🌈ရောင်နီဦး🌈 @youngnioo1 Channel on Telegram

🌈ရောင်နီဦး🌈

@youngnioo1


💫ရောင်နီလာသော နေသစ်များဆီသို့၊💫

သိရှိထားသော သတင်းများပေးပိူ့လိုပါက
♨️ 🌈 @Youngni1 🌈 ♨️


လောကကြီးမှာအကောင်းဆုံးတွေကိုစုစည်းပြီးစားသုံးနိုင်သလိုအဆိုးဆုံးဒဏ်တွေကိုလဲကြံ့ကြံ့ခံနိုင်ရမယ်

🌈ရောင်နီဦး🌈 (Burmese)

သင်တို့သည် အကောင်းဆုံး တွေကို စုစည်းပြီး စားသုံးနေသော ရောင်နီဦး စီကစားဝေါဟတာ ဖြစ်ပါသည်။ ဤအရင်းသည် @youngnioo1 မှ ပြင် ယူနေသည်။ သိရှိထားသော သတင်းများပေးပို့လိုပါက လောကကြီး မှာ အကောင်းဆုံး တွေကို စုစည်းပြီး စားသုံးနိုင်သော ဒဏ်ကို လဲ ကြံ့ကြံ့ခံနိုင်ရပါသည်။

🌈ရောင်နီဦး🌈

12 Jan, 08:49


နမခ မှ ထွက်လာသော ကား (၁၀) စီးအား တိုက်ခိုက်
ဇန်နဝါရီလ ၁၀ ရက်
မုံရွာခရိုင်၊ မုံရွာမြို့နယ် နမခ မှ ထွက်လာသော ထပရ-၉၂၉ နှင့် တပ်မ-၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြသည်။
အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်း၌ မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်သည်။
၎င်းထိတွေ့မှုအတွင်း အမတ-၅၀၈ မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နမခ မှ သံပြားကာကား (၄) စီး တပ်ကူ ပေးပို့ခဲ့သည်။
ရန်သူ့ဘက်မှ (၁၅) ဦး သေဆုံး (စိစစ်ဆဲ)ပြီး (၇) ဦး ဖမ်းဆီးရမိ၍ G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅၀၀၀) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး (၃) လုံး၊ Jummer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံး၊ Uzi ကျည်အိမ် (၂) ခု သိမ်းဆည်းရမိသည်။
မိမိတို့ဘက်မှ ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
အမှတ် (၁) စစ်ဒေသ

🌈ရောင်နီဦး🌈

10 Jan, 02:50


စစ်ပွဲ တစ်ပွဲဖြစ်တဲ့ အခါ

နိုင်ငံရေးသမားတွေက
လက်နက်တွေ တပ်ဆင်ပေးတယ်...

လူချမ်းသာတွေက
အရင်းနှီးနဲ့ ရိက္ခာတွေ ထုတ်ပေးတယ်...

လူဆင်းရဲတွေကတော့
သားယောက်ျား လေးတွေ ပေးရတယ်...

စစ်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ

နိုင်ငံရေးသမားတွေက
ထိပ်တန်းရာထူးတွေ ရကြတယ်...

လူချမ်းသာတွေက ပိုမိုကြွယ်ဝဖို့
အခွင့်လမ်းတွေ ယခင်ကထက်ပိုပြီး
ပြန်ရတယ်...

လူဆင်းရဲတွေကတော့ သူတို့သားတွေ ရဲ့
မြှုပ်နှံရာမြေပုံ ကို လိုက်ရှာကြရတယ်...

#ဆာဘီးယန်း ဆိုရိုး

🌈ရောင်နီဦး🌈

10 Jan, 01:36


ကမ်းလက်ထောက်ပံ့ရေးအဖွဲ့သားများမှ  ‌တာ၀န်ထမ်းဆောင်ရင်း ကျဆုံးသွားသောရဲဘော်များ၏ ကျန်မိသားစု၀င်များအား
လစဉ်လှည့်လည်ထောက်ပံ့နေသောပုံအချို့အား တင်ပြအပ်ပါသည်။

ကျဆုံးရဲဘော်များ၏မိသားစုများနှင့်ဒဏ်ရာရရဲဘော်များထောက်ပံ့ရေးအဖွဲ့

ကမ်းလက်အဖွဲ့သို့ဆက်သွယ်ရန် @kannlet02

🌈ရောင်နီဦး🌈

09 Jan, 13:24


ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင်  ကချင်ပြည်နယ် ဗန်းမော် လေဆိပ် ကို KIA၊ PDF တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

🌈ရောင်နီဦး🌈

09 Jan, 05:04


“ဒီမိုကရေစီစနစ်” ဆိုတာဟာ

နေရာမလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်။

ပြည်သူက ပေးတဲ့ နေရာပဲ ယူရတယ်။

ကိုယ်က အာဏာရှိတိုင်း လက်နက်ရှိတိုင်း ၊ ပိုက်ဆံရှိတိုင်း ၊ နေရာလုလို့ မရတဲ့ စနစ်ဖြစ်တယ်။

          ဒေါ်အောင်ဆန်းစုကြည်

🌈ရောင်နီဦး🌈

09 Jan, 02:48


တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကင်းစခန်းကို တိုက်ခိုက်၊ အကြမ်းဖက်တပ်သား တစ်ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရ

ဇန်နဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အမှတ်(၁) စစ်ဒေသ မူးဂွ ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းကို ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ PLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်က တစ်ဦးသေပြီး ၃ ဦး (စိစစ်ဆဲ) ဒဏ်ရာရတယ်လို့ ဖော်ပြထား ပါတယ်။

တိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၁၆) နဲ့ ပ.က.ဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များ။

#PVTV
#HlaingInfo

🌈ရောင်နီဦး🌈

09 Jan, 01:53


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့
သုဿန်ရှေ့လမ်းမှ အနောက်အရပ်သို့ ဆင်းသွားသော အကြမ်းဖက်စစ်သား ၆၀ ခန့်သည် လွှဲတဲရွာဦးသံလမ်းအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Jan 9, 8:13am
#YZG
#YNO

🌈ရောင်နီဦး🌈

09 Jan, 01:48


"အညာ"

လွမ်းငွေ့ပြေလိုပြေငြား
အညာကို အလည်ပြန်ရောက်တော့
ယမ်းငွေ့တွေက ဝေလိုက်တာ...

ဆုတောင်းပြည့်စေတီဟာလည််း
ပေါင်ငါးရာဗုံးဒဏ်ကြောင့်
ဌာပနာတိုက်အထိ ထုတ်ချင်းခတ်
ဝဋ်ကြွေးဆပ်နေရလေသတဲ့...

ပြည့်ခွန်အားဖြစ်မယ့်
သားပျိုလေးဟာ ကိုယ်ခန္ဓာဇကာပေါက်တွေနဲ့
ပြည့်သည်းပွတ်ဖြစ်တဲ့ ဘုန်းကြီးကျောင်းမှာ
ကိုယ်တော်မြတ်ဟာ
သပိတ်အကွဲ ခေါင်းတွဲလဲနဲ့
ပြာပုံထဲမှာစံနေခဲ့...

အို... အရှင်ဘုရား
မကောင်းမှုပြုသူတို့အတွက်
သူတို့သီးနှံဟာ ရင့်မှည့်ချိန်မတန်သေးဘူးလား ဘုရား...

စာသင်ဆောင်ပြာပုံဘေးက
ကိုယ်ခန္ဓာ ပြန့်ကျဲနေတဲ့ ကလေးငယ်ရေ
အာဏာရှင်ကတော့ သူ့အသိုက်ခိုင်မာအောင်
အစောင့်အဖြစ်
ဘဝတွေစတေးစေသလား...

ဒီအတွေးမှာ ရင်ခုန်သံရပ်ဆိုင်းမတတ်
မျှော်လင့်ခြင်းတွေ အပိုင်းပိုင်းပြတ်ခဲ့ရပေါ့ကွယ်...

မြေပဲခင်းအစပ်က မှိုင်းဒဏ်ကြောင့်
ခြေအစုံပြတ်တဲ့ တောင်သူကြီးက
ဒီနှစ်တော့ ယာမလုပ်နိုင်တော့ဘူးတဲ့...

နွားညီနောင်ကျောပေါ်မှာ
စစ်ရှောင်လှည်းက အမြဲတစေ...
ရေကြည်ရာ...
မြက်နုရာ...
လေယာဉ်ဗုံးနဲ့ဝေးရာ...
မြန်မာပြည်အလယ်ပိုင်းက ဂျစ်ပဆီအသိုင်းအဝိုင်းတွေပေါ့...

အပျိုဖြန်းပေါက်စလေးက သနပ်ခါးနဲ့ဝေးပြီ
ရင်ခုန်လှုပ်ရှားရမယ့်အရွယ်မှာ
မုဒိမ်းကောင်အယုတ်တမာတွေဘေးက
ရင်တုန်ခြောက်ခြားစွာ ပြေးပုန်းနေရ....

အမေအိုပါးမှာ
မျက်ရည်တွေ တွင်တွင်စီးလို့
နမောဗုဒ္ဓဿ
အားကိုးတကြီးစိပ်နေရ....

အရှင်ဘုရား...
မကောင်းသူပယ် ကောင်းသူကယ်တဲ့
သိကြားမင်းဟာ
လူ့ဘုံလောကအဖြစ်ကို စေ့စေ့မျှမကြည့်လေတော့သလား ဘုရား...

ခပ်လှမ်းလှမ်းက မီးပုံ
နှမ်းရိုးနဲ့ မီးလှုံတယ်ထင်မိတာ
အို.....
ဘုရား ဘုရား...
လူအရှင်လတ်လတ်တွေပါ့လား...

အမေ့လျော့ခံ တိုင်းပြည်ထဲက
အဖိနှိပ်ခံတိုင်းဒေသ...

အညာမှာ ပြည်သူ့သွေးနဲ့ မိစ္ဆာတွေခြေဆေးကြ...
ပြည်သူ့အရိုးပေါ်မှာ မိစ္ဆာတွေကခုန်ကြ...
ပြည်သူ့နှလုံးအိမ်ကို မိစ္ဆာတွေဖျက်ဆီးကြ...
အညာမှာ
ပြည်သူဟာ ဖွားဖက်တော်ဒုက္ခအပေါင်းနဲ့
ကောင်းကောင်းကြီးရင်းနှီးနေရ...

ခြံစည်းရိုးပေါ်က အင်္ဂါအစိတ်အပိုင်းတွေက
မတရားမှုကို ရင်စည်းခံခဲ့ရပေမယ့်
နှောင်းလူတို့အတွက်
ဥဒါန်းမကြေစရာ ဖြစ်ရပ်မှန်သမိုင်းကို
မဆိုင်းသတိပေးနေလေရဲ့...

အညာဟာ သမိုင်းဝင်...
အညာဟာ ရာဇဝင်မရိုင်း...
အညာဟာ မြန်မာပြည်အလယ်ပိုင်းက
တောင်သူလယ်သမားတော်လှန်ရေးဒေသ...

အညာဟာ ပြာပုံထဲကဖီးနစ်
အညာဟာ နာကျင်မှုအပေါင်းကို
ထိုးစစ််အဖြစ်အသွင်ပြောင်း
မိစ္ဆာမောင်းပွဲ ကောင်းကောင်းကြီးနွှဲမယ့် ဒေသ...

အညာဟာ အောင်မြေဖြစ်တယ်
အညာမှာ နှင်းဆီရဲရဲကို ညောင်ရေမှာစိုက်
အညာတစ်ခွင်မှာ မကြာခင်ကို
ဒေါင်းအလံ နန်းတစ်ဝိုက် လွှမ်းကိုလွှမ်းထိုက်ရမယ်...

(အညာတပ်ပေါင်းစုအတွက်ရည်ရွယ်၍)

နွေအလင်း(CDM)

🌈ရောင်နီဦး🌈

09 Jan, 01:37


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့
သုဿန်အနီး ပေလမ်းအရှေ့ဘက်လမ်းကြားထဲတွင်လည်း အကြမ်းဖက်စစ်သားများ ရှိနေကြကြောင်း သိရပါတယ်။
Jan 9, 8:04am
#YZG
#YNO

🌈ရောင်နီဦး🌈

08 Jan, 14:37


လေဆိပ်ရပြန်ပီလို့ကြားတယ် ဘယ်လေဆိပ်လဲ သိရင်လဲပြောကြပါအုံး

🌈ရောင်နီဦး🌈

08 Jan, 06:31


‼️Breaking News - မံစီမြို့နယ်ရှိ စစ်ရှုံးကောင်စီ လက်အောက်ခံ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်း ဌာနချုပ်တွေကို KIA တိုက်ခိုက်သိမ်းပိုက်‼️

■ မံစီမြို့နယ် တစ်ခုလုံးတွင် စစ်ရှုံးကောင်စီတပ် ကင်းစင်သွားပြီဖြစ်


ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ရှုံးကောင်စီရဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းဌာနချုပ်တွေကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဇန်နဝါရီလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ရှုံးကောင်စီတပ် မရှိတော့ဘဲ အပြီးသတ် ထိန်းချုပ် ရရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က မံစီမြို့ အခြေစိုက် စစ်ရှုံးကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်း ဌာနချုပ်တွေဖြစ်တဲ့ á€á€™á€› ၃၁၉၊ ခမရ á†á€áá€”သငအ် á€Ąá€™á€źá€ąá€Źá€€á€şá€á€•á€ş ၃၅၂ တပ်ရင်းအားလုံးကို အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးနေတဲ့ စစ်ရှုံးကောင်တွေကို KIA နဲ့ မဟာမိတ် တပ်ပေါင်းစုက လိုက်လံချေမှုန်း သုတ်သင်နေကြောင်း သိရှိရပါတယ်။

#4C_TruthNews

🌈ရောင်နီဦး🌈

08 Jan, 03:00


ရှင်ဘုရင်ဖြစ်ဖြစ်
သူတောင်းစားစားဖြစ်ဖြစ်
မဟုတ်တာလုပ်ရင် အထင်မကြီးနဲ့ //

မွေးရာဇာတိက လူတစ်ယောက်ရဲ့
အဆင့့်တန်းကို သတ်မှတ်လို့မရသလို
‌အောင်မြင်တယ်ဆိုတာ ငွေရတာမဟုတ်ဘူး ၊

အကောင်းဆုံးသင်ခန်းစာတွေကို တစ်ခါတစ်ခါ
အဆိုးဆုံးအခြေနေတွေက ရလာတတ်တယ်
အရည်ချင်းကို ကြည့်ပြီးလေးစားမှုပေးတဲ့
လူ့အဖွဲ့အစည်းမှာ လူငယ်တွေဟာ အဖိုးတန်တယ်..။

#ရိုးတံ
#YNO

🌈ရောင်နီဦး🌈

07 Jan, 14:48


7.1.2025 ရက်ဒီနေ့ ဗန်းမော်/ မံစီ တိုက်ပွဲတော်တော်ပြင်းထန်ပါတယ်....စစ်ခွေးတပ်ရဲ့ Y-12 တစ်စီး KIA ကျည်ဆံတင့်လို့မီးခိုးတန်းနဲ့အတူ မြစ်ကြီးဘက်ပြေးသွား....

