Mandalay Police CDM Fighter @mcpfighter Channel on Telegram

Mandalay Police CDM Fighter

@mcpfighter


မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Mandalay Police CDM Fighter (Burmese)

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။ မတရားမှုအရောင်မှန်သမျှရှိသူများအတွက် Mandalay Police CDM Fighter စာလုံးက ချွတ်ယွင််ရေးသားသည်။ ဤစာလုံးသည် ပြောနိုင်မှုမှန်သမျှသည် တစ်ခုအား မတရားမှုအရောင်မှန်သမျှရှိသည်သူများအတွက် ရရှိရှိပြီး မကျေးမျေးအယောသလောက်နက်ဆုံးအကူအညီပါသည်။ ဤစာလုံးသည် မျှဝေဝင် ခြင်းထိန်ဖွားပြီး သမျှသည် နှစ်ဦးနှစ်သက်မြတ်ဒဏ်စုံပျက်စီးမှုပြုပြင်ထားပြီး ထုတ်လွှင်မျှဝေဝင် သမျှအားပြန်လည်စုံဖြင့်ထိန်းသိမ်းကူးလက်ရှိပါသည်။

Mandalay Police CDM Fighter

10 Jan, 05:56


ရမ်းဗြဲကျွန်းရှိ လူနေထူထပ်သည့် ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဗုံးကျဲ၍  မွတ်စလင်ပြည်သူ  သေဆုံးမှုများပြားဟု AA က ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာတွင် ပြည်သူ ၄၀ သေဆုံးစေခဲ့သော စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ စစ်ကောင် စီ၏ သူရဲဘော ကြောင်သော စစ်ရာဇဝတ်မှု လုပ်ရပ်ဖြစ်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက  ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် ကျောက်နီမော်ကျေးရွာမှ ပြည်သူ ၄၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောက်နီမော်ကျေးရွာမှ လူနေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ 

"၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့နေ့လည် ၁ နာရီ ၂၀ မိနစ်မှာ ရမ်းဗြဲမြိုနယ် ကျောက်နီမော်ရွာကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကျောက်နီမော်ရွာ တောင်ပိုင်းရပ်ကွက်ကို ဗုံးထိမှန်ခဲ့ပြီးတော့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တွေပါမီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ နေ့လည် ၁ နာရီ ၂၀ မိနစ်ကနေ မီးစလောင်တာ ညနေ ၆ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီဗုံးဒဏ်ကြောင့် စုစုပေါင်းနေအိမ် အလုံး ၅၀၀ ကျော် မီးလောင်ပျက်ပြီးခဲ့ပါတယ်၊ ကနဦးရရှိတဲ့သတင်းအရ အပြစ်မဲ့ပြည်သူ ၄၀ သေဆုံးပြီးတော့ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်သော လုပ်ရပ်မှာ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင် ပြောင်တင်း တင်းကျူးလွန်တာလည်းဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီက ဗုံးကျဲချသည့် ကျောက်နီမော်ကျေးရွာသည် လူနေထူထပ်ပြီး မွတ်စလင်အများစုနေထိုင်သော ကျေးရွာဖြစ် ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲချချိန်တွင် လူသေဆုံးမှု များပြားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

"လူနေထူထပ်တဲ့ မွတ်စလင်အများစုနေသည့် ရွာကို ဗုံးထိမှန်ပြီး မီးလောင်ခဲ့တဲ့အတွက် အခုလို အသေအပျောက်များခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာနနဲ့ ဒေသခံတွေက မီးကို ကြိုးစားငြိမ်းသက်ခဲ့ကြတာဖြစ်ပါတယ်။ ဒုက္ခရောက်နေကြတဲ့ ဗုံးဘေးဒဏ်သင့် ပြည်သူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးနေတာရှိပါတယ်။ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနကလည်း ဒဏ်ရာရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အရေးပေါ် ဆေးဝါးကုသမှုတွေ ပေးနေတာရှိပါတယ်" ဟု ခိုင်သုခက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် မြို့ ၁၄ ခုကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်သော တိုက် ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက သုံးသပ်ပြောဆိုကြသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

10 Jan, 05:55


လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄လကလေး လက်တစ်ဖက်ဆုံးရှုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ လအရွယ် ကလေးငယ်မှာမူ  လက်တစ်ဖက်ဆုံးရှုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့  ဇန်နဝါရီလ ၉ ရက်နေ့ လွိုင်လင်လေး အခြေစိုက် ခမရ ၅၃၀ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး  ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း၊ အသက် ၄ လအရွယ် ကလေးငယ်မှာ လက်တစ်ဖက် ပြတ်သွားခြင်း အပါအဝင်  ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆီဆုံမြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက်  စစ်တပ်က အရပ်သားပြည်သူများနေထိုင်သော နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊  အသက် ၁၂ နှစ် အောက် ကလေးငယ် ၂ ဦး သေဆုံးပြီး  လသား အရွယ် ကလေးငယ်တစ်ဦး လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊  သိရသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည့် ရွှေတစ်ဂူကျေးရွာ စခန်းသည် ဆီဆိုင်မြို့နှင့် အနည်းငယ် သာကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းဖြစ်ကြောင်း၊ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် စခန်းဖြစ်ကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

10 Jan, 05:23


People's Spring:
မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်လာမှာမို့ လုံခြုံရေးတွေ တင်းကြပ်

မေ/People's Spring

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ကိုအဓိကထား လုံခြုံရေးတင်းကြပ်ထားပြီး ဇန်နဝါရီ ၉ရက်နေ့ မနေ့ကတည်းက မြို့အဝင်စစ်ဆေးတာတွေနဲ့ မြို့တွင်းဖုန်းစစ်ဆေးတာတွေပြုလုပ်နေတာလို့မြို့ခံတွေက ပြောပါတယ်။

"မအလမဟုတ်ရင် ဒုချုပ်စိုးဝင်း ခရီးစဥ်ရှိတယ်ပြောတယ်။ဒီနေ့အထိ လုံခြုံရေးကြပ်ထားတယ်။ခရီးစဥ်ကိုရက်အတိကျ ပြောမထားသလို ဘယ်သူဆိုလာမယ်ဆိုတာလည်းအောက်ခြေကိုပေးမသိထားဘူး"လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီအဖွဲ့က လုံခြုံရေးတွေချပြီး ဖုန်းစစ်ဆေးတာနဲ့ လူငယ်တွေရဲ့ဖုန်းဖြင့် အသုံးချပြီး လုပ်ငန်းရှင်တွေထံ ငွေညစ်တာတွေ လုပ်နေတယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

" ၂၁ရပ်ကွက်ဖြစ်တာ။ ကျန်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာလဲ အတင်းအဓ္ဓမပေါ်တင်ဆွဲ စစ်သားသစ်စုဆောင်နေသလို စစ်မှုမထမ်း ရှောင်လိုရင် ကျပ်သိန်းတစ်ရာထိ ငွေညစ်နေတာမျိုးထိ လုပ်နေတာရှိပါတယ်။ အသံမထွက်ရဲကြလို့ နေကြတာပါ"ဟု သူက ပြောပါတယ်။

မန္တလေးမြို့မှာလည်း ဒီကနေ့မှာ စစ်တပ်က ကားနဲ့မြို့တွင်း လုံခြုံရေးတွေလိုက်ချထားတယ်လို့သိရပါတယ်။

မန္တလေးမြို့ လမ်း၈၀ကနေ ဘုရားကြီးသွားတဲ့လမ်း၊ကျုံးအရှေ့ဘက်က ဝန်ထမ်းအိမ်ယာတွေအနီး၊မိန်းထဲနေရာတချို့ကို ဒီကနေ့မနက်ပိုင်းကတည်းက စစ်တပ်လုံခြုံရေးချထားတယ်လို့သိရပါတယ်။

"မန္တလေးမှာရောက်နေပြီထင်တယ်။ကားတန်းတခုတွေ့တယ်။အရင်ကလို သိသိသာသာလူကြီးလမ်းကြောင်းပုံစံမျိုးလာတာမဟုတ်ဘူး"လို့ မဟာမုနိဘုရားကြီးဘက်မှာ ယာဥ်တန်းကို မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောပါတယ်။

အလယ်ပိုင်းဒေသကို နယ်မြေစိုးမိုးမှုရယူဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲမှာ ယခုရက်ပိုင်းအတွင်း အစည်းအဝေးလုပ်ဖို့ရှိတယ်လို့ သတင်းရထားပြီး အစည်းအဝေးကို ဘယ်သူတက်မယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ စစ်ရေးသတင်းအရင်းမြစ်တွေကလည်း ပြောပါတယ်။

(စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းနေတဲ့ စစ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

10 Jan, 04:50


အောင်ပန်းမြို့ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သား ၁၀ ဦး သေနတ်ယူဆောင်ပြီး ထွက်ပြေး

ဇန်နဝါရီလ ၁၀ ရက်

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦး သေနတ်ယူပြီး ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဇန်နဝါရီလ ၉ ရက် မနက် ၃ နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သား ၁၀ ဦးက သေနတ်ယူပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

" မနက် ၃ နာရီဝန်းကျင်လောက်မှာ ထွက်ပြေးသွားတယ်လို့ သိရတယ်။ ၁၀ ဦး ထွက်ပြေးသွားတယ်လို့ သိရတယ်။ သတင်းဖုံးထားတော့ အသေးစိတ်မသိရသေးဘူး" လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ အောင်ပန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရဲနဲ့ အချုပ်သားတွေ ထွက်ပြေးသွားပြီးနောက်ပိုင်း အောင်ပန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ထွက်ပြေးသွားတဲ့သူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရဲနဲ့ အချုပ်သား ထွက်ပြေးသွားတဲ့သတင်းကို စစ်ကောင်စီက သတင်းဖုံးထားတာကြောင့် ထွက်ပြေးသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်နဲ့ ယူသွားတဲ့ သေနတ်အရေအတွက်ကို မသိရသေးပါဘူး။

အောင်ပန်းရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေ ထွက်ပြေးထားတဲ့ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - ဒေသခံ

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

10 Jan, 04:49


People's Spring:
︎​ဆောင်းပါး

ငှက်ပျောသီးအိပ်မက်

ဟာနာဆန်/People's Spring

တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းကလေးထဲ ကိုအောင်ခန့်ဇော်တို့ ဆိုင်ကယ်တွေဝင်လာရင်ပဲ ဘုရားဝင်း​ထဲက မျောက်တွေ မျက်လုံးတောက်ပသွားကြတယ်။ ဆိုင်ကယ်နောက်မှာတင်လာတဲ့ ဂျက်ဖာတွေထဲမှာ သူတို့အတွက်တခုခုပါလောက်တယ်ဆိုတာကို သိနေသလိုနဲ့ ကြည့်နေကြတယ်။ ဆိုင်ကယ်လည်း ရပ်လိုက်ရော မျောက်တွေ ဆိုင်ကယ်တွေနား ဝိုင်းအုံလာကြတယ်။

ဆိုင်ကယ်ပေါ်တင်ထားတဲ့ ဂျက်ဖာထဲက သီးမွှေးငှက်ပျောသီးတွေ ထုတ်လိုက်တော့ မျောက်တွေ ဆူညံအော်ဟစ်ပြီး အလုအယက်ရှေ့တိုးလာကြတော့တယ်။ မျောက်တွေဟာ
ကိုအောင်ခန့်ဇော်တို့ခြေထောက်တွေကို ပြေးဖက်ပြီး အစာတောင်းကြတယ်။ သူတို့ဝမ်းတွေဟာလှပြီကိုး။ သူတို့တတွေ မစားရတာကြာပြီဖြစ်တဲ့ ငှက်ပျောသီးတွေကို အလုအယက်တောင်းကြတယ်။ အငမ်းမရခွာစားကြတယ်။

အဲဒီမျောက်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ ဖိုလ်ဝင်တောင်က မျောက်တွေပါ။ အကောင်ရေပေါင်းထောင်ချီရှိတဲ့ ဖိုလ်ဝင်တောင်က မျောက်တွေဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ အစာရေစာငတ်ပြီး အတိဒုက္ခရောက်နေကြတာပါ။

မျောက်တွေကို ငှက်ပျောသီးလာကျွေးတဲ့
ကိုအောင်ခန့်ဇော်တို့ကတော့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကပါ။ သူတို့ကော်မတီက စစ်ရှောင်တွေအတွက် စားဝတ်နေရေး ရန်ပုံငွေရှာဖွေပေးတာတွေ လုပ်နေကြသူတွေပါ။ ဒီကြားထဲ အခုလိုဖိုလ်ဝင်တောင်ကမျောက်တွေ အစာရေစာရှားနေတယ်ဆိုတော့ သူတို့လည်း မနေသာတော့ဘဲ ရောက်လာခဲ့ကြတာပါပဲ။

၂၀၂၀ မတိုင်မီကာလတွေကတော့ မျောက်တွေဟာ ဒီလိုဘယ်နေပါ့မလဲ။ ဆူဆူဖြိုးဖြိုး ပြည့်ပြည့်တင်းတင်းနဲ့ ဝမ်းဝလို့ ခါးလှခဲ့ကြသူတွေပါ။ မုံရွာရောက် ဧည့်သည်တွေဟာ မိုးညှင်း သံဗုဒ္ဓေစေတီ၊ ဗောဓိတစ်ထောင်နဲ့ မုံရွာဘုရားစုံဖူးပြီးရင် ချင်းတွင်းမြစ်ကိုကူးပြီး ဖိုလ်ဝင်တောင်ဆီ အရောက်လာတတ်ကြတယ်။

  ဖိုလ်ဝင်တောင်ကိုလာလည်ရင်း ထောင်ချီတဲ့မျောက်တွေကို အစာရေစာကျွေးမွေးလေ့ရှိကြတယ်။ ဘုရားဖူးတွေလာပြီဆို မျောက်တွေဟာ သူတို့အစာစားရတော့မှာမို့ ဧည့်သည်တွေနား ကပ်လာတတ်ကြတယ်။ ဖိုလ်ဝင်တောင်မှာ မျောက်စာရောင်းတဲ့ဒေသခံတွေလည်း ရှိတယ်။ 

မျောက်တွေကြိုက်တဲ့ ကုလားပဲ၊ ပြောင်းဖူး၊ မြေပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့် စတဲ့မျောက်စာလေးတွေရောင်းချကြတာ။ ဒေသခံတွေလည်း အလုပ်အကိုင်တွေရခဲ့ကြတာပေါ့။

ဖိုလ်ဝင်တောင်ဒေသဟာ အပူပိုင်းဇုန် မိုးခေါင်ရေရှားဒေသပါ။ ခရီးသွားဒေသတခုဖြစ်ခဲ့လို့ ဖိုလ်ဝင်တောင်မှာရှိတဲ့ အိမ်ခြေ၂၀၀ကျော်က ဒေသခံတွေ စားဝတ်နေရေး ပြေလည်ခဲ့ကြတယ်။

ဖိုလ်ဝင်တောင်မှာ မျောက်ကောင်ရေပေါင်းထောင်ချီရှိပေမဲ့ မျောက်တွေဟာ သူ့နေရာနဲ့ သူ့စည်းနဲ့သူ နေထိုင်လေ့ရှိကြတယ်။ ကွမ်းစင်တိုင်၊ နွားသိုးတောင်၊ ရွှေသာလျောင်း၊ ချမ်းသာကြီး စတဲ့နေရာတွေမှာ မျောက်တွေဟာ လေးဖွဲ့ခွဲပြီး နေလေ့ရှိတယ်။ သူ့အဖွဲ့နဲ့သူနေတာ။ စည်းမကျော်ဘူး၊ နေရာမလုဘူးတဲ့။ ကိုယ့်နေရာကိုနေ၊ နေရာမလုရဘူးဆိုတာ မျောက်တွေတောင် သိကြတယ်။

ဧည့်သည်က မျောက်စာကျွေးရင်း တောင်ပေါ်တက်လာတယ်ဆိုရင် မျောက်က သူ့နယ်ကုန်တာနဲ့ ဆက်မလိုက်တော့ဘူး။ နေခဲ့တော့တာ။ တကယ့်ကို စည်းကမ်းတကျနေကြတဲ့ မျောက်တွေပါ။

၂၀၂၀ကိုဗစ်ကာလမှာကတည်းက ဧည့်သည်တွေမလာရတော့လို့ မျောက်တွေအစာရေစာ ရှားပါးခဲ့တယ်။ ဒါပေမယ့် ဒေသခံတွေ၊ အဝေးကစေတနာရှင်တွေနဲ့ ဂေါပကအဖွဲ့ကလည်း ကျွေးခဲ့မွေးခဲ့တော့ တော်သေးတယ်။

ဒါပေမယ့် ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေရှိလာတာကြောင့် ဖိုလ်ဝင်တောင်ကိုလည်း ဘယ်သူမှမလာနိုင်ကြတော့ဘူး။ ဖိုလ်ဝင်တောင်ဟာ ညောင်ပင်ကြီးဆိပ်နဲ့ ဆယ့်နှစ်မိုင်ဝေးပြီး ယင်းမာပင်မြိုနဲ့ ၇ မိုင်ဝေးတယ်။ မုံရွာဘက်ကလာမယ်ဆိုရင် ဝမ်ပေါင်ပတ်ပတ်လည်ကဂိတ်တွေအပါအဝင် စစ်တပ်ဂိတ် ၅ ဂိတ်လောက်ကိုဖြတ်ရမယ်။ နောက်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းထဲက စစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာ၊ လက်နက်ကြီးထုတာတွေလည်းရှိနေတယ်။ လူတွေလည်း ကိုယ့်စားဖို့တောင်အနိုင်နိုင်ဆိုတော့ မျောက်စာကိုလည်း ဘယ်သူမှတကူးတကလာမကျွေးနိုင်ကြတော့ဘူး။

ဒါကြောင့် ကိုအောင်ခန့်ဇော်တို့လာကျွေးတော့ မျောက်တွေလည်း အလုအယက်​လာကြရှာတာ။အရွယ်စုံအကောင်စုံမျောက်တွေ။ အကောင်ပေါက်လေးကို ရင်မှာလွယ်ထားတဲ့ သားသည်မအေမျောက်တွေလည်း ပါတယ်။ စားချင်ကြတော့ လူပေါ်တွေကိုကောတက်တာ။ ဖက်ထားတာတွေကောရှိတယ်။ အစာကျွေးမှပဲ လွှတ်တော့တာ။

အကောင်ရေကများတော့ ကိုအောင်ခန့်ဇော်တို့ပါလာတဲ့ တစ်သိန်းခွဲဖိုးလောက်ရှိတဲ့ ငှက်ပျောသီး အဖီးငါးဆယ်ဟာ မလောက်ငခဲ့ဘူး။ ငှက်ပျောသီးတွေဟာ မျက်စိတမှိတ်အတွင်းမှာပဲ ကုန်သွားတယ်။ တစ်လုံးတစ်လုံး တစ်မိနစ်တောင်မကြာဘူး။ အကုန်သွတ်ပစ်ကြတယ်။

"လောက်တောင်မလောက်ဘူးဗျာ။ စားတဲ့သူကစားရ မစားရတဲ့သူကမစားရ စိတ်တောင်မကောင်းဘူး။ ကျွန်တော်တို့ကလည်း ဘက်ဂျက်က သိပ်မရှိတော့။"လို့ ကိုအောင်ခန့်ဇော်က ပြောပြတယ်။

အဝေးကနေ ကျွေးချင်သူတွေရှိရင်လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကို ဆက်သွယ်လို့ရတဲ့အကြောင်း သူကပြောတယ်။

Mandalay Police CDM Fighter

10 Jan, 04:49


မိနစ်ပိုင်းအတွင်း ကုန်သွားတဲ့ငှက်ပျောသီးတွေကြောင့် မစားလိုက်ရတဲ့မျောက်တွေဟာ သူတို့ကိုထပ်ကျွေးဦးမလားဆိုပြီး မျှော်နေတုန်းပဲ။ ကိုအောင်ခန့်ဇော်တို့လည်း ငှက်ပျောသီးမရှိတော့တဲ့ ခြင်းတွေ ပုံးခွံတွေကိုပြန်သိမ်းရင်း စိတ်မသက်မသာနဲ့ ဖိုလ်ဝင်တောင်ကို ကျောခိုင်းခဲ့ရပါတော့တယ်။

ဓာတ်ပုံ-Aung Khant Zaw

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

10 Jan, 04:32


ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ

ကာတွန်း-ဘီရုမာ/ဧရာဝတီ

Mandalay Police CDM Fighter

10 Jan, 04:31


"အဘနှင့် သူ၏စတန်းဒက်အာမီ"

ကာတွန်း - လက်ပံတန်း

Mandalay Police CDM Fighter

10 Jan, 04:29


ကချင် လွတ်လပ်ရေး တပ်တော်သည်လည်း နိုင်ငံ မြောက်ပိုင်း တွင် အောင်ပွဲ အလီလီ ရရှိလာခဲ့ရာ ဗုဒ္ဓဟူး နေ့ နံနက်တွင် မန်စီ ရှိ ခမရ ၃၁၉၊ ၆၀၁ နှင့် အမြှောက်တပ်ရင်း ၅၂၃ တို့ကို သိမ်းယူ နိုင်ခဲ့မှုနှင့် အတူ မြို့ကို အလုံးစုံ ထိန်းချုပ် နိုင်ခဲ့သည်။

ခရိုင် မြို့ တမြို့ ဖြစ်သည့် ဗန်းမော် မြို့တွင်း တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်မှ လေကြောင်းမှ လက်နက် နှင့် ရိက္ခာ များ ချပေးနေရသည့် အဖြစ် ရောက်လာသည်။

ချင်းပြည်နယ် တခုလုံးအားလည်း လက်လွှတ်ရဖို့ တဲတဲ လေးသာ ကျန်တော့သည်ဟု မြေပြင် သတင်းများက ဆိုသည်။

ဤသည်က တော်လှန်ရေး နေ့ တွင် ကြိမ်းဝါးခဲ့ပြီး နောက် ထွက်ပေါ်လာသော ၎င်း၏ စွမ်းဆောင်ရည် များသာ ဖြစ်သည်။

မင်းအောင်လှိုင် ဖက်တွင် လူအင်အား၊ လက်နက်အင်အား၊  များ အစစ အရာရာ သာလွန် နေပြီး လေကြောင်းမှလည်း အသာစီး ရနေသည့် ကြားမှ
နေ့စဉ် ရက်ဆက် ဆိုသလို အရေးနိမ့် နေသည်ကို ကြည့်ပြီး ပုံမှန်စိတ် ရှိသူများ ဆိုက ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ၏ အရည်အချင်း အပေါ် မဖြစ်မနေ မေးခွန်းထုတ်လာရတော့မည်သာ ဖြစ်သည်။

နိုင်ငံ အုပ်ချုပ်‌ ရေး ပိုင်း ကြည့်ပြန်လျှင်လည်းအိမ်နီးချင်း တိုင်းပြည်များ မီးထိန်ထိန် လင်းနေ ချိန်တွင် တပြည်လုံးအား ဖယောင်းတိုင် ဖြင့် နေနိုင်ရန် အထိ စွမ်းဆောင်ရည် ထပ်မံ မြင့်တက်လာခဲ့သည်။

နောက်ထပ် ရရှိသော သတင်းအရ ၂၀၂၄ ဖေဖေါ်ဝါရီလ အတွင်း နယူးယောက်ရှိ ဖက်ဒရယ် တရားရုံးတွင် မြန်မာ ရှိ လက်နက် ထုတ်လုပ်နိုင်သည့် အဆင့်ရှိ ယူရေနီယံ နှင့် ပလူတိုနီယံ များကို အီရန်သို့ တရားမဝင် ရောင်းချရန် စွဲဆိုခံထားရသည့် ဂျပန် ယာကူဇာ ဂိုဏ်း ခေါင်းဆောင် တာကီရှိ အီဘီဆာဝါသည် ၎င်းတွင် အပြစ်ရှိကြောင်း တရားဝင် ဝန်ခံလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ထို့အတွက် မြန်မာ စစ် ခေါင်းဆောင်များ အား အမေရိကန် သည် မျက်ခြေမပြတ် စောင့်ကြည့်လာ‌ တော့မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

ကိုးကား - AP/Irrawaddy/CBS

Hla Soewai

Mandalay Police CDM Fighter

10 Jan, 04:29


ဟာသ များ နှင့် မင်းမှောင်လှိုင်
*

အားကိုး အားထား ပြုစရာ ကာကွယ်ရေး ဦးစီးချုပ်ဆိုသူ ကလည်း တော်လှန်ရေး တပ်ဖွဲ့များ နေပြည်တော် တံခါးဝ ရောက်လာသည် နှင့် လေယာဉ် ပေါ် တက်ပြေးရန် အဆင်သင့် ပြင်ဆင်နေချိန်တွင် ရင်ဆိုင် တိုက်ပွဲများ တွင် ၎င်း၏ သစ္စာခံများကတော့ အသေခံ တိုက်ခိုက်ပေးနေကြဆဲပင် ဖြစ်သည်။

မင်းအောင်လှိုငိသည် တရုတ်မှ ၎င်းတို့ ပြုတ်ကျသွားသည် အထိ အဖြစ်မခံဟု စိတ်ထဲတွင် စွဲမှတ် ယုံကြည်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ကျိုးနွံစွာ ၎င်း တို့ ပြောသမျှ လိုက်လုပ်ပြီး နိုင်ငံတဝက်ကိုပင် အုပ်ချုပ် နိုင်စွမ်း မရှိသည်ကို ကမ္ဘာသိ ဖြစ်ပါလျက် သန်းကောင်စာရင်း ကောက် လူဦးရေ ဘယ်ရွေ့ဘယ်မျှ ရှိ‌ နေ ပါသည်ဟု လိမ်ညာရဲသူ ဖြစ်သည်။

ပြီးခဲ့သည့် နှစ် မတ်လ ၁၈ ရက်နေ့ ရုရှား မီဒီယာ နှင့် အင်တာဗျုး တွင် မင်းအောင်လှိုင် ပြောခဲ့သည် တခုက ရယ်စရာ အကောင်းဆုံး ဟာသ အဖြစ် တင်ကျန်သွားခဲ့သည်။ ၎င်းအား သားသမီးများအား မည်သို့ ဆုံးမ သွန်သင် ခဲ့ပါသလဲ ဟူသော အမေးကို ဖြေရာတွင် အလုပ်ကြိုးစား လုပ်ကိုင်ပြီး ရိုးသားမှု ရှိရန် သင်ကြားပေးခဲ့သည် ပြောသွားခဲ့ခြင်းပင် ဖြစ်သည်။

သားသမီးများကတော့ ၎င်းတို့ အား ရိုးသားမှု ရှိရန် ပြောဆို ဆုံးမနေသည့် ဖခင်သည် ရရှိနေသည့် အစိုးရ ဝန်ထမ်း လစာနှင့် ရန်ကုန်၊ နေပြည်တော် နှင့် ပြင်ဦးလွင် တို့တွင် နန်းတော်တမျှ ခမ်းနားသော အိမ်ကြီး အိမ်ကောင်းများ အဘယိကြောင့် ပိုင်ဆိုင်နေရသနည်းဟု အတွေးများ ဝင်လာကြပြီး အ‌ ကြောင်းရင်း ကို သဘောပေါက်လာသည် နှင့် အမျှ တိုင်းပြည်အား ဖခင် ပေးသည့် အမွေအနှစ် ဆိုကာ ထင်တိုင်းကြဲလာ ခဲ့ကြသည်။

နောက်ထပ် ပျက်လုံး တခုကား စက်တင်ဘာ ၂၇ ရက် ကမ္ဘာခရီးသွား‌လာရေး နေ့တွင် ကမ္ဘာလှည် ခရီးသွား လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတဝှမ်း လုံခြုံ စိတ်ချစွာ သွားလာ နိုင်စွမ်း ရှိကြောင်း သတင်းမှန် များ ထုတ်ပြန်ပေးရန် ဝန်ကြီး၊ ဝန်ကလေး များကို ညွှန်ကြားခဲ့ခြင်းပင် ဖြစ်သည်။

၎င်း ထိုသို့ မပြောမီ နှစ်လ အလို ဇူလိုင်လ အတွင်း ကမ္ဘာကျော် ငပလီ ကမ်းခြေအား အာရက္ခ တပ်တော်မှ အပြီး အပိုင် သိမ်းပိုက်ခဲ့ပြီး ဖြစ်နေသည်။

မင်းအောင်လှိုင်သည် ထိုသို့ ပျက်လုံး ဆန်ဆန် ဟာဒယ ရွှင်ဆေး များ ဖြင့် တိုင်းပြည်သည် ပုံမှန် ဖြစ်နေပါသည်ဟု ကမ္ဘာကို လှည့်ဖျားရန် မရမက ပြောဆိုလာခြင်း ဖြစ်သည်။

နိုင်ငံခြားသားများ မဆိုထားဘိ ပြည်တွင်းနေ သူများပင် တနေရာမှ တနေရာသို့ ဘုရားစာ ရွတ်၍ သွားနေရသည့် အ‌နေအထားမျိုး ဖြစ်နေသည်။

၎င်းကဲ့သို့ပင် ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီး အဖြစ် ချောင်ထိုးခံထားရသော မြထွန်းဦးသည်လည်း ထူးမခြားနားပင် နိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသွားများ အကြိုက် နေရာများသည် လုံခြုံစိတ်ချရကြောင်း သတင်းမှန်များ ဖြန့်ဖြူးပြီး ဆွဲဆောင်ကြရန် ဗုဒ္ဓဟူးနေ့ တွင် ပြုလုပ်သော ခရီးသွားလာရေး ဗဟို လုပ်ငန်း ကော်မတီ အစည်းအဝေး တွင် ပြောဆိုသွားပြန်သည်။

၎င်းတို့အားလုံး စိတ်ထဲ ဖြစ်စေချင်သည် မှန်သမျှ အပြင်တွင်လည်း တကယ် ဖြစ်နေသည်ဟု စွဲထင်နေသော စိတ္တဇ ဝေဒနာရှင် များ ဟု မဆိုက အခြားမည်သို့များ ပြော၍ ရနိုင်ပေဦးမည်နည်း၊ ထိုသို့သော လူမျိုး များက တိုင်းပြည်ကို သားစဉ်မြေးဆက် အုပ်ချုပ်သွားရန် လုံးပမ်းနေခြင်းကပင် ၅၄ သန်းသော ပြည်သူများ ၏ အနာဂတ် အတွက် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ်ကြီး ကျရောက်လာ‌ နေခြင်းပင် ဖြစ်သည်။

၎င်းတို့ကဲ့သို့ ရူးသွပ်ခြင်း မရှိရှာသည့် အမေရိကန် အစိုးရသည် နောက်တနေ့မှာပင် ၎င်းတို့၏ နိုင်ငံသားများအား မြန်မာ ပြည်သို့ ခရီးမသွားရန် အလန့်တကြား သတိပေးလာခဲ့သည်။

ထို့အပြင် အမေရိကန် မှ ၎င်း၏ သား ပါဝင် ပတ်သက်နေသော Mytel တယ်လီကွန်း ကုမ္ပဏီ အား နာမည်ပျက် စာရင်း သွင်းကာ ဒဏ်ခတ် ပိတ်ဆို့ လိုက်ပြန်သည်။

ပြီးခဲ့သည် မတ်လ တော်လှန်ရေး နေ့တွင် ရခိုင်၊ ကချင် နှင့် ရှမ်းမြောက်‌ဒေသများရှိ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းယူရန် ထိုးစစ်များ ဆင်နွှဲတော့မည်ဟု ကြိမ်းဝါးခဲ့သော်ငြားလည်း ရက်သတ္တပတ် အနည်းငယ် အတွင်း မှာပင် လားရှိုး နှင့် အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ လက်လွှတ်ခဲ့ရသည်။

၎င်းပြောသည့် ထိုးစစ်များက မည်ကာမတ္တမျှသာ ထွက်ပေါ်လာခဲ့သည်၊ တိုင်းပြည်ပုံမှန် ဖြစ်ရန် ကြိုးပမ်းမှု မှန်သမျှ ကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်ထံမှ ကတိကဝတ်များ ရခဲ့ပြီး‌နောက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များ အရှိန်မြှင့် လာ‌သော်လည်း ရှူံးပြီးရင်းသာ ရှူံးလာနေပြီး အမ်း ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ ထပ်မံ လက်လွှတ်ခဲ့ရသည်။

ဗျူဟာမြောက် ပြန်လည် စုစည်းနေသည် ဆိုသော်လည်း လက်တွေ့ တွင် ဗုံးကြဲတိုက်ခိုက်မှု များသာ တိုး၍ လာနေပြီး ဗုဒ္ဓဟူးနေ့တွင် ရမ်းဗြဲ ကျွန်း ရှိ ကျောက်နီမော် ရွာကို လာရောက် ဗုံးကြဲ ခဲ့သဖြင့် ကျေးရွာသူ ကျေးရွာသား ၊ အမျိုးသမီး နှင့် ကလေး များ အပါအဝင် ၄၀ ခန့် သေဆုံးခဲ့သည် ဆိုသော အေပီ သတင်း ကို ကမ္ဘာတဝှမ်း သတင်းစာများက ကူးယူ ဖေါ်ပြခဲ့ကြသည်။

Mandalay Police CDM Fighter

07 Jan, 17:45


ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတိုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Mandalay Police CDM Fighter ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတိုတွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Mandalay Police CDM Fighter ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

▪️Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 17:04


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံး

ဇန်နဝါရီလ ၇ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၂၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

Mandalay Police CDM Fighter

07 Jan, 16:42


မြင်ခွင့်ဝေးလည်း အတွေးဖြင့်
သူ့မျက်နှာကိုတွေ့သည်...
နားထောင်ခွင့်မဲ့ငြား နှလုံးသားဖြင့်
သူ့အသံကိုကြားသည်...

Crd-Siblings MH

Mandalay Police CDM Fighter

07 Jan, 16:06


People's Spring:
ဝက်လက်မြို့နယ်၌ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှု ၄၇ဦးသေ၊ ၆ဦး အရှင်မိပြီး ၁၇ဦးပျောက်ဆုံးနေဟု စစ်ဒေသ(၁)အသိပေး

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်အခြေစိုက် အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ထွက်လာသည့် အင်အား ၇၀ ပါစစ်ကြောင်းကို ရွှေဘိုခရိုင် လက်အောက်ခံ PDF ပူးပေါင်းတပ်များက ဇန်နဝါရီ ၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဝက်လက်မြို့နယ် မှတ်ထိကျေးရွာတောင်ဘက်၌ ဖြစ်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးမင်းသူဦးစီးပြီး တပ်ခွဲမှူး ဗိုလ်ကြီးနေမျိုးဦး၊ ဒုရဲမှူးဇင်ကိုကို တို့ပါဝင်သည့် စစ်ကောင်စီ၏ စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲတို့မှ ပူးပေါင်းအင်အား (၇၀)ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် လက်အောက်ခံ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ ၄၇ဦး သေဆုံးကာ ၆ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ထို့အပြင် ကျန် ၁၇ဦးမှာ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း လက်နက် (၄၆)လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း အသိပေးသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ရက်ကပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော တပ်မ-၃၃ လက်အောက်ခံ စစ်ကြောင်းမှ အင်အား (၈၃)ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက အသိပေးထားသည်။

အဆိုပါတိုက်ပွဲတွင်ပါဝင်သည့် ရွှေဘိုခရိုင် တပ်ရင်း(၁၈)ကလည်း တိုက်ပွဲသတင်းအသိပေးထားရာ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက် ၅လက် သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် ဝက်လက်မြို့နယ်၌ စခတ-၈မှ အင်အား (၇၀)ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဝက်လက်မြို့မှ စစ်ကောင်စီက စစ်ကူပေးရန်ထွက်လာသော အင်အား (၃၀)ပါ ဗိုလ်ကြီးကျော်မင်းခိုင်၏ စစ်ကူစစ်ကြောင်းအား ထပ်မံတိုက်ခိုက်ခံခဲ့ရာ ဗိုလ်ကြီးအပါအဝင် ကိုးဦးဒဏ်ရာရရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက လူထုနွေဦးသို့ ပြောသည်။

"အဲဒီနေ့ ညနေ ၃နာရီခွဲမှာ ဝက်လက်ကနေ စခ ၃၀ပါတဲ့ စစ်ကူကို တိုက်တာမှာ ကိုးဦးဒဏ်ရာရတယ်။ဗိုလ်ကျော်မင်းခိုင် ပါတယ်။ပျူစောထီးပါတယ်။မီးသတ်ရုံး အရာခံဗိုလ်လည်း ပါတယ်။အခု ဝက်လက်မြို့ဆေးရုံမှာ တင်ထားရတယ်"ဟု တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောသည်။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ စစ်ကောင်စီ၏ ပြင်ဆင်မှုကို စောင့်ကြည့်နေဆဲဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း သုံးခုတပြိုင်တည်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

(လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်းဖမ်းမိသော စစ်သုံ့ပန်း ၆ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 14:56


People's Spring:
ငါန်းဇွန်မြို့နယ်ကရဲစခန်းတစ်ခုကို ​
တော်လှန်​ရေးတပ်ဖွဲ့​တွေတိုက်ခိုက်

-People's Spring

မန္တလေးတိုင်း၊ငါးဇွန်မြို့နယ်၊မင်းနေကုန်းရွာရဲ
စခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်
ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်ကအထိခိုက်အကျဆုံးများခဲ့တယ်လို့ မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

ဇန်နဝါရီလ၂ရက်နေ့က၊မြို့သာ-နဘူးအိုင်-မြင်း
ခြံလမ်းပေါ်က မင်းနေကုန်းကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေကမနက် ၆နာရီကနေ ၁၀နာရီလောက်အထိ ၄နာရီခန့်အကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ရန်သူ့အတွင်းစည်းအထိတော့ဝင်နိုင်ခဲ့တယ်။အ
ထိအခိုက်ကလည်းတော်တော်များတယ်။စခန်းကလည်းထူတယ်။လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်
ကူတွေလာတာမို့ ကျွန်တော်တို့​နောက်ပြန်ဆုတ်ခဲ့ရတယ်"လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ကအင်အား ၄၀
လောက်တပ်စွဲထားတယ်လို့သိရပါတယ်။

"​​ေး(စစ်သား)တွေကတော့တော်တော်ကျတယ်။
ကျွန်တော်တို့စခန်းသိမ်းခါနီးပေါ့။​လေကြောင်းပစ်ကူနဲ့တပ်ကူလာတာမို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတာ"လို့ ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။

တိုက်ပွဲမှာစစ်​ကောင်စီတပ်ဘက်က ထိခိုက်​သေ
ဆုံးမှုအ​ခြေအ​နေကို People's Spring ကအတည်မပြုနိုင်​သေးပါဘူး ။

ဒီစခန်းတိုက်ခံရပြီးတဲ့နောက်စစ်ကားအများအ
ပြားအဲဒီရဲစခန်းကိုရောက်လာပေမယ့် ပြန်လည်ဆုတ်ခွာသွားပြီလို့လည်းသိရပါတယ်။

၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြင်းခြံမြို့နယ်အတွင်းနဖူးအိုင် နဲ့ မြို့သာကြားမှာ မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ မင်းနေကုန်းရဲစခန်းမှာနေတဲ့စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာစစ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

မင်း​နေကုန်း ရဲစခန်းတိုက်ပွဲတွင် PDF တဦးတိုက်ပွဲဝင်​နေစဥ်။ဓါတ်ပုံ- မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ရုပ်သံ Screenshot

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 14:54


ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေ့လည်ပိုင်း အထိ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ တောင်ရဲစခန်း ၊ လူပျိူဆောင်၊ စိုက်ပျိုးရေရုံး ၊ ထွေအုပ်ရုံး၊ ဘဏ်ရုံးနှင့် ရုပ်သံ ကုန်းနေရာ အသီးသီးတို့ကို ရော့ကတ်များအပါအဝင် ဒရုန်း ဗုံးသီးများ ၊ ၆၀ မမ များ ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ပစ်မှတ်နေရာများကို ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက် ပျက်စီးမှုများကို စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

"စစ်ခွေး သေစာရင်း အတိအကျတော့မသိရသေးပါဘူး စုံစမ်းဆဲပါ ။ ထီးလင်းမြို့က စစ်ကြောင်းဟာ မြို့နီးနားက ကျေးရွာတွေကိုမကြာခဏ စစ်ကြောင်းထွက်ပြီး ဖမ်းဆီးသတ်ဖြတ်မီးရှို့တာတွေရယ် ပြီးတော့ စစ်ကောင်စီလက်အောက်ကနေ အမြန်ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အလင်းဝင်လာဖို့ ပြောချင်တာပါ"ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဗျူဟာ - ၈၁ ၊ ထီးလင်းမြို့နယ်ခရိုင် တပ်ရင်း များ၊ ခရိုင် ပကဖ ၊ မြို့နယ် ပလဖ နှင့် ယောဧရာ (က.ပ.စ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 14:43


အရာတော်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး၊

▪️ပုသိမ်ကြီးတွင်လည်း စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်


ဇန်နဝါရီလ ၇ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force အဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် အရာတော်မြို့ လေ့ကျင့်ရေး အမှတ် ၁၀ မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး လိုက်ပါလာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကြားဖြတ် တိုက်ခိုက်မှု အတွင်း ထိတွေ့တိုက်ပွဲသည် ၇ နာရီ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးခဲ့ကာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၆ ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နယ်မြေ မဟာမိတ်များများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ သက္ကယ်ကျင်းရွာနှင့် ဘိုင်ဘင်ရွာ အကြားရှိ စစ်တပ် အထိုင်တပ်ချ တက်စွဲထားသော စခန်းတစ်ခုကို ပုသိမ်ကြီးမြို့နယ် ပကဖ က ၆၀ မမ လက်နက်ကြီး ၄  လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း လက်နက်ကြီး ၂ လုံးသည် ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ ကျန် လက်နက်ကြီး ၂ လုံးသည် error တက်၍ ပစ်မှတ်ကို ထိမှန်သော်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရှိရသည်။

ပုသိမ်ကြီး မြို့နယ် ပကဖ အနေဖြင့် ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများနှင့် စစ်တပ် ဒေါက်တိုင်များကို တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 14:24


ဟားခါးရှိ ပြည်သူ့စစ် (ခေါ်)ပျူစောထီး ၃ ဦး CDF-Hakha ထံလက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်

ဇန်နဝါရီလ ၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ခေါ်)ပျူစောထီး  ၃ ဦးဟာ အကြမ်း ဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့လို့ CDF-Hakha ဆီမှာ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ CDF-Hakha က ဒီညနေမှာသတင်းထုတ်ပြန်ထားပါ တယ်။

အဆိုပါပြည်သူ့စစ်များဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တို့မှာ အသီးသီး အလင်းဝင်လာခဲ့ကြတာလို့ဆိုပါတယ်။

ယခုလို အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်ခြင်း ဖြင့် နွေဦးတော်လှန်ရေးမှာပါဝင်လာသူများကို ဝမ်းသာစွာကြိုဆိုပြီး ဆုငွေများချီးမြှင့်သလို သူတို့လုံခြုံတဲ့ နေရာရောက်တဲ့အထိတာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နောက်နောင်မှာလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တဲ့သူများ က CDF- Hakha ကိုအချိန်မရွေးဆက်သွယ်နိုင်ကြောင်း နဲ့ အလင်းဝင်လာသူများရဲ့ လုံခြုံရေးကိုတာဝန်ယူ ကြောင်း ဖော်ပြထားပါတယ်။

CDF-Hakha ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း အခြေစိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း ဟားခါးမြို့နယ်ရဲမှူး လိုက်ပါလာတဲ့ ကားကိုတိုက်ခိုက်ခဲ့ကာ ရဲမှူးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 14:22


ကြို့ပင်ကောက်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေ

ဇန်နဝါရီလ ၇ ရက်

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးတွေ ခြိမ်းခြောက်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းကြေးမပေးနိုင်ရင် နေအိမ်ကို စစ်တပ်လွှတ်ပြီးဖမ်းဆီးခိုင်းမှာဖြစ်ပြီး စစ်တပ်ကဖမ်းဆီးရင် တာဝန်မယူဘူးဆိုကာ ခြိမ်းခြောက်ကောက်ခံတာတွေရှိနေတယ်လို့ ဆိုပါတယ်။

"စစ်မှုထမ်းရမယ်။ အကယ်လို့မပေးရင် လာဆွဲမယ်လို့ပြောတယ်။ အဆွဲမခံနိုင်ရင်ပေးပေါ့။ ပြီးတော့ခွဲတမ်းချလိုက်တယ်။ အစည်းအဝေးက ဘုန်းကြီးကျောင်းမှာခေါ်ပြီး ပြောတယ်။ ပေးမှာလား၊ မပေးဘူးဆိုရင် စာရင်းထည့်လိုက်တော့မယ်၊ မပေးရင် လာဖမ်းခိုင်းမယ် အဲ့လိုပြောတယ်။"လို့ ပုတိမ်ဝန်ရွာခံ အမျိုးသမီး တဦးကပြောပါတယ်။

ပုတိမ်ဝန်ကျေးရွာဟာ စစ်မှုထမ်းအပတ်စဉ် ၁ ခုအတွက် စစ်မှုထမ်း ၁ ယောက်နှုန်းပေးရမှာကို မပေးလိုတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်လေးနဲ့ အပေါင်းအပါတွေ ကောက်ခံတဲ့ငွေကြေးကို ၂၀၂၄ စက်တင်ဘာလကစပြီး ကျေးရွာခံတွေက ထည့်ဝင်ပေးနေရပါတယ်။

လာမယ့်စစ်မှုထမ်းအပတ်စဉ် ၉ အတွက် တရွာလုံးစာ ကျပ်သိန်း ၉၀ ပေးသွင်းကြရပြီး ငွေကြေးတတ်နိုင်သူက ၁ သိန်း၊ ၁ သိန်းခွဲနဲ့ ငွေကြေးမတတ်နိုင်သူတွေက ကျပ်ငွေ ၅၀,၀၀၀နဲ့ ၇၀,၀၀၀ စီထည့်ဝင်ကြရတယ်လို့သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်အတွင်းက စစ်ကုန်းအုပ်စု၊ ကျွန်းကုန်းအုပ်စုတွေထဲက စစ်ကုန်း၊ ကျွန်းကုန်း၊ ပုတိမ်ဝန်၊ ရှမ်းကုန်း၊ သိုးဘို၊ သဗြုပင်၊ ငွေဒါးရကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှာလည်း အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးကောက်ခံနေကြပြီး နေအိမ်မှာအမျိုးသားမရှိသူတွေကအစ ငွေကြေးထည့်ဝင်နေရတာကို ကြားသိရတယ်လို့ ကျွန်းကုန်းရွာခံအမျိုးသမီးတဦးက ဆိုပါတယ်။

"အခုဆို ပုံမှန်ပေးနေရတာ ၄ ခါရှိနေပြီ။ ပထမတုန်းကတော့ နည်းနည်းနဲ့အခုတော့ ၆၀,၀၀၀ ဆိုလည်းဟုတ် ၄၀,၀၀၀ ဆိုလည်းပေးရတယ်။ သား ၃ ယောက်ရှိရင် ၉၀,၀၀၀ ပေးရတယ် မဖြစ်မနေ။ အမလေး ၁ ကျပ်တောင်မလျှော့ဘူး။ အဲဒါတောင် လာကောက်တာမဟုတ်ဘူး။ သူတို့သေမှာတော့ကြောက်ပြီး မိန်းကလေးတွေစုပြီးသွားပေးရတာ။"လို့ ကျွန်းကုန်းရွာခံ အမျိုးသမီး တဦးကပြောပါတယ်။

ကျွန်းကုန်းရွာ အုပ်ချုပ်ရေးမှူးဘုန်းဇော်ဟာ ကြို့ပင်ကောက်မြို့မှာနေထိုင်တာကြောင့် ရွာခံတွေဟာ ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့မြို့အထိ စစ်မှုထမ်းကြေးကို သွားပေးနေကြရပါတယ်။ ရွာခံတွေက စစ်မှုထမ်းကြေးပေးထားရပေမယ့် ကျေးရွာအတွင်းရှိနေချိန်မှာ စစ်မှုထမ်းဖို့ဖမ်းဆီးခံရတာမျိုးကိုသာ အုပ်ချုပ်ရေးမှူးတွေက တာဝန်ခံပြန်ထုတ်ပေးမှာဖြစ်ပြီး ကျေးရွာပြင်ပမှာဖမ်းဆီးခံရရင် တာဝန်မယူဘူးလို့ပြောဆိုထားတာကြောင့် အလုပ်ထွက်လုပ်ချိန်နဲ့ ကိစ္စကြီးငယ်ရှိလို့သွားလာချိန်တွေမှာ စိုးရိမ်စိတ်တွေရှိနေတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊  ကျွန်းကုန်း၊ မကျည်းရွာတို့က လူငယ်တွေအပါအဝင် လူငယ် ၂၅ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရပြီးနောက် အားလုံးကို စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပုံစာ - ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်မှုထမ်းဟောပြောပွဲ။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

07 Jan, 13:18


နတ်မောက်တွင် ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ဇန်နဝါရီလ ၇ ရက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ နွားတင်းကုပ်အတွင်း ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိသည်။

သေဆုံးသွားသော ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို နတ်မောက် တော်လှန်ရေး တပ်ပေါင်းစုက အကြိမ်ကြိမ် သတိပေးထားသည်ကို ဂရုမစိုက်ဘဲ မထီမဲ့မြင် ပြုလုပ်ခြင်း၊ ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့် အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဘိုဝင်းက အိုင်ဇောက်ရွာနေတာ သူ့နေအိမ် နွားတင်းကုပ်အတွင်းကို ထွက်ပြေးတဲ့ အတွက် ပစ်ခတ်ရှင်းလင်းတာ နောက်စိကို ကျည်ထိမှန်ပြီး နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးသွားတယ်။ ကျနော်တို့ နတ်မောက် တော်လှန်ရေး တပ်ပေါင်းစုက အကြိမ်ကြိမ်သတိပေးထားတာကို ဂရုမစိုက် မထီမဲ့မြင် ပြုလုပ်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ" ဟု နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဘိုဝင်းကဲ့သို့ ပြည်သူများကို ပေါ်တာဆွဲ စစ်မှုထမ်း ဆင့်ခေါ်ပြီး ဒုက္ခပေးနေသည့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကိုလည်း နံပါတ်စဥ် အတိုင်း အလှည့်ကျ တိုက်ခိုက်သွားမည်ဟု နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 17:17


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၄၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

Mandalay Police CDM Fighter

04 Jan, 17:16


ကော်သူးလေတပ်မတော် KTLA ခြုံခိုတိုက်ခိုက်လို့ KNLA တပ်မဟာ ၄ အရာရှိတစ်ဦးသေဆုံး

ဇန်နဝါရီလ ၄ ရက်

KNU တပ်မဟာ ၄ နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့က KNLA တပ်မဟာ ၄ တပ်ရင်း ၁၀ မှအရာရှိနှင့်တပ်ဖွဲ့၀င်တချို့ပါရှိသည့်ယာဉ်ကို ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်ရင်း ၁၀ ၏ဒု-တပ်ခွဲမှူး ဗိုလ်စောလားဒို သေဆုံးပြီး တပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

တိုက်ခိုက်မှုသည် ဇန်နဝါရီလ ၃ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပိုင်းတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး KNLA တပ်မဟာ ၄ တပ်ဖွဲ့တို့၏ယာဉ်က ကမော်ဟောမှ ၀ါကလါးသို့ခရီးသွားစဉ် လမ်းခုလတ်တွင် ကော်လာဖိုး (ခေါ်) ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သည်ဟု တပ်မဟာ ၄ ဒေသအတွင်းသတင်းတွေအထူးပြုရေးသားသည့် ကွယ်ကလူသတင်းဌာနကရေးသား ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုသည် နှစ်ဖက်တပ်အကြားမပြေလည်သေးသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ နှင့် KTLA တပ်ဖွဲ့တို့အကြား ထပ်မံဖြစ်ပွားခဲ့သည့်စစ်ရေးပြဿနာ တစ်ခုဖြစ်သည်။

KTLA သည် KNDO ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးစောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး KNU တပ်မဟာ ၄ နယ်မြေတွင်လှုပ်ရှားလျှက်ရှိပြီး KNLA တပ်မဟာ ၄ နဲ့မကြာခဏအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာရှိသည်။

KTLA ခေါင်းဆောင် ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားတစ်ဦးဖြစ်သည်။  

ပုံ - ကော်လာဖိုး (ခေါ်) ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့ (Photo: KTLA)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 17:12


People's Spring:
တော်လှန်​ရေးသမား​တွေရဲ့
နှစ်သစ် ၂၀၂၅ အတွက်သတင်းစကား

-People's Spring

စစ်အာဏာရှင်ကို​ ကဏ္ဍအသီးသီးမှ ​တော်လှန်​​နေကြ​တဲ့ ​တော်လှန်​ရေးသမား​တွေရဲ့ နှစ်သစ် ၂၀၂၅ အတွက်သတင်းစကားကို လူထု​နွေဦးက စုစည်း​​ဖော်ပြ​ပေးလိုက်ပါတယ် ။

●ဆလိုင်းထန်းချွန်းဖေ(ဥက္ကဋ္ဌ ၊ ချင်းညီနောင်စစ်ရေးကော်မတီ၊ CDF-မင်းတပ် စစ်ဦးစီးချုပ်)

နှစ်သစ်မှာတော့ ကျနော်တို့ တနိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူလူထုက စစ်ကျွန်ဘ၀ကနေ အမြန်ဆုံးလွတ်မြောက်ချင်ကြတယ် လွတ်မြောက်လိုကြတယ်။ ပြည်သူလူထုက သူ့တာဝန်ကို ကျေအောင်လည်း ကြိုးစားနေကြတယ်ပေါ့။ တဖက်မှာလည်း ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက အလုပ်ကို တကယ်လုပ်ဖို့ လိုအပ်ပါတယ်။ တကယ် ဒီတော်လှန်ရေးမှာ သာယာတာမျိုး မဖြစ်ဘဲနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ပြီးတော့ ပြည်သူလူထုရဲ့ လိုလားချက်ကို အမြန်ဖြည့်ဆည်းပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောလိုပါတယ်။ ပြည်သူလူထုကို နောက်တစ်ခု သတင်း
စကားပါးချင်တာကတော့ ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၂၁မှာ လက်နက်အားကိုးပြီး တိုင်းပြည်အာဏာကို ရယူခဲ့တဲ့ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို ဘယ်ကောင်သေရဲလဲ ထွက်လာခဲ့ဆိုပြီးတော့ သေနတ်အားကိုးပြီး ဒီကောင်တွေ မိုက်ကြေးခွဲခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ အခု ၂၀၂၅ ပေါ့လေ လေးနှစ်တာ ရောက်လာတဲ့အခါမှာ ရှိတဲ့လက်နက်တောင်ထားခဲ့ပြီးတော့ ထွက်ပြေးရတဲ့ အနေအထား ဖြစ်နေပြီ။ဆိုတော့ကျနော်တို့အများကြီး ကြိုးစားခဲ့ကြတယ် ပြည်သူလူထုက အများကြီး ကြိုးစားခဲ့တယ် ဝိုင်းရံပံ့ပိုးပေးခဲ့တယ်။ ဒါတွေဟာ အလကားမဟုတ်ပါဘူး။ ကျနော်တို့ တဆင့်ခြင်း တဆင့်ခြင်း စစ်တပ်ကို အကြပ်ရိုက်ပြီး ကျနော်တို့ မြို့တွေသိမ်းနိုင်တဲ့အနေအထားတခုဖြစ်လာတယ်။ အခုဆိုရင် မဟာဗျူဟာ မြောက်တဲ့ စစ်ဆင်ရေးတွေကိုလည်း တနိုင်ငံလုံးမှာ ဖော်ဆောင်လာနိုင်တဲ့အနေအထားတွေရှိတယ်။ ဆိုတော့ ဘာမှမစိုးရိမ်ပါနဲ့။ ကျနော်တို့ လေးနှစ်နဲ့ပဲ ကြိုးစားခဲ့တဲ့ ရလဒ်တွေက တနိုင်ငံလုံးမှာ မြို့တွေ သိမ်းလာနိုင်တဲ့အနေအထား ၊ တိုင်းရင်းသားလက်
နက်ကိုင်တွေရဲ့ ကူညီဖေးမမှုတွေနဲ့ကျနော်တို့ အတိုင်းအတာ တခုအထိ စစ်ရေးအရရော နိုင်ငံ
ရေးအရရော အထူးသဖြင့် စစ်ရေးအရ အောင်မြင်မှုတွေရနေကြပြီ။ ကျနော်တို့ အားလျော့နေဖို့ မဟုတ်ဘူး။တဆင့်ခြင်းသွားရမယ်။အား  အသစ်တဖန်  ပြန်မွေးပြီးတော့ ကျနော်တို့ ရှေ့ကို ပြည်သူနဲ့အတူ ကျနော်တို့ ဆက်ပြီးတော့ ခရီးသွားရင် တနိုင်ငံလုံး လွတ်မြောက်ကို လွတ်မြောက်မယ်ဆိုတဲ့ သတင်းစကားကို ပါးချင်ပါတယ်။

●မသဥ္ဇာရွှန်းလဲ့ရည် (ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ)

ကျွန်မတို့ ၂၀၂၅ကို ရောက်လာတဲ့အချိန်မှာစစ်အုပ်စုနဲ့ တဖက်သတ်အပစ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုတာမျိုး သတင်းတွေ အများကြီးတက်လာတယ်။ ဒါ့အပြင် ဘယ်လိုဘယ်လို အခြေအနေတွေ ရှိရင်တော့ တွေ့ဆုံဆွေး
နွေးမယ်၊ ဘယ်လိုဘယ်လို အခြေအနေတွေ ဖြစ်
လာရင်တော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတာမျိုးတွေ တော်လှန်ရေးအစုအဖွဲ့အသီးသီးကြားထဲမှာ နွေဦးတော်လှန်ရေးစကတည်းက ဆွေးနွေးနေတဲ့ ကိစ္စဖြစ်တယ်။ အဲဒီထဲမှာ NUG အပါအဝင် တော်လှန်ရေးဦးဆောင်အဖွဲ့တွေ မမေ့ရမှာ ဘာလဲဆိုတော့ တရားမျှတမှု ကိစ္စဖြစ်တယ်။ စစ်အုပ်စုသည် ကိုယ့်နေရာကိုယ် ပြန်ရမယ်၊ နိုင်ငံရေးကနေ ထွက်ရမယ်။ နောက် ကျွန်မတို့နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို သွားနိုင်ရမယ်။ ဒါတွေကတော့ အားလုံးသဘောတူနားလည်ထားကြတဲ့ကိစ္စတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီထဲမှာ အရေးကြီးဆုံးအချက်က un-impunity culture ပေါ့။ ပြစ်ဒဏ်ကင်းလွှတ်ခွင့် ယဥ်ကျေးမှုကို အဆုံးသတ်ဖို့အတွက် ကျွန်မတို့နိုင်ငံအရေးအကြီးဆုံး လိုအပ်နေတဲ့ ဖြစ်ရပ်ဖြစ်တယ်။ ပြစ်ဒဏ်တွေမြောက်မြားစွာ ကျူးလွန်ပြီးတဲ့အခါမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိပြီးတော့ဒီအဆိုးကျော့သံသ
ရာလည်နေတာကနေမှ အကြမ်းဖက်မှုသံသရာ မြန်မာပြည်မှာ အမြစ်တွယ်နေခဲ့တယ်။ ဒါတွေကို အပြီးသတ်ဖို့ဆိုရင် အမှားကျူးလွန်ခဲ့သူမှန်သမျှ ခြွင်းချက်မရှိ အပြစ်ပေးအရေးယူခံရနိုင်တဲ့ စနစ်ကို သွားဖို့လိုတယ်။ အဲဒီထဲမှာ ကျွန်မတို့ ကိုယ်
တိုင်လည်း ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူး။ ဘယ်သူမဆို ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူး။ နိုင်ငံရေးစနစ်ကနေ မောင်းနှင်တဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံရေးစနစ်ကို မဖြစ်မနေ သွားကြဖို့ဆိုရင် အရေးကြီးဆုံးအချက်က ကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်လို့ မရဘူး။ အဲဒီတော့ စစ်အုပ်စုနဲ့ ရင်ကြားစေ့တဲ့ကိစ္စ၊ လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စ ပြီးခဲ့တဲ့ ကာလ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးကို ပြန်ဆန်းစစ်ကြည့်ဖို့လိုတယ်။ ပြန်သုံးသပ်ကြရင် ကျွန်မတို့ တရားမျှတမှုမရဘဲနဲ့ ရင်ကြားစေ့ခဲ့တဲ့ ဖြစ်ရပ်က အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကို တွေ့ရမှာဖြစ်တယ်။ တရားမျှတမှုမရှိဘဲ ကျွန်မတို့ ရှေ့ဆက်လို့မရဘူး။ အဲဒီတော့ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ခြွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့က ကျွန်မတို့ ပြည်သူတွေအတွက် အဓိကအကျဆုံးသော စစ်ကျွန်ဘဝကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။

Mandalay Police CDM Fighter

04 Jan, 17:12


●ပဒို​စော​တောနီ( KNU ​ပြော​ရေးဆိုခွင့်ရှိသူ)

၂၀၂၁ နောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်လာတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီလိုမျိုး အများကြီးပေးဆပ်ခဲ့ရတာကိုတော့ နားလည်သဘောပေါက်တယ်။ ဘာပဲဖြစ်ဖြစ် အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ပြည်သူလူထုတရပ်လုံးက ဘယ်လိုပဲတိုက်တိုက် မအောင်နိုင်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့အမြင်တွေဟာ ဒီကနေ့ ဒီအချိန်ခါမှာဆိုရင် လုံးဝ တက်တက်စင်အောင်လွဲသွားခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပြည်သူလူထု အနေနဲ့ သူတို့(နိုင်ငံတကာကိုဆိုလိုခြင်းဖြစ်)မှန်းဆခဲ့တဲ့
ဟာတွေရော သူတို့တွက်ချက်ထားတဲ့ဟာတွေရော လုံးဝမမှန်ဘူးဆိုတာ သက်သေပြနိုင်တဲ့အပေါ်မှာ အထူးသဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးဆိုရင် ပြည်သူလူထုရဲ့လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ ရလဒ်တွေဟာ အင်မတန်ပဲ အားရစရာကောင်းပါတယ်။ ဒါပေမယ့် ဒီရလဒ်တွေဟာ ဆုံးခန်းတိုင်
အောင် မရောက်သေးပါဘူး။ စစ်အာဏာရှင်စနစ် တစ်ခုလုံး ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဒီ တောက်​ပြောင်ပြီး ကျွန်တော်တို့အနာဂတ်အတွက် အင်မတန်မှပဲ ဂုဏ်ရောင်ပြောင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ဆိုရင်တော့ အခုလာမယ့် ၂၀၂၅ ထဲမှာ ကျွန်တော်တို့ပြည်သူလူထုတရပ်လုံးကပဲ ထပ်ပြီး အားစိုက်ဖို့လိုပါသေးတယ်။ တစ်နှစ်လုံးကို ပြန်ကြည့်လိုက်တဲ့အခါမှာ စစ်အာဏာရှင်စနစ်ဟာ တော်
တော်လေးကိုချိနဲ့သွားတယ်ဆိုတာ အများကြီး တွေ့နေရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ စစ်ရေး၊နိုင်ငံရေး၊ သံတမန်ရေး ဖိအားပေါင်းစုံနဲ့ သူတို့ဘယ်လိုမှရုန်းထွက်လို့ မရနိုင်ဘူးဆိုတာ မြင်နေရတဲ့အပေါ်မှာ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ ဘယ်လိုမှ အားလျှော့လို့မရပါဘူး။ ဒီ့ထက်ပိုပြီးတော့ အားစိုက်ပြီးတော့ ၂၀၂၅ နှစ်အတွင်းမှာ ထဲထဲဝင်ဝင်နဲ့ ရှိတဲ့အင်အားအကုန်လုံး ဖျစ်ညှစ်ပြီးတော့ ကျွန်တော်တို့ တွန်းတွန်းထိုးထိုးနဲ့ ဆက်ပြီးတော့ ရုန်းကန်တိုက်ပွဲဝင်သွားကြမယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာ လုံးလုံးကြီး စစ်အာဏာရှင်စနစ်ပြိုလဲသွားမယ်လို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပေမယ့်လို့ ကျွန်တော်မြင်တာကတော့ အထူးသဖြင့် ၈၀ ရာခိုင်နှုန်း အထက်မှာတော့ လုံးဝ စစ်အာဏာရှင်စနစ်ဟာ ကျဆုံးသွားမယ်ဆိုတာ ကျွန်တော်တို့မြင်တဲ့အပေါ်မှာ ဒီ့ထက်ပိုပြီးတော့တွန်းအားပေးရုန်းကန်တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။နောက်ဆုံးတနေ့မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်အာဏာရှင်စနစ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူး၊ ဘယ်တော့မှ မကျဆုံးနိုင်ဘူးဆိုတဲ့ နိုင်ငံ
တကာရဲ့အမြင်တွေ တိုင်းနိုင်ငံတွေရဲ့လွဲမှားနေတဲ့အမြင်တွေကိုသက်သေပြလို့ရမယ်ဆိုတာ ဒီနှစ်လာမယ့် ၂၀၂၅ မှာ ကျွန်တော်တို့အားလုံး ရုန်းကန်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်။အားလုံးကို ကျေးဇူးတင်ပါတယ်။

●မအေးမြင့်အောင်အောင် (တက်ကြွလှုပ်ရှားသူ၊AFCC-MDY)

အခုဆိုရင်ဒီ၂၀၂၅ခုနစ်ထဲမှာ အာဏာသိမ်း ၄ နှစ်ပြည့်တော့မ​ယ်ပေါ့။ ၄နှစ်တာကာလမှာ တိုးတက်ပြောင်းလဲလာတွေလည်း ရှိသလို တဖက်မှာလည်း ပြည်သူလူထုက စစ်ရဲ့ဒဏ်တွေ၊ နောက်တစ်ခု နိုင်ငံရေးစနစ်မကောင်းခြင်းရဲ့ အကျိုးဆက်တွေ၊ ဆိုးကျိုးတွေကို အလူးအလဲ ခံနေရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ တော်လှန်နှစ်သစ်တွေ နောက်ထပ် နောက်ထပ် အများကြီးရှိလာလို့ မရဘူး။ ပြောချင်တာက တော်လှန်ရေးက အရမ်းကြာသွားလို့ မရဘူး။ တော်လှန်ရေး အရမ်းကြာသွားရင် ထိခိုက်နစ်နာဆုံးက ပြည်သူလူထုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လာမယ့်နှစ်သစ်မှာ NUG တော်လှန်ရေးအစိုးရအနေနဲ့ တော်လှန်ရေးဦး
ဆောင်အဖွဲ့တွေ အနေနဲ့ဆိုရင် အလုပ်ပိုဖြစ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ သမ္မတကြီးဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းပြောတယ်ပေါ့လေ။ NUG reform (NUG ပြုပြင်ပြောင်းလဲရေး)လုပ်မယ့် ကိစ္စတွေ၊ ပ-သုံးလုံး ယန္တရားတွေကို ပြုပြင်ဖွဲ့စည်းမယ့်ကိစ္စတွေကို သတင်းစကားပါးခဲ့တာရှိတယ်။ ကျွန်တော်တို့က ဒီလိုသတင်းစကားပါးတာကိုလည်း ကြိုဆိုတယ်။ တဖက်မှာလည်း ဒါနဲ့အညီ အလုပ်တကယ်လုပ်ဖို့ လိုအပ်တယ်။ အလုပ်ဖြစ်မြောက်ဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။ ပြည်သူလူထုတွေကို အထူးတလည်တိုက်တွန်းလိုတာက ကျွန်တော်တို့တတွေ အားလုံးက မိမိကိုယ်ကိုယ်တော်လှန်ရေးတပ်သားတွေ ဖြစ်တယ်ဆိုတာကို အထူးသတိပြုဖို့ လိုအပ်တယ်။ တော်လှန်ရေးမှာ PDF တွေ စွတ်တိုက်မှ တော်လှန်ရေးပြီးသွားမှာ၊ NUG အစိုးရကလုပ်မှ တော်လှန်ရေးပြီးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတရပ်လုံး၊ လူထုတရပ်လုံးက အသီးသီးမိမိရဲ့တာဝန်ကို ထမ်းဆောင်ဖို့လိုအပ်တယ်။ အဲဒါမှသာလျှင် တော်
လှန်ရေးက ရှေ့ရောက်မယ်။ ကျွန်တော်တို့ လိုချင်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ကျွန်တော်တို့အားလုံး မျှော်မှန်းတဲ့၊ မျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရမှာဖြစ်ပါတယ်လို့။ ဒါကြောင့် နှစ်သစ်ကနေ စပြီးတော့ ကျွန်တော်တို့ ပိုပြီး ရုန်းကြမယ်။ အားစိုက်ကြမယ်။ ဒီနေရာကနေ အထူးတလည် မှာကြားချင်ပါတယ်။

●မာဝီ (KNDF ဒုတိယစစ်ဦးစီးချုပ် )

Mandalay Police CDM Fighter

04 Jan, 17:12


ပြည်သူတွေက တာဝန်ကျေပါတယ် တာဝန်မကျေသေးတာက ကျနော်တို့ လက်နက်စွဲကိုင်တော်လှန်တဲ့ အစုအဖွဲ့တွေပါ၊ တစ်ယောက်တစ်မျိုး တစ်ဖွဲ့တစ်ဖုံနဲ့ဖြစ်နေရင်တော့ ပြည်သူတွေက ဒုက္ခတွေကို ကြာရှည်ခံစားကြရလိမ့်မယ်၊ ကျနော်တို့ လက်နက်စွဲကိုင်တဲ့သူတွေ ညီမှ စည်းလုံးမှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မှာပါ။ တကယ်တမ်းဆို လူထုကပဲ ဒုက္ခကို အသေအလဲခံရတာ ကျနော်တို့တွေက ဒုက္ခရောက်တယ်ဆိုတာ ကားစီးပြီးသွား
လာနိုင်သေးတယ်၊ အရက်လေး ဘီယာလေး ဝိုင်လေးသောက်နိုင်သေးတယ်၊ စီးကရက်အဖြူဘူးလေး အိတ်ကပ်ထဲထည့်ထားနိုင်သေးတယ်။ လူထု ဒုက္ခရောက်တယ်ဆိုတာ စားစရာဆန်က ဆန်အိုးထဲမရှိတာမျိုး၊ ဘယ်အလှူရှင်လာလှူမလဲဆိုပြီး စစ်ရှောင်မိုးကာတဲလေးရဲ့အပေါက်ဝကနေမျှော်နေရတာမျိုး၊ သာရေးနာရေးလေးဖြစ်လို့မှ ငွေစွန်းငွေစလေးထည့်ဖို့မရှိနေတာမျိုး။ အဲ့တော့ လူထုဒုက္ခက်ို အမြန်ချုပ်ငြိမ်းနိုင်ဖို့က ကျနော်တို့ စည်းလုံးရေး တာဝန်ကျေရမယ်၊ ကျနော်တို့ တစ်စုတစ်စည်းတည်းဖြစ်ရေးတာဝန်ကျေရမယ်။ တစ်နိုင်ငံလုံးမှာ လူထုအတွက်ဆိုပြီး တပ်ဖွဲ့တွေပေါ်လာပြီးမှ ဟိုလူနဲ့ မပေါင်းနိုင် ဒီလူနဲ့မတည့်ဖြစ်ရင်တော့ အစကတည်းက မပေါ်လာတာကောင်းတယ်။ တပ်ဖွဲ့တွေအားလုံးကလည်း စုစည်းပေါင်းစပ်နိုင်ဖို့က အကုန်လုံးသန္ဓေမှန်ဖို့လည်းလိုတယ်၊ စိတ်ဓါတ်ကောင်းဖို့လိုတယ်၊ အောင်ပွဲကိုရယူတဲ့အခါမှာ ကိုယ့်ရဲ့ညာဏ၊ ကာယလုပ်အားတွေကို ဘယ်နေရာမှာဘယ်လိုထည့်ဝင်ပြီး အားဖြည့်ပလိုက်မယ်ဆိုတဲ့ စိတ်မျိုးတွေဖြစ်ဖို့လိုတယ်။ အကျိုးမျှော်ပေါင်းတာမျိုးမဖြစ်ဖို့တော့ လိုတာပေါ့။ဒါမှပဲ ကျနော်တို့ရဲ့ စည်းလုံးခြင်း စုစည်းခြင်းဟာ အခြေခိုင်ပြီး အာမခံချက်ရှိမှာဖြစ်ပါတယ်။

ကျနော်တို့ကတော့ လူထုကို စိတ်မပျက်စေရပါဘူး။ တစ်လှန်ရေးထဲဝင်လာတုန်းကလဲ ဘယ်သူမှမခိုင်းဘူး၊ ကိုယ့်စိတ်နဲ့ကိုယ် အဝတ်တစ်ထည်
ကိုယ်တစ်ခုနဲ့ပဲဝင်တယ်။ တော်လှန်ရေးအောင်သွားတဲ့အခါလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရဲရမယ် ပြန်ကြမယ် (အိမ်တော့မရှိတော့ဘူးပေါ့လေ ခွေးတွေမီးရှိ့ကုန်ပြီ)။  လူထုနဲ့ဆိုင်တဲ့ပစ္စည်း လူထုကိုပြန်အပ်ဖို့လိုတယ် လူထုကိုကိုယ်စားပြုနိုင်တဲ့ အစိုးရကိုပြန်အပ်ဖို့လိုတယ်။ ကျနော်တ်ို့စုပေါင်းအားနဲ့သာ အောင်ပွဲခံနိုင်မှာဖြစ်လို့ စုရအောင် စည်းရအောင် စုပြီးစည်းပြီးပြီဆိုရင်တော့ အကြမ်းဖက်စကစကို ဆော်ပလော်တီးရအောင်။ လူထုဒုက္ခခရီးတိုတောင် ကျနော်တို့လက်နက်စွဲကိုင်တော်လှန်ရေးအဖွဲ့တွေ တာဝန်ကျေကြရအောင်။         ။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 15:23


တပ်မတော်နှင့်မျိုးချစ်များ၏ တရားသောစစ်အောင်မြင်ရေး ပြည်သူတစ်ရပ်လုံး ဝန်းရံပေးရန် စစ်ခေါင်းဆောင် စည်းရုံးတိုက်တွန်း

ဇန်နဝါရီလ ၄ ရက်

မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင် ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာဝန်းရံပေးကြရန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူလူထုကို စည်းရုံးပြောဆို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်၍ အနိုင်ကျင့်ဗိုလ်ကျမှုများသည် လွတ်လပ် ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးစေနိုင်သောကြောင့် တပ်မတော်နှင့် မျိုးချစ် ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန်လိုသည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုူင်က  သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

" 'နွားကွဲလျှင် ကျားဆွဲ' ဟူသောစကားပုံရှိပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက် ရှိကြသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့်  အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်မှုများသည် နိုင်ငံတော်ကို အားအင်ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်ပါသည်။  အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေရေးအတွက် မြန်မာ့ တပ်မတော်နှင့် မျိုးချစ်ပြည်သူများက   ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေး အတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် လိုအပ်ပါသည်" ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ” (We are Myanmar) ဟူ သော စိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီ ညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချ ဆောင်ရွက်ကြရပါမည်ဟုလည်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်၊ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်လည်း ဆက်လက်ပြောဆိုထားသည်။

ထို့ပြင်စစ်ခေါင်းဆောင်က “စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်" ဟု ၎င်း၏ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားထားသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 15:22


︎​ကဗျာ

'ငါ့အလံတော်’

◼️ ယောနသံ

တစ်ယောက်အကြောင်း
ပြောလို့ မပြီးသေးဘူး
နောက်တစ်ယောက်ရဲ့
နာ‌ရေး သတင်းကို ကြားရ။

တစ်ယောက်အကြောင်း
ရေးလို့ မပြီးသေးဘူး
နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို
ပြန်လည် ရှာ‌ဖွေရ။

မပြောဖြစ်လိုက်တဲ့ စကားတွေ
မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ
မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ
မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ

ဖွင့်ဟ ဝန်မခံမိခဲ့တဲ့
ချစ်ခြင်းတရားတွေ
တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့
ကဗျာတွေ။

မနက်ဖန်ဆိုတာ
မရောက်သေးပါဘူးကွာလို့ ပြောရင်း
မနက်ဖန်ကို
တကယ်ရောက်မသွားကြတဲ့ သူငယ်ချင်းတွေ။

ငါ့ကို
အရှင် လတ်လတ်ကြီး
ငရဲမှာ
ပစ်ချ ထားခဲ့ ပါပေါ့။

အသက်ကို
ရှည်အောင် မွေးမြူဖို့ခက်တော့
ဆံပင်ကိုပဲ
ရှည်အောင် မွေးမြူရတယ်။

သေရင် ကျန်ခဲ့တာ ဆံပင်တွေပဲ ရှိတယ်။

ငါ့ ဆံပင်ဟာ
ငါ့ အလံတော်ပဲ။

၁၄.၁၁.၂၀၂၄
(တမလွန်က သူငယ်ချင်းများသို့)

(The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ '​ယောနသံ' ရဲ့ "ငါ့အလံ​တော် '' ကဗျာကို
People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc  မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

Mandalay Police CDM Fighter

04 Jan, 15:10


စစ်အုပ်စုသည် မည့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ် ဆိုသည်အကြောင်း နိုင်ငံတကာကို တစိုက်မတ်မတ် အသိပေးပြောဆိုနေသည့် Defend Myanmar Democracy အဖွဲ့ကလည်း ချက် ပါလီမန် နိုင်ငံခြားရေးကော်မတီ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းစကားပါး ဖော်ပြခဲ့သည်။

Defend Myanmar Democracy မှ နော်အောင်က “မြန်မာ့ဒီမိုကရေစီရေးအတွက် အမတန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေပေါ့ဗျာ၊ ကျွန်တော်တို့အတွက်တော့ ခရစ်စမတ်လက်ဆောင်ပေါ့ ..၊ ချက်သမ္မတနိုင်ငံနဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြာပါပြီ။ လက်ရှိမှာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချက် အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ စစ်အုပ်စုကို နိုင်ငံတကာ ဘယ်စင်မြင့်မှာမှ နေရာမရအောင် ချက်က မိတ်ဆွေများနဲ့ ပူးပေါင်းပြီး အရှိန်မြှင့်တင်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ပုံစာ- (၁)ချက်သမ္မတနိုင်ငံ ပါလီမန်လွှတ်တော်အတွင်း တွေ့ရသော လွှတ်တော်အမတ် မစ္စစ်ဂျာမီလာလက်ဗ်ကို (ဘယ်ဘက်မှ တတိယ)နှင့် NUG ကိုယ်စားလှယ် ဦးလင်းသန့်
(၂) NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ တိုင်းရင်းသား ERO ကိုယ်စားလှယ်များနှင့်  ချက်နိုင်ငံခြားရေးဝန်ကြီး Jan Lipavsky တို့ Forum 2000 တွင် တွေ့ဆုံခဲ့စဥ်
(၃) ပရာ့ဂ်မြို့ရှိ သံရုံးများပွဲတော်အတွင်း မြန်မာစစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံမှ မကြိုဆိုကြောင်း ချက် တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးဆိုင်ခန်းရှေ့တွင် ဆန္ဒပြခဲ့စဥ်။
(၄) Defend Myanmar Democracy Facebook Page

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 15:10


Khit Thit Media:
စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို  အတုအ‌ယောင်ရွေး‌ကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ

ရန်ကုန်၊ ဇန်နဝါရီ ၄

ချက်သမ္မတနိုင်ငံ၊ ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့ဒီမိုကရေစီအင်အားစုများအပေါ် ထောက်ခံမှုနှင့်ပတ်သက်သော သိသာထင်ရှားသည့် ဆုံးဖြတ်ချက်နှစ်ခုကို ပြီးခဲ့သည့်ခရစ္စမတ်မတိုင်မှီကာလအတွင်း ချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်များအတွင်း အဓိကအချက်အနေဖြင့် စစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံအတွင်းရှိ တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန်နှင့် စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို အသိမှတ် မပြုရန် တို့ပါဝင်သည်။

“ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးမှာ ဒီမိုကရက်တစ်အင်အားစုတွေဆိုတာ အဖြစ်အပျက်တွေနဲ့ လူသားတွေအပေါ် စာနာနားလည်တဲ့ ချဉ်းကပ်မှုကို ကိုယ်စားပြုတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့‌အနေနဲ့ ကိုယ့်ကိုကိုယ်သာမက တခြားသူတွေကိုပါ ဂရုပြုသင့်ပါတယ်၊ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ စွဲမြဲနေတဲ့တိုင်းပြည်အတွက် လွတ်လပ်မှုကို အားဖြည့်ပေးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မထောက်ခံခဲ့တယ်” ဟု လွှတ်တော်အမတ် Ing. Jarmila Levko ဆိုသည်။ သူမသည် ကော်မတီတွင်း ဆုံးဖြတ်ချက်များ စတင်ဆောင်ရွက်သူဖြစ်သည်။

ချက် ပါလီမန် နိုင်ငံခြားရေးရာကော်မတီ၏ ဆုံးဖြတ်ချက်များအတွင်း အောက်ပါတို့သည် အဓိကအချက်များအနေဖြင့် ပါဝင်သည်။
- ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် ပရာ့ဂ် မြန်မာသံရုံးမှကိုယ်စားလှယ်များအပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်များအား တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန် ချက်နိုင်ငံအာဏာပိုင်များအား ပြင်းထန်စွာ တိုက်တွန်းနိုးဆော်သည်။ စစ်ကောင်စီ၏ တရားဝင်မှု ရရှိရန် ကြိုးပမ်းဝါဒဖြန့်မှုများတွင် ထိုသို့သော အခမ်းအနား၊ အစည်းအဝေးများအား အလွဲသုံးစားပြုနေကြောင်းကို (၄င်းတို့အနေနှင့်) ကောင်းစွာသိရှိပြီးဖြစ်ကြောင်း ဖော်ပြသည်။

အထူးသဖြင့် မြန်မာ့အရေး အကျွမ်းတဝင်မရှိသေးသည့် ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ်တချို့နှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို အသုံးပြု၍ "ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ချက်သမ္မတနိုင်ငံသည် စစ်ကောင်စီ အုပ်ချုပ်မှုကို လက်ခံနေသဖွယ်"  ထင်ယောင်ထင်မှား ဖြစ်စေသော စစ်အုပ်စုကိုယ်စားလှယ်များ၏ လုပ်ကြံဝါဒဖြန့်‌နေမှုများကို ချက် ပါလီမန်အမတ်များက ကောင်းစွာသဘောပေါက်သိရှိကြောင်း ပြသသည်။

- ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အပါအဝင် စစ်ကောင်စီက စီစဥ်နေသော အတုအယောင်ရွေးကောက်ပွဲကို လက်မခံရန် သတိပေးခြင်း၊ အနောက်အုပ်စုနိုင်ငံများမှ နိုင်ငံရေးသမားများအား NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အားပေးခြင်း များပြုလုပ်တောင်းဆိုခဲ့သည်။

- ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ Václav Havel ၏ ချစ်ကြည်ရင်းနှီးမှုတွင် အမြစ်တွယ်ခဲ့သည့် ချက်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှည်လျားသော ချစ်ကြည်ရင်းနှီးမှု၊ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့ကို အလွန်အလေးထားကြောင်းကို ၎င်းတို့က ပြည်သူများအား ထပ်မံအသိပေးဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ချက်သမ္မတနိုင်ငံလွှတ်တော် ကိုယ်စားလှယ် Jarmila Levko နှင့် NUG အစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်၊  သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော သတင်းစကားပြောကြားခြင်း အစီအစဥ်တစ်ခုကို ချက်သမ္မတနိုင်ငံလွှတ်တော်၌ ကျင်းပခဲ့သည်။

“ဒီဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကြား စည်းရုံးလှုံ့ဆော် ဆွေးနွေးပြောဆိုနိုင်မှုတွေကရတဲ့ စံနမူနာတင်လောက်တဲ့ ရလဒ်တစ်ခုပါ” ဟု Ondřej Cakl (Integria NGO) က အဆိုပါတွေ့ဆုံခဲ့မှုအတွင်း ပြောကြားခဲ့သည်”

