အတိုချုပ်ပြောရရင်တော့ ရှေ့နေတို့ရဲ့ ပညာပြိုင်ခန်းလို့ပဲဆိုရပါမယ်..။ ဇာတ်လမ်းလေးကတော့ မျက်မမြင်ကောင်မလေးတစ်ယောက် မုဒိမ်းကျင့်ခံလိုက်ရရာက လူသက်သေ မျက်မြင်သက်သေတိုက်ရိုက်မရနိုင် မရှိနိုင်တဲ့ အခြေအနေမှာ မိန်းကလေးရဲ့တစ်ခုတည်းသောကျွမ်းကျင်မှုကြောင့် ထွက်ပေါ်လာတဲ့ တရားခံကို နှစ်ဖက်ရှေ့နေတွေအားပြိုင်ပြီး တရားခံဖြစ်ကြောင်းဖော်ထုတ်ကြ..မဟုတ်ကြောင်း ချေပကြရမှာပါ..။
မုဒိမ်းမှုတို့ရဲ့သဘာ၀ ကျူးလွန်ခံရသူမိန်းကလေးရဲ့ အခြေအနေ...နိုင်ငံရဲ့ သဘောသဘာ၀ ...လူတွေရဲ့သဘောသဘာ၀ အပြင်...ရှေ့နေတွေရဲ့ သဘောသဘာ၀ကိုပါ ထင်သာမြင်သာရှိအောင် ပြထားပါတယ်။ ပြသွားတဲ့ရှုထောင့်တိုင်းက ကြည့်ရှုသူရဲ့စိတ်ထဲကို မေးခွန်းတွေအများကြီး၀င်သွားစေတဲ့...ခံစားချက်အမျိုးမျိုး ၀င်လာစေတဲ့အထိ သရုပ်ဆောင်ကောင်းကြတဲ့ ဇာတ်ကောင်အသီးသီးကိုတွေ့ရမှာပါ။
IMDB 7.8 ရထားပါတယ်...။ ရှေ့နေကား အမှုလိုက်ကားကြိုက်သူများအတွက် မငြီးငွေ့စေမယ့်ကားကောင်းလေးပါ။
https://t.me/c/1729241719/16357
နိုင်ငံခြားဇာတ်ကားကြည့်ရန်နှိပ်ပါ👆👆
Joinပြီးမှကြည့်လို့ရမှာပါ ⚡⚡⚡
https://t.me/+XgB2OY74-Mw5YTll