🌈ရောင်နီဦး🌈

07 Jan, 11:11


ကဗျာဆိုတာ လူမိုက်လက်ထဲက
အသွားထက်တဲ့
ဓားတစ်ချောင်းလိုပဲ
ထိချက်မှန်ရင် အကုန်သေတယ် ။ ။

- မောင်ခက်လူ
#မော်ဒန်ကဗျာ

🌈ရောင်နီဦး🌈

07 Jan, 08:01


🔺သတ္တိရှိရင် မြို့ပြင်ထွက်ခဲ့🔺

စစ်ရှုံးကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့နဲ့ အလှမ်းမဝေးလှတဲ့ စစ်ကိုင်းတိုင်း အတွင်းက နေရာတွေမှာပဲ ဒေသခံ တော်လှန်ရေး တပ်တွေက အကြမ်းဖက် စစ်ရှုံးကောင်တွေကို စစ်ကြောင်း တစ်ကြောင်းလုံး ပြုတ်ပြုတ်ပြုန်းသည်အထိ အမြစ်ပြတ် ချေမှုန်း သုတ်သင်ခဲ့တာ အခုဆိုရင် နှစ်ကြိမ်တိတိ ရှိသွားခဲ့ပါပြီ။

ပထမအကြိမ်က ၂၀၂၄ စက်တင်ဘာလကုန်က မုံရွာခရိုင် ဘုတလင် မြို့နယ်အတွင်းမှာ ဖြစ်ပြီး အခု ဒုတိယအကြိမ်ကတော့ ၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းမှာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း ဖြစ်ခဲ့တာမို့ အချိန်ကာလအားဖြင့် ဆိုရင် ၃ လကျော် အချိန်အတွင်းမှာကို နမခရဲ့ စစ်ကြောင်း နှစ်ကြောင်းကို EAO တွေ လုံးဝ မပါပဲ PDF တွေချည်း သီးသန့်နဲ့ တစ်ယောက်မကျန် အရေခွံနွှာနိုင်ခဲ့တာပါ။

ဒါဟာ ဘာကို ပြဆိုနေသလဲ ဆိုတော့-

စစ်ကိုင်းဒေသက PDF တွေ အနေနဲ့ စစ်ကို စစ်နဲ့တူအောင် ဗျူဟာကျကျ တိုက်တတ်နေပြီ ဆိုရင် လုံးဝ မမှားပါဘူး။ အင်အားစုဖွဲ့မှု ကောင်းလာသလို လက်နက်ခဲယမ်းကလဲ တန်သင့်သလောက် ရှိနေပြီမို့ အခုဆိုရင် စစ်ရှုံးကောင်တွေကို သူတင်ကိုယ်တင် ယှဥ်တိုက်ဖို့ စိန်ခေါ်လို့ရတဲ့ အဆင့်ကို ရောက်နေပြီလို့ ဆိုရမှာပါ။

အကြမ်းဖက်ကောင်တွေ အနေနဲ့ တကယ် ဇ ရှိတယ် ဆိုရင် မြို့တွေထဲမှာတင် ပြည်သူကို အကာအကွယ်ယူပြီး ပုန်းခို မနေကြပဲ သတ္တိရှိရှိ မြို့ပြင်ကို လူသားဒိုင်း မပါပဲ ထွက်ခဲ့ကြပါ။

စစ်မတိုက်တတ်တဲ့ မင်းတို့ ငစနူ စောက်ပဲ့တွေကို င့တို့ PDF တွေက လေယာဥ် အကျောပေးပြီး တိုက်ဖို့ စိန်ခေါ်တယ်ကွာ။ ဟုတ်ပြီလား။

သေရဲတဲ့ကောင် မြို့ပြင်ထွက်ခဲ့.. !!!

#4C_TruthNews

🌈ရောင်နီဦး🌈

06 Jan, 13:06


ကျောက်ကြီးဒေသ မူသယ်စခန်းသိမ်းတိုက်ပွဲ လက်နက်နှင့် ကျည်ခဲယမ်းများ KNLA သိမ်းရ

ဇန်နဝါရီလ(၆) ရက်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စစ်ကောင်စီစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းရခဲ့သည်ဟု သိရပါသည်။

#People's Spring

🌈ရောင်နီဦး🌈

06 Jan, 12:27


ငတ်နေကြသူချင်းအတူတူ ငါတို့က
အမှန်တရားကို ပိုငတ်တယ်

#မောင်လှမျိုး (ချင်းချောင်းခြံ)
#YNO

🌈ရောင်နီဦး🌈

06 Jan, 11:29


ရွှေဘို စခတ-၈ စစ်ကြောင်းမှ လက်နက် (၄၄) လက် သိမ်းဆည်းရ
ဇန်နဝါရီလ (၆) ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗက မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ လက်နက် (၄၄) လက် သိမ်းဆည်းရမိသည်။
၎င်းစစ်ကောင်စီအဖွဲ့အား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ရန်သူ့ထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၄) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိသည်။
စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့သည်။
၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာသဖြင့် ရွှေဘိုမြို့နယ်ရှိ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ မိမိတို့ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဇန်နဝါရီလ (၅) ရက်တွင်ပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော ဗက အေးမျိုးထွန်း ဦးစီး တပ်မ-၃၃ လက်အောက်ခံ စကစ (တပ်စိစစ်ဆဲ) အင်အား (၈၃) ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။
အမှတ် (၁) စစ်ဒေသ

🌈ရောင်နီဦး🌈

06 Jan, 09:50


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
လွှဲတဲရွာအနောက်ဘက် မင်းကျော်အောင်ဆီဆိုင်အနီးတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်သားများ ဘုတလင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရပါတယ်။
Jan 6, 4:07pm
#YZG
#YNO

🌈ရောင်နီဦး🌈

06 Jan, 07:03


ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ သည်။

ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလည်ကိုင်းကျေးရွာမှ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ ဆက် လက်ထွက်ခွာလာရာ မှတ်ထိရွာနှင့်မင်းကုန်းကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နံနက် ၇ နာရီအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်သွားပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နှင့် ၃ နာရီ ၃၅ မိနစ်တို့တွင် လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား ၃၀ ခန့်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက် နက် ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက်တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ MA3 အမျိုးအစား သေနတ် ၁ လက် ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

#YNO

🌈ရောင်နီဦး🌈

06 Jan, 06:44


၀မ်းသာလိုက်ကြတော့
တကြောင်းလုံးပြုတ်ပြန်ပီတဲ့

🌈ရောင်နီဦး🌈

05 Jan, 01:14


ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီလေ တပ် စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံးအောင်မြင်စွာ ထိ ရောက် ပေါက်ကွဲခဲ့ပြီး လေတပ်ဦးစီးအရာရှိ တစ်ဦးအပါအဝင် အရာရှိ ၃ ကောင်နှင့် အခြားအဆင့် ၄ ကောင် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြားအဆင့် ၈ ကောင် အပြင်းအထန်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လေယာဉ်ဂိုဒေါင်ထိကာ K8 လေယာဉ် ၂ စီး ရှေ့လေကာမှန်များကွဲပြီး လေယာဉ်ဘီး ရှော့ ဘားများကျိုးသွားကြောင်း၊ လေယာဉ် ဂိုဒေါင်ရှေ့ပြေးလမ်းပျက်စီးပြီး လေတပ်အုပ်ချုပ်ရေးရုံးပေါက် ကွဲ ပျက်စီးကာ အရာရှိရိပ်သာမီးလောင်ပျက်စီးခဲ့ကြောင်း၊ အရာရှိကြီး နေအိမ်နောက် မီးဖိုချောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ငူလေတပ်မှ K8၊ MiG 29၊ Mi35 လေယာဉ်များ အတက် အဆင်း အ လွန်များခဲ့သော်လည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ငြိမ်သက် သွားကာ Mi 35 တစ်စင်းသာအတက်အဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌈ရောင်နီဦး🌈

03 Jan, 14:16


‌၂၀၂၅ခုနှစ်၊ ဇန်နဝါရီ(၃)ရက်နေ့
အာဏာရှင်စနစ်ဆိုးအမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရဲဝင့်စွာတိုက်ပွဲဝင်ရင်း ၁၀၂၇ စစ်ဆင်ရေးတနေရာတွင် မိမိိတို့ရေဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးPDF
ရဲဘော်၁ဦး မြင့်မြတ်စွာကျဆုံးသွားသည်ဟုသတင်းရရှိပါသည်။

ကျွန်တော်တို့ကမ်းလက်အဖွဲ့သားများသည်ကျဆုံးသွားသောရဲဘော်၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြရပါသည်။

ရဲဘော် ကောင်းရာသုဂတိလားပါစေ🙏🙏🙏


https://t.me/kannlet

🌈ရောင်နီဦး🌈

03 Jan, 01:50


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
ထနောင်းကုန်းရွာဦးတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်သားများသည် တောင်အရပ်သို့ ဆက်လက်ဦးတည်ရွေ့လျားနေကြောင်း သတင်း ရရှိပါတယ်။
Jan 3, 8:15am
#YZG
#YNO

🌈ရောင်နီဦး🌈

03 Jan, 01:42


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့အတွင်းမှထွက်ကာ အောင်ချမ်းသာရွာ အနောက်တောင်ဘက်တွင် ရောက်ရှိနေခဲ့သော အကြမ်းဖက်စစ်သားများသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေရာ ထနှောင်းကုန်းရွာဦးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Jan 3, 8:02am
#YZG
#YNO

🌈ရောင်နီဦး🌈

03 Jan, 01:13


ဘုတလင်

ဘုတလင်မှထွက်သွားသောစခများ သက်ရှည်ကန်ရွာ အနောက်ဘက်မှ တောင်ဘက်သို့ဦးတည်သွားနေကြောင်းသတင်းရ

☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
Jan.3/7:41AM
#YNO

🌈ရောင်နီဦး🌈

02 Jan, 12:09


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့
နမခတပ်စခန်းမှ ဘုတလင်မြို့အတွင်းသို့ အင်အားဖြည့်တင်းခဲ့သော အကြမ်းဖက်စစ်သားများ ဖမ်းဆီးခဲ့သည့် ပြည်သူဓားစာခံအချို့ကို အကြမ်းဖက်စစ်သားများမှ ယနေ့မနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
Jan 2, 6:33pm
#YZG
#YNO

🌈ရောင်နီဦး🌈

02 Jan, 10:52


◾ဘုတလင်မြို့နယ် ကူတော်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွား

စစ်ကြောင်းတစ်လုံးပြုတ်အောင်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်း အထိုင်ချတပ်စွဲခဲ့သည့် ဘုတလင်မြို့နယ် ကူတော်ကျေးရွာရှိ ရဲကင်းစခန်းမှ စစ်ကောင်စီတပ်များ ဇန်နဝါရီ ၁ရက်တွင် အပြီးသတ်စွန့်ခွာသွားပြီဟု ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

" ကူတော်ရဲစခန်းကို အပြီးစွန့်သွားပြီး ဘုတလင်မြို့ပေါ်မှာ သွားပေါင်းနေတယ်။မြို့ကို ခံစစ်ပြင်မယ့်အနေအထားဖြစ်မယ်။ အခုလို စခန်းစွန့်သွားတော့ ဒေသခံတွေအတွက်တော့ကောင်းတယ်။ ‌နောက်ပြီး သူတို့မထိန်းချုပ်နိုင်တော့တာလည်းပါတယ်"ဟု ၎င်းက ပြောသည်။

စခန်းကို စွန့်ခွာသွားပြီးနောက် ဘုတလင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး နှစ်နေရာ၌ အင်အား ၂၀၀ခန့်စုပေါင်း၍ တပ်စွဲထားကြောင်းသတင်းရရှိသည်။

(ကူတော်ရဲကင်းစခန်းအား စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာပြီးနောက် တွေ့ရစဉ်)

#Big_countrycitizen
#YNO

🌈ရောင်နီဦး🌈

02 Jan, 09:29


(၂၀၂၂ မတ်လ ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

🌈ရောင်နီဦး🌈

02 Jan, 09:01


ဖိုတို - ရဲအောင်သူ
တိုက်ပွဲ - တောင်စွန်းစခန်းသိမ်းတိုက်ပွဲ
တပ်ဖွဲ့ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
မှတ်တမ်း - တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့စခန်းရှေ့ ကိုက် ၂၀၀ ကနေ ပွိုင့်5 နဲ့ တူတဲ့ 12.7 လက်နက်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တဲ့မှတ်တမ်း ဓာတ်ပုံဖြစ်ပါတယ်။


https://t.me/sof220211/761

🌈ရောင်နီဦး🌈

01 Jan, 11:56


‼️စစ်ရှုံးကောင်စီရဲ့ MI-17 အသစ်စက်စက် ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ကလေးမြို့ လေဆိပ်ကို ခွေးပြေးဝက်ပြေး ဆင်းပြေး‼️

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကလေးမြို့ကနေ ဖလမ်းမြို့ကို သွားတဲ့ စစ်ရှုံးကောင်စီရဲ့ MI-17 အသစ်စက်စက် ရဟတ်ယာဉ်ကို ချင်းညီနောင် တပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ရဟတ်ယာဉ်ရဲ့ နောက်ပိုင်းကို ထိမှန်ခဲ့ကာ ကလေးမြို့ လေဆိပ်သို့ ခွေးပြေးဝက်ပြေး ယိမ်းထိုးကာ ဆင်းပြေးခဲ့ရကြောင်း ဖရဲသီးက သတင်းပေးပို့လာပါတယ်။

အဆိုပါ ရဟတ်ယာဉ်မှာ ကလေးမြို့ အခြေစိုက် ထပရ (၉၃၄) မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က ပျံသန်းထွက်ခွာလာတဲ့ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ကလေးလေဆိပ်အတွင်းသို့ ရဟတ်ယာဉ် ဆင်းသက်ချိန်မှာ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေကိုပါ အဆင်သင့် စောင့်ခိုင်းထားခဲ့ရကြောင်း ဖရဲသီးက ဆိုပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်ရှုံးကောင်စီက တိုက်ပွဲပြင်းထန်နေတဲ့ ချင်းဒေသတွေကို MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ စေလွှတ်ရာမှာ ဖိုက်တာဂျက်တွေနဲ့ပါ အသဲအသန် အကာအကွယ် ပေးနေရပြီး ယင်းအခြေအနေ အတွင်းမှာကို ချင်းတပ်ဖွဲ့တွေက မရမက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

လေကြောင်းရန် စောင့်ကြည့် သတိပေးချန်နယ် ဖြစ်တဲ့ NAS [https://t.me/+ZR8TlcXyv7JiMjJl] ရဲ့ ဖော်ပြချက်အရ-

အဆိုပါ ပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ ကလေးမြို့ ထပရ (၉၃၄) မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ပျံတက်ခဲ့ပြီး နေ့လည် ၂ နာရီ ၂၀ မိနစ် အချိန်မှာ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကာ ဟားခါးဘက်သို့ ဦးတည် ပျံသန်းခဲ့ပြီးမှ ကလေးလေဆိပ်ကို ၂ နာရီ ၅၀ မိနစ် အချိန်တွင် ဆင်းသက်ခဲ့တာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

#4C_TruthNews
#YNO

🌈ရောင်နီဦး🌈

01 Jan, 10:03


ဘုတလင်မြို့နယ် ကူတော်ရွာ အထိုင်ချစစ်စခန်းမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာ

ဇန်နဝါရီလ ၁ ရက် ၊ ရွာဇော်ကြီး-တော်လှန်အသံ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်အတွင်းရှိ ကူတော်ရွာအထိုင်ချစစ်စခန်းမှ အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိပဲ ယမန်နေ့(31.12.2024)ရက်နေ့ကတည်းက စခန်းစွန့်ခွာကာ ဘုတလင်မြို့မှ လာရောက်ပူးပေါင်းခဲ့သော အကြမ်းဖက်စစ်ကြောင်းနှင့် တစ်ပါတည်း ပြန်ပါသွားခဲ့ကြောင်း ဒေသတွင်း သတင်းများထံမှ သိရပါတယ်။

ယ္ခုအချိန်တွင် ကူတော်ရွာအထိုင်ချ စစ်စခန်းတွင် အကြမ်းဖက်စစ်သားများ လုံးဝမရှိတော့ကြောင်း ဘုတလင်မြို့အတွင်းသို့ ပူးပေါင်းသွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများထံမှ ထပ်မံကြားသိခဲ့ရပါတယ်။

#အရေးတော်ပုံ အောင်နေပြီ💪💪💪
#YZG

#YNO

🌈ရောင်နီဦး🌈

01 Jan, 05:27


ယနေ့နှစ်သစ်မှစ၍ အလုပ်ကိုင်များအဆင်ပြေကြ၍ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားနိုင်ကြပါစေလို့ နှစ်သစ်စုမွန်ကောင်းတောင်းပေးအပ်ပါသည်။
#YNO

🌈ရောင်နီဦး🌈

31 Dec, 14:19


🔺တော်လှန်ပြည်သူတွေအတွက် အားတက်စရာ နှစ်ကုန် ဖောင်ပိတ် သတင်းများ🔺

၂၀၂၄ ခုနှစ် ကုန်တော့မယ့် အချိန်မှာ တက်လာတဲ့ တော်လှန်ရေး ဖောင်ပိတ်သတင်းတွေ အားလုံးက ပြည်သူတွေ အတွက် အားတက်စရာတွေချည်းလို့ ဆိုရမယ်။

