မွန်ပြည်နယ်တွင်း သတင်းများ @rehmonnyaupdate Channel on Telegram

မွန်ပြည်နယ်တွင်း သတင်းများ

@rehmonnyaupdate


မွန်ပြည်နယ်အတွင်း နေ့စဥ်ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်

မွန်ပြည်နယ်တွင်း သတင်းများ (Burmese)

မွန်ပြည်နယ်အတွင်း နေ့စဥ်ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် "rehmonnyaupdate" ဇာတ်လမ်းသတင်းလုပ်နေသည်။ ဤအခါမှာ မွန်ပြည်နယ်တွင်း အသုံးပြုသော သတင်းများသည် အပိုင်းအပြည့်အစုံ အချက်အလက်ရှိပါသည်။ ဒီဇာတ်လမ်းထဲတွင် တို့ကိုယ်လွန်တဲ့ သတင်းများသည် ဖန်ရှင်းရသည်။ ဥပမာ လွတ်လပ်နေသော အသုံးပြုနိုင်သည်သည်။ ဤဇာတ်လမ်းသည် သင်လက်ရှိ သတင်းများကို တို့ကို ဖတ်သော စာအုပ်တွင်ဖေါ်ပြထားပါသည်။ မွန်ပြည်နယ်တွင်း သတင်းများ အားလုံးသည် သင်အားလုံးစိတ်ဝင်စားချုပ်မှုနဲ့ ပတ်သက်ပေးထားပါသည်။

မွန်ပြည်နယ်တွင်း သတင်းများ

19 Jan, 13:06


Messages in this channel will be automatically deleted after 1 day

မွန်ပြည်နယ်တွင်း သတင်းများ

19 Jan, 13:04


မွန်ပြည်နယ်တွင်းဖြစ်ပေါ်နေသော သတင်းများကို ယခုlink ချပေးထားသော channel တွင်သာ တင်ပေးမည်ဖြစ်သောကြောင့် joinထားပေးလို့ရပါတယ်ခင်ဗျား။

https://t.me/Monstatenews2025

မွန်ပြည်နယ်တွင်း သတင်းများ

19 Jan, 11:54


မွန်(၄)ဖွဲ့ပူးပေါင်းပြီး စစ်‌ဆင်ရေးများလုပ်ဆောင်မည်ဖြစ်ကြောင်းကြေညာခြင်း
++++++++++++++++++++++++

ဇန်နဝါရီလ (၁၉)ရက်

၁။ ၂၀၂၅ ခု၊ ဇန္နဝါရီလ (၁၇) ရက်နေ့တွင် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့သည် လွတ်မြောက်နယ် တစ်နေရာတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။

၂။ ၎င်း အစည်းအဝေးတွင် တပ်ဖွဲ့ (၄) ဖွဲ့၏ ပူးတွဲ စစ်ဆင်ရေးလုပ်ငန်းများအတွက် “ ရာမည ပူးတွဲ စစ်ကြောင်း ” ကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်။

၃။ ရာမည စစ်ကြောင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို သိရှိလိုပါက ရာမည စစ်ကြောင်း ပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိ မွန်ချမ်း နှင့် နိုင်မာဃ တို့ထံ ဆက်သွယ် နိုင်ပါသည်။

#MonStateDefenseForce

မွန်ပြည်နယ်တွင်း သတင်းများ

19 Jan, 11:29


၅:၅၈ pm

စျေးချို (တက္ကသိုလ်ဘက်)သွားမယ့်လူငယ်တွေရှောင်ပါ အရမ်းစစ်နေပါတယ် အချို့လူငယ်လေးတွေကို‌ေခွးတိရစ္ဆာန်‌ေတွ ဖမ်းထားပါတယ်

မွန်ပြည်နယ်တွင်း သတင်းများ

15 Jan, 11:54


မော်လမြိုင်-မုဒုံကားလမ်း ရိုးဂိုးဘီးခွန်ဂိတ်မှာ လူငယ်အမျိုးသား အယောက် ၂၀ နီးပါးဖမ်းဆီးခံရ
+++++++++++++++++++++++++

