နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ
=====
မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာမဟုတ်သလို သက်ရောက်မှုလဲ များနိုင်မှာမဟုတ်တဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်း(လက်ရှိအချိန်မှာ အထက်လေထုလွှာအတွင်းဖြစ်နေတဲ့ လေပွေလှိုင်း - UACC)က ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်နိုင်ချေ ၁၀၀% အထိရှိကြောင်း ECMWF cyclone genesis chart မှာ တွေ့လာရပါတယ်။
အိန္ဒိယမိုးလေဝသဌာန(IMD)ရဲ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖြစ်လာနိုင်ပြီး နောက်လာမည့် ၉၆ နာရီမှ ၁၄၄ နာရီ (၄ ရက် မှ ၅ ရက်အတွင်း) ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ HIGH လို့ မှတ်ချက်ပြုထားတာတွေ့ရပါတယ်။
ECMWF Chart မှာ နိုဝင်ဘာ ၂၅ ရက် နဲ့ နိုဝင်ဘာ ၂၆ ရက်နေ့များတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိကြောင်းပြထားတာနဲ့ သင်္ချာပုံစံပြု မော်ဒယ်များရဲ့ ခန့်မှန်းချက်တွေ တပြေးညီ တူလာတဲ့အချက် ၂ ချက်ကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးသော အမည်ရဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်မဲ့ အခြေအနေကများလာတာတွေ့ရပါတယ်။
ဒါကြောင့် နောက်လာမဲ့ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက မုန်တိုင်း တကယ်ဖြစ်လာတဲ့အခြေအနေကို စောင့်ကြည့်ပြီး "အမည်ရ ဆိုင်ကလုန်းမုန်တိုင်း"ဖြစ်လာတဲ့အခါ ဘယ်နိုင်ငံရဲ့ အလှည့်ကျအမည်က ဘယ်လိုရလာနိုင်မယ်ဆိုတာ ဆက်လက်တင်ပြပေးသွားပါဦးမယ်။ အခု post တင်ချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းတောင် ပီပီပြင်ပြင်မဖြစ်သေးပါ။