ရခိုင်မြေမှာ အာရက္ခတပ်တော်ကလဲ နပခ တိုင်းစစ်ဌာချုပ် အပါအဝင် ရခိုင်ဒေသ တောင်ပိုင်းတစ်ခုလုံးကို အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သလို ကချင်မြေမှာလဲ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မဟာမိတ်တပ်တွေက ဗန်းမော်ကို အပြီးပိုင် သိမ်းပိုက်ဖို့ ထိုးစစ်ကြီး စတင်နေပြီ။

ပေါင်းစည်းခြင်း သတင်းကောင်းတွေကို ပြောရမယ် ဆိုရင်လဲ ကရင်ပြည်နယ်မှာ BGF တပ်တွေက တော်လှန်ရေးတပ်တွေနဲ့ အတူလက်တွဲ ပူးပေါင်းပြီး အကြမ်းဖက် စစ်ရှုံးကောင်တွေကို ချေမှုန်းသုတ်သင်နေပြီ ဖြစ်သလို ချင်းပြည်မှာလဲ နှစ်ဖွဲ့ကွဲနေတဲ့ ချင်းတပ်ဖွဲ့တွေအကြား ပြန်လည် ပေါင်းစည်းရေး လုပ်ဆောင်နေကြတာတွေက တကယ်ကို အားတက်စရာ။

အောင်ပွဲရ သတင်းတွေ သွေးစည်းခြင်း သတင်းတွေအပြင် နောက်ထပ် အားတက်စရာ သတင်းတခုက ၂၀၂၅ အတွက် အဆင်သင့် စောင့်ကြိုလို့ နေပြန်တယ်။

အဲ့ဒါကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ကြေညာချက်ပါပဲ။

MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်း အတွင်းမှာ တပ်မဟာ အသစ်တစ်ခု ဖွဲ့စည်းတော့မှာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဖွဲ့စည်းမယ့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်မှာ တော်လှန်ရေး အင်အားစုအသစ်တွေကို အတူပူးပေါင်း တိုင်ပွဲဝင်ကြဖို့ တံခါးဖွင့် ကြိုဆိုကြောင်း ကြောညာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

စစ်ကိုင်း တပ်မဟာ အသစ်နဲ့ ပတ်သက်ပြီး MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က-

“ကျနော်တို့ အနေနဲ့ စစ်ကိုင်း တပ်မဟာသစ် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီးတော့ လုံလောက်တဲ့ ကြိုတင် ပြင်မှုတွေ၊ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ မဟာမိတ် ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင်ကိုမှ ထပ်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ ရှိလာမယ့်၊ ပူးပေါင်းလာမယ့် အင်အားစုတွေ အသစ်တွေကိုလည်း တံခါးဖွင့် ကြိုဆိုသွားဖို့ ရှိပါမယ်။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ စစ်ကိုင်း တပ်မဟာနဲ့ ပတ်သက်ပြီးတော့ တပ်နေရာ ချထားရေး၊ စစ်ဆင်ရေး ဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့် ထုတ်ပြန်ဖို့ မရှိသေးပါဘူး” လို့ ပြောဆိုထားပါတယ်။

တော်လှန်ရေး တပ်တွေရဲ့ ဖွဲ့စည်းပုံအရ အင်အား ထောင်ချီ ပါဝင်တဲ့ တပ်မဟာ တစ်ခုကို ဖွဲ့စည်း တည်ထောင်ဖို့ ဆိုတာ တကယ် မလွယ်ကူပါဘူး။ လူအင်အား စုစည်း လေ့ကျင့်ဖို့၊ လက်နက် တပ်ဆင်ဖို့၊ ခဲယမ်း ရိက္ခာ ဖြည့်တင်းဖို့တွေ အပြင် ရဲဘော်တွေ အတွက် လိုအပ်တဲ့ ယူနီဖောင်းကအစ နေ့စဉ် စားသောက်မှု အဆုံး အသုံးပြုဖို့ ဘဏ္ဍာငွေ အများကြီး လိုပါတယ်။

ဒီငွေကြေးတွေ ဘယ်ကနေ ရသလဲ ဆိုတာ အထူးမေးစရာ မလိုပါဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေး အစိုးရ ဖြစ်တဲ့ NUG ဆီကနေ ဆိုတာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။

တကယ်တော့ စစ်ကိုင်းတိုင်းဟာ နယ်မြေ ကျယ်ဝန်းသလောက် တော်လှန်ရေး အင်အားစု အဖွဲ့ပေါင်းများစွာနဲ့ အကြမ်းဖက် စစ်တပ်ကို နေရာအနှံ့ကနေ အံတု တိုက်ခိုက်နေခဲ့တာ ၃ နှစ် ကျော်လာခဲ့ပါပြီ။ လောက်လေးခွနဲ့ ဓားလောက်သာ ကိုင်ခဲ့ဘူးတဲ့ အညာသားတွေဟာ စစ်တိုက်ခြင်း ဆိုတဲ့ အလုပ်နဲ့ လုံးဝကို ရင်းနှီးခဲ့ကြသူတွေ မဟုတ်ပါဘူး။ သတ္တိ အရာနဲ့ အမှန်တရားကို မြတ်နိုးခြင်းတွေမှာတော့ ထူးချွန် ပြည့်စုံပေမယ့် စစ်ရဲ့ သဘောအရ စည်းလုံးညီညွတ်စွာနဲ့ ဗျူဟာကျကျ စုဖွဲ့ တိုက်ခိုက်နိုင်မှုမှာတော့ အားနည်းချက်တွေ ရှိနေဆဲလို့ ဆိုရမှာပါ။

အညာသားတွေရဲ့ လိုအပ်နေတဲ့ တော်လှန်ရေး ကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ တော်လှန်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေဟာ အခုဆိုရင် ရုပ်လုံးပေါ်လာခဲ့ပါပြီ။

အကြမ်းဖက် စစ်တပ်က အင်အားချိနဲ့ပြီး အဖက်ဖက်က ယိုယွင်း ပျက်စီးနေချိန်မှာ အင်အားတောင့်တင်း ခိုင်မာပြီး တိုက်ခိုက်ရေး စွမ်းရည် မြင့်မားကာ Chain of Command ကောင်းတဲ့ တပ်မဟာတစ်ခု စစ်ကိုင်းဒေသမှာ ပေါ်ထွက်လာတာဟာ စစ်ရှုံးကောင်တွေ အတွက်တော့ အလွန် ဆိုးရွားတဲ့ နိမိတ်ဆိုးတစ်ခု ဆိုတာ အသေအချာပါပဲ။

မကြာခင် ရောင်းတန်းဝင် ဖြစ်တော့မယ် စစ်ရှုံးကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေထဲမှာ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ပါ ပါဝင်လာတော့မယ် ဆိုတာ တော်လှန်ပြည်သူ အပေါင်းက တွက်ဆပြီး ဖြစ်နေပါလိမ့်မယ်။

နာရီပိုင်းအတွင်း ကူးပြောင်းတော့မယ့် မင်္ဂလာနှစ်သစ်မှာ ထပ်မံ ကြားရဦးမယ့် သတင်းကောင်းတွေကို အတူ စောင့်ကြိုရင်း ပြည်သူတွေ အနေနဲ့ တော်လှန်ရေးကို နိုင်ရာဝန် ထမ်းကူပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်..။

တို့ပြည်သူတွေ ညီရဲ့လား ဟေ့.. !!!

#4C_TruthNews

🌈ရောင်နီဦး🌈

31 Dec, 13:50


‼️အကြမ်းဖက် စစ်တပ်က ဗုံးမှားကြဲလို့ စစ်ခွေး အများအပြား အတုံးအရုံး သေဆုံး‼️

ဒီဇင်ဘာလ ၃၁ ရက်နေ့ ဒီကနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့် အချိန်က မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်အတွင်း အကြမ်းဖက် စစ်ရှုံးကောင်စီရဲ့ လေတပ်က မှားယွင်း ဗုံးကြဲခဲ့တာကြောင့် အကြမ်းဖက် စစ်ခွေး အများအပြား ခွေးသေဝက်သေ သေဆုံးခဲ့ကြောင်း ကနဦး သိရပါတယ်။

မြေပြင်က ငစနူ ခြင်းကြားတွေကို ဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့ တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှ ညနေ ၄ နာရီ ၁၃ မိနစ် အချိန်က တက်လာတဲ့ ဖိုက်တာဂျက် ဖြစ်ကြောင်း လေကြောင်းရန် စောင့်ကြည့် သတိပေးချန်နယ် ဖြစ်တဲ့ NAS ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

#4C_TruthNews

🌈ရောင်နီဦး🌈

29 Dec, 02:00


ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော Jeju လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဘီးချမရဘဲ ဆင်းသက်စဉ် ပြေးလမ်းခြံစည်းရိုးနှင့်တိုက်ကာ ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော Jeju လေ ကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ဘီးချမရဘဲ ဆင်းသက်စဉ် ပြေးလမ်းခြံစည်းရိုးနှင့်တိုက်ကာ ပေါက်ကွဲမှုဖြစ်ပေါ်ကြောင်း တောင်ကိုရီးယားမှ လာသော သတင်းများအရ သိရှိရသည်။

ယနေ့ နံနက်ပိုင်း Jeju လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိကာ ပေါက်ကွဲ မီးလောင်ခဲ့ကြောင်း၊ လတ် တလော ၂၈ ဦးသေဆုံးပြီး ၂ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ကာ မီးသတ်ကားများက သွားရောက် ငြိမ်းသက်နေဆဲဖြစ်ကြောင်း ကိုရီးယား သတင်းများက ဆိုသည်။

လက်ရှိတွင် လေဆိပ်ကို ပိတ်ထားပြီး ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ် ငန်းများကို တောင်ကိုရီးယား အာဏာပိုင်များက ဆောင်ရွက်လျက်ရှိကြောင်း၊ လေယာဉ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါကြောင်း သိရှိရသည်။

Video Credit- MBC ။

#YNO

🌈ရောင်နီဦး🌈

29 Dec, 01:37


🌿

. တော်လှန်ရေး

တယောက်ထဲလှမ်းလို့
မရောက်တဲ့ ခရီးတွေ

တဦးထဲစီစဉ်လို့
မပီပြင်တဲ့အစီအစဉ်တွေ

တယောက်ထဲဆုပ်ကိုင်လို့
မပိုင်နိုင်တဲ့အောင်မြင်မှုတွေ

တဦးထဲတည်ဆောက်လို့
မပြီးမြောက်တဲ့
ပြောင်းလဲတည်ဆောက်မှုတွေ

သွေးစည်း ညီညွတ်ခြင်းနဲ့
ယူဆောင်ကြမယ့်
ငါတို့ရဲ့ အောင်ပွဲ

ချစ်ခြင်းမေတ္တာ
ဉာဏ်ပညာနဲ့
ထူထောင်ကြမယ့်
ငါတို့ရဲ့နိုင်ငံတော်သစ်

မိန်းခသားဘဲဖြစ်ဖြစ်
ယောက်ျားသားဘဲဖြစ်ဖြစ်
ငါတို့အိပ်မက်
ငါတို့ပြန်ကောက်လို့
ငါတို့ခေတ်ငါတို့ရောက်ဖို့
ခေတ်ဝန်ကိုထမ်း
ခေတ်လမ်းကို
အတူလျှောက်စို့။
.
.
.
ငြိမ်း ကြည်

#YNO

🌈ရောင်နီဦး🌈

28 Dec, 14:05


ရေဦး

ရေဦး ခွေးခြံမှ လက်နက်ကြီး ပစ်ခတ်နေတာ သုံးချက်ရှိပီဟု သိရပါတယ်ဗျ။

Dec.28/8:30PM
#YNO

🌈ရောင်နီဦး🌈

28 Dec, 13:20


ရေဦး

ရေဦးခွေးခြံမှထွက်လာသော ခွေးအင်အား၃၀ခန့်ဟာ ဂါဝီ အနီးသို့‌ ရောက်ရှိနေတယ်လို့သတင်းရရှိထားပါတယ်။

မိဘပြည်သူများ ညရေးညတာဂရုစိုက်နေထိုင်ကြဖို့အကြံပြုအပ်ပါသည် ။

Dec 28/7:30PM
#YNO

🌈ရောင်နီဦး🌈

28 Dec, 11:39


မကွေးတိုင်း၊ ငဖဲမြို့နယ်၊အမ်း-ပဒါန်း လမ်းပိုင်းတွင်းသို့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ နပခ(အမ်း) သို့ ဦးတည် ချီတက်လာသည့် စစစ်သား (၉၀) ကျော်ပါဝင်သော စစ်ကြောင်း ၂ ခုကို အရှိုချင်း CDF (Asho) တပ်ဖွဲ့က ( ၃) ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီးလက်နက် ခဲယမ်းများ သိမ်းဆည်းရရှိသလို ထွက်ပြေးသွားသည့် လက်ကျန် စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေပါတယ်။

ငိုးမသားတွေ လော်ဘီတွေပြောတာယုံပြီး တက်မလာနဲ့ လမ်းမှာတင် သေမှာ

#LHA

🌈ရောင်နီဦး🌈

28 Dec, 04:54


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
ငပယင်းရွာအနောက်ဘက်မှ မြောက်အရပ်သို့ ဦးတည်သွားသော အကြမ်းဖက်စစ်သားများသည် ကင်းစမ်းရွာအနီးဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Dec 28, 10:49am
#YZG

🌈ရောင်နီဦး🌈

27 Dec, 10:24


ဒီမိုကရေစီ ခရီးကြမ်းတစ်လျှောက်
ပေးဆပ်သူများ၏ စွန့်လွှတ်မှုများကို လေးစားတန်ဖိုးထားပြီး ၎င်းတို့၏ စွန့်လွှတ်မှုများကို မမေ့မပျောက်သတိရသောအားဖြင့် ကမ်းလက်အဖွဲ့သားများမှ တော်လှန်ရေးကာလအတွင်းကျဆုံးသွားသော်သူရဲကောင်းများအား ပျောက်ကွယ်သွားချင်းမဖြစ်စေရန်အတွက်ကျဆုံးပီးသော ရဲဘော်များ၏ ကျန်မိသားစု၀င်များအား မိဘပြည်သူများလှူဒါန်းသော ငွေများဖြင့် လစဉ်ထောက်ပံပေးလျှက်ရှိနေပါတယ်။

🙏🙏🙏လစဉ်ထောက်ပံ့နိုင်ရန်အတွက်လဲ တတ်နိုင်သောအင်အားဖြင့်ပါ၀င်ကူညီပေးကြပါအုံးဗျ။

ကျဆုံးရဲဘော်များ၏မိသားစုများနှင့်ဒဏ်ရာရရဲဘော်များထောက်ပံ့ရေးအဖွဲ့

ကမ်းလက်အဖွဲ့သို့ဆက်သွယ်ရန် @kannlet02

🌈ရောင်နီဦး🌈

27 Dec, 08:29


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
တက်လှိုင်းရွာ နှင့် ရွာရှည်ရွာကြားတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်ကြောင်းသည် ရွာရှည်ရွာအတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။
Dec 27, 2:49pm
#YZG

#YNO

🌈ရောင်နီဦး🌈

27 Dec, 07:56


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့အတွင်းမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် တက်လှိုင်းရွာ နှင့် ရွာရှည်ရွာကြားတို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Dec 27, 1:54pm
#YZG

#YNO

🌈ရောင်နီဦး🌈

27 Dec, 00:23


ရွာဇော်ကြီး-တော်လှန်အသံ

ယနေ့မနက်ပိုင်းက ဘုတလင်မြို့အတွင်းမှ မြောက်အရပ်သို့ထွက်သွားသော အကြမ်းဖက်စစ်သားများသည် ဘုတလင်မြို့အတွင်းမှ ပြည်သူအများအပြားကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက်မပြည့်သေးသော ကလေးများလည်းပါသွားတယ်လို့ သိရပါတယ်။
Dec 27, 6:42am
#YZG

