Zalen @zalenmedia Channel on Telegram

Zalen

@zalenmedia


တိကျခိုင်မာတဲ့ သတင်းတွေနဲ့ ချင်းတိုင်းသားအားလုံးကို ပေါင်းကူးပေးမယ့် ချင်းမီဒီယာ

Zalen (Burmese)

Zalen ဆိုတာသည် zalenmedia မှာ မနက်ခင်းအခမ့်ပေါ်ရန် မြန်မာနိုင်ငံ နှင့် နိုင်ငံအားလူမျိုး၏ အသက်အရင်း အားနှင့် ပေါင်းကူးခြင်းများကို ပေါ်သော ချင်းမီဒီယာဖြစ်ပါသည်။ Zalen ဆိုတာသည် မြန်မာနိုင်ငံနှင့် နိုင်ငံအား အသက်အရင်း ဥပမာ ထုတ္တနိုင်ပါသည်။ သို့သော် Zalen ဆိုတာသည် ဘွဲ့ ဘွတ်ကိုယ်နင့် ချင်းပေါက်များဖြင့် မီနင့်သေချင်ပါသည်။ ဤ ဘွဲ့အခါ မနက်ခင်းတို့၏ ပြောင့်ပိုင်းများကို စီမံခန့်ခြင်း အားထည့်ပေးရန်လိုအပ်ပါသည်။

Zalen

07 Dec, 12:30


https://www.youtube.com/watch?v=MzmYYEBfx0M

Zalen

07 Dec, 12:29


https://www.youtube.com/watch?v=XWDgf9vgsgM

Zalen

07 Dec, 08:03


စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကလေးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို ပြန်ပြေးဆွဲလုပ်နေ
==============
ဒီဇင်ဘာ ၇၊ ၂၀၂၄။
Zalen
ကလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အလွှဲသုံးစားလုပ်ပြီး လမ်းပေါ်ကလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးကာ လူတစ်ဦးကိုသိန်း ၅၀ဖြစ် ပြန်ရွေးခိုင်းတယ်လို့ သတင်းရရှိပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ခုနောက်ပိုင်း ကလေးမြို့ လမ်းဆုံဘက်မှာ စစ်ကောင်စီတွေ လူဖမ်းပွဲလုပ်နေသလိုပဲ၊ တရက်ကို ၁၀ယောက်ကျော်အထိ ဖမ်းနေတယ်။ လမ်းပေါ် လူငယ်ယောကျ်ားလေးတွေ အဓိက ဖမ်းဆီးခံရတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ဖမ်းတယ်။ လူနှစ်ယောက် ဆိုင်ကယ်အတူစီးရင်လည်းဖမ်းတယ်။ ဧည့်စာရင်းစစ်တဲ့ချိန် ဧည့်စာရင်းမတိုင်ရင်လည်း ဖမ်းသွားတယ်။ ပြီးတော့ တစ်ယောက်ကို သိန်း ၅၀ နဲ့ပြန်ရွေးခိုင်းတယ်။ ခံဝန်ကတိထိုးခိုင်းတယ်။ ပြန်ဖမ်းမိရင် ထမ်းမှုထမ်းရမယ်တဲ့။ ပိုက်ဆံနဲ့မရွေးနိုင်ရင် စစ်သင်တန်းပို့တယ်။ ဆိုင်ကယ်အတူတူစီးရင်တော့ ရွေးလို့မရဘူး။ သူတို့က အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ မြို့ပတ်ပြီး လူဖမ်းနေကြတာ” လို့ပြောပါတယ်။
ဒါ့ပြင် Facebook Friend ထဲမှာ NUG အားပေးတဲ့စာတင်တာတွေ့ရင်လည်း ဒဏ်ကြေးအဖြစ် တစ်သိန်းတောင်း ကြကြောင်းလည်းသိရတယ်။

“Profile မှာအနီရောင်ပါရင် လိုက်စစ်တော့တာ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး Like, Follow, comment တွေလည်း စစ်တယ်။ ကိုယ့် Friend list ထဲ NUG အားပေးတဲ့ striker တွေ့ရင်လည်း မရဘူး။ သူတို့က ဒဏ်ငွေရိုက်တယ်” လို့ဆက်ပြောပါတယ်။

ကလေးမြို့မှာ လူငယ်အမျိုးသားများ ဖမ်းဆီးမှုများလည်း အမျိုးသားဝန်ထမ်းများအလုပ်ထွက်ကာ ကုမ္မဏီနဲ့ ဆိုင်ရှင်များတွင် အမျိုးသားလုပ်သားရှားပါးမှုအခက်တွေ့နေကြပါတယ်။

ဒါကြောင့် အမျိုးသားများ အိမ်ပေါ်ထွက်တဲ့ချိန်အထူးသတိထားရန်လိုအပ်ပြီး မဖြစ်မနေအပြင်ထွက်ရင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းရန် မမေ့ဖို့လိုပါတယ်။
သတင်း-HP

Zalen

07 Dec, 07:04


ချင်းစစ်ဘေးရှောင်များက မီဇိုရမ်၊လောင်တလိုင်မြို့တွင်းအမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်
====
၇၊ ဒီဇင်ဘာလ၊ ၂၀၂၄
Zalen

ချင်းပြည်နယ် ကနေ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ထဲကို စစ်ဘေးရှောင်လာကြတဲ့ ချင်းစစ်ဘေးရှောင်များ ဟာ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မနက်ပိုင်းမှာ လောင်တလိုင်မြို့တွင်း အမှိုက်ကောက်လှုပ်ရှား မှုပြုလုပ်ခဲ့ပါတယ်။


ဒီကနေ့ အမှိုက်ကောက်လှုပ်ရှားမှုကို ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်တို့ကနေ လောာင်တလိုင် မြို့ထဲကိုစစ်ဘေးရှောင်လာကြတဲ့ (Lawngtlai Ralzam I Zohkhennak Bu – LRZB) အဖွဲ့အစည်းတစ်ခု ဦးဆောင်မှုဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ လူဦးရေ ၆၀ ကနေ ၇၀ ကြားပါဝင်နိုင်တယ်လို့သိရပါတယ်။


“ဧပြီလတုန်းအစည်းအဝေး မှာ တစ်နှစ်အတွင်းလုပ်ငန်းစဉ်ချမှတ်ထားပြီးတော့ စစ်ဘေးရှောင်တွေအနေနဲ့ လောင်တလိုင်မြို့အတွက် ဘာလုပ် နိုင်မလဲ ဆိုတာ စဉ်းစားကြပြီးတော့ အမှိုက်ကောက်တာလုပ်ရခြင်းဖြစ်တယ်။ ကြီးကြီးမားမား မဟုတ်ပေမယ့် ပီတိဖြစ်ရပါတယ်။” လို့ LRZB ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ Pasator Daniel က Zalen ကို ပြောပါတယ်။


စစ်ဘေးရှောင်များဟာ ဒီကနေ့မနက်ပိုင်း ၆ နာရီခွဲမှာ လောင်တလိုင်မြို့လမ်းဆုံ ၊ ဒေသအခေါ် ( Areopagy )မှာ လူစုကြပြီးနောက် Cawngtepeng နားအထိ လေးဖာလုံခန့်အကွာအဝေးရှိ လမ်းမကြီးအတိုင်း အမှိုက်များကို ကောက်ခဲ့ခြင်းဖြစ်ပါတယ်။


LRZB အဖွဲ့အစည်းကိုလောင်တလိုင်မြို့တွင်း စစ်ဘေးရှောင်များ စုစည်းနိုင်ဖို့နဲ့ သာရေး၊နာရေးတွေမှအချင်းချင်း ကူညီဖေးမနိုင်ရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် မတ်လ မှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ LRZB မှာ အိမ်ထောင်စု ၈၇ စု နဲ့ လူဦးရေ ၃၄၈ ဦးရှိတယ်လို့သိရပါတယ်။


သတင်း - Grace

Zalen

07 Dec, 04:32


အမ်းမြို့နယ်တခုလုံး ထိန်းချုပ်နိုင်ဖို့အတွက် တခုတည်းသောလက်ကျန် နပခဌာနချုပ်ကို အေအေ ထိုးစစ်ဆင်နေ
========
ဒီဇင်ဘာလ ၇ရက်၊ ၂၀၂၄။
Zalen

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အမ်းမြို့နယ်တခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ရေးအတွက် တခုတည်းသောလက်ကျန် နပခဌာနချုပ်တပ်စခန်းကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ နပခဌာနချုပ်အတွင်းက နေရာအများစု(နပခဌာနချုပ်ဂွင်တခုသာကျန်) နဲ့ အမ်းလေဆိပ်တို့ကို အေအေက အပြီးသတ်သိမ်းပိုက်ပြီး အမ်းမြို့ပေါ်က ဌာနဆိုင်ရာရုံးအသီးအသီးရှေ့မှာ ရိုက်ကူးထားတဲ့ အေအေရဲဘော်တွေရဲ့ပုံတကွ မနေ့ ဒီဇင်ဘာလ ၆ရက်နေ့က အေအေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတပ်စခန်းတွေ သိမ်းပိုက်ရရှိထားတဲ့ နေ့စွဲတွေ၊ အချိန်တွေ အေအေက ထုတ်ပြန်ထားခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလတွင်းက သိမ်းပိုက်ရရှိထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ပထမအပတ်မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန် နပခဌာနချုပ်ကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းမြစ်ဆိီက သိရပါတယ်။

"အေအေက အမ်းမြို့ကို နိုဝင်ဘာလကတည်းက ရသွားပါပြီ။ အခုမှပဲ သူတို့ တရားဝင်ထုတ်ပြန်တာပဲဖြစ်ပါတယ်။ အခု နပခဌာနချုပ်တခုတည်းပဲ ကျန်တော့တယ်။အဲ့ဒါကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာတယ်။ စစ်ရေးဧရိယာမဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့နေရာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြုလုပ်တယ်။"လို့ ရခိုင်စစ်ရေးသတင်းအရင်းမြစ်က ဆိုပါတယ်။

နပခဌာနချုပ်ရဲ့ စစ်ရေးအရအရေးကြီးတဲ့ ကာကင်းစခန်းအားလုံးကို အေအေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့အတွက် နပခဌာနချုပ်လည်း မကြာမီ အေအေက သိမ်းပိုက်ရရှိနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

အမ်းမြို့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် အများပြား လက်နက်ချအလင်းဝင်လာကြသလို လက်နက်ခဲယမ်းအမြောက်မြားကိုလည်း အေအေက သိမ်းဆည်းရမိတယ်လို့ ရခိုင်စစ်ရေးသတင်းအရင်မြစ်ဆီကသိရပေမဲ့ အေအေက တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အမ်းစခန်းသိမ်း တိုက်ပွဲတွင်း စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အဖမ်းခံရသူတွေရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က အမ်းမြို့ စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦးကို အမ်း - ပဒါန်း လမ်းပိုင်းတနေရာမှာ ချင်းကာကွယ်ရေးတပ်(အရှို)က အရှင်ဖမ်းဆီးရမိခဲ့သလို နိုဝင်ဘာလတွင်းကလည်း စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါဝင် ၁၂ဦးကို အရှိုချင်းကာကွယ်ရေးတပ်(ACDF)က လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့ပါတယ်။

အမ်းမြို့ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ မကွေးဘက်မှ စစ်ကူလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာလည်း အမ်း - ပဒါန်း လမ်းပိုင်းမှာ ချင်းတော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးခဲ့ပါတယ်။

အမ်းမြို့သိမ်း တိုက်ပွဲကို ယခုနှစ် မေလကနေစတင်ခဲ့ပြီး ခုနှစ်လအကြာမှာ အမ်းမြို့ပေါ်နဲ့ နပခဌာနချုပ်အတွင်းက တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားခြင်းဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ အမ်းအပါအဝင် တောင်ကုတ်၊ မောင်တော၊ ဂွ စတဲ့မြို့တွေမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

သတင်း - ကိုခူမီး

Zalen

01 Dec, 06:26


မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ ဆုက်ကပ် ကြုံတွေ့နေရပြီလား
===============
(ကိုဗန်)
စိုက်ပျိုးရေးလယ်ယာမြေဧက (၃၄.၅၀၇)သန်း ဧက ရှိပြီး မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့် နဲ့ နွေစပါးစိုက်ဧက (၂)သန်းခန့် ရှိပါတယ်။

စစ်ကောင်စီကတော့ စိုက်ပျိုးမြေဧကတွေ တိုးလာတယ် လို့ ထုတ်ပြန်ထားပေမယ့် ကိုလိုနီခေတ်ကတည်းက စတင်ပြုပြင်ပြောင်းလဲခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးစနစ်ဟာ မြေဈေးနှုန်း မြင့်တက်လာတာကလွဲလို့ တခြားပြောင်းလဲမှု ကြီးကြီးမားမား ရှိမနေခဲ့ပါဘူး။

ဒါအပြင် လူလုပ် ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ဆုတ်ယုက်လာနေတဲ့ အခြေအနေကြုံနေရပါတယ်။

စိုက်ဧက ပြောင်းလဲတိုးတက်မှု နည်းပါးအပြင် သီးနှံ အထွက်နှုန်းဟာလည်း နှစ်စဉ် အနှုတ်လက္ခဏာ ပြသလာနေတာကို တွေ့မြင်ရမှာပါ။ စစ်အာဏာသိမ်းပြီး (၄)နှစ်အတွင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ဆုတ်ကပ် ကျရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

အဓိက အချက်က သီးနှံအထွက်နှုန်းလျော့ကျလာခြင်း၊စိုက်ပျိုးရေးစရိတ်မြင့်မားလာခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်လိုသူ လျော့ကျလာခြင်း၊ ဈေးကွက်လျော့ကျလာပြီး သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်း နဲ့ ငွေကြေးဖောင်းပွမှု တိုးလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

သီးနှံအထွက်နှုန်းလျော့ကျလာခြင်းနဲ့ ပါတ်သက်ပြီး လေ့လာသုတေသန ပြုထားချက်တွေ ရှိ‌မနေသေးပေမယ့် လက်တွေ လုပ်ကိုင်လာကြတဲ့ တောင်သူတွေအတွက် ခါးသီးတဲ့ အမှန်တရား ဖြစ်နေပါတယ်။

စစ်ကောင်စီကတော့ စိုက်ပျိုးသီးနှံ အထွက်နှုန်းတိုးမြင့်ဖို့ ဆော်‌ဩနေပေမယ့် မြေပြင်မှာ တောင်သူတွေကို ကူညီပံပိုးမှု နည်းပါးနေဆဲပါ။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ငွေကြေးဖောင်းပွလာမှုကြောင့် စိုက်ပျိုးရေးစရိတ်တွေ အဆမတန်မြင့်တက်လာခဲ့တယ်။
မြေဩဇာ နဲ့ ဆေးဝါးစျေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် ဈေးနဲ့ ၂၀၂၄ ခုနှစ် ဈေးတွေကို နှိုင်းယှဉ်ရင် (၄)ဆမက မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။


အပြည့်အစုံဖတ်ရန် >>>>>>https://tinyurl.com/mr3x774e

Zalen

01 Dec, 03:38


လန်ဒန်ဒါဘီမှာဂိုး တွေမြူးခဲ့ကြတဲ့အမ်းမရိတ်သား တွေနဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ရဲ့ပထမပွဲပြီး ရလဒ်များ
==============

၁ ၊ဒီဇင်ဘာ ၊၂၀၂၄
Zalen

မနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ မှာတော့ ပွဲစဉ် ၄ ပွဲအထိအနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီး စံချိန်မှတ်တမ်းတွေလည်းရှိခဲ့တာဖြစ်ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ ၀က်စ်ဟမ်းနဲ့အာဆင်နယ်တို့ပွဲစဉ်မှာ အမ်းမရိတ်သားတွေက ပထမပိုင်းမပြီးခင်မှာပဲ ၅-၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ဂါဘရီရဲယ်၊အိုဒီဂတ်၊ထရောဆက် ၊ဟာဗက်၊ဆာကာ တို့ကတစ်ဂိုးစီသွင်းယူပေးခဲ့ကြပြီး အဆင့် ၂ နေရာကိုလည်း ယာယီတက်လာတာဖြစ်ပါတယ်။

ပူရောဆာကာကတော့ဂိုးဖန်တီးမှု နှစ်ကြိမ်၊ကိုယ်တိုင်တစ်ဂိုးသွင်းပြီး ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အပြီး ဂိုးဖန်တီးမှု အများဆုံး ၁၀ ကြိမ်ပြု လုပ်ထားတဲ့ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

အိမ်ကွင်းမှာ ဆောက်တန်သမ်ကို လက်ခံကစားခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ တစ်မှတ်သာရယူနိုင်ခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ယာယီရပ်တည်နေပါတယ်။

အဆင့် ၆ နေရာမှာ ရပ်တည် နေတဲ့ နော့တန်ဖော့ရက်စ်ကတော့ အက်ဇွတ်တောင်းကို အိမ်ကွင်းမှာ ခရစ္စ၀ပ် ရဲ့ တစ်လုံးတည်းသောပင်နယ်တီနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါ့ပြင် လက်စ္စတာစီးတီးအသင်းကလည်း အ ဝေးကွင်းမှာ ဘရတ်ဖိုစ့်အသင်းကိုသွား ရောက်
ကစားခဲ့ရာ၄ - ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီပွဲမှာ ဘရတ်ဖိုစ့်တိုက်စစ်မှူး စကယ်တီ က တော့ဒီရာသီပရီးမီးယားလိဂ် ပထမဆုံးသွင်း ဂိုးကိုဟတ်ထရစ် နဲ့ရယူနိုင်ခဲ့သလို ၀တ်ဆာရဲ့ဂိုးကိုလည်းဖန်တီးပေးခဲ့ပါတယ်။

ဘုန်းမောက်အသင်းကတော့ ဝုဗာဟတ်တန်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားပြီး ၄-၂ ဂိုးရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။

အဆိုပါပွဲမှာနယ်သာလန်နဲ့ ဘုန်းမောက်တိုက် စစ်မှူး ဂျက်စတင် ကလွိုက်ဗက် က ပင်နယ်တီကနေဟတ်ထရစ်သွင်းဂိုးရယူခဲ့ပြီးသမိုင်းတစ် လျှောက် ပင်နယ်တီကနေ ဟတ်ထရစ်သွင်းဂိုးရယူခဲ့တဲ့ပထမဆုံး ကစားသမားဖြစ် လာခဲ့ပါတယ်။

မန်ယူနဲ့ အဲဗာတန်၊ချဲလ်ဆီးနဲ့အက်စတွန်ဗီလာ၊စပါးနဲ့ဗူဟမ်၊လီဗာဗူးလ်နဲ့မန်စီးတီး တို့ရဲ့လက် ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက် တနဂ်နွေနေ့မှာထပ်မံကစားကြမှာလို့သိရပါတယ်။


သတင်း - လောက

Zalen

30 Nov, 11:53


https://www.youtube.com/watch?v=GsAxCmUvl-Y

Zalen

30 Nov, 06:54


https://tinyurl.com/4k25h7c9

Zalen

30 Nov, 06:51


မင်းတပ်မြို့ ၃ မိုင်လမ်းခွဲမှာကျန်‌ရှိ‌ နေတဲ့နေအိမ်တွေကိုစစ်ကောင်စီကထပ်မံမီးရှို့
===============
၃၀ ၊နို၀င်ဘာ ၊၂၀၂၄
Zalen

မင်းတပ်မြို့ပေါ် အနာက်ရပ်ကွက်၃ မိုင်လမ်းခွဲ ရှိ လူနေအိမ်များနဲ့ အနီးပတ်၀န်းကျင်ရှိလူနေ အိမ်တွေကို ဒီကနေ့ နို၀င်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့များက ထပ်မံမီးရှို့ခဲ့ကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဆိုပါ‌ ၃ မိုင်လမ်းခွဲမှာ နေရာ ၃ နေရာလောက်အထိမီးလောင်နေတယ်လို့သိရပြီး မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုးတွေအသေးစိတ်ကိုမသိရသေးဘူးလို့သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက" ဒီမနက်လောင်တယ်လို့ပြောကြတယ်။တစ်ချို့က မြင်ရတယ်လို့ပြောတယ်။အဲဒီမှာလောင်စရာအိမ်တွေရောကျန်သေးလို့လားမသိပါဘူး။ဟိုနေ့ကရှို့တာပဲကုန်လောက်ပါတယ်" လို့ Zalen ကိုပြောပါတယ်။

မင်းတပ်မြို့ ၊အနောက်ရပ်ကွက် ၊ခလရ ၂၇၄ တပ်ရင်း ဂိတ် နားရှိ ၃ မိုင်လမ်းခွဲ နဲ့ အနီးပတ် ၀န်းကျင်ကလူနေအိမ််တွေကို စစ်ကောင်စီတပ်က ၅ ကြိမ်ထက်မကမီးရှို့ဖျက် ဆီးခဲ့တယ်လို့သူကဆက်ပြောပါတယ်။

မင်းတပ်မြို့ပေါ်ရှိလူနေအိမ်တွေကိုစစ်ကောင်စီတပ်ဖွဲ့များက ပြီးခဲ့တဲ့ နို၀င်ဘာလ ၉ ရက်နေ့ကစပြီး ဒီကနေ့ နို၀င်ဘာ ၃၀ ရက်အထိ နေ့စဉ်ဆက် တိုက်မီးရှို့ဖျက်ဆီးနေတာကြောင့် ထိ ခိုက်ပျက်စီးမှုတွေအတိအကျ မသိရသေးပါဘူး။

ခလရ ၂၇၄ တပ်ရင်းရှိ စစ်ကောင်စီလက် အောက်ခံတပ်များက ၃ မိုင်လမ်းခွဲ့နဲ့အနီးအနား ရှိလူနေအိမ်တွေကိုပြီးခဲ့တဲ့နို၀င်ဘာလ၂၅ ရက် နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။


သတင်း - မိုးပီအောင်

Photo - Crd

Zalen

30 Nov, 04:02


https://tinyurl.com/mryphsrp

Zalen

29 Nov, 14:03


ခိုင်ကမ်းမြို့မ ရဲစခန်းအနား စစ်တပ်နဲ့ ရဲ ထောင်ထားတဲ့မိုင်း ပေါက်ကွဲမှုဖြစ်ပွား
==================
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၄
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မရဲစခန်းအနား စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့ ထောင်ထားတဲ့မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ နိုဝင်ဘာလ ၂၈ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့ ၎င်းတို့ထောင်ထားတဲ့မိုင်းကို စစ်ဆေးရာကနေ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"မိုင်းတစ်လုံး ပေါက်ကွဲတာပါ။ အထိခိုက်တော့ မရှိဘူး။"လို့ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီမိုင်း ပေါက်ကွဲလို့ မိုင်းအစအနတချို့ စာသင်ကျောင်းထိ လွင့်စင်သွားပြီး ကျောင်းဆရာ/မနဲ့ ကျောင်းသူ/သားတွေဟာ အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

"ရဲစခန်းနဲ့ ကျောင်းက နီးနီးလေးပါ။ ရဲတွေက ကျောင်းထဲလာပြီး မကြောက်ဖို့ ချက်ချင်းပြောလာပါတယ်။"လို့ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ရဲစခန်းက သေနတ်သံတစ်ချက် ကြားရပြီး ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဟာ နေရာယူ အပြေးအလွှားပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ခိုင်ကမ်းမြို့ဟာ ချင်းပြည်နယ်ထဲက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။

သတင်း - ခူမီး

Zalen

29 Nov, 13:56


တမူး-ကလေး လမ်းပိုင်းမှာ အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ဝိတုပ်ရွာ အနီး"ဟော်တိုပွက်" တံတားပြုပြင်
===============
၂၉ နိုဝင်ဘာ ၂၀၂၄
Zalen

စစ်ကိုင်းတိုင်း၊ တမူး-ကလေး လမ်းပိုင်းမှာ ပျက်ဆီးနေတဲ့ ဝိတ်တုပ်ရွာ အလွန်က "ဟော်တိုပွတ်" တံတားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တမူးမြို့နယ်၊ လမ်းတံတား၊ သယံဇာတနဲ့ ပအဖ အဖွဲ့တို့မှ ယနေ့ နိုဝင်ဘာလ ၂၉ရက်နေ့က ပြုပြင်မွမ်းမံခဲ့တယ်လို့ ပြောပါတယ်။

"တံတားတွေက ကား၊ ဆိုင်ကယ်ဖြတ်သန်းသွားလာဖို့အဆင်မပြေတော့လို့ ပြင်ဆင်မွမ်းမံရတာပါ။ အဓိက ကြမ်းခင်းတွေပျတ်ဆီးကုန်တာ ခရီးသည်ကား၊ ဆိုင်ကယ်တွေတွက် အန္တရာယ်ရှိနေလို့၊ မြို့နယ် လမ်းတံတား၊ သယံဇာတ၊ ပအဖ အဖွဲ့များ ပူးပေါင်းပြီး ပြုပြင်မွမ်းမံခဲ့ကြတာပါ။ ရှေ့ဆက်လည်း ပျက်ဆီးမှု ရှိလာခဲ့ရင် ပြုပြင်သွားမှာဖြစ်တယ်" လို့တာဝန်ရှိတစ်ဦးက Zalen ကိုပြောပါတယ်။

တမူး-ကလေးလမ်းပိုင်းမှာ ယခုနှစ်အတွင်း စစ်ဒါဏ်ကြောင့်မဟုတ်ဘဲ သက်တမ်းကြာလို့ ပျက်ဆီးနေ့တဲ့တံတားပေါင်း ခုနှစ်စင်းကို အများပြည်သူသွားလာရေး အဆင်ပြေစေရန် ပြုပြင် ပြီးစီးခဲ့ပြီး ဆက်လက်ပြုပြင်ရန် တံတားနှစ်စင်းကျန် နေသေးတယ်လို့လည်းပြောပါတယ်။

ခမ်းပါတ်မြို့ကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ထိန်းချူပ်ပြီးနောက် ၂၀၂၄ ဇန်နဝါရီလကနေစပြီး တမူး - ကလေးလမ်းပိုင်းနဲ့ ကျေးရွာချင်းဆက် လမ်းများကို မြို့နယ် ပြည်သူ့အုပ်ချူပ်ရေး၊ လမ်းတံတားနဲ့ သယံဇာတ ရေးရာဌာနတို့မှ တတ်နိုင်သလောက် ကြိုးစားပြုပြင်နေကြတာလို့လည်း သိရပါတယ်။

သတင်း - တမူးနွေဦး

Zalen

29 Nov, 13:51


မတူပီဒေသတွင်း သင့်မြတ်မှုရှိရန် ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ဖို့ မျှော်မှန်း
===========
၂၉၊ နိုဝင်ဘာလ၊ ၂၀၂၄
Zalen

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်ထဲက ပဋိပက္ခများကို သက်ဆိုင်ရာ CDF-Matupi တပ်မဟာ ၁၊ တပ်မဟာ ၂ နဲ့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့တို့ဟာ လာမယ့်ဒီဇင်ဘာလ ထဲမှာ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။



မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်း CDF-Matupi တပ်မဟာ ၁ အပြင် တပ်မဟာ ၂ နဲ့လည်း နှစ်ကြိမ်ဆီတွေ့ဆုံခဲ့ပြီးဖြစ်ကာ ငွေကြေးပိုင်း အဆင်ပြေပါက လာမယ့် ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်တွေ့ဆုံသွားမယ်လို့သိရပါတယ်။


“ကိုယ့်အချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုရှိတာကို ပြေလည်စေဖို့ အောက်တိုဘာလမှာ ကျွန်တော်တို့သွား ရောက်တွေ့ဆုံခဲ့တာပါ။ ငွေရေးကြေးရေးအဆင်ပြေရင်တော့ လာမယ့်ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့က တစ်ခြားလူတွေမှာမဟုတ်တာပြန်ပြေလည်မယ်လို့ယုံကြည်မှုရှိပါတယ်။” လို့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ဝင် Pastor Joshua က Zalen ကိုပြောပါတယ်။


မြေပြင်မှာတွေ့ဆုံစဉ်အတွင်း နှစ်ဖက်အဖွဲ့အစည်းကနေ သင့်မြတ်ရေး၊ငြိမ်ချမ်းရေးကို လိုလားကြကြောင်း၊ မတူပီအရေးကို မတူပီသူ/သားများသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ့်အကြောင်း၊အပစ်ရပ်စဲရန်နဲ့ ယုံကြည်မှုတည် ဆောက်ရန်လိုလားကြကြောင်း၊ နယ်မြေဒေသခွဲခြားခြင်းမရှိဘဲမူလအတိုင်း One Army၊ One Budget & One Command ဖြင့်ဖွဲ့စည်းရန် လိုချင်ကြတယ်လို့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ရဲ့ နိုဝင်ဘာ လ ၂၈ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



ဒါ့အပြင် အထူးသဖြင့် ပြည်သူလူထုကနေပြီး Social Media မှာသတင်းတု၊သတင်းမှားများမလွှင့်ရန်၊ တစ်ဖက်နဲ့ တစ်ဖက်တိုက်ခိုက်ခြင်း၊ စိတ်ဓာတ်ပြိုကွဲအောင် သွေးခွဲပြောဆိုခြင်း များကိုရပ်တန့်စေရန် တာ;မြစ်စေလိုကြောင်း နဲ့ ကာယကံရှင် တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့မှာမထုတ်ပြန်တဲ့သတင်းများဟာ သတင်းတုတွေသာဖြစ်ကြောင်း ဆိုပါတယ်။



မီဇိုရမ်ပြည်နယ်ရောက် မတူပီမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်နဲ့ အမှုတော်ဆောင် ဆရာတော် ၆၀ ကျော် ကိုယ်စား အမှုတော်ဆောင် ၉ ပါး ကို ငြိမ်ချမ်းရေးကော်မတီဝင်တွေအဖြစ်ပြီးခဲ့တဲ့ ဇူလိုင် လထဲမှာ ဖွဲ့စည်းခဲ့ကြပါတယ်။



အဆိုပါ ငြိမ်းချမ်းရေးကော်မတီဝင်များကို ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြေပြင်ကို စေလွှတ်ခဲ့ ကြခြင်း ဖြစ်ပြီးတော့ နယ်ခြားမှာစစ်ဘေးရှောင်နေတဲ့ မတူပီပြည်သူများအမြန်ဆုံး နေရပ်ပြန်နိုင်ရန်နဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့ကြား အမြန်ဆုံးသင့်မြတ်ရေးရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။


သတင်း - Grace

Zalen

29 Nov, 13:37


https://www.youtube.com/watch?v=4ZjL2sIx_dY

Zalen

29 Nov, 08:40


#ကြော်ငြာ
ခြံရောင်းသည်
ကလေးမြို့၊ တောင်ဖီလာရပ်ကွက် ဒေသခေါ် နေပြည်တော်မှာ ပေ ၄၀x၆၀ ကျယ်တဲ့ ခြံကို ပိုင်ရှင်ကိုယ်တိုင်ရောင်းပါတယ်။
စိတ်ဝင်စားပါက ဖုန်း 09895811740, +6583024208 တို့တွင်ဆက်သွယ်နိုင်ပါတယ်။

Zalen

29 Nov, 08:06


အမ်း - ပဒါန်းလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၂ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းမိ
============
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
Zalen

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တပ်စခန်းတစ်ခုမှ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း - ပဒါန်းလမ်းမှာ အရှို(ချင်း)ကာကွယ်ရေးတပ် ပူးပေါင်းမဟာမိတ်အဖွဲ့တို့က တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ ၂ဦးသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၄ ဦးအရှင်ဖမ်းမိကာ လက်နက်ငယ် ၂လက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ACDF ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (အမ်း)ကွပ်ကဲမှုအောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်အောင် ဦးစီးတဲ့ စစ်ကြောင်းကို ACDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"သတင်းရထားလို့ ကျတော်တို့ဘက်က စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွင်း ဖမ်းမိရတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံးပန့် မူဝါဒနဲ့အညီ ဆောင်ရွက်သွားမှာပါ။ လောဆယ်သူတို့တွေကို လိုအပ်တဲ့ ဆေးကုသမှုပေးနေပါတယ်။"လို့ ACDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဖွဲ့စည်းပုံ ပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိပြီး ACDF ပူးပေါင်းမဟာမိတ်အဖွဲ့က ဆက်လက်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပဒါန်းမြို့ဘက်က စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းထိုးလာပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ချင်းရွာဖြစ်တဲ့ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားပါတယ်။

သတင်း - အောက်ချင်း

Zalen

09 Nov, 14:13


မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၉၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများဖမ်းဆီးရမိ
===========
၉၊နိုဝင်ဘာလ၊၂၀၂၄
Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်မှာ မြန်မာနိုင်ငံသားတစ်ဦးကို ရူပီး သိန်း ၉၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများနဲ့ အတူ မနေ့နိုဝင်ဘာလ ၈ ရက်မှာဖမ်းဆီးထားတယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။


အာသံရိုင်ဖယ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ယုံကြည်ရတဲ့သတင်းအချက်အလက်ရရှိထားတာ ကြောင့် ကျန်ဖိုင်ခရိုင် ဇိုသဲရွာမှာ စစ်ဆေးမှုပြုလုပ်ခဲ့ပြီးတော့ မြန်မာနိုင်ငံသားမောင်းနှင်လာတဲ့ မော်တော် ဆိုင်ကယ် အဌားယဉ် အောက်ဘက်မှာဖွက်ထားတဲ့ ဘိန်းဖြူတွေကိုဖမ်းဆီးခဲ့တာပါ။


ဘိန်းဖြူများနဲ့ အတူဖမ်းဆီးခံခဲ့တဲ့သူက ဇိုလောမ်ဆန်းနာ ( Zolawmsanga) အသက် ၂၄ နှစ်ဖြစ်ပြီးတော့ သူဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ မီဇိုရမ်ဒေသတွင်းသတင်းကဖော်ပြထားပါတယ်။ သူ့ဆီကနေဖမ်းဆီးခဲ့ တဲ့ ဘိန်းဖြူတွေက ၁၂၉.၃၅ ဂရမ်အလေးချိန်ရှိပြီးတော့ ရူပီး သိန်း ၉၀.၅၄ တန်ဖိုးရှိတယ်လို့ဆိုပါတယ်။


မီဇိုရမ်ပြည်နယ်ထဲမှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု အရမ်းမြင့်မားနေပြီးတော့ ဒီနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ပြီးခဲ့တဲ့လ အောက်တိုဘာလ အထိ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲလို့ လူပေါင်း ၆၁ ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူများအနက် ၅၃ ဦးကအမျိုးသားတွေဖြစ်ပြီးတော့ အမျိုးသမီး ၈ ဦးပါပါတယ်။



မီဇိုရမ်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ်ကနေ ဒီနှစ် ၂၀၂၄ နှစ်ဝက်အထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူ ၁၈၇၃ ဦးရှိပြီဖြစ်ကာ သူတို့အနက် ၁၆၄၈ ဦးကအမျိုးသားတွေဖြစ်ပြီးတော့ ၂၂၅ ဦးက အမျိုးသမီးများဖြစ်ကြပါတယ်။


သတင်း - Grace

Zalen

09 Nov, 13:43


မင်းတပ်မြို့ပေါ်အနီးတွင်‌စစ်ကောင်စီကလေ ကြောင်းတိုက်ခိုက်
=============

၉ ၊နို၀င်ဘာ ၊၂၀၂၄
Zalen

မင်းတပ်မြို့ပေါ်အနောက်ဘက်ခြမ်းရှိနေရာကို ဒီကနေ့ နို၀င်ဘာလ ၉ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သ တင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင် စီလေကြောင်းကပေါင်အား ၅၀၀ ရှိတဲ့ ဗုံးသီးတွေကိုအသုံးပြုပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ဒေသခံအမျိုးသမီးတစ်ဦးက "နှစ်ကြိမ်လာပစ်သွားတယ်၊ ညနေ လေးနာရီ၀န်းကျင်မှာပါ၊ ပစ်တဲ့အသံလည်းကြားရတယ်၊မင်းတပ်မြို့ပေါ်ရဲ့အနောက်ဘက်ခြမ်းမှာပစ်တယ်"လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့သိရပြီးဆက်သွယ်ရေးအခက်အခဲကြောင့် အသေး စိတ်မ သိရသေးဘူးလို့ဆိုပါတယ်။

နို၀င်ဘာလ၆ရက်နေ့ကလည်းမင်းတပ်မြို့နယ်၊နှမ်းဘုံကျေးရွာကိုစစ်ကောင်စီကလေ ကြောင်း တိုက်ခိုက်ခဲ့လို့ စာသင်ဆောင်၊လူနေ အိမ်၊ဘာ သာရေးအဆောက်အဦတွေပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း - မိုးပီအောင်

Zalen

09 Nov, 11:49


ချင်း အပါအ၀င် နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်ကြောင်း မိုးဇလ ပြော
=======
၉၊ နို၀င်ဘာ၊ ၂၀၂၄
Zalen

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း (YINXING) ရဲ့အရှိန်ကြောင့် နိုင်ငံတဝန်း မိုးဆက်ရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ရင်ရှင်းဟာ အနောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်း ရပ်၀န်းကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း မိုးရွာသွန်းခဲ့တာဖြစ်ပြီး ဒီနေ့ ကနေ နိုဝင်ဘာလ ၁၀ ရက်နေ့ကအထိ မိုးဆက်ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာသွန်းပြီး ဧရာဝတီတိုင်းမှာတော့ နေရာကွက်မိုးကြီးမယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

နောက်ထပ် ၂ ရက်အထိ နေပြည်တော်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့တို့မှာလည်း နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး မိုးရွာသွန်းမှု များပြားတာနဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်လာနိုင်ကြောင်း မိုးဇလက အသိပေးထားပါတယ်။

နေညို

Zalen

09 Nov, 08:12


မာလီခင်ကိုပထမဦးဆုံးအနိုင်ယူကာ One Championship ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ ရုရုအိုမာကင်း
=========
၉၊နိုဝင်ဘာလ၊၂၀၂၄
Zalen

နိုဝင်ဘာလ ၉ ရက်ဒီနေ့မှာကျင်းပတဲ့ One 169 ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ ဝိတ်တန်း ၃ ခု ချန်ပီယံကြီး အနာတိုလီ မာလီခင် ( Anatoly Malykhin ) ကိုအနိုင်ယူပြီးတော့ ရုရုအိုမာကင်း (Reug Reug Oumar Kane ) က ဟဲဗီးဝိတ် တန်းချန်ပီယံခါးပတ်ကိုသိမ်းပိုက်လိုက်ပါတယ်။


ဆီနီဂေါ သား လူသန်ကြီး ရုရုအိုမာကင်း (Reug Reug Oumar Kane ) နဲ့ ရုရှားဖိုက်တာကြီးတို့က One 169 ရဲ့ ခေါင်ပွဲအဖြစ် ၅ မီနစ် ၅ ချီထိုးသတ်ခဲ့ကြတာဖြစ်ပြီးတော့ ဒိုင်အမှတ်နဲ့ အိုမာကင်းအနိုင်ရရှိသွားတာပါ။


ပွဲစစချင်း မာလီခင်ကတော့ လက်သီးထိုးချက်တွေနဲ့ ပွဲထွက်လာခဲ့ရာ ဘယ်ဝိုက်လက်သီးချော်ထွက်တဲ့အချိန် အိုမာကင်းက စပြီးတော့ နပန်းလုံးပါတော့တယ်။ ကွင်းထောင့်နားမှာဝင်လုံးကျရင်းနဲ့ အိုမာကင်းက ပြန်ကိုင်ပေါက် ဖို့လုပ်တဲ့အချိန် မာလီခင်က ကွင်းကြိုးကိုင်ထားတာကြောင့် အဝါကဒ်ခံထားရပြီးတော့ အဲ့မှာတင်အမှတ်လျော့ သွားပါတယ်။


အစောပိုင်းနှစ်ချီမှာ ရုရုအိုမာကင်းက မာလီကင်ကို ဝင်လုံးလိုက် ခေါင်တာပြန်ထိုးလိုက်လုပ်ပြီးတော့ အမှတ်တွေ ဖဲ့ယူပါတယ်။ ပထမနှစ်ချီမှာ ရုရုအိုမာကင်းသာပါတယ်။


တတိယအချီအရောက်မှာ ရုရှားသားကြီးက တိုက်စစ်ဖွင့်ကစားလာခဲ့ပြီးတော့ အကြိတ်အနယ်ဆော်ကြတယ်။ ရုရု အိုမာကင်းက မာလီခင်ရဲ့လက်သီးထိုးချက်တွေကို ခံနိုင်ရည်ရှိသလို ခေါင်တာ ဘယ်ညာထိုးချက်တွေပြန်ထွက် ပြီးတော့ မာလီခင်ကွဲထွက်သွားတယ်။ မာလီခင်ရဲ့ ဘယ်ညာဝိုက်လက်သီးတွေတော်တော်ထိထားပေမယ့် သိပ်ပြီးအထိမနာသွား တဲ့ အိုမာကင်းရဲ့ မာဂုဏ်ကိုလည်းတွေ့ရပါတယ်။



မာလီခင်ဟာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝ ၁၄ ပွဲထိုးသတ်ထားပြီးတော့ ၁၄ ပွဲစလုံးကို လုံးဝ ၁၀၀ ရာခိုင်နှုန်း ပွဲဖြတ်ထားသူဖြစ်ပေမယ့် ဒီတစ်ခါတော့ ခါးပတ်လွှဲပြောင်းလိုက်ရတယ်။ ဒီပွဲဟာ လူသန်ကြီးနှစ်ဦး လုံးရင်းထိုးရင်း နဲ့ ပရိတ်သတ်ကိုရသတစ်ခုပေးနိုင်ခဲ့ပေမယ့်ဒီပွဲက ကြိုးဝိုင်းကွင်း မှာမဟုတ်ပဲ သံဇကာကွင်းထဲမှာ ဆိုရင် ရလဒ်ပြောင်းသွားနိုင်ကြောင်း ပရိတ်သတ်တစ်ချို့က မှတ်ချက်ပေးကြပါတယ်။


One 169 ရဲ့ ဒုခေါင်ပွဲဖြစ်တဲ့ ရော့ထန်း နဲ့ ဂျေကုပ်စမစ် တို့ပွဲမှာတော့ မွေထိုင်းဆရာကြီး ရော့ထန်က သာသာယာယာ အနိုင်ယူသွားပါတယ်။ သတ်မှတ်ဝိတ်တန်းထဲမဝင်နိုင်လို့ ခါးပတ်အဖြုတ်ခံလိုက်ရတဲ့ ရော့ထန်က ခါတိုင်းလိုပွဲအပေါ်သိပ်အာရုံစိုက်ပုံမရပေမယ့် သူ့ရဲ့တံတောင်တွေကို ဂျေကုပ်စမစ် ကဘယ်လိုမှမယှဉ်နိုင်ပါ။ အသာအယာလေးဆော့ပြီးတော့ နောက်ဆုံးဒိုင်အမှတ်နဲ့အနိုင်ရရှိသွားပါတယ်။


ဒီပွဲမှာ One Championship ရဲ့ထိပ်တန်းဖိုက်တာနှစ်ဦး ခါးပတ်ပြုတ်သွားပါတယ်။ ရော့ထန်းအနေနဲ့ One Flyweight မွေထိုင်းခါးပတ်ကိုပြန်ယူပြမယ်လို့ပွဲပြီးအင်တာဗျူးမှာဖြေကြားထားပါတယ်။ မာလီခင်အနေနဲ့လည်း ဟဲဗီးဝိတ် ခါးပတ်ကိုပြန်စိန်ခေါ်ခွင့်ရရင် ပရိတ်သတ်အကြိုက်တွေ့မယ့်ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။

သတင်း - Grace

Zalen

09 Nov, 06:04


https://tinyurl.com/kpw2y2c7

Zalen

09 Nov, 05:33


https://tinyurl.com/ymmp9urx

Zalen

09 Nov, 04:45


မီဇိုကျောင်းသားများသမဂ္ဂ (MSU ) ဥက္ကဋ္ဌကို ပြန်ပေးဆွဲ ငွေညှစ်မှုနဲ့ဖမ်းဆီး
=========
၉၊ နိုဝင်ဘာလ၊ ၂၀၂၄
Zalen

မီဇိုရမ်ပြည်နယ်၊ ကျောင်းသားများသမဂ္ဂ ( Mizo Student Union – MSU ) ရဲ့ဥက္ကဋ္ဌ ရှမွေလ ဇိုရမ်ထန်ပွီးအာ ( Samuel Zoramthanpuia ) ကိုမနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ပြန်ပေးဆွဲငွေညှစ်မှုနဲ့ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့ပါတယ်။


MSU ဥက္ကဌကို MS Satnam Global Infraproject Ltd မှာတာဝန်ထမ်းဆောင်နေတဲ့ မီဇိုရမ်ပြင်ပက လူ ၃ ဦး ကို ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းစတဲ့ စွဲချက်တွေက မနေ့ သောကြာနေ့မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် တာပါ။


ရှမွေလ ဇိုရမ်ထန်ပွီးအာ ( Samuel Zoramthanpuia ) ကို ဝန်ကြီးချုပ်ကယ်ဆယ်ရေးရန်ပုံငွေ (CM Relief Fund ) အလွဲသုံးစားလုပ်မှုမှာ ပါဝင်ပက်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ မီဇိုရမ်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဗျူရို (Anti Coruption Bureau - ACB) ကသောကြာနေ့မနက်အစောပိုင်းမှာ ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ပြီးနောက် အဲဒီနေ့ မှာပဲ ပြန်ပေးဆွဲငွေညှစ်မှုနဲ့ ထပ်မံအဖမ်းခံခဲ့တာဖြစ်တယ်။


ရှမွေလ ဇိုရမ်ထန်ပွီးအာ ( Samuel Zoramthanpuia ) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်မှာ MS Satnam Global Infraproject Ltd ဝန်ထမ်းသုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီးတော့ MSU ရုံးချုပ်ရှိရာ အိုင်ဇောလ်မြို့ သွီးကွာလ်ရပ်ကွက်မှာ ၇ နာရီကြာထိန်းသိမ်းထားပါတယ်။


ဖမ်းဆီးထိန်းသိမ်းထားတဲ့ MS Satnam Global Infraproject Ltd ဝန်ထမ်းသုံးဦးတို့ကို ရူပီးငွေ ၂ သိန်းစီဖြင့် ပြန်ရွေးရန် နဲ့ ငွေမပေးပါက သူတို့သုံးဦးကိုပြန်လွှတ်ပေးမှာမဟုတ်ကြောင်း MSU ဥက္ကဋ္ဌ က ခြိမ်းခြောက်ငွေ ညှစ် ခဲ့တယ်လို့သိရပါတယ်။


ဒီကိစ္စတွေနဲ့ ပက်သက်လို့ နစ်နာသူတွေဘက်က ရဲစခန်းမှာ FIR တင်သွင်းခဲ့တာကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့က MSU ဥက္ကဋ္ဌ ရှမွေလ ဇိုရမ်ထန်ပွီးအာ ( Samuel Zoramthanpuia ) ကိုမနေ့သောကြာနေ့ ဖမ်းဆီးခဲ့ပြီးနောက် တရားရုံး က မီဇိုရမ်ပြည်နယ် ဗဟိုအကျည်းထောင်မှာ ချုပ်နှောင်ဖို့အမိန့်ချခဲ့တာဖြစ်ပါတယ်။


သတင်း - Grace

Zalen

09 Nov, 02:05


အမ်းတိုက်ပွဲမှထွက်ပြေးလာတဲ့စစ်ကောင် စီတပ်ဖွဲ့၀င် ၄ ဦး ကို CDF-Asho ကဖမ်းဆီး
============

၉ ၊ နို၀င်ဘာ ၊၂၀၂၄
Zalen

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌါနချုပ်(နပခ)ရှိစစ်ကောင်စီတပ်ဖွဲ့၀င်များနဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးကို CDF- Asho က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ၄ ဦးဟာ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်း ဒေသအစပ်ရှိ CDF- Asho ရဲ့ရှေ့တန်းစစ်ဆင် ရေးဒေသတစ်ခုမှာဖမ်းဆီးခဲ့တာလို့သိရပါတယ်။

အဲဒီဖမ်းဆီးထားတဲ့ ၄ ဦးနဲ့ပတ်သက်လို့ CDF-Asho ရဲ့ပြန်ကြားရေးတာ၀န်ခံ Salai Yoe Chin က" စစ်ကောင်စီလက် အောက်မှာတာ၀န်မထမ်းဆောင်ချင်တော့လို့ထွက်ပြေးလာကြတာ၊နဂိုကတည်းကစစ်မှု ထမ်း ဥပဒေကြောင့် အဖမ်းခံရပြီး စစ်ထဲပါသွားကြရသူတွေပါ၊ တချို့ကတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ထည့်လို့ ပါသွားရသူတွေလို့ ထွက်ဆိုထားပါတယ်" လို့ Zalen ကိုပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၀င်၄ ဦးဟာ လက်နက်တွေမပါလူလွတ်ပဲဖမ်းဆီးထားမိတာဖြစ်တယ်လို့သိရပါတယ်။

အမ်းမြို့ ( နပခ )ရှိ ခမရ ( ၃၇၃ )မှ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ကိုသက်နိုင်နှင့် ကိုသက်နိုင်ဦး တို့ နှစ် ဦးကို‌ တော့ အောက်တိုဘာလ ၃၁ ရက်နေ့ကဖမ်းဆီးထားတာလို့ဆိုပါတယ်။

ထို့ပြင်နို၀င်ဘာလ ၃ ရက်နေ့မှာလည်း ခမရ ( ၃၇၁ )၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ကိုရဲမွန်ဦးနှင့် တပ်သား ကိုကျော်မင်းဦးတို့ နှစ် ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) အနေနဲ့ ဖမ်းဆီးထားတဲ့ ရန်သူ့စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီ စနစ်တကျထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။


သတင်း - မိုးပီအောင်

Zalen

08 Nov, 13:14


https://www.youtube.com/watch?v=KIb1kJZj5W8

Zalen

08 Nov, 13:05


ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး နေအိမ် နှစ် လုံးမီးလောင်ပြာကျ
========
၈၊ နို၀င်ဘာ၊ ၂၀၂၄
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုသားကာကွယ်ရေး တပ်ဖွဲ့ (CNDF)နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့ နို၀င်ဘာ ၈ရက်နေ့မှာ မနက်ပိုင်းကစပြီး ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

" တိုက်ပွဲက မနက်ပိုင်း ၁၀ နာရီကနေ ညနေ ၄နာရီအထိ ဆက်ဖြစ်နေတယ်။ ညနေပိုင်းမှာစကစ က လက်နက်ကြီးတွေ နဲ့ ပစ်တော့ အိမ်တွေထိတာ။ နှစ်အိမ် မီးလောင်တယ်၊ အဲဒီအိမ်တွေက ဓာတ်ဆီ ရောင်းကြတာဆိုတော့ ပြာကျသွားတာပေါ့။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်ဘက် အပြင်းအထန် ပစ်ခတ်မှုတွေကြောင့် မီးငြိမ်းဖို့ ဘယ်သူ့မှ ထွက်မလာရဲကြဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက်ကစပြီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

Helen

Zalen

08 Nov, 03:40


နိုဝင်ဘာလပထမအပတ် ထန်တလန်မြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးနဲ့ ရဲတစ်ပွင့်ဗိုလ်တို့အပါအဝင် စစ်ကောင်စီ ၁၀ ဦးထက်မနည်းရှင်းလင်းနိုင်ခဲ့
==========
၈၊ နိုဝင်ဘာလ၊ ၂၀၂၄
Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား နိုင်ဝင်ဘာလ ပထမအပတ်အတွင်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးနဲ့ ရဲ တစ်ပွင့်ဗိုလ်တို့အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးခဲ့တယ်လို့ CNF/A ပြောခွင့်ရ ဆလိုင်း ထက်နီထံကသိရပါတယ်။


“ကျွန်တော်တို့ပြောထားတဲ့အတိုင်း ဒီစစ်ဆင်ရေးကိုကျွန်တော်တို့ဆက်လက်ဖော်ဆောင်နေတယ်။ ကျွန်တော် တို့လည်းပြန်လည်အားဖြည့်ထားပြီးတော့ စစ်ဆင်ရေးတွေဆက်လုပ်နေတယ်။ စစ်ကောင်စီဘက်က အင်အား ဖြည့်လာပေမယ့် ထင်ထားသလောက်တော့ မဟုတ်ဘူး။ကြည့်ရတာသူတို့မှာ တိုက်ပွဲအတွေ့အကြုံသိပ်မရှိသေး ဘူး။ ဒီရက်ပိုင်းတိုက်ပွဲတွေမှာကျွန်တော်တို့အတည်ပြုနိုင်တာ စစ်ကောင်စီဘက်သေဆုံးသူ ၁၀ ဦးကျော်တယ်။ တကယ်တမ်းမှာဒီထက်လည်းပိုများနိုင်တယ်။”လို့ ဆလိုင်းထက်နီက Zalen ကိုပြောပါတယ်။


ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဟာ ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကို မရပ်မနား ဆက်လက်ဖော်ဆောင်လျက် ရှိရာ နိုဝင်ဘာလ ၃ ရက်၊ ၅ ရက်၊ ၆ ရက် နဲ့ ၇ ရက် တို့မှာမြို့တွင်းတိုက်ပွဲတွေဖြစ်ခဲ့တာပါ။


နိုဝင်ဘာလ ၃ ရက်စစ်ဆင်ရေးအဖြစ် ထန်တလန်မြို့ NLD ရုံးမှာတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတွေကို လက်ဖြောင့်သမားများက သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး ကိုရှင်းလင်းနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။


အလားတူ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထန်တလန်မြို့တွင်း တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ချင်းပြည် ကောင်စီတပ်ဖွဲ့ဝင်တွေကြား အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တစ်ပွင့်ဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။နိုဝင်ဘာလ ၆ ရက်နေ့မှာလည်း အသေးစားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင် မနေ့နိုဝင်ဘာလ ၇ ရက်နေ့မှာ ထန်တလန်မြို့ထဲကနေ NLD ရုံးဘက်ကို သွားရောက်ပူးပေါင်းဖို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို လမ်းခုလတ်တစ်နေရာမှာ ချုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွားပြီးတော့ အဆိုပါ အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သယ်သွားကြတယ်လို့သိရပါတယ်။


ယခုရက်ပိုင်းတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိသလို ဟားခါး ဘက်ကနေလည်း လက်နက်ကြီးပစ်ကူပေးခဲ့ပေမယ့် ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံးသူမရှိပဲ ၃ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


လက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထန်တလန်မြို့ပေါ်က ရဲစခန်း၊ NLD ရုံးနဲ့ ဒီစစ်ဆင်ရေးအစော ပိုင်းက ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ခဲ့တဲ့ ခလရ ၂၆၉ တပ်ကုန်းတွေက တပ်စွဲထားတယ်လို့သိရပါ တယ်။

သတင်း - Grace

Zalen

07 Nov, 13:11


မလေးရှားမှာ တိုက်ခန်းတစ်ခုဝင်စီးခံရပြီး ချင်းလူမျိုး အယောက် ၂၀ အပါအဝင်နိုင်ငံခြားသား အယောက် ၇၀ ကျော်ဖမ်းဆီးခံရ
==========
၇၊နိုဝင်ဘာလ၊၂၀၂၄
Zalen

မလေးရှားနိုင်ငံ၊ကွာလလမ်ပူရ်မြို့၊ ဘူကစ်ဘင်တန် ( Kuala Lumpur,Bukit Bintang) မှာရှိတဲ့ ၆ လွှာတိုက်ခန်း တစ်ခုကို မနေ့နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာမလေးရှားအစိုးရတာဝန်ရှိသူတွေဝင်စီးလို့ ချင်း လူမျိုးအယောက် ၂၀ အပါအဝင် နိုင်ငံခြားသား အယောက် ၇၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။


အဆိုပါတိုက်ခန်းကို မြန်မာနိုင်ငံထဲက တိုင်းရင်းသားပေါင်းစုံကလူတွေ အပြင်ဘင်္ဂလားဒေရှ့် ဘက်ကလူတွေ အဓိက နေထိုင်ကြတာဖြစ်ပြီးတော့ တိုင်ကြားခံရတာကြောင့် အခုလိုဝင်စီးခံရတာလို့ မလေးရှားမှာနေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။


“အဲဒီတိုက်ခန်းထဲမှာ မူလရှိထားတဲ့အခန်းတွေ ကိုပြန်ခွဲပြီးတော့ အခန်းဌားစားတဲ့သူတွေ ရှိတဲ့အပြင် တိုက်ခန်း ရဲ့ အောက်ဘက်မှာ ညစ်ပတ်လွန်းတာကြောင့် တိုင်ကြတာ။ မနေ့ကဝင်စီးတော့ အထဲမှာနေထိုင်သူတွေထဲ ချင်းလူမျိုးအယောက် ၂၀ အပါအဝင် ၇၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်။”လို့ ဖမ်းဆီးခံသူများနဲ့ နီးစပ်သူတစ်ဦးက Zalen ကိုပြောပါတယ်။


အဆိုပါတိုက်ခန်းကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၊ စည်ပင် နဲ့ မလေးရှားရဲ့တို့ပူးပေါင်းပြီးတော့ ဝင်စီးတာ ဖြစ်ပါတယ်။ ဝင်စီးတဲ့အချိန်မှာ လူပေါင်း ၁၅၀ ကျော်ဖမ်းစီးခံခဲ့ရပေမယ့် တစ်ချို့ကိုပြန်လွှတ်ပေးပြီးတော့ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် အယောက် ၇၀ ကျော်ကိုတော့ ခေါ်ဆောင်သွားကြတယ် လို့သိရပါတယ်။


တိုက်ခန်းဝင်စီးခြင်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများအနေနဲ့လည်း သူတို့ဌားရမ်းထားတဲ့ တိုက်ခန်းခ အပြင် အခုတစ်ခါနေရာအသစ်မှာ ပြန်ဌားနေရတာကြောင့်အခက်အခဲတွေကြုံတွေ့နေရပါတယ်။


“ဒီမှာတိုက်ခန်းဌားမယ်ဆို ငွေကြိုသွင်းရတယ်။ ကျွန်တော်တို့သွင်းပြီးသားငွေကို အိမ်ပိုင်ရှင်တွေက လုံးဝ ပြန်မအမ်းပေးဘူး။ကျွန်တော်တို့ပေးထားတဲ့ ငွေတွေအကုန်လုံးမဟုတ်ဘဲအနည်းငယ်ပြန်ပေးဖို့ပြောပေမယ့် လုံးဝ ပြန်မပေးတော့ အခုတိုက်ခန်းသစ်တွေပြန်ဌားထားလို့ ငွေရေးကြေးရေးမှာလည်းအခက်အခဲကြုံနေရ တယ်။” လို့ဖမ်းဆီးခံတဲ့ချိန်ပြန်လွတ်သွားတဲ့သူက ပြောပါတယ်။


မလေးရှား တာဝန်ရှိသူများဟာ အဆိုပါတိုက်ခန်းကိုဝင်စီးပြီးနောက် မူလရှိထားတဲ့ အခန်းကနေ ပြန်ခွဲလိုက်တဲ့ အခန်းတွေကို ဖျက်ဆီးပစ်လိုက်တယ်။အဆိုပါတိုက်ခန်းထဲမှာ လူပေါင်း ၆၀၀ ကျော်နေထိုင်တာဖြစ်ပြီးတော့ ဝင်စီးခြင်းခံရတဲ့အချိန်ဟာ အလုပ်ထွက်လုပ်တဲ့အချိန်ဖြစ်တာကြောင့် ဖမ်းဆီးခံရသူနည်းသွားတာဖြစ်ပါတယ်။


အခုလိုဖမ်းစီးခံရတဲ့သူများကို တရားရုံးကအမိန့်မချခင် ပြန်ရွေးမယ်ဆိုရင် ငွေအများကြီးပုံပေးရမှာဖြစ်ပြီးတော့ ပြန်မရွေးတဲ့လူတွေကိုတော့အမိန့်ချပြီးနောက် အချုပ်ထဲထည့်ပြီး ကိုယ်လာတဲ့နိုင်ငံကို ပြန်အပို့ခံရမယ်လို့သိရ ပါတယ်။


သတင်း - Grace

Zalen

07 Nov, 12:57


https://www.youtube.com/watch?v=FIzGMCbJ-0I

Zalen

07 Nov, 08:18


ကလေးကဘော်ဒေသ လိုင်းရော်(န်)နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ (LBA)အတွင်း ဘုရားကျောင်း ၁၉ ကျောင်း ဖျက်ဆီး မီးရှို့ဖျက်ခံရပြီး လူ ၁၀၀ နီးပါးသေဆုံးဟုဆို
================
နိုဝင်ဘာလ ၇၊ ၂၀၂၄။
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်အခြေစိုက်တဲ့ လိုင်းရော်(န်)နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ (LBA)အတွင်း စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ဘုရားကျောင်း ၁၉ ကျောင်း ဖျက်ဆီး မီးရှို့ဖျက်ခံရပြီး လူ ၉၇ ဦးသေဆုံးတယ်လို့ ၎င်းတို့စာရင်းပြုစုထားချက်အရသိရပါတယ်။
ဒါ့ပြင် ဒဏ်ရာရရှိသူ ၇၃ ဦး၊ ထောင်ချခံရသူ ၂၆ ဦး၊ အိမ်ပျက်စီးမှု ၁၂၃ လုံး၊ အိမ်မီးရှို့ခံရမှု ၅၄၁ လုံးရှိတယ်လို့ သိရတယ်။
ဆက်လက်ပြီး ဘာသာရေးနဲ့ဆက်စပ်တဲ့ အဆောက်အအုံမီးလောင်မှု၄ လုံး၊ ပျက်စီးမှု ၁၂ လုံးရှိတယ်လို့လည်းသိရတယ်။
လိုင်းရော်(န်)နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့တွင် အသင်းတော် ၆၇ ပါးရှိပါတယ်။
တာဝန်ရှိသူတစ်ဦးက “အချက်အလက်ကောက်တဲ့ခါမှာ အသင်းတော်အားလုံးနီးပါး ခံစားခဲ့တယ်။ အားလုံးကတော့ စစ်ဘေးဒဏ်ခံစားနေကြတယ်။” လို့ပြောပါတယ်။
သတင်း - HP

Zalen

07 Nov, 04:24


မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးနဲ့ဒေသခံနှစ်ဦးတို့ထံကနေ ရူပီး သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူနဲ့ ကွမ်းသီးခြောက်များဖမ်းဆီးရမိ
===============
၇ ၊ နိုဝင်ဘာလ ၊၂၀၂၄
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်ထဲမှာ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် ဒေသခံနှစ်ဦးတို့ထံကနေ ဘိန်းဖြူ နဲ့ တရားမဝင်သယ်ဆောင်လာတဲ့ ကွမ်းသီးခြောက် အများအပြားဖမ်းဆီးခဲ့ပါ တယ်။


မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာန၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်များဟာ ကျန်ဖိုင်ခရိုင် ဇိုသဲရွာ (Zote) နဲ့ မွှန်မှဲလ်ထာရွာ (Hmunhmeltha) တို့မှာစစ်ဆေးမှုပြုလုပ်ခဲ့ပြီးအဆိုပါ တရားမဝင် သယ်ဆောင်တဲ့ အရာတွေကိုဖမ်းဆီးခဲ့တာပါ။


ဘိန်းဖြူသယ်ဆောင်လာသူတွေထဲမှာ မြန်မာနိုင်ငံ၊ ဘုလ်ဖက်ကျေးရွာ (Bulfek) ဒေသခံဖြစ်တဲ့ နန်းခေါ်ခုပ် ( Nangkhawhkhup) အသက် ၃၀ ပါဝင်ပြီးသူ့ဆီကနေ အလေးချိန်အားဖြင့် ၆၃.၇၀၀ ဂရမ်အလေးချိန်ရှိပြီး နိုင်ငံ တကာပေါက်စျေး ရူပီး ၄၄.၉၉ သိန်း တန်ဖိုးရှိတဲ့ဘိန်းဖြူတွေကိုဖမ်းဆီးခဲ့တာပါ။


အလားတူ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာနေထိုင်ကြတဲ့ ရွတ်ဖဲလ်လာ ( Ruatfela) အသက် ၃၆ နှစ် နဲ့ အဲလ်တီ ရှမ်မာ (LT Siama) အသက် ၃၉ နှစ်တို့ထံကနေ အလေးချိန် ၆၄ ဂရမ်နဲ့ နိုင်ငံတကာပေါက်စျေး ၄၅.၁၅ သိန်းတန်ဖိုး ရှိဘိန်းဖြူတွေအပြင် ကွမ်းသီးခြောက် အိတ်ပေါင်း ၃၀ ကာလပေါက်စျေး ရူပီး ၁၁.၉၇ သိန်းတန်ဖိုးရှိတာကို ဖမ်းဆီးခဲ့ပါတယ်။


မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာန၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်များက နိုဝင်ဘာလ ၅ ရက်နေ့ အတွင်းနှစ်နေရာမှာဖမ်းဆီးထားတဲ့ ဘိန်းဖြူနဲ့ ကွမ်းသီးခြောက်အားလုံးဟာ ရူပီး ၁၀၂ သိန်း တန်ဖိုးရှိပါတယ်။


အခုလိုဖမ်းဆီးထားတဲ့ ဘိန်းဖြူများကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ထိန်းသိမ်းထားသလို ကွမ်းသီးခြောက်တွေကို အကောက်ခွန်ဌာနက ထိန်းသိမ်းထားပြီးတော့ ဥပဒေအတိုင်းအရေးယူမှုတွေ ဆောင်ရွက် သွားမယ်လို့သိရပါတယ်။


အိန္ဒိယနိုင်ငံရဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau of Investigation – CBI) က မြန်မာနိုင်ငံကနေ မီဇိုရမ်ဘက်ကိုတရားမဝင်ကွမ်းသီးခြောက်များဝင်ရောက်မှုကိုအကြောင်းပြပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကနေစပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ နယ်စပ်ဂိတ်ကို ၃ လ ကျော်ကြာ ပိတ်ပစ် ခဲ့ပါတယ်။


သတင်း - Grace

Zalen

07 Nov, 03:42


ရှုံးပွဲကြုံတွေ့နေကြတဲ့ ဗီလာ၊အာဆင်နယ် တို့နဲ့ ချန်ပီယံပွဲစဉ် ၄ ရလဒ်များ
==============

၇ ၊ နို၀င်ဘာ ၊၂၀၂၄
Zalen

မနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲစဉ်၄ ရဲ့ လက်ကျန်ပွဲစဉ်‌ တွေမှာပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အက် စတွန်ဗီလာ၊အာဆင်နယ်အသင်းတို့က ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။

အက်စတွန်ဗီလာအသင်းဟာကလပ်ဘရုရဲ့အိမ်ကွင်းကိုသွားရောက်ကစားခဲ့ရာမှာ ၅၂မိနစ်မှာပေးခဲ့ရတဲ့ဗန်နာဂမ်ရဲ့ ပင်နယ်တီဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ဗီလာက နိုင်ပွဲ ဒါမှမဟုတ် သရေရလဒ်ရအောင်ထပ်မံရုန်းကန်ရအုံးမှာဖြစ်သ လိုတစ်မှတ် ရရုံနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းဖို့အလားလာကောင်းနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်းအဝေးကွင်းမှာ အင်တာမီလန်အသင်းကို တစ်ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာကြောင့်နောက်တစ်ဆင့် တက်ရဖို့ထပ်မံရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်။

ရှက်တာဒိုးနပ်အသင်းကလည်းအိမ်ကွင်းမှာ ယန်းဘွိုင်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆဲပတ်လ်အသင်းကတော့ဖီရင်နော့ရ်အသင်းကိုအ ဝေးကွင်းမှာ ၁-၃ ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

ဖလစ်ရဲ့ဘာစီလိုနာအသင်းကတော့ရက်စတားအသင်းရဲ့အိမ်ကွင်းမှာ ၅-၂ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ မာတီနက်၊လီ၀န်ဒေါ့စကီး၊ရာဖင်ဟာ၊လိုဗက်တို့ကဘာစီလိုနာအတွက် ဂိုးတွေသွင်းယူပေးခဲ့ကြပြီး ဒီနိုင်ပွဲကြောင့်ဘာစီက နောက်တဆင့်တက်ဖို့ အလားအလာကောင်းမွန်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ အိမ်ကွင်းမှာအက်သလက်တီကိုအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ထပ် ရုန်းကန်ဖို့ရှိနေသလို ချန်ပီယံလိဂ်နိုင်ပွဲတစ်ပွဲသာရရှိသေးတာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းအတွက် မိုလီနာ၊ကော်ရီယာတို့ကဂိုးသွင်းယူခဲ့ကြပြီး ရှုံးပွဲနှစ်ပွဲအထိရှိနေတဲ့ဆီမြွန်နီရဲ့သီကိုဟာ နောက်တဆင့်တက်ရေးကို ထပ်မံရုန်းကန်ရအုံးမှာဖြစ်ပါတယ်။

စပတ်တာအသင်းကတော့ ပရက်အသင်းကိုအိမ်ကွင်းမှာလက်ခံကစားပြီး ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့သလိုစတားဂရက်ကလည်းအိမ်ကွင်းမှာ အတ္တလန္တာအသင်းကို နှစ်ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့အိမ်ကွင်းမှာဘင်ဖီကာအသင်းကို မူစီရယ်လာရဲ့တစ်လုံးတည်း‌ သောဂိုးဖြင့်ကျဉ်းမြောင်းတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်လေး အပြီးမှာ လီဗာဗူးလ်ကရှုံးပွဲမရှိ နဲ့ ဇယားထိပ်ကနေဆက်လက်ဦး ဆောင်နေပြီး စပိုးတင်း၊မိုနာကို၊ပရက်စ်၊အင်တာ၊ဘာစီလိုနာ၊ဒေါ့မွန်၊အက်စတွန်ဗီလာ၊အတ္တလန္တာတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

ဂိုးသွင်းအများဆုံးစာရင်းထဲမှာတော့ ရာဖင်ဟာ၊ဒေါ့စကီး၊ဂျိုဂီရီစ်၊ဟာရီကိန်းတို့က ၅ ဂိုးစီနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက်ချန်ပီယံလိဂ်ပွဲစဉ်အကောင်းဆုံးကစားသမားတွေထဲမှာ ဂျိုကီရီစ်၊ဒိုင်ယာ့စ်၊ကိုနာတေး၊နီကိုလပ်စ်ရဲရစ်ခုမ် တို့ကစကာတင်စာရင်းမှာ ပါ၀င်နေတာဖြစ်ပါတယ်။

နောက်ထပ်အုပ်စုပွဲစဉ်တွေကို နို၀င်ဘာလ ၂၈နှင့် ၂၉ ရက်နေ့မှာထပ်မံကစားကြမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့ ဇန္နဝါရီလမှာ ပြီးဆုံးသွားမှာဖြစ်ပါတယ်။


သတင်း - သုတ

Zalen

28 Oct, 14:02


စစ်ကောင်စီပစ်ခတ်တဲ့ကျည်ကြောင့် ဖလမ်းမြို့က ကျောင်းဆရာမတစ်ဦးသေဆုံး
============
အောက်တိုဘာ ၂၈၊ ၂၀၂၄။
Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာနေထိုင်တဲ့ ကျောင်း ဆရာမ တစ်ဦးဟာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တဲ့ သေနတ်ကျည်ဆံကထိလို့ ဒီနေ့မှာ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။
အသက် ၃၈ နှစ်အရွယ် မူလွန် ၃ က ကျောင်းဆရာမ Van Cer Cin ဟာ ၎င်းနေအိမ်ထဲမှာနေစဉ် စစ်ကောင်စီရဲ့ ကျည်ထိမှန်ပြီး ဆေးရုံသို့ပို့ဆောင်ပေမယ့် သေဆုံးသွားတယ်လို့သိရတယ်။
CNO/CNDF တာဝန်ရှိသူတစ်ဦးက “ဒီနေ့ တိုက်ပွဲမရှိပါဘူး။ သူတို့ (စစ်ကောင်စီ)ဘာသာ ရမ်းသမ်းပစ်ခတ်တာပါ” လို့ပြောပါတယ်။
ဖလမ်းမြို့ထဲအဓိကအသုံးပြုတဲ့ ဝိုင်ဖိုင်လိုင်းကိုလည်း စစ်ကောင်စီက ပိတ်ဖို့ ကြိုးစားနေတယ်လို့သိရတယ်။
သတင်း-HP

Zalen

28 Oct, 13:23


https://tinyurl.com/ya64td68

Zalen

28 Oct, 12:33


https://www.youtube.com/watch?v=tdtLCkysVj8&t=28s

Zalen

28 Oct, 12:08


ကလေးမြို့မှာ သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိ
==========
၂၈၊ အောက်တိုဘာ၊ ၂၀၂၄
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊တောင်ဇလပ်ရပ်ကွက်မှာ သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က တောင်ဇလပ်ရပ် ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းမှာ ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံမှာ ဘိန်းဖြူရောင်းချခိုင်းသူ မျိုးကိုဦးနဲ့ မဆန်ချင်းတိလ်တို့ နှစ်ဦးကို ဆပ်ပြာခွက် ၆၆၀ ခွက်ထဲက ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဘိန်းဖြူ ၈ ဒသမ ၆ ကီလို စုစုပေါင်း ဖမ်းမိခဲ့ပြီး ကာလတန်ဖိုး သိန်းပေါင်း ၄,၃၀၀ ရှိတယ်လို့ သိရပါတယ်။

ဘိန်းဖြူတွေကို ဖိုးကျော် (ခ)ကျော်ကျော် (ခ)မော်သင်း၊ သူရဲ့ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့ရဲ့ အစီအစဥ်နဲ့ မိတ္တူကူးစက် အဟောင်းတွေအတွင်း သိုဝှက်ပြီး မန္တလေးမှ ကလေးမြို့ကို သယ်ဆောင်ရောင်းဝယ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူဆတွကို စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။


အမှုမှာ ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Helen

Zalen

28 Oct, 09:31


https://tinyurl.com/3vw7k72c

Zalen

28 Oct, 05:39


တမူးမြို့နယ် တိုက်ပွဲမှာ သေဆုံးတဲ့ ကသည်းလက်နက်ကိုင်(၃) လောင်း ‌နဲ့ အရှင်ဖမ်းမိတစ်ဦးကို အိန္ဒိယအစိုးရထံလွဲပြောင်းပေး
==============
၂၈၊ အောက်တိုဘာ ၂၀၂၄
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တိုက်ပွဲမှာ သေဆုံးသွားတဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့ အလောင်း (၃) လောင်းနဲ့ အရှင်ဖမ်းမိတဲ့ စစ်သုန့်ပန်း တစ်ဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG ) မှ အိန္ဒိယ အစိုးရထံ အောက်တိုဘာ ၂၄ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်တစ်နေရာမှာ လွဲပြောင်းပေးလိုက်တယ်လို့ သတင်း အရင်းမြစ် တစ်ခုကပြောပါတယ်။

အောက်တိုဘာ ၂၃ရက်နေ့က တမူးမြို့နယ် နမွန်းတား ကျေးရွာတိုက်ပွဲ အတွင်း ကျဆုံးသွားသော ကသည်းလက်နက်ကိုင်များဟာ (PLA) ခေါင်းဆောင် Oinam Gulu ဟုခေါ်သော Babu၊ Wahengbam Saratkumar alias Sopaiba, PREPAK-PRO ၏ကပ္ပတိန်; PREPAK-PRO Lance တပ်ကြပ် Nongmaithem Bonisana alias Nongdol တို့ဖြစ်လို့ Northeast သတင်းများတွင်ဖော်ပြချက်ထားပါတယ်။

" သေဆုံးသွားတဲ့ ကသည်းအလောင်းနဲ့ အရှင်တစ်ဦးကို ၂၄ရက်နေ့က အိန္ဒိယ အစိုးထံလွဲပြောင်းပေးလိုက်တာပါ။ NUG ဝန်ကြီးဌာန နဲ့ အိန္ဒိယ အစိုးရ ချိတ်ဆက်ပြီး နှစ်ဘက် လက်ကိုင်တွေကနေတဆင့်လွဲပြောင်းပေးတာပါ" လို့ တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင်များဟာ အောက်တိုဘာလ ၂၃ရက်နေ့ နမွန်းတား တံတားအနီး တိုက်ပွဲမှာ တမူးခရိုင်အမှတ်(၁) တပ်ရင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်မှုမှာ သေဆုံးသွားတာဖြစ်ပြီး မဏိပူရ် ကသည်းမီဒီယာတွေ စွပ်စွဲထားသလို အိန္ဒိယ၊ မဏိပူရ်နယ်အတွင်းမှာ ဖြစ်ပွားတာ မဟုတ်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကလည်း ပြောပါတယ်။

သတင်း - စနေသား

Zalen

28 Oct, 04:13


‌ရှူံးပွဲကြုံနေရတဲ့စပါး၊မန်ယူ၊သ‌ ရေရလဒ်ထွက်ပေါ်ခဲ့တဲ့လီဗာဗူးလ်နဲ့အာဆင်နယ်တို့အပါအ ၀င်ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ပွဲပြီးရလဒ်များ
=============

၂၈၊အောက်တိုဘာ၊၂၀၂၄
Zalen

မနေ့ညကပရီးမီးယားလိဂ် ပွဲစဉ် ၉ လက်ကျန်ပွဲစဉ်တွေကိုထပ်မံကစားကြရာမှာ စပါး၊မန်ယူအသင်းတို့ကတော့ အဝေးကွင်းပွဲစဉ်တွေမှာ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။

စပါးအသင်းကတော့ ခရစ္စတာပဲ့လေ့ချ်ရဲ့အိမ်ကွင်းကိုသွားရောက်ကစားခဲ့ရာမှာ တစ်ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး ပဲလေ့ခ်ျအတွက်အနိုင်ဂိုးကိုတော့မာတီတာက ပွဲချိန် ၃၁ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကိုလက်ခံကစားရာမှာ ၂-၁ ဂိုးနဲ့အနိုင်ရရှိပြီး ချဲလ်ဆီးအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၁၈ မိနစ်မှာ နီကိုလတ်ဂျက်ဆင်၊ပွဲချိန် ၄၇မိနစ်မှာ ကိုးလ်ပါမားတို့ကသွင်းယူပေးခဲ့ပါတယ်။

နယူးကာဆယ်အတွက်ချေပဂိုးကို အိဇက်က ၃၂မိနစ်မှာ ပြန်လည်သွင်းယူခဲ့ပေမယ့် ကိုးလ်ပါမားရဲ့ နောက်ကျအနိုင်ဂိုးကြောင့်ချဲလ်ဆီးအသင်းက အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ယူအသင်းကလည်း ၀က်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ကစားရာမှာ ၂-၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နည်းပြ၊ကစားသမားတွေအတွက်ကတော့ဖိအားတွေဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ပထမပိုင်းမှာအပိုင်အခွင့်အရေး ၄ ကြိမ်ထက်မနည်းရခဲ့တဲ့မန်ယူအသင်းကတော့ဒုတိယပိုင်းအစမှာ ပွဲအထနေးပြီး ၀က်စ်ဟမ်းအသင်းရဲ့လူစား၀င်ကစားသမား ဆမ်မာဗီလ်ကပွဲချိန် ၇၄ မိနစ်မှာဦးဆောင်ဂိုးသွင်ယူခဲ့ပြီး ၈၁ မိနစ်အရောက်မှာ ကစ်မီးရိုးကချေပဂိုပြန်သွင်းခဲ့ပါတယ်။

၀က်စ်ဟမ်းအတွက်အနိုင်ဂိုးကိုတော့ အချိန်ပို ၉၂ မိနစ်မှာပင်နယ်တီကနေတဆင့် ဘို၀င်ကသွင်းယူပေးခဲ့ပြီးဒီပင်နယ်တီက‌ တော့အငြင်း ပွားစရာ ဆုံးဖြတ်ချက် ဖြစ်ခဲ့ရပါတယ်။

ဝေဖန်မှုတွေဆက်တိုက်ခံနေရတဲ့ တန်ဟတ်ကတော့ ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီး ၃ ပွဲနိုင်၊ ၂ ပွဲသရေ ၊ ၃ပွဲရှုံး ရမှတ် ၁၁မှတ် နဲ့အဆင့် ၁၄မှာရပ်တည်နေသလို နောက်ဆုံး၈ ပွဲမှာ တစ် ပွဲသာအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်တာ ပရီးမီးယားလိဂ် ၉ပွဲမှာ ၈ပွဲအထိ ရှိထားပြီး အပိုင်အခွင့်အရေးတွေ ဖြုန်းတီးမှု့မှာ အများဆုံးနဲ့ ၂၂ကြိမ်အထိရှိပါတယ်။

ဆက်လက်ပြီး ပွဲစဉ် ၉ ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့လီဗာဗူးလ်နဲ့အာဆင်နယ်တို့ပွဲစဉ်မှာတော့ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အာဆင်နယ်အတွက်ပွဲချိန် ၉မိနစ်မှာဆာကာကဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲချန် ၁၈မိနစ်မှာလီဗာဗူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ၄၃ မိနစ်အရောက်မှာ မီခေးမီရီနိုကဦးဆောင် ဂိုးထပ်မံပြန်သွင်းပြီးပထမပိုင်းကို၂-၁နဲ့အာဆင်နယ်ကဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန် ၅၄ မိနစ်အရောက်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကဒဏ်ရာရရှိခဲ့သလို ၇၆မိနသ်မှာလည်း တင်ဘာကဒဏ်ရာထပ်မံရခဲ့ပြီး လီဗာဗူးလ်အတွက်ချေပဂိုးကို ဆာလက်က ၈၁မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူ ပေးခဲ့ပါတယ်။

သတင်း-ယောနေ

Zalen

28 Oct, 02:40


https://tinyurl.com/24dty9ky

Zalen

27 Oct, 08:11


https://tinyurl.com/224meem2

Zalen

27 Oct, 06:43


ရှုံးပွဲမရှိသေးတဲ့ဘာနေဗျူးးကမက်ဒရစ်သားတွေ အယ်လ်ကလက်စီကိုညမှာဘာဆာသားတွေနဲ့အတွေ့အိမ်မက်ဆိုး‌မက်ခဲ့ရပြီ
==============

၂၇၊အောက်တိုဘာ၊၂၀၂၄
Zalen

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါထိပ်သီး ရီးရဲယ်မက်ဒရစ်နဲ့ဘာစီလိုနာအသင်းတို့ရဲ့အက်လ်ကလက်စီကိုပွဲမှာ လာလီဂါပြိုင်ပွဲရှုံးပွဲမရှိသေးတဲ့ရီးရဲယ်အသင်းကရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲမှာ အန်ဆယ်လောတီရဲ့ရီးရဲယ်က ၄-၄-၂ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ဟန်ဆီဖလစ်ရဲ့ ဘာကာအသင်းကတော့ ၄-၂-၃-၁ ပုံစံနဲ့ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန်ပထမပိုင်းအပြီးမှာ နှစ်ဖက်သွင်းဂိုးတွေမရဘဲ ဒုတိယပိုင်းပြန်လည်စတင်ပြီး ပွဲချိန် ၅၄ နဲ့ ၅၆ မိနစ်အရောက်မှာ ရော်ဘက်လီ၀န်ဒေါ့စကီးက နှစ်ဂိုးသွင်းယူပြီး ပွဲချိန် ၇၇မိနစ်မှာ ယာမဲ၊ ပွဲချိန် ၈၄မိနစ်မှာ အသင်းခေါင်းဆောင်ရာဖင်ဟာတို့က တစ်ဂိုးစီသွင်းယူပြီး ၄-၀နဲ့အနိုင် ရခဲ့တာဖြစ်ပါတယ်။

နည်းပြဟန်ဆီဖလစ်ကပွဲချိန် ၄၆ မိနစ်မှာ ကွင်းလယ်ကစားသမားလိုပက်ကိုထုတ်ပြီးဒီဂျောင်းကိုလူစား၀င်ကစားစေခဲ့တာဟာ မှန်ကန် တဲ့ပြောင်းလဲမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အန်ဆယ်လောတီရဲ့ဘာနေဗျူးသားတွေက တော့ ဖလစ်ရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ အမ်ပက်ပီ တစ်ဦးတည်း ၆ ခါလောက်လူကျွံနေခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ ဘာဆာသားတွေရဲ့အဆုံးသတ်တိကျမှု တွေက ချီးကျူးစရာဖြစ်ခဲ့ပြီး ပက်ပီ၊ဗီနီစီယာ့တို့ရဲ့အပိုင်အခွင်ဘအရေးလွဲချော်မှုတွေဟာပရိတ်သတ်တွေက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အယ်လ်ကလက်စီကိုမှာနိုင်ပွဲပျောက်ဆုံးနေတဲ့ရီးရဲယ်ဟာ လာလီဂါဒုတိယနေရာမှာ ထိပ်ဆုံးကဘာစီလိုနာနဲ့ ၆ မှတ်အထိ အမှတ် ကွာဟ သွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ရီးရဲယ်မက်ဒရစ်အသင်းတို့က တော့၂၀၁၀ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၅၄ ပွဲအထိရှိခဲ့ပြီး အဆိုပါထိပ်တိုက်တွေ့ဆုံမှုမှာသွင်းဂိုး ၁၈၁ဂိုးအထိရှိခဲ့ပါတယ်။

အဲဒီပွဲမှာတော့ ရီးရဲယ်မက်ဒရစ်က ၂၃ ပွဲနိုင်၊၁၀ပွဲသရေ ၊၂၁ပွဲအထိ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

‌နောက်ထပ်တွေ့ဆုံမယ့်လာလီဂါ ဒုတိယအကျောပွဲစဉ်ကိုတော့လာမယ့် ၂၀၂၅ ခုနှစ် ၊မေလ ၁၁ရက် (တနဂ်နွေနေ့ည ၉:၃၀ အချိန်) မှာရီးရဲယ်မက်ဒရစ်က ဘာစီလိုနာရဲ့အိမ်ကွင်းကိုသွားရောက်ကစားရမှာဖြစ်ပါတယ်။


သတင်း - သုတ

Zalen

27 Oct, 06:30


https://www.youtube.com/watch?v=duRMCG4Tmng

Zalen

27 Oct, 04:37


စပါယ်ရှယ်အချိနိပိုမိနစ်သွင်းဂိုးတွေနဲ့ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရလဒ်များ
==============

၂၇၊အောက်တိုဘာ၊၂၀၂၄
Zalen

မနေ့ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပထမပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ဘုန်းမောက်၊ ဘရန့်ဖိုဒ့်နဲ့အက်ဇွတ်ဝုဝ်၊ဘရိုက်တန်နဲ့ဝုဗ်ဗာဟတန်၊အဲဗာတန်နဲ့ ဖူဟမ်တို့ရဲ့ပွဲစဉ်မှာတော့ အချိန်ပို မိနစ်‌သွင်းဂိုးတွေ ကြောင့်ရမှတ်တွေရတဲ့အသင်းတွေရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းက ချန်ပီယံလိဂ်မှာလည်းပုံစံကောင်းတွေပြသပြီး ဇယားထိပ်ကနေဦးဆောင်နေသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃မှာ ရပ်တည်နေပါတယ်။

အမ်မရီရဲ့ဗီလာအသင်းကတော့ မနေ့ညက အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကိုလက်ခံကစားရာ ပွဲချိန် ၇၆မိနစ်မှာရိုစ့်ဘဂလေရဲ့သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့်အချိန်ပိုမိနစ်၉၆မိနစ်အရောက်မှာဘုန်ူမောက်ဘက်ကချေပဂိုပြန်သွင်း ခဲ့တာကြောင့်အမှတ်ခွဲပေးလိုက်ရပါတယ်။

အက်စတွန်ဗီလာအသင်းက တနဂ်နွေနေ့ညမှာ ကစားမယ့်အာဆင်နယ်နဲ့လီဗာဗူးလ်တို့ထိပ် တိုက် တွေ့ဆုံမယ့်ပွဲအတွက် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကလည်း အိမ်ကွင်းမှာ ဝုဗ်အသင်းကိုလက်ခံကစားပြီးပွဲချိန် ၈၆ မိနစ်အ ထိနှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့်ပွဲချိန်၈၈ မိနစ်နဲ့ အချိန်ပို ၉၃ မိနစ်မှာ ချေပဂိုးတွေပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။

အဲဗာတန်အသင်းကလည်းဖူဟမ်အသင်း ကိုအိမ်ကွင်းမှာလက်ခံကစားပြီး ဖူဟမ်အသင်းရဲ့ ၆၁ မိနစ်ဦးဆောင်သွင်းဂိုးကို အချိန်ပို ၉၄ မိနစ်အရောက်မှာချေပဂိုးသွင်းယူပြီး အမှတ်ပြန်ခွဲယူနိုင်ခဲ့ပါတယ်။

ဘရန့်ဖိုဒ့်အင်ူနဲ့အက်ဇွစ်ဝုအသင်းတို့ရဲ့ပွဲစဉ်မှာတော့ သွင်းဂိုတွေ အပြန်အလှန်နဲ့ နှစ်ဖက်သွင်းဂိုးပေါင်း၇ဂိုးထိရှိခဲ့ပြီး ၈၆မိနစ်အထိ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့်အချိန်ပို၉၆ မိနစ်မှာဘရိုင်ယန်ပီမို့က အနိုင်ဂိုးသွင်းယူပြီးဘရန့်ဖိုဒ့်အသင်းက ၃ မှတ် ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာဆောက်သမ်တန်အသင်းကို ဟာလန်းရဲ့အ‌စောပိုင်းမိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဇယားထိပ်မှာ ယာယီဦးဆောင်နေပါတယ်။

အားလင်းဟာလန်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ သွင်းဂိုး ၁၁ ဂိုးအထိသွင်းယူပြီး သွင်းဂိုးအများဆုံးကစားသမားအဖြင့်ဦး‌ ဆောင်နေပါတယ်။

လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့နယူးကာဆယ်၊ခရစ္စတာပဲ့‌ လေ့ချ်နဲ့စပါး၊၀က်စဟမ်းနဲ့မန်ယူ၊အာဆင်နယ်နဲ့လီဗာဗူးပွဲစဉ်‌ တွေကိုတော့အောက်တိုဘာလ ၂၇ ရက် (တနဂ်နွေနေ့)ညမှာဆက်လက်ကစားကြမှာဖြစ်ပါတယ်။

သတင်း - လောက

Zalen

27 Oct, 04:32


Max Holloway ကို ပထမဆုံးအကြိမ်အလဲထိုးပြီး ခါးပတ်ကာကွယ်သွားတဲ့ Ilia Topuria
=========
၂၇၊ အောက်တိုဘာလ၊ ၂၀၂၄
Zalen

အီလီယာ တိုပူးရီးယားက UFC ဖယ်သာဝိတ်တန်းက ဝါရင့်ဖိုက်တာကြီး မက်ဟောလိုဝေးကို တတိယအချီမှာ အလဲထိုးပြပြီးတော့ သူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားကာ ဟော်လိုဝေးကို ပထမဆုံးအကြိမ်အလဲထိုးသွားသူ အဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။


အသက် ၂၇ နှစ်အရွယ် တူပူးရီးယား က ဖယ်သာဝိတ်တန်းကို အချိန်အတော်ကြာ စိုးမိုးထားတဲ့ အလက်ဇန်းဒါး ဗိုကော်နောဗ့်စကီး ကိုအလဲထိုးပြီး ချန်ပီယံဖြစ်လာကာ အခုတစ်ခါနောက်ထပ် ဂန္တဝင်ဖိုက်တာကြီး၊ တစ်ခါမှအလဲထိုးခြင်းမခံဖူးသေးတဲ့သူကိုပါအမှောက်သိပ်ပြသွားတာ လက်ဖျားခါလောက်ပါတယ်။


ပွဲစစချင်းမှာ တူပူးရီးယားက ကွင်းလယ်မှာဆိုင်ထိုးဖို့ စိန်ခေါ်ခဲ့ပေမယ့် ဟော်လို့ဝေးက အကွာအဝေးကို ထိန်းဆော့ခဲ့ပါတယ်။ ဟောလိုဝေးက နင်းခြေတွေသုံးပြီးတင်ဆင့်ချင်းဆီဖဲ့စားသွားတာပါ။ တူပူးရီးယားက အောက်ခြေကန်ချက်တွေနဲ့ သူ့ရဲ့အားပါလွန်တဲ့ ဘယ်ညာဝိုက်လက်သီးတွေသုံးပေမယ့် ပထမအချီမှာတော့ သိပ်မကွာပါဘူး။


ဒုတိယအချီကိုလည်း နှစ်ယောက်သား ယှဉ်ထိုးလာကြပြီးတော့ ဟောလိုဝေးက ထိချက်အသာရသွားခဲ့တယ်။ ချန်ပီယံ ဆိုတဲ့အတိုင်း တူပူးရီးယားက စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ပြီးတော့ တတိယအချီအရောက်မှာ ဘယ်ဝိုက် လက်သီးနဲ့ ပြိုင်ဘက်ကို ကျအောက်ထိုးသတ်သွားခဲ့ပြီးတော့ မြေပြင်မှာအသာလေးခွထိုးကာ ဒိုင်ကပွဲကိုရပ်နား ခဲ့ပါတော့တယ်။


မနေ့ကထိုးသတ်သွားကြတဲ့ UFC 308 ပြိုင်ပွဲဟာ MMA စိတ်ဝင်စားတဲ့ ပရိတ်သတ်များကို ရသအစုံပေးသွား ပါတယ်။ ဘဝမှာရှုံးပွဲဆိုတဲ့အရသာကို မမြည်းဆန်းကြည့်သေးတဲ့ တူပူးရီးယား၊ ဟမ်းဇက် ချီမိုင်ယက်၊ လီရုန်းမာဖီ နဲ့ ရှာရာမာကူမေးဒဗ့်ကလည်း သူတို့ရဲ့ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းကြပါတယ်။


UFC 308 ပွဲမှာချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်တဲ့ တူပူးရီးယား၊ ရောဘတ် ဝိုက်တက်ကာ ကို ပထမအချီမှာ ချုပ်ပြသွားတဲ့ ဟမ်းဇက် နဲ့ မြင်ရခဲလှတဲ့ လက်ပြန်ရိုက်ချက်နဲ့ ပြိုင်ဘက်ကိုပွဲသိမ်းသွားတဲ့ ရှာရာ မာသူမေးဒဗ့် တို့က အပိုဆုကြေး (Performance of the night ) ဆုကိုအသီးသီးရရှိသွားခဲ့ကြပါတယ်။


သတင်း - Grace

Zalen

25 Oct, 14:51


ဒီညထိုးသတ်တဲ့ One Friday Fight 84 မှာမြန်မာဖိုက်တာ ဆွန်ရက်အနိုင်ရခဲ့ပေမယ့် အဲမွီရှုံးပွဲကြုံ
========
၂၅၊ အောက်တိုဘာလ၊ ၂၀၂၄
Zalen

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီညကျင်းပသွားတဲ့ One Friday Fight 84 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ နှစ်ဦး ပါဝင် ထိုးသတ်ခဲ့ရာ ဆွန်ရက် (Sonrak ) က အနိုင်ရရှိခဲ့ပေမယ့် အဲမွီ ( Eh Mwe ) ကရှုံးနိမ့်သွားပါတယ်။


ဆွန်ရက်က ထိုင်းနိုင်ငံသား ယူကီ ကာဆာဟာရာ ( Yuki Kasahara ) နဲ့ ထိုးသတ်ခဲ့ပြီးတော့ သုံးချီစလုံး အကြိတ်အနယ်ထိုးသတ်ပြီးနောက် ဒိုင်အမှတ်နဲ့အနိုင်ရရှိသွားတာပါ။


ပထမအချီပြီးခါနီးမှာ ဆွန်ရတ်ရဲ့ လျင်မြန်လွန်းတဲ့ လက်သီးထိပြီးတော့ ဂျပန်ဖိုက်တာလဲကျသွားကာ အမှတ် စဉ်ရေခံခဲ့ရပါတယ်။ ယူကီ ကာဆာဟာရာ ( Yuki Kasahara ) က ဂျပန်ဖိုက်တာတွေရဲ့ထုံးစံအတိုင်း ခြေကန်ချက်တွေ လက်သီးထိုးချက်တွေ တော်တော်ကောင်းပြီးတော့ မာဂုဏ်လည်းအသင့်အတင့်ရှိပါတယ်။


ဒါပေမယ့် ဆွန်ရက်က ပြိုင်ဘက်ကို ပါးပါးနပ်နပ်ကိုင်တွယ်သွားပြီးတော့ တံတောင်ရိုက်ချက်၊ လက်သီး နဲ့ ဝင်ပူးတဲ့အချိန် ဒူးတိုက်ချက်တွေဆက်တိုက်ထုတ်သုံးခဲ့တာကြောင်း တတိယအချီမှာ ဂျပန်ဖိုက်တာ နောက်တစ်ခါ အမှတ်စဉ်ရေခံရပြီးတော့ နောက်ဆုံး ဆွန်ရက်က အနိုင်ရရှိသွားတာပါ။


အဲမွီကတော့ ပြိုင်ဘက်ကို ခွာဆော့ခဲ့ပြီးတော့ လက်တံနဲ့ အရပ်ပိုရှည်တဲ့ ဆွစ်ဇလန်နိုင်ငံသား အိုမာကင်တက် ( Omar Kenteh ) က အသာစီးယူသွားခဲ့ပါတယ်။ ဒုတိယအချီလောက်ကနေစပြီး ပြိုင်ဘက်က တံတောင် ရိုက်ချက်တွေကို ဆင့်သုံးခဲ့ပြီး အဲမွီအထိနာသွားပါတယ်။ ဒီလိုနဲ့ တတိယအချီအထိ ယှဉ်ထိုးကြပြီးတော့ ဒိုင်အမှတ်နဲ့ အဲမွီရှုံးသွားပါတယ်။


ဆွန်ရက်က One Friday Fight မှာ ၈ ပွဲမြောက်ထိုးသတ်သွားတာဖြစ်ပြီးတော့ သူနောက်ဆုံးထိုးသတ်တဲ့ သုံးပွဲစလုံးကို အနိုင်ရရှိသွားပါတယ်။ အဲမွီက ပထမ ပွဲဦးထွက်မှာ ပြိုင်ဘက်ကိုအနိုင်ရတဲ့အပြင် အပို ဆုကြေးပါရရှိသွားပေမယ့် အခုတစ်ခါရှုံးနိမ့်သွားခြင်းဖြစ်ပါတယ်။


သတင်း - Grace

Zalen

25 Oct, 13:54


နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုအပါဝင် စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးသူ ၅၈၈၆ ဦးထိရှိလာ
========

အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄
Zalen

စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါဝင် သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးသူ ၅၈၈၆ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ဒီနေ့ အောက်တိုဘာလ ၂၅ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ အရပ်သားစုစုပေါင်း ၂၇၅၈၀ ဦးရှိပြီး အဲ့ဒီအထဲမှ ၂၁၀၃၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရတဲ့သူတွေထဲက ၉၄၇၇ ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ သိရပါတယ်။

အခုအရေအတွက်စာရင်းတွေဟာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာဖြစ်ပွားနေတဲ့အချက်အလက်တွေမှာ ယခုထက် ပိုမိုများပြားနိုင်ပါတယ်။အချက်အလက်တွေကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီရဲ့ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီး (၃၇) ဦး နဲ့ အမျိုးသား (၃၅) ဦး စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄) ဦး ပါဝင်ပြီး သေဆုံးသူ (၇၂) ဦးထဲက ရခိုင်ပြည်နယ်မှာ (၃၄) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၁၄) ဦးနဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ အင်အားပြင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဆယ်တန်းကျောင်းသူ မဂျူလိုင်စိုးနဲ့ ၎င်းရဲ့မိခင်ဖြစ်သူ ဒေါ်သန်းမြတို့ဟာ ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။ယ

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မောင်ကျော်ထက်နောင်၊ ဒေါ်ထူး၊ ဦးမြင့်လွင်နဲ့ မယဉ်ဖြိုးဝေတို့ဟာ ဆေးကုသမှု ခံယူနေစဉ် ညပိုင်းအချိန်မှာ ထပ်မံ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးမှု အများဆုံးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပါတယ်။

သတင်း - ခူမီး

Zalen

25 Oct, 13:24


ဖလမ်းမြို့မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
========

အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄။
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၅ရက်၊ မနက် ၉ နာရီအချိန် ဖလမ်းမြို့၊ အ.ထ.က ၁ ကျောင်းအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"စစ်ကောင်စီတွေဘက်က ပစ်တဲ့ လက်နက်ကြီးကျည် အမျိုးသမီးတစ်ဦး ခါးမှာကျည်ထိမှန်သွားတယ်။ အခုဆေးရုံမှာ တင်ထားရတယ်။"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီနေ့မနက် စစ်ကောင်စီက ဖလမ်းမြို့ အထက ၁ ကျောင်းဘက်မှာ နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးပြီး နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ CNDF တာဝန်ရှိသူတွေက ပြောပါတယ်။

"ကျွန်တော်တို့က အ.ထ.က ၁ ဘက်မှာ စစ်ကောင်စီနေရာယူတပ်စွဲလို့မရအောင် တားဆီးပစ်ခတ်တဲ့သဘောပါ။ နှစ်ဖက်ပစ်ခတ်တာ တစ်နာရီကျော်ကြတယ်။ ရာသီဥတုက အခြေနေက အရမ်းဆိုးတော့ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေနေမသိရဘူး။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး။"လို့ CNDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဖလမ်းမြို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေရှိတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့မှာ တိုက်ပွဲမရှိတာ ကြာပေမဲ့ စစ်ကောင်စီက ညဘက်မှာ ရံဖန်ရံခါ လက်နက်ကြီးကျည် ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်နဲ့ ၉ရက်နေ့ကလည်း ဖလမ်းမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီ လက်နက်ကြီးကျည်ပစ်ခတ်လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း - ခူမီး

Zalen

25 Oct, 12:41


https://www.youtube.com/watch?v=FdhaXl5jORE

Zalen

25 Oct, 12:00


မြောက်ခင်ရမ်းကပျူစောထီးများပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်လို့တောင်ခင်ရမ်းက အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရ
=============

၂၅၊အောက်တိုဘာ၊၂၀၂၄
Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာတွင်နေထိုင်နေကြတဲ့ ပျူစောထီးတပ်ဖွဲ့၀င်များက ဒီကနေ့ညနေ ၂ နရီခွဲ၀န်းကျင်မှာ တောင်ခင်ရမ်းရွာဘက်ကိုလက် နက်ကြီးတွေအကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါလက်နက်ကြီးထိမှန်မှုကြောင့်တောင်ခင်ရမ်းရွာက အမျိုးသား တစ်ဦး၊အမျိုးသမီးတစ်ဦး ခြေထောက်ကျည်ထိမှန်လို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒေသခံတစ်ဦးက" ‌ညနေနှစ်နာရီခွဲလောက်မှာပစ်တာပါ။ လက်နက်ကြီးကျည်ကရွာထဲကို ၃ လုံးကျတာပါ၊အခု ထိတာလဲ နှမ်းအိတ်တွေဖောက်ပြီး မှလူထိသွားလို့ပါဗျ၊မဟုတ်ရင်တော့ အခြေအနေဒီထက်ဆိုးနိုင်ပါတယ်၊အမျိုးသားတစ်ဦးကတော့သိပ်မစိုးရိမ်ရဘူး၊အမျိုးသမီးတစ်ဦးကတော့ ခြေထောက်မှာဒဏ်ရာကြီးတယ်ဗျ၊အခုလက်နက်အသစ်တွေလေယာဉ်နဲ့လာပို့တာမကြာသေးဘူး၊အဲဒါတွေနဲ့ရမ်းပစ်ကြတာပါ"လို့ Zalen ကိုပြောပါတယ်။

အဲဒီဒဏ်ရာရတဲ့အရပ်သားနှစ်ဦးထဲမှာအသက် ၆၀အရွယ်ဒေါ်စန်းလှိုင်ကညာဘက်ခြေထောက် ကို လက်နက်ကြီးစထိမှန်ဒဏ်ရာရတာ‌ ကြောင့်ဒူးအောက်ပိုင်းဖြတ်တောက်ရနိုင်တယ်လို့သိရပြီး အသက် ၅၆ နှစ်အရွယ် ဦးချိုဝင်းက တော့ ခြေထောက်နှစ်ဘက်တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပေမဲ့စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။

ဆက်လက်ပြီး နောက်ထပ်ဒေသခံတစ်ဦးက" အရင်ကလည်း အဲလိုလက်နက်ကြီးတွေရမ်းပစ်တာ ရွာထဲကလူတွေပဲအမြဲတမ်းထိခိုက်ဒဏ်ရာရခဲ့တာ၊လက်ဖြတ်ရတာတွေ၊ခြေဖြတ်ရတာတွေလည်းရှိဖူးတယ်ဗျ" လို့ဆက်ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့အဆိုပါအမျိုးသားနဲ့အမျိုးသမီးကိုတော့ တောင်ခင်ရမ်းရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နီးစပ်ရာဆေးခန်းကိုပို့ဆောင်ထားခဲ့ပြီလို့သိရပါတယ်။

မြောက်ခင်ရမ်းမှာတပ်စွဲနေထိုင်ကြတဲ့စစ်သား၊ရဲ၊ပျူ စောထီးတွေကို ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီ၏လေကြောင်းကနေတဆင့် လက် နက် ခဲယမ်းတွေ ဖြည့်တင်းပေးခဲ့တယ်လို့သိရပါတယ်။


သတင်း - ယောနေ

Zalen

24 Oct, 14:14


ထီးလင်းမှာ သေနတ် ၃လက်နဲ့ အလင်းဝင်လာတဲ့ ပျူစောထီး ၁ဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့်
===========
​အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄
Zalen
မကွေးတိုင်း၊ ထီးလင်းမြို့မှာ သေနတ် ၃လက်နဲ့ အလင်းဝင်လာတဲ့ ပျူစောထီး ၁ဦးကို ငွေကျပ်သိန်း ၁၀၀ ချီးမြင့်ခဲ့တယ်လို့ Yaw National Revolution Force - Htilin ဒီကနေ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ ပျူစောထီးဟာ ထီးလင်းမြို့ ရွှေထီးခန်းမမှာ တပ်စွဲထားတဲ့ ပျူစောထီးအဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းဟာ အောက်တိုဘာလ ၂၀ရက်နေ့က သေနတ် ၃လက်နဲ့ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

"ကျတော်တို့က လက်နက်တွေပါလာတဲ့အတွက် ဆုငွေချီးမြင့်တယ်။ သူကို ထိန်းချုပ်နယ်မြေမှာ အခြေချနေထိုင်အောင် လိုအပ်တဲ့အကူညီတွေ ဆက်ပေးသွားမယ်။"လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ပျူစောထီးဟာ G-3 သေနတ် ၂ လက်၊ M-79 ၁ လက် ၊ G-3 ကျည်ဘောက် ၂ ခု၊ 7.62 ကျည် ၃၈ တောင့် ၊ M-79 အသီး ၅ လုံးနဲ့ icon-5 R ၁ လုံးတို့နဲ့ အလင်းဝင်ရောက်တာဖြစ်ပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကူညီစောင့်ရှောက်သွားမည်ဖြစ်ပြီး လိုအပ်တဲ့အကူညီတွေလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။

ထီးလင်း မြို့မရဲစခန်းအပါဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ၎င်းလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ အလင်းမဝင်ရောက်နိုင်အောင် စစ်ကောင်စီအရာရှိတွေက ရှောင်တခင် ဖုန်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - ခူမီး

Zalen

24 Oct, 13:20


တီးတိန်မြို့နယ်၊ ကျေးရွာတွေက ဘိန်းခင်း ဧက ၂၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း PDF Zoland ပြော
========
၂၄၊ အောက်တိုဘာ၊ ၂၀၂၄
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကျေးရွာတွေက ဘိန်းစိုက်ခင်း ဧက နှစ်ဆယ် ကျော်ကို အောက်တို ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ PDF Zoland တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

ဘိန်းစိုက်ပျိုးသူတွေကို ရှင်းလင်းဖို့ သတိပေးတားမြစ်ခဲ့ပေမယ့် မလိုက်နာလို့ အခုလို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဘိန်းခင်း ဖျက်ဆီးမှုကို ပြည်သူ့ရဲတပ်ဖွဲ့ - PPF Zoland အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF Zoland တို့ ပူးပေါင်း‌လုပ်ဆောင်ခဲ့လို့ သိရပါတယ်။

အာဏာမသိမ်းခင်က တီးတိန်မြို့နယ် ဘိန်းစိုက်ပျိုးမှု မရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးတာတွေ ရှိလာတယ်လို့ PDF Zoland က ပြောပါတယ်။

" အာဏာမသိမ်းခင်က သူတို့က တောင်ယာနဲ့ တခြားအလုပ်လုပ်ကိုင်စားသောက်ပြီး အဆင်ပြေကြပါတယ်။ အာဏာသိမ်းပြီးမှ ဘိန်းကို စိုက်လာကြတာ ဖြစ်တယ်။ တီးတိန်မြို့နယ်မှာ လက်လှမ်းမီသလောက် ဘိန်း မစိုက်ပျိုးကြဖို့ သတိပေး လုပ်ဆောင်တာ ဖြစ်ပါတယ်။ " လို့ PDF Zoland တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဘိန်းစိုက်ပျိုးတာကြောင့် လူငယ်‌နဲ့ လူမျိုး ပျက်စီးစေနိုင်တာကြောင့် ကြိုတင်ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တွန်းဇံမြို့နယ်မှာလည်း ဘိန်းစိုက်ပျိုးမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Helen