“ဒါဟာ ဒီမိုကရေစီတန်ဖိုးများအတွက် ကျွန်ုပ်တို့ရဲ့ထောက်ခံမှုကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုက်အဝန်းဆီ သတင်းစကားပေးခြင်းဖြစ်သလို၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ဒီလိုကိုယ်ချင်းစာနာမှုနှင့် အားကျလေးစားမှု သရုပ်သကန်တွေဟာ ဥရောပအလယ်ပိုင်းရှိ ကျွန်ုပ်တို့အတွက်လည်း ပြန်လည်လိုအပ်လာနေချိန်လည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

“မိမိထက် အဆမတန်ပိုမိုအားကောင်းတဲ့ ရန်သူကို ရင်ဆိုင်ဆန့်ကျင်တဲ့ မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကြိုးပမ်းမှုတွေနဲ့ တူညီတာဆိုလို့ လက်ရှိကမ္ဘာမှာ တစ်ခုပဲ ရှိပါတယ်၊ ဒါဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရုန်းကန်မှုပဲ” ဟု ကာလရှည် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blažević က ဆက်လက် ပြောကြားသည်။

“ချက်သမ္မတနိုင်ငံဟာ NUG ကိုယ်စားလှယ်တွေကို တရားဝင်ဖိတ်ကြားတဲ့ ပထမဆုံးနိုင်ငံဖြစ်တာကြောင့်၊ ချက် ဟာ ကျနော်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ထောက်ခံသူလို့ မှတ်ယူပါတယ်” ဟု ဦးလင်းသန့်က အကျဉ်းချုံး ပြောခဲ့သည်။

Mandalay Police CDM Fighter

04 Jan, 14:35


People's Spring:
ခမရ(၅၈၃)တပ်ရင်းကို PDFပူးပေါင်းတပ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးဟု တောင်ပိုင်းစစ်ဒေသ အသိပေး

ဟန်နွေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၈၃)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာ ၃၁ရက်တွင် ရေးမြို့နယ်၊ကျောင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ခမရ (၅၈၃)အတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။

“ အခုထိတော့ နှစ်ဖက်ဆိုင်ထားတုန်းပါ။ ပြည်သူအများစုနေထိုင်တဲ့ ကျောက်မီးကျောင်းရွာထဲ ကျူံလောင်းရွာဟောင်းစာသင်ကျောင်းထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်နေလို့ ကျနော်တို့ဒေါနတပ်ရင်းနှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှာ လက်နက်ကြီးအမြဲတမ်းပစ်နေတဲ့ခလရ (၅၈၃)တပ်ရင်းထဲကို ၆၀မမနဲ့သွားရောက်ပစ်ခတ်တာ”ဟု ဒေါနစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ်(၆)သင်တန်းဆင်းများဖြင့် စစ်ကောင်စီတပ်ရင်းများကို အင်အားဖြည့်တင်းထားသည်ဟု  ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။

ဒေါနစစ်ကြောင်းသည် မွန်၊ တနင်္သာရီဒေသတွင် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF တပ်ရင်းဖြစ်သည်။

(ခမရ(၅၈၃)တပ်ရင်းကို PDFပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

04 Jan, 14:16


ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ဇန်နဝါရီလ ၄ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထားဝယ်မြို့အတွင်းရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ၁ ကြိမ်၊ ဝန်ကြီးများ အိမ်ယာကို ၂ ကြိမ်၊ စကခ - ၈ ကို ၁ ကြိမ် တော်လှန်ရေူ တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ တိုက်ခိုက်ရေး ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF  Drone Team ၊ Ba Htoo Army ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် ရေဖြူ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 17:37


မိဘပြည်သူများအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေ အမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို့ အားတင်းထားကြပါစို့။ 💪💪💪

မိမိတို့ Mandalay Police CDM Fighter ဝိုင်းတော်သားများသည်လည်း  အန္တရာယ်များကြားမှ သတင်းများကို အချိန်နှင့်တပြေးညီ  ကြိုးပမ်းတင်ဆက်သွားမည်ဖြစ်ပါသည်။👨🏿‍💻👨🏿‍💻👨🏿‍💻

မိဘပြည်သူများအားလုံး ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး ကျန်းမာချမ်းသာကြပါစေလို့  Mandalay Police CDM Fighter ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါ့မည်ရှင်။ ❤️

Good night ♥️

Sweet Dreams 💞💞💞

▪️Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 17:08


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

Mandalay Police CDM Fighter

25 Dec, 15:49


နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နေအိမ်၊ ကားနှင့်ဆိုင်ကယ်များအပါအဝင် ပျက်စီးဆုံးရှုံးမှု များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ်၊ ကားနှင့်ဆိုင်ကယ်များအပါအဝင် ပျက်စီးဆုံးရှုံးမှု များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန် နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာပေါ်သို့ ဗုံးများကျဲချခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း ပွဲချင်း​ပြီး သေဆုံးပြီး ဦးအေးထွန်း၏ ဇနီး ဒေါ်စန်းယု ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ မမာမသီ အသက် ၄၅ နှစ်နှင့် မဒေါ တို့မှာလည်း ဒဏ်ရာများရရှိသဖြင့် ဆေးရုံတင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထို့ပြင် နေအိမ်များ ပျက်စီးဆုံးရှုံးအဖြစ် ဦးအေးထွန်း၏ နေအိမ်နှင့် ဦးအောင်မြိုင်၏အိမ်မှာ ဗုံးထိမှန်ပျက်စီးကြောင်း၊ လိုက်ထရပ်ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ဆီစက် ၁ လုံး၊ ထော်လာဂျီ ၁ စီး  ပျက်စီးကာ နွား ၃ ကောင် သေဆုံးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နွားထိုးကြီးမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 15:48


ချောင်းဦးတွင် ဆက်ကြေးကောက်ရန် ပြည်သူပိုင်ကားများကို ချောဆွဲပြီး လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဆက်ကြေးကောက်ရန် ပြည်သူပိုင်ကားများကို ချောဆွဲပြီး လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောင်းဦးမြို့နှင့် ငါးယှန်ရွာ အကြားရှိ သံလွင်မြန်မာ ဆီဆိုင် အနီးတွင် ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ရန် ချောင်းဦးမြို့ မိုးကောင်းကျောင်းအတွင်းမှ ပြည်သူပိုင်ကားများကို ချောဆွဲ၍ လက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၃၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် တောပုပျူစောထီးရွာမှ ရဲ ၁ ဦးလည်း ပါဝင်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကျန်ရှိသော စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

"လက်နက်တွေ မရလိုက်ပါဘူး။ စစ်ခွေး ၂ ကောင်က ခံပစ်လို့ လက်နက်တွေ မကောက်လိုက်ရပါဘူး။ ကျန်တော်တို့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ခရီးသွား ပြည်သူတွေ ကားဆရာတွေ စစ်ခွေးတွေ နဲ့အတတ်နိုင်ဆုံး ရှောင်ပြီး မောင်း‌ပေးကြဖို့ ပြီးတော့ ပစ်ခတ်သံတွေ လက်နက်ကြီးအသံတွေကြားရင် အကာကွယ်ရှိတဲ့နေရာမှာ နေကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု Farmers Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၈ နှင့် ‌‌မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေး CDSOM ဗိုလ်စင်္ကြာစစ်‌ကြောင်းတို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ပြီး ချောင်းဦးမြို့ ပေါက်အင်းစိုက်ကွင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများဖြင့် တရစပ် ပစ်ခတ်ခဲ့ကာ ချောင်းဦးမြို့ ခရေဖြူဂိတ်မှ စစ်ကောင်စီ တပ်သားများ စစ်ကူရောက်ရှိလာ၍ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 14:22


နတ်မောက်တွင် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ဥယျာဥ်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့် အကွာတွင် ဆိတ်ကြောင်း နေသော ရုံးပင်ကွက်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်ဆန်း အသက် ၆၀ ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောထဲတွင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းပေါ်တွင် ဘထ္ထရီ ၀ါယာကြိုးများဖြင့် မိုင်းဆင်ထားခဲ့ခြင်းကြောင့် ပြည်သူများ လက်ရှိချိန်ထိ အလောင်းလာကောက် နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ ဆက်လက် စစ်ကြောင်းထိုးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"ရုပ်အလောင်းက အခုထိ မကောက်နိုင်သေးဘူး အကို စစ်ခွေးတွေက အလောင်းမှာ မိုင်းတွေဆင်ထားခဲ့တယ်။ ဥယျာဥ်ကျေးရွာ အနီးက တော်စပ်မှာ ဆိတ်ကြောင်းနေသော ရုံးပင်ကွက်ကျေးရွာသား  ဦးမောင်ဆန်းကို အကြောင်းမဲ့ သက်ဖြတ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဘထ္ထရီ ၀ါယာကြိုးတွေနဲ့ မိုင်းဆင်ထားတာ ရုပ်အလောင်းနားကိုလည်း ဘယ်သူမှ မကပ်ရဲသေးဘူး" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 13:44


အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန်အတွက် မသန့်ရှင်းသော အစားအစာများအစားရန်၊ သန့်ရှင်းသောရေသောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်နှင့် ယင်လုံအိမ်သာသုံးရန် အပါ အဝင် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။

ဓာတ်ပုံ - WHO

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 13:44


ထိုင်းနယ်စပ်နှင့် မြန်မာပြည်တွင်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုတိုးနေသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက တုံ့ပြန်မှုမရှိ

ဒီဇင်ဘာလ ၂၅ ရက်

မြန်မာပြည်တွင်းနှင့် ထိုင်းနယ်စပ်မြို့တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ဦးရေတိုးပွား နေသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကုသကာကွယ်ရန်နှင့် ဆောင်ရွက်ရမည့် အစီအစဉ်များကို တုံ့ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံအချို့တွင်ကူးစက်မှုမြင့်တက်နေသော နိုရိုဗိုင်းရပ်စ်နှင့် ရောဂါလက္ခဏာ ဆင်တူသော ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာသဖြင့် ယင်းဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုအဖြစ် သံသယရှိနေကြောင်း မြန်မာ- ထိုင်းနယ်စပ်တွင် နေထိုင်သူများထံက သိရသည်။

လက်ရှိတွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ လောင်းကစားနယ်မြေရွှေကုက္ကိုမြို့သစ်တွင် ကာလ ဝမ်းရောဂါ ကူးစက်မှုမြင့်တက်နေပြီး ကူးစက်ခံရသူဦးရေ ၃၀၀ ကျော်ရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ ရွှေက္ကိုနယ်မြေတွင် လူဦးရေထူထပ်များပြားမှု၊ အမှိုက်သရိုက်များပေါများမှုအပါအဝင် ဆေးဝါး ရရှိမှုအခက်အခဲများကြောင့် ကာလဝမ်းရောဂါဖြစ်ပွားရကြောင်း မြန်မာ - ထိုင်းနယ်စပ် မဲဆောက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“(မဲဆောက်မှာ)မနေ့က မူကြိုကျောင်းတစ်ကျောင်းက ကလေးပဲ။ ကျောင်းကိုအလာမှာ ကျောင်းကား ပေါ်မှာ ဝမ်းတွေသွားလာလို့ ဘောင်းဘီတွေပေကျံပြီးကျောင်းရောက်လာတယ်။  အဲဒါတွေက စိတ်ပူစရာပဲ။ ပေတာတွေကိုအင်္ကျီနဲ့သုတ်လိုက်ပြီး အစားအသောက်စားမယ်ဆိုစိတ်ပူစရာပဲ။ အဲဒီ ကလေးကို ချက်ချင်းပဲ မယ်တော်ဆေးခန်းပို့လိုက်တယ်ထင်တယ်” ဟု အဆိုပါအမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။

မြန်မာ - ထိုင်းနယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်လာချိန်တွင် ထိုင်းလူမျိုးများထက် မြန်မာလူမျိုးများအတွက်ကို ပိုစိတ်ပူမိကြောင်း၊ စားသောက်ဆိုင်မှားညစ်ပတ်မှုနှင့် စည်းကမ်းမရှိ စွန့်ပစ်အမှိုက်များပစ်မှုကြောင့် ရောဂါကူးစက်နိုင်ကြောင်း မဲဆောက်တွင်နေထိုင်သူ ရွှေပြောင်းမြန်မာ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ မြန်မာပြည်အခြမ်း ၁၃ ဂိတ်တို့ ၁၀ ဂိတ်တို့နေရာတွေမှာ အမှိုက်တွေအများကြီးပဲ။ ထိုင်းတွေက မြစ်ထဲ အမှိုက်မထည့်ဘူး။ ထိုင်းတွေကသူတို့ စားသောက်ဆိုင်ပဲစားတယ်။ အဓိက ဗမာဆိုင်ပဲ။ အံ့ဩစရာ ကောင်းတာက ဗမာတွေကမဲဆောက်မှာနေတာနှစ်ကြာနေပြီ။ အစားအသောက် ရောင်းတာ လည်းအတုမခိုးဘူး။ ဗမာဆိုင်တွေက ညစ်ပက်တယ်။ ထိုင်းမရှိတဲ့ ဗမာရပ်ကွက်မှာဆို အမှိုက်တွေပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ကာလဝမ်းရောဂါဖြစ်ပွားသူ မြန်မာများအတွက် ထိုင်းအစိုးရကလိုအပ်သည့် ဆေးဝါးများ ကူညီပေးခြင်း၊ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးလမ်းညွှန်ချက်များဆောင်ရွက်နေကြောင်းသိရသည်။

ထို့ပြင်  ရောဂါခံစားနေရသူ ၂၄၀၀ အတွက် ကာလဝမ်းရောဂါကုသဆေး ၂၄၀၀၀ နှင့် ကာလဝမ်းရောဂါ ကာကွယ်ဆေး ၁၄၈၂ does တို့ကို Mae Ramat ဆေးရုံသို့ထောက်ပံ့ထားကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၊ လပွတ္တာနှင့် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်းနှင့်  မြန်မာ - ထိုင်းနယ်စပ်ရှိ ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ အသိပေးထုတ်ပြန်ထားခြင်းမရှိပေ။

“ဝမ်းပျက်ဝမ်းရောဂါတွေဖြစ်နေတုန်းပဲ။ ကလေးတွေအများကြီးဖြစ်နေတယ်ကြားတယ်။ နိုရိုဗိုင်း ရပ်စ်နဲ့ ရောဂါလက္ခဏတူနေတာတွေ့ စိတ်ပူနေကြတယ်။ အခုဖြစ်နေတဲ့ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ နိုဗိုဗိုင်းရပ်စပ်ဆက်လား။ အဲဒီရောဂါပိုးလားဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှသိရမယ် ” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နှင့် ရခိုင်ပြည်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား‌နေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသော် လည်း ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကိုမူထုတ်ပြန်ခြင်းထားခြင်း မရှိသည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်းတွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်သူဦးရေ ၂၀၅ ဦး၊ မန္တလေးတိုင်းတွင် ၁၇၇ ဦးနှင့် မွန်ပြည်တွင် ၂၆ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်နေ့အထိထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစကာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ စတင်ကာ ကာလဝမ်းရောဂါနှင့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်နှင့်မန္တလေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယပတ်က  ကာလဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေး ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပေး ကြေညာထားခြင်းမရှိပေ။

Mandalay Police CDM Fighter

25 Dec, 13:42


ရန်ကုန်၊ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦးနှင့် ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး အလင်းဝင်

ဒီဇင်ဘာလ ၂၅ ရက်

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တို့မှ အတင်း အဓမ္မ စစ်မှုထမ်း စုစောင်းခံရသူ ၂ ဦး အလင်း ဝင်ရောက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မလဝန်းက ရန်ကုန်ခေတ်သစ်မီ သတင်းဌာထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကော့မှူးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့မှ အတင်း အဓမ္မ စစ်မှုထမ်း စုစောင်းခံရသူ ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိဘဲ  တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက် ခဲ့သူ ၂ ဦးသည် ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ မှ စစ်မှုထမ်း သင်တန်းဆင်းလာသူများဖြစ်ကြောင်း သိရှိရသည်။

"လက်ရှိမှာ အလင်းဝင်လာသူ နှစ်ယောက်ကို သေချာစွာ စစ်ဆေး မေးမြန်းပြီး သူတို့ရဲ့ လုံခြုံရေး၊ နေရေး၊ စားရေးတွေကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်မှုနဲ့ ထိန်းသိမ်း ဆောင်ရွက်ထားပါတယ်" ဟု တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မလဝန်းက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ မြို့မရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ် ရဲတပ်သား ထန်းဖေသည် မိသားစုနှင့်အတူ သေနတ် ၁ လက် ယူဆောင်၍ အလင်းဝင်ရောက်ခဲ့သောကြောင့် ဂုဏ်ပြုဆုငွေ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) နှင့် အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၂ / ၄ / ၁၀) တပ်ရင်းကို ထီးလင်းမြို့ မြို့မရဲစခန်းမှ ရဲတပ်သား ထန်းဖေသည် မိသားစုနှင့် အတူ G-3 သေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂ ဘောက် ၊ 7.62 ကျည် ၁၉၄ တောင့်နှင့် အတူအလင်းဝင်ရောက်ခဲ့သဖြင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ကျပ်တိတိ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်မှ CDM ပြုလုပ်လိုသော စစ်ကောင်စီတပ်သားများ အချိန်မှီ အမြန်ဆုံး CDM ပြုလုပ်ပါက ကြိုဆိုမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

25 Dec, 13:41


ကျုံပျော်တွင် ကုန်တင်ကားများနှင့် Light truck ကားများကို ရခိုင်ရှိ စစ်ကောင်စီတပ်ထံ ရိက္ခာ ပို့ဆောင်ရန်အတွက် အဓမ္မ လက်မှတ်ထိုးခိုင်း

ဒီဇင်ဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီက ကုန်တင်ကားများနှင့် Light truck ကားပိုင်ရှင်များကို ရခိုင်ရှိ စစ်ကောင်စီတပ်ထံ ရိက္ခာပို့ဆောင်ရန်အဓမ္မ လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။

ကျုံပျော်မြို့ရှိ ခလရ ၃၆ မှ စစ်ကောင်စီတပ်က  ကုန်တင်ကား၊ Light truck ကားပိုင်ရှင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက   ဧရာမင်းခန်းမသို့ အစည်းအဝေးခေါ်ဆောင်ကာ လက်မှတ် ရေးထိုးခိုင်းကြောင်း ဒေသခံများထံက သိရသည်။

“ကားသမားအများစုကတော့ ဘယ်ကျေနပ်ကြပါ့မလဲ၊ ရခိုင်မှာက ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ။ တချို့က ကြောက်တော့ ငြိမ်နေကြရတာပေါ့။ ငွေညှစ်ချင်တဲ့ ပုံစံမျိုးလည်းပါတယ်။ ပိုက်ဆံလည်း ဘယ်သူမှ မထည့်ချင်ကြဘူး”ဟု ကျုံပျော်မြို့ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သို့သော်လည်း ကုန်တင်ကားနှင့် Light truck ကားပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ရိက္ခာ ပို့ဆောင်ရန် လက်မှတ်ထိုးခိုင်းရာ အချို့တစ်ဝက်သာ လက်မှတ်ထိုးသည့်အတွက် နောက်တစ်ကြိမ် အစည်းအဝေး ခေါ်ယူမည်သိရကြောင်း ကျုံပျော်မြို့ခံများကဆိုသည်။

"အစည်းအဝေးမှာ အများစု ကျေနပ်မှုမရှိကြဘူး။ ကားဝယ်ပေးမယ် ကိုယ့်ဟာကိုယ်မောင်းဆိုပြီး အစည်းအဝေးမှာ ပြောကြတယ်။ အဲ့ကိစ္စကိုလည်း  ပြန်စဥ်းစားမယ်ဆိုပြီး အစည်းအဝေးထပ်ခေါ်မှာ"ဟု ကျုံပျော်မြို့ခံက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ် ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း ရခိုင် သတင်းရင်းမြစ်များထံက သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ရင်းများကိုမူ စစ်အင်အား လက်နက် ရိက္ခာများပို့ဆောင်လျက်ရှိပြီး ခံစစ်ပြင်ဆင်ထားကြောင်း ရခိုင်ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ရခိုင်ရှိ စစ်ကောင်စီတပ်ထံ ရိက္ခာပို့ဆောင်ရမည့် ကျုံပျော်မြို့ရှိ Light truck ကားအား မြင်တွေ့ရစဥ်

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 12:39


People's Spring:
အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် နှစ်ဦးသေ

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဆိုင်ကယ်များဖြင့်လာသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲ့ယမ်းအချို့ရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)မှ ဆိုင်ကယ်လေးစီးဖြင့်လာသည့် စစ်ကောင်စီတပ်သားများအား စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

"ဆိုင်ကယ်လေးစီး စကစ (၈)ယောက်။ အဲဒီစကစ ဆိုင်ကယ်တွေတက်လာတာကို ရှေ့ကနေစောင့်ပစ်တာပါ"ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၈ မိနစ်ခန့်ကြာမြင့်ပြီး ထိခိုက်သေဆုံးမှုမရှိဘဲကျန်နေသည့် စစ်ကောင်စီတပ်သားများမှာ ၎င်းတို့၏ဆိုင်ကယ်များဖြင့် ခလရ(၆)တပ်ဝန်းအတွင်းသို့ ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ၎င်းတို့ကျန်ရစ်ခဲ့သော MA3 သေနတ်အသစ်တစ်လက်နှင့် ကျည်များအပါအဝင် ခမရ(၆)တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက အသိပေးသည်။

ယခုစစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးအား လေးစားစွာ မှတ်တမ်းတင်အပ်ပြီး ဆက်လက်၍လည်း  စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်သားများထံမှရရှိခဲ့သော လက်နက်ခဲ့ယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − ပေးပို့)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 12:38


ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လည် နေထိုင်ရန် စစ်တပ်က ခြိမ်းခြောက် ခေါ်ဆောင်နေပြီး နေရပ်ပြန်လာသည့် ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လည် နေထိုင်ရန် အကြမ်းဖက် စစ်တပ်က ခြိမ်းခြောက် ခေါ်ဆောင်နေပြီး နေရပ်ပြန်လာသည့် ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လာနေထိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီ လော်ဘီ များက Facebook Page များတွင် ပြည်သူများကို ခြိမ်းခြောက်၍ ပြန်လည် ခေါ်ဆောင်နေခြင်းဖြစ်ပြီး လာရောက်ခြင်းမရှိသူများကို PDF ထောက်ပို့ဟု သတ်မှတ်၍ ကျေးရွာများကို နေ့စဉ် လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်မည်ဟု ရေသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လော်ဘီများ၏ ခြိမ်းခြောက်မှုများကြောင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေအိမ်သို့ ပစ္စည်းပြန်လာယူသည့် ပူချယ်ကျေးရွာမှ အမျိုးသား ၁ ဦးသည် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

"ပူချယ်ကျေးရွာမှာ မြေမြုပ်မိုင်းနင်းမိတာပါ။ အိမ်ပြန်နေလို့ရပြီလို့ စစ်ခွေးက ပြောတာကြာပြီ မနေ့ကမှ အိမ်မှာ ပစ္စည်းတစ်ခုပြန်ယူမယ်ဆိုပြီး ပြန်လိုက်တာကနေ သူ့အိမ်ရှေ့ လှေကားအနီးမှာ မိုင်းနင်းမိတာ အူတွေ ထွက်ကုန်ပြီး ပွဲချင်းပြီးသေသွားတယ်။ ပြည်သူတွေက ပြန်လို့ရတယ်ဆိုပြီး ပစ္စည်းပြန်ယူမယ်ဆိုပြီးတော့ပြန်တာ မိုင်းနင်းမိတယ်လို့ပဲ ကြားမိတယ်" ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တက်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လက်နက်ကြီး၊ လေယာဉ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း၊ ကလေးသူငယ်များ ၊ အမျိုးသမီးများ အပါအဝင် ပြည်သူလူထု အပေါ် နိုင်ထက်စီးနင်းမှု ပြုလုပ်နေသော အကြမ်းဖက် စစ်တပ်တပ်မှ ဖယ်ခုံမြို့ကို ပြန်လာနေရန် ခေါ်ယူနေမှုအပေါ် ပြည်သူများမှ သတိနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်ကြရန်နှင့် အကြမ်းဖက် စစ်တပ်၏ ခြိမ်းခြောက်မှုအပေါ် ပြည်သူများမှလည်း သတိနှင့် သွားလာကြရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Photo - အကြမ်းဖက် စစ်တပ်က ထောင်ထားသော နင်းမိုင်းများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး ပြုလုပ်နေစဉ်

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 12:37


တောင်ကုတ်၊ ကမ်းဒေးရွာနှင့် မတ္တရာရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာအတွင်းရှိ စာသင်ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊  မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network က ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၉ မိနစ်ခန့်တွင် တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Photo Credit - APM

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 11:59


ဓနုဖြူမြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို မကွေးတိုင်းသို့ပို့ဆောင်

ဒီဇင်ဘာ ၆ ရက်

ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၈ တပ်တွင်ထားရှိသော ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားများကို ယခုလအစပိုင်းက မကွေးတိုင်းဘက်သို့ပို့ဆောင်လိုက်ကြောင်းသတင်းရရှိသည်။

ဓနုဖြူမြို့နယ်အပါအ၀င် တိုင်းအတွင်းမြိုနယ်များရှိ ရပ်ကွက်နှင့်ကျေးရွာများမှ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရပြီး သင်တန်း အပါတ်စဥ် ၅ တက်
ရောက်ထားသည့် လူငယ် ၆၀ ခန့်ကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

"မကွေးတိုင်းလို နေရာမျိုးကို သင်တန်း သုံးလလောက်တက်ထားတဲ့ အရပ်သားသာသာတွေပို့လိုက်တာ။ မပို့လို့ကလဲအင်အားကမရှိတော့ဘူး"ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပါတ်စဉ် ၆ သင်တန်းဆင်း တပ်သား၂၅၀ခန့်ကို တနသ်ာရီတိုင်းရှိ စစ်ကောင်စီတပ်များသို့ ပို့ဆောင်ခဲ့သည်။

ယခုစစ်ကောင်စီမှ စေလွှတ်ခြင်းခံရသော သင်တန်းဆင်းများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ ငွေပေးစေခိုင်းသူများ၊ အတင်းအကျပ် နံမည်စာရင်းထည့်ခံရသူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူများ ပါ၀င်ကြောင်း သိရှိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 10:36


People's Spring:
တန့်ယန်းမှကျားဖြန့်လုပ်ငန်းများ စစ်ကောင်စီနှင့် ၀ မထိန်းချုပ်ဟုဒေသခံများ ပြော

အိမ်သွင်/People's Spring

စစ်ကောင်စီနှင့် ဝ တပ်ဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ကျားဖျန့် ငွေလိမ်လုပ်ငန်းအများအပြားရှိနေပြီး ထိန်းချုပ်နိုခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာမှ နေအိမ်တစ်လုံးတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ ၄၅ဦးဖမ်းမိကြောင်း စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၆ရက်) ထုတ်ပြန်ထားပြီး ယင်းသတင်းသည် မြေပြင်အခြေအနေကိုမထင်ဟပ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

" တန့်ယန်းမှာ ကျားဖြန့်တွေ များမှများပဲ။ ဒါကို မျက်နှာလွှဲထားပြီး အနည်းအကျဉ်းပဲ ဖမ်းပြနေတာ။ ၀(UWSA)လည်း သိတယ်။ စစ်တပ်လည်း သိတယ်"ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌က
ဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တန့်ယန်းမြို့ကို စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်။ မူလက စစ်ကောင်စီသာ အုပ်ချုပ်နေရာမှ ပြီးခဲ့သည့်ဇွန်လက MNDAA၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့တိုက်ခိုက်သိမ်းပိုက်နေစဉ် ဒေသချင်းဆက်စပ်နေသော တန့်ယန်းမြို့ကို ဝ ကဝင်ရောက်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည်နိုဝင်ဘာကလည်း တန့်ယန်းမြို့မှ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သူ လူဦးရေ တစ်ထောင်ကျော်ကို ၀တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယင်းတို့အထဲမှ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်အစိုးရထံ  လွှဲပြောင်းပေးခဲ့သည်။ထိုသို့ လွှဲပြောင်းစဉ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများနှိမ်နှင်းနိုင်ပြီးစီးပြီဟု တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီနှင့် ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် တန့်ယန်းတွင် ကျားဖြန့်လုပ်ငန်းများထပ်မံဖမ်းမိခြင်းဖြစ်ပြီး အများအပြားနဲ့ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

" နိုင်ငံရေးကစားကြတာမှာ တန့်ယန်းလည်း ဘယ်ခွေးအဖေခေါ်ရမှန်းမသိတာ။ ၀ ကအုပ်ချုပ်သလိုလို၊ စစ်တပ်ကအုပ်ချုပ်သလိုလိုနဲ့။ ဒီကြားထဲမှာ တန့်ယန်းမှာက ကျားဖြန့်တွေ များလာတယ်။ လူစုံလာတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်းအပြင် မူဆယ်မြို့နယ်၊ ကရင်ပြည်နယ်မှ BGFနှင့် DKBA ထိန်းချုပ်ဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် ရန်ကုန်မြို့တို့တွင်လည်း ကျားဖြန့်လုပ်ငန်းများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

(တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို ဝတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်နေသည်ကို နိုဝင်ဘာ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - WSTV)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 10:35


အော်ရီဒူးမြန်မာ အရောင်းဌာနမှ နိုင်ငံခြားသား ၂ ဦးက မြန်မာဝန်ထမ်းများ အပေါ် မတရားဖိနှပ် ခိုင်းစေမှုများကို တိုင်ကြားသော်လည်း ကုမ္ပဏီက ဖြေရှင်းပေးခြင်းမရှိ၍ ILO ထံ တိုင်ကြားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၆

အော်ရီဒူးမြန်မာ အရောင်းဖြန့်ချိရေးဌာနမှ မြန်မာဝန်ထမ်းများကို အရောင်းဌာန၏ အကြီးအကဲ နိုင်ငံခြားသား ၂ ဦးက ဆဲဆိုကြိမ်းမောင်းခြင်း၊ နယ်မြေမလုံခြုံသည့် နေရာများကို အတင်းစေလွှတ်၍ ဈေးကွက်ရှာခိုင်းခြင်း အပါအဝင် မတရားဖိနှိပ် ခိုင်းစေမှုများကို ဝန်ထမ်းများက တိုင်ကြားသော်လည်း ကုမ္ပဏီက ဖြေရှင်းပေးခြင်းမရှိ၍ ILO ထံ တိုင်ကြားမည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

Ooredoo အရောင်းဌာန၏ အကြီးအကဲဖြစ်သည့် Mr Shouvik Ray နှင့် Mr. Vinay တို့သည့် မြန်မာဝန်ထမ်းများအပေါ်တွင် မီတင်များ၌ ဆဲဆိုကြိမ်းမောင်းခြင်း၊ ၎င်းတို့ ခိုင်းစေသည့် အတိုင်း ဆောင်ရွက်ပေးခြင်းမရှိပါက အလုပ်မှ ထွက်ခိုင်းခြင်း၊ အရောင်းဝန်ထမ်းများအပေါ်တွင် ဘက်လိုက်စွာ ဆက်ဆံအုပ်ချုပ်ခြင်း၊ ဝန်ထမ်းများ၏ ပြောဆိုဖြေရှင်းချက်များကို နားလည် စဉ်းစားပေးမှုမရှိခြင်း၊ ဝန်ထမ်းလုံခြုံရေးကို အလေးမထားဘဲ နယ်မြေမငြိမ်သက်သည့် နေရာဒေသများသို့ သွားရောက်၍ ဈေးကွက်ရှာခိုင်းခြင်း၊ ဈေးကွက်အတွင်း မဖြစ်နိုင်သည့် Target များချပေးကာ မတရားခြိမ်းခြောက်ခိုင်းစေခြင်းများ လုပ်ဆောင်နေသည့်အပြင် Target အကြောင်းပြ၍ ဝန်ထမ်းများကို အလုပ်မှ ထွက်ခိုင်းခြင်းများ စသည်တို့ ကျူးလွန်နေကြောင်း သိရှိရသည်။

ထို့ပြင် ကိုယ်စားလှယ်များ ရရှိမည့် အကျိုးခံစားခွင့်များလည်း မရရှိသည့်အခါတွင်လည်း သက်ဆိုင်ရာ အရောင်းဝန်ထမ်းများကသာ တာဝန်ယူ တာဝန်ခံ၍ ဖြေရှင်းပေးနေရပြီး ဝန်ထမ်းများ တာဝန်ယူဖြေရှင်းပေးရသည့် ပမာဏများလာသည့်အခါတွင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ရသည့် အဖြစ်များလည်း ကြုံတွေ့နေရကြောင်း Ooredoo မြန်မာမှ အရောင်းဝန်ထမ်များက ပြောဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အထက်လူကြီးများသို့ တိုင်ကြားခြင်းများ လုပ်ဆောင်သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ အခြေအနေမှာ ပို၍ ဆိုးလာကြောင်း၊ ဝန်ထမ်းများမှာ အလုပ်အကိုင်ဆုံးရှုံးမည်ကို စိုးရိမ်၍ နည်းမျိုးစုံဖြင့် ကြိုးစားလုပ်ဆောင်နေကြရကြောင်း သိရှိရသည်။

လက်ရှိတွင် Ooredoo မှ အရောင်းဝန်ထမ်းများက မတရားဖိနှိပ်ခိုင်းစေနေသည့် အိန္ဒိယနိုင်ငံသားများ ဖြစ်သည့် Mr Shouvik Ray နှင့် Mr. Vinay တို့ကို အရေးယူပေးရန်၊ မတရားဖိနှိပ်မှုကို မျက်ကွယ်ပြုထားကာ ဖြေရှင်းပေးခြင်းမရှိသည့် အထက်အရာရှိများနှင့် နိုင်ငံခြားသားများကို အရေးယူပေးရန်၊ သင့်တော်သည့် အရောင်း Target များကို ချမှတ်ပေးရန် ထပ်မံ၍ ကုမ္ပဏီ၏ အကြီးအကဲများကို တောင်းဆိုထားကြောင်း Ooredoo မြန်မာမှ အရောင်းဝန်ထမ်များက ပြောကြားသည်။

တောင်းဆိုချက်များကို အချိန်မီ ဆောင်ရွက်ပေးခြင်းမရှိပါက ဝန်ထမ်းများက မြန်မာနိုင်ငံအလုပ်သမားရေးရာဌာနအပြင် နိုင်ငံခြားသားများနှင့် သက်ဆိုင်နေ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO သို့သာ သက်သေအထောက်အထားများနှင့် အတူတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 10:34


People's Spring:
၈၈အရေးအခင်းကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးတာဝန်ယူခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမြတ်စံ ကွယ်လွန်

အိမ်သွင်/People's Spring

၈၈အရေးအခင်းကာလတွင် ဒီချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး တာဝန်ယူခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်စံ ယနေ့နံနက်ပိုင်းတွင် နှလုံးအမောဖောက်၍ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

မိတ်ဆွေအပေါင်းအသင်းများကြား လူချစ်လူခင်ပေါ်များသည့် ကိုမြတ်စံသည် စိန့်ပေါလ်ကျောင်းသားဟောင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၅၉)နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ယ‌နေ့ (ဒီဇင်ဘာ ၆ရက်) နံနက် ၆နာရီခွဲတွင် ရန်ကုန်မြို့နေအိမ်၌  နှလုံးအမောဖောက်၍ ကွယ်လွန်သွားခြင်းဟု ကိုမြတ်စံ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

" ထောင်ထဲက ဒဏ်တွေလေဗျာ။ သူ ထောင်နှစ်ရှည်နေခဲ့ရတာ။ လွတ်ကာနီးမှ ထပ်ပြီး အမှုတွေတိုးပြီး‌ ထောင်ထပ်ချခံခဲ့ရတာ"ဟု ကိုမြတ်စံ၏မိတ်ဆွေက ပြောသည်။

၈၈ အရေးအခင်းကာလတွင် ဒီချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လူထုနှင့်တွေ့ဆုံပွဲများတွင် လုံခြုံရေးယူရန်အတွက် ဖွဲ့စည်းခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့တွင် ကိုမြတ်စံကဦးဆောင်ပါဝင်ခဲ့သည်။

ယင်းအချိန် စစ်အစိုးရက ကိုမြတ်စံကို ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။ ပြန်လွတ်မြောက်လာချိန်၌ ခါးနာဝေဒနာနှင့် အခြားအသေးစားကျန်းမာရေးချို့ယွင်းများရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကိုမြတ်စံ၏ မိတ်ဆွေဖြစ်သော တေးရေးဆရာနိုင်မြန်မာက" မြတ်စံရေ ဒါငါတို့သွားရမယ့်လမ်းလား။
ငါတို့ကို မသိချင်ယောင်ဆောင်နေတဲ့ နိုင်ငံတော်ကြီးကို လှည့်ကြည့်မနေပါနဲ့တော့ကွာ။ မင်းသွားစရာရှိတဲ့အရပ်ကိုသာ သွားပါတော့ငါ့ညီရေ။ ဘာများလွမ်းစရာရှိလို့လည်းကွာ။ နာစရာတွေနဲ့ဒင်းကြမ်းပြည့်နေတဲ့ နိုင်ငံကြီးပါကွာ"ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကိုမြတ်စံကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမြအေးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

(ကွယ်လွန်သွားသူ ကိုမြတ်စံအား တွေ့ရစဉ်။ ဓာတ်ပုံ − Mya Aye/ FB)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

06 Dec, 10:33


■ တောင်ကုတ် ကမ်းဒေးရွာ ဗုံးကြဲခံရ၍ စာသင်ကျောင်းပျက်စီး

Western News| ဒီဇင်ဘာ ၆

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့၍ စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က ဂျက်ဖိုက်တာ ၁ စီးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အရပ်သားထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးသော်လည်း ကျေးရွာရှိ စာသင်ကျောင်းမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် ဆေးရုံဆေးခန်း၊ စာသင်ကျောင်း စသဖြင့် အများပြည်သူအသုံးပြုရာ အဆောက်အဦးများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ပုံစာ - စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာက စာသင်ကျောင်း။ (ဓါတ်ပုံ - APM)

#WesternNews #WN #တောင်ကုတ် #ဗုံးကြဲခံရ #စာသင်ကျောင်းပျက်စီး #ဂျက်ဖိုက်တာ

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 11:49


︎ကဗျာ

"စွန့်စားဟေးလ်ဒါ"

-ရွက်စိမ်း

အစက်အပြောက်မှာလည်း ကလုန်းရှိမှာပဲ။ ဒါဆိုရင် ဒီအစက်အပြောက်လည်း ကလုန်းပါပဲ။ ဘာတွေလျှောက်ဟန်ဆောင်နေနေတာလဲ စစ်တပ်အာဏာသိမ်းခံထားရတဲ့နိုင်ငံ။ မင်းပြောတဲ့ကျန်စစ်သား။ သပိတ်မှာဆို မင်းစောက်သံအကျယ်ဆုံး၊ မင်းအတက်ကြွဆုံး၊ မင်းထက်နီတာ နေပဲရှိတော့မယ်။ အခုတော့လည်း မင်းဘာလုပ်။ ကောမန့်စောက်ပိုတွေလည်း ဘယ်နားထားရမလဲ မသိမ်းထားဘူးလွှတ်ပစ်တော့မယ်။ စစ်အစိုးရလက်အောက်က ထိပ်တန်းကဗျာဆရာ ဆယ်ယောက်။ ယူကျူ့မှာငါကြည့်လိုက်ရတယ်။ ဒါပေမဲ့ပုံမှန်ယူကျူ့မဟုတ်ဘဲ ရေအောက်ထဲက ယူကျူ့။ ဒီစကားကို ကဗျာလိုရေးလိုက်တာဟာ နောက်ဆုံးမှာ ပန်ကာကိုဖွင့်လိုက်ရတယ် ကဗျာလိုဖြစ်မသွားခဲ့ရင်။

(The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ '​ရွက်စိမ်း'ရဲ့ "စွန့်စားဟေးလ်ဒါ"ကဗျာကို
People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc  မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

Mandalay Police CDM Fighter

01 Dec, 11:45


ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ် ရဲစခန်းကို Ar Lar Wa Ka LPDF နှင့် မဟာမိတ် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ မြောက်ယမားချောင်းအနီးတွင် ကြေးနီကား ယာဥ်တန်းကို Ar Lar Wa Ka LPDF တပ်ဖွဲ့က ရှေ့ထွက်များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကြေးနီသယ် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကု အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်တာက စစ်ခွေးတွေ ထိခိုက်မှုရှိနိုင်တယ်။ သေဆုံးမှုအရေအတွက်တော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ကြေးနီယာဉ်တန်းကတော့ လမ်းသွားလမ်းလာ ပြည်သူတွေကို ရှောင်ရှားပြီးတော့ မိုင်းခွဲ တိုက်ခိုက်ခဲ့တာဆိုတော့ စိတ်တိုင်းကျတော့မဖြစ်ခဲ့ဘူး။ ခရီးသွားပြည်သူတွေ မရှိတဲ့ အချိန် နောက်ဆုံးကားကိုပဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်ဘူး။ စစ်ခွေး ယာဉ်တန်းမဟုတ်တဲ့အတွက် ကားပျက်စီးတာလောက်ပဲဖြစ်နိုင်တယ်။ ခွေးကင်းပုန်းတွေကလည်း ရှိနေတော့ သေချာအတည်ပြုနိုင်ဖို့ ခက်ခဲခဲ့တယ်" ဟု Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို  Ar Lar Wa Ka LPDF နှင့် မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဒေသပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာလျှင် နယ်မြေအခြေအနေကို စုံစမ်းသွားလာကြရန်  Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Photo - အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရန် ရှေ့ထွက်မိုင်းများ တပ်ဆင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 10:52