#YNO

🌈ရောင်နီဦး🌈

26 Dec, 14:49


မုံရွာ

မုံရွာ နမခမှထွက်လာ‌သောခွေးများဟာ သပြေတောရွာမှတဆင့် ပုလ္လင်ကုန်းမင်းတဲဘက် ထွက်နေဟုသတင်းရရှိထားပါတယ်။

Dec.26/9:00PM
#YNO

🌈ရောင်နီဦး🌈

26 Dec, 00:01


ကန့်ဘလူနယ် ကာဘိုးခွေးခြံမှခွေးများဟာ ကျောက်တိုင် ကျည်စုရွာဘက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေတယ်လိုသတင်းရရှိထားပါသည်။

Dec.26/6:05AM
#YNO

🌈ရောင်နီဦး🌈

25 Dec, 10:52


ရွာဇော်ကြီး-တော်လှန်အသံ

အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခတပ်စခန်းမှ အကြမ်းဖက်စစ်သားများ အသုံးပြုသော သံပြားကာ ကားအကြီး ၃စီး ထပ်မံထွက်လာခဲ့ပြီး ယ္ခုအချိန်တွင် ဘုတလင်မြို့နယ် ဇီးတောအနောက်ရွာ တောင်ဘက်တွင် ရပ်ထားကြောင်း သိရပါတယ်။
Dec 25, 5:09pm
#YZG

#YNO

🌈ရောင်နီဦး🌈

25 Dec, 10:21


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
ရွှေချောင်းလည် သရက်တိုရိုးရွာဘက်တွင် ကျန်ရှိနေခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးတောအနောက်ရွာအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဖန်းခါးကျင်းမှ အကြမ်းဖက်စစ်သားများသည်လည်း သပြေတောရွာဘက်သို့ ပြန်လည်ဦးတည်နေကြောင်း သိရပါတယ်။
Dec 25, 4:28pm
#YZG

🌈ရောင်နီဦး🌈

25 Dec, 09:38


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့အတွင်းသို့ အကြမ်းဖက်စစ်သားအပြည့်တင်ဆောင်လာသော SKART ကားတစ်စီး ကြောင်ပန်းလမ်းခွဲဘက်မှ ထပ်မံဝင်ရောက်လာပြီး ထွေအုပ်ရုံးဝန်းအတွင်းသို့ မောင်းဝင်သွားကြောင်း သိရပါတယ်။
Dec 25, 4:00pm
#YZG

#YNO

🌈ရောင်နီဦး🌈

25 Dec, 09:07


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့အတွင်းမှ တောင်အရပ်သို့ထွက်သွားသော အကြမ်းဖက်စစ်သားများသည် သားရိုးကုန်းရွာနှင့် ကြောင်ပန်းလမ်းခွဲကြားတွင် ကင်းပုန်းများ ဝပ်နေကြကြောင်း သိရပါတယ်။
Dec 25, 3:21pm
#YZG

#YNO

🌈ရောင်နီဦး🌈

24 Dec, 15:24


နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ခရစ္စမတ်နေ့အတွက် ဆုတောင်းစကားပြောကြား
ဒီဇင်ဘာလ ၂၄ ၊ ၂၀၂၄
ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ရက်မှာ ကျရောက်မယ့် ခရစ္စမတ်နေ့အတွက် အမျိုးသားညီညွတ်အစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုတောင်းစကား ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ရေးတိုက်ပွဲကို ၀င်နေရတဲ့ အချိန်အခါ ဖြစ်တာကြောင့် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေကြရတဲ့ ရဲဘော်တွေရှိသလို တဖက်မှာလည်း ဆက်တိုက် ဆိုသလို စစ်ရှုံးနိမ့်နေတာ နဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကျွန်တော်တို့ ပြည်သူတွေ၊ ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ် အချိန်အခါ သမယကို ဖြတ်သန်းနေရပါတယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးမှာ ကမ္ဘာကြီးနဲ့ ထပ်တူ ခရစ္စမတ် အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်တာကြောင့် ရည်မှန်းထားတဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့တဲ့ ဇွဲလုံ့လနဲ့ အားစိုက်ပြီး ကြိုးစားသွားရမှာ ဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
အခုလို ခရစ္စမတ် အချိန်အခါသမယမှာ ကျွန်တော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေကြောင်း၊ မေတ္တာတရားတွေ လွမ်းခြုံတဲ့ နွေးထွေးမှု နဲ့ လွတ်လပ်မှု တို့ကို အနှစ်သာရ ပြည့်၀စွာ ခံစားနိုင်ကြပါစေကြောင်း နဲ့ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုတောင်းမေတ္တာ ပို့သကြောင်း ပြောကြားထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews

🌈ရောင်နီဦး🌈

23 Dec, 14:22


ချင်းပြည်နယ်တစ်ခုလုံးကိုကို အလုံးစုံထိန်းချုပ်နိုင်ရန် မြို့ ၃ မြို့သာကျန်ရှိတော့သည်။


ချင်းပြည်နယ်တစ်ခုလုံးကို ဖက်ဆစ်ခွေးမိစ္ဆာ လက်အောက်မှလွတ်မြောက်ရန် ဟားခါးမြို့၊ တီးတိန်မြို့ နဲ့ ထန်တလန်မြို့တို့သာကျန်ရှိတော့ပြီး ဖလမ်းမြို့ကိုသိမ်းပိုက်ရန် ခလရ ၂၆၈ တပ်စခန်းတစ်ခုသာကျန်ရှိတော့သည်။

၄င်းကျန်ရှိနေသော မြို့ ၃ မြို့၏ နယ်မြေအတော်များများကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီးဖြစ်သည်။


ထို့ကြောင့် ချင်းပြည်နယ်၏ ၈၀ ရာခိုင်နှုန်းသောနယ်မြေဒေသများကို ဖက်ဆစ်ခွေးမိစ္ဆာထံမှ ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သည်။


ခွေးမီးဖုတ်

🌈ရောင်နီဦး🌈

23 Dec, 07:57


Breaking News -

ဒီဇင်ဘာလ၂၃ရက်

ခင်ဦးမြို့နယ်မြောက်ခြမ်း ပျဥ်ထောင်ပျူရွာ သို့ Y-12 စစ်ထောက်ပို့ လေယာဥ်တစ်စီးဖြင့် 1:22PM ဝန်းကျင်အချိန် မှ 1:43PM ဝန်းကျင်အချိန်ထိ အထုပ် (၁၀) ထုပ် ထက်မနည်းချသွားကြောင်းသတင်းရရှိပါသည်။

Khin-U Local News
#KU_L_N

#YNO

🌈ရောင်နီဦး🌈

28 Nov, 03:30


တောင်ကုတ်၊ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ခွေးများ AAထံတွင် *အလံဖြူထောင် လက်နက်ချအညံ့ခံ* ဟု ကနဦးသတင်းရရှိထား

တောင်ကုတ်၊ ၂၀၂၄ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ခွေးများ အလံဖြူထောင်လက်နက်ချမှုများရှိနေကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တို့မှ တပ်သားများစွာသည် အလံဖြူထောင်၍ AA ထံတွင် လက်နက်ချလာကြကြောင်း၊ လတ်တလော တောင်ကုတ်မြို့ကို AA က ထိန်းချုပ်ထားကြောင်း သိရှိရသည်။

"စကခ ၅ ထဲမှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ ခမရ ၃၄၆ နဲ့ ၅၄၄ က တပ်သားတွေ လက်နက်ချ အလံဖြူထောင်တာရှိတယ်။ လက်နက်မချဘဲ ဆက်တိုက်နေသူတွေလည်းရှိတယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေဆဲပါပဲ" ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိအချိန်အထိ မြေပြင်သတင်းအတိအကျ ရောက်ရှိလာခြင်းမရှိသေးသော်လည်း အလံဖြူထောင် လက်နက်ချသည်ဆိုသော သတင်းများ ရရှိထားကြောင်း AAစစ်ရုံးနှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

🌈ရောင်နီဦး🌈

27 Nov, 15:51


Channel photo updated

🌈ရောင်နီဦး🌈

27 Nov, 10:30


လင်ဖုံလေးတိုက်ပွဲမှာ ခလ၇(၈၀) တစ်ရင်းလုံးနီးပါး *ဂိန်*

လွိုင်ကော်၊၂၀၂၄ နိုဝင်ဘာ ၂၇

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လင်ဖုံလေး ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးအင်အားစုများမီ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေးတပ်မ ၆၆ လက်အောက်ခံ ခလရ (၈၀) တပ်ရင်းတစ်ရင်းလုံးနီးပါး *ဂိန်*ခဲ့တယ်လို့ KA ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

၂၀၂၄ နိုဝင်ဘာလ ၂၅ နဲ့ ၂၆ တွေမှာ စစ်ခွေးတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး သေနတ် ၂၅ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။

"တချို့က ထွက်ပြေးမယ်ထင်တယ်၊ သေတာကတော့ အတိအကျမရှင်းလင်းသေးဘူး။ သူတို့အကြီးအကဲတွေလည်းပါတယ်၊ နောက်ဆက်တွဲကတော့ သူတို့လုပ်ရိုးလုပ်စဥ်အတိုင်း လက်နက်ကြီး ရမ်းထုတာရှိတာပေါ့"လို့ KA ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

"စစ်ကြောင်းထိုးလာတာကို ဖြတ်တိုက်တာ အကုန်ပြုတ်၊ ပင်လောင်းဖက်ကနေ စစ်ကားတွေ ထပ်ဆင်းလာတယ်လဲကြားတယ်"လို့မြေပြင်သတင်းရင်းမြစ်က ပြောကြားသည်။

စစ်ခွေး ခလရ(၈၀)မှ ဘိုချီး လင်းဇော်အပါအဝင် တစ်တပ်လုံးနီးပါး*ဂိန်*ခဲ့ကြောင်း ကနဦးသိရပြီး အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

🌈ရောင်နီဦး🌈

27 Nov, 09:57


Breaking News

စစ်ခေါင်းဆောင်ကို နိုင်ငံတကာခုံရုံး ICC မှ ဖမ်းဝရမ်းထုတ်

ရွှေနွယ်

မဇ္ဈိမ။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများကျူး လွန်ကြောင်း အထောက်အထားများရှိသည့်အတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်ရန် နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ်၌ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ခြင်းဟုဖော်ပြသည်။ အဆိုပါ ဝရမ်းထုတ်မှု၏ နောက်ဆက်တွဲအဖြစ် တာဝန်ရှိသူကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟုဖော်ပြသည်။ ယခု ဖမ်းဝရမ်းထုတ်မှုသည် ICC မှ ပထမဆုံးအကြိမ် မြန်မာ အစိုးရ အဆင်မြင့်အရာရှိတဦးကို ဝရမ်းထုတ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

#mizzima

#YNO

🌈ရောင်နီဦး🌈

27 Nov, 09:47


၀ရမ်းပြေး မင်းအောင်လှိုင် ဖြစ်သွားပါပီ။

🌈ရောင်နီဦး🌈

26 Nov, 07:36


ပသုံးလုံးအဖွဲ့နဲ့ ပြည်သူတွေပူးပေါင်းပြီး မီးရှို့ခံရတဲ့ကျေးရွာတွေကိုထောက်ပံ့

နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်အတွင်းရှိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၆ ရွာက အိမ်ခြေ ၁၈၂ အိမ်အတွက် ဆန်အိတ် ၁၈၂ အိတ်၊ ပဲဆီ ၉၀ ပိဿာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် ၃၆၄ အိတ်တို့ကို နိုဝင်ဘာ ၂၃ ရက်နေ့က သွားရောက်ပေးပိုခဲ့ကြတယ်လို့ သိရပါတယ်။

"ကျွန်မတို့ရွာ အကုန်လုံး ထောက်ပံ့ပစ္စည်းတွေရရှိတယ်၊ တအားပျော်တာပဲ၊ တကယ်မရှိတဲ့အချိန် ရတဲ့အတွက် တအားလည်း ကျေးဇူးတင်ရပါတယ်၊ လှူဒါန်းတဲ့သူတွေလည်း ဘေးအမျိုးမျိူးကနေ ကင်းလွတ်ပါစေလို့ ဆုတောင်းပြီးလည်း စားတယ်" လို့ ‌ကျေးရွာပြည်သူတစ်ဦးက မြို့တော်ကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အဲဒီမီးဘေးသင့်ကျေးရွာတွေကို နိုဝင်ဘာလ ၁၇ ရက်မှာ စစ်ကြောင်းထိုး၊ မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"စစ်တပ်နဲ့ ပျူစောထီးပေါင်းပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က မီးရှို့ခံရတာ၊ ရွာလုံးကျွတ် ၆ ရွာပါသွားတယ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆန်၊ ပဲဆီရယ်၊ အဝတ်တွေရယ်၊ ခြင်ထောင်၊ စောင်တွေ သွားရောက်လှူဒါန်းနိုင်ခဲ့တယ်ဗျ" လို့ တော်လှန်ရေးတပ်သားတစ်ဦးက မြို့တော်ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပျူစောထီးများနှင့် ပူးပေါင်းပြီး နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာတော်တော်များများကို မီးရှို့ဖျက်စီးခံခဲ့ရကြောင်းသိရပါတယ်။ မီးရှို့ခံရတဲ့ ကျေးရွာများတွေမှာ ခုလိုထောက်ပံ့မှုတွေ အများကြီးလိုအပ်နေသေးကြောင်း သိရပါတယ်။

မြို့တော်
#myotaw

#YNO

🌈ရောင်နီဦး🌈

26 Nov, 07:23


ဝမ်းသာစရာ သတင်းကောင်းပါ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ LPDF အဖွဲ့တခုမှ အမျိုးသမီးတပ်ဖွဲ့ဝင် ၁ ဦးပါ ၂ ဦး စုစုပေါင်း ၅ ဦးတို့သည် နိုဝင်ဘာလ ၂၅ ရက်မနက် ၂ နာရီလောက်မှာ အချုပ်ဖောက် ထွက်ပြေးလာခဲ့တာဖြစ်ပြီး မနက် ၆ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ ရောက်ရှိလာခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တပ်ဖွဲ့ဝင်တွေဟာ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိနေပြီဖြစ်တဲ့အတွက်  လုံခြုံရေးအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ သိရပါတယ်။

#YNO

🌈ရောင်နီဦး🌈

26 Nov, 06:01


ရွာဇော်ကြီး-တော်လှန်အသံ

မုံရွာမြို့နယ်
နမခတပ်စခန်းမှထွက်လာကာ Good Cherry ဆီဆိုင်အနီးတွင် ရောက်ရှိနေခဲ့သော အကြမ်းဖက်စစ်သား (၅၀)ခန့်သည် ဖန်းခါးကျင်းရွာနှင့် ဆီဆိုင်ကုန်းကြားတွင် ရောက်ရှိနေပြီး ဘုတလင်-မုံရွာလမ်းပိုင်း အသွားအလာပြုလုပ်နေသော ခရီးသွားပြည်သူကားများကို တားဆီးစစ်ဆေးကာ ပိုက်ဆံကောက်ခံနေကြောင်း သတင်းရရှိပါတယ်။
Nov 26, 11:07am
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

26 Nov, 05:26


မြင်အောင်ကြည့် တတ်အောင်သင် (၁)
*********

ကျနော်တို့နိုင်ငံရဲ့
အနာဂတ်က
ဗုံးခိုကျင်းထဲမှာ ~~~

ကျုပ်တို့မျိုးဆက်တွေ
ကတုတ်ကျင်းထဲက
ခြေဆန့်ခွင့် မရသေးသမျှ ~~~

ကိုယ့်ဘဝ ကိုယ့်လမ်း
ကိုယ်တိုင် လျှောက်လှမ်းခွင့်
မရသေးသမျှ ~~

ပိတ်ပင် အတားအဆီးမှန်သမျှ
ဖယ်ထုတ် ရှင်းလင်း
တော်လှန်ရင်းနဲ့
ရင်သွေးငယ်တို့အတွက်
လွတ်လပ်ခြင်း
အနာဂတ်အိမ်ကို
တည်ဆောက်နိုင်ကြဖို့
လက်တွဲညီညီ
ဟန်ချက်ညီညီ
တသွေးတသံ
တစိတ်တဝမ်းနဲ့
ကျုပ်တို့ ရင်ချင်းအပ်
ကျောချင်းကပ်ပြီး
ယုံကြည်ချက်တွေ
ခိုင်မြဲဖို့
နှလုံးသားချင်း
ချိတ်ဆက်ဖို့ လိုတယ်နော် ~~~

