးကို သတိထားရမယ်ထင်ပါတယ်။ တရုတ်နိုင်ငံရဲ့ မူဝါဒကို ပြောင်းနိုင်ရင်ပြောင်းနိုင်သလောက် တော်လှန်ရေး ခရီးရောက်ပါလိမ့်မယ်"

#dvbtvnews #talkshow #Myanmar #dawaungsansuukyi #china

https://youtu.be/jeJMlCI1KCY

DVB TV News

07 Jan, 10:22


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၇ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 ပိုဆိုးလာတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပူးတွဲထုတ်ပြန်လိုက်တဲ့သတင်း
👉 ရခိုင် စစ်ဘေးရှောင် ၃၀၀ လောက်လိုက်ပါလာတဲ့ သင်္ဘာ ၁ စီးကို ဟိုင်းကြီးကျွန်းအနီးမှာ စစ်ကောင်စီတပ်က တားဆီးထားတဲ့သတင်းနဲ့
👉 ထိုင်းကိုလာရင်း ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံက ဆယ်လီ သရုပ်ဆောင် တယောက် မြန်မာဘက်ခြမ်းမှာ ပြန်တွေ့တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - / dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

07 Jan, 10:12


ရန်ကုန်တွင် ဂျိုးဖြူရေ ပြတ်တောက်နေ
#dvbtvnews

ရန်ကုန်မြို့က မြို့နယ်တွေမှာ ရေအဓိကဖြန့်ဖြူးနေတဲ့ ဂျိုးဖြူရေပိုက်လုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ပြုပြင်နေတာကြောင့် မြို့နယ်တွေမှာ ဇန်နဝါရီ ၇ ရက်က နာရီနဲ့ချီ ရေပြတ်‌တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပြုပြင်ရေးလုပ်ငန်းစဉ်ကို မနက်အစောပိုင်း ၂ နာရီကတည်းက စတင်လုပ်ဆောင်နေပြီး ဂျိုးဖြူရေပိုက်လုံးအတွင်းက ရေလက်ကျန်တွေ၊ ဂျွိုင်းဆက်တွေ ပြန်လည်ပြုပြင်သွားမယ်လို့ သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685336

DVB TV News

07 Jan, 10:11


ကျုံပျော်တွင် လေယာဥ်ကွင်းဖောက်ရန် လူနေအိမ်များကို အဓမ္မပြောင်းရွှေ့ခိုင်း
#dvbtvnews

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်း အနောက်ဘက်မှာ လေယာဥ်ကွင်းဖောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ခံစစ်နဲ့ အတားအဆီးတွေ တည်ဆောက်နေကာ အသေးစားလေယာဥ်ကွင်းတွေပါ အရေးပေါ် ဆောက်လုပ်တာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685341

DVB TV News

07 Jan, 10:10


လိုအပ်နေသည့် ပြည်သူများထံ ကျပ်သန်းပေါင်း ၈,၀၀၀ ခန့် ကူညီပေးခဲ့ဟု NUG ထုတ်ပြန်
#dvbtvnews

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ကျပ်သန်းပေါင်း ၈,၀၀၀ လောက်ကို ဒေသအလိုက် လိုအပ်နေတဲ့ပြည်သူတွေဆီ ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူတွေက ထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ်သန်း ၇,၇၀၀ ကို ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ဖော်ပြထားတာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685344

DVB TV News

07 Jan, 10:07


မြဝတီရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းရန် ကရင်လက်နက်ကိုင်များ သဘောတူ
#dvbtvnews

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ အာဝါဒေးလောင်းကစားဝိုင်းတွေကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပိတ်သိမ်းသွားဖို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူထားတယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က DVB ကို ပြောပါတယ်။

ပွင့်လင်းရာသီကစတင်ပြီး ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တွင်းက ကျေးရွာတွေနဲ့ နေရာအနှံမှာ လောင်းကစားဝိုင်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ပြုလုပ်နေကြတာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685309

DVB TV News

07 Jan, 10:05


ထိုင်းကတိုးပေးသည့်လုပ်ခလစာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖူလုံမှုမရှိ
#dvbtvnews

ထိုင်းနိုင်ငံမှာ ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်ကာရွှေ့ပြောင်းလုပ်သားတွေအတွက် အခြေခံ လုပ်ခလစာ တိုးပေးခဲ့ပေမဲ့ အလုပ်သမားတွေအတွက် ဖူလုံမှုမရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစတင်ကာ ရွှေ့ပြောင်းလုပ်သားတွေအတွက် ခရိုင်အလိုက် အခြေခံလုပ်ခလစာတွေ တိုးမြှင့်ပေးကြောင်း ၂၀၂၄ ဒီဇင်ဘာလအတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685315

DVB TV News

07 Jan, 10:03


စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ စတင်စစ်ဘေးရှောင်
#dvbtvnews

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတချို့ စတင်စစ်ဘေးတိမ်းရှောင်နေကြပြီး ကျန်ရှိဒေသခံတွေလည်း စိုးရိမ်မှုတွေနဲ့ နေထိုင် နေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဖို့ ကျန်ရှိနေတဲ့မြို့နယ် ၃ ခုထဲက ၂ ခုဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေနားမှာ စစ်ရေးတင်းမာနေတာ ရက်သတ္တတပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685319

DVB TV News

07 Jan, 09:47


ဒီးမော့ဆိုမြို့နယ်တွင် ဓာတ်ဆီစျေးမြင့်တက်လာ
#dvbtvnews

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဓာတ်ဆီစျေးက ဇန်နဝါရီ ၃ ရက်ကစပြီး မြင့်တက်လာခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်မတိုင်ခင်က ဓာတ်ဆီ တလီတာကို ကျပ် ၃၈၀၀၊ ၄၀၀၀ နှုန်းနဲ့ ဝယ်ယူရပြီး ၃ ရက်နေ့နောက်ပိုင်းမှာ ကျပ် ၄၅၀၀၊ ၄၈၀၀ နှုန်းနဲ့ ဝယ်ရတယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685327

DVB TV News

07 Jan, 09:43


တော်လှန်ရေးခရီးကို မြန်မြန်လျှောက်ကြရန် NUG အစိုးရအဖွဲ့ဝင်များကို တိုက်တွန်း
#dvbtvnews

တော်လှန်ရေးခရီးကို မြန်မြန်လျှောက်ကြဖို့၊ ဒီနှစ်ထဲမှာလုပ်မယ့် လုပ်ငန်းစဉ်တွေကို ကြိုတင်ဆွေးနွေး ဆုံးဖြတ်ပြီးဖြစ်လို့ ပိုကောင်းအောင်လုပ်ဆောင်ကြဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ဝင်တွေကို ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က တိုက်တွန်း ပြောပါတယ်။

ဒီနေ့လုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောခဲ့တာဖြစ်ပြီး အရင်နှစ်ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685333

DVB TV News

07 Jan, 08:36


ရေတာရှည်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ကျောင်းထိုင်ဘုန်းကြီး ပျံလွန်
#dvbtvnews

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေသောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွှေ‌သောင်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးစိုးသူရဲ့ အစ်ကိုဖြစ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဗုံးစထိမှန် ပျံလွန်တော်မူသွားပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အဆိုပါကျေးရွာနေ ဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685269

DVB TV News

07 Jan, 08:35


စစ်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ကျဉ်း ၈ ရာနှုန်းကျော်သာ ပါဝင်
#dvbtvnews

အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၁၆ ကြိမ်နဲ့ အကျဉ်းသား ၁၀၁,၇၂၉ ယောက်ကို လွှတ်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ယောက်သာ ပါဝင်ပြီး ရာခိုင်နှုန်းအနေနဲ့ ပြန်လွှတ်ပေးခဲ့သူ စုစုပေါင်းရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာအင်စတီကျု (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့နှစ်သစ်နဲ့ အခါကြီးရက်ကြီးတွေမှာ အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးတာဟာ စစ်ကောင်စီရဲ့ သဘောထားကြီးမြတ်မှုကို ပြသချင်တာဖြစ်ပေမဲ့ ကိန်းဂဏန်းတွေအရ သဘောထားကြီးမြတ်မှုလို့ ယူဆလို့မရကြောင်း ISP Myanmar ရဲ့ အကြီးတန်းသုတေသီက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685285

DVB TV News

07 Jan, 08:35


ရွှေပြည်သာတွင် အခန်းပေါင်း ၄၀ မီးလောင်၊ အမျိုးသမီး ၁ ဦးသေဆုံး
#dvbtvnews

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းမှာ ဇန်နဝါရီ ၇ ရက် ဒီမနက် ၄ နာရီ မိနစ် ၅၀ လောက်က မီးလောင်ခဲ့ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မီးလောင်မှုကြောင့် အုတ်၊ သစ်သား တထပ်အဆောက်အဦ အဆောင် ၃ လုံးက အခန်းပေါင်း ၄၀ နဲ့ အိမ်တွင်းပစ္စည်းတွေ အကုန်လုံး ပျက်စီးသွားပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685288

DVB TV News

07 Jan, 08:34


အိန္ဒိယက နယ်စပ် တံတားဖြတ်သန်းခွင့် ထပ်မံကန့်သတ်
#dvbtvnews

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အိန္ဒိယအစိုးရဘက်က ထပ်မံကန့်သတ်လိုက်တဲ့အတွက် ကလေးငယ်တွေ ကျောင်းအသွားအလာ အဆင်မပြေဖြစ်မှာကို နယ်စပ်ဒေသမှာ နေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့နဲ့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်ကို ဆက်သွယ်ထားတဲ့ အိန္ဒိယ-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား နယ်စပ်ဖြတ်သန်းခွင့်ကို အိန္ဒိယအစိုးရဘက်က ကန့်သတ်လိုက်တဲ့အတွက် သွားရေးလာရေး အခက်အခဲဖြစ်မှာနဲ့ ကလေးငယ်တွေ ပညာရေးအတွက် နယ်စပ်ဒေသမှာနေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685291

DVB TV News

07 Jan, 08:33


ရခိုင် စစ်ဘေးရှောင် ၃၀၀ ခန့်ပါ သင်္ဘာ ၁ စီး ဟိုင်းကြီးကျွန်းအနီး တားဆီးခံထားရ
#dvbtvnews

ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူ အယောက် ၃၀၀ နီးပါးပါတဲ့ သင်္ဘာတစီးကို ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ စစ်ကောင်စီတပ်က တားဆီးထားပြီး ကမ်းကပ်ခွင့်နဲ့ ထွက်ခွာခွင့်မပေးတာကြောင့် လိုက်ပါလာသူတွေ အခက်တွေ့နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ကနေ ထွက်လာတဲ့စစ်ဘေးရှောင်အယောက် ၃၀၀ ဝန်းကျင်လိုက်ပါလာတဲ့ သင်္ဘာကို ဟိုင်းကြီးကျွန်းအနီးပင်လယ်ပြင်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ရက်က စတင်တားမြစ်ထားပြီး ဒီနေ့ ဇန်နဝါရီ ၇ ရက်အထိ ထွက်ခွာခွင့်နဲ့ ကမ်းကပ်ခွင့်မပေးတာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685304

DVB TV News

07 Jan, 07:17


🗞တရက်ကို ၈ နာရီသာ ပေးဝေမယ်လို့ကြေညာပေမယ့် မီးပျက်ချိန် ပိုများနေ။
🗞ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများ ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update.

DVB TV News
https://www.youtube.com/watch?v=F8ndpvwitL4

DVB TV News

07 Jan, 07:15


https://www.youtube.com/watch?v=y5hCZL0cUzE

DVB TV News

07 Jan, 06:51


ပုသိမ် ကမ်းရိုးတန်းဒေသ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲနေ
#dvbtvnews

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးက ရခိုင်ရိုးမနဲ့ နီးတဲ့ ကမ်းရိုးတန်းဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေသောင်ယံမြို့အနီး ချောင်းဝဂျိုင်၊ ပေါက်လှဂျိုင်၊ မကျီးဇင်စတဲ့ ကမ်းရိုးတန်းကရွာတွေကို စစ်ကောင်စီတပ်က ခုရက်ပိုင်း လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685253

DVB TV News

07 Jan, 06:51


၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၇၀ ကျော် ထပ်တိုးဖွင့်လှစ်
#dvbtvnews

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၇၀ ကျော် ထပ်တိုးဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းအထိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၁၀ ရှိကာ အဲဒီနှစ်အတွင်း အေဂျင်စီအသစ် ၇၃ ခု တိုးလာတာဖြစ်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685257

DVB TV News

06 Jan, 11:10


🗞️ ရန်ကုန်မှာ တရက်ကို ၈ နာရီသာ လျှပ်စစ်ဓာတ်အား ပေးဝေမယ်ဆိုပေမယ့် မီးပျက်ချိန်ပိုများလာနေ။
🗞️ ဖလမ်းမြို့နယ်ရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းရာနေရာ ဗုံးကြဲခံရပြီး ၈ ဦး သေဆုံး။

#dvbtvnews #dvbdigital #myanmar https://youtu.be/qK0FCWQL_UA

DVB TV News

06 Jan, 10:41


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၆ ရက် ဇန်နဝါရီ ၂၀၂၅) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 စစ်ကောင်စီက အကျဉ်းသား ၆ ထောင်လောက်ပြန်လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်သာပါဝင်တဲ့ သတင်း
👉 ပုဏ္ဏားကျွန်း၊ ဖလမ်းနဲ့ တောင်သာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့
👉 အာဏာသိမ်းပြီးနောက် ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀၀၀ လောက် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့သတင်း တွေနားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - / dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

06 Jan, 08:53


ငွေဈေး ရွှေဈေး (၆ ရက် ဇန်နဝါရီလ ၂၀၂၅ ညနေပိုင်း)
Evening Currency Exchange 03.01.2025
#currency #exchange #Myanmar

DVB TV News

06 Jan, 07:01


ပုဏ္ဏားကျွန်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး
#dvbtvnews

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဒုံပြင်နဲ့ တောင်ပေါက်ကျေးရွာအနီးကို စစ်ကောင်စီက ဇန်နဝါရီ ၅ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၅ ရက် နေ့လယ် ၃ နာရီကျော်ခန့်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ အောင်ဒုံပြင်ကျေးရွာနဲ့ တောင်ပေါက်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မွတ်ဆလင် အမျိုးသမီး ၂ ယောက် အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685139

DVB TV News

06 Jan, 06:18


တာ့ခ်ခရိုင်နှင့် ပထုန်ဌာနီတွင် တရားမဝင်မြန်မာများ ဖမ်းဆီးခံရ
#dvbtvnews

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေ တာ့ခ်ခရိုင်နဲ့ ပထုန်ဌာနီခရိုင် ထဲမှာ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီလောက်က မဲဆောက်နဲ့ တာ့ခ်မြို့နယ်ကြား မဲ့လမော့ အုပ်စု ဘန့်ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေ စောင့်ကြပ် စစ်ဆေးရာမှာ တောင်ယာထွက်သီးနှံတွေ တင်ဆောင်လာတဲ့ ဟီးနိုး ကုန်တင်ကားကြီး တစီးပေါ်ကနေ တရားမဝင် မြန်မာနိုင်ငံသား ၂၄ ယောက်ကို ဖမ်းဆီးရမိတာလို့ 3 Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685133

DVB TV News

06 Jan, 05:46


https://youtu.be/V3UG91O8Qp0?si=NHI1OE0jOes8lh7c

DVB TV News

06 Jan, 05:46


https://youtu.be/Ll65mW3u3Xw?si=JIFjyoEE0-RAlvEw

DVB TV News

06 Jan, 05:46


https://youtu.be/6VABe76L9wc?si=kno_SRaRurnnkknh

DVB TV News

06 Jan, 05:46


https://youtu.be/0sEb0I8DV7k?si=tb0iP9eQ8tKqQHXv

DVB TV News

06 Jan, 05:45


https://youtu.be/0NiQslnfGqE?si=Bq2b2P8ak__blaWa

DVB TV News

06 Jan, 05:45


https://youtu.be/Bb-YF3w5efc?si=_ne8_ssTl9SFXNON

DVB TV News

06 Jan, 05:39


အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းမိ
#dvbtvnews

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ ဒုအရာခံဗိုလ်တယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF Asho) က ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685121

DVB TV News

06 Jan, 05:38


ယင်းမာပင် မြို့သစ်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး
#dvbtvnews

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်နဲ့ စပါးကျီတွေအပြင် လယ်ယာသုံးစက်ပစ္စည်းတွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ သိရပါတယ်။

မီးဘေးကူညီဆောင်ရွက်ပေးနေသူတယောက်က “မြို့သစ်ရွာကို စစ်တပ် စစ်ကြောင်းထိုးပြီး မီးရှို့သွားလို့ အိမ်တွေနဲ့ စပါးကျီ ၆ လုံးလောက် မီးလောင်ကုန်တယ်။ လယ်ယာသုံး စက်ပစ္စည်းတွေလည်း မီးလောင်တဲ့အထဲ ပါကုန်တယ်။ ရွာခံတွေ အပြေးမြန်ကြလို့ အဖမ်းခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မီးရှို့မခံရတဲ့အိမ်တွေက ပစ္စည်းတွေကိုလည်း စစ်သားတွေက ဝင်ခိုးသယ်သွားကြတယ်” လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685124

DVB TV News

06 Jan, 05:37


အုတ်ဖိုတွင် PDF တပ်ဖွဲ့ဝင် ၁ ဦး၏ ဖခင်ကို စစ်ကောင်စီတပ် သတ်ဖြတ်
#dvbtvnews

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးရဲဘော်တယောက်ရဲ့ ဖခင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပစ်သတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်အစောပိုင်းက အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခြောက်တင်ကွင်းရွာနားမှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685127

DVB TV News

06 Jan, 05:37


စစ်ကိုင်းတိုင်း၌ စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၃၅၀၀ ကျော်ရှိ
#dvbtvnews

စစ်ကိုင်းတိုင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၃၅၈၇ ယောက်အထိရှိလာတယ်လို့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သားသေဆုံးသူ ၁၇၂၇ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၈၆၀ ယောက်ရှိကာ သေဆုံးမှုရဲ့ ၉၄ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ၊ လက်နက်ကြီး ၊ ဒရုန်း ၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685130

DVB TV News

06 Jan, 05:28


🚨 DVB Digital 1 Minute News 🚨 06.01.2025 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

06 Jan, 04:27


ဧရာဝတီတိုင်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးခန့်သာ ပြန်လွတ်
#dvbtvnews

ဇန်နဝါရီ ၄ ရက်မှာ ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဧရာဝတီတိုင်း ဟင်္သာတအကျဉ်းထောင် အပါအဝင် အကျဉ်းထောင် ၃ ခုကနေ အကျဉ်းသား ၃၅၆ ယောက်သာ လွတ်လာရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685115

DVB TV News

06 Jan, 04:25


ကလေးမြို့နယ်တွင် စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦး ထိခိုက်
#dvbtvnews

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ ဇန်နဝါရီ ၅ ရက်က ဒေသခံတယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

စစ်ကောင်စီက စခန်းကြီးကျေးရွာအနီးက တိုင်းဗဟို ၁၀ တပ်ကနေ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းမှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685118

DVB TV News

06 Jan, 04:25


ငွေဈေး ရွှေဈေး (၆ ရက် ဇန်နဝါရီလ ၂၀၂၅ မနက်ပိုင်း)
Morning Currency Exchange 03.01.2025
#currency #exchange #Myanmar

DVB TV News

06 Jan, 04:24


ဖလမ်းရှိ စစ်သုံ့ပန်းများ နေရာဗုံးကြဲခံရပြီး ၈ ဦး သေဆုံး၊ တောင်သာ၌ စစ်တပ်က ဗုံးကြဲသဖြင့် ၁ ဦးသေဆုံး
#dvbtvnews

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရလို့ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ကနေ သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ခွန်းလုံရွာက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ နေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/685090

DVB TV News

04 Jan, 14:02


- စစ်ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးအတ္တတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု အလွန်နည်းပါး
- ပြည်အကျဉ်းထောင်က နိုင်/ကျဉ်း ၁၁ ဦးအပါအဝင် အကျဉ်းသား ၆၀ ကျော်ပြန်လွတ်
- ဖားကန့်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ပြုလုပ်
#dvbtvnews #dvbdigital #myanmar
https://youtu.be/0DB43UdDYoU

DVB TV News

04 Jan, 12:35


🗞 ရွေးကောက်ပွဲကထွက်လာတဲ့အစိုးရကို အာဏာလွဲဖို့ကတိပြုကြောင်း စစ်ခေါင်းဆောင်ပြော
🗞 ၂၀၂၅မှာမြန်မာလူဦးရေ သန်း၂၀လောက်လူသားချင်းစာနာမှုအကူအညီတွေ လိုမယ်
#dvbtvnews #dvbdigital #myanmar
https://youtu.be/ZblAJuvUWDY

DVB TV News

04 Jan, 11:35


🚨 DVB Digital 1 Minute News 🚨 04.01.2025 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

04 Jan, 10:52


ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားအကျဉ်းသူ ၁၀၀၀ ဝန်းကျင် ပြန်လွတ်တယ်လို့ လွတ်မြောက်လာသူတွေထံက သိရပါတယ်။

မွန်းတည့်ချိန်မှာ အင်းစိန်အကျဉ်းထောင်ကနေ ဘတ်စ်ကားအစီး ၂၀ ကျော်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို စတင်စေလွှတ်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်တယ်လို့ လွတ်မြောက်လာသူ တယောက်က ပြောပါတယ်။

ပန်းသပိတ်ဆင်နွဲသူ ထောက်ကြန့်စျေးထဲမှ ကုန်စိမ်းရောင်သူ ၁၉ဦး ဒီကနေ့မှာပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၆လပိုင်းကအမျိုးသားအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပန်းသပိတ်ဆင်နွဲလို့ အဖမ်းခံရတာ ဖြစ်ပါတယ်။

#dvbtvnews #အင်းစိန် #independenceday #Myanmar

DVB TV News

04 Jan, 10:43


🗞 တောင်သာ၊ကျောင်းကုန်းရွာနားကို စစ်တပ်ကလေထီးတွေနဲ့ ထပ်ဗုံးကြဲ
🗞 ဖလမ်းမြို့တိုက်ပွဲကနေထွက်ပြေးလာတဲ့ စစ်သား ၄ ယောက်ကို အရှင်ဖမ်းဆီး
#dvbtvnews #dvbdigital #myanmar
https://youtu.be/qNtwZn533jQ

DVB TV News

04 Jan, 10:29


၂၀၂၄ ခုနှစ် တနှစ်လုံးမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ခုနစ်ထောင်ကျော် ရှိခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၂၃ ခုနှစ်ထက် ၂ ဆနီးပါး တက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေး ဒုဝန်ကြီး က ပြောဆိုပါတယ်။
#dvbtvnews #NUG #MOHR #myanmar
https://youtu.be/LfSZUjheBDM

DVB TV News

04 Jan, 08:33


🗞 ၂၀၂၅ အစမှာ ဒေါ်လာ ၂၅ သန်းနဲ့ ဘတ် နှစ်သန်းခွဲနီးပါး ဗဟိုဘဏ်ထုတ်ရောင်း
🗞 မကွေးတိုင်းမှာ စခန်းသစ်နဲ့ ခံစစ်ပြင်၊ ဗန်းမော်တက္ကသိုလ်နေရာတချို့ KIA သိမ်းပိုက်
#dvbtvnews #dvbdigital #myanmar
https://youtu.be/lMpgDD9izoI

DVB TV News

04 Jan, 08:03


ရှမ်းနဲ့ကရင်နီနယ်စပ်က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အဆင့်မြင့်ဒရုန်းတွေကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုတွေ ထိခိုက်ဒါဏ်ရာရတာများလာနေပါတယ်။
#dvbtvnews #ရှမ်းနဲ့ကရင်နီ #စစ်တပ်ဒရုန်း #myanmar
https://youtu.be/yKJtSY5-MsU

DVB TV News

04 Jan, 07:31


မြန်မာ့အရေးမှာ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေတာတွေကိုရပ်တန့်ဖို့ ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့မှာ အနုပညာရှင်တွေဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
#dvbtvnews #ဝါရှင်တန်ဒီစီ #ဆန္ဒထုတ်ဖော် #myanmar
https://youtu.be/tYh2a2LmHfA

DVB TV News

04 Jan, 06:49


🗞 မြို့သိမ်းတိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး တီးတိန်မြို့နယ်က ပြည်သူတွေပြောင်းရွေ့နေ
🗞 ကျွန်းစု၊မဲတောကျေးရွာကနေအိမ်တစ်ခုကို လက်နက်ကိုင်အဖွဲ့ဝင်စီးနင်း
#dvbtvnews #dvbdigital #myanmar
https://youtu.be/JLBl0UN51WY

DVB TV News

04 Jan, 05:02


KBZpay သုံးစွဲသူတွေရဲ့ အကောင့်တွေကနေ ငွေကြေး ခိုးယူခံရမှုတွေများပြားလာနေပြီး ဒါတွေကို စိစစ် ဖော်ထုတ်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပေမယ့် သုံးစွဲသူတွေကတော့ ဘာမှ ထိထိရောက်ရောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။
#dvbtvnews #KBZpay #myanmar
https://youtu.be/HA2Sq5V7AvE

DVB TV News

04 Jan, 04:32


🗞 ရွှေပြည်သာမှာ ဘေးတွဲ၊ဆိုင်ကယ်တွေကို အုပ်ချုပ်ရေးအဖွဲ့တွေဖမ်းပြီးရန်ပုံငွေရှာ
🗞 ကောလင်း NUG သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
#dvbtvnews #dvbdigital #myanmar
https://youtu.be/p2645He9ymM

DVB TV News

04 Jan, 04:30


လွတ်လပ်ရေးနေ့တိုင်း အင်းစိန်ထောင်ရှေ့ မြင်တွေ့နေရ မလွပ်လပ်သေးသော ဘဝများ
ဇန်နဝါရီလ (၄) ရက် မနက်ပိုင်းမြင်ကွင်း (၂၀၂၅)

#dvbtvnews #အင်းစိန် #idependenceday #Myanmar

DVB TV News

04 Jan, 03:41


အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချထားသူ ၆၀၄၄ ယောက်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီကနေ့မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

#PHOTO #dvbtvnews #yangon #အင်းစိန် #လွတ်လပ်ရေးနေ့ #လွတ်ငြိမ်း #Myanmar

DVB TV News

28 Dec, 14:48


- ဖျာပုံကလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖျော်ဖြေပွဲ အနုပညာရှင်တွေအစားထိုး
- မင်းတပ်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေကို ဖမ်းမိ
- ရုံးပိတ်ရက်ရှည်ပြောင်းလဲသတ်မှတ်မူတွင် ပုဂ္ဂလိကလုပ်ငန်းတွေလည်းအကျုံးဝင်
#dvbtvnews #dvbdigital #myanmar
https://youtu.be/jBPSUAK8GBs

DVB TV News

28 Dec, 12:36


🗞 ဧရာဝတီမှာ စစ်ရေးနဲ့လုံခြုံရေးအတွက်အထူးပြင်ဆင်ထားဖို့ ဒုတပ်ချုပ်စိုးဝင်းပြော
🗞 သထုံမြို့နယ်အတွင်းမှာ လူငယ် ၅၀ နီးပါးကို တစ်ပတ်အတွင်း စစ်တပ်ဖမ်းဆီးခဲ့ပြီ
#dvbtvnews #dvbdigital #myanmar
https://youtu.be/GGZ1-3MtPy0

DVB TV News

28 Dec, 11:38


ဘုတလင်နယ်မှာ ၃ ရက်အတွင်းပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာလည်း စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ပြည်သူ ၁၅၀၀၀ ဝန်းကျင် စားဝတ်နေရေးခက်ခဲနေပါတယ်။
#dvbtvnews #ဘုတလင် #ပြည်သူ #myanmar
https://youtu.be/mSWJaCG_krU

DVB TV News

28 Dec, 10:47


🗞 နှစ်သစ်မှာ သွင်းကုန်/ပို့ကုန်တွေအပေါ်ကျသင့်တဲ့ အခွန် ၇၀% တိုးလာမယ်
🗞 စက်သုံးဆီဈေး အနည်းငယ်ပြန်ကျလာ
#dvbtvnews #dvbdigital #myanmar
https://youtu.be/Woa6R9snryM

DVB TV News

28 Dec, 08:33


🗞 မင်းတပ်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေကို ဖမ်းမိ
🗞 စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မှာ စစ်ရေးပြင်၊ ဗန်းမော်နဲ့ မံစီနေရာအများစု ထိန်းချုပ်
#dvbtvnews #dvbdigital #myanmar
https://youtu.be/kT1GeZDUU2Q

DVB TV News

28 Dec, 07:34


ဖယ်ခုံမြို့နယ်၊ ပီကင်းဈေးအနီးက လူနေရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ယောက်ထိခိုက်ဒါဏ်ရာရတာရှိခဲ့ပါတယ်။
#dvbtvnews #ဖယ်ခုံ #လေကြောင်းတိုက်ခိုက် #myanmar
https://youtu.be/_9OljTnyPe0

DVB TV News

28 Dec, 06:49


🗞 မိုးဗြဲမြို့နားမှာ စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ တစ်လအတွင်း အိမ်၅၀ ကျော်ပျက်စီး
🗞 BGF အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ တောင်ကြာအင်းရွာမှာ ပြုလုပ်
#dvbtvnews #dvbdigital #myanmar
https://youtu.be/3_dUu61omWg

DVB TV News

28 Dec, 05:34


ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ် တောင်ကြာအင်းရွာ သင်တန်းကွင်းမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
#dvbtvnews #BGF #စစ်ပညာသင်တန်းဆင်းပွဲ #myanmar
https://youtu.be/KjGbfUCJC38

DVB TV News

28 Dec, 04:34


🗞 မတ္တရာမှာ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ အပတ်စဥ် ၁ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
🗞 ရုံးပိတ်ရက်ရှည်ပြောင်းလဲသတ်မှတ်မူတွင် ပုဂ္ဂလိကလုပ်ငန်းတွေလည်းအကျုံးဝင်
#dvbtvnews #dvbdigital #myanmar
https://youtu.be/pKBJDc30afU

DVB TV News

28 Dec, 02:33


🗞 စစ်မှုထမ်းအပါတ်စဉ် ၆ သင်တန်းဆင်းတွေကို ရှမ်း-ကယားနယ်စပ်၊ကချင်နဲ့ရခိုင်ကိုပို့မယ်
🗞 ဇလွန်မြို့နယ်မှာမတ်ပဲစိုက်ခင်းတွေကိုဖျက်ဆီးခိုင်းပြီး နေကြာပြန်စိုက်ခိုင်းနေ
#dvbtvnews #dvbdigital #myanmar
https://youtu.be/4aPMKKjCmlo

DVB TV News

28 Dec, 01:00


AAက အမ်းမြို့နဲ့ နပခ ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်က တန်ပြန်ထိုးစစ်အတွက် ရိုးလမ်းပေါ်မှာ တပ်အင်အားဖြည့်နေပြီး အမြောက်စခန်းတွေ တခုပြီးတခု ထပ်ဆောက်နေပါတယ် ကချင်မှာ ဗန်းမော်နဲ့ မံစီမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နေရာအများစုကို ကေအိုင်အေက ထိန်းချုပ်နိုင်တဲ့ တပတ်တာ စစ်ရေးသတင်းတွေကို စိုးသူအောင်က တင်ပြသွားမှာပါ။

#dvbtvnews #weeklyreport #myanmar

https://youtu.be/ND_UqfSHKnk

DVB TV News

27 Dec, 16:01


- ဇလွန်မြို့နယ်မှာမတ်ပဲစိုက်ခင်းတွေကိုဖျက်ဆီးခိုင်းပြီး နေကြာပြန်စိုက်ခိုင်းနေ
- မိုးကုတ်မြို့ကို TNLAထိန်းချုပ်ပြီးနောက် ကျောက်မျက်တူးဖော်ခွင့်ကန့်သတ်လာ
- ဆေးဝါးကုသခွင့်မရလို့ LGBT နိုင်/ကျဉ်း မုံရွာမြို့မရဲစခန်းအချုပ်မှာဘဲသေဆုံး
#dvbtvnews #dvbdigital #myanmar
https://youtu.be/0RSY7eGzoJQ

DVB TV News

27 Dec, 13:31


ချင်းညီနောင်နဲ့နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းထဲကမဟာမိတ်မြို့နယ်တွေလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်မယ်လို့ ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
#dvbtvnews #ချင်းညီနောင်အဖွဲ့ #myanmar
https://youtu.be/_n2sU83aVYg

DVB TV News

27 Dec, 12:51


🗞 ရခိုင်ပြည်နယ်မှာ တရားမဝင်အရက်နဲ့ဘီယာမျိုးစုံကင်းစင်ဖို့ စစ်ဆေး
🗞 ရွှေပြည်သာစက်ရုံတွေမှာ အီလက်ထရောနစ်မှတ်ပုံတင်(eID)ပါမှ အလုပ်အကိုင်ရရှိ
#dvbtvnews #dvbdigital #myanmar
https://youtu.be/N13WyH86gpc

DVB TV News

27 Dec, 11:33


AAက အမ်းမြို့နဲ့ နပခ ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်က တန်ပြန်ထိုးစစ်အတွက် ရိုးလမ်းပေါ်မှာ တပ်အင်အားဖြည့်နေပြီး အမြောက်စခန်းတွေ တခုပြီးတခု ထပ်ဆောက်နေပါတယ် ကချင်မှာ ဗန်းမော်နဲ့ မံစီမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နေရာအများစုကို ကေအိုင်အေက ထိန်းချုပ်နိုင်တဲ့ တပတ်တာ စစ်ရေးသတင်းတွေကို စိုးသူအောင်က တင်ပြသွားမှာပါ။
#dvbtvnews #Weekly_Warnews #myanmar
https://youtu.be/ND_UqfSHKnk

DVB TV News

27 Dec, 11:06


အကြိမ် ၃၀ မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ရဲ့ ရိုးယာကရင်ဒုံးယိမ်းပြိုင်ပွဲ ဖွင့်ပွဲကို လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြပါတယ်။
#dvbtvnews #ကရင် #နှစ်သစ်ကူးပွဲတော် #myanmar
https://youtu.be/FKshiSZ0ANw

DVB TV News

27 Dec, 10:35


🗞 မိုးကုတ်မြို့ကို TNLAထိန်းချုပ်ပြီးနောက် ကျောက်မျက်တူးဖော်ခွင့်ကန့်သတ်လာ
🗞 မြိုင်မြို့မှာ စစ်တပ်ကစစ်ကြောင်းထိုးဝင်မီးရှို့လို့ လူနေအိမ် ၁၅လုံးမီးလောင်
#dvbtvnews #dvbdigital #myanmar
https://youtu.be/9trZ5eH_m-g

DVB TV News

27 Dec, 10:06


မိုးဗြဲတွင် စစ်ကောင်စီ ဒရုန်းနှင့်လက်နက်ကြီးကြောင့် တလအတွင်း နေအိမ် ၅၀ ကျော်ပျက်စီး
#dvbtvnews

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ဒရုန်းလက်ချက်ကြောင့် ဒီဇင်ဘာ တလအတွင်းမှာ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/683833

DVB TV News

27 Dec, 10:06


တရုတ်မယားအဖြစ် အဓမ္မရောင်းစားခံရမှုများ စိုးရိမ်ဖွယ်ရာ ပိုများလာ
#dvbtvnews

အခုနှစ်တွေအတွင်း တရုတ်မယားအဖြစ် အဓမ္မရောင်းစားခံတာတွေဟာ စိုးရိမ်ဖွယ်ရာ ပိုများလာပြီး တရုတ်နယ်စပ်မဟုတ်တဲ့ ဒေသတွေကလည်း ရောင်းစားခံရတာတွေရှိတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) ဆီက သိရပါတယ်။

KWAT က အစီရင်ခံစာအသစ်တစောင်လည်း ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံဆီ ဇနီးမယားအဖြစ် လူကုန်ကူးခံရမှု အများစုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဖြစ်ပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ လူကုန်ကူးခံရသူ တဝက်ကျော်ဟာ ရန်ကုန်လိုမျိုး တခြား မြန်မာနိုင်ငံ ဒေသအသီးသီးက ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/683836

DVB TV News

27 Dec, 10:05


မကွေးတိုင်းအတွင်း မြို့နယ်များ လွတ်မြောက်ရေး ချင်းညီနောင်အဖွဲ့ ဆက်ကူညီ တိုက်ပွဲဝင်မည်
#dvbtvnews

ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းထဲက မဟာမိတ်မြို့နယ်တွေ စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ရေးအတွက် ဆက်လက်ကူညီ တိုက်ပွဲဝင်မယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်တွေမှာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို ချင်းညီနောင် စစ်ဆင်ရေး ဦးဆောင်သူတွေက ဆက်လက်ဆောင်ရွက်နေတာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/683839

DVB TV News

24 Dec, 09:30


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၂၄ ရက် ဒီဇင်ဘာ ၂၀၂၄) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၅ သိန်း ၇ သောင်းအထိ မြင့်တက်လာတဲ့သတင်း
👉 ဂွမြို့နဲ့ ခမရ ၅၆၃ ကို AA တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
👉 ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - / dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

24 Dec, 08:17


🗞 မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် ဒရုန်းဗုံးကြဲချတိုက်ခိုက်ခံရ။
🗞 "မလိုသူလက်ထဲ မရောက်အောင်" ပနားမားတူးမြောင်းကို ပြန်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/iNYk8YQes7Y

DVB TV News

24 Dec, 06:23


မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် ဝါးအိမ်လေးတွေ ဆောက်လုပ်ပြီး ယာယီခိုလှုံရာနေရာ ကူညီ ထောက်ပံ့ပေးနေတဲ့ Housing NOW အိမ်ရာဆောက်လုပ်ရေး စွန့်ဦးကုမ္ပဏီက ၂၀၂၄ ခုနှစ်အတွက် Nikkei Asia Award ဆု ရရှိသွားပါတယ်။
#dvbtvnews #မြန်မာ #ဒုက္ခသည် #myanmar
https://www.youtube.com/watch?v=bQK4rzXNrhk

DVB TV News

24 Dec, 06:23


https://www.youtube.com/watch?v=op5xy69vzms

DVB TV News

24 Dec, 06:17


မြန်မာအာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA)တို့အကြား ပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ကြားကပဲ ပြီးခဲ့တဲ့ နှစ်လအတွင်း ရိုဟင်ဂျာ ၆၀,၀၀၀ ထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံ ဝင်ရောက်လာတယ်လို့ Anadolu Agency သတင်းမှာ ဖော်ပြပါတယ်။

#dvbtvnews #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ #myanmar
https://www.youtube.com/watch?v=MCFb1uDhVTE

DVB TV News

24 Dec, 06:16


ဗန်းမော်တိုက်ပွဲ ရက်ပေါင်း ၂၀ ကြာတဲ့အထိ ဒေသခံထောင်နဲ့ ချီပိတ်မိ။
🗞 ရန်ကုန် ဇီးရိုးမိုင်ဂိတ်မှာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေ စစ်ဆေးခံရ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update.
📺 DVB TV - 24.12.2024
https://www.youtube.com/watch?v=usoXD6ciP_4

DVB TV News

24 Dec, 06:15


စစ်ကောင်စီတပ်က ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းဘက်က မြို့နယ်တွေမှာ စစ်အင်းအား ဖြည့်တင်းထားပြီး ခံစစ်ပြင်ဆင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်
#dvbtvnews #ဧရာဝတီတိုင်း#ခံစစ်ပြင် #myanmar
https://www.youtube.com/watch?v=TulPiXtDHtU

DVB TV News

24 Dec, 06:05


သုံ့ပန်းနဲ့လက်နက်ချသူ ဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်အဆင့် ၁၂ ယောက် အထိရှိလာ။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ်က စစ်အင်းအား ဖြည့်ပြီး ခံစစ်ပြင်နေ။

#dvbtvnews #dvbdigital #myanmar
https://www.youtube.com/watch?v=5KCbjrS38Lo&t=485s

DVB TV News

24 Dec, 06:05


ရန်ကုန် ဇီးရိုးမိုင်ဂိတ်မှာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေ စစ်ဆေးခံရ။
ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၆၀,၀၀၀ ခန့် ရှိလာ။

#dvbtvnews #dvbdigital #myanmar


https://www.youtube.com/watch?v=SDsmwCA08xQ&t=370s

DVB TV News

24 Dec, 05:38


ငွေဈေး ရွှေဈေး (၂၄ ရက် ဒီဇင်ဘာလ ၂၀၂၄ မနက်ပိုင်း)
Morning Currency Exchange 24.12.2024
#currency #exchange #Myanmar

