အောက်တိုဘာ ၂၇ | မုံရွာ
ယနေ့ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅း၄၅ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မိတ္ထီလာ ရှမ်းတဲလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါ။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကလည်း အရပ်သားပြည်သူများကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ နေအိမ် ၄၀၀ ကျော်ကို မီးတင်ရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ပဲမြစ်တောအရှေ့ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ယခုတခေါက် ဘုတလင်မြို့နယ်တွင်း စစ်ကြောင်းထိုးမှုတွင် ပိုမိုဆိုးရွားလာသော စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဘုတလင်မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထိတ်လန့်ကာ စစ်ဘေးရှောင်တိမ်းနေကြရသည်။
ဓာတ်ပုံ - ယနေ့ ၂၀၂၄၊ အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီး လေကြောင်းတိုက်ခိုက်ခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ ၂ စီး (Thurain)
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
#AyadawPost #အရာတော်ပို့စ်
#ဘုတလင် #Budalin