မင်းလှတွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများကို ဥတစ်လုံးတောင်ပေါ်တွင် စစ်တပ်က စွန့်ပစ်ခဲ့ပြီး ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေ၍ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများကို ဥတစ်လုံးတောင်ပေါ်တွင် စစ်တပ်က စွန့်ပစ်ခဲ့ပြီး ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေ၍ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်ကို တက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းက မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်ကောင်စီ တပ်သားများက ပြန်လည် သယ်ဆောင်ခြင်းမရှိဘဲ ဥတစ်လုံးတောင်ပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း၊ ယမန့်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး စစ်သား အလောင်းများမှ ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေး မသာအလောင်းတွေ ပုပ်ပွနေပြီး ဥတစ်လုံးတောင် ချိုင့်ထဲနားမှာတွေ့တာ ပုပ်ဆော်တွေက တော်တော်နံပြီး ကားလမ်းကသွားရင်တောင် အနံ့မခံနိုင်အောင်ဖြစ်နေတယ်။ တချို့ အလောင်းတွေက အရိုးပဲတွေ့တယ်။  တောကောင်တွေဆွဲတာ ဖြစ်မယ်။ ရှင်းလင်းရေး လုပ်နေတဲ့ ရဲဘော်တွေတောင် အနံ့မခံနိုင်ဘူး။ တချို့က ခြေထောက်တွေ လက်တွေပဲ ကျန်တယ်။ စစ်ခွေး အလောင်းတချို့က မြေကြီးနဲ့ဖုံးပြီး သစ်ကိုင်းတွေနဲ့ အုပ်ထားတယ်။ အနံ့မခံနိုင် ဖြစ်ပြီး အနားသွားမရလို့ မှတ်တမ်း ဓာတ်ပုံတွေတောင် သိပ်မရိုက်နိုင်ဘူး" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 10:51


မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို သတင်းအတုများက ဟန့်တားဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို သတင်း အတုအယောင်များက ဟန့်တားဖျက်ဆီးနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ပြောဆိုသည်။

ယနေ့ ပြုလုပ်သည့် ၇၅ ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုပေးအပ်ပွဲတွင် ၎င်းက နိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေရ ခြင်းမှာ သတင်းအတု အယောင်များကြောင့် ဖြစ်သည်ဟု တရားခံရှာ ပြောဆိုသွားခြင်းဖြစ်သည်။

"ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို သတင်းအတုအယောင်တွေ အမုန်းစကားတွေ ကျင့်ဝတ်သိက္ခာမဲ့တဲ့ သတင်းအချက်အလက်တွေက ဟန့်တားဖျက်ဆီးလျက်ရှိနေပါတယ်။ တိုင်းရင်သားစည်းလုံးညီညွတ်မှုကိုလည်းပျက်စီးစေနိုင်ပါတယ်။ ကျနော်တို့အားလုံး မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်" ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က နိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ အကြမ်းဖက်ကြောင့်ဟုလည်းကောင်း၊ သတင်းမီဒီယာများကြောင့်ဟုလည်းကောင်း၊ NLD ပါတီ၏ မဲသမာမှုကြောင့်ဟု လည်းကောင်း မကြာခဏဆိုသလို ပြစ်တင် ပြောဆိုမှုများ လုပ်ဆောင်လေ့ရှိပြီး ၎င်း၏ စစ်အာဏာသိမ်းမှုကိုမူ အခြေခံဥပဒေအရ လုပ်ဆောင်သည်ဟု ကာကွယ်ပြောဆိုလေ့ရှိသည်။

အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က တပ်တွင်းနှင့် စစ်ကောင်စီအတွင်းမှ သတင်းအချက်အလက်များပေါက်ကြားနေမှုများကို တားဆီးနိုင်ရန် ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန်  အမိန့် ပေးခဲ့သည်။

ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင် မင်း အောင်လှိုင်က လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရန် အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာ အချက် အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေး ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ပေး ပြောဆိုသွားခဲ့ဖူးသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 10:50


People's Spring:
︎ရသစာတမ်းငယ်

"အိမ်လွမ်းသူ"

◼️မောင်မူ

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။ ပြီးတော့ အိမ်ပြန်ရမယ်၊ ငါ အိမ်ကိုပြန်ရမယ် ဆိုတဲ့အသံတွေက ကျနော့်ကိုယ်ထဲမှာ ပဲ့တင်ထပ်လာတယ်။ အား တစ်-ရာခိုင်နှုန်းပဲကျန်တဲ့ ဖုန်းတလုံးက သူ့အသက်ဓာတ်ကိုဆက်ဖို့ လျှပ်စစ်စွမ်းအင်ကို အသည်းအသန် လိုအပ်သလို ကျနော့်အသက်ဓာတ်ကိုဆက်ဖို့ အိမ်ရဲ့အငွေ့အသက်ကို အသည်းအသန် လိုအပ်နေပြီလို့ ခံစားလိုက်ရတယ်။

ကျနော့်ဦးနှောက်ထဲမှာ ဘယ်ကရောက်လာမှန်း မသိတဲ့အသံတွေ၊ အားလုံးက ဂူထဲဝင်သွားပြီး ပြန်ပြေးထွက်လာတဲ့ အက်ကွဲကွဲ ပဲ့တင်သံတွေလို ထပ်ခါတလဲလဲ။ ဆော်လမွန်ငါးတွေတောင် အချိန်တန်ရင် အိမ်ပြန်ကြတယ်မလားတဲ့။ သစ်ပင်က သူကြီးပြင်းဖို့ ခြေကုပ်ယူခဲ့ရတဲ့ မြေကြီးကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မလဲတဲ့။ အသံတွေ ဘယ်ကလာနေတာလဲ။ ဘယ်သူ ပြောနေတာလဲ။ အသံက ပြောသူမဲ့၊ ပြီးတော့ နားနဲ့ကြားရတာမဟုတ်ဘဲ နှလုံးသားနဲ့ ကြားနေရတာ။ ဘာလဲ၊ ဒါ ကျနော့်ကိုယ်ထဲက လာတဲ့အသံတွေလား။ ဘာလဲ၊ ငါ တကယ်ကြီး အိမ်ပြန်ချင်နေတာလား။ မဖြစ်နိုင်တာ၊ အတိတ်အချိန်တွေတုန်းက ကျနော်ဆိုတာ အိမ်ရဲ့အဝေးကို အမြဲတမ်း ထွက်ပြေးနေတဲ့ အိမ်ပြေးသူ။ အခု ဘာမဟုတ်တဲ့ ဆော်လမွန်ငါးတွေကို အားကျပြီး အိမ်ကို ပြန်ချင်နေတာတဲ့။ ဟင့်အင်း မဟုတ်သေးပါဘူး၊ တခုခု မှားနေတယ် မဟုတ်လား။ ဟင့်အင်း  ငါ တကယ် အိမ်ပြန်ချင်နေတာ။ ပထမတော့ မယုံမရဲ၊ နောက်တော့ မငြင်းဆန်နိုင်ဘဲ လက်ခံလိုက်ရ။ ဟုတ်တယ်၊ ကျနော် အိမ်ပြန်ချင်နေပြီ။ ကျနော် တကယ်ကြီး အိမ်ပြန်ချင်နေပြီ။

ဒါက မခက်ဘူး၊ အိမ်ပြန်ချင်ရင် ပြန်လိုက်ဖို့ပဲ၊ ဒါက လွယ်ကူတယ် မဟုတ်လား။ ကျနော် ပေါ့ပေါ့ပါးပါး ရယ်လိုက်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တယ်။ အခု ငါ ဘယ်ရောက်နေသလဲ၊ ငါ အိမ်ကို ဘယ်လိုပြန်မလဲပေါ့။ ကျနော်ရပ်နေတဲ့နေရာက မြို့ကြီးတမြို့ရဲ့ မြို့လယ်တနေရာ၊ ကျနော့်မျက်လုံးထဲကို ကျနော်နဲ့မရင်းနှီးတဲ့ အဆောက် အဦး အစိမ်းတချို့ ဝင်လာတယ်။ တချိန်တည်းမှာပဲ ကျနော့်ခြေထောက်အောက်မှာ လှဲလျောင်း‌နေတဲ့ လမ်းကလည်း အစိမ်းသက်သက်ပဲဆိုတာကို ကျနော်သိလိုက်တယ်။ ပြီးတော့ ဖြတ်သွားတဲ့ မျက်နှာတွေအားလုံးကလည်း အစိမ်း။ ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ ခိုတွေကတောင် အစိမ်း။ ဒါ ဘာမြို့လဲ။ ကျနော် အနားမှာဖြတ်သွားတဲ့ လူတယောက်ကို မေးခွန်းတခု မေးလိုက်တယ်။ သူပြန်ပြောတဲ့ စကားလုံးတွေလည်း ကျနော် နားမလည်နိုင်တဲ့ အစိမ်း။

"...."

ကျနော် အိမ်ကနေ ဘယ်လို ထွက်လာခဲ့သလဲ။ ကျနော် လမ်းတလျှောက် ဘယ်နေရာတွေ ရောက်ခဲ့သလဲ။ အခု ကျနော် အိမ်ကို ဘယ်လို ပြန်ရမလဲ။ "...." ကို ရောက်ဖို့ ဘယ်လိုပြန်ရမလဲ။ ကျနော့်အိမ်ရဲ့နာမည်ကို ကျနော်‌ အော်ပြောလိုက်တယ်။ လူတွေက ကျနော့်စကားကို ဘယ်တုန်းကမှ မကြားခဲ့ဖူးသလို မျက်နှာသေတွေ၊ ပြီးတော့ သနားစရာပဲ သနားစရာပဲဆိုပြီး ဘာကိုမှန်းမသိ သနားနေတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကို ဝိုင်းကြည့်ကြတယ်။ သက်ဝင်လှုပ်ရှားနေတဲ့  သူစိမ်းမြို့ရဲ့အလယ်မှာ ကျနော်ဟာ ဘာတခုနဲ့မှ မသက်ဆိုင်ဘဲ အထီးတည်းရပ်လို့။ ဒါ ဘယ်နေရာလဲ၊ ကျနော် ဘယ်ရောက်နေတာလဲ။ မဟုတ်သေးဘူး။ တခုခု လုပ်မှဖြစ်မယ်။ လေဆိပ်လား၊ ကားဂိတ်လား၊ မီးရထားဘူတာရုံလား၊ ဒါမှမဟုတ် မြစ်တစင်းရဲ့ ဆိပ်ကမ်းတခုလား၊ ပင်လယ်တခုရဲ့ ဆိပ်ကမ်းတခုလား။ တခုခု လုပ်မှဖြစ်မယ်။ တယောက်ယောက်တော့ ကျနော့်အိမ်ကို သိမှာပဲပေါ့။ ကျနော် လမ်းတွေ တခုပြီးတခု လျှောက်တယ်။ လူတယောက်ပြီး တယောက် မေးတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိဘူး။ ဘယ်သူမှ ကျနော့်မေးခွန်းကို မဖြေဘူး။

"...."
"...."
"...."

အချိန်တွေ တရက်ပြီးတရက် ကုန်သွားတယ်။ အိမ်ပြန်ချင်တဲ့စိတ်က ကျနော့်ကိုယ်ခန္ဓာထဲမှာ ကင်ဆာလို တဖြည်းဖြည်းချင်း မရပ်မနား ကြီးထွားလို့၊ အခုတော့ အသက်ကိုတောင် နုတ်ယူလုနီးပါး။ လူတကိုယ်လုံးက ကင်ဆာဆဲလ်တွေနဲ့ ပြည့်သိပ်တင်းကြပ်ပြီး အသက်ရှူမဝသလို ကျနော့်တကိုယ်လုံးကလည်း အိမ်လွမ်းစိတ်နဲ့ မွန်းကြပ်။ အိမ်ကိုသာ ပြန်ရောက်နိုင်မယ်ဆိုရင် ကျနော့်ရဲ့အသက်အပါအဝင် အရာအားလုံးကို ပေးလိုက်ဖို့တောင် ဝန်မလေး။ အိမ်ရဲ့နာမည်ကို ကျနော် အဆက်မပြတ်ရွတ်နေမိတယ်၊ အဲဒီလိုမှ မရွတ်ရင် ကျနော့်အိမ်ကိုတောင် ကျနော် မေ့သွားလိမ့်မလားစိုးရိမ်စိတ်နဲ့။ မေ့လို့မဖြစ်ဘူး။ ငါ မေ့လို့မဖြစ်ဘူး။ ငါသာမေ့သွားခဲ့ရင် ငါ့အိမ်ကို ဘယ်သူမှ သိတော့မှာမဟုတ်ဘူး၊ ဆော်လမွန်ငါးတွေ သူတို့အိမ်ကိုပြန်ရောက်ဖို့ သူတို့ရဲ့အိမ်ပြန်လမ်းကို သိဖို့လိုသလို ကျနော်လည်း အိမ်ကိုပြန်ဖို့အတွက်ဆို အနည်းဆုံး အိမ်ကိုတော့ သိနေမှဖြစ်မယ် မဟုတ်လားပေါ့။

"...."
"...."
"...."

အိမ်ရဲ့နာမည်ကို မေ့မသွားအောင် ကျနော့်စိတ်ထဲမှာ အဆက်မပြတ် ရွတ်တယ်။ ရင်းနှီးနေတဲ့မျက်နှာတခုကို မြို့ရဲ့လမ်းမပေါ်မှာ တွေ့လိုက်တာကြောင့် အနောက်ကနေ အငမ်းမရ လိုက်အော်မိတယ်ဆိုတဲ့ အိပ်မက်ကို မက်တယ်။ ပြီးတော့ အိပ်မက်က လန့်နိုးလာချိန် ရှိုက်ကြီးတငင် ငိုတယ်။ အိမ်လွမ်း‌စိတ် သက်သာဖို့ အိမ်ရဲ့ တခုတည်းသော အမှတ် တရ၊ အိမ်ရဲ့အငွေ့အသက်ကို ခံစားရစေတဲ့ ကိုယ့်ကိုယ်ကို

Mandalay Police CDM Fighter

01 Dec, 10:50


ပွေ့ဖက်တယ်။ ည

အမှောင်ကုန်လို့ မိုးလင်းပြီဆိုတာနဲ့တပြိုက်နက် လူတွေရှိတဲ့ဆီကိုသွားပြီး အိမ်အကြောင်းကို မေးတယ်။ အိမ်ကိုသိတဲ့သူ၊ အိမ်ပြန်လမ်းကို ညွှန်ပြနိုင်မယ့်သူ ရှိသလား ရှာတယ်။ ဘဝဆိုတာ လူတယောက် သူ့အိမ်ကနေ ထွက်ခွာခဲ့ပြီး အချိန်တခုခုကို ရောက်တဲ့အချိန်မှာ သူ့ရဲ့အိမ်ကို ပြန်ဖို့ကြိုးစားရတဲ့ အဖြစ်အပျက်ပဲလို့ တွေးတယ်။ ပြီးတော့ အိမ်က လှတဲ့အကြောင်း၊ အိမ်က နွေးထွေးတဲ့အကြောင်း အမြဲစဉ်းစားပြီး အိမ်ပြန်ချင်စိတ်ကို မွေးမြူတယ်။ ဒါမှသာ လူတယောက်ဟာ သူ့ရဲ့အိမ်ပြန်ချင်စိတ် ပျောက်မသွားဘဲ တချိန်ချိန် သူ့အိမ်ကို ပြန်ရောက်နိုင်မယ် မဟုတ်လား။          ။

(The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ '​​မောင်မူ' ရဲ့ "အိမ်လွမ်းသူ" ရသစာတမ်းငယ်ကို
People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc  မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

Mandalay Police CDM Fighter

01 Dec, 10:49


People's Spring:
မုံရွာမြို့တွင် မီတာပုံးများလိုက်ဖြုတ်နေသော လျှပ်စစ်ဝန်ထမ်းများအား ပြောက်ကျားတပ်ဖွဲ့ သတိပေး

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်၌ မီတာပုံးများလိုက်ဖြုတ်နေသော စစ်ကောင်စီလက်အောက်ခံ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များရပ်တန့်ရန် မုံရွာအခြေစိုက် Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က သတိပေးလိုက်သည်။

မုံရွာမြို့ပေါ်တွင် မီတာကြေးအဆမတန်ကောက်ခံခြင်း၊ မီတာပုံးများ မီးကြိုးများ ဖြုတ်ယူခြင်း၊ဖြုတ်ယူသွားသော မီတာပုံးများအား ရောင်းချခြင်း၊ ဒဏ်ကြေးအကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခြင်း၊ အစရှိသည့်လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာအခြေစိုက် Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က ယနေ့(ဒီဇင်ဘာ၁ရက်)တွင် သတိပေးကြေညာသည်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဆက်လက်၍ ပြည်သူများအပေါ် အနိုင်ကျင့်ခြိမ်းခြောက်နေပါက မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအား တာဝန်ယူမည်မဟုတ်ကြောင်း Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က ထပ်မံသတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းမှစတင်ကာ မုံရွာမြို့ပေါ်ရှိ မီတာမဆောင်သည့်နေအိမ်များမှ လျှပ်စစ်မီတာပုံးများလိုက်ဖြုတ်နေသည်။

"အကုန်လိုက်ဖြုတ်နေတာတော်တော်များတယ်။ မီတာဆောင်ချင်ရင်လည်း ပွဲစားကနေတဆင့်ဆောင်ပေးတာတွေပေါ်နေပြီ။"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

"အိမ်မပိတ်ဘူး ဒီတိုင်းသုံးနေတဲ့အိမ်က ပိုက်ဆံရှိရင်ဆယ်သိန်း။ ပိုက်ဆံမရှိရင် ၇ သိန်း။ နည်းနည်းချမ်းသာသွားရင် ၁၇ သိန်း၊ သိန်း ၂၀ အဲလိုတောင်းတာ။"ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအား ဘဏ္ဍာငွေဖြတ်တောက်သည့် လှုပ်ရှားမှုအဖြစ် လျှပ်စစ်မီတာခများ မပေးဆောင်ရန် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ မုံရွာမြို့နေပြည်သူများမှာ လေးနှစ်နီးပါး မီတာခပေးဆောင်ခြင်းမရှိဘဲ ပါဝင်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီက မီတာခများ အတင်းအကျပ်ကောက်ခံနေသော်လည်း လျှပ်စစ်မီးရရှိမှာ မုံရွာမြို့ပေါ်၌ တစ်ရက်လျှင် ၃ နာရီခန့်သာ ရရှိကြောင်း မြို့ခံများက ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက မုံရွာမြို့တွင် မီတာပုံးများလိုက်ဖြုတ်နေသည့်  မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

(စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 09:13


မြင်းခြံရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီး၊ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီးကာ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် အစောပိုင်းတွင် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို တိတ်တဆိတ် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၆၀ အရွယ် အမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းရှိ ကုက္ကဲရဲစခန်း အနီး ရောက်ရှိနေစဉ်‌ တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြင်ဆင်ပြီး ပဒေသာမိုင်းအတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

"မနေ့က မနက်ခင်းက ခွေးစစ်ကြောင်းက အင်အား ၆၀ ကျော်လောက်နဲ့ ရွာထဲကို တိတ်တဆိတ်ကို ခိုးဝင်လာတာ သူတို့ဝင်လာတဲ့ အချိန် ရွာထဲက နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တယ်။ သူတို့ဝင်လာတာသိတော့ ပြေးတဲ့သူက ပြေးကျတာပေါ့။ အဲမှာ မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးပေါ့။ အဲမျိုးသမီးက လေဖြတ်ထားဖူးတော့ သိပ်မသန်ဘူး။ သူ့ကို ပစ်သတ်သွားတာ ဖမ်းဆီးခံရတဲ့ သူတော့မရှိပါဘူး။ ရွာကို မီးရှို့သွားတယ်။ ဘာအကြောင်းမှလည်းမရှိဘဲနဲ့ ရွာကို ဝင်ရောက် ဖျက်ဆီးတာ ၂၅ အိမ်လောက်ပါသွားတယ်။ သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်ထွက်သွားပြီးတော့ ကျွန်တော်တို့ လိုက်စုံစမ်းတဲ့ အခါမှာ ခွေးစစ်ကြောင်းက ကုက္ကဲစခန်းထဲ ပြန်ဝင်တော့မယ်ဆိုတော့ သူဆို့ ရောက်တဲ့နေရာသိနေတော့ ကြိုပြီးစောင့်နေပြီးတော့ သူတို့က မိုင်းကွင်းထဲ ရောက်နေတဲ့ အခါမှာ အသေအပျောက်များသွားတယ်။ နေရာမှာပင် ၁၃ ဦး ကောင်သေတယ်။ ဒဏ်ရာရတဲ့ သူတွေတော်တော်များတယ်။ ခွေးစစ်ကြောင်းက အထိနာတော့ စက်လက်တွေပါ သုံးပြီး တိုက်ပွဲဖြစ်နေသလိုကို ပစ်ခတ်သွားတာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး" ဟု ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကဲရဲစခန်း အနီးရှိ ဒရောကြီးရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒရောကြီးရွာမှ ပြည်သူပိုင် နေအိမ် ပျက်စီးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကုက္ကဲရဲစခန်းထဲတွင် တပ်စွဲထားကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

01 Dec, 09:12


ညောင်လေးပင်ခရိုင်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံး၊ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်းများ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