DVB TV News

24 Dec, 04:40


🚨 ရခိုင်ပြည်နယ်၊ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ဒီဇင်ဘာလ (၂၁) ရက်နေ့နဲ့ (၂၂) ရက်နေ့တွေမှာတော့ ချင်းညီနောင်နဲ့ ပူးပေါင်းတပ်တွေက မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့ပါတယ်။
🚨 ဒါကြောင့် ယနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း (၉၁) မြို့ အထိရှိလာပြီဖြစ်ပါတယ်။

#DVBdata #Rakhine #Chan #Myanmar #infographic #SituationReport

📣 Support DVB - https://burmese.dvb.no/membership
📣 Subscribe - https://youtube.com/dvbtvnews
📣 Follow - https://t.me/dvbtvnews

DVB TV News

24 Dec, 00:56


ချင်းတောင်ပိုင်းတခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီး ချင်းပြည်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။

#dvbtvnews #Chin #myanmar

https://youtu.be/UtTkxMwuzA4

DVB TV News

24 Dec, 00:31


DVB Fact Check ရဲ့ ဒစ်ဂျစ်တယ် ဆန်းစစ်ဖော်ထုတ်တင်ပြချက်ကတော့ ၂၀၂၄ ခုနှစ်ဇန်နဝါရီလ (၁) ရက်နေ့ ကနေ ဇွန်လ (၃၀) ရက်နေ့အထိ (၆) လအတွင်းမှာ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ သွေးထိုးလှုံ့ဆော်တဲ့ Data အချက်အလက်တွေကို အဓိကစုစည်းခဲ့ပြီး အွန်လိုင်းပေါ်က အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တဲ့နောက် မြေပြင်မှာပါ အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ အမှန်တကယ် ဖြစ်ပွားခဲ့တာကို ကောက်နှုတ်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ် တင်ဆက်ထားပါတယ်။

#WATCH - https://youtu.be/pB7clopLT5I

DVB TV News

24 Dec, 00:28


၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချတာနဲ့ သုံးပန်းအဖြစ် အဖမ်းခံရတဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၁၂ ယောက် အထိရှိလာပြီး မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက် မကြုံဖူးခဲ့တဲ့ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

#dvbtvnews #1027operation #Myanmar #MyanmarArmy

📣 Support DVB - https://burmese.dvb.no/membership
📣 Subscribe - https://youtube.com/dvbtvnews
📣 Follow - https://t.me/dvbtvnews

DVB TV News

23 Dec, 23:24


🚨 DVB Digital 1 Minute News 🚨 23.12.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

23 Dec, 16:43


မြို့ပေါ်ရပ်ကွက်တွေမှာပါ လူငယ်တွေကို ပေါ်တာဆွဲတာ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေပြီး ဒါတွေဟာ စစ်တပ်က စနစ်တကျနဲ့ စီမံနေတာလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
#dvbtvnews #လူငယ် #ပေါ်တာဆွဲ #myanmar
https://youtu.be/GtrNP-5B4BM

DVB TV News

23 Dec, 14:08


- မြန်မာဒုက္ခသည်များအတွက် ဝါးအိမ်ဆောက်ပေးသည့် ကုမ္ပဏီ Nikkei Asia Award ဆုရ
- ဗီဇာမဲ့နေထိုင်လို့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ဦးကို လွတ်အောင် NUG ဆောင်ရွက်ပေး
- ၁ လကျော်ကြာ ဖုန်းလိုင်းပြတ်တောက်နေလို့ ရခိုင်ပြည်သူများ အခက်အခဲကြုံ
#dvbtvnews #dvbdigital #myanmar
https://youtu.be/E2-1E6XwP-U

DVB TV News

23 Dec, 13:52


ချင်းတောင်ပိုင်းတခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီး ချင်းပြည်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။
#dvbtvnews #Chin #myanmar
https://youtu.be/UtTkxMwuzA4

DVB TV News

23 Dec, 13:13


- ရန်ကုန်မှာ ဆယ်ကျော်သက်လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေ
- အေအေ ခွင့်ပြုချက်နဲ့ ဆန်တင်ပို့၊ ဆွေးနွေးတာမရှိလို့ ဘင်္ဂလားဒေ့ရှ် လက်မခံသေး
#dvbtvnews #dvbdigital #myanmar
https://youtu.be/S31Za0DvfQk

DVB TV News

23 Dec, 11:03


ရခိုင်ပြည်နယ် မောင်တောမြို့ကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အေအေ အကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက်နဲ့သာ ဆန်တင်ပို့နိုင်တယ်လို့ မောင်တောကုန်သည်တွေက ပြောပါတယ်။
#dvbtvnews #မောင်တော #ဆန်တင်ပို့ #myanmar
https://youtu.be/n0H_c5y8lEw

DVB TV News

08 Dec, 04:02


၂၀၂၃ ခုနှစ်မှာ စစ်ကိုင်းတိုင်းရဲ့ သစ်ပင်သစ်တောဧရိယာ ဧက ၇ သောင်းကျော် ဆုံးရှုးမှု ရှိခဲ့ပါတယ်။ ဒါဟာ တရားမဝင်သစ်ခိုးထုတ်မှုနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ တနိုင်တပိုင် စီးပွားရေး၊ ပြန်လည်တည်ဆောက်ရေး စတာတွေကြောင့် သစ်ပင်ခုတ်လှဲမှုတွေ ရှိနေလို့ဖြစ်ပါတယ်။

#dvbtvnews #တရားမဝင်သစ် #ခိုးထုတ်မှု #myanmar
https://www.youtube.com/watch?v=4EQhrKqXGwk

DVB TV News

08 Dec, 02:30


ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ကျန်းမာရေးဆိုင်ရာညီလာခံကို CRPH တက်ရောက်။
ပုလဲမြို့နယ်က ပြည်သူတွေကိုခေါင်းဖြတ်သတ်မယ်လို့ စစ်တပ်ခြိမ်းခြောက်။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 08/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=NXlkhu7hgYo

DVB TV News

08 Dec, 02:30


ရန်ကုန်မြို့က မြို့နယ်တစ်ချို့မှာ စည်ပင်သာယာရေးဌာန(YCDC)က အမှိုက်ခွန်ကို ပုံမှန်ကောက်ယူနေပြီး အမှိုက်ကားနဲ့အမှိုက်ပုံးတွေမထားရှိတဲ့အပေါ်မြို့ခံတွေအကြားဝေဖန်ပြောဆိုနေကြတာပါ။

#dvbtvnews # စည်ပင် #အမှိုက်ခွန် #myanmar

https://www.youtube.com/watch?v=MoA7q4-K56s

DVB TV News

07 Dec, 23:09


🚨 DVB Digital 1 Minute News 🚨 07.12.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

07 Dec, 22:31


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် ကြည့်ရှုနိုင်ပါတယ်။

ဒီတပတ်မှာတော့ တောင်ကိုရီးယားရဲ့ ပြည်သူ့အာဏာကို စမ်းသပ်လိုက်တဲ့ ၆ နာရီ စစ်အုပ်ချုပ်ရေး၊ ၄ နှစ်ကြာကြံ့ကြံ့ခံနေဆဲ CDM ပြည်သူ့ဝန်ထမ်းများ၊ ကိုးကန့်အပစ်ရပ်မှုနောက်ကွယ် စတာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ အထူးဧည့်သည်တော် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားပါ တို့က ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

#weeklydigest #weeklynewsdigest #myanmar

https://youtu.be/IUSkDFsj4LY

DVB TV News

07 Dec, 13:52


https://youtu.be/TZPHySx7wog?si=fOT8cJYPhAgJbszJ

DVB TV News

07 Dec, 13:52


https://youtu.be/VeEP_k2HvUE?si=ZQbCLv9lPFhUKOJn

DVB TV News

07 Dec, 11:59


https://www.youtube.com/watch?v=zAgFoQwa3Zk
https://www.youtube.com/watch?v=zAgFoQwa3Zk

DVB TV News

07 Dec, 11:33


ဘူးသီးတောင်နဲ့ မောင်တောမှာ ARSA ပစ်ခတ်လို့ အရပ်သား ၂ဦးသေဆုံး။
ငရုတ်ကောင်းမြို့နယ်ထဲကို စစ်တပ်က နယ်မြေ ရှင်းလင်းတာတွေပိုလုပ်လာတာ။
#dvbtvnews #dvbdigital #myanmar
DVB Digital 5pm News Update. 07/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=jco6DLVgDg8

DVB TV News

07 Dec, 10:13


မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိနဲ့ စစ်သည် ၁၅ ယောက် သေဆုံးပြီး ထောက်ပို့လေယာဉ် ၁ စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီဇင်ဘာ ၆ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

#dvbtvnews #မှော်ဘီလေတပ် #တိုက်ခိုက်ခံရ #myanmar

https://www.youtube.com/watch?v=S8kDBWL2hC8

DVB TV News

07 Dec, 10:03


အားလုံးပါဝင်နိုင်တဲ့ လူမှုပတ်ဝန်းကျင်ကို တည်ဆောက်မှသာ ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ ထိုင်းနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီရာမောင်ကပြောလိုက်ပါတယ်။
#dvbtvnews #ငြိမ်းချမ်းရေး #ဒေါက်တာစင်သီရာမောင် #myanmar
https://youtu.be/F9pIZBXDXLU

DVB TV News

07 Dec, 10:02


မြို့သိမ်း တိုက်ပွဲဆင်နွှဲနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲက တိုက်ပွဲတွေကြောင့် ပြည်သူအများစုဟာ တိုက်ပွဲနဲ့ ဘေးလွတ်ရာ နေရတွေကို ဒီဇင်ဘာလ(၄)ရက်နေ့ကနေ စတင်ထွက်ခွါနေပြီးတော့ နှစ်ရက်အတွင်း မြို့ထဲက ပြည်သူ(၆၀) ရာခိုင်နှုန်းက မြို့ထဲကနေ စွန်ခွါနိင်ခဲ့တယ်လို့ သိရပါတယ်


#dvbtvnews #ဗန်းမော် #တိုက်ပွဲ #myanmar
https://www.youtube.com/watch?v=AIEBcJzx6hA

DVB TV News

07 Dec, 09:48


အီနိုင်းတံတားကို ပြုပြင်နေလို့ ကားတွေဖောင်နဲ့ဖြတ်သန်းနေရ။
မွန်ပြည်နယ်မှာ ရော်ဘာသယ်ယူခွင့် ငွေကြေးအများအပြား ပေးဆောင်နေရ ။
#dvbtvnews #dvbdigital #myanmar
DVB Digital 3pm News Update. 07/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=UyZORGHkbWw

DVB TV News

07 Dec, 07:20


https://www.youtube.com/watch?v=MqlmKK3-tFU

DVB TV News

07 Dec, 07:00


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦး သေဆုံးကာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
#dvbtvnews #မြင်းခြံမြို့#တိုက်ပွဲ #myanmar

https://www.youtube.com/watch?v=hvScYr9pJpM

DVB TV News

07 Dec, 07:00


မွန်ပြည်နယ်မှာ ရော်ဘာသယ်ယူခွင့်အတွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအများအပြား ပေးဆောင်နေရပြီး ပိုက်ဆံမပေးရင် တင်ဆောင်ခွင့်မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ရော်ဘ ာလုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်
#dvbtvnews #ရော်ဘာသယ်ယူခွင့် #ပိုက်ဆံပေးနေရ #myanmar
https://www.youtube.com/watch?v=NdZgeWMalaY

DVB TV News

07 Dec, 06:54


ဗန်းမော်မြို့ဝန်းကျင်မှာ တိုက်ပွဲပြင်းထန် အရပ်သားထိခိုက်မှုတွေများလာ။
ပျူစောထီးခေါင်းဆောင်ကို သတ်တဲ့ PDF ၄ ဦးကို ထောင် ၁ နှစ်စီ ချမှတ်။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update. 07/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=X89Os2gQi6M

DVB TV News

07 Dec, 06:54


ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အနောက် မြောက် ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
#dvbtvnews #မတ္တရာ #တိုက်ပွဲ #myanmar
https://www.youtube.com/watch?v=PREjS-9RdBc

DVB TV News

07 Dec, 06:54


မန္တလေးမြို့ကို စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းကြောင့် လုံခြုံရေးတင်းကြပ်။
ရန်ကုန်မှာ ထောက်ခံစာတခုပြုလုပ်လိုရင် ငွေကြေး ၂ ဆ ကုန်ကျနေရ ။
#dvbtvnews #dvbdigital #myanmar
DVB Digital 11am News Update. 07/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=xom8xufo1aM

DVB TV News

07 Dec, 05:52


မန္တလေးမြို့ကို စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းကြောင့် လုံခြုံရေးတင်းကြပ်။
- ရန်ကုန်မှာ ထောက်ခံစာတခုပြုလုပ်လိုရင် ငွေကြေး ၂ ဆ ကုန်ကျနေရ ။
#dvbtvnews #dvbdigital #myanmar
DVB Digital 11am News Update. 07/12/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=xom8xufo1aM

DVB TV News

22 Nov, 00:12


🗞️ ရုရှားကို ATACMS ဒုံးကြည်ပစ်ပြီးနောက် ကိဗ်မြို့ရှိ အမေရိကန်သံရုံး ပြန်ဖွင့်
🗞️ ဆီးရီးယားရှိ သမိုင်းဝင် ပါးလ်မိုင်ရာ မြို့တိုက်ခိုက်မှုကြောင့် လူ ၃၆ ဦးသေ
🗞️ ရုရှားကို Storm Shadow ဒုံးကြည်တွေ ပစ်လွှတ်ကြောင်း ဗြိတိန်မီဒီယာ ဖော်ပြ