မျိုးဆက်တွေ
တိုးထွက်နိုင်မှ
အနာဂတ်ဆိုတာ
ရှင်သန်နိုင်လိမ့်မယ် ~~~

#အဂ္ဂရာဇာ{ဗိဿနိုးမြေ}

#YNO

🌈ရောင်နီဦး🌈

20 Nov, 12:52


ရေဦး⚠️

တံတားဦးလေတပ်တက် MiG-29 Fighter Jet (1)စီး ရေဦးနယ်တောင်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။

#NAS
Nov 20, 7:21PM

🌈ရောင်နီဦး🌈

20 Nov, 12:51


ဝေဟင်သတိပါ

🌈ရောင်နီဦး🌈

20 Nov, 11:29


BREAKING NEWS:

ကန်ပိုက်တီမြို့ကို KIA အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်ဒေသတွင် KIA သိမ်းပိုက်ရန် ကျန်ရှိနေခဲ့သော ကန်ပိုက်တီမြို့ကို ယနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းတွင် KIAနှင့် ပူးပေါင်းတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကန်ပိုက်တီမြို့ကို KIA သိမ်းပိုက်ပြီးနောက် မြိုု့ထဲရှိ စစ်ကောင်စီတပ်စခန်းကို မီးရှို့ ဖျက်ဆီး ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သိရသည်။

မနက်ကဝင်တီးတယ် ညနေကျရပြီတဲ့ လေးစားလိုက်တာ

Awng Dang KIA / KPDF 🥰

🌈ရောင်နီဦး🌈

20 Nov, 05:14


ရေဦးမြို့နယ်
နိုဝင်ဘာ 16/17ရက်ကမီးရှို့ဖျတ်ဆီးခံရသောမီးဘေးသင့်အိမ်ထောင်စု (181)စုအတွက်အရေးပေါ်ရိက္ခာများအိမ်ထောင်စုအလိုက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

တစ်အိမ်ထောင်စုလျှင်
1/ဆန်
2/ကုလားပဲခြမ်း
3/ငါးခြောက်
4/ကြက်သွန်နီ
5/ငါးပိ
6/အသားတု
7/ခေါက်ဆွဲခြောက်

ရန်သူမျိူးငါးပါးမှအမြန်ဆုံးကင်းဝေးကြပါစေ
🙏🙏🙏🙏🙏

Photo လူသားစာနာ (ရေဦး)

Nway Oo
20.11.2024

🌈YNO🌈

🌈ရောင်နီဦး🌈

19 Nov, 11:07


ဒါ..ငါတို့တော်လှန်ရေး

ဝေလင်းလက်
(မျက်မှောက်ခေတ် ကဗျာခံစားမှု)

ကျွန်တော် လွတ်မြောက်နယ်မြေက ကျေးရွာတွေဘက်ကို သွားသည်။ စစ်ရှောင်စခန်းတွေဆီကိုလည်း သွားသည်။ စစ်ရှောင်တောတိုက်တွေဆီကိုလည်း ရောက်သည်။ တော်လှန်ရေးကိစ္စ၊ စစ်ရှောင်ကူညီရေးကိစ္စ၊ ပညာရေးကိစ္စ၊ လူမှုရေးကိစ္စတို့ဖြင့် ကိုယ့်စရိတ်၊ ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားခြင်းဖြစ်ပါသည်။

ကျွန်တော်ရောက်နေရာဒေသတွေမှာ စကားမျိုးစုံကြားရသည်။ ညည်းငြူသံများ၊ တော်လှန်သံများ၊ အားမလိုအားမရဖြစ်သံများနဲ့ မိမိစီးပွားရေးတစ်ခုတည်းအတွက်သာ ထွက်လာသောအသံများကိုလည်း ကြားရပါသည်။

ကျွန်တော်သည် မိမိစီးပွားရေးအကြောင်းသာ ပြောသူတွေကို အစပိုင်းတွင် အထင်အမြင်သေးမိသည်။ နောက်တဖြည်းဖြည်း ကျွန်တော်သတိထားမိလာသည်။ မိမိစီးပွားရေးအကြောင်း တစ်လုံးမှထုတ်မပြောဘဲ တော်လှန်ရေးမှာ လက်တွေ့စီးပွားရှာသူတွေကို တွေ့မြင်နေရသည်။ ကျွန်တော်သည် ၂၀၂၃ ခုနှစ်က ကဗျာဆရာ ရင်ရိုး ရေးသားခဲ့သော ကဗျာတစ်ပုဒ်ကို သတိရမိသည်။

#မင်းတို့က စီးပွားရေးတွေအကြောင်း ပြောတဲ့အခါ

ဒီကာလမှာ ရွှေ မဝယ်နဲ့ မြေ မဝယ်နဲ့
မင်း စားဖို့အတွက်
မင်းမိသားစု ကျန်းမာရေးအတွက်
မင်း သုံးရမှာပေါ့
တော်လှန်ရေးကို ခုတုံးလုပ်
ရှိရင်းစွဲထက် ပိုချမ်းသာသွားမယ့်အလုပ်ကိုတော့
မင်း မလုပ်မိစေနဲ့။

"ကျွန်တော်က စီးပွားရေးသမား" တဲ့
ဘယ်သူ အုပ်ချုပ်အုပ်ချုပ်
စီးပွားရေးပဲလုပ်မယ်ဆိုတဲ့အပေါက်မျိုး
တော်လှန်ရေးသမားက တော်လှန်ရေးပဲလုပ်ဆိုတဲ့အပေါက်မျိုး
တော်လှန်ရေးသမားထဲမှာ စီးပွားရေးသမားပါတယ်
ပညာရှင် ပညာတတ် ပါတယ်
အလုပ်သမား လယ်သမား ပါတယ်
တော်လှန်ရေးသမားဆိုတာ
လူတန်းစားတစ်ရပ်ကို ကိုယ်စားပြုတာမဟုတ်ဘူး
နိုင်ငံတစ်ခုရဲ့ ရေရှည်အကျိုးကို မျှော်ကိုးသူတွေပါ။

ဒီကာလမှာ စီးပွားမဖြစ်တဲ့အကြောင်း ပြောရတာ
မင်း မရှက်ဘူးလား
အသက်ရှင်ဖို့သက်သက်သာ
ဘဝကို ရှေ့ဆက်နေရတဲ့သူတွေအကြောင်း သိတဲ့အခါ
ကိုယ့်နိုင်ငံ ဝင့်ထည်ဖို့အတွက်
ကိုယ့်အသက်ကို မြေတစ်မှုန်စာအဖြစ်
စတေးနိုင်သူတွေကို မင်း တွေ့တဲ့အခါ
မင်းရဲ့ စီးပွားရေးအကြောင်းတွေကို
မြိန်ရေယှက်ရေပြောနိုင်ဦးမလား
ငါ သိချင်မိတယ်။

တော်လှန်ရေးမလုပ်တဲ့ စီးပွားရေးသမားဖြစ်ဖြစ်
တော်လှန်ရေးလုပ်ပြီး စီးပွားရှာသူဖြစ်ဖြစ်
ငါ ရှုတ်ချတယ်
ဒါ ငါ့တော်လှန်ရေးပဲ။
ရင်ရိုး
16-11-2023

ကျွန်တော်ရောက်သည့် ကျေးရွာတွေမှာ ညည်းငြူသူတွေနဲ့တွေ့လျှင် စစ်ရှောင်စခန်းမှာ ဆင်းရဲစွာနေထိုင်ကြရသူတွေ အကြောင်းပြောဖြစ်ပါသည်။

စစ်ရှောင်စခန်းကသူတွေနဲ့တွေ့လျှင် အသက်အန္တရာယ်နဲ့နီးကပ်စွာ နေထိုင်လုပ်ကိုင်နေရသူတွေအကြောင်း ပြောဖြစ်ပါသည်။

အသက်အန္တရာယ်နဲ့ နီးကပ်စွာနေထိုင်ရသူတွေနဲ့တွေ့လျှင် စစ်ကောင်စီအကျဥ်းထောင်ထဲရောက်နေသည့် သူတွေအကြောင်းကို ပြောဖြစ်ပါသည်။

ကျွန်တော်တို့သည် တော်လှန်ရေးကာလတွင် မိမိတို့ထက် အသက်၊ စည်းစိမ်စွန့်ထားသူတွေ၊ ထိခိုက်ထားသူတွေအကြောင်းကို တွေးဖို့၊ စာနာစိတ်ပွားဖို့ အရေးကြီးပါသည်။

မည်သည့်အသက်မွေးဝန်းကျောင်း အလုပ်ကို လုပ်ကိုင်နေသည်ဖြစ်စေ တော်လှန်ရေးမှာ မိမိဘယ်လောက်ထိပါဝင်နေသလဲ ဆန်းစစ်ကြစေချင်သည်။

တော်လှန်ရေးကို စိတ်မဝင်စားတဲ့ စီးပွားရေးသမားလား။ တော်လှန်ရေးကို ခုတုံးလုပ်ပြီး စီးပွားရှာနေသူလား။ ကိုယ့်အခက်အခဲကိုပဲ အခက်အခဲလို့ထင်တတ်သူလား။ ကိုယ်အနေချောင်ဖို့ပဲတွေးတဲ့ ရေပေါ်ဆီလား။

တော်လှန်ရေးကို လုံးဝစိတ်ဝင်စားမှုမရှိသည့် ဘယ်သူသေသေ ငတေမာရင်ပြီးရော စီးပွားရေးသမားနဲ့ တော်လှန်ရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေသူ နှစ်ဦးလုံးကို ကဗျာဆရာက ရူတ်ချထားပါသည်။

#ဝေလင်းလက်
#မျက်မှောက်ခေတ်
#ကဗျာခံစားမှု
# THM

🌈ရောင်နီဦး🌈

18 Nov, 08:08


ကျွန်တော့် မိန်းမက ဒီနား
ရောက်တိုင်း ဆိုင်ကယ်
ဆင်းတွန်းမယ်ချည်း
လုပ်နေလို့

" သတိထားပါဦး မိန်းမရယ် မင်းရောက်နေတာ မြန်မာနိုင်ငံမဟုတ်‌ကြောင်း ၊ သူဟာသူ သဲ၊ ကျောက် ရောင်းတဲ့ဆိုင်ဖြစ်ကြောင်း " မနည်းရှင်းပြရတယ်

◾ဟာသမဟုတ်တဲ့ ဟာသ

စောက်မင်းအောင်လှိုင်စစ်တပ်က ပြည်သူတွေကို ဘယ်လောက်
စိတ်ဒဏ်ရာပေးထားလဲဆိုရင်
ဒါသာကြည့်

#Big_countrycitizen

#YNO

🌈ရောင်နီဦး🌈

17 Nov, 15:27


"ခမရ ၃၄၃ မှ စစ်ခွေး ၁ ကောင်ကို ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး"

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ခမရ ၃၄၃ မှ အကြမ်းဖက် ကျွန်သပေါက် စစ်ခွေး ၁ ကောင် အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့ ဒီကနေ့မှာ အရှင်ဖမ်းဆီးရမိခဲ့ပြီး အရေခွံနွှာ မီးဖုတ်နေပြီဖြစ်ကြောင်း သိရပါတယ်။

မွန်ပြည်နယ် တကြောမှာတော့ တော်လှန်ရေး စကတည်းကနေ ဒီကနေ့အထိ ရေးဘီလူး အဖွဲ့က ဖုတ်လိုက်သုတ်လိုက် လုပ်နေပေမယ့် ငစနူ စစ်ခွေးတွေခမျာ ပြန်မလှန်နိုင်ရှာပဲ သုတ်သင်ခံနေရတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။

#4C_TruthNews

🌈ရောင်နီဦး🌈

17 Nov, 10:19


🛑ရေဦး/တန့်ဆည်/ကန့်ဘလူ

တန့်ဆည်မြို့နယ်နှင့်ကန်ဘလူမြို့နယ်မှ ပျူ/ခွေးများပူးပေါင်း၍‌စစ်ကြောင်းထိုးလာသော ခွေးများဟာရေဦးနယ် မြောက်ခြမ်း ပန်းကုံး မူးဆုံအား ဒုန်းဖြင့် ဗုံးသီးချသွားတယ်လို့သိရပါတယ်။

သုံးခေါက်လာချသွားတယ်လို့သိရ။

ထိခိုက်သေဆုံးသူများပါရှိနေတယ်လို့ထပ်မံသိရပါတယ်ဗျ။

မိဘပြည်သူများအနေဖြင့် ဒုန်းအန္ဒရာယ်ကင်းဝေးစေဖို့
အကာအကွယ်ရှိသောနေရာများတွင် လုံခြုံစွာ နေထိုင်ကြဖို့အကြံပြုတိုက်တွန်းအပ်ပါသည်။

Nov.17/4:34PM
🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 10:15


🛑ရေဦး/တန့်ဆည်/ကန့်ဘလူ

တန့်ဆည်မြို့နယ်နှင့်ကန်ဘလူမြို့နယ်မှ ပျူ/ခွေးများပူးပေါင်း၍‌စစ်ကြောင်းထိုးလာသော ခွေးများဟာရေဦးနယ် မြောက်ခြမ်း ပန်းကုံး မူးဆုံအား ဒုန်းဖြင့် ဗုံးသီးချသွားတယ်လို့သိရပါတယ်။

သုံးခေါက်လာချသွားတယ်လို့သိရ။

ထိခိုက်သေဆုံးသူများပါရှိနေတယ်လို့ထပ်မံသိရပါတယ်ဗျ။

Nov.17/4:34PM
🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 09:04


🛑ရေဦး/တန့်ဆည်/ကန့်ဘလူ

တန့်ဆည်မြို့နယ်နှင့်ကန်ဘလူမြို့နယ်မှ ပျူ/ခွေးများပူးပေါင်း၍‌စစ်ကြောင်းထိုးလာသော ခွေးများဟာရေဦးနယ် မြောက်ခြမ်း ပန်းကုံး မူဆုံအား ဒုန်းဖြင့် ဗုံးသီးချသွားတယ်လို့သိရပါတယ်။

Nov.17/3:34PM
🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 05:41


🛑ရေဦး/တန့်ဆည်/ကန့်ဘလူ

တန့်ဆည်မြို့နယ်နှင့်ကန်ဘလူမြို့နယ်မှ ပျူ/ခွေးများပူးပေါင်း၍‌စစ်ကြောင်းထိုးလာသော ခွေးများဟာ ဇီးကန်ရွာ ဘင်တဲအား ဒုန်းဖြင့် ဗုံးသီးနှစ်လုံးချသွားတယ်လို့သိရပါတယ်။

Nov.17/12:04PM
🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 02:19


တန့်ဆည်နယ် ခွေးစစ်ကြောင်းသည် ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးနေ။

တန့်ဆည်၊ နိုဝင်ဘာ ၁၇

တန့်ဆည်မြို့နှင့် ကျွဲဆွဲရွာတွင် အထိုင်းချထားသော ခွေးစစ်ကြောင်းသည် ယမန်နေ့ နိုင်ဝင်ဘာ ၁၆ ရက်နေ့ ညနေက ခပေါင်းကြိုင်ကျေးရွာမှ လူနေအိမ်များကို မီးရှို့ခဲ့။

ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမှ ထွက်လာသော ခွေးစစ်ကြောင်းသည် တန့်ဆည်မြို့နယ်နှင့် ရေဦးနယ်အစပ်ရှိ ရွာဘုကြီးရွာ၊ ကလဇင်ရွာ၊ ပေကုန်းရွာ၊ ဇီးမရွာ စသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ။

ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိန်းရှောင်နေရပြီး တိန်းရှောင်နိုင်ခြင်းမရှိသော ပြည်သူအချို့ကို စစ်ကောင်စီတပ်မှ ဓားစာခံဖမ်းဆီးသွား။
#TazeNews

🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 01:41


🛑ရေဦး/တန့်ဆည်/ကန့်ဘလူ

တန့်ဆည်မြို့နယ်နှင့်ကန်ဘလူမြို့နယ်မှ ပျူ/ခွေးများပူးပေါင်း၍‌စစ်ကြောင်းထိုးမီးရှို့ဖျတ်ဆီးမှုများကြောင့်ရေဦး/တန်ဆည့်ကြားရှိကျေးရွာ(၁၆)ရွာခန့်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

Nov.17/8:10AM
🌈YNO🌈

🌈ရောင်နီဦး🌈

17 Nov, 00:39


ရေဦး
တန်ဆည်နယ် အက်တော သဲကုန်းဘက်မှထွက်လာသော ခွေးစစ်ကြောင်းဟာဆိုရင် ရေဦးမြို့နယ် အရှေ့မြောက်ခြမ်း ကြို့ထိမ်းရွာ ရွာပုကြီးရွာတို့ရှိ ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်စီးနေတယ်လို့သတင်းရ
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
Nov. 17 / 6:58AM

🌈YNO🌈

🌈ရောင်နီဦး🌈

16 Nov, 16:03


‼️မောင်တော နခခ (၅) က နယ်ခြားစောင့် ရဲတွေကို လက်နက်ချခွင့်ပေးဖို့ မိသားစုဝင်တွေ တောင်းဆို‼️

ရခိုင်ပြည်၊ မောင်တောမြို့အဝင်၊ မြို့သူကြီး ကျေးရွာဟောင်းမှာ တည်ရှိပြီး မောင်တောနယ်မြေခံ စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲရှိ နယ်ခြားစောင့်ရဲတွေကို လက်နက်ချခွင့်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြကြောင်း သိရပါတယ်။

နခခ (၅) ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နယ်ခြားစောင့် ရဲတွေ သေဆုံး၊ ဒဏ်ရာရသူတွေ အလွန် များပြားနေကြောင်း မိသားစုဝင်တွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရထားတဲ့ နယ်ခြားစောင့် ရဲတွေဟာ ဆေးဝါးကုသခွင့် မရကြသလို အစားရေစာလည်း မလုံလောက်ကြတာမို့ စိတ်ဓာတ်ကျနေကြကြောင်းကို မိသားစုဝင်တွေဆီ ဆက်သွယ်ပြောကြလို့ ဖုန်းတွေအားလုံးကို သိမ်းယူထားကြောင်း၊

ဒါ့ကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်အားလုံး ဆက်မတိုက်ချင်ကြလို့ လက်နက်ချ အညံ့ခံချင်နေကြတာကို စစ်ရှုံးကောင်စီတပ်က လူကြီးတွေ ခွင့်ပြုပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

"အခြေအနေက တော်တော်ဖြစ်နေတာပါ။ နယ်ခြားစောင့်တွေ နေ့တိုင်း အကျအဆုံး ရှိပါတယ်။ လူကြီးတွေက ဘာတွေမှန်းကို မသိပါဘူး။အောက်ခြေ တပ်ဖွဲ့ဝင်တွေကို ထိုးကျွေးနေပါတယ်။ စစ်မတိုက်ချင်ကြတော့ပါဘူး။ လက်နက်ချခွင့်လည်း မပေးသေးဘူး။ လူကြီးတွေက လက်နက်ချခွင့် ပေးစေချင်ပါတယ်" လို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ဖို့ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲသာ ကျန်နေပြီး အဲဒီတပ်ရင်းမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ငါးရာကျော်ထိ ရှိနေကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အားလုံးဟာ အစာရေစာ ငတ်မွတ်နေကြသလို ဒဏ်ရာတွေနဲ့ သေလုမျောပါး ဖြစ်နေကြကြောင်း၊

စစ်ရှုံးကောင်စီတပ်က လေထီးတွေ အသုံးပြုကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လက်နက်တွေ ဖြည့်ပေးနေပေမယ့် စစ်သည်အင်အား များတာမို့ မလုံလောက်သလို စစ်သားတွေကိုသာ အဓိကထား ပေးနေတာကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ဆေးဝါး ရိက္ခာ အလုံအလောက် မရရှိကြကြောင်း၊

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အားလုံးဟာ လစာငွေတွေ မရကြသလို စားနပ်ရိက္ခာတွေလည်း မရတဲ့အပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို အကြမ်းဖက် စစ်သားတွေဆီက ဝယ်ယူစားသောက်နေပြီး ဝယ်မစားနိုင်တဲ့ နယ်ခြားစောင့် ရဲတွေဟာ စစ်သားတွေ စားသောက်လို့ကျန်တဲ့ အကြွင်းအကျန်တွေကိုသာ မဝရေစာ စားသောက်နေရကြောင်း မိသားစုဝင်တွေက ဖွင့်ဟ ပြောဆိုပါတယ်။

#4C_TruthNews

🌈ရောင်နီဦး🌈

16 Nov, 05:06


ရေဦး
ကန့်ဘလူမြို့နယ် ကာဘိုးခွေးခြံမှထွက်လာသောခွေးစစ်ကြောင်းဟာဆိုရင်တန်ဆည်နယ် အက်တောသဲကုန်းရွာဘက်ကိုရောက်ရှိနေပြီး အက်တောသဲကုန်းဘက်မှတဆင့် ရေဦးမြို့နယ် ကြို့ထိမ်းရွာဘက်အား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ဖောက်ဝင်ရောက်နေတယ်လို့သတင်းရ
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
Nov. 16/ 11:24AM

🌈YNO🌈

🌈ရောင်နီဦး🌈

15 Nov, 15:52


ဆေးပေါင်းလဲ ခ ကြပစေ

ခွေးအပေါင်းလဲ ကြွ ကြပါစေ။


🌈YNO🌈

🌈ရောင်နီဦး🌈

06 Nov, 05:24


အမှန်တရားဆိုတာ
ကြိုက်နှစ်သက်ရုံနဲ့မပြီးသေးဘူး

ရဲရဲရင့်ရင့်ရပ်တည်ရဲ ရင်ဆိုင်
ကျော်ဖြတ်ရဲဖို့လည်းလိုသေးတယ်...

# မင်းသုည ဗုဒ္ဓတက္ကသိုလ်

🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 14:05


လူငယ်တွေ လူကြီးတွေ အကုန်ပါဝင်တဲ့ တော်လှန်ရေး

လူငယ်တွေက အသက်တွေ ဘဝတွေ စွန့်ပြီး ရှေ့တန်းကနေ တိုက်ခိုက်နေကြတယ်။
လူကြီးတွေကလည်း သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အဆုံးရှုံးခံပြီး ရပ်တည်ထောက်ခံဝန်းရံနေကြတယ်။

ရှေ့တန်းမှာ ရဲဘော်တွေနဲ့ ပြည်သူတွေ ဘယ်လိုလက်တွဲညီညီဆောင်ရွက်လျက်ရှိတယ်‌ဆိုတာကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားတာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 07:54


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့အတွင်းမှ အကြမ်းဖက်စစ်သားများအသုံးပြုသော ကားအကြီး ၁စီး သပြေပင်ရွာမှ သဖန်းလမ်းအတိုင်း အရှေ့အရပ်သို့ တက်လာနေ။
Nov 5, 2:13pm
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 05:29


နိုဝင်ဘာ ၄ ရက် ည ၉ နာရီကျော်က တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာ စာသင်ကျောင်းနှင့် ကျေးရွာနေအိမ်များကို စကစ မှ လေကြောင်းတိုက်ခိုက်ခံရမှု မှတ်တမ်းများဖြစ်ပါတယ်။
Y12 ထောက်လှန်းရေးယဉ်များ၊ ဂျင်ဖိုက်တာများကို အသုံးပြုပြီး rocket ဗုံးသီးများ၊ ပေါင်း ၅၀၀ ဗုံးများကို အသုံးပြပြီး အရပ်သားနေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်းဆောင်၊ သာသာနိက အဆောက်အဦး နှင့် လူနေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရပါတယ်။
#TazeNews
#TazeNews


🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 03:16


နိုဝင်ဘာ (၄) ရက် ည ၉ နာရီကျော်က တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့။
စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရပါသည်။
#TazeNews

🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 01:53


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
သပြေပင်ရွာရောက်ရှိနေသော အကြမ်းဖက်စစ်သားများ နှင့် အ.ထ.ကကျောင်းရှေ့မှ ထပ်မံထွက်လာသော အကြမ်းဖက်စစ်သားများသည် ပူးပေါင်းသွားကြပြီဖြစ်ပြီး အကြမ်းဖက်စစ်သားအချို့သည် သပြေပင်ရွာဦး ကုက္ကိုတန်းမှ သဖန်းလမ်းအတိုင်း အရှေ့အရပ်သို့ တက်နေကြောင်း သိရပါတယ်။
Nov 5, 8:04am
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

05 Nov, 01:44


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
သပြေပင်ရွာတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်သားများသည် သပြေပင်ရွာဦး ကုက္ကိုတန်းမှ သဖန်းလမ်းအတိုင်း အရှေ့အရပ်သို့ တက်လက်ဦးတည်နေ။
Nov 5, 7:46am
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

04 Nov, 14:34


ရေဦး⚠️

ရှမ်းတဲလေတပ်တက် လေးစီးမြောက် MiG-29 Fighter Jet (1)စီး ရေဦးအနောက်ခြမ်းဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Nov 4, 9:03PM

🌈ရောင်နီဦး🌈

04 Nov, 14:06


⚠️တန့်ဆည်

တန့်ဆည်မြို့နယ် အက်တော/သဲကုန်းရွာဘက်မှ စစ်ခွေးနှင့်ပျူခွေးများ အင်အား(စီစစ်ဆဲ)သည် ၆-ဘီးကား(၁)စီးနှင့် ၁၂-ဘီးကား(၁)စီးဖြင့် ကန့်ဘလူမြို့နယ် ဘူးကြီးကျေးရွာသို့ ရောက်ရှိပြီး ပြည်သူ(၃၀)ခန့်အား စစ်မှုထမ်းရန် ပေါ်တာဆွဲ အတင်းအဓမ္မ ခေါ်ဆောင်ကာ ကာဘိုး(ပျူရွာ)သို့ဝင်ရောက်သွားသည်ဟု သတင်းရ။

#SSN
Nov 4 , 8:34 PM

🌈ရောင်နီဦး🌈

04 Nov, 10:49


လန်ဒန်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်း ရှိုးပွဲ နောက်ခံမှာ ပြသခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆေးကျောင်းသားလေး မောင်ခန့်ညားဟိန်းရဲ့ပုံရိပ်

Photo Credit
@highlight

🌈ရောင်နီဦး🌈

03 Nov, 02:20


ရေဦး

ရေဦးခွေးခြံမှ ရေဦးတောင်ထွက် ဂါဝီပန်းခြံဘက်သို့ ဦးတည်တက်နေသောခွေးအင်အား ၅၀ခန့်ဟာ အောင်မြေဟိန်းဆေးရုံ လမ်းမှတဆင့် ခွေးအင်အား၂၀ခန့် ထန်းတောထိပ် သံလမ်းပေါ်တွင်ရှိနေတယ်လို့သိရပါတယ်။

Nov .3/8:30AM

🌈YNO🌈

🌈ရောင်နီဦး🌈

03 Nov, 01:12


◾Breaking News - သတ္တုလုပ်ကွက်ပေါတဲ့ ရေခဲတောင်များရှိရာ ဖီမော်မြို့ ကို KIA သိမ်းပိုက်

◾ကချင်ပြည်နယ်ထဲက စစ်ကောင်စီနယ်ခြားစောင့်တပ်ရင်းအားလုံး ချေမှုန်းခံလိုက်ရပြီ


ဖီမော်မြို့အနီးမှာရှိ‌သော ကချင်ပြည်ထဲက နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်ရင်း ၁၀၀၁ ကို KIA က အပြီးသတ်ချေမှုန်းပြီးနောက် ယနေ့ နို၀င်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီမှာ မြန်မာ - တရုတ်နယ်စပ်ဖီမော်မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

"သိမ်းလိုက်ပါပြီ။ အခုလို လွယ်လွယ်ကူကူနဲ့ရတာ ဘုရားသခင်ကျေးဇူးပါ။ အခုတော့ ကျွန်တော်တို့ ပိုင်သွားပြီ" ရှေ့တန်းစစ်ရေးရင်းမြစ် က ပြောပါတယ်။

ဖီမော်နယ်စပ်ဂိတ်ဟာ ကချင်ပြည်နယ်အထူးဒေသ (၁) ထဲက နယ်စပ်မြို့ငယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း နယ်မြေထဲမှာ ကျရောက်ပါတယ်။ ဖီမော်မြို့ဟာ တရုတ်မြန်မာနှစ်နိုင်ငံ နယ်ခြားမျဉ်းသတ်မှတ်ခဲ့စဉ်က ဦးနုအစိုးရနဲ့ ကချင်ခေါင်းဆောင်များ အငြင်းပွားခဲ့ရတဲ့ သမိုင်း၀င်ဒေသဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း ၃ ခုရှိပြီး
ပန်ဝါ၊ ဖီမော်၊ ကန်ပိုင်တည် ဒေသတွေမှာ အခြေပြုပါတယ်။ ယခုအခါ KIA က အဆိုပါ နယ်ခြားစောင့်တပ်ရင်း ၃ ရင်းလုံးကို ချေမှုန်းပြီး ပန်ဝါ နဲ့ ဖီမော်မြို့ နှစ်မြို့ကို ထိန်းချုပ်ထားလိုက်ပြီးဖြစ်ကြောင်းသိရပါတယ် ။

" ကျနော့်အထင် ကန်ပိုက်တည် လည်း ကျိန်းသေပေါက် အနှေးနဲ့အမြန် KIA သိမ်းမှာပါ " လို့ စစ်ရေးလေ့လာသူတဦးကပြောပါတယ်။

ဓာတ်ပုံ - ဖီမော်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်၊ သတ္တုလုပ်ကွက်တခုနှင့် ရေခဲတောင် ။

🌈ရောင်နီဦး🌈

03 Nov, 00:46


စစ်ဆေးက ပါရဂူဗိုလ်မှူးတောက်ထိန် သင်တန်းတက်ဖို့အသွား လမ်းမှာ ရန်ကုန်PDFက ဖမ်းဆီးတာကိုခံလိုက်ရပါတယ်။

ဒီနေရာမှာ ပြောချင်တာက ခုလိုပညာရှိကြီးကို မြေပေါ်မှာထိုင်ခိုင်းပြီး ထိပ်တုံးခတ်ထားတာ အများအမြင်မှာ မသင့်တော်ပါဘူး ၊ ဒါ သက်သက်နှိမ်သလိုဖြစ်ပါတယ်။

တကယ်ဆို ဒီလိုအထက်က ရာထူးကြီးတဲ့သူတွေကို သူ့ရာထူးနဲ့ ကိုက်ညီအောင် အပင်မှာ ဇောက်ထိုးဆွဲပြီးမှ ထိပ်တုံးခတ်ထားပေးသင့်ပါတယ်။

ဒါဆို ပါရဂူကြီးလည်း ကျေနပ်မှာပါ ...

#GenZPhoeMaung

🌈ရောင်နီဦး🌈

28 Oct, 14:56


စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ သိန္နီဘုရားကျောင်း
October 28,2024/ Kachin News Group

ရှမ်းမြောက် သိန္နီမြို့ကို စစ်‌ကောင်စီတပ်က အောက်တိုဘာလ ၂၈ ရက် ဒီမနက် ၁ နာရီဝန်းကျင် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကချင်နှစ်ခြင်းဘုရားကျောင်းထိခိုက်ပျက်စီးသွားတဲ့ မြင်ကွင်းဖြစ်ပါတယ်။

Photo - Crd

🌈ရောင်နီဦး🌈

27 Oct, 09:39


Mi.17 ရေဦးနယ်ဖြတ်၍ အနောက်တောင်အရပ်သို့ပျံသန်း။

Oct.27/4:09PM

🌈YNO🌈

🌈ရောင်နီဦး🌈

27 Oct, 07:10


မင်းအောင်လှိုင်လိုပင် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း စစ်ကို အနိုင်တိုက်ရန် ရည်မှန်းချက် ချထားပြီး ဖြစ်သည်။

"မန္တလေးကို သိမ်းယူ နိုင်ရေးဟာ ကျွန်တော်တို့ အတွက် မဟာဗျုဟာ အရ အရေးပါဆုံး ရည်မှန်းချက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒီစစ်ဆင်ရေး အတွက် ဘာတွေ စီစဉ်ထားတယ်ဆိုတာ တော့ ထုတ်ပြောလို့ မဖြစ်ပါဘူး" ဟု အော်စမွန်က ဆိုသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Hla Soewai

🌈ရောင်နီဦး🌈

27 Oct, 07:10


တနှစ် ပြည့်ခဲ့ပြီ ဖြစ်သော ၁၀၂၇ စစ်ဆင်ရေးကြီး
******

မန္တလေး မြိုပြင် ရှိ စစ်ဆေးရေး ဂိတ်များ တွင် ၎င်းတို့ အနီးသို့ ချဉ်းကပ်လာ‌ နေကြသော ပြည်သူ့ ကာကွယ် ရေး တပ်များ ကြောင့် စစ်ကောင်စီ တပ်သားများ ကျီးလန့်စာစား နှင့် အထိတ်တလန့် နှင့် ဖြစ်နေကြဟန် ရှိသည် ဟု အစချီကာ AFP မှ ၁၀၂၇ စစ်ဆင်ရေး ကြီး နှစ်ပတ်လည် နေ့ အတွက် ယခုလို ရေးသားလာခဲ့သည်။

တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် တိုင်းပြည် အာဏာကို လုယူခဲ့ကြသည့် စစ်တပ်အား ပြီးခဲ့သည့် နှစ် ယခုလို အချိန်တွင် စတင်၍ ထိုးစစ်ကြီး ဆင်နွှဲ ခဲ့ရာမှ ယခုအခါ ကြီးမားလှသော အရှိန်အဟုန်ဖြင့် ဆက်လက် တိုက်ပွဲ ဝင်နေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း မန္တလေး မြို့သူ မြို့သားများသည် မြို့အထွက် လမ်းများ ပေါ် မှ ထွက်‌ ပေါ်လာ‌ သော သေနတ်သံများကို စတင် ကြားလာခဲ့ကြရသည်။

ထိုးစစ်ကြီး စတင်သည့် နေ့ ကို အမည်ယူထားသော ၁၀၂၇ စစ်ဆင်ရေး ကြီးဖြင့် အာဏာသိမ်း တပ်များအား အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၅၀,၀၀၀ ဝန်းကျင် ဧရိယာ အပြင်ဖက်သို့ မောင်းထုတ်ပစ်နိုင်ခဲ့ကြသည်။ ယင်းသည် ဘော့စနီးယား နိုင်ငံ တနိုင်ငံစာ အကျယ်အဝန်း ရှိသည်ဟု AFP က ဆိုသည်။

ထိုဧရိယာ ထဲတွင် အချက်အခြာ ကျသော တရုတ်နှင့် ကုန်သွယ်ရာ လမ်းမကြီးများ၊ နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း တရုတ်၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အဖြစ် အသုံးပြုမည့် ပင်လယ်နက် ဆိပ်ကမ်း ရှိရာ တဝိုက်ရှိ ဒေသများ ပါဝင်နေသည်။

မြန်မာဘုရင် နောက်ဆုံး ထီးနန်း စိုက်ခဲ့ရာလည်း ဖြစ်၊ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော်ကြီးလည်း ဖြစ်သည့် မန္တလေး အား လက်လွှတ်ရတော့မည် ဆိုက စစ်ကောင်စီအတွက် အကြီးမားဆုံး ထိုးနှက်မှု ကြီးလည်း ဖြစ်လာပေလိမ့်မည်။

မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွင် ကျောင်းသားများ၊ ကျောင်းဆရာများ၊ နည်းပညာ တတ်ကျွမ်းသူများ ပါဝင်နေပြီး ၎င်းတို့ အားလုံးသည် ယခုအခါ မန္တလေး နှင့် ငါးကီလိုမီတာ ခန့်သာ ဝေးတော့သည့် ပုသိမ်ကြီး ‌မြို့နယ် အတွင်း ရောက်ရှိနေကြပြီ ဖြစ်သည်ဟု အဖွဲ့၏ ပြောခွင့်ရ အော်စမွန်က ဆိုသည်။ အော်စမွန်က "မန္တလေးကိုသာ ကျွန်တော်တို့ သိမ်းနိုင်ခဲ့ရင် တော်လှန်ရေး အတွက် ကြီးမားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာလိမ့်မယ်" ဟု ပြောပြခဲ့သည်။

ပြီးခဲ့သည့်လ အတွင်း အဖွဲ့တဖွဲ့မှ မြို့တော်အား ရှော့တိုက် ဒုံးများ နှင့် ပစ်ခတ်ခဲ့၍ အဆောက်အဦးများ ထိခိုက်ပျက်စီး သွားခဲ့သည်။ တရုတ် ကောင်စစ်ဝန် ရုံးသည်လည်း ပစ်ခတ် ဖေါက်ခွဲခံခဲ့ရ၍ ဘီဂျင်းမှ ဒေါသတကြီး ကန့်ကွက် ပြောဆိုလာခဲ့သည်။

မြို့ထဲရှိ လမ်းများပေါ်တွင် စစ်သား အနည်းငယ်သာ တွေ့ရပြီး၊ ရဲများသည်လည်း ကွန်ကရိတုံးများ၊ ဘန်ကာများ ကာရံထားသော ၎င်းတို့ စခန်းများထဲတွင်သာ ခိုအောင်းနေကြရသည်။ ဤသည်ကို ကြည့်၍ ဒေသခံ နိုင်ငံ ရေး သမား တဦး မှ မန္တလေးအား ကောင်းစွာ ကာကွယ်နိုင်ခြင်း ရှိမည် မဟုတ်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ဖြင့် ဆက်တိုက် အောင်ပွဲ ခံလာခဲ့မှု ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်များ စိတ်အား တက်ကြွလာခဲ့ကြသည်။ စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကြီးသည်လည်း ပို၍ အရှိန်မြင့်တက်လာခဲ့သည်။

ထိုအောင်မြင်ခဲ့မှု များကို နိုင်ငံ အလယ်ပိုင်း မြေပြန့် ဒေသများ တွင် ပြန်လည် ပုံ‌ဖေါ် နိုင်ရေး တွင် မူ အခက်အခဲ များ တွေ့လာခဲ့ရသည်ဟု မြန်မာအရေး လေ့လာနေသူ ဒေးဗစ် မက်သီဆန် က ဆိုသည်။

မြေ အနေအထား‌ ကြောင့် စစ်ကောင်စီ အတွက် လေကြောင်းမှ၎င်း၊ လက်နက်ကြီးများဖြင့်၎င်း ပစ်ခတ်နိုင်သည့် အချက်အခြာ နေရာများ ဖြစ်လာသည်။ မြို့ပြဒေသများ ပြန်ကျဲနေမှု ကြောင့်လည်း အခြေအနေသည် ပို၍ ခေါင်းခဲစရာ ဖြစ်လာသည်။

၁၀၂၇ စစ်ဆင်ရေး ကို စတင်ခဲ့သော ညီနောင်သုံးဖေါ်သည် ၎င်းတို့ နယ်မြေများမှ ဆင်းလာပြီး မန္တလေး တိုက်ပွဲ တွင် ပါဝင်လာကြမည်လား ဆိုသည်က သဲသဲ ကွဲကွဲ မသိရသေးပဲ ဖြစ်နေသည်။

၎င်းတို့ ထိုသို့ ဆုံးဖြတ်နိုင်ဖို့ အဓိက ထည့်သွင်း စဉ်းစားရမည်က တရုတ် အစိုးရ ဖြစ်နေသည်။

ဘီဂျင်းသည် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များ နှင့် ဆက်ဆံသွားနိုင်ရေး အတွက် တိုင်းရင်းသား အဖွဲ့များကို လက်ကိုင်တုတ် အဖြစ် အသုံးချ နေသည်။ မူလ က ၁၀၂၇ စစ်ဆင်ရေးအား ရှမ်း ပြည်နယ် အတွင်း အခြေချနေသော အွန်လိုင်း ငွေလိမ်များအား ဖြိုဖျက်နိုင်ရန် မီးစိမ်းပြခဲ့ခြင်း ဖြစ်သည်။

ယခုအခါ တွင် တော့ စစ်တပ်သည် မထင်မှတ်လောက်အောင် မရှု မလှ အရေးနိမ့် လာနေသည်ကို တွေ့လာရသည့် အခါ တွင်တော့ ရှေ့ဆက်မတိုးရန် ဇက်သပ် ဖို့ ကြိုးစားလာခဲ့သည်။

စစ်တပ် ပြုတ်ကျသွားမည့် အရေးအား ဘီဂျင်း အဖို့ ရှေ့ဆက် ခွင့်ပြု၍ မရသည့် red line အဖြစ် ခံယူလာခဲ့သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင်တာဝါ က ဆိုသည်။

ဘီဂျင်း သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွက် အခွန်ငွေများ ရနေသည့် နယ်စပ်ဂိတ်များ ကို ပိတ်ပစ်ခဲ့သည်။ အင်တာနက်၊ ရေ မီးများကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်လ ထဲတွင် တရုတ် ပြည်ဖို့ သွားဖို့ ရှိနေသည်။ တရုတ် ခေါင်းဆောင်များက စစ်ကို အနိုင်တိုက်ရန် ၎င်းအား မာန်မဲ ပြောဆိုကြတော့မည် ဖြစ်သည်။

🌈ရောင်နီဦး🌈

27 Oct, 04:21


Mi.17 ရေဦးနယ်ဖြတ်၍အရှေ့မြောက်အရပ်သို့ပျံသန်း။

Oct.27/10:51AM

🌈YNO🌈

🌈ရောင်နီဦး🌈

27 Oct, 04:15


ဒီပဲယင်း

နမခတက် MI-17 Military Transport Helicopter (1)စီး ဒီပဲယင်းနယ်တောင်ခြမ်းဖြတ်၍ အရှေ့မြောက်အရပ်သို့ ပျံသန်း။

#NAS
Oct 27, 10:43AM

🌈YNO🌈

🌈ရောင်နီဦး🌈

27 Oct, 03:45


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
ဘုတင်မြို့မှထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ပဲပြစ်တောအနောက်စုရွာသို့ ဝင်ရောက်ကာ ပြည်သူနေအိမ်များကို မွှေနှောက်နေကြောင်း သတင်းရရှိပါတယ်။
Oct 27, 9:56am
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

27 Oct, 02:36


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
​မြောက်ကျီရွာမှထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ပဲပြစ်တောအနောက်စုလမ်းခွဲဇရပ်(ပေလမ်းဘေး)သို့ ရောက်ရှိနေပြီး ဘုတလင်ဘက်မှမောင်းလာသော ပြည်သူကားပေါ်မှ ယောက်ျားလေးအားလုံးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရပါတယ်။
Oct 27, 8:36am
#YZG


🌈YNO🌈

🌈ရောင်နီဦး🌈

25 Oct, 10:48


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့
ဘုတလင်မြို့အတွင်းမှ ကင်းပုန်း/ကင်းဝပ်ထွက်ထားသော အကြမ်းဖက်စစ်သားများသည် ကြောင်ပန်းလမ်းခွဲဘက်မှတဆင့် ဘုတလင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
Oct 25, 5:06pm
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

25 Oct, 08:54


⚠️ကန့်ဘလူ

ကန့်ဘလူမြို့၆၀၀၆ တကရတပ်မှ အနောက်တောင်ဘက်သို့ ဦးတည်ထွက်သော á€á€Żá€”်ဖုန်းကဏးနသစ်စဎးသည် စစ်ကောင်စီတပ်နှင့်ပျူအင်အား(၆၀)ခန့် ပါရှိပြီး ချင်မြစ်ကျင်းရွာမှတဆင့် ကာဘိုးသို့ 3:00pmတွင် ရောက်ရှိနေကြောင်းသိရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
#SSN
Oct 25 , 3:00PM

🌈ရောင်နီဦး🌈

25 Oct, 01:33


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
ဘုတလင်မြို့အတွင်းမှ တောင်အရပ်သို့ထွက်သွားသော အကြမ်းဖက်စစ်ကြောင်းမှ ရှေ့ပြေးတပ်သားများသည် ညောင်ပင်ကန်ရွာဦးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထားပါတယ်။
Oct 25, 7:51am
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

25 Oct, 01:29


အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ခွေးဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ တိုက်ပွဲများ ရောက်ရှိလာပြီ

အမ်း၊ ၂၀၂၄ အောက်တိုဘာ ၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ် စစ်ခွေးတပ်နှင့် AAတပ်တော်တို့ နှစ်ဖက်တိုက်ပွဲသည် အမ်းမြို့ရှိ နပခ နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

"အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ တိုက်ပွဲက တိုင်းဌာနချုပ်နဲ့ သိပ်မဝေးတော့ လေကြောင်းပစ်ကူတာတွေလည်း သိပ်မလုပ်နိုင်တော့တာ တွေ့ရတယ်။ မနေ့ကဆို လုံးဝနီးပါးကို လေကြောင်းပစ်ခတ်မှု မရှိခဲ့ဘူး။ တိုက်လေယာဉ်တွေက အပေါ်မှာပဲ တဝဲလည်လည်တော့ ရှိနေကြတယ်" ဟု ပြောကြားသည်။

အမ်းမြို့နယ်ရှိ တောဟိန်းတောင်၊ စေ့ချောင်း၊ မဲတောင် ဗျူဟာ နှင့် နပခကို ကာရံထားသည့် စစ်ခွေးစခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားသည်။

AA က ဝိုင်းရံပိတ်ဆို့ ပစ်ခတ်နေ၍ စစ်ခွေးများ အမ်းလေယာဉ်ကွင်းကို လက်လွတ်ဆုံးရှုံးလိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ ပြောကြားသည်။

🌈ရောင်နီဦး🌈

24 Oct, 11:15


၂၄.၁၀.၂၀၂၄

သဖန်းဆိပ်ရေလှောင်တမံ

ကန်ရေပြည့်ရေမှတ် = ၅၄၅.၀၀ -ပေ

ကန်ရေပြည့်ရေလှောင်ပမာဏ = ၂၇၉၄၀၀၀ - ဧကပေ

ယနေ့ရေမှတ် = ၅၄၄.၄၉ - ပေ

သိုလှောင်ပမာဏ = ၂၇၄၅၂၆၉ - ဧကပေ

စီးဝင်ရေ = ၁၃၆၂၀ - ဧကပေ

ရေအားလျှပ်စစ်ထုတ်ရေ = ၉၉၉ - ကျူဆက် = ၁၉၇၈ - ဧကပေ

ပင်မရေပိုလွှဲထုတ်ရေ = ၄၇၉၈ - ကျူ့ဆက် = ၉၅၀၀ - ဧကပေ

ရေအနက် = ၉၂.၄၉ - ပေ

သဖန်းဆိပ် မိုးရေချိန် မရှိပါ။

🌈ရောင်နီဦး🌈

24 Oct, 09:32


ဘုရားဖူးထွက်တဲ့အဖွဲ့ကသတ်သတ်
ရွာမီးအရှို့ခံရသူတွေကသတ်သတ်။

အပန်းဖြေကမ်းခြေသွားတဲ့သူတွေကသတ်သတ်
ကမ်းပျောက်လမ်းပျောက်နေသူတွေကသတ်သတ်။

ပြည်ပမှာကျောင်းသွားတက်နေသူတွေကသတ်သတ်
ရွာကစာသင်ကျောင်းပေါ်
လက်နက်ကြီးပြုတ်ကျခံရသူတွေကသတ်သတ်။

မင်္ဂလာ လက်ထပ်ပွဲကျင်းပ,နေသူများကသတ်သတ်
သားတကွဲမယားတကွဲ မိတကွဲဘတကွဲတွေကသတ်သတ်။

ဘုရားတည်ကျောင်းဆောက်နေသူများကသတ်သတ်
စားရမဲ့မဲ့သောက်ရမဲ့မဲ့တွေကသတ်သတ်။

သီဆိုက,ခုန်
ပျော်ပါးသောက်စားနိုင်သူများကသတ်သတ်
သောက,ဗျာပါရကိုယ်စီဖြင့်,
ငိုကြွေးပူဆွေးနေသူများက သတ်သတ်။

မွေးနေ့ပွဲကျင်းပ,နေသူများသတ်သတ်
သေသူကို တမ်းတ,ပူဆွေး ကြေကွဲ,ခံစားနေကြရသူများကသတ်သတ်။

ရန်သူချကျွေးသောထန်းလျက်ခဲငယ်မျှကို
လျှာဖြင့်တမက်တမော
လျက်နေကြသော ခွေးဝဲစားများကသတ်သတ်၊
လျှာပေါ်မြက်ခြောက်ပေါက်သည်အထိ
အငတ်ခံ အသတ်ခံလျက်,
ရန်သူနှင့်ပွဲတော်မတည်သူများကသတ်သတ်။

ပွဲလန့်လို့ပွဲအက,ပျက်ရသူများကသတ်သတ်
ပွဲအပျက်ထဲနေရာဝင်ယူပြီး
အစားထိုးပွဲတိုးချင်သူများကသတ်သတ်။

အားလုံးသည်ကား
တစ်မြေတည်းနေ တစ်ရေတည်းသောက်၊
''ဇာတိ''တူ
''ဇရာ''တူ
''မရဏ''တူသူများဖြစ်ကြသကဲ့သို့၊
တချို့တစ်ဝက်သည်
ရန်သူနှင့်ပင် ခပ်ဆင်ဆင် ။

မောင်လှမျိုး(ချင်းချောင်းခြံ)

🌈YNO🌈

🌈ရောင်နီဦး🌈

23 Oct, 11:33


⚠️ဘုတလင်

ဘုတလင်မြို့အတွင်းသို့ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများ နှင့် ဖမ်းဆီးခံ ဓားစာခံပြည်သူ စုစုပေါင်း (၁၂၀)ခန့်ရှိကြောင်း သိရပါတယ်။စကစသုံးကားအနက်ကလေးတစ်စီးဖြင့်လည်း ၃ခေါက် သွားကြိုခဲ့ကြောင်း သတင်းရရှိထားပါတယ်။

ရွာဇော်ကြီး-တော်လှန်အသံ
#SSN
Oct 23, 5:47PM

🌈ရောင်နီဦး🌈

23 Oct, 00:05


၂၄နာရီအတွင်း
ဧရာဝတီတိုင်း ရန်ကုန်တိုင်း
ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်
ISSUED TIME
23/10/2024 6:04am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

🌈YNO🌈

🌈ရောင်နီဦး🌈

22 Oct, 10:13


နောက် ၂၄နာရီမှ ၄၈နာရီအတွင်း
မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး
သဖန်းဆိပ်ဆည်ရေပြည့်သွားစေနိုင်ပါတယ်
ISSUED TIME
22/10/2024 4:08pm(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

🌈YNO🌈

🌈ရောင်နီဦး🌈

22 Oct, 09:47


အာဆီယံပါဗျ

🌈ရောင်နီဦး🌈

22 Oct, 01:51


အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း KIO အတည်ပြု
October 21,2024/ Kachin News Group

ကံပိုင်တည်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ပူး ပေါင်းတပ်က ဒီညနေ ၅ နာရီဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ အတည်ပြုပြောဆိုပါတယ်။

" ၁၀၀၃ တပ်ရင်းဌာနချုပ်ကို ဒီညနေ သိမ်းနိုင်ပြီတဲ့‌။ ကျနော်တို့ဘက်က ခုမှ Confirm ရတယ်" လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်လက်အောက် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ဘက်က အောက်တို ဘာလ ‌‌‌‌‌၁၆ ရက်နေ့ စတင်ထိုးစစ်ဆင်ပြီး ၆ ရက်အကြာမှာ သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်လက်အောက် အမှတ် ၁၀၀၁၊ ၁၀၀၂၊၁၀၀၃ တပ်ရင်းဌာနချုပ် ၃ ခုရှိတဲ့အနက် လုပီရွာရှိ ၁၀၀၂ တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ ၁၅ ရက်နေ့ သိမ်းပိုက်ထားပြီး စင်ကြိုင် ၁၀၀၃ တပ်ရင်းကို ဒီညနေ ထပ်သိမ်းလိုက်တာကြောင့် နိုဇွန်ဘွမ်ရွာရှိ ၁၀၀၁ တပ်ရင်းသာကျန်ရှိဝောာ့တာဖြစ်ပါတယ်။

Photo -၁၀၀၃ တပ်ရင်း( Crd- Eedy)

🌈ရောင်နီဦး🌈

22 Oct, 01:22


ကိုယ့်နယ်ရဲ့အခက်အခဲ ကိုယ့်နယ်သားတွေ ကူကယ်ကြမယ်

ယခုလ ၁၁ ရက်နေ့မှစ၍ ဘုတလင်မြို့မှ မြောက်ဘက်သို့ ထွက်လာသော အင်အား (၁၀၀)နီးပါးခန့်ရှိ အကြမ်းဖက်စစ်ကြောင်းသည် သပြေပင်ရွာ၊ မြောက်ကျီရွာ၊ရှမ်းတဲရွာ၊ တက်လှိုင်းရွာ၊ စီပါရွာ၊ ဆည်ကုန်းရွာ၊ဆည်ဝရွာ၊ အိုင်ပေါင်းချောင်ရွာနှင့် စိုင်ပြင်လေးရွာတို့ကို ဝင်ရောက်မွှေနှောက်ကာ စီပါရွာ ၊ ဆည်ဝရွာ ၊ အိုင်ပေါင်းချောင်ရွာ နှင့် စိုင်ပြင်လေးရွာတို့ကို မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးထားသောပြည်သူအချို့ကိုလည်း လူမဆန်စွာ သတ်ဖြတ်မီးရှို့ထားခဲ့ပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းဖြတ်သွားရာ လမ်းကြောင်းတလျောက်မှ ကျေးရွာနေပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် ဆေးဝါး ၊ စားနပ်ရိက္ခာ ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ အများအပြားလိုအပ်လျက်ရှိနေပါတယ်။ ယခုကဲ့သို့ အကူအညီလိုအပ်နေချိန်တွင် အဝေးရောက် ဘုတလင်နယ်သူ/သားများအနေဖြင့် မိမိတို့တတ်စွမ်းနိုင်သမျှ ကူညီပေးကြဖို့ ကျွန်တော်တို့ ရွာဇော်ကြီး-တော်လှန်အသံ သတင်းအဖွဲ့မှတဆင့် မေတ္တာရပ်ခံအပ်ပါသည်။

မီးဘေးသင့်ကျေးရွာများ နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် ပါဝင်ကူညီလှူဒါန်းလိုသူများခင်မျာ မိမိတို့နှင့်နီးစပ်သောအဖွဲများထံမှတဆင့် ကူညီလှူဒါန်းနိုင်သလို ကျွန်တော်တို့ ရွာဇော်ကြီး-တော်လှန်အသံ သတင်းအဖွဲ့မှတဆင့်လည်း ပါဝင်ကူညီ လှူဒါန်းနိုင်ပါတယ်ဆိုတဲ့အကြောင်း အသိပေးလှုံ့ဆော်အပ်ပါသည်ခင်မျ။

အောက်တိုဘာ ၂၁ရက် ၊ ၂၀၂၄

#ဝိုင်းဝန်းကူညီကြမယ်
#YZG

🌈YNO🌈

🌈ရောင်နီဦး🌈

21 Oct, 14:31


Dana Cyclone
နောက်၂၄နာရီအတွင်း
ရန်ကုန်တိုင်း ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းအနောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပြီး
မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်အောက်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်

ISSUED TIME
21/10/2024 4:10pm(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

🌈ရောင်နီဦး🌈

21 Oct, 14:31


(21.10.2024)
တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း

20.10.2024ရက်နေ့တွင် ရွှေဘိုခရိုင်
ရေဦးမြို့ရှိ
ရွှေကျီးမင်း ဂိတ်စခန်း၊
ဂါဝီဂိတ်စခန်း နှင့်
ကြာဖူးဝိုင်း ဂိတ်စခန်း အထိုင်သုံးနေရာအား Fixed wing Drone ၁၁စီး ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ရန်သူဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ပဲ ခြိမ်းခြောက်မှု တစ်ခုသာ ပြုလုပ်နိုင်ခဲ့ပါသည်။

ထိုတိုက်ခိုက်မှုကို
ရွှေဘိုခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့များဖြစ်ကြ‌သော
Ye-U Freedom Comrades-YFC၊
ဝံပုလွေ(ရေဦး)တို့နှင့်အတူ

မဟူရာကျွဲရိုင်း (ရေဦး ပကဖ)၊
Drop for Justic (DFJ)၊
ညီနောင်တပ်ဖွဲ့ (ရေဦး )၊
နဂါးညီနောင် (ရွှေဘို)
ရွှေဘိုခရိုင်တပ်ရင်း(၁၄)၊
Fire Dragon (Khin U)၊
DUGF အဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပါသည်။
ရန်သူဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍
ပြန်လည် ပစ်ခက်ခဲ့သော်လည်း မိမိတို့အဖွဲ့များ ထိခိုက်မှု
မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပါသည် ။

🌈YNO🌈

🌈ရောင်နီဦး🌈

21 Oct, 06:35


‼️တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ‼️

■ လေတပ်မှ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y-12 လေယာဉ် ၁ စီး ပျက်စီး

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့် အချိန်က အကြမ်းဖက် စစ်ရှုံးကောင်စီရဲ့ တောင်ငူလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး လေတပ်မှ စစ်သည် ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ရှော့တိုက်ဒုံး ၁ လုံးဟာ ပင်မ လေယာဉ် သိုလှောင်ရုံသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ၁ စီး (ပျက်စီးမှု မများ) နှင့် Y-12 လေယာဉ် ၁ စီး (သုံးမရတော့အောင် ပျက်စီး) ပျက်စီးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

#4C_TruthNews

🌈ရောင်နီဦး🌈

21 Oct, 05:22


ပန်ဝါမြို့သိမ်းတိုက်ပွဲတွင်လက်နက်ကြီး/ငယ် စုစုပေါင်း ၅၀၀ ကျော်သိမ်းဆည်းရရှိ

🌈ရောင်နီဦး🌈

21 Oct, 03:53


ရေဦး

လေကြောင်း အဆင်းအတတ်များနေသောကြောင့် လေကြောင်း အန္နရာယ်ကင်းဝေးစေရန်အတွက် ဂရုစိုက်နေထိုင်ကြဖို့ အကြံပြုတိုက်တွန်းအပ်ပါသည်။

🌈YNO🌈

🌈ရောင်နီဦး🌈

21 Oct, 03:46


တန်ဆည်⚠️

တံတားဦးလေတပ်တက် တတိယ Fighter Jet (1)စီး တန်ဆည်အနောက်ခြမ်းဖြတ်၍ အနောက် မြောက် အရပ်သို့ ပျံသန်း။

#NAS
Oct 21, 10:14AM
📡သတင်းပို့ရန် @infonas

🌈ရောင်နီဦး🌈

21 Oct, 03:43


ရေဦး⚠️

တံတားဦးလေတပ်တက် တတိယ Fighter Jet (1)စီး ရေဦး အနောက်ခြမ်းဖြတ်၍ အနောက်အရပ်သို့ ပျံသန်း။

#NAS
Oct 21, 10:12AM
📡သတင်းပို့ရန် @infonas

🌈ရောင်နီဦး🌈

21 Oct, 03:42


ဝေဟင်နှစ်စီးဖြတ်နေ

🌈ရောင်နီဦး🌈

21 Oct, 03:42


ရေဦးသတိပါဗျ

🌈ရောင်နီဦး🌈

21 Oct, 01:31


အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှု အတွင်း လေတပ်ဝင်း အတွင်းရှိ အဆာက်အဦး ၁ ခု ထိမှန်ခဲ့ပြီး လေတပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း၊ လူနာတင်ကား ၃ စီး လေတပ်ဝင်းထဲ ဝင်သွားကြောင်း သိရသည်။

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၃ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးကို မည်သည့် နေရာမှ ပစ်ခတ်သည်ကို စစ်ကောင်စီ တပ်သားများက မသိရှိသောကြောင့် တန်ပြန် လက်နက်ကြီးဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေတပ်က  နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့်၍ လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ နေ့နေ့ညည အသက်ဆုံးရှုံးနေရကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း ပြည်သူများကို မနေထိုင်စေချင်သည့် စစ်ကောင်စီက ညတိုင်းလေကြောင်းဖြင့်တိုက်ခိုက်နေကြောင်း၊ လတ်တလော လားရှိုး၊ မြစ်ခြေမြို့၊ ရှမ်းတောင် ကရင်နီဒေသများ အပြင်  စစ်ကိုင်းတိုင်း၏ နေရာ အများအပြားကို လေကြောင်းဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းတောင် တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက် ရာတွင် စစ်ရှုံး ကောင်စီအဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြောင့် တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို တိုက်ခိုက်ရာတွင် ထင်ရာစိုင်းနေ သည့် အကြမ်းဖက် လေတပ်ကို နှိမ်နင်းရန် အထူးလိုအပ်လာပြီဖြစ်၍ တော်လှန်ရေးအင်အားစုများအနေဖြင့် လေတပ်များကို နည်းမျိုး စုံဖြင့် တန်ပြန်တိုက်ခိုက်ကြရန် အထူးတိုက်တွန်းလိုကြောင်း၊ BWM အနေဖြင့်လည်း ဆက်လက်၍ အရှိန် အဟုန် တိုးမြှင့်ပြီး လေတပ် နှင့် စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်း စစ်ဆင်ရေးအဖွဲ့တို့က Mission 24 အနေဖြင့်  ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KTM

🌈ရောင်နီဦး🌈

20 Oct, 11:45


ရွာဇော်ကြီး-တော်လှန်အသံ

ဘုတလင်မြို့နယ်
စိုင်ပြင်လေးရွာတွင် ရောက်ရှိနေခဲ့သော အကြမ်းဖက်စစ်သားများသည် စိုင်ပြင်လေးရွာထဲနှင့် ဘုန်းကြီးကျောင်းအတွင်းတွင် တပ်ဖျောက်ထားကာ အကြမ်းဖက်စစ်သားများမရှိတော့ဘူဟုယူစ၍ မီးဝင်ငြှိမ်းသတ်သော ပြည်သူ ၁၀ ဦးခန့်ကိုထပ်မံဖမ်းဆီးထားပြီး စိုင်ပြင်လေးရွာရှိ ပြည်သူနေအိမ်များကိုလည်း ဒုတိအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိထားပါတယ်။
Oct 20, 5:38pm
#YZG


🌈YNO🌈

🌈ရောင်နီဦး🌈

20 Oct, 09:47


ဂရုစိုက်နေကြပါဗျ။

🌈ရောင်နီဦး🌈

20 Oct, 09:46


ရေဦး နယ်လေကြောင်းဝဲနေပါတယ်

🌈ရောင်နီဦး🌈

19 Oct, 07:47


ယမန်နေ့ အောက်တိုဘာလ  ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်  မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းအကြား ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲသံလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ စစ်နှင့်ပျူစောထီးများ လိုက်ပါသော Double Cab စစ်ကားတစ်စီးမှာလည်း အတင်းမောင်းပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့က ပြောဆိုသည်။

မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတည်ရှိသော နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဂိတ်ချ စစ်ဆေးမှုများ၊ ကင်းလှည့်မှုများ မကြာခဏဆိုသလိုရှိနေရာ ယမန်နေ့ ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားချိန်တွင်လည်း မန္တလေးမြို့ပေါ်တွင် စစ်တပ်နှင့်ပျူစောထီးများ ဂိတ်ချမှုများနှင့် ကင်းလှည့်မှုများရှိနေချိန်ဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ လမ်းများကို ဖက်ဆစ်ခွေးတပ်များက လာရောက်ပိတ်ဆို့သွားကြောင်း သိရှိရသည်။

ယမန်နေ့ ညနေပိုင်း မန္တလေးတရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနီးရှိ လမ်းများ ယာ ယီ ပိတ်သွားခဲ့ပြီးနောက် ယင်းအနီးအနားသို့ သွားရောက်ရန်ခက်ခဲသွားသဖြင့် အခြေအနေများ မသိရှိရတော့ပေ။

2,096

subscribers

1,329

photos

4

videos