မုဒုံ၊ ဇန်နဝါရီလ - ၁၅ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံကားလမ်းမမှာရှိတဲ့ ရိုးဂိုးဘီးခွန်ဂိတ်မှာ စစ်ကောင်စီတပ်တွေက လူငယ်အမျိုးသား ၂၀ ဦးနီးပါးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် ည ၈နာရီခွဲဝန်းကျင်အချိန်မှာ မော်လမြိုင်မြို့ကနေ မုဒုံမြို့ကို အသွား အဆိုပါ ရိုးဂိုးဘီးခွန်ဂိတ်ကို ဖြတ်သန်းသွားလာတဲ့ ခရီးသည်ယာဉ်ကို စစ်ကောင်စီတပ်တွေက တားစည်းစစ်ဆေးပြီးနောက်မှာ လူငယ်အယောက် ၂၀ နီးပါး ဖမ်းဆီးခဲ့တာပါ။

“ကားကတော့ express ကားပဲ၊ ယာဉ်လိုင်းနာမည်ကို သေချာမမြင်လိုက်ရဘူး၊ စစ်ပြီးကားပေါ်က ဆင်းခိုင်းနေတာတော့ မြင်လိုက်တယ်။ ကျွန်တော်တို့လည်း အကြာကြီးမကြည့်ရဲတာနဲ့ မြန်မြန်ပြန်ခဲ့လိုက်တာပဲ ” လို့ စစ်ကောင်စီတပ်တွေ စစ်ဆေးနေတာကို မျက်မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။

အဖမ်းခံရသူတွေက အသက် ၂၀ မှ ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး စစ်ကောင်စီတပ်တွေက ထိုသူတွေကို မော်လမြိုင်မြို့က အ.ဆ.ရ ၆ တပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#ရာမညFM

မွန်ပြည်နယ်တွင်း သတင်းများ

30 Nov, 04:10


(၂၉.၁၁.၂၀၂၄)ရက်နေ့ ညနေ သံဖြူဇရပ်မြို့၊ ဝဲကလိတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပယော်ဟဲကျေးရွာရှိနေအိမ်များပျက်စီးနေပုံ

မွန်ပြည်နယ်တွင်း သတင်းများ

23 Nov, 14:24


Crd Photo

မွန်ပြည်နယ်တွင်း သတင်းများ

23 Nov, 14:24


စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သတင်းထောက် ကိုထက်မြက်သူ နေအိမ် ချိပ်ပိတ်ခံရ
+++++++++++++++++++++++++++
ကျိုက်ထို၊ နိုဝင်ဘာလ - ၂၃ ရက်

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သတင်းထောက် ကိုထက်မြက်နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာမှာ ရှိတဲ့ ကိုထက်မြက်သူ နေအိမ်ကို နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းမှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့တာပါ။

"နေအိမ်ကိုအကြမ်းဖက်အဖွဲ့နဲ့ပတ်သက်လို့လာပိတ်တာဆိုပြီး စာကပ်ချိတ်ပိတ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးကတည်းက နေအိမ်မှာ လူတွေလည်းနေကြတာမတွေ့ရဘူး။ ထက်မြက်အမေကိုလည်း သူတို့(စကစ)ဘက်က အမှုဖွင့်ထားတယ်လို့ သိရတယ်"လို့ ဖြစ်စဉ်ကို သိရှိရတဲ့ ဒေသခံတဦးက Rehmonnya Fm ကို ပြောပါတယ်။

ကိုထက်မြက်သူရဲ့ နေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်နေတဲ့နေအိမ်ဖြစ်တာကြောင့် ဝင်ရောက်ကျူးကျော်နေထိုင်၊ ရောင်းဝယ်တာမပြုလုပ်ဖို့ သတိပေးစာပါကပ်သွားတယ်လို့ သိရပါတယ်။

ထက်မြက်ရဲ့အမေဖြစ်သူ ဒေါ်စိုးစိုးခိုင်ကိူလည်း အကြမ်းဖက်မှုတွေနဲ့ဆက်စပ်နေတယ်ဆိုပြီး ကျိုက်ထိုနယ်မြေရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၄၉(က)/ ၅၂(က)/၅၄နဲ့ အမှုဖွင့်ခံထားရပါတယ်။