#dvbtvnews #internationalnews #myanmar

https://youtu.be/jQlI74OQjYw

DVB TV News

21 Nov, 22:55


ရှေ့တလှမ်းတိုးဖို့ နောက်ကို တလှမ်းဆုတ်ထားတဲ့ ကရင်နီစစ်ရေး

- KNDF ဒုစစ်ဦးစီးချုပ် မာဝီနှင့် တွေ့ဆုံမေးမြန်းခန်းDVB TV

#dvbtvnews #interview #myanmar #karenni

https://youtu.be/p4WHXk66bFY

DVB TV News

21 Nov, 16:05


ကလေးမြို့နယ် ချောင်းခွရွာမှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသမီး သုံး ယောက်ကို မုဒိန်းကျင့် မီး ရှို့သတ်ဖြတ်ခဲ့ တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုဝင်တွေက တရားမျှတမှုရရှိဖို့ မျှော်လင့်နေကြပါတယ်။
#dvbtvnews #Kalay #Justice #myanmar
https://youtu.be/OJZXT3ehkIM

DVB TV News

21 Nov, 15:47


မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်သားသစ်တွေနဲ့ အင်အားဖြည့်တင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်။
#dvbtvnews #မွန်_ကရင်နယ်စပ် #BGF #myanmar
https://youtu.be/tFifnZAtAuI

DVB TV News

21 Nov, 15:26


စာသင်ကျောင်းတွေကို လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကသိအောင် သီချင်းဆိုပြိုင်ပွဲတခုကို ဒီးမော့ဆိုမြို့နယ် ပညာရေး ဘုတ်အဖွဲ့က ကျင်းပနေပါတယ်။
#dvbtvnews #ကရင်နီကလေးများ #သီချင်းဆိုပြိုင်ပွဲ #myanmar
https://youtu.be/Kutup8cxtRs

DVB TV News

21 Nov, 15:08


အခြေခံအလုပ်သမား အခွင့်အရေးတွေကို ပေးဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုဆန္ဒပြနေတာကို ချားရစ်ခ် ပန်းပုစက်ရုံဘက်က လုံးဝလက်မခံဘဲ အင်အားသုံးခြိမ်းခြောက်နေ တာတွေ ရှိတယ်လို့ သိရပါတယ်၊၊
#dvbtvnews #Charis #Factory #myanmar
https://youtu.be/2r53690r1Yk

DVB TV News

21 Nov, 14:31


ခြံအမှတ် ၅၄ ကိုလေလံကြမ်းခင်းဈေးထပ်မံလျှော့ချဖို့ တရားရုံးကဆုံးဖြတ်ထားပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်း စုကြည်ကိုတွေ့ဆုံခွင့်ရဖို့တောင်းဆိုထားပေမယ့် တွေ့ရမယ့်အလားအလာမရှိဘူးလို့ တရားရုံးနဲ့နီးစပ် သူတယောက်ကပြောပါတယ်။
#dvbtvnews #thirdtime #myanmar
https://youtu.be/KthBgjw12Ww

DVB TV News

21 Nov, 13:55


စစ်ကောင်စီက အွန်လိုင်းဈေးရောင်း လုပ်ငန်းတွေကို အွန်လိုင်းမှတ်ပုံတင် ပြုလုပ်ခိုင်းပြီး အခွန်ကောက်ခံ နေပေ မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ဘာအကျိုးခံစားခွင့်မှ မရှိဘဲ အခွန်ပေးရတာတွေသာ ပိုတိုးလာတယ်လို့ အွန်လိုင်း ဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
#dvbtvnews #Onlineshop #myanmar
https://youtu.be/SE1fDNG0h9I

DVB TV News

21 Nov, 13:27


- အမ်းဘက်ကို စစ်ကူပို့တဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံး။
- ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချဖို့ တရားရုံးဆုံးဖြတ်ထား။
- ခင်ဦး၊လက်ပံကြီးရွာမှာ အပြည်ပြည်ဆိုင်ရာကလေးများနေ့အခမ်းအနားကျင်းပ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/M0EQGG8Ik2M

DVB TV News

21 Nov, 13:13


လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာပျံ့နေ တာကြောင့် မြို့ခံတချို့ ထပ်မံတိမ်းရှောင်နေကြပါတယ်။
#dvbtvnews #လားရှိုး #မြို့ခံ #myanmar
https://youtu.be/zq2q2Swj1RE

DVB TV News

21 Nov, 12:58


- ၂၀၂၅ မှာ လူဦးရေ ၂ သန်းလောက်ကိုကူညီထောက်ပံ့ပေးမယ်လို့ WFPထုတ်ပြန်။
- ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချဖို့ တရားရုံးဆုံးဖြတ်ထား။
#dvbtvnews #dvbdigital #myanmar
https://youtu.be/_5Bb0aVPpG8

DVB TV News

21 Nov, 12:12


အာဏာသိမ်းစစ်ခေါင်းဆောင် မကြာခင်က သွားရောက်ခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်လာမှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNUက ပြောလိုက်ပါတယ်။
#dvbtvnews #KNU #myanmar
https://youtu.be/4XEWd71UbUI

DVB TV News

21 Nov, 10:42


- စာသင်ကျောင်းတွေကိုဗုံးမကြဲဖို့ ကရင်နီကလေးငယ်တွေသရုပ်ပြ။
- ထောင်ဒဏ်နှစ်ရှည် ကျခံရနေရတဲ့ ဝန်ကြီးဟောင်းဦးသောင်းထွန်း ဆေးကု သမှုခံယူရ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/R9UPi9EMDWs

DVB TV News

21 Nov, 10:35


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၂၁ ရက် နိုဝင်ဘာ ၂၀၂၄) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့တဲ့သတင်း
👉 မြန်မာလူဦးရေ ၂ သန်းလောက်ကို WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က ကူညီထောက်ပံ့ပေးမယ့်သတင်းနဲ့
👉 ကံပိုင်တည်မြို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - / dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

21 Nov, 10:30


ငွေဈေး ရွှေဈေး (၂၀ ရက် နိုဝင်ဘာလ ၂၁၂၄ ညနေပိုင်း)
Evening Currency Exchange 21.11.2024
#currency #exchange #Myanmar

DVB TV News

21 Nov, 09:35


မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းနှင့် ထောက်လှမ်းနည်းပညာလွှဲပြောင်းရောင်းချခြင်းမပြုရန် EU တောင်းဆို
#dvbtvnews

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေအပြင် လေ ယာဉ်လောင်စာဆီနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာဆိုင်ရာပစ္စည်းတွေ တင်ပို့ ရောင်းချတာ၊ လွှဲပြောင်းတာတွေ မပြုလုပ်ကြဖို့ ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/678777

DVB TV News

21 Nov, 09:15


အမ်းဘက် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကို PAR-Magway က တိုက်ခိုက်
#dvbtvnews

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းဘက်ကို စစ်ကူပို့တဲ့ စစ်ကောင်စီ ယာဉ်တန်းနဲ့ လုံခြုံရေးလိုက်ပါတဲ့ အင်အား ၄၀ လောက်ပါတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၀ ရက်က လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway) က တိုက်ခိုက်ခဲ့တာကြောင့် သေဆုံး ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ PRA- Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/678764

DVB TV News

21 Nov, 09:14


မွန်-ကရင်နယ်စပ်တွင် ကရင် BGF တပ်သားသစ်များ အားဖြည့်
#dvbtvnews

မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်သားသစ်တွေနဲ့ အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလကစတင်ကာ ကရင်နယ်ခြားစောင့် တပ်(BGF)တပ်သားသစ်တွေကို အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/678767

DVB TV News

21 Nov, 09:13


ပန်းပုစက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကို စက်ရုံဘက်က အင်အားသုံးခြိမ်းခြောက်
#dvbtvnews

အခြေခံအလုပ်သမား အခွင့်အရေးတွေကို ပေးဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုဆန္ဒပြနေတာကို ချားရစ်ခ် ပန်းပုစက်ရုံဘက်က လုံးဝလက်မခံဘဲ အင်အားသုံးခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် ပန်းပုစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၂ ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စက စလို့ လုပ်ငန်းခွင်အတွင်း အချိန်ပိုကြေးနဲ့ နေ့စားခတွေကို လုံလောက်အောင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာမှာ ၂ ပတ်ကျော်ကြာတဲ့အချိန်ထိ ပြေလည်မှုမရှိသေးတာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/678771

DVB TV News

21 Nov, 08:45


ကြံခင်းဒေသခံ ၂ ဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
#dvbtvnews

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၂ ယောက်ကို PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူထံက သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့အစပ် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီးမှာ စစ်ကြောင်းထိုးရင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ် အင်အား ၃၀ လောက်က အရပ်သား လူငယ် ၂ ယောက်ကို မနေ့ နိုဝင်ဘာ ၂၀ ရက်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/678759

DVB TV News

17 Nov, 22:49


စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို အနောက်နိုင်ငံတွေက မထောက်ခံပေမယ့် တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ထောက်ခံမှုရှိလာနိုင်တယ်လို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။

#dvbtvnews #စစ်ကောင်စီ #ရွေးကောက်ပွဲ #myanmar

https://youtu.be/3st84mcXmpg

DVB TV News

17 Nov, 22:31


🚨 DVB Digital 1 Minute News 🚨 17.11.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

17 Nov, 14:43


- မတ္တရာနယ်အနောက်တောင်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်။
- ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ရေကြည်မှာ စစ်ဘေးရှောင် ၅ ဦး ဖမ်းဆီးခံရ။
- ဒိန်းမတ်အလှမယ် ၂၀၂၄ မယ်စကြဝဠာသရဖူ ဆွတ်ခူး၊ မြန်မာအလှမယ် Unplaced ဖြစ်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/Cwf5aUcNyn8

DVB TV News

17 Nov, 13:16


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းရိုးရာ လွိုင်ကထုန်ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်နေ ၁၇ ရက်အထိ ကျင်းပတဲ့ အကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။
#dvbtvnews #ချင်းမိုင် #လွိုင်ကထုန်ပွဲတော် #myanmar
https://youtu.be/Mhl_e9-sxAE

DVB TV News

17 Nov, 12:48


- စက်သုံးဆီတင်သွင်းရန် ဒေါ်လာ ၃၅ သန်း ထပ်ရောင်းမယ်။
- တောင်ကြီးတန်ဆောင်တိုင် လပြည့်ကျော်တစ်ရက်နေ့ လာရောက်သူနည်းပါးခဲ့။
#dvbtvnews #dvbdigital #myanmar
https://youtu.be/vE-EVI4RPHI

DVB TV News

17 Nov, 10:34


- စလင်းမြို့နယ်က စစ်တပ်စခန်းတခုကို တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်။
- ဂန့်ဂေါမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/P_pa92DQ0u0

DVB TV News

17 Nov, 10:01


မယ်ရီလန်းပြည်နယ်မှာပြသခဲ့တဲ့ PDF လူငယ်တွေအကြောင်းဖြစ်ရပ်မှန် Zoomers ရုပ်ရှင်အထူးပွဲကနေ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၂၀၀၀ ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
#dvbtvnews #Zoomers #myanmar
https://youtu.be/5pNAaJKNZz0

DVB TV News

17 Nov, 09:43


စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို အနောက်နိုင်ငံတွေက မထောက်ခံပေမယ့် တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ထောက်ခံမှုရှိလာနိုင်တယ်လို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။
#dvbtvnews #စစ်ကောင်စီ #ရွေးကောက်ပွဲ #myanmar
https://youtu.be/3st84mcXmpg

DVB TV News

17 Nov, 08:33


- တောင်ခမ်းကို စစ်ကူလာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးပါ ကျ။
- အထက်တန်းကျောင်းတွေမှာ ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ပို့ချနေ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/uEWBgCjhZYk

DVB TV News

17 Nov, 07:44


တော်လှန်ရေးရန်ပုံငွေအဖြစ် နွေဦးတော်လှန်ရေးရုပ်ရှင်ဇာတ်ကား ၄ ကားပေါင်းပြသတဲ့ သတ္တိနဲ့ပွင့်လန်း ချစ်သော ပန်းများ ရုပ်ရှင်ပြပွဲကို ဩစတေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
#dvbtvnews #နွေဦးတော်လှန်ရေး #ရုပ်ရှင် #myanmar
https://youtu.be/Omci-MvDFb4

DVB TV News

17 Nov, 07:04


- ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာကို ဂျက်ဖိုက်တာနဲ့ပစ်လို့ နေအိမ်တစ်လုံး မီးလောင်။
- စားဝတ်နေရေး ကြပ်တည်းမှုကြောင့် အသက်နဲ့ရင်းပြီး ပံ့သကူကောက်နေရ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/tcswyjmqe0s

DVB TV News

17 Nov, 04:47


- ရေဦးနဲ့ တန့်ဆည်ကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေး။
- မွန်စာပေနဲ့ယဉ်ကျေးမှုကော်မတီရဲ့ ဆီမီးထွန်းညှိပူဇော်ပွဲ ရွှေတိဂုံစေတီတော် ကျင်းပ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/_qx8OnZIwk8

DVB TV News

17 Nov, 03:04


၁၅ လတာ ကာလအတွင်း အသုံးပြုသူပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိပြီး ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန်ဒေါ်လာ သန်း ၂၀ အထိရှိတဲ့ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ အစုရှယ်ယာ ၄ ရာခိုင်နှုန်းကို ဒုတိယအကြိမ် စတင်ရောင်းချနေပါပြီ။
#dvbtvnews #နွေဦးဖွံ့ဖြိုးရေးဘဏ် #myanmar
https://youtu.be/i7yCkrFFS2o

DVB TV News

17 Nov, 02:43


- မိုးဗြဲအနောက်ဘက်ခြမ်းကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲ။
- ဒီမော့ဆိုအနောက်ခြမ်းက စစ်ရှောင်ကလေးတွေ ရာသီတုပ်ကွေးအဖြစ်များ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/6vBUilX-WC8

