Basic Education Students & Youths Association - BESYA Central @besya_2021_offical Channel on Telegram

Basic Education Students & Youths Association - BESYA Central

@besya_2021_offical


အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။

Basic Education Students & Youths Association - BESYA Central (Burmese)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။ BESYA Central ဆိုတဲ့ Channel ကို အခြေခံပညာကျောင်းနှင့် သဘာဝအသင်းအရာအား အုပ်စုတင်မည်ဖြစ်ပြီး နောက်ဆုံးပေါ် Channel တွင် သင့်တောင်းခံမှုများ ပေါ်ချခြင်းများ မဖြစ်နိုင်ပါသည်။ အကလ နှင့် ဗဟို အလွန်သင်များအတွက် စီစဥ်ရှောင်သော အကြောင်းပညာများ နှင့် အသုံးဝင်များ များကို BESYA Central ဆိုင်းကျောင်းတွင် ရယူနိုင်မည်ဖြစ်ပါသည်။ သင့်တောင်းတင်မိသူများရဲ့ အစာအိမ်များ ကို ညွှန်က ရယူနိုင်သည့်အခါများအတွက် BESYA Central ရဲ့ Telegram Channel ကို လက်ခံလိုက်ပါ။

Basic Education Students & Youths Association - BESYA Central

07 Jan, 11:22


Topic - အ.ထ.က(၅) ဥဿာမြို့သစ်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား

Meeting ID : 867 4257 9405
Password: 738425

https://us06web.zoom.us/j/86742579405?pwd=tGlyVaOMZ7bKSTiQTyHLdnL9fnO0xq.1


ဝင်လို့ရပါပြီခင်ဗျာ။

Basic Education Students & Youths Association - BESYA Central

07 Jan, 11:21


“ပညာရေး”ကို အကျယ်ပြန့်ဆုံးပြောရလျှင် မွေးသည်မှ သေသည်အထိဖြစ်စဉ်ကြီးတစ်ခုဖြစ်တယ်လို့လည်းဆိုကြပါတယ်။အချို့ ကလည်း ပညာရေးဟာ မမွေးမီကတည်းကစသည်ဟုဆိုကြတယ်။ "ပညာရေး" ဟုဆိုလိုက်လျှင် အစဉ်အလာပညာရေး ကိုလည်း ပြောကြမှာဖြစ်ပါတယ်။ပညာရေးကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ အမျိုးမျိုးကွဲလွဲကြပါတယ်။ ခေတ်စနစ်အရ၊ရှင်သန်မှုပတ်ဝန်းကျင်အရ အဓိပ္ပာယ်အမျိုး မျိုး ဖွင့်ဆိုကြပါတယ်။အဲ့ဒီလိုပဲ ဘုံစံနှုန်းများ တူညီ‌သည့် တိုင်အောင်ပညာရေးဦးတည်ချက်မှာလည်း ကွဲလွဲနိုင်သေးပါတယ်။ ပညာရေးအဓိပ္ပာယ်ကို “လူသားတို့ရဲ့ဘဝလိုအပ်ချက်နှင့်အညီ ကြံစည်၊တီထွင် စွမ်းရည်များ ရရှိအောင် ပြုစုပျိုးထောင်လေ့ကျင့်ခြင်း" လို့ ဆိုကြပါတယ်။ မြန်မာ့ ပညာရေးကို အစဉ်အဆက် ဖွင့်ဆိုခဲ့ကြတဲ့ ဖွင့်ဆိုချက်လည်း ဖြစ်ပါတယ်။

ဒါဆို”ဒီမိုကရေစီပညာရေး”ဆိုတာ ဘာလဲ။ ဒီမိုကရေစီပညာရေး ဆိုတာ ပညာရေး လွတ်လပ်ခွင့်ကို ဆိုလိုပါသလား။ နှစ်ပေါင်းများစွာ ခြစား၊ပျက်စီးနေတဲ့ မြန်မာ့ ပညာရေးကို ဒီမိုကရေစီ စံနူန်းနဲ့အညီ တည်ဆောက်နိုင်မလား။

Online federalပညာရေး(သို့) ကြားကာလပညာရေး ဆိုတာဘာလဲ ဘယ်လဲ။၂၀၂၀ခုနှစ်ထဲ ရောဂါကပ်ဘေးများဖြစ်ပွားရာကနေစပြီး ကျောင်းပညာရေးနဲ့ဝေးကွာခဲ့ကြပါတယ်၊ ၂၀၂၁ခုနစ်မှာ အာဏာသိမ်းမှုဖြစ်ပွားကာ အထွေထွေသပိတ်များပေါ်ပေါက်လာပြီး ကျောင်းများပိတ်သွားရပါတယ်။သည်တော့အကြောင်းအမျိုးမျိုးနဲ့ ကလေးတွေ ပညာရည်နို့ သောက်ခွင့်မရခဲ့တာ နှစ်နှစ် ဆက်တိုက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အမျိုးသားညီညွတ်‌ ရေးအစိုးရ ပညာရေး၀န်ကြီးဌာနရဲ့ဒီမိုက‌ရေစီပညာ‌ရေးဆိုင်ရာ အ‌ခြေခံလမ်းညွှန်မှုများ၊ တို့နဲ့အတူ ကိုယ်ထူကိုယ်ထ ကြားကာလပညာသင်ကြားရေးကျောင်းတွေ ဖွင့်နိုင်ခဲ့ပါတယ်။ ကြားကာလပညာရေးအတွက် ပြည်သူ့အခြေပြုကျောင်းတွေအများကြီးပေါ်ပေါက်လာတာနဲ့ပတ်သတ်ပြီး ကြားကာလပညာရေးအတွက်မေးခွန်းထုတ်စရာတွေရှိလာပါတယ်။
ကြားကာလပညာရေး Online federal school တွေတက်နေတဲ့သူတွေက ကြားကာလအခြေခံပညာရေးပြီးသွားတဲ့အခါမှာ သူတို့တွေအနေနဲ့ ဘာလုပ်ရမှန်းမသိတဲ့အနာဂတ်ပျောက်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။
ကျောင်းသားမိဘတွေရဲ့စိုးရိမ်ပူပန်မှုတွေ သူတို့သားသမီးတွေကိုဒီကြားကာလအခြေခံပညာရေးပြီးရင် ဘယ်မှာကျောင်းဆက်ထားရမလဲ ။

စတဲ့မေးခွန်းတွေရှိလာတဲ့အပြင် ကြားကာလပညာရေးနဲ့ပတ်သတ်ပြီး လူအများသိချင်နေတာတွေလည်းရှိတဲ့အတွက်

Topic - ”တော်လှန်ရေးတွင်းက ဒီမိုကရေစီပညာရေး”

•ကြားကာလပညာရေးက လူထုလိုချင်တဲ့ပုံစံမျိုးလား။

•လူငယ်တွေကရောဘာကြောင့် ဒီမိုကရေစီပညာရေးကို လိုချင်တောင့်တကြတာလဲ။

•အမိန့်နာခံတတ်မှု အခြေပြု တင်းကျပ်လှတဲ့ သင်ကြားရေးပုံစံများ၊စည်းမျဉ်းစည်းကမ်း ပုံစံကွက်အမျိုးမျိုးထဲတွင် အသားကျနေတဲ့ ပညာရေးစနစ်အတွင်း ဒီမိုကရေစီစံချိန်၊စံနူန်းနဲ့အညီ ပညာရေးတစ်ရပ်ပေါ်ပေါက်ဖို့ ဘာတွေ လိုအပ်မယ် ထင်ပါသလဲ။

• တော်လှန်ရေးနဲ့ ဒီမိုကရေစီပညာရေးကိုဘယ်လိုချိတ်ဆက်မလဲ


ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ၇.၁.၂၀၂၅(အင်္ဂါနေ့) ညနေ-၆နာရီမှ၈နာရီ၃၀မိနစ်အချိန်အထိ စကားဝိုင်းဆွေးနွေးပွဲလေးတစ်ခုပြုလုပ်သွားမှာဖြစ်ပါတယ်။
Panelist အဖြစ် မထွန်းဧကရီ BEHS-2 EDG (BESYA) ၊ ဆရာဇော် (NORHS) ၊ကိုစဝ်ခွန်နောင် (BESYA-Central) တို့ကို ဖိတ်ကြားထားတာဖြစ်ပြီးတော့
ကိုယ့်ရဲ့အမြင်မတူတာတွေကိုဝင်ရောက််ဆွေးနွေးနိုင် ၊ သိချင်တာတွေကိုလည်းမေးမြန်းနိုင်မှာဖြစ်သည့်အတွက် စိတ်ပါဝင်စားတဲ့ ဆရာ/ဆရာမများနဲ့ကျောင်းသားလူငယ်များကို ဤစကားဝိုင်းဆွေးနွေးပွဲသို့ ဖိတ်ကြားလိုက်ပါတယ်။

Time- 6pm to 8:30 pm

#BEHS_5_OTMT_BESYA
#ဖွဲ့စည်း‌ထူထောင်ခြင်းအခမ်းအနားအထိမ်းအမှတ်
စကားဝိုင်း
@Oaktharmyothit_besya

Basic Education Students & Youths Association - BESYA Central

07 Jan, 05:52


"အ.ထ.က(၅) ဥဿာမြို့သစ်မြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် ကြိုဆိုကြောင်း နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

အကလ(ဗဟို)၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၀၁/သဝဏ်လွှာ-အကလ/၂၀၂၅
၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း ၉ရက်
(၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၇ရက်)

#သဝဏ်လွှာ
#အကလ_ဗဟို
#အထက၅_ဥဿာမြို့သစ်မြို့နယ်
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

28 Dec, 23:31


"အ.ထ.က(၁) ဒိုက်ဦးမြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ"

အကလ(ဗဟို)၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၁၂/သဝဏ်လွှာ-အကလ/အကလ၂၀၂၄
၁၃၈၆ခုနှစ်၊ နတ်တော်လကွယ်
(၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်)

#သဝဏ်လွှာ
#၂နှစ်ပြည့်
#အကလ_ဗဟို
#အထက၁_ဒိုက်ဦးမြို့နယ်
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

22 Dec, 12:06


"ရန်ကုန်ဖက်ဒရယ်ကျောင်း ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ"

အကလ(ဗဟို)၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၁၁/သဝဏ်လွှာ-အကလ/အကလ၂၀၂၄
၁၃၈၆ခုနှစ်၊ နတ်တော်လဆုတ် ၇ရက်
(၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်)

#သဝဏ်လွှာ
#၁နှစ်ပြည့်
#အကလ_ဗဟို
#ရန်ကုန်ဖက်ဒရယ်ကျောင်းကျောင်းသားသမဂ္ဂ

Basic Education Students & Youths Association - BESYA Central

18 Dec, 14:54


မင်္ဂလာပါ မိဘပြည်သူများခင်ဗျာ။

ယနေ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၈ ရက်နေ့သည် ကျွန်ုပ်တို့ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း အသိပညာပေး ၈ရက်တာ လှုပ်ရှားမှုရဲ့ အဋ္ဌမမြောက်နေ့(၈ရက်တာ လှုပ်ရှားမှု နောက်ဆုံးနေ့)ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်ုပ်တို့ နိုင်ငံမှာ ပဋိပက္ခကာလ ကြာရှည်လာနဲ့အမျှ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကိစ္စရပ်တွေလို ဆိုးဝါးလှတဲ့ ကိစ္စရပ်တွေ အများအပြား ဖြစ်ပွားနေပါတယ်။ ဒီလိုကြောင့်ပဲ ကျွန်တော်တို့ ကျောင်းသား၊ လူငယ်အစုအဖွဲ့များ ပူးပေါင်းပြီး Conflict Related Sexual Harassment Awareness Campaign အား ၈ရက်တာ လှုပ်ရှားမှုအဖြစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် စတင်ကာ ပထမရက် အနေနဲ့ ၈ရက်တာ လှုပ်ရှားမှုမှာ အဓိက ပါဝင်သော Social Media Profile Campaign ဖြင့် စတင်ခဲ့ပြီး ဒုတိယမြောက်နေ့ဖြစ်တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် Sexual Harassment ဆိုတာ ဘာလဲ၊ Sexual Harassment ကို မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ၊ Sexual Harassment ကို ပြင်ပအဖွဲ့အစည်းများက ဘယ်လိုပံ့ပိုးကာကွယ်ပေးနိုင်မလဲ ဆိုတဲ့ခေါင်းစဥ်များနှင့် Sexual Harassment ကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို ကျွန်တော်တို့ရဲ့ Campaign မှ တစ်ဆင့် မျှဝေပေးခဲ့ပါတယ်။

ထို့အပြင် ၈ရက်တာ လှုပ်ရှားမှု၏ စတုတ္ထမြောက်နေ့ဖြစ်တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် Online Webinar နှင့် ပဥ္စမမြောက်နေ့ဖြစ်တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် Panel Discussion တို့ ပြုလုပ်ခဲ့ပြီး သတ္တမမြောက်နေ့ဖြစ်တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့မှာ ဒီလိုပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ case အမျိုးအစားတွေနဲ့ ဘာကြောင့် အခုထိ တရားမျှတမှု မရရှိသေးတာလဲ၊ ကျူးလွန်တဲ့ သူတွေကို ဘယ်လိုအပြစ်ပေးလို့ ရမလဲဆိုတာကို အသိပညာ မျှဝေပေးခဲ့ပါတယ်။ ယနေ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ဟာ ၈ရက်တာ လှုပ်ရှားမှု၏ နောက်ဆုံးနေ့ ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Conflict Related Sexual Harassment Awareness Campaign ပြီးဆုံးပြီဖြစ်ပါကြောင်းတင်ပြလိုပါတယ်ခင်ဗျာ။

တစ်ဆက်တည်းမှာပဲ ဒီလို လိင်အကြမ်းဖက်မှု ကိစ္စရပ်တွေ ကြုံတွေ့လာတဲ့အခါမျိုးမှာလည်း အကူအညီ ရယူဖို့ရန် အဖွဲ့အစည်းအချို့အား မျှဝေပေးချင်ပါတယ်ခင်ဗျာ။

Sisters 2 Sisters
https://www.facebook.com/SpeakUp4MyanmarWomen?mibextid=ZbWKwL

Politics For Women Myanmar
https://www.facebook.com/PoliticsforwomenMyn?mibextid=ZbWKwL

Women Alliance Burma
https://www.facebook.com/WomenAllianceBurma2021?mibextid=ZbWKwL

မရှက်နဲ့
https://www.facebook.com/BBCMediaActionMSN?mibextid=ZbWKwL

အစရှိသော အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ရဲ့ ၈ရက်တာ လှုပ်ရှားမှုတွင် Profile Campaign အား တက်ကြွစွာ ပါဝင်ပေးကြသော မိဘပြည်သူများ၊ ဟောပြောပွဲ နှင့် စကားဝိုင်းတို့တွင် တက်ကြွစွာ တက်ရောက် ဆွေးနွေးလေ့လာခဲ့ကြသော မိဘပြည်သူများ၊ ဟောပြောပွဲ နှင့် စကားဝိုင်း ဖြစ်မြောက်ရေးတွင် ပါဝင်ကူညီ အားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်း အသီးသီးမှ ရဲဘော်ရဲဘက်များကိုလည်း ကျွန်ုပ်တို့ Conflict Related Sexual Harassment Awareness Campaign ဖြစ်မြောက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ကျောင်းသား၊ လူငယ်များမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

"တို့အတူတူ လုံခြုံစိတ်ချရသော လူ့ပတ်ဝန်းကျင်ကို ဖန်တီးကြရအောင်"

#Conflict_Related_Sexual_Harassment
#Organised_By_Youths
#Stop_SexualHarassment
#CRSH_Campaign_2024

Basic Education Students & Youths Association - BESYA Central

17 Dec, 13:02


မိဘ၊ ပြည်သူများအားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ ကျွန်မတို့ Conflict Related Sexual Harassment Awareness Campaign ရဲ့ သတ္တမမြောက်နေ့ဖြစ်ပါတယ်ရှင်။ ဒီနေ့မှာတော့ ကျွန်မတို့ကနေပြီး ဒီလို ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ case အမျိုးအစားတွေနဲ့ ဘာကြောင့် အခုထိ တရားမျှတမှုမရရှိသေးတာလဲ၊ ကျူးလွန်တဲ့သူတွေကို ဘယ်လို အပြစ်ပေးလို့ ရမလဲဆိုတာကို အသိပညာ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးကာလအတွင်းဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်အကြမ်းဖက်ခံရတဲ့ ကိစ္စရပ်တွေကို (၃) မျိုးခွဲခြားလို့ရပါတယ်။
(၁) စစ်ကောင်စီမှ ပြည်သူသို့ ကျူးလွန်ခြင်း
(၂) ပြည်သူမှ ပြည်သူသို့ ကျူးလွန်ခြင်း
(၃) တော်လှန်ရေးရဲဘော်မှ ပြည်သူသို့ (သို့မဟုတ်) ပြည်သူမှ တော်လှန်ရေးရဲဘော်သို့ ကျူးလွန်ခြင်း ဆိုပြီးဖြစ်ပါတယ်။ အခုလို အရှုပ်အ‌ထွေးကာလမှာ တရားဥပဒေဟာ လက်တစ်လုံးခြားလုပ်လို့ရနေတာ ဒါမှမဟုတ် တရားဥပဒေကင်းမဲ့နေတာကြောင့်မို့လို့ပဲ ဒီလိုကိစ္စရပ်တွေဟာ အခုထိကို တရားမျှတမှုမရရှိသေးပဲ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီမှ ပြည်သူကို ကျူးလွန်တဲ့အခါ အာဏာဟာ သူတို့လက်ထဲမှာပဲ ရှိနေတာမို့ တရားမျှတမှုဆိုတာကို ကျွန်မတို့အနေနဲ့ ပါးစပ်ကနေတောင်မှပဲ ဖွင့်ဟပြောဆိုရနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူမှ ပြည်သူ၊ ပြည်သူအချင်းချင်း ကျူးလွန်တဲ့အခါမှာတော့ တရားမျှတမှုက ကင်းမဲ့နေပြီး ပိုက်ဆံပေးရင် တရားနိုင်နေတဲ့ကာလမို့ တရားမျှတမှုကို ရှာဖွေလို့မရပါဘူး။ တော်လှန်ရေးရဲဘော်မှ ပြည်သူသို့ (သို့မဟုတ်) ပြည်သူမှ တော်လှန်ရေးရဲဘော်သို့ ကျူးလွန်ခြင်းမှာတော့ တော်လှန်ရေးရဲဘော်များဘက်က ကျူးလွန်တဲ့အခါ တော်လှန်ရေးရဲဘော်တွေဟာ ကျွန်မတို့ တိုက်ယူနေတဲ့ ဒီမိုကရေစီဘက်တော်သားများပြင် ဖြစ်လင့်ကစား တရားမျှတမှုကို ရယူမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို တရားဥပဒေစိုးမိုးမှုမရှိနေတဲ့ကာလမှာတော့ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စရပ်လို့ မြင်နိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ကျွန်မတို့နိုင်ငံမှာ အခုလို ပဋိပက္ခကာလအတွင်း ဖြစ်ပွားတဲ့ လိင်အကြမ်းဖက်ခံရမှုတွေမှာ တရားမျှတမှု မရရှိတာပဲဖြစ်ပါတယ်။

တရားဥပဒေကင်းမဲ့နေတဲ့ အခုလိုကာလမှာ ကျွန်မတို့လူထုအနေနဲ့ ထိုကျူးလွန်သူ‌တွေကို အပြစ်ပေးဖို့ရာနည်းလမ်းဟာ နည်းပါးလွန်းပါတယ်။ ဒီထဲကမှ ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ Social Punishment လုပ်ခြင်းပဲ ဖြစ်ပါတယ်။ Social Punishment လုပ်ခြင်းဆိုတာက ကျွန်မတို့အနေနဲ့ အဲ့ဒီ့လူကို လူ့အဖွဲ့အစည်းကနေ ဖယ်ကျဉ်လိုက်တာမျိုးဖြစ်ပါတယ်။ ထိုသူဟာ ဘယ်လိုမျိုးသောလူပင်ဖြစ်ပါစေ social punishment သာ ထိထိရောက်ရောက်လုပ်ဆောင်မယ်ဆိုရင် ထိုသူ့ကို အပြစ်ဒဏ်ခတ်သလို ခံစားရအောင် လုပ်နိုင်ပါတယ်။

မတရားမှုတွေပြည့်နှက်‌နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ငွေ့ငွေ့လေးကျန်တဲ့ တရားမျှတမှုမီးတောက်လေးကို ကျွန်မတို့ ကျောင်းသား၊ လူငယ်၊ ပြည်သူလူထုအနေနဲ့ ကျွန်မတို့ သွားလိုတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီသွားရာ လမ်းတစ်လျှောက် မီးအိမ်ငယ်အဖြစ် ကိုင်ဆောင်ရင်း ဆက်လက်ထိန်းသိမ်းကာကွယ်ကြရအောင်ပါရှင်။

#Conflict_Related_Sexual_Harassment
#Organised_By_Youths
#Stop_SexualHarassment
#CRSH_Campaign_2024

Basic Education Students & Youths Association - BESYA Central

16 Dec, 13:23


မင်္ဂလာပါ မိဘပြည်သူများရှင်။ ဒီနေ့ဆိုရင်တော့ ကျွန်မတို့ ပဋိပက္ခနှင့် ဆက်စပ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အသိပညာပေး (၈) ရက်တာ လှုပ်ရှားမှုရဲ့ (၆) ရက်မြောက်နေ့ကို ‌ရောက်လို့လာပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အခုလို ပဋိပက္ခဖြစ်နေတဲ့ ကာလအတွင်း ဖြစ်ပေါ်နေတဲ့ လိင်အကြမ်းဖက် ခံရမှုတွေမှာ ကျူးလွန်ခံခဲ့ရတဲ့ ကျူးလွန်ခံရသူ victim တွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို ကျွန်မတို့ ကမ့်ပိန်းကနေတစ်ဆင့် အသိပညာ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။

Sexual harassment ကျူးလွန်ခံရသူ တစ်ယောက်အနေနဲ့ နောက်ဆက်တွဲ ခံစားရမယ့် အကျိုးဆက်တွေကတော့ စိတ်ဓာတ်ကျလာမယ်၊ စိတ်ဖိစီးမှုတွေ များလာမယ်၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံရမှာကို မဝံ့မရဲ ဖြစ်နေမယ်၊ စိတ်နဲ့လူနဲ့မကပ်တော့ပဲ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေမယ်၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေမယ် စတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေကို ဦးစွာခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အဆင်မ‌ပြေလာတဲ့အခါ ကျန်းမာရေးပိုင်းဆိုင်ရာကိုပါ ထိခိုက်လာပြီး အားနည်းလာနိုင်ပါတယ်။ နောက် လူမှုပတ်ဝန်းကျင်မှာ အပုပ်ချ ပြောဆိုခြင်းတွေခံလာရမယ်ဆို အဲ့ဒီနောက်ဆက်တွဲအနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ အိမ်၊ ကျောင်း၊ အလုပ်ခွင်တွေကို သွားရမှာကြောက်ရွံ့လာပြီး လူတောမတိုးရဲတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စီးပွာရေးထိခိုက်မှုတွေ၊ စားဝတ်နေရေးအတွက် အထိပါ ကြုံတွေလာရနိုင်ပါတယ်။ အဲ့ဒီ့အခါ စိတ်ကျရောဂါလိုရောဂါတွေပါ ဖြစ်လာနိုင်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမျိုးဖြစ်ရပ်တွေ မဖြစ်လာအောင် ကျွန်မတို့အနေနဲ့ ထိုသူ့အပေါ် ဝေဖန်အပြစ်တင်တာ၊ ရှုံချစကား ပြောဆိုတာတွေက လုံးဝကို မပြုလုပ်သင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာခဲ့ပြီးတဲ့အခါ ကျွန်မတို့ အထက်မှာ မျှဝေခဲ့သလိုပဲ စိတ်ပိုင်းဆိုင်ရာကနေ စတင်ပျက်စီးလာတာမို့ ထိုသူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြက်ရယ်ပြုတာ၊ ထိုသူ့ရဲ့ စိတ်အခြေအနေ ပိုဆိုးအောင် ပြောဆိုတာတွေက လူ့ကျင့်ဝတ်အရပင် မလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။ နောက် ထိုကျူးလွန်ခံရသူကို သူ့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်သက်သာရာ ရစေအောင် ကူညီပေးတာကလည်း လုပ်ကိုလုပ်သင့်တဲ့အရာပဲဖြစ်ပါတယ်။

ကျူးလွန်ခံပြီးမှ မဟုတ်ပဲ ကျူးလွန်ခံရခါနီး အခြေအနေနဲ့ ကြုံတွေ့နေတဲ့အခါမှာလည်း ကျွန်မတို့ အနေနဲ့ လုပ်ပေးနိုင်တာတွေရှိနေပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ မျက်မြင်ရှေ့တင် ဒီလိုကိစ္စတွေနဲ့ တွေ့လာတဲ့အခါ ဝင်ရောက်တားမြစ်တာမျိုး၊ ဘေးလူတွေကို အကူအညီတောင်းပေးတာမျိုးတွေ လုပ်လို့ရပါတယ်။

ကျွန်မတို့အနေနဲ့ ကျွန်မတို့အချင်းချင်း ဖေးမကူညီမှသာ ကောင်းမွန်လှပတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရရှိနိုင်ပြီး အဲ့ဒီ့ကနေမှ တဆင့် တိုးတက်‌မြင့်မားတဲ့ နိုင်ငံတစ်ခုကို ရရှိလာမှာပဲဖြစ်ပါတယ်။ အခုလို ဒီမိုကရေစီကို တိုက်ယူရင်း နိုင်ငံသစ်‌ကို တည်ဆောက်နေတဲ့ကာလမှာ အလွန့်အလွန်အရေးကြီးတဲ့ စစ်ရေးကိစ္စရပ်တွေမှာ အာရုံစိုက်ရာက ကျန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေထဲက အဆိုးဆုံး ကိစ္စရပ်လို့ သတ်မှတ်လို့ရတဲ့ လိင်အကြမ်းဖက်ခံရခြင်းတွေများပြားလာတာမို့ အဲ့ဒီလို ကိစ္စရပ်တွေရဲ့ နစ်နာသူတွေကို ဖေးမကူ၊ နှစ်သိမ့်ပေးရင်း ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ စကားလုံးကို အကောင်အထည်ဖော်ကြပါစို့လားရှင်။

#Conflict_Related_Sexual_Harassment
#Organised_By_Youths
#Stop_SexualHarassment
#CRSH_Campaign_2024

Basic Education Students & Youths Association - BESYA Central

16 Dec, 06:00


ယမန်နေ့ ၁၅ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်တွင် ကျွန်ုပ်တို့ ကျောင်းသား၊ လူငယ်အစုအဖွဲ့များ စုပေါင်း၍ Conflict Related Sexual Harassment Awareness Campaign: Panel Discussion ပြုလုပ်ခဲ့ကြသည်။

ထို Webinar တွင် အမျိုးသားညီညွတ်‌ရေး အစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိ‌သူ မ Trena, Asia Youths' Association (AYA) မှ Managing Director William, Politics For Women Myanmar မှ Founder မ Liliane, Sisters 2 Sisters organisation မှ မနှင်းသက်မှူးခင်၊ အမျိုးသမီးအ‌ရေးတက်ကြွလှုပ်ရှားသူ မအမရာဟိန်းတို့မှ Panelist များအဖြစ်ပါဝင်ခဲ့ပြီး Moderator အဖြစ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) ၏ ဥက္ကဌ ကိုစဝ်ခွန်နောင်မှ တာဝန်ယူကာ မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များမှ မြိုင်မြိုင်ဆိုင်ဆ်ိုင် ဆွေး‌နွေးခဲ့ကြသည်။ Webinar ပြုလုပ်ရာ Zoom Meeting တွင် Conflict Related Sexual Harassment Awareness Profile Campaign အားလည်း ပြုလုပ်ခဲ့ကြပြီး စကားဝိုင်းအား အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

#Panel_Discussion
#Conflict_Related_Sexual_Harassment
#Organised_By_Youths
#Stop_SexualHarassment
#CRSH_Campaign_2024

Basic Education Students & Youths Association - BESYA Central

15 Dec, 08:42


ယမန်နေ့ ၁၄ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်တွင် ကျွန်ုပ်တို့ ကျောင်းသား၊ လူငယ်အစုအဖွဲ့များ စုပေါင်း၍ Conflict Related Sexual Harassment Awareness Campaign: Online Webinar ပြုလုပ်ခဲ့ကြသည်။

ထို Webinar တွင် LGBTIQ Rights Activist မအတာ နှင့် Sisters 2 Sisters organisation မှ မသဉ္ဇာရွှန်းလဲ့ရီတို့မှ Guest Speaker အဖြစ် ဟောပြောခဲ့ပြီး တက်ရောက်လာသူ ကျောင်းသား၊ လူငယ်၊ ဆရာ၊ ဆရာမတို့မှလည်း ‌မေးခွန်းများ မေးမြန်းခဲ့ကြသည်။ Webinar ပြုလုပ်ရာ Zoom Meeting တွင် Conflict Related Sexual Harassment Awareness Profile Campaign အားလည်း ပြုလုပ်ခဲ့ကြပြီး ဟောပြောပွဲအား အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

#Online_Webinar
#Conflict_Related_Sexual_Harassment
#Organised_By_Youths
#Stop_SexualHarassment
#CRSH_Campaign_2024

Basic Education Students & Youths Association - BESYA Central

25 Nov, 03:28


အကြောင်းခံ၍ အကျိုးဖြစ်ပေါ်လာသော လောကတရားများဟာ ကျွန်ုပ်တို့၏ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် တို့တွင် သိသာထင်ရှားစွာ မြင်တွေ့နေကြရပါသည်။ အတိတ်၏ အရိပ်ကို ကျွန်ုပ်တို့ သေချာ မမြင်ခဲ့ကြရသော်လည်း ကောင်းသော အ‌ကြောင်းကို အရင်းခံ၍ ဆောင်ရွက်ခဲ့ကြသော‌ကြောင့် ကောင်းသောအကျိုးများ ပေါ်ထွန်းလာခဲ့ရန် အစပျိုးခဲ့သော နေ့တစ်နေ့ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရှိခဲ့ပါသည်။ ထိုနေ့မှာ "အမျိုးသားနေ့" ဖြစ်ပါသည်။
မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်‌ကျော် (၁၀)ရက်နေ့ဟာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်အား လက်နက်စွဲကိုင်စရာမလိုဘဲ အောင်မြင်စွာ ဖြိုဖျက်နိုင်ခဲ့သော သမိုင်းဝင်နေ့တစ်ရက် ဖြစ်ပါသည်။ ပညာရေး မရှိလျှင် "စီးပွားရေးနှင့် နိုင်ငံရေး" ရှိမလာနိုင်ဘူး ဆိုသည့်အတိုင်း ကျွန်သက်ဆိုးရှည်စေရန် အလို့ငှာ မြန်မာတို့၏ ပညာရေးကို ချိုးနှိမ်ရန်အတွက် ကြိုးစားလာခဲ့ကြသည့် နယ်ချဲ့တို့အား ကျောင်းသားနှင့်လူထု ညီညွတ်စွာ အုံကြွ ဆန္ဒပြခြင်းဖြင့် နယ်ချဲ့တို့၏ တက္ကသိုလ် အက်ဥပဒေကို ပြေလျော့စေခဲ့ပါသည်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးဖြစ်သော ပညာရေးအား ကောင်းမွန်စွာ ပေါ်ပေါက်လာ‌‌စေရန် ဆိုသည့် အကြောင်းတရားကို အရင်းခံ၍ ဆောင်ရွက်ခဲ့ကြသော သူရဲကောင်းများကြောင့် နိုင်ငံတစ်ဝန်းတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခြင်း ဆိုသော ကောင်းသည့်အကျိုးများ ပေါ်ထွန်းလာခဲ့ပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ရဲဘော်ရဲဘက်များအား ယနေ့ (၁၀၄)ကြိမ်မြောက် "အမျိုးသားအောင်ပွဲ‌နေ့"တွင်  ကျွန်ုပ်တို့၏ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) အဖွဲ့ဝင် ကျောင်းသားလူငယ်များမှ လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အမျိုးသားအောင်ပွဲနေ့
#၁၀၄ကြိမ်မြောက်

Basic Education Students & Youths Association - BESYA Central

30 Oct, 05:31


"မီးဒုတ်စာစဉ်ပြန်လည်မိတ်ဆက်ခြင်းအခမ်းအနားနှင့် ဆရာမ မသီတာ(စမ်းချောင်း)ဟောပြောပွဲ"

အားလုံးပဲမင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်လိုပါတယ်။ စာပေရဲ့အခန်းကဏ္ဍဟာ ခေတ်အဆက်ဆက်မှာ ဘယ်လောက်ထိအရေးပါခဲ့သလဲဆိုတာ သမိုင်းကိုပြန်လှည့်ကြည့်မယ်ဆိုရင်  အထင်းသားတွေ့ရမှာပါပဲ။ စာပေဆိုတာဟာ ခေတ်တစ်ခေတ်ရဲ့မှန်ချပ်တစ်ချပ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒီလိုခေတ်တစ်ခေတ်ရဲ့ မှန်ချပ်ဖြစ်တဲ့စာပေတွေဟာ ယနေ့ခေတ်မှာ အနည်းနဲ့အများဆိုသလို သရုပ်ပျက်လာတာတွေ တွေ့လာရပြီး စာကောင်းပေမွန်တွေ တိမ်ကောလာတာကိုလည်း တွေ့နေကြရပါတယ်။ စာကောင်းပေမွန်တွေ တိမ်ကောပျောက်ကွယ်လာတာဟာ ခေတ်‌တစ်ခေတ်ရဲ့ပျက်စီးခြင်းအစဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

ဒါကြောင့်ပဲ စာပေရဲ့အခန်းကဏ္ဍကိုမြှင့်တင်နိုင်ဖို့နဲ့ ယနေ့ခေတ်ရဲ့မှန်ချပ်တစ်ချပ်ဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ မီးဒုတ်စာစဉ်က "မီးဒုတ်စာစဉ်ပြန်လည်မိတ်ဆက်ခြင်းအခမ်းအနား" နဲ့ "စာပေအရွေ့ စာပေအသိ" ဟောပြောပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ "စာပေအရွေ့ စာပေအသိ" ဟောပြောပွဲမှာ အနည်းငယ်အလှမ်းကွာဝေးနေတဲ့အချိန်ကာလက စာပေလောကနဲ့ရော၊ ယနေ့ခေတ်စာပေလောကနဲ့ရော ရင်းနှီးတဲ့ ဆရာမ မသီတာ(စမ်းချောင်း)က ဟောပြောပေးမှာပဲဖြစ်ပါတယ်။ ဆရာမဟာ ခေတ်အပြောင်းအလဲတွေနဲ့ စာပေလောကအပြောင်းအလဲတွေကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတာဖြစ်တဲ့အတွက် ဆရာမရဲ့စာပေအရွေ့ဖော်ဆောင်မှုတွေကိုလည်း လေ့လာနိုင်မှာဖြစ်လို့  ဟောပြောပွဲကိုတက်ရောက်ကြပါဖို့ ဖိတ်မန္တကပြုလိုက်ရပါတယ်။

"စာပေအရွေ့ စာပေအသိ" ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ၃၀ရက်၊ ၁၀လ၊ ၂၀၂၄ခုနှစ် မြန်မာစံတော်ချိန် ညနေ (၇:၃၀)နာရီ အချိန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

#မီးဒုတ်စာစဥ်
#စာပေအရွေ့စာပေအသိ
#မီးဒုတ်စာစဥ်ပြန်လည်မိတ်ဆက်ခြင်း
#ဟောပြောပွဲ

Basic Education Students & Youths Association - BESYA Central

14 Oct, 10:04


မင်္ဂလာပါခင်ဗျာ။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျောင်းသားများနေ့ အထိမ်းအမှတ် အနေဖြင့် ကျွန်ုပ်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) နှင့် Interim Basic Education Federal Students' Unions' Representative Committee (IBEFSURC) တို့မှ ပြုလုပ်သည့် "ကမ္ဘာ့ကျောင်းသားများနေ့ နှင့် ကျွန်တော်တို့၏အတွေးအစများ" ခေါင်းစဥ်ဖြင့် စကားဝိုင်းအား တက်ရောက် ဆွေးနွေးကြပါရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။

Topic: ကမ္ဘာ့ကျောင်းသားများနေ့နှင့် ကျွန်တော်တို့၏အတွေးအစများစကားဝိုင်းဆွေး‌နွေးပွဲ
Date: Oct 15, 2024
Time: 07:00 PM

Join Zoom Meeting
https://us06web.zoom.us/j/85687432550?pwd=pOF0vCVQsgtKaIFhw9b58ew6xiTrIF.1

Meeting ID: 856 8743 2550
Passcode: 836475

#BESYA_Central
#IBEFSURC
#ကမ္ဘာ့ကျောင်းသားများနေ့

Basic Education Students & Youths Association - BESYA Central

05 Oct, 05:29


"ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

အကလ-ဗဟို၊ ရုံးဌာန၊ ရန်ကုန်မြို့
၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ရက်
(၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၅ရက်)

#ကမ္ဘာ့ဆရာများနေ့
#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

30 Sep, 04:02


မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၃ ထွက်ပြီ။
____

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) မှ ထုတ်ဝေသည်။

မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၃ မှာတော့

အယ်ဒီတာ့အာဘော်
-တာဝန်ခံအယ်ဒီတာ

ဆောင်းပါးကဏ္ဍ မှာ

တိန့်ရှောင်ဖိန်
-လွင်နောင်

ငြိမ်းချမ်းရေးဆီသို့
-ထီးထားထီးကော်

သက်သေ
-မူသော်

ထေရဝါဒပျိုးခင်းထဲက ဒီမိုကရေစီသစ်ပင်
-စောနိုင်

ကဗျာကဏ္ဍ မှာ

ကံဆိုးမိုးမှောင်
-အောင်မြင်နွေဦး

စနစ်ဆိုးနဲ့အဖြစ်ဆိုး
-နွေဦးအောင်မြင်

အိမ်ပြေး
-နှောင်းခေတ်ငယ်

ကိတ်ဝါ
-ယေးမေ

ဝလုံးရေးဖို့ ရွှေခဲထိုင်
-Thae Nu

စတဲ့ကလောင်ရှင်အသီးသီးရဲ့ ဆောင်းပါးများ၊ ကဗျာများအပြင် ၁၀၂၇စစ်ဆင်ရေး ရက်စွဲများ အပါအဝင် သတင်းတိုများကိုပါ စုံစုံလင်လင် ဖတ်ရှုရမှာဖြစ်ပါတယ်။

Ebook link - https://drive.google.com/file/d/1RG7SKtkhA0hFcsVFVgAm30P34FgdbVVr/view?usp=drivesdk

Facebook link - https://www.facebook.com/share/p/5x6mQ5YniPBc9Gkf/?mibextid=oFDknk

Telegram link - https://t.me/MeeDoke2022/3

#မီးဒုတ်စာစဥ်
#အတွဲ၃အမှတ်စဥ်၃

Basic Education Students & Youths Association - BESYA Central

10 Sep, 10:33


မင်္ဂလာပါခင်ဗျာ။

ကျွန်ုပ်တို့၏ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) မှ ထုတ်ဝေသော မီးဒုတ်စာစဥ်သည် အယ်ဒီတာအဖွဲ့၏ အခက်အခဲအမျိုးမျိုးကြောင့် မထုတ်ဝေဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သည်ကို မိဘပြည်သူတို့ သတိထားမိကြမည်ဟု ထင်ပါသည်။ ယခုလက်ရှိတွင် အယ်ဒီတာအဖွဲ့သည် ‌သေသေချာချာအစီအစဥ်ချ၍ မီးဒုတ်စာစဥ်ကို ယခင်လို စာစဥ်များအား လစဥ်ထုတ်ဝေနိုင်စေဖို့အတွက် ကြိုးစားသွားမည် ဖြစ်ပါတယ်ဆိုသည့်အကြောင်းကို မိဘပြည်သူများထံ ပန်ကြားလိုပါသည်။

ထပ်ဆောင်းအနေဖြင့်ကျွန်ုပ်တို့ဘက်မှပြောကြားလိုသည်များရှိပါသည် ။ ယခုလက်ရှိအချိန်တွင် Facebook အသုံးပြုရခြင်းသည် လိုင်းအခက်အခဲများအပြင် VPNများလည်း အသုံးပြုရာတွင် အဆင်မပြေမှုများစွာ ရှိနေပါသည်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် VPN applicationများအား အသုံးပြု၍ မရအောင် နည်းမျိုးစုံဖြင့် အခက်တွေ့အောင် လုပ်လာသည်ကိုလည်း မိဘပြည်သူတို့သိရှိကြလိမ့်မည်ထင်ပါသည်။ ထို့အပြင် VPN application တစ်ခုအား မိုဘိုင်းဖုန်းထဲတွင် တွေ့ရှိပါက ဒဏ်ငွေဘယ်လောက်၊ ဒဏ်ငွေမဆောင်နိုင်ပါက ထောင်ဒဏ်ဘယ်လောက်ဆိုကာ မတရားဥပဒေများထုတ်၍ ပြည်သူကို ဒုက္ခပေးနေသည်ကိုလည်း မြင်တွေ့နေရပါသည်။
ထို့ကြောင့် မီးဒုတ်စာစဥ်အနေဖြင့် သတင်းအချက်အလက်များအား အချိန်နဲ့တပြေးညီ သိရှိနိုင်ရန် နှင့် မီးဒုတ်စာစဥ်မှ လစဥ်ထုတ်ဝေမည့် စာစဥ်များအား အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် အလို့ငှာ မီးဒုတ်စာစဥ်၏ Official telegram channel အား Join ပေးကြပါရန် မိဘပြည်သူတို့အား ပန်ကြားအပ်ပါသည်။

မီးဒုတ်စာစဥ် Telegram channel link - https://t.me/MeeDoke2022

#မီးဒုတ်စာစဥ်

Basic Education Students & Youths Association - BESYA Central

27 Aug, 05:25


Topic:   NORHS-BESYA

တစ်နှစ်ပြည့် ဟောပြောပွဲအခမ်းအနား

Date:27.8.2024(Wednesday)

Time: မြန်မာစံတော်ချိန်(5.00)နာရီ

အခမ်းအနားသို့ မိဘဆရာများ ကျောင်းသားသူများတက်ရောက်ပေးကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

Join Zoom Meeting
https://us06web.zoom.us/j/7566480359?pwd=Ew0hcGDzFNbrozKSQz8ttRANYt4KaW.1

Meeting ID: 756 648 0359
Passcode: education

Find your local number: https://us06web.zoom.us/u/kKpXsPENP

Zoom link အခက်အခဲများစွာကြောင့် ပြန်လည် ပြောင်းလဲလိုက်ပါတယ်ခင်ဗျာ။

Basic Education Students & Youths Association - BESYA Central

27 Aug, 02:33


"နွေဦးတော်လှန်ရေးအထက်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ"

အကလ(ဗဟို)၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၉/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၆ခုနှစ်၊ ဝါခေါင်လဆုတ် ၈ရက်
(၂၀၂၄ခုနှစ်၊ သြဂုတ်လ ၂၇ရက်)

#သဝဏ်လွှာ
#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

26 Aug, 10:20


လာမည့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၇ရက်နေ့သည် နွေဦးတော်လှန်ရေးအထက်တန်းကျောင်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(NORHS-BESYA)ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ် ပြည့်‌တော့မည်ဖြစ်ပါသည်။ ထိုသို့ (၁)နှစ်ပြည့်မှာ ကျောင်းသားလူငယ်များအတွက်
"ဆယ်ကျော်သက် စိတ်သဘာ၀နဲ့ စိတ်ကျန်းမာရေး"
(Stress and stress reaction)
ဆိုသော ခေါင်းစဥ်ဖြင့် ၂၇ရက်နေ့ ညနေ ၆နာရီတွင် ဟောပြောပွဲလေးတစ်ခု ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ဟောပြောပွဲတွင် ပန်နယ်လစ်များအနေဖြင့်

Dr.အောင်ကိုကိုလင်း
(ငြိမ်းချမ်းရေးစိတ်ပညာ) နှင့်

Dr.Tina
(Child & adolescent Psychiatrist)

တို့က အဓိကဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Date- 27.8.2024
Time- 6pm

#၁နှစ်ပြည့်အခြေပြုဟောပြောပွဲ
#NORHS-BESYA
#NORHS_BESYA_Official

Basic Education Students & Youths Association - BESYA Central

10 Aug, 10:58


"အ•ထ•က(၃၀) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ဖွဲ့စည်းတည်ထောင်ခြင်း"

ကြေညာချက်အမှတ် - ၁/၂၀၂၄
ခရစ်နှစ်- ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက်
မြန်မာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၅) ရက်

#အလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းခြင်း
#BEHS_30_CMTS_BESYA
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

Basic Education Students & Youths Association - BESYA Central

08 Aug, 04:44


Sayar Kkito is inviting you to a scheduled Zoom meeting.

Topic: (၃၆) နှစ်မြောက် ၈၈အရေးတော်ပုံအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ
Time: Aug 8, 2024 06:00 PM Asia/Yangon

Join Zoom Meeting
https://us02web.zoom.us/j/82625887100?pwd=0GVeJWocglGn2PMNlDbAH5DJn7YxjC.1

Meeting ID: 826 2588 7100
Passcode: 708660

---

One tap mobile
+12532050468,,82625887100#,,,,*708660# US
+12532158782,,82625887100#,,,,*708660# US (Tacoma)

---

Dial by your location
• +1 253 205 0468 US
• +1 253 215 8782 US (Tacoma)
• +1 301 715 8592 US (Washington DC)
• +1 305 224 1968 US
• +1 309 205 3325 US
• +1 312 626 6799 US (Chicago)
• +1 346 248 7799 US (Houston)
• +1 360 209 5623 US
• +1 386 347 5053 US
• +1 507 473 4847 US
• +1 564 217 2000 US
• +1 646 931 3860 US
• +1 669 444 9171 US
• +1 669 900 6833 US (San Jose)
• +1 689 278 1000 US
• +1 719 359 4580 US
• +1 929 205 6099 US (New York)

Meeting ID: 826 2588 7100
Passcode: 708660

Find your local number: https://us02web.zoom.us/u/kem7Nf8lRT

 

Basic Education Students & Youths Association - BESYA Central

08 Aug, 03:54


"အောင်မြင်၍ မပြီးမြောက်သောတော်လှန်ရေး"

၁၉၆၂ ခုနှစ်အာဏာသိမ်းပြီး အာဏာရှင်လူတစ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးချွတ်ခြုံကျအောင်‌ဆောင်ရွက်ရုံမက ဆိုရှယ်လစ်စနစ်အမည်ခံကာ ပြည်သူများ၏ပိုင်ဆိုင်မှုကို သိမ်းပိုက်ကာ အနုကြမ်းစီးခဲ့‌လေသည်။ ထိုမျှမက ပြည်သူလူထုလက်ထဲရှိ ငွေကြေးများကို တရားမဝင်ကြေညာခဲ့သဖြင့် လူထုအကျပ်အတည်းကြီးနှင့်အတူ ကျောင်းသားလူငယ်တို့၏ ကျောင်းတွင်းဆန္ဒပြမှုမှ လူထုနှင့်ပူးပေါင်းကာဖြစ်တည်လာသော တော်လှန်ရေးလှိုင်းကြီးသည် စီးပွားရေးလွတ်လပ်ခွင့်‌များ၊ကျောင်းသားနိုင်ငံရေးမျိုးဆက်တစ်ခုနှင့်အတူ နိုင်ငံရေး‌ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ခဲ့ပေမဲ့ စစ်တပ်ရဲ့တန်ပြန်အာဏာသိမ်းမှုကိုကျော်လွှားကာ ဒီမိုကရေစီကိုပြန်လည်မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် စစ်တပ်ရဲ့လုပ်ဆောင်မှုအမှားတွေကြောင့် ပြန်လည်နောက်ပြန်ရောက်ခဲ့သလို ယခုအာဏာသိမ်းစစ်တပ်အနေနဲ့ ထပ်တူလုပ်ရပ်တွေကိုလုပ်ဆောင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ခဲ့ပေမဲ့ မပြီးမြောက်ခဲ့တဲ့ ၈၈ တော်လှန်ရေးလိုမဖြစ်အောင် ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။

#8888UPRISING
#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

07 Aug, 01:46


အခုလာမယ့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၈ ရက်နေ့မှာ ၈၈၈၈ အရေးတော်ပုံကြီးဟာ နှစ်ပေါင်း ၃၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အရင်တုန်းကတည်းက ကျွန်တော်တို့ လူကြီးတွေရဲ့ ပြောစမှတ်ပြုမှုတွေအရရော၊ အခုနွေဦးတော်လှန်ရေးအတွင်းက ရရှိတဲ့ အတွေ့အကြုံ၊ အသိပညာတွေကြောင့်ပါ "‌၈၈၈၈ ဆိုတာ ဘာလဲ၊ ဘယ်တုန်းကဖြစ်ခဲ့တာလဲ၊ ဘာကြောင့်ဖြစ်ခဲ့တာလဲ" ဆိုတဲ့အရာတွေနဲ့ ဒီ ၈၈၈၈ အရေးတော်ပုံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အစစ်အမှန်ကိုရရှိရေးမှာ အလွန်ကိုကြီးမားတဲ့ အမှတ်သညာတစ်ခုဆိုတာကိုတော့ ‌ကျောင်းသား၊ လူငယ်၊ ပြည်သူများ သိရှိကြပြီးသားဖြစ်ပါတယ်။ ဒီလို အရေးတော်ပုံတွင်းက ကျွန်တော်တို့ ပြည်သူတွေ အဓိက တောင်းဆိုခဲ့ကြတဲ့ "ဒီမိုကရေစီ" အစစ်အမှန်ကိုလည်း ယနေ့အချိန်အထိ တော်လှန်တိုက်ယူနေရဆဲဖြစ်ပါတယ်။

ဒီလိုမျိုး သမိုင်းအစဉ်အလာ၊ သမိုင်းမှတ်တမ်းအရ ကြီးမားလှတဲ့ လူထုအုံကြွမှု အရေးတော်ပုံတစ်ခုဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံရဲ့ (၃၆) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့

"၈၈၈၈ ဘာလဲ ဘယ်လဲ"

ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီစကားဝိုင်းကို ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများစွာမှ အဓိက ကြီးမှူးကျင်းပကြပြီး အဓိက ဆွေးနွေးသူများအနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ - အဖွဲ့ချုပ်) မှ ကိုကျော်သက်နိုင်၊ Interim Basic Education Federal Students' Unions' Representative Committee (IBEFSURC) မှ မယေးမေ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကိုစဝ်ခွန်နောင်နှင့် မယောမုဒြာငယ်တို့က ပါဝင်သွားမှာဖြစ်ပါတယ်။ စကားဝိုင်းကို  ၈. ၈. ၂၀၂၄ ခုနှစ်၊ ညနေ ၆ နာရီကနေ ည ၉ နာရီအထိ ပြုလုပ်သွားမှာဖြစ်လို့ ပါဝင်ဆွေးနွေးသွားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

#8888uprising

Basic Education Students & Youths Association - BESYA Central

19 Jul, 05:25


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးရဲ့ အနောက်ဘက်ဆောင်မှာရှိတဲ့ ဗိုလ်ချုပ်ရုံးခန်းမှာ အစည်းအဝေးတစ်ရပ် ကျင်းပနေခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ဦးအောင်ဇံဝေ၊ ဦးရွှေဘော်၊ ပျော်ဘွယ် ဦးမြ၊ ပုဂံ ဦးဘဂျမ်း၊ ဦးကျော်ငြိမ်း နှင့် စောစံဖိုးသင်းတို့ ပါဝင်ခဲ့သည်။
မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် စစ်ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထားသော လူတစ်စုသည် မောင်းပြန်သေနတ်များကိုင်ဆောင်ကာ အနောက်တောင်ဘက် လှေကားမှတဆင့် ရုံးခန်းတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ပစ်ခတ်သူများမှာ ရန်ကြီးအောင်၊ သက်နှင်း၊ မောင်စိုး၊ စိန်ကြီးတို့ဖြစ်၍ ကားမောင်းသူမှာ သုခ ဖြစ်သည်။

၁၀ နာရီ ၃၇ မိနစ် ထိုလုပ်ကြံမှုမှာ ဗိုလ်ချုပ်အောင်းဆန်း နှင့် တကွ မန်းဘခိုင်၊ ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ ဦးအုန်းမောင် တို့ အသက်ဆုံးရှုံးခဲ့ရသည်။ လုပ်ကြံသူတို့ ပြန်လည်ထွက်ခွာရာ၌ လှေကားတွင် ရဲဘော်ကိုထွေး (ဦးရာဇာတ်၏ သက်တော်စောင့်) ပတ်ခတ်ခံခဲ့ရသည်။ ဒီးဒုတ်ဦးဘချို မှာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် တွင် လည်းကောင်း၊ မိုင်းပွန်စော်ဘွာကြီး စဝ်စံထွန်း သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် လည်ကောင်း ကွယ်လွန်ခဲ့ပါသည်။

ယခုအချိန်တွင် အာဇာနည်နေ့ဆိုတာ ဝမ်းနည်းစရာလား၊ သင်ခန်းစာယူစရာလား ဟူ၍ မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။

အာဇာနည်နေ့ဆိုတာ ဝမ်းနည်းစရာလား၊ သင်ခန်းစာယူစရာလား။
ကျွန်တော်တို့ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်တွေကို ဆုံးရှုံးခဲ့ရတဲ့နေ့လို့ ဝမ်းနည်းစရာနေ့တစ်နေ့အဖြစ် သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။နိုင်ငံတည်ဆောက်ဆဲကာလမှာ ယခုလို လုပ်ကြံသတ်ဖြတ်မှုတွေဟာ အဆန်းအကျယ်ကိစ္စရပ်မဟုတ်ပေမယ့် မြန်မာနိုင်ငံနေနဲ့ လူတစ်ဦးတစ်ယောက်အပေါ် အလွန်အမင်း မှီခိုအားထားခဲ့ကြတဲ့အတွက် နိုင်ငံအတွက်အရေးပါတဲ့ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတော့တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခင် ပြိုကွဲခဲ့ရသလို မဖြစ်လာသင့်တဲ့ ပြဿနာမြောက်များစွာပေါ်ပေါက်ခဲ့ရတာကို သင်ခန်းစာယူပြီး ယခုပြန်လည်တည်ဆောက်ရေးကာလမှာ  မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စည်းလုံးညီညွတ်ရေးနှင့် ပုဂ္ဂိုလ်စွဲနိုင်ငံရေးကို တိုက်ဖျက်ရန်အတွက် အာဇာနည်၉ဦးသည် ဝမ်းနည်းဖွယ်ရာ သင်ခန်းစာတစ်ခုအနေနဲ့တည်ရှိနေမှာပဲဖြစ်ပါတယ်။

"အာဇာနည်စိတ်ဓာတ်စွဲကိုင် တိုက်ပွဲဝင်ကြ"

#အာဇာနည်နေ့
#၇၇ကြိမ်မြောက်
#19th_July
#အကလ_ဗဟို
#BESYA
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Basic Education Students & Youths Association - BESYA Central

07 Jul, 01:24


လွန်ခဲ့သော နှစ် (၆၀)ခန့်က နွေရာသီအချိန်တစ်ခုမှာ ဦးနေဝင်းအစိုးရက အာဏာမတရားရယူသိမ်းဆည်းမှုဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့်ပင် ဇူလိုင်လ ၇ရက်နေ့ မိုးရာသီအချိန်တစ်ခုမှာကျောင်းသားလူငယ်ထုက ပညာရေးအခွင့်အလမ်းပိတ်ဆို့မှုနှင့် စစ်အစိုးရကိုမနှစ်သက်ကြောင်းသိသာစေရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကျောင်းသားလူငယ်ထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုက စစ်အာဏာရှင်အစိုးရကို လက်နက်ကိုင်တိုက်ပွဲများထက် ပိုမိုထိခိုက်စေသောကြောင့်ထင်၏။ စစ်အာဏာရှင်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော လက်နက်မဲ့ကျောင်းသားလူငယ်ထုကို အာဏာရှင်တို့၏ မပြောင်းလဲသောပုံစံအတိုင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့ကြသည်။ မိုးရာသီ၏မိုးရေများအကြားတွင် ကျွန်ုပ်တို့နောင်တော်ကျောင်းသားများ၏သွေးချွေးတွေဟာ ရောယှက်၊ ရောပြွမ်းလျှက် အချိန်ခဏအကြာမှာပဲ ဆေးကြောပြီးစီးခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ရင်ထဲက နောင်တော်တို့ရဲ့ သွေး၊ ချွေးများကတော့ ယခုချိန်ထိ အက်စစ်ရည်များကဲ့သို့ ကျွန်ုပ်တို့ရဲ့ရင်ကို လှိုက်စားနေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရင်ထဲက အက်စစ်ရည်တွေကို ရှင်းပစ်နိုင်ဖို့ အာဏာရှင်မှန်သမျှနှင့် အာဏာရှင်စနစ်ဆိုးမှန်သမျှကိုတိုက်ထုတ်ရှင်းလင်းပစ်နိုင်မှ ဖြစ်လာနိုင်လိမ့်မည်ဟု ထင်မိပါသည်။ အက်စစ်ရည်များကို ကျွန်ုပ်တို့၏ရင်ထဲမှရှင်းထုတ်ပစ်နိုင်သည့်တိုင်အောင် ယခင်ကနှစ်ပေါင်းများစွာလှိုက်စားခံခဲ့ရသည့် ဒဏ်ရာတွေကို သေချာကုသဖို့ရန်အတွက် လိုအပ်နေသေးပေလိမ့်ဦးမည်။ နှစ်ပေါင်းများစွာက အနာဟောင်းအနာဆွေးများ၊ လတ်လတ်ဆတ်ဆတ်အနာသစ်များကို ကုသပျောက်ကင်းနိုင်မည့်နည်းကတော့ ယခင်က နာင်တော်ကျောင်းသားများမျှော်လင့်တောင့်တခဲ့ရသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်နိုင်မှသာ ကုသနိုင်လိမ့်မည်ဟု ထင်မိပါသည်။ သို့အတွက်ကြောင့် ကျွန်ုပ်တို့နိုင်ငံသားအားလုံးသည် ယခုနွေဦးတော်လှန်ရေးကို ပါဝင်တိုက်ခိုက်တိုက်ပွဲဝင်ပြီး ကျွန်ုပ်တို့ရင်ထဲရှိ အက်စစ်တိုက်စားဒဏ်ရာများကို ကုသကြဖို့ရန် တိုက်တွန်းလိုက်ရပါသည်။

"၇.၇.၆၂ မမေ့ကြနဲ့"

#7_July
#၇_၇_၆၂မမေ့ကြနဲ့
#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး