ပြည်သူမှပြည်သူသို့ @klppmed Channel on Telegram

ပြည်သူမှပြည်သူသို့

@klppmed


ပြည်သူမှပြည်သူသို့ (Burmese)

ပြည်သူမှပြည်သူသို့ သည် သင့်အတွင်း သင့်အတွင်း စိတ်ချလန့်ခဏတွင် ကျွမ်းကျင်ထွန်းထွန်း အသင်းပါရှင်နှင့် ခဏခဏမှာ မျက်နှာတင်လိုက်သွားလိုပါသည်။ အခမဲ့အခမဲ့ စောစော သင့်အတွင်းအထွားများ အသင်းပါရှင်နှင့် မျက်နှာတင်လိုက်တဲ့ အသင်းပါရှင်များ အကယ်ဒမီအလုပ်လုပ်ချင်း လုပ်ကိုင်မည် အဆင့်အနည်းဖြစ်စေပါတယ်။ အသင်းပါရှင်အသင်းပါရှင် အကယ်ဒမီအလုပ်အဆင့် အနည်းဆင့်နှင့် တစ်ဦးကမှ ထူးခြာဖိတ်လိုက်ပါက သင့်အတွင်းတော့ ကျွမ်းကျင် သံဖင်ခဲ့ရချိန်းနှမ်း အဆင်ပြင်ထားနိုင်ဖိအဖြစ်စွာ သိရှိနိုင်ပါသည်။

ပြည်သူမှပြည်သူသို့

17 Nov, 14:10


ဗုံးခိုကျင်းတည်ဆောက်ပုံ
အဆင့်ဆင့်

ပြည်သူမှပြည်သူသို့

14 Nov, 04:04


အခြေခံ‌သက်မွေးပညာ အပ်ချုပ်ပန်းထိုးသင်တန်း
(နိုဝင်ဘာ 6-12ရက်နေ့ထိ )
****
ပြည်သူမှပြည်သူသို့ အဖွဲ့သားများက မြေပြင်စစ်ရှောင်စခန်းများတွင်ရှိသော စစ်ဘေးရှောင်များကို
အပ်ချုပ်ပန်းထိုးပညာများ သင်တန်းဖွင့်လှစ်ပေးခဲ့။

သင်တန်းဆင်းပွဲတွင် သင်တန်းသားများအား ဗလာမပါ ငွေသားဆုမဲများ သင်းတန်းဆင်းအမှတ်တရ ပြုလုပ်ပေးခဲ့။

စစ်ဘေးရှောင်များကိုယ်တိုင်ပြု လုပ်ထားသော
အပ်ချုပ်ပန်း နှင့် ထုပ်သီးထိုး (ကြယ်သီး) ပုံရိပ်များ

#ပြည်သူမှပြည်သူသို့ #စစ်ဘေးရှောင် #ကောလင်း
#သက်မွေးပညာ #အပ်ချုပ်ပန်းထိုး

ပြည်သူမှပြည်သူသို့

28 Oct, 07:21


https://youtu.be/VEd9gFpc5Ng?si=3QogdZZ6S92wpbLX

ပြည်သူမှပြည်သူသို့

27 Oct, 08:53


27.10.2024🗓️🗓️
--------
စစ်ကိုင်းတိုင်း၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ထဲက အနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့
မီးရထားCDM ကိုသိန်း(အမည်လွှဲ) သည် အသားဝါရောဂါခံစားနေရပီး ဆေးကုသဖို့ အခက်ခဲဖြစ်နေလို့ ပြည်သူမှပြည်သူသို့ အဖွဲ့နှင့် စေတနာရှင်
ပြည်သူများမှ ပါဝင်လှူဒါန်းသော ‌အလှူငွေအား သွားရောက်ထောက်ပံ့ပေးခဲ့။

ပြည်သူများပါဝင်လှူဒါန်းမှုနှင့်အတူ ဆေးကုသစရိတ်( ၁၅၀,၀၀၀)ကျပ် ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။

" အစထဲက CDM ဝန်ထမ်းလဲဖြစ်တယ် အလုပ်အကိုင် ကြတော့လဲ လတ်တလော မရှိ စားဝတ်နေရေးတောင် ခက်ခက်ခဲခဲဖြေရှင်းနေရတာ ခုလို အသားဝါပါဖြစ်တော့ ဆေးကုဖို့ တော်တော်ခက်ခဲတာပေါ့ မရရတဲ့အလုပ်လုပ်တယ် ကြိုးစားဖြေရှင်းရတာပဲ ခုက ပင်လည်ဘူးနယ်ဘက် သစ်စက်မှာ 21 အလုပ်သွားလုပ်ပီးပြန်လာတာ ငွေ တစ်သိန်း ကျော်လောက်ပဲရခဲ့တယ် ။ရတဲ့ငွေလေးနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနေတာ ခု ကျန်းမာရေးဖြစ်တော့ ဆေးကုဖို့ ခက်ခဲ နေတာပေါ့"
လို့ သူက ပြောပါတယ်။

မိန်းမဖြစ်သူလဲ " သူ့အမျိုးသားဆေးဖိုး လိုအပ်နေလို ဟန်းဆက် လေးရောင်းပီးဆေးဖိုးအတွက် သုံးခဲ့" ရတယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
#ပြည်သူမှပြည်သူသို့ #ဆေးအလှူ #ကျန်မာရေး #စစ်ဘေးရှောင် #ကောလင်း

ပြည်သူမှပြည်သူသို့

22 Oct, 12:45


22.10.2024🗓️🗓️
ပင်လည်ဘူးမြို့နယ် တောင်ခြမ်းကစစ်ရှောင်တွေကို
ပြည်သူမှပြည်သူသို့ အဖွဲ့က ငွေသားထောက်ပံ့လှူဒါန်း
****
စစ်ကိုင်တိုင်း၊‌‌ ‌‌ ကောလင်းခရိုင်၊ပင်လည်ဘူးမြို့နယ် တောင်ခြမ်းမှာရှိတဲ့စစ်ဘေးရှောင် အိမ်ထောင်စု (၁၂၀) အတွက် အိမ်ထောင်တစ်စုလျှင်ငွေသား
(၁၀,၀၀၀/-)တစ်သောင်းကျပ်နှုန်း ထောက်ပံ့ ကူညီခဲ့။
#မြေပြင်အခက်ခဲများကြောင့် ကုန်စည်သယ်ဆောင်ရန်ခက်ခဲသဖြင့် ဆန် (၂)ပြည်အစားငွေသားထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်

စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်မှတဆင့်
အလှူရှင် ဒေါ်ကျင်လှ ဖရီးမောက်၊ ပြည်ပရောက်စစ်ကိုင်းသားများနှင့် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ကူညီမှုဖြင့် ပြည်သူမှပြည်သူသို့ အဖွဲ့သားများက မြေပြင်တွင်ထိရောက်စွာ လှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။
#ပြည်သူမှပြည်သူသို့ #ကောလင်း #ဆန်အလှူ
#စစ်ဘေးရှောင် #စစ်ကိုင်းပြည်သူဖေးမကူ #ပင်လည်ဘူး

ပြည်သူမှပြည်သူသို့

19 Oct, 08:20


ကောလင်းအနောက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ ပြည်သူမှပြည်သူသို့ အဖွဲ့ကဆေးအလှူနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး (19.10.2024)
***

ပြည်တွင်းပြည်ပ အလှူရှင်များကူညီမှုဖြင့်
ကောလင်းခရိုင် ကောလင်းမြို့နယ်အနောက်ခြမ်းက
စစ်ရှောင်စခန်းတစ်ခုမှာ ဆေးကုသစရိတ်ခက်ခဲနေသော
စစ်ရှောင်ပြည်သူများအတွက် ပြည်သူမှပြည်သူသို့ အဖွဲ့က ဆေးဝါးဝယ်ယူလှူဒါန်း မ တည်ပေးခဲ့ပီး
အသေးစားကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု မြင်ကွင်း

ဆေးနှင့်ဆက်စပ်ပစ္စည်းများပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ🙏🙏🙏
#ပြည်သူမှပြည်သူသို့ #ကောလင်း #စစ်ဘေးရှောင်
#ကျန်းမာရေး #ဆေးအလှူ