DVB TV News

17 Nov, 01:58


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် ကြည့်ရှုနိုင်ပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ တကျော့ပြန်ရခိုင်စစ်ပွဲ ၁ နှစ်အတွင်း AA ရဲ့ စစ်ရေးအောင်မြင်မှု ၊ ပုလဲကို သိမ်းဖို့ကြိုးစားခဲ့တဲ့ ဗိုလ်နဂါးတပ်၊ ထရမ့်ပ်အစိုးရအဖွဲ့သစ်၊ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုနဲ့ COP29 ထိပ်သီးအစည်းအဝေး စတဲ့အကြောင်းတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

#weeklydigest #weeklynewsdigest #myanmar

https://youtu.be/iME0AkPT6WM

DVB TV News

16 Nov, 22:26


"မြောက်ပြန်လေမှာ မွှေသောအရူး"

"နေဇော်နိုင် ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ"

#DVBTV #နေဇော်နိုင် #ကျနော်ဆွဲဖွင့်မိသောတံခါးများ #Myanmar

https://youtu.be/XfC5gJDK0Rg

DVB TV News

16 Nov, 13:44


- စစ်ကောင်စီရဲ့ အွန်လိုင်းထီကို ၂ ကြိမ်မြောက်ဖွင့်၊စိတ်ဝင်စားသူနည်း။
- ရန်ကုန်မှာ လျှပ်စစ်မီးကြိုးတွေ အခိုးခံရတာများလာလို့ ရက်ရှည်မီးပျက်နေ။
- ဖယ်ခုံအနောက်ခြမ်းကစစ်ရှောင်စခန်းတွေကို သီးနှံတွေ ထွန်းမြန်မာဒိုနေရှင်းလှူဒါန်း။
#dvbtvnews #dvbdigital #myanmar
https://youtu.be/ITtxWaRXAo0

DVB TV News

16 Nov, 12:52


- တန်ဆောင်မုန်းလပြည့်ည တောင်ကြီးတန်ဆောင်တိုင် စည်ကား။
- ၁၀ လတာအတွင်း ဧရာဝတီတိုင်းက အိမ်အလုံး ၁၅၀ ထက်မနည်းချိတ်ပိတ်ခံရ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/9gvQW3ViCqQ

DVB TV News

16 Nov, 12:25


မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှာ တိုက်ပွဲကြား ပိတ်မိနေကြ တဲ့ ဒေသခံ ၄၀၀၀ ကျော်ဟာ အမ်းမြို့ပေါ်ကနေ ထွက်ခွာခွင့်ပြုဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့ကြ ပေမယ့် လည်း ထွက်ခွာခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။
#dvbtvnews #Ann #IDP #myanmar
https://youtu.be/gC77oXLj62Y

DVB TV News

16 Nov, 12:22


🚨 DVB Digital 1 Minute News 🚨 16.11.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

16 Nov, 12:08


ပုလဲမြို့နယ်ကိုပြန်ထိန်းချုပ်ဖို့ ဇီးဖြူကုန်းနဲ့အင်မထီးပျူစောထီးရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လက်နက်ရိက္ခာထောက်ပို့တာတွေပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
#dvbtvnews #ပုလဲ #လက်နက်ရိက္ခာ #myanmar
https://youtu.be/ZiGfVaKy0AA

DVB TV News

16 Nov, 11:51


စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ တွေကို ဥပဒေ အသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း ပို့ချနေတာဟာ စစ်ဝါဒမှိုင်းဖြန့်ချီတာ ဖြစ်တယ်လို့ ပညာရေးနဲ့ ဥပဒေအသိုင်းအဝိုင်းတွေက ဝေဖန်လိုက်ပါတယ်။
#dvbtvnews #အထက်တန်းကျောင်း #ဥပဒေပညာ #myanmar
https://youtu.be/-HLoTTZcnEE

DVB TV News

16 Nov, 10:35


- မြင်းခြံ သုံးရက်တာတိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံး။
- မွန်စာပေနဲ့ယဉ်ကျေးမှုကော်မတီရဲ့ ဆီမီးထွန်းညှိပူဇော်ပွဲ ရွှေတိဂုံစေတီတော် ကျင်းပ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/rNscGs4E9wY

DVB TV News

16 Nov, 09:25


အနှစ်၂၀ကျော်မှာ ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်လာတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်ဟာ ယူကျူဘာ လက်ဝှေ့သမား ဂျိတ်ပေါလ်ကို အမှတ်အရ ရှုံးခဲ့ပါတယ်။ ပြိုင်ပွဲမစခင် မိုက်တိုင်စန်က ဂျိတ်ပေါလ်မျက်နှာကို ရိုက်ခဲ့တာကိုလည်း လူပြောများခဲဲ့ပါတယ်။

#PHOTO credit: Kevin Jairaj-Imagn Images/USA Today Sports/Reuters

#boxing #miketyson #jakepaul #sports

DVB TV News

16 Nov, 09:05


ရန်ကုန်မွန်စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပတဲ့ ဆီမီးထွန်းညှိပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့က ရွှေတိဂုံစေတီတော် သောကြာထောင့်မှာ ကျင်းပခဲ့ပါတယ်။
#dvbtvnews #မွန်ယဉ်ကျေးမှုကော်မတီ #ဆီမီးပူဇော်ပွဲ #myanmar
https://youtu.be/i8ekmLvekuo

DVB TV News

16 Nov, 08:36


- ပခုက္ကူ၊အရှေ့ချောက်ကန်ကျေးရွာအထွက်ကစစ်တပ်အဖွဲ့ တိုက်ခိုက်ခံရ။
- နမ္မတူမြို့မှာ အလုပ်အကိုင်မရှိ သလောက်ရှားပါးနေ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/JX5Mq4Duggs

DVB TV News

16 Nov, 08:12


ကမ္ဘာ့ရှေးဟောင်းအမွေနှစ်ဒေသဖြစ်တဲ့ ပုဂံမှာ ခရီးသည်တွေအလာနည်းလို့ မြင်းလှည်းသမားတွေ ဝင်ငွေ ထိခိုက်ပြီး စားဝတ်နေရေး ကြပ်တည်းလာပါတယ်။
#dvbtvnews #ပုဂံ #မြင်းလှည်းသမား #myanmar
https://youtu.be/xMljowW_Lqg

DVB TV News

16 Nov, 07:04


တရုတ်နိုင်ငံ၊ရွှေလီမြို့ဘက်ကို ရောက်နေကြတဲ့ အလုပ်လက်မဲ့ မြန်မာအမျိုးသမီးတချို့ဟာ စားဝတ်နေရေးအခက်ခဲကို ဖြေရှင်းနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် တရုတ်နိုင်ငံသားရဲ့ဇနီးမယားအဖြစ် ရောင်းစားနေတာတွေ ရှိနေပါတယ်။
#dvbtvnews #တရုတ်နိုင်ငံသား #ဇနီးမယား #myanmar
https://youtu.be/OLrR3zkIH68

DVB TV News

16 Nov, 06:35


- ဖယ်ခုံအနောက်ခြမ်းကစစ်ရှောင်စခန်းတွေကို သီးနှံတွေ ထွန်းမြန်မာဒိုနေရှင်းလှူဒါန်း။
- ရခိုင်နဲ့ ကရင်နီစစ်ဆင်ရေး ၁ နှစ်ပြည့်၊ KIA က တရုတ်နယ်စပ်ဂိတ်တွေ တန်ပြန်ပိတ်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/N-k2KmakakE

DVB TV News

16 Nov, 05:52


ဒီမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရာသီဥတု အရမ်းအေးလာတာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
#dvbtvnews #ဒီမော့ဆို #စစ်ရှောင်စခန်း #myanmar
https://youtu.be/NdzFMrRmA54

DVB TV News

16 Nov, 05:13


မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာက KBC ဘုရားကျောင်းဝင်းအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ်အများစုအပါအဝင် သေဆုံးသူ ၉ယောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#dvbtvnews #မိုးမောက် #လေကြောင်းတိုက်ခိုက်မှု့ #myanmar
https://youtu.be/qQHZuyLGjYw

DVB TV News

16 Nov, 04:35


- တိုင်းစစ်ဌာနချုပ်အလံတွေကို သင်္ချိုင်းမှာ အုတ်ဂူချ လှုပ်ရှားမှုပြုလုပ်။
- မီးပုံးပျံကျရာက အင်းလေးဟိုတယ်မီးလောင်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/aCdcCZtuHxs

DVB TV News

08 Nov, 13:21


မန္တလေးတိုင်း၊ မတ္တရာနယ်ကိုဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူသောင်းနဲ့ ချီပြီးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်က ကျေးရွာတွေကိုလည်း စစ်ကောင်စီကစစ်ကြောင်းထိုးနေပြီး နိုဝင်ဘာလဆန်းကနေလက်ရှိအချိန်အထိ အိမ်ခြေ ၄၀၀ ကျော်မီးရှို့ဖျက် ဆီးထားပါတယ်။
#dvbtvnews #မတ္တရာ #စစ်ကြောင်းထိုး #myanmar
https://www.youtube.com/watch?v=fjd3_RwtiSw

DVB TV News

08 Nov, 13:17


ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ စစ်ကောင်စီက မီးပုံးပျံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ အစစ် အဆေးတွေနဲ့ လုံခြုံရေး တင်းကြပ်ထားပြီး တအိမ်ကျပ် ၅ ထောင်နှုန်း ကောက်ခံနေတယ်လို့ မြို့ခံတွေက ပြော ပါတယ်
#dvbtvnews #တောင်ကြီး #မီးပုံးပျံပွဲ #myanmar
https://www.youtube.com/watch?v=eDsKH1ueSrk

DVB TV News

08 Nov, 13:16


၂၀၂၄ တစ်နှစ်တည်းမှာပဲ ဒေါ်လာ ၁.၅ ဘီလျံကျော်ကို ထုတ်ရောင်းခဲ့။
ပဋိပက္ခတွေ ငြိမ်းချမ်းစွာအဆုံးသတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တိုက်တွန်း။
#dvbtvnews #dvbdigital #myanmar
DVB Digital 7pm News Update. 08/11/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=uqb3nRmUqq8

DVB TV News

08 Nov, 10:53


နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီလောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုး‌ကျေးရွာ မော်လမြိုင်-မုဒုံကား လမ်း‌ဘေးက မင်းသန့် စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေ အပါအဝင်လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီကား မောင်းနှင်သူ တဦး သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်
#dvbtvnews #စစ်ခေါင်းဆောင် #ဆီဆိုင်ပေါက်ကွဲမှု #myanmar

https://www.youtube.com/watch?v=Ajx5RPmg53g

DVB TV News

08 Nov, 10:52


https://www.youtube.com/watch?v=PwhWpyNspu0

DVB TV News

08 Nov, 10:38


ဒီဗွီဘီ သတင်း ပေါ့ကတ်စ် (၈ ရက် နိုဝင်ဘာ ၂၀၂၄) - DVB Newsbreak

🎙 DVB Newsbreak 🚨 ပေါ့ကတ်စ် 🎧 နားဆင်ရမယ့် သတင်းတွေကတော့
👉 မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေး ကြတဲ့သတင်း
👉 မော်လမြိုင်မှာ ဆီဆိုင်မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော်ဒဏ်ရာရသွားတဲ့ သတင်းနဲ့
👉 မလေးရှားမှာ မြန်မာအမျိုးသမီး ၁ ယောက်အသတ်ခံရမှုနဲ့ သံသယရှိ မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ▶️︎ •၊၊||၊|။|||| |

#dvbnewsbreak #podcast #Myanmar
Support DVB - https://burmese.dvb.no/membership
Subscribe - / dvbtvnews
Follow - https://t.me/dvbtvnews

DVB TV News

08 Nov, 09:51


ငွေဈေး ရွှေဈေး (၈ ရက် နိုဝင်ဘာလ ၂၀၂၄ ညနေပိုင်း)
Evening Currency Exchange 08.11.2024
#currency #exchange #Myanmar

DVB TV News

08 Nov, 08:43


တရုတ်စီမံကိန်းတွေလုံခြုံရေး အစွမ်းကုန်လုပ်မယ်လို့ စစ်ခေါင်ဆောင်ကတိပေး။
၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော် လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ကျင်းပ ။
#dvbtvnews #dvbdigital #myanmar
DVB Digital 3pm News Update. 08/11/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=31VZvuFw91A

DVB TV News

08 Nov, 08:10


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ပြီး ရွာကို မီးရှို့ဖျက်စီးခဲ့တဲ့အတွက်နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမှုအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ အပြန် အလှန် ဖမ်းဆီးတာတွေ ပစ်ခတ်တာတွေကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ အဖမ်းခံရသူ ၆၀ နီးပါး ရှိပါတယ်
#dvbtvnews #သန်းခေါင်စာရင်း #myanmar
https://www.youtube.com/watch?v=_xn6XlUajbk

DVB TV News

08 Nov, 08:09


ဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းအစိုးရကို ဖိအားပေးဖို့ HRW တိုက်တွန်း။
လာအိုက လုပ်ငန်းတချို့ မြန်မာလုပ်သားတွေကို ဝန်ဆောင်ခအခမဲ့နဲ့ ခေါ်ယူ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update. 08/11/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=wIehkbuiy_Q

DVB TV News

08 Nov, 05:47


ထရမ့် အနိုင်ရတာ မြန်မာ့အရေးအတွက် အကောင်းအဆိုးဒွန်တွဲ။
ယူနက်စကိုမှာတင်သွင်းတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ပဏာမစာရင်းပါလာ။
#dvbtvnews #dvbdigital #myanmar
DVB Digital 11am News Update. 08/11/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=6XjjBU8PDOQ

DVB TV News

08 Nov, 04:56


ငွေဈေး ရွှေဈေး (၈ ရက် နိုဝင်ဘာလ ၂၀၂၄ မနက်ပိုင်း)
Morning Currency Exchange 08.11.2024
#currency #exchange #Myanmar