ဒေါ်စိုးစိုးခိုင်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေအိမ်မှာ နေထိုင်ခြင်းမရှိတော့ဘဲ ဘေးလွတ်ရာမှာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

#ရာမညFM

မွန်ပြည်နယ်တွင်း သတင်းများ

20 Nov, 12:12


Crd Photo

မွန်ပြည်နယ်တွင်း သတင်းများ

20 Nov, 12:11


ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းရွာထိပ်မှာ အမျိုးသား ၁ ဦးပစ်သတ်ခံရ
++++++++++++++++++++++++++
ကျိုက်ထို၊ နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာထိပ်မှာ အမျိုးသား ၁ ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

"သူအလောင်းကို သူများတွေက တွေ့ရမှ ပစ်သတ်ခံထားရတာကို သိရတယ်။ ညကဖမ်းဆီးခံရတယ်လို့တော့ ကြားတယ်။ ဘယ်သူလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး။"လို့ ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ဦးချစ်ကိုဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက် ည ၁၀ နာရီခန့်မှာ လက်နက်ကိုင်လူတစုက သူကိုနေအိမ်ကနေ လာရောက်ဖမ်းခေါ်သွားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မနက် ၇ နာရီခန့်မှာတော့ သူ့ရဲ့အလောင်းကို ကျေးရွာထိပ် ရော်ဘာတောစပ်အနီးမှာ ပစ်သတ်ခံထားရတာကို လမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဦးချစ်ကို ရုပ်အလောင်းမှာ သေနတ်နဲ့ အနီးကပ် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာ ပြန်လည် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးသလို ဘာကြောင့် ပစ်သတ်ခဲ့တာကိုတော့ မသိရသေးပါဘူး။

ဒေသခံတွေ ပြောဆိုချက်အရ ဦးချစ်ကိုဟာ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကို Rehmonnya FM က ဆက်သွယ်မေးမြန်း ကြည့်ရာ အဲဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာမဟုတ်သလို ဦးချစ်ကို မည်သူမည်ဝါဖြစ်သလဲဆိုတာ မသိဘူးလို့ တုံ့ပြန်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဝါးဒက်ကွင်းကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားမှုရှိနေသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဝင်ထွက်သွားလာလေ့ရှိတဲ့နေရာဖြစ် တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

#ရာမညFM

မွန်ပြည်နယ်တွင်း သတင်းများ

18 Nov, 14:38


ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ နေအိမ် ၆ လုံးကို စစ်ကောင်စီ ချိပ်ပိတ်သိမ်းဆည်း
+++++++++++++++++++++++++++
ပေါင်မြို့၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် ၆ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က အင်အား ၂၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကားသုံးစီးဖြင့် ဥတ္တံတား (အတွင်း) ကျေးရွာထဲ ရောက်ရှိလာပြီး ရွာရှိ ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး။ ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့ နေအိမ်များကို ချိပ်ပိတ်လိုက်သည်။

အဆိုပါ နေအိမ်များသည် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ချိပ်ပိတ်ခံရတဲ့နေအိမ်တွေက သဲကုန်းကျေးရွာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူတွေရဲ့ နေအိမ်တွေ နေထိုင်ခဲ့တဲ့ နေအိမ်တွေလို့ သိရတယ်။ အဲ့ဒီအိမ်တွေမှာ ကျန်ရစ်ခဲ့ကြတဲ့ မိဘတွေနဲ့ မိသားစုဝင်တွေကို နေအိမ်ချိပ်မပိတ်ခင်တစ်ပတ်လောက်အလိုကတည်းက အဲ့ဒီနေအိမ်တွေကနေ ပြောင်းရွေ့ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာပြောသွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

နေအိမ်များ ချိပ်ပိတ်ပြီးနောက်ပိုင်း ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ရက်ခြားတစ်ကြိမ်၊ သုံးရက်ခြားတစ်ကြိမ် လှည့်ကင်းများလုပ်ဆောင်နေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နှင့် ၆ ရက်နေ့က ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာ၊ ညောင်ကုန်းကြီးကျေးရွာနှင့် သဲကုန်းကျေးရွာများတွင် ဒေသခံအမျိုးသား ၈ ဦးကို PDF အဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတား (အပြင်) ကျေးရွာက ဦးပြည့်ဖြိုးအောင်နှင့် ဦးစိုးထိုက်အောင် ဆိုသူတို့၏ နေအိမ်များကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။

#IMNA

မွန်ပြည်နယ်တွင်း သတင်းများ

15 Nov, 10:38


4:37 PM
ဒေါင်းဇရပ် မီးပွိုင့်အကျော်၊ အမှတ် 565 တပ်ရှေ့အကျော်မှာ စခအင်အားအများနဲ့ ကား၊ ဆိုင်ကယ်ဘောက်စစ်နေ

မွန်ပြည်နယ်တွင်း သတင်းများ

15 Nov, 10:37


4:35 PM
အာဟာ(၂)ဆိုင်ဘေးနား၊ ရွှေနတ်တောင် ဂေါက်ကွင်းထဲ အရှေ့တောင်တိုင်းထဲမှ ထွက်လာသော ကား 5စီး ဝင်သွား
(ဂျန်ပါကား ၂စီး၊ Alphabet အဖြူ တစ်စီး)

မွန်ပြည်နယ်တွင်း သတင်းများ

15 Nov, 10:34


15.11.2024
4:30 PM
မော်လမြိုင်၊ ကြာအင်းလမ်းဝရှေ့မှာ စခနဲ့ရခ အင်အားအများနဲ့ ကား၊ ဆိုင်ကယ်ဘောက်စစ်နေပါတယ်။

မွန်ပြည်နယ်တွင်း သတင်းများ

21 Aug, 09:10


ကျိုက်ထို KRF တပ်ဖွဲ့ဝင် လေးဦး စီးနင်းတိုက်ခိုက်ခံရလို့ ကျဆုံး
+++++++++++++++++++++++++
ကျိုက်ထို၊ ဩဂုတ် ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးက နေအိမ်တစ်လုံးမှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် လေးဦး စီးနင်းတိုက်ခိုက်ခံရတာကြောင့် ကျဆုံးသွားလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင်တွေ ယာယီရောက်ရှိနေတဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် KRF တပ်ဖွဲ့ဝင် လေးဦး ကျဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းခံလိုက်ရပါတယ်။

စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဟာ သတင်းပေါက်ကြားမှုကြောင့် ဖြစ်နိုင်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

#Than Lwin Times

မွန်ပြည်နယ်တွင်း သတင်းများ

04 Aug, 08:27


သံဖြူဇရပ်တွင် ကျောင်းဆရာ၊ ဆရာမ ၅ ဦးကို KNLA ပူးပေါင်းတပ် ဖမ်းဆီး
++++++++++++++++++++++++
သံဖြူဇရပ်၊ ဩဂုတ် (၄)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာက အထက်တန်းကျောင်းအုပ်ဆရာကြီးအပါအဝင် ကျောင်းဆရာ၊ ဆရာမ ၅ ယောက်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ကျောင်းကို သေနတ်တွေနဲ့ ဝင်လာပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဝေယျာဝေစ္စလုပ်နေတဲ့သူတွေကို တနေရာမှာစုလိုက်တယ်။ အဲဒီထဲက မေးမြန်းပြီးတော့ ကျောင်းအုပ်၊ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၂ ဦးကိုဖမ်းသွားတယ်။ ဘယ်သူတွေက ဘာကြောင့် ဖမ်းသွားလဲ ဆိုတာတော့ မသိသေးဘူး။
#DVB

မွန်ပြည်နယ်တွင်း သတင်းများ

19 Jul, 11:50


ကျိုက်မရောတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၃ဦး သေဆုံး
++++++++++++++++++++++++
ကျိုက်မရော၊ ဇူလိုင် ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ် ဘုန်းကြီး ကျောင်းနှင့် လွှစင်ကုန်းကျေးရွာလမ်းဆုံကို စစ်ကောင်စီတပ်က ယနေ့( ဇူလိုင်လ ၁၉ရက်)နံနက် ၁၀နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းတွင် ၁၁ ဦး၊ လွှစင်ကုန်းကျေးရွာလမ်းဆုံတွင် နှစ်ဦး စုစုပေါင်းဒေသခံ အရပ်သား ၁၃ဦး သေဆုံးခဲ့ပြီး သေဆုံးသူပိုမိုများပြားနိုင်ကြောင်း သိရသည်။

“အသက် ၁၄ နှစ်အောက်က ငါးယောက်ပါတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်လည်းပါတယ်၊ လူဆိုပြီး သတ်မှတ်လို့ရတာ စုစုပေါင်း ၁၃လောင်းပေါ့၊ အလောင်းမရတော့ဘဲ လုံးဝပျောက်သွားတာလည်း ရှိတယ်၊ ဗုံးက တည့်တည့်ကျတာလေ” ဟု ဒေသခံ အမျိုးသားတစ်ဦးမှပြောသည်။

ဥပုသ်နေ့တွင် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းကို လာရောက်မည့်ဧည့်သည်များအတွက် ထမင်းချက်နေစဉ် စားဖိုဆောင်ကို ဗုံးကြဲခံရသည့်အတွက် စားဖိုဆောင်အတွင်းရှိ လူအများအပြားသေဆုံးခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း လက်တလောအတည်မပြုနိုင်သေးပေ။

#Mizzima

မွန်ပြည်နယ်တွင်း သတင်းများ

16 Jul, 07:43


သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
+++++++++++++++++++++++++

သံဖြူဇရပ်၊ ဇူလိုင် ၁၆



မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခန်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဝယ်သော်ရွာဘက်ကလို့ သိရတယ်။ သူတို့ကို ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေက ပစ်ခတ်လိုက်တာပါ။ နှစ်ဦးစလုံး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ညပိုင်းမှသာ ဒေသခံတို့မှ သွားရောက်ကောက်ယူခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

#IMNA

မွန်ပြည်နယ်တွင်း သတင်းများ

06 Jun, 02:00


၆.၆.၂၀၂၄
၈:၂၉ မိနစ်တွင် မော်လမြိုင်မှ သံလွင်တံတားကိုဖြတ်၍ စခ များ Faw ကား(၁၅)စီးခန့်ဖြင့် အပေါ်ဘက်တက်သွားကြောင်းတွေ့ရ

မွန်ပြည်နယ်တွင်း သတင်းများ

11 May, 02:08


Crd photo

မွန်ပြည်နယ်တွင်း သတင်းများ

11 May, 02:07


ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်
++++++++++++++++++++++++++
ဘီးလင်း၊ မေ ၁၁

မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလးမ်ပေါ်ရှိ ကျူံအိတ်တံတားဟာ ဒီနေ့ မနက်အစောပိုင်းမှာ ထပ်မံမိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ခရီး သွားပြည်သူထံက သိရပါတယ်။

ဒီနေ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျုံအိတ်တံတားကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားနဲ့ အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

"ပြန်ပြင်ထားတဲ့ ဘေလီသံတံတားရော အရင်မိုင်းခွဲခံရစဉ်က ကျန်ခဲ့တဲ့ ကွန်ကရစ်တံတားကော နှစ်ခုစလုံးကျိူးသွားပြီ။ ကားတွေအများကြီး ပိတ်မိနေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရတဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်သွာပြီး ခရီး သွားပြည်သူ အများစု နောက်ကြောင်း ပြန်လှည့်နေကြတယ်လို့ သိရပါတယ်။

မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို မနက် ၈ နာရီအချိန်အထိ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။


@မွန်ပြည်နယ်တွင်း သတင်းများ

မွန်ပြည်နယ်တွင်း သတင်းများ

03 May, 02:05


Crd Photo

မွန်ပြည်နယ်တွင်း သတင်းများ

03 May, 02:05


အကြမ်းဖက်စစ်ကောင်စီရဲ့ ရမ်းချောင် (ရွှေဖြူ)အကျဉ်းဦးစီး လက်ထောက်ညွှန်ကြားရေးမှူးကို စစ်ရေးပစ်မှတ်အဖြစ်နဲ့ သုတ်သင်ရှင်းလင်း
+++++++++++++++++++++++++++
ကျိုက်ထို၊ မေလ ၃ရက်နေ့

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီး လက်ထောက်ညွှန်ရေးမှူး စင်းအောင်(ခ) ဝင်းအောင် ( စစ်မှုထမ်းဟောင်း ဗိုလ်ကြီး) ဆိုသူကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ် အဖြစ်သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းလိုက်တယ်လို့ KYAIKHTO REVOLUTION FORCE (KRF)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်မှူးကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ယက္ကန်းသည်မကျေးရွာအတွင်း မယားငယ်နေအိမ်ရှေ့မှာပြီးခဲ့တဲ့ ဧပြီ ၂၉ရက်၊ မနက် ၁၁နာရီ ၁၁မီနစ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

"အဲဒီ ဦးစင်းအောင်က စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင် ထားကာ တော်လှန်ရေးအဖွဲ့တွေရဲလ သတင်းတွေကို ကိုယ်တိုင်စုံစမ်း စစ်တပ်နဲ့ ရဲကို သတင်းပေး တာ တော်လှန်ရေးလုပ်ငန်းတွေကို နှောင့်ယှက်တာတွေကျူးလွန်လို့ ပစ်ခတ်ရှင်းလင်းရတာဖြစ်ပြီး သူ့ဆီက သက်သေခံပစ္စတိုတစ်လက်နဲ့ဝန်ထမ်းကတ်ကို သိမ်းဆည်းရရှိခဲ့တယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KRF ကတော့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူ ထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာ ကတိပြု တယ်လို့ ဆိုပါတယ်။

#PVT

မွန်ပြည်နယ်တွင်း သတင်းများ

03 May, 00:26


Crd photo

မွန်ပြည်နယ်တွင်း သတင်းများ

03 May, 00:26


CDM ဝန်ထမ်းခန့်အပ်မှုကြောင့် မော်လမြိုင် အေးသန္တာအထူးကုဆေးရုံ သုံးလအပိတ်ခံရ
++++++++++++++++++++++++++++
မော်လမြိုင် ၊ မေ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက သုံးလပိတ်သိမ်းလိုက်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနအပါအဝင်ဌာနစုံပူးပေါင်းအဖွဲ့က အေးသန္တာအထူးကုဆေးရုံမှာ CDM ဆရာဝန်နဲ့ သူနာပြုတွေ ခန့်အပ်ထားမှု ရှိ မရှိ ရှောင်တခင် စစ်ဆေးပြီးနောက် ယာ ယီပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံဖြစ်တဲ့ အေးသန္တာအထူးကုဆေးရုံကို စစ်ကောင်စီက CDM ဝန်ထမ်းခန့်အပ်မှု အ ကြောင်းပြချက်နဲ့ မေ ၁ ရက်နေ့ကစပြီး သုံးလ ပိတ်သိမ်းလိုက်တာပါ။

ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ အဲဒီဆေးရုံကို စစ်ဆေးပြီးနောက် လူနာတွေကို ချက်ချင်းအရေးပေါ်ဆင်းခိုင်းပြီး ဆေးရုံကို ပိတ်ချလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အေးသန္တာအထူးကုဆေးရုံ ပိတ်သိမ်းမှုဟာ CDM ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ တခြားဆေးရုံတွေမှာလည်း CDM ခန့်အပ်တာတွေ မလုပ်ဖို့ခြိမ်းခြောက်တဲ့ သဘောဖြစ်တယ်လို့ ဆရာဝန်အသိုင်းအ ဝိုင်းက ဝေဖန်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ကာလတွေတုန်းကလည်း ပုဂ္ဂလိက ဆေးရုံတွေမှာ CDM ဝန်ထမ်းတွေ ခန့်အပ်တာတွေ မလုပ်ဖို့ စာပို့တာနဲ့ ခံဝန်ထိုးခိုင်းတာတွေ ရှိခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်း သုံးနှစ် ကျော်ကာလအတွင်း ဆေးရုံနဲ့ ဆေးခန်း ၁၁ ခုကို စစ်ကောင်စီက မတရားသိမ်းဆည်းထားတယ်လို့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

#Than Lwin Times

မွန်ပြည်နယ်တွင်း သတင်းများ

28 Apr, 12:14


Crd photo