နိုဝင်ဘာလ  ၂၃ ရက်နေ့တွင် မူးမြို့နယ်၊ သေဂေးလူ (ရင်းတိုက်ကုန်း) ကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ရေလဲဗမာကျေးရွာ အတွင်းကို ဒရုန်းဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကုန်းချောင်းဝ၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်က ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပေါက်ဇလုပ်ကျေးရွာမှ ဖခင်ဖြစ်သူ ကိုစိုးမင်းနောင်၊ မိခင်ဖြစ်သူ မနုနုဝင်းတို့နှင့် သမီးဖြစ်သူ မအေးမြတ်ငြိမ်းတို့သည် မြို့ပေါ်ကို ဈေးသွားဝယ်ထွက်လာစဉ် ညောင်ပင်သာကျေးရွာအရောက်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်းနောင် နှင့် အသက် ၅ နှစ် အရွယ် မအေးမြတ်ငြိမ်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၂၅ နှစ်အရွယ်  မနုနုဝင်းသည် ဖြူးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်၌ ခလရ-၂၆၄ တပ်ရင်း ၊ အနန်းဘော်ရွာ၌ ရောက်ရှိနေသော စစ်တပ်နှင့် နတ်သံကွင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ဒရုန်း၊ လက်နက်ကြီးများဖြင့် ယောက်သွားကုန်းရွာ၊ ကော်သာစေးကျေးရွာ၊ ဝက်လာတောကျေးရွာ၊ ရွာသာယာကျေးရွာ ဘုန်းကြီးကျောင်း၊ သူးကဘီး (ကျွဲတလင်း) ကျေးရွာ ဘုန်းကြီးကျောင်း၊ ဖါးလဲဘာကုန်းရွာတို့ကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း သူးကဘီး (ကျွဲတလင်း) ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းရှိ ရေကန် ၁ ကန် ၊ ဆိုလာ ၁ ချပ် နှင့် ရွာသာယာကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်း ၊ နတ်သံကွင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများနှင့် ကုန်းချောင်းဝရွာ၌ ရောက်ရှိနေသာ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာ၊ ငဖယ်အင်းကျေးရွာ၊ နတ်တလင်းရွာ ဘုန်းကြီးကျောင်း၊ ပဲသောင်ကျေးရွာ၊ တောကြောင်ပေါက်ကျေးရွာ၊ နတ်တလင်းရွာ၊ ခြောက်တဲစုကျေးရွာ၊ အင်းနက်ကျေးရွာ ဘုန်းကြီဂ ကျောင်း၊ ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာ၊ ဖါးလဲဘာကုန်းရွာ တို့ကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နတ်တလင်းရွာ ဘုန်းကြီးကျောင်းနှင့် အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

23 Nov, 11:17


ဒီကြားထဲ စိတ်ရှုပ်ထွေးမှုတွေများလို့ ဘာတစ်ခုမှ မလုပ်ပဲနေနေလိုက်တာ အရာရာလစ်ဟင်းသွားပါတယ် ေနာက်လဆန်းပိုင်းကျ အရင်လိုသတင်းတွေပြန်တင်ပါမယ်

Mandalay Police CDM Fighter

03 Nov, 12:17


မင်မင်တို့ဘက် မီးတစ်နေကုန်ပျက်နေလို့ သတင်းမတင်နိုင်ဘူး မနက်ဖြန်ပြန်တင်ပေးပါမယ်

Mandalay Police CDM Fighter

02 Nov, 10:32


နတ်မောက်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းဘက်မှ ရွာတော်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၃ စီးကို ဥယျာဉ်ကျေးရွာ နှင့် ရွာသစ်ကျေးရွာကြား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား တစ်စီးပျက်စီးကာ အခြားကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

“အင်အားက ၈၀ လောက်ရှိမယ်။ ပေါ်တာဆွဲ ၊ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့တွေပါ၊ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး၊ များတော့များမယ်။ မိုင်းထိတဲ့ ကားက မောင်းမရတော့ ထိတဲ့ စခ တွေကို ရှေ့က ၁၂ ဘီးကားပေါ်တင်၊ မိုးကာနဲ့ အုပ်ပြီး ဆက်မောင်းသွားတာ။ မိတ္ထီလာစစ်ဆေးရုံကို သွားမယ်လို့ ထင်ပါတယ်၊ မိုင်းဆွဲခံရပြီးတော့ တစ်လမ်းလုံး ရမ်းသမ်းပစ်တာ ရွာသစ်တောတိုက်ထဲက အမျိုးသမီးတစ်ယောက် ပေါင်ကျည်ထိမှန် ဒဏ်ရာရတယ်၊ မိဘပြည်သူတွေအနေဲ့ စခကားတွေနဲ့ နီး နီး ကပ်မလိုက်ဖို့ သတိပေးချင်ပါတယ်” ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို အတူ လိုက်ပါလာသည့် ၁၂ ဘီးကားပေါ်တင်ပြီး မိုးကာအုပ်၍ သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က လမ်းလျှောက် ဆဲဆိုရမ်းသမ်းပစ်ခတ်ခဲ့ရာ၍ မောင်းနှင်သွားရာ ရွာသစ်ရွာနေ အမျိုးသမီး တစ်ဦး ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကား ၃ စီးကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

02 Nov, 10:30


ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ အကြမ်းဖက် စစ်တပ်သည် ရွှေဘိုမြို့ အနောက်ဘက်ရှိ အိုးဘိုရွာသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်၍ ၂ ရက်ခန့် ယာယီဝင်ရောက် တပ်စွဲခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် အိုးဘိုရွာမှ ထွက်လာပြီး ချီပါရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်များကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကြောင်းက ချီပါရွာက မထွက်သေးဘူး။ ချီပါရွာအပါအဝင် ရွာ ၁၀ ရွာက ပြည်သူ ၅၀၀၀ ဝန်းကျင် နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရတယ်။ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ကားလမ်းတွေက ပိတ်ကုန်ပြီး ပစ္စည်းတွေက ပြတ်လပ်နေပေမယ့် အတတ်နိုင်ဆုံးတော့ ချက်ပြုတ်ကျွေးနေတယ်။ သောက်သုံးရေ ၊ ရေအိမ်၊ ဆေးဝါး အခက်အခဲတွေ ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ချီပါရွာ (တောင် ၊ မြောက်) အပါအဝင် အိုးဘိုရွာ၊ ကင်းဗျာရွာ၊ အောင်ချမ်းသာရွာ၊ လုံးထောင်ရွာ၊ မဲတောရွာ၊ ကျည်ပွေ့ကုန်းရွာ၊ ငါးဇူကုန်းရွာ၊ ကုလားကျောင်းကုန်းရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်းကြီး၊ မုံရွာသွာ ကားလမ်းများတွင်လည်း ခရီးသွားကားများ ပိတ်မိနေပြီး ခရီးသွားပြည်သူများလည်း ကားလမ်းဘေးရှိ ရွာများတွင် စစ်ရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

02 Nov, 10:05


ပခုက္ကူခရိုင် တပ်ရင်း ၁၅ က "ကျည်ကာတပ်ဆင် အညာတခွင်" ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ အားလုံး ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း အခြေစိုက် ပခုက္ကူခရိုင် တပ်ရင်း ၁၅ က "ကျည်ကာတပ်ဆင် အညာတခွင်" ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ အားလုံး ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

တိုက်သမျှတိုက်ပွဲတိုင်းတွင် မိမိတို့အညာဒေသရှိ ရဲဘော်များ၏အသက်အန္တာရာယ်ကို တတ်နိုင်သမျှ အနည်းဆုံးနဲ့ အောင်ပွဲကိုအနိုင်ယူချင်ကြောင်း၊ သို့ဖြစ်ပါ၍ ရှေ့တန်းမှရဲဘော်တို့ရဲ့ အန္တရာယ်ကို ကာကွယ်ပေးဖို့ရန် ကာကွယ်​ရေးပစ္စည်း(ကျည်ကာ) များလိုအပ်နေပြီး အညာတခွင်မှာ အာဏာရှင်ကင်းစင်စေရန် ပြည်သူများမှ ပါဝင်ကူညီထောက်ပံ့ပေးမှသာလျှင် စစ်ခွေးကင်းစင်တဲ့ ပြည်သူရင်ပြင်ကြီးဖြစ်လာပါလိမ့်မည်ဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အောင်လံကို လွှင့်ထူမည့် တိုက်ပွဲတိုင်းအတွက် ကျည်ကာပစ္စည်းများ လိုအပ်လျက်ရှိသော မြိုင်နယ်အခြေစိုက်  ပခုက္ကူခရိုင် အမှတ် (၁၄) ၊ (၁၅) တပ်ရင်းရှိ ရှေ့တန်းရဲဘော်များကို ဖြည့်တင်းပေးမည့် ``ကျည်ကာတပ်ဆင် ၊ အညာတခွင် ´´ကမ်းပိန်းလေးကို ပါဝင်အားဖြည်းကြရန် မေတ္တာရပ်ခံကြောင်း တောင်းဆိုထားသည်။  

ဆုမဲများမှ DT 125 Bike ၊ Redmi Note 14 pro နှင့် Gutter တို့ဖြစ်ပြီး ကမ်ပိန်းကာလသည် (၂၆.၁၀.၂၀၂၄ ) မှ ( ၅.၂.၂၀၂၅ ) ထိ (၄) လ ကြာမြင့်မည့် ဖြစ်ကြောင်း၊ မဲအဆောင်ရေ (၂၀၀၀၀ိ) သတ်မှတ်ထားကြောင်း သိရသည်။

ကမ်ပိန်းတွင် ပါဝင်မည့် ပြည်သူများအနေဖြင့် https://www.facebook.com/profile.php?id=100082155679536 ပခုက္ကူခရိုင် တပ်ရင်း ၁၅ facebook Page ကို ဆက်သွယ်နိုင်ကြောင်း တပ်ရင်းတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Mandalay Police CDM Fighter

02 Nov, 10:03


နောင်ချိုမြို့နယ်တွင် ဆမ္မဆည် သကြားစက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံဝန်ထမ်း ၄ ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဆမ္မဆည် သကြားစက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံဝန်ထမ်း ၄ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၀၀ နာရီအချိန်နှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ အနောက်တောင်ခြမ်းနှင့် ဆမ္မဆည် သကြားစက်ရုံနေရာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ သကြားစက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကြံကြိတ်လုပ်ငန်းခွင်မှ စက်ရုံဝန်ထမ်း ၂ ဦးနှင့် စက်ရုံ လုံခြုံရေး ဝန်ထမ်း ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

"နောင်ချိုမြို့နယ်ဆမ္မဆည် သကြားစက်အပေါ်ကို ဗုံးကျတာမှာ ၄ ဦးသေဆုံးပါတယ်။ စက်ရုံဝန်ထမ်းတွေပါ။  ယခင် ဆမ္မဆည်စက်ရုံကို ပထမအကြိမ်စစ်လေယာဉ်နဲ့ ဗုံကျဲတုန်းက ခြေထောက်ပြတ်ဒဏ်ရာရရှိတဲ့ စက်ရုံဝန်ထမ်းအခု ဒုတိယအကြိမ်ဗုံးကျဲမှုမှာ သေဆုံးသွားပါတယ်။ သေတာက စုစုပေါင်း ၄ ဦးဖြစ်ပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်လေယာဉ်များက နောင်ချိုမြို့ အပါအဝင် မြို့နယ်တစ်ခုလုံးတွင် ပတ်၍ ပျံဝဲမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

"လေယာဉ်တွေက လာဝဲနေတာပဲ။ အရှေ့က ဝဲလိုက်၊ အနောက်က ဝဲလိုက်နဲ့။ လူတွေလည်း ကျီးလန့်စာ စားနေရတယ်။ လေယာဉ်သံကြားရင် ည၊ မနက် မရွေးရဲဘူး ပြေးခိုလှုံနေရတာပဲ" ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နောင်ချိုမြို့သို့ အဓိက ဗုံးကျဲနေသော စစ်လေယာဉ်များမှာ မိတ္တီလာ ရှမ်းတဲလေတပ်နှင့် တံတားဦး လေတပ်စခန်းများမှ တိုက်လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေယာဉ်များ ကျဲချစဉ် အပျက်အစီးများ။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

02 Nov, 09:11


People's Spring:
အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်

အိမ်သွင်/People's Spring

ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။

အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

" ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်"ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။

ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက  ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

" တိုက်ပွဲရပ်ထားတဲ့ကာလတွေထဲမှာတော့ အရပ်သားတွေ မြို့ကနေ ထွက်နိုင်ခဲ့တယ်လို့သိရတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကို မသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် - ကသာလမ်းပိုင်းနှင့် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇)လက်အောက်ခံတပ်များမှာ အင်အား ၅၀၀ခန့် ရှိနေသည်ဟု သတင်းရရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ရွှေပြည်အေး၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို မြို့သိမ်းတိုက်ပွဲများတိုက်ခိုက်ခဲ့သည်။

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာတွင် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်သွားခဲ့သည်။ ဒီပဲယင်းမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲလည်း အပြီးမသတ်သေးပေ။ လက်ရှိတွင် ပင်လည်ဘူးမြို့၊ရွှေပြည်အေးမြို့၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ 

မော်လူးမြို့သည် အင်းတော်မြို့နယ်၌ပါဝင်ပြီး  ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၏ လက်ရှိအချိန်အထိ နောက်ဆုံးတိုက်ခိုက်သိမ်းပိုက်ထားသောမြို့မှာ ပင်လည်ဘူးမြို့ဖြစ်သည်။ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၈ရက် တွင် သိမ်းယူနိင်ခဲ့ခြင်းဖြစ်သည်။

(အင်းတော်မြို့မရဲစခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။
ဓာတ်ပုံ - CJ)

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

02 Nov, 08:32


ကျောက်ကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှူ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ ဆားတောင်မြို့ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင် ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ အဆက်မပြတ် ပို့ဆောင်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းမှ ရဲအချို့နှင့် ညောင်ငုတ်တိုရွာမှ ပျူစောထီးများသည် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချတပ်စွဲ၍ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆားတောင်ရဲစခန်း၊ အထက ကျောင်းထဲမှာ တပ်စွဲနေတဲ့ စခ တွေကို ဒရုန်းနဲ့ ဗုံးကျဲခဲ့တာပါ။ ဗုံးသီး ၄ လုံးချခဲ့တယ်။ တစ်လုံးက မကွဲဘူး။ ၃ ဦးထက်နည်း ထိခိုက်မှုတော့ရှိတယ်။ သေမသေကတော့ စုံ စမ်း မရသေး ဘူး ။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ လည်းရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး” ဟု Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဆားတောင်ရဲစခန်းရှေ့၌ ပြည်သူများထံမှ ဆက်ကြေးကောက်၊ ငွေညှစ်အနိုင်ကျင့်နေသော ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်ကလည်း ဆားတောင်ရဲစခန်းမှ ရဲများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

Mandalay Police CDM Fighter

02 Nov, 08:04


People's Spring:
ဘုတလင်စစ်ကြောင်း မုံရွာနမခဘက်သို့
ပြန်လှည့်နေ

ဇော်ရမ်း/People's Spring

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုး၍ ပကြမ်းဖက်နေသည့် စစ်ကောင်စီတပ်သည် ယနေ့ (နိုဝင်ဘာလ ၂ရက်) နံနက်ပိုင်းတွင် မုံရွာမြို့ဘက်သို့ပြန်လည်ဦးတည်နေသည်။

"မုံရွာနမခကို ပြန်တည်နေတဲ့လမ်းပေါ်တက်နေပြီ။ နမခကို ပြန်ဝင်မလား။ ပတ်ပြီး ဆက်စစ်ကြောင်းထိုးမလား မမှန်နိုင်သေးဘူး" ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဖမ်းဆီးထားသည့် ဓါးစာခံအချို့နှင့်အတူ ကျီးပင်ချောင်ကျေးရွာသို့ရောက်ရှိနေခြင်းဖြစ်သည်။ကျီးပင်ချောင်ကျေးရွာသည် ဘူတလင်မြို့နှင့် သုံးမိုင်ခန့်ဝေးပြီး မုံရွာမြို့ဘက်နှင့် မိုင်၂၀ခန့် ကွာဝေးသည်။

အဆိုပါစီစစ်ကြောင်းနှင့်ပြည်သူ့ကာကွယ်ရေးတပ်
ဖွဲ့များ ယမန်နေ့ နံနက်က နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဝေးရာသို့ ရှောင်ထွက်သွားကြောင်း သတင်းများရှိသည်။

"အထိအခိုက်တော့ ရှိပုံမရဘူး။ ထိပ်တိုက်မတွေ့ချင်လို့ရှောင်ထွက်သွားတဲ့သဘောပဲ" ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ကျီးပင်ချောင်ကျေးရွာအနီးတွင်မှန်တော၊ ကံသစ်ကျေးရွာတို့ရှိနေပြီး ဒေသခံများထွက်ပြေးတိမ်း
ရှောင်နေကြရသည်။

စက်တင်ဘာလ၃၁ရက်နေ့က အင်အား ၈၅ ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလပထမလပတ်ထဲတွင် ဘုတလင်မြို့သို့စစွ​ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။ ‌

အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်
ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါ
အဝင် ဒေသခံ  စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထို့ပြင် အရပ်သား ၉၀ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မူလစစ်ကြောင်း၌ အင်အား ၁၀၀ခန့်ရှိပြီးအောက်
တိုဘာလ၂၅ ရက်နံနက်ပိုင်းတွင် နမခမှ နောက်
ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ထားသည်။

အညာ​ဒေသတ​စ်​နေရာတွင် စစ်​ကြောင်းထိုး​နေ​သောစစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-စစ်​ကောင်စီ

Telegram Link
https://t.me/MCPFighter

Mandalay Police CDM F'ghter

Mandalay Police CDM Fighter

02 Nov, 07:28


အမျိုးသမီးတွေကို တရုတ်မှာ ဇနီးမယားအဖြစ်ရောင်းစားမယ့် လူကုန်ကူးဂိုဏ်းမန္တလေးမှာဖမ်းမိ

နိုဝင်ဘာလ ၂ ရက်

မြန်မာအမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ်ရောင်းစားမယ့် လူကုန်ကူးဂိုဏ်းတစ်ခုကို မန္တလေးမှာဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကနိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ MAI လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်ကို သွားရောက်မယ့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နဲ့ အမျိုးသမီးငယ်သုံး ဦးတို့ကို စစ်ကောင်စီ တာဝန်ကျရဲတပ်ဖွဲ့ က စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့လိုစစ်ဆေးရာမှာ မြန်မာအမျိုးသမီးငယ်တွေကို စည်းရုံးပြီး တရုတ်နိုင်ငံမှာ ဇနီးမယား အဖြစ်ရောင်းချမှုနဲ့ ဆက်စပ်နေသူတွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

လူကုန်ကူးဂိုဏ်းဟာ မြန်မာအမျိုးသမီးငယ်တွေ ကို လူမှုကွန်ရက် Facebook, Tik Tok အသုံးပြုဆက် သွယ်ပြီး တရုတ်နိုင်ငံမှာ ဇနီးမယား အဖြစ်ရောင်းစားဖို့  စည်းရုံးစုစည်း ခေါ်ဆောင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသား ကောင်းဖိန်းရင်ကို စစ်ဆေးရာမှာ မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားမှာ ငှားရမ်းနေထိုင်ပြီး လူကုန်ကူးမှုဂိုဏ်းဖွဲ့ ထားတယ်လို့ သိရှိခဲ့ရတယ်လို့ စစ်ကောင်စီရဲ တပ်ဖွဲ့ ဘက်ကပြောပါတယ်။

အဆိုပါ နေအိမ်ကိုဆက်လက်စစ်ဆေးရာမှာ  တရုတ်မယားလုပ်ရန် စည်းရုံး ခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို တစ်နေရာတည်းမှာစုစည်းထိန်းချုပ်ထားကြောင်းတွေ့ရှိခဲ့တယ် စစ်ကောင်စီရဲ တပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းရာ မှာ မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယား အဖြစ်ရောင်းချမယ့် လူကုန်ကူးဂိုဏ်းရဲ တာဝန်ရှိသူ ဒေါ် နန်းဆိုင်ခမ်း (ခ) မားမားအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ မိန်းကလေးများရှာဖွေဖို့  wechat group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့်ခံ လူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့ကအိမ်ကို ဌားရမ်းခဲ့တာလို့ဆိုပါတယ်။

သူတို့ ဟာ မြန်မာအမျိုးသမီးတွေအတွက်တရုတ်နိုင်ငံ ကိုပို့ဆောင်ဖို့ လက်ထပ်ဗီဇာ ပြုလုပ်ပေးတာ၊ စည်းရုံးထားတဲ့ အမျိုးတွေကို စောင့်ကြည့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာအမျိုးသမီးငယ်တွေ နဲ့ လက်ထပ်မယ့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နဲ့ LIN JIAN တို့ကိုလည်းမြန်မာနိုင်ငံကိုလာရောက်ဖို့  ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားရဲ့ ကစီစဉ်ညွှန်ကြားမှုပေးခဲ့တယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့  လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား ၊ ချစ်ထူး ၊တရုတ်နိုင်ငံသား GAO FENG YING (ကောင်းဖိန်းရင်) (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN တို့ ဖမ်းဆီးရမိထားပြီး မမေထက်နိုင်ဦး(ခ)မထက် နဲ့ မဇင်သူခိုင် တို့ တိမ်းရှောင်ထွက်ပြေးနေတယ်လို့ သိရှိရပါတယ်။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

1,332

subscribers

94,447

photos

2,692

videos