MPANews @mpanews Channel on Telegram

MPANews

@mpanews


နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။

MPANews (Burmese)

MPANews သည် နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။ ဤ channel သည် နွေဦးတော်၊ ဥပါဝတ္ထုံး၊ လှန်ရေး၊ ပြည်သူ နှင့် ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန် တင်ပြပါမည်။ ဤ channel သည် နည်းပညာ၊ သတင်းများ၊ နိုင်ငံသားဖွား နှင့် ကုမ္ပဏီများ နှင့် လှန်ရေး အခြား ပြတငျ့ အစီအစဉ်များ ရယူရရန် အလိုကရည်။

MPANews

23 Nov, 08:17


အုတ်တံတိုင်းများကြား ပျောက်ကွယ်နေသည့် လူအခွင့်အရေး

23 Nov 2024 By Nway , Crystal/MPA (HRV Video Story)

မြန်မာနိုင်ငရှိ အကျဉ်းထောင်အသီးသီးတွင်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများသည် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကြုံတွေ့နေရသည်။

အကျဉ်းထောင်များအတွင်း နေထိုင်စားသောက်မှု၊ သန့်ရှင်းသည့်ရေလုံလောက်စွာမရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် လူတစ်ဦးချင်းစီတိုင်းရသင့်သည့် အခြေခံလိုအပ်ချက်များကိုပင် စစ်ကောင်စီအကျဉ်းဦးစီးဌာနက ဖြည့်ဆည်းပေးခြင်းမျိုးမရှိခဲ့ပါ။

ဒါဟာလည်း နိုင်ငံရေးအကျဉ်းသားများအပေါ် တမင်ကျူးလွန်နေသည့် လူအခွင့်အရေးချိုးဖောက်မှုများအနက်မှ အကြောင်းအရာတစ်ခုဟု ဆိုရပေမည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/x4WMjl3xAgQ

MPANews

23 Nov, 08:04


ရေကျော်ပွဲစျေးပေါက်ကွဲမှုဖြစ်ခဲ့ပါက စစ်ကောင်စီ၏ လက်ချက်သာဖြစ်ကြောင်း ကြိုတင်သတိပေး

23 Nov 2024 By Htet Soe Lin / MPA

ရန်ကုန် ပုစွန်တောင်မြို့နယ်ရှိ ရေကျော်ပွဲစျေးပေါက်ကွဲမှုဖြစ်ခဲ့ပါက တော်လှန်ရေးအင်အားစုများလုပ်ချက်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်သာဖြစ်သည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက MPA ကို ပြောသည်။

ပွဲဈေး လုံခြုံရေးတာဝန်ရှိသူ တစ်ချို့၏ကြိုတင်သတင်းပေးချက်အရ ရေကျော်ပွဲစျေးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လွယ်အိတ်များထဲတွင် လက်လုပ်မိုင်းများထည့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ လုပ်သလိုမျိုး ဖန်တီးမည့်အနေအထားရှိနေခြင်းကြောင့် ယခုလိုကြိုတင်သတိပေးခြင်းဖြစ်သည်ဟု ၎င်းရှင်းပြသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/MMUymwEVh-w

MPANews

23 Nov, 06:48


ပုလဲမြို့အနီးရှိ အလယ်ဘုံရွာကို ယနေ့နံနက်ပိုင်းတွင် စစ်တပ် ဝင် မီးရှို့

23 Nov 2024 By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးရှိ အလယ်ဘုံရွာကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၂၃ရက်) နံနက် ၁၀နာရီဝန်းကျင်တွင် ပုလဲမြို့၏မြောက်ဘက်၊မြို့နှင့်ကပ်လျက်ရှိ အလယ်ဘုံကျေးရွာကို ပုလဲမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသတွင်းရဲဘော်တစ်ဦးထံကသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/R46bB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

23 Nov, 05:28


သတင်းပေါက်ကြားသဖြင့် လက်ပံတန်း ရဲကင်းစခန်းကို မသိမ်းနိုင်၊ စစ်အုပ်စုဝင် ငါးဦး သေဆုံးဟုဆို

23 Nov 2024 By Ko Paing / MPA

သတင်းပေါက်ကြားမှုကြောင့် လက်ပံတန်းမြို့နယ်၊သာယာကုန်းရဲကင်းစခန်းကို မသိမ်းလိုက်နိုင် သော်လည်း တိုက်ပွဲအတွင်း စစ်အုပ်စုဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းကို သိမ်းရန်သွားစဥ် သတင်းပေါက်ကြားမှု ကြောင့် ကြိုတင်စောင့်ဆိုင်းနေသည့် စစ်အုပ်စုကင်းပုန်းနှင့် နိုဝင်ဘာ ၂၁ ရက်၊ နံနက်ငါး နာရီဝန်းကျင်မှ စ၍တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲ တစ်ဦးနှင့် ပြည်သူ့စစ် လေးဦးသေဆုံးကာ ခုနှစ်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/wtRrm
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

23 Nov, 04:32


ဖြူးအပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိုက်ပွဲဖြစ်၊ စစ်သား နှစ်ဦးသေဆုံးဟုဆို

23 Nov 2024 By Ko Paing / MPA

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးကြောင်းသိရသည်။

နိုဝင်ဘာ ၂၂ ရက်၊ နေ့ခင်း ၁၁ နာရီကျော်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီး PDFရဲဘော်များက လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေစဥ် ဇေယျဝတီမြို့မှ လာသည့် စစ်သား၂၀ခန့် တင်ဆောင်လာသော ကား ကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တစ်နာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား တစ်ဦးသေဆုံးသွားကြောင်း စစ်တောင်းစစ်ကြောင်း-P2(3502)ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/2Rqk8
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

23 Nov, 02:05


ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ် ဒရုန်းကို အဓိကအသုံးပြုလာ

23 Nov 2024 By Bala / MPA

ကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဒရုန်းကို အဓိကအားထားအသုံးပြုလာကြောင်း သိရသည်။

ယခုနှစ်အတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းတောင်-ကရင်နီနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်က ဒရုန်းများကို အဓိကထားအသုံးပြုကာ စစ်ကြောင်းထိုးလာကြောင်း KNDFဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/tnFVo
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 14:00


စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီကို သတင်းမီဒီယာ အသိုင်းအဝိုင်းမှ ကန့်ကွက်

22 Nov 2024 By Sayar Ngaat / MPA

စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီသည် သတင်းဌာနများနှင့် သတင်းသမားများကို ဖိနှိပ်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာမီဒီယာ အသိုင်းအ၀ိုင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၀ရက်က အဖွဲ့ဝင် ၂၅ဦးပါဝင်သည့် သတင်းမီဒီယာကောင်စီကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်ရန်အတွက်ဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး-IMJA က ယနေ့(နိုဝင်ဘာ ၂၂ရက်)တွင် ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/CRE2v
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 13:50


MPA ညပိုင်းသတင်းအစီအစဉ်(၂၂ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- ကရင်နီတွင် တိုက်ပွဲများပြန်လည်ပြင်းထန်မည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

- ရေဦးမြို့ထွေအုပ်ရုံးအတွင်း ပျူစောထီးသင်တန်းဆင်းပွဲကျင်းပနေချိန် ဒရုန်းဖြင့်ဗုံးကြဲခံရသဖြင့် ပွဲပျက်

- မူးယစ်ဆေးဝါးသုံးစွဲပြီး ယာဉ်မောင်းသည့် YBS ယာဉ်မောင်း ၁၁ ဦးကို ယာဉ်မောင်းခွင့်အပြီးပိတ်သိမ်း

- ထိုင်းရဲဖမ်းဆီးမှုကြောင့် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့သည့် မြန်မာ ၇ ဦးအနက် ၂ ဦးမှာ CDM များဖြစ်

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/7HsgQkpwYGs

MPANews

22 Nov, 13:30


သုံးခွမြို့ပေါ် ဘုန်းကြီးကျောင်းအချို့ ဆွမ်းနည်းပါးလာမှုကြောင့် ကျောင်းသားသစ် လက်မခံနိုင်တော့

22 Nov 2024 By Htet Soe Lin / MPA

ရန်ကုန်တိုင်း၊ သုံးခွမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့တွင် ဆွမ်းနည်းပါးလာမှုအခြေအနေအရ ကျောင်းသားသစ် လက်မခံနိုင်တော့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲလာပြီး ယခုနှစ်တွင် ပိုမိုခက်ခဲလာခြင်း ကြောင့် ဘုန်းကြီးကျောင်းသားအဖြစ် လာရောက်အပ်နှံမှုများပြားလာသလို ဘုန်းကြီးကျောင်းအများ စုကလည်း အလှူအတန်းနည်းလာခြင်းကြောင့် ကျောင်းသားသစ်လက်မခံနိုင်တော့ခြင်းဖြစ်ကြောင်း သုံးခွ မြို့၊အောင်ဇေယျလမ်းနေ ရပ်မိရပ်ဖတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/cnYzA
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 12:19


တောင်ခမ်းကျေးရွာ တိုက်ပွဲ သုံးလကျော်ထိရှိလာ စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်

22 Nov 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးလကျော်ထိရှိလာပြီဖြစ်ပြီး စစ်ကောင်စီဘက်က နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ ဩလမှစတင်ကာ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို တအာင်းတပ်မတော်-INLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၂ရက်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/PNqLs
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 10:49


မင်းတပ်မြို့သိမ်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အောင်မြင်မှုအချို့ရရှိထား ဟုဆို

22 Nov 2024 By Garcia Ni /MPA

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အောင်မြင်မှုအချို့ရရှိထားကြောင်း CDF (မင်းတပ်) စစ်ဦးစီးချုပ်ထန်းချွန်းဖေက တောင်ဇလပ်မြေကမ်ပိန်းတွင် ယနေ့(နိုဝင်ဘာ ၂၂ရက်)ပြောဆိုသည်။

မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ၉ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး ၁၀ရက်ကျော်ကြာလာသည်အထိ စစ်ကောင်စီက အသည်းအသန်ခုခံကာကွယ်နေရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/525N4
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 09:20


စစ်ကောင်စီသည် တက်ကြွလှုပ်ရှားသူအမျိုးသမီးများကို ဖိနှိပ်နေသော်လည်း အာဏာရှင်စနစ်ကို တော်လှန်သွားမည်ဟုဆို

12 Nov 2024 By Jar Seng / MPA

စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီးအရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသော်လည်း အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်သွားမည်ဟု တက်ကြွလှုပ်ရှားသူများ အမျိုးသမီးများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ စတင်ကာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူအများစုသည် အကြမ်းမဖက်သည်နည်းနှင့် လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေး နည်းဖြင့်လည်းကောင်း အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေသည်မှာ သုံးနှစ်ကျော်လာပြီဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/aSvt2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

22 Nov, 09:02


ဆေးသုံးမောင်းသည့် YBS ယာဉ်မောင်း ၁၁ ဦးကို ယာဉ်မောင်းခွင့်ပိတ်သိမ်း

22 Nov 2024 By Bywar Oo / MPA

၂၀၂၄ ခုနှစ်၊ သုံးလအတွင်း YBS ယာဉ်မောင်းများ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ရာ ၁၁ ဦးကတော့ သောက်စားထားတဲ့အတွက် ယာဉ်မောင်းခွင့် Smart Card ကို အပြီးတိုင် ပိတ်သိမ်းအရေးယူလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

ယင်းသို့ စစ်ဆေးမှုများကို ဩဂုတ်လ ၂၀ မှစတင်ကာ ယနေ့အထိစစ်ဆေးခဲ့ခြင်းဖြစ်ပြီး YBS ယာဉ်မောင်း ၄၀၀ ခန့်ကို စစ်ဆေးပြီးဖြစ်ကြောင်း YRTC ထံမှသိရသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/F3NRqR-dOYY

MPANews

14 Nov, 12:54


MPA ညပိုင်းသတင်းအစီအစဉ်(၁၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- ဂွမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ငါးသောင်းကျော် စားနပ်ရိက္ခာနှင့် အခြားအကူအညီများလိုအပ်နေ

- ရွှေရောင်းဝယ်သည့် လုပ်ငန်းလိုင်စင်ကြောင့် ရွှေဆိုင်အချို့ပိတ်သိမ်း

- ထိုင်း - မြန်မာနယ်စပ်ရှိ စစ်ရှောင်ကလေး ၅၀၀ ကျော် ပညာသင်ကြားရန် အကူအညီများလိုအပ်

- ပြည်ပမှပြန်လာသူများထံမှငွေညှစ်ရန် သထုံမြို့ရှိစစ်ကောင်စီအာဏာပိုင်အချို့ စီစဉ်နေ

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/CE3yt56nag4

MPANews

14 Nov, 12:28


ဖလမ်းမြို့တိုက်ပွဲတွင် ကလေးမြို့ရှိ စစ်ကောင်စီတပ်က Missileဒုန်း လက်နက်ကြီးများ ပစ်ကူပေးဟုဆို

14 Nov 2024 By Garcia Ni / MPA

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပေးနေရသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ Missile ဒုန်း လက်နက်ကြီးများဖြင့်ပင် ပစ်ကူပေးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခု၊ နိုဝင်ဘာ ကိုးရက်နေ့ကစတင်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့အမြောက်တပ်မှ နိုဝင်ဘာ ကိုးရက်ညနေပိုင်းမှစတင်ကာ ဖလမ်းမြို့သို့ Missileဒုန်းများ ပစ်ခတ်အကူအညီပေးနေခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Zqj27
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 11:50


ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

14 Nov 2024 By Than Lyan / MPA

မဇ္ဈိမ သတင်းဌာနတွင် ဓာတ်ပုံသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည့် ကိုကျော်စွာထွန်းသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်၊ နံနက် ၁၀နာရီ မိနစ် ၃၀ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ရှစ်ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/2N7lz
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 10:58


ပခုက္ကူ ရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့

14 Nov 2024 By Nway / MPA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဒေါင်းစားရွာနှင့် နှောကုန်းရွာတို့ကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ဖျက်‌ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ ( နိုဝင်ဘာ ၁၄ရက် ) နံနက်ကိုးနာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ရွာနှင့် ဆင်မင်းရွာ အထိုင်ချ စစ်ကောင်စီတပ်သည် ဒေါင်းစားရွာနှင့် နှောကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/GcR3Y
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 10:52


ရခိုင်စစ်ပွဲ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီက တံတားပေါင်း ၂၇ စင်းကို ဖျက်ဆီး

14 Nov 2024 By Chun Nrein / MPA

တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မိုင်းခွဲဖျက်ဆီးမှုများကြောင့် ရခိုင်ဒေသတွင်း တံတားပေါင်း ၂၇ စင်းပျက်စီးသွားကြောင်း အာရက္ခတပ်တော်က နိုဝင်ဘာ ၁၄ ရက်မှာသတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ၊ မအီ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ တံတားများမှာ စစ်ပွဲကာလတွင်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/26u87a_9JVQ

MPANews

14 Nov, 10:38


ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကြောင့် ရွှေဆိုင်တချို့ ပိတ်သိမ်း

14 Nov 2024 By Bywar Oo / MPA

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်ကာ လျှောက်ထားရမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အဆိုပါ လုပ်ငန်းလိုင်စင်ကို သုံးလအတွင်း လျှောက်ထားရမည်ဟု ကြေညာချက်ထွက်ပြီးနောက် ရွှေဆိုင်အသေး အများစုသည် လုပ်ငန်းပိတ်သိမ်းခြင်းများ လုပ်ဆော်ငလာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် တချို့ထံမှ စုံစမ်းသိရှိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/CrG4y
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 09:30


မြင်းမူ ဝန်ထမ်းအိမ်ရာ အခြေစိုက်စစ်တပ်ကို PDF ဝင်တိုက်၊ ဗိုလ်အဆင့် နှစ်ဦးသေဆုံးဟုဆို

14 Nov 2024 By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ဝန်ထမ်းအိမ်ရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူနှစ်ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ရက်၊ နံနက် လေးနာရီခွဲဝန်းကျင်တွင် မြင်းမူမြို့အစွန်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဝန်ထမ်းအိမ်ရာ၌ တပ်စွဲထားသည့် အင်အား ၂၀ ဝန်းကျင်ရှိ စစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့်ကြာခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့က ယနေ့(နိုဝင်ဘာ၁၄ရက်)မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/y2BNa
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 09:24


ထိုင်း - မြန်မာနယ်စပ်ရှိ စစ်ရှောင်ကလေး ၅၀၀ ကျော် ပညာသင်ကြားရန် အကူအညီများလိုအပ်နေ

14 ‌Nov 2024 By Sayar Ngaat /MPA

မြ၀တီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ကလေးငယ် ၅၀၀ ကျော်မှာ ပညာသင်ကြားနိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်ကလေးငယ်ကို ထိုင်းနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် ပို့ဆောင်ပေးချင်သော်လည်း ပညာသင်ကြားရေးစရိတ်၊ နေထိုင်စရိတ်နှင့် စားသောက်ရေးအတွက် ကူညီမှုမရှိသေးခြင်းကြောင့် အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း Assistant Program for Education of Burmese Children (APEBC)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/p6JNDbND_LQ

MPANews

14 Nov, 09:01


ကမ္ဘာရှားပါးစာရင်းဝင် ကြံ့သူတော်မျိုးစိတ် မြန်မာနိုင်ငံတွင် ကျန်ရှိနေသေး

14 Nov 2024 By Sayar Ngaat / MPA

ကမ္ဘာရှားပါးစာရင်းဝင် ကြံ့မျိုးစိတ်တစ်မျိုးဖြစ်သည့် ကြံသူတော်မျိုးစိတ်သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူများထံမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကြံ့သူတော်များကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဓိကတွေ့ရကြောင်း Native Species Conversation & Identification မှ ကိုဝင်းပိုင်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ETQAR
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

14 Nov, 08:49


မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲခဲ့ပြီးနောက် TNLA ခိုအောင်းနေရာသို့ ဗုံးကြဲခဲ့ကြောင်း သတင်းအများဖြန့်

14 Nov 2024 By Haythar/ MPA

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ပြည်သူနေထိုင်ရာလူနေရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခဲ့ပြီးနောက် TNLA တပ်ဖွဲ့များခိုအောင်းသည့်နေရာကို ဗုံးကြဲခဲ့ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှားပျံ့နှံ့ခဲ့သည်။

Subscriber ၁၉၀,၀၀၀ ကျော်ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာ ၁၂ ရက်၊ မနက်ပိုင်းတွင် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များနှင့် အပျက်အစီးများကို လာရောက်ကြည့်ရှုနေသည့်ပြည်သူများပါဝင်သော ရုပ်သံဖိုင်နှင့်အတူ TNLA တပ်ဖွဲ့များ ခိုအောင်းနေရာကို စစ်တပ်ကဗုံးကြဲခဲ့ကြောင်း ရေးသားဖြန့်ဝေခြင်းဖြစ်သည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/bSL28-Fxnag

MPANews

14 Nov, 08:33


ငါန်းဇွန်၊ မြေတိုင်းရွာထဲ စစ်တပ်ကြဲသည့် ဗုံးအလုံး ၄၀‌ကျော် ကျကွဲ၊ ခြောက်နှစ်အရွယ်မိန်းက လေးငယ်တစ်ဦးသေဆုံး၊ ရွာအနောက်ခြမ်းတစ်ခြမ်းလုံး ပျက်စီး

14 Nov 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာထဲသို့ စစ်ကောင်စီတပ် လေကြောင်းဖြင့် ကြဲချသည့် ဗုံးအလုံး ၄၀ကျော် ကျရောက်ပေါက်ကွဲခဲ့ရာ ခြောက်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ရက်၊ ည ၁၀နာရီဝန်းကျင်က မြေတိုင်းရွာကို စစ်ကောင်စီတပ်က Y12လေယာဉ် ဖြင့် ဗုံးကြဲချခဲ့ရာ ရွာထဲသို့ ဗုံးကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးထံကသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/12s9k
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

11 Nov, 11:19


တရုတ်ဘက်မှ ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် ကုန်စျေးနှုန်းပိုမိုမြင့်တက်လာနိုင်ဟုဆို

11 Nov 2024 By Poesangle/ MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်များမှ ပစ္စည်းသယ်ယူခွင့်ကို တရုတ်အစိုးရက လုံး၀ပိတ်ပင်ခဲ့ခြင်းကြောင့် ပြည်တွင်း ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ဒေသခံများက ဆိုသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ ပစ္စည်းများကို ခရီးသည်တင်ကား၊ အိမ်စီးကား၊ ဆိုင်ကယ်၊ သုံးဘီးနှင့် လက်တွန်းလှည်များ အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းသို့ ကုန်စည်ပို့ဆောင်ခွင့်အားလုံးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့အစိုးရက ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကုန်ပစ္စည်း သယ်ယူမည်ဆိုပါက တရားဝင်ထောက်ခံချက်များဖြင့်သာ လုပ်ဆောင်ခွင့်ပြုမည်ဟု နိုဝင်ဘာ ကိုးရက်တွင် ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2s4pk4bv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

11 Nov, 04:56


ရေစကြိုမြို့ပေါ် သန်းခေါင်စာရင်းကောက်နေသည့် စစ်အုပ်စုဝင်များ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး သေ၊ ငါးဦးဒဏ်ရာရဟုဆို

11 Nov 2024 By Ko Paing/MPA

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်ခံနေသော စစ်အုပ်စုဝင်များကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ ရက်၊နေ့ခင်း ၁၁ နာရီဝန်းကျင်တွင် ရေစကြိုမြို့ပေါ် အမှတ်ခုနှစ်ရပ်ကွက်၌ အင်အား ၅၀ ဝန်းကျင်ဖြင့် သန်းခေါင်စာရင်းကောက်ခံနေသည့် စစ်အုပ်စုဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။\

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4d98rvcc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

10 Nov, 12:17


နှစ်စဉ် ခြောက်ကောင်ခန့်သေဆုံးနေသည့် ဧရာ၀တီလင်းပိုင်များ ထိန်းသိမ်းရန် လိုအပ်နေ

10 Nov By Blackpanda ၊ MPA

ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဧရာ၀တီလင်းပိုင်များသည် နှစ်စဉ် ခြောက်ကောင်ခန့်သေဆုံးနေသည့်အတွက် ထိန်းသိမ်းရန်လိုအပ်လျက်ရှိကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းနေသူများထံမှ သိရသည်။

၂၀၀၂ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ်အထိ ဧရာ၀တီလင်းပိုင်ရေ စာရင်းများကို နှစ်စဉ်ကောက်ခံခဲ့ပြီး နောက်ဆုံးကောက်ခံထားသည့် စာရင်းအရ ကောင်ရေ ၁၀၀ရှိခဲ့သော်လည်း လက်ရှိတွင် ကောင်ရေအတိအကျကို စာရင်းမကောက်နိုင်ခြင်းမရှိတော့ကြောင်း Native Species Conservation & Identification (NSCI) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/drPN2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

10 Nov, 10:58


မန္တလေး၊အိုးဘိုထောင်တွင် အကျဉ်းသားများ ရေလုံလောက်စွာမရသဖြင့် ယားနာဖြစ်ပွားမှု ဆိုးရွားလာ

10 Nov 2024 By Sayar Ngaat/MPA

မန္တလေးမြို့၊ အိုးဘိုအကျဉ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ ရေလုံလောက်စွာ မရရှိသဖြင့် ယားနာဖြစ်ပွားမှုအခြေအနေ ဆိုးရွားလာကြောင်းသိရသည်။

၂၀၂၄ခုနှစ်၊‌ အောက်တိုဘာလမှစတင်ကာ လျှပ်စစ်မီးပုံမှန် မရရှိမှုကြောင့် ရေစက်မောင်းရန် အဆင်မပြေဟု ဆိုသောအကြောင်းပြချက်ဖြင့် အိုးဘိုထောင်တွင် ရေမလုံလောက်မှု ဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/wWY9yh9BRLE

MPANews

10 Nov, 10:47


ယောဒေသသို့ ကုန်စည်ဝင်ရောက်မှုနည်းပါးနေပြီး ကုန်စိမ်းများပင် ရှားပါးနေ

10 Nov 2024 By Hlaing / MPA

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျော၊ ဆော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့တွင် ကုန်စည်ဝင်ရောက်မှုနည်းပါးပြီး ကုန်စိမ်းများပင် ရှားပါးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ယောဒေသတွင် ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ လက်နက်ကြီးနှင့် လေကြောင်းကိုသာ အသုံးပြု၍ ကျေးရွာများသို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ အင်အားကောင်းသည့် ကျော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်များကို ရိက္ခာဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/TAqqn
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

10 Nov, 08:50


KPLA- 9425တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ကျင်းပ

10 Nov 2024 By MPA

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်း တစ်နေရာတွင် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ယနေ့ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ယနေ့ (နိုဝင်ဘာ၁၀ ရက်) နံနက် ခုနှစ်နာရီတွင် စတင်ကျင်းပခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် KPLA- 9425တပ်ရင်းမှ ရဲဘော်များ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း ယင်းတပ်ရင်း၏ တပ်ရင်းမှူး ရဲဘော်ရစ်ချက်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/5fOBl
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

10 Nov, 08:30


မင်းတပ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်လေကြောင်းပစ်ကူအများအပြားပေးနေရ

10 Nov 2024 By Garcia Ni / MPA

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး မင်းတပ်မြို့မကျရေး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ်၊ နိုဝင်ဘာရှစ်ရက်၊ ညဦးပိုင်းကစ၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး နိုဝင်ဘာ ကိုးရက် ညနေပိုင်းကစ၍ စစ်ကောင်စီကလေကြောင်းပစ်ကူ အဆက်မပြတ်ပေးနေရခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/fxuwP
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

10 Nov, 03:04


NUG ၏ Grade 12 သင်ရိုးညွှန်းတမ်းအသစ်များ မြေပြင်သို့ မဖြန့်ဝေနိုင်သဖြင့် သင်ရိုးအဟောင်းတိုင်သာ သင်ကြားနေရ

10 Nov 2024 By Hlaing / MPA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စနစ်သစ် သင်ရိုးညွှန်းတမ်းဖြစ်သည့် Grade 12 တွင် သင်ရိုးညွှန်းတမ်းစာအုပ်များကို မြေပြင်သို့ ပြည့်စုံစွာ မဖြန့်ဝေနိုင်မှုကြောင့် သင်ရိုးဟောင်းအတိုင်းသာ သင်ကြားနေရကြောင်း ပညာရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ NUG က စနစ်သစ်ပညာရေးဖြင့် Grade 12 များကို သင်ကြားရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် စာသင်နှစ်ကုန်သည့်အချိန်ထိ သင်ရိုးညွှန်းတမ်းစာအုပ်များ မြေပြင်သို့ မရောက်ရှိလာခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသား နှင့် ဆရာ၊ ဆရာမများ အခက်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/A3rNs
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

09 Nov, 14:18


MPA ၏ ညပိုင်းသတင်း (၉ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ခုနှစ်)

- မြန်မာ့အရေး ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ အခါခါ ပျက်ကွက်နေဟုဆို

- ပေါင်းတည်မြို့အထွက်တွင် ခရီးသွားလူငယ် ၃၀ခန့်ကို စစ်မှုထမ်းရန် စစ်တပ်ဖမ်းဆီး

- စစ်ကောင်စီကို အံတုရင်ဆိုင်ခဲ့သည့်် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးတွင် ကျဆုံး

- ငါန်းဇွန်တွင် စစ်ကားသုံးစီး ဖြတ်တိုက်ခံရပြီး သုံးဦးသေဆုံး

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/0RRtSQQWQ1U

MPANews

08 Nov, 13:12


MPA ညပိုင်သတင်း (၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- သီပေါမြို့တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

- လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းဖြတ်လိုက်သည့် မြန်မာအမျိုးသမီးကို အလုပ်ရှင်ကနစ်နာကြေးမပေးသည့်အပြင် အလုပ်ထုတ်

- ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်‌ တောင်ယာလုပ်ကိုင်သူများ အခက်တွေ့

- မော်လမြိုင် စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဆီဘောက်ဆာယာဉ်မောင်း သေဆုံး

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/xl1-LZyJaKY

MPANews

08 Nov, 12:34


မြန်မာ့အရေး ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ အခါခါ ပျက်ကွက်နေဟုဆို

8 Nov 2024 By Ra Wai / MPA

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကို ထိရောက်ပြီး အဓိပ္ပါယ် ပြည့်ဝသော အချိန်ကိုက် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အထပ်ထပ် အခါခါ ပျက်ကွက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

ယင်းသို့သော ပျက်ကွက်မှုများကြောင့် မြန်မာပြည်သူများက စိတ်ပျက်နေကြကြောင်းလည်း နိုဝင်ဘာခုနှစ်ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားစဉ်
ထည့်သွင်းပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/hVIPw
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

08 Nov, 11:51


ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်‌ တောင်ယာလုပ်ကိုင်သူများ အခက်တွေ့

8 Nov 2024 By Chun Nrein / MPA

ရခိုင်ပြည်နယ်ရှိ တစ်ကျော့ပြန်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်ကို စစ်ရေးအရေးနိမ့်ခဲ့သော စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားခဲ့တာကြောင့် တောင်ယာလုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ဝါးခုတ်၊ သစ်ခုတ်၊ ထင်းခွေခြင်းနှင့် ဟင်းစားရှာဖွေမှုများအပြင် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ မိုင်းအန္တရာယ်ကြောင့် အလုပ်ကိုင်ထိခိုက်မှုများရှိနေကြောင်း သိရသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/9p5RXe1eOwY

MPANews

08 Nov, 10:20


[Fact Check]
တောင်ကုတ်မြို့ ကင်းတောင်ရွာရှိ အေအေစခန်းကို လေကြောင်းဖြင့် ဗုံးကြဲရာ အေအေ ၂၅ ဦး သေဆုံး ဆိုသည့်သတင်းအမှား

8 Nov 2024 by Wadi / MPA

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကင်းတောင်ရွာရှိ အာရက္ခတပ်တော်(အေအေ)စခန်းကို ဗုံးကြဲရှင်းလင်းရာ အေအေတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“Terrorist AA Obituaries” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၆ ရက် ည ၉ နာရီ ၅၈ မိနစ်တွင် တောင် ကုတ်မြို့၊ ကင်းတောင်ရွာရှိ အေအေစခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲရှင်းလင်းရာ အေအေ တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုကာ ဗုံးဒဏ်ကြောင့် ပျက်စီးသွား သော အဆောက်အဦးပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/6klWH
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

08 Nov, 09:46


သီပေါမြို့တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

8 Nov 2024 By Poesagle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ဒေသခံများသည် လွတ်လပ်စွာ သွားလာ၍ မရဘဲ အခက်အခဲများဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် သီပေါမြို့ကို TNLA ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် ၊ အောက်တိုဘာ ၁၃ရက်မှ စတင်ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်အကြွင်းအကျန်များကို ရှင်းလင်းနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/xuoJx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

08 Nov, 08:12


မော်လမြိုင် စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဆီဘောက်ဆာယာဉ်မောင်း သေဆုံး

8 Nov 2024 By Ra Wai / MPA

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ဆီဘောက်ဆာယာဉ်မောင်းမှာ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။

မော်လမြိုင်မြို့၊ရိုးဂိုးကျေးရွာ၊မော်လမြိုင်-မုဒုံကားလမ်းဘေးရှိ မင်းသန့် စက်သုံးဆီဆိုင်တွင် နိုဝင်ဘာ ခုနှစ်ရက်၊ညနေငါးနာရီကျော်က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဆီဘောက်ဆာယာဉ်မောင်းမှာ ယနေ့(နိုဝင်ဘာရှစ်ရက်)နံနက် ငါးနာရီခွဲခန့်၌ သေဆုံးသွားကြောင်း မော်လမြိုင်မြို့၊လူမှုကယ်ဆယ်ရေးသမားတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/flKMS
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

08 Nov, 04:50


တောင်ကြီး-အေးသာယာ အတက်အဆင်းလမ်းတွင် စစ်ကောင်စီတပ် အင်အားသုံး ဂိတ်ချစစ်ဆေးနေ

8 Nov 2024 By Bala / MPA

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-အေးသာယာ အတက်အဆင်းလမ်းတွင် စစ်ကောင်စီတပ်က အင်အားသုံး ဂိတ်ချစစ်ဆေးနေကြောင်း သိရသည်။

နိုဝင်ဘာလေးရက် ညနေပိုင်းမှ စတင်ကာ စစ်ကား အစီးရေ ၅၀ခန့်ဖြင့် စစ်သားများ ရောက်ရှိ လာကာ ယနေ့အထိ ဂိတ်ချစစ်ဆေးလျက်ရှိကြောင်း တောင်ကြီးမြို့တခွင် စားသောက်ကုန်များ လှည့်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/BxNkM
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

08 Nov, 03:55


လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းဖြတ်လိုက်သည့် မြန်မာအမျိုးသမီးကို အလုပ်ရှင်ကနစ်နာကြေးမပေးသည့်အပြင် အလုပ်ထုတ်

8 Nov 2024 By Htet Soe Lin / MPA

ထိုင်းနိုင်ငံ၊ ရေခဲသေတ္တာစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါထိခိုက်ခဲ့မှုအတွက် နစ်နာကြေးမရသည့်အပြင် အလုပ်ပါအထုတ်ခံရသည့်အပေါ် ထိုင်းအာဏာပိုင်များထံတိုင်ကြားထားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့တာဝန်ရှိသူ ကိုမုန်တိုင်းကပြောသည်။

ထိုင်းနိုင်ငံ၊ နွန်ထပူလီခရိုင်၊ စိုင်နွဲ့မြို့၊ စိုင်ယိုင်ရှိ ရေခဲသေတ္တာစက်ရုံတွင် CI စာအုပ်ကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားမသီတာဆွေသည် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပြီး လက်ချောင်းများ ဖြတ်လိုက်ရကြောင်း ကိုမုန်တိုင်းက MPA ကိုပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/2WwlkfbHfQA

MPANews

08 Nov, 03:06


ပြောကြမယ် Podcast အစီအစဉ်

8 Nov 2024 By MPA ( Podcast Program )

ယနေ့မှာတော့ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံးလူနည်းစုတစ်ခုဟု သတ်မှတ်ခံရထားရသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုးစု အကြောင်းကို တင်ဆက်ပေးပါမည်။ ရိုဟင်ဂျာလူမျိုးများသည် ဆယ်စုနှစ်များစွာတိုင် မြန်မာစစ်တပ်နှင့် ခေတ်အဆက်ဆက်အစိုးရများ၏ အလွန်အကျူးဖိနှိပ်မှုကို ခံစားခဲ့ကြရသည်။ လူနည်းစုအခွင့်အရေးဆိုင်ရာများအကြောင်း "ပြောပြမယ် Podcast အစီအစဉ်" ကို အပတ်စဉ် Myanmar Pressphoto Agency သတင်းဌာနတွင် နားဆင်နိုင်ပါပြီ။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/A1itHFfIbGI

MPANews

07 Nov, 14:00


ရေစကြို၊ နေရင်းရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ပြီး ပစ္စည်းလုယက်

7 Nov 2024 By Nway / MPA

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နေရင်းရွာကို ပျူစောထီးများက နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများ လုယက်သွားကြောင်း သိရသည်။

နိုဝင်ဘာခြောက်ရက်နှင့် ယနေ့(နိုဝင်ဘာခုနှစ်ရက်)တွင် ရေစကြိုမြို့နယ်၊ မင်းရွာပျူရွာနှင့် ကပ်လျက်ဖြစ်သော နေရင်းရွာကို မင်းရွာ ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများနှင့် စားသောက်ကုန်များ ယူဆောင်သွားကြောင်း ရေစကြိုပကဖထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/rIZKe
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

07 Nov, 13:43


MPA ညပိုင်းသတင်း(၇ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ပေးထားရန် မင်းအောင်လှိုင် တရုတ်အစိုးရကိုတောင်းဆို

- တရုတ်နယ်စပ်ဂိတ်များပိတ်ပြီးနောက်ပိုင်း မြစ်ကြီးနားနှင့် ဗန်းမော်မြို့များတွင် ဓာတ်ဆီဈေးနှုန်းများမြင့်တက်လာ

- ဂွမြို့နယ်ရှိ စစ်ရှောင်များအတွက် ဆောင်းရာသီတွင်အသုံးပြုရန် စောင်၊ ခြင်ထောင်နှင့် အိပ်ယာခင်းများလိုအပ်နေ

- ချောင်းဆုံပြည်သူ့လုံခြုံရေးသင်တန်းဆင်းများ ထောက်ပံ့ကြေးမရသဖြင့် မကျေမနပ်ဖြစ်နေ

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/3BfLRtZOYn0

MPANews

07 Nov, 13:30


[Weekly Fact Check]
နိုဝင်ဘာ ပထမပတ်အတွင်း MPA က အချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ

7 Nov 2024 By Fact Check Team / MPA

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော သတင်းအမှားများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာ စောင့်ကြည့်၍ Fact Check သတင်းများ ရေးသားဖော်ပြလျက်ရှိသည်။

နိုတင်ဘာ ၁ ရက်မှ ၇ရက်အတွင်း သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးရေးသားခဲ့ သော Fact Check News များကို စာဖတ်သူများ တစုတစည်းတည်း ဖတ်ရှုနိုင်ရန် ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/tctAd
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

07 Nov, 12:35


လွိုင်ကော် ဗျူးပွိုင့်တွင် စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ တပ်စွဲ

7 Nov 2024 By Bala / MPA

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ဗျူးပွိုင့်ပေါ်တွင် စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ တပ်စွဲလိုက်ကြောင်း သိရသည်။

နိုဝင်ဘာလေးရက်တွင် လွိုင်ကော်မြို့ရှိ Loikaw View Point Mountain(ခ)ရတနာသီရီ(ခ)သစ်တစ်ပင်တောင်ပေါ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းတပ်ဖွဲ့က စတင်တပ်စွဲလိုက်ကြောင်း လွိုင်ကော်မြို့၊လောဓမ္မရပ်ကွက်နေ ပြည်သူတစ်ဦးထံက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/hZlAe
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 12:52


MPA ညပိုင်းသတင်း(၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- သန်းခေါင်ကျော်အချိန် လားရှိုးမြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

- ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်နေ

- နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ စစ်ကောင်စီတပ်စွဲထားသော ဂန့်ကော်ရွာတွင် ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

- မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/gKi2oU8PHD0

MPANews

05 Nov, 11:53


ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသားလူငယ်များအား စိတ်ကျန်းမာရေးအသိပညာပေး

5 Nov 2024 By Crystal / MPA

မြန်မာ့ရွှေ့ပြောင်းကျောင်းတစ်ခုဖြစ်သည့် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသားလူငယ်များအား စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အသိပညာပေးသည့် ပွဲတစ်ခုကို Empathy Realm - နှလုံးသားရပ်ဝန်းအဖွဲ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ယနေ့ (နိုဝင်ဘာ ၅ ရက်)၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတက်ရောက်သူ အပါအဝင် ကျောင်းသားလူငယ် စုစုပေါင်း အယောက် ၄၀ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/KSe0ERVFzyw

MPANews

05 Nov, 07:40


ငါန်းဇွန်တွင် စစ်ကောင်စီတပ် ရွာမီးရှို့ပြီးနောက် ပြည်သူ့ရိက္ခာ လုယက်

5 Nov 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သဖန်းသာရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ရွာသစ်ရွာ သို့ ဝင်ကာ စားနပ်ရိက္ခာများ လုယက်သွားကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာငါးရက်) နံနက် ကိုးနာရီခန့်တွင် ငါးဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် သဖန်းသာရွာကို အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး အိမ်ခြေမည်မျှ မီးလောင်ကျွမ်းသလဲဆိုသည်ကိုမူ မသိရသေးကြောင်း ဒေသတွင်းတော်လှန်ရေး ရဲဘော်တစ်ဦးထံက သိရသည်။

" ငါန်းမြာကြီးနဲ့ သဖန်းသာနဲ့ကပ်နေတာလေ။ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ဒီအတိုင်းထွက်ရှို့တာ။ ပျက်စီးမှုအခြေအနေက မသိရသေးဘူး။ အဲ့နေရာက သူနဲ့ကိုယ်နဲ့ကြားထဲဆိုတော့ ကပ်မရသေးဘူး။ သူတို့(စစ်ကောင်စီ)ကလည်း ပိတ်ထားတာ" ဟု ၎င်းက MPA သို့ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/xBbHB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 07:13


မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် AA ထိန်းချုပ်ထားသည့် နယ်မြေများမှ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

5 Nov 2024 By Jar Seng / MPA

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန် ဖြစ်ပွားလာသော စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများမှာ ခြောက်သိန်းကျော်အထိ များပြားလာခဲ့ပြီး ယင်းစစ်ဘေးရှောင်များသည် ULA/AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/VME0S
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 06:29


နောင်ချိုနှင့် ပြင်ဦးလွင်ကြား စစ်ကောင်စီတပ်စွဲထားသည့် ဂန့်ကော်ကျေးရွာ၌ ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

5 Nov 2024 By PoeSangle / MPA

နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် ဂန့်ကော်ကျေးရွာတွင် ငါးရက်ဆက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၇ရက်တွင် စစ်ကောင်စီကသည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ တဆင့် ဂန့်ကော်ကျေးရွာသို့ စစ်ကြောင်းထိုးလာမှုကြောင့် TNLA နှင့် ပူးပေါင်းတပ်များက ဆုတ်ခွာပေးခဲ့သော်လည်း၊ နိုဝင်ဘာ တစ်ရက်မှစတင်ကာ TNLA ပူးပေါင်းတပ်များသည် စစ်ကောင်စီကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ဂန့်ကော်ရွာတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းလည်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/jRHkz
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 05:42


ရန်ကုန်တိုင်းအတွင်း အခြေခံလူတန်းစားများ များသည့် ရပ်ကွက်များ၌ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်

5 Nov 2024 By Maung Dagon / MPA

ရန်ကုန်တိုင်းအတွင်း အခြေခံလူတန်းစားများ များပြားပြီး လူနေထူထပ်သော ရပ်ကွက်များတွင် လျှပ်စစ်မီး ဆိုးရွားစွာပြတ်နေပြီး တစ်ရက် ရှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယခုကဲ့သို့ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလမှစတင်ခဲ့ခြင်းဖြစ်ပြီး တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတ စသည့်မြို့နယ်များသည် အခြားမြို့နယ်များထက် လျှပ်စစ်မီး ပြတ်တောက်ချိန် သိသိသာသာ ပိုများကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/QUoFh
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 05:00


မြိုင် စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရသဖြင့် ထပ်မံ စစ်ရှောင်ရပြန်

5 Nov 2024 By Nway / MPA

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ထပ်မံ စစ်ရှောင်ရပြန်ကြောင်း သိရသည်။

နိုဝင်ဘာ နှစ်ရက်က မြိုင်မြို့နယ် မကြီးလေးပင်ရွာမှ ပြည်သူများနေထိုင်သော စစ်ရှောင်စခန်းကို စစ်တပ်က MI 35 ရဟတ်ယာဉ်ပေါ်မှ ရော့ကက်နှင့် စက်သေနတ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယင်းစစ်ရှောင်စခန်းတစ်ခုလုံး ထပ်မံပြောင်းရွှေ့စစ်ရှောင်ကြရကြောင်း မြိုင်ပကဖထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/7anIw
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 04:50


လားရှိုးပြည်သူများကို သန်းခေါင်ကျော်အချိန်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်ပြန်

5 Nov 2024 By Ra Wai / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက် မယ်ဟန်ရွာဘက်ကို သန်းခေါင်ကျော်အချိန်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်(နိုဝင်ဘာငါးရက်)သန်းခေါင်ကျော်အချိန် ၁၂နာရီ၄၃မိနစ်နှင့် ၁၂နာရီမိနစ်၅၀ တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့အခြေစိုက် Freedom Youth Volunteers-FYV က သတင်းထုတ်ပြန်သည်။

“မယ်ဟန် လူမရှိတဲ့အိမ်မှာ ကျပါတယ်။လူမထိပါဘူး” ဟု FYV က ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/j0K1L
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 04:22


စစ်ကိုင်းတက္ကသိုလ်ရှေ့ စစ်တပ်ဂိတ်ကို PDF ဝင်တိုက်၊စစ်ကူယာဥ်တန်းကိုလည်း မိုင်းဆွဲ၊ စစ်သား ၂၀ ဝန်းကျင်သေဆုံးဟုဆို

5 Nov 2024 By Ko Paing / MPA

စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရှေ့ စစ်ဆေးရေးဂိတ်ကို PDFတို့ ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူယာဉ်တန်းအား မိုင်းဆွဲခဲ့ရာ စစ်သား ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ လေးရက်၊ နံနက်ငါးနာရီကျော်တွင် စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ရှေ့ ၊မုံရွာ-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SAGAING PDF က ယနေ့(နိုဝင်ဘာငါးရက်) သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/D1YYQ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

05 Nov, 03:07


မုံရွာတွင် စစ်တပ်ကင်းပုန်းနှင့်PDF တည့်တည့်တိုးပြီး တိုက်ပွဲဖြစ်၊စစ်သားနှစ်ဦးသေဆုံးဟုဆို

5 Nov 2024 By Ko Paing / MPA

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာအကျော်တွင် စစ်တပ်ကင်းပုန်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း Black Hero LPDFက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလေးရက်၊ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်တွင် မန္တလေး-မုံရွာလမ်းမပေါ် ဖြတ်သန်းမည့် စစ်ယာဥ်တန်းနှင့်ဆီဘောက်ဆာကားများကို တိုက်ခိုက်ရန်အသွား မြေနဲရွာအကျော်၌ စစ်တပ်ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျတော်တို့ က စစ်ကိုင်းဘက်က ထွက်လာတဲ့ စစ်ယာဥ်တန်းကို ပစ်ဖို့သွားတာ။ မြေနဲအကျော် မှာစစ်ကောင်စီကင်းပုန်း ၂၀ ဝန်းကျင်လောက်နဲ့ ထိတွေ့ဖြစ်သွားတာ။အချိန်အရမ်းတော့ မကြာပါဘူး။သူပစ် ကိုယ်ပစ် သုံးမိနစ် လောက် အနီးကပ်ပစ်ရတာ”ဟု Black Hero LPDF မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/o1Orj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

04 Nov, 14:02


စစ်ကောင်စီ​၏ အကြမ်းဖက်မှုများ ပိုမိုသိရှိစေရန် Killing Field Myanmar အနုပညာဖန်တီးမှုပြုလုပ်

4 Nov 2024 By Crystal/MPA

စစ်ကောင်စီတပ်က မြန်မာပြည်သူများအပေါ် နေ့စဉ်နှင့်အမျှပြုလုပ်နေသည့် အကြမ်းဖက်သတ်ဖြတ်မှုများကို လူအများပိုမိုသိရှိစေရန်အတွက် Killing Field Myanmar ခေါင်းစဉ်ဖြင့် ကမ်ပိန်းတစ်ခုကို မြန်မာလိင်တူချစ်သူ LGBT တစ်ဦးက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ၂ နှစ် ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတွင် LGBT များပါဝင်နေသည်ကို သိရှိစေချင်သည့်ရည်ရွယ်ချက်အပြင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသောအရာများအား အနုပညာဖြင့် ပုံဖော်ပြသလိုသောကြောင့် ယခုလိုကမ်ပိန်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း လိင်တူချစ်သူသက္ကရာဇ်က MPA ကို ပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/gOSHDKH4ORk

MPANews

04 Nov, 13:12


MPA ညပိုင်းသတင်း(၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- မင်းတပ်မြို့ကို တစ်လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်

- ကရင်နီပြည်နယ်တွင် ရဲစခန်းနှင့်ရဲကင်းများ တိုးချဲ့တည်ဆောက်နေ

- စခန်းစွန့်ပြေးသည့် စစ်တပ်စစ်ကြောင်း ရှင်းလင်းခံရပြီး ၁၄ ဦးသေဆုံး၊ ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၇ ဦးအရှင်မိ

- မတ်ပဲမျိုးများ ရေနစ်မြုပ်ခဲ့ခြင်းကြောင့် ဆောင်းသီးနှံစိုက်မည့်တောင်သူများ အခက်အခဲဖြစ်နေ

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/b3iLvATc5hk

MPANews

04 Nov, 12:43


ဘောလခဲ၊ ဝမ်မလန်းစခန်းကုန်းကို ဒရုန်းစစ်ဆင်ရေး ဆင်နွှဲနေ

4 Nov 2024 By Bala / MPA

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ဝမ်မလန်းစခန်းကုန်းကို ဒရုန်းစစ်ဆင် ရေးဆင်နွှဲနေကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

နိုဝင်ဘာတစ်ရက်တွင် ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ဝမ်မလန်းစခန်းကုန်းကို ကရင်နီပြည်တပ်မတော် (KA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်တပ်က လေကြောင်းပစ်ကူပေးကာ ကာကွယ်နေသဖြင့် စခန်းမသိမ်းနိုင်သေးဘဲ ဒရုန်းဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4t2c4ct
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

04 Nov, 10:27


တော်လှန်ရေးတပ်ဖွဲ့ဝင်များကယ်ထုတ်ထားသည့် ပြည်သူ ၈၀ ခန့် စားဝတ်နေရေးခက်ခဲနေ

4 Nov 2024 By Zwe Ko / MPA

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်၊ အေးရွာလေး၊ ရုံးချောင်း၊ သခွပ်ပင်နှင့် ဥယျာဉ်ကြီးကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်ထားသည့် စစ်ဘေးရှောင်ပြည်သူ ၈၀ ခန့်သည် စားဝတ်နေရေးအတွက် အခက်အခဲများရှိနေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၄ရက်က အဆိုပါကျေးရွာများသို့ စစ်ကောင်စီက အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်လာရခြင်းဖြစ်သည်ဟု ရုံးချောင်းကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yc3c56w4
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

04 Nov, 10:12


စခန်းစွန့်ပြေးသည့် စစ်တပ်စစ်ကြောင်း ရှင်းလင်းခံရပြီး ၁၄ ဦးသေဆုံး၊ ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၇ ဦးအရှင်မိ

4 Nov 2024 By Htet Soe Lin / MPA

စခန်းစွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို PDF တပ်များလိုက်လံရှင်းလင်းခဲ့သဖြင့် ၁၄ ဦးသေဆုံးပြီး တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦးအပါအဝင်စစ်သုံ့ပန်း ၁၇ ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ခဲ့သည်။

KNU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၃ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BPLA ၏ ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/o6KzTu6fuVQ

MPANews

04 Nov, 07:49


ဝက်လက်တွင် ကင်းတံခါးလာပိတ်သည့် စစ်သားများ စောင့်ပစ်ခံရပြီး သုံးဦးသေဆုံးဟုဆို

4 Oct 2024 By Ko Paing / MPA

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ကင်းတံခါးပိတ်ရန်လာသည့် စစ်သားများကို စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း(ရွာသာကြီး တိုက်နယ်-ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာသုံးရက်၊ ညနေပိုင်းတွင် ဝက်လက်မြို့နယ်၊ရွာသာကြီးတိုက်နယ်ရှိ စစ်ကောင်စီအထိုင် စခန်းနှင့် မီတာ ၂၅၀ ခန့်အကွာရှိ ရွာတော်ဘက်အထွက် လမ်းလေးဆုံ ကင်းတံခါးကို သွားပိတ်သည့် စစ်သားများအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mrwk2k9t
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

04 Nov, 06:40


နွားထိုးကြီး ဂက်စ်ပိုက်လိုင်းစောင့် စစ်သားများ ဒရုန်းဗုံးထိပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရဟုဆို

4 Nov 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဂက်စ်ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ သုံးရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအရှေ့ဘက်ရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yjfnnt92
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

04 Nov, 06:00


မင်းတပ်ကို တစ်လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်

4 Nov 2024 By Garcia Ni / MPA

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း CDF(မင်းတပ်)၊ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်နှင့် တိုက်နယ်အမှတ်လေး တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12တို့ဖြင့် ပေါင်၅၀၀၊ ပေါင်၂၅၀ ဗုံးသီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yhyx452c
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

25 Oct, 14:28


ကောလာဟလသတင်းများကိုယုံပြီး ရွှေအရောင်းအဝယ်မပြုလုပ်ကြရန် သတိပေး

25 Oct 2024 By Bywar Oo / MPA

ကောလာဟလသတင်းများကိုယုံကြည်ပြီး အရောင်းအဝယ်မပြုလုပ်ကြရန်နှင့် ရွှေဈေးကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က အသိပေးထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ကျပ် ၆၁ သိန်းအထိကျဆင်းခဲ့သည့် အခေါက်ရွှေဈေးနှုန်းမှာ အောက်တိုဘာ ၂၃ ရက်မှစ၍ နှစ်ရက်အတွင်းကျပ် ၆၇ သိန်းအထိ ပြန်လည်မြင့်တက်ခဲ့သည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/kB30a8ExwIw

MPANews

25 Oct, 13:30


လားရှိုးပြည်သူများကို စစ်ကောင်စီတပ် ယနေ့ ဗုံးကြဲသတ်ပြန်၊ ‌ပြည်သူတစ်ဦး သေဆုံး

25 Oct 2024 By Nway / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးငါးလုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံး‌ခဲ့ကြောင်း သိရသည်။

ယနေ့ ( အောက်တိုဘာ ၂၅ရက် ) မွန်းလွဲ တစ်နာရီကျော်က ပေါက်ကွဲအားပြင်းထန်သော ဗုံးငါးလုံး ကြဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်စီးလာသော ပြည်သူတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး ရွှေမြင်းနှစ်ကောင် စက်ရုံအပါအဝင် အနီးဝန်းကျင်ရှိ အဆောက်အအုံ များစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်းလားရှိုးမြို့ ပြန်လည်ထူထောင်ရေးက သတင်းထုတ်ပြန်သည်။

"တစ်နေ့ထဲကို ကြဲနေတာငါးကြိမ်တောင်ရှိပြီ။ကြောက်လွန်းလို့ ဗုံးခိုကျင်းထဲဝင်လိုက် ထွက်လိုက် လုပ်ရတာလည်း မောလာပြီ။ကြာရင် နှလုံးရောဂါရတော့မယ်" ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yc3rexdx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

25 Oct, 13:21


MPA ညပိုင်းသတင်း(၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်)

- စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ၏သားမက် ဒေါက်တာနေစိုးမောင်ကို လက်ရှိအာဏာရှင်က ဖမ်းဆီး

- စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၀ ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ အရပ်သား ၁၄ ဦးသေဆုံး

- မိတ္ထီလာထောင်တွင် ရေသန့်ရှင်းမှုမရှိခြင်းကြောင့် အကျဉ်းသားများရေအခက်အခဲဖြစ်နေ

- တော်လှန်ရေးအားကောင်းနေသည့် စစ်ကိုင်းတိုင်းကို စစ်တပ်ကဖိနှိပ်မှုများ ပိုမိုကျူးလွန်လာ

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/HldrEfolvk4

MPANews

25 Oct, 12:15


မိတ္ထီထောင်တွင် ရေသန့်ရှင်းမှုမရှိခြင်းကြောင့် အကျဉ်းသားများရေအခက်အခဲဖြစ်နေ

24 Oct 2024 By Sayar Ngaat/MPA

မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေလုံလောက်မှုမရှိသည့်အပြင် သန့်ရှင်းမှုမရှိခြင်းများကြောင့် အကျဉ်းသားများရေအခက်အခဲဖြစ်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ်မှစတင်ကာ မိတ္ထီလာမြို့တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေမှုကြောင့် အကျဉ်းထောင်အတွင်း ရေအခက်အခဲဖြစ်‌နေသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/zz3Pu7Uvuus

MPANews

25 Oct, 12:09


ရှမ်းမြောက်ပြန် PLA ရဲဘော်များ အညာဒေသတွင် မဟာမိတ်များနှင့် စစ်ဆင်ရေးဖော်ဆောင် သွားမည်

25 Oct 2024 By Nway / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီ၊ လားရှိုးနှင့် မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲ ရရှိခဲ့သော PLA ရဲဘော်များသည် အညာဒေသ၌ မဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးဖော်ဆောင် သွားမည် ဖြစ်ကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ယင်းမြို့များ၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ သော PLA ရဲဘော်များကို အညာဒေသတစ်နေရာတွင် ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြ ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yjfbyzn3
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

25 Oct, 11:39


ပျူများကို စစ်မှုထမ်းရန် ဌားပြီး သင်တန်းကျောင်းရောက်လျှင် ပြန်ပြေးစေခြင်းနည်းဖြင့် စစ်တပ် လုပ်စားနေ

25 Oct 2024 By Ra Wai / MPA

စစ်တပ်က ဒေသခံများထံမှ ကောက်ယူထားသည့်ငွေဖြင့် ပျူစောထီးများကို စစ်မှုထမ်းရန် ငှားရမ်းပြီး သင်တန်းကျောင်းရောက်လျှင် ပြန်ထွက်ပြေးစေခြင်းနည်းဖြင့် လုပ်စားနေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mvjhyn6e
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

MPANews

25 Oct, 08:41


လားရှိုးမြို့အဝင် ရွာဘက်ကို ယနေ့ စစ်တပ် ဗုံးကြဲပြန်

25 Oct 2024 By Ra Wai / MPA

လားရှိုးမြို့အဝင်ရွာဘက်ကို စစ်တပ်က ယနေ့မွန်းလွဲပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ၂၅ရက်) မွန်းလွဲ တစ်နာရီကျော်တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ရွာဘက်သို့ စစ်တပ်က ဗုံးငါးလုံး ကြဲချခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် Freedom Youth Volunteers က ထုတ်ပြန်ထားသည်။

“မယ်ဟန်ဘက်လို့ပဲ ပြောနေကြတယ်။ကျန်တာ သေချာမသိရသေးဘူး။မယ်ဟန်ဆိုတာ လားရှိုး မြို့အနောက်ဘက်ပေါ့။မြို့နဲ့ ငါးမိုင်လောက်ဝေးမလားပဲ။ထိခိုက်မှုတွေ ၊နေရာအတိအကျတွေ မသိ ရသေးဘူး” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4dkcjj66
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en.