DVB TV News

08 Nov, 04:32


🚨 DVB Digital 1 Minute News 🚨 08.11.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

08 Nov, 03:55


မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့၀င်တွေတပ်စွဲနေတဲ့ တညောင်တိုက်နယ်ရဲစခန်းနဲ့လျှပ်စစ်ဓါတ်အားခွဲရုံးတို့ကိုတပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့၀င်၇ဦးထက်မနည်းသေဆုံးကာဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနို၀င်ဘာ၇ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်
#dvbtvnews #စလင်းမြို့ #စစ်တပ် #myanmar
https://www.youtube.com/watch?v=5XNPfuDUj5o

DVB TV News

08 Nov, 03:47


https://www.youtube.com/watch?v=58Sum97S0WE

DVB TV News

08 Nov, 03:28


တောင်ခမ်း ၉၀၂ တပ်နဲ့ ဂန့်ကော်ရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေ။
စလင်းမြို့နယ်၊တညောင်ရွာက စစ်တပ် တပ်စွဲနေတဲ့နေရာ ၂ ခု တိုက်ခိုက်ခံရ။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 08/11/2024
Subscribe Youtube Channel for instant updates!

https://www.youtube.com/watch?v=oxojk1vnB58

DVB TV News

08 Nov, 02:40


🗞️ တရုတ်ဖိအားကြောင့် တော်လှန်ရေးလမ်းကြောင်း ပြောင်းလဲမှာမဟုတ်။
🗞️ လေဖိအားနည်းရပ်ဝန်းကြောင့်မိုးများနိုင် စိုက်ဆင်းလေပြင်း သတိထား။
🗞️ လျှပ်စစ်မီးပြတ်တောက်ချိန်ပိုများ အသေးစားလုပ်ငန်းတွေခက်ခဲ။

ဒီဗွီဘီ ရုပ်သံ တပတ်အတွင်း ထူးခြားသတင်းများ ကောက်နုတ်တင်ပြချက်

#DVBTV #WeeklyNews #Myanmar

https://youtu.be/abdM2At89d8

DVB TV News

08 Nov, 01:31


To read more, subscribe to the DVB English News Daily Briefing english.dvb.no

DVB TV News

08 Nov, 01:30


Arakan Army makes gains in southern Arakan State

The AA seized full control of Taingkyoe village of Gwa Township, located 185 miles (298 km) northwest of Yangon in southern Arakan State, after capturing a temporary military outpost in the village on Wednesday.

“The fighting lasted about two days. Some injured soldiers retreated, and the military responded with airstrikes. The village suffered severe damage,” a source close to the AA told Narinjara News. There were no reports of civilian casualties.

The AA seized the Light Infantry Battalion (LIB) 371 and the Central Ordnance Depot in Ann Township, located around 199 miles (320 km) southeast of the Arakan State capital Sittwe, on Tuesday. These bases are vital to the defenses of the Western Regional Military Command (RMC) headquarters. The AA claimed that it detained military personnel and seized ammunition.

DVB TV News

08 Nov, 01:30


Four civilians killed in Sagaing Region this week

Three civilians have been killed and at least five others have been injured by airstrikes on Aima village of Pale Township, Sagaing Region, on Tuesday. At least six homes and a monastery were also destroyed. Pale Township is located around 39 miles (69 km) southwest of the Sagaing Region capital Monywa.

“Residents of the village held a Kahtain [Buddhist] festival, giving robes and other donations to monks. A fighter jet dropped three bombs and opened fire on the area. Three residents were killed instantly,” a Pale Township People’s Administration spokesperson told DVB. The local administration is affiliated with the National Unity Government (NUG).

Another civilian was killed by artillery fired by the military at Alelbon village of Pale Township on Monday. A People’s Defense Force (PDF) spokesperson told DVB that resistance forces had temporarily stopped fighting against the military in Pale as residents began celebrating the Buddhist festivals of Tazaungdaing and Thadingyut since October.

DVB TV News

03 Nov, 13:34


- ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်းဝန်ကြီး ကျန်းမာရေး အခြေအနေဆိုးဝါး။
- အမြန်လမ်း ဂိတ်အနီး တန်းစီနေတဲ့ ခရီးသည်တင်ကား ၅ စီးဆင့်တိုက်
#dvbtvnews #dvbdigital #myanmar
https://youtu.be/Yfhq-OXxNXU

DVB TV News

03 Nov, 11:22


🚨 DVB Digital 1 Minute News 🚨 03.11.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

03 Nov, 10:47


- ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ကားနဲ့ဝင်ရောက် ပစ်ခတ်။
- တောင်သာ တလိုင်းရပ်ရွာ ပျူစောထီးစခန်းကနေ လက်နက်ခဲယမ်းတွေ ရရှိ။
#dvbtvnews #dvbdigital #myanmar
https://youtu.be/CuudAJU0CtM

DVB TV News

03 Nov, 09:36


ဖြူဖြူကျော်သိန်း လန်ဒန် နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတော်မြင်ကွင်း။

Photos: ဒေါက်တာသက်ကိုကို

#phyuphyukyawthein #ဖြူဖြူကျော်သိန်း #music #london #Myanmar

DVB TV News

03 Nov, 08:46


အဆိုတော် အေးချမ်းမေရဲ့ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ဂီတဖျော်ဖြေပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်ခဲ့တာပါ။
ဖျော်ဖြေပွဲနဲ့အတူ တော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲလည်းကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံရောက်မြန်မာ ၃၀၀ ဝန်းကျင်ပွဲကို လာရောက်ခဲ့ကြပြီး တော်လှန်မွေးနေ့ ဖျော်ဖြေပွဲကနေရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာနိုင်ငံအတွင်းလိုအပ်တဲ့နေရာတွေမှာလှူဒါန်းသွားမယ်လို့ အေးချမ်းမေက ပြောဆိုထားပါတယ်။
အေးချမ်းမေရဲ့ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ဂီတဖျော်ဖြေပွဲမှာ The Federal Band တေးဂီတအဖွဲ့နဲ့ အတူအဆိုတော် ဖိုးဖန်၊ ရန်ရန်ချန်း၊ ရပ်ဆဲလ်၊ DJ Wine၊ စတဲ့ တခြားသော တော်လှန်အနုပညာရှင်တွေကလည်း အားဖြည့်ပါဝင်သီဆိုခဲ့ကြပါတယ်။
အေးချမ်းမေဟာ “ပျော်ရွှင်ခြင်းနိုင်ငံ” ဆိုတဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီးနဲ့ စတင်အောင်မြင်ခဲ့ပြီးတဲ့ "JV ၁၅၀၀"၊ "ချစ်သူနားဆင်ဖို့”၊ "ရင်ခွင်အခန်း"၊ "ရပ်တန့်လို့မရနိုင်" စတဲ့ စီးရီးတွေထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ကာလဟာ အေးချမ်းမေရဲ့ အောင်မြင်တဲ့ ကာလတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့သူဖြစ်ပါတယ်။

DVB TV News

03 Nov, 08:35


- ခလရ ၂၉၈ အပါအဝင် ဖီမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်။
- ပါရဂူသမားတော်ဗိုလ်မှူးနဲ့ မိသားစုကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထား။
#dvbtvnews #dvbdigital #myanmar
https://youtu.be/Y35Nn5soYJM

DVB TV News

03 Nov, 06:44


- နိုင်ငံတကာမှာ ဖြတ် ၃ ဖြတ်လုပ်ဆောင်ရေးအတွက် ပစ်မှတ်ထားဆောင်ရွက်။
- မြန်မာရဲ့ မီးခိုးထွက်တဲ့စိုက်ခင်းက ပြောင်းတွေကို ထိုင်းက ပိတ်ဖို့ ပြင်ဆင်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/45NugknjrPY

DVB TV News

03 Nov, 04:39


- ပြည်တွင်းစစ်ကြောင့် လူငယ်တွေ မူးယစ်သားကောင်ဘဝ ကျရောက်လာ။
- ငရုတ်ကောင်းမြို့မှာ ရိုဟင်ဂျာ ၅၄ ဦးကို စစ်တပ်က ဖမ်း။
#dvbtvnews #dvbdigital #myanmar
https://youtu.be/-XJhYclEJ_c

DVB TV News

03 Nov, 02:54


- ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေး။
- စစ်တပ်ဟာ နိုင်ငံရေးမှာ ဆက်ပါဝင်နေဦးမယ်ဆိုရင် ကျဆုံးခန်းနဲ့ ရင်ဆိုင်ရမယ်။
#dvbtvnews #dvbdigital #myanmar
https://youtu.be/uLWEMlFpa1o

DVB TV News

03 Nov, 01:57


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် ကြည့်ရှုနိုင်ပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ အမေရိကန်သမ္မတရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ၊ သတင်းသမားများသတ်ဖြတ်ခံရမှု၊ အမ်းတိုက်ပွဲနဲ့ နပခဌာနချုပ်ကျတော့မလား စတဲ့အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

#weeklydigest #weeklynewsdigest #myanmar

https://youtu.be/UuUTZ4pVLsA

DVB TV News

02 Nov, 23:29


"ပြည်သူမလိုလားတဲ့ စစ်တပ်"

"နေဇော်နိုင် ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ"

#DVBTV #နေဇော်နိုင် #ကျနော်ဆွဲဖွင့်မိသောတံခါးများ #Myanmar

https://youtu.be/mtkujV8c3b0

DVB TV News

02 Nov, 22:40


🚨 DVB Digital 1 Minute News 🚨 02.11.2024 📢
🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

DVB TV News

02 Nov, 14:09


- ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့ ၁၀လအတွင်း နိုင်/ကျဥ်း၁၈ဦးသေဆုံး။
- ICJ အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ဦးကျော်မိုးထွန်းတောင်းဆို။
- လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်လို့ ချင်းပြည်သူ ၁၀၀ ကျော် သေဆုံး။
#dvbtvnews #dvbdigital #myanmar
\
https://youtu.be/4nG19-xwDOg

DVB TV News

25 Oct, 12:10


KNU ဗဟိုဌာနချုပ်အနီးကကျေးရွာတွေကို ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဘားအံ၊ လှိုင်းဘွဲမြို့ ဝင်မြို့ ထွက်နဲ့ လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းပိုင်းကို စစ်ကောင်စီပူးပေါင်းတပ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
#dvbtvnews #KNU #ဗဟိုဌာနချုပ် #myanmar

https://www.youtube.com/watch?v=1Xt0jjGEqRk

DVB TV News

25 Oct, 12:10


လက်ရှိစစ်ခေါင်းဆောင်ဟာ သူ့ကိုနေရာပေးခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သားမက် ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
#dvbtvnews #ဒေါက်တာနေစိုးမောင် #ဖမ်းဆီးခံရ #myanmar
https://www.youtube.com/watch?v=r32c5fCiq3M

DVB TV News

25 Oct, 11:54


https://www.youtube.com/watch?v=y0O1QIT5NFo

DVB TV News

25 Oct, 11:53


ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့အင်အားများလာတာ စစ်အာဏာရှ င်တော်လှန်ရေး အတွက် အဟန့်အတားတစ်ခုဖြစ်စေတယ်လို့ ပအိုဝ်းနိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တော်လှန်ရေးအင်အားစုတွေ ကပြော ပါတယ်
#dvbtvnews #တော်လှန်ရေး #ပြည်သူ့စစ်အဖွဲ့ #myanmar
https://www.youtube.com/watch?v=SDVR8szHCso

DVB TV News

25 Oct, 11:53


တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတွေအပြီးမှာ ဒေါ်လာဈေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ တဒေါ်လာ ၄၆၀၀-၄၇၀၀ ကျပ် ရှိခဲ့ပေမဲ့ ညပိုင်းမှာတော့ တဒေါ်လာကို ၄၇၀၀-၄၈၀၀အထိ ခုန်တက်လာပါတယ်
#dvbtvnews #ဒေါ်လာဈေး #ခုန်တက် #myanmar

https://www.youtube.com/watch?v=biy5nCmskBg

DVB TV News

25 Oct, 11:52


လာအိုနိုင်ငံရောက်မြန်မာလုပ်သားတွေကိုသီတင်းကျွတ်လက်ဆောင်ပစ္စည်းတွေပေးပြီးမိသားစုဆီတရားဝင်ငွေလွှဲဖို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးဦးမြင့်နောင်ကဆက်လက်စည်းရုံးခဲ့တယ်လို့အဲဒီဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

#dvbtvnews #မြန်မာလုပ်သား #ငွေလွှဲ #myanmar
https://www.youtube.com/watch?v=DBaautH2FAU

DVB TV News

25 Oct, 10:46


လာအိုရောက်မြန်မာလုပ်သားတွေကို ငွေလွှဲဖို့ စစ်ကောင်စီဝန်ကြီးဆက်စည်းရုံး။
ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေအတွက် CI ထုတ်ပေးရေးစင်တာ ဖွင့်မယ်။
#dvbtvnews #dvbdigital #myanmar
DVB Digital 5pm News Update. 25/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=IvoU7mNY0a8

DVB TV News

25 Oct, 10:25


ဝါသဝပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက လက်နက်ထပ်ထုတ်ပေးလို့ ဒေသခံတွေစိုးရိမ်။
စိုက်ပျိုးစရိတ်ကြီးလို့ ရခိုင်က ဆောင်းသီးနှံစိုက်တောင်သူတွေ ဧကလျော့စိုက်ပျိုး။
#dvbtvnews #dvbdigital #myanmar
DVB Digital 3pm News Update. 25/10/2024
Subscribe Youtube Channel for instant updates!

https://www.youtube.com/watch?v=m_6ZtGzW5n8

DVB TV News

25 Oct, 08:36


မြင်းခြံတွင် မိုးသည်းထန်ပြီး ဘုရားအုတ်တံတိုင်း ပြိုကျသဖြင့် လူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
#dvbtvnews

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၄ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတယောက် သေဆုံးခဲ့​သလို တယောက်လည်း စိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675056

DVB TV News

25 Oct, 08:36


ထီးလင်းမြို့တွင် ပျူစောထီး ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်
#dvbtvnews

မကွေးတိုင်း၊ ထီးလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့၀င် တယောက် သေနတ် ၃ လက်နဲ့အတူ ခဲယမ်းတွေယူဆောင်ပြီး အလင်း၀င်ရောက်လာတယ်လို့ Yaw National Revolution Force-YNRF (ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း) က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

YNRF ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ထီးလင်းမြို့ပေါ်က ရွှေထီးခန်းမမှာ လုံခြုံရေး တာဝန်ကျနေတယ်သူက။ သူ့ကင်းချိန်မှာ အိပ်နေတဲ့ ကောင်တွေရဲ့ သေနတ်တွေကိုပါယူပြီး ထွက်ပြေးလာခဲ့တာ။ အဲ့ဒီနောက် ကျနော်တို့ဆီကို ဆက်သွယ်ပြီး အလင်း၀င်လာတာပါ” လို့ ပြောပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675025

DVB TV News

25 Oct, 08:35


တရုတ်က နယ်စပ်ဂိတ်များ ပိတ်လိုက်ဖြင့် ဒေါ်လာဈေး ၄၈၀၀ ကျပ် အထိ ခုန်တက်
#dvbtvnews

တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒေါ်လာဈေးဟာ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ တဒေါ်လာ ၄၆၀၀-၄၇၀၀ ကျပ် ရှိခဲ့ပေမဲ့ ညပိုင်းမှာတော့ တဒေါ်လာကို ၄၇၀၀-၄၈၀၀အထိ ခုန်တက်လာပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး တရုတ်နိုင်ငံဟာ မိုင်းလား-တာလော့ နယ်စပ်ဂိတ်တွေမှာ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ အပါအဝင် သွင်းကုန်ပစ္စည်းတွေတင်သွင်းတာကို ပိတ်လိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675028

DVB TV News

25 Oct, 08:34


ပုသိမ်လေဆိပ်ဖွင့် လေယာဉ်ပြန်ပြေးဆွဲသော်လည်း လိုက်ပါစီးနင်းသူ မရှိသလောက်ဖြစ်နေ
#dvbtvnews

၆ နှစ်နီးပါးပိတ်ထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်လေဆိပ်ကို စစ်ကောင်စီက ပြန်ဖွင့်လှစ် လေကြောင်းတွေစတင်ပြေးဆွဲနေပေမဲ့ လိုက်ပါစီးနင်းသူ မရှိသလောက် နည်းပါးနေတယ်လို့ သက်ဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။

လိုက်ပါစီးနင်းသူ နည်းပါးလို့ ၂၀၁၈ ခုနှစ်က စပြီး ယာယီရပ်ဆိုင်းထားခဲ့ရတဲ့ ပုသိမ်လေဆိပ်ကို စစ်ကောင်စီက ခရီးသွားတွေ အချိန်တိုအတွင်း သွားလာလည်ပတ်နိုင်ဖို့နဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆိုပြီး ၂၀၂၄ အောက်တိုဘာ ၂၀ ရက်က ပြန်လည်ပြေးဆွဲခဲ့တာပါ။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675031

DVB TV News

25 Oct, 08:33


တိုက်ပွဲရပ်တန့်ရေး KIA ကို ဖိအားပေးရန် တရုတ်က နယ်စပ်ဂိတ်ပိတ်
#dvbtvnews

တရုတ်ဘက်က KIA ကိုတိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားပေးချင်တာကြောင့် ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁၈ ရက်နေ့က စပြီး တရုတ်နိင်ငံဘက်က စတင်ပိတ်သိမ်းထားတာ တပတ်ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675037

DVB TV News

25 Oct, 08:32


တောင်ယမားဆည် ရေပြည့်နေသော်လည်း စိုးရိမ်စရာမရှိသေးဟု ပုလဲ ပအဖ ​​ထုတ်ပြန်
#dvbtvnews

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တောင်ယမားဆည်မှာ ရေပြည့်နေပေမဲ့ ဒေသခံ ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေ မရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပုလဲမြို့နယ် ပအဖ) က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675046

DVB TV News

25 Oct, 07:04


https://www.youtube.com/watch?v=WWBlwhP_u0Y

DVB TV News

25 Oct, 06:43


မန္တလေး ရွှေဘို ကားလမ်းပေါ်က လမ်းပိုင်းတချို့ကို အသွားအလာကန့်သတ်ထား။
တမူးမှာ PDF နဲ့ စစ်တပ်လက်အောက်ခံ ကသည်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်။
#dvbtvnews #dvbdigital #myanmar
DVB Digital 11am News Update. 25/10/2024
Subscribe Youtube Channel for instant updates!

https://www.youtube.com/watch?v=sfiwV-a6hro

DVB TV News

25 Oct, 06:43


ပုသိမ်မြို့နယ် သလပ်ခွာတိုက်နယ်ရဲစခန်းရှိ ဖမ်းဆီးခံလူငယ်တစ်ဦးသေဆုံး။
လှည်းကူးမြို့ ဘုန်းကြီးကျောင်းက ကိုရင် ၁၆ ပါးနဲ့ ကျောင်းသား၁ဦးအစာဆိပ်သင့်။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 25/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=pQv9luFTO00

DVB TV News

25 Oct, 05:14


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏သမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရ
#dvbtvnews

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ကိုနေရာပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်မှာတော့ မရမ်းကုန်းမြို့မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ ၂၃ ရက်က ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ် ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675018

DVB TV News

25 Oct, 05:13


တမူးတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ ကသည်းလက်နက်ကိုင် ၁ ဦးကို PDF က ဖမ်းဆီးရမိ
#dvbtvnews

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် နန်းမွန်းတားရွာအနီး ပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူး PDF တပ်ရင်း ၄ က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မနက် ၅ နာရီအကျော်မှာ ပန်းသာရွာက စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်က အင်အား ၅၀ ခန့်ပါ စစ်ကြောင်းဟာ နန်းမွန်းတာရွာဘက်ကို စစ်ကြောင်းထိုးစဉ် ဒေသခံကာကွယ်ရေးတပ်ရဲ့ ရှေ့တန်းကာကင်း ပစ်ခတ်ခံရပြီး တမူး PDF ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675021

DVB TV News

25 Oct, 05:13


ထီးလင်းမြို့တွင် ပျူစောထီး ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်
#dvbtvnews

မကွေးတိုင်း၊ ထီးလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့၀င် တယောက် သေနတ် ၃ လက်နဲ့အတူ ခဲယမ်းတွေယူဆောင်ပြီး အလင်း၀င်ရောက်လာတယ်လို့ Yaw National Revolution Force-YNRF (ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း) က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းဖတ်ရန် => https://burmese.dvb.no/post/675025

DVB TV News

20 Oct, 09:04


https://www.youtube.com/watch?v=w29bo6YwAEY

DVB TV News

20 Oct, 09:00


လိုင်ဇာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးမှုရှိ။
ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာ ရွာလုံးကျွတ် ထွက်ပြေးနေရ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update. 20/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=BpaRR_xRJZc

DVB TV News

20 Oct, 07:04


- လိုင်ဇာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးမှုရှိ။
- ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာ ရွာလုံးကျွတ် ထွက်ပြေးနေရ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update. 20/10/2024
Subscribe Youtube Channel for instant updates!
https://youtu.be/JbD0elj1A-0

DVB TV News

20 Oct, 07:04


ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ချေ ရာနှုန်းပြည့်ရှိနေတာကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မုန်တိုင်းအရှိန်ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်
#dvbtvnews #ဆိုင်ကလုန်း #မုန်တိုင်း #myanmar
https://youtu.be/JbD0elj1A-0

DVB TV News

20 Oct, 06:59


https://www.youtube.com/watch?v=uHmnowcpFUE

DVB TV News

20 Oct, 04:57


တရုတ်-မြန်မာနယ်စပ်မှာ ၈ လအောက်ကလေးတွေအတွက် ကာကွယ်ဆေး ပြတ်။
ပန်ဝါမြို့ကို KIA ဘက်က ထိန်းချုပ်လိုက်ပြီ။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 20/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=j_p-Xb_Kl5M

DVB TV News

19 Oct, 12:12


စစ်မှုထမ်းဖို့အတွက် ရန်ကုန်မှာ လူငယ်တွေကို ပေါ်တာဆွဲနေ။
အလှဆင်မီးပုံးကြောင့် လူပြောများနေတဲ့ YBS ဘတ်စ်ကား။
#dvbtvnews #dvbdigital #myanmar
DVB Digital 5pm News Update. 19/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=DJIeTFfX-gA

DVB TV News

19 Oct, 10:17


ကန်ပိုင်တီနားက အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ်စခန်းကို KIAထပ်သိမ်းပိုက်။
မန္တလေးအထွက် ၁၆ မိုင်ဂိတ်ကို စစ်ကောင်စီက ထွက်ခွာခွင့်ပိတ်။
#dvbtvnews #dvbdigital #myanmar
DVB Digital 3pm News Update. 19/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=N8VhIhzbWfc

DVB TV News

19 Oct, 10:16


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ။
ရန်ကုန်မှာ သီတင်းကျွတ်ပိတ်ရက် လျှပ်စစ်မီးပုံမှန်လာနေ။
#dvbtvnews #dvbdigital #myanmar
DVB Digital 1pm News Update. 19/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=FBt0cykGT5c

DVB TV News

19 Oct, 05:20


ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲကို အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့ညက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#dvbtvnews #မင်းတပ်မြို့ #လေကြောင်းဗုံးကြဲ #myanmar
https://www.youtube.com/watch?v=WVeJKhHSeHI

DVB TV News

19 Oct, 05:20


ဘုတလင်မှာ စစ်တပ်က လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံတချို့ကိုဖမ်းဆီး။
ဧရာဝတီတိုင်းမှာ စက်တင်ဘာလထဲ ဖောက်ထွင်းလုယက်မှု ၄၀ ဖြစ်ပွား။
#dvbtvnews #dvbdigital #myanmar
DVB Digital 11am News Update. 19/10/2024
Subscribe Youtube Channel for instant updates!
https://www.youtube.com/watch?v=8jvcmaP0e8k

DVB TV News

19 Oct, 05:19


မကွေးတိုင်း ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုဆက်တိုက်ပြုလုပ်နေတဲ့အတွက် တလအ တွင်းပြည်သူ့ကာကွယ်ရေးရဲဘော်နဲ့ ပြည်သူ ၁၀ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရာရှိခဲ့ပါတယ်။ ဗုံးခိုကျင်း တွေတူး ထားပြီး နေထိုင်ကြဖို့ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့-YPDF အဖွဲ့က သတိပေးထားပါတယ်။
#dvbtvnews #ယောဒေသ #လေကြောင်းတိုက်ခိုက်မှု #myanmar
https://www.youtube.com/watch?v=OmOSwybakS0

DVB TV News

19 Oct, 02:38


- ဒေါ်လာနဲ့ ဘတ်ငွေ ဈေးကျပေမယ့် ကုန်ဈေးနှုန်းတွေ မကျဆင်း။
- ပန်ဝါတိုက်ပွဲက စစ်ရှောင်တွေကို တရုတ်အာဏာပိုင်တွေတားဆီး ။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 19/10/2024
Subscribe Youtube Channel for instant updates!
https://youtu.be/lPSJkGliQ2k

DVB TV News

19 Oct, 02:38


ပြီးခဲ့တဲ့လတွေကတည်းက တရိပ်ရိပ်ကျဆင်းနေတဲ့ ဒေါ်လာစျေးဟာ အခုအခါမှာ တ‌ဒေါ်လာကို ကျပ် ၄၃၂၀-၄၄၂၀ အထိ ထပ်မံကျဆင်းလာပါတယ်
#dvbtvnews #ဒေါ်လာဈေး #ကျဆင်း #myanmar
https://www.youtube.com/watch?v=DNlEmzAbovE

DVB TV News

19 Oct, 02:37


နောင်ချိုမြို့မှာ စစ်တပ်လေကြောင်းကနေဗုံးကြဲတိုက်ခိုက်။
ပင်လောင်းမှာ တိုက်ပွဲပြင်းထန်နေပြီး၊ရွာ၁၃ရွာက ဒေသခံတွေထွက်ပြေး။
#dvbtvnews #dvbdigital #myanmar
DVB Digital 7pm News Update. 19/10/2024
Subscribe Youtube Channel for instant updates!

https://www.youtube.com/watch?v=2fCCJ0xJ6rY

DVB TV News

19 Oct, 02:24


စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ ကချင်ပြည်နယ် ပန်ဝါမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ လေကြောင်းကနေ ဘက်ကလည်း ထွက်ပြေးလာတဲ့ ဒေသခံ စစ်ဘေးရှောင်တွေကို ဝတိုက်ခိုက်လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက တရုတ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်ကို ရောက်ရှိနေပြီး တရုတ်နိုင်ငံင်ခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#dvbtvnews #ပန်ဝါ #တိုက်ပွဲ #myanmar
https://www.youtube.com/watch?v=jIUz0jPZyjk

DVB TV News

19 Oct, 01:29


စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ဒေသအတွင်းရှိ သပိတ်အင်အားစုတွေ ပူးပေါင်းပြီး တော်လှန် သီတင်းကျွတ် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
#dvbtvnews #သပိတ် #ယင်းမာပင် #myanmar

https://www.youtube.com/watch?v=spYUreIUE8s

DVB TV News

18 Oct, 22:11


ကချင်လွတ်မြောက်ရေးတပ်မတော်က ဧပြီလ အတွင်း သိမ်းပိုက်ရရှိထားတဲ့ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့က သီတင်းကျွတ်ကာလ မြင်ကွင်း
ဓာတ်ပုံ (SRA)