SOUTH DAGON SCOUTING INFOS (SDG) @southdagon Channel on Telegram

SOUTH DAGON SCOUTING INFOS (SDG)

@southdagon


All about SDG : news, scout, updates
Contact 📧 : @SDG_Informer

SOUTH DAGON SCOUTING INFOS (SDG) (English)

Welcome to the SOUTH DAGON SCOUTING INFOS (SDG) Telegram channel! If you are interested in staying updated on the latest news, events, and scouting activities in South Dagon, then this is the perfect channel for you. The channel provides insights, updates, and information related to scouting in the South Dagon region. Whether you are a scout yourself or simply interested in learning more about the scouting community in this area, SOUTH DAGON SCOUTING INFOS (SDG) has got you covered. From news about upcoming events to tips and tricks for scouting success, this channel is your go-to source for all things scouting in South Dagon. To stay informed and connected, be sure to follow @southdagon on Telegram. For any inquiries or to share information, you can contact the channel's admin at @SDG_Informer. Join us today and be a part of the vibrant scouting community in South Dagon!

SOUTH DAGON SCOUTING INFOS (SDG)

24 Nov, 06:17


ရွေးကောက်ပွဲမရှိတဲ့တိုင်းပြည်ကနေပြီးတော့ရွေးကောက်ပွဲတကယ်လုပ်ခဲ့ပြီး တကယ်နိုင်တဲ့သူအာဏာမလွဲဘဲနဲ့ တစ်ကနေပြန်စမယ်ဆိုတာကို ဟုတ်ပါတယ် လုပ်ပါလို့ပြောဆိုကတည်းက မိမိကိုယ်တိုင်ကျင့်နိုင်တဲ့တရားသာ ကိုယ်ဟောပါလို့ ပြောချင်တယ်။

ဦးမင်းကိုနိုင်

SOUTH DAGON SCOUTING INFOS (SDG)

24 Nov, 06:15


တောင်ဒဂုံမြို့နယ်
24 Nov 2024

၁၈ ကွေ့ကနေ ကွေ့ပြီး တံတားထိပ်ဘက်သွား

၁၈ ရုံးက မဲလုံးအပါ အရပ်ဝတ် ၂ စခ ၂ (လနပါ) နဲ့ ရခ ၁ သွား

12:25PM
Source @SDSinformer

SOUTH DAGON SCOUTING INFOS (SDG)

24 Nov, 06:15


တောင်ဒဂုံမြို့နယ်
24 Nov 2024

၁၈ ကွေ့ကနေ စည်ပင်လမ်းမကြီးအတိုင်း ဂိတ်ဟောင်းဘက်ကို ဆိုင်ကယ် ၂ စီး ဘေးတွဲ ၁ စီးနဲ့ စခ ၃ ကောင် အရပ်ဝတ် ၂ ကောင်နဲ့ ရခ ၁ ကောင် တက်သွား

10:00AM

Source @SDSinformer

SOUTH DAGON SCOUTING INFOS (SDG)

24 Nov, 06:15


⚫️ တောင်ဒဂုံမြို့နယ်

လွန်ခဲ့သည့် ၃ ရက်ခန့်က တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်ထဲရှိ ဘုန်းကြီးကျောင်းတစ်ခုကို ဧည့်စစ်ဝင်သွားခဲ့ပြီး လူငယ် ၇ ဦးခန့်ကို ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။

ထို့နောက် တောင်ဒဂုံမြို့နယ်ထဲရှိ ရပ်ကွက်များမှ ဘုန်းကြီးကျောင်းများကို စာရင်းလိုက်ကောက်ခဲ့ပြီး တည်းခိုမည့်သူ ရှိပါက ဧည့်စာရင်းတိုင်ဖို့နှင့် မတိုင်ပါက အရေးယူမည်ဟုပါ လိုက်လံခြိမ်းခြောက် ပြောဆိုသွားကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ညကလည်း ၂၀ ရပ်ကွက်ထဲရှိ ဘုန်းကြီးကျောင်းများကို ဧည့်စစ်ဝင်သွားခဲ့သေးကြောင်း သတင်းရရှိထားသည်။

23 Nov 2024
#RangoonScoutNetwork

SOUTH DAGON SCOUTING INFOS (SDG)

23 Nov, 13:05


တောင်ဒဂုံ
*
စခ dc 1 စီး၊ နောက် ၃ကောင်ပါ မောင်းမကန်လမ်း ၁၈ ကွေ့ကနေ ဘုန်းကြီးကျောင်းကွေ့ဘက်သွား
*
4:40 PM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

23 Nov, 06:46


🟥 တောင်ဒဂုံ
*
တောင်မြောက်လမ်းဆုံ ရဲစခန်းရှေ့ ခွေးဖြူနဲ့ ရခတွေ မသာစရိတ်စုနေ
*
10:53 AM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

22 Nov, 06:50


🟥 တောင်ဒဂုံ
*
ခွေးပေါင်းစုံ အင်းအားများ
အမှတ်၂လမ်းနဲ့ ပင်လုံပွိုင့်
ကားကြီးဂိတ်ဘက် ဘယ်ညာ
တောင်ဒဂုံဘက် ဘယ်ညာ
ပင်လုံဘက်အသွား ဘက်အခြမ်း
၅နေရာ စစ်ဆေးရှိ
*
10:35 AM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

21 Nov, 15:59


တောင်ဒဂုံ

၁၀၆ ရပ်ကွက် အတွင်း ဧည့်စစ်ဝင်နေ။

10:29 Pm
@SDG_informer

SOUTH DAGON SCOUTING INFOS (SDG)

21 Nov, 06:37


⚫️ တောင်ဒဂုံမြို့နယ်

နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က အရှေ့ဒဂုံမြို့နယ်ရှိ စက်မှုဇုန်တစ်ခုမှ တောင်ဒဂုံမြို့နယ်ဘက်သို့ စက်ဘီးများဖြင့် အလုပ်သိမ်းပြန်လာသည့် အလုပ်သမား လူငယ် ၈ ဦးကို အကြမ်းဖက်တပ်သားများနှင့် နောက်လိုက်ပျူများက ဖမ်းဆွဲသွားပြီး တောင်ဒဂုံရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲစခန်းတွင် ၂ ရက်ခန့် ချုပ်ထားပြီးနောက် လူငယ် ၁ ဦးကို ၂ သိန်းကျပ်စီတောင်း အကြပ်ကိုင်ကာ သူတို့ပါလာသည့် ဖုန်း၊ ပိုက်ဆံအိတ်၊ စက်ဘီးများ သိမ်ဆည်းပြီး ပြန်လွှတ်လိုက်ကြောင်းလည်း သိရှိရသည်။

21 Nov 2024
#RangoonScoutNetwork

SOUTH DAGON SCOUTING INFOS (SDG)

21 Nov, 06:36


⚫️ တောင်ဒဂုံမြို့နယ်

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ ၇၁ ဈေးထဲက လူငယ်လေး တစ်ယောက်ကို စစ်တပ်နောက်လိုက်များမှ ကားဖြင့် ဖမ်းဆွဲသွားကြကြောင်း သတင်းရရှိသည်။

ဖမ်းဆွဲသွားသူများတွင် တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်နေ အုပ်ကြီး သီဟမျိုးနိုင်နှင့် သူ့နောက်လိုက်များဖြစ်သည့် ရာအိမ်မှူး ဟိန်းထက်၊ ဆယ်အိမ်မှူးတို့ အုပ်စုပါဝင်ကြောင်း သိရသည်။

ဖမ်းခေါ်ပြီးနောက် ထိုလူငယ်လေး၏ ဇနီးဖြစ်သူနှင့် မိဘတို့ကို အကြောင်းမကြားပဲ စစ်မှုထမ်းဖို့ စစ်တပ်ထဲသို့ နေ့ချင်းပြီး ပို့လိုက်ကြောင်းလည်း သိရှိရသည်။

21 Nov 2024
#RangoonScoutNetwork

SOUTH DAGON SCOUTING INFOS (SDG)

20 Nov, 11:33


‼️တို့ဆေး အန္တရာယ် အထူးဂရုစိုက်ပါ

မမလီဆာတို့ တိုင်းပြည်ပျက် စနစ်ပျက်နေတဲ့ နိုင်ငံကြီးမှာ
နောက်တစ်ခု သတိထားစရာရှိလာပြန်ပြီနော်။
အပြင်ထွက်သွားလာနေတဲ့သူတွေ စစ်ခွေးတွေပြီးရင် နောက်တစ်ခုက သတိထားရမှာ တို့ဆေး အန္တရာယ်ပဲ။

တို့ဆေး မိတဲ့သူတစ်ယောက်ဟာ ၆နာရီလောက် အသိစိတ်မရှိတော့ပဲ ရောက်တတ်ရာရာဖြစ်နေတတ်ပါတယ်။ အဲ့ဒီ ၆နာရီလောက် အသိစိတ်ပျောက်နေတဲ့အချိန် လိင်ပိုင်းဆိုင်ရာကစလို့ နောက်ဆုံး အသက်အန္တရာယ်ကြုံတဲ့အခြေနေထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် YBS လို အများသုံးယာဥ်တွေ /  လူခြေပျက်တဲ့နေရာတွေ / မြို့လယ်ခေါင်လိုနေရာမျိုးကအစ ဘယ်သွားသွား ဘယ်လာလာ
အထူးဂရုစိုက်သွားလာကြပါ။

⚠️အထူးသဖြင့် ညီမလေးတွေလည်းဂရုစိုက်ကြပါ။ သူငယ်ချင်းအဖော် မိသားစုအဖော်ပါမှ သွားလာကြပါ။

တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့စကားအတိုင်း မကောင်းတဲ့အစိုးရလက်ထပ်မှာ မကောင်းမှုတွေက အမြဲဖြစ်ပျက်နေမှာပဲ။


မမ channel ကို join ထားအုန်းနော်

🔻https://t.me/mamalisa009

SOUTH DAGON SCOUTING INFOS (SDG)

20 Nov, 11:17


တောင်ဒဂုံ
*
စခ FAW/Sino Truck ၂ စီး
(ကော်ပုံးအဖြူများတင်သွား)
တောင်မြောက်လမ်းဆုံဘက်မှ အမှတ် (၂) လမ်းမအတိုင်း ကားကြီးဂိတ်ဘက်သို့ မောင်းသွား။
*
3:31 PM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

20 Nov, 04:56


🟥 တောင်ဒဂုံ
*
တောင်မြောက်လမ်းဆုံ ရခ စခန်းရှေ့ စခရခ အဖွဲ့စုံ ယာဉ်စစ် မသာစရိတ်တောင်းနေ
*
12:53 am
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

19 Nov, 15:16


⁨📷⁩ ⁨⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ်
======================
“

လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ"



နိုဝင်ဘာ ၂၁ (မြန်မာစံတော်ချိန် ၇ – ၉ နာရီ)




အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။

လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။

 
လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။


"လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အစီအစဉ် ပထမဆုံးနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်တွင် လူထုလှုပ်ရှားမှုသမိုင်းများ၌ ပါဝင်ခဲ့ကြသည့် မျိုးဆက်အသီးသီး၏ ဖြတ်သန်းမှုနှင့် အတွေ့အကြုံများ ပြန်လည်သုံးသပ်မှုအစီအစဉ်အား "လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာ" ခေါင်းစဉ်ဖြင့် Webinar ဆွေးနွေးပွဲအား ပြုလုပ်မည် ဖြစ်ပါသည်။

 
ဆွေးနွေးမှုအား နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက်နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။



#CiviResistanceWeek

#လူထုလှုပ်ရှားမှုရက်သတ္တပတ်

#ငုံ့မခံနဲ့တုန့်ပြန်

အရေးတော်ပုံ အောင်ရမည်။⁩⁩

SOUTH DAGON SCOUTING INFOS (SDG)

18 Nov, 10:14


တောင်ဒဂုံ
*
ဆိုင်ကယ် ၄ စီး၊ စခ ၁ ကောင်စီပါ
54 ဘက်မှ ဇေယျာမြိုင်လမ်း အတိုင်း တံတားထိပ်ဘက်သို့
*
4:36 PM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

18 Nov, 02:20


🟧 တောင်ဒဂုံ
*
စခ ၁ ကောင်
ထွေအုပ်ရုံးဝင်‌ေပါက်၊ ခြေတံရှည် ကင်းတဲတွင် ကင်းရှိ။
*
6:36 AM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

16 Nov, 11:42


🟧 တောင်ဒဂုံ
*
၁၄၁ ရပ်ကွက်၊ ဗန္ဓုလအိမ်ရာ ရပ်ကွက်ရုံး ဓမ္မာရုံရှေ့ DC ၁ စီးနဲ့ စခ ၆ ကောင်ခန့်ရောက်နေ
*
6:09 PM
📬 @Inform_RSN

SOUTH DAGON SCOUTING INFOS (SDG)

16 Nov, 10:54


"လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ" လား "သူတို့အသက်ထက် အရေးကြီးတာဘာမှမရှိ လား "

လပြည့်နေ့ည ၁၅ ရက်နေ့မှာ မင်းအောင်လှိုင်တို့ အာဏာရှင်တစ်သိုက်ကနေ သူတို့ကျက်စားနေတဲ့ နေပြည်တော်မှာ မီးပုံးလွှတ်တင်ကြသတဲ့ မီးပုံးမှာ " လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ " ဆိုတဲ့စာတန်းကို ချိတ်ဆွဲထားတယ်တဲ့

တစ်ပြိုင်တည်းပဲ မိုးမောက်မြို့မှာ လေယာဥ်နဲ့ဗုံးကြဲသွားလို့ ပြည်သူ ၉ ဦးအသက်ဆုံးရှုံးသွားတယ်။
ကြည့်စမ်း ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဆိုတာ ဒီအကောင်တွေကိုပြောတာ။ ပြည်သူတွေရဲ့အသက်ဟာ သူတို့ စီးပွားဥစ္စာ အာဏာစက်လောက် အရေးမကြီးတာကို ခွေးက အသံကောင်းဟစ်ပြတာ။

မမဖြင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကိုတောင် ရက်ရက်စက်စက် သတ်ပစ်ဖို့ ဝန်မလေးပဲ အမိန့်ပေးသမျှ လိုက်လုပ်နေတဲ့ အောက်ဆွဲတစ်သိုက်ကလည်း အခုထိအသိတရားမရှိကြတာ တကယ် အံ့သြမဆုံး။

တစ်သက်စားမကုန်တဲ့ လူ့ငနွားတွေကို ထမင်းအိုး သံပုံးခေါက်နေရတဲ့ လူအ တွေက ကာကွယ်ပေး ထောက်ခံပေးနေတာ မရှက်ကြဘူးလား။ငါတို့က စစ်တပ်ကိုထောက်ခံသူမို့ ဘဘကြီးက ဘာမှမလုပ်ဘူး ဆိုပြီး ပြောရအောင်လည်း စစ်မှုထမ်းခေါ်ပြီး ရှေ့တန်းလွှတ်လို့ သေကြတာလည်း အလူးအလဲ။

"သူတို့အသက် စည်းစိမ်ဥစ္စာလောက် အရေးကြီးတာ ဘာမှရှိမနေဘူးနော်။"

ဘုရားလေးတည်လိုက် လူလေးသတ်လိုက်နဲ့ ငရဲအိုးမှာ​ နောက်ဘုရား ၇ ဆူပွင့်ရင်တောင် မကျွတ်ပဲ ဒယ်အိုးတိုက်နေရမယ့်ကောင်တွေ။

ဒီထက်ပိုကျိန်ဆဲချင်တာ ညက တော်လှန်လူငယ်တွေကနေ ပံ့သကူပစ်ပြီး ပြည်သူတွေရဲ့ ကြပ်တည်းမှုတွေကို အားပေးနှစ်သိမ့်စကားလေးပြောထားတာတွေ့တော့ မမ လီဆာတစ်ယောက် ကြည်နူးတဲ့စိတ် မကုန်သေးလို့ ဒီလောက်ပဲ ကျိန်ဆဲလိုက်မယ်။

မမလီဆာရဲ့ channel လေးက ဒါနော် 👇👇

https://t.